ZingTruyen.Xyz

EX-pect

Epi-48

HsuChiKo365

"ျပန္ျပီးနားလိုက္ပါေတာ့ မယ္မယ္...ရတယ္
က်ေတာ္ အဆင္ေျပေနပါျပီ"

"ေဒါက္တာ သားကို ကြ်န္မေစာင့္ေပးလို႕မရဘူး
လားဟင္?"

"အမ်ိဳးသားေဆာင္မို႕ ညအိပ္ညေန အမ်ိဳးသမီး
ေတြ လူနာေစာင့္လို႔မရပါဘူး"

"မယ္မယ္ ေဆးရံုကို အားနာဖို႔ေကာင္းတယ္။မနက္က်မွ ေစာေစာလာေတြ႔ေလ...မယ္မယ့္
လက္ရာေတြ စားခ်င္တယ္။ယူလာခဲ့ေလ...
ခုေတာ့ ျပန္နားလိုက္ ဟုတ္ျပီလား?"

အေမျဖစ္သူကို ကေလးတစ္ေယာက္လို ေခ်ာ့
ေမာ့ေျမွာက္ပင့္လ်က္ ျပန္လႊတ္ရန္စည္းရံုးေရး
သည္ အရာေရာက္သည္။

တစ္မနက္လံုးအစ္မျဖစ္သူနဲ႔စကားေတြေဖာင္ဖြဲ႕၊
လာေရာက္လူနာလာေမးေသာ သူ႔အေခၚ
သူ႔ကေလးဟုဆိုေသာ အလုပ္သင္ဆရာဝန္ေလး
ေတြ။ေနာက္ ကုသေပးခဲ့ဖူးေသာ လူနာေတြ။
ပစၥည္းတင္စားပြဲတစ္ခုလံုး ေခတ္မီေရာင္စံုမုန္႔
ဗူးေတြ၊ပန္းစည္းေတြ ျခံထြက္ သစ္သီးလတ္လတ္
ဆက္ဆက္ေတြနဲ႔ ျပည့္လ်ွံေနသည္။
သူ႔ကေလးေတြမုန္႕ဗူးေတြ သယ္လာရင္ ဘာမွမေျပာေပမယ့္ ျမိဳ႔ခံလူေတြ သစ္သီးေတြ တစ္ပံုတစ္ေအာသယ္
ခ်လာရင္ေတာ့ မ်က္ေမွာင္ႏွစ္ခု က်ံဳဝင္လ်က္
ျပန္ယူသြား အဲ့ေလာက္မ်ားႀကီး သူမစားႏိုင္
ေႀကာင္း။ေရာင္းတဲ့ထဲက လာေပးရင္ အျမတ္ဘယ္က်န္မလဲ စသည္ျဖင့္ ဆူတတ္ပူ
တတ္ေန၍ ျပန္ေကာင္းခါစ လူနာမွ ဟုတ္ရဲ႕လား
ဟူ၍ ျပန္ျပန္လွည့္ႀကည့္ရသည္အထိ။

တေသာေသာေရာက္ေသာဧည့္သည္ေတြကို ျပန္
ေတာင္ လႊတ္ရသည္။ဟုတ္သည္ေလ သူနားရ
အံုးမယ္။လူက အစာအဖတ္မဝင္တာ ငါးလနီးပါး
မို႔ စိတ္ကသာေဆာင္ေနတာ လူက စကားနည္း
နည္္းမာမာေျပာျပီးသည္ႏွင့္ ေမာေနေရာ။

တိတ္ဆိတ္သြားေသာ အခန္းထဲ သူန႔ဲ က်ေတာ္
ပဲ က်န္ခဲ့ေတာ့မွ...က်ေတာ့္မွာ မေနတတ္မထိုင္
တတ္။ဘာလုပ္ေပးရမွန္းလဲ မသိ။သူေမ့ေနစဥ္
တစ္ေလ်ွာက္လံုး သူ႔ကိုေျပာခ်င္ရာေျပာခဲ့ေပမယ့္
ခုလိုအရွင္အလတ္ႀကီးကိုေတာ့ အမွန္ေျပာ
က်ေတာ္ရွိန္သည္။

"လာအံုး ဒီနား"

ပတ္လတ္လွဲေနရင္းမွခပ္​တည္​တည္ေခၚသည္။
သူ႔ကုတင္အစပ္နားတိုးသြားေတာ့ခပ္စူးစူးႀကည့္
သည္။ေနာက္ မ်က္ေမွာင္က်ံဳသည့္ ပံုစံအရ သူ
စဥ္းစားေနတာ...

"က်ေတာ့္နာမည္ ေဇယ်မ်ိဳးျမင့္...က်ေတာ့္ကို
ခင္ဗ်ားေတြ႔ဖူး..."

"ေကာ္ရႈေသးလား?"

ရုတ္တရက္ျဖတ္ေမးခံလိုက္ရ၍ ေႀကာင္အမ္းအမ္း
မလုပ္ေတာ့တာ လ ခ်ီႀကာေနျပီျဖစ္ေသာ အလုပ္
ေပမယ့္

"မလုပ္ေတာ့ဘူး" ဟူသည့္ စကားက ထြက္က်
မလာ

"လူကို ဘိန္းစားထင္ေနတာလား ခင္ဗ်ားက..."

ရယ္သည္။ႏႈတ္ခမ္းႏွစ္ခု တြန္႔ေကြးသြားပံုမ်ဥ္းအရ
ဒါသည္ မဲ့ျပံဳးလား ေလွာင္ျပံဳးလားမသဲကြဲ...
လူကျဖင့္ မထူႏိုင္ေသးဘူး။မိုနာလီဇာလိုလို
ဘာလိုလိုလာလုပ္ေနတာ ခ်ဥ္စရာ

"ေက်းဇူးတင္ပါတယ္။ေမ့ေနတဲ့ တစ္ေလ်ွာက္လံုး
ငါ့ေဘးေနေပးခဲ့လို႔။ေျပာဖို႔ေနာက္က်ေနတာမွန္
ေပမယ့္ ငါ မင္းကိုေက်းဇူးတင္ပါတယ္"

အခ်ဥ္ေဖာက္စျပဳေနေသာ စိတ္ကို ေက်နပ္ျခင္း
ေရအလ်င္ထဲ ႏွေမ်ာမေနပဲ သြန္ခ်လိုက္ရေတာ့
သည္။
ထိုင္ေနက် အတိုင္း သူ႔ေဘးနားက ခံုကိုဆြဲထိုင္
ရင္း သူ႔မ်က္ႏွာကို ေစ့ေစ့ႀကည့္လိုက္သည္။
ဘာစကားမွ မေျပာေသးခင္ ဒီလူႀကီးကို မုတ္ဆိတ္ရိတ္ေပးရအံုးမယ္ ဆိုတဲ့အေတြးက အ
ေသာက္ျမင္ကတ္စရာဝင္လာျပန္သည္။
ေအးေလ သံုးလေက်ာ္ဆိုတဲ့ အခ်ိန္ကလည္း
ဂရုစိုက္ျခင္းမွာ အသားေသေစဖို႔လံုေလာက္တာပဲ

"အမွန္ေတာ့ ခင္ဗ်ား သတိရလာရင္ က်ေတာ္
ျပန္ေတာ့မလို႔။ဒါေပမယ့္ သိခ်င္တာေတြရွိေန
ေသးလို႔ ဒီမွာဆက္ေနရမယ့္ပံုပဲ"

"ငါ့အေႀကာင္းက ဘာမွမရွိဘူး ငတိ"

"သိပါတယ္။ခင္ဗ်ား ေမ့ေနတုန္းခင္ဗ်ား
Facebook accထဲဝင္ႀကည့္လိုက္တာနဲ႔
ခင္ဗ်ားကို ေမးစရာမလိုေတာ့ဘူး"

"မင္း ငါ့ accကိုယူသံုးတယ္?"

