Epi-49
နေမိသည်။
ဘာမှမဟုတ်ပါပဲ...
တော့ မမေ့အပ်။
"ထမင်းစား မယ်လေ"
"အင်း..."
"စားနော် ကိုချန်း"
"ကျတော်က သက်သက်လွတ်..."
တွေ၏ အကြည့်။
နေတာသိသာလွန်းသည်။
လူမဟုတ်တော့လည်း ခက်၏။
"ဝေးလို့ပါ"
မခေါ်ချင်ပဲနဲ့"
ထုတ်ပစ်လိုက်ရစမြဲ။
အုံးမယ်"
ထားသော ရှပ်အကျီ င်္ကို လက်ချောင်း
တွေထိပြန်ဆွဲချမိသည်။
ခိုးကာချရ၏။
ကျတော်က အတ္တကြီးတယ်။
လည်းပါတတ်သေးသည်။
တော့ ခက်သား...
>>>>>EX...pect<<<<<
"လာမတွဲနဲ့ ရတယ်။မင်းဟာမင်း Gameနှိပ်
နေ"
ရတာလဲ?"
"ဇေယျမျိုးမြင့်!!!"
သိတယ်။ထင်သည့်အတိုင်းပဲ။Medical
သေးတာ။အားကိုးခံချင်တယ်
လူစားမျိုး။
"စိတ်အေးအေးထား နန္ဒ။မင်း အားမကိုးချင်တာ
မဟုတ်သေးဘူးလေ"
မသိ"
"တောက်!"
ပေးသည်။
မလွဲဧကန်။
ထွက်သွားသည်။
နေလို့ပဲ နန္ဒ"
"ငါ့အကြောင်းငါသိတယ်။ငါ့ခန္ဓာကိုယ်ခြေနေ
ငါသိတယ်"
ခါနီး ရန်ကုန်ပြန်။သင်တန်းတွေ ဘာတွေတက်
သူဝင်ပါပါနေတာ"
"ကလေးလိုပဲ မင်းက..."
ငါ့အစ်မဆီ သွားမလို့။Hotelမှာလည်း တွေ့ရ
မယ့် လူတွေရှိသေးတယ်"
သူကို တားမရဆီးမရ။ဖမ်းမရ။
ပြင်ဆင်သည်။
အစီအစဉ်တွေကို ရေးဆွဲဆွဲဆောင်သမှုပြုသည်။
သွားကာဆရာလုပ်သည်။ကျတော်တို့အိမ်ကသူ့
ကျတယ်။ပင်ပန်းနေပုံပဲ။အိမ်ရောက်တာနဲ့ဘာ
စကားမှ မပြောနိုင်ဘူး။တန်းအိပ်တာ"
ချက်ထိုးမိသည်။
ဘယ်လိုမှ မနေဘူး။ဒီအတိုင်းပဲ"
ပြောမရဘူး။သိလား??"
တော့..."
မင်းတို့..."
လည်း..."
တာ"
သွေးတိုးချင်လာတာ"
"ဟားးးဟားး"
-
-
-
လာမတွဲ။
"အစ်မဆီ သွားမှာမလား?"
"အင်း"
ပြန်လှည့်လာကာ
ပြောထားလိုက်တယ်။ဒီနေ့ hotelမဝင်ပါနဲ့
နဲ့။မင်း ကလေးပဲရှိသေးတယ်။ဝင်ပါရမယ့်နေရာ
"okok relax..."
ကျတော်မသဲကွဲတော့...
လိမ့်မည်။
>>>>>EX...pect<<<<<
ဖြစ်သည်။
"ကိုချန်း သွားပြီနော်"
ခါစေသည်။
"ဟင်...မအိပ်သေးဘူးလား?"
