ZingTruyen.Xyz

EX-pect

Ending

HsuChiKo365

"တခ်န္​း!"

AG ကားသံ Vibratorသံနဲ႔ Tower Craneသံ​ေတြၾကား ငပိုင္​၏ အ​ေလာတႀကီး
ဖုန္​း​ေခၚဆိုမႈ
ပိုင္​သုတကို အဲ့လို ပ်ာတီးပ်ာရာျဖစ္​​ေစတဲ့လူ
မ​ေမြး​ေသး​ေပမယ္​့...မ​ေမြးခင္​တည္​းက စြမ္​းႏိုင္​သူ
ကဗိုက္ထဲ႐ွိ​ေနတယ္​ဆိုတာ သိ​ေနရသည္​မို႔ ရင္​ထဲဒိန္​းကနဲ ထိတ္ျဖာသြားရသည္။

"အမရာ့ ကို​ေမြးခန္​းထဲသြင္​းရ​ေတာ့မယ္​..."

"ဘာ Due date​ေပးထားတာ ​ေနာက္​တစ္​
ပတ္​မွ​ေလ"

"​ေအး အခု နာလာလို႔...မင္​း မင္​းလာခဲ့ပါလား
တခ်န္​း"

ကိုယ္​တိုင္​သူမ်ားကေလးက်တည္​တည္​ၿငိမ္​ၿငိမ္​နဲ႔
ေမြး​ေပးခဲ့ဖူး​ေပမယ္​့ သူ႔သားသားအလွည္​့
က် ဗိုက္​နာတယ္​ဆိုတာနဲ႔တင္​ ပိုင္​သုတ အသံ​ေတြပါ ျပာခ်င္​ခ်င္​။​က်​ေတာ္​လည္​းဘာထူးသည္​
လဲ

"လာ လာရမွာ​ေပါ့...ခဏ ငါ လႊဲၿပီးထြက္​လာခဲ့မယ္​"

အ​ေဆာက္​အဦးတစ္​ဖက္​တစ္​ခ်က္​႐ွိ ယာယီတဲထဲ
ငုတ္​တုပ္​ထိုင္​​ေနသူ။ျပန္​ခ်ိန္​တိုင္​း က်​ေတာ္​ျပန္​မွ
အတူတူျပန္​တတ္သည္​့ မိုးစက္​​ေသြး အက်င္​့ကို
ဒီတစ္​ခါ​ပဲ ခ်ီးက်ဴးမိ​ေတာ့သည္​။

"မိုးစက္...က်ေတာ္ Breakေတာ့မယ္။မိုးစက္
ဆက္ေနေပးခဲ့လို႔ရမလား?"

အေလာတႀကီးေျပာဆိုေနေသာ က်ေတာ္သည္
မိုးစက္၏ လက္ခံ၏ လက္မခံ၏ တံု႕ျပန္မႈကို
ေစာင့္သင့္သည္ မွန္ေသာ္လည္း
ႀကိမ္စႀကာရိုက္ေခၚခံရသလို လူက ဆိုင္ကယ္
ေပၚတက္ႏွင့္ျပီးေနျပီ

"ေန...ေနပါအံုး။ကိုခ်န္းရဲ႕။ခုက ဘယ္လဲ?"

"ေဆးရံု"

"အမ်ိဳးထဲက တစ္ခုခုျဖစ္လို႕လား?မိုးစက္လည္း
လိုက္ မယ္ေလ"

"ရတယ္။မိုးစက္နဲ႔ မဆိုင္ဘူး။က်ေတာ္သြားျပီ္"

Siteနဲ႔ ေဆးရံုက သိပ္အေဝးႀကီးမဟုတ္ေပမယ့္
ေတာ္ေတာ္နဲ႔ မေရာက္ႏိုင္သလိုပဲ။ဆိုင္ကယ္စီး
ျခင္းအမႈကလည္း မႏၱေလးသားေလာက္ မကြ်မ္း
က်င္ေတာ့...

အဂုၤလိမာလသုတ္ေတာင္ အေပၚေအာက္က
ေျပာင္းကျပန္ေတြျဖစ္ေနျပီ။
သီးသန္႔ special roomထဲက ခပ္ႀကိတ္ႀကိတ္
ညီးညဴသံ
ေခြ်းေစးတို႔ျပန္ေနသူအား က်ေတာ္ေရာက္ေတာ့
တြန္းလွည္းေပၚတင္ဖို႔ျပင္ေနႀကသည္။
ေဘးေတြ သူကိုယ္တိုင္နာေနသလို ေခြ်းေစးျပန္
ေနေသာ ငပိုင္ နဲ႔ မ်က္ေမွာင္က်ံဳေနေသာ နႏၵ။

"ဟင့္ ငါ ရိုးရိုးပဲေမြးမွာ...ေစာင့္မယ္ဟာ ေနာ္
ေနာ္။ခဏေန သားသားထြက္ေတာ့မွာ...ငါနာေအာင္ သူမလုပ္ပါဘူး"

"အမ!!"

နႏၵ၏ ေအာ္ဟစ္သံ။အေျခအေနကို ျခံဳငံုႀကည့္
လိုက္တာနဲ႔ သေဘာနည္းနည္းေပါက္လာသည္။
ကိုယ့္ဆႏၵကို ဝင္ေျပာခ်င္ေသာ္လည္း ကိုယ့္ထက္
တတ္ေသာဆရာဝန္ႏွစ္ေယာက္နဲ႔မို႕ ဒီအတိိုင္း
သာ အရင္ ရပ္ႀကည့္ေနရသည္။

"အမရာ...ခု ခြဲေမြးမွ ရမွာ။လာပါဗ်ာေနာ္ နာေန
တယ္မလား??လွည္းေပၚတက္လိုက္"

ပိုင္သုတ၏ တိမ္ဝင္ေနေသာ ေလသံက သနားက
မား

"အမ...အပ်ိဳေလးဆိုတာလည္း စဥ္းစားအံုး
ေယာက်ာ္းယူရမွာ...ခုရိုးရိုးေမြးထားရင္...တကယ္ပါပဲကြာ..."

"ဘယ္သူက ေယာက်ာ္းယူမယ္ေျပာလဲ?နင္လို
ခ်င္ နင္ပဲ ယူလိုက္ နႏၵ။ငါ သားကို သဘာဝနည္း
အတိုင္းပဲေမြးမွာ"

"ကြ်တ္!"

နႏၵ၏ ကြ်တ္စုတ္သံ။ေခါင္းစြယ္စံုကုတ္ကာေန
ေသာ ငပိုင္။က်ေတာ္က ဘာလုပ္လို႔ဘာေျပာရ
မွန္းမသိျဖစ္ေနေသာဘဝ။

သားက မထြက္ခင္တည္းက ဂ်စ္က်ေနတာလား
ဒါသည္ပဲ အမရာ၏ ဗီဇေလလား??

"သမီး အမရာ...သမီးအခုနာေနတာ ၄နာရီနီးပါး
ရွိေနျပီ။အဲ့လိုပဲအပ်ိဳဗိုက္ဆိုတဲ့အတြက္ ေမြးဖြား
ရခက္တယ္"

"သမီးမနာဘူးဆရာႀကီး"

"မနာပဲေနမလား အမ။ငါပါ နာခ်င္ေနတာကို
မနာဘူးလို႔ညာမေနနဲ႕"

နႏၵ၏ အေျပာတြင္ အုပ္ႀကီးပါ ငိုရခက္ရယ္ရခက္
ႀကီးျဖစ္သြားရ၏။

"အမရာ...စကားနားေထာင္ပါဗ်ာေနာ္။သားသား
လည္း ခုဆို အေနခက္ေနမွာ။ႀကာရင္ သားသား
ေရာ အမရာအတြက္ေကာ မေကာင္းလို႔ပါဗ်ာ
သား အေနရ ခက္ေနမွာ"

မတတ္ႏိုင္ေတာ့ မိန္းမတစ္ေယာက္ေရွ႔ဒူးေထာက္
ျခင္းက က်ေတာ့္အတြက္ ခက္ခဲေပမယ့္ ဒါသည္
သားရဲ႕မိခင္ဆိုသည့္အသိနဲ႔တင္ အမရာ ကုတင္
ေအာက္ ဒူးထာက္ေတာင္းဆိုေတာ့...