ဒီေကာင္ကြာ။လက္က ေသခ်ာမေျမွာက္ႏိုင္ေသး
လို႔ သက္သာသြားတာ။

"ေဒါသမထြက္နဲ႔။
ူသံုးခ်င္လို႔သံုးတယ္မထင္ေလနဲ႔။ခင္ဗ်ား ဘာေတြသေဘာက်တတ္လဲဆိုတာ
သိရဖို႕ ခင္ဗ်ားaccဖြင့္ႀကည့္ရတာေပါ့။ဒါ မမ
ကိုယ္တိုင္ ခင္ဗ်ားpasswordကိုဖြင့္ေပးတာ"

"ငါ ဘာေတြသေဘာက်တတ္လည္းသိခ်င္ရင္
ငါ့wallထဲဝင္ႀကည့္ေလ"

"ဟဲ ဟဲ...ခင္ဗ်ားက SKB ေတာ့ျဖစ္သားေနာ္
လူႀကည့္ေတာ့သာ ဘာမွ မဟုတ္တာ"

"ဘာကြ! မင္း ဘယ္သူေတြကို ဘာေတြသြားေျပာ
ေသးလဲ?အမ ကေတာ့ကြာ ေမ်ာက္ေလာင္းလက္
ထဲ အုန္းသီးသြားထည့္ေပးလိုက္တာပဲ"

"က်ေတာ္ဖြင့္လိုက္တာနဲ႔ စကားလာေျပာႀကတဲ့
လူေတြရွိေပမယ့္...က်ေတာ္စည္းေစာင့္ပါတယ္
ဗ်ာ။ခင္ဗ်ားနာမည္ သံုးျပီး မဟုတ္တယုတ္ေတြ
မလုပ္ပါဘူး"

"လုပ္ႀကည့္ပါလား?"

"က်ေတာ္ အဓိကေျပာခ်င္တာ အဲ့ဒါမဟုတ္ဘူး
လ်န္း...ဆိုတာ ဘယ္သူလဲ??ခင္ဗ်ားရည္းစား
လား"

"ဘာ?"

"ဟုတ္တယ္ ခင္ဗ်ားအဲ့နာမည္ေခၚျပီး ျပန္ႏိုးလာ
တာ။ေနာက္ျပီး..."

ေကာင္ေလး စကားစခဏရပ္သြားျပီး ေျပာဖို႔ဟန္
ခက္ေနဟန္ျဖင့္ ဆံပင္ထူပြပြေတြႀကား လက္ထည့္ကာ ကုတ္ေနသည္

"ေနာက္ျပီး ဘာျဖစ္လဲ?"

"ခင္ ခင္ဗ်ား...မ်က္ရည္ေတြက်လာတာ"

"ငိုတာကို ေျပာခ်င္တာလား?"

"အဲ့ လိုလည္း မဟုတ္ဘူး။ဒီအတိုင္းက်လာတာ။အဲ့ဒါ ရုတ္တရက္မို႔က်ေတာ္လည္း ဘာလုပ္ရမွန္းမသိ ျဖစ္ေနျပီးမွ
ဆရာဝန္ေတြကို ေျပးမေခၚခင္ သုတ္ေပးခဲ့တယ္
ခင္ဗ်ား ဘာေတြျဖစ္ခဲ့သလဲ?လ်န္း ဆိုတာကေရာ
ဘယ္သူလဲ?ဆိုတာ သိခ်င္လို႔..."

"ငါ မသိဘူး"

က်ေတာ္တကယ္မသိတာ။ဒါေပမယ့္ လ်န္း ဆို
ျပီး စိတ္ထဲကေန ေခၚလိုက္မိတာေတာင္ ရင္ဖက္
အတြင္းတစ္ေနရာက ေအာင့္တက္လာသည္။
တစ္ခါမွ မခံစားခဲ့ဖူးေသာ နာက်ဥ္မႈ။

"ေနာက္တစ္ခုက..."

"ဘာလဲ?"

က်ေတာ္ထပ္ေမးေတာ့ ငတိသည္ ေႀကာင္ေတာင္
ေတာင္ မ်က္ႏွာေပးခ်က္ခ်င္းေျပာင္းကာ

"အဲ...ဘာ မွမဟုတ္ေတာ့ဘူး။ခင္ဗ်ား နားခ်င္
နားေတာ့လို႔"

"မင္းတစ္ခုခုေျပာခ်င္တာ သိေပမယ့္ ထားပါ။
ဒီေန႔ ဘာေန႔လဲ"

"Friday"

"ဒါဆို ပိုင္သုတ Night Dutyရွိတယ္။ေရာက္
ေနေလာက္ျပီ သြားေခၚေပးပါလား"

"ဟုတ္ ဖုန္းဆက္လိုက္မယ္"

ပိုင္သုတဖုန္းနံပါတ္ကိုပင္သိ၍္ အစ္ကို ဘာညာနဲ႔
ေျပာေနပံုအရ ဤငတိ က်ေတာ့္အသိုင္းအဝိုင္းထဲ
ေတာ္ေတ္ာလူရာဝင္ေနပံုပဲ။

"နႏၵ..."

