Epi-46
"သား အသံုးလိုေသးရင္ သံုးလို႔ရေအာင္..."
လက္မွတ္ထိုးၿပီးသား chequeတစ္ရြက္ကိုပါထုတ္ေပးေသာ ေဖေဖ့လက္ကို အျမန္ကာတားရေတာ့၏။
"မယူပါဘူး ေဖေဖ။အခုေတာင္ ေဖေဖ့ကို အားနာ
ေနတာ..."
သေဘာတက်ျပံဳးရယ္ေတာ့ ႐ွက္ရြ႔ံစြာပင္ေခါင္း
ငံု႔ထားမိသည္။အမ်ားသူငွါ အျမင္ထဲ က်ေတာ္ဟာ
ေမြးရက်ိဳးနပ္တဲ့သားႀကီးတစ္ေယာက္အျဖစ္
ေဖေဖ ေရာက္ေလရာဂုဏ္ယူဖြယ္ေျပာဆိုစရာ
ျဖစ္ေအာင္ေနေပးခဲ့ေပမယ့္...
မိဘကိုေခြၽးနဲစာေက်းဇူးျပန္ဆပ္တဲ့ သားသမီးေတြထဲက်ေတာ္မပါခဲ့သည့္အျပင္ ခုခါတြင္...
မိဘ လက္လုပ္လက္ရင္းလုပ္ငန္းတစ္ခုကိုပင္
က်ေတာ္လက္ထဲမွာ အဆံုးသတ္လိုက္ျပီ။
"ေတာင္းပန္ပါတယ္ေဖေဖ။တစ္သက္လံုးေဖေဖ
ဦးစီးလာတာ ဘာမွမျဖစ္ပဲ က်ေတာ့္လက္ထဲအပ္
လိုက္မွ..."
"သားႀကီးရ ပစၥည္းသခၤါရ လူသခၤ ါရပဲကြ။ေနာက္
ျပီး ဒီပြဲရံုနဲ႔ ဒီကုန္ကားေတြအကုန္ ငါ့သားပိုင္တာ
ေတြပဲ။ကားေမာင္းဆရာေတြပြဲရံုကစာေရးႀကီးေတြ
အတြက္လည္း ပူမေနနဲ႕။ေဖေဖ သူတို႔အတြက္
အလုပ္ေတြရွာေပးထားတယ္။ဟုတ္ျပီလား
သားႀကီးလုပ္စရာရွိတာေတြသာ ဆက္လုပ္။ဘာ
လိုလိုေဖေဖ့ကိုေျပာ..."
"က်ေတာ္ဘာအတြက္လုပ္တယ္ဆိုတာေကာ
ေဖေဖ ဘာလို႔မေမးတာလဲ?"
HKတြင္ေအာင္ျမင္ေနေသာရွယ္ယာမ်ားရွင္
မႏၱေလးသားႀကီးေဖေဖသည္ဟက္ဟက္ပက္ပက္
ရယ္ေမာျပီးမွ...
"ဟိုတေလာကေတာင္ ဘာလဲ??ေနပါအံုး
အဲ့ရထားလိုင္း...မမွတ္မိေတာ့ဘူးကြာ။အဲ့ရထား
ေပၚမွာ တရုတ္ေကာင္ေလးႏွစ္ေယာက္
္လက္ထပ္ခြင့္ေတာင္းတယ္ဆိုတာ ဖတ္လိုက္ရ
တယ္။မင္း ႀကီးေမရွိရင္ေတာ့ ခုကိစၥေတြကို
ဝက္ဝက္ကြဲ ေသာင္းက်န္းေနမွာ...ေဖေဖကေတာ့
ေဖ့သားႀကီးကို ဘာမွမေျပာခ်င္ဘူး။အမွန္ေျပာ
ရင္ ေဖေဖသားေလာက္လည္း ပညာမတတ္ဘူး
ေဖ့သားက ေဖ့ထက္ေတာ္တယ္။စဥ္းစားဥာဏ္ရွိတယ္။မိေထြးဆိုးနဲ႔ေနခဲ့ရတာ
ေတာင္လြတ္ေအာင္ေရွာင္ထြက္ခဲ့ႏိုင္တဲ့ ကေလး
တစ္ေယာက္ကို ေဖေဖမယံုစရာကိုမရွိဘူး။
ေနာက္ျပီး သားဒီေကာာင္ေလးကို ခုေတြ႔ခုႀကိဳက္
သာယာခဲ့တာ မဟုတ္ဘူးဆိုတာလည္း ေဖေဖတို႔
သိတယ္။ဒါေပမယ့္ေဖေဖတစ္ခုေျပာမယ္။ခုသားတည္ေထာင္မယ့္ မိသားစုက တန္ဖိုးႀကီး
လြန္းတယ္။ရင္းႏွီးထားတဲ့ တန္ဖိုးနဲ႔ထိုက္တန္
ေအာင္ ထိန္းသိမ္း ႀကားလား သား?""
"ဟုတ္ကဲ့ေဖေဖ"
ေဝ့သီလာတဲ့ မ်က္ရည္စေတြကို ေခါင္းငံု႔ကာခိုး
သုတ္ေနေသာ က်ေတာ့္ပုခံုးကို ခပ္ႀကမ္းႀကမ္း
ပုတ္ရင္း
"ေရွ႔ဆက္ေလွ်ာက္မယ့္လမ္းကို ဘယ္သူ႔ေတြ
ဘယ္လိုအပ်က္သေဘာေျပာေျပာ ကိုယ့္ယံုႀကည္
ခ်က္နဲ႔သာ ဆက္ေလွ်ာက္။မင္း ေနာက္မွာ ေဖေဖ
နဲ႔ ဝသာန္ေလးရွိေသးတယ္။အားမငယ္နဲ႔။
ဒီတစ္ခုကိုမွတ္ထား။သားတစ္ေယာက္တည္းမ
ဟုတ္ဘူး။သား လုပ္ရပ္ေတြမွားတယ္ဆိုျပီး
သားသမီးကိုပစ္ပယ္မယ့္ မိဘထဲ
မင္းအေဖမပါဘူး"
"ေဖေဖ့ကို ကန္ေတာ့ခြင့္ျပဳပါ"
က်ေတာ္ရွီခိုးကန္ေတာ့မွ အားနဲ႔မာန္နဲ႔အားေပး
ခဲ့ေသာ ေဖေဖဆုတစ္သီတစ္တန္းေပးသံေတြ
သည္ တုန္ယင္ေနသေယာင္ေယာင္...
"ေဖေဖေရာက္တုန္း သားတို႔အိမ္လိုက္ခဲ့ပါလား?"
အိမ္ကိုဖိတ္ေတာ့ အေဖငတ္ေနေသာ ဝသာန္
ကမ်က္ႏွာေလးခ်က္ခ်င္းငယ္သြားသည္။သူ႔အိမ္
မွာတည္းေနေသာ အေဖျဖစ္သူကို ေတာင္ေပၚ
မွ က်ေတာ့္အိမ္ေသးေသးေလးကို မလႊတ္ခ်င္
ေနေႀကာင္းသိသာ၏။ဒါကို သိေသာေဖေဖက
သူ႔သမီးငယ္ကို တစ္ခ်က္လွမ္းႀကည့္ျပီး
"မလိုက္ေတာ့ပါဘူးသားႀကီးရာ။ဒီက ကိစၥေတြ
ကိုလည္း ေဖေဖလက္စသတ္သြားခ်င္တယ္"
"ဟုတ္ေဖေဖ"
အငယ္နဲ႔ေကာင္းဆက္စံ၏ ပ်ဴငွာမႈ၊ယုယမႈနဲ႔
တေလးတစားအေလးထားျခင္းတို႔ႀကားေနေပ်ာ္
ေနေသာ ေဖေဖ့ကို က်ေတာ္နဲ႔ ခ်န္းႀကား မ်က္ႏွာ
မပူရေအာင္ ျပင္ဦးလြင္အိမ္ေလးသို႔ေခၚမည့္
ကိစၥကို လက္ေလ်ွာ့လိုက္ရေတာ့သည္။
ဘာပဲေျပာေျပာ ေဖေဖ့ေက်းဇူးေႀကာင့္သံုးလ
ေလာက္သာေစာင့္လိုက္ရျပီး ေရာင္းခ်ခ်င္ေသာ
ကုန္ကားအားလံုးနဲ႔ ပြဲရံုပစၥည္းတစ္ခ်ိဳ႕တစ္ဝက္
ကို ေရာင္းထြက္၍ အမရာတို႔ Hotelလည္း
ျပင္ေရြးႏိုင္ခဲ့ျပီ။
သားေမေမသည္ ထက္ျမတ္လြန္း၍ သား ဆိုလွ်င္
ေရာ?ဆိုသည့္ အေတြးကပင္ အႀကိမ္ႀကိမ္ျပံဳးမိ
ိေစသည္။
ကမၻာပတ္လာသူပီပီအမရာ့ စိတ္ကူးစိတ္သန္း
တို႔သည္ ျမန္မာႏိုင္ငံမွႏွစ္ခ်ိဳ႕စိီးပြါးေရးသမားမ်ား
ႏွင့္ တန္းတူဆိုသည္ထက္ ပို၍ပင္ေျခလွမ္းသြက္
လွ၏။ တစ္သက္လံုး စီးပြါးေရးနဲ႔ပတ္သတ္လွ်င္
ေငြတိုးစနစ္မ်ားပင္္ေရေရရာရာမသိခဲ့ေသာ
က်ေတာ္နဲ႔ နႏၵ ႏွင့္ကြဲျပားပါဘိ။
"သုတေရ..."ဆိုသည့္ အစ္မတစ္ေယာက္၏
ဂရုဏာအျပည့္ပါေသာ ေခၚသံေနာက္တြင္သူ႔
စီးပြါးေရးဆိုင္ရာ စိတ္ကူးစိတ္သန္းတို႔ကို အား
တက္သေရာ ေျပာဆိုတတ္သည္။
"မ, ပထမဆံုး consultantတစ္ေယာက္အရင္
ငွားမွျဖစ္မယ္။မ,တို႔ hotelက HR ငွာနမွာလို
အပ္ခ်က္ေတြေတြ႔ေနတယ္။ဒါေပမယ့္ ကိုယ္က
ပညာပိုင္းဆိုင္ရာေသခ်ာမသိေတာ့ မ, သြားေျပာ
ရင္ လက္ခံမွာ မဟုတ္ဘူး။ဒါေႀကာင့္ ငွားမွကို
ျဖစ္မယ္ကြ သိလား??ဝန္ထမ္းအေရအတြက္ကို
စိတ္မေကာင္းစြာနဲ႔ပဲ ေလ်ွာ့ခ်မွရမယ္။အဲ့ကေန
budgetပိုလွ်ံလာမွ မ, projectေလးတစ္ခု
ဆြဲခ်င္တယ္။Foreginerေတြအတြက္
weekendsတိုင္းမွာ special culture
showတစ္ခု ထည့္ခ်င္တယ္။ပုဂံက hotel
ေတြမွာလိုေပါ့။ေနာက္ျပီး ဘူေဖးsystemကို
ျမန္မာ့ရိုးရာပံုစံနဲ႔ ကုန္က်စရိတ္ေလွ်ာ့ခ်
ႀကည့္မယ္။ဘယ္လိုသေဘာရလဲ??ျမန္မာထမင္းဟင္းကိုကြာ အရသာရွိရွိနဲ႔ သဘာဝ
ဟင္းခတ္အေမႊးနံ႕သာေတြပဲသန္႔သန္႕ရွင္းရွင္း
ခ်က္ျပီးသံုးမယ္။အဲ့မွာဆို
ျမန္မာထမင္းဟင္းခ်က္ျပဳတ္ကြ်မ္းက်င္တဲ့
ျမန္မာအမ်ိဳးသမီးေတြပဲ ေခၚခန္႕ထားမယ္ကြာ။
ဒါဆို ခု မယ္မယ္တို႔ငွားထားတဲ့ ႏိုင္ငံျခားသား
chefေတြထက္လည္း လစာသက္သာမယ္။
ကိုယ့္ ျမန္မာေငြနဲ႔ပဲလစာရွင္းေတာ့ ေဒၚလာေစ်း
တက္က်လည္းစိတ္မပူရေတာ့ဘူး။
အဲ့လိုConceptတစ္ခုထည့္ခ်င္တယ္။သုတမွာ အသိရွိလား?"