"ဟာာာ ခ်န္းျငိမ္းကကြာ...အမ ကိုအဲ့လိုမလုပ္
ပါနဲ႔။ထ ထပါ။အမ အမ မွားပါတယ္ေနာ္။ထပါ"

ခ်က္ခ်င္းဆိုသလို ကုတင္မွဆင္း က်ေတာ့္ကိုထူ
တြန္းလွည္းေပၚတက္သည္မွာ တစ္မိနစ္ေတာင္
မႀကာလိုက္သျဖင့္... ၄နာရီလံုးလံုး
နားခ်ခဲ့ရေသာ ဆရာဝန္ႏွစ္ေကာင္၏ အံ့ႀသ
နပန္း အႀကည့္ကို အႏိုင္ပိုင္းခ်င္လာ၍ မ်က္လံုး
တစ္ဖက္ မွိတ္ျပလိုက္ေတာ့ နႏၵ၏ က်ိန္ဆဲသံက
ႏႈတ္ခမ္းႏွစ္ခုမွ လြတ္ထြက္လာသည္။

"ငါ့တူ အဲ့လို ဥာဏ္မ်ားရင္ေတာ့ ဒုကၡပဲ"

ေမြးခန္းထဲဝင္ခ်ိန္လည္း ျပႆနာကမျငိမ္းသြား

"ဆရာ က်ေတာ္လိုက္မယ္"

"မင္းက ဘာလို႔လိုက္မွာလဲ?မင္းေနခဲ့ ငါ့ အမ
ငါကိုယ္တိုင္ေမြးေပးမယ္"

"မင္းထက္ ငါက အေတြ႔အႀကံဳရွိတယ္။မင္းကို
ဆရာက OTဝင္လို႔မရေသးဘူးလို႔
ေျပာထားေသးတယ္ေလ"

"ရတယ္။ငါရပ္ႏိုင္တယ္...ဆရာ က်ေတာ္လိုက္
မယ္"

"ဆရာ က်ေတာ္တစ္ေယာက္တည္းေတာင္
ေမြးဖူးတာ။က်ေတာ္လိုက္မယ္ ဆရာ"

"ေနခဲ့ မင္းတို႔၂ေယာက္လံုး။ဆရာဝန္အလံုအ
ေလာက္ရွိတယ္"

"ငါနဲ႔ေနခဲ့ပါ ပိုင္ရာ~~"

အေနာက္ကထြက္လာေသာ အသံတိုးလ်လ်။
ေခြ်းေစးျပန္ေနေသာ လက္ႏွစ္ဖက္ကို ပြတ္ေခ်
ရင္း ေမာ့ႀကည့္လာေသာ မ်က္မွန္ေအာက္က
မ်က္ဝန္းတို႔သည္ က်ေတာ့္ကို လိုအပ္ေနေႀကာင္း
သိသာလွသည္။

သားကို က်ေတာ့္ေလာက္ သဲသဲလႈပ္ပံုမရေပမယ့္
အလုပ္လုပ္ေနရင္း သားUltrasoundပံုေလး
ကိုထုတ္ထုတ္ႀကည့္ေနတတ္တဲ့ ျမင္ကြင္းကို
လည္း ခိုးေငးႀကည့္ခဲ့ဖူး၍
တုန္ယင္ယင္ လက္ႏွစ္ဖက္ကို ဆြဲယူအုပ္ကိုင္
ေပးရင္း

"အင္း ငါ မင္းနဲ႔ အတူတူေစာင့္ေပးမယ္"

ထိုအခါမွ တုန္ယင္မႈအနည္းငယ္ရပ္တန္႔ကာ
မ်က္လံုးစံုမွိတ္ျပီး ႏွစ္ေယာက္အတူ
အသည္းအသန္က်က္ထားႀကဖူးေသာ အဂၤုလိမာလသုတ္ကို တိုးတိုးဖြဖြ ရြတ္ဆိုေန
ံုသည့္ပံုက ငယ္ငယ္က စာေတြ တတြတ္တြတ္က်က္ေနပံုေလးကိုပင္ အမွတ္ရေစသည္။

အဲ့ခနဲ တိုးလ်လ်ငိုသံေလးတစ္ခ်က္ကတင္ က်ေတာ္တို႕ ခါးရိုးကို မတ္သြားေစသည္။
သည္းမခံႏိုင္ေအာင္ ေစာင့္စားျခင္းအဆံုးေနာက္
က်ေတာ္တို႔ နတ္သားေလးက အႏွီးထုပ္ေဖြးေဖြး
ႀကားေမွးစက္ေနျပီ။

ျဖာက်ေနေသာ မ်က္ေတာင္ရွည္ႀကီးေတြ...ပါး
လ်လ် ႏႈတ္ခမ္းနီေသးေသးေလးေတြက ခ်န္းႏႈတ္
ခမ္းေတြကို ျဖဳတ္ကာတပ္ထားသကဲ့သို႔။ျဖဴေဖြးေဖြးအသားအရည္...တလႈပ္လႈပ္ျဖစ္ေန
ေသာ ႏႈတ္ခမ္းေလးေနာက္ ခ်ိဳင့္ခြက္သြားေသာ
ညာဖက္ပါးျပင္ကို ျမင္လိုက္ရခ်ိန္ က်ေတာ့္ရင္ထဲ
လႈိုက္ခနဲ။ဒါကို ေတြ႔တာ က်ေတာ္တစ္ေယာက္
တည္းမဟုတ္။

စိတ္လႈပ္ရွားလြန္းရွာ၍လားမသိ တုန္ယင္ယင္ျဖစ္
ေနေသာ လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ သားညာ
ဖက္ပါးျပင္ဆီ ဖြဖြေလးထိေတြ႔ေနေသာ ခ်န္းကို
ေငးႀကည့္ေနစဥ္...မ်က္ရည္တစက ေပါက္ခနဲ
ေႀကြဆင္းက်လာရသည္။

အျမန္သုတ္ဖယ္လိုက္ေပမယ့္ ခ်န္းေတြ႔ျဖစ္ေအာင္
ေတြ႔လိုက္ေသးသည္။

"ပိုင္~သားဆီမွာ..."

"အင္း ငါ ငါေတြ႔တယ္...တခ်န္း~~"

က်ေတာ္တုန္တုန္ယင္ယင္နဲ႔ ေျပာေတာ့
တခ်န္းျပံဳး၏။ေက်နပ္ျခင္းျပည့္ဝေနေသာ ထိုအျပံဳးေတြသည္ သားကို စိုက္ႀကည့္ရင္းမွ
ျဖစ္တည္လာတယ္ဆိုျခင္းတြင္ က်ေတာ္ပိုင္ဆိုင္
သမွ် ေနာက္တစ္ႀကိမ္ပံုေပးရမယ္ဆိုရင္တြင္
ေပးပစ္လိုက္ႏိုင္ဖို႕ ေသခ်ာသြားေစသလိုပင္။

"သားက လူေခ်ာေလးပဲ...မင္းနဲ႔တူတယ္"

တခ်န္းျပံဳး၍သာေနသည္။ ႏို႔ရည္ဝင္သြားေသာ
ေႀကာင့္ ဗိုက္ကေလးျပည့္သြား၍ ႏွစ္ျခိဳက္စြာအိပ္
ေမာက်ေနျပီျဖစ္ေသာသားသည္ က်ေတာ္တို႔ေလာကျငိမ္းခ်မ္းရာေလးပင္။

"ငါ မားကို ဖုန္းဆက္ထားတယ္ တခ်န္း"

ျပန္ႀကည့္လာေသာ မ်က္ဝန္းတို႕တြင္ အံ့ႀသဟန္
စိုးရိမ္ရိပ္ ေဝခြဲမရမႈေတြ တသီတန္းစြာ...

"သားကို ဗန္းမျပခ်င္ဘူး ငပိုင္"

"အဲ့လိုမဟုတ္ပါဘူး တခ်န္းရာ။ဒါ မားရဲ႕ေျမးဦးပဲ
ေလ"

"သားကို လက္မခံတဲ့ အေျပာမ်ိဳးေတြေျပာလာမွာ
ငါခံႏိုင္ရည္မရွိဘူး..."

"လက္ခံမွာပါ တခ်န္းရာသိလား။မား က ေျမးလို
ခ်င္ေနတာ"

စိတ္သက္သာေစရန္ ေျပာလိုက္ေသာ ဤမွန္
္ေသာစကားက သူ႔ကိုတုန္လႈပ္ေစသည္လား??