"ငတိ အျပင္ထြက္ေပး"

"အဲ ေနေန ညီေလး။နႏၵကလည္းကြာ ဒီတစ္
ေလွ်ာက္လံုး သူပဲ မင္းေဝယ်၀စၥေတြလုပ္ေပးခဲ့
တာ။မင္းအေႀကာင္း သူအကုန္သိေနျပီ"

ပိုင္သုတဆိုသည္မွာ...အလိုက္မသိတတ္ျခင္းကို
ရိုးသားမႈေတြ ေဖာေဖာသီသီထည့္ကာေဖာ္စပ္
ထားသူ။ပိုဆိုးသည္က သူေဖာ္ထားေသာေဆးသည္အဝင္ဆိုးသည္။စြဲေသာက္ပါကလူဆိုးလည္းျဖစ္ေစတတ္ေသး
သည္။ဒါက ခ်န္းျငိမ္းေအာင္က အေကာင္းဆံုး
စမ္းသပ္ေတြ႔ရွိမႈပင္။

"ရ ရပါတယ္။အစ္ကို က်ေတာ္ထြက္သြားေပး
ပါ့မယ္"

"မထြက္နဲ႔ ေနေတာ့။မင္းထြက္သြားရင္ ဒီ အကြက္
မွာ ငါ ဗီလိန္ျဖစ္သြားမယ္။ထိုင္ေနေတာ့"

Sofa ေပၚလွဲခ်ကာ နားႀကပ္တပ္ကာ Game
ေဆာ့ေနေသာ ငတိကို လွည့္ႀကည့္ရင္း သေဘာ
တက်တစ္ခ်က္ရယ္ျပီးမွ က်ေတာ့္ကို ျပန္လွည့္
ႀကည့္ေသာ မ်က္ႏွာေပၚတြင္ ဖိတ္လ်ွံစိုရႊဲေနေသာ
အားနာျခင္းေတြ

"ငါ့ကို အဲ့လိုေတြ မႀကည့္နဲ႔ သုတ။မင္းနဲ႔ငါက
အဲ့လိုေတြ ျဖစ္စရာမလိုသူေတြ"

"ငါ ေတာင္းပန္ပါတယ္။ ငါ ငါတကယ္ အခုလို
မျဖစ္ေစခ်င္တာ"

"ဘာလဲကြာ??ငါကသာ မင္းကို မ်က္ႏွာပူေနရ
တာ သုတရ။ခု ငါ့အစ္မလုပ္ပံုကမင္းေစတနာ
ကို မင္းလိုခ်င္ဆံုးအရာနဲ႔ လဲယူလိုက္သလိုျဖစ္
သြားတာ"

"အမရာ ကအဲ့လို သေဘာမ်ိဳးမဟုတ္ဘူး"

"နားလည္ေပးလို႔ ေက်းဇူးပါ သုတ။သူက အဲ့လို
ကေလးယူလို႔ရတယ္ ဆိုတာ သိတဲ့ အရြယ္
Teenageတည္းက အဲ့လိုနည္းနဲ႔ ကေလး
ေမြးမယ္ႀကီးပဲ ေျပာခဲ့တာ။ခုဟာက ဘယ္လို
ေျပာရမလဲ...မုတ္ဆိတ္ပ်ားစြဲလား?သံုးခ်က္ကြက္
ရိုက္လိုက္တာလားပဲ။ႀကားထဲက ငါက မ်က္ႏွာပူ
ျပီး အားနာရတယ္"

"အမရာ ဥာဏ္ေကာင္းတာႀကည့္ျပီး သားဆိုရင္
ေရာ ဆိုတဲ့စိတ္ကေတာ္ေတာ္ပီတိျဖစ္ဖို႔ေကာင္း
တယ္ကြ"

"မင္းတို႔ႏွစ္ေကာင္ေရာင္းစားခံလိုက္ရမယ္...ဟား
အ"

ေလွာင္ခ်င္ေျပာင္ခ်င္စိတ္ကို သူ႔အရိုးေတြကခြင့္
မျပဳ

"ျဖည္းျဖည္း နႏၵ"

"လူႀကီး ဘာျဖစ္??ခင္ဗ်ားက သတိထားေလဗ်ာ"

"ဆရာ လာမလုပ္နဲ႔ ငတိ။သြားထိုင္ေန"

"နႏၵရာ...မင္းႏွယ့္ေတာ့..."

သုတကသာႀကားေနအားနာေနတာ။ငတိကေအးေဆးပဲ
headphone ျပန္ေကာက္တပ္ျပီး ေခြေခြ
ေခါက္ေခါက္နဲ႔ gameဆက္ႏွိပ္သည္။
ဒီေကာင္ ဘာေကာင္လဲ??

"မင္း တို႔အိမ္ေျခေန ဒီေလာက္ျဖစ္ေနတာေတာင္
ဘာလို႔ ငါ့ကို မေျပာခဲ့တာလဲ နႏၵ"

"အပူမကူးေစခ်င္လို႔။ငါ့ေဘးနားမွာရွိေနသူေတြ
အထူးသျဖင့္ င့ါစိတ္ထဲက တကယ္ခင္သြားမိသူ
ေတြ ငါ့ေႀကာင့္ စိတ္မဆင္းရဲေစခ်င္ဘူး။သုတ
မင္း မွွာလည္း မင္းေသာကနဲ႔ မင္း ျဖစ္ေနတာကို
ငါက ေျပာစရာလား"

"နႏၵရာ...ငါတို႔က သူငယ္ခ်င္းေတြေလ..."

"ကိုယ့္ရဲ႕ အိမ္တြင္းေရးေတြကို ကယ္ပါယူပါအံုး မေျပာခ်င္ဘူးကြာ...ေယာက်ာ္းတစ္ေယာက္
အေနနဲ႔ ေနာက္ျပီး မိသားစုတည္းကသား
တစ္ေယာက္အေနနဲ႔ ငါ့စြမ္းငါ့စနဲ႔ပဲေျဖရွင္းခ်င္
တယ္...မင္းကို ငါေျပာသင့္တာေတြေျပာျပတာပဲ
မဟုတ္လား?ငါ့အိမ္တြင္းျပႆနာက်ေတာ့...့ "

"မာနႀကီးလိုက္တာ နႏၵဦးေမာ္ရာ..."

ျပံဳးျပသည္။အားေပးျပံဳး။ဒီတစ္ခုေတာ့ နားလည္
ေပးပါကြာ ဟူေသာ ေတာင္းဆိုေသာ အျပံဳး

"ခ်န္းျငိမ္းေကာ ဘယ္လိုေနလဲ??ငါ့ အစ္မကို
ေတာ့ ကလန္ကဆန္မလုပ္ဘူးမလား?"

"မလုပ္ပါဘူးကြာ။သူလည္း အားနာေနတာ။ခု
သိသြားေတာ့ ပိုဆိုးေနတယ္"

"သူ႔စိတ္ထဲလည္း အားငယ္ေနမွာေပါ့..."

