ZingTruyen.Xyz

EX-pect

Epi-47

HsuChiKo365

ေခြ်းေစးျပန္ေနေသာ လက္ေအးေအးတို႔ကိုဆုပ္
ကိုင္ေပးေတာ့ ေက်းဇူူးတင္စြာျပန္ေမာ့ႀကည့္သည့္
မ်က္လံုးအိမ္တို႔က ပံုရိပ္ထဲ က်ေတာ္ဟာသူ႔ထက္
မ်ားစြာငယ္ေနေသးေသာ ေမာင္ငယ္ပမာ။

ေအးခ်မ္းေသာသစ္ရိပိေအာက္က ေဆးရံုဝင္းႀကီး
ထဲ ဝင္သည္ႏွင့္ သူမေျခလွမ္းတို႔တုန္ယင္ေမာ
ဟိုက္ေနသည္။

"စိတ္ေအးေအးထားပါ မ အမရာရယ္"

"တခ်န္း"

က်ေတာ္တို႔၂ေယာက္ရွိရာသို႔ အေျပးေရာက္ကာ
ႀကိဳကာဆီးေသာ ပိုင္ သည္ ႏွစ္ေယာက္လံုးကို
အခန္းေထာင့္တစ္ေနရာဆီ ေခၚသြားျပီးမွ

"ခဏ အမရာ။ဒီမွာ ခဏေလာက္ေနပါအံုး။ခု
မယ္မယ္ေရာက္ေနတာမို႔ အမရာက ခဏပုန္း
ေနမွ ျဖစ္မယ္"

"ဟုတ္သားပဲ..."

တိုးလ်လ်ေရရြတ္ကာျဖည္းျဖည္းခ်င္းထိုင္ခ်ကာ
က်ဆင္းေနျပီးေသာ မ်က္ရည္စတို႕ကိုလက္ဖမိုး
ေလးျဖင့္ ဖိသုတ္ေနေသာ အမရာ့ကို ႀကည့္ရင္း
က်ေတာ္တို႔၂ေယာက္တစ္ေယာက္မ်က္ႏွာတစ္
ေယာက္ျပန္ႀကည့္ျဖစ္ႀကသည္။
ပိုင္ မ်က္ႏွာတြင္ အားနာမႈေတြက က်ေတာ္နဲ႔ထပ္
တူညီေနေသာအခါတိုင္းတူညီေသာဘဝေတြကို မုန္းမိ၏။

ေတာ္ေတာ္ေလးႀကာအခန္းေထာင့္ေခ်ာင္ေလး
ထဲပုန္းခိုျပီး မယ္မယ့္တို႔ အိမ္စီးကားႀကီးဝင္း
ထဲက ထြက္သြားေတာ့မွ...သံုးေယာက္သား
အေဆာင္ရွိရာသို႔ အေျပးတပိုင္းႏွင့္သြားရ
သည္။

အျမႊာေမာင္ျဖစ္သူကို ေတြ႔ခ်င္စိတ္ျပင္းထန္ေန
ေသာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေလးသည္
ေပါ့ပါးစြာ ေျပးလႊားသည္။

"နႏၵ..."

"ႏွလံုးခုန္သံေတြ မျငိမ္ေသးလို႔ ေဆးထိုးထားရ
တယ္"

ဆရာႀကီးသည္ အမရာ့ကို ျပံဳးႀကည့္ရင္း

"စိတ္ပူစရာေတာ့ မရွိေတာ့ပါဘူး။ဒီအတိုင္းႏိုးႏိုး
လာခ်င္း ပံုမွန္မဟုတ္တဲ့ ႏွလံုးခုန္ႏႈန္းေႀကာင့္
စိုးရိမ္သြားတာ။ မယ္မယ့္ ကိုလည္း ညမွ တစ္
ေခါက္ျပန္လာဆိုျပီး ျပန္လႊတ္လိုက္တယ္။သုတ
က သမီးလာမယ္ေျပာတာနဲ႔"

က်ေတာ္တို႔ ကိစၥ အစအဆံုးကို ဆရာႀကီးကို ရိုးသားစြာ ဖြင့္ဟဝန္ခံထားျခင္း၏ အက်ိဳးဆက္က
ဆရာ ႀကီးက သူ႔လုပ္ပိုင္ခြင့္ေတြထဲမွ ကူညီေပး
သည္။

ဆရာႀကီးထြက္သြားသည္ႏွင့္ ေမွးစက္ေနေသာ
ေမာင္ျဖစ္သူအား မ်က္ရည္မ်ားႀကားမွ ေတြေတြ
စိုက္ကာ ေငးေနျပန္ရင္း

"ေတာ္ေသးတာေပါ့ နႏၵရယ္...ေတာ္ေသးတာေပါ့"

ဟူ၍ ႀကည္ႏူးမႈနဲ႔တတြက္တြက္ ေျပာေနေသး၏

ေဘးနားတစ္ခ်ိန္ကုန္တိတ္တဆိတ္ရပ္ကာႀကည့္
ေနေသာ ေကာင္ေလးသည္

"ညတည္းက သူ႔နားေနရင္း လက္ကေလးေတြ
လႈပ္ေနလိုပဲ...ေနာက္ျပီး သူနာမည္တစ္ခုကို ေခၚ
ျပီး ႏိုးလာတာ။အဲ့ေနာက္ပိုင္း ေႀကာက္စရာ
ေကာင္းေလာက္ေအာင္ သူ႕ႏွလံုးခုန္ႏႈန္းေတြ
တက္လာတာ"

"ဘယ္ ဘယ္သူ႔နာမည္လဲ?"

အမရာသည္စိတ္လႈပ္ရွားစြာေမးေတာ့ ဆံပင္ပြပြ
ေတြကို တစ္ခ်က္ကုပ္ရင္း

"က်ေတာ္လည္း မသိဘူး။သူ႔အသိေတြထဲမွာ
လည္း အဲ့နာမည္မရွိဘူး။ လ်န္း တဲ့" ဟူ၍
ဇေဝဇဝါျပန္ေျပာသည္။

"လ်န္း?"

"ဟုတ္ကဲ့ မမ သိလား?"

