ZingTruyen.Xyz

EX-pect

Epi-35

HsuChiKo365

အရင္ကဆို ေဆးရံုသြားခါနီးမွ ေကာက္ကပ္ထ
ကာ ထသြားလို႔ေပမယ့္ ခုက ဘဝေန႔ခ်င္းညခ်င္း
ေျပာင္းခံလိုက္ရျပီ။
မနက္ေစ်းခင္းအမွီထကာ ေစ်းေျပးရသည္။
ႀကိမ္ျခင္းေတာင္းဝိုင္းတစ္လံုးဆြဲကာ ေစ်းထဲ
ဲေယာင္ေတာင္ေပါင္ေတာင္ျဖစ္ေနတတ္ေသာ
က်ေတာ့္ကို ေဆးရံုမွ Nurse အစ္မမ်ားကဆိုင္
ေကာင္းမ်ားညႊန္းေပး၍သာေတာ္ေတာ့သည္။
ေဆးရံုႀကီးမွ Drေလးဟူေသာဂုဏ္ေႀကာင့္
အေလးခိုးခံရမွာ မပူရတာကလည္း သူတို႔ေျပာ
စကားလို ဘုရားသခင္ေစာင့္ေရွာက္တာပင္။အိမ္က နဂ်ီေကာင္ကမရဘူး။သူသာ ေနမထိ ေလမခ ေျမမနင္း ေနတာ။အျပင္မွာျဖစ္တဲ့ကိစၥအမွားမခံ။ေစ်းသြားရမွာ ရွက္
ေပမယ့္ ထမင္းခ်ိဳင့္မပါရင္ ေန႔လည္စာငတ္မယ္
ဆိုတာ သိေန၍ မထခ်င္လည္း ကုန္းကဲျပီးထ
သြားေနရသည္။က်ေတာ္ေစ်းေျပးလာခိ်န္ဆို
ခ်န္း ကိုယ္ေတာ္က အခန္းတြင္းေကြးလို႔ေကာင္း
ေနဆဲ။ျပန္လာရင္ေတာ့ ထမင္းကက်က္ျပီးသား
ျဖစ္ေနတတ္၏။အဆိုးႀကီးပဲေတာ့မဟုတ္ပါဘူး။အက်ိဳးကေတာ့ထမင္းဆိုင္ေျပးစရာမလိုပဲ ခ်ိဳင့္ဖြင့္လိုက္တိုင္းမ်က္ႏွာပြင့္ရတာပဲ။သက္သက္လြတ္ဟင္းေတြကိုေတာင္အရသာရွိ
ေအာင္ခ်က္ျပဳတ္ေကြ်းေမြးတတ္သူကိုေတြ႔ခ်င္ျမင္ခ်င္ႀကသူေတြကအမ်ားသား။

"Dr...ဆရာႀကီးက သူ႔ဆီဖုန္းေခၚပါအံုးတဲ့။
Masterေျဖဖို႔ ကိစၥေျပာခ်င္လို႔တဲ့"

ေဆးမန္းက ဆရာႀကီး၏အမွာစကား...ဆရာေတြ
၏ ကူညီေပးမယ္ဆိုတဲ့ အမွာစကားက ဝမ္း
ေျမာက္စရာေပမယ့္ ဖုန္းဆက္ဖို႔က...

အေဆာင္၂တြင္ Roundေနေသာ နႏၵ႕ဆီ အေျပးသြားရျပန္သည္။

"နႏၵ! နႏၵ"

အလုပ္သင္လာဆင္းေသာကေလးေတြႀကား ဆရာႀကီးလုပ္ေနေသာ နႏၵကိုဆြဲထုတ္လာရသည္

"ဘာတုန္းကြ အတင္းႀကီး ဆြဲလားရမ္းလားနဲ႔"

"ငါ့ကို Bill ၃၀၀၀ေလာက္လႊဲေပးလို႔ရမလား?"

"ဘာကြ။မင္းသိကၡာကို မငဲ့ရင္ေတာင္ မင္း
ကိုင္ထားတဲ့ Phoneမ်က္ႏွာေတာ့ေထာက္သင့္
တယ္"

"ဘာဆိုင္လို႔လဲကြ။လႊဲေပးစမ္းပါကြာ။ငါ ဆရာ့ကို
ဖုန္းေခၚစရာရွိလို႔"

"မင္း အိမ္ကလူ မင္းသြားေတာင္းပါလား??မေပး
ႏိုင္ဘူး။မေန႔က ပို႔တဲ့ video
ေတြေကာႀကည့္ျပီးျပီလား??"