ခပ္ေအးေအးျပန္ေျပာေသာ သူငယ္ခ်င္းျဖစ္သူ
ကို ေငး၍သာႀကည့္ေနမိသည္။
ဒီလိုစိတ္ထားေတြသည္ ဘယ္ဘိုးေဘးေတြ၏
အေမြေတြမ်ားလဲ??
သားကံေကာင္းလိုက္တာ...မ်ိဳးရိုးႀကီးဆိုတာထက္
စိတ္ထားႀကီးျမတ္သူေတြရဲ႕ပတ္ဝန္းက်င္မွာ
ႀကီးျပင္းခြင့္ရမွာ

"ငါ့ ကို scheduleျမန္ျမန္ဆြဲေပးဖို႔ ဆရာ့ကို
ေျပာေပးကြာ...ငါဒီအခန္းထဲမွာ ဒီလိုႀကီးမေန
ခ်င္ေတာ့ဘူး။တစ္ရက္နဲ႔ တစ္ညပဲရွိေသးတယ္
ငါပ်င္းလို႔ေသေတာ့မယ္"

"ဟားဟားပဲရမယ္"

ဆက္ခနဲလွည့္ႀကည့္ေတာ့ သူေျပာလိုက္တာ
မဟုတ္သည့္အတိုင္း ဖုန္းကိုဆက္ပြတ္ေန
ေသာ ငတိ။
ပိုင္သုတကေတာ့ ေခါင္းတခါခါနဲ႔ ရယ္ေန၏

"ေဟ့ေကာင္ မလုပ္နဲ႔"

stethoကိုေကာက္တပ္ျပီး စမ္းသပ္ဖို႔တိုးလာ
ေသာ သုတကို လွမ္းေဟာက္ေတာ့ ရယ္က်ဲက်ဲ

"ဘာလဲကြ။ဒီခ်ိန္ မင္းက လူနာပဲ။ငါက တာဝန္
က်ဆရာဝန္...problem?

"တျခားသြားေခၚ မင္းေတာ့မလုပ္နဲ႔ "

"မင္းေမ့ေနတာက
သာႀကာတာ ႏိႈးလာေတာ့လည္းေနာ္ သာလိကာ
ပဲ တကယ့္ မႀကံဳစဖူးပဲ။Comaဝင္ျပီးမင္းေလာက္ တက္ႀကြတဲ့ လူမေတြ႔
ဖူးတာ...Fb stsေတာင္တင္လိုက္ေသး"

"ေအး  အဲ့ဒါ ငါတင္တာမဟုတ္ဘူး။ဟိုေက်းဇူး
ရွင္။တက္ႀကြတယ္မေျပာနဲ႔ သုတ...ငါက လမ္းေတာင္ထေလွ်ာက္ခ်င္ေနတာ"

"မလြယ္ေႀကာပဲ..."

သုတသက္ျပင္းခ်ျပီးထြက္သြားေတာ့မွ နည္းနည္း
မ်က္ႏွာပူသက္သာသလိုပဲ။ဟို ငတိရွိရာလွမ္းႀကည့္ေတာ့...ဖုန္းပြတ္ေနဆဲ။

"မင္း အိမ္မျပန္ဘူးလား?"

"ဟင္...မျပန္ဘူး။ဒီမွာ အိပ္မွာ"

"မင္း မိဘေတြ ဘာမွမေျပာဘူးလား"

"အေဖကိုယ္တိုင္ဒီပို႔ထားတာ။မဲဆြယ္ကာလ
ကေပါ့ သူ႔imageကို ျပတဲ့အေနနဲ႔
ေဆးစြဲေနတယ္လို႕ ေကာလဟာသေတြ
ထြက္တဲ့ သူ႔သားက်ေတာ္ကို လုပ္အားေပးလူလိမၼာေလး
အျဖစ္ပံုေျပာင္းျပီး ဒီကိုလႊတ္တာ"

"အဲ့လိုေတြက ျမန္မာမွာရွိေနျပီလား?"

"က်ေတာ့္အေဖရွိရင္ ရွိတယ္။ဒီေရာက္ေတာ့
အသက္သာဆံုးအလုပ္လိုက္ရွာေတာ့ ခင္ဗ်ား
ကိုေတြ႔တာပဲ။စာဖတ္ျပ ရံု စကားေျပာရံုဆိုေတာ့
လုပ္ေပးျဖစ္လိုက္တာ။ဒါပဲ"

"ေဟ့ေကာင္ စကားအဆံုးသတ္မွာ အဲ့ဒါ ထည့္မေျပာနဲ႔"

"ဘာလဲ??ႀသ...ဒါပဲ လား ဘာျဖစ္လဲ ဒါပဲ
ေျပာတာ ဒါပဲေပါ့"

"ေတာ္ ...ေတာ္ေတာ့"

Scheduleျမန္ျမန္ရခ်င္တဲ့ အေႀကာင္းရင္း
ထဲ ဒီေကာင္လည္းပါတယ္။
-
-
-
အိမ္ျပန္ခ်ိန္က ေရာင္နီသန္းခ်ိန္ျဖစ္ေနတာ။
အိမ္ကေလးသည္ ႏွင္းေငြ႔တို႔ႀကား ငိုက္ျမည္း
ေနသည္။
မႏိုးႀကေသးတာလား?

အိမ္တံခါးဖြင့္ေတာ့ အမရာသည္ သနပ္ခါး
အေဖြးသားနဲ႔ အခန္းထဲမွထြက္လာသည္

"အဲ ခ်န္းေတာင္ ခုေလးတင္ထြက္သြားတာ"

"သြားျပီလား အေစာႀကီးကို?"

"အင္း Columေလာင္းရမယ့္ေန႔လို႔ေျပာတာ
ပဲ။သုတအတြက္ ေတာ့ မနက္စာျပင္ေပးခဲ့တယ္"

"အမရာ ေကာ စားျပီးျပီလား?"

"ဟုတ္ကဲ့။စားႏွင့္ အံုး။အမရာ ဘုရားရွီခိုးလိုက္
အံုးမယ္"

"ဟုတ္ကဲ့။ပုံစံမထိုင္ပဲ သက္ေတာင့္သက္သာ
ထိုင္ေနာ္"

"I see"

မီးဖိုခန္းထဲက ထမင္းစား စားပြဲေပၚက အုပ္ေဆာင္း ျပာႏုႏုကိုဖယ္ခြာလိုက္သည္ႏွင့္...
ေျမပဲစံေႀကာ္နီနီနယ္ေပးထားေသာ ထမင္းဆီ
ဆမ္းကအသင့္။
ျပင္ေပးထားတာရိုးရိုးေလး။ေယာက်ာ္းေလး
တစ္ေယာက္အေနနဲ႕မို႕ ေနာက္ျပီး အလုပ္ရွိ
ေနလ်က္နဲ႔ ရေအာင္ျပင္ဆင္ေပးသြားေသာ
မနက္စာေႏြးေႏြး။
တစ္ဇြန္းေလာက္ ခပ္စားလိုက္ရံုနဲ႔ပင္ ပီတိေတြ
တစ္ကိုယ္လံုးျပည့္သြားတာမ်ိဳး။

ခုဆို သူနဲ႔က်ေတာ္ ေသခ်ာေတာင္မေတြ႔ျဖစ္တဲ့
ေန႔ေတြ ညေတြ မ်ားလာတာ။ျပင္ဦးလြင္ရံုးခြဲမွာ
HODအျဖစ္ရာထူးရျပီးတည္းက အသက္ငယ္
ငယ္ လုပ္သက္ႏုႏုနဲ႔ တာဝန္ႀကီးႀကီးယူထားရ
ေသာခ်န္းသည္ ပံုမွန္ထက္ ပိုပင္ပန္းေနတတ္
သည္။

အရင္တည္းက အအိပ္မက္တတ္သူမိုု႔ခုဆို
ျပန္ေရာက္တာ နဲ႔ အိပ္ဖို႔ပင္စဥ္းစားေနတတ္တာ။

ဖုန္းဖြင့္ကာ Massageေလးတစ္ေႀကာင္း
ေလာက္ ပို႔ခ်င္တယ္။ပို႔ေလ့ပို႔ထမရွိေတာ့ ဘာ
ပို႕ရမွန္းလဲ မသိ။

"အလုပ္ထဲအဆင္ေျပပါေစ တခ်န္း"

Sentျဖစ္ျပီး မႀကာလိုက္။ခ်က္ခ်င္းဆိုသလို
က်ေတာ့္ဖုန္းထဲ massageတစ္ေစာင္ေရာက္
လာသည္က...

