Ending
သား ရယ္သံထက္ သား ညာဖက္ပါးျပင္ေပၚက
ပါးခ်ိဳင့္ေသးေသးေလးကို က်ေတာ္ပိုခ်စ္မိသလိုပဲ
ဖြဖြေလး နမ္းတိုင္း သားက ပိုျပံဳးျပတတ္တယ္။
ဒါ ဘယ္သူ႕အက်င့္ေလလဲ??
သားရဲ႕မ်က္ေတာင္ရွည္ႀကီးကို ပိုင္ ငံု႔နမ္းတိုင္း က်ေတာ့္လိုပဲ သူခံစားမိသလားက်ေတာ္
မေသခ်ာ။
သားေမြးျပီးတည္းက သူနဲ႔ က်ေတာ္ အရင္က
ထက္ ပိုစိမ္းသြားသလိုပဲ။
မား ၄၅ ရက္လာေနတာလည္း ပါမယ္ထင္ရဲ႕။
မားက က်ေတာ္တို႕ႏွစ္ေယာက္အေႀကာင္း
ဘာဆိုဘာမွ မေျပာ။
မေျပာခ်င္လို႔လႊတ္ထားတယ္ဆိုတာမ်ိဳးလား
လည္း က်ေနာ္မဆန္းစစ္ႀကည့္အား...
သူ႕ေျမးဦး နဲ႔ အမရာ့ကိုသာစကားေကာင္းေကာင္း
ေျပာသည္။
ပိုင္ ကေတာ့ က်ေတာ္တို႔ အိမ္မွာ ေနခ်ိန္နည္း၍
မေျပာမိတာ ျဖစ္မွာပါဟု ေျဖသိမ့္စကားဆိုေပး၏္။
"ကိုခ်န္း...passport သက္တမ္းတိုးထားတာ
ရျပီတဲ့။မနက္ျဖန္ရန္ကုန္ရံုးခ်ဳပ္တင္ဒါပိုင္းကလူနဲ႔
ထည့္ေပးလိုက္မယ္တဲ့"
"ေက်းဇူး မိုးစက္။အားေတာ့နာတယ္။ျပည္ပခရီး
လည္း ထြက္စရာမရွိပဲ..."
"ဘယ္သူက မရွိဘူးေျပာလဲ??ဟိုလက ေဖေဖက Steelပိုင္းသြားေလ့လာႀကမလား ဆိုေတာ့ သူပဲ
ေကာင္းသားပဲ ေျပာျပီး..."
"အဲ့ဒါက Uncle အေနနဲ႔ ေလ့လာခ်င္ရင္
ေကာင္းတယ္လို႕ေထာက္ခံတာပါ"
"မသိဘူး ဒီတစ္ခါ သင္တန္းသြားတက္ရင္ ကိုခ်န္းကိုပါ အပါေခၚမွာ။လိုက္ခဲ့ေနာ္...မလိုက္ရင္
Ygn ရံုးခ်ဳပ္ကို transferေရႊ႔မယ္တဲ့..."
တခစ္ခစ္ရယ္သံကို Pileထဲထည့္
ေလာင္းပစ္္ခ်င္သည္။ခါတေလ အလုပ္ထြက္ပစ္
လိုက္ခ်င္၏။
သားသာ မရွိေနဘူးဆိုရင္ေပါ့...
>>>>>EX...pect<<<<<
သား လွ်ာရဲရဲေလးေပၚတြင္ အပူဖုေသးေသးေလး
ေတြက ပိုသိသာလာသမ်ွ သား ခမ်ာ ႏို႕ပင္
ေကာင္းေကာင္းမဝင္ေတာ့...
အငိုနည္းလြန္းသည့္ ကေလးသည္ ဒီေန႔
တစ္မနက္လံုး တအီအီ။
အေဖေတြခ်စ္သားလို႔ မေျပာရ သူ႔အေဖေတြ
အလုပ္ မသြားခင္ထိ အေကာင္း။ထံုးစံအတိုင္း
အႏွီးထုပ္ေဖြးေဖြးေလးထဲ အိပ္ေမာက်ေနခဲ့တာ။
ျဖစ္ခ်င္ေတာ့ ဒီမနက္မွ နာနီအန္တီႀကီးက သူ႔
သားဖ်ားေနလို႕ဆိုျပီး မေရာက္လာ...
မတတ္ႏိုင္။အမရာ အားကိုးေနက်လူသာ သတိရ
မိသည္။
"ခ်စ္တဲ့သူ...ငါ့ေသြးအားမ်ားနဲ႔ လန္းဆန္းေနပါ
အို ေဝးကြာေအာင္ လမ္းဘယ္လိုတားဆီးပါေစ
မဆံုးႏိုင္ေအာင္ ခ်စ္မယ့္လူပါ~~~"
ကိုယ့္ေမာင္ေတာ္ လူပ်ိဳႀကီးဘာေတြfeelေနမွန္း
ေတာ့မသိ အရင္ ေပါက္ကရ waiting call
ေတြထည့္ထားတတ္တဲ့လူက ခုေတာ့ ဝိုင္ဝိုင္း
နဲ႔ မဒီရဲ႕ ဆႏၵတစ္စံု သီခ်င္းကို အေက်ာ့ေက်ာ့
အျပန္ျပန္ထား ထားတာ။
ဒီေကာင္ေလးဘာလား?ေခၚေနတာ ၂ခါမက
ေတာ့၍ သီခ်င္းေတာင္ အလြတ္ရေတာ့မည္။
"ဘာလဲ??OTဝင္ေနလို႕လား??Roundေန
တာလား"
သားကသနားစရာ တအီအီနဲ႔ျဖစ္ေနျပီ။ကိုယ္ေလး
ေတြလည္း ေႏြးေနသလိုပဲ။
အသံထြက္ငိုေနတာလည္း မဟုတ္ေတာ့ ပိုသနား
မိသည္။
"နႏၵရ ဘာျဖစ္ေနလဲ??ဒီမွာ နင့္တူ ဖ်ားေနျပီလား
မသိဘူး။အိမ္ကို ျမန္ျမန္လာခဲ့ေပးပါဟာ...ေနာ္"
"အမရာဦးေမာ္"
"ေမေမ"
သြားျပီ!!ထိတ္ခနဲျဖစ္သြားကာ ဖုန္းေတာင္ ပစ္ခ်
လိုက္မိသည္အထိပင္။
"နင့္တူဆိုတာဘာလဲ??နင္ ဘယ္မွာလဲ အမရာ
USမွာမဟုတ္ဘူးလား??"
မာထန္ေနေသာ ေမေမ့အသံက Speakerမွ
ထြက္လာခ်ိန္ သားပါ လန္႕သြားရွာသည္လားမသိ
အဲ့ ကနဲ ထငိုေတာ့သည္။
အသံထြက္ေနေသာ ဖုန္းကို မပိတ္မိခင္ သားကို
အရင္ေကာက္ေပြ႔ရေတာ့၏။သားက ပိုအေရးႀကီး
သည္။
"တိတ္ တိတ္ သားသားရယ္။ဘာမွမျဖစ္ဘူး
ဘာမွမျဖစ္ဘူး"
"အမရာဦးေမာ္!!"
ေမေမ့၏ ရာဇသံသည္ ျပင္းျပသည္။ထီးသံုးနန္း
ဟန္ေတြေဝးေနျပီျဖစ္တဲ့ အမရာ့အတြက္ ဒါေတြ
သည္ ေတာ္ေတာ္စူးရွလြန္းေန၏။
ဘယ္ေလာက္ပဲ သတၱိရွိတယ္ဆိုဆို သားသမီး
ေတြကိုေတာင္ ကြပ္မ်က္ရက္ခဲ့ေသာ မင္းတရား
တို႔မာန္ေတြ ကိန္းဝပ္ကာေနေသးေသာ မိခင္ကို
ေတာ့ အမရာေႀကာက္တယ္။
သားအတြက္ အမရာရွိေနမွ ျဖစ္အံုးမည့္အခ်ိန္
တြင္ အမရာ တစ္ခုခုျဖစ္သြားလို႕မျဖစ္။
ကယ္တင္ႏိုင္သူဆိုသည္မွာ နႏၵႏွင့္အနီးဆံုးတြင္႐ွိေနမည့္ ပိုင္သုတထံ အကူအညီေတာင္းရ
ေတာ့သည္။ျမန္ျမန္သာ လာခဲ့ေပးႀကပါေတာ့...
-
-
-
ျပင္ဦးလြင္စံအိမ္တြင္ သားေတာ္ေမာင္နဲ႔လာေန
ေပးသည့္အခ်ိန္မွ ျဖစ္ရတယ္လို႕...
မလိမ္ခ်င္ေတာ့...သားကို ပုန္းလွ်ိဳးကြယ္လွ်ိဳး
ေမြးဖြားထားရတဲ့ ကေလးအျဖစ္ မႀကီးျပင္းေစ
ခ်င္တာလည္း ပါသည္။
လက္ခံသည္ရွိ၏ မရွိ၏က တစ္ပိုင္း။ဒါေတြလည္း
အမရာ ဂရုမစိုက္။သားကို ခ်စ္တဲ့လူေတြမွ အမ်ား
ႀကီးရယ္...သူအေဖႏွစ္ေယာက္အခ်စ္နဲ႔တင္
သားက အေပ်ာ္ရႊင္ဆံုးကေလးျဖစ္ေနမွာ။
"ေမေမ စကားေျပာမယ္ဆို ႀကားႏိုင္ရံုေလာက္
သာေျပာေပးပါ။သားသားက ခုေလးတင္မွ ျပန္
အိပ္ေပ်ာ္သြားတာ"
မီးဝင္းဝင္းေတာက္ေနေအာင္ ႀကည့္စရာလိုလို႔
လား ေမေမရယ္
"နင္ ဘာေတြလုပ္ခဲ့တာလဲ အမရာ။နင္ နင္မရွက္ဖူးလား။ေယာက်ာ္းႏွစ္ေယာက္အ
တြက္ နဲ႔ ဒီကေလးကို ေမြးေပးတယ္ဟုတ္လား
နင္ ရူးေနတာလား??ရွက္ဖို႕ေကာင္းလိုက္တာ
အမရာ ရယ္..."
"သားသား က ကလပ္တက္ျပီး ရထားတဲ့ ကေလး
မဟုတ္ဘူး ေမေမ။ကန္ေတာ့ပါေမေမ...သားက
လင္ေကာင္မေပၚပဲေမြးထားတာလည္း မဟုတ္
ဘူး။တရားဝင္ ဆရာဝန္ေတြေရွ႔မွာ ပညာရွင္ေတြ
လက္ထဲကေန အသန္႔စင္ဆံုးနည္းနဲ႔ ေမြးဖြားလာ
တာ..."
လႊဲရိုက္လိုက္ေသာ လက္ဝါးတစ္ဖက္နဲ႔အတူ
ပါးတစ္ဖက္လည္း ပူကာလည္ထြက္သြားရသည္။
က်လာတဲ့ မ်က္ရည္က အခ်ိန္ကိုက္မို႕လို႕
နာက်ဥ္မႈကေန စပ္ျဖင္းျဖင္းျဖစ္လာသည္။
တကယ္ပဲ သားက သန္႔စင္ခဲ့တာေလ။ဒါကို
ေမေမက ဘာလို႔ လက္မခံခဲ့ရတာပါလဲ??
ေျခေထာက္ေထာက္ဖို႕ရန္ အားမရွိေတာ့ေသာ
သူအား ပုခံုးမွ ဆြဲကိုင္ကာ လႈပ္ယမ္းေမးျမန္း၏
နာက်ဥ္းမႈေတြမ်ားလာရင္ ထီးေပ်ာက္နန္းေပ်ာက္
တတ္သည္လား အမရာေသခ်ာမသိ။
ခု အမရာ့ကို ရိုက္ႏွိက္ေနေသာ ေမေမ့တြင္ေတာ့
နန္းရိပ္ကြယ္ေပ်ာက္ေနခဲ့ျပီ။
"မယ္မယ္...မယ္မယ္ ရပ္ပါေတာ့"
"နႏၵ..."
"အမရယ္..."
ေႏြးေထြးေနတတ္ေသာ ရင္ခြင္ထဲ ေခါင္းထည့္
မိကာမွ လ်ွံဖိတ္လာေသာ မ်က္ရည္ေတြ
"မယ္မယ္ ဒီေလာက္ထိ လုပ္စရာမလိုပါဘူး။
အမ ဘာလို႔ ဒီလိုေတြ လုပ္ရလဲဆိုတာမယ္မယ္
အရင္ေမးသင့္တယ္ မဟုတ္ဘူးလား??ဘယ္
ေလာက္စိတ္ဆိုးေနပါေစေပါ့"
"သားငယ္ သားငယ္ပါ သိေနတာလား??ဟုတ္
လား?"