"ဘယ္တုန္းက ေျပာတာလဲ??မင္းကိုေျပာတာ
လား ငပိုင္"

"အင္း ဟိုတစ္ခါ မင္းေဖေဖနဲ႔ေတြ႔တုန္းက ငါလည္း မားနဲ႔ေတြ႔ခဲ့တယ္။မားအထီးက်န္လြန္း
ေနတယ္ ခ်န္း။ျပီးေတာ့ မင္းမ်ိဳးဆက္ျပတ္သြားမွာ
လည္း သူေႀကာက္ေနတယ္"

"ဒီလိုကိုး..."

မ်က္ေတာင္ရွည္ရွည္ေတြကိုပုတ္ခတ္ရင္းအခန္းထဲမွ ထြက္၏။

"ခ်န္း..."

လွည့္ႀကည့္ေသာ မ်က္ဝန္းတို႔တြင္ အရည္ႀကည္
ေတြက က်ေတာ့္အတြက္ အဆိပ္ေတြ။ႏွလံုးသား
တစ္ခုလံုး ေႀကြမြေစႏိုင္စြမ္းတဲ့ ဇီဝလက္နက္ရည္

"ငါ ငါ တကယ္ မင္းနဲ႔ မိသားစုတစ္ခုကိုတည္
ေဆာင္ခ်င္တာပါ။ငါ ငါကိုယ္တိုင္လည္း လိုခ်င္
ခဲ့တာပါခ်န္းရယ္။ငါ လိမ္ခဲ့တာမဟုတ္ပါဘူး။ခ်န္း
ရာ"

"ငါယံုတယ္ ပိုင္။မင္း မရွင္းျပလည္းရတယ္"

"တခ်န္း မင္း စိတ္မေကာင္းျဖစ္ေနတာငါ သိတယ္။ငါ့ကိုစိတ္ဆိုးတယ္ဆိုရင္လည္း..."

"မင္း ေပ်ာ္တယ္မလား ပိုင္။မင္း ေပ်ာ္တယ္ဆိုရင္
ရျပီ"

ႏြမ္းလ်လ် ခႏၶာကိုယ္ ပါးလ်လ်ကို ေပြ႔ဖက္ေတာ့

"မင္းနယ္ေျမထဲမွာ ပိုင္" ဆိုသည့္ စကားနဲ႔ ရုန္းထြက္၏။

ဒီနယ္ေျမထဲမွာ လူထုအမ်ားႀကားမွာပင္ သူ
က်ေတာ့္ကို ေပြ႔ဖက္ႏွစ္သိမ့္ေပးျခင္းကို သူေမ့
ေလ်ာသြားသည္လားေလ...

>>>>>EX...pect<<<<<

"ႀကည့္ရင္ မားနဂ်ီေကာင္ ငယ္ငယ္တုန္း
ကနဲ႔ တူေပမယ့္ ႀကာႀကာႀကည့္ရင္ သားပိုင္နဲ႔
တူလာသလိုလိုပဲ"

အိပ္ရာခင္းေသးေသးေလးေပၚအိပ္ေမာက်ေနျပီ
ျဖစ္ေသာေျမးျဖစ္သူကို ႀကည့္မဝျဖစ္ေနေသာ
မားအား

"မား ဒါေတာ့ လြန္ျပီ။သမီးနဲ႔ လည္း တူပါတယ္။
ဒီမွာေလ ေတြ႔လား မဟာႏွဖူး"

အပ်ိဳ ကေလးအေမ သည္ ကေလးေမြးျပီးမွ ပုိ၍
ဂ်စ္လာသလိုပင္။
တသားေမြးတေသြးလွဆိုသလိုမီးတြင္း၄၅ရက္အ
တြင္း မားကိုယ္တိုင္ ေသြးလိမ္းေပးေသာ နႏြမ္း
သနပ္ခါး ေႀကာင့္ နဂိုရွိရင္းစြဲ အသားထက္ ပိုလွ
လာသည္။

"မားေျမး က တကယ္ေအးတာက သားပိုင္နဲ႔တူ
တာလားပဲ။မား နဂ်ီေကာင္ ငယ္ငယ္တုန္းကဆို
တအားစိတ္ႀကီးတာ သူ႔အႏွီးစိုသြားျပီဆုိတာနဲ႔
ငိုတာ ျပဲေနေကာ..."

သားအေႀကာင္းေျပာရင္း ရယ္ကာ ေျမးဦးကို
လည္း ႀကည္ႏူးမႈနဲ႔အတူ ျပံဳးႀကည့္သည္။

"မား ရွိေနလို႕သာ...မဟုတ္ရင္ သူတို႔ ႏွစ္ေယာက္နဲ႔ မျဖစ္ဘူး။သမီးအမႊာကလည္း
မား ျမင္တဲ့အတိုင္း သူ႕တူကိုပဲ ကလိဖို႔စဥ္းစား
ေနေတာ့...မားကို ေက်းဇူးတင္တယ္။မားက
တကယ့္ နတ္သမီးပဲ"

"သမီးကိုသာ မားက ေက်းဇူးတင္ရမွာပါ။အား
လည္းနာတယ္။အပ်ိဳေလးတစ္ေယာက္အေနနဲ႔
ဒီလို လုပ္ဖို႔ဆိုတာ ေတာ္ရံုသတၱိရွိရံုနဲ႔ လုပ္လို႕မရ
ဘူး။ေနာက္ျပီး သမီးမိဘေတြကိုလည္း မားေတာင္းပန္စကား ေသခ်ာေျပာခ်င္တယ္"

"ဒါေတာ့ မျဖစ္ဘူးမား။Daddyက ကိစၥမရွိေပ
မယ့္ ခု ေမေမက မျဖစ္ဘူး မား..."

"မား သားေမြးထားေပမယ့္ ကိုယ္ခ်င္းစာပါတယ္"

"မား ကို တကယ္ေက်းဇူးတင္တာပါ။ဒီႏိုင္ငံမွာ
ဒီလို ကိစၥကို လက္ခံေပးႏိုင္တဲ့ မိဘေတြဆိုတာ
ရွားတယ္။မား မို႕လို႕သာ..."

"မားက သားႏွစ္ေယာက္လံုးကို ခ်စ္ခဲ့ရတာကိုး
သမီးရယ္...သူတို႕ ဒီလိုျဖစ္ခဲ့ႀကတယ္ဆိုေပမယ့္
မား စိတ္ထဲ သားပိုင္က မားရဲ႔ သားပါပဲ"

"သူတို႔လည္း ပင္ပန္းေနတာပါ...ခ်န္းက အခုဆို
မားေတြ႔တဲ့တိုင္းပဲ အလုပ္ကို သည္းမည္းလုပ္ေန
တာ။ပိုင့္ကိုယ္ပိုင္ လုပ္ငန္းေတြ မရွိေတာ့ဘူးဆို
တာ သိေတာ့ ပိုဆိုးတယ္။သမီးလည္း တကယ္
သူ႔ကို အားနာတယ္"

"အို...ဘာမွအားနာစရာမလိုဘူး။မားသား နဂ်ီေကာင္ ဒီလို ဖခင္စိတ္အျပည့္ရွိတာေလး
ျမင္ခြင့္ရတာ သမီးေႀကာင့္...မားက သူ႔ကိုအဲ့လို
တာဝန္ယူစိတ္ေလးရွိေစခ်င္တာ..."

"သားကို သူတို႔နဲ႔ထားခဲ့ရမွာ စိတ္ခ်တယ္။မား နဲ႔
လာေနႀကရင္ ေကာင္းမယ္။မား ေျပာႀကည့္ျပီးျပီ
လား??သမီးျပန္ရင္ မားနဲ႔ အတူတူလာေနႀကဖို႔"

"ဒီကိစၥက သားေတြ သေဘာတိုင္းပဲ ျဖစ္ေစခ်င္
တယ္။မား ကေတာ့ လာေနႀကမယ္ဆို ပိုေပ်ာ္
တာေပါ့။ဒါေပမယ့္ သားေတြ ဘာသာဆံုးျဖတ္ပါေစ...မားလည္း ၄၅ရက္ေက်ာ္
ရင္ ျပန္ေတာ့မယ္။ရတယ္မလားသမီး??"