"ဟင့္အင္း တစ္ခါမွေတာ့ ေျပာသံမႀကားဖူးဘူး"

အားလံုးပေဟ႒ိေတြမ်ားစြာႏွင့္ အေျဖေပးႏိုင္သူ
ကို ႀကည့္ရင္း သက္ျပင္းဖြဖြခ်မိသည္။
ဘယ္လိုခရီးရွည္ႀကီးကို ျဖတ္ေက်ာ္ခဲ့ျပီး ဘယ္သူ
ေတြနဲ႔ ေတြ႔ခဲ့သလဲေလ??

"သူဘာေတြျဖစ္ခဲ့လဲ အရမ္းသိခ်င္လို႔ ရန္ကုန္
ေတာင္မျပန္ေတာ့ပဲ ေစာင့္ေနတာ။ဒီလူႀကီး
က်ေတာ့္ကို ေဟာက္လားငမ္းလားေတာ့ မလုပ္
ေလာက္ပါဘူးေနာ္"

"မင္းမွ မဆိုးေတာ့ပဲကြ။နႏၵကလည္း ထင္သ
ေလာက္မဆိုးပါဘူး။သူက လူငယ္ေတြကို အေလ
မလိုက္ေစခ်င္တာ"

"သူႀကိဳက္တာ စာေတြဖတ္ျပရင္းသူ႔စိတ္ကို နည္း
နည္းေတာ့ သိေနပါျပီ။ဘာပဲေျပာေျပာ ခု
ေနာက္ပိုင္း  အရင္လိုမဟုတ္ေတာ့တဲ့တာ
သူ႔ေႀကာင့္ ဆိုတာေတာ့ ေျပာျပခ်င္တယ္"

"သူသိမွာပါ။မင္း စာေတြဖတ္ျပ။သီခ်င္းေတြေအာ္
ဆိုျပတာကို"

ရွက္သြားလားမသိ ေဇယ်မ်ိဳးျမင့္တစ္ေယာက္
ရယ္က်ဲက်ဲနဲ႔ ေခါင္းကုတ္သည္။

"ငါ့ ေမာင္ေလးကို တကယ္ေက်းဇူးတင္ပါတယ္
မင္းဇြဲႀကီးႀကီးနဲ႔ အစ္မ ေမာင္ေလးကို ျပန္ေခၚ
ေပးခဲ့တာ"

"သူ႕ဘာသာသူ ဆက္မအိပ္ခ်င္ေတာ့လို႔ ထလာ
တာေနမွာပါဗ်ာ"

ဖခင္ျဖစ္သူ၏ Imageမပ်က္ေစဖို႔အေရး
လုပ္အားေပးဟူေသာေခါင္းစဥ္ႏွင့္ သူျပႆနာရွာခဲ့ဖူးေသာ က်ေတာ္တို႔ေဆးရံုကို ေရာက္လာရာ...
သူ႔အား ဂ်ာနယ္လိပ္နဲ႔ ႀကိမ္္းေမာင္းရိုက္ႏွပ္ခဲ့ေသာ
သူအား...မလုပ္ခ်င္လုပ္ခ်င္နဲ႕
ေန႔စဥ္ နႏၵအနားထိုင္ကာ စာဖတ္ျပ။သီခ်င္းေတြဖြင့္ေပး စကားေတြေျပာေပးႏွင့္ လုပ္
ေပးေနရင္းမွ သူ႔ကိုစကားတစ္ခြန္းမွပင္ျပန္မေျပာ
ႏိုင္ေသာ နႏၵအားခင္တြယ္သြားေသာ ငတိေလး
သည္ ေန႔က်မျပတ္လည္း နႏၵနားမွ မခြာေစာင့္
ေပးေနတတ္၍ နႏၵႏိုးထလာျခင္းကို ပထမဆံုး
သိရွိသူျဖစ္ခြင့္ရသြားသည္။

တစ္ေနခင္းလံုး ဘာမွမစားပဲ ေမာင္ျဖစ္သူကို
သာတစိမ့္စိမ့္ႀကည့္ေန၍ အတင္းေခ်ာ့ေမာ့ေကြ်း
ရသည္။မိဘမ်ားေႀကာင့္ကမၻာေရွ႔ျခမ္းေနာက္ျခမ္း
မွာ တကြဲတျပားေနခဲ့ႀကရေပမယ့္ ေမာင္ႏွမဆို
သည့္ သံေယာဇာဥ္ႀကိဳးကို တင္းတင္းထံုးဖြဲ႕ထား
ႀကသည္မွာ ျမင္သူအားက်ဖြယ္။

"ေတာ္ေသးတာေပါ့။လုပ္ငန္းေတြ အေျခအေနတည္ျငိမ္ခ်ိန္မွ အခ်ိန္ကိုက္ႏိုးလာ
လို႔...ႏို႔မဟုတ္ရင္ သူစိတ္ညစ္ေနရရွာအံုးမွာ။သူက ငယ္ငယ္တည္းက ေဆးပဲကုခ်င္တာ။သုတ
ကေတာ့ ထင္မွာေပါ့ သူငယ္ခ်င္းကို ျပိဳင္ခ်င္လို႕
ေဆးေက်ာင္းလိုက္တက္ခဲ့တာဆိုျပီး..."

"အဲ မ မထင္ပါဘူး အမရာရယ္။သူရွိေနလို႔လည္း
ေက်ာင္းကာလရွည္သက္တမ္းတစ္ေလွ်ာက္မပ်င္း
ခဲ့ရတာ...တခ်န္းနဲ႔ ကြဲကြာေနရခ်ိန္ သူက က်ေတာ့္ကို အမ်ားႀကီး စိတ္သက္သာရာ ရေစ
ခဲ့တာ"

"ခ်န္းကိုလည္း ဂရုစိုက္ေပးလိုက္အံုးေနာ္။ဒီရက္
ပိုင္းေတြထဲ သုတလည္း ေဆးရံုနဲ႔ အမရာ့တို႔
ကိစၥေတြပါ လိုက္လုပ္ေပးေနရတာနဲ႔ ခ်န္းနဲ႔ေတာင္ နည္းနည္းေဝးေနႀကသလိုပဲဲ ႏွစ္ေယာက္သား"

"ခ်န္းလည္း အလုပ္သစ္နဲ႔ အမရာေတြ႔တဲ့အတိုင္း
ပဲ သူလည္း မအားပါဘူး။ဖြင့္မေျပာျဖစ္ႀကေပမယ့္
သား ရွိလာျပီဆိုေတာ့ အရင္ကထက္ ပိုျပီးအလုပ္
လုပ္လာျဖစ္ႀကတယ္"

"ဒီလို အေဖႏွစ္ေယာက္ရွိတာကိုက သားရဲ႕ေရွး
ကုသိုလ္ကံေကာင္းတာ"

"အဲ့လိုေတာ့လည္း မဟုတ္ေသးပါဘူးဗ်ာ..."