"ဟုတ္တယ္"
ေလာကတြင္ အခ်စ္ဆံုးသူဟု ေႀကျငာေမာင္းခတ္
ခဲ့ေသာ သားျဖစ္သူထံမွ ႀကားလိုက္ရေသာ ဝန္ခံ
မႈတြင္ လဲျပိဳက်သြားေတာ့၏။
"ဘာလို႕ မယ္မယ့္ ကိုရက္စက္ရတာလဲ??
မင္းတို႕က ဘယ္သူေတြဆိုတာ ေမ့ေနႀကျပီလား"
"က်ေတာ့္တို႔ကို ေတာ္ရံုလူ အေပါင္းအသင္း
မလုပ္ရဲသေရြ႕ က်ေတာ့္နားမွာ မိတ္ေဆြစစ္ရွား
ပါးေနသေရြ႔ က်ေတာ္ဟာ မယ္မယ့္ကို သာမာန္
ကေလးေတြေခၚသလို ေမေမလို႕ မေခၚႏိုင္သေရြ႕
က်ေတာ္ဘယ္သူဆိုတာ ေမ့မွာမဟုတ္ဘူး"
"မင္းကို လူေတြက ေမာ္ႀကည့္ေနရမွာေလ
နႏၵဦးေမာ္ရဲ႕။မင္းတို႔က သာမန္လူေတြလို အေပါင္းအသင္းေတြနဲ႔ တရံုးရံုးေနေနရမယ့္ လူ
ေတြလား??ဘိုးေဘးေတြရဲ႕ သိကၡာကို မင္းတို႔
ကထိန္းရမွာ မဟုတ္ဘူးလား??မင္းတို႔ေမာင္ႏွမ
ႏွစ္ေယာက္လံုးက ငါတို႕မ်ိဳးရိုးဂုဏ္ကို ထိန္းရမွာ
မဟုတ္လား?"
"အမ ထိန္းခဲ့လို႕...အမ ခုလို အနစ္နာခံခဲ့လို႔
မယ္မယ္ ဂုဏ္ယူေနတဲ့ အမ်ိဳးႏြယ္ေတာ္ဆိုတာ
ႀကီး မေပ်ာက္ခဲ့တာ။အမ သာ အခ်ိန္မီ ျပန္မလာ
ခဲ့ရင္ မယ္မယ္နဲ႔ ဘြားေတာ္ဟာ အထည္ႀကီးပ်က္
ျဖစ္ျပီ...မယ္မယ္တို႕ တန္ဖိုးထားလွပါတယ္
ဆိုတဲ့ အိမ္ေတာ္ဆိုတာလည္း တိုင္းတပါးသား
ေတြ ေထြရာ ေနရာျဖစ္ေနမွာ။အဲ့လို မျဖစ္ေအာင္
မယ္မယ္ကိုယ္တိုင္ ငါ နင့္ကိုမလိုဘူးဆိုျပီး ဖဘုရားလက္ထဲ ထည့္လိုက္တဲ့ က်ေတာ့္အမက
လုပ္ေပးခဲ့တာ"
"ဘုရားေရ...ဒါ ဘယ္သူလဲ??နင္ ဘယ္သူလဲ
ဒါ ငါ့သား နႏၵဦးေမာ္ မဟုတ္ဘူး။ငါ့သားက
ငါ့သားက ငါ့ကို အဲ့လိုျပန္မေျပာဘူး...နင္ နင္
ဘယ္သူလဲ?"
တစ္သက္နဲ႔တစ္ကိုယ္ ျပန္ေျပာဖို႕ေနေနသာသာ
အေမမ်က္ႏွာ တစ္ခ်က္ပ်က္မွာဆိုးခဲ့ေသာ သား
က ခုလို ေလသံေတြနဲ႔ ျပန္ေျပာေနတာ
ယံုခ်င္စရာမေကာင္းလိုက္တာ
"မယ္မယ္လည္း အသက္ေတြႀကီးေနပါျပီ။မာန္
ေတြ မာနေတြ ေလွ်ာ့ပါေတာ့။အိမ္ေတာ္ထဲမွာပဲ
ငယ္ကြ်န္ေတြနဲ႔ ေနျပီး ကိုယ့္စံရာကိုယ္နန္းလုပ္
မေနပါနဲ႔။ကမၻာႀကီးက ေျပာင္းလဲေနျပီမယ္မယ္
ကေလးတစ္ေယာက္ကို အသန္႕ရွင္းဆံုးစိတ္နဲ႔
ေမြးထားတဲ့ အမကို မေဖးမေပးရင္ေတာင္ ခုလို
မခ်ိဳးႏွိမ္သင့္ဘူး"
"ဘာ အသန္႔ရွင္းဆံုး ဟုတ္လား??ေလာက
သဘာဝကို ဆန္႔က်င္ေနတဲ့ လူႏွစ္ေယာက္ရဲ႕
ေသြးသားက သန္႔စင္တယ္ေပါ့ ဟုတ္လား??
နႏၵဦးေမာ္ တတ္ထားတဲ့ ပညာေတြ ဘယ္ေနရာ
သြားသံုးေနတာလဲ??
နင့္ကို ငါ့သားနဲ႔ အေပါင္းအသင္းလုပ္ခြင့္ျပဳခဲ့တာ ငါ့အမွားပဲ...သားသမီးဆိုတာကို မက္တတ္ရင္ နင္တို႕ဘာလို႔သဘာဝကိုလြန္ဆန္ေနေသးလဲ??"
"မယ္မယ္"
အိမ္ေရွ႔တံခါးနားေႀကာင္ကာ ေတြေငးေနေသာ
ပိုင့္ ဖက္သို႕လွည့္ကာ နာနာက်ည္းက်ည္းလက္
ညွိဳးထိုးစြပ္စြဲေသာ မယ္မယ့္ ေႀကာင့္ေမာင္ႏွမ
ႏွစ္ေယာက္လံုး တားခ်ိန္မရလိုက္။
ပထမဆံုး မ်က္လံုးဝိုင္းမ်ားႏွင့္ ေတြကာရပ္ေနရင္း
မွ ဖိနပ္ခြ်တ္ေျခနင္းတြင္ပင္ ဒူးေထာက္ထိုင္ခ်
ရင္း
"က်ေတာ္ေတာင္းပန္ပါတယ္ မယ္မယ္...ကိုယ္
ခ်စ္တဲ့ လူရဲ႕ ေသြးသားဆိုတာကို ေလာဘတက္
မိသြားလို႕ပါ။က်ေတာ္ေတာင္းပန္ပါတယ္"
"သုတရာ..."
လက္အုပ္ခ်ီကာ ထိုင္ေတာင္းပန္ေနေသာ
သူငယ္ခ်င္းကို ထူကာဆြဲေပမယ့္ မရ။
ဆက္ကာ ဆက္ကာေတာင္းပန္စကားဆိုေနဆဲ
ဘာလို႔မျမင္တတ္တာလဲ မယ္မယ္ရယ္...
တစ္သက္မွာ တစ္ေယာက္ကို တစ္ႀကိမ္တစ္ခါ
ခ်စ္မိသြားတဲ့ လူကိုမွ ဘာလို႕စကားလံုးေတြနဲ႔
ႏွိပ္စက္ရတာလဲ??
"မယ္မယ္ က်ေတာ္တို႔ ေမာင္ႏွမေႀကာင့္အရွက္
ရတယ္ ထင္ရင္ အေမြျဖတ္လိုက္ပါ။မယ္မယ္တို႕
ပိုင္ဆိုင္တာေတြလည္း က်ေတာ္တို႔မမက္ပါဘူး
မေတာင္းပဲ ယူထားရတဲ့ မ်ိဳးရိုးအေမြဆိုတာနဲ႔
တင္ အမ ေကာ က်ေတာ္ပါ ပင္ပန္းေနလို႕...
အမ ကို မႀကိဳဆိုႏိုင္ရင္ က်ေတာ့္ကိုပါ စြန္႔ပစ္
လိုက္ေတာ့...သုတလည္း ထေတာ့ကြာ။ဒီကိစၥ
မင္း လည္း အတင္းျခိမ္းေျခာက္ေတာင္းဆိုခဲ့တာ
မွ မဟုတ္တာ။ငါ့အမ ကသာ မင္းကို ျခိမ္းေျခာက္
ခဲ့တာ"
ငယ္စဥ္တည္းက အေမေမတၱာငတ္မြတ္ခဲ့ရသူ
မိေထြးဆိုးနဲ႔ ဆယ္ေက်ာ္သက္ဘဝကို ျဖတ္သန္း
ခဲ့ရသူသည္ ခုခါေတာ့လည္း အမ်ိဳးဂုဏ္မာနႀကီး
ေသာ အေမတစ္ေယာက္ေရွ႔ ဒူးေထာက္ေနရျပန္
သည္။သူ႕အမွား မပါပါပဲ
"မယ္မယ့္ကို က်ေတာ္ခ်စ္တယ္။အစားထိုးမရတာ
လည္း သိတယ္။ဒါေပမယ့္ ခုခ်ိန္က်ေတာ့္ရွိေန
ေပးသင့္တာ အမ နားရွိေနရမွာ မယ္မယ္ျပန္နား
လိုက္ပါေတာ့...မယ္မယ္ဘယ္တုန္းကမွ ေႏြးေႏြး
ေထြးေထြး မႀကိဳဆိုခဲ့တဲ့ အမ ကို မယ္မယ့္ကိုယ္စား ေမတၱာအျပည့္ေပးခ်င္ျပီး
ေတာင္းပန္ခ်င္လို႕ပါ"
စကားတတ္လြန္းေသာ သားကို ေမြးမိခဲ့တာကပဲ
အျပစ္လား??
မာနေတြႀကီးစြာနဲ႔အိမ္ေထာင္တစ္ခုကို ကိုယ္တိုင္
ျဖိဳခြဲခဲ့တာက စမွားတာလား?
သမီးျဖစ္သူက သားေလာက္အေရးမႀကီးဘူးဟု
ထင္ခဲ့မိတာကိုပဲ ေနာင္တရေစခ်င္တာလား?
သဘာဝနဲ႔ ကြဲလြဲစြာ လူ႔ေလာကအလယ္ထဲ
ေရာက္လာတဲ့ ေျမးဦးကို လက္မခံရဲတာက အစ
ျပဳစြာ...ဒူးေထာက္ေတာင္းပန္ေနသူကို လႊဲဖယ္
ေရွာင္တိမ္းရင္း လာရာလမ္းသို႔သာ ျပန္ျမန္းခဲ့
ရေတာ့သည္။
အိမ္ေရွ႔ကားရပ္နားရာေနရာမွာ ေတြကာေငးရင္း
ရပ္ႀကည့္ေနေသာ ေကာင္ေလးတစ္ေယာက္ရဲ႕
မ်က္ရည္ေတြကို ဥပကၡာျပဳျပီး ကားေပၚသို႔သာ
တက္လာခဲ့လိုက္သည္။
နင္တို႕ႏွစ္ေယာက္လံုးေႀကာင့္ ေလာကနိယာမ
ေတြ ေသြဖယ္ကုန္တာ...
-
-
-
"ကိုခ်န္း...အဲ့ေနရာကေန ရုန္းထြက္ခဲ့ပါ။ခု
ကိုခ်န္းေတြ႕တဲ့ အတုိင္းပဲေလ ဘယ္သူမွ လက္မခံတဲ့ အသိုက္အျမံဳတစ္ခု..."
"ေတာ္ေတာ့ မိုးစက္ေသြး။မင္း ျပန္လိုက္ေတာ့"
"ကိုခ်န္း မူးေနျပီ။ကိုခ်န္း ကို ဒီအတိုင္းထားခဲ့လို႔
ရမလား?"
လက္ထဲမွ ခြက္ကို ေဆာင့္ခ်ကာ ခပ္တိုးတိုးရယ္
လိုက္ေတာ့ ရယ္သံက အက္ကြဲရွတလ်က္...
မိုးစက္ေသြးအား အိမ္သို႔အလည္မေခၚခဲ့ရင္...
သား ကို ဂုဏ္ယူစြာ မျပခ်င္ခဲ့ရင္...ဒီလိုရုပ္ဆိုး
လွေသာ အျဖစ္အပ်က္ကို ျမင္လိုက္ရမွာမဟုတ္
အိမ္ေရွ႔ ဖိနပ္ခ်ြတ္ေနရာတြင္ ဒူးေထာက္
ေတာင္းပန္ေနေသာ ပိုင့္ ပံုရိပ္ကို ျမင္လာတိုင္း
ေကာက္ေမာ့ခဲ့ရေသာ ဝိုင္ခြက္ေတြ ဘယ္ႏွစ္ခြက္
ေျမာက္ျပီလည္း မသိေတာ့။
ေသမလိုပဲ ငပိုင္။ေသသြားေတာ့မလိုပဲကြာ။
"အဲ့ဒါ ကိုခ်န္း အျပစ္မဟုတ္ပါဘူး။ခုခ်ိန္ ကိုခ်န္း
လွည့္ထြက္ခြင့္ရွိပါေသးတယ္။မိုးစက္နဲ႔ S'pore
ကို လိုက္ခဲ့ပါလား??အားလံုးကို ေမ့ထားျပီးေလ
ဟင္??ကိုခ်န္း ဒီဘဝမွာ မေပ်ာ္ဘူးမလား?