"ေအး..."

တစ္လံုးတည္း။တကယ္ကို တစ္လံုးတည္းပါ။ဒါေပမယ့္...က်ေတာ္ဝါးလက္စထမင္းသီးသြားသည္အထိ စိတ္လႈပ္ရွားသြားရတာကေတာ့ ေမွာ္ဆန္လြန္း၏

တခ်န္းရယ္...

ဘာလို႔ ဒီေလာက္ ခ်စ္ဖို႔ေကာင္းေနရတာလဲ??

Thank You All

(Unicode)

/

/

/

"ပြန်ပြီးနားလိုက်ပါတော့ မယ်မယ်...ရတယ်
ကျတော် အဆင်ပြေနေပါပြီ"

"ဒေါက်တာ သားကို ကျွန်မစောင့်ပေးလို့မရဘူး
လားဟင်?"

"အမျိုးသားဆောင်မို့ ညအိပ်ညနေ အမျိုးသမီး
တွေ လူနာစောင့်လို့မရပါဘူး"

"မယ်မယ် ဆေးရုံကို အားနာဖို့ကောင်းတယ်။မနက်ကျမှ စောစောလာတွေ့လေ...မယ်မယ့်
လက်ရာတွေ စားချင်တယ်။ယူလာခဲ့လေ...
ခုတော့ ပြန်နားလိုက် ဟုတ်ပြီလား?"

အမေဖြစ်သူကို ကလေးတစ်ယောက်လို ချော့
မော့မြှောက်ပင့်လျက် ပြန်လွှတ်ရန်စည်းရုံးရေး
သည် အရာရောက်သည်။

တစ်မနက်လုံးအစ်မဖြစ်သူနဲ့စကားတွေဖောင်ဖွဲ့၊
လာရောက်လူနာလာမေးသော သူ့အခေါ်
သူ့ကလေးဟုဆိုသော အလုပ်သင်ဆရာဝန်လေး
တွေ။နောက် ကုသပေးခဲ့ဖူးသော လူနာတွေ။
ပစ္စည်းတင်စားပွဲတစ်ခုလုံး ခေတ်မီရောင်စုံမုန့်
ဗူးတွေ၊ပန်းစည်းတွေ ခြံထွက် သစ်သီးလတ်လတ်
ဆက်ဆက်တွေနဲ့ ပြည့်လျှံနေသည်။
သူ့ကလေးတွေမုန့်ဗူးတွေ သယ်လာရင် ဘာမှမပြောပေမယ့် မြို့ခံလူတွေ သစ်သီးတွေ တစ်ပုံတစ်အောသယ်
ချလာရင်တော့ မျက်မှောင်နှစ်ခု ကျုံဝင်လျက်
ပြန်ယူသွား အဲ့လောက်များကြီး သူမစားနိုင်
ကြောင်း။ရောင်းတဲ့ထဲက လာပေးရင် အမြတ်ဘယ်ကျန်မလဲ စသည်ဖြင့် ဆူတတ်ပူ
တတ်နေ၍ ပြန်ကောင်းခါစ လူနာမှ ဟုတ်ရဲ့လား
ဟူ၍ ပြန်ပြန်လှည့်ကြည့်ရသည်အထိ။

တသောသောရောက်သောဧည့်သည်တွေကို ပြန်
တောင် လွှတ်ရသည်။ဟုတ်သည်လေ သူနားရ
အုံးမယ်။လူက အစာအဖတ်မဝင်တာ ငါးလနီးပါး
မို့ စိတ်ကသာဆောင်နေတာ လူက စကားနည်း
နည်းမာမာပြောပြီးသည်နှင့် မောနေရော။

တိတ်ဆိတ်သွားသော အခန်းထဲ သူနဲ့ ကျတော်
ပဲ ကျန်ခဲ့တော့မှ...ကျတော့်မှာ မနေတတ်မထိုင်
တတ်။ဘာလုပ်ပေးရမှန်းလဲ မသိ။သူမေ့နေစဉ်
တစ်လျှောက်လုံး သူ့ကိုပြောချင်ရာပြောခဲ့ပေမယ့်
ခုလိုအရှင်အလတ်ကြီးကိုတော့ အမှန်ပြော
ကျတော်ရှိန်သည်။

"လာအုံး ဒီနား"

ပတ်လတ်လှဲနေရင်းမှခပ်တည်တည်ခေါ်သည်။
သူ့ကုတင်အစပ်နားတိုးသွားတော့ခပ်စူးစူးကြည့်
သည်။နောက် မျက်မှောင်ကျုံသည့် ပုံစံအရ သူ
စဉ်းစားနေတာ...

"ကျတော့်နာမည် ဇေယျမျိုးမြင့်...ကျတော့်ကို
ခင်ဗျားတွေ့ဖူး..."

"ကော်ရှုသေးလား?"

ရုတ်တရက်ဖြတ်မေးခံလိုက်ရ၍ ကြောင်အမ်းအမ်း
မလုပ်တော့တာ လ ချီကြာနေပြီဖြစ်သော အလုပ်
ပေမယ့်

"မလုပ်တော့ဘူး" ဟူသည့် စကားက ထွက်ကျ
မလာ

"လူကို ဘိန်းစားထင်နေတာလား ခင်ဗျားက..."

