ZingTruyen.Xyz

Dear, Relationship

Chapter (8)

Minileilei69

Note! Zawgyi 26 comments and Unicode 9 comments..., the winner goes to "Zawgyi" O(≧∇≦)O

I only count the comments that related to the fiction feedback .

Thanks all, 

..............................................


ကၽြန္ေတာ္သူ႔အေၾကာင္းကိုဒီထက္မကေစာေစာေဖာ္ျပသင့္ေပမဲ့ ကိုယ္ေရးကိုယ္တာအရ မႏွစ္ၿမိဳ႕တာမ်ားလို႔ စာမ်က္ႏွာေနာက္နားေရာက္ေနတာျဖစ္သည္။ စာမ်က္ႏွာအစမွာဖြင့္ခဲ့သလိုပဲ အေဖ့ေကၽြးခဲ့တာဆိုလို႔ ဖေနာင့္စာပဲရွိသည္။ မၾကာခင္လာေတာ့မဲ့ ေဟာလိုးဝင္းကို ေမြးရပ္ေျမ မတ္စ္ေတာင္းမွာ မကုန္ဆံုးခ်င္တာမို႔ ေဟာလိုဝင္းမေရာက္ခင္တစ္ပတ္ေလာက္အလိုကတည္းက ကၽြန္ေတာ္နဲ႔ Niel အိမ္ျပန္မ်က္ႏွာျပထားမွျဖစ္မည္။

ဖေလာ္ရယ္ဆြန္ၿမိဳ႕မွာေတာ့ ဂေလာ္ရီယာလမ္းၾကားေဟာ္လိုးဝင္းပြဲေတာ္ထက္ ဘယ္အရာကမွမလန္းႏိုင္ပါ။ လမ္းၾကားတစ္ေလွ်ာက္ တိုက္တစ္ဖက္ဆီက အမိုးေတြထုတ္ကာဆက္သြယ္ၿပီး ပန္းေတြ၊မီးသီးေတြသြယ္တန္းထားမည္။ လမ္းဆံုလမ္းခြျဖစ္တဲ့အတြက္ စပါယ္ရွယ္လူစည္ကားမည္။ လမ္းသြားေဖ်ာ္ေျဖေရးအဖြဲ႕မွန္သမွ် မျဖစ္မေနျဖတ္သြားရၿပီး အမိုက္စားဝတ္စံုေတြကိုေတြ႕ရမည္။ တိုက္တန္းလ်ားတစ္ေလွ်ာက္ေနၾကတဲ့သူေတြက လမ္းသြယ္ေတြတစ္ခုၿပီးတစ္ခုျပည့္ေနေအာင္ လမ္းသရဲမုန္႔ေစ်းတန္းေတြလည္း ခင္းက်င္းၾကဦးမည္။ အကုန္အလကားစားလို႔ရတာပါ။

စည္ကားရသည့္အေၾကာင္းနဲ႔ ဆက္လ်ဥ္းကာ ဂေလာ္ရီယာတိုက္တန္းေတြနဲ႔ပတ္သတ္ၿပီး ေက်ာ္ၾကားသည့္ယံုတမ္းပံုျပင္တစ္ခုရွိသည္။ ဒီတိုက္ေတြကိုတည္ေဆာက္ခဲ့တဲ့ရက္စြဲဟာ သက္ရွိဝိဥာဥ္ေတြနဲ႔ သက္မဲ့ဝိဥာဥ္ေတြ ေပါင္းစည္းခြင့္ရွိတဲ့ ေဟာ္လိုးဝင္းေန႔ျဖစ္ၿပီး ေဆာက္လုပ္ခိုင္းတဲ့ပိုင္ရွင္ဟာ လူတစ္ေယာက္မဟုတ္။ သူဟာ သရဲႀကီးမ်ားၿမိဳ႕ေတာ္က ကင္းလြတ္ခြင့္ရတဲ့ေဟာ္လိုးဝင္းေန႔မွာပဲ ေဆာက္လုပ္ေရးကို လာေရာက္ၾကည္ရႈစစ္ေဆးျခင္းမ်ား ျပဳလုပ္ခဲ့သည္။ ေဆာက္လုပ္ေရးမ်ားအားလံုးၿပီးဆံုးသြားတဲ့အခါမွာ တိုက္မ်ားဟာ ပိုင္ရွင္မဲ့ျဖစ္ေနခဲ့ၿပီး ေကာလာဟလေတြအရ သရဲေတြေနထိုင္ၾကကာ အသံမ်ားၾကားရခဲ့သည္။