"ရပါတယ္ မားရယ္။အခုေတာင္ မားအလုပ္ေတြ
ပစ္ထားခဲ့ရတာ။သမီးေမာင္က Nurseငွားေပး
မယ္ေျပာတယ္...ေန႔ပိုင္း ပိုင္တို႕ အလုပ္သြားခ်ိန္
ေပါ့။ညပိုင္းက က် သူတို႕ႏွစ္ေယာက္္ကို
အားနာတယ္...သမီးလာေနတဲ့ တစ္ေလ်ွာက္လံုး
သူတို႕လည္း အေနက်ပ္ေနတာ"

မားျပံဳးေသာအျပံဳးတြင္ ကေလးတစ္ေယာက္၏
ရိုးသားမႈကို သေဘာတက် ရွိေနသလို ေနာက္က
မခ်ိျပံဳးေလး။
ေအးေလ...ဘယ္မိဘဆို ဒီလိုမ်ိဳးအျဖစ္ကို လြယ္
လြယ္လက္ခံလို႔ရမွာလဲေလ။ေမတၱာႀကီးလြန္း
ေသာ အေမျဖစ္ေန၍သာ...

>>>>>EX...pect<<<<<
"ပိုင္...ငါ ႏွင္းႏု။နင္အားလား?"

" ႏွင္းႏု??အင္း အင္း ထမင္းစားနားေနတာ
အားတယ္"

ေနာက္ဆံုးေတြ႔ခဲ့ေသာ အေခါက္တည္းက အဆက္အသြယ္ျပတ္သြားခဲ့သူမို႔ရုတ္တရက္ဆက္သြယ္ျခင္းတြင္ တကယ္ကိုေႀကာင္အမ္းအမ္း
ျဖစ္ေစသည္။

"ဂုဏ္ယူပါတယ္ ပိုင္။နင္ေတာင္ ကေလးအေဖ
ျဖစ္ေနျပီပဲ"

"ေက်းဇူးပါ ႏွင္းႏု။နင္ေကာ အဆင္ေျပလား
ခုဘယ္မွာ တာဝန္က်ေနလဲ?"

"ငါ မႏၱေလးေရာက္ေနတာ ၂လေလာက္ရွိျပီ။
မားဆီကေန သားစစ္ ဓာတ္ပံုေလးေတြရလို႔...
နင္တို႔သားက နင္နဲ႔တူတာလား ပိုင္?၂လသား
တဲ့ ထြားလိုက္တာ"

သေဘာတက်ရယ္ရျပန္သည္။သားကိုယ္တိုင္က
ဖြံ႕တာျမန္ေနတာ။

"အင္း သားက ထြားတာျမန္တယ္"

"ေအး နင္နဲ႔ ခ်န္းေကာ အဆင္ေျပရဲ႕လား?
ကေလးနဲ႔"

"သားကေတာ့ ငါ့ ပိုကပ္တယ္။ခ်န္းကလည္း သူ
ယူထားတဲ့ projectကႀကီးလို႔ အိမ္ကပ္ရတယ္
မရွိတာလည္းပါတယ္...ဒါေပမယ့္ သားက ခ်န္းေခၚရင္ေတာ့လိုက္တယ္"

"နင္...ခ်န္းကို မလႊတ္ထားနဲ႔ေနာ္ ပိုင္။ကေလးရွိ
တာက ရွိတာပဲ။ငါ ေျပာတာနားလည္လား?
နင္ သတင္းေတြေတာ့ႀကားမွာေပါ့"

ႏွင္းႏု ဖုန္းဆက္ရျခင္းအမႈကို ခုမွပဲသေဘာေပါက္
ေတာ့၏။သက္ျပင္းတစ္ခု က်ိတ္ရႈိက္ရင္း ေျပာ
ေနက်အတိုင္းေျပာမိသည္

"သူ႔တပည့္မေလးပါ။သူ႔ကိုခင္တာ..."

"ခင္တာက ျပႆနာမရွိဘူးပိုင္ မင္လာတာက ခက္ေနတာ။နင္ နဲ႔ ခ်န္းအေႀကာင္း ခ်န္းက မေျပာ
ထားတဲ့ ပံုပဲ"

"ဒါမ်ိဳးက...သူ႕အလုပ္ထဲေျပာဖို႔ဆိုတာ..."

"နင္ ေပ်ာ့ညံ့သလိုလို အားနာသလိုလိုလုပ္မေနနဲ႔
ပိုင္။ခ်န္းျငိမ္းကိုလည္းေသခ်ာေမးအံုး။မိန္းမတိုင္း
က ငါလိုမဟုတ္ဘူးပိုင္"

ငယ္သူငယ္ခ်င္းေလးသည္ စိတ္ဆက္တတ္တဲ့
သဘာဝက မေပ်ာက္သည့္သူ႕ဝစီအတိုင္း ေဟာေဟာဒိုင္းဒိုင္းနဲ႔ ေျပာေနေတာ့သည္။

"အင္း ေက်းဇူးပါ ႏွင္းႏုရာ..."

"ငါ အဲ့ေကာင္မေလးပံုစံကို မႀကိဳက္တာ ပိုင္။ငါ
အမွန္ေျပာရင္ သူတို႔Siteက ငါတို႔ကို sub con
အေနနဲ႔ အပ္ထားတာ။ငါ တာဝန္ယူရတာမဟုတ္
ေပမယ့္ ခ်န္းသတင္းႀကားလို႕ သြားတာ။အဲ့ေန႔က
ခ်န္းနဲ႔ မေတြ႔ခဲ့ဘူး။ခ်န္း မရွိတာေတာင္ ကိုခ်န္း
ကေလ ဆိုတာ ပါးစပ္ဖ်ားကမခ်ဘူး။Labour
ေတြကို ႀကည့္ေတာ့ သူ႔အဲ့လိုပံုစံျမင္ေနက်ျဖစ္
ေနလို႕လား မသိ ျပံဳးစိစိနဲ႕...နင္ ေသခ်ာေအာင္
တစ္ခုခုလုပ္ထား ပိုင္"

ေျပာေနေသာစကားသံထဲ ဂရုဏာေဒါသသံတည္း
က သံေယာဇာဥ္လက္က်န္ေတြ...ကိုယ္ခ်င္းစာ
တယ္ ႏွင္းႏု...
ခ်စ္တဲ့လူကို မနာက်ဥ္ေစခ်င္တာက ငါတို႕လိုလူ ေတြရဲ႕နိယာမ ျဖစ္ေနလို႕။

"ခ်န္း ကို ငါယံုတယ္။ခ်န္းက အေကာင္းဆံုးျဖစ္
ေစမယ့္ လမ္းကို သူေရြးခ်ယ္တတ္မွာပါ"

"ဒီအတိုင္းေတာ့ မလႊတ္ထားနဲ႔ဟာ...သာမန္
လင္မယားႀကား မဟုတ္ေတာ့ ငါလည္း သိပ္
အႀကံဥာဏ္မေပးတတ္ေတာ့ဘူး။ငါ သတိေပးတာ
ကိုေတာ့ နင္ စိတ္မဆိုးန႔ဲေနာ္။ရန္တိုက္ေပးတယ္
လို႔လည္း မထင္ေစခ်င္ဘူး"

"ဟာ မဟုတ္တာ ႏွင္းႏုရာ။ထင္စရာလားဟ..."

"ျပီးတာပဲ"

"နင္ ျပင္ဦးလြင္တက္ျဖစ္ရင္ အိမ္ကို ဝင္လာခဲ့
သားကို လည္း ေတြ႔ရတာေပါ့"

"ေအးပါ။အဲ့ အိမ္နဲ႔က ပတ္သတ္ရင္ ခံစားခ်က္
သိပ္မေကာင္းေပမယ့္ သားစစ္ကိုေတာ့ ေတြ႔ခ်င္
တယ္။ငါ ဓာတ္ပံုထဲကေနေတာင္ အသည္းေတြ
ယားေနတာ"

စိတ္ညစ္ညဴးေနသည့္ႀကားမွ သားသားကို ခ်စ္
တယ္ဆိုတဲ့ သေဘာေတြ ေတြ႔ရေတာ့ အသံထြက္
ေအာင္ရယ္မိျပန္သည္။
သားက က်ေတာ့္အတြက္ ပီတိအားေဆးေလးပဲ

