Epi-45
ေႂကြျပားျဖဴတို႔ပတ္လည္ကာရံထားကာ ပိုးသတ္
ေဆးနံ႔ေဖ်ာ့ေတာ့ေတာ့ရေနေသာ အခန္းထဲ
ဇီဝေဗဒ နဲ႔ ႐ူပေဗဒေပါင္းစပ္မႈျပ႐ုပ္ျဖစ္ေသာ
သက္မဲ့စက္တစ္ခ်ိဳ႕က သက္႐ွိလူသားတစ္
ေယာက္၏ ဇီဝကမၼျဖစ္စဥ္မ်ားကိုစနစ္တက်တိုင္း
တာေနသည္။
ၿငိမ္သက္ေအးခ်မ္းစြာေမွးစက္ေနသူ။ပိုက္တန္းေပါင္းမ်ားစြာႏွင့္အသက္ဆက္ေနရသူသည္
ဟိုတစ္ခ်ိန္တုန္းက ဤေဆးရံုဝင္းထဲ လူနာေတြ
ဆီသို႔အေလာသံုးဆယ္ ေျပးလႊားခဲ့ဖူးသည္။
ဂ႐ုဏာေဇာနဲ႔ဆူပူခဲ့ဖူးသည္။ေနာက္ၿပီး ကြၽန္ေတာ့္
ေ႐ွ႕တြင္ ဟန္ေဆာင္မႈကင္းစြာ ရယ္ေမာေနာက္
ေျပာင္ခဲ့ဖူးသည္။ခုေတာ့...
"ငါ့ေမာင္ ေတာ္ေတာ္ပင္ပန္းခဲ့႐ွာမွာ..."
Jelကင္းလြတ္ေန၍ ႏွဖူးျပင္ေပၚသဘာဝဆန္စြာ
ဝဲက်ေနေသာ ဆံပင္စမ်ားကို ၾကင္နာစြာသပ္တင္
ေပးရင္း မ်က္ဝန္းမွတစ္ဆင့္ပါးမို႔ေပၚ မ်က္ရည္တစ္စ ေပါက္ခနဲ ေႂကြဆင္းသည္။
ေလဆိပ္ဆင္းဆင္းခ်င္း အျမန္ေျပးကာလာေတြ႔
ေသာ အစ္မတစ္ေယာက္အား အရင္လို
က်ီစယ္သမႈမျပဳႏိုင္ေတာ့။
ေခ်ာေမာျခင္းေဝါဟာရတို႔သူ႔မ်က္ႏွာေပၚ စခန္း
မခ်ေနေပမယ့္လို႔ Daddyအေမြျဖစ္ေသာ ေျဖာင့္
တန္းေသာ Jaw lineနဲ႔ ေမေမ့အေမြ မဟာႏွဖူး
တို႔ေၾကာင့္ ယခုကဲ့သို႔အသိစိတ္မဲ့လဲေလ်ာင္းေန
တာေတာင္ ခန္႔ညားျခင္းဟူေသာေဝါဟာရကို ခက္ဆစ္အတိအက်ရည္ၫႊန္းျပဆိုေနဆဲ။
ရိပ္သင္ေပးျပီးခါစမို႔စိမ္းျမျမရွိေနေသာ ပါးရိုးတစ္
ေလွ်ာက္ဖြဖြေလးပြတ္သပ္ရင္း အစ္မျဖစ္သူ၏
မ်က္ရည္မိုးတို႔ အသံတိတ္ဖြဲဖြဲရြာက်ေနသည္။
"နႏၵရယ္..."
မႀကားႏိုင္မွန္းသိေနေသာ္လည္း ေမာင္ျဖစ္သူ
နာမည္ကို တဖြဖြေခၚရင္း ထိခိုက္မိသည့္ေနရာ
တစ္ခုခ်င္းစီတိုင္းကို လက္ေခ်ာင္းထိပ္မ်ားႏွင့္
မခ်ိတင္ကဲခပ္ဖြဖြထိေတြ႔ေနတတ္ေသး၏။
ေက်ာက္ပတ္တီးစည္းေႏွာင္ထားေသာ လက္ေခ်ာင္းမ်ားကို ထိေတြ႔ရင္း ရႈိုက္ကာငိုေတာ့
က်ေတာ္ ဒီအတိုင္းေနလို႔မျဖစ္ေတာ့...
"အမရာရယ္...မငိုပါနဲ႔ေတာ့။ဒီေကာင္ ဒီေလာက္
နဲ႔ေတာ့ ဘာမွမျဖစ္ပါဘူး"
"ျပန္မလာေတာ့ရင္ေရာ? သူတစ္သက္လံုး ဒီ
လိုေနသြားရမယ္ဆိုရင္ေရာ...ငါ အခု အခု သူ႔ကို
ေတြ႔ေတာ့မွ သူဒီလိုႀကီးနဲ႔တစ္သက္လံုးေနသြား
ရမွာလားဆိုျပီးငါေတြးေႀကာက္လာျပီ သုတရယ္..."