"အဲ...အဲ့ဖက္ပိုင္းေတြ က်ေတာ္မသိေပမယ့္
တခ်န္းနဲ႔သိတဲ့ အစ္ကိုတစ္ေယာက္ကေတာ့
အဲ့လိုေတြသိတယ္။သူကိုယ္တိုင္လည္း အမ်ိဳးသမီးျပန္လည္ထူေထာင္ေရးေက်ာင္းေတြမွာ
အဲ့လို ထမင္းဟင္းခ်က္နညး္ေတြ မုန္႕လုပ္နည္း
ေတြသင္ေပးတယ္လို႔ တခ်န္းေျပာတယ္။က်ေတာ္
ခ်ိတ္ေပးမယ္သူနဲ႔ "
"အိုးးဒါဆို အဆင္ေျပတယ္။ဟုတ္တယ္ ဒုကၢၡေရာက္ခဲ့တဲ့ ျမန္မာအမ်ိဳးသမီးေတြကို အလုပ္
အကိုင္အခြင့္အလမ္းဖန္တီးေပးရာလည္းေရာက္
တယ္။အဲ့တစ္ေယာက္နဲ႔ ခ်ိတ္ေပး"
"ဟုတ္ ကိုေနေကာင္းက ခုyangonမွာ တခ်န္း
ဆီမွာေတာ့ သူ႕ ph noေတြရွိတယ္။အမရာ
ေျပာရင္ သူ ဝမ္းသာအားရ လိုက္ကူညီလိမ့္မယ္"
"ဒါဆို okျပီ။ေနာက္ျပီးျပည္တြင္းဘုရားဖူးကား
ေတြနဲ႔လည္းခ်ိတ္ရမယ္။မယ္မယ္တို႔က သူတို႕
hotelကို အဆင့္ျမင့္ဧည့္သည္ေတြအတြက္ပဲ
ရည္စူးထားေတာ့ တစ္ႏွစ္တစ္ႏွစ္ဝင္ေငြက
သိပ္အားရစရာမရွိဘူး။မယ္မယ္ကေတာ့ သေဘာ
မေတြ႔ေပမယ့္ မ, ကေတာ့ ျမန္မာဘုရားဖူး
ဧည့္သည္ေတြအတြက္ သီးသန္႔အေဆာင္တစ္ခု
ေပးမယ္။ဒါဆို ဘုရားဖူးကာလမွာလည္းဝင္ေငြရ
မွာ။ဘုရားဖူးေတြလည္း ေနရာေကာင္းေကာင္းသန္႔သန္႔ေလးမွာတည္း
ျဖစ္မယ္။မယ္မယ္နဲ႔ ဘြားေတာ္ကန္႕ကြက္လည္းမတတ္
ႏိုင္ဘူး။ ငါ့ေမာင္ေလး ႏိုးလာရင္ အားလံုးအဆင္
ေျပေျပနဲ႔ ပံုမွန္လည္ပတ္ေနဖို႔က အေရးႀကီးဆံုး
ပဲ ဟုတ္တယ္မလား သားသား။သား ဦးဦး
ျပန္လာရင္ အားလံုးreadyျဖစ္ေနရမွာေနာ့္"
နည္းနည္းပူေဖာင္းေဖာင္းျဖစ္ေနျပီျဖစ္ေသာဗိုက္
ကေလးကို ပြံတ္ကာ သားကို အေရးတယူစကား
လုပ္ေျပာေနေသာ အမရာ့ကိုသာ ႀကည္ႏူးမႈျဖင့္
ေငးႀကည့္ရသည္။
သားက ကံေကာင္းေစတဲ့ lucky one🍀
ေလးျဖစ္ေနတာလည္း မေျပာနဲ႔ သားကိုယ္တိုင္
ကကို ကံေကာင္းေနတာေလ...
"ႀသ...ဟိုေန႔ကUltrasound photoေလးယူသြား
အံုး။ ခ်န္းကို ျပလို႕ရေအာင္"
ပိုက္ဆံအိတ္ထဲ တယုတယသိမ္းထားေသာ B&W photoေလးကို ႀကည့္ရင္း သားဆိုတဲ့
လူသားသဏၭန္မေပၚေသးပါေသာ္လည္းဒါသည္
ကိုယ္ေတြရင္ေသြးဆိုသည့္အသိကပင္ ျပံဳးမိ
ေစသည္။မ်က္ရည္ပါ ဝဲေစသည္။သားက ရသ
စံုေပးစြမ္းႏိုင္တဲ့ နတ္သားေလးပဲ။
"ဒီလေတြအတြင္း အမရာလည္း ပင္ပန္းေနျပီ
အလုပ္ကတစ္ဖက္ သားကိုေစာင့္ေရွာက္ေနရ
တာေကာ..."
"မပင္ပန္းပါဘူးသုတရယ္။သားက အားေတာင္ျဖစ္ေစေသးတယ္။ဒါေပမယ့္ ေနာက္လေလာက္ဆို သားက
ခုထက္ပိုထြားလာမွာ။အခုေတာင္ ဘြားေတာ္က
မ,ကို ႀကည့္ႀကည့္ေနတာ..."
"ဟုတ္တယ္။ဒီထက္ အပတ္ေတြမ်ားလာရင္
သိသာလာလိမ့္မယ္။"
"မ, ေတြးပူေနတာလည္းအဲ့ဒါပဲ။အလုပ္ေတြ
အတည္တက်ျဖစ္ေအာင္ လုပ္ရမယ္။ဒီထက္ပို
မသိသာခင္။အားလံုးအေျခက်တာန႔ဲ မ,ျပန္ျပီ
ဆိုတဲ့ ပံုစံနဲ႔ တစ္ေနရာရာမွ သားေမြးျပီးတဲ့ထိ
ေနရမယ္"
"ေနမယ္ဆိုလည္းတျခားသြားမေနပါနဲ႔။က်ေတာ္
တို႔အိမ္လာေနပါ"
"မ မျဖစ္ဘူးေနာ္ သုတ။ခ်န္းက..."
"တခ်န္းလက္ခံမွာပါ။ခုလည္း အလုပ္ေတြအရမ္း
မလုပ္ပါနဲ႔။က်ေတာ္လည္း ဝိုင္းကူလုပ္ေပးပါ့
မယ္။ခုေတာင္ က်ေတာ္က စိတ္ပူေနတာ။
ကိုယ္ဝန္ရင့္လာရင္ေတာ့ တေယာက္တည္းမေန
ပါနဲ႔"
"အင္း တစ္မ်ိဳးစီစဥ္ႀကတာေပါ့။ခုေတာ့ ဘြားေတာ္
ေရာ မယ္မယ္ေရာ မရိပ္မိေအာင္ေနေနရတယ္
ေတာ္ေသး သားက မ,ကို ပ်ိဳ႕တာေတြအန္တာ
ေတြ ျဖစ္ေအာင္ သိပ္မလုပ္လို႕။ဘာမစားခ်င္
ဘူး။ဘယ္အနံ႕မခံႏိုင္ဘူးေတြလည္း ဂ်ီမက်လို႔
ေတာ္ေသး။ဘယ္သူနဲ႔ တူတာပါလိမ့္?သုတနဲ႔
လား??ဟုတ္လား သားသား"
ငံု႔ေမးေနတာ သား ကိုေပမယ့္ က်ေတာ္ႀကည္ႏူး
ပီတိနဲ႔ ရွက္စိတ္ေပါင္းကာ ေခါင္းသာငံု႔ထားမိ
ေတာ့သည္။သားသမီးေႀကာင့္ မ်က္ႏွာပြင့္ရတဲ့
ဖခင္တစ္ေယာက္ရဲ႕ ႀကည္ႏူးမႈက ဒီလိုေလးပါလား??