ွ သားကို ေပြ႕ခ်ီထားေသာခ်န္း ပံုက
လင္းေနေသာဖုန္းမ်က္ႏွာျပင္တြင္ရွိေနတာ
ေႀကာင့္ က်ေတာ့္ရင္ထဲလင္းေနတာမ်ိဳးမဟုတ္ပါ။
သားနဲ႔ ခ်န္းက က်ေတာ့္ဘဝရဲ႕ အလင္းျပတိုက္
ေလးေတြ
ြႀကည့္ရင္းစိတ္ေတြေလးလံစြာသက္ျပင္းခ်မိသည္။

အလုပ္ထြက္လိုက္ပါလားလို႕လည္း မေျပာထြက္
သာမာန္ MBBSဘြဲ႕နဲ႔ အစိုးရေဆးရံုက ဆရာဝန္
တစ္ေယာက္၏ လစာက ေဆးခန္းမထိုင္ေတာ့
လည္း သံုးေလာက္ရံုသာရွိသည္။
ဒါကို သိေနေသာ ခ်န္းက လက္ရွိအလုပ္ကမ
ထြက္ခ်င္။
ေန႔ဆိုင္းညဆိုင္းေတြႀကား ပင္ပန္းေနသူက
အိမ္ျပန္ေရာက္ရင္ သား နားပင္ႀကာႀကာမေနႏိုင္။
ခါတေလ သား ပုခက္လႊဲေပးရင္း ငိုက္ေနတတ္
ခဲ့ေတာ့လည္း က်ေတာ္နဲ႔သားကို စိမ္းတယ္လို႕
အျပစ္မဖြဲ႕ခ်င္ေတာ့...

ခ်န္းရယ္...ငါလည္း ပင္ပန္းတယ္။
အိမ္ေထာင္ဦးစီးရယ္လို႔ မဟုတ္ေပမယ့္
တာဝန္မေႀကသလို ခံစားရတယ္။

To be continue...

(Unicode)

/

/

/

"တချန်း!"

AG ကားသံ Vibratorသံနဲ့ Tower Craneသံတွေကြား ငပိုင်၏ အလောတကြီး
ဖုန်းခေါ်ဆိုမှု
ပိုင်သုတကို အဲ့လို ပျာတီးပျာရာဖြစ်စေတဲ့လူ
မမွေးသေးပေမယ့်...မမွေးခင်တည်းက စွမ်းနိုင်သူ
ကဗိုက်ထဲရှိနေတယ်ဆိုတာ သိနေရသည်မို့ ရင်ထဲဒိန်းကနဲ ထိတ်ဖြာသွားရသည်။

"အမရာ့ ကိုမွေးခန်းထဲသွင်းရတော့မယ်..."

"ဘာ Due dateပေးထားတာ နောက်တစ်
ပတ်မှလေ"

"အေး အခု နာလာလို့...မင်း မင်းလာခဲ့ပါလား
တချန်း"

ကိုယ်တိုင်သူများကလေးကျတည်တည်ငြိမ်ငြိမ်နဲ့
မွေးပေးခဲ့ဖူးပေမယ့် သူ့သားသားအလှည့်
ကျ ဗိုက်နာတယ်ဆိုတာနဲ့တင် ပိုင်သုတ အသံတွေပါ ပြာချင်ချင်။ကျတော်လည်းဘာထူးသည်
လဲ

"လာ လာရမှာပေါ့...ခဏ ငါ လွှဲပြီးထွက်လာခဲ့မယ်"

အဆောက်အဦးတစ်ဖက်တစ်ချက်ရှိ ယာယီတဲထဲ
ငုတ်တုပ်ထိုင်နေသူ။ပြန်ချိန်တိုင်း ကျတော်ပြန်မှ
အတူတူပြန်တတ်သည့် မိုးစက်သွေး အကျင့်ကို
ဒီတစ်ခါပဲ ချီးကျူးမိတော့သည်။

"မိုးစက်...ကျတော် Breakတော့မယ်။မိုးစက်
ဆက်နေပေးခဲ့လို့ရမလား?"

အလောတကြီးပြောဆိုနေသော ကျတော်သည်
မိုးစက်၏ လက်ခံ၏ လက်မခံ၏ တုံ့ပြန်မှုကို
စောင့်သင့်သည် မှန်သော်လည်း
ကြိမ်စကြာရိုက်ခေါ်ခံရသလို လူက ဆိုင်ကယ်
ပေါ်တက်နှင့်ပြီးနေပြီ

"နေ...နေပါအုံး။ကိုချန်းရဲ့။ခုက ဘယ်လဲ?"

"ဆေးရုံ"

"အမျိုးထဲက တစ်ခုခုဖြစ်လို့လား?မိုးစက်လည်း
လိုက် မယ်လေ"

"ရတယ်။မိုးစက်နဲ့ မဆိုင်ဘူး။ကျတော်သွားပြီ်"

Siteနဲ့ ဆေးရုံက သိပ်အဝေးကြီးမဟုတ်ပေမယ့်
တော်တော်နဲ့ မရောက်နိုင်သလိုပဲ။ဆိုင်ကယ်စီး
ခြင်းအမှုကလည်း မန္တလေးသားလောက် မကျွမ်း
ကျင်တော့...

အဂုၤလိမာလသုတ်တောင် အပေါ်အောက်က
ပြောင်းကပြန်တွေဖြစ်နေပြီ။
သီးသန့် special roomထဲက ခပ်ကြိတ်ကြိတ်
ညီးညူသံ
ချွေးစေးတို့ပြန်နေသူအား ကျတော်ရောက်တော့
တွန်းလှည်းပေါ်တင်ဖို့ပြင်နေကြသည်။
ဘေးတွေ သူကိုယ်တိုင်နာနေသလို ချွေးစေးပြန်
နေသော ငပိုင် နဲ့ မျက်မှောင်ကျုံနေသော နန္ဒ။

"ဟင့် ငါ ရိုးရိုးပဲမွေးမှာ...စောင့်မယ်ဟာ နော်
နော်။ခဏနေ သားသားထွက်တော့မှာ...ငါနာအောင် သူမလုပ်ပါဘူး"

"အမ!!"

နန္ဒ၏ အော်ဟစ်သံ။အခြေအနေကို ခြုံငုံကြည့်
လိုက်တာနဲ့ သဘောနည်းနည်းပေါက်လာသည်။
ကိုယ့်ဆန္ဒကို ဝင်ပြောချင်သော်လည်း ကိုယ့်ထက်
တတ်သောဆရာဝန်နှစ်ယောက်နဲ့မို့ ဒီအတိုင်း
သာ အရင် ရပ်ကြည့်နေရသည်။

"အမရာ...ခု ခွဲမွေးမှ ရမှာ။လာပါဗျာနော် နာနေ
တယ်မလား??လှည်းပေါ်တက်လိုက်"

ပိုင်သုတ၏ တိမ်ဝင်နေသော လေသံက သနားက
မား

"အမ...အပျိုလေးဆိုတာလည်း စဉ်းစားအုံး
ယောကျာ်းယူရမှာ...ခုရိုးရိုးမွေးထားရင်...တကယ်ပါပဲကွာ..."

"ဘယ်သူက ယောကျာ်းယူမယ်ပြောလဲ?နင်လို
ချင် နင်ပဲ ယူလိုက် နန္ဒ။ငါ သားကို သဘာဝနည်း
အတိုင်းပဲမွေးမှာ"

"ကျွတ်!"

နန္ဒ၏ ကျွတ်စုတ်သံ။ခေါင်းစွယ်စုံကုတ်ကာနေ
သော ငပိုင်။ကျတော်က ဘာလုပ်လို့ဘာပြောရ
မှန်းမသိဖြစ်နေသောဘဝ။

သားက မထွက်ခင်တည်းက ဂျစ်ကျနေတာလား
ဒါသည်ပဲ အမရာ၏ ဗီဇလေလား??

"သမီး အမရာ...သမီးအခုနာနေတာ ၄နာရီနီးပါး
ရှိနေပြီ။အဲ့လိုပဲအပျိုဗိုက်ဆိုတဲ့အတွက် မွေးဖွား
ရခက်တယ်"

"သမီးမနာဘူးဆရာကြီး"

"မနာပဲနေမလား အမ။ငါပါ နာချင်နေတာကို
မနာဘူးလို့ညာမနေနဲ့"

နန္ဒ၏ အပြောတွင် အုပ်ကြီးပါ ငိုရခက်ရယ်ရခက်
ကြီးဖြစ်သွားရ၏။

"အမရာ...စကားနားထောင်ပါဗျာနော်။သားသား
လည်း ခုဆို အနေခက်နေမှာ။ကြာရင် သားသား
ရော အမရာအတွက်ကော မကောင်းလို့ပါဗျာ
သား အနေရ ခက်နေမှာ"

မတတ်နိုင်တော့ မိန်းမတစ်ယောက်ရှေ့ဒူးထောက်
ခြင်းက ကျတော့်အတွက် ခက်ခဲပေမယ့် ဒါသည်
သားရဲ့မိခင်ဆိုသည့်အသိနဲ့တင် အမရာ ကုတင်
အောက် ဒူးထာက်တောင်းဆိုတော့...