ကိုခ်န္း ကို ဒီဘဝေရာက္ေအာင္ သူပဲဆြဲသြင္းခဲ့
ဲ့တာမလား?ကိုခ်န္း သူ႕ကို ထားခဲ့လိုက္ေတာ့"
ဟားးးးးရယ္ခ်င္စရာေကာင္းလိုက္တာ။ေခါင္း
ေမာ့ကာ ခြက္ထိုးခြက္လန္ရယ္ေတာ့ ေျပာေန
ေသာ မိုးစက္ေသြးပါ မက ေဘးဖက္ဝိုင္းမွ
လူေတြပါ ျပန္လွည့္ႀကည့္မိသည္အထိ က်ေတာ့္
အသံေတြ က်ယ္ေလာင္ေနသည္။
"ဘာ...ဘာလို႔ရယ္တာလဲ ကိုခ်န္း?"
"ရယ္ရလို႔ေပါ့။မင္းထင္တာေတြက အလြဲႀကီး
လြဲေနေတာ့ရယ္ရတာေပါ့ကြ။သူက ငါ့ကိုဒီဘဝ
ထဲ ဆြဲသြင္းခဲ့တာ မဟုတ္ဘူး။ငါ သူ႔နား
မရွိေတာ့ရင္ေအးခ်မ္းေတာ့မယ့္ သူကိုငါကိုယ္တိုင္သိမ္းပိုက္ျပီး ဆြဲခ်ခဲ့တာ။ ငါကိုယ္တိုင္ဆြဲသိမ္းခဲ့တာ။သူ႔သိကၡာ ငါ့သိကၡာ
ငါ့မိသားစု အားလံုးနဲ႔ လဲျပီး သူ႔ကို ငါသိမ္းပိုက္ခဲ့
တာ။အဲ့ေန႔ညက သူက ကေလးတစ္ေယာက္လို
ျဖဴျဖဴစင္စင္ အိပ္ေမာက်ေနခဲ့တာ"
ျပဴးက်ယ္သြားေသာ မ်က္ဝန္းေတြနဲ႔ မယံုတစ္
ဝက္ယံုတစ္ဝက္နဲ႔ ႀကည့္ေနေသာ မိုးစက္ေသြး
ဆိုသည့္ သူေ႒းသမီးေလးအား ေလွာင္ျပံဳး
တစ္ခုနဲ႔သာ ႀကည့္ေနေပးလိုက္သည္။
"ငါရဲ႕ Dark sideကို ျမင္ျပီလား မိုးစက္ေသြး
ငါက အဲ့လိုလူပဲ။ေနာက္ ငါ့ေရွ႔မွာ ပိုင္သုတကို
မေစာ္ကားနဲ႔။သူက မင္းထင္ထားတာထက္ ပို
ျပီး ျဖဴစင္တယ္...ျဖဴစင္လြန္းလို႕ သူမ်ားေတြ
အေရာင္မဆိုးခင္ ငါအရင္ဆိုးလိုက္တာ...သူ႔
လို လူမ်ိဳးကို ဘယ္သူ႕လက္ထဲမွ မထည့္ေပးႏိုင္
ဘူး...ပိုင္သုတ က ငယ္ငယ္တည္းက ငါ့အပိုင္"
>>>>>EX...pect<<<<<
"ဘာလို႔ အဲ့ေလာက္ေသာက္လာရတာလဲ တခ်န္း
ရာ"
ကားေပၚက ဆင္းလာတဲ့ က်ေတာ့္ကို ဆီးကာ
ေပြ႔ႀကိဳသူ။
မနက္က သူမ်ားေရွ႔ဒူးေထာက္ေတာင္းပန္ခဲ့တဲ့
ပံုက မ်က္လံုးထဲ ျပန္ျမင္လာေတာ့ နာက်ည္းစြာ
ေတာက္ေခါက္မိျပန္သည္။
"တိုး တိုး...တခ်န္း။တိုးတိုး"
အသံမထြက္ေစရန္ က်ေတာ့္အား ေပြ႕ထူဆြဲရင္း
အခန္းထဲ ေခၚသြင္းသူ
"ငါ့ မတြဲနဲ႔...ငါမမူးေသးဘူး"
"အင္း ငါသိတယ္။တိုး တိုး။သားအိပ္ေပ်ာ္ေနျပီ"
ေတြ႔လား ပိုင္သုတဆိုတာ ဒါပဲ
ေသေလာက္ေအာင္နာက်င္ခဲ့ပါေစ။သူမ်ားေရွ႔
ဘယ္လိုပဲ ေအာက္က်ိဳ႕ခဲ့ရပါေစ။က်ေတာ့္ေရွ႔
ေရာက္ရင္ သူဟာ မဟာစစ္သူႀကီးလို ပံုစံဖမ္း
ေနတတ္တာ။
သူ က်ေတာ့္ကို ေသေလာက္ေအာင္ ခ်စ္ေနတယ္ဆိုတာသူမ်ားေတြေတာင္ ျမင္ႏိုင္ေလာက္ေအာင္ ေနျပမယ္။ဒါေပမယ့္...အဲ့ႏႈတ္ခမ္းေတြက ဘယ္ေတာ့မွ ခ်စ္တယ္
ဆိုတဲ့ စကားကထြက္မလာ...
"တခ်န္း ျဖည္း ျဖည္း...လာ အက်ီ ၤေတြလဲမယ္"
တတြက္တြက္ေျပာေနတဲ့ အဲ့ႏႈတ္ခမ္းေတြ...
"တ...အြတ္"
အသံအျပည့္မထြက္ႏိုင္ေတာ့။အတင္းဖိကပ္လာ
ေသာ ႏႈတ္ခမ္းပါးေတြကေနရလာေသာရီေဝေဝ ဝိုင္အနံ႕ေႀကာင့္လား မြတ္သိပ္လြန္းေသာ
အနမ္းေတြေႀကာင့္လား??ေဝခြဲမရခင္
မူးေနာက္လာသည္။
ရုတ္တရက္ႀကီး ခ်န္းဘာျဖစ္လာတာလဲ အေျဖရွာ
ေနစဥ္...
ညဝတ္လဲလွယ္ထားေသာ T shirtအပါးကို
ေအာက္နားကေန လိပ္တင္ဆြဲခြ်တ္ေနခံရသည္
မို႔ ေနာက္ဆုတ္လိုက္ေသာ ေျခလွမ္းေႀကာင့္
ဗီဒို နဲ႔ ေဆာင့္မိေတာ့သည္။
ေယာက်ာ္းႏွစ္ေယာက္အားမို႔ ဒုန္္းကနဲျမည္သံက
ညအေမွာင္ထဲ လိုတာထက္ ပိုက်ယ္ေနသလို
ထိကပ္မႈမွ ထြက္ေပၚလာေသာ အသံေတြနဲ႔
ခ်န္းရဲ႕ ျပင္းရွရွ အသက္ရႈသံ...တစ္ဖက္ခန္းနဲ႔
နီးကပ္လြန္းေနသည္ဆိုသည့္ အသိေႀကာင့္
ခ်န္း ကို တြန္းထုတ္မိသြားသည္။
မယံုႏိုင္သလို ေငးေႀကာင္သြားေသာ မ်က္ဝန္းဝိုင္း
ေတြအား ရင္နာစြာ လႊဲဖယ္ရင္း
"သားေရာ သားအေမပါ အိပ္ေနျပီ ခ်န္း"
ခပ္ဟဟရယ္သည္။
"မင္း ငါ့ကို ရြံ႕တယ္ ဆိုလည္း ရြ႕ံတယ္ေျပာပါ
ငပိုင္။ျမင့္ျမတ္တဲ့ မင္းစိတ္ကို ထပ္ကာထပ္ကာ
ခိုးယူေနမိတဲ့ ငါ့ကို မင္းရြံတယ္မလား"
"ခ်န္း..."
"မင္း လိုခ်င္တာ ငါမွ မဟုတ္တာ..."
တခ်န္းဘာျဖစ္ေနတာလဲ??ဘာလို႔ က်ေတာ့္
စိတ္ကို မျမင္ရတာလဲ??
ေတြ႔ခဲ့ဖူးေသာ စာခ်ဳပ္တစ္ခ်ိဳ႕က ေခါင္းထဲျပန္
ေရာက္လာေတာ့မွ ျဖစ္ႏိုင္ေခ်ကို စပ္ဆက္ေတြး
မိရင္း
"မင္းထင္ခ်င္သလိုထင္ တခ်န္း။ငါနဲ႔ သားကို
ထားသြားမယ္ဆိုရင္ေတာင္ ငါက ထားခဲ့တဲ့
အတိုင္းေနခဲ့မွာ..."
မွားသြားျပီလား မေတြးႏိုင္ခင္...ခ်န္းထြက္သြား
ခဲ့၏။
"ခ်န္း..."
အမရာ အခန္းထဲမွ ထြက္ကာေျပးေခၚေပမယ့္
မမွီေတာ့။ဆိုင္ကယ္စက္သံျပင္းျပင္းက က်ေတာ့္
ရင္ကို ဆြဲဆုပ္သြားသလိုပင္။
နံရံကို မွီကာ ထိုင္ခ်ေသာက်ေတာ့္ကို လက္ေမာင္းမွ ဆြဲလႈပ္ကာေမးလာေသာ အမရာ့
အသံေတြသည္ တုန္ခါေနသည္
"သုတ ဘာေတြသြားေျပာလိုက္တာလဲ??"
"သူ က်ေတာ္တို႕နဲ႔ ေနရင္...သူ႔ ကိုလႊတ္ေပး
လိုက္ခ်င္တယ္။သူ ထြက္သြားခ်င္ေနမွာ...သား
ေႀကာင့္...သူစြတ္တိုးေနတာ။သူ သူထြက္သြား
ခ်င္ေနတာ"
"ဟာ သုတရာ ဘာေတြေျပာေနတာလဲ?ထြက္သြားခ်င္တဲ့ လူက ခုလိုေတြလုပ္မလား"
"သူ အေျဖရွာေနတာ...ေသခ်ာ၏မေသခ်ာ၏ကို
ေနာက္ဆံုးအေနနဲ႔ အေျဖရွာေနပံုပဲ။သူ ထြက္သြား
ဖို႔ ျပင္ေနတာ က်ေတာ္သိတယ္။သူ႕ အံဆြဲထဲ
မွာ S'pore က Poly ေကၽာင္း Scholar
ေလွ်ာက္ထားတဲ့ စာရြက္ေတြကို မေန႕ကပဲေတြ႔
တာ..."
"ဟာာ အဲ့ဒါ ဘာလို႕ခုမွ ေျပာတာလဲ??ထြက္သြား
ဖို႕ ျပင္ေနတယ္ ဆိုတာ မျဖစ္ႏိုင္ပါဘူး သုတရယ္
ခ်န္း က သုတ ကိုအဲ့လိုထားခဲ့မယ့္လူမဟုတ္ပါ
ဘူး"
"သူေျပာဖို႕ အားနာေနတာေနမွာပါ..."
"သုတရာ...ငါေတာ့ စိတ္ညစ္တယ္။အဲ့လိုမဟုတ္
ေလာက္ပါဘူး။သူ႔မွာ အေႀကာင္းတစ္ခုခုရွိမွာပါ
သားပဲရွိေနျပီ ႏွစ္ေယာက္က ဘာလို႕ပြင့္ပြင့္
လင္းလင္းမရွိႀကတာလဲ??ခု တခ်န္းကို ဘယ္လို
လုပ္မလဲ??မူးေနတာမလား အဲ့ဒါကို ဆိုင္ကယ္
စီးသြားတာကို ဒီအတိုင္းလႊတ္လိုက္တယ္ဟုတ္
လား??"
"ဟာာ..."
ခ်က္ခ်င္းဆိုသလို ထရပ္ကာ ေျပးထြက္သြားသူ
ေနာက္ထပ္ဆိုင္ကယ္တစ္စီး၏ စက္သံဆူညံညံ
ဒီႏွစ္ေယာက္နဲ႔ေတာ့ ႀကားထဲကရူးေတာ့မယ္။
"နႏၵေရ...လုပ္ လုပ္ပါအံုးဟာ..."
