ZingTruyen.Xyz

EX-pect

Epi-36

HsuChiKo365

A/N ထပ္မံျဖည့္စြပ္ေရးသားထားပါသည္။
Be enjoy...

>>>EX-pect<<<

"ပိုင္~~"

တံု႔ျပန္သံအစား က်ေတာ့္ဂုတ္ပိုးတြင္
စိုစြတ္မႈေသးေသးေလးတစ္ခုကို ခံစားလိုက္ရသည္။
သိုင္းဖက္ထားေသာ သူ႔လက္ေတြ ပိုမိုတင္းႀကပ္
သြားျပီး...အခန္းေလးထဲ တိတ္ဆိတ္မႈကသာ
လွ်င္ တည္ရွိျဖစ္ေပၚေန၏။

"ပိုင္...မင္း ဘာျဖစ္?"

ရုန္းေနတာမ်ိဳးမဟုတ္ေတာ့ပဲ က်ေတာ္သူမ်က္ႏွာ
ကိုလွည့္ႀကည့္ဖို႔ႀကိဳးစားႀကည့္သည္။
ဒါကို သူလည္းသိပံုရသည္။ရုတ္တရက္ဆိုသလို
တင္းႀကပ္မႈေတြေျပေလ်ာ့သြားျပီး ဂုတ္ပိုးေပၚ
က်ဆင္းခဲ့ေသာ အရည္ႀကည္တစ္စက္ကိုကိုသုတ္
ဖယ္ရင္း ထရပ္သည္။

"sorry ခ်န္း"

က်ေတာ္ေနရာကေန မထျဖစ္ေသး။ဘာျဖစ္ေန
တာလဲ?
ငပိုင္ အိပ္သြားေသာ ေနရာသည္
ကိုယ္ေငြ႔ေႏြးက်န္ရစ္ေနဆဲ။
တိမ္းေစာင္းေနေရာင္ျခည္ရရွိ၍ အေအးပိုေန
ေသာ ေတာင္ေပၚရာသီဥတုသည္ က်ေတာ့္အား
ဘာမဟုတ္ေသာ အေႏြးဓာတ္တစ္ခုကိုေတာင္
မခြာခ်င္ေလာက္ေအာင္ျဖစ္ေစသည္လား??
ဒါမွမဟုတ္ က်ေတာ့ကိုယ္ေပၚက်ဆင္းခဲ့ေသာ
မ်က္ရည္တစ္စကိုေတာင္ မေမ့မေလ်ာ့သုတ္ဖယ္
ေပးျပီးမွ ထြက္ခြာသြားေသာ ငပိုင့္ကိုမ်က္ႏွာခ်င္းမ
ဆိုင္ခ်င္ေတာ့၍လား??
သူလွဲသိပ္ထားခဲ့သလို ေနရာမေရႊ႔ ဆက္ကာေခြ
ေနလ်က္ က်န္ခဲ့သည္။

ငပိုင္နဲ႔ ပတ္သတ္လာရင္က်ေတာ့္ဘဝမွာမေရရာ
တာေတြ သိပ္မ်ားတယ္...

အိမ္ေရွ႔တံခါးပိတ္သံ~~ဆိုင္ကယ္လ္စက္ႏႈိုးသံ
ႀကားမွရုပ္နာမ္ႏွစ္ခု အခိ်တ္္ဆက္မိသြားေတာ့၏။
အိမ္ေရွ႔အျမန္ေျပးထြက္တာ ပိင္သုတကို တားခ်င္
၍လား?ဒါမွမဟုတ္...ဘာလုပ္ဖို႕ေျပးထြက္လာ
လည္းေရေရရာရာ အေျဖရွာမေသာ က်ေတာ့္ကို
ေစာင့္မေနပါဘူး။ဆိုင္ကယ္က ထြက္သြားႏွင့္ခဲ့ျပီ
့္
ေတာက္!က်ေတာ္ဘာျဖစ္သြားတာလဲ??
ခဏေလး တကယ္ခဏေလာက္ေလး သူ႔ရင္ခြင္
ထဲေရာက္သြားတာကို က်ေတာ္ဒီေလာက္ထိစိတ္
္လြတ္ကိုယ္လြတ္ျဖစ္သြားစရာ လိုလို႔လား?

စက္ထဲက အဝတ္ေတြထုတ္ကာ လွမ္းေပးသြား
သည္။ေရခ်ိဳးခန္းထဲဝင္ေတာ့ သြားတိုက္ေဆး
ထည့္ေပးျပီးသား က်ေတာ့္သြားပြတ္တံ။

က်ေတာ္သတိမထားမိလိုက္ခင္...မ်က္ရည္တစ္
စက္က ေရခ်ိဳးခန္းႀကမ္းျပင္ေပၚ အလြတ္ခုန္ခ်
သည္။

ငပိုင့္ကို ဒီေန႔ ေန႔လည္စာ ေကြ်းႏိုင္မွ က်ေတာ္
စိတ္ေျဖာင့္မည္။
လွ်ာဦးထုပ္ကို ခပ္ငိုက္ငိုက္ေဆာင္းထားေပမယ့္
ႏွင္းမႈန္ထုသိပ္သည္းေနေသာ မနက္ခင္းတြင္
လူမေျပာနဲ႔ ေရာင္စံုပန္းခင္းထဲမွ ပန္းေတြေတာင္
က်ေတာ့္ကို ဂရုတစိုက္လိုက္ႀကည့္မေန။
ေစ်းသြားမယ္လို႔ စိတ္ဆံုးျဖတ္ကာထြက္လာခဲ့ေပ
မယ့္ ေစ်းကဘယ္အရပ္တြင္ရွိမွန္းေတာင္မသိ။
ေနာက္ဆံုးက်ေတာ့္နဲ႔မ်က္ႏွာခ်င္းဆိုင္လာေန
ေသာဆိုင္ကယ္တစ္စီးကိုလွမ္းတားရေတာ့သည္။

"ဘယ္သြားမလို႔လဲ ညီေလး"

"ေစ်းကို ဘယ္ေလာက္လဲ?"

"ေပးေနက်အတိုင္းေပးပါ။ပိုမေတာင္းပါဘူး"

တကယ္တမ္း ဆိုင္ကယ္ေပၚ တက္ဖို႔ကို က်ေတာ္
တြန္႔ဆုတ္ေနသည္။ျပန္စဥ္းစားႀကည့္ရင္ ပိုင္ နင္း
တဲ့ စက္ဘီး၊ပိုင္ စီးတဲ့ ဆိုင္ကယ္က လြဲ၍ဘယ္
သူ႔ေနာက္မွ က်ေတာ္လိုက္မစီးျဖစ္ခဲ့ဖူးဘူး။
ခု တျခားလူတစ္ေယာက္ က်ေတာ္မျမင္ဖူးတဲ့လူ
ေနာက္က လိုက္စီးဖို႔ ေႀကာက္တတ္တာမဟုတ္ပဲ
က်ေတာ္ ယံုယံုႀကည္ႀကည္မလိုက္ခ်င္တာ

"ညီေလး တက္ေလ"

"မ မလိုက္ေတာ့ဘူး။ဒီနားမွာ ရထားလံုးရွိလား?"

ဆိုင္ကယ္ကယ္ရီသမားသည္ ေဝလီေဝလင္းသရဲ
ေတြ႔သလို ျပဴးေႀကာင္ေႀကာင္ျပန္ႀကည့္လ်က္
ေရွ႔ဖက္ကို လက္ညွိဳးထိုးျပသည္။
ႏႈတ္ဆက္ဖို႕အခ်ိန္မရ။ခပ္သြက္သြက္ပင္ေလွ်ာက္
လာလိုက္ေတာ့၏။ငပိုင္ကို ေန႔လည္စာအမွီပို႔ေပး
ရမည္။

ေစ်းတန္းေလးသည္ ႏွင္းျမဴေဝေဝႀကား အေရာင္
အေသြးစံုစြာ အသက္ဝင္ေနသည္။သစ္သီးဝလံ
ေပါတဲ့ေနရာမို႔ ငပိုင္ေနေပ်ာ္ေနသလားမသိ?
ဘယ္နားသြားသြား သားငါးအညွီနံ႔ထက္ ပန္းနံ႔
သင္းသင္းနဲ႔ စိုက္ခင္းထဲက လတ္လတ္ဆတ္
္ဆတ္ ခူးဆြတ္လာေသာ ဟင္းသီးဟင္းရြက္တို႔
၏ သဘာဝစိမ္းျမျမနံ႔နဲ႔ သစ္သီးရနံ႕က ႏွင္းမႈန္ေရာစြတ္ေနေသာေလနဲ႔အတူပါလာတတ္သည္။
ဒီလိုျမင္ကြင္းမ်ိဳးေတြႀကား ႀကိမ္ျခင္းေတာင္းတစ္
လံုးကိုင္ျပီး ေတာင္ေတာင္အီအီေလွ်ာက္ႀကည့္ေန
တတ္မည့္ ငပိုင့္ပံုကို ျမင္ေယာင္ရင္း ျပံဳးမိေသး၏
ငပိုင္က ခါတေလ ယုန္ေပါက္စနဲ႔တူတယ္။ဘာဘာ
ညာညာ ႀကိဳက္တယ္မေျပာတတ္ေပမယ့္ သူ
Baby Cornတို႕ မုန္လာဥနီတို႔ႀကိဳက္တာသိ
သာတယ္။မားက အစိမ္းေႀကာ္ထည့္ေပးလိုက္တဲ့
ေန႔ေတြဆို အဲ့ဒါေတြကို မသိမသာေရြးစားတတ္
တယ္။
သူ႔လိုႀကိမ္ျခင္းေတာင္းမပါပဲနဲ႔ေတာင္ ေစ်းဝယ္
ရတာ အမ္းတန္းတန္းျဖစ္ေနရတဲ့ ကိုယ့္အျဖစ္နဲ႔
ယွဥ္ေတြးရင္း...ေတာ္ပါျပီ ေနာက္တစ္ခါ ေစ်းသြားခိုင္းရင္ ႀကိမ္ျခင္းေတာင္းအတင္းထည့္
မေပးေတာ့ဘူး။Recycle လုပ္လို႔ရတဲ့ အိတ္တစ္လံုးပဲ ထည့္ေပးလိုက္ေတာ့မယ္။
-
-
-
"Dr.ပိုင္သုတ နဲ႔ ေတြ႔ခ်င္လို႔ပါ"

"ကိုခ်န္းလား?"

"ဗ်ာ"

ျမင္တာနဲ႔က်ေတာ္မွန္းသိေနရံုသာမက က်ေတာ့္
ကို ျပံဳးျပံဳးရႊင္ရႊင္ႏႈတ္ဆက္ေသာ Nurse
မေလးသည္
"ဒီမွာ ကိုခ်န္း!ေရာက္လာျပီ" ဟူ၍သူ႔အေပါင္း
အပါတို႔ကိုပါလွမ္းေခၚေတာ့၏။
က်ေတာ့္နား ဝိုင္းအံုလာႀကေသာ မိန္းကေလး
သံုးေလးေယာက္ေလာက္တြင္ ဆရာဝန္မေလး
ေတြပါ ပါသည္။

"ကိုခ်န္းကို အလည္ေခၚလာပါလို႔ေျပာတိုင္း...
Dr က စကားလမ္းေႀကာင္းလႊဲေနတတ္တာ။
ထင္ေတာ့ထင္သား ဒီေန႔လိုမ်ိဳး ကိုခ်န္းလိုက္လာ
ရင္ ေကာင္းမွာပဲဆိုျပီး..."

"ဟုတ္ကဲ့ ခင္ဗ်။ခု င အဲ ပိုင္သုတေရာ?"

"အဲ Dr နာေရးသြားပို႔တယ္ေလ ကိုခ်န္း"

"နာေရး?ဘယ္သူ႔နာေရးလဲ?"