"ဟာာာ ချန်းငြိမ်းကကွာ...အမ ကိုအဲ့လိုမလုပ်
ပါနဲ့။ထ ထပါ။အမ အမ မှားပါတယ်နော်။ထပါ"

ချက်ချင်းဆိုသလို ကုတင်မှဆင်း ကျတော့်ကိုထူ
တွန်းလှည်းပေါ်တက်သည်မှာ တစ်မိနစ်တောင်
မကြာလိုက်သဖြင့်... ၄နာရီလုံးလုံး
နားချခဲ့ရသော ဆရာဝန်နှစ်ကောင်၏ အံ့သြ
နပန်း အကြည့်ကို အနိုင်ပိုင်းချင်လာ၍ မျက်လုံး
တစ်ဖက် မှိတ်ပြလိုက်တော့ နန္ဒ၏ ကျိန်ဆဲသံက
နှုတ်ခမ်းနှစ်ခုမှ လွတ်ထွက်လာသည်။

"ငါ့တူ အဲ့လို ဉာဏ်များရင်တော့ ဒုက္ခပဲ"

မွေးခန်းထဲဝင်ချိန်လည်း ပြဿနာကမငြိမ်းသွား

"ဆရာ ကျတော်လိုက်မယ်"

"မင်းက ဘာလို့လိုက်မှာလဲ?မင်းနေခဲ့ ငါ့ အမ
ငါကိုယ်တိုင်မွေးပေးမယ်"

"မင်းထက် ငါက အတွေ့အကြုံရှိတယ်။မင်းကို
ဆရာက OTဝင်လို့မရသေးဘူးလို့
ပြောထားသေးတယ်လေ"

"ရတယ်။ငါရပ်နိုင်တယ်...ဆရာ ကျတော်လိုက်
မယ်"

"ဆရာ ကျတော်တစ်ယောက်တည်းတောင်
မွေးဖူးတာ။ကျတော်လိုက်မယ် ဆရာ"

"နေခဲ့ မင်းတို့၂ယောက်လုံး။ဆရာဝန်အလုံအ
လောက်ရှိတယ်"

"ငါနဲ့နေခဲ့ပါ ပိုင်ရာ~~"

အနောက်ကထွက်လာသော အသံတိုးလျလျ။
ချွေးစေးပြန်နေသော လက်နှစ်ဖက်ကို ပွတ်ချေ
ရင်း မော့ကြည့်လာသော မျက်မှန်အောက်က
မျက်ဝန်းတို့သည် ကျတော့်ကို လိုအပ်နေကြောင်း
သိသာလှသည်။

သားကို ကျတော့်လောက် သဲသဲလှုပ်ပုံမရပေမယ့်
အလုပ်လုပ်နေရင်း သားUltrasoundပုံလေး
ကိုထုတ်ထုတ်ကြည့်နေတတ်တဲ့ မြင်ကွင်းကို
လည်း ခိုးငေးကြည့်ခဲ့ဖူး၍
တုန်ယင်ယင် လက်နှစ်ဖက်ကို ဆွဲယူအုပ်ကိုင်
ပေးရင်း

"အင်း ငါ မင်းနဲ့ အတူတူစောင့်ပေးမယ်"

ထိုအခါမှ တုန်ယင်မှုအနည်းငယ်ရပ်တန့်ကာ
မျက်လုံးစုံမှိတ်ပြီး နှစ်ယောက်အတူ
အသည်းအသန်ကျက်ထားကြဖူးသော အင်္ဂုလိမာလသုတ်ကို တိုးတိုးဖွဖွ ရွတ်ဆိုနေ
ုံသည့်ပုံက ငယ်ငယ်က စာတွေ တတွတ်တွတ်ကျက်နေပုံလေးကိုပင် အမှတ်ရစေသည်။

အဲ့ခနဲ တိုးလျလျငိုသံလေးတစ်ချက်ကတင် ကျတော်တို့ ခါးရိုးကို မတ်သွားစေသည်။
သည်းမခံနိုင်အောင် စောင့်စားခြင်းအဆုံးနောက်
ကျတော်တို့ နတ်သားလေးက အနှီးထုပ်ဖွေးဖွေး
ကြားမှေးစက်နေပြီ။

ဖြာကျနေသော မျက်တောင်ရှည်ကြီးတွေ...ပါး
လျလျ နှုတ်ခမ်းနီသေးသေးလေးတွေက ချန်းနှုတ်
ခမ်းတွေကို ဖြုတ်ကာတပ်ထားသကဲ့သို့။ဖြူဖွေးဖွေးအသားအရည်...တလှုပ်လှုပ်ဖြစ်နေ
သော နှုတ်ခမ်းလေးနောက် ချိုင့်ခွက်သွားသော
ညာဖက်ပါးပြင်ကို မြင်လိုက်ရချိန် ကျတော့်ရင်ထဲ
လှိုက်ခနဲ။ဒါကို တွေ့တာ ကျတော်တစ်ယောက်
တည်းမဟုတ်။

စိတ်လှုပ်ရှားလွန်းရှာ၍လားမသိ တုန်ယင်ယင်ဖြစ်
နေသော လက်ချောင်းထိပ်လေးတွေနဲ့ သားညာ
ဖက်ပါးပြင်ဆီ ဖွဖွလေးထိတွေ့နေသော ချန်းကို
ငေးကြည့်နေစဉ်...မျက်ရည်တစက ပေါက်ခနဲ
ကြွေဆင်းကျလာရသည်။

အမြန်သုတ်ဖယ်လိုက်ပေမယ့် ချန်းတွေ့ဖြစ်အောင်
တွေ့လိုက်သေးသည်။

"ပိုင်~သားဆီမှာ..."

"အင်း ငါ ငါတွေ့တယ်...တချန်း~~"

ကျတော်တုန်တုန်ယင်ယင်နဲ့ ပြောတော့
တချန်းပြုံး၏။ကျေနပ်ခြင်းပြည့်ဝနေသော ထိုအပြုံးတွေသည် သားကို စိုက်ကြည့်ရင်းမှ
ဖြစ်တည်လာတယ်ဆိုခြင်းတွင် ကျတော်ပိုင်ဆိုင်
သမျှ နောက်တစ်ကြိမ်ပုံပေးရမယ်ဆိုရင်တွင်
ပေးပစ်လိုက်နိုင်ဖို့ သေချာသွားစေသလိုပင်။

"သားက လူချောလေးပဲ...မင်းနဲ့တူတယ်"

တချန်းပြုံး၍သာနေသည်။ နို့ရည်ဝင်သွားသော
ကြောင့် ဗိုက်ကလေးပြည့်သွား၍ နှစ်ခြိုက်စွာအိပ်
မောကျနေပြီဖြစ်သောသားသည် ကျတော်တို့လောကငြိမ်းချမ်းရာလေးပင်။

"ငါ မားကို ဖုန်းဆက်ထားတယ် တချန်း"

ပြန်ကြည့်လာသော မျက်ဝန်းတို့တွင် အံ့သြဟန်
စိုးရိမ်ရိပ် ဝေခွဲမရမှုတွေ တသီတန်းစွာ...

"သားကို ဗန်းမပြချင်ဘူး ငပိုင်"

"အဲ့လိုမဟုတ်ပါဘူး တချန်းရာ။ဒါ မားရဲ့မြေးဦးပဲ
လေ"

"သားကို လက်မခံတဲ့ အပြောမျိုးတွေပြောလာမှာ
ငါခံနိုင်ရည်မရှိဘူး..."

"လက်ခံမှာပါ တချန်းရာသိလား။မား က မြေးလို
ချင်နေတာ"

စိတ်သက်သာစေရန် ပြောလိုက်သော ဤမှန်
်သောစကားက သူ့ကိုတုန်လှုပ်စေသည်လား??