"ျပန္လာမွာပါ အမရာကပါစိတ္ေလ်ာ့လိုက္လို႔မ
ျဖစ္ဘူးေလ။သူေတာင္ အေဝးႀကီးကေနေတာင္
ျပန္လာခဲ့တာပဲ။က်ေတာ္တို႔က သူ႔ကိုယံုႀကည္
ေပးရမယ္ေလ"
"ငါသိတယ္။သူအသက္ရွင္ေနမယ္ဆိုတာငါ
သိတယ္။အဲ့ေန႔မနက္ကလည္း ငါအလုပ္မသြား
ခင္စိတ္ထဲေလးေနတာ။မႀကာဘူး ေရခ်ိဳးခန္းထဲ
ဝင္ေတာ့ေခ်ာ္လဲတာပဲ။ဘယ္မွမထိပဲ လက္ေခ်ာင္း
အဆစ္ေတြက နာလာတာ။ငါသိလိုက္တယ္ အဲ့တည္းက နႏၵတစ္ခုခုျဖစ္ေနျပီဆိုတာ"
ေျပာလိုက္ ငိုရႈိုက္လိုက္ က်ဆင္းလာေသာ မ်က္ရည္မ်ားကို ပါးျပင္ေပၚႀကာႀကာမတင္ေစခ်င္
သည့္သေဘာနဲ႔ ခပ္ႀကမ္းႀကမ္းသုတ္ဖယ္ေနေသး
၏။
"အဲ့ေန႔မနက္တည္းက အသက္ရႈလို႔မဝေတာ့တာ
ငယ္ငယ္တည္းက ငါတို႔ႏွစ္ေယာက္က ခြဲေနႀကရ
ေပမယ့္ ငါေနမေကာင္းျဖစ္ရင္ သူပါ လိုက္ျဖစ္
တတ္တယ္။သူအႏၱရာယ္တစ္ခုခုျဖစ္ေနလည္း ငါ
သိေနတယ္...ခုလည္း သူဒီလိုေတြျဖစ္ေနတာ
ကို သိေနႏိုင္ရဲ႕နဲ႔...ငါ ဘာမွမလုပ္ေပးႏိုင္လိုက္
ဘူး"
"မငိုပါနဲ႔ေတာ့ အမရာရယ္။လာပါ ဆရာႀကီးဆီမွာ သူ႔အေျခအေနသြားေမးႀကည့္ရေအာင္"
ကိုယ္ဝန္ေဆာင္စ မိခင္ေလာင္းတစ္ေယာက္အ
ေနနဲ႔ ရင္ဆိုင္စရာကိစၥေတြမ်ားလြန္းလွတဲ့
သားေမေမ။သားက လူ႕ေလာကထဲမေရာက္ခင္
တည္းကေလာကဓံေတြကိုရင္ဆိုင္ေနရတာပဲ
ခ်န္းရယ္...အေကာင္းဖက္ကလွည့္ေတြးရင္ ငါတို႔
သားက ငါတို႕ႏွစ္ေယာက္ထက္ ႀကံ့ခိုင္မယ့္ပံုပဲ
"နႏၵဦးေမာ္ ဆိုတာ ဆရာမႏိုင္ ႏွစ္ေဆာင္ျပိဳင္
တပည့္အမ်ိဳးအစားထဲမွာ ပါတယ္ကြ။ဒီေဆးရံုမွာ
သူေႀကာက္တာဆိုလို႔ဆရာပဲရွိတယ္။ဒါေတာင္
သူကမေကာင္းတတ္လို႔ေႀကာက္ခ်င္ေယာင္
္ေဆာင္ေနေပးတာ"
သူ႔ေမာင္အေႀကာင္းသိေနသူမို႔လားမသိ ဆရာႀကီး
၏စကားကို ျပံဳးရႊင္စြာနားေထာင္ေနသည္ကို
ႀကည့္၍အနည္းငယ္ေတာ့စိတ္ေအးရသည္။
"ဒီေကာင္က ထူးတာေတာ့ထူးတယ္။သူ႔ကိုေတြ႔
တာ သူတို႔စခန္းခ်ထားတဲ့ ရြာနဲ႔ ၁၀မိုင္မကေဝး
တဲ့ေနရာမွာေတြ႔တာ။ကံေကာင္းတာက သူ႔ကို
ေတြ႔တာ အဲ့ရြာတစ္ရြာလံုးက နတ္ေဆးဆရာလို႔
သမုတ္ထားတဲ့ ျမန္မာေဆးဆရာႀကီး။တိုင္းရင္း
ေဆးလည္း အထင္ေသးလို႔ေတာ့မရဘူး။သူ႔ကို
ဒီသယ္လာေတာ့ က်ိဳးခဲ့တဲ့ အရိုးေတာ္ေတာ္မ်ား
မ်ားျပန္ဆက္ေနျပီ။ေနာက္တစ္ခုထူးဆန္းတာ...
ဒီမွာလို ပိုက္ေတြဘာေတြနဲ႕ေဆးမသြင္းပဲနဲ႔
တစ္လနီးပါး သူ႔ အသက္ကိုဆြဲဆန္႔ထားႏိုင္တယ္
နယ္ကလည္းႀကမ္းေတာ့ျမစ္ႀကီးနားေဆးရံုႀကီးကို
ျပန္ပို႔ေပးဖို႔ေတာ္ေတာ္ႀကာသြားႀကတာ။သမီးကို
သမီးမယ္မယ္ကို ဆရာေျပာခဲ့သလိုပဲ ေျပာမယ္
ဆရာတို႔ သူ႔ကို လြယ္လြယ္နဲ႔ လက္မလႊတ္လိုက္
ဘူး။ခုက ကိုမာဝင္ေနတာေပမယ့္ ဆရာတို႔သိ
ထားရမွာ သူအသက္ရွိေသးတယ္။အသက္ရွိေန
ေသးတဲ့ လူနာတစ္ေယာက္ကို ဆရာတို႔ လက္
မလႊတ္ဘူး။သူက အသက္ေတြကယ္ခဲ့ဖူးတဲ့လူပါ
သူ႔ကိုယ္သူလည္းကယ္ႏိုင္မွာပါ။အဓိကက သူ႔ကို