"အိပ်တာ မဟုတ်ဘူး"
"ရတယ် ငါစားလာတယ်။အမရာ နိုးသွားလိမ့်
မယ်"
လျှောက်လာဖြစ်သည်။
ယားစရာပင်။
သိသာတယ်။
ရှပ်အကျီ င်္ကြယ်သီးတွေဖြုတ်နေကာ ခြေလက်
ဝင်လာပြန်သည်။
ငြိမ်ကျသွားပြီးမှ
စမ်းပါကွာ"
ရောက်သည်။
မနေနဲ့။ဝင်အိပ်ချင်အိပ်"
လား တချန်း?"
လုပ်နိုင်ပါတယ်။သား အတွက် လိုတာတွေက
များကြီးပဲကွ..."
"မပင်ပန်းပါဘူးဆိုကွာ။မင်း ဘာဖြစ်နေလဲ?"
ကြသည်။
လူရော..."
"တောင်းပန်ပါတယ်"
တို့ ဗလာနတ္တိ။
"ငါ ပင်ပန်းတယ်..."
သွားခဲ့ပြီ။
Thank You All
(Unicode)
/
/
/
ထမင်းစားနားချိန် မြေပဲဆံကြော် ပဲပါသောထမင်း
ချိုင့်ကို မဖွင့်ဖြစ်သေးပဲဖုန်းကိုသာ ပြန်ဖွင့်ကြည့်
နေမိသည်။
"အလုပ်ထဲအဆင်ပြေပါစေ တချန်း"
ဘာမှမဟုတ်ပါပဲ...
"ဟယ် ကိုချန်း တစ်ယောက်တည်း ပြုံးနေတယ်...ထူးထူးဆန်းဆန်း"
အနားရောက်လာသော မိုးစက်သွေး ကြောင့်
ဖုန်းကို အမြန် screen offကာ ရှပ်အိတ်ကပ်
ထဲကောက်ထည့်ပြီး မော့ပြုံးပြရသည်။
ရာထူးငယ်သော်ငှား ကိုယ့်တပည့်ဖြစ်ဖူးခဲ့သော်
ငှား သူက Company ပိုင်ရှင်သမီးဆိုတာကို
တော့ မမေ့အပ်။
"ထမင်းစား မယ်လေ"
"အင်း..."
ပဲဆံကြော်ပဲထည့်လာသည့် ထမင်းချိုင့်ကို အများ
ရှေ့ ဖွင့်စားရမှာ မရှက်ပေမယ့်...
"အိမ်က ဒေါ်ကြီးကို ချက်လာခိုင်းတာ...ကိုချန်း
အတွက်...ကြိုက်တယ် မလား?ဝက်နံရိုးပေါင်း"
ဖွင့်ချလာသော ချိုင့်အဆင့်ဆင့်ထဲက ဟင်းတွေ
ကို စားဖို့ ကျတော်ရှက်သည်။
"စားနော် ကိုချန်း"
ရက်ရက်ရောရော ထည့်ပေးလာသောအသားတုံး
နှင့်အတူ အပြုံးတွေက ဖောဖောသီသီ။
ကျတော်မသုံးစွဲချင်တော့ စိတ်အိုက်တယ်
"ကျတော်က သက်သက်လွတ်..."
"ဟင်...ဟုတ်လား။အား အားနာလိုက်တာ ကိုချန်းရယ်။ဟင်းအဆီတွေ ပေသွားပြီ။ရော့ ညီမ ထမင်းပဲစား"
Site ယာယီတဲ ထဲပေမယ့် အပြင်မှ Labour
တွေ၏ အကြည့်။
ခေတ်လူငယ်မို့ facebookဆိုတာတော့ သူ
သုံးမှာပဲလေ။ကျတော့် wallပေါ်က မဖျက်ပစ်
သေးသော Postကို သူမမြင်ချင်ယောင်ဆောင်
နေတာသိသာလွန်းသည်။
ကျတော်က ပိုင်သုတ လို မမြင်မတွေ့တတ်တဲ့
လူမဟုတ်တော့လည်း ခက်၏။
"ကိုချန်းနော် ပြင်ဦးလွင်ရောက်တာ ကြာပြီ။
သူ့အိမ်ကို တစ်ခါမှ အလည်မခေါ်ဘူး"
"ဝေးလို့ပါ"
"ဆိုင်ကယ်လ်တွေရှိနေတာပဲ...သူကိုယ်တိုင်က
မခေါ်ချင်ပဲနဲ့"
ခါတလေ အလုပ်ထွက်ချင်တာ ထိုသို့သော
အကြောင်းတရားတွေ ပါသော်လည်း...