"ဘယ်တုန်းက ပြောတာလဲ??မင်းကိုပြောတာ
လား ငပိုင်"

"အင်း ဟိုတစ်ခါ မင်းဖေဖေနဲ့တွေ့တုန်းက ငါလည်း မားနဲ့တွေ့ခဲ့တယ်။မားအထီးကျန်လွန်း
နေတယ် ချန်း။ပြီးတော့ မင်းမျိုးဆက်ပြတ်သွားမှာ
လည်း သူကြောက်နေတယ်"

"ဒီလိုကိုး..."

မျက်တောင်ရှည်ရှည်တွေကိုပုတ်ခတ်ရင်းအခန်းထဲမှ ထွက်၏။

"ချန်း..."

လှည့်ကြည့်သော မျက်ဝန်းတို့တွင် အရည်ကြည်
တွေက ကျတော့်အတွက် အဆိပ်တွေ။နှလုံးသား
တစ်ခုလုံး ကြွေမွစေနိုင်စွမ်းတဲ့ ဇီဝလက်နက်ရည်

"ငါ ငါ တကယ် မင်းနဲ့ မိသားစုတစ်ခုကိုတည်
ဆောင်ချင်တာပါ။ငါ ငါကိုယ်တိုင်လည်း လိုချင်
ခဲ့တာပါချန်းရယ်။ငါ လိမ်ခဲ့တာမဟုတ်ပါဘူး။ချန်း
ရာ"

"ငါယုံတယ် ပိုင်။မင်း မရှင်းပြလည်းရတယ်"

"တချန်း မင်း စိတ်မကောင်းဖြစ်နေတာငါ သိတယ်။ငါ့ကိုစိတ်ဆိုးတယ်ဆိုရင်လည်း..."

"မင်း ပျော်တယ်မလား ပိုင်။မင်း ပျော်တယ်ဆိုရင်
ရပြီ"

နွမ်းလျလျ ခန္ဓာကိုယ် ပါးလျလျကို ပွေ့ဖက်တော့

"မင်းနယ်မြေထဲမှာ ပိုင်" ဆိုသည့် စကားနဲ့ ရုန်းထွက်၏။

ဒီနယ်မြေထဲမှာ လူထုအများကြားမှာပင် သူ
ကျတော့်ကို ပွေ့ဖက်နှစ်သိမ့်ပေးခြင်းကို သူမေ့
လျောသွားသည်လားလေ...

>>>>>EX...pect<<<<<

"ကြည့်ရင် မားနဂျီကောင် ငယ်ငယ်တုန်း
ကနဲ့ တူပေမယ့် ကြာကြာကြည့်ရင် သားပိုင်နဲ့
တူလာသလိုလိုပဲ"

အိပ်ရာခင်းသေးသေးလေးပေါ်အိပ်မောကျနေပြီ
ဖြစ်သောမြေးဖြစ်သူကို ကြည့်မဝဖြစ်နေသော
မားအား

"မား ဒါတော့ လွန်ပြီ။သမီးနဲ့ လည်း တူပါတယ်။
ဒီမှာလေ တွေ့လား မဟာနှဖူး"

အပျို ကလေးအမေ သည် ကလေးမွေးပြီးမှ ပို၍
ဂျစ်လာသလိုပင်။
တသားမွေးတသွေးလှဆိုသလိုမီးတွင်း၄၅ရက်အ
တွင်း မားကိုယ်တိုင် သွေးလိမ်းပေးသော နနွမ်း
သနပ်ခါး ကြောင့် နဂိုရှိရင်းစွဲ အသားထက် ပိုလှ
လာသည်။

"မားမြေး က တကယ်အေးတာက သားပိုင်နဲ့တူ
တာလားပဲ။မား နဂျီကောင် ငယ်ငယ်တုန်းကဆို
တအားစိတ်ကြီးတာ သူ့အနှီးစိုသွားပြီဆိုတာနဲ့
ငိုတာ ပြဲနေကော..."

သားအကြောင်းပြောရင်း ရယ်ကာ မြေးဦးကို
လည်း ကြည်နူးမှုနဲ့အတူ ပြုံးကြည့်သည်။

"မား ရှိနေလို့သာ...မဟုတ်ရင် သူတို့ နှစ်ယောက်နဲ့ မဖြစ်ဘူး။သမီးအမွှာကလည်း
မား မြင်တဲ့အတိုင်း သူ့တူကိုပဲ ကလိဖို့စဉ်းစား
နေတော့...မားကို ကျေးဇူးတင်တယ်။မားက
တကယ့် နတ်သမီးပဲ"

"သမီးကိုသာ မားက ကျေးဇူးတင်ရမှာပါ။အား
လည်းနာတယ်။အပျိုလေးတစ်ယောက်အနေနဲ့
ဒီလို လုပ်ဖို့ဆိုတာ တော်ရုံသတ္တိရှိရုံနဲ့ လုပ်လို့မရ
ဘူး။နောက်ပြီး သမီးမိဘတွေကိုလည်း မားတောင်းပန်စကား သေချာပြောချင်တယ်"

"ဒါတော့ မဖြစ်ဘူးမား။Daddyက ကိစ္စမရှိပေ
မယ့် ခု မေမေက မဖြစ်ဘူး မား..."

"မား သားမွေးထားပေမယ့် ကိုယ်ချင်းစာပါတယ်"

"မား ကို တကယ်ကျေးဇူးတင်တာပါ။ဒီနိုင်ငံမှာ
ဒီလို ကိစ္စကို လက်ခံပေးနိုင်တဲ့ မိဘတွေဆိုတာ
ရှားတယ်။မား မို့လို့သာ..."

"မားက သားနှစ်ယောက်လုံးကို ချစ်ခဲ့ရတာကိုး
သမီးရယ်...သူတို့ ဒီလိုဖြစ်ခဲ့ကြတယ်ဆိုပေမယ့်
မား စိတ်ထဲ သားပိုင်က မားရဲ့ သားပါပဲ"

"သူတို့လည်း ပင်ပန်းနေတာပါ...ချန်းက အခုဆို
မားတွေ့တဲ့တိုင်းပဲ အလုပ်ကို သည်းမည်းလုပ်နေ
တာ။ပိုင့်ကိုယ်ပိုင် လုပ်ငန်းတွေ မရှိတော့ဘူးဆို
တာ သိတော့ ပိုဆိုးတယ်။သမီးလည်း တကယ်
သူ့ကို အားနာတယ်"

"အို...ဘာမှအားနာစရာမလိုဘူး။မားသား နဂျီကောင် ဒီလို ဖခင်စိတ်အပြည့်ရှိတာလေး
မြင်ခွင့်ရတာ သမီးကြောင့်...မားက သူ့ကိုအဲ့လို
တာဝန်ယူစိတ်လေးရှိစေချင်တာ..."

"သားကို သူတို့နဲ့ထားခဲ့ရမှာ စိတ်ချတယ်။မား နဲ့
လာနေကြရင် ကောင်းမယ်။မား ပြောကြည့်ပြီးပြီ
လား??သမီးပြန်ရင် မားနဲ့ အတူတူလာနေကြဖို့"

"ဒီကိစ္စက သားတွေ သဘောတိုင်းပဲ ဖြစ်စေချင်
တယ်။မား ကတော့ လာနေကြမယ်ဆို ပိုပျော်
တာပေါ့။ဒါပေမယ့် သားတွေ ဘာသာဆုံးဖြတ်ပါစေ...မားလည်း ၄၅ရက်ကျော်
ရင် ပြန်တော့မယ်။ရတယ်မလားသမီး??"

"ရပါတယ် မားရယ်။အခုတောင် မားအလုပ်တွေ
ပစ်ထားခဲ့ရတာ။သမီးမောင်က Nurseငှားပေး
မယ်ပြောတယ်...နေ့ပိုင်း ပိုင်တို့ အလုပ်သွားချိန်
ပေါ့။ညပိုင်းက ကျ သူတို့နှစ်ယောက်ကို
အားနာတယ်...သမီးလာနေတဲ့ တစ်လျှောက်လုံး
သူတို့လည်း အနေကျပ်နေတာ"

မားပြုံးသောအပြုံးတွင် ကလေးတစ်ယောက်၏
ရိုးသားမှုကို သဘောတကျ ရှိနေသလို နောက်က
မချိပြုံးလေး။
အေးလေ...ဘယ်မိဘဆို ဒီလိုမျိုးအဖြစ်ကို လွယ်
လွယ်လက်ခံလို့ရမှာလဲလေ။မေတ္တာကြီးလွန်း
သော အမေဖြစ်နေ၍သာ...