အျဖစ္အပ်က္ အက်ဥ္းခ်ံဳးေနာက္
" ဒီငေဂ်ာင္ ႏွစ္ေကာင္နဲ႕ ငါတို႕က ေသမွာ"
ဟူေသာ ေဒါမေနာသံ အဆံုး Driverကို ႏႈိုး
ခိုင္းေနသံကိုပါတစ္ဆက္တည္းႀကားလိုက္ရေတာ့
၏။
သားစစ္ကေတာ့ သူ႕ပံုစံေလးအတိုင္း ေအးခ်မ္း
စြာ အိပ္ေမာက်ေနဆဲ။
"သားေဖေဖႏွစ္ေယာက္နဲ႔ေတာ့ ေမေမရူးေတာ့
မယ္ထင္တယ္"
ဘယ္ေတြသြားေနတာလဲ??တစ္ညလံုးလိုက္ရွာ
ေပမယ့္ မေတြ႔...
အလုပ္ကိုဖုန္းဆက္ေတာ့လည္း သူတို႔ဆီမလာေႀကာင္း...ဘယ္မွာရွိေနလဲမသိေႀကာင္းသာ
အေႀကာင္းျပန္ႀကားရ၍ ရင္တစ္ခုလံုးဗေလာင္ဆူ
ေနသည္။
"တခ်န္း တစ္ခုခုျဖစ္ေနတာလား??တစ္ေနရာရာ
မွာ..."
"မင္းနဲ႔ေတာ့ ငါတကယ္စိတ္ညစ္တယ္ သုတရာ။
ဟိုက စိတ္ပါေနလည္း လက္ခံလိုက္ေပါ့ကြ...
ျပီးမွ သူစိတ္ေက်နပ္သြားတဲ့ အခ်ိန္မွ မင္းစိတ္ထဲ ထင္ေနတာေမးေပါ့။မင္းတို႕ဟာ
က ကိုရီးယားကားထက္ ဇာတ္ရႈပ္တယ္။အဲ့လို
မပြင့္မလင္းနဲ႔ အူတူူတူေတြလုပ္ေနေတာ့...
ခုဘာျဖစ္လဲ??"
"ငါ ငါလည္း ရုတ္တရက္ဆိုေတာ့...ဘာေတြ
ေျပာလိုက္မိမွန္းမသိဘူး။Scholarေလွ်ာက္
ထားတာေတြေႀကာင့္..."
"အဲ့ဒီ scholarကအေရးမႀကီးဘူး။ခုစဥ္းစား
စမ္း...သူ ဘယ္လိုေနရာေတြ သြားတတ္လဲ?
ဒါမွမဟုတ္ သြားခ်င္တယ္လို႔ေျပာဖူးလဲ?""
"ငါ စဥ္းစားလို႕မရဘူး"
တစ္ညလံုး ဆိုင္ကယ္တစ္စီးနဲ႔ပတ္ရွာထားေသာ္
လည္း အရိပ္အေယာင္ေတာင္ရွာမေတြ႔။
မနက္ခင္းေနေရာင္ပိုပီျပင္လာေလ က်ေတာ့္အပူ
ေတြ ပိုလာေလ
"ေခါင္းေအးေအးထား။အခု ေဆးရံုေရာ ရဲစခန္း
မွာေကာ မရွိဘူးဆိုေတာ့...တစ္ေနရာရာမွာရွိ
ေနမွာ ေသခ်ာတယ္။စဥ္းစားစမ္းပါ သုတရာ"
နႏၵ၏အားမလိုအားမရ အေျပာေနာက္ ဦးေဏွာက္
တစ္ခုလံုး ျဖစ္ညွစ္ကာ စဥ္းစားရသည္။
"သား...အျပင္ထြက္လို႕ရ ရင္ View Point
သြားရေအာင္။ငါ တစ္ခါမွ မေရာက္ဖူးဘူး"
အိပ္ေမာက်ခါနီး ထံုးစံအတိုင္း က်ေတာ့္ကို ေက်ာ
ေပးရင္း ခပ္တိုးတိုးေျပာလာေသာ ခ်န္းအသံ
ႀကာေတာ့ႀကာေနျပီေပမယ့္ ဒါက အနီးစပ္ဆံုးမို႕
"View Point!!သူ သြားခ်င္တယ္လို႔ေျပာဖူး
တယ္"
"ဒါဆို သြားႀကည့္ ေဟ့ေကာင္။မင္း နဂ်ီေကာင္
မူးမူးနဲ႔ သြားရင္သြားမွာ"
သယ္ေဆာင္လာေသာ မိုးေလေတြႀကားမွ
ခ်န္း ရဲ႕ တပည့္မေလးအသံ ျပန္ႀကားေယာင္မိ
သည္
"ကိုခ်န္းကို အထင္မလြဲပါနဲ႕။ကိုခ်န္းက အစ္ကို႔ကို
ထားသြားမယ့္ လူမ်ိဳးမဟုတ္ဘူးဆိုတာ ညီမ
အသိဆံုးပါ။အဲ့ စာရြက္ေတြကလည္း ညီမဘာသာ
ကိုခ်န္းကို အသိမေပးပဲ လုပ္ထားမိတာေတြပါ
ကိုခ်န္း ကသူမလိုက္ႏိုင္ဘူးေျပာျပီး အိမ္ကိုယူသြားတာ။ေတာင္းပန္ပါတယ္။ခုလိုေတြျဖစ္ရတာ ညီမေႀကာင့္ပါ။ကိုခ်န္း တစ္ခုခုမျဖစ္ေအာင္ ကယ္ေပး
ပါ အစ္ကိုရယ္ေနာ္..."
ခ်န္းရယ္ ေတာင္းပန္ပါတယ္။တကယ္ေတာင္းပန္
ပါတယ္။
တဖြဲဖြဲက်ေနေသာမိုးစက္ေတြေႀကာင့္လား ေနေရာင္ မပီျပင္ေသးေသာ ျပင္ဦးလြင္ျမိဳ႕ထဲ
အိပ္ေမာက်ေနသူမ်ား၍လားမသိ View Point
တြင္ ရွင္းလင္းေနသည္။
ထီးမိုးထားေသာ စားေသာက္ဆိုင္စားပြဲေတြကို
ျဖတ္ေက်ာ္ရင္း ရင္ျပင္ဆီသို႕ တုန္ယင္စြာ
လွမ္းေလွ်ာက္စဥ္ တဖြားဖြားက်ေနေသာ ေရမႈန္
ေတြႀကား ရင္းႏွီးေသာ ေက်ာျပင္ျပန္႕ျပန္႔
အရွိန္အဟုန္နဲ႔ က်ဆင္းေနေသာ ေရတံခြန္အား
ေငးစိုက္ႀကည့္ေနေသာ က်ေတာ့္ခ်စ္သူ။
မတုန္မလႈပ္ သလင္းရုပ္တုတစ္ခုလို ပါးလ်လ်
ကိုယ္ခႏၶာ...အဲ့သလင္းရုပ္တုရဲ႕ ႏွလံုးသားတို႕
အက္ကြဲေနေရာ့လား??
တလွမ္းခ်င္းလွမ္းစဥ္သည္းထည္းစြာက်ဆင္းလာေသာမိုးစက္ပြင့္တို႕က က်ေတာ့္ကို ရိုက္ႏွိပ္
ကာ အျပစ္ေပးေနသည့္ႏွယ္။
ေပးသင့္ပါတယ္။သဘာဝတရားႀကီးကေရာ
ေနာက္ က်ေတာ္ခ်စ္ရသူပါ က်ေတာ့္ကို အျပစ္
ေပးသင့္တယ္။
"တခ်န္း..."
မေမွ်ာ္လင့္ထားေရာ့ထင္။ဆက္ခနဲတုန္ယင္သြား
ေသာ ကိုယ္ေလးက သက္ေသ။
လွည့္ႀကည့္လာေသာ မ်က္ဝန္းတို႕တြင္ ရစ္ဝိုင္း
ေနေသာ မ်က္ရည္စေတြ
တစ္လွမ္းခ်င္းတိုးကပ္ရင္း ေႀကာင္ေငးေတြေဝ
ေနေသာ သူ႕လက္ေတြကို ဆုပ္ကိုင္ေတာ့ ရုန္း
ထြက္ရင္း
"ဘာလို႔လိုက္လာတာလဲ??မင္းပဲ ငါ့ကို ႏွင္ထုတ္
ခဲ့ျပီး မွ ဘာလို႔လိုက္လာတာလဲ?"
တဒိုင္းဒိုင္းက်ဆင္းေနမိုးစက္သံေတြႀကား ခ်န္း
ႀသရွရွက သဲကြဲစြာထြက္ေပၚလာသည္
"ငါေတာင္းပန္ပါတယ္ တခ်န္းရာ။ငါ မင္းကို အထင္လြဲခဲ့မိတာ။ငါ ငါေတာင္းပန္ပါတယ္"
"ငါ မင္းေတာင္းပန္တာကို လိုခ်င္တာ မဟုတ္ဘူး"
ရုတ္တရက္ က်ေရာက္လာေသာ လက္သီးတစ္
ခ်က္ က ေအာက္ႏႈတ္ခမ္းေထာင့္စီ တည့္တည့္
မတ္မတ္။
"အင္း ထိုး ပါ။မင္းစိတ္ေက်နပ္တဲ့ထိ ထိုး။ရတယ္
ခ်န္း...ျပီးရင္ ငါနဲ႔ျပန္လိုက္ခဲ့ပါကြာ...ေနာ္။မင္း
အရမ္းေအးေနျပီ"
က်ားတစ္ေကာင္လို ဝုန္းခနဲက်ေတာ့္နားေရာက္
လာျပီး အက် ီ ၤစကို ဆြဲကိုင္ျပီး
"ဘယ္အခ်ိန္ထိ ဘယ္အခ်ိန္ထိ လူတကာအျမင္မွာေသမလိုခ်စ္တတ္တဲ့
ပံုစံလုပ္ေနအံုးမွာလဲဟမ္...ပိုင္သုတ?မင္းပါးစပ္က ဘာလို႔ အဲ့စကားမထြက္လာေသးတာလဲ ဟမ္!!
ငါ ႀကားခ်င္တာက သီခ်င္းထဲကလည္း
မဟုတ္ဘူး တျခားလူေတြဆီကလည္း မဟုတ္ဘူး ဘာလို႔ငါ့ကို ခ်စ္တယ္ လို႔ မေျပာခဲ့တာလဲ??? တစ္သက္လံုး ဘာလို႔မေျပာတာလဲ!!!!ငါ့ ခႏၶာကိုယ္တစ္ခုလံုး ပံုအပ္ထားခဲ့တာေတာင္ ဘာလို႕ မထြက္လာရတာလဲ??ေသတဲ့ထိ ဒီလို
ပံုစံမ်ိဳးနဲ႔ ေနသြားဖို႕မင္းစဥ္းစားထားတာလား??
ငါက မင္းပါးစပ္ကထြက္လာမယ့္ခ်စ္တယ္ ဆိုတဲ့ စကားနဲ႕ မထိုက္တဲ့ေကာင္လား??"
ေသြးရူးတန္းရူးမဟုတ္...ယုရံုးမရစြာ ေအာ္ဟစ္
ေနေသာ က်ေတာ့္ခ်စ္သူ။
အဲ့ေလာက္ေတာင္ က်ေတာ့္ဆီက ေမွ်ာ္လင့္ေနခဲ့
မယ္လို႕ မယံုရဲခဲ့တာ။ေနာက္ျပီး...
"ခ်န္း ရယ္...အဲ့စကားႏွစ္လံုးတည္းနဲ႔
အဲ့အတိုင္းအတာနဲ႔ မင္းကို ေဘာင္မခတ္ထားခ်င္လို႕ပါ
မင္းက ငါ့ အတြက္ အကန္႔အသတ္မဲ့တယ္"
ေအးစက္စက္ပါးျပင္ႏွစ္ဖက္ကို တယုတယအုပ္
ကိုင္ရင္း ဆိုေတာ့ မက္ေမာစြာေငးႀကည့္ခဲ့ဖူး
ေသာ မ်က္လံုးႀကည္ႀကည္မ်ားႏွင့္ျပန္ကာေမာ့
ႀကည့္သည္။
တဆက္ဆက္တုန္ယင္ေနေသာ ႏႈတ္ခမ္းပါးတို႕
က ေအးခိုက္ေန၍ေလာ စိတ္လႈပ္ရွားေန၍ေလာ
က်ေတာ္ ေသခ်ာမသိ။
က်ေတာ္သိတာ အဲ့ႏႈတ္ခမ္းေတြကို က်ေတ္ာ
ျမတ္ႏိုးခံုမင္တာ...