မႏၱေလးသားေလးသည္ အရွက္သည္းစြာေခါင္း
ကုတ္ရယ္ေမာေသး၏။
လူနာေစာင့္ စကားစျမည္ေျပာေနႀကစဥ္ စကားဝိုင္းထဲ ဝင္မပါတာဆိုလို႔ ေဇယ်တစ္ေယာက္သာ စက္ေတြထဲက နႏၵ Vitalေတြကိုသာ ႀကည့္ရႈေနသည္။ခ်န္းကိုေတာ့
အိမ္ျပန္နားခိုင္းထားရသည္။သူလည္း အမရာမူး
လဲေတာ့ ေတာ္ေတာ္လန္႔သြားတာပဲမဟုတ္လား?

"လူႀကီး!!အမ လူႀကီး လက္ေတြလႈပ္လာျပီ"

လက္ေခ်ာင္းေလးေတြ လႈပ္လာသည္ႏွင့္အမ်ွ
ႏွလံုးခုန္ႏႈန္းေတြလည္း တက္လာသည္။
ေျခမကိုင္မိ လက္မကိုင္မိေလာက္သည္အထိစိတ္လႈပ္ရွား
ေနေသာ အမရာကို ထိန္းထားစဥ္ ေဇယ်သည္
သြက္လက္စြာ ဆရာဝန္ေျပးေခၚသည္။

"သတိရျပီလား သား?"

အျမင္အာရံုထဲ ပထမဆံုးဝင္လာေသာ
အျပံဳးမ်က္ႏွာ။
ေဆးရံုကိုေျပာင္းလာရတည္းက မႀကားခဲ့ဖူးေသာ အေခၚအေဝၚနဲ႔ ႏူးညံ့စြာေခၚလာသူက က်ေတာ္
၏ ႏွစ္ေယာက္မရွိေသာ အုပ္ႀကီး။
ထူးျခားဆန္းႀကယ္လြန္ပါစြ။
ေဘးနားတြင္ ဝိုင္းေနေသာ Nurseမေလးေတြ
ေနာက္...

"အမ..."

"အင္း ဟုတ္တယ္။ ငါ ငါ အမရာေလ မွတ္မိတယ္
မလား?"

အာာ စိတ္ေတြရႈပ္လိုက္တာ။ကိုယ့္အစ္မတစ္
ေယာက္လံုး ေမ့စရာလား?
မူးေနာက္ေနာက္ျဖစ္ေနေသာ ေခါင္းထဲကေန
အမ ျမန္မာကားေတြ ႀကည့္ေနသလား ဟူေသာ
ေပါက္ကရအေတြးက ဝင္လာေသးသည္။

"သား ေခါင္းမူးေနလိမ့္မယ္။ခဏနားလိုက္..."

"ရတယ္ ဆရာ။အမ ဘယ္လိုေရာက္ေနတာလဲ?
က်ေတာ္ ေမ့ေနတာ ႀကာျပီလား?"

"အင္း ႀကာျပီေပါ့။ေတာ္ေတာ္ေလးႀကာျပီေပါ့ဟ"

လက္မဖိုးေပၚမ်က္ႏွာအပ္ကာ ငိုရႈိုက္ေနေသာသူ၏ေက်ာျပင္ကို လက္လွမ္းကာ ပုတ္ေပးခ်င္ေသာ္လည္း ရုတ္တရက္ က်ေတာ့္လက္ေတြလႈပ္မရ။
ဘုရားေရ...ဒီပံုစံဆို က်ေတာ္ေမ့ေနတာ လခ်ီ
ေနတာလား?

ေဆးရံုခန္းေထာင့္ ေႀကာင္ေတာင္ရပ္ေငးေနေသာ
ေကာင္ေလးတစ္ေယာက္လည္းရွိေနေသး၏။
ျမင္ဖူးပါတယ္ ဘယ္မွာလဲ??ဟာ မစဥ္းစားန႔ဲအံုး
ဟူ၍ ကိုယ့္ေခါင္းကို ကိုယ္ညွာရေသးသည္။
သုတ ကေတာ့ ျပံဳးရင္းႀကည့္ေနဆဲ။
ဒီေကာင့္မ်က္ႏွာဘာျဖစ္ေနတာလဲ??
ေတာင္းလွ်ိဳးမာန္လွိ်ဳး ဒီဇိုင္းနဲ႔...

"ဟိုေလ ျဖစ္ႏိုင္ရင္ အျပင္ခဏထြက္ေပးလို႔
ရမလားဟင္။ အမရာ နႏၵနဲ႔ ေအးေဆးစကားေျပာ
ခ်င္လို႔ပါ။မယ္မယ္တို႔ေရာက္မလာခင္..."

အခန္းထဲ ႏွစ္ေယက္တည္းက်န္ခဲ့ေတာ့မွ ကိုယ့္
ေမာင္ႏွဖူးျပင္ကို အနမ္းဖြဖြ ေမႊးရႈိုက္မိသည္

"welcome back my twin"

"မယ္မယ္ေကာ...ေနေကာင္းလား?က်ေတာ့္
သတင္းႀကားျပီး တစ္ခုခုျဖစ္သြားေသးလား?
ဘြားေတာ္ေရာ...ေနာက္ျပီး က်ေတာ္တို႔အိမ္ေတာ္
ဆံုးသြားျပီလား?ဟိုတရုတ္လက္ထဲ...Hotel?"