မနက္က ငပိုင္ငိုခဲ့တာနဲ႔ စပ္ဆက္ေနတာေသခ်ာ
ျပီ။ဘယ္သူဆံုးသြားတာလဲ??ႀကီးေမ ဆံုး
တုန္းကေတာင္ ငိုေနေသာ အေသးေလးကိုသာ
ေပြ႔ဖက္ႏွစ္သိမ့္ျပီး မ်က္ရည္တစ္စက္မထြက္ခဲ့သူ
ကို ငိုေအာင္လုပ္ႏိုင္ခဲ့တာ ဘယ္သူလဲ က်ေတာ္
သိခ်င္တယ္။

"Dr သမီးေလးေလ"

"ပိုင္သုတ သမီး!!"

"အဲ ကိုခ်န္းမသိဘူးထင္တယ္။Dr ဒီေဆးရံုမွာ
တာဝန္က်တည္းက Drေစာင့္ေရွာက္ေပးခဲ့ရတဲ့
ကေလးမေလး တစ္ေယာက္ရွိတယ္။ကေလးက
ေသြးကင္ဆာျဖစ္ေနတာ။Drပဲ ေသြးသြင္းေပး
ခဲ့ရတာေလ။သူနဲ႔ေသြးမ်ိဳးသားခ်င္းလည္းတူ
ေတာ့ ကေလးေလးအတြက္ လိုတိုင္းသူပဲလွဴ
ေပးေနတာ။ကေလးအေျခအေနပိုပိုဆိုးလာတာ
ႀကာျပီ။အရြယ္နဲ႔ မလိုက္ေအာင္ေရာဂါကႀကီးေန
ေတာ့လည္း..."

က်ေတာ္နဲ႔ေဝးကြာေနစဥ္ကာလတြင္း ဒီလို
နက္နဲတဲ့သံေယာဇာဥ္ႀကိဳးေတြ ကို ခ်ည္
ွိေနခဲ့တာလား??

"Dr က ရိုးတြင္းျခင္ဆီ လွဴေပးဖို႕ထိေတာင္ရည္
ရြယ္ထားေပမယ့္ သူတို႔ႏွစ္ေယာက္ရဲ႕ ျခင္ဆီ
အမ်ိဳးအစားက မတူဘူးေလ။Drတကယ္ကို
ခံစားခဲ့ရတာ။ကေလးမေလးကလည္း မိဘမဲ့ေလး
ဆိုေတာ့ သူ႔အေပၚဂရုစိုက္ေပးေႏြးေထြးေပးတဲ့
Drကို ခ်စ္တယ္။မေန႕ကမနက္တည္းက ကေလးအေျခအေနဆိုးေနတာ။ညေနေရာက္ေတာ့မခံစားႏိုင္ရွာေတာ့ဘူးနဲ႔တူပါတယ္။Drလက္ေပၚမွာတင္ဆံုးသြားတာ"

မေန႔က တစ္ေန႔လံုး သူဘယ္ေလာက္နာက်င္ခဲ့
ရမလဲ??ဒါေတာင္ က်ေတာ္က မ်ွေဝမေပးမိပဲ...

"ကိုခ်န္း ထမင္းဗူးလာပို႔တာမလား?ေစာင့္
ရင္ေစာင့္ေနလိုက္ေလ။ေတာ္ႀကာေန ျပန္လာႀက
ေတာ့မယ္"

က်ေတာ္ဟန္ေဆာင္ပန္ေဆာင္ေတာင္ စကား
ျပန္မေျပာႏိုင္ေတာ့ေလာက္ေအာင္ဆို႔နင့္ေနသည္
လက္ဆတ္တဲ့ ေတာင္ေပၚေလေတြကတသုန္သုန္
တိုက္ေခ်ာ့ျမဴေနတာေတာင္ က်ေတာ္အသက္ရႈလိ႔ု
မဝဘူး။ထုတ္ပိုးထည့္လိုက္မိေသာ ရင္ထဲက
အပူေတြလည္း မျငိမ္း။
က်ေတာ္ခုခ်ိန္သူနဲ႔ေတြ႔ခ်င္လား??ဝမ္းနည္းေန
တဲ့ သူ႔ကို က်ေတာ္ႏွစ္သိမ့္ေပးခ်င္ေနေပမယ့္
သူ က်ေတာ္ေရွ႔ဘယ္ေတာ့မွ မ်က္ရည္က်မွာ မဟုတ္ဘူးဆိုတာလည္းသိေနသည္။
က်ေတာ္ထရပ္မိသည္။ဟုတ္တယ္ သူလြတ္လြတ္
လပ္လပ္ ေႀကကြဲပါေစ။

"ဟို...Dr ပိုင္သုတ လာရင္ ဒါေလးေပး,ေပးပါ"

လံုျခံဳေရးဝန္ထမ္းလက္ထဲ ထမင္းဗူးအပ္ကာ
ထြက္လာခဲ့လိုက္ေတာ့သည္။
မလွမ္းကမ္းကားပါကင္ထိုးရာေနရာသို႔ ခ်ိဳးေကြ႕
ဝင္လာေသာ ကားအျဖဴတစ္စီး...ျမင္ဖူးေနက်
Super Customကားမို႔သတိထားႀကည့္
မိေတာ့ ထင္သည့္အတိုင္း ကားေပၚကေနဆင္း
လာေသာ ငပိုင္။
ရွပ္အျဖဴႏွင့္ေယာပုဆိုးအနက္ေရာင္သည္ ေခါင္း
ငိုက္စိုက္က်ကာ ပူေဆြးေနေသာ သူ႔အမူအရာကို
ပို၍ ေဆြးေျမ့ေနေစသည္။
သူ႔ပုခံုးကိုဖက္ကာ ဖ်စ္ညွစ္အားေပးေနေသာ
နႏၵဦးေမာ္က သူ႕ကို ေဆးရံုပင္မေဆာင္ထဲ
တြဲကူေခၚေနသည္။
ေငးႀကည့္ရင္းမွတျဖည္းျဖည္းေဝးကြာသြားေသာ သူ႔ေက်ာျပင္ကပင္ ေနေရာင္ေႏြးေႏြးေအာက္
အထီးက်န္ဆန္ဆန္ ပန္းခ်ီကားတစ္ခ်ပ္လိုပဲ...

ညေနသူျပန္လာတဲ့ အသံႀကားေပမယ့္က်ေတာ္
အခန္းပင္ မထြက္ျဖစ္။သူလည္းမေခၚ။
ေန႔လည္က ထမင္းဗူးမရဘူးလား??အေျခအေနထြက္ေမးရေကာင္းမလား...စဥ္း
စားမိေပမယ့္ တကယ္တမ္းလုပ္ေနမိတာက
ထိုင္ခံုကေန ထိုင္ရာမထပဲ ငပိုင့္ လႈပ္ရွားသံတစ္
ခုခ်င္းဆီကို လိုက္နားေထာင္ရင္း ဘာလုပ္ေန
ျပီ ဒါ ဘာာလုပ္ေနမွာ ဟူ၍ စိတ္ကူးနဲ႔ လိုက္စဥ္း
စားေနျခင္းသာ။
ေနာက္ဖက္ခန္းဆီမွ ေရသံေတြႀကားသည္။ဒီအခ်ိန္ႀကီးေရခ်ိဳးေနတာလား??ဒီေလာက္ေအး
ေနတာကို...ေနာက္ဆံုး က်ေတာ့္အခန္းေရွ႔က
စာႀကည့္ခန္းတံခါးပိတ္သံနဲ႔ လႈပ္ရွားမႈေတြတိခနဲ
ရပ္တန္႔ပစ္လိုက္သည္။
ဘာလဲ??ထမင္းမစားဘူးလား??ေတာ္ေတာ္
ႀကာႀကာ တစ္အိမ္လံုးတိတ္ဆိတ္သြားျပီးမွ...
က်ေတာ့္အခန္းတံခါးဝမွ တံခါးေခါက္သံတိုးတိုး

တံခါးထဖြင့္ေပးေတာ့ အခန္းဝေရွ႕ရပ္ေနေသာ
ငပိုင္။ေရခ်ိဳးျပီးခါစမို႔ မေျခာက္တေျခာက္ျဖစ္ေန
ေသာ ဆံပင္ပြပြက ဖရိုဖရဲ။
အနည္းငယ္ဆိုတာထက္ ပို၍ရွည္ေနေသာ
သူ႔အရပ္ေအာက္ ခိုဝင္သလိုျဖစ္ေနေသာ က်ေတာ့္မ်က္ႏွာေပၚ သူ႔အရိပ္အခ်ိဳ႕တစ္ဝက္အုပ္
မိုးက်လာသည္။
ေတြေတြရပ္ေနရင္းမွ...

"ငါ...ဒီအခန္းမွာအိပ္လို႔ရမလား ခ်န္း"

"အင္း...ဒါ မင္းအခန္းပဲ။မင္း အိပ္ခ်င္အိပ္ေလ
ငါ အခန္းေျပာင္းေပး..."

"ငါ ငါ မင္းနဲ႔အတူအိပ္ခ်င္တယ္။ဒီတစ္ညေလာက္
ပဲ ျဖစ္ျဖစ္။အရင္ကလို မင္းနဲ႔ အိပ္ခ်င္တယ္"

တျခားမဟုတ္တာေတြမေတြးမိေစေလာက္ေအာင္
ညအိပ္ရာဝင္ခ်ိန္ နားခိုရာရင္ခြင္လိုအပ္ေနေသာ ကေလးငယ္တစ္ေယာက္လို ျဖဴစင္ေနေသာ
မ်က္လံုးအႀကည့္ေတြ။

"ရတယ္ေလ။ဒါ နဂိုတည္းကမင္းအခန္းပဲ"

ေဘးနားလွဲအိပ္ရင္း ဂြမ္းကပ္ေစာင္ထူထူေအာက္
အတူတူဝင္မိႀကသည္။အခန္းထဲမွာ လူႏွစ္ေယာက္ရွိေနတယ္ဆိုတာကို အျပင္ကနား
ေထာင္ေနလွ်င္ ယံုမည္မထင္ရေလာက္ေအာင္
ကိုတိတ္ဆိတ္ေနသည္ကိုက ပံုမွန္မဟုတ္ေသာ
သရုပ္ပင္။

"ေန႔လည္က ထမင္းဗူးအတြက္ ေက်းဇူးပဲ ခ်န္း"

တိုးညွင္းစြာဆိုလာေသာ ေက်းဇူးတင္စကားသည္
ေမႊးညွင္းတစ္ခ်ိဳ႕ကို ရွိန္းခနဲျဖစ္သြားေစေလာက္
သည္ထိ ျဖစ္ဖို႔လိုအပ္လို႔လား??