walletထဲမှ ဓာတ်ပုံသေးသေးလေးကို မြင်တိုင်း
သက်ပြင်းတစ်ခုနဲ့ စိတ်ညစ်ညူးမှုတွေမောင်း
ထုတ်ပစ်လိုက်ရစမြဲ။
"နောက် ကြုံရင် ခေါ်ပါ့မယ်။ဒီကနေဆို နည်းနည်း
ဝေးလို့...စားနှင့်နော် ကျတော် ပတ်ကြည့်လိုက်
အုံးမယ်"
တားမြစ်သံမပီမသအား လျစ်လျူရှုပြီးသာထွက်
လာလိုက်သည်။အမိုးကင်းလွတ်နေသော အဆောက်အအုံအောက် တဖြူးဖြူးတိုက်နေသော
လေအေးတွေ ခေါင်းပေါ်တည့်တည့်ရောက်
နေသောနေရောင်...လက်တစ်ဝက်ထိခေါက်တင်
ထားသော ရှပ်အကျီ ၤကို လက်ချောင်း
တွေထိပြန်ဆွဲချမိသည်။
ဒါသည်တစ်စုံတစ်ယောက်၏ ပယောဂမကင်းပေ။
ကျတော့်ကို အနောက်ကနေငေးနေမည့် သူတစ်
ယောက်ရှိနေတာသိတော့ သက်ပြင်းတစ်ခု
ခိုးကာချရ၏။
ငေးကြည့်ခွင့်တောင် ဆိုင်သူကိုပဲပေးချင်တဲ့ထိ
ကျတော်က အတ္တကြီးတယ်။
နိုင်ငံရပ်ခြားထိခြေဆန့်ဖို့ မကြာခဏပြောဆိုနေ
တတ်သော မိုးစက်သွေး၏ စကားများတွင် သူ
တစ်ယောက်တည်း မထွက်သွားချင်သည်များ
လည်းပါတတ်သေးသည်။
မိတဆိုးမို့ အလိုလိုက်ထားသော ဖခင်ဆိုသည်
ကလည်း သမီးပြောသမျှခေါင်းညိတ်နေတတ်
တော့ ခက်သား...
>>>>>EX...pect<<<<<
"လာမတွဲနဲ့ ရတယ်။မင်းဟာမင်း Gameနှိပ်
နေ"
"နေပါဗျာ။လာ...ကျတော့်ပုခုံးပေါ်အားပြုလိုက်"
"ရတယ်။ငါ့ ချိုင်းထောက်သာ ဒီနားယူလာပေး"
"ခင်ဗျား ဘာဖြစ်နေလဲ??ယောကျာ်းချင်း
ကို ခင်ဗျားက ဘာကို မထိချင်မကိုင်ချင်ဖြစ်နေ
ရတာလဲ?"
"ဇေယျမျိုးမြင့်!!!"
သိတယ်။ထင်သည့်အတိုင်းပဲ။Medical
Checkupလာဝင်တိုင်း နန္ဒတို့ အခန်းမှ ထွက်လာတတ်သောပူညံပူညံ။
တစ်ယောက်ကလည်း လူကသာ အရွယ်မရောက်
သေးတာ။အားကိုးခံချင်တယ်
တစ်ယောက်ကျပြန်တော့လည်း ဆံပင်တောင်
ကိုယ့်ဘာသာကိုယ်ညှပ်လို့ရရင် ညှပ်ချင်တဲ့
လူစားမျိုး။
"မင်းတို့ရပ်ကွက် ဆူလွန်းတယ်"
"အစ်ကို သူငယ်ချင်း အစ်ကိုပြောအုံး။တွဲလျှောက်
ပါဆို မလျှောက်ဘူးပဲ လုပ်နေတယ်"
"နန္ဒဦးမော်...မင်းအဲ့လို ကန့်လန့်တွေတိုက်နေ
မယ်ဆိုရင်ဆေးရုံမှာပဲခေါ်ထားရလိမ့်မယ်နော်..."