ရယ်သည်။နှုတ်ခမ်းနှစ်ခု တွန့်ကွေးသွားပုံမျဉ်းအရ
ဒါသည် မဲ့ပြုံးလား လှောင်ပြုံးလားမသဲကွဲ...
လူကဖြင့် မထူနိုင်သေးဘူး။မိုနာလီဇာလိုလို
ဘာလိုလိုလာလုပ်နေတာ ချဉ်စရာ

"ကျေးဇူးတင်ပါတယ်။မေ့နေတဲ့ တစ်လျှောက်လုံး
ငါ့ဘေးနေပေးခဲ့လို့။ပြောဖို့နောက်ကျနေတာမှန်
ပေမယ့် ငါ မင်းကိုကျေးဇူးတင်ပါတယ်"

အချဉ်ဖောက်စပြုနေသော စိတ်ကို ကျေနပ်ခြင်း
ရေအလျင်ထဲ နှမျောမနေပဲ သွန်ချလိုက်ရတော့
သည်။
ထိုင်နေကျ အတိုင်း သူ့ဘေးနားက ခုံကိုဆွဲထိုင်
ရင်း သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။
ဘာစကားမှ မပြောသေးခင် ဒီလူကြီးကို မုတ်ဆိတ်ရိတ်ပေးရအုံးမယ် ဆိုတဲ့အတွေးက အ
သောက်မြင်ကတ်စရာဝင်လာပြန်သည်။
အေးလေ သုံးလကျော်ဆိုတဲ့ အချိန်ကလည်း
ဂရုစိုက်ခြင်းမှာ အသားသေစေဖို့လုံလောက်တာပဲ

"အမှန်တော့ ခင်ဗျား သတိရလာရင် ကျတော်
ပြန်တော့မလို့။ဒါပေမယ့် သိချင်တာတွေရှိနေ
သေးလို့ ဒီမှာဆက်နေရမယ့်ပုံပဲ"

"ငါ့အကြောင်းက ဘာမှမရှိဘူး ငတိ"

"သိပါတယ်။ခင်ဗျား မေ့နေတုန်းခင်ဗျား
Facebook accထဲဝင်ကြည့်လိုက်တာနဲ့
ခင်ဗျားကို မေးစရာမလိုတော့ဘူး"

"မင်း ငါ့ accကိုယူသုံးတယ်?"

ဒီကောင်ကွာ။လက်က သေချာမမြှောက်နိုင်သေး
လို့ သက်သာသွားတာ။

"ဒေါသမထွက်နဲ့။
ူသုံးချင်လို့သုံးတယ်မထင်လေနဲ့။ခင်ဗျား ဘာတွေသဘောကျတတ်လဲဆိုတာ
သိရဖို့ ခင်ဗျားaccဖွင့်ကြည့်ရတာပေါ့။ဒါ မမ
ကိုယ်တိုင် ခင်ဗျားpasswordကိုဖွင့်ပေးတာ"

"ငါ ဘာတွေသဘောကျတတ်လည်းသိချင်ရင်
ငါ့wallထဲဝင်ကြည့်လေ"

"ဟဲ ဟဲ...ခင်ဗျားက SKB တော့ဖြစ်သားနော်
လူကြည့်တော့သာ ဘာမှ မဟုတ်တာ"

"ဘာကွ! မင်း ဘယ်သူတွေကို ဘာတွေသွားပြော
သေးလဲ?အမ ကတော့ကွာ မျောက်လောင်းလက်
ထဲ အုန်းသီးသွားထည့်ပေးလိုက်တာပဲ"

"ကျတော်ဖွင့်လိုက်တာနဲ့ စကားလာပြောကြတဲ့
လူတွေရှိပေမယ့်...ကျတော်စည်းစောင့်ပါတယ်
ဗျာ။ခင်ဗျားနာမည် သုံးပြီး မဟုတ်တယုတ်တွေ
မလုပ်ပါဘူး"

"လုပ်ကြည့်ပါလား?"

"ကျတော် အဓိကပြောချင်တာ အဲ့ဒါမဟုတ်ဘူး
လျန်း...ဆိုတာ ဘယ်သူလဲ??ခင်ဗျားရည်းစား
လား"

"ဘာ?"

"ဟုတ်တယ် ခင်ဗျားအဲ့နာမည်ခေါ်ပြီး ပြန်နိုးလာ
တာ။နောက်ပြီး..."

ကောင်လေး စကားစခဏရပ်သွားပြီး ပြောဖို့ဟန်
ခက်နေဟန်ဖြင့် ဆံပင်ထူပွပွတွေကြား လက်ထည့်ကာ ကုတ်နေသည်

"နောက်ပြီး ဘာဖြစ်လဲ?"

"ခင် ခင်ဗျား...မျက်ရည်တွေကျလာတာ"

"ငိုတာကို ပြောချင်တာလား?"

"အဲ့ လိုလည်း မဟုတ်ဘူး။ဒီအတိုင်းကျလာတာ။အဲ့ဒါ ရုတ်တရက်မို့ကျတော်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီးမှ
ဆရာဝန်တွေကို ပြေးမခေါ်ခင် သုတ်ပေးခဲ့တယ်
ခင်ဗျား ဘာတွေဖြစ်ခဲ့သလဲ?လျန်း ဆိုတာကရော
ဘယ်သူလဲ?ဆိုတာ သိချင်လို့..."

"ငါ မသိဘူး"

ကျတော်တကယ်မသိတာ။ဒါပေမယ့် လျန်း ဆို
ပြီး စိတ်ထဲကနေ ခေါ်လိုက်မိတာတောင် ရင်ဖက်
အတွင်းတစ်နေရာက အောင့်တက်လာသည်။
တစ်ခါမှ မခံစားခဲ့ဖူးသော နာကျဉ်မှု။

"နောက်တစ်ခုက..."

"ဘာလဲ?"

ကျတော်ထပ်မေးတော့ ငတိသည် ကြောင်တောင်
တောင် မျက်နှာပေးချက်ချင်းပြောင်းကာ

"အဲ...ဘာ မှမဟုတ်တော့ဘူး။ခင်ဗျား နားချင်
နားတော့လို့"

"မင်းတစ်ခုခုပြောချင်တာ သိပေမယ့် ထားပါ။
ဒီနေ့ ဘာနေ့လဲ"

"Friday"

"ဒါဆို ပိုင်သုတ Night Dutyရှိတယ်။ရောက်
နေလောက်ပြီ သွားခေါ်ပေးပါလား"

"ဟုတ် ဖုန်းဆက်လိုက်မယ်"

ပိုင်သုတဖုန်းနံပါတ်ကိုပင်သိ၍် အစ်ကို ဘာညာနဲ့
ပြောနေပုံအရ ဤငတိ ကျတော့်အသိုင်းအဝိုင်းထဲ
တော်တေ်ာလူရာဝင်နေပုံပဲ။

"နန္ဒ..."