"သမီးက...ဒီေရာဂါေတြ ခံစားဖို႔ အရမ္းငယ္လြန္း
ေသးတယ္။ေက်ာင္းေတာင္မတက္ရေသးတဲ့ အရြယ္ေလးနဲ႕သမီးကစာေတာင္ေကာင္းေကာင္း
မဖတ္တတ္ေသးဘူး"

တစ္ေယာက္တည္းေျပာေနသလိုလို က်ေတာ့္ကိုပဲ
ေျပာျပေနသလိုလိုမသဲမကြဲ ခပ္တိုးတိုးသာေရ
ရြတ္ေနေသာ ငပိုင့္ အတြက္ က်ေတာ္ဘာလုပ္
ေပးရမလဲ မစဥ္းစားမိခင္...သူကို႔ က်ေတာ္
ဖက္ထားေပးလိုက္သည္။
မနက္က သူက်ေတာ့္ကို ေထြးဖက္ထားသလို
ရင္ခြင္ထဲ အျပည့္မဝင္ရင္ေတာင္ က်ေတာ္
သူ႔ကို ေႏြးေထြးမႈေပးႏိုင္ေလာက္မယ္လို႔
ယံုႀကည္ေနမိသည္။
အံ့ႀသသြားတာလားဘာလားမသဲကြဲေပမယ့္ သူ
ဘာမွဆက္မေျပာေတာ့ဘူး။
ေနျမဲအတုိင္း ျငိမ္ျငိမ္သာေနေနေသာ ငပိုင့္ကို မရည္ရြယ္ပါပဲသူ႕လက္ေမာင္းတို႔ကိုအလိုလိုခပ္ဖြဖြပုတ္ေပးေနမိသည္။

သူ႕ပထမဆံုး လူနာ။သူ႔ ပထမဆံုးခ်စ္မိေသာ
ကေလးမေလးတစ္ေယာက္ကို က်ေတ္ာမေတြ႔
မျမင္ခဲ့ဖူးေပမယ့္လို႔ အခု သူခံစားေနရတဲ့
ဝမ္းနည္းပူေဆြးမႈကို က်ေတာ္ပါခံစားမိေနရသည္။

အျပင္မွာဒီဇင္ဘာႏွင္းကႀကိဳးနဲ႔အေအးဓါတ္ျဖန္႔
က်ပ္ေနေသာႏွင္းနတ္သမီးသည္
အခန္းတြင္းဂြမ္းေစာင္ေအာက္ကေပြ႕ဖက္ထား
ေသာခႏၶာႏွစ္ခုၾကားတိုးဝင္ရန္ႀကိဳးစားေပမယ့္
အိပ္ေမာက်သြားၿပီျဖစ္ေသာေကာင္ေလးေတြမသိေအာင္
အေရးမလွစြာျဖင့္ ခက္ရွက္ရွက္ႏွင့္ပင္
တိတ္တိတ္ေလး ျပန္ထြက္သြားရေလရဲ႕
-
-
"ေဒါက္တာ!ေဒါက္တာ"

အိမ္ေရွ႔တံခါးတဗုန္းဗုန္းထုသံနဲ႔အျပိဳင္ တေႀကာ္
ေႀကာ္ေအာ္ဟစ္သံသည္ အေမွာင္ထူူထူႀကားကို
ျဖတ္လ်က္ က်ေတာ္တို႕အိမ္ခန္းထဲထိ ပီပီသသ
ခ်ဥ္းနင္းဝင္းေရာက္လာသည္။
ကာယကံရွင္က ေစာင္ပံုေတြႀကားအိပ္ေမာက်ေန
ဆဲ။သူ႔ရင္ဖက္ေပၚသိုင္းဖက္ထားေသာ လက္ေတြ
ကို ျဖည္းျဖည္းခ်င္းဖယ္ရွားရင္း ေျခသံဖြဖြနင္း
ကာ အိမ္ေရွ႔ကုိ ေျပးရသည္။
အေမွာင္ထဲလင္းေနေသာ အႏုျမဴနာရီလက္တံ
ေတြနဲ႔ တိုင္ကပ္နာရီသည္ ညအခ်ိန္၃နာရီကိုေဖာ္
ျပေန၏။

ဒီအခ်ိန္ႀကီးဆရာဝန္အိမ္ေရွ႔လာတယ္ဆိုတည္း
က ေသေရးရွင္ေရးကိစၥေတြဆိုတာ ရုပ္ရွင္ကား
ေတြထဲမွာ ပါတည္းက သေဘာေပါက္ျပီးသားေပ
မယ့္ ခု ကိုယ္ေတြ႔မို႔ လူကစိတ္လႈပ္ရွားရ၏။
အိမ္တံခါးဖြင့္လိုက္သည္ႏွင့္

"ဆရာ"ဟူေသာ ေအာ္သံနဲ႔ အားကိုးတႀကီးလာ
ေရာက္ ဆုပ္ကိုင္ေသာ လက္တစ္ဆံု

"အဲ...က်ေတာ္က ပိုင္သုတ မဟုတ္ဘူး။ဘာ
ကိစၥရွိလို႕လဲမသိ"

"ဆရာ ကယ္ပါအံုး။က်ေတာ့္မိန္းမ...က်ေတာ့္
့္မိန္းမ ဒီအခ်ိန္ႀကီးဗိုက္နာလာလို႕ ေမြးေတာ့မလား
မသိဘူး။ လုပ္ လုပ္ပါအံုးဆရာရယ္"

ျပႆနာပဲ။ပိုင္သုတ ေမြးေပးရေအာင္ သူက
သားဖြားမီးယက္လည္း မျဖစ္ေသးပါဘူး။

"လုပ္ လုပ္ပါအံုးဆရာရယ္။က်ေတာ့္မိန္းမ စိုက္ခင္းထဲမွာ တစ္ေယာက္တညး္က်န္ခဲ့လို႔ပါ"

"ခဏေနာ္"

အိမ္ခန္းထဲ အေျပးျမန္ဝင္ရသည္။ခရစ္စမတ္နီး
ဒီဇင္ဘာလလယ္ႀကီးမွာ ေခြ်းစို႔ရသည္။

"ပိုင္ ေဟ့ေကာင္ထအံုး"

"အင္ ဟင္။ဘာ ဘာျဖစ္"

"ဗိုက္ နာေနလို႔..."

"ဟင္ ဘယ္နားကနာ..."

အိပ္ခ်င္မူးတူးနဲ႔ က်ေတာ့္ဗိုက္ကို ေယာင္ေတာင္
ေတာင္ လာစမ္းေနေသာ သူ႔လက္ေတြကို
ခပ္နာနာရိုက္ခ်ရေတာ့၏။ေသေတာ့မွာပဲ ဒီလို
အအိပ္မက္ေနပံုနဲ႔

"လခြမး္တဲ့မွ...ငါနာတာမဟုတ္ဘူးကြ။ဟိုမွာ အိမ္
ေရွ႔မွာလာေခၚေနတာ ကေလးေမြးခ်င္လို႔တဲ့"

"ဟမ္...ေမြးလူနာ??ထ ထ"

ဆရာဝန္တိုင္း ဒီလိုမ်ိဳးႏိုးႏိုးႀကားႀကားရွိေနတာ
လား က်ေတာ္မသိ။ပိုင္သုတကေတာ့ ဆိုလိုရင္း
က ဘာဆိုတာကို သိသြားသည္ႏွင့္ ကုတင္ေပၚ
မွ ခုန္ဆင္းကာ လိုအပ္တာေတြအကုန္အိတ္ထဲစု
ျပံဳထည့္ရံုသာ မက က်ေတာ့္လက္ကိိုဆြဲကာ အိမ္ေရွ႔ထိ ေခၚခ်လာဖို႔ေလာက္တဲ့ထိ ႏိုးႀကား
တက္ႀကြသည္။
ေမွာင္ပိန္းေနေသာေျမြလိမ္ေျမြေကာက္လမ္းသြယ္
ေတြထဲ ေထာ္လာဂ်ီေနာက္ခံုတြင္ က်ေတာ္တို႔
၂ေယာက္ လံုးလည္လိုက္ေနသည္။
က်ေတာ္တို႔ကို လာေခၚတာပဲ ေတာ္ေသး၏
ဒီလိုပံုစံမ်ိဳးနဲ႔သာေမြးခါနီးလူနာကို ေခၚတင္ျပီး
ေဆးရံုသြားပါက...?ေတြးႀကည့္ရင္း ႀကက္သီး
ထပါတယ္ဆိုမွ ေလကျဖတ္တိုက္ေတာ့ လူက
ေမးပါရိုက္ခ်င္သြားသည္။က်ေတာ္ကသာ
ေမးရိုက္ေနတာ ပိုင္သုတကေတာ့ ေထာ္လာဂ်ီ
သံ တဗုန္းဗုန္းႀကား လူနာအေႀကာင္းကို
ရသေလာက္ ေအာ္ဟစ္ေမးျမန္းေနေသး၏။

ဂႏၶမာပန္းခင္းႀကီးအလယ္ကဖေယာင္းတိုင္မီး
ေရာင္လဲ့လဲ့လင္းေနေသာျခံေစာင့္တဲ ခေနာ္နီ
ခေနာ္နဲ႕ေရွ႔မေရာက္ခင္တည္းက အမ်ိဳးသမီးတစ္
ေယာက္၏ နာနာက်င္က်င္ေအာ္ဟစ္သံသဲ့သဲ့ကို
ႀကားေနရသည္။

ေအာ္ဟစ္ေနေသာ အမ်ိဳးသမီးနား၈ႏွစ္အရြယ္
ကေလးမေလးသည္ မိခင္ျဖစ္သူကို ႀကည့္ရင္း
သူပါ ေရာငိုေန၏။ေအာ္ဟစ္ေနေသာ ေမြးခါနီးဗိုက္ႀကီးသည္မ်ားကို ရုပ္ရွင္ထဲမွာ
ေလာက္သာေတြ႔ဖူးေသာ က်ေတာ့္အဖို႔ ခုဗိုက္ႀကီး
ပူေနျပီး ေခြ်းသံတရႊဲရႊဲနဲ႔ေအာ္ဟစ္ေနေသာ
အမ်ိဳးသမီးကိုႀကည့္ျပီး ေျခမကိုင္မိလက္မကိုင္မိ။

ပိုင္ကေတာ့ ငိုေနေသာ ကေလးမေလးနားအရင္
သြားျပီး

"အငယ္မငိုနဲ႔။ခဏေနညီမေလးကအျပင္ထြက္
လာေတာ့မွာ...ခု ကိုကိုေျပာတာနားေထာင္ အျပင္ခဏထြက္ေပး။ေမေမဘာမွမျဖစ္ဘူး။Ok??"

မ်က္ရည္ေတြကိုသုတ္ေပးရင္း ကေလးမကို အေမ နားကခြာခိုင္းသည္။ကေလးထြက္သြားေတာ့မွ
ေဘးနား အူလည္ခ်ာလည္လုပ္ေနေသာ ကေလး
အေဖနဲ႔ က်ေတာ့္ကို

"အစ္ကို ေရေႏြးအျမန္တည္ေပး။ျပီးေတာ့ အစ္မ
ထမီအေဟာင္း၃ထည္ေလာက္လာေပး။ေနာက္ အႏွီးထုပ္ဖို႔ အဝတ္သန္႔သန္႔တစ္ခုပါယူခဲ့ေပးပါ။ခ်န္းဒီက ေစာင္ကိုကာလိုက္။ျပီးရင္ မင္းကအစ္မေဘးနားမွာေန"

အမိန္႔ေတြအဆက္မျပတ္ေပးေနရင္းအစ္မႀကီးကို
လည္း ယံုႀကည္မႈတည္ေဆာက္ေပးေသး၏။

"အစ္မ...က်ေတာ္က ေဆးရံုႀကီးက ေဒါက္တာ
ပါ။အခုက စျပီး က်ေတာ္ေျပာသလို လိုက္လုပ္မယ္ေနာ္။ဟုတ္ျပီလား?"

အစ္မႀကီးေခါင္းညိတ္ျပေတာ့မွ...

ဗုေဒါၶ!!ထမီကို လွန္ထည့္ လိုက္တာ။ရုတ္တရက္
မို႔ က်ေတာ္မ်က္ႏွာပူပူနဲ႔ အစ္မႀကီးကို ငံု႕ႀကည့္
ေတာ့ အစ္မႀကီးက မ်က္လံုးမ်ားမွိတ္ကာ အသား
ကုန္ေအာ္ေနျပီ။

"အစ္မ ေမြးလမ္းေႀကာင္းက ပြင့္ေနျပီ။နည္းနည္း
အားစိုက္ညွစ္။စမယ္ေနာ္၁ ၂ ၃ အားးးးး""

သူ႔Timingနဲ႔သူေတာ့ဟုတ္ေနသည္။ပိုင္သုတ
တိုင္ပင္ေနာက္ အစ္မႀကီး၏ ေအာ္သံက တဲတစ္
ခုလံုးဖံုးလႊမ္းသြားသည္။

"ခ်န္း...သူ႔ကို အသက္ရႈခိုင္း"

"အစ္မ သူေျပာသလို အသက္ရႈ one two three""

သူပါမက က်ေတ္ာပါ ႏႈတ္ခမ္းတေထာ္ေထာ္
လုပ္ကာ အသက္လိုက္ရႈေပးေနရသည္။ဂြက်
ခ်က္က...