တေန႔တျခား ေၾကာက္ရြံလာတဲ့လူထုအတြက္ အစိုးရကတိုက္ခန္းေတြအားလံုးကို ဘုန္းေတာ္ႀကီးတို႔ ေကာင္းခ်ီးေပးမႈျဖင့္ ျပဳျပင္ေဆာက္လုပ္ၿပီး အေတာ္အတန္ၾကာမွဖြင့္လွစ္ေပးခဲ့သည္။ ဒီ့အျပင္လမ္းဆံုလမ္းခြမ်ားကိုေဖာက္လုပ္ၿပီး အခ်က္အခ်ာေနရာျဖစ္ေအာင္ တည္ေဆာက္လိုက္တာလည္းပါသည္။ ေနာက္ပိုင္းလူေနထူထပ္ၿပီး သရဲမ်ားတာ့တာ့ျပသြားသည္ေပါ့။ တခ်ိဳ႕တေလကေျပာၾကေသးသည္။ တိုက္ခန္းမွာမေနတဲ့သူေတြကို ေတြ႕ရတတ္သည္တဲ့။

ယံုတမ္းပံုျပင္ေလးဟာ ကၽြန္ေတာ့္အတြက္ေတာ့ တစ္ႏွစ္မွာတစ္ရက္ထဲေပၚလာသည့္ပိုင္ရွင္အတြက္ ယံုယံုၾကည္ၾကည္ေဆာက္လုပ္ေရးဆင္းရွာတဲ့ သစၥာရွင္အင္ဂ်င္နီယာေတြရွိေၾကာင္းမယံုတာနဲ႔တင္ အဆံုးသတ္သြားသည္။ ထို႔ေၾကာင့္ သို႔ေၾကာင့္ မ်ားစြာေသာအေၾကာင္းအရာမ်ားႏွင့္ ဂေလာ္ရီယာလမ္းၾကား ေဟာ္လိုးဝင္းပြဲေတာ္ကို လံုးဝအလြတ္မခံႏိုင္သျဖင့္ ကၽြန္ေတာ္နဲ႔ Niel အိမ္ျပန္သည္။

မတ္စ္ေတာင္းေဟာလိုးဝင္းမွာ ဘာရွိသလဲဆိုေတာ့ မင္းဖ႐ုံသီးထက္ငါ့ဖ႐ုံသီးကပိုမိုက္တယ္ ဆိုတဲ့ပြဲမ်ိဳးေတာ့ရွိသည္။ ျခံတြင္းစိုက္ပ်ိဳးထားၾကသည့္ အေရာင္အလွဆံုး၊ ဆိုဒ္အႀကီးဆံုး၊ ဆိုဒ္အေသးဆံုး၊ သို႔ေလာ သို႔ေလာ ေခါင္းစဥ္ေတြေအာက္မွာ တစ္ႏွစ္ပတ္လံုး အိမ္ပုန္း၍စိုက္ပ်ိဳးထားေသာ ဖ႐ုံသီးမ်ားသယ္လာ၍ယွဥ္ၿပိဳင္ၾကသည္။ ငယ္ငယ္က "Wallace & Gromit: The Curse of the Were-rabbit" ကားတြန္းကားထဲကလို ဟင္းသီးဟင္း႐ြက္ေတြလာေရာက္ဖ်က္ဆီးတဲ့ ယုန္ႀကီးေတြေပၚလာမယ္အထင္နဲ႔ ဖ႐ုံသီးေတြကိုအရိပ္တၾကည့္ၾကည့္လုပ္ရသည္မွာ ဘဝမွာဟီး႐ိုးအဆန္ဆံုးအလုပ္ဟု ထင္ခဲ့သည္။