တစ္ေယာက္တည္းမထားနဲ႔။ေဘးနားေနျပီးအာရံု
ေႀကာေတြအလုပ္လုပ္ေအာင္ စကာေျပာေပးတာ
စာဖတ္ျပတာမ်ိဳးေတြလုပ္ေပးပါ။သူႀကိဳက္တဲ့
သီခ်င္းေတြဖြင့္ျပတာမ်ိဳးေတြလည္းလုပ္ေပး။
လူနာရွင္ေတြကလည္းအားတင္းထား။ဟုတ္ျပီလား။နႏၵဦးေမာ္ အစ္မပဲ...နႏၵ႔ဇ ထက္ေတာ့မေသးဘူးမလား ဟားဟား"
တည္တည္တံ့တံ့နဲ႕ဆိုဆံုးမစရာရွိ မ်က္ႏွာမ
ေထာက္ဆံုးမတတ္၍ က်ေတာ့္တို႔အေပၚ
သံေယာဇဥ္တရားကင္းကြာေနသည္ဟု အႀကိမ္
ႀကိမ္စြပ္စြဲခဲ့မိေသာ ဆရာႀကီးကို ခုခါမွာေတာ့
တိတ္တိတ္ေလးေတာင္းပန္ေနရသည္။
"နႏၵေရ...မင္း အိပ္ေပ်ာ္ေနမွာပဲ မင္း အုပ္ႀကီး
မင္းကို ခ်စ္မွန္းသိေတာ့တယ္"
-
-
-
"ေနလို႔ထိုင္လို႕အဆင္ေျပလား အမရာ"
"အင္း ေျပပါတယ္"
ဆြယ္တာ အက်ီ ၤကိုဆြဲေစ့ရင္း အျပံဳးပါးေလးတစ္
ခုလည္းျပံဳးျပေသးသည္။မယ္မယ္ ကဲ့သို႔ နန္းမူ
နန္းရာ မရွိေပမယ့္ မဟာဆန္ေနေသာ အမရာ့
မ်က္ႏွာတြင္ ေအးခ်မ္းမႈဆိုတာလည္းမွီတည္ေန
ေသးသည္။
"ငါ လုပ္စရာရွိတာေတြကိုျမန္ျမန္လုပ္ရမယ္။
သိလားသုတ။သားကိုယ္ဝန္မရင့္လာခင္္ အိမ္ကိစၥ ဟိုတယ္ကိစၥေတြကိုငါျပတ္ေအာင္ျဖတ္ထားခ်င္
တယ္။နႏၵႏိုးလာခ်ိန္ႀကရင္ အားလံုးပံုမွန္အေန
အထားတိုင္းျဖစ္ေနမွ ျဖစ္မွာ။ဒါမွ သူ႔ကိုယ္သူ
အျပစ္မတင္မွာ..."
"နႏၵ ႏိုးလာရင္...သားကိုလက္ခံပါ့မလား?"
စိုးရိမ္မႈဗ်ာဆံုေနေသာ က်ေတာ့္ကိုႀကည့္ရင္းျပံဳး
သည္။ထိုအျပံဳးသည္ အစ္မတစ္ေယာက္၏
ႏွစ္သိမ့္အျပံဳးလို႔ သိရသည္။ႏူးညံ့သည္။
နားလည္မႈေတြနဲ႔ ႀကင္နာမႈအျပည့္ကိုလည္း
ထင္ရွားစြာျမင္ေတြ႔ခြင့္ရသည္။
"ငါ့ေမာင္ အေႀကာင္းငါ့ေလာက္ဘယ္သူမွမသိ
ႀကပါဘူး။ခု နႏၵလက္ခံျခင္းမခံျခင္းထက္ ဒီရက္ပိုင္းေတြအတြင္း လြမ္းခဲ့ရတာေတြကိုသာ
ခ်န္းကိုအတိုးေရာ အရင္းပါ ေပါင္းဆပ္လိုက္ပါ။"
"ခု ခ်န္းက မႏၱေလးေရာက္ေနတာ။ခ်န္းကို သား
ကိုေမြးဖြားေပးမွာ အမရာဆိုတာကို ဖံုးကြယ္ထား
သလိုျဖစ္ေနတာကိုလည္း အားနာတယ္"
"ဖခင္ႏွစ္ေယာက္ေမတၱာေတြကို သားျမင္ရဖို႔
အခ်ိန္တန္ရင္ ျမဴ ေတြလို လြင့္ျပယ္ေပးသြားမွာပါ
မိခင္ေမတၱာဆိုတာ သိပ္ႀကီးမားတတ္တာမွန္ေပ
မယ့္ အေဖေတြရဲ႕ ေမတၱာကို လ်စ္လ်ဴ
ရႈျပီး အေမ့ေမတၱာတစ္ခုတည္းနဲ႔ သားအသိဥာဏ္
ေတြကို ျမဴမႈိုင္းမေနေစခ်င္ဘူး။ဒါကိုလည္း ခ်န္းကနားလည္မွာပါ"
"ေက်းဇူးတင္ပါတယ္ အမရာ။က်ေတာ့္တစ္သက္
မွာ မား ျပီးရင္ ေလးစားမိတဲ့ ေနာက္ထပ္မိခင္
တစ္ေယာက္က အမရာပါ"
သေဘာတက်ေခါင္းေမာ့ရယ္သံသည္ထင္းရႈးျမိဳ႕
ေလးထဲေႏြးေထြးစြာ တိုးဝင္သည္။
"ဒါဆိုရင္ သားကို လူေကာင္းေလးတစ္ေယာက္
အျဖစ္ႀကီးျပင္းလာေအာင္ တာဝန္ယူေပးပါ။
ကိုယ့္ဖို႔ဆိုတာမ်ိဳးထက္ အမ်ားဖို႔ဆိုတဲ့စိတ္လွလွ
ေလးေတြကို ေမြးျမဴတတ္ေအာင္ ေလ့က်င့္ေပး...