"ေနာက္တစ္ခါေလာက္ 1 2 3"

"အားးးးး!!""

ေမြးခန္းတြင္းေအာ္သံႏွစ္ခုအျပိဳင္ထြက္လာသည္။
တစ္ခုက ကေလးညွစ္ေနေသာ အစ္မႀကီးအသံ
တစ္ခုက ဆံပင္ေတြအေထြးလိုက္ အစ္မႀကီးလက္
ထဲ ထိုးအပ္ထားရေသာ က်ေတာ့္ေအာ္သံ

သူ႔ဟာသူ ကေလးညွစ္တာကို စိုးရိမ္တႀကီးနဲ႔
Timing ေခၚေပးေနေသာ က်ေတာ့္ဆံပင္
ေတြကိုလွမ္းဆြဲျပီးကို အားယူညွစ္တာ။ေခါင္းတစ္
ခုလံုး က်ိန္းတက္သြားတာ။ဒါကိုဆရာသမား
အကူအညီလွမ္းေတာင္းဖို႔ အားကိုးတႀကီးလွမ္း
ေခၚေပမယ့္ သူႀကည့္ေနတာ က်ေတာ့္ကိုမဟုတ္

"ထြက္လာေတာ့မယ္ ထပ္ျပီးအားစိုက္။ေနာက္
တစ္ေခါက္ေလာက္ အားစိုက္ႀကည့္ပါ ၁ ၂ ၃"

"အားးးးး"

"ပိုင္သုတ!!!"

ေမြးေနတာ ဘယ္သူလဲမသဲကြဲေတာ့သလိုပဲ။
ေမြးေနတဲ့လူက သူ႕ေယာက်ာ္းနာမည္သူမတ
ေပမယ့္ က်ေတာ္ကေတာ့ ပိုင္သုတ နာမည္ကို
အျပည့္အစံုတရသည္။မဟုတ္ရင္ က်ေတာ့္
ဦးေရျပားအစံုလိုက္က်ြတ္ထြက္လာေတာ့မည္။

ေရေႏြးဇလံုလာပို႕ေသာ ေယာက်ာ္းျဖစ္သူကို

"အစ္ကို အ့ဲဒါကိုဒီနားခ်ျပီး အစ္မနားသြား"

"ေအးျမ!ဘာလို႔ သူမ်ားဆံပင္ေတြဆြဲေနရတာလဲ"

အစ္မႀကီးလက္ႀကားထဲက က်ေတာ့္ဆံပင္ေတြ
ကို ဆြဲထုတ္ျပီးသူ႔မိန္းမလက္ကို ဖမ္းဆြဲေပးထား
သည္။

လြတ္ေျမာက္သြား၍က်ေတာ္သက္ျပင္းပင္မခ်ရ
ေသး...
အဲ့ခနဲ အသံေလးတစ္ခ်က္နဲ႔အတူငပိုင့္လက္ထဲ
ဲေရာက္ေနေသာ ကေလးေပါက္စေလးသည္ လူးလူးလြန္႔လြန္႔

"ခ်န္း ေရေႏြးဇလံုထဲ အဝတ္တစ္ခုထည့္ျပီးေရ
ညွစ္ေပး"

သူလုပ္သမွ်ကိုေငးကာႀကည့္ရင္း ရင္ထဲဝင္လာ
သည္က တစ္ခုတည္း...ဂုဏ္ယူျခင္း။

ေဖြးဥဥနီေစြးေစြးနဲ႔ လူသားေကာက္ေပါက္စေလး
၏ ႏွဖူးျပင္ကို ခပ္ဖြဖြငံု႔ကာနမ္းလိုက္သည့္ပံု...

"Welcome Baby ေအးျမ္" ဟူ၍
လူသားသစ္စက္စက္ေလးကို ႀကိဳဆိုေနေသာ သူ႔စကားသံတိုးတိုး။

ထက္ျမတ္ျခင္းနဲ႔ ေယာက်ာ္းပီသျခင္းႏွစ္ခု
ႀကားထဲ အတင္းဝင္ေရာက္ေနရာယူသြားေသာ
သိမ့္ေမြ႔ႏူးညံ့ျခင္း။

အေရွ႔အရပ္ဆီမွ သူရိန္သည္ပန္းခင္းႀကားထဲေမြး
ဖြားလာေသာ သမီးငယ္ကိုႏွင္းနတ္သမီး၏ျမဴ
ပုဝါေနာက္ကေန တိတ္တဆိတ္ေခ်ာင္းႀကည့္၏

ကေလးအေဖနဲ႔ က်ေတာ့္ကို အခန္းအျပင္ျပန္
ထြက္ခိုင္းကာ သူလုပ္စရာရွိတာေတြလုပ္ရင္း
က်န္ေနခဲ့သည္။
အိမ္ေရွ႔တြင္ က်ံဳက်ံဳးေလးထိုင္ကာ လူႀကီးေတြ
လုပ္သမွ်ကို လိုက္ေငးေနေသာကေလးမေလး
နားကပ္ထိုင္ရင္း ေခါင္းေလးတစ္ခ်က္ပုတ္ျပီး
ႏႈတ္ဆက္ေတာ့ သြားပိုးစားေနေသာ သြားေသး
ေသးေတြေပၚေအာင္ ေမာ့ကာျပံဳးျပသည္။

"ညီမေလးေခ်ာေခ်ာေလး ရလို႔ေပ်ာ္လား?"

"ဟုတ္။အမွန္ေတာ့ ေမာင္ေလးရရင္ပိုေပ်ာ္မွာ"

"ေမာင္ေလးလိုခ်င္ေနတာလား?"

"အစကေတာ့ ညီမေလးလိုခ်င္တာ။ဒါေပမယ့္
ခုမနက္က်မွ ေမာင္ေလးလိုခ်င္လာတာ"

"ရုတ္တရက္ႀကီး ေျပာင္းသြားတာလား?
ျပီးရင္ ညီမေလးကိုသြားႀကည့္ပါအံုးကြ။ခ်စ္စရာ
ေကာင္းပါတယ္"

"အင္း သမီးညီမေလးပဲ ခ်စ္ဖို႔ေကာင္းတာ
မဆန္းပါဘူး။ေနာက္တစ္ခါ ေမႀကီးကို ဒီကကိုကိုတို႔လိုေခ်ာတဲ့ေမာင္ေလးတစ္ေယာက္
ေလာက္ေမြးခိုင္းရမယ္"

"OMG!!ဟားးဟား ခုေခတ္ကေလးေတြတတ္
လွခ်ည္လား??ေျမွာက္တာေတာင္သြယ္ဝိုက္နည္း
နဲ႔ေျပာတတ္တာပဲ"

"မဟုတ္ပါဘူး။သမီးတကယ္ေျပာတာပါ"

"ဟုတ္ပါျပီဗ်ာ။တစ္ညလံုး မအိပ္ရေသးဘူးမလား
အိပ္ေလ"

"ကိုကိုေရာ"

"ကိုကိုက ဟိုအခန္းထဲက တစ္ေယာက္ကိုေစာင့္
ရအံုးမယ္ေလ"

"Dr ကိုကို ကိုလားဟင္"

"အင္း။သူျပီးမွ အိမ္ကိုျပန္လို႔ရမွာေလ"

"ကိုကိုတို႔က အတူတူေနတာလား?"

"အင္း"

"ဘာေတာ္လဲဟင္?ညီအစ္ကိုေတြလား?သူငယ္
ခ်င္းေတြလားဟင္"

အေျဖေတြေပးထားေပမယ့္...က်ေတာ္ဘာကိုေရြး
ရမွန္းမသိျဖစ္ေနသည္။TOFELေျဖစဥ္ကလို
အကုန္မွားေနသလို အကုန္မွန္ေနသလိုမ်ိဳးထင္
ေယာင္ထင္မွားျဖစ္ေစေသာ ထိုကဲ့သို႔ေမးခြန္း
မ်ိဳးေတြကို က်ေတာ္မေျဖခ်င္ဆံုးပဲ။

"သြားအိပ္ေတာ့ေလ။ဟိုမွာ ေဖေဖက အိပ္ဖို႔အိပ္
ရာခင္းေပးေနတယ္"

လိမၼာတာလား??ပါးနပ္တာလား??ကေလးပီပီ
ျပီးျပီးေပ်ာက္ေပ်ာက္ရွိတာလားမသိ သူ႔ေမးခြန္းကို အေျဖမေပးရေသးေသာက်ေတာ့္ကိုက်န္ထားခဲ့ကာသူ႔အေဖခင္းေပးထားခဲ့ေသာအိပ္ရာေလး
ေပၚေကြးေကြးေလးသြားအိပ္ေနေတာ့၏။
အိမ္ေရွ႔ေပါက္ဝက်ဥ္းေလးေရွ႔က်ေတာ္
္တစ္ေယာက္တည္း...

ေရွ႔မွ ဂႏၶမာပန္းခင္းျဖဴလြလြကို ေငးေမာေနမိျပန္
၏။
ျမဴျဖဴေဖြးေဖြးႀကား ေနေရာင္ထိေသာ ဂႏၶာျဖဴျဖဴ
တစ္ပြင့္စ ႏွစ္ပြင့္စက ေနျခည္ေရာကာ လင္းေရာင္ျခယ္ေနသည္။အျဖဴဆိုေတာ့ မစြတ္မပြတ္ထြက္လာရတဲ့ ေနေရာင္ကေတာင္ အေရာင္ေျပာင္းခ်င္ေနပါလား။

"ခ်န္း"

ေမာ့ႀကည့္ေတာ့ ႏြမ္းလ်လ်မ်က္ႏွာႏွင့္ေဘးနား
ဝင္ထိုင္သည္။အိပ္ေရးပ်က္ခံ အနညး္ငယ္ခ်ိဳင့္ေန
ေသာမ်က္တြင္းကို ယွဥ္ျပိဳင္သေယာင္န႔ဲ ပါးမွ
ပါးခ်ိဳင့္တို႕သည္လည္း အျပံဳးလ်လ်အားကိုးကာ
ခ်ိဳင့္ဝင္ျပေနသည္။

"ခဏေန နႏၵလာေခၚလိမ့္မယ္။သူလာရင္
ငါတို႔အိမ္ျပန္ႀကမယ္။မင္းလည္း ပင္ပန္းသြားျပီ"

"ရပါတယ္"

ခဏႀကာေတာ့ နႏၵဦးေမာ္ကိုယ္တိုင္ ကားနဲ႔လာ
ေခၚသည္။ဝိုင္သြားေသာက္တဲ့ ညျပီးတည္းက
သူနဲ႔မေတြ႔ျဖစ္ေတာ့တာ။အနည္းငယ္မ်က္ႏွာပူ
ခ်င္စရာေကာင္းေပမယ့္ ငပိုင့္နားမွာသာဝင္
ထိုင္ျဖစ္သည္။

"ခ်စ္...အဲ မင္းပထမဆံုးအေတြ႔အႀကံဳေပါ့ ပိုင္"

"အင္းးခ်န္းပါလာလို႔ အဆင္ေျပသြားတာ"

ဘာမွမယ္မယ္ရရမကူညီေပးျဖစ္လိုက္တဲ့က်ေတာ့္
ကို အေရးတယူဆြဲသြင္းသည္။က်ေတာ္ဟုတ္၏
မဟုတ္၏ ျပိဳင္မျငင္းခ်င္။က်ေတာ္တကယ္စိတ္
ေရာလူပါ ပင္ပန္းသြားခဲ့ျပီ။
ဒီလိုမ်ိဳးအေတြ႔အႀကံဳသည္ ေနာင္ဆယ္ႏွစ္အႏွစ္
ႏွစ္ဆယ္ႀကာခဲ့ရင္ေတာင္ ေမ့ႏိုင္မွာမဟုတ္သလို
ေနာင္တစ္ခါထိုကဲ့သု႔ိ အျဖစ္အပ်က္မ်ိဳးလည္း
ရွိလာမွာလည္းမဟုတ္ေတာ့...