ဘာပဲျဖစ္ျဖစ္ အေဖ့ကိုအျမင္ကတ္သည့္ အေၾကာင္းရင္းကိုသြားမည္။

(၁) ေၾကာက္တတ္တဲ့ကေလးငယ္ဟာ သူ႔မိဘရင္ခြင္ထဲတိုးဝင္ၿပီးေနတဲ့အခါ လံုျခံဳၿပီး အိမ္မက္လွလွမက္ကာ အိပ္ေပ်ာ္တတ္ေၾကာင္း ကဗ်ာမွာသင္ရသည္။ ကၽြန္ေတာ္ မူႀကိဳအရြယ္ပဲရွိေသးတဲ့အတြက္ ကိုယ့္ဘာသာကိုယ္ ကေလးငယ္ဟု သတ္မွတ္ကာ အေဖ့ရင္ခြင္ထဲတိုးဝင္ၾကည့္သည္။ အေဖက အခန္းမီးကိုပိတ္ခ်ၿပီး " အခု အေဖက အေဖအတု" ဟုေျပာကာ ေျခာက္လန္႔ၿပီး ကၽြန္ေတာ့္ကို သူ႔အခန္းထဲမလာေအာင္လုပ္သည္။ အျမင္ကတ္စရာေကာင္းသည္။

(၂) ကၽြန္ေတာ့္အဘြားမအားတဲ့ရက္ေတြမွာ အေဖေခ်ာ့သိပ္မည္ အထင္ႏွင့္ေပ်ာ္ရႊင္ခဲ့သည္။ အေဖ သီခ်င္းမဆိုျပပါ။ ပံုျပင္မေျပာျပပါ။ အနမ္းေလးတစ္ပြင့္မေပးပါ။ သူလုပ္တာက ကၽြန္ေတာ့္ေခါင္းကို ဆြဲကိုင္ၿပီး ေလးခ်က္၊ ငါးခ်က္ေလာက္ မူးသြားေအာင္ ဆြဲခါသည္။ " ေခါင္းထဲမွာ အုန္းရည္ေတြ ေရာက္ေနၿပီ။ ၾကားလား!? ခေလာက္! ခေလာက္! ခေလာက္ " ကၽြန္ေတာ္မူးေဝသြားၿပီး အိပ္ေပ်ာ္ရသည္။ မဟားတရားအျမင္ကတ္စရာေကာင္းသည္။

(၃) ဘာမွလုပ္ပိုင္ခြင့္မရေသးတဲ့ ကေလးဘဝမွာ ပထမဆံုးကိုယ္အားကိုယ္ကိုးၿပီး တစ္အိမ္ဝင္တစ္အိမ္ထြက္လိုက္လံရွာေဖြထားရတဲ့ ေဟာ္လိုးဝင္းသၾကားလံုးေတြ၊ ေခ်ာကလက္ေတြ၊ ေဝဖာေတြဟာ တန္ဖိုးအရွိဆံုးျဖစ္သည္။ မနက္ႏိုးေတာ့ ျခင္းေတာင္းအျပည့္ရထားတဲ့ ကၽြန္ေတာ့္ သၾကားလံုးေတြကို အေဖက သူစားပစ္လိုက္ၿပီလို႔ေျပာသည္။