-
-
-
ႀကည္ႏူးမႈတေပြ႔တပိုက္နဲ႔ အိမ္ျပန္လမ္းက တမ္ေတြေပၚကေန ေလွ်ာက္နင္းျပန္ရသလိုပဲ
သားအေႀကာင္း တခ်န္းကို ႀကြားရအံုးမည္။ခုဆို
ခ်န္းက သူတို႔company၏ ျပင္ဦးလြင္ရံုးမွာ
HODျဖစ္ေနေလေတာ့ ေန႔တိုင္းရံုးတက္ရံုးဆင္း
ေနရသည္။ခုဆို ျပင္ဦးသားတစ္ပိုင္းလိုျဖစ္ေန
ေတာ့ ဆိုင္ကယ္လ္လည္း သူ႕ဘာသာသူစီးတတ္
ေနျပီ။ဆိုင္ကယ္လ္စီးသင္ေပးရသည့္အခ်ိန္ေတြ
ကို ျပန္ေတြးရင္း ျပံဳးမိပါေသး၏။
သူတို႔သားအဖေတြက က်ေတာ့္ရဲ႕ ျပံဳးပီတိေဆးေတြပဲ။
ျခံထဲရပ္ထားေသာဆိုင္ကယ္လ္ကိုျမင္ေတာ့
ကိုယ့္ဆိုင္ကယ္ေတာင္ေသခ်ာ Parkingမထိူး
ႏိုင္။အိမ္ထဲေျပးဝင္မိသည္။အိမ္မႀကီးတံခါးလာ
ဖြင့္ေသာ ခ်န္းနဲ႔ အတူ ဟင္းနံ႕ေမႊးေမႊးတို႔က
လည္း အတူဆီးႀကိဳသည္။
"ေရာက္ေနတာ ႀကာျပီလား?"
"မႀကာေသးဘူး။မင္းေရာ ဒီေန႔ အေဖနဲ႔သြားေတြ႔တာ အဆင္ေျပရဲ႕လား?""
"ေျပတယ္။"
က်ေတာ့္စကားႀကားမွ စိတ္ေအးသြားဟန္ျဖင့္
ေရွ႔မွ ဦးေဆာင္ထြက္သြားေသာ ခ်န္းလက္ကို
အျမန္ဖမ္းဆြဲရသည္။
"တခ်န္း ခဏ။လာ ငါျပစရာရွိတယ္"
ထိုင္ခံုေပၚေသခ်ာထိုင္ေစျပီးမွ တစ္မနက္ခင္းလံုး
ထုတ္ႀကည့္လိုက္ ျပံဳးလိုက္လုပ္ေနေစေသာ
တရားခံေလးပံုကို ထုတ္ျပေတာ့...
ခ်န္းသည္လည္း မ်က္မွန္ေအာက္မွ မ်က္လံုးဝိုင္း
ဝိုင္းတို႔သည္ လွပစြာ ဝိုင္းစက္သြားသည္
"ဘယ္မွာလဲ ငါတို႔သား?"
ေျပာင္းျပန္ႀကီးလွန္ႀကည့္ေနေသာ engineer
အားက်ေတာ္မရယ္ျဖစ္။photoကိုအတည့္ျပန္
ေထာင္ေပးကာ သားကို လက္ညွိဳးထိုးျပရသည္။
မ်က္မွန္နားထိ တိုးကပ္ႀကည့္ေန၍ ဘာေျပာမလဲ
ဟူေသာ အေတြးနဲ႔ က်ေတာ္အသက္ပင္ရဲရဲမရႈ
ရဲ။
"သားက ေတာ္ေတာ္ထြားလာတာပဲ"
ဟူေသာေလးေလးနက္နက္နဲ႔ တစ္ခြန္းခ်င္းေျပာ
ေနေသာ သူ႕စကားေႀကာင့္ သေဘာတက်
ရယ္ရျပန္သည္။
"သားေမေမေကာ အဆင္ေျပရဲ႕လား?"
"အင္း..."
"လရင့္လာရင္ ေနရထိုင္ရအဆင္ေျပမွာမဟုတ္
ဘူး။သားက ျငိမ္ျငိမ္မေနရင္ ပိုဆိုးလိမ့္အံုးမယ္။
အားနာစရာပဲ"
"ငါတို႔ေခၚထားရင္ေရာ?"
"ဘာကို?"
နာမလည္သလို ျပန္ေမာ့ေမးေသာ ခ်န္းကိုမရဲ
တရဲ ရင္ဆိုင္ရင္း ေမးႀကည့္ရေတာ့သည္။ဘာပဲ
ေျပာေျပာ ခ်န္း လည္း သားကို ဝမ္းနဲ႔လြယ္ေပး
ထားတဲ့ မိခင္ေလာင္းကို စာနာမိမွာပဲေလ။
နဂိုတည္းက ခ်န္းက သူတစ္ပါးကို ဂရုမစိုက္သလို
ေနတတ္ေပမယ့္္ အမွန္ဆို တစ္ေယာက္တည္း
ေတြးပူေနတတ္သူမလား?
"ျမဴ ကိုယ္ဝန္ရင့္လာရင္ ငါတို႔
ေခၚေစာင့္ေရွာက္ေပးထားမယ္ဆိုရင္ေကာ?
တခ်န္းမင္းေကာဘယ္လိုသေဘာရလဲ? "
"ခု သူက တစ္ေယာက္တည္းေနေနတာလား?"
စိုးရိမ္မႈမ်ားပါေနေသာ မ်က္ဝန္းေတြ။သားရွိေန
လို႔ထက္ မိန္းမပ်ိဳေလးတစ္ေယာက္ကို စိုးရိမ္
ေပးေနေသာ ဟန္ေတြ။
စိတ္သေဘာထားျပည့္ဝ
ေသာေယာက်ာ္းတစ္ေယာက္ကို က်ေတာ္ပိုင္
ဆိုင္ခြင့္ေပးခဲ့တဲ့ကံႀကမၼာကိုေက်းဇူးတင္လို႔မဆံုးဘူး
"အင္း"
"သူေနခ်င္တယ္ဆိုရင္ေတာ့ ေခၚထားလိုက္ပါ
ပိုင္။ငါတို႔နဲ႔ ေနရင္ေတာ့...နည္းနည္းတမ်ိဳးျဖစ္
ေနေပမယ့္...မနက္ဆို ငါတို႔လည္း အလုပ္သြား
ေနေတာ့ သူ႔အတြက္လြတ္လပ္မွာပါ။ညေရးညတာတစ္ခုခုျဖစ္ရင္လည္း မင္းရွိေန
ေတာ့ ေတာ္ေသးတာေပါ့"
"ေက်းဇူးတင္လိုက္တာ တခ်န္းရာ"
ထိုင္ခံုေပၚထိုင္ေနေသာ သူ႔ေအာက္ဒူးေထာက္ကာ
လက္ဖမိုးတို႔အား ငံု႔ကာနမ္းမိေတာ့...
ျငိမ္သက္စြာ...