ေနာက္ခံုကို ဆက္ခနဲလန္က်သြားေသာေခါင္းကို
ဖမ္းထိန္းရင္း ပုခံုးေပၚတင္ေပးလိုက္ေတာ့ back
ႀကည့္မွန္မွတစ္ဆင့္ႀကည့္လာေသာ နႏၵအႀကည့္
နဲ႔ဆံုေတာ့ မ်က္ႏွာကပူတတ္လာျပန္၏။
ေက်းဇူးရွင္ကေတာ့ ရယ္က်ဲက်ဲလုပ္ေနသည္။
က်ေတာ္မျမင္ခ်င္ေယာင္ေဆာင္ထားလိုက္ေတာ့၏။
ဆံပင္ေတြေတာင္အနည္းငယ္ရွည္လာျပီပဲ။ခ်န္း
က ဆံပင္ရွည္တာ က်ေတာ့္ထက္ျမန္တယ္။
ဆံပင္ေတြ ဆြဲခံခဲ့ရတာ နာသြားမွာ။နႏၵကို မရွက္
ေနႏိုင္...နာသြားခဲ့ေသာ ခ်န္းဆံပင္ေတြကိုသာ
ခပ္ဖြဖြပြတ္သပ္ေပးမိရင္း က်ေတာ္ျပံဳးေနမိသည္
ထင္တာပဲ...ဒါကိုေခၚတာလား?ႀကည္ႏူးျခင္း
ဆိုတာ ဒီလိုမ်ိဳးလား??

Someone's pov

ပထမဆံုးလူနာေလး၏ ေနာက္ဆံုးခရီးကို အတူတူရွိေနရင္း မွ်ေဝမခံစားခဲ့ရေပမယ့္
ပထမဆံုးေသာအေနနဲ႔ သက္ရွိလူသားေလး
တစ္ေယာက္ကို အျပင္ေလာကသို႔ အတူတူေခၚ
ထုတ္ေပးခြင့္ရခဲ့သည္။

ဒီလိုဆို...
ႏွစ္ေယာက္အတူတူရွိေနရျခင္းက ဒီေလာကကို ညစ္ႏြမ္းေနျခင္းတစ္မ်ိဳးတည္း ျဖစ္ေနေစတာေတာ့
မဟုတ္ဘူးပဲ...

Thank you all

(Unicode)

/

/

/

A/N ထပ်မံဖြည့်စွပ်ရေးသားထားပါသည်။
Be enjoy...

>>>EX-pect<<<

"ပိုင်~~"

တုံ့ပြန်သံအစား ကျတော့်ဂုတ်ပိုးတွင်
စိုစွတ်မှုသေးသေးလေးတစ်ခုကို ခံစားလိုက်ရသည်။
သိုင်းဖက်ထားသော သူ့လက်တွေ ပိုမိုတင်းကြပ်
သွားပြီး...အခန်းလေးထဲ တိတ်ဆိတ်မှုကသာ
လျှင် တည်ရှိဖြစ်ပေါ်နေ၏။

"ပိုင်...မင်း ဘာဖြစ်?"

ရုန်းနေတာမျိုးမဟုတ်တော့ပဲ ကျတော်သူမျက်နှာ
ကိုလှည့်ကြည့်ဖို့ကြိုးစားကြည့်သည်။
ဒါကို သူလည်းသိပုံရသည်။ရုတ်တရက်ဆိုသလို
တင်းကြပ်မှုတွေပြေလျော့သွားပြီး ဂုတ်ပိုးပေါ်
ကျဆင်းခဲ့သော အရည်ကြည်တစ်စက်ကိုကိုသုတ်
ဖယ်ရင်း ထရပ်သည်။

"sorry ချန်း"

ကျတော်နေရာကနေ မထဖြစ်သေး။ဘာဖြစ်နေ
တာလဲ?
ငပိုင် အိပ်သွားသော နေရာသည်
ကိုယ်ငွေ့နွေးကျန်ရစ်နေဆဲ။
တိမ်းစောင်းနေရောင်ခြည်ရရှိ၍ အအေးပိုနေ
သော တောင်ပေါ်ရာသီဥတုသည် ကျတော့်အား
ဘာမဟုတ်သော အနွေးဓာတ်တစ်ခုကိုတောင်
မခွာချင်လောက်အောင်ဖြစ်စေသည်လား??
ဒါမှမဟုတ် ကျတော့ကိုယ်ပေါ်ကျဆင်းခဲ့သော
မျက်ရည်တစ်စကိုတောင် မမေ့မလျော့သုတ်ဖယ်
ပေးပြီးမှ ထွက်ခွာသွားသော ငပိုင့်ကိုမျက်နှာချင်းမ
ဆိုင်ချင်တော့၍လား??
သူလှဲသိပ်ထားခဲ့သလို နေရာမရွှေ့ ဆက်ကာခွေ
နေလျက် ကျန်ခဲ့သည်။

ငပိုင်နဲ့ ပတ်သတ်လာရင်ကျတော့်ဘဝမှာမရေရာ
တာတွေ သိပ်များတယ်...

အိမ်ရှေ့တံခါးပိတ်သံ~~ဆိုင်ကယ်လ်စက်နှိုးသံ
ကြားမှရုပ်နာမ်နှစ်ခု အချိတ်ဆက်မိသွားတော့၏။
အိမ်ရှေ့အမြန်ပြေးထွက်တာ ပိင်သုတကို တားချင်
၍လား?ဒါမှမဟုတ်...ဘာလုပ်ဖို့ပြေးထွက်လာ
လည်းရေရေရာရာ အဖြေရှာမသော ကျတော့်ကို
စောင့်မနေပါဘူး။ဆိုင်ကယ်က ထွက်သွားနှင့်ခဲ့ပြီ
့်
တောက်!ကျတော်ဘာဖြစ်သွားတာလဲ??
ခဏလေး တကယ်ခဏလောက်လေး သူ့ရင်ခွင်
ထဲရောက်သွားတာကို ကျတော်ဒီလောက်ထိစိတ်
်လွတ်ကိုယ်လွတ်ဖြစ်သွားစရာ လိုလို့လား?

စက်ထဲက အဝတ်တွေထုတ်ကာ လှမ်းပေးသွား
သည်။ရေချိုးခန်းထဲဝင်တော့ သွားတိုက်ဆေး
ထည့်ပေးပြီးသား ကျတော့်သွားပွတ်တံ။

ကျတော်သတိမထားမိလိုက်ခင်...မျက်ရည်တစ်
စက်က ရေချိုးခန်းကြမ်းပြင်ပေါ် အလွတ်ခုန်ချ
သည်။

ငပိုင့်ကို ဒီနေ့ နေ့လည်စာ ကျွေးနိုင်မှ ကျတော်
စိတ်ဖြောင့်မည်။
လျှာဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားပေမယ့်
နှင်းမှုန်ထုသိပ်သည်းနေသော မနက်ခင်းတွင်
လူမပြောနဲ့ ရောင်စုံပန်းခင်းထဲမှ ပန်းတွေတောင်
ကျတော့်ကို ဂရုတစိုက်လိုက်ကြည့်မနေ။
ဈေးသွားမယ်လို့ စိတ်ဆုံးဖြတ်ကာထွက်လာခဲ့ပေ
မယ့် ဈေးကဘယ်အရပ်တွင်ရှိမှန်းတောင်မသိ။
နောက်ဆုံးကျတော့်နဲ့မျက်နှာချင်းဆိုင်လာနေ
သောဆိုင်ကယ်တစ်စီးကိုလှမ်းတားရတော့သည်။

"ဘယ်သွားမလို့လဲ ညီလေး"

"ဈေးကို ဘယ်လောက်လဲ?"

"ပေးနေကျအတိုင်းပေးပါ။ပိုမတောင်းပါဘူး"

တကယ်တမ်း ဆိုင်ကယ်ပေါ် တက်ဖို့ကို ကျတော်
တွန့်ဆုတ်နေသည်။ပြန်စဉ်းစားကြည့်ရင် ပိုင် နင်း
တဲ့ စက်ဘီး၊ပိုင် စီးတဲ့ ဆိုင်ကယ်က လွဲ၍ဘယ်
သူ့နောက်မှ ကျတော်လိုက်မစီးဖြစ်ခဲ့ဖူးဘူး။
ခု တခြားလူတစ်ယောက် ကျတော်မမြင်ဖူးတဲ့လူ
နောက်က လိုက်စီးဖို့ ကြောက်တတ်တာမဟုတ်ပဲ
ကျတော် ယုံယုံကြည်ကြည်မလိုက်ချင်တာ

"ညီလေး တက်လေ"

"မ မလိုက်တော့ဘူး။ဒီနားမှာ ရထားလုံးရှိလား?"

ဆိုင်ကယ်ကယ်ရီသမားသည် ဝေလီဝေလင်းသရဲ
တွေ့သလို ပြူးကြောင်ကြောင်ပြန်ကြည့်လျက်
ရှေ့ဖက်ကို လက်ညှိုးထိုးပြသည်။
နှုတ်ဆက်ဖို့အချိန်မရ။ခပ်သွက်သွက်ပင်လျှောက်
လာလိုက်တော့၏။ငပိုင်ကို နေ့လည်စာအမှီပို့ပေး
ရမည်။

ဈေးတန်းလေးသည် နှင်းမြူဝေဝေကြား အရောင်
အသွေးစုံစွာ အသက်ဝင်နေသည်။သစ်သီးဝလံ
ပေါတဲ့နေရာမို့ ငပိုင်နေပျော်နေသလားမသိ?
ဘယ်နားသွားသွား သားငါးအညှီနံ့ထက် ပန်းနံ့
သင်းသင်းနဲ့ စိုက်ခင်းထဲက လတ်လတ်ဆတ်
်ဆတ် ခူးဆွတ်လာသော ဟင်းသီးဟင်းရွက်တို့
၏ သဘာဝစိမ်းမြမြနံ့နဲ့ သစ်သီးရနံ့က နှင်းမှုန်ရောစွတ်နေသောလေနဲ့အတူပါလာတတ်သည်။
ဒီလိုမြင်ကွင်းမျိုးတွေကြား ကြိမ်ခြင်းတောင်းတစ်
လုံးကိုင်ပြီး တောင်တောင်အီအီလျှောက်ကြည့်နေ
တတ်မည့် ငပိုင့်ပုံကို မြင်ယောင်ရင်း ပြုံးမိသေး၏
ငပိုင်က ခါတလေ ယုန်ပေါက်စနဲ့တူတယ်။ဘာဘာ
ညာညာ ကြိုက်တယ်မပြောတတ်ပေမယ့် သူ
Baby Cornတို့ မုန်လာဥနီတို့ကြိုက်တာသိ
သာတယ်။မားက အစိမ်းကြော်ထည့်ပေးလိုက်တဲ့
နေ့တွေဆို အဲ့ဒါတွေကို မသိမသာရွေးစားတတ်
တယ်။
သူ့လိုကြိမ်ခြင်းတောင်းမပါပဲနဲ့တောင် ဈေးဝယ်
ရတာ အမ်းတန်းတန်းဖြစ်နေရတဲ့ ကိုယ့်အဖြစ်နဲ့
ယှဉ်တွေးရင်း...တော်ပါပြီ နောက်တစ်ခါ ဈေးသွားခိုင်းရင် ကြိမ်ခြင်းတောင်းအတင်းထည့်
မပေးတော့ဘူး။Recycle လုပ်လို့ရတဲ့ အိတ်တစ်လုံးပဲ ထည့်ပေးလိုက်တော့မယ်။
-
-
-
"Dr.ပိုင်သုတ နဲ့ တွေ့ချင်လို့ပါ"

"ကိုချန်းလား?"