အကွက်ဆိုက်တုန်း ဖိလိုက်တော့ ငြိမ်ခံနေတတ်
တဲ့စိတ် မပါသူမို့ အသံတိတ်လှမ်းကျိန်ဆဲ၏။
"စိတ်အေးအေးထား နန္ဒ။မင်း အားမကိုးချင်တာ
သိတယ်။Male nurseထားမလားဆိုတော့
လည်း မဟုတ်ဘူး။ခု လိုက်ကူပေးနေတဲ့ ကလေး
ကိုလည်း အော်လိုက်ငေါက်လိုက်နဲ့ကတော့
မဟုတ်သေးဘူးလေ"
"အစ်ကို သူငယ်ချင်းက ဘာကိုရှက်နေမှန်းမသိ
ပါဘူးဗျာ...ခင်ဗျားအိပ်နေတုန်းကဆို အကုန်လုပ်
ပေးထားတာပါဗျ...ခုမှ ဘာကိုရှက်လို့ရှက်နေမှန်း
မသိ"
"တောက်!"
တောက်ခေါက်သံပြင်းပြင်းကိုလည်း မမူ။မျက်နှာ
လည်း တစ်ချက်ပျက်မသွား။တောင်းသော ချိုင်း
ထောက်ကို သွားသယ်ယူကာလက်ထဲလာထည့်
ပေးသည်။
ထိုင်နေကျ sofaပေါ်သွားထိုင်နေကာ အားပြု
ထောက်နေသော ကျတော့်ကိုသာ စိုက်ကြည့်နေ
သောငတိ။ခုချိန် နည်းနည်းယိုင်သွာကြည့်လိုက်
ချက်ချင်း အနားရောက်လာကာ ထူပေးအုံးမည်မှာ
မလွဲဧကန်။
ကိုယ့်စိတ်ကို တခြားလူထက်ပိုသိသော ငပိုင်
သည် မျက်ရိပ်ပြကာ အခန်းပြင်ထွက်သွားခိုင်း
တော့မှ သက်ပြင်းတစ်ခုခပ်ဆောင့်ဆောင့်ချကာ
ထွက်သွားသည်။
"လေ့ကျင့်ခန်း လုပ်တာ၂လရှိနေပြီ။မင်းခုထိ
မတ်မတ်မရပ်နိုင်သေးတာ အဲ့လိုတွေခေါင်းမာ
နေလို့ပဲ နန္ဒ"
"ငါ့အကြောင်းငါသိတယ်။ငါ့ခန္ဓာကိုယ်ခြေနေ
ငါသိတယ်"
"ခက်တယ်ကွာ။ဇေယျက ဆိုးတုန်းကသာဆိုးတာ
ခု မင်းအနွံတာ ခံတာ။သူ အဲ့လိုသည်းခံတာ မင်း
ပဲရှိတယ်။ကိုယ့် ညီငယ်အရွယ်လေးကို မင်းဘာလို့ အဲ့လောက်ထိ ခါးခါးတူးတူးဖြစ်နေလဲ"
"သူ့ကိစ္စ ဘာမှ မရှိတော့ဘူးလေကွာ။ငါ့နားနေပြီး
ဘာလို့ အချိန်ဖြုန်းနေလဲ??အောင်စာရင်းထွက်
ခါနီး ရန်ကုန်ပြန်။သင်တန်းတွေ ဘာတွေတက်
ပေါ့ကွ။ခုက ငါ့အိမ်ထိ လိုက်လာပြီး ဘာလုပ်လုပ်
သူဝင်ပါပါနေတာ"
"ကလေးလိုပဲ မင်းက..."