"ျဖည္းျဖည္း နႏၵ...ျဖည္းျဖည္း နင္ခုမွႏိုးလာတာ
အဲ့အေႀကာင္းေတြ ဘာမွမေတြးနဲ႔ ငါအားလံုးအဆင္ေျပေအာင္ လုပ္ေပးျပီးျပီ"

"အမက ဘယ္လိုလုပ္ေပးႏိုင္မွာလဲ??NGO
ဝန္ထမ္းတစ္ေယာက္က ဘယ္ကဘယ္လိုဒီ
ေလာက္ ပိုက္ဆံ မ်ားမ်ား...ေနအံုး Pregnant?"

စူတူတူသာ ရွိေနေသာ အပ်ိဳဗိုက္ကို ခ်က္ခ်င္းဂရု
ျပဳမိသည့္ ဆရာဝန္ေပါက္စ၏ စေကးကိုျပံဳးရင္း
ခ်ီးက်ဴးမိသည္။

"အင္း ဟုတ္တယ္။ငါတို႔မိသားစုရဲ႕ လာဘ္ေကာင္
ေလးေပါ့။နင့္ တူေလးေလ"

"ဘယ္သူနဲ႔??မဟုတ္မွ တကယ္လုပ္လိုက္တာ
လား??AI?"

"အြန္း ဟုတ္တယ္။နင္ တူေလး ရေတာ့မွာ။20weeksရွိေနျပီ"

"ဟားးးတကယ္ႀကီးလုပ္လိုက္တာပဲ။Donationထဲကလား??"

"မဟုတ္ဘူး။သုတတို႔ ဆီက...သုတက ငါတို႔
အိမ္ကိုေကာ Hotelကိုေကာ သူ႔စီးပြါးအကုန္
လံုးနဲ႔ ျပန္ဆယ္ေပးခဲ့တာေလ...ငါလည္း သူ႔တို႕
ကို ျပန္ေက်းဇူးဆပ္ခ်င္တာနဲ႔..."

"ဟာာာာ အမရာ...ဘာလို႔ အဲ့လိုလုပ္ရတာလဲ?
သုတတို႔ကို အားနာစရာေကာင္းေနျပီ။ကူညီခ်င္
ရင္ ဒီအတိုင္း ကူညီလိုက္တာမဟုတ္ဘူး။ခုက..."

သူမ်ားေမာင္ေတြဆိုလွ်င္ ဘယ္လိုတံု႔ျပန္မလဲမသိ
ေပမယ့္ အမရာ၏ႏိုးထလာခါစ အျမႊာေမာင္ငယ္
ကေတာ့ သူမ်ားႀကားရင္တရားေပါက္ေနျပီဟု
ထင္ခ်င္စရာေကာင္းလိုက္စရာပင္...

"နင္ ရွိလို႔ ငါအဲ့လိုလုပ္ဖို႔ သတၱိရွိလာတာ"

ေက်းဇူးတင္လြန္းစြာ ဆံပင္စုတ္ဖြားေတြႀကား
လက္ထည့္သပ္တင္ေပးရင္း ငယ္ငယ္ကအတိုင္း
ေက်းဇူးတင္ရင္ လုပ္ေနက်အတိုင္း ႏွဖူးျပင္
ကိုေနာက္တစ္ႀကိမ္ထပ္နမ္းေတာ့

"အမ ထက္ ၅မိနစ္ပဲငယ္တာ။ငါးႏွစ္ငယ္တာ
မဟုတ္ဘူး။ကေလးလို လာမလုပ္ေနနဲ႔"

ဟူ၍ ခပ္ဆက္ဆက္ေျပာျပီးေသာအခါ

"ငါ့မွာ ယုယစရာ ဒီေမာင္ေလးတစ္ေယာက္ပဲရွိ
တာကို..."

ဟူ၍ျပန္ေခ်ပေတာ့ စကားတတ္သူခ်င္းေတြ႔ေန
တာကိုရိပ္မိေသာေႀကာင့္စကားစတို႔ေရွာင္ပုန္းေျပးရေတာ့၏။

"ဒီကိစၥမယ္မယ္တို႔ မသိဘူးမလား?သိရင္ ႏွစ္ေယာက္လံုး အသတ္ခံရမွာ..."

"နင့္ေတာ့ မသတ္ေလာက္ပါဘူးဟာ။ငါ့ပဲ သတ္မွာ"

"သုတ လား ခ်န္းလား?"

"ဘယ္ေျပာမလဲ?ဒါေျပာစရာမွ မဟုတ္တာ"

"သုတ ဆိုရင္ေတာ့ မဆိုးေပမယ့္ ခ်န္း ဆိုရင္ေတာ့ နဂ်ီေကာင္ပဲ"

"စမ္းႀကည့္ခ်င္လား?"

"အနား တိုး"

အနည္းငယ္သာေျမွာက္လို႔ရေသးေသာ လက္
ေခ်ာင္းေလးေတြနဲ႔ ဗိုက္ကခပ္ဖြဖြစမ္းရင္း

"ထြားမယ္ပံုပဲ...ငါ့တူက"

"စစ္ျငိမ္းခ်မ္းပိုင္ လို႔ေပးမယ္စိတ္ကူးထားတယ္
လွလား?"

"အတိတ္နိမိတ္ေတာ့ေကာင္းတယ္။
တစ္ခုပဲနာမည္ဆန္းဆန္းေတြေပးတတ္တဲ့ျမန္မာအခ်စ္ဝတၴဳေတြဖတ္တာေတာ့ ေလ်ာ့ေစခ်င္တယ္"

"နင္ေနာ္...လူကျဖင့္ မထူႏိုင္ေသးဘူး။အေႀကာ
က..."

ခပ္ဖြဖြတိုးလ်လ်ရယ္သည္။အမ်ားႀကီးလည္း
မရယ္ႏိုင္ အရိုးေတြကနာေနဆဲ...