"ဗျာ"

မြင်တာနဲ့ကျတော်မှန်းသိနေရုံသာမက ကျတော့်
ကို ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်သော Nurse
မလေးသည်
"ဒီမှာ ကိုချန်း!ရောက်လာပြီ" ဟူ၍သူ့အပေါင်း
အပါတို့ကိုပါလှမ်းခေါ်တော့၏။
ကျတော့်နား ဝိုင်းအုံလာကြသော မိန်းကလေး
သုံးလေးယောက်လောက်တွင် ဆရာဝန်မလေး
တွေပါ ပါသည်။

"ကိုချန်းကို အလည်ခေါ်လာပါလို့ပြောတိုင်း...
Dr က စကားလမ်းကြောင်းလွှဲနေတတ်တာ။
ထင်တော့ထင်သား ဒီနေ့လိုမျိုး ကိုချန်းလိုက်လာ
ရင် ကောင်းမှာပဲဆိုပြီး..."

"ဟုတ်ကဲ့ ခင်ဗျ။ခု င အဲ ပိုင်သုတရော?"

"အဲ Dr နာရေးသွားပို့တယ်လေ ကိုချန်း"

"နာရေး?ဘယ်သူ့နာရေးလဲ?"

မနက်က ငပိုင်ငိုခဲ့တာနဲ့ စပ်ဆက်နေတာသေချာ
ပြီ။ဘယ်သူဆုံးသွားတာလဲ??ကြီးမေ ဆုံး
တုန်းကတောင် ငိုနေသော အသေးလေးကိုသာ
ပွေ့ဖက်နှစ်သိမ့်ပြီး မျက်ရည်တစ်စက်မထွက်ခဲ့သူ
ကို ငိုအောင်လုပ်နိုင်ခဲ့တာ ဘယ်သူလဲ ကျတော်
သိချင်တယ်။

"Dr သမီးလေးလေ"

"ပိုင်သုတ သမီး!!"

"အဲ ကိုချန်းမသိဘူးထင်တယ်။Dr ဒီဆေးရုံမှာ
တာဝန်ကျတည်းက Drစောင့်ရှောက်ပေးခဲ့ရတဲ့
ကလေးမလေး တစ်ယောက်ရှိတယ်။ကလေးက
သွေးကင်ဆာဖြစ်နေတာ။Drပဲ သွေးသွင်းပေး
ခဲ့ရတာလေ။သူနဲ့သွေးမျိုးသားချင်းလည်းတူ
တော့ ကလေးလေးအတွက် လိုတိုင်းသူပဲလှူ
ပေးနေတာ။ကလေးအခြေအနေပိုပိုဆိုးလာတာ
ကြာပြီ။အရွယ်နဲ့ မလိုက်အောင်ရောဂါကကြီးနေ
တော့လည်း..."

ကျတော်နဲ့ဝေးကွာနေစဉ်ကာလတွင်း ဒီလို
နက်နဲတဲ့သံယောဇာဉ်ကြိုးတွေ ကို ချည်
ှိနေခဲ့တာလား??

"Dr က ရိုးတွင်းခြင်ဆီ လှူပေးဖို့ထိတောင်ရည်
ရွယ်ထားပေမယ့် သူတို့နှစ်ယောက်ရဲ့ ခြင်ဆီ
အမျိုးအစားက မတူဘူးလေ။Drတကယ်ကို
ခံစားခဲ့ရတာ။ကလေးမလေးကလည်း မိဘမဲ့လေး
ဆိုတော့ သူ့အပေါ်ဂရုစိုက်ပေးနွေးထွေးပေးတဲ့
Drကို ချစ်တယ်။မနေ့ကမနက်တည်းက ကလေးအခြေအနေဆိုးနေတာ။ညနေရောက်တော့မခံစားနိုင်ရှာတော့ဘူးနဲ့တူပါတယ်။Drလက်ပေါ်မှာတင်ဆုံးသွားတာ"

မနေ့က တစ်နေ့လုံး သူဘယ်လောက်နာကျင်ခဲ့
ရမလဲ??ဒါတောင် ကျတော်က မျှဝေမပေးမိပဲ...

"ကိုချန်း ထမင်းဗူးလာပို့တာမလား?စောင့်
ရင်စောင့်နေလိုက်လေ။တော်ကြာနေ ပြန်လာကြ
တော့မယ်"

ကျတော်ဟန်ဆောင်ပန်ဆောင်တောင် စကား
ပြန်မပြောနိုင်တော့လောက်အောင်ဆို့နင့်နေသည်
လက်ဆတ်တဲ့ တောင်ပေါ်လေတွေကတသုန်သုန်
တိုက်ချော့မြူနေတာတောင် ကျတော်အသက်ရှုလိ့ု
မဝဘူး။ထုတ်ပိုးထည့်လိုက်မိသော ရင်ထဲက
အပူတွေလည်း မငြိမ်း။
ကျတော်ခုချိန်သူနဲ့တွေ့ချင်လား??ဝမ်းနည်းနေ
တဲ့ သူ့ကို ကျတော်နှစ်သိမ့်ပေးချင်နေပေမယ့်
သူ ကျတော်ရှေ့ဘယ်တော့မှ မျက်ရည်ကျမှာ မဟုတ်ဘူးဆိုတာလည်းသိနေသည်။
ကျတော်ထရပ်မိသည်။ဟုတ်တယ် သူလွတ်လွတ်
လပ်လပ် ကြေကွဲပါစေ။

"ဟို...Dr ပိုင်သုတ လာရင် ဒါလေးပေး,ပေးပါ"

လုံခြုံရေးဝန်ထမ်းလက်ထဲ ထမင်းဗူးအပ်ကာ
ထွက်လာခဲ့လိုက်တော့သည်။
မလှမ်းကမ်းကားပါကင်ထိုးရာနေရာသို့ ချိုးကွေ့
ဝင်လာသော ကားအဖြူတစ်စီး...မြင်ဖူးနေကျ
Super Customကားမို့သတိထားကြည့်
မိတော့ ထင်သည့်အတိုင်း ကားပေါ်ကနေဆင်း
လာသော ငပိုင်။
ရှပ်အဖြူနှင့်ယောပုဆိုးအနက်ရောင်သည် ခေါင်း
ငိုက်စိုက်ကျကာ ပူဆွေးနေသော သူ့အမူအရာကို
ပို၍ ဆွေးမြေ့နေစေသည်။
သူ့ပုခုံးကိုဖက်ကာ ဖျစ်ညှစ်အားပေးနေသော
နန္ဒဦးမော်က သူ့ကို ဆေးရုံပင်မဆောင်ထဲ
တွဲကူခေါ်နေသည်။
ငေးကြည့်ရင်းမှတဖြည်းဖြည်းဝေးကွာသွားသော သူ့ကျောပြင်ကပင် နေရောင်နွေးနွေးအောက်
အထီးကျန်ဆန်ဆန် ပန်းချီကားတစ်ချပ်လိုပဲ...

ညနေသူပြန်လာတဲ့ အသံကြားပေမယ့်ကျတော်
အခန်းပင် မထွက်ဖြစ်။သူလည်းမခေါ်။
နေ့လည်က ထမင်းဗူးမရဘူးလား??အခြေအနေထွက်မေးရကောင်းမလား...စဉ်း
စားမိပေမယ့် တကယ်တမ်းလုပ်နေမိတာက
ထိုင်ခုံကနေ ထိုင်ရာမထပဲ ငပိုင့် လှုပ်ရှားသံတစ်
ခုချင်းဆီကို လိုက်နားထောင်ရင်း ဘာလုပ်နေ
ပြီ ဒါ ဘာာလုပ်နေမှာ ဟူ၍ စိတ်ကူးနဲ့ လိုက်စဉ်း
စားနေခြင်းသာ။
နောက်ဖက်ခန်းဆီမှ ရေသံတွေကြားသည်။ဒီအချိန်ကြီးရေချိုးနေတာလား??ဒီလောက်အေး
နေတာကို...နောက်ဆုံး ကျတော့်အခန်းရှေ့က
စာကြည့်ခန်းတံခါးပိတ်သံနဲ့ လှုပ်ရှားမှုတွေတိခနဲ
ရပ်တန့်ပစ်လိုက်သည်။
ဘာလဲ??ထမင်းမစားဘူးလား??တော်တော်
ကြာကြာ တစ်အိမ်လုံးတိတ်ဆိတ်သွားပြီးမှ...
ကျတော့်အခန်းတံခါးဝမှ တံခါးခေါက်သံတိုးတိုး

တံခါးထဖွင့်ပေးတော့ အခန်းဝရှေ့ရပ်နေသော
ငပိုင်။ရေချိုးပြီးခါစမို့ မခြောက်တခြောက်ဖြစ်နေ
သော ဆံပင်ပွပွက ဖရိုဖရဲ။
အနည်းငယ်ဆိုတာထက် ပို၍ရှည်နေသော
သူ့အရပ်အောက် ခိုဝင်သလိုဖြစ်နေသော ကျတော့်မျက်နှာပေါ် သူ့အရိပ်အချို့တစ်ဝက်အုပ်
မိုးကျလာသည်။
တွေတွေရပ်နေရင်းမှ...

"ငါ...ဒီအခန်းမှာအိပ်လို့ရမလား ချန်း"

"အင်း...ဒါ မင်းအခန်းပဲ။မင်း အိပ်ချင်အိပ်လေ
ငါ အခန်းပြောင်းပေး..."

"ငါ ငါ မင်းနဲ့အတူအိပ်ချင်တယ်။ဒီတစ်ညလောက်
ပဲ ဖြစ်ဖြစ်။အရင်ကလို မင်းနဲ့ အိပ်ချင်တယ်"

တခြားမဟုတ်တာတွေမတွေးမိစေလောက်အောင်
ညအိပ်ရာဝင်ချိန် နားခိုရာရင်ခွင်လိုအပ်နေသော ကလေးငယ်တစ်ယောက်လို ဖြူစင်နေသော
မျက်လုံးအကြည့်တွေ။

"ရတယ်လေ။ဒါ နဂိုတည်းကမင်းအခန်းပဲ"

ဘေးနားလှဲအိပ်ရင်း ဂွမ်းကပ်စောင်ထူထူအောက်
အတူတူဝင်မိကြသည်။အခန်းထဲမှာ လူနှစ်ယောက်ရှိနေတယ်ဆိုတာကို အပြင်ကနား
ထောင်နေလျှင် ယုံမည်မထင်ရလောက်အောင်
ကိုတိတ်ဆိတ်နေသည်ကိုက ပုံမှန်မဟုတ်သော
သရုပ်ပင်။

"နေ့လည်က ထမင်းဗူးအတွက် ကျေးဇူးပဲ ချန်း"

တိုးညှင်းစွာဆိုလာသော ကျေးဇူးတင်စကားသည်
မွှေးညှင်းတစ်ချို့ကို ရှိန်းခနဲဖြစ်သွားစေလောက်
သည်ထိ ဖြစ်ဖို့လိုအပ်လို့လား??