"သေလေ။စစ်စရာရှိတာတွေ မြန်မြန်စစ်။ပြီးရင်
ငါ့အစ်မဆီ သွားမလို့။Hotelမှာလည်း တွေ့ရ
မယ့် လူတွေရှိသေးတယ်"
နှစ်လလောက်နဲ့ စွတ်အတင်းလူကောင်းလုပ်နေ
သူကို တားမရဆီးမရ။ဖမ်းမရ။
အမရာထားခဲ့သော Hotelကို သူဝင်သည်။
သူ့Planတွေအတိုင်း ပြင်ဆင်စရာရှိတာတွေ
ပြင်ဆင်သည်။
သူ့ Fb cele powerအသုံးချကာ ခရီးသွား
အစီအစဉ်တွေကို ရေးဆွဲဆွဲဆောင်သမှုုပြုသည်။
အမေနဲ့ဘွားတော်ကို လှည့်ပတ်ပြောပြီး
လရင့်လာသည့် အစ်မဆီတစ်နေ့တစ်ခေါက်
သွားကာဆရာလုပ်သည်။ကျတော်တို့အိမ်ကသူ့
အတွက် တံခါးမရှိဓားမရှိ အိမ်ရှေ့အိမ်နောက်
တိုးလျှိုပေါက်နေသလိုပဲ။
အမေတွေ အဘွားတွေ ကမ္ဘာလှည့်နေသော အဖေဖြစ်သူပါမကျန်မောင်နှမနှစ်ယောက်ပေါင်းကာ လှိမ့်နေကြပုံကို ကြည့်ပြီး သားကြီးလာရင်
ကျတော်တို့ နှစ်ယောက်ကိုပါ လှိမ့်ရင်ဒုက္ခဆို
ပြီး တချန်းရှေ့မှာပင် ရင်ဖွင့်မိ၏။
"မင်း နဲ့ ချန်းရော Okလား??ခြေနေဘယ်လိုရှိ
လဲ?ငါလည်း မေးမယ်မေးမယ်နဲ့။ဒီကောင်
ခုတလော အိမ်ပြန်ချိန်တွေနောက်ကျတယ်ဆို"
"ဟုတ်တယ် Siteနှစ်ခုအပြိုင်လုပ်နေလို့ နောက်
ကျတယ်။ပင်ပန်းနေပုံပဲ။အိမ်ရောက်တာနဲ့ဘာ
စကားမှ မပြောနိုင်ဘူး။တန်းအိပ်တာ"
"မင်းပြောပုံအရဆို မင်းတို့က..."
အပေါ်နှုတ်ခမ်းတွန့်ကွေးပြီး အဓိပ္ပါယ်ပါပါကြည့်
နေသော နန္ဒလက်မောင်းကို ခပ်ဆက်ဆက်တစ်
ချက်ထိုးမိသည်။
"မင်း အဲ့ဒါပဲတွေးနေလား?"
"ငါ ဘာပြောနေလို့လဲ မင်းကို"
"မင်း ဘာမေးချင်လဲ ငါသိတယ် ဟေ့ကောင်
ဘယ်လိုမှ မနေဘူး။ဒီအတိုင်းပဲ"
"ဒီအတိုင်းတော့ မထားနဲ့။ကလေးရလာလို့ သွေး
အေးသွားတယ် ထင်နေလိမ့်မယ်...မိန်းကလေး
မဟုတ်ပေမယ့်လည်း သူအဲ့လိုမတွေးနိုင်ဘူးလို့
ပြောမရဘူး။သိလား??"
"အင်းပါကွာ...အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းနေ
တဲ့ တချန်းကို အားလည်းနာတယ်။သား ရှိနေပြီ
သူပိုအလုပ်ကြိုးစားရမယ်ဆိုတဲ့ စိတ်ကြီးကဝင်နေ
တော့..."
"ငါ့အစ်မကို အားနာနေတာလည်းပါတယ်မလား
မင်းတို့..."
"တော်ပါတော့ကွာ...မင်းနှယ့်လဲ??OGသာ
သွားလုပ်တော့ အဲ့ဖက်ပိုင်းစိတ်ဝင်းစားလွန်းရင်
လည်း..."