စကားေတြေျပာေနရင္လည္း အသည္းတယားယားနဲ႔ ခ်စ္စိတ္္တို႔တိုးေစသလို
ခုလိုျငိမ္သက္ေနရင္လည္း ေအးခ်မ္းမႈနဲ႔ရင္ေအး
ေစသည္။
ေယာက်္ားဆန္စြာစိတ္သေဘာထားျပည့္ဝသူ
အတြက္လည္း ဂုဏ္ယူရေစေသးသည္။
တျခားလူေတြအတြက္ေတာ့ မသိဘူး။
က်ေတာ့္အတြက္ တခ်န္းက ျပည့္စံုလြန္းတယ္။
>>>>>EX...pect<<<<<
စာႀကည့္ခန္းထဲက က်ေတ္ာ့ project စာရြက္
လိပ္ေတြ။ငပိုင့္ ေဆးစာအုပ္ႀကီးေတြကို ရွင္းလင္း
ျပီး တစ္ေယာက္အိပ္ကုတင္ေလးတစ္လံုးထည့္
ေပး။မွန္တင္ခံုအေသးေလးတစ္လံုးကိုယ္တိုင္
ရိုက္ထားေပးကာ ပန္းႏုေရာင္လိုက္ကာတပ္လိုက္
သည္ႏွင့္ မိန္းမပ်ိဳတစ္ေယာက္အတြက္ေနခ်င္
စဖြယ္ အခန္းအျဖစ္သို႔ေရာက္သြားသည္။
သားကိုလြယ္ထားျပီး ၁၆ပတ္ အႀကာ ျမဴ႕ကို
အိမ္ေခၚထားဖို႔ အတည္ျပဳလိုက္ႀကေတာ့သည္။
ထိုင္းမွာေနာက္ဆံုးေတြ႔ခဲ့တည္းက ခုထိျမဴ နဲ႔
မေတြ႔ျဖစ္ေသး။မ်က္ႏွာပူတာလည္းပါမည္။
ေနာက္ျပီး ပိုင္ ကိုယ္တိုင္ကလည္း က်ေတာ္ဝင္
ပါစရာမလိုေအာင္ သူပဲ သားေမေမကိစၥေတြကို
လိုက္လုပ္ေပးေနေတာ့ က်ေတာ္က သတင္းေမး
ရံုေလာက္သာ။
တစ္မနက္လံုးထိုင္လိုက္ထလိုက္နဲ႔ ႏွစ္ေယာက္
သားေမ်ွာ္တလင့္လင့္ျဖစ္ေနရေသာ သား
ေမေမသည္ ညေနေစာင္းတိမ္ေတာက္ခ်ိန္တြင္
ေရာက္ရွိလာခဲ့ျပီ။
ညေနခင္းအခ်ိန္အခါမွာပင္ သနပ္ခါးေတြေျခ
ဆံုးေခါင္းဆံုးဖံုေနေအာင္လိမ္းထားေသာ ျမဴ႔ကို
အံ့ႀသမိသည္။
Shirt ႏြမ္းႏြမ္းတစ္ထည္နဲ႔ေပမယ့္ ပံုစံကႏြမ္းမေန။ပါးျပင္ေပၚ ကြက္ထားေသာသနပ္
ခါးထူထူေတြေႀကာင့္ ထိုင္းမွာေတြ႔ခဲ့ေသာ မ်က္ႏွာ
တစ္ပိုင္းတစပင္ ျပန္စဥ္းစားမရေတာ့
"ဒါ ျမဴ႕အခန္း။က်ေတာ္ကေတာ့ မသိဘူး။တခ်န္း
ကိုယ္တိုင္ ျပင္ေပးထားတာ"
ပိုင္ ကေတာ့ ရင္းႏွီးျပီးသားမို႕ ေရွ႕ကဦးေဆာင္
ေနေပမယ့္ ေက်းဇူးတင္အျပံဳးမ်ားနဲ႔ လွည့္ျပံဳးျပ
ေသာ ျမဴ႕အားဘယ္လိုျပန္ျပံဳးျပရမွန္းမသိ။
ျမဴေရာက္လာေပမယ့္ ထူးထူးဆန္းဆန္းအေနက်ံဳ
မေန။ျမဴ သည္လည္းေနတတ္တာပါသည္။
မနက္ က်ေတာ္တို႔အလုပ္ အသီးသီးသြားခ်ိန္
သူသည္လည္း အိမ္မွာက်န္ေနရစ္ခဲ့သည္။
က်ေတာ္တို႔ ညမိုးခ်ဳပ္ေနာက္က်တတ္ႀကရင္လည္း
ျပန္ေရာက္ခ်ိန္တိုင္း ဘယ္သူအရင္ေရာက္ေရာက္
ျမဴ ဒီေန ေနရတာ ဘယ္လိုေနလဲဆိုတာေမးျဖစ္
ႀကသည္။ပိုင္က နားလည္သူဆိုေတာ့ အခ်ိန္ယူ
ေမးျမန္းႏိုင္သည္။
တစ္ခုပဲ က်ေတာ္နဲ႔ ပိုင္သုတ အရင္လို ေျပာခ်င္
တာေျပာ မေနျဖစ္ႀကေတာ့တာ။
အေနအထိုင္ေကာ အေျပာအဆိုပါ မ်ားစြာဆင္
ျခင္ႀကရသည္။
ရိုးသားစြာဝန္ခံရလွ်င္ ပိုင္ နဲ႔
တခန္းတည္းတူတူအိပ္ေနျခင္းကိုပင္ အနည္းငယ္မ်က္ႏွာပူစရာလို႔ေတြးဆမိေနတတ္၏
အမွန္ေျပာရင္ ပိုင္ဆိုသည္မွာ
လည္း Night Duty မက်ပါက ျမဴ႕ကိုသာ
ေမးျမန္းျခင္း လမ္းေလွ်ာက္ေလ့က်င့္ခန္းလုပ္ရန္
တိုက္တြန္းျခင္းေတြ ညႊန္ႀကားေနတတ္သည္။
ေဆးတိုက္ဖို႔ကလည္း သူတာဝန္ယူထားသည္။
Duty က်သည့္ေန႔ေတြဆိုလည္း အဆင္သင့္
လုပ္ေပးခဲ့၍ က်ေတာ္ကသတိေပးရံု။
ျမဴနဲ႔ က်ေတာ့္ဆက္ဆံေရးက ထိုသို႔အဆင့္ေလာက္သာ။ျမဴေရာက္ေနတာ
တစ္လနီးပါးရွိတာေတာင္ ခုထိ အသားမက်ေသး
တာလားပဲ။ျမဴ သန္႔သန္႔ရွင္းရွင္းေနတတ္တာကို
ေတာ့ သေဘာက်သည္။မိုးလင္းတည္းကေဖြး
ေနေသာ သနပ္ခါးတို႔သည္ ညထိတိုင္ေအာင္
လည္း ေမႊးေနဆဲ။
သားကပဲ သနပ္ခါးႀကိဳက္လြန္းတာလား??ႀကိဳက္
ရင္လည္း က်ေတာ္ငယ္ငယ္တုန္းက မား ေက်ာင္း
ကိုလိမ္းေပးလိုက္သလို မ်က္ႏွာေပ်ာက္ေလာက္
ေအာင္ထိ ထူပိန္းေနေအာင္ မလိမ္းပါက အဆင္
ေျပမည္ထင္သည္။
ဒါကလည္း သားစိတ္ဆို က်ေတာ္ေျပာမႏိုင္ေတာ့
စေနေန႔...
ငပိုင္ေဆးရံုသြားေနခ်ိန္ က်ေတာ္က အခန္း
ေအာင္းကာ Etabထဲ ေခါင္းႏွစ္ထားရစဥ္
ေရွ႔အခန္းမွ ဖုန္းringtoneျမည္သံသဲ့သဲ့ႀကား
ရသည္။အစက ဘာရယ္မဟုတ္ ေနေနေပမယ့္
တံခါးကို တေလာတႀကီးဖြင့္သံ ေျပးထြက္သံေတြ
ေႀကာင့္ က်ေတာ္သည္လည္းစိုးထိတ္စြာ အျပင္
ထြက္ရေတာ့သည္။
တုန္ယင္ေနေသာ လက္ေတြနဲ႔ အိမ္ေရွ႔သံပန္တခါး
ေသာ့ကို ဖြင့္ေနေသာ ျမဴ႔ ကိုေတြ႔လိုက္ရေတာ့၏
"ျမဴ ဘာ ဘာျဖစ္လို႔လဲ?"
ေသာ့ဖြင့္ေနရင္းမွ က်ေတာ့္ကို ျပန့္ႀကည့္
့္ေသာမ်က္ဝန္းႏွစ္ခုလံုးမွ ေတြေတြစီးက်ေနေသာ
မ်က္ရည္လံုးတို႔သည္ ပါးမွ သနပ္ခါးကမ္းပါးထူ
ထူးကို ေဒါင္လိုက္တိုက္စားေနသည္။
"ျမဴ ဘာျဖစ္လို႕ ငိုေနတာလဲ?ဘာျဖစ္လို႔လဲ
ဗိုက္ ဗိုက္က နာလို႔လား?"
ျပဴးက်ယ္ဝိုင္းစက္ေနေသာ မ်က္ဝန္းတို႔ျဖင့္ေမာ့
ကာႀကည့္ရင္း ႏႈတ္ခမ္းသားတို႕တဆက္ဆက္
တုန္ယင္ေနသည္။
ေျပာခ်င္ေပမယ့္ ေျပာလို႔မရသည့္ဟန္မို႔ ပိုကာ
စိုးရိမ္လာသည္။
"ျမဴ ေမးေနတယ္ေလ။ဘာျဖစ္လို႔လဲ?"
က်ေတာ္ေမးတာကို မေျဖပဲ လက္ထဲမွ ဖုန္းကို
တဆက္ဆက္တုန္ယင္ေနေသာ လက္ေတြနဲ႔
နံပါတ္တစ္ခ်ိဳ႕၏အစကိုႏွိပ္ျပီးသည္ႏွင့္ ေပၚလာ
ေသာcontactက သုတ ဟူေသာနာမည္...
က်ေတာ္ရွိေနလ်က္နဲ႔ ဘာလို႔ ငပိုင့္ကိုမွ ဖုန္းေခၚ
ေနရတာလဲ?နည္းနည္းစိတ္တိုခ်င္လာသည္
"ျမဴ က်ေတာ္ရွိတယ္ေလ...ခု ဘာျဖစ္ေနလဲ
ေျပာေလ"
လက္ေမာင္းႏွစ္ဖက္ကို ကုိင္လႈပ္ေမးမိသည္ရွိ
ေသး ကိုယ္ဝန္ေဆာင္ထားရေသာ အပ်ိဳစင္ေလး
၏ ခႏၶာကိုယ္သည္ ေပ်ာ့ေခြက်ေတာ့၏
ေဆာက္တည္ရာမဲ့သည္ဆိုျခင္းကို က်ေတာ္သိ
ခြင့္ရလိုက္၏။
ေခၚလိုက္စ ငပိုင့္ဖုန္းကို အားကိုးတႀကီးေကာက္
ကိုင္ရင္း...
"ပိုင္...ဒီမွ ျမဴေမ့လဲသြားတယ္"
"ဘာ!"
"ေအး အခု ငါ ငါ ဘာလုပ္ရမွန္းမသိလို႔။ဖုန္းcall
ဝင္ျပီးမႀကာဘူး ေျပးထြက္လို႔ ငါ ငါေမးမိလိုက္တာ
အဲ့ဒါ..."
"စိတ္ေအးေအးထားတခ်န္း။သူနည္းနည္းစိတ္လႈပ္ရွားသြားတာ။ထိုင္ခံုေပၚေရႊ႔ထား ျပီးရင္ မ်က္ႏွာကိုေရ
ပက္ဝတ္ေအးေအးနဲ႔သစ္ေပးလိုက္။ေဆးရံုကား
လႊတ္ေပးမယ္"
"အင္း အင္း"
ငပိုင္ေျပာေနတာေတြေတာင္ လုပ္စရာမလို
ခဏတြင္းပင္ မ်က္လံုးမ်ားျပန္ပြင့္လာသည္။
ဘာေတြကမ်ားဒီေလာက္ စိတ္ေဆာင္ေနရပါသ
လဲ??