"သုတကိုေတာ့ အားနာျပီးရင္း အားနာေနရေတာ့
မွာပဲ...ငါ recovery exercisesေတြျမန္
ျမန္ယူမွ ျဖစ္မယ္။အမ တစ္ေယာက္တည္း
တာဝန္ေတြထမ္းေနရတာပင္ပန္းေနျပီ"

ဟူ၍ ခပ္ညည္းညည္းေျပာေသး၏။

ေဆးရံုခန္းအျပင္ဖက္ကေန အခန္းထဲေငးႀကည့္
ေနေသာ ေကာင္ေလးသည္ ပီတိျပံဳးမ်ားႏွင့္

"Dr ေျပာတာမွန္တယ္။လူႀကီး ကထင္သေလာက္မဆိုးဘူးပဲ"

"အင္း...သူက နႏၵဦးေမာ္ပဲေလ။သူ႕ကို နားလည္
တယ္လို႔ ထင္တဲ့ေန႔က မင္းရူးမယ့္ေန႔ပဲ...
သူ႔ကို ဘယ္သူမွ နားမလည္ႏိုင္ဘူး။
အမရာဦးေမာ္ကလြဲလို႔ေပါ့..."

Thank You All

Our Ending is closer day by day

အမရာဦးေမာ္ Roleplayျပန္လည္ဖြင့္ခြင့္ျပဳ
ပါျပီ။Offical confirmဖို႔ေတာ့ ထံုးစံအတိုင္းေစာင့္ႀကည့္ခြင့္ျပဳပါလို႔ ႀကိဳတင္
ေမတၱာရပ္ခံပါသည္။

(Unicode)

/

/

/

ချွေးစေးပြန်နေသော လက်အေးအေးတို့ကိုဆုပ်
ကိုင်ပေးတော့ ကျေးဇူူးတင်စွာပြန်မော့ကြည့်သည့်
မျက်လုံးအိမ်တို့က ပုံရိပ်ထဲ ကျတော်ဟာသူ့ထက်
များစွာငယ်နေသေးသော မောင်ငယ်ပမာ။

အေးချမ်းသောသစ်ရိပိအောက်က ဆေးရုံဝင်းကြီး
ထဲ ဝင်သည်နှင့် သူမခြေလှမ်းတို့တုန်ယင်မော
ဟိုက်နေသည်။

"စိတ်အေးအေးထားပါ မ အမရာရယ်"

"တချန်း"

ကျတော်တို့၂ယောက်ရှိရာသို့ အပြေးရောက်ကာ
ကြိုကာဆီးသော ပိုင် သည် နှစ်ယောက်လုံးကို
အခန်းထောင့်တစ်နေရာဆီ ခေါ်သွားပြီးမှ

"ခဏ အမရာ။ဒီမှာ ခဏလောက်နေပါအုံး။ခု
မယ်မယ်ရောက်နေတာမို့ အမရာက ခဏပုန်း
နေမှ ဖြစ်မယ်"

"ဟုတ်သားပဲ..."

တိုးလျလျရေရွတ်ကာဖြည်းဖြည်းချင်းထိုင်ချကာ
ကျဆင်းနေပြီးသော မျက်ရည်စတို့ကိုလက်ဖမိုး
လေးဖြင့် ဖိသုတ်နေသော အမရာ့ကို ကြည့်ရင်း
ကျတော်တို့၂ယောက်တစ်ယောက်မျက်နှာတစ်
ယောက်ပြန်ကြည့်ဖြစ်ကြသည်။
ပိုင် မျက်နှာတွင် အားနာမှုတွေက ကျတော်နဲ့ထပ်
တူညီနေသောအခါတိုင်းတူညီသောဘဝတွေကို မုန်းမိ၏။

တော်တော်လေးကြာအခန်းထောင့်ချောင်လေး
ထဲပုန်းခိုပြီး မယ်မယ့်တို့ အိမ်စီးကားကြီးဝင်း
ထဲက ထွက်သွားတော့မှ...သုံးယောက်သား
အဆောင်ရှိရာသို့ အပြေးတပိုင်းနှင့်သွားရ
သည်။

အမြွှာမောင်ဖြစ်သူကို တွေ့ချင်စိတ်ပြင်းထန်နေ
သော ကိုယ်ဝန်ဆောင် အမျိုးသမီးလေးသည်
ပေါ့ပါးစွာ ပြေးလွှားသည်။

"နန္ဒ..."

"နှလုံးခုန်သံတွေ မငြိမ်သေးလို့ ဆေးထိုးထားရ
တယ်"

ဆရာကြီးသည် အမရာ့ကို ပြုံးကြည့်ရင်း

"စိတ်ပူစရာတော့ မရှိတော့ပါဘူး။ဒီအတိုင်းနိုးနိုး
လာချင်း ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကြောင့်
စိုးရိမ်သွားတာ။ မယ်မယ့် ကိုလည်း ညမှ တစ်
ခေါက်ပြန်လာဆိုပြီး ပြန်လွှတ်လိုက်တယ်။သုတ
က သမီးလာမယ်ပြောတာနဲ့"

ကျတော်တို့ ကိစ္စ အစအဆုံးကို ဆရာကြီးကို ရိုးသားစွာ ဖွင့်ဟဝန်ခံထားခြင်း၏ အကျိုးဆက်က
ဆရာ ကြီးက သူ့လုပ်ပိုင်ခွင့်တွေထဲမှ ကူညီပေး
သည်။

ဆရာကြီးထွက်သွားသည်နှင့် မှေးစက်နေသော
မောင်ဖြစ်သူအား မျက်ရည်များကြားမှ တွေတွေ
စိုက်ကာ ငေးနေပြန်ရင်း

"တော်သေးတာပေါ့ နန္ဒရယ်...တော်သေးတာပေါ့"

ဟူ၍ ကြည်နူးမှုနဲ့တတွက်တွက် ပြောနေသေး၏

ဘေးနားတစ်ချိန်ကုန်တိတ်တဆိတ်ရပ်ကာကြည့်
နေသော ကောင်လေးသည်

"ညတည်းက သူ့နားနေရင်း လက်ကလေးတွေ
လှုပ်နေလိုပဲ...နောက်ပြီး သူနာမည်တစ်ခုကို ခေါ်
ပြီး နိုးလာတာ။အဲ့နောက်ပိုင်း ကြောက်စရာ
ကောင်းလောက်အောင် သူ့နှလုံးခုန်နှုန်းတွေ
တက်လာတာ"

"ဘယ် ဘယ်သူ့နာမည်လဲ?"