ေနာက္ျပီး ကေလးေရွ႕မွာ ႏွစ္ေယာက္ဘယ္ေတာ့
မွရန္မျဖစ္ႀကနဲ႔။သူ႔မွာ အေဖႏွစ္ေယာက္ရွိေနတာ
က သူဟာ ကမၻာေပၚမွာ ကံအေကာင္းဆံုးကေလး
တစ္ေယာက္လို ထင္ရသည္အထိ မင္းတို႔ႏွစ္
ေယာက္လံုးႀကိဳးစားေပး။ေနာင္တစ္ခ်ိန္သားႀကီး
လာရင္ လူအမ်ားေရွ႔မွာ ငါ့အေဖေတြက ဘယ္သူ
ဆိုတာကို ရဲရဲဝံ႔ဝံ႔ေျပာႏိုင္ေလာက္တဲ့အထိ
သားအတြက္စံျပ အျဖစ္ေနေပးႀကပါ။ဒါသားနဲ႔
ပတ္သတ္တဲ့ အမရာ့ ေလာဘေလးေတြပဲ"
"က်ေတာ္ ကတိေပးပါတယ္"
"အားတင္းထားရေအာင္ အမရာတို႔ ေလးေယာက္
လံုးေရွ႔ေလွ်ာက္ရင္ဆိုင္ရမွာေတြက အမ်ားႀကီး
ရယ္"
-
-
-
ကားေပၚမွ ဆင္းလာခ်င္း ရွာေနေသာ
ခ်န္းမ်က္လံုးစံုေတြ က်ေတာ့္ဆီမေရာက္လာခင္
သူ႔နားအေျပးသြားကာ Laptopအိတ္ကိုေျပာင္း
လြယ္ေပးလိုက္ေတာ့...
ရုတ္တရက္မို႔ ဝိုင္းစက္သြားေသာမ်က္ဝန္းဝိုင္းေတြ
က်ေတာ္ လြမ္းေနရတာထိုအႀကည့္ေတြပဲ...
ဆိုင္ကယ္ေပၚတက္သည္ႏွင့္ က်ေတာ့္ခါးကို
ဖက္တြယ္သိုင္းယွက္လာေသာ လက္သြယ္သြယ္
ေတြကို သေဘာတက်ငံု႕ႀကည့္ရင္း ျပံဳးရေသး
သည္။
ေက်ာျပင္ေပၚတြင္ အပ္ထားေသာ ခ်န္းပါးျပင္ေတြ
ေတာင္တက္လမ္းေလးတစ္ေလွ်ာက္ ခ်ယ္ရီ
ေတြမပြင့္ေနတာကို က်ေတာ္သိပ္ဝမ္းသာတယ္။
ဘာလို႔ဆို ခ်ယ္ရီနံ႔ကင္းေနတဲ့ေတာင္တက္
လမ္းတစ္ေလွ်ာက္...တစ္ခ်က္တစ္ခ်က္လြင့္လာတတ္ေသာ ခ်န္း
ကိုယ္သင္းနံ႕ကိုေသခ်ာခိုးရိႈက္ခြင့္ရသည္။
ထိုအခိုက္အတန္႔တိုင္းကို က်ေတာ္မက္ေမာတယ္။
"အသားေတြေတာင္ ညိဳသြားသလိုပဲ"
အိမ္မီးေရာင္ေဖြးေဖြးေအာက္ အနည္းငယ္ေျပာင္း
သြားေသာ အသားအရည္ကို သတိမူကာႀကည့္
ရင္းေျပာေတာ့ က်ေတာ္သေဘာက်ေသာ အျပံဳး
တစ္ခုကို ျပံဳးရင္း
"အင္း ငါလည္း ရံုးမွာပ်င္းတာနဲ႔ Siteထဲလိုက္
ဆင္းလိုက္တာ..."
ဟူ၍ေပါ့ေပါ့ပါးပါးျပန္ေျဖသည္။
"ေနေတြပူကပူနဲ႔ ခ်န္းရာ siteေတြထဲမွာ အမိုး
အကာလည္း မရွိပဲနဲ႔..."
"Engineerဆိုတာ မည္းမွတဲ့ကြ။မိန္ကေလး
အင္ဂ်င္နီယာေတြေတာင္ ဆင္းေနႀကတာပဲ"
"ဒါကဒါေပါ့ကြ...မင္းအသားေတြေနေလာင္သြား
ရင္..."
"ေနေလာင္ျပီးမည္းေတာ့ေရာ ဘာျဖစ္လဲ?
ေယာက်ာ္းေလးပဲ...ဘာလဲ မင္းက ငါ့ကို ႏုဖတ္
ေနေစခ်င္တာလား?မင္းကေတာ့ က်ားက်ားလ်ား
လ်ားေပါ့။ေနာင္ဆို ဒီထက္မည္းသြားဖို႔အလားလာ
ေတြရွိတယ္။ ျပင္ဦးလြင္မွာ ရံုးခြဲဖြင့္ရင္ ငါကိုယ္
တိုင္ Siteထဲလိုက္ဆင္းရေတာ့မွာ...မင္း ျဖဴ
တာႀကိဳက္တယ္ဆိုရင္ေတာ့ မင္းကိုယ္မင္းပဲ
ထံုးရည္စိမ္ထား။ငါကေတာ့..."
ထံုးစံအတိုင္း စကားျပန္ထိုးေနေသာ ခ်န္းကို
သိမ္းက်ံဳး၍သာ ဖက္လိုက္မိေတာ့သည္။
"ေဟ့ေကာင္ ငါေျပာလို႔ မျပီးေသး...ဖယ္ေလ
ေဟ့ေကာင္ ငပိုင္..."
"လြမ္းေနတာ..."
အသံလည္ပတ္သြားလာရာ ေလေမာ္လီက်ဴ႕ေတြ
ကို ေျခာက္လွန္႔ထုတ္လိုက္သလိုပင္...အိမ္ေလး
ထဲအသံအားလံုးေခတၱခဏဆိတ္ျငိမ္သြားရသည္။
လြမ္းတယ္ ေျပာသည္ႏွင့္ ရွက္ကိုးရွက္ကန္း
ျဖစ္သြားမည့္ အမ်ိဳးထဲ ေယာက်ာ္းဆန္ခ်င္လွပါ
ေသာ က်ေတာ္ခ်စ္ရသူ မပါ။
"ဗိုက္ဆာရတဲ့ ႀကားထဲ..."