တဟားဟား အော်ရယ်ပြီးမှ
"ငါ့အစ်မကို နောက်လ due date
မတိုင်ခင် တစ်ပတ်လောက်တည်းက ဆေးရုံကို
ရွှေ့ထားချင်တယ်။သူဘယ်လောက်ပဲသတ္တိရှိတယ်
ပြောပြော အပျိုဆိုတာလည်းမေ့ထားလို့မရဘူး
သူ့ရှေ့ပြောရင် မကြောက်ဘူးချည်းပဲအော်နေ
လို့...မင်းလည်းဝိုင်းပြောပေး"
"အင်း ငါလည်းအဲ့လိုလုပ်ဖို့တွေးပြီးသားပါ"
"အေး...ငါတော့ အကောက်ပေါက်ကို မြင်ချင်
နေပြီ။အကောက်ပေါက် မထွက်လာခင် ငါဆေးရုံ
ကို ပြန်ခြေချနိုင်မှ ဖြစ်မယ်"
"ဒါကြောင့် ဖေးကူသူရှိတုန်း လိမ္မာပါလို့ပြောနေ
တာ"
"သေလေ...အဲ့ငတိအနားရောက်လာရင်
သွေးတိုးချင်လာတာ"
"ဟားးးဟားး"
သဘောတကျအော်ရယ်သော ကျတော့်ကိုခပ်
ကြိတ်ကြိတ် ကျိန်ဆဲပြန်၏။
-
-
-
ကျတော်ထွက်လာတာ မြင်သည်နှင့်ကားတံခါး
အဆင်သင့်ဖွင့်ပေးကာ ကားထဲတွဲခေါ်သည်။
မကူလည်း မရ၍ လက်ခံလိုက်ရသည်။စိတ်ထဲတွင်တော့ တနုံနုံ။ကားဆရာသည်လည်း
လာမတွဲ။
"အစ်မဆီ သွားမှာမလား?"
"အင်း"
"ဦးလေး အစ်ကိုသုတတို့အိမ်သွားမယ်"
Driverကို ပြောပြီးသည်နှင့် ကျတော့်ဖက်
ပြန်လှည့်လာကာ
"မယ်မယ်ကစောနကဖုန်းဆက်တယ်။ဘယ်တော့
ပြန်လာမလဲ မေးတာနဲ့ ကျတော်ကြာအုံးမယ်လို့
ပြောထားလိုက်တယ်။ဒီနေ့ hotelမဝင်ပါနဲ့
တော့လား??အိမ်ပဲတန်းပြန်လိုက်..."
"ငါ့ အမေငါ့ဘာသာငါပြောမယ်။မင်း ဝင်ဝင်မပါ
နဲ့။မင်း ကလေးပဲရှိသေးတယ်။ဝင်ပါရမယ့်နေရာ
မပါရမယ့်နေရာဆိုတာရှိတယ်"
"okok relax..."
ခန္ဓီပါရမီပြည့်ဝနေတာလား မနာတတ်တာလား
ကျတော်မသဲကွဲတော့...
ငယ်ငယ်ကဆို တော်ရုံလူနဲ့အပေါင်းအသင်း
မလုပ်ခိုင်းတတ်သောမယ်မယ်သည် လွှတ်တော်
အမတ်ဟူသော ဂုဏ်နောက်ခံရှိ အနှီကောင်လေး
ကိုတော့ကြည်ဖြူစွာကြိုဆိုသည်။
ကိုယ့်အိမ်တွင်းရေး ကိုယ်တိုင်ဖြေရှင်းချင်နေ
သည့် စိတ်သည် ထိုကောင်လေးအား အနားမှ
ဖယ်ခွာစေဖို့တွန်းအားပေး၏။အကပ်ကောင်းတယ်ဆိုတဲ့
စကား...ကျတော်နဲ့ မသက်ဆိုင်သလိုနေချင်
တယ်။လောလောဆယ် အကပ်ကောင်းနေတာ
က ကျတော်မဟုတ်ပေမယ့် မိအေးအော်လိုက်ပါ
က ကျတော့်တို့ မျိုးဆက်အမည်ပဲထွက်လာပေ
လိမ့်မည်။
ညှပ်ထားတဲ့ ဂဏာန်းကို ကျိတ်ကာခါထုတ်နေ
တဲ့ ကျတော့်အဖြစ်ကို ဘယ်သူမှသိမှာမဟုတ်။
မြန်မြန်အနားက ထွက်သွားစေချင်၏။
>>>>>EX...pect<<<<<
အိမ်ရှေ့ကားဟွန်းတီးသံ။
ချန်း ဆိုင်ကယ်လ်မစီးလာတာလား??