အဲ့ဒါေတြ စိတ္ပါဝင္စားဝင္ႀကည့္မိလိုက္လို႔ ရွိတဲ့
billေျပာင္သြားတာ ရွင္းျပခ်င္ေပမယ့္ တစ္ပန္း
မက ရႈံးေနရေႀကာင္း ျပိဳင္ဖက္ေဟာင္းႀကီးကို
မသိေစခ်င္။

"မေပးလည္းေနကြာ။သြားျပီ"

"အခ်ိဳးေတြေျပာင္းေနတာမ်ား...ခုမွလူရုပ္
သူရုပ္ေပါက္ေနတယ္"

နႏၵ၏ ခနဲ႔တဲ့တဲ့စကား။သိတယ္ ေကာ့ျပန္ေန
ေအာင္ မီးပူေခါက္ရာက်ိဳးေနေသာ က်ေတာ့္
ရွပ္အက်ီ ၤကိုႀကည့္ေျပာေနတာ။

"ဘယ္လိုလဲ အိမ္သူသက္ထား အဲ အဲ့လိုလည္း
ေျပာလို႔မရဘူး။ခ်န္းျငိမ္း ေတာ္ေတာ္ေသသပ္
တာပဲ။မီးပူေတာင္ တိုက္ေပးတယ္လား?"

အဝတ္ေလွ်ာ္ရတာ က်ေတာ္ဆိုတာ မေျပာေတာ့
ပါဘူး။

"ဘယ္လိုလဲ ေျခေန??မင္း Top 3ထဲ ပါေနျပီ
လား ခြိခြိ"

"ဘာကြ!"

"ေသခ်ာတယ္ ဒါဆိုမင္း
Bottomထိုင္ေနရတုန္းပဲ"

"ငါတို႔ တစ္ခန္းစီေနတာ"

"တကယ္ႀကီးလား??ဒါဆို မင္းတို႔က ခုဘာလဲ?"

"ဘာမွမလဲဘူး။ငါသြားျပီကြာ..."

"ဘယ္လိုေတြတုန္းကြ မင္းတို႔ႏွစ္ေကာင္က။ႀကားထဲက မင္းတို႔ကို Crushေနရတဲ့ ကေလးမေတြေတာ့ သနားစရာပဲ"

မႀကားခ်င္ေယာင္ေဆာင္ကာ ကိုယ့္အေဆာင္ဖက္
သာျပန္လာလိုက္သည္။
မတတ္ႏိုင္ အငယ့္ကိုပဲ ေငြလႊဲခိုင္းရေကာင္းမလား
ဒါလည္း မျဖစ္ေသးဘူး။ဘယ္လိုေႀကာင္းနဲ႔မွ သူ
မ်ားဆီက ေငြမေခ်းရဘူးဆိုျပီးေျပာထားတာ။
ဒါအမွန္ေတာ့ ခ်န္းစကားဆိုတာထက္ မားဆံုးမ
စကားမို႕ မထူးပါဘူး နားေထာင္လက္စနဲ႔နား
ေထာင္လိုက္ေတာ့မယ္။
အိမ္ေရာက္မွပိုက္ဆံနည္းနည္းေတာင္းႀကည့္ရ
မယ္။
ေတာက္!ကိုယ့္ပိုက္ဆံနဲ႔ ကိုယ္ေတာင္။အရင္စိတ္
နဲ႔ဆို စိတ္ရွိလက္ရွိ...

-
-
-
"ငါ့ Laptop"

"ေအး ဟုတ္တယ္"

ခပ္တည္တည္ပဲဗ်။ေဘးနားမွာလည္း ဖုန္းနဲ႕Lineဖြင့္ကာ wifiက လႊင့္ထားေသး။

"မင္း အခုလိုင္းသံုးေနတာလား?"

"ေအး"

ဒါေတာ့ နည္းနည္းမ်ားသြားျပီ။က်ေတာ့္မွာေတာ့
စာေမးပြဲကိစၥဖုန္းဆက္ဖို႔ေတာင္သူမ်ားဆီလိုက္
ေတာင္းေနခ်ိန္ သူက စိတ္ႀကိဳက္ကိုသံုးေနတာ။
ဘယ္က ဘယ္လို ဘယ္အခ်ိန္ထြက္ဝယ္ထား
တာလဲ?

"ငါ့က်ေတာ့ မင္းက limitနဲ႔ထည့္ေပးထား
တယ္။မင္း က်ေတာ့..."

Laptopကို ႀကည့္ေနရာမွ ထိုင္လ်က္ကေန
က်ေတာ့္ကို ေမာ့ႀကည့္လာသည္။ေအးစက္စက္
မ်က္ႏွာေပးနဲ႔မို႔ လူေတာင္အိုးတိုးအမ္တမ္းျဖစ္
သြားရေသး၏။

"မင္း အခု ငါ့ကို တြက္ကပ္ေနတာလား?ငါေျပာမယ္ ငပိုင္။ငါအလုပ္မရမခ်င္း မင္းဒီအ
တိုင္းသြားေနမွာ။ဒီေတာ့ မင္းငါ့ကိုဘယ္ေလာက္
ဘယ္လို သံုးေနတယ္ဆိုျပီး လိုက္တြက္ေနမယ္
ဆိုရင္ ငါအလုပ္မေလွ်ာက္ေတာ့ဘူး။ဒါဆို
မင္းလည္းဒီလို အတိုင္းအထြာနဲ႔ဆက္သံုး ဟုတ္
ျပီလား?""