ဆိုသည့္ စကားသံထဲ က်ေတာ့္ကိုအလိုက္မသိ
သူရယ္ဆိုေသာ စြပ္စြဲခ်က္မ်ိဳးေတာ့မပါဝင္။
မီးဖိုေခ်ာင္ထဲ ဝင္သြားတဲ့သ႔ူေနာက္ အလိုက္တသိ
လိုက္ကာ ဟင္းေတြျပန္ေႏႊးျခင္း ပန္းကန္ထဲ
သို႔ သူခူးထည့္ေပးေသာ ထမင္းကိုခံယူရင္း
သူနဲ႔မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ ထမင္းလက္ဆံု
စားရသည့္ ေန႔တို႕အား ေထာင္ေသာင္းမက
ရွိေနေစခ်င္သည္။
မင္းရဲ႕ေန႔ရက္ေတြထဲ ငါပါဝင္ဖို႕ေမ်ွာ္လင့္ခ်က္ကို
ပိုင္းျခားထားတဲ့စည္းေတြ တျဖည္းျဖည္းေမွးမွိန္
စျပဳလာျပီထင္ရဲ႕ တခ်န္းေရ...
EX...pect
Thank you all
(Unicode)
/
/
/
ကြွေပြားဖြူတို့ပတ်လည်ကာရံထားကာ ပိုးသတ်
ဆေးနံ့ဖျော့တော့တော့ရနေသော အခန်းထဲ
ဇီဝဗေဒ နဲ့ ရူပဗေဒပေါင်းစပ်မှုပြရုပ်ဖြစ်သော
သက်မဲ့စက်တစ်ချို့က သက်ရှိလူသားတစ်
ယောက်၏ ဇီဝကမ္မဖြစ်စဉ်များကိုစနစ်တကျတိုင်း
တာနေသည်။
ငြိမ်သက်အေးချမ်းစွာမှေးစက်နေသူ။ပိုက်တန်းပေါင်းများစွာနှင့်အသက်ဆက်နေရသူသည်
ဟိုတစ်ချိန်တုန်းက ဤဆေးရုံဝင်းထဲ လူနာတွေ
ဆီသို့အလောသုံးဆယ် ပြေးလွှားခဲ့ဖူးသည်။
ဂရုဏာဇောနဲ့ဆူပူခဲ့ဖူးသည်။နောက်ပြီး ကျွန်တော့်
ရှေ့တွင် ဟန်ဆောင်မှုကင်းစွာ ရယ်မောနောက်
ပြောင်ခဲ့ဖူးသည်။ခုတော့...
"ငါ့မောင် တော်တော်ပင်ပန်းခဲ့ရှာမှာ..."
Jelကင်းလွတ်နေ၍ နှဖူးပြင်ပေါ်သဘာဝဆန်စွာ
ဝဲကျနေသော ဆံပင်စများကို ကြင်နာစွာသပ်တင်
ပေးရင်း မျက်ဝန်းမှတစ်ဆင့်ပါးမို့ပေါ် မျက်ရည်တစ်စ ပေါက်ခနဲ ကြွေဆင်းသည်။
လေဆိပ်ဆင်းဆင်းချင်း အမြန်ပြေးကာလာတွေ့
သော အစ်မတစ်ယောက်အား အရင်လို
ကျီစယ်သမှုမပြုနိုင်တော့။
ချောမောခြင်းဝေါဟာရတို့သူ့မျက်နှာပေါ် စခန်း
မချနေပေမယ့်လို့ Daddyအမွေဖြစ်သော ဖြောင့်
တန်းသော Jaw lineနဲ့ မေမေ့အမွေ မဟာနှဖူး
တို့ကြောင့် ယခုကဲ့သို့အသိစိတ်မဲ့လဲလျောင်းနေ
တာတောင် ခန့်ညားခြင်းဟူသောဝေါဟာရကို ခက်ဆစ်အတိအကျရည်ညွှန်းပြဆိုနေဆဲ။
ရိပ်သင်ပေးပြီးခါစမို့စိမ်းမြမြရှိနေသော ပါးရိုးတစ်
လျှောက်ဖွဖွလေးပွတ်သပ်ရင်း အစ်မဖြစ်သူ၏
မျက်ရည်မိုးတို့ အသံတိတ်ဖွဲဖွဲရွာကျနေသည်။
"နန္ဒရယ်..."
မကြားနိုင်မှန်းသိနေသော်လည်း မောင်ဖြစ်သူ
နာမည်ကို တဖွဖွခေါ်ရင်း ထိခိုက်မိသည့်နေရာ
တစ်ခုချင်းစီတိုင်းကို လက်ချောင်းထိပ်များနှင့်
မချိတင်ကဲခပ်ဖွဖွထိတွေ့နေတတ်သေး၏။
ကျောက်ပတ်တီးစည်းနှောင်ထားသော လက်ချောင်းများကို ထိတွေ့ရင်း ရှိုက်ကာငိုတော့
ကျတော် ဒီအတိုင်းနေလို့မဖြစ်တော့...
"အမရာရယ်...မငိုပါနဲ့တော့။ဒီကောင် ဒီလောက်
နဲ့တော့ ဘာမှမဖြစ်ပါဘူး"
"ပြန်မလာတော့ရင်ရော? သူတစ်သက်လုံး ဒီ
လိုနေသွားရမယ်ဆိုရင်ရော...ငါ အခု အခု သူ့ကို
တွေ့တော့မှ သူဒီလိုကြီးနဲ့တစ်သက်လုံးနေသွား
ရမှာလားဆိုပြီးငါတွေးကြောက်လာပြီ သုတရယ်..."