"ျမဴ သက္သာလား?ဘယ္လိုေနေသးလဲ?
ပိုင္ ဒီမွာ သတိရလာျပီ"
"ဒါဆို စိတ္ေအးေအးထားဖို႔ေျပာ။အမရာက်ေတာ္
ေျပာေနတာႀကားလား?စိတ္ေအးေအးထား
ခု ဘာမွစိုးရိမ္စရာမရွိဘူး။နႏၵနားမွာ အကုန္ရွိေန
ႀကျပီ။သူလည္း ခုေကာင္းေကာင္းသတိလည္
လာျပီ။သိလား ခု ခဏ clam down ok?"
speakerမွတစ္ဆင့္ ဝမ္းသာအယ္လဲ အေလာ
တႀကီး ေျပာေနေသာ ပိုင့္အသံ။
အမရာ လို႔ေခၚလိုက္တာ...ျပီးေတာ့
ငါးလေက်ာ္ကိုမာဝင္ေနရမွသတိရလာ
ျပီျဖစ္ေသာ နႏၵဦးေမာ္၏ ဝမ္းသာစရာသတင္း
ဒါဆို...ခုက က်ေတာ္တို႔ သားရဲ႕ ေမေမက
"အမရာဦးေမာ္..."
အားနည္းေနဟန္ရွိေသာ မ်က္လံုးမ်ားႏွင့္ေတာင္း
ပန္ဟန္အႀကည့္ေတြႏွင့္ ေဘာင္ဘင္ခတ္ေနေသာ
က်ေတာ့္စိတ္အစဥ္ကို ေဘာင္ခတ္အနားသတ္
ေပးဖို႔ ႀကိဳးစားေနေလသလား??
Thank You All
Welcome back Dr.နႏၵဦးေမာ္🍀🌹
(Unicode)
/
/
/
"သား အသုံးလိုသေးရင် သုံးလို့ရအောင်..."
လက်မှတ်ထိုးပြီးသား chequeတစ်ရွက်ကိုပါထုတ်ပေးသော ဖေဖေ့လက်ကို အမြန်ကာတားရတော့၏။
"မယူပါဘူး ဖေဖေ။အခုတောင် ဖေဖေ့ကို အားနာ
နေတာ..."
သဘောတကျပြုံးရယ်တော့ ရှက်ရွံ့စွာပင်ခေါင်း
ငုံ့ထားမိသည်။အများသူငှါ အမြင်ထဲ ကျတော်ဟာ
မွေးရကျိုးနပ်တဲ့သားကြီးတစ်ယောက်အဖြစ်
ဖေဖေ ရောက်လေရာဂုဏ်ယူဖွယ်ပြောဆိုစရာ
ဖြစ်အောင်နေပေးခဲ့ပေမယ့်...
မိဘကိုချွေးနဲစာကျေးဇူးပြန်ဆပ်တဲ့ သားသမီးတွေထဲကျတော်မပါခဲ့သည့်အပြင် ခုခါတွင်...
မိဘ လက်လုပ်လက်ရင်းလုပ်ငန်းတစ်ခုကိုပင်
ကျတော်လက်ထဲမှာ အဆုံးသတ်လိုက်ပြီ။
"တောင်းပန်ပါတယ်ဖေဖေ။တစ်သက်လုံးဖေဖေ
ဦးစီးလာတာ ဘာမှမဖြစ်ပဲ ကျတော့်လက်ထဲအပ်
လိုက်မှ..."
"သားကြီးရ ပစ္စည်းသင်္ခါရ လူသင်္ခ ါရပဲကွ။နောက်
ပြီး ဒီပွဲရုံနဲ့ ဒီကုန်ကားတွေအကုန် ငါ့သားပိုင်တာ
တွေပဲ။ကားမောင်းဆရာတွေပွဲရုံကစာရေးကြီးတွေ
အတွက်လည်း ပူမနေနဲ့။ဖေဖေ သူတို့အတွက်
အလုပ်တွေရှာပေးထားတယ်။ဟုတ်ပြီလား
သားကြီးလုပ်စရာရှိတာတွေသာ ဆက်လုပ်။ဘာ
လိုလိုဖေဖေ့ကိုပြော..."
"ကျတော်ဘာအတွက်လုပ်တယ်ဆိုတာကော
ဖေဖေ ဘာလို့မမေးတာလဲ?"
HKတွင်အောင်မြင်နေသောရှယ်ယာများရှင်
မန္တလေးသားကြီးဖေဖေသည်ဟက်ဟက်ပက်ပက်
ရယ်မောပြီးမှ...
"ဟိုတလောကတောင် ဘာလဲ??နေပါအုံး
အဲ့ရထားလိုင်း...မမှတ်မိတော့ဘူးကွာ။အဲ့ရထား
ပေါ်မှာ တရုတ်ကောင်လေးနှစ်ယောက်
်လက်ထပ်ခွင့်တောင်းတယ်ဆိုတာ ဖတ်လိုက်ရ
တယ်။မင်း ကြီးမေရှိရင်တော့ ခုကိစ္စတွေကို
ဝက်ဝက်ကွဲ သောင်းကျန်းနေမှာ...ဖေဖေကတော့
ဖေ့သားကြီးကို ဘာမှမပြောချင်ဘူး။အမှန်ပြော
ရင် ဖေဖေသားလောက်လည်း ပညာမတတ်ဘူး
ဖေ့သားက ဖေ့ထက်တော်တယ်။စဉ်းစားဉာဏ်ရှိတယ်။မိထွေးဆိုးနဲ့နေခဲ့ရတာ
တောင်လွတ်အောင်ရှောင်ထွက်ခဲ့နိုင်တဲ့ ကလေး
တစ်ယောက်ကို ဖေဖေမယုံစရာကိုမရှိဘူး။
နောက်ပြီး သားဒီကောာင်လေးကို ခုတွေ့ခုကြိုက်
သာယာခဲ့တာ မဟုတ်ဘူးဆိုတာလည်း ဖေဖေတို့
သိတယ်။ဒါပေမယ့်ဖေဖေတစ်ခုပြောမယ်။ခုသားတည်ထောင်မယ့် မိသားစုက တန်ဖိုးကြီး
လွန်းတယ်။ရင်းနှီးထားတဲ့ တန်ဖိုးနဲ့ထိုက်တန်
အောင် ထိန်းသိမ်း ကြားလား သား?""
"ဟုတ်ကဲ့ဖေဖေ"
ဝေ့သီလာတဲ့ မျက်ရည်စတွေကို ခေါင်းငုံ့ကာခိုး
သုတ်နေသော ကျတော့်ပုခုံးကို ခပ်ကြမ်းကြမ်း
ပုတ်ရင်း
"ရှေ့ဆက်လျှောက်မယ့်လမ်းကို ဘယ်သူ့တွေ
ဘယ်လိုအပျက်သဘောပြောပြော ကိုယ့်ယုံကြည်
ချက်နဲ့သာ ဆက်လျှောက်။မင်း နောက်မှာ ဖေဖေ
နဲ့ ဝသာန်လေးရှိသေးတယ်။အားမငယ်နဲ့။
ဒီတစ်ခုကိုမှတ်ထား။သားတစ်ယောက်တည်းမ
ဟုတ်ဘူး။သား လုပ်ရပ်တွေမှားတယ်ဆိုပြီး
သားသမီးကိုပစ်ပယ်မယ့် မိဘထဲ
မင်းအဖေမပါဘူး"
"ဖေဖေ့ကို ကန်တော့ခွင့်ပြုပါ"
ကျတော်ရှီခိုးကန်တော့မှ အားနဲ့မာန်နဲ့အားပေး
ခဲ့သော ဖေဖေဆုတစ်သီတစ်တန်းပေးသံတွေ
သည် တုန်ယင်နေသယောင်ယောင်...
"ဖေဖေရောက်တုန်း သားတို့အိမ်လိုက်ခဲ့ပါလား?"