အမရာသည်စိတ်လှုပ်ရှားစွာမေးတော့ ဆံပင်ပွပွ
တွေကို တစ်ချက်ကုပ်ရင်း

"ကျတော်လည်း မသိဘူး။သူ့အသိတွေထဲမှာ
လည်း အဲ့နာမည်မရှိဘူး။ လျန်း တဲ့" ဟူ၍
ဇဝေဇဝါပြန်ပြောသည်။

"လျန်း?"

"ဟုတ်ကဲ့ မမ သိလား?"

"ဟင့်အင်း တစ်ခါမှတော့ ပြောသံမကြားဖူးဘူး"

အားလုံးပဟေဋ္ဌိတွေများစွာနှင့် အဖြေပေးနိုင်သူ
ကို ကြည့်ရင်း သက်ပြင်းဖွဖွချမိသည်။
ဘယ်လိုခရီးရှည်ကြီးကို ဖြတ်ကျော်ခဲ့ပြီး ဘယ်သူ
တွေနဲ့ တွေ့ခဲ့သလဲလေ??

"သူဘာတွေဖြစ်ခဲ့လဲ အရမ်းသိချင်လို့ ရန်ကုန်
တောင်မပြန်တော့ပဲ စောင့်နေတာ။ဒီလူကြီး
ကျတော့်ကို ဟောက်လားငမ်းလားတော့ မလုပ်
လောက်ပါဘူးနော်"

"မင်းမှ မဆိုးတော့ပဲကွ။နန္ဒကလည်း ထင်သ
လောက်မဆိုးပါဘူး။သူက လူငယ်တွေကို အလေ
မလိုက်စေချင်တာ"

"သူကြိုက်တာ စာတွေဖတ်ပြရင်းသူ့စိတ်ကို နည်း
နည်းတော့ သိနေပါပြီ။ဘာပဲပြောပြော ခု
နောက်ပိုင်း အရင်လိုမဟုတ်တော့တဲ့တာ
သူ့ကြောင့် ဆိုတာတော့ ပြောပြချင်တယ်"

"သူသိမှာပါ။မင်း စာတွေဖတ်ပြ။သီချင်းတွေအော်
ဆိုပြတာကို"

ရှက်သွားလားမသိ ဇေယျမျိုးမြင့်တစ်ယောက်
ရယ်ကျဲကျဲနဲ့ ခေါင်းကုတ်သည်။

"ငါ့ မောင်လေးကို တကယ်ကျေးဇူးတင်ပါတယ်
မင်းဇွဲကြီးကြီးနဲ့ အစ်မ မောင်လေးကို ပြန်ခေါ်
ပေးခဲ့တာ"

"သူ့ဘာသာသူ ဆက်မအိပ်ချင်တော့လို့ ထလာ
တာနေမှာပါဗျာ"

ဖခင်ဖြစ်သူ၏ Imageမပျက်စေဖို့အရေး
လုပ်အားပေးဟူသောခေါင်းစဉ်နှင့် သူပြဿနာရှာခဲ့ဖူးသော ကျတော်တို့ဆေးရုံကို ရောက်လာရာ...
သူ့အား ဂျာနယ်လိပ်နဲ့ ကြိမ်းမောင်းရိုက်နှပ်ခဲ့သော
သူအား...မလုပ်ချင်လုပ်ချင်နဲ့
နေ့စဉ် နန္ဒအနားထိုင်ကာ စာဖတ်ပြ။သီချင်းတွေဖွင့်ပေး စကားတွေပြောပေးနှင့် လုပ်
ပေးနေရင်းမှ သူ့ကိုစကားတစ်ခွန်းမှပင်ပြန်မပြော
နိုင်သော နန္ဒအားခင်တွယ်သွားသော ငတိလေး
သည် နေ့ကျမပြတ်လည်း နန္ဒနားမှ မခွာစောင့်
ပေးနေတတ်၍ နန္ဒနိုးထလာခြင်းကို ပထမဆုံး
သိရှိသူဖြစ်ခွင့်ရသွားသည်။

တစ်နေခင်းလုံး ဘာမှမစားပဲ မောင်ဖြစ်သူကို
သာတစိမ့်စိမ့်ကြည့်နေ၍ အတင်းချော့မော့ကျွေး
ရသည်။မိဘများကြောင့်ကမ္ဘာရှေ့ခြမ်းနောက်ခြမ်း
မှာ တကွဲတပြားနေခဲ့ကြရပေမယ့် မောင်နှမဆို
သည့် သံယောဇာဉ်ကြိုးကို တင်းတင်းထုံးဖွဲ့ထား
ကြသည်မှာ မြင်သူအားကျဖွယ်။

"တော်သေးတာပေါ့။လုပ်ငန်းတွေ အခြေအနေတည်ငြိမ်ချိန်မှ အချိန်ကိုက်နိုးလာ
လို့...နို့မဟုတ်ရင် သူစိတ်ညစ်နေရရှာအုံးမှာ။သူက ငယ်ငယ်တည်းက ဆေးပဲကုချင်တာ။သုတ
ကတော့ ထင်မှာပေါ့ သူငယ်ချင်းကို ပြိုင်ချင်လို့
ဆေးကျောင်းလိုက်တက်ခဲ့တာဆိုပြီး..."

"အဲ မ မထင်ပါဘူး အမရာရယ်။သူရှိနေလို့လည်း
ကျောင်းကာလရှည်သက်တမ်းတစ်လျှောက်မပျင်း
ခဲ့ရတာ...တချန်းနဲ့ ကွဲကွာနေရချိန် သူက ကျတော့်ကို အများကြီး စိတ်သက်သာရာ ရစေ
ခဲ့တာ"

"ချန်းကိုလည်း ဂရုစိုက်ပေးလိုက်အုံးနော်။ဒီရက်
ပိုင်းတွေထဲ သုတလည်း ဆေးရုံနဲ့ အမရာ့တို့
ကိစ္စတွေပါ လိုက်လုပ်ပေးနေရတာနဲ့ ချန်းနဲ့တောင် နည်းနည်းဝေးနေကြသလိုပဲ နှစ်ယောက်သား"

"ချန်းလည်း အလုပ်သစ်နဲ့ အမရာတွေ့တဲ့အတိုင်း
ပဲ သူလည်း မအားပါဘူး။ဖွင့်မပြောဖြစ်ကြပေမယ့်
သား ရှိလာပြီဆိုတော့ အရင်ကထက် ပိုပြီးအလုပ်
လုပ်လာဖြစ်ကြတယ်"

"ဒီလို အဖေနှစ်ယောက်ရှိတာကိုက သားရဲ့ရှေး
ကုသိုလ်ကံကောင်းတာ"

"အဲ့လိုတော့လည်း မဟုတ်သေးပါဘူးဗျာ..."