"ပြန်လာမှာပါ အမရာကပါစိတ်လျော့လိုက်လို့မ
ဖြစ်ဘူးလေ။သူတောင် အဝေးကြီးကနေတောင်
ပြန်လာခဲ့တာပဲ။ကျတော်တို့က သူ့ကိုယုံကြည်
ပေးရမယ်လေ"
"ငါသိတယ်။သူအသက်ရှင်နေမယ်ဆိုတာငါ
သိတယ်။အဲ့နေ့မနက်ကလည်း ငါအလုပ်မသွား
ခင်စိတ်ထဲလေးနေတာ။မကြာဘူး ရေချိုးခန်းထဲ
ဝင်တော့ချော်လဲတာပဲ။ဘယ်မှမထိပဲ လက်ချောင်း
အဆစ်တွေက နာလာတာ။ငါသိလိုက်တယ် အဲ့တည်းက နန္ဒတစ်ခုခုဖြစ်နေပြီဆိုတာ"
ပြောလိုက် ငိုရှိုက်လိုက် ကျဆင်းလာသော မျက်ရည်များကို ပါးပြင်ပေါ်ကြာကြာမတင်စေချင်
သည့်သဘောနဲ့ ခပ်ကြမ်းကြမ်းသုတ်ဖယ်နေသေး
၏။
"အဲ့နေ့မနက်တည်းက အသက်ရှုလို့မဝတော့တာ
ငယ်ငယ်တည်းက ငါတို့နှစ်ယောက်က ခွဲနေကြရ
ပေမယ့် ငါနေမကောင်းဖြစ်ရင် သူပါ လိုက်ဖြစ်
တတ်တယ်။သူအန္တရာယ်တစ်ခုခုဖြစ်နေလည်း ငါ
သိနေတယ်...ခုလည်း သူဒီလိုတွေဖြစ်နေတာ
ကို သိနေနိုင်ရဲ့နဲ့...ငါ ဘာမှမလုပ်ပေးနိုင်လိုက်
ဘူး"
"မငိုပါနဲ့တော့ အမရာရယ်။လာပါ ဆရာကြီးဆီမှာ သူ့အခြေအနေသွားမေးကြည့်ရအောင်"
ကိုယ်ဝန်ဆောင်စ မိခင်လောင်းတစ်ယောက်အ
နေနဲ့ ရင်ဆိုင်စရာကိစ္စတွေများလွန်းလှတဲ့
သားမေမေ။သားက လူ့လောကထဲမရောက်ခင်
တည်းကလောကဓံတွေကိုရင်ဆိုင်နေရတာပဲ
ချန်းရယ်...အကောင်းဖက်ကလှည့်တွေးရင် ငါတို့
သားက ငါတို့နှစ်ယောက်ထက် ကြံ့ခိုင်မယ့်ပုံပဲ
"နန္ဒဦးမော် ဆိုတာ ဆရာမနိုင် နှစ်ဆောင်ပြိုင်
တပည့်အမျိုးအစားထဲမှာ ပါတယ်ကွ။ဒီဆေးရုံမှာ
သူကြောက်တာဆိုလို့ဆရာပဲရှိတယ်။ဒါတောင်
သူကမကောင်းတတ်လို့ကြောက်ချင်ယောင်
်ဆောင်နေပေးတာ"
သူ့မောင်အကြောင်းသိနေသူမို့လားမသိ ဆရာကြီး
၏စကားကို ပြုံးရွှင်စွာနားထောင်နေသည်ကို
ကြည့်၍အနည်းငယ်တော့စိတ်အေးရသည်။
"ဒီကောင်က ထူးတာတော့ထူးတယ်။သူ့ကိုတွေ့
တာ သူတို့စခန်းချထားတဲ့ ရွာနဲ့ ၁၀မိုင်မကဝေး
တဲ့နေရာမှာတွေ့တာ။ကံကောင်းတာက သူ့ကို
တွေ့တာ အဲ့ရွာတစ်ရွာလုံးက နတ်ဆေးဆရာလို့
သမုတ်ထားတဲ့ မြန်မာဆေးဆရာကြီး။တိုင်းရင်း
ဆေးလည်း အထင်သေးလို့တော့မရဘူး။သူ့ကို
ဒီသယ်လာတော့ ကျိုးခဲ့တဲ့ အရိုးတော်တော်များ
များပြန်ဆက်နေပြီ။နောက်တစ်ခုထူးဆန်းတာ...