အချိန်အားဖြင့် ၁၁နာရီသို့ညွှန်ပြနေပြီမို့ ချန်း
အိမ်ပြန်ချိန် ခါတိုင်းထက် နောက်ကျလွန်းနေပြီ
ဖြစ်သည်။
အိမ်ရှေ့ ခြံတံခါးသော့မခတ်ရသေး၍ ထွက်မဖွင့်
တော့...အလုပ်ထဲက လူကြီးတွေပါလာပါက...
ကျတော့်အား မည်သူနည်းဟူသောမေးခွန်း
အောက် ချန်း မျက်နှာငယ်ရအုံးမည်။
အိမ်ရှေ့တံခါးမှောင်ရိပ်တွင်သာ ရပ်ရင်း ချန်း ကိုသာတံခါးဖွင့်ပေးရန် စောင့်နေလိုက်သည်။
"ကိုချန်း သွားပြီနော်"
ဟူသော ချိုချိုလွင်လွင် နှုတ်ဆက်သံသည် အမှောင်ထုကိုဖြတ်ကာ ကျတော့်နားစည်ကိုတုန်
ခါစေသည်။
ဒါ ဟိုတစ်ခါ တချန်းပြောပြဖူးတဲ့ company
ပိုင်ရှင်သမီးဆိုတာလား??
"ဟင်...မအိပ်သေးဘူးလား?"
"အင်း မင်းကိုစောင့်နေတာ"
"အိပ်တာ မဟုတ်ဘူး"
စကားသံနောက်က လိုက်လာသော ဝိုင်နံ့...
ကျတော်သတိထားမိသည်ကို သိသောအခါ
"Sorry ငါနည်းနည်း သောက်လာရတယ်"
"ရပါတယ်ကွ...ထမင်းစားအုံးမလား??ငါထမင်း
ချန်ထားသေးတယ်။ကြက်သားကြော်လိုက်မယ်"
"ရတယ် ငါစားလာတယ်။အမရာ နိုးသွားလိမ့်
မယ်"
နှစ်ယောက်သား ခြေသံဖွဖွနင်းကာ အခန်းဖက်
လျှောက်လာဖြစ်သည်။
ခြေလှမ်းတစ်လှမ်းတိုင်း အနည်းငယ်ယိုင်ချင်
နေပုံကပင် နောက်ကကြည့်ရင် တစ်မျိုးအသည်း
ယားစရာပင်။
ဆရာကြီးပုံဖမ်းနေတတ်ပေမယ့် အမှန်တော့
ချန်းလည်း ကျတော့်ထက် ပိုမသောက်နိုင်တာ
သိသာတယ်။
ရှပ်အကျီ ၤကြယ်သီးတွေဖြုတ်နေကာ ခြေလက်
ဆေးဖို့ ပြင်ဆင်နေသော ချန်းကို တိတ်တိတ်ငေး
နေရင်းမှ နန္ဒပြောစကားတို့က အချိန်မတော်
ဝင်လာပြန်သည်။
ခေါင်းကို အမြန်ခါထုတ်ကာ
"ချန်း ရေမချိုးနဲ့တော့...ခြေလက်ပဲဆေး"
"ခဏလောက်ပဲ ချွေးတွေထွက်ထားလို့။ဝိုင်နံ့
တွေကောမို့...မင်းကို အားနာ"
နောက်လှည့်ရင်း တတွက်တွက်ပြောနေသော
ချန်းကို နောက်ကနေပဲ သိုင်းပွေ့လိုက်တော့
ငြိမ်ကျသွားပြီးမှ