က်ေတာ္ဘာမွ ျပန္မေျပာႏိုင္ခင္ဖုန္းေတြေကာက္
ပိတ္ ႀကည့္လက္စ websiteေတြပိတ္လုပ္ေန၍

"ခ...ခဏ ခ်န္း။ရတယ္ ဆက္လုပ္။အလုပ္
ေလွ်ာက္ေနတာမလား??အလကားသံုးေနတာမွ
မဟုတ္တာ ရတယ္ ရတယ္။"

"ေနာင္လာျပီး မင္းကက်ဘယ္လို  ငါကက်ဘယ္
ေလာက္ဆိုတာ မေျပာနဲ႔။ကန္စြန္းရြက္ေႀကာ္ထားတယ္။ထမင္းကေပါင္း
အိုးထဲမွာ"

"အင္း အင္း"

ဒါပါပဲ။ေထာင္မႀကီးကို မေျပာင္းရေသးပဲ အယူခံ
ဝင္သလိုလို ေထာင္ပဲလံုးလံုးက်ေတာ့မလိုလိုနဲ႔
ဆန္႔တငင္ငင္ျဖစ္ျပီးလူ႔အခြင့္အေရးဆံုးရႈံးေနတဲ့သူကက်ေတာ္ပဲ။ေထာင္က်သြားရင္လည္း ေတာ္ေသးတယ္။အနညး္ဆံုးေတာ့ ေထာင္သားတစ္ေယာက္ရမယ့္အခြင့္အေရးေတာ့ ရအံုးမယ္။ခုဟာက...

ထမင္းပန္းကန္ထဲ ဟင္းေတြပံုကာအိမ္ေရွ႔ခန္းတြင္
ထိုင္စားေနပံုက ဒုကၡသည္စခန္းကို ခုမွစေျပာင္း
လာတဲ့ စခန္းအထာမနပ္ေသးတဲ့လူလိုလို။သနားကမားနဲ႔။

စာဖတ္ခန္းကိုအပိုင္စီးထား၍ အခန္းထဲလည္း ဝင္မလာရဲတာလား?ဘာလားမသိ။
ထမင္းစားျပီးသြားလည္း အိမ္ေရွ႔မွာသာ ေဆးစာအုပ္ထူူထူတစ္အုပ္ကိုသည္းႀကီးမည္းႀကီးဖတ္ေနသည္။သူ႔ Laptopထဲမွာလည္း ဘာေတြမွန္းမသိ ပိတ္ထားတဲ့
fileေတြကအမ်ားႀကီး။
လူႀကည့္ေတာ့ ခုပဲ ေတာထြက္မလိုလိုဒီဇိုင္းနဲ႔
စက္(Laptop)ထဲမယ္ ပိတ္ထားတဲ့ floder
ေတြနဲ႔။ဒါပဲ ဇက ရွိျပီးသား။

"ခ်န္း...မျပီးေသးဘူးလား?"

တံခါးခပ္ဟဟဖြင့္ျပီး အထဲကိုေခ်ာင္းေတာ့ ခံုေပၚ
ေခါင္းေမွာက္တင္လ်က္ အိပ္ေပ်ာ္ေနျပီ။
အဲ့အက်င့္ ဘယ္ေတာ့ေပ်ာက္မွာလဲကြာ...

"ဇက္ေတြ နာေနေတာ့မွာပဲ??"

အလုပ္ရွာေပးေသာ websiteေပါင္းစံုနာမည္
ေတြ တန္းစီေရးထားေသာ note bookကပြင့္
လ်က္သား။ဒီလက္ေရးဝိုင္းဝိုင္းေတြကို မျမင္ရတာ
ေတာင္ ႀကာေနျပီ။ေဝးေနစဥ္ကာလ massage
ေတြပို႔ေပမယ့္ screenေပၚက ပံုေသ စာလံုးေတြ
သာ။
Note bookကို ေကာက္ကိုင္ရင္းလက္ေရး
ဝိုင္းတို႔ကို ထိေတြ႕ႀကည့္ရင္း ခ်န္းစာအုပ္ကိုျဖဲ
ျပီး စာစီစာကံုးကို ခပ္တည္တည္နဲ႔ေရးေပးခဲ့သည့္
အတိတ္ကို ျပန္အမွတ္ရသြားေသး၏။

"ခ်န္း...ထ။မင္း အခန္းမင္းသြားအိပ္ေတာ့"

ပုခံုးကိုင္ကာ လႈပ္ႏိႈးေတာ့ အိပ္မႈန္စံုဝါးနဲ႔ ထလာ
သည္။ရႊဲ႕ေစာင္းကာေနေသာ မ်က္မွန္ကိုင္းနဲ႔
အိပ္ခ်င္မူးတူးျဖစ္ေနေသးသည့္ပံု...တကယ္ပဲ
အျပစ္ကင္းစင္တယ္။က်ေတာ္လည္းထူးဆန္း
တယ္။ခ်န္း က်ေတာ့္ထက္ ဝါႀကီးေနျပီမွန္း
ကိုယ္ေတြ႔လက္ရွိ ႀကံဳခဲ့ဖူးျပီးတာေတာင္ က်ေတာ့္
စိတ္ထဲခ်န္းက ကေလးတစ္ေယာက္လိုပဲျဖဴစင္
ေနတုန္း။

"ဒီမွာေအးတယ္ သြား။အခန္းထဲသြားအိပ္။မနက္
က်မွ ဆက္လုပ္"

"မင္းေရာ?"