သၾကားလံုးခြံေတြကိုၾကည့္ကာ တေနကုန္ဝမ္းနည္းပက္လက္ျဖစ္ေနတဲ့အခ်ိန္ ညေရာက္ေတာ့ ကၽြန္ေတာ့္ကိုလက္ကုပ္ၿပီး အေဖကတိုးတိုးေလးေခၚသည္။ ထမင္းစားစားပြဲေပၚမွာ ေဟာ္လိုးဝင္းျခင္းေတာင္းေလးေနာက္တစ္ခုရွိေနခဲ့သည္။ " ျခင္းေထာင္းထဲသြားၾကည့္ပါဦး " လို႔အေဖကေျပာေတာ့ ကၽြန္ေတာ့္အရပ္နဲ႔မမွီတာေၾကာင့္ ခံုတစ္လံုးခုၿပီး ျခင္းေတာင္းကို ဖြင့္ၾကည့္သည္။ အထဲမွာဘာမွမရွိ။ " ေမ့သြားၿပီလား!? အေဖအကုန္စားလိုက္ၿပီေလ " တဲ့။ အျမင္ကတ္လယ္ဗယ္ေက်ာ္လြန္သြားသည့္အဆံုး ကၽြန္ေတာ္ သူ႔ကိုအေဖအျဖစ္မွစြန္႔လႊတ္လိုက္သည္။ ၇ ႏွစ္သားအရြယ္မွာ အိမ္ေပၚကဆင္းသြားၿပီး Niel တို႔အိမ္ေပၚတတ္ကာ Niel အေဖကို အေဖသြားေခၚပစ္လိုက္သည္။

ေနာက္ပိုင္းအေဖနဲ႔ျပန္တည့္သြားေတာ့ Niel ရဲ႕အေဖကိုလည္းအေဖေခၚလတ္စျဖစ္ေနတာနဲ႔ လက္ရွိမွာ အေဖႏွစ္ေယာက္ျဖစ္သြားသည္။

အထက္တန္းေက်ာင္းသားဘဝတုန္းက အိမ္ခဏျပန္တဲ့အခါ သူငယ္ခ်င္းေတြပါ ထုပ္ပိုးသြားေလ့ရွိသည္။ ခရစ္ရွန္ နဲ႔ ပတ္ထရစ္ဆို ကၽြန္ေတာ္တို႔နဲ႔အတူတူ မတ္စ္ေတာင္းကို ပိတ္ရက္တိုင္းလိုက္လာတတ္သည္။ လစ္ဇာကလိုက္ခ်င္ေပမဲ့ သူမရဲ႕ဒယ္ဒီနဲ႔မာမီဟာ ေယာက်ာ္းေလး ၄ ေယာက္ပါတဲ့ညအိပ္ခရီးကို လႊတ္ေပးဖို႔အတြက္ စိတ္ျပင္ဆင္မႈမလုပ္ရေသးသည့္အတြက္ အၿမဲက်န္ခဲ့ရသည္။ ဒီတစ္ခါေတာ့ လစ္ဇာရဲ႕မိဘေတြ ေကာင္းေကာင္းႀကီးစိတ္ျပင္ဆင္ၿပီးတဲ့အတြက္ ကၽြန္ေတာ္နဲ႔ Niel သူတို႔သမီးကို ထုပ္ပိုးသြားေတာ့မည္။

ခရစ္ရွန္နဲ႔ ပတ္ထရစ္ကို လိုက္ဖို႔ေခၚထားေပမဲ့ သူတို႔ ေဘာ္ဒါအသစ္ေတြနဲ႔ အစီအစဥ္ေတြရွိတယ္ဆို ကၽြန္ေတာ္တို႔ကို ေခါက္ထားလိုက္သည္။ "သစၥာမဲ့တာျမန္ဆန္လိုက္တာ" လို႔ ကၽြန္ေတာ္ မတ္ေဆ့ခ်္ပို႔ေတာ့ ပတ္ထရစ္က " ခ်စ္ေလးရယ္.. စိတ္မေကာက္ပါနဲ႔" လို႔ျပန္ပို႔ၿပီး ခရစ္ရွန္က အမွန္ျခစ္ေလးႏွစ္ျခစ္ျပသည့္ေနရာတြင္ ရပ္ေနသည္။ ခရစ္ရွန္က ဆိုရွယ္မီဒီယာအေကာင့္ေတြသံုးသာသံုးတယ္... သူ႔ကိုလိုင္းေပၚကစကားေျပာရသည္မွာ ေက်ာက္တံုးႀကီးကိုသြားေျပာေနရသလို။ ေျပာထားတာ ၁ လေလာက္ၾကာမွ ေတာင္ခနဲ စာျပန္သည္။ အျပင္မွာေတြ႕ရင္ေတာ့ ေကာင္းေကာင္းမြန္မြန္နဲ႔ အေပ်ာ္တတ္ဆံုး ဗ႐ုတ္အက်ဆံုးေကာင္ျဖစ္ေပမဲ့ လိုင္းေပၚမွာအၿမဲ ေခ်မိုးေနသည္။