"ဖယ်...မင်းဆီ အနံ့တွေကူးကုန်လိမ့်မယ်"
"ဘာဖြစ်လဲ။ငယ်ငယ်တုန်းက ရေမချိုး
တဲ့ ငါနဲ့တောင် မင်းအတူအိပ်ပေးခဲ့သေးတာပဲ"
"ဒီနည်းနဲ့ ကျေးဇူးပြန်ဆပ်တာလား?ငပိုင် ဖယ်
စမ်းပါကွာ"
အားနာတတ်တယ်။မရှက်တတ်သလိုလိုနဲ့ ခါတလေ အရှက်ကြီးတတ်တယ်။
ရေမချိုးဘူးလို့သာပြောတာ ဘေးနားဝင်လှဲတော့
ကိုယ်လုံးက အအေးငွေ့က ကျတော့်ဆီသို့ပင်
ရောက်သည်။
ကျတော့်ကိုဆိုကျောပေးအိပ်လာတတ်သော ချန်းကျောပြင်ကိုငေး
ကြည့်ရင်း အိပ်ပျော်သွားတတ်တဲ့ ညတွေများ
လာခဲ့တာ...အချိန်တွေကုန်တာမြန်သလိုပဲ
"နောက်နေ့တွေ ငါနောက်ကျရင် ထိုင်စောင့်
မနေနဲ့။ဝင်အိပ်ချင်အိပ်"
"ပင်ပန်းတယ်ဆို အလုပ်ထွက်ချင်ထွက်လိုက်ပါ
လား တချန်း?"
"မပင်ပန်းပါဘူးကွာ။ယောကျာ်းပဲ ဒီလောက်တော့
လုပ်နိုင်ပါတယ်။သား အတွက် လိုတာတွေက
များကြီးပဲကွ..."
"မင်း ပင်ပန်းနေပြီ တချန်း..."
"မပင်ပန်းပါဘူးဆိုကွာ။မင်း ဘာဖြစ်နေလဲ?"
"ငါ့ကိုတော့ မလိမ်ပါနဲ့လား တချန်း"
ကျတော့်ဘက်ကိုပြန်လှည့်ကြည့်သည်။ကျတော့်
ခေါင်းအုံးအောက်ရောက်နေသောကြောင့်
လှဲနေရင်းမှ မော့ကြည့်သလိုဖြစ်နေသော ချန်း
မျက်လုံးတို့သည် မျက်မှန်ကင်းလွတ်နေချိန်မို့
ပုလဲနက်တွေလိုပင် လဲ့နေ၏။
ထိုပုလဲအိမ်ထဲ ကျတော်ရင်ခုန်သံတွေခိုဝင်ခစား
ကြသည်။
ကျတော့်ကို တော်တော်ကြာကြာမော့ကြည့်ပြီးမှ
"ဟုတ်တယ် ငါ ပင်ပန်းတယ် ငပိုင်။စိတ်ကော
လူရော..."
"တောင်းပန်ပါတယ်"
ဒီတစ်ခါပွေ့ဖက်ခြင်းတွင် ရုန်းခြင်းငြင်းဆန်ခြင်း
တို့ ဗလာနတ္တိ။
မျက်တောင်ရှည်ရှည်တို့ မှေးစက်သွားသည်။
"ငါ ပင်ပန်းတယ်..."
လေသံတိုးတိုးအောက် အသက်ရှုသံငွေ့ငွေ့
တခဏတွင်းပင် ကျတော့်ရင်ခွင်ထဲ အိပ်မောကျ
သွားခဲ့ပြီ။
ဟုတ်တယ်။တချန်း တကယ် ပင်ပန်းနေပြီ
Thank You All
Bạn đang đọc truyện trên: ZingTruyen.Xyz