"အင္?"

"မင္း ဒီမွာေအးေနတာကို ဒီေအာက္မွာပဲအိပ္
မလို႔လား?"

ခင္းထားျပီးသား အိပ္ရာခင္းကိုႀကည့္ကာေမး
ေတာ့ ႏႈတ္ကာအာေစးထည့္ခံထားရသလို ဘာေျပာလို႔ေျပာရမွန္းမသိ။ဒီလ က်ေတာ္အခန္း
ကဒီအခန္းပဲေလ...က်ေတာ္ဒီမွာမအိပ္လို႔ဘယ္
မွာ အိပ္ရမလဲ??

"ေစာင္ေသခ်ာျခံဳအိပ္"

ေျပာျပီးျပီးခ်င္း အခန္းထဲမွထြက္သြား၏။တစ္ဖက္
အခန္းကေန တံခါးပိတ္သံႀကားမွ က်ေတာ္လည္း
ခင္းေပးထားခဲ့ေသာ အိပ္ရာေပၚလွဲအိပ္ျဖစ္သည္။

        >>>>>>EX-pect<<<<<<

မနက္္ခင္းေနေရာင္သည္္ဒီဇင္ဘာႏွင္းျမဴတို႕
ႀကား ရွက္အားပိုကာ ပုန္းခိုေန၏။
အခ်မ္းဓာတ္ကို ခံမူအံတုေနေသာ က်ေတာ္တို႔
အိမ္၏ မီးလင္းဖိုသည္လည္း အပူေငြ႔ေငြ႔သာ
က်န္ေတာ့သည္။
ငပိုင္ မေန႕ညကလည္း ေတာ္ေတာ္ေလးမိုးခ်ဳပ္မွ
ျပန္လာတယ္။ထမင္းလည္းမစားဘူး။က်ေတာ္
လည္း ကန္ထရိုက္တာတစ္ေယာက္အပ္ထားတဲ့ designေတြျပီးေအာင္တြက္ေနရတာနဲ႔ သူ႔ဂရုမစိုက္မိဘူး။
ဘာျဖစ္ေနလဲ??ခုလည္း မထေသးဘူး။

"ငပိုင္! ငပိုင္"

မထဘူး။ဘာျဖစ္ေနလို႔လဲ??

Lockမခ်ထားတဲ့ အခန္းတံခါးဖြင့္ဝင္လာလိုက္
ေတာ့ ေစာင္ပံုေတြႀကားအိပ္ေကာင္းေနဆဲ။
ဒီေကာင္ ထမင္းခ်ိဳင့္ငတ္ခ်င္ေနျပီ

"ငပိုင္! ထ။ေစ်းသြားဖို႕မထေသးဘူးလား??"

"ဒီေန႔ေတာ့ ထားလိုက္ပါ"

"ထားလိုက္လို႔ရမလားကြ။ေဟ့ေကာင္ ထ"

ေစာင္ေတြႀကားလံုးေထြးေနတဲ့ သူ႕ကိုယ္ကို ငယ္ငယ္ကႏႈိုးသလို ပိတ္ကန္ေတာ့ တုပ္တုပ္မွ
မလႈပ္။

"မင္း ေဆးရံုမသြားဘူးလား??ေရခဲေသတၱာထဲ
ဘာမွ မက်န္ေတာ့ဘူးကြ။မင္း ထမင္းခ်ိဳင့္...
အြန္႕"

စကားမဆံုးလိုက္ သူ႕ေဘးနားရပ္ကာေအာ္ဟစ္
ေနေသာ က်ေတာ့္လက္ဆြဲခ်ခံလိုက္ရကာ
ရုတ္တရက္မိုု႕ လူပါယိုင္သြားျပီးေစာင္ပံုေတြေပၚ
ျပဳတ္ႀက၏။

"ေဟ့ေကာင္ ဘာလုပ္..."

ဖယိုဖရဲျပဳတ္က်လာတဲ့ က်ေတာ့္အားေစာင္ေတြ
နဲ႔ေရာကာ ခပ္တင္းတင္းေထြးဖက္လာသူ...
ပံုစံမက် ယက္ကန္ယက္ကန္နဲ႔ရုနး္ေလ ပို၍တင္း
ႀကပ္စြာဖက္လာေလ...