"သမီးက...ဒီရောဂါတွေ ခံစားဖို့ အရမ်းငယ်လွန်း
သေးတယ်။ကျောင်းတောင်မတက်ရသေးတဲ့ အရွယ်လေးနဲ့သမီးကစာတောင်ကောင်းကောင်း
မဖတ်တတ်သေးဘူး"

တစ်ယောက်တည်းပြောနေသလိုလို ကျတော့်ကိုပဲ
ပြောပြနေသလိုလိုမသဲမကွဲ ခပ်တိုးတိုးသာရေ
ရွတ်နေသော ငပိုင့် အတွက် ကျတော်ဘာလုပ်
ပေးရမလဲ မစဉ်းစားမိခင်...သူကို့ ကျတော်
ဖက်ထားပေးလိုက်သည်။
မနက်က သူကျတော့်ကို ထွေးဖက်ထားသလို
ရင်ခွင်ထဲ အပြည့်မဝင်ရင်တောင် ကျတော်
သူ့ကို နွေးထွေးမှုပေးနိုင်လောက်မယ်လို့
ယုံကြည်နေမိသည်။
အံ့သြသွားတာလားဘာလားမသဲကွဲပေမယ့် သူ
ဘာမှဆက်မပြောတော့ဘူး။
နေမြဲအတိုင်း ငြိမ်ငြိမ်သာနေနေသော ငပိုင့်ကို မရည်ရွယ်ပါပဲသူ့လက်မောင်းတို့ကိုအလိုလိုခပ်ဖွဖွပုတ်ပေးနေမိသည်။

သူ့ပထမဆုံး လူနာ။သူ့ ပထမဆုံးချစ်မိသော
ကလေးမလေးတစ်ယောက်ကို ကျတေ်ာမတွေ့
မမြင်ခဲ့ဖူးပေမယ့်လို့ အခု သူခံစားနေရတဲ့
ဝမ်းနည်းပူဆွေးမှုကို ကျတော်ပါခံစားမိနေရသည်။

အပြင်မှာဒီဇင်ဘာနှင်းကကြိုးနဲ့အအေးဓါတ်ဖြန့်
ကျပ်နေသောနှင်းနတ်သမီးသည်
အခန်းတွင်းဂွမ်းစောင်အောက်ကပွေ့ဖက်ထား
သောခန္ဓာနှစ်ခုကြားတိုးဝင်ရန်ကြိုးစားပေမယ့်
အိပ်မောကျသွားပြီဖြစ်သောကောင်လေးတွေမသိအောင်
အရေးမလှစွာဖြင့် ခက်ရှက်ရှက်နှင့်ပင်
တိတ်တိတ်လေး ပြန်ထွက်သွားရလေရဲ့
-
-
"ဒေါက်တာ!ဒေါက်တာ"

အိမ်ရှေ့တံခါးတဗုန်းဗုန်းထုသံနဲ့အပြိုင် တကြော်
ကြော်အော်ဟစ်သံသည် အမှောင်ထူူထူကြားကို
ဖြတ်လျက် ကျတော်တို့အိမ်ခန်းထဲထိ ပီပီသသ
ချဉ်းနင်းဝင်းရောက်လာသည်။
ကာယကံရှင်က စောင်ပုံတွေကြားအိပ်မောကျနေ
ဆဲ။သူ့ရင်ဖက်ပေါ်သိုင်းဖက်ထားသော လက်တွေ
ကို ဖြည်းဖြည်းချင်းဖယ်ရှားရင်း ခြေသံဖွဖွနင်း
ကာ အိမ်ရှေ့ကို ပြေးရသည်။
အမှောင်ထဲလင်းနေသော အနုမြူနာရီလက်တံ
တွေနဲ့ တိုင်ကပ်နာရီသည် ညအချိန်၃နာရီကိုဖော်
ပြနေ၏။

ဒီအချိန်ကြီးဆရာဝန်အိမ်ရှေ့လာတယ်ဆိုတည်း
က သေရေးရှင်ရေးကိစ္စတွေဆိုတာ ရုပ်ရှင်ကား
တွေထဲမှာ ပါတည်းက သဘောပေါက်ပြီးသားပေ
မယ့် ခု ကိုယ်တွေ့မို့ လူကစိတ်လှုပ်ရှားရ၏။
အိမ်တံခါးဖွင့်လိုက်သည်နှင့်

"ဆရာ"ဟူသော အော်သံနဲ့ အားကိုးတကြီးလာ
ရောက် ဆုပ်ကိုင်သော လက်တစ်ဆုံ

"အဲ...ကျတော်က ပိုင်သုတ မဟုတ်ဘူး။ဘာ
ကိစ္စရှိလို့လဲမသိ"

"ဆရာ ကယ်ပါအုံး။ကျတော့်မိန်းမ...ကျတော့်
့်မိန်းမ ဒီအချိန်ကြီးဗိုက်နာလာလို့ မွေးတော့မလား
မသိဘူး။ လုပ် လုပ်ပါအုံးဆရာရယ်"

ပြဿနာပဲ။ပိုင်သုတ မွေးပေးရအောင် သူက
သားဖွားမီးယက်လည်း မဖြစ်သေးပါဘူး။

"လုပ် လုပ်ပါအုံးဆရာရယ်။ကျတော့်မိန်းမ စိုက်ခင်းထဲမှာ တစ်ယောက်တည်းကျန်ခဲ့လို့ပါ"

"ခဏနော်"

အိမ်ခန်းထဲ အပြေးမြန်ဝင်ရသည်။ခရစ်စမတ်နီး
ဒီဇင်ဘာလလယ်ကြီးမှာ ချွေးစို့ရသည်။

"ပိုင် ဟေ့ကောင်ထအုံး"

"အင် ဟင်။ဘာ ဘာဖြစ်"

"ဗိုက် နာနေလို့..."

"ဟင် ဘယ်နားကနာ..."

အိပ်ချင်မူးတူးနဲ့ ကျတော့်ဗိုက်ကို ယောင်တောင်
တောင် လာစမ်းနေသော သူ့လက်တွေကို
ခပ်နာနာရိုက်ချရတော့၏။သေတော့မှာပဲ ဒီလို
အအိပ်မက်နေပုံနဲ့

"လခွမ်းတဲ့မှ...ငါနာတာမဟုတ်ဘူးကွ။ဟိုမှာ အိမ်
ရှေ့မှာလာခေါ်နေတာ ကလေးမွေးချင်လို့တဲ့"

"ဟမ်...မွေးလူနာ??ထ ထ"

ဆရာဝန်တိုင်း ဒီလိုမျိုးနိုးနိုးကြားကြားရှိနေတာ
လား ကျတော်မသိ။ပိုင်သုတကတော့ ဆိုလိုရင်း
က ဘာဆိုတာကို သိသွားသည်နှင့် ကုတင်ပေါ်
မှ ခုန်ဆင်းကာ လိုအပ်တာတွေအကုန်အိတ်ထဲစု
ပြုံထည့်ရုံသာ မက ကျတော့်လက်ကိုဆွဲကာ အိမ်ရှေ့ထိ ခေါ်ချလာဖို့လောက်တဲ့ထိ နိုးကြား
တက်ကြွသည်။
မှောင်ပိန်းနေသောမြွေလိမ်မြွေကောက်လမ်းသွယ်
တွေထဲ ထော်လာဂျီနောက်ခုံတွင် ကျတော်တို့
၂ယောက် လုံးလည်လိုက်နေသည်။
ကျတော်တို့ကို လာခေါ်တာပဲ တော်သေး၏
ဒီလိုပုံစံမျိုးနဲ့သာမွေးခါနီးလူနာကို ခေါ်တင်ပြီး
ဆေးရုံသွားပါက...?တွေးကြည့်ရင်း ကြက်သီး
ထပါတယ်ဆိုမှ လေကဖြတ်တိုက်တော့ လူက
မေးပါရိုက်ချင်သွားသည်။ကျတော်ကသာ
မေးရိုက်နေတာ ပိုင်သုတကတော့ ထော်လာဂျီ
သံ တဗုန်းဗုန်းကြား လူနာအကြောင်းကို
ရသလောက် အော်ဟစ်မေးမြန်းနေသေး၏။

ဂန္ဓမာပန်းခင်းကြီးအလယ်ကဖယောင်းတိုင်မီး
ရောင်လဲ့လဲ့လင်းနေသောခြံစောင့်တဲ ခနော်နီ
ခနော်နဲ့ရှေ့မရောက်ခင်တည်းက အမျိုးသမီးတစ်
ယောက်၏ နာနာကျင်ကျင်အော်ဟစ်သံသဲ့သဲ့ကို
ကြားနေရသည်။

အော်ဟစ်နေသော အမျိုးသမီးနား၈နှစ်အရွယ်
ကလေးမလေးသည် မိခင်ဖြစ်သူကို ကြည့်ရင်း
သူပါ ရောငိုနေ၏။အော်ဟစ်နေသော မွေးခါနီးဗိုက်ကြီးသည်များကို ရုပ်ရှင်ထဲမှာ
လောက်သာတွေ့ဖူးသော ကျတော့်အဖို့ ခုဗိုက်ကြီး
ပူနေပြီး ချွေးသံတရွှဲရွှဲနဲ့အော်ဟစ်နေသော
အမျိုးသမီးကိုကြည့်ပြီး ခြေမကိုင်မိလက်မကိုင်မိ။

ပိုင်ကတော့ ငိုနေသော ကလေးမလေးနားအရင်
သွားပြီး

"အငယ်မငိုနဲ့။ခဏနေညီမလေးကအပြင်ထွက်
လာတော့မှာ...ခု ကိုကိုပြောတာနားထောင် အပြင်ခဏထွက်ပေး။မေမေဘာမှမဖြစ်ဘူး။Ok??"

မျက်ရည်တွေကိုသုတ်ပေးရင်း ကလေးမကို အမေ နားကခွာခိုင်းသည်။ကလေးထွက်သွားတော့မှ
ဘေးနား အူလည်ချာလည်လုပ်နေသော ကလေး
အဖေနဲ့ ကျတော့်ကို

"အစ်ကို ရေနွေးအမြန်တည်ပေး။ပြီးတော့ အစ်မ
ထမီအဟောင်း၃ထည်လောက်လာပေး။နောက် အနှီးထုပ်ဖို့ အဝတ်သန့်သန့်တစ်ခုပါယူခဲ့ပေးပါ။ချန်းဒီက စောင်ကိုကာလိုက်။ပြီးရင် မင်းကအစ်မဘေးနားမှာနေ"

အမိန့်တွေအဆက်မပြတ်ပေးနေရင်းအစ်မကြီးကို
လည်း ယုံကြည်မှုတည်ဆောက်ပေးသေး၏။

"အစ်မ...ကျတော်က ဆေးရုံကြီးက ဒေါက်တာ
ပါ။အခုက စပြီး ကျတော်ပြောသလို လိုက်လုပ်မယ်နော်။ဟုတ်ပြီလား?"

အစ်မကြီးခေါင်းညိတ်ပြတော့မှ...

ဗုဒေါ္ဓ!!ထမီကို လှန်ထည့် လိုက်တာ။ရုတ်တရက်
မို့ ကျတော်မျက်နှာပူပူနဲ့ အစ်မကြီးကို ငုံ့ကြည့်
တော့ အစ်မကြီးက မျက်လုံးများမှိတ်ကာ အသား
ကုန်အော်နေပြီ။

"အစ်မ မွေးလမ်းကြောင်းက ပွင့်နေပြီ။နည်းနည်း
အားစိုက်ညှစ်။စမယ်နော်၁ ၂ ၃ အားးးးး""

သူ့Timingနဲ့သူတော့ဟုတ်နေသည်။ပိုင်သုတ
တိုင်ပင်နောက် အစ်မကြီး၏ အော်သံက တဲတစ်
ခုလုံးဖုံးလွှမ်းသွားသည်။

"ချန်း...သူ့ကို အသက်ရှုခိုင်း"

"အစ်မ သူပြောသလို အသက်ရှု one two three""

သူပါမက ကျတေ်ာပါ နှုတ်ခမ်းတထော်ထော်
လုပ်ကာ အသက်လိုက်ရှုပေးနေရသည်။ဂွကျ
ချက်က...

"နောက်တစ်ခါလောက် 1 2 3"

"အားးးးး!!""

မွေးခန်းတွင်းအော်သံနှစ်ခုအပြိုင်ထွက်လာသည်။
တစ်ခုက ကလေးညှစ်နေသော အစ်မကြီးအသံ
တစ်ခုက ဆံပင်တွေအထွေးလိုက် အစ်မကြီးလက်
ထဲ ထိုးအပ်ထားရသော ကျတော့်အော်သံ

သူ့ဟာသူ ကလေးညှစ်တာကို စိုးရိမ်တကြီးနဲ့
Timing ခေါ်ပေးနေသော ကျတော့်ဆံပင်
တွေကိုလှမ်းဆွဲပြီးကို အားယူညှစ်တာ။ခေါင်းတစ်
ခုလုံး ကျိန်းတက်သွားတာ။ဒါကိုဆရာသမား
အကူအညီလှမ်းတောင်းဖို့ အားကိုးတကြီးလှမ်း
ခေါ်ပေမယ့် သူကြည့်နေတာ ကျတော့်ကိုမဟုတ်

"ထွက်လာတော့မယ် ထပ်ပြီးအားစိုက်။နောက်
တစ်ခေါက်လောက် အားစိုက်ကြည့်ပါ ၁ ၂ ၃"

"အားးးးး"

"ပိုင်သုတ!!!"