အိမ်ကိုဖိတ်တော့ အဖေငတ်နေသော ဝသာန်
ကမျက်နှာလေးချက်ချင်းငယ်သွားသည်။သူ့အိမ်
မှာတည်းနေသော အဖေဖြစ်သူကို တောင်ပေါ်
မှ ကျတော့်အိမ်သေးသေးလေးကို မလွှတ်ချင်
နေကြောင်းသိသာ၏။ဒါကို သိသောဖေဖေက
သူ့သမီးငယ်ကို တစ်ချက်လှမ်းကြည့်ပြီး
"မလိုက်တော့ပါဘူးသားကြီးရာ။ဒီက ကိစ္စတွေ
ကိုလည်း ဖေဖေလက်စသတ်သွားချင်တယ်"
"ဟုတ်ဖေဖေ"
အငယ်နဲ့ကောင်းဆက်စံ၏ ပျူငှာမှု၊ယုယမှုနဲ့
တလေးတစားအလေးထားခြင်းတို့ကြားနေပျော်
နေသော ဖေဖေ့ကို ကျတော်နဲ့ ချန်းကြား မျက်နှာ
မပူရအောင် ပြင်ဦးလွင်အိမ်လေးသို့ခေါ်မည့်
ကိစ္စကို လက်လျှော့လိုက်ရတော့သည်။
ဘာပဲပြောပြော ဖေဖေ့ကျေးဇူးကြောင့်သုံးလ
လောက်သာစောင့်လိုက်ရပြီး ရောင်းချချင်သော
ကုန်ကားအားလုံးနဲ့ ပွဲရုံပစ္စည်းတစ်ချို့တစ်ဝက်
ကို ရောင်းထွက်၍ အမရာတို့ Hotelလည်း
ပြင်ရွေးနိုင်ခဲ့ပြီ။
သားမေမေသည် ထက်မြတ်လွန်း၍ သား ဆိုလျှင်
ရော?ဆိုသည့် အတွေးကပင် အကြိမ်ကြိမ်ပြုံးမိ
ိစေသည်။
ကမ္ဘာပတ်လာသူပီပီအမရာ့ စိတ်ကူးစိတ်သန်း
တို့သည် မြန်မာနိုင်ငံမှနှစ်ချို့စီးပွါးရေးသမားများ
နှင့် တန်းတူဆိုသည်ထက် ပို၍ပင်ခြေလှမ်းသွက်
လှ၏။ တစ်သက်လုံး စီးပွါးရေးနဲ့ပတ်သတ်လျှင်
ငွေတိုးစနစ်များပင်ရေရေရာရာမသိခဲ့သော
ကျတော်နဲ့ နန္ဒ နှင့်ကွဲပြားပါဘိ။
"သုတရေ..."ဆိုသည့် အစ်မတစ်ယောက်၏
ဂရုဏာအပြည့်ပါသော ခေါ်သံနောက်တွင်သူ့
စီးပွါးရေးဆိုင်ရာ စိတ်ကူးစိတ်သန်းတို့ကို အား
တက်သရော ပြောဆိုတတ်သည်။
"မ, ပထမဆုံး consultantတစ်ယောက်အရင်
ငှားမှဖြစ်မယ်။မ,တို့ hotelက HR ငှာနမှာလို
အပ်ချက်တွေတွေ့နေတယ်။ဒါပေမယ့် ကိုယ်က
ပညာပိုင်းဆိုင်ရာသေချာမသိတော့ မ, သွားပြော
ရင် လက်ခံမှာ မဟုတ်ဘူး။ဒါကြောင့် ငှားမှကို
ဖြစ်မယ်ကွ သိလား??ဝန်ထမ်းအရေအတွက်ကို
စိတ်မကောင်းစွာနဲ့ပဲ လျှော့ချမှရမယ်။အဲ့ကနေ
budgetပိုလျှံလာမှ မ, projectလေးတစ်ခု
ဆွဲချင်တယ်။Foreginerတွေအတွက်
weekendsတိုင်းမှာ special culture
showတစ်ခု ထည့်ချင်တယ်။ပုဂံက hotel
တွေမှာလိုပေါ့။နောက်ပြီး ဘူဖေးsystemကို
မြန်မာ့ရိုးရာပုံစံနဲ့ ကုန်ကျစရိတ်လျှော့ချ
ကြည့်မယ်။ဘယ်လိုသဘောရလဲ??မြန်မာထမင်းဟင်းကိုကွာ အရသာရှိရှိနဲ့ သဘာဝ
ဟင်းခတ်အမွှေးနံ့သာတွေပဲသန့်သန့်ရှင်းရှင်း
ချက်ပြီးသုံးမယ်။အဲ့မှာဆို
မြန်မာထမင်းဟင်းချက်ပြုတ်ကျွမ်းကျင်တဲ့
မြန်မာအမျိုးသမီးတွေပဲ ခေါ်ခန့်ထားမယ်ကွာ။
ဒါဆို ခု မယ်မယ်တို့ငှားထားတဲ့ နိုင်ငံခြားသား
chefတွေထက်လည်း လစာသက်သာမယ်။
ကိုယ့် မြန်မာငွေနဲ့ပဲလစာရှင်းတော့ ဒေါ်လာဈေး
တက်ကျလည်းစိတ်မပူရတော့ဘူး။
အဲ့လိုConceptတစ်ခုထည့်ချင်တယ်။သုတမှာ အသိရှိလား?"
"အဲ...အဲ့ဖက်ပိုင်းတွေ ကျတော်မသိပေမယ့်
တချန်းနဲ့သိတဲ့ အစ်ကိုတစ်ယောက်ကတော့
အဲ့လိုတွေသိတယ်။သူကိုယ်တိုင်လည်း အမျိုးသမီးပြန်လည်ထူထောင်ရေးကျောင်းတွေမှာ
အဲ့လို ထမင်းဟင်းချက်နည်းတွေ မုန့်လုပ်နည်း
တွေသင်ပေးတယ်လို့ တချန်းပြောတယ်။ကျတော်
ချိတ်ပေးမယ်သူနဲ့ "
"အိုးးဒါဆို အဆင်ပြေတယ်။ဟုတ်တယ် ဒုက္ဂ္ခရောက်ခဲ့တဲ့ မြန်မာအမျိုးသမီးတွေကို အလုပ်
အကိုင်အခွင့်အလမ်းဖန်တီးပေးရာလည်းရောက်
တယ်။အဲ့တစ်ယောက်နဲ့ ချိတ်ပေး"
"ဟုတ် ကိုနေကောင်းက ခုyangonမှာ တချန်း
ဆီမှာတော့ သူ့ ph noတွေရှိတယ်။အမရာ
ပြောရင် သူ ဝမ်းသာအားရ လိုက်ကူညီလိမ့်မယ်"
"ဒါဆို okပြီ။နောက်ပြီးပြည်တွင်းဘုရားဖူးကား
တွေနဲ့လည်းချိတ်ရမယ်။မယ်မယ်တို့က သူတို့
hotelကို အဆင့်မြင့်ဧည့်သည်တွေအတွက်ပဲ
ရည်စူးထားတော့ တစ်နှစ်တစ်နှစ်ဝင်ငွေက
သိပ်အားရစရာမရှိဘူး။မယ်မယ်ကတော့ သဘော
မတွေ့ပေမယ့် မ, ကတော့ မြန်မာဘုရားဖူး
ဧည့်သည်တွေအတွက် သီးသန့်အဆောင်တစ်ခု
ပေးမယ်။ဒါဆို ဘုရားဖူးကာလမှာလည်းဝင်ငွေရ
မှာ။ဘုရားဖူးတွေလည်း နေရာကောင်းကောင်းသန့်သန့်လေးမှာတည်း
ဖြစ်မယ်။မယ်မယ်နဲ့ ဘွားတော်ကန့်ကွက်လည်းမတတ်
နိုင်ဘူး။ ငါ့မောင်လေး နိုးလာရင် အားလုံးအဆင်
ပြေပြေနဲ့ ပုံမှန်လည်ပတ်နေဖို့က အရေးကြီးဆုံး
ပဲ ဟုတ်တယ်မလား သားသား။သား ဦးဦး
ပြန်လာရင် အားလုံးreadyဖြစ်နေရမှာနော့်"
နည်းနည်းပူဖောင်းဖောင်းဖြစ်နေပြီဖြစ်သောဗိုက်
ကလေးကို ပွံတ်ကာ သားကို အရေးတယူစကား
လုပ်ပြောနေသော အမရာ့ကိုသာ ကြည်နူးမှုဖြင့်
ငေးကြည့်ရသည်။
သားက ကံကောင်းစေတဲ့ lucky one🍀
လေးဖြစ်နေတာလည်း မပြောနဲ့ သားကိုယ်တိုင်
ကကို ကံကောင်းနေတာလေ...
"သြ...ဟိုနေ့ကUltrasound photoလေးယူသွား
အုံး။ ချန်းကို ပြလို့ရအောင်"
ပိုက်ဆံအိတ်ထဲ တယုတယသိမ်းထားသော B&W photoလေးကို ကြည့်ရင်း သားဆိုတဲ့
လူသားသဏ္ဌန်မပေါ်သေးပါသော်လည်းဒါသည်
ကိုယ်တွေရင်သွေးဆိုသည့်အသိကပင် ပြုံးမိ
စေသည်။မျက်ရည်ပါ ဝဲစေသည်။သားက ရသ
စုံပေးစွမ်းနိုင်တဲ့ နတ်သားလေးပဲ။
"ဒီလတွေအတွင်း အမရာလည်း ပင်ပန်းနေပြီ
အလုပ်ကတစ်ဖက် သားကိုစောင့်ရှောက်နေရ
တာကော..."
"မပင်ပန်းပါဘူးသုတရယ်။သားက အားတောင်ဖြစ်စေသေးတယ်။ဒါပေမယ့် နောက်လလောက်ဆို သားက
ခုထက်ပိုထွားလာမှာ။အခုတောင် ဘွားတော်က
မ,ကို ကြည့်ကြည့်နေတာ..."
"ဟုတ်တယ်။ဒီထက် အပတ်တွေများလာရင်
သိသာလာလိမ့်မယ်။"
"မ, တွေးပူနေတာလည်းအဲ့ဒါပဲ။အလုပ်တွေ
အတည်တကျဖြစ်အောင် လုပ်ရမယ်။ဒီထက်ပို
မသိသာခင်။အားလုံးအခြေကျတာနဲ့ မ,ပြန်ပြီ
ဆိုတဲ့ ပုံစံနဲ့ တစ်နေရာရာမှ သားမွေးပြီးတဲ့ထိ
နေရမယ်"
"နေမယ်ဆိုလည်းတခြားသွားမနေပါနဲ့။ကျတော်
တို့အိမ်လာနေပါ"
"မ မဖြစ်ဘူးနော် သုတ။ချန်းက..."
"တချန်းလက်ခံမှာပါ။ခုလည်း အလုပ်တွေအရမ်း
မလုပ်ပါနဲ့။ကျတော်လည်း ဝိုင်းကူလုပ်ပေးပါ့
မယ်။ခုတောင် ကျတော်က စိတ်ပူနေတာ။
ကိုယ်ဝန်ရင့်လာရင်တော့ တယောက်တည်းမနေ
ပါနဲ့"
"အင်း တစ်မျိုးစီစဉ်ကြတာပေါ့။ခုတော့ ဘွားတော်
ရော မယ်မယ်ရော မရိပ်မိအောင်နေနေရတယ်
တော်သေး သားက မ,ကို ပျို့တာတွေအန်တာ
တွေ ဖြစ်အောင် သိပ်မလုပ်လို့။ဘာမစားချင်
ဘူး။ဘယ်အနံ့မခံနိုင်ဘူးတွေလည်း ဂျီမကျလို့
တော်သေး။ဘယ်သူနဲ့ တူတာပါလိမ့်?သုတနဲ့
လား??ဟုတ်လား သားသား"
ငုံ့မေးနေတာ သား ကိုပေမယ့် ကျတော်ကြည်နူး
ပီတိနဲ့ ရှက်စိတ်ပေါင်းကာ ခေါင်းသာငုံ့ထားမိ
တော့သည်။သားသမီးကြောင့် မျက်နှာပွင့်ရတဲ့
ဖခင်တစ်ယောက်ရဲ့ ကြည်နူးမှုက ဒီလိုလေးပါလား??