မန္တလေးသားလေးသည် အရှက်သည်းစွာခေါင်း
ကုတ်ရယ်မောသေး၏။
လူနာစောင့် စကားစမြည်ပြောနေကြစဉ် စကားဝိုင်းထဲ ဝင်မပါတာဆိုလို့ ဇေယျတစ်ယောက်သာ စက်တွေထဲက နန္ဒ Vitalတွေကိုသာ ကြည့်ရှုနေသည်။ချန်းကိုတော့
အိမ်ပြန်နားခိုင်းထားရသည်။သူလည်း အမရာမူး
လဲတော့ တော်တော်လန့်သွားတာပဲမဟုတ်လား?

"လူကြီး!!အမ လူကြီး လက်တွေလှုပ်လာပြီ"

လက်ချောင်းလေးတွေ လှုပ်လာသည်နှင့်အမျှ
နှလုံးခုန်နှုန်းတွေလည်း တက်လာသည်။
ခြေမကိုင်မိ လက်မကိုင်မိလောက်သည်အထိစိတ်လှုပ်ရှား
နေသော အမရာကို ထိန်းထားစဉ် ဇေယျသည်
သွက်လက်စွာ ဆရာဝန်ပြေးခေါ်သည်။

"သတိရပြီလား သား?"

အမြင်အာရုံထဲ ပထမဆုံးဝင်လာသော
အပြုံးမျက်နှာ။
ဆေးရုံကိုပြောင်းလာရတည်းက မကြားခဲ့ဖူးသော အခေါ်အဝေါ်နဲ့ နူးညံ့စွာခေါ်လာသူက ကျတော်
၏ နှစ်ယောက်မရှိသော အုပ်ကြီး။
ထူးခြားဆန်းကြယ်လွန်ပါစွ။
ဘေးနားတွင် ဝိုင်းနေသော Nurseမလေးတွေ
နောက်...

"အမ..."

"အင်း ဟုတ်တယ်။ ငါ ငါ အမရာလေ မှတ်မိတယ်
မလား?"

အာာ စိတ်တွေရှုပ်လိုက်တာ။ကိုယ့်အစ်မတစ်
ယောက်လုံး မေ့စရာလား?
မူးနောက်နောက်ဖြစ်နေသော ခေါင်းထဲကနေ
အမ မြန်မာကားတွေ ကြည့်နေသလား ဟူသော
ပေါက်ကရအတွေးက ဝင်လာသေးသည်။

"သား ခေါင်းမူးနေလိမ့်မယ်။ခဏနားလိုက်..."

"ရတယ် ဆရာ။အမ ဘယ်လိုရောက်နေတာလဲ?
ကျတော် မေ့နေတာ ကြာပြီလား?"

"အင်း ကြာပြီပေါ့။တော်တော်လေးကြာပြီပေါ့ဟ"

လက်မဖိုးပေါ်မျက်နှာအပ်ကာ ငိုရှိုက်နေသောသူ၏ကျောပြင်ကို လက်လှမ်းကာ ပုတ်ပေးချင်သော်လည်း ရုတ်တရက် ကျတော့်လက်တွေလှုပ်မရ။
ဘုရားရေ...ဒီပုံစံဆို ကျတော်မေ့နေတာ လချီ
နေတာလား?

ဆေးရုံခန်းထောင့် ကြောင်တောင်ရပ်ငေးနေသော
ကောင်လေးတစ်ယောက်လည်းရှိနေသေး၏။
မြင်ဖူးပါတယ် ဘယ်မှာလဲ??ဟာ မစဉ်းစားနဲ့အုံး
ဟူ၍ ကိုယ့်ခေါင်းကို ကိုယ်ညှာရသေးသည်။
သုတ ကတော့ ပြုံးရင်းကြည့်နေဆဲ။
ဒီကောင့်မျက်နှာဘာဖြစ်နေတာလဲ??
တောင်းလျှိုးမာန်လျှိုး ဒီဇိုင်းနဲ့...

"ဟိုလေ ဖြစ်နိုင်ရင် အပြင်ခဏထွက်ပေးလို့
ရမလားဟင်။ အမရာ နန္ဒနဲ့ အေးဆေးစကားပြော
ချင်လို့ပါ။မယ်မယ်တို့ရောက်မလာခင်..."

အခန်းထဲ နှစ်ယေက်တည်းကျန်ခဲ့တော့မှ ကိုယ့်
မောင်နှဖူးပြင်ကို အနမ်းဖွဖွ မွှေးရှိုက်မိသည်

"welcome back my twin"

"မယ်မယ်ကော...နေကောင်းလား?ကျတော့်
သတင်းကြားပြီး တစ်ခုခုဖြစ်သွားသေးလား?
ဘွားတော်ရော...နောက်ပြီး ကျတော်တို့အိမ်တော်
ဆုံးသွားပြီလား?ဟိုတရုတ်လက်ထဲ...Hotel?"

"ဖြည်းဖြည်း နန္ဒ...ဖြည်းဖြည်း နင်ခုမှနိုးလာတာ
အဲ့အကြောင်းတွေ ဘာမှမတွေးနဲ့ ငါအားလုံးအဆင်ပြေအောင် လုပ်ပေးပြီးပြီ"

"အမက ဘယ်လိုလုပ်ပေးနိုင်မှာလဲ??NGO
ဝန်ထမ်းတစ်ယောက်က ဘယ်ကဘယ်လိုဒီ
လောက် ပိုက်ဆံ များများ...နေအုံး Pregnant?"