ခပ္ဖြဖြထိေတြ႔ေတာ့...ရွက္ရြံ႕ေနေသာ
မ်က္လံုးဝိုင္းတို႕ကို မ်က္ေတာင္ရွည္တို႕က အလိုက္တသိဖုံးကြယ္ေပးသည္။
ေအးစက္စက္အသားပါးလႊာတို႔ဆီ ေႏြးေထြးမႈ
မွ်ေဝေပးျပီးမွ
"မင္းကအဲ့ စကားလံုးေတြထက္ ပိုျပီးထိုက္တန္
တယ္ တခ်န္း။ဒါေပမယ့္ မင္းႀကားခ်င္တယ္ဆို
ငါ မင္း ကို..."
က်ေတာ့္စကားမဆံုးလိုက္။ျပန္ကာထိကပ္လာ
ေသာ ပူေႏြးေႏြးႏႈတ္ခမ္းတို႔သည္ ႏွစ္လိုဖြယ္
ေကာင္းလြန္းစြာ...
"ငါက...မင္းကို ပိုင္တယ္ ငပိုင္။ငါက ကေမၻာဇ
မယ္ျဖစ္ခဲ့တဲ့ ငါ့အေမနဲ႔ ခြ်တ္စြပ္တူေနေပမယ့္
ငါဟာ ခ်ိဳ႕ယြင္းခ်က္မရွိတဲ့ေယာက်ာ္းပဲ။
ငါ့ရဲ႕ တစ္ခုတည္းေသာ ခ်ိဳ႕ယြင္းခ်က္ကလည္း
မင္းပဲ ငပိုင္။ဒါကို မင္းျမဲျမဲမွတ္ထားေပး..."
မိုးစက္ေတြႀကားက ထိုးႀကိတ္ရန္ျဖစ္ေနေသာ
ေကာင္ေလးႏွစ္ေယာက္အားဝင္ေရာက္ျဖန္ေျဖ
ေပးရန္ ႀကိဳးစားေနႀကေသာခရီးသြားဧည့္သည္
အခ်ိဳ႕အား
"က်ေတာ္ေျပာသားပဲ..." ဟူေသာ ပံုစံနဲ႔
ေအာင္ႏိုင္သူအျပံဳးျပံဳးထားေသာ ထူးထူးဆန္းဆန္းေကာင္ေလတစ္ေယာက္လည္း
ရွိေနေလရဲ႕။
Thank You All
(Unicode)
/
/
/
သား ရယ်သံထက် သား ညာဖက်ပါးပြင်ပေါ်က
ပါးချိုင့်သေးသေးလေးကို ကျတော်ပိုချစ်မိသလိုပဲ
ဖွဖွလေး နမ်းတိုင်း သားက ပိုပြုံးပြတတ်တယ်။
ဒါ ဘယ်သူ့အကျင့်လေလဲ??
သားရဲ့မျက်တောင်ရှည်ကြီးကို ပိုင် ငုံ့နမ်းတိုင်း ကျတော့်လိုပဲ သူခံစားမိသလားကျတော်
မသေချာ။
သားမွေးပြီးတည်းက သူနဲ့ ကျတော် အရင်က
ထက် ပိုစိမ်းသွားသလိုပဲ။
မား ၄၅ ရက်လာနေတာလည်း ပါမယ်ထင်ရဲ့။
မားက ကျတော်တို့နှစ်ယောက်အကြောင်း
ဘာဆိုဘာမှ မပြော။
မပြောချင်လို့လွှတ်ထားတယ်ဆိုတာမျိုးလား
လည်း ကျနော်မဆန်းစစ်ကြည့်အား...
သူ့မြေးဦး နဲ့ အမရာ့ကိုသာစကားကောင်းကောင်း
ပြောသည်။
ပိုင် ကတော့ ကျတော်တို့ အိမ်မှာ နေချိန်နည်း၍
မပြောမိတာ ဖြစ်မှာပါဟု ဖြေသိမ့်စကားဆိုပေး၏်။
"ကိုချန်း...passport သက်တမ်းတိုးထားတာ
ရပြီတဲ့။မနက်ဖြန်ရန်ကုန်ရုံးချုပ်တင်ဒါပိုင်းကလူနဲ့
ထည့်ပေးလိုက်မယ်တဲ့"
"ကျေးဇူး မိုးစက်။အားတော့နာတယ်။ပြည်ပခရီး
လည်း ထွက်စရာမရှိပဲ..."
"ဘယ်သူက မရှိဘူးပြောလဲ??ဟိုလက ဖေဖေက Steelပိုင်းသွားလေ့လာကြမလား ဆိုတော့ သူပဲ
ကောင်းသားပဲ ပြောပြီး..."
"အဲ့ဒါက Uncle အနေနဲ့ လေ့လာချင်ရင်
ကောင်းတယ်လို့ထောက်ခံတာပါ"
"မသိဘူး ဒီတစ်ခါ သင်တန်းသွားတက်ရင် ကိုချန်းကိုပါ အပါခေါ်မှာ။လိုက်ခဲ့နော်...မလိုက်ရင်
Ygn ရုံးချုပ်ကို transferရွှေ့မယ်တဲ့..."
တခစ်ခစ်ရယ်သံကို Pileထဲထည့်
လောင်းပစ်ချင်သည်။ခါတလေ အလုပ်ထွက်ပစ်
လိုက်ချင်၏။
သားသာ မရှိနေဘူးဆိုရင်ပေါ့...
>>>>>EX...pect<<<<<
သား လျှာရဲရဲလေးပေါ်တွင် အပူဖုသေးသေးလေး
တွေက ပိုသိသာလာသမျှ သား ခမျာ နို့ပင်
ကောင်းကောင်းမဝင်တော့...
အငိုနည်းလွန်းသည့် ကလေးသည် ဒီနေ့
တစ်မနက်လုံး တအီအီ။
အဖေတွေချစ်သားလို့ မပြောရ သူ့အဖေတွေ
အလုပ် မသွားခင်ထိ အကောင်း။ထုံးစံအတိုင်း
အနှီးထုပ်ဖွေးဖွေးလေးထဲ အိပ်မောကျနေခဲ့တာ။
ဖြစ်ချင်တော့ ဒီမနက်မှ နာနီအန်တီကြီးက သူ့
သားဖျားနေလို့ဆိုပြီး မရောက်လာ...
မတတ်နိုင်။အမရာ အားကိုးနေကျလူသာ သတိရ
မိသည်။
"ချစ်တဲ့သူ...ငါ့သွေးအားများနဲ့ လန်းဆန်းနေပါ
အို ဝေးကွာအောင် လမ်းဘယ်လိုတားဆီးပါစေ
မဆုံးနိုင်အောင် ချစ်မယ့်လူပါ~~~"
ကိုယ့်မောင်တော် လူပျိုကြီးဘာတွေfeelနေမှန်း
တော့မသိ အရင် ပေါက်ကရ waiting call
တွေထည့်ထားတတ်တဲ့လူက ခုတော့ ဝိုင်ဝိုင်း
နဲ့ မဒီရဲ့ ဆန္ဒတစ်စုံ သီချင်းကို အကျော့ကျော့
အပြန်ပြန်ထား ထားတာ။
ဒီကောင်လေးဘာလား?ခေါ်နေတာ ၂ခါမက
တော့၍ သီချင်းတောင် အလွတ်ရတော့မည်။
"ဘာလဲ??OTဝင်နေလို့လား??Roundနေ
တာလား"
သားကသနားစရာ တအီအီနဲ့ဖြစ်နေပြီ။ကိုယ်လေး
တွေလည်း နွေးနေသလိုပဲ။
အသံထွက်ငိုနေတာလည်း မဟုတ်တော့ ပိုသနား
မိသည်။
"နန္ဒရ ဘာဖြစ်နေလဲ??ဒီမှာ နင့်တူ ဖျားနေပြီလား
မသိဘူး။အိမ်ကို မြန်မြန်လာခဲ့ပေးပါဟာ...နော်"
"အမရာဦးမော်"
"မေမေ"
သွားပြီ!!ထိတ်ခနဲဖြစ်သွားကာ ဖုန်းတောင် ပစ်ချ
လိုက်မိသည်အထိပင်။
"နင့်တူဆိုတာဘာလဲ??နင် ဘယ်မှာလဲ အမရာ
USမှာမဟုတ်ဘူးလား??"
မာထန်နေသော မေမေ့အသံက Speakerမှ
ထွက်လာချိန် သားပါ လန့်သွားရှာသည်လားမသိ
အဲ့ ကနဲ ထငိုတော့သည်။
အသံထွက်နေသော ဖုန်းကို မပိတ်မိခင် သားကို
အရင်ကောက်ပွေ့ရတော့၏။သားက ပိုအရေးကြီး
သည်။
"တိတ် တိတ် သားသားရယ်။ဘာမှမဖြစ်ဘူး
ဘာမှမဖြစ်ဘူး"
"အမရာဦးမော်!!"
မေမေ့၏ ရာဇသံသည် ပြင်းပြသည်။ထီးသုံးနန်း
ဟန်တွေဝေးနေပြီဖြစ်တဲ့ အမရာ့အတွက် ဒါတွေ
သည် တော်တော်စူးရှလွန်းနေ၏။
ဘယ်လောက်ပဲ သတ္တိရှိတယ်ဆိုဆို သားသမီး
တွေကိုတောင် ကွပ်မျက်ရက်ခဲ့သော မင်းတရား
တို့မာန်တွေ ကိန်းဝပ်ကာနေသေးသော မိခင်ကို
တော့ အမရာကြောက်တယ်။
သားအတွက် အမရာရှိနေမှ ဖြစ်အုံးမည့်အချိန်
တွင် အမရာ တစ်ခုခုဖြစ်သွားလို့မဖြစ်။
ကယ်တင်နိုင်သူဆိုသည်မှာ နန္ဒနှင့်အနီးဆုံးတွင်ရှိနေမည့် ပိုင်သုတထံ အကူအညီတောင်းရ
တော့သည်။မြန်မြန်သာ လာခဲ့ပေးကြပါတော့...
-
-
-
ပြင်ဦးလွင်စံအိမ်တွင် သားတော်မောင်နဲ့လာနေ
ပေးသည့်အချိန်မှ ဖြစ်ရတယ်လို့...
မလိမ်ချင်တော့...သားကို ပုန်းလျှိုးကွယ်လျှိုး
မွေးဖွားထားရတဲ့ ကလေးအဖြစ် မကြီးပြင်းစေ
ချင်တာလည်း ပါသည်။
လက်ခံသည်ရှိ၏ မရှိ၏က တစ်ပိုင်း။ဒါတွေလည်း
အမရာ ဂရုမစိုက်။သားကို ချစ်တဲ့လူတွေမှ အများ
ကြီးရယ်...သူအဖေနှစ်ယောက်အချစ်နဲ့တင်
သားက အပျော်ရွှင်ဆုံးကလေးဖြစ်နေမှာ။
"မေမေ စကားပြောမယ်ဆို ကြားနိုင်ရုံလောက်
သာပြောပေးပါ။သားသားက ခုလေးတင်မှ ပြန်
အိပ်ပျော်သွားတာ"
မီးဝင်းဝင်းတောက်နေအောင် ကြည့်စရာလိုလို့
လား မေမေရယ်
"နင် ဘာတွေလုပ်ခဲ့တာလဲ အမရာ။နင် နင်မရှက်ဖူးလား။ယောကျာ်းနှစ်ယောက်အ
တွက် နဲ့ ဒီကလေးကို မွေးပေးတယ်ဟုတ်လား
နင် ရူးနေတာလား??ရှက်ဖို့ကောင်းလိုက်တာ
အမရာ ရယ်..."
"သားသား က ကလပ်တက်ပြီး ရထားတဲ့ ကလေး
မဟုတ်ဘူး မေမေ။ကန်တော့ပါမေမေ...သားက
လင်ကောင်မပေါ်ပဲမွေးထားတာလည်း မဟုတ်
ဘူး။တရားဝင် ဆရာဝန်တွေရှေ့မှာ ပညာရှင်တွေ
လက်ထဲကနေ အသန့်စင်ဆုံးနည်းနဲ့ မွေးဖွားလာ
တာ..."
လွှဲရိုက်လိုက်သော လက်ဝါးတစ်ဖက်နဲ့အတူ
ပါးတစ်ဖက်လည်း ပူကာလည်ထွက်သွားရသည်။
ကျလာတဲ့ မျက်ရည်က အချိန်ကိုက်မို့လို့
နာကျဉ်မှုကနေ စပ်ဖြင်းဖြင်းဖြစ်လာသည်။
တကယ်ပဲ သားက သန့်စင်ခဲ့တာလေ။ဒါကို
မေမေက ဘာလို့ လက်မခံခဲ့ရတာပါလဲ??