>>>>>EX...pect<<<<<
"ပိုင်...ငါ နှင်းနု။နင်အားလား?"

" နှင်းနု??အင်း အင်း ထမင်းစားနားနေတာ
အားတယ်"

နောက်ဆုံးတွေ့ခဲ့သော အခေါက်တည်းက အဆက်အသွယ်ပြတ်သွားခဲ့သူမို့ရုတ်တရက်ဆက်သွယ်ခြင်းတွင် တကယ်ကိုကြောင်အမ်းအမ်း
ဖြစ်စေသည်။

"ဂုဏ်ယူပါတယ် ပိုင်။နင်တောင် ကလေးအဖေ
ဖြစ်နေပြီပဲ"

"ကျေးဇူးပါ နှင်းနု။နင်ကော အဆင်ပြေလား
ခုဘယ်မှာ တာဝန်ကျနေလဲ?"

"ငါ မန္တလေးရောက်နေတာ ၂လလောက်ရှိပြီ။
မားဆီကနေ သားစစ် ဓာတ်ပုံလေးတွေရလို့...
နင်တို့သားက နင်နဲ့တူတာလား ပိုင်?၂လသား
တဲ့ ထွားလိုက်တာ"

သဘောတကျရယ်ရပြန်သည်။သားကိုယ်တိုင်က
ဖွံ့တာမြန်နေတာ။

"အင်း သားက ထွားတာမြန်တယ်"

"အေး နင်နဲ့ ချန်းကော အဆင်ပြေရဲ့လား?
ကလေးနဲ့"

"သားကတော့ ငါ့ ပိုကပ်တယ်။ချန်းကလည်း သူ
ယူထားတဲ့ projectကကြီးလို့ အိမ်ကပ်ရတယ်
မရှိတာလည်းပါတယ်...ဒါပေမယ့် သားက ချန်းခေါ်ရင်တော့လိုက်တယ်"

"နင်...ချန်းကို မလွှတ်ထားနဲ့နော် ပိုင်။ကလေးရှိ
တာက ရှိတာပဲ။ငါ ပြောတာနားလည်လား?
နင် သတင်းတွေတော့ကြားမှာပေါ့"

နှင်းနု ဖုန်းဆက်ရခြင်းအမှုကို ခုမှပဲသဘောပေါက်
တော့၏။သက်ပြင်းတစ်ခု ကျိတ်ရှိုက်ရင်း ပြော
နေကျအတိုင်းပြောမိသည်

"သူ့တပည့်မလေးပါ။သူ့ကိုခင်တာ..."

"ခင်တာက ပြဿနာမရှိဘူးပိုင် မင်လာတာက ခက်နေတာ။နင် နဲ့ ချန်းအကြောင်း ချန်းက မပြော
ထားတဲ့ ပုံပဲ"

"ဒါမျိုးက...သူ့အလုပ်ထဲပြောဖို့ဆိုတာ..."

"နင် ပျော့ညံ့သလိုလို အားနာသလိုလိုလုပ်မနေနဲ့
ပိုင်။ချန်းငြိမ်းကိုလည်းသေချာမေးအုံး။မိန်းမတိုင်း
က ငါလိုမဟုတ်ဘူးပိုင်"

ငယ်သူငယ်ချင်းလေးသည် စိတ်ဆက်တတ်တဲ့
သဘာဝက မပျောက်သည့်သူ့ဝစီအတိုင်း ဟောဟောဒိုင်းဒိုင်းနဲ့ ပြောနေတော့သည်။

"အင်း ကျေးဇူးပါ နှင်းနုရာ..."

"ငါ အဲ့ကောင်မလေးပုံစံကို မကြိုက်တာ ပိုင်။ငါ
အမှန်ပြောရင် သူတို့Siteက ငါတို့ကို sub con
အနေနဲ့ အပ်ထားတာ။ငါ တာဝန်ယူရတာမဟုတ်
ပေမယ့် ချန်းသတင်းကြားလို့ သွားတာ။အဲ့နေ့က
ချန်းနဲ့ မတွေ့ခဲ့ဘူး။ချန်း မရှိတာတောင် ကိုချန်း
ကလေ ဆိုတာ ပါးစပ်ဖျားကမချဘူး။Labour
တွေကို ကြည့်တော့ သူ့အဲ့လိုပုံစံမြင်နေကျဖြစ်
နေလို့လား မသိ ပြုံးစိစိနဲ့...နင် သေချာအောင်
တစ်ခုခုလုပ်ထား ပိုင်"

ပြောနေသောစကားသံထဲ ဂရုဏာဒေါသသံတည်း
က သံယောဇာဉ်လက်ကျန်တွေ...ကိုယ်ချင်းစာ
တယ် နှင်းနု...
ချစ်တဲ့လူကို မနာကျဉ်စေချင်တာက ငါတို့လိုလူ တွေရဲ့နိယာမ ဖြစ်နေလို့။

"ချန်း ကို ငါယုံတယ်။ချန်းက အကောင်းဆုံးဖြစ်
စေမယ့် လမ်းကို သူရွေးချယ်တတ်မှာပါ"

"ဒီအတိုင်းတော့ မလွှတ်ထားနဲ့ဟာ...သာမန်
လင်မယားကြား မဟုတ်တော့ ငါလည်း သိပ်
အကြံဉာဏ်မပေးတတ်တော့ဘူး။ငါ သတိပေးတာ
ကိုတော့ နင် စိတ်မဆိုးနဲ့နော်။ရန်တိုက်ပေးတယ်
လို့လည်း မထင်စေချင်ဘူး"

"ဟာ မဟုတ်တာ နှင်းနုရာ။ထင်စရာလားဟ..."

"ပြီးတာပဲ"

"နင် ပြင်ဦးလွင်တက်ဖြစ်ရင် အိမ်ကို ဝင်လာခဲ့
သားကို လည်း တွေ့ရတာပေါ့"

"အေးပါ။အဲ့ အိမ်နဲ့က ပတ်သတ်ရင် ခံစားချက်
သိပ်မကောင်းပေမယ့် သားစစ်ကိုတော့ တွေ့ချင်
တယ်။ငါ ဓာတ်ပုံထဲကနေတောင် အသည်းတွေ
ယားနေတာ"

စိတ်ညစ်ညူးနေသည့်ကြားမှ သားသားကို ချစ်
တယ်ဆိုတဲ့ သဘောတွေ တွေ့ရတော့ အသံထွက်
အောင်ရယ်မိပြန်သည်။
သားက ကျတော့်အတွက် ပီတိအားဆေးလေးပဲ

ှ သားကို ပွေ့ချီထားသောချန်း ပုံက
လင်းနေသောဖုန်းမျက်နှာပြင်တွင်ရှိနေတာ
ကြောင့် ကျတော့်ရင်ထဲလင်းနေတာမျိုးမဟုတ်ပါ။
သားနဲ့ ချန်းက ကျတော့်ဘဝရဲ့ အလင်းပြတိုက်
လေးတွေ
ွကြည့်ရင်းစိတ်တွေလေးလံစွာသက်ပြင်းချမိသည်။

အလုပ်ထွက်လိုက်ပါလားလို့လည်း မပြောထွက်
သာမာန် MBBSဘွဲ့နဲ့ အစိုးရဆေးရုံက ဆရာဝန်
တစ်ယောက်၏ လစာက ဆေးခန်းမထိုင်တော့
လည်း သုံးလောက်ရုံသာရှိသည်။
ဒါကို သိနေသော ချန်းက လက်ရှိအလုပ်ကမ
ထွက်ချင်။
နေ့ဆိုင်းညဆိုင်းတွေကြား ပင်ပန်းနေသူက
အိမ်ပြန်ရောက်ရင် သား နားပင်ကြာကြာမနေနိုင်။
ခါတလေ သား ပုခက်လွှဲပေးရင်း ငိုက်နေတတ်
ခဲ့တော့လည်း ကျတော်နဲ့သားကို စိမ်းတယ်လို့
အပြစ်မဖွဲ့ချင်တော့...

ချန်းရယ်...ငါလည်း ပင်ပန်းတယ်။
အိမ်ထောင်ဦးစီးရယ်လို့ မဟုတ်ပေမယ့်
တာဝန်မကြေသလို ခံစားရတယ်။

To be continue...

Bạn đang đọc truyện trên: ZingTruyen.Xyz