"င--ငပိုင္ မင္းဘာျဖစ္။ေဟ့ေကာင္ လႊတ္"

"ခဏေလး။ခဏေလးပဲ ျငိမ္ျငိမ္ေနေပးပါ"

တုန္ယင္ေနေသာ အသံေနာက္ပို၍တိုးဖက္လာ
ေသာ လက္ေတြ။
ငပိုင္ဘာျဖစ္ေနတာလဲ??လွည့္ႀကည့္ခ်င္ေပမယ့္
လွည့္လို႔မရ။
လြန္ခဲ့ေသာ၈ႏွစ္ခန္႔က ဘူတာရံုေလးထဲ ထိုင္ငို
ခဲဲ့ေသာ ငပိုင့္ပံုရိပ္မ်က္လံုးထဲျပန္လည္ျမင္ေယာင္
လာရ၏။ခ်က္ခ်င္းဆိုသလို ပူလာတဲ့စိတ္ေတြ။

လွည့္ႀကည့္ခ်င္တယ္။ငပိုင္ ဘာျဖစ္ေနလဲသိ
ခ်င္တယ္။

"ပိုင္~~"

တံု႔ျပန္သံအစား က်ေတာ့္ဂုတ္ပိုးစိုစြတ္မႈေသးေသး
ေလးတစ္ခုကို ခံစားလိုက္ရသည္။
သိုင္းဖက္ထားေသာ သူ႔လက္ေတြ ပိုမိုတင္းႀကပ္
သြားျပီး...အခန္းေလးထဲ တိတ္ဆိတ္မႈကသာ
လွ်င္ တည္ရွိျဖစ္ေပၚေန၏။

Thank You All

(Unicode)

/

/

/

အရင်ကဆို ဆေးရုံသွားခါနီးမှ ကောက်ကပ်ထ
ကာ ထသွားလို့ပေမယ့် ခုက ဘဝနေ့ချင်းညချင်း
ပြောင်းခံလိုက်ရပြီ။
မနက်ဈေးခင်းအမှီထကာ ဈေးပြေးရသည်။
ကြိမ်ခြင်းတောင်းဝိုင်းတစ်လုံးဆွဲကာ ဈေးထဲ
ဲယောင်တောင်ပေါင်တောင်ဖြစ်နေတတ်သော
ကျတော့်ကို ဆေးရုံမှ Nurse အစ်မများကဆိုင်
ကောင်းများညွှန်းပေး၍သာတော်တော့သည်။
ဆေးရုံကြီးမှ Drလေးဟူသောဂုဏ်ကြောင့်
အလေးခိုးခံရမှာ မပူရတာကလည်း သူတို့ပြော
စကားလို ဘုရားသခင်စောင့်ရှောက်တာပင်။အိမ်က နဂျီကောင်ကမရဘူး။သူသာ နေမထိ လေမခ မြေမနင်း နေတာ။အပြင်မှာဖြစ်တဲ့ကိစ္စအမှားမခံ။ဈေးသွားရမှာ ရှက်
ပေမယ့် ထမင်းချိုင့်မပါရင် နေ့လည်စာငတ်မယ်
ဆိုတာ သိနေ၍ မထချင်လည်း ကုန်းကဲပြီးထ
သွားနေရသည်။ကျတော်ဈေးပြေးလာချိန်ဆို
ချန်း ကိုယ်တော်က အခန်းတွင်းကွေးလို့ကောင်း
နေဆဲ။ပြန်လာရင်တော့ ထမင်းကကျက်ပြီးသား
ဖြစ်နေတတ်၏။အဆိုးကြီးပဲတော့မဟုတ်ပါဘူး။အကျိုးကတော့ထမင်းဆိုင်ပြေးစရာမလိုပဲ ချိုင့်ဖွင့်လိုက်တိုင်းမျက်နှာပွင့်ရတာပဲ။သက်သက်လွတ်ဟင်းတွေကိုတောင်အရသာရှိ
အောင်ချက်ပြုတ်ကျွေးမွေးတတ်သူကိုတွေ့ချင်မြင်ချင်ကြသူတွေကအများသား။

"Dr...ဆရာကြီးက သူ့ဆီဖုန်းခေါ်ပါအုံးတဲ့။
Masterဖြေဖို့ ကိစ္စပြောချင်လို့တဲ့"

ဆေးမန်းက ဆရာကြီး၏အမှာစကား...ဆရာတွေ
၏ ကူညီပေးမယ်ဆိုတဲ့ အမှာစကားက ဝမ်း
မြောက်စရာပေမယ့် ဖုန်းဆက်ဖို့က...

အဆောင်၂တွင် Roundနေသော နန္ဒ့ဆီ အပြေးသွားရပြန်သည်။

"နန္ဒ! နန္ဒ"

အလုပ်သင်လာဆင်းသောကလေးတွေကြား ဆရာကြီးလုပ်နေသော နန္ဒကိုဆွဲထုတ်လာရသည်

"ဘာတုန်းကွ အတင်းကြီး ဆွဲလားရမ်းလားနဲ့"

"ငါ့ကို Bill ၃၀၀၀လောက်လွှဲပေးလို့ရမလား?"

"ဘာကွ။မင်းသိက္ခာကို မငဲ့ရင်တောင် မင်း
ကိုင်ထားတဲ့ Phoneမျက်နှာတော့ထောက်သင့်
တယ်"

"ဘာဆိုင်လို့လဲကွ။လွှဲပေးစမ်းပါကွာ။ငါ ဆရာ့ကို
ဖုန်းခေါ်စရာရှိလို့"

"မင်း အိမ်ကလူ မင်းသွားတောင်းပါလား??မပေး
နိုင်ဘူး။မနေ့က ပို့တဲ့ video
တွေကောကြည့်ပြီးပြီလား??"