ခြေထောက်ထောက်ဖို့ရန် အားမရှိတော့သော
သူအား ပုခုံးမှ ဆွဲကိုင်ကာ လှုပ်ယမ်းမေးမြန်း၏
နာကျဉ်းမှုတွေများလာရင် ထီးပျောက်နန်းပျောက်
တတ်သည်လား အမရာသေချာမသိ။
ခု အမရာ့ကို ရိုက်နှိက်နေသော မေမေ့တွင်တော့
နန်းရိပ်ကွယ်ပျောက်နေခဲ့ပြီ။
"မယ်မယ်...မယ်မယ် ရပ်ပါတော့"
"နန္ဒ..."
"အမရယ်..."
နွေးထွေးနေတတ်သော ရင်ခွင်ထဲ ခေါင်းထည့်
မိကာမှ လျှံဖိတ်လာသော မျက်ရည်တွေ
"မယ်မယ် ဒီလောက်ထိ လုပ်စရာမလိုပါဘူး။
အမ ဘာလို့ ဒီလိုတွေ လုပ်ရလဲဆိုတာမယ်မယ်
အရင်မေးသင့်တယ် မဟုတ်ဘူးလား??ဘယ်
လောက်စိတ်ဆိုးနေပါစေပေါ့"
"သားငယ် သားငယ်ပါ သိနေတာလား??ဟုတ်
လား?"
"ဟုတ်တယ်"
လောကတွင် အချစ်ဆုံးသူဟု ကြေငြာမောင်းခတ်
ခဲ့သော သားဖြစ်သူထံမှ ကြားလိုက်ရသော ဝန်ခံ
မှုတွင် လဲပြိုကျသွားတော့၏။
"ဘာလို့ မယ်မယ့် ကိုရက်စက်ရတာလဲ??
မင်းတို့က ဘယ်သူတွေဆိုတာ မေ့နေကြပြီလား"
"ကျတော့်တို့ကို တော်ရုံလူ အပေါင်းအသင်း
မလုပ်ရဲသရွေ့ ကျတော့်နားမှာ မိတ်ဆွေစစ်ရှား
ပါးနေသရွေ့ ကျတော်ဟာ မယ်မယ့်ကို သာမာန်
ကလေးတွေခေါ်သလို မေမေလို့ မခေါ်နိုင်သရွေ့
ကျတော်ဘယ်သူဆိုတာ မေ့မှာမဟုတ်ဘူး"
"မင်းကို လူတွေက မော်ကြည့်နေရမှာလေ
နန္ဒဦးမော်ရဲ့။မင်းတို့က သာမန်လူတွေလို အပေါင်းအသင်းတွေနဲ့ တရုံးရုံးနေနေရမယ့် လူ
တွေလား??ဘိုးဘေးတွေရဲ့ သိက္ခာကို မင်းတို့
ကထိန်းရမှာ မဟုတ်ဘူးလား??မင်းတို့မောင်နှမ
နှစ်ယောက်လုံးက ငါတို့မျိုးရိုးဂုဏ်ကို ထိန်းရမှာ
မဟုတ်လား?"
"အမ ထိန်းခဲ့လို့...အမ ခုလို အနစ်နာခံခဲ့လို့
မယ်မယ် ဂုဏ်ယူနေတဲ့ အမျိုးနွယ်တော်ဆိုတာ
ကြီး မပျောက်ခဲ့တာ။အမ သာ အချိန်မီ ပြန်မလာ
ခဲ့ရင် မယ်မယ်နဲ့ ဘွားတော်ဟာ အထည်ကြီးပျက်
ဖြစ်ပြီ...မယ်မယ်တို့ တန်ဖိုးထားလှပါတယ်
ဆိုတဲ့ အိမ်တော်ဆိုတာလည်း တိုင်းတပါးသား
တွေ ထွေရာ နေရာဖြစ်နေမှာ။အဲ့လို မဖြစ်အောင်
မယ်မယ်ကိုယ်တိုင် ငါ နင့်ကိုမလိုဘူးဆိုပြီး ဖဘုရားလက်ထဲ ထည့်လိုက်တဲ့ ကျတော့်အမက
လုပ်ပေးခဲ့တာ"
"ဘုရားရေ...ဒါ ဘယ်သူလဲ??နင် ဘယ်သူလဲ
ဒါ ငါ့သား နန္ဒဦးမော် မဟုတ်ဘူး။ငါ့သားက
ငါ့သားက ငါ့ကို အဲ့လိုပြန်မပြောဘူး...နင် နင်
ဘယ်သူလဲ?"
တစ်သက်နဲ့တစ်ကိုယ် ပြန်ပြောဖို့နေနေသာသာ
အမေမျက်နှာ တစ်ချက်ပျက်မှာဆိုးခဲ့သော သား
က ခုလို လေသံတွေနဲ့ ပြန်ပြောနေတာ
ယုံချင်စရာမကောင်းလိုက်တာ
"မယ်မယ်လည်း အသက်တွေကြီးနေပါပြီ။မာန်
တွေ မာနတွေ လျှော့ပါတော့။အိမ်တော်ထဲမှာပဲ
ငယ်ကျွန်တွေနဲ့ နေပြီး ကိုယ့်စံရာကိုယ်နန်းလုပ်
မနေပါနဲ့။ကမ္ဘာကြီးက ပြောင်းလဲနေပြီမယ်မယ်
ကလေးတစ်ယောက်ကို အသန့်ရှင်းဆုံးစိတ်နဲ့
မွေးထားတဲ့ အမကို မဖေးမပေးရင်တောင် ခုလို
မချိုးနှိမ်သင့်ဘူး"
"ဘာ အသန့်ရှင်းဆုံး ဟုတ်လား??လောက
သဘာဝကို ဆန့်ကျင်နေတဲ့ လူနှစ်ယောက်ရဲ့
သွေးသားက သန့်စင်တယ်ပေါ့ ဟုတ်လား??
နန္ဒဦးမော် တတ်ထားတဲ့ ပညာတွေ ဘယ်နေရာ
သွားသုံးနေတာလဲ??
နင့်ကို ငါ့သားနဲ့ အပေါင်းအသင်းလုပ်ခွင့်ပြုခဲ့တာ ငါ့အမှားပဲ...သားသမီးဆိုတာကို မက်တတ်ရင် နင်တို့ဘာလို့သဘာဝကိုလွန်ဆန်နေသေးလဲ??"
"မယ်မယ်"
အိမ်ရှေ့တံခါးနားကြောင်ကာ တွေငေးနေသော
ပိုင့် ဖက်သို့လှည့်ကာ နာနာကျည်းကျည်းလက်
ညှိုးထိုးစွပ်စွဲသော မယ်မယ့် ကြောင့်မောင်နှမ
နှစ်ယောက်လုံး တားချိန်မရလိုက်။
ပထမဆုံး မျက်လုံးဝိုင်းများနှင့် တွေကာရပ်နေရင်း
မှ ဖိနပ်ချွတ်ခြေနင်းတွင်ပင် ဒူးထောက်ထိုင်ချ
ရင်း
"ကျတော်တောင်းပန်ပါတယ် မယ်မယ်...ကိုယ်
ချစ်တဲ့ လူရဲ့ သွေးသားဆိုတာကို လောဘတက်
မိသွားလို့ပါ။ကျတော်တောင်းပန်ပါတယ်"
"သုတရာ..."
လက်အုပ်ချီကာ ထိုင်တောင်းပန်နေသော
သူငယ်ချင်းကို ထူကာဆွဲပေမယ့် မရ။
ဆက်ကာ ဆက်ကာတောင်းပန်စကားဆိုနေဆဲ
ဘာလို့မမြင်တတ်တာလဲ မယ်မယ်ရယ်...
တစ်သက်မှာ တစ်ယောက်ကို တစ်ကြိမ်တစ်ခါ
ချစ်မိသွားတဲ့ လူကိုမှ ဘာလို့စကားလုံးတွေနဲ့
နှိပ်စက်ရတာလဲ??
"မယ်မယ် ကျတော်တို့ မောင်နှမကြောင့်အရှက်
ရတယ် ထင်ရင် အမွေဖြတ်လိုက်ပါ။မယ်မယ်တို့
ပိုင်ဆိုင်တာတွေလည်း ကျတော်တို့မမက်ပါဘူး
မတောင်းပဲ ယူထားရတဲ့ မျိုးရိုးအမွေဆိုတာနဲ့
တင် အမ ကော ကျတော်ပါ ပင်ပန်းနေလို့...
အမ ကို မကြိုဆိုနိုင်ရင် ကျတော့်ကိုပါ စွန့်ပစ်
လိုက်တော့...သုတလည်း ထတော့ကွာ။ဒီကိစ္စ
မင်း လည်း အတင်းခြိမ်းခြောက်တောင်းဆိုခဲ့တာ
မှ မဟုတ်တာ။ငါ့အမ ကသာ မင်းကို ခြိမ်းခြောက်
ခဲ့တာ"
ငယ်စဉ်တည်းက အမေမေတ္တာငတ်မွတ်ခဲ့ရသူ
မိထွေးဆိုးနဲ့ ဆယ်ကျော်သက်ဘဝကို ဖြတ်သန်း
ခဲ့ရသူသည် ခုခါတော့လည်း အမျိုးဂုဏ်မာနကြီး
သော အမေတစ်ယောက်ရှေ့ ဒူးထောက်နေရပြန်
သည်။သူ့အမှား မပါပါပဲ
"မယ်မယ့်ကို ကျတော်ချစ်တယ်။အစားထိုးမရတာ
လည်း သိတယ်။ဒါပေမယ့် ခုချိန်ကျတော့်ရှိနေ
ပေးသင့်တာ အမ နားရှိနေရမှာ မယ်မယ်ပြန်နား
လိုက်ပါတော့...မယ်မယ်ဘယ်တုန်းကမှ နွေးနွေး
ထွေးထွေး မကြိုဆိုခဲ့တဲ့ အမ ကို မယ်မယ့်ကိုယ်စား မေတ္တာအပြည့်ပေးချင်ပြီး
တောင်းပန်ချင်လို့ပါ"
စကားတတ်လွန်းသော သားကို မွေးမိခဲ့တာကပဲ
အပြစ်လား??
မာနတွေကြီးစွာနဲ့အိမ်ထောင်တစ်ခုကို ကိုယ်တိုင်
ဖြိုခွဲခဲ့တာက စမှားတာလား?
သမီးဖြစ်သူက သားလောက်အရေးမကြီးဘူးဟု
ထင်ခဲ့မိတာကိုပဲ နောင်တရစေချင်တာလား?
သဘာဝနဲ့ ကွဲလွဲစွာ လူ့လောကအလယ်ထဲ
ရောက်လာတဲ့ မြေးဦးကို လက်မခံရဲတာက အစ
ပြုစွာ...ဒူးထောက်တောင်းပန်နေသူကို လွှဲဖယ်
ရှောင်တိမ်းရင်း လာရာလမ်းသို့သာ ပြန်မြန်းခဲ့
ရတော့သည်။
အိမ်ရှေ့ကားရပ်နားရာနေရာမှာ တွေကာငေးရင်း
ရပ်ကြည့်နေသော ကောင်လေးတစ်ယောက်ရဲ့
မျက်ရည်တွေကို ဥပက္ခာပြုပြီး ကားပေါ်သို့သာ
တက်လာခဲ့လိုက်သည်။
နင်တို့နှစ်ယောက်လုံးကြောင့် လောကနိယာမ
တွေ သွေဖယ်ကုန်တာ...
-
-
-
"ကိုချန်း...အဲ့နေရာကနေ ရုန်းထွက်ခဲ့ပါ။ခု
ကိုချန်းတွေ့တဲ့ အတိုင်းပဲလေ ဘယ်သူမှ လက်မခံတဲ့ အသိုက်အမြုံတစ်ခု..."
"တော်တော့ မိုးစက်သွေး။မင်း ပြန်လိုက်တော့"
"ကိုချန်း မူးနေပြီ။ကိုချန်း ကို ဒီအတိုင်းထားခဲ့လို့
ရမလား?"
လက်ထဲမှ ခွက်ကို ဆောင့်ချကာ ခပ်တိုးတိုးရယ်
လိုက်တော့ ရယ်သံက အက်ကွဲရှတလျက်...
မိုးစက်သွေးအား အိမ်သို့အလည်မခေါ်ခဲ့ရင်...