မွေးနေတာ ဘယ်သူလဲမသဲကွဲတော့သလိုပဲ။
မွေးနေတဲ့လူက သူ့ယောကျာ်းနာမည်သူမတ
ပေမယ့် ကျတော်ကတော့ ပိုင်သုတ နာမည်ကို
အပြည့်အစုံတရသည်။မဟုတ်ရင် ကျတော့်
ဦးရေပြားအစုံလိုက်ကျွတ်ထွက်လာတော့မည်။

ရေနွေးဇလုံလာပို့သော ယောကျာ်းဖြစ်သူကို

"အစ်ကို အဲ့ဒါကိုဒီနားချပြီး အစ်မနားသွား"

"အေးမြ!ဘာလို့ သူများဆံပင်တွေဆွဲနေရတာလဲ"

အစ်မကြီးလက်ကြားထဲက ကျတော့်ဆံပင်တွေ
ကို ဆွဲထုတ်ပြီးသူ့မိန်းမလက်ကို ဖမ်းဆွဲပေးထား
သည်။

လွတ်မြောက်သွား၍ကျတော်သက်ပြင်းပင်မချရ
သေး...
အဲ့ခနဲ အသံလေးတစ်ချက်နဲ့အတူငပိုင့်လက်ထဲ
ဲရောက်နေသော ကလေးပေါက်စလေးသည် လူးလူးလွန့်လွန့်

"ချန်း ရေနွေးဇလုံထဲ အဝတ်တစ်ခုထည့်ပြီးရေ
ညှစ်ပေး"

သူလုပ်သမျှကိုငေးကာကြည့်ရင်း ရင်ထဲဝင်လာ
သည်က တစ်ခုတည်း...ဂုဏ်ယူခြင်း။

ဖွေးဥဥနီစွေးစွေးနဲ့ လူသားကောက်ပေါက်စလေး
၏ နှဖူးပြင်ကို ခပ်ဖွဖွငုံ့ကာနမ်းလိုက်သည့်ပုံ...

"Welcome Baby အေးြမ်" ဟူ၍
လူသားသစ်စက်စက်လေးကို ကြိုဆိုနေသော သူ့စကားသံတိုးတိုး။

ထက်မြတ်ခြင်းနဲ့ ယောကျာ်းပီသခြင်းနှစ်ခု
ကြားထဲ အတင်းဝင်ရောက်နေရာယူသွားသော
သိမ့်မွေ့နူးညံ့ခြင်း။

အရှေ့အရပ်ဆီမှ သူရိန်သည်ပန်းခင်းကြားထဲမွေး
ဖွားလာသော သမီးငယ်ကိုနှင်းနတ်သမီး၏မြူ
ပုဝါနောက်ကနေ တိတ်တဆိတ်ချောင်းကြည့်၏

ကလေးအဖေနဲ့ ကျတော့်ကို အခန်းအပြင်ပြန်
ထွက်ခိုင်းကာ သူလုပ်စရာရှိတာတွေလုပ်ရင်း
ကျန်နေခဲ့သည်။
အိမ်ရှေ့တွင် ကျုံကျုံးလေးထိုင်ကာ လူကြီးတွေ
လုပ်သမျှကို လိုက်ငေးနေသောကလေးမလေး
နားကပ်ထိုင်ရင်း ခေါင်းလေးတစ်ချက်ပုတ်ပြီး
နှုတ်ဆက်တော့ သွားပိုးစားနေသော သွားသေး
သေးတွေပေါ်အောင် မော့ကာပြုံးပြသည်။

"ညီမလေးချောချောလေး ရလို့ပျော်လား?"

"ဟုတ်။အမှန်တော့ မောင်လေးရရင်ပိုပျော်မှာ"

"မောင်လေးလိုချင်နေတာလား?"

"အစကတော့ ညီမလေးလိုချင်တာ။ဒါပေမယ့်
ခုမနက်ကျမှ မောင်လေးလိုချင်လာတာ"

"ရုတ်တရက်ကြီး ပြောင်းသွားတာလား?
ပြီးရင် ညီမလေးကိုသွားကြည့်ပါအုံးကွ။ချစ်စရာ
ကောင်းပါတယ်"

"အင်း သမီးညီမလေးပဲ ချစ်ဖို့ကောင်းတာ
မဆန်းပါဘူး။နောက်တစ်ခါ မေကြီးကို ဒီကကိုကိုတို့လိုချောတဲ့မောင်လေးတစ်ယောက်
လောက်မွေးခိုင်းရမယ်"

"OMG!!ဟားးဟား ခုခေတ်ကလေးတွေတတ်
လှချည်လား??မြှောက်တာတောင်သွယ်ဝိုက်နည်း
နဲ့ပြောတတ်တာပဲ"

"မဟုတ်ပါဘူး။သမီးတကယ်ပြောတာပါ"

"ဟုတ်ပါပြီဗျာ။တစ်ညလုံး မအိပ်ရသေးဘူးမလား
အိပ်လေ"

"ကိုကိုရော"

"ကိုကိုက ဟိုအခန်းထဲက တစ်ယောက်ကိုစောင့်
ရအုံးမယ်လေ"

"Dr ကိုကို ကိုလားဟင်"

"အင်း။သူပြီးမှ အိမ်ကိုပြန်လို့ရမှာလေ"

"ကိုကိုတို့က အတူတူနေတာလား?"

"အင်း"

"ဘာတော်လဲဟင်?ညီအစ်ကိုတွေလား?သူငယ်
ချင်းတွေလားဟင်"

အဖြေတွေပေးထားပေမယ့်...ကျတော်ဘာကိုရွေး
ရမှန်းမသိဖြစ်နေသည်။TOFELဖြေစဉ်ကလို
အကုန်မှားနေသလို အကုန်မှန်နေသလိုမျိုးထင်
ယောင်ထင်မှားဖြစ်စေသော ထိုကဲ့သို့မေးခွန်း
မျိုးတွေကို ကျတော်မဖြေချင်ဆုံးပဲ။

"သွားအိပ်တော့လေ။ဟိုမှာ ဖေဖေက အိပ်ဖို့အိပ်
ရာခင်းပေးနေတယ်"

လိမ္မာတာလား??ပါးနပ်တာလား??ကလေးပီပီ
ပြီးပြီးပျောက်ပျောက်ရှိတာလားမသိ သူ့မေးခွန်းကို အဖြေမပေးရသေးသောကျတော့်ကိုကျန်ထားခဲ့ကာသူ့အဖေခင်းပေးထားခဲ့သောအိပ်ရာလေး
ပေါ်ကွေးကွေးလေးသွားအိပ်နေတော့၏။
အိမ်ရှေ့ပေါက်ဝကျဉ်းလေးရှေ့ကျတော်
်တစ်ယောက်တည်း...

ရှေ့မှ ဂန္ဓမာပန်းခင်းဖြူလွလွကို ငေးမောနေမိပြန်
၏။
မြူဖြူဖွေးဖွေးကြား နေရောင်ထိသော ဂန္ဓာဖြူဖြူ
တစ်ပွင့်စ နှစ်ပွင့်စက နေခြည်ရောကာ လင်းရောင်ခြယ်နေသည်။အဖြူဆိုတော့ မစွတ်မပွတ်ထွက်လာရတဲ့ နေရောင်ကတောင် အရောင်ပြောင်းချင်နေပါလား။

"ချန်း"

မော့ကြည့်တော့ နွမ်းလျလျမျက်နှာနှင့်ဘေးနား
ဝင်ထိုင်သည်။အိပ်ရေးပျက်ခံ အနည်းငယ်ချိုင့်နေ
သောမျက်တွင်းကို ယှဉ်ပြိုင်သယောင်နဲ့ ပါးမှ
ပါးချိုင့်တို့သည်လည်း အပြုံးလျလျအားကိုးကာ
ချိုင့်ဝင်ပြနေသည်။

"ခဏနေ နန္ဒလာခေါ်လိမ့်မယ်။သူလာရင်
ငါတို့အိမ်ပြန်ကြမယ်။မင်းလည်း ပင်ပန်းသွားပြီ"

"ရပါတယ်"

ခဏကြာတော့ နန္ဒဦးမော်ကိုယ်တိုင် ကားနဲ့လာ
ခေါ်သည်။ဝိုင်သွားသောက်တဲ့ ညပြီးတည်းက
သူနဲ့မတွေ့ဖြစ်တော့တာ။အနည်းငယ်မျက်နှာပူ
ချင်စရာကောင်းပေမယ့် ငပိုင့်နားမှာသာဝင်
ထိုင်ဖြစ်သည်။

"ချစ်...အဲ မင်းပထမဆုံးအတွေ့အကြုံပေါ့ ပိုင်"

"အင်းးချန်းပါလာလို့ အဆင်ပြေသွားတာ"

ဘာမှမယ်မယ်ရရမကူညီပေးဖြစ်လိုက်တဲ့ကျတော့်
ကို အရေးတယူဆွဲသွင်းသည်။ကျတော်ဟုတ်၏
မဟုတ်၏ ပြိုင်မငြင်းချင်။ကျတော်တကယ်စိတ်
ရောလူပါ ပင်ပန်းသွားခဲ့ပြီ။
ဒီလိုမျိုးအတွေ့အကြုံသည် နောင်ဆယ်နှစ်အနှစ်
နှစ်ဆယ်ကြာခဲ့ရင်တောင် မေ့နိုင်မှာမဟုတ်သလို
နောင်တစ်ခါထိုကဲ့သု့ိ အဖြစ်အပျက်မျိုးလည်း
ရှိလာမှာလည်းမဟုတ်တော့...

နောက်ခုံကို ဆက်ခနဲလန်ကျသွားသောခေါင်းကို
ဖမ်းထိန်းရင်း ပုခုံးပေါ်တင်ပေးလိုက်တော့ back
ကြည့်မှန်မှတစ်ဆင့်ကြည့်လာသော နန္ဒအကြည့်
နဲ့ဆုံတော့ မျက်နှာကပူတတ်လာပြန်၏။
ကျေးဇူးရှင်ကတော့ ရယ်ကျဲကျဲလုပ်နေသည်။
ကျတော်မမြင်ချင်ယောင်ဆောင်ထားလိုက်တော့၏။
ဆံပင်တွေတောင်အနည်းငယ်ရှည်လာပြီပဲ။ချန်း
က ဆံပင်ရှည်တာ ကျတော့်ထက်မြန်တယ်။
ဆံပင်တွေ ဆွဲခံခဲ့ရတာ နာသွားမှာ။နန္ဒကို မရှက်
နေနိုင်...နာသွားခဲ့သော ချန်းဆံပင်တွေကိုသာ
ခပ်ဖွဖွပွတ်သပ်ပေးမိရင်း ကျတော်ပြုံးနေမိသည်
ထင်တာပဲ...ဒါကိုခေါ်တာလား?ကြည်နူးခြင်း
ဆိုတာ ဒီလိုမျိုးလား??

Someone's pov

ပထမဆုံးလူနာလေး၏ နောက်ဆုံးခရီးကို အတူတူရှိနေရင်း မျှဝေမခံစားခဲ့ရပေမယ့်
ပထမဆုံးသောအနေနဲ့ သက်ရှိလူသားလေး
တစ်ယောက်ကို အပြင်လောကသို့ အတူတူခေါ်
ထုတ်ပေးခွင့်ရခဲ့သည်။

ဒီလိုဆို...
နှစ်ယောက်အတူတူရှိနေရခြင်းက ဒီလောကကို ညစ်နွမ်းနေခြင်းတစ်မျိုးတည်း ဖြစ်နေစေတာတော့
မဟုတ်ဘူးပဲ...

Thank you all

Bạn đang đọc truyện trên: ZingTruyen.Xyz