အဲ့ဒါတွေ စိတ်ပါဝင်စားဝင်ကြည့်မိလိုက်လို့ ရှိတဲ့
billပြောင်သွားတာ ရှင်းပြချင်ပေမယ့် တစ်ပန်း
မက ရှုံးနေရကြောင်း ပြိုင်ဖက်ဟောင်းကြီးကို
မသိစေချင်။

"မပေးလည်းနေကွာ။သွားပြီ"

"အချိုးတွေပြောင်းနေတာများ...ခုမှလူရုပ်
သူရုပ်ပေါက်နေတယ်"

နန္ဒ၏ ခနဲ့တဲ့တဲ့စကား။သိတယ် ကော့ပြန်နေ
အောင် မီးပူခေါက်ရာကျိုးနေသော ကျတော့်
ရှပ်အကျီ ၤကိုကြည့်ပြောနေတာ။

"ဘယ်လိုလဲ အိမ်သူသက်ထား အဲ အဲ့လိုလည်း
ပြောလို့မရဘူး။ချန်းငြိမ်း တော်တော်သေသပ်
တာပဲ။မီးပူတောင် တိုက်ပေးတယ်လား?"

အဝတ်လျှော်ရတာ ကျတော်ဆိုတာ မပြောတော့
ပါဘူး။

"ဘယ်လိုလဲ ခြေနေ??မင်း Top 3ထဲ ပါနေပြီ
လား ခွိခွိ"

"ဘာကွ!"

"သေချာတယ် ဒါဆိုမင်း
Bottomထိုင်နေရတုန်းပဲ"

"ငါတို့ တစ်ခန်းစီနေတာ"

"တကယ်ကြီးလား??ဒါဆို မင်းတို့က ခုဘာလဲ?"

"ဘာမှမလဲဘူး။ငါသွားပြီကွာ..."

"ဘယ်လိုတွေတုန်းကွ မင်းတို့နှစ်ကောင်က။ကြားထဲက မင်းတို့ကို Crushနေရတဲ့ ကလေးမတွေတော့ သနားစရာပဲ"

မကြားချင်ယောင်ဆောင်ကာ ကိုယ့်အဆောင်ဖက်
သာပြန်လာလိုက်သည်။
မတတ်နိုင် အငယ့်ကိုပဲ ငွေလွှဲခိုင်းရကောင်းမလား
ဒါလည်း မဖြစ်သေးဘူး။ဘယ်လိုကြောင်းနဲ့မှ သူ
များဆီက ငွေမချေးရဘူးဆိုပြီးပြောထားတာ။
ဒါအမှန်တော့ ချန်းစကားဆိုတာထက် မားဆုံးမ
စကားမို့ မထူးပါဘူး နားထောင်လက်စနဲ့နား
ထောင်လိုက်တော့မယ်။
အိမ်ရောက်မှပိုက်ဆံနည်းနည်းတောင်းကြည့်ရ
မယ်။
တောက်!ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တောင်။အရင်စိတ်
နဲ့ဆို စိတ်ရှိလက်ရှိ...

-
-
-
"ငါ့ Laptop"

"အေး ဟုတ်တယ်"

ခပ်တည်တည်ပဲဗျ။ဘေးနားမှာလည်း ဖုန်းနဲ့Lineဖွင့်ကာ wifiက လွှင့်ထားသေး။

"မင်း အခုလိုင်းသုံးနေတာလား?"

"အေး"

ဒါတော့ နည်းနည်းများသွားပြီ။ကျတော့်မှာတော့
စာမေးပွဲကိစ္စဖုန်းဆက်ဖို့တောင်သူများဆီလိုက်
တောင်းနေချိန် သူက စိတ်ကြိုက်ကိုသုံးနေတာ။
ဘယ်က ဘယ်လို ဘယ်အချိန်ထွက်ဝယ်ထား
တာလဲ?

"ငါ့ကျတော့ မင်းက limitနဲ့ထည့်ပေးထား
တယ်။မင်း ကျတော့..."

Laptopကို ကြည့်နေရာမှ ထိုင်လျက်ကနေ
ကျတော့်ကို မော့ကြည့်လာသည်။အေးစက်စက်
မျက်နှာပေးနဲ့မို့ လူတောင်အိုးတိုးအမ်တမ်းဖြစ်
သွားရသေး၏။

"မင်း အခု ငါ့ကို တွက်ကပ်နေတာလား?ငါပြောမယ် ငပိုင်။ငါအလုပ်မရမချင်း မင်းဒီအ
တိုင်းသွားနေမှာ။ဒီတော့ မင်းငါ့ကိုဘယ်လောက်
ဘယ်လို သုံးနေတယ်ဆိုပြီး လိုက်တွက်နေမယ်
ဆိုရင် ငါအလုပ်မလျှောက်တော့ဘူး။ဒါဆို
မင်းလည်းဒီလို အတိုင်းအထွာနဲ့ဆက်သုံး ဟုတ်
ပြီလား?""