ကၽြန္ေတာ္တို႔ 3 ေယာက္ ဖေလာ္ရယ္ဆြန္ၿမိဳ႕ျပင္ေရာက္ၿပီဆိုတာနဲ႔ ဟိုင္းေဝးလမ္းမႀကီးကို ပ်င္းရိေနေအာင္ေမာင္း၊ ေကြ႕စရာမရွိတဲ့အတြက္ ပ်င္းရိၿပီးမ်က္ရည္ေတြဝဲလာတဲ့အထိထပ္ေမာင္းသည္။ ျဖတ္သြားျဖတ္လာကားေတြမွာ ေကာင္ေလးေခ်ာေခ်ာေလးေတြပါမလား မ်က္စိကစားသည္။ ပါးသိုင္းေမႊးေတြ၊ ရင္ဘတ္ေမႊးေတြထူထပ္တဲ့ ဝက္ဝံဆိိုဒ္ဘဲႀကီးေတြသာ ျမင္ရသျဖင့္ ကၽြန္ေတာ့္မ်က္စိနာက်င္သြားသည္။ ကၽြန္ေတာ့္စတိုင္မဟုတ္ဘူးေလ။

ေယာက်ာ္းတအားဆန္ေနတာမ်ိဳး ကၽြန္ေတာ္မႀကိဳက္ဘူး။ အထူးသျဖင့္ အေမႊးေတြထူထဲၿပီး ဝက္ဝံဆန္တဲ့ေယာက်ာ္းေတြကို ထိပ္ဆံုးကပယ္ခ်သည္။ ေဂးအမ်ားစုၾကားေရပန္းစားတဲ့ အသက္ႀကီးႀကီး၊အေမႊးျဖဴျဖဴ ဒယ္ဒီစတိုင္ ဆန္တာကေလာ့စ္ဝက္ဝံေတြ၊ ကြက္က်ားအေမႊးထူ အာရွသားပန္ဒါဝက္ဝံေတြ... ဆိုလိုခ်င္တာ အေပၚပိုင္းေဒသမွာအေမႊးေတြမရွိဘဲ ေအာက္ပိုင္းေဒသၾကမွ အေမဇုန္ေတာထဲျပဳတ္က်သြားသလိုေပါ့။ တစ္ကိုယ္လံုးအေမႊးေတြမဲနက္ေနတဲ့ အေမရိကန္ဝက္ဝံေတြ၊ အာဖရိကန္ဝက္ဝံေတြ၊ အကုန္ပယ္ဖ်က္သည္။

ကၽြန္ေတာ္ ခဏခဏဖက္နမ္းခ်င္စရာေကာင္းေအာင္ ခ်စ္စရာေကာင္းတဲ့ေကာင္ေလးမ်ိဳး ၊ ဟာသဥာဏ္ရွိမယ္။ အရပ္ကေတာ့သိပ္အေရးမႀကီးဘူး။ ခႏၶာကိုယ္အရြယ္အစားက ကၽြန္ေတာ္နဲ႔ သိပ္မကြာရင္ေကာင္းမယ္။ ကၽြန္ေတာ္ သူ႔ကိုခ်ီခ်င္ခ်ီမယ္၊ ကုန္းပိုးခ်င္ကုန္းပိုးမယ္။ အေမႊးေတြကလံုးဝမႀကိဳက္ေပမဲ့ အနည္းငယ္ေတာ့ရွိခြင့္ေပးမယ္။ ခက္တာက ေကာင္ေလးက စိတ္ကူးထဲမွာပဲရွိေနၿပီး အျပင္ထြက္မလာတာ။ ျမင္ဖူးသမွ် ခ်စ္စရာေကာင္ေလးေတြက အေျဖာင့္ေတြျဖစ္ေနေတာ့ ဘိုင့္ဘိုင့္ခ်ယ္ရီယိုေပါ့။