သား ကို ဂုဏ်ယူစွာ မပြချင်ခဲ့ရင်...ဒီလိုရုပ်ဆိုး
လှသော အဖြစ်အပျက်ကို မြင်လိုက်ရမှာမဟုတ်
အိမ်ရှေ့ ဖိနပ်ချွတ်နေရာတွင် ဒူးထောက်
တောင်းပန်နေသော ပိုင့် ပုံရိပ်ကို မြင်လာတိုင်း
ကောက်မော့ခဲ့ရသော ဝိုင်ခွက်တွေ ဘယ်နှစ်ခွက်
မြောက်ပြီလည်း မသိတော့။
သေမလိုပဲ ငပိုင်။သေသွားတော့မလိုပဲကွာ။
"အဲ့ဒါ ကိုချန်း အပြစ်မဟုတ်ပါဘူး။ခုချိန် ကိုချန်း
လှည့်ထွက်ခွင့်ရှိပါသေးတယ်။မိုးစက်နဲ့ S'pore
ကို လိုက်ခဲ့ပါလား??အားလုံးကို မေ့ထားပြီးလေ
ဟင်??ကိုချန်း ဒီဘဝမှာ မပျော်ဘူးမလား?
ကိုချန်း ကို ဒီဘဝရောက်အောင် သူပဲဆွဲသွင်းခဲ့
ဲ့တာမလား?ကိုချန်း သူ့ကို ထားခဲ့လိုက်တော့"
ဟားးးးးရယ်ချင်စရာကောင်းလိုက်တာ။ခေါင်း
မော့ကာ ခွက်ထိုးခွက်လန်ရယ်တော့ ပြောနေ
သော မိုးစက်သွေးပါ မက ဘေးဖက်ဝိုင်းမှ
လူတွေပါ ပြန်လှည့်ကြည့်မိသည်အထိ ကျတော့်
အသံတွေ ကျယ်လောင်နေသည်။
"ဘာ...ဘာလို့ရယ်တာလဲ ကိုချန်း?"
"ရယ်ရလို့ပေါ့။မင်းထင်တာတွေက အလွဲကြီး
လွဲနေတော့ရယ်ရတာပေါ့ကွ။သူက ငါ့ကိုဒီဘဝ
ထဲ ဆွဲသွင်းခဲ့တာ မဟုတ်ဘူး။ငါ သူ့နား
မရှိတော့ရင်အေးချမ်းတော့မယ့် သူကိုငါကိုယ်တိုင်သိမ်းပိုက်ပြီး ဆွဲချခဲ့တာ။ ငါကိုယ်တိုင်ဆွဲသိမ်းခဲ့တာ။သူ့သိက္ခာ ငါ့သိက္ခာ
ငါ့မိသားစု အားလုံးနဲ့ လဲပြီး သူ့ကို ငါသိမ်းပိုက်ခဲ့
တာ။အဲ့နေ့ညက သူက ကလေးတစ်ယောက်လို
ဖြူဖြူစင်စင် အိပ်မောကျနေခဲ့တာ"
ပြူးကျယ်သွားသော မျက်ဝန်းတွေနဲ့ မယုံတစ်
ဝက်ယုံတစ်ဝက်နဲ့ ကြည့်နေသော မိုးစက်သွေး
ဆိုသည့် သူဋ္ဌေးသမီးလေးအား လှောင်ပြုံး
တစ်ခုနဲ့သာ ကြည့်နေပေးလိုက်သည်။
"ငါရဲ့ Dark sideကို မြင်ပြီလား မိုးစက်သွေး
ငါက အဲ့လိုလူပဲ။နောက် ငါ့ရှေ့မှာ ပိုင်သုတကို
မစော်ကားနဲ့။သူက မင်းထင်ထားတာထက် ပို
ပြီး ဖြူစင်တယ်...ဖြူစင်လွန်းလို့ သူများတွေ
အရောင်မဆိုးခင် ငါအရင်ဆိုးလိုက်တာ...သူ့
လို လူမျိုးကို ဘယ်သူ့လက်ထဲမှ မထည့်ပေးနိုင်
ဘူး...ပိုင်သုတ က ငယ်ငယ်တည်းက ငါ့အပိုင်"
>>>>>EX...pect<<<<<
"ဘာလို့ အဲ့လောက်သောက်လာရတာလဲ တချန်း
ရာ"
ကားပေါ်က ဆင်းလာတဲ့ ကျတော့်ကို ဆီးကာ
ပွေ့ကြိုသူ။
မနက်က သူများရှေ့ဒူးထောက်တောင်းပန်ခဲ့တဲ့
ပုံက မျက်လုံးထဲ ပြန်မြင်လာတော့ နာကျည်းစွာ
တောက်ခေါက်မိပြန်သည်။
"တိုး တိုး...တချန်း။တိုးတိုး"
အသံမထွက်စေရန် ကျတော့်အား ပွေ့ထူဆွဲရင်း
အခန်းထဲ ခေါ်သွင်းသူ
"ငါ့ မတွဲနဲ့...ငါမမူးသေးဘူး"
"အင်း ငါသိတယ်။တိုး တိုး။သားအိပ်ပျော်နေပြီ"
တွေ့လား ပိုင်သုတဆိုတာ ဒါပဲ
သေလောက်အောင်နာကျင်ခဲ့ပါစေ။သူများရှေ့
ဘယ်လိုပဲ အောက်ကျို့ခဲ့ရပါစေ။ကျတော့်ရှေ့
ရောက်ရင် သူဟာ မဟာစစ်သူကြီးလို ပုံစံဖမ်း
နေတတ်တာ။
သူ ကျတော့်ကို သေလောက်အောင် ချစ်နေတယ်ဆိုတာသူများတွေတောင် မြင်နိုင်လောက်အောင် နေပြမယ်။ဒါပေမယ့်...အဲ့နှုတ်ခမ်းတွေက ဘယ်တော့မှ ချစ်တယ်
ဆိုတဲ့ စကားကထွက်မလာ...
"တချန်း ဖြည်း ဖြည်း...လာ အကျီ ၤတွေလဲမယ်"
တတွက်တွက်ပြောနေတဲ့ အဲ့နှုတ်ခမ်းတွေ...
"တ...အွတ်"
အသံအပြည့်မထွက်နိုင်တော့။အတင်းဖိကပ်လာ
သော နှုတ်ခမ်းပါးတွေကနေရလာသောရီဝေဝေ ဝိုင်အနံ့ကြောင့်လား မွတ်သိပ်လွန်းသော
အနမ်းတွေကြောင့်လား??ဝေခွဲမရခင်
မူးနောက်လာသည်။
ရုတ်တရက်ကြီး ချန်းဘာဖြစ်လာတာလဲ အဖြေရှာ
နေစဉ်...
ညဝတ်လဲလှယ်ထားသော T shirtအပါးကို
အောက်နားကနေ လိပ်တင်ဆွဲချွတ်နေခံရသည်
မို့ နောက်ဆုတ်လိုက်သော ခြေလှမ်းကြောင့်
ဗီဒို နဲ့ ဆောင့်မိတော့သည်။
ယောကျာ်းနှစ်ယောက်အားမို့ ဒုန်းကနဲမြည်သံက
ညအမှောင်ထဲ လိုတာထက် ပိုကျယ်နေသလို
ထိကပ်မှုမှ ထွက်ပေါ်လာသော အသံတွေနဲ့
ချန်းရဲ့ ပြင်းရှရှ အသက်ရှုသံ...တစ်ဖက်ခန်းနဲ့
နီးကပ်လွန်းနေသည်ဆိုသည့် အသိကြောင့်
ချန်း ကို တွန်းထုတ်မိသွားသည်။
မယုံနိုင်သလို ငေးကြောင်သွားသော မျက်ဝန်းဝိုင်း
တွေအား ရင်နာစွာ လွှဲဖယ်ရင်း
"သားရော သားအမေပါ အိပ်နေပြီ ချန်း"
ခပ်ဟဟရယ်သည်။
"မင်း ငါ့ကို ရွံ့တယ် ဆိုလည်း ရွံ့တယ်ပြောပါ
ငပိုင်။မြင့်မြတ်တဲ့ မင်းစိတ်ကို ထပ်ကာထပ်ကာ
ခိုးယူနေမိတဲ့ ငါ့ကို မင်းရွံတယ်မလား"
"ချန်း..."
"မင်း လိုချင်တာ ငါမှ မဟုတ်တာ..."
တချန်းဘာဖြစ်နေတာလဲ??ဘာလို့ ကျတော့်
စိတ်ကို မမြင်ရတာလဲ??
တွေ့ခဲ့ဖူးသော စာချုပ်တစ်ချို့က ခေါင်းထဲပြန်
ရောက်လာတော့မှ ဖြစ်နိုင်ချေကို စပ်ဆက်တွေး
မိရင်း
"မင်းထင်ချင်သလိုထင် တချန်း။ငါနဲ့ သားကို
ထားသွားမယ်ဆိုရင်တောင် ငါက ထားခဲ့တဲ့
အတိုင်းနေခဲ့မှာ..."
မှားသွားပြီလား မတွေးနိုင်ခင်...ချန်းထွက်သွား
ခဲ့၏။
"ချန်း..."
အမရာ အခန်းထဲမှ ထွက်ကာပြေးခေါ်ပေမယ့်
မမှီတော့။ဆိုင်ကယ်စက်သံပြင်းပြင်းက ကျတော့်
ရင်ကို ဆွဲဆုပ်သွားသလိုပင်။
နံရံကို မှီကာ ထိုင်ချသောကျတော့်ကို လက်မောင်းမှ ဆွဲလှုပ်ကာမေးလာသော အမရာ့
အသံတွေသည် တုန်ခါနေသည်
"သုတ ဘာတွေသွားပြောလိုက်တာလဲ??"
"သူ ကျတော်တို့နဲ့ နေရင်...သူ့ ကိုလွှတ်ပေး
လိုက်ချင်တယ်။သူ ထွက်သွားချင်နေမှာ...သား
ကြောင့်...သူစွတ်တိုးနေတာ။သူ သူထွက်သွား
ချင်နေတာ"
"ဟာ သုတရာ ဘာတွေပြောနေတာလဲ?ထွက်သွားချင်တဲ့ လူက ခုလိုတွေလုပ်မလား"
"သူ အဖြေရှာနေတာ...သေချာ၏မသေချာ၏ကို
နောက်ဆုံးအနေနဲ့ အဖြေရှာနေပုံပဲ။သူ ထွက်သွား
ဖို့ ပြင်နေတာ ကျတော်သိတယ်။သူ့ အံဆွဲထဲ
မှာ S'pore က Poly ကျောင်း Scholar
လျှောက်ထားတဲ့ စာရွက်တွေကို မနေ့ကပဲတွေ့
တာ..."
"ဟာာ အဲ့ဒါ ဘာလို့ခုမှ ပြောတာလဲ??ထွက်သွား
ဖို့ ပြင်နေတယ် ဆိုတာ မဖြစ်နိုင်ပါဘူး သုတရယ်
ချန်း က သုတ ကိုအဲ့လိုထားခဲ့မယ့်လူမဟုတ်ပါ
ဘူး"
"သူပြောဖို့ အားနာနေတာနေမှာပါ..."
"သုတရာ...ငါတော့ စိတ်ညစ်တယ်။အဲ့လိုမဟုတ်
လောက်ပါဘူး။သူ့မှာ အကြောင်းတစ်ခုခုရှိမှာပါ
သားပဲရှိနေပြီ နှစ်ယောက်က ဘာလို့ပွင့်ပွင့်
လင်းလင်းမရှိကြတာလဲ??ခု တချန်းကို ဘယ်လို
လုပ်မလဲ??မူးနေတာမလား အဲ့ဒါကို ဆိုင်ကယ်
စီးသွားတာကို ဒီအတိုင်းလွှတ်လိုက်တယ်ဟုတ်
လား??"
"ဟာာ..."
ချက်ချင်းဆိုသလို ထရပ်ကာ ပြေးထွက်သွားသူ
နောက်ထပ်ဆိုင်ကယ်တစ်စီး၏ စက်သံဆူညံညံ
ဒီနှစ်ယောက်နဲ့တော့ ကြားထဲကရူးတော့မယ်။
"နန္ဒရေ...လုပ် လုပ်ပါအုံးဟာ..."
အဖြစ်အပျက် အကျဉ်းချုံးနောက်
" ဒီငဂျောင် နှစ်ကောင်နဲ့ ငါတို့က သေမှာ"
ဟူသော ဒေါမနောသံ အဆုံး Driverကို နှိုး
ခိုင်းနေသံကိုပါတစ်ဆက်တည်းကြားလိုက်ရတော့
၏။
သားစစ်ကတော့ သူ့ပုံစံလေးအတိုင်း အေးချမ်း
စွာ အိပ်မောကျနေဆဲ။
"သားဖေဖေနှစ်ယောက်နဲ့တော့ မေမေရူးတော့
မယ်ထင်တယ်"
ဘယ်တွေသွားနေတာလဲ??တစ်ညလုံးလိုက်ရှာ
ပေမယ့် မတွေ့...