ကျတော်ဘာမှ ပြန်မပြောနိုင်ခင်ဖုန်းတွေကောက်
ပိတ် ကြည့်လက်စ websiteတွေပိတ်လုပ်နေ၍

"ခ...ခဏ ချန်း။ရတယ် ဆက်လုပ်။အလုပ်
လျှောက်နေတာမလား??အလကားသုံးနေတာမှ
မဟုတ်တာ ရတယ် ရတယ်။"

"နောင်လာပြီး မင်းကကျဘယ်လို ငါကကျဘယ်
လောက်ဆိုတာ မပြောနဲ့။ကန်စွန်းရွက်ကြော်ထားတယ်။ထမင်းကပေါင်း
အိုးထဲမှာ"

"အင်း အင်း"

ဒါပါပဲ။ထောင်မကြီးကို မပြောင်းရသေးပဲ အယူခံ
ဝင်သလိုလို ထောင်ပဲလုံးလုံးကျတော့မလိုလိုနဲ့
ဆန့်တငင်ငင်ဖြစ်ပြီးလူ့အခွင့်အရေးဆုံးရှုံးနေတဲ့သူကကျတော်ပဲ။ထောင်ကျသွားရင်လည်း တော်သေးတယ်။အနည်းဆုံးတော့ ထောင်သားတစ်ယောက်ရမယ့်အခွင့်အရေးတော့ ရအုံးမယ်။ခုဟာက...

ထမင်းပန်းကန်ထဲ ဟင်းတွေပုံကာအိမ်ရှေ့ခန်းတွင်
ထိုင်စားနေပုံက ဒုက္ခသည်စခန်းကို ခုမှစပြောင်း
လာတဲ့ စခန်းအထာမနပ်သေးတဲ့လူလိုလို။သနားကမားနဲ့။

စာဖတ်ခန်းကိုအပိုင်စီးထား၍ အခန်းထဲလည်း ဝင်မလာရဲတာလား?ဘာလားမသိ။
ထမင်းစားပြီးသွားလည်း အိမ်ရှေ့မှာသာ ဆေးစာအုပ်ထူူထူတစ်အုပ်ကိုသည်းကြီးမည်းကြီးဖတ်နေသည်။သူ့ Laptopထဲမှာလည်း ဘာတွေမှန်းမသိ ပိတ်ထားတဲ့
fileတွေကအများကြီး။
လူကြည့်တော့ ခုပဲ တောထွက်မလိုလိုဒီဇိုင်းနဲ့
စက်(Laptop)ထဲမယ် ပိတ်ထားတဲ့ floder
တွေနဲ့။ဒါပဲ ဇက ရှိပြီးသား။

"ချန်း...မပြီးသေးဘူးလား?"

တံခါးခပ်ဟဟဖွင့်ပြီး အထဲကိုချောင်းတော့ ခုံပေါ်
ခေါင်းမှောက်တင်လျက် အိပ်ပျော်နေပြီ။
အဲ့အကျင့် ဘယ်တော့ပျောက်မှာလဲကွာ...

"ဇက်တွေ နာနေတော့မှာပဲ??"

အလုပ်ရှာပေးသော websiteပေါင်းစုံနာမည်
တွေ တန်းစီရေးထားသော note bookကပွင့်
လျက်သား။ဒီလက်ရေးဝိုင်းဝိုင်းတွေကို မမြင်ရတာ
တောင် ကြာနေပြီ။ဝေးနေစဉ်ကာလ massage
တွေပို့ပေမယ့် screenပေါ်က ပုံသေ စာလုံးတွေ
သာ။
Note bookကို ကောက်ကိုင်ရင်းလက်ရေး
ဝိုင်းတို့ကို ထိတွေ့ကြည့်ရင်း ချန်းစာအုပ်ကိုဖြဲ
ပြီး စာစီစာကုံးကို ခပ်တည်တည်နဲ့ရေးပေးခဲ့သည့်
အတိတ်ကို ပြန်အမှတ်ရသွားသေး၏။

"ချန်း...ထ။မင်း အခန်းမင်းသွားအိပ်တော့"

ပုခုံးကိုင်ကာ လှုပ်နှိုးတော့ အိပ်မှုန်စုံဝါးနဲ့ ထလာ
သည်။ရွှဲ့စောင်းကာနေသော မျက်မှန်ကိုင်းနဲ့
အိပ်ချင်မူးတူးဖြစ်နေသေးသည့်ပုံ...တကယ်ပဲ
အပြစ်ကင်းစင်တယ်။ကျတော်လည်းထူးဆန်း
တယ်။ချန်း ကျတော့်ထက် ဝါကြီးနေပြီမှန်း
ကိုယ်တွေ့လက်ရှိ ကြုံခဲ့ဖူးပြီးတာတောင် ကျတော့်
စိတ်ထဲချန်းက ကလေးတစ်ယောက်လိုပဲဖြူစင်
နေတုန်း။

"ဒီမှာအေးတယ် သွား။အခန်းထဲသွားအိပ်။မနက်
ကျမှ ဆက်လုပ်"

"မင်းရော?"

"အင်?"

"မင်း ဒီမှာအေးနေတာကို ဒီအောက်မှာပဲအိပ်
မလို့လား?"