Merv အေၾကာင္းမစဥ္းစားမိေအာင္ ဒီတစ္လလံုးႀကိတ္မွိတ္ေနေပမဲ့ ဘာေၾကာင့္မ်ားလဲကံတရားရယ္။ ၾကားၾကားသမွ်သီခ်င္းတိုင္း က်န္ရစ္ေကာင္ေလးအေၾကာင္းျဖစ္ေနရတာလဲ။ ဖတ္ဖတ္သမွ်ဝထၳဳတိုင္း ဇာတ္သိမ္းမလွျဖစ္ေနရတာလဲ။ ၾကည့္ၾကည့္သမွ်႐ုပ္ရွင္တိုင္း မ်က္ရည္မ်က္ခြက္ျဖစ္ေနရတာလဲ။

သူငယ္ခ်င္းတစ္ေယာက္ကို စ,ခ်စ္မိတဲ့အခ်ိန္ဟာ အဲသူငယ္ခ်င္းကို ႐ုတ္တရက္ႀကီး အရမ္းကိုလွပါလားဆိုတဲ့အသိဝင္လာတဲ့အခ်ိန္လို႔ၾကားဖူးသည္။ သူစိမ္းတစ္ေယာက္ကို စ,ခ်စ္မိတဲ့အခ်ိန္ကေရာ ဘယ္အခ်ိန္မ်ားပါလဲ။ စ,ခ်စ္မိတယ္ဆိုတာမ်ိဳးက ကိုယ့္ဘာကိုယ္ေရာ သိရရဲ႕လား။

႐ိုး႐ိုးသားသား ဝန္ခံရရင္ ကၽြန္ေတာ္ Merv နဲ႔အတူရွိခဲ့ရတဲ့ ၿမိဳ႕ေရွာင္လမ္းမိုတယ္ေလးကိုလြမ္းသည္။ ျပင္သစ္ေပါင္မုန္႔ေျခာက္ေလးကိုလြမ္းသည္။ ခ်ိစ္ေတြကိုလြမ္းသည္။ ထင္းရွဴးပင္ေတြနဲ႔ သူ႔သူငယ္ခ်င္းေတြကိုလည္းလြမ္းသည္။ ညစ္တီးညစ္ပတ္အပိုဒ္တစ္ခ်ိဳ႕ကိုေတာ့ ဖယ္လိုက္ရေအာင္။

လြမ္းလို႔ခ်စ္တာလား? ခ်စ္လို႔လြမ္းတာလား ?

သမုဒၵရာႀကီးနဲ႔ေကာင္းကင္ႀကီးဟာ ထိေနတာလား? ထိမေနတာလား ?

အခုသြားေနတဲ့ ဟိုင္းေဝးလမ္းမႀကီးကေရာ ေကာင္းကင္ႀကီးနဲ႔ထိေနတာလား? ထိမေနတာလား?

အေတြးေတြ၊ ခံစားခ်က္ေတြ ထိလား? မထိလား? စမ္းစစ္ေနဆဲျဖစ္ေပမဲ့ ကၽြန္ေတာ့္ေျခေထာက္ကေတာ့ ကားဘရိတ္ကို ထိကိုထိရမွျဖစ္မည္။ အိမ္ေရာက္ၿပီ။ ကၽြန္ေတာ္တို႔အိမ္ဟာ ေတာ္ေတာ္ကိုႀကီးၿပီး အခန္းေတြအမ်ားႀကီး အမ်ားႀကီးပါသည္။ မိသားစုအင္အားကလည္း တပ္မေတာ္အေသးစားေထာင္လို႔ရသည္။