စူတူတူသာ ရှိနေသော အပျိုဗိုက်ကို ချက်ချင်းဂရု
ပြုမိသည့် ဆရာဝန်ပေါက်စ၏ စကေးကိုပြုံးရင်း
ချီးကျူးမိသည်။

"အင်း ဟုတ်တယ်။ငါတို့မိသားစုရဲ့ လာဘ်ကောင်
လေးပေါ့။နင့် တူလေးလေ"

"ဘယ်သူနဲ့??မဟုတ်မှ တကယ်လုပ်လိုက်တာ
လား??AI?"

"အွန်း ဟုတ်တယ်။နင် တူလေး ရတော့မှာ။20weeksရှိနေပြီ"

"ဟားးးတကယ်ကြီးလုပ်လိုက်တာပဲ။Donationထဲကလား??"

"မဟုတ်ဘူး။သုတတို့ ဆီက...သုတက ငါတို့
အိမ်ကိုကော Hotelကိုကော သူ့စီးပွါးအကုန်
လုံးနဲ့ ပြန်ဆယ်ပေးခဲ့တာလေ...ငါလည်း သူ့တို့
ကို ပြန်ကျေးဇူးဆပ်ချင်တာနဲ့..."

"ဟာာာာ အမရာ...ဘာလို့ အဲ့လိုလုပ်ရတာလဲ?
သုတတို့ကို အားနာစရာကောင်းနေပြီ။ကူညီချင်
ရင် ဒီအတိုင်း ကူညီလိုက်တာမဟုတ်ဘူး။ခုက..."

သူများမောင်တွေဆိုလျှင် ဘယ်လိုတုံ့ပြန်မလဲမသိ
ပေမယ့် အမရာ၏နိုးထလာခါစ အမြွှာမောင်ငယ်
ကတော့ သူများကြားရင်တရားပေါက်နေပြီဟု
ထင်ချင်စရာကောင်းလိုက်စရာပင်...

"နင် ရှိလို့ ငါအဲ့လိုလုပ်ဖို့ သတ္တိရှိလာတာ"

ကျေးဇူးတင်လွန်းစွာ ဆံပင်စုတ်ဖွားတွေကြား
လက်ထည့်သပ်တင်ပေးရင်း ငယ်ငယ်ကအတိုင်း
ကျေးဇူးတင်ရင် လုပ်နေကျအတိုင်း နှဖူးပြင်
ကိုနောက်တစ်ကြိမ်ထပ်နမ်းတော့

"အမ ထက် ၅မိနစ်ပဲငယ်တာ။ငါးနှစ်ငယ်တာ
မဟုတ်ဘူး။ကလေးလို လာမလုပ်နေနဲ့"

ဟူ၍ ခပ်ဆက်ဆက်ပြောပြီးသောအခါ

"ငါ့မှာ ယုယစရာ ဒီမောင်လေးတစ်ယောက်ပဲရှိ
တာကို..."

ဟူ၍ပြန်ချေပတော့ စကားတတ်သူချင်းတွေ့နေ
တာကိုရိပ်မိသောကြောင့်စကားစတို့ရှောင်ပုန်းပြေးရတော့၏။

"ဒီကိစ္စမယ်မယ်တို့ မသိဘူးမလား?သိရင် နှစ်ယောက်လုံး အသတ်ခံရမှာ..."

"နင့်တော့ မသတ်လောက်ပါဘူးဟာ။ငါ့ပဲ သတ်မှာ"

"သုတ လား ချန်းလား?"

"ဘယ်ပြောမလဲ?ဒါပြောစရာမှ မဟုတ်တာ"

"သုတ ဆိုရင်တော့ မဆိုးပေမယ့် ချန်း ဆိုရင်တော့ နဂျီကောင်ပဲ"

"စမ်းကြည့်ချင်လား?"

"အနား တိုး"

အနည်းငယ်သာမြှောက်လို့ရသေးသော လက်
ချောင်းလေးတွေနဲ့ ဗိုက်ကခပ်ဖွဖွစမ်းရင်း

"ထွားမယ်ပုံပဲ...ငါ့တူက"

"စစ်ငြိမ်းချမ်းပိုင် လို့ပေးမယ်စိတ်ကူးထားတယ်
လှလား?"

"အတိတ်နိမိတ်တော့ကောင်းတယ်။
တစ်ခုပဲနာမည်ဆန်းဆန်းတွေပေးတတ်တဲ့မြန်မာအချစ်ဝတ္ထုတွေဖတ်တာတော့ လျော့စေချင်တယ်"

"နင်နော်...လူကဖြင့် မထူနိုင်သေးဘူး။အကြော
က..."

ခပ်ဖွဖွတိုးလျလျရယ်သည်။အများကြီးလည်း
မရယ်နိုင် အရိုးတွေကနာနေဆဲ...

"သုတကိုတော့ အားနာပြီးရင်း အားနာနေရတော့
မှာပဲ...ငါ recovery exercisesတွေမြန်
မြန်ယူမှ ဖြစ်မယ်။အမ တစ်ယောက်တည်း
တာဝန်တွေထမ်းနေရတာပင်ပန်းနေပြီ"

ဟူ၍ ခပ်ညည်းညည်းပြောသေး၏။

ဆေးရုံခန်းအပြင်ဖက်ကနေ အခန်းထဲငေးကြည့်
နေသော ကောင်လေးသည် ပီတိပြုံးများနှင့်

"Dr ပြောတာမှန်တယ်။လူကြီး ကထင်သလောက်မဆိုးဘူးပဲ"

"အင်း...သူက နန္ဒဦးမော်ပဲလေ။သူ့ကို နားလည်
တယ်လို့ ထင်တဲ့နေ့က မင်းရူးမယ့်နေ့ပဲ...
သူ့ကို ဘယ်သူမှ နားမလည်နိုင်ဘူး။
အမရာဦးမော်ကလွဲလို့ပေါ့..."

Thank You All

Our Ending is closer day by day

အမရာဦးမော် Roleplayပြန်လည်ဖွင့်ခွင့်ပြု
ပါပြီ။Offical confirmဖို့တော့ ထုံးစံအတိုင်းစောင့်ကြည့်ခွင့်ပြုပါလို့ ကြိုတင်
မေတ္တာရပ်ခံပါသည်။

Bạn đang đọc truyện trên: ZingTruyen.Xyz