"ငတိ အပြင်ထွက်ပေး"

"အဲ နေနေ ညီလေး။နန္ဒကလည်းကွာ ဒီတစ်
လျှောက်လုံး သူပဲ မင်းဝေယျဝစ္စတွေလုပ်ပေးခဲ့
တာ။မင်းအကြောင်း သူအကုန်သိနေပြီ"

ပိုင်သုတဆိုသည်မှာ...အလိုက်မသိတတ်ခြင်းကို
ရိုးသားမှုတွေ ဖောဖောသီသီထည့်ကာဖော်စပ်
ထားသူ။ပိုဆိုးသည်က သူဖော်ထားသောဆေးသည်အဝင်ဆိုးသည်။စွဲသောက်ပါကလူဆိုးလည်းဖြစ်စေတတ်သေး
သည်။ဒါက ချန်းငြိမ်းအောင်က အကောင်းဆုံး
စမ်းသပ်တွေ့ရှိမှုပင်။

"ရ ရပါတယ်။အစ်ကို ကျတော်ထွက်သွားပေး
ပါ့မယ်"

"မထွက်နဲ့ နေတော့။မင်းထွက်သွားရင် ဒီ အကွက်
မှာ ငါ ဗီလိန်ဖြစ်သွားမယ်။ထိုင်နေတော့"

Sofa ပေါ်လှဲချကာ နားကြပ်တပ်ကာ Game
ဆော့နေသော ငတိကို လှည့်ကြည့်ရင်း သဘော
တကျတစ်ချက်ရယ်ပြီးမှ ကျတော့်ကို ပြန်လှည့်
ကြည့်သော မျက်နှာပေါ်တွင် ဖိတ်လျှံစိုရွှဲနေသော
အားနာခြင်းတွေ

"ငါ့ကို အဲ့လိုတွေ မကြည့်နဲ့ သုတ။မင်းနဲ့ငါက
အဲ့လိုတွေ ဖြစ်စရာမလိုသူတွေ"

"ငါ တောင်းပန်ပါတယ်။ ငါ ငါတကယ် အခုလို
မဖြစ်စေချင်တာ"

"ဘာလဲကွာ??ငါကသာ မင်းကို မျက်နှာပူနေရ
တာ သုတရ။ခု ငါ့အစ်မလုပ်ပုံကမင်းစေတနာ
ကို မင်းလိုချင်ဆုံးအရာနဲ့ လဲယူလိုက်သလိုဖြစ်
သွားတာ"

"အမရာ ကအဲ့လို သဘောမျိုးမဟုတ်ဘူး"

"နားလည်ပေးလို့ ကျေးဇူးပါ သုတ။သူက အဲ့လို
ကလေးယူလို့ရတယ် ဆိုတာ သိတဲ့ အရွယ်
Teenageတည်းက အဲ့လိုနည်းနဲ့ ကလေး
မွေးမယ်ကြီးပဲ ပြောခဲ့တာ။ခုဟာက ဘယ်လို
ပြောရမလဲ...မုတ်ဆိတ်ပျားစွဲလား?သုံးချက်ကွက်
ရိုက်လိုက်တာလားပဲ။ကြားထဲက ငါက မျက်နှာပူ
ပြီး အားနာရတယ်"

"အမရာ ဉာဏ်ကောင်းတာကြည့်ပြီး သားဆိုရင်
ရော ဆိုတဲ့စိတ်ကတော်တော်ပီတိဖြစ်ဖို့ကောင်း
တယ်ကွ"

"မင်းတို့နှစ်ကောင်ရောင်းစားခံလိုက်ရမယ်...ဟား
အ"

လှောင်ချင်ပြောင်ချင်စိတ်ကို သူ့အရိုးတွေကခွင့်
မပြု

"ဖြည်းဖြည်း နန္ဒ"

"လူကြီး ဘာဖြစ်??ခင်ဗျားက သတိထားလေဗျာ"

"ဆရာ လာမလုပ်နဲ့ ငတိ။သွားထိုင်နေ"

"နန္ဒရာ...မင်းနှယ့်တော့..."

သုတကသာကြားနေအားနာနေတာ။ငတိကအေးဆေးပဲ
headphone ပြန်ကောက်တပ်ပြီး ခွေခွေ
ခေါက်ခေါက်နဲ့ gameဆက်နှိပ်သည်။
ဒီကောင် ဘာကောင်လဲ??

"မင်း တို့အိမ်ခြေနေ ဒီလောက်ဖြစ်နေတာတောင်
ဘာလို့ ငါ့ကို မပြောခဲ့တာလဲ နန္ဒ"

"အပူမကူးစေချင်လို့။ငါ့ဘေးနားမှာရှိနေသူတွေ
အထူးသဖြင့် င့ါစိတ်ထဲက တကယ်ခင်သွားမိသူ
တွေ ငါ့ကြောင့် စိတ်မဆင်းရဲစေချင်ဘူး။သုတ
မင်း မှာလည်း မင်းသောကနဲ့ မင်း ဖြစ်နေတာကို
ငါက ပြောစရာလား"

"နန္ဒရာ...ငါတို့က သူငယ်ချင်းတွေလေ..."

"ကိုယ့်ရဲ့ အိမ်တွင်းရေးတွေကို ကယ်ပါယူပါအုံး မပြောချင်ဘူးကွာ...ယောကျာ်းတစ်ယောက်
အနေနဲ့ နောက်ပြီး မိသားစုတည်းကသား
တစ်ယောက်အနေနဲ့ ငါ့စွမ်းငါ့စနဲ့ပဲဖြေရှင်းချင်
တယ်...မင်းကို ငါပြောသင့်တာတွေပြောပြတာပဲ
မဟုတ်လား?ငါ့အိမ်တွင်းပြဿနာကျတော့...့ "

"မာနကြီးလိုက်တာ နန္ဒဦးမော်ရာ..."

ပြုံးပြသည်။အားပေးပြုံး။ဒီတစ်ခုတော့ နားလည်
ပေးပါကွာ ဟူသော တောင်းဆိုသော အပြုံး

"ချန်းငြိမ်းကော ဘယ်လိုနေလဲ??ငါ့ အစ်မကို
တော့ ကလန်ကဆန်မလုပ်ဘူးမလား?"

"မလုပ်ပါဘူးကွာ။သူလည်း အားနာနေတာ။ခု
သိသွားတော့ ပိုဆိုးနေတယ်"

"သူ့စိတ်ထဲလည်း အားငယ်နေမှာပေါ့..."

ခပ်အေးအေးပြန်ပြောသော သူငယ်ချင်းဖြစ်သူ
ကို ငေး၍သာကြည့်နေမိသည်။
ဒီလိုစိတ်ထားတွေသည် ဘယ်ဘိုးဘေးတွေ၏
အမွေတွေများလဲ??
သားကံကောင်းလိုက်တာ...မျိုးရိုးကြီးဆိုတာထက်
စိတ်ထားကြီးမြတ်သူတွေရဲ့ပတ်ဝန်းကျင်မှာ
ကြီးပြင်းခွင့်ရမှာ

"ငါ့ ကို scheduleမြန်မြန်ဆွဲပေးဖို့ ဆရာ့ကို
ပြောပေးကွာ...ငါဒီအခန်းထဲမှာ ဒီလိုကြီးမနေ
ချင်တော့ဘူး။တစ်ရက်နဲ့ တစ်ညပဲရှိသေးတယ်
ငါပျင်းလို့သေတော့မယ်"

"ဟားဟားပဲရမယ်"

ဆက်ခနဲလှည့်ကြည့်တော့ သူပြောလိုက်တာ
မဟုတ်သည့်အတိုင်း ဖုန်းကိုဆက်ပွတ်နေ
သော ငတိ။
ပိုင်သုတကတော့ ခေါင်းတခါခါနဲ့ ရယ်နေ၏

"ဟေ့ကောင် မလုပ်နဲ့"

stethoကိုကောက်တပ်ပြီး စမ်းသပ်ဖို့တိုးလာ
သော သုတကို လှမ်းဟောက်တော့ ရယ်ကျဲကျဲ

"ဘာလဲကွ။ဒီချိန် မင်းက လူနာပဲ။ငါက တာဝန်
ကျဆရာဝန်...problem?