အလုပ်ကိုဖုန်းဆက်တော့လည်း သူတို့ဆီမလာကြောင်း...ဘယ်မှာရှိနေလဲမသိကြောင်းသာ
အကြောင်းပြန်ကြားရ၍ ရင်တစ်ခုလုံးဗလောင်ဆူ
နေသည်။
"တချန်း တစ်ခုခုဖြစ်နေတာလား??တစ်နေရာရာ
မှာ..."
"မင်းနဲ့တော့ ငါတကယ်စိတ်ညစ်တယ် သုတရာ။
ဟိုက စိတ်ပါနေလည်း လက်ခံလိုက်ပေါ့ကွ...
ပြီးမှ သူစိတ်ကျေနပ်သွားတဲ့ အချိန်မှ မင်းစိတ်ထဲ ထင်နေတာမေးပေါ့။မင်းတို့ဟာ
က ကိုရီးယားကားထက် ဇာတ်ရှုပ်တယ်။အဲ့လို
မပွင့်မလင်းနဲ့ အူတူူတူတွေလုပ်နေတော့...
ခုဘာဖြစ်လဲ??"
"ငါ ငါလည်း ရုတ်တရက်ဆိုတော့...ဘာတွေ
ပြောလိုက်မိမှန်းမသိဘူး။Scholarလျှောက်
ထားတာတွေကြောင့်..."
"အဲ့ဒီ scholarကအရေးမကြီးဘူး။ခုစဉ်းစား
စမ်း...သူ ဘယ်လိုနေရာတွေ သွားတတ်လဲ?
ဒါမှမဟုတ် သွားချင်တယ်လို့ပြောဖူးလဲ?""
"ငါ စဉ်းစားလို့မရဘူး"
တစ်ညလုံး ဆိုင်ကယ်တစ်စီးနဲ့ပတ်ရှာထားသော်
လည်း အရိပ်အယောင်တောင်ရှာမတွေ့။
မနက်ခင်းနေရောင်ပိုပီပြင်လာလေ ကျတော့်အပူ
တွေ ပိုလာလေ
"ခေါင်းအေးအေးထား။အခု ဆေးရုံရော ရဲစခန်း
မှာကော မရှိဘူးဆိုတော့...တစ်နေရာရာမှာရှိ
နေမှာ သေချာတယ်။စဉ်းစားစမ်းပါ သုတရာ"
နန္ဒ၏အားမလိုအားမရ အပြောနောက် ဦးဏှောက်
တစ်ခုလုံး ဖြစ်ညှစ်ကာ စဉ်းစားရသည်။
"သား...အပြင်ထွက်လို့ရ ရင် View Point
သွားရအောင်။ငါ တစ်ခါမှ မရောက်ဖူးဘူး"
အိပ်မောကျခါနီး ထုံးစံအတိုင်း ကျတော့်ကို ကျော
ပေးရင်း ခပ်တိုးတိုးပြောလာသော ချန်းအသံ
ကြာတော့ကြာနေပြီပေမယ့် ဒါက အနီးစပ်ဆုံးမို့
"View Point!!သူ သွားချင်တယ်လို့ပြောဖူး
တယ်"
"ဒါဆို သွားကြည့် ဟေ့ကောင်။မင်း နဂျီကောင်
မူးမူးနဲ့ သွားရင်သွားမှာ"
သယ်ဆောင်လာသော မိုးလေတွေကြားမှ
ချန်း ရဲ့ တပည့်မလေးအသံ ပြန်ကြားယောင်မိ
သည်
"ကိုချန်းကို အထင်မလွဲပါနဲ့။ကိုချန်းက အစ်ကို့ကို
ထားသွားမယ့် လူမျိုးမဟုတ်ဘူးဆိုတာ ညီမ
အသိဆုံးပါ။အဲ့ စာရွက်တွေကလည်း ညီမဘာသာ
ကိုချန်းကို အသိမပေးပဲ လုပ်ထားမိတာတွေပါ
ကိုချန်း ကသူမလိုက်နိုင်ဘူးပြောပြီး အိမ်ကိုယူသွားတာ။တောင်းပန်ပါတယ်။ခုလိုတွေဖြစ်ရတာ ညီမကြောင့်ပါ။ကိုချန်း တစ်ခုခုမဖြစ်အောင် ကယ်ပေး
ပါ အစ်ကိုရယ်နော်..."
ချန်းရယ် တောင်းပန်ပါတယ်။တကယ်တောင်းပန်
ပါတယ်။
တဖွဲဖွဲကျနေသောမိုးစက်တွေကြောင့်လား နေရောင် မပီပြင်သေးသော ပြင်ဦးလွင်မြို့ထဲ
အိပ်မောကျနေသူများ၍လားမသိ View Point
တွင် ရှင်းလင်းနေသည်။
ထီးမိုးထားသော စားသောက်ဆိုင်စားပွဲတွေကို
ဖြတ်ကျော်ရင်း ရင်ပြင်ဆီသို့ တုန်ယင်စွာ
လှမ်းလျှောက်စဉ် တဖွားဖွားကျနေသော ရေမှုန်
တွေကြား ရင်းနှီးသော ကျောပြင်ပြန့်ပြန့်
အရှိန်အဟုန်နဲ့ ကျဆင်းနေသော ရေတံခွန်အား
ငေးစိုက်ကြည့်နေသော ကျတော့်ချစ်သူ။
မတုန်မလှုပ် သလင်းရုပ်တုတစ်ခုလို ပါးလျလျ
ကိုယ်ခန္ဓာ...အဲ့သလင်းရုပ်တုရဲ့ နှလုံးသားတို့
အက်ကွဲနေရော့လား??
တလှမ်းချင်းလှမ်းစဉ်သည်းထည်းစွာကျဆင်းလာသောမိုးစက်ပွင့်တို့က ကျတော့်ကို ရိုက်နှိပ်
ကာ အပြစ်ပေးနေသည့်နှယ်။
ပေးသင့်ပါတယ်။သဘာဝတရားကြီးကရော
နောက် ကျတော်ချစ်ရသူပါ ကျတော့်ကို အပြစ်
ပေးသင့်တယ်။
"တချန်း..."
မမျှော်လင့်ထားရော့ထင်။ဆက်ခနဲတုန်ယင်သွား
သော ကိုယ်လေးက သက်သေ။
လှည့်ကြည့်လာသော မျက်ဝန်းတို့တွင် ရစ်ဝိုင်း
နေသော မျက်ရည်စတွေ
တစ်လှမ်းချင်းတိုးကပ်ရင်း ကြောင်ငေးတွေဝေ
နေသော သူ့လက်တွေကို ဆုပ်ကိုင်တော့ ရုန်း
ထွက်ရင်း
"ဘာလို့လိုက်လာတာလဲ??မင်းပဲ ငါ့ကို နှင်ထုတ်
ခဲ့ပြီး မှ ဘာလို့လိုက်လာတာလဲ?"
တဒိုင်းဒိုင်းကျဆင်းနေမိုးစက်သံတွေကြား ချန်း
သြရှရှက သဲကွဲစွာထွက်ပေါ်လာသည်
"ငါတောင်းပန်ပါတယ် တချန်းရာ။ငါ မင်းကို အထင်လွဲခဲ့မိတာ။ငါ ငါတောင်းပန်ပါတယ်"
"ငါ မင်းတောင်းပန်တာကို လိုချင်တာ မဟုတ်ဘူး"
ရုတ်တရက် ကျရောက်လာသော လက်သီးတစ်
ချက် က အောက်နှုတ်ခမ်းထောင့်စီ တည့်တည့်
မတ်မတ်။
"အင်း ထိုး ပါ။မင်းစိတ်ကျေနပ်တဲ့ထိ ထိုး။ရတယ်
ချန်း...ပြီးရင် ငါနဲ့ပြန်လိုက်ခဲ့ပါကွာ...နော်။မင်း
အရမ်းအေးနေပြီ"
ကျားတစ်ကောင်လို ဝုန်းခနဲကျတော့်နားရောက်
လာပြီး အကျ ီ ၤစကို ဆွဲကိုင်ပြီး
"ဘယ်အချိန်ထိ ဘယ်အချိန်ထိ လူတကာအမြင်မှာသေမလိုချစ်တတ်တဲ့
ပုံစံလုပ်နေအုံးမှာလဲဟမ်...ပိုင်သုတ?မင်းပါးစပ်က ဘာလို့ အဲ့စကားမထွက်လာသေးတာလဲ ဟမ်!!
ငါ ကြားချင်တာက သီချင်းထဲကလည်း
မဟုတ်ဘူး တခြားလူတွေဆီကလည်း မဟုတ်ဘူး ဘာလို့ငါ့ကို ချစ်တယ် လို့ မပြောခဲ့တာလဲ??? တစ်သက်လုံး ဘာလို့မပြောတာလဲ!!!!ငါ့ ခန္ဓာကိုယ်တစ်ခုလုံး ပုံအပ်ထားခဲ့တာတောင် ဘာလို့ မထွက်လာရတာလဲ??သေတဲ့ထိ ဒီလို
ပုံစံမျိုးနဲ့ နေသွားဖို့မင်းစဉ်းစားထားတာလား??
ငါက မင်းပါးစပ်ကထွက်လာမယ့်ချစ်တယ် ဆိုတဲ့ စကားနဲ့ မထိုက်တဲ့ကောင်လား??"
သွေးရူးတန်းရူးမဟုတ်...ယုရုံးမရစွာ အော်ဟစ်
နေသော ကျတော့်ချစ်သူ။
အဲ့လောက်တောင် ကျတော့်ဆီက မျှော်လင့်နေခဲ့
မယ်လို့ မယုံရဲခဲ့တာ။နောက်ပြီး...
"ချန်း ရယ်...အဲ့စကားနှစ်လုံးတည်းနဲ့
အဲ့အတိုင်းအတာနဲ့ မင်းကို ဘောင်မခတ်ထားချင်လို့ပါ
မင်းက ငါ့ အတွက် အကန့်အသတ်မဲ့တယ်"
အေးစက်စက်ပါးပြင်နှစ်ဖက်ကို တယုတယအုပ်
ကိုင်ရင်း ဆိုတော့ မက်မောစွာငေးကြည့်ခဲ့ဖူး
သော မျက်လုံးကြည်ကြည်များနှင့်ပြန်ကာမော့
ကြည့်သည်။
တဆက်ဆက်တုန်ယင်နေသော နှုတ်ခမ်းပါးတို့
က အေးခိုက်နေ၍လော စိတ်လှုပ်ရှားနေ၍လော
ကျတော် သေချာမသိ။
ကျတော်သိတာ အဲ့နှုတ်ခမ်းတွေကို ကျတေ်ာ
မြတ်နိုးခုံမင်တာ...
ခပ်ဖွဖွထိတွေ့တော့...ရှက်ရွံ့နေသော
မျက်လုံးဝိုင်းတို့ကို မျက်တောင်ရှည်တို့က အလိုက်တသိဖုံးကွယ်ပေးသည်။
အေးစက်စက်အသားပါးလွှာတို့ဆီ နွေးထွေးမှု
မျှဝေပေးပြီးမှ
"မင်းကအဲ့ စကားလုံးတွေထက် ပိုပြီးထိုက်တန်
တယ် တချန်း။ဒါပေမယ့် မင်းကြားချင်တယ်ဆို
ငါ မင်း ကို..."
ကျတော့်စကားမဆုံးလိုက်။ပြန်ကာထိကပ်လာ
သော ပူနွေးနွေးနှုတ်ခမ်းတို့သည် နှစ်လိုဖွယ်
ကောင်းလွန်းစွာ...
"ငါက...မင်းကို ပိုင်တယ် ငပိုင်။ငါက ကမ္ဘောဇ
မယ်ဖြစ်ခဲ့တဲ့ ငါ့အမေနဲ့ ချွတ်စွပ်တူနေပေမယ့်
ငါဟာ ချို့ယွင်းချက်မရှိတဲ့ယောကျာ်းပဲ။
ငါ့ရဲ့ တစ်ခုတည်းသော ချို့ယွင်းချက်ကလည်း
မင်းပဲ ငပိုင်။ဒါကို မင်းမြဲမြဲမှတ်ထားပေး..."
မိုးစက်တွေကြားက ထိုးကြိတ်ရန်ဖြစ်နေသော
ကောင်လေးနှစ်ယောက်အားဝင်ရောက်ဖြန်ဖြေ
ပေးရန် ကြိုးစားနေကြသောခရီးသွားဧည့်သည်
အချို့အား
"ကျတော်ပြောသားပဲ..." ဟူသော ပုံစံနဲ့
အောင်နိုင်သူအပြုံးပြုံးထားသော ထူးထူးဆန်းဆန်းကောင်လေတစ်ယောက်လည်း
ရှိနေလေရဲ့။
Thank You All
Bạn đang đọc truyện trên: ZingTruyen.Xyz