ခင်းထားပြီးသား အိပ်ရာခင်းကိုကြည့်ကာမေး
တော့ နှုတ်ကာအာစေးထည့်ခံထားရသလို ဘာပြောလို့ပြောရမှန်းမသိ။ဒီလ ကျတော်အခန်း
ကဒီအခန်းပဲလေ...ကျတော်ဒီမှာမအိပ်လို့ဘယ်
မှာ အိပ်ရမလဲ??

"စောင်သေချာခြုံအိပ်"

ပြောပြီးပြီးချင်း အခန်းထဲမှထွက်သွား၏။တစ်ဖက်
အခန်းကနေ တံခါးပိတ်သံကြားမှ ကျတော်လည်း
ခင်းပေးထားခဲ့သော အိပ်ရာပေါ်လှဲအိပ်ဖြစ်သည်။

>>>>>>EX-pect<<<<<<

မနက်ခင်းနေရောင်သည်ဒီဇင်ဘာနှင်းမြူတို့
ကြား ရှက်အားပိုကာ ပုန်းခိုနေ၏။
အချမ်းဓာတ်ကို ခံမူအံတုနေသော ကျတော်တို့
အိမ်၏ မီးလင်းဖိုသည်လည်း အပူငွေ့ငွေ့သာ
ကျန်တော့သည်။
ငပိုင် မနေ့ညကလည်း တော်တော်လေးမိုးချုပ်မှ
ပြန်လာတယ်။ထမင်းလည်းမစားဘူး။ကျတော်
လည်း ကန်ထရိုက်တာတစ်ယောက်အပ်ထားတဲ့ designတွေပြီးအောင်တွက်နေရတာနဲ့ သူ့ဂရုမစိုက်မိဘူး။
ဘာဖြစ်နေလဲ??ခုလည်း မထသေးဘူး။

"ငပိုင်! ငပိုင်"

မထဘူး။ဘာဖြစ်နေလို့လဲ??

Lockမချထားတဲ့ အခန်းတံခါးဖွင့်ဝင်လာလိုက်
တော့ စောင်ပုံတွေကြားအိပ်ကောင်းနေဆဲ။
ဒီကောင် ထမင်းချိုင့်ငတ်ချင်နေပြီ

"ငပိုင်! ထ။ဈေးသွားဖို့မထသေးဘူးလား??"

"ဒီနေ့တော့ ထားလိုက်ပါ"

"ထားလိုက်လို့ရမလားကွ။ဟေ့ကောင် ထ"

စောင်တွေကြားလုံးထွေးနေတဲ့ သူ့ကိုယ်ကို ငယ်ငယ်ကနှိုးသလို ပိတ်ကန်တော့ တုပ်တုပ်မှ
မလှုပ်။

"မင်း ဆေးရုံမသွားဘူးလား??ရေခဲသေတ္တာထဲ
ဘာမှ မကျန်တော့ဘူးကွ။မင်း ထမင်းချိုင့်...
အွန့်"

စကားမဆုံးလိုက် သူ့ဘေးနားရပ်ကာအော်ဟစ်
နေသော ကျတော့်လက်ဆွဲချခံလိုက်ရကာ
ရုတ်တရက်မို့ လူပါယိုင်သွားပြီးစောင်ပုံတွေပေါ်
ပြုတ်ကြ၏။

"ဟေ့ကောင် ဘာလုပ်..."

ဖယိုဖရဲပြုတ်ကျလာတဲ့ ကျတော့်အားစောင်တွေ
နဲ့ရောကာ ခပ်တင်းတင်းထွေးဖက်လာသူ...
ပုံစံမကျ ယက်ကန်ယက်ကန်နဲ့ရုန်းလေ ပို၍တင်း
ကြပ်စွာဖက်လာလေ...

"င--ငပိုင် မင်းဘာဖြစ်။ဟေ့ကောင် လွှတ်"

"ခဏလေး။ခဏလေးပဲ ငြိမ်ငြိမ်နေပေးပါ"

တုန်ယင်နေသော အသံနောက်ပို၍တိုးဖက်လာ
သော လက်တွေ။
ငပိုင်ဘာဖြစ်နေတာလဲ??လှည့်ကြည့်ချင်ပေမယ့်
လှည့်လို့မရ။
လွန်ခဲ့သော၈နှစ်ခန့်က ဘူတာရုံလေးထဲ ထိုင်ငို
ခဲ့သော ငပိုင့်ပုံရိပ်မျက်လုံးထဲပြန်လည်မြင်ယောင်
လာရ၏။ချက်ချင်းဆိုသလို ပူလာတဲ့စိတ်တွေ။

လှည့်ကြည့်ချင်တယ်။ငပိုင် ဘာဖြစ်နေလဲသိ
ချင်တယ်။

"ပိုင်~~"

တုံ့ပြန်သံအစား ကျတော့်ဂုတ်ပိုးစိုစွတ်မှုသေးသေး
လေးတစ်ခုကို ခံစားလိုက်ရသည်။
သိုင်းဖက်ထားသော သူ့လက်တွေ ပိုမိုတင်းကြပ်
သွားပြီး...အခန်းလေးထဲ တိတ်ဆိတ်မှုကသာ
လျှင် တည်ရှိဖြစ်ပေါ်နေ၏။

Thank You All

Bạn đang đọc truyện trên: ZingTruyen.Xyz