-
-
-
ကြည်နူးမှုတပွေ့တပိုက်နဲ့ အိမ်ပြန်လမ်းက တမ်တွေပေါ်ကနေ လျှောက်နင်းပြန်ရသလိုပဲ
သားအကြောင်း တချန်းကို ကြွားရအုံးမည်။ခုဆို
ချန်းက သူတို့company၏ ပြင်ဦးလွင်ရုံးမှာ
HODဖြစ်နေလေတော့ နေ့တိုင်းရုံးတက်ရုံးဆင်း
နေရသည်။ခုဆို ပြင်ဦးသားတစ်ပိုင်းလိုဖြစ်နေ
တော့ ဆိုင်ကယ်လ်လည်း သူ့ဘာသာသူစီးတတ်
နေပြီ။ဆိုင်ကယ်လ်စီးသင်ပေးရသည့်အချိန်တွေ
ကို ပြန်တွေးရင်း ပြုံးမိပါသေး၏။
သူတို့သားအဖတွေက ကျတော့်ရဲ့ ပြုံးပီတိဆေးတွေပဲ။
ခြံထဲရပ်ထားသောဆိုင်ကယ်လ်ကိုမြင်တော့
ကိုယ့်ဆိုင်ကယ်တောင်သေချာ Parkingမထိူး
နိုင်။အိမ်ထဲပြေးဝင်မိသည်။အိမ်မကြီးတံခါးလာ
ဖွင့်သော ချန်းနဲ့ အတူ ဟင်းနံ့မွှေးမွှေးတို့က
လည်း အတူဆီးကြိုသည်။
"ရောက်နေတာ ကြာပြီလား?"
"မကြာသေးဘူး။မင်းရော ဒီနေ့ အဖေနဲ့သွားတွေ့တာ အဆင်ပြေရဲ့လား?""
"ပြေတယ်။"
ကျတော့်စကားကြားမှ စိတ်အေးသွားဟန်ဖြင့်
ရှေ့မှ ဦးဆောင်ထွက်သွားသော ချန်းလက်ကို
အမြန်ဖမ်းဆွဲရသည်။
"တချန်း ခဏ။လာ ငါပြစရာရှိတယ်"
ထိုင်ခုံပေါ်သေချာထိုင်စေပြီးမှ တစ်မနက်ခင်းလုံး
ထုတ်ကြည့်လိုက် ပြုံးလိုက်လုပ်နေစေသော
တရားခံလေးပုံကို ထုတ်ပြတော့...
ချန်းသည်လည်း မျက်မှန်အောက်မှ မျက်လုံးဝိုင်း
ဝိုင်းတို့သည် လှပစွာ ဝိုင်းစက်သွားသည်
"ဘယ်မှာလဲ ငါတို့သား?"
ပြောင်းပြန်ကြီးလှန်ကြည့်နေသော engineer
အားကျတော်မရယ်ဖြစ်။photoကိုအတည့်ပြန်
ထောင်ပေးကာ သားကို လက်ညှိုးထိုးပြရသည်။
မျက်မှန်နားထိ တိုးကပ်ကြည့်နေ၍ ဘာပြောမလဲ
ဟူသော အတွေးနဲ့ ကျတော်အသက်ပင်ရဲရဲမရှု
ရဲ။
"သားက တော်တော်ထွားလာတာပဲ"
ဟူသောလေးလေးနက်နက်နဲ့ တစ်ခွန်းချင်းပြော
နေသော သူ့စကားကြောင့် သဘောတကျ
ရယ်ရပြန်သည်။
"သားမေမေကော အဆင်ပြေရဲ့လား?"
"အင်း..."
"လရင့်လာရင် နေရထိုင်ရအဆင်ပြေမှာမဟုတ်
ဘူး။သားက ငြိမ်ငြိမ်မနေရင် ပိုဆိုးလိမ့်အုံးမယ်။
အားနာစရာပဲ"
"ငါတို့ခေါ်ထားရင်ရော?"
"ဘာကို?"
နာမလည်သလို ပြန်မော့မေးသော ချန်းကိုမရဲ
တရဲ ရင်ဆိုင်ရင်း မေးကြည့်ရတော့သည်။ဘာပဲ
ပြောပြော ချန်း လည်း သားကို ဝမ်းနဲ့လွယ်ပေး
ထားတဲ့ မိခင်လောင်းကို စာနာမိမှာပဲလေ။
နဂိုတည်းက ချန်းက သူတစ်ပါးကို ဂရုမစိုက်သလို
နေတတ်ပေမယ့်် အမှန်ဆို တစ်ယောက်တည်း
တွေးပူနေတတ်သူမလား?
"မြူ ကိုယ်ဝန်ရင့်လာရင် ငါတို့
ခေါ်စောင့်ရှောက်ပေးထားမယ်ဆိုရင်ကော?
တချန်းမင်းကောဘယ်လိုသဘောရလဲ? "
"ခု သူက တစ်ယောက်တည်းနေနေတာလား?"
စိုးရိမ်မှုများပါနေသော မျက်ဝန်းတွေ။သားရှိနေ
လို့ထက် မိန်းမပျိုလေးတစ်ယောက်ကို စိုးရိမ်
ပေးနေသော ဟန်တွေ။
စိတ်သဘောထားပြည့်ဝ
သောယောကျာ်းတစ်ယောက်ကို ကျတော်ပိုင်
ဆိုင်ခွင့်ပေးခဲ့တဲ့ကံကြမ္မာကိုကျေးဇူးတင်လို့မဆုံးဘူး
"အင်း"
"သူနေချင်တယ်ဆိုရင်တော့ ခေါ်ထားလိုက်ပါ
ပိုင်။ငါတို့နဲ့ နေရင်တော့...နည်းနည်းတမျိုးဖြစ်
နေပေမယ့်...မနက်ဆို ငါတို့လည်း အလုပ်သွား
နေတော့ သူ့အတွက်လွတ်လပ်မှာပါ။ညရေးညတာတစ်ခုခုဖြစ်ရင်လည်း မင်းရှိနေ
တော့ တော်သေးတာပေါ့"
"ကျေးဇူးတင်လိုက်တာ တချန်းရာ"
ထိုင်ခုံပေါ်ထိုင်နေသော သူ့အောက်ဒူးထောက်ကာ
လက်ဖမိုးတို့အား ငုံ့ကာနမ်းမိတော့...
ငြိမ်သက်စွာ...