ဒီမှာလို ပိုက်တွေဘာတွေနဲ့ဆေးမသွင်းပဲနဲ့
တစ်လနီးပါး သူ့ အသက်ကိုဆွဲဆန့်ထားနိုင်တယ်
နယ်ကလည်းကြမ်းတော့မြစ်ကြီးနားဆေးရုံကြီးကို
ပြန်ပို့ပေးဖို့တော်တော်ကြာသွားကြတာ။သမီးကို
သမီးမယ်မယ်ကို ဆရာပြောခဲ့သလိုပဲ ပြောမယ်
ဆရာတို့ သူ့ကို လွယ်လွယ်နဲ့ လက်မလွှတ်လိုက်
ဘူး။ခုက ကိုမာဝင်နေတာပေမယ့် ဆရာတို့သိ
ထားရမှာ သူအသက်ရှိသေးတယ်။အသက်ရှိနေ
သေးတဲ့ လူနာတစ်ယောက်ကို ဆရာတို့ လက်
မလွှတ်ဘူး။သူက အသက်တွေကယ်ခဲ့ဖူးတဲ့လူပါ
သူ့ကိုယ်သူလည်းကယ်နိုင်မှာပါ။အဓိကက သူ့ကို
တစ်ယောက်တည်းမထားနဲ့။ဘေးနားနေပြီးအာရုံ
ကြောတွေအလုပ်လုပ်အောင် စကာပြောပေးတာ
စာဖတ်ပြတာမျိုးတွေလုပ်ပေးပါ။သူကြိုက်တဲ့
သီချင်းတွေဖွင့်ပြတာမျိုးတွေလည်းလုပ်ပေး။
လူနာရှင်တွေကလည်းအားတင်းထား။ဟုတ်ပြီလား။နန္ဒဦးမော် အစ်မပဲ...နန္ဒ့ဇ ထက်တော့မသေးဘူးမလား ဟားဟား"
တည်တည်တံ့တံ့နဲ့ဆိုဆုံးမစရာရှိ မျက်နှာမ
ထောက်ဆုံးမတတ်၍ ကျတော့်တို့အပေါ်
သံယောဇဉ်တရားကင်းကွာနေသည်ဟု အကြိမ်
ကြိမ်စွပ်စွဲခဲ့မိသော ဆရာကြီးကို ခုခါမှာတော့
တိတ်တိတ်လေးတောင်းပန်နေရသည်။
"နန္ဒရေ...မင်း အိပ်ပျော်နေမှာပဲ မင်း အုပ်ကြီး
မင်းကို ချစ်မှန်းသိတော့တယ်"
-
-
-
"နေလို့ထိုင်လို့အဆင်ပြေလား အမရာ"
"အင်း ပြေပါတယ်"
ဆွယ်တာ အကျီ ၤကိုဆွဲစေ့ရင်း အပြုံးပါးလေးတစ်
ခုလည်းပြုံးပြသေးသည်။မယ်မယ် ကဲ့သို့ နန်းမူ
နန်းရာ မရှိပေမယ့် မဟာဆန်နေသော အမရာ့
မျက်နှာတွင် အေးချမ်းမှုဆိုတာလည်းမှီတည်နေ
သေးသည်။
"ငါ လုပ်စရာရှိတာတွေကိုမြန်မြန်လုပ်ရမယ်။
သိလားသုတ။သားကိုယ်ဝန်မရင့်လာခင် အိမ်ကိစ္စ ဟိုတယ်ကိစ္စတွေကိုငါပြတ်အောင်ဖြတ်ထားချင်
တယ်။နန္ဒနိုးလာချိန်ကြရင် အားလုံးပုံမှန်အနေ
အထားတိုင်းဖြစ်နေမှ ဖြစ်မှာ။ဒါမှ သူ့ကိုယ်သူ
အပြစ်မတင်မှာ..."
"နန္ဒ နိုးလာရင်...သားကိုလက်ခံပါ့မလား?"
စိုးရိမ်မှုဗျာဆုံနေသော ကျတော့်ကိုကြည့်ရင်းပြုံး
သည်။ထိုအပြုံးသည် အစ်မတစ်ယောက်၏
နှစ်သိမ့်အပြုံးလို့ သိရသည်။နူးညံ့သည်။
နားလည်မှုတွေနဲ့ ကြင်နာမှုအပြည့်ကိုလည်း
ထင်ရှားစွာမြင်တွေ့ခွင့်ရသည်။
"ငါ့မောင် အကြောင်းငါ့လောက်ဘယ်သူမှမသိ
ကြပါဘူး။ခု နန္ဒလက်ခံခြင်းမခံခြင်းထက် ဒီရက်ပိုင်းတွေအတွင်း လွမ်းခဲ့ရတာတွေကိုသာ
ချန်းကိုအတိုးရော အရင်းပါ ပေါင်းဆပ်လိုက်ပါ။"
"ခု ချန်းက မန္တလေးရောက်နေတာ။ချန်းကို သား
ကိုမွေးဖွားပေးမှာ အမရာဆိုတာကို ဖုံးကွယ်ထား
သလိုဖြစ်နေတာကိုလည်း အားနာတယ်"
"ဖခင်နှစ်ယောက်မေတ္တာတွေကို သားမြင်ရဖို့
အချိန်တန်ရင် မြူ တွေလို လွင့်ပြယ်ပေးသွားမှာပါ
မိခင်မေတ္တာဆိုတာ သိပ်ကြီးမားတတ်တာမှန်ပေ
မယ့် အဖေတွေရဲ့ မေတ္တာကို လျစ်လျူ
ရှုပြီး အမေ့မေတ္တာတစ်ခုတည်းနဲ့ သားအသိဉာဏ်
တွေကို မြူမှိုင်းမနေစေချင်ဘူး။ဒါကိုလည်း ချန်းကနားလည်မှာပါ"
"ကျေးဇူးတင်ပါတယ် အမရာ။ကျတော့်တစ်သက်
မှာ မား ပြီးရင် လေးစားမိတဲ့ နောက်ထပ်မိခင်
တစ်ယောက်က အမရာပါ"
သဘောတကျခေါင်းမော့ရယ်သံသည်ထင်းရှုးမြို့
လေးထဲနွေးထွေးစွာ တိုးဝင်သည်။
"ဒါဆိုရင် သားကို လူကောင်းလေးတစ်ယောက်
အဖြစ်ကြီးပြင်းလာအောင် တာဝန်ယူပေးပါ။
ကိုယ့်ဖို့ဆိုတာမျိုးထက် အများဖို့ဆိုတဲ့စိတ်လှလှ
လေးတွေကို မွေးမြူတတ်အောင် လေ့ကျင့်ပေး...
နောက်ပြီး ကလေးရှေ့မှာ နှစ်ယောက်ဘယ်တော့
မှရန်မဖြစ်ကြနဲ့။သူ့မှာ အဖေနှစ်ယောက်ရှိနေတာ
က သူဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးကလေး
တစ်ယောက်လို ထင်ရသည်အထိ မင်းတို့နှစ်
ယောက်လုံးကြိုးစားပေး။နောင်တစ်ချိန်သားကြီး
လာရင် လူအများရှေ့မှာ ငါ့အဖေတွေက ဘယ်သူ
ဆိုတာကို ရဲရဲဝံ့ဝံ့ပြောနိုင်လောက်တဲ့အထိ
သားအတွက်စံပြ အဖြစ်နေပေးကြပါ။ဒါသားနဲ့
ပတ်သတ်တဲ့ အမရာ့ လောဘလေးတွေပဲ"
"ကျတော် ကတိပေးပါတယ်"
"အားတင်းထားရအောင် အမရာတို့ လေးယောက်
လုံးရှေ့လျှောက်ရင်ဆိုင်ရမှာတွေက အများကြီး
ရယ်"
-
-
-
ကားပေါ်မှ ဆင်းလာချင်း ရှာနေသော
ချန်းမျက်လုံးစုံတွေ ကျတော့်ဆီမရောက်လာခင်
သူ့နားအပြေးသွားကာ Laptopအိတ်ကိုပြောင်း
လွယ်ပေးလိုက်တော့...