"တခြားသွားခေါ် မင်းတော့မလုပ်နဲ့ "

"မင်းမေ့နေတာက
သာကြာတာ နှိုးလာတော့လည်းနော် သာလိကာ
ပဲ တကယ့် မကြုံစဖူးပဲ။Comaဝင်ပြီးမင်းလောက် တက်ကြွတဲ့ လူမတွေ့
ဖူးတာ...Fb stsတောင်တင်လိုက်သေး"

"အေး အဲ့ဒါ ငါတင်တာမဟုတ်ဘူး။ဟိုကျေးဇူး
ရှင်။တက်ကြွတယ်မပြောနဲ့ သုတ...ငါက လမ်းတောင်ထလျှောက်ချင်နေတာ"

"မလွယ်ကြောပဲ..."

သုတသက်ပြင်းချပြီးထွက်သွားတော့မှ နည်းနည်း
မျက်နှာပူသက်သာသလိုပဲ။ဟို ငတိရှိရာလှမ်းကြည့်တော့...ဖုန်းပွတ်နေဆဲ။

"မင်း အိမ်မပြန်ဘူးလား?"

"ဟင်...မပြန်ဘူး။ဒီမှာ အိပ်မှာ"

"မင်း မိဘတွေ ဘာမှမပြောဘူးလား"

"အဖေကိုယ်တိုင်ဒီပို့ထားတာ။မဲဆွယ်ကာလ
ကပေါ့ သူ့imageကို ပြတဲ့အနေနဲ့
ဆေးစွဲနေတယ်လို့ ကောလဟာသတွေ
ထွက်တဲ့ သူ့သားကျတော်ကို လုပ်အားပေးလူလိမ္မာလေး
အဖြစ်ပုံပြောင်းပြီး ဒီကိုလွှတ်တာ"

"အဲ့လိုတွေက မြန်မာမှာရှိနေပြီလား?"

"ကျတော့်အဖေရှိရင် ရှိတယ်။ဒီရောက်တော့
အသက်သာဆုံးအလုပ်လိုက်ရှာတော့ ခင်ဗျား
ကိုတွေ့တာပဲ။စာဖတ်ပြ ရုံ စကားပြောရုံဆိုတော့
လုပ်ပေးဖြစ်လိုက်တာ။ဒါပဲ"

"ဟေ့ကောင် စကားအဆုံးသတ်မှာ အဲ့ဒါ ထည့်မပြောနဲ့"

"ဘာလဲ??သြ...ဒါပဲ လား ဘာဖြစ်လဲ ဒါပဲ
ပြောတာ ဒါပဲပေါ့"

"တော် ...တော်တော့"

Scheduleမြန်မြန်ရချင်တဲ့ အကြောင်းရင်း
ထဲ ဒီကောင်လည်းပါတယ်။
-
-
-
အိမ်ပြန်ချိန်က ရောင်နီသန်းချိန်ဖြစ်နေတာ။
အိမ်ကလေးသည် နှင်းငွေ့တို့ကြား ငိုက်မြည်း
နေသည်။
မနိုးကြသေးတာလား?

အိမ်တံခါးဖွင့်တော့ အမရာသည် သနပ်ခါး
အဖွေးသားနဲ့ အခန်းထဲမှထွက်လာသည်

"အဲ ချန်းတောင် ခုလေးတင်ထွက်သွားတာ"

"သွားပြီလား အစောကြီးကို?"

"အင်း Columလောင်းရမယ့်နေ့လို့ပြောတာ
ပဲ။သုတအတွက် တော့ မနက်စာပြင်ပေးခဲ့တယ်"

"အမရာ ကော စားပြီးပြီလား?"

"ဟုတ်ကဲ့။စားနှင့် အုံး။အမရာ ဘုရားရှီခိုးလိုက်
အုံးမယ်"

"ဟုတ်ကဲ့။ပုံစံမထိုင်ပဲ သက်တောင့်သက်သာ
ထိုင်နော်"

"I see"

မီးဖိုခန်းထဲက ထမင်းစား စားပွဲပေါ်က အုပ်ဆောင်း ပြာနုနုကိုဖယ်ခွာလိုက်သည်နှင့်...
မြေပဲစံကြော်နီနီနယ်ပေးထားသော ထမင်းဆီ
ဆမ်းကအသင့်။
ပြင်ပေးထားတာရိုးရိုးလေး။ယောကျာ်းလေး
တစ်ယောက်အနေနဲ့မို့ နောက်ပြီး အလုပ်ရှိ
နေလျက်နဲ့ ရအောင်ပြင်ဆင်ပေးသွားသော
မနက်စာနွေးနွေး။
တစ်ဇွန်းလောက် ခပ်စားလိုက်ရုံနဲ့ပင် ပီတိတွေ
တစ်ကိုယ်လုံးပြည့်သွားတာမျိုး။

ခုဆို သူနဲ့ကျတော် သေချာတောင်မတွေ့ဖြစ်တဲ့
နေ့တွေ ညတွေ များလာတာ။ပြင်ဦးလွင်ရုံးခွဲမှာ
HODအဖြစ်ရာထူးရပြီးတည်းက အသက်ငယ်
ငယ် လုပ်သက်နုနုနဲ့ တာဝန်ကြီးကြီးယူထားရ
သောချန်းသည် ပုံမှန်ထက် ပိုပင်ပန်းနေတတ်
သည်။

အရင်တည်းက အအိပ်မက်တတ်သူမို့ခုဆို
ပြန်ရောက်တာ နဲ့ အိပ်ဖို့ပင်စဉ်းစားနေတတ်တာ။

ဖုန်းဖွင့်ကာ Massageလေးတစ်ကြောင်း
လောက် ပို့ချင်တယ်။ပို့လေ့ပို့ထမရှိတော့ ဘာ
ပို့ရမှန်းလဲ မသိ။

"အလုပ်ထဲအဆင်ပြေပါစေ တချန်း"

Sentဖြစ်ပြီး မကြာလိုက်။ချက်ချင်းဆိုသလို
ကျတော့်ဖုန်းထဲ massageတစ်စောင်ရောက်
လာသည်က...

"အေး..."

တစ်လုံးတည်း။တကယ်ကို တစ်လုံးတည်းပါ။ဒါပေမယ့်...ကျတော်ဝါးလက်စထမင်းသီးသွားသည်အထိ စိတ်လှုပ်ရှားသွားရတာကတော့ မှော်ဆန်လွန်း၏

တချန်းရယ်...

ဘာလို့ ဒီလောက် ချစ်ဖို့ကောင်းနေရတာလဲ??

Thank You All

Bạn đang đọc truyện trên: ZingTruyen.Xyz