စကားတွေပြောနေရင်လည်း အသည်းတယားယားနဲ့ ချစ်စိတ်တို့တိုးစေသလို
ခုလိုငြိမ်သက်နေရင်လည်း အေးချမ်းမှုနဲ့ရင်အေး
စေသည်။
ယောကျ်ားဆန်စွာစိတ်သဘောထားပြည့်ဝသူ
အတွက်လည်း ဂုဏ်ယူရစေသေးသည်။
တခြားလူတွေအတွက်တော့ မသိဘူး။
ကျတော့်အတွက် တချန်းက ပြည့်စုံလွန်းတယ်။
>>>>>EX...pect<<<<<
စာကြည့်ခန်းထဲက ကျတေ်ာ့ project စာရွက်
လိပ်တွေ။ငပိုင့် ဆေးစာအုပ်ကြီးတွေကို ရှင်းလင်း
ပြီး တစ်ယောက်အိပ်ကုတင်လေးတစ်လုံးထည့်
ပေး။မှန်တင်ခုံအသေးလေးတစ်လုံးကိုယ်တိုင်
ရိုက်ထားပေးကာ ပန်းနုရောင်လိုက်ကာတပ်လိုက်
သည်နှင့် မိန်းမပျိုတစ်ယောက်အတွက်နေချင်
စဖွယ် အခန်းအဖြစ်သို့ရောက်သွားသည်။
သားကိုလွယ်ထားပြီး ၁၆ပတ် အကြာ မြူ့ကို
အိမ်ခေါ်ထားဖို့ အတည်ပြုလိုက်ကြတော့သည်။
ထိုင်းမှာနောက်ဆုံးတွေ့ခဲ့တည်းက ခုထိမြူ နဲ့
မတွေ့ဖြစ်သေး။မျက်နှာပူတာလည်းပါမည်။
နောက်ပြီး ပိုင် ကိုယ်တိုင်ကလည်း ကျတော်ဝင်
ပါစရာမလိုအောင် သူပဲ သားမေမေကိစ္စတွေကို
လိုက်လုပ်ပေးနေတော့ ကျတော်က သတင်းမေး
ရုံလောက်သာ။
တစ်မနက်လုံးထိုင်လိုက်ထလိုက်နဲ့ နှစ်ယောက်
သားမျှော်တလင့်လင့်ဖြစ်နေရသော သား
မေမေသည် ညနေစောင်းတိမ်တောက်ချိန်တွင်
ရောက်ရှိလာခဲ့ပြီ။
ညနေခင်းအချိန်အခါမှာပင် သနပ်ခါးတွေခြေ
ဆုံးခေါင်းဆုံးဖုံနေအောင်လိမ်းထားသော မြူ့ကို
အံ့သြမိသည်။
Shirt နွမ်းနွမ်းတစ်ထည်နဲ့ပေမယ့် ပုံစံကနွမ်းမနေ။ပါးပြင်ပေါ် ကွက်ထားသောသနပ်
ခါးထူထူတွေကြောင့် ထိုင်းမှာတွေ့ခဲ့သော မျက်နှာ
တစ်ပိုင်းတစပင် ပြန်စဉ်းစားမရတော့
"ဒါ မြူ့အခန်း။ကျတော်ကတော့ မသိဘူး။တချန်း
ကိုယ်တိုင် ပြင်ပေးထားတာ"
ပိုင် ကတော့ ရင်းနှီးပြီးသားမို့ ရှေ့ကဦးဆောင်
နေပေမယ့် ကျေးဇူးတင်အပြုံးများနဲ့ လှည့်ပြုံးပြ
သော မြူ့အားဘယ်လိုပြန်ပြုံးပြရမှန်းမသိ။
မြူရောက်လာပေမယ့် ထူးထူးဆန်းဆန်းအနေကျုံ
မနေ။မြူ သည်လည်းနေတတ်တာပါသည်။
မနက် ကျတော်တို့အလုပ် အသီးသီးသွားချိန်
သူသည်လည်း အိမ်မှာကျန်နေရစ်ခဲ့သည်။
ကျတော်တို့ ညမိုးချုပ်နောက်ကျတတ်ကြရင်လည်း
ပြန်ရောက်ချိန်တိုင်း ဘယ်သူအရင်ရောက်ရောက်
မြူ ဒီနေ နေရတာ ဘယ်လိုနေလဲဆိုတာမေးဖြစ်
ကြသည်။ပိုင်က နားလည်သူဆိုတော့ အချိန်ယူ
မေးမြန်းနိုင်သည်။
တစ်ခုပဲ ကျတော်နဲ့ ပိုင်သုတ အရင်လို ပြောချင်
တာပြော မနေဖြစ်ကြတော့တာ။
အနေအထိုင်ကော အပြောအဆိုပါ များစွာဆင်
ခြင်ကြရသည်။
ရိုးသားစွာဝန်ခံရလျှင် ပိုင် နဲ့
တခန်းတည်းတူတူအိပ်နေခြင်းကိုပင် အနည်းငယ်မျက်နှာပူစရာလို့တွေးဆမိနေတတ်၏
အမှန်ပြောရင် ပိုင်ဆိုသည်မှာ
လည်း Night Duty မကျပါက မြူ့ကိုသာ
မေးမြန်းခြင်း လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ရန်
တိုက်တွန်းခြင်းတွေ ညွှန်ကြားနေတတ်သည်။
ဆေးတိုက်ဖို့ကလည်း သူတာဝန်ယူထားသည်။
Duty ကျသည့်နေ့တွေဆိုလည်း အဆင်သင့်
လုပ်ပေးခဲ့၍ ကျတော်ကသတိပေးရုံ။
မြူနဲ့ ကျတော့်ဆက်ဆံရေးက ထိုသို့အဆင့်လောက်သာ။မြူရောက်နေတာ
တစ်လနီးပါးရှိတာတောင် ခုထိ အသားမကျသေး
တာလားပဲ။မြူ သန့်သန့်ရှင်းရှင်းနေတတ်တာကို
တော့ သဘောကျသည်။မိုးလင်းတည်းကဖွေး
နေသော သနပ်ခါးတို့သည် ညထိတိုင်အောင်
လည်း မွှေးနေဆဲ။
သားကပဲ သနပ်ခါးကြိုက်လွန်းတာလား??ကြိုက်
ရင်လည်း ကျတော်ငယ်ငယ်တုန်းက မား ကျောင်း
ကိုလိမ်းပေးလိုက်သလို မျက်နှာပျောက်လောက်
အောင်ထိ ထူပိန်းနေအောင် မလိမ်းပါက အဆင်
ပြေမည်ထင်သည်။
ဒါကလည်း သားစိတ်ဆို ကျတော်ပြောမနိုင်တော့
စနေနေ့...
ငပိုင်ဆေးရုံသွားနေချိန် ကျတော်က အခန်း
အောင်းကာ Etabထဲ ခေါင်းနှစ်ထားရစဉ်
ရှေ့အခန်းမှ ဖုန်းringtoneမြည်သံသဲ့သဲ့ကြား
ရသည်။အစက ဘာရယ်မဟုတ် နေနေပေမယ့်
တံခါးကို တလောတကြီးဖွင့်သံ ပြေးထွက်သံတွေ
ကြောင့် ကျတော်သည်လည်းစိုးထိတ်စွာ အပြင်
ထွက်ရတော့သည်။
တုန်ယင်နေသော လက်တွေနဲ့ အိမ်ရှေ့သံပန်တခါး
သော့ကို ဖွင့်နေသော မြူ့ ကိုတွေ့လိုက်ရတော့၏
"မြူ ဘာ ဘာဖြစ်လို့လဲ?"
သော့ဖွင့်နေရင်းမှ ကျတော့်ကို ပြန့်ကြည့်
့်သောမျက်ဝန်းနှစ်ခုလုံးမှ တွေတွေစီးကျနေသော
မျက်ရည်လုံးတို့သည် ပါးမှ သနပ်ခါးကမ်းပါးထူ
ထူးကို ဒေါင်လိုက်တိုက်စားနေသည်။
"မြူ ဘာဖြစ်လို့ ငိုနေတာလဲ?ဘာဖြစ်လို့လဲ
ဗိုက် ဗိုက်က နာလို့လား?"
ပြူးကျယ်ဝိုင်းစက်နေသော မျက်ဝန်းတို့ဖြင့်မော့
ကာကြည့်ရင်း နှုတ်ခမ်းသားတို့တဆက်ဆက်
တုန်ယင်နေသည်။
ပြောချင်ပေမယ့် ပြောလို့မရသည့်ဟန်မို့ ပိုကာ
စိုးရိမ်လာသည်။
"မြူ မေးနေတယ်လေ။ဘာဖြစ်လို့လဲ?"
ကျတော်မေးတာကို မဖြေပဲ လက်ထဲမှ ဖုန်းကို
တဆက်ဆက်တုန်ယင်နေသော လက်တွေနဲ့
နံပါတ်တစ်ချို့၏အစကိုနှိပ်ပြီးသည်နှင့် ပေါ်လာ
သောcontactက သုတ ဟူသောနာမည်...
ကျတော်ရှိနေလျက်နဲ့ ဘာလို့ ငပိုင့်ကိုမှ ဖုန်းခေါ်
နေရတာလဲ?နည်းနည်းစိတ်တိုချင်လာသည်
"မြူ ကျတော်ရှိတယ်လေ...ခု ဘာဖြစ်နေလဲ
ပြောလေ"
လက်မောင်းနှစ်ဖက်ကို ကိုင်လှုပ်မေးမိသည်ရှိ
သေး ကိုယ်ဝန်ဆောင်ထားရသော အပျိုစင်လေး
၏ ခန္ဓာကိုယ်သည် ပျော့ခွေကျတော့၏
ဆောက်တည်ရာမဲ့သည်ဆိုခြင်းကို ကျတော်သိ
ခွင့်ရလိုက်၏။
ခေါ်လိုက်စ ငပိုင့်ဖုန်းကို အားကိုးတကြီးကောက်
ကိုင်ရင်း...
"ပိုင်...ဒီမှ မြူမေ့လဲသွားတယ်"
"ဘာ!"
"အေး အခု ငါ ငါ ဘာလုပ်ရမှန်းမသိလို့။ဖုန်းcall
ဝင်ပြီးမကြာဘူး ပြေးထွက်လို့ ငါ ငါမေးမိလိုက်တာ
အဲ့ဒါ..."
"စိတ်အေးအေးထားတချန်း။သူနည်းနည်းစိတ်လှုပ်ရှားသွားတာ။ထိုင်ခုံပေါ်ရွှေ့ထား ပြီးရင် မျက်နှာကိုရေ
ပက်ဝတ်အေးအေးနဲ့သစ်ပေးလိုက်။ဆေးရုံကား
လွှတ်ပေးမယ်"
"အင်း အင်း"
ငပိုင်ပြောနေတာတွေတောင် လုပ်စရာမလို
ခဏတွင်းပင် မျက်လုံးများပြန်ပွင့်လာသည်။
ဘာတွေကများဒီလောက် စိတ်ဆောင်နေရပါသ
လဲ??
"မြူ သက်သာလား?ဘယ်လိုနေသေးလဲ?
ပိုင် ဒီမှာ သတိရလာပြီ"
"ဒါဆို စိတ်အေးအေးထားဖို့ပြော။အမရာကျတော်
ပြောနေတာကြားလား?စိတ်အေးအေးထား
ခု ဘာမှစိုးရိမ်စရာမရှိဘူး။နန္ဒနားမှာ အကုန်ရှိနေ
ကြပြီ။သူလည်း ခုကောင်းကောင်းသတိလည်
လာပြီ။သိလား ခု ခဏ clam down ok?"
speakerမှတစ်ဆင့် ဝမ်းသာအယ်လဲ အလော
တကြီး ပြောနေသော ပိုင့်အသံ။
အမရာ လို့ခေါ်လိုက်တာ...ပြီးတော့
ငါးလကျော်ကိုမာဝင်နေရမှသတိရလာ
ပြီဖြစ်သော နန္ဒဦးမော်၏ ဝမ်းသာစရာသတင်း
ဒါဆို...ခုက ကျတော်တို့ သားရဲ့ မေမေက
"အမရာဦးမော်..."
အားနည်းနေဟန်ရှိသော မျက်လုံးများနှင့်တောင်း
ပန်ဟန်အကြည့်တွေနှင့် ဘောင်ဘင်ခတ်နေသော
ကျတော့်စိတ်အစဉ်ကို ဘောင်ခတ်အနားသတ်
ပေးဖို့ ကြိုးစားနေလေသလား??
Thank You All
Welcome back Dr.နန္ဒဦးမော်🍀🌹
Bạn đang đọc truyện trên: ZingTruyen.Xyz