ရုတ်တရက်မို့ ဝိုင်းစက်သွားသောမျက်ဝန်းဝိုင်းတွေ
ကျတော် လွမ်းနေရတာထိုအကြည့်တွေပဲ...
ဆိုင်ကယ်ပေါ်တက်သည်နှင့် ကျတော့်ခါးကို
ဖက်တွယ်သိုင်းယှက်လာသော လက်သွယ်သွယ်
တွေကို သဘောတကျငုံ့ကြည့်ရင်း ပြုံးရသေး
သည်။
ကျောပြင်ပေါ်တွင် အပ်ထားသော ချန်းပါးပြင်တွေ
တောင်တက်လမ်းလေးတစ်လျှောက် ချယ်ရီ
တွေမပွင့်နေတာကို ကျတော်သိပ်ဝမ်းသာတယ်။
ဘာလို့ဆို ချယ်ရီနံ့ကင်းနေတဲ့တောင်တက်
လမ်းတစ်လျှောက်...တစ်ချက်တစ်ချက်လွင့်လာတတ်သော ချန်း
ကိုယ်သင်းနံ့ကိုသေချာခိုးရှိုက်ခွင့်ရသည်။
ထိုအခိုက်အတန့်တိုင်းကို ကျတော်မက်မောတယ်။
"အသားတွေတောင် ညိုသွားသလိုပဲ"
အိမ်မီးရောင်ဖွေးဖွေးအောက် အနည်းငယ်ပြောင်း
သွားသော အသားအရည်ကို သတိမူကာကြည့်
ရင်းပြောတော့ ကျတော်သဘောကျသော အပြုံး
တစ်ခုကို ပြုံးရင်း
"အင်း ငါလည်း ရုံးမှာပျင်းတာနဲ့ Siteထဲလိုက်
ဆင်းလိုက်တာ..."
ဟူ၍ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။
"နေတွေပူကပူနဲ့ ချန်းရာ siteတွေထဲမှာ အမိုး
အကာလည်း မရှိပဲနဲ့..."
"Engineerဆိုတာ မည်းမှတဲ့ကွ။မိန်ကလေး
အင်ဂျင်နီယာတွေတောင် ဆင်းနေကြတာပဲ"
"ဒါကဒါပေါ့ကွ...မင်းအသားတွေနေလောင်သွား
ရင်..."
"နေလောင်ပြီးမည်းတော့ရော ဘာဖြစ်လဲ?
ယောကျာ်းလေးပဲ...ဘာလဲ မင်းက ငါ့ကို နုဖတ်
နေစေချင်တာလား?မင်းကတော့ ကျားကျားလျား
လျားပေါ့။နောင်ဆို ဒီထက်မည်းသွားဖို့အလားလာ
တွေရှိတယ်။ ပြင်ဦးလွင်မှာ ရုံးခွဲဖွင့်ရင် ငါကိုယ်
တိုင် Siteထဲလိုက်ဆင်းရတော့မှာ...မင်း ဖြူ
တာကြိုက်တယ်ဆိုရင်တော့ မင်းကိုယ်မင်းပဲ
ထုံးရည်စိမ်ထား။ငါကတော့..."
ထုံးစံအတိုင်း စကားပြန်ထိုးနေသော ချန်းကို
သိမ်းကျုံး၍သာ ဖက်လိုက်မိတော့သည်။
"ဟေ့ကောင် ငါပြောလို့ မပြီးသေး...ဖယ်လေ
ဟေ့ကောင် ငပိုင်..."
"လွမ်းနေတာ..."
အသံလည်ပတ်သွားလာရာ လေမော်လီကျူ့တွေ
ကို ခြောက်လှန့်ထုတ်လိုက်သလိုပင်...အိမ်လေး
ထဲအသံအားလုံးခေတ္တခဏဆိတ်ငြိမ်သွားရသည်။
လွမ်းတယ် ပြောသည်နှင့် ရှက်ကိုးရှက်ကန်း
ဖြစ်သွားမည့် အမျိုးထဲ ယောကျာ်းဆန်ချင်လှပါ
သော ကျတော်ချစ်ရသူ မပါ။
"ဗိုက်ဆာရတဲ့ ကြားထဲ..."
ဆိုသည့် စကားသံထဲ ကျတော့်ကိုအလိုက်မသိ
သူရယ်ဆိုသော စွပ်စွဲချက်မျိုးတော့မပါဝင်။
မီးဖိုချောင်ထဲ ဝင်သွားတဲ့သ့ူနောက် အလိုက်တသိ
လိုက်ကာ ဟင်းတွေပြန်နွှေးခြင်း ပန်းကန်ထဲ
သို့ သူခူးထည့်ပေးသော ထမင်းကိုခံယူရင်း
သူနဲ့မျက်နှာချင်းဆိုင်ထိုင်ကာ ထမင်းလက်ဆုံ
စားရသည့် နေ့တို့အား ထောင်သောင်းမက
ရှိနေစေချင်သည်။
မင်းရဲ့နေ့ရက်တွေထဲ ငါပါဝင်ဖို့မျှော်လင့်ချက်ကို
ပိုင်းခြားထားတဲ့စည်းတွေ တဖြည်းဖြည်းမှေးမှိန်
စပြုလာပြီထင်ရဲ့ တချန်းရေ...
EX...pect
Thank you all
Bạn đang đọc truyện trên: ZingTruyen.Xyz