အိမ္မက္ေတြကိုယံုၾကည္စြာအေကာင္ထည္ေဖာ္လိုက္ပါဆိုေသာ အဆို႔အမိန္႔နဲ႔ေနထိုင္တဲ့ ကၽြန္ေတာ့္အဘြားဟာ သူမဘဝမွာ အလိုခ်င္ဆံုးက သားရတနာေလးျဖစ္ၿပီး သားမရမခ်င္း ကေလးေမြးရာကေန ကၽြန္ေတာ့္မွာ အေဒၚ 9 ေယာက္ရသြားသည္။ ကၽြန္ေတာ့္အေဖကေတာ့ အဘြားလိုခ်င္တဲ့ ေနာက္ဆံုးပိတ္သားသားေလးေပါ့။

Niel ရဲ႕အဘြားနဲ႔လည္း ကၽြန္ေတာ့္အဘြားက သူငယ္ခ်င္းေတြျဖစ္ၾကၿပီး ကၽြန္ေတာ့္အဘြားတစ္ေယာက္ၿပီး တစ္ေယာက္ေမြးေနတာကိုျမင္ေတာ့ အၿပိဳင္အဆိုင္ေမြးပံုရသည္။ Niel လည္း ကၽြန္ေတာ့္နည္းတူ တပ္မေတာ္မိသားစုႀကီးရထားသည္။ ဒါေၾကာင့္ မတ္စ္ေတာင္းေက်းရြာရဲ႕တစ္ဝက္စီကို ကၽြန္ေတာ္တို႔ႏွစ္ေယာက္ပိုင္ပါတယ္ဆို မိတ္ဆက္ခဲ့တာေပါ့။

ကၽြန္ေတာ္တို႔ 3 ေယာက္ကားေပၚကဆင္းလာေတာ့ Niel ဘက္ကအမ်ိဳးေတြေရာ ကၽြန္ေတာ့္ဘက္ကအမ်ိဳးေတြေရာ လစ္ဇာကိုႏႈတ္ဆက္ႀကိဳဆိုၾကသည္။ မိန္းကေလးသူငယ္ခ်င္းတစ္ေယာက္နဲ႔ တူတူလာမယ္လို႔ ေျပာထားေပမဲ့ ဒီေလာက္ထိ ပြဲစည္မယ္မထင္ခဲ့။ သီးစံုေဖ်ာ္ရည္ေတြပါ ေဖ်ာ္ထားေသးသည္။

" ကယ္! ေျပာပါဦး... သမီးေလးက Niel ေကာင္မေလးလား? Cyril ေကာင္မေလးလား? "

Niel အေဒၚေတြကစ,ေမးသည္။

" သမီးတို႔က သူငယ္ခ်င္းေတြပါ "

" အကုန္လံုး သူငယ္ခ်င္းေတြက စၾကတာပဲ "

ကၽြန္ေတာ့္အေဒၚေတြက ဟာမိုနီလိုက္သည္။

" သူငယ္ခ်င္းေတြပါဆိုေန သြားေတာ့ "

Niel က လစ္ဇာနားဝိုင္းထိုင္ေနတဲ့ သူ႔အေဒၚေတြကို ဆြဲထုတ္ေနသည္။ ကၽြန္ေတာ့္ကို အားကိုးတႀကီးၾကည့္ေနတဲ့ အေဒၚကို ေခါင္းခါျပၿပီး ျငင္းျပေနေပမဲ့လည္း အေဒၚေတြကလက္မေလ်ာ႔ လက္ဟန္ေျခဟန္ျဖင့္ အပိုင္သိမ္းပစ္ဆိုတဲ့ဒီဇိုင္းေတြ လုပ္ျပေနသည္။

" ဒါမွမဟုတ္ မင္းတို႔ႏွစ္ေယာက္ ၿပိဳင္လိုက္ေနၾကတဲ့ အေျခအေနလား? "

ေအာ္...ဒုကၡပါပဲ။ အေဝးကေနၾကည့္ေနတဲ့ ဦးေလးေတြကပါ ဝိုင္းခန္႔မွန္းေနၾကသည္။

" နင္တို႔ကို အားက်လိုက္တာ။ အမ်ိဳးေတြကအားရစရာႀကီး။ ကေလးေတြလည္းအမ်ားႀကီး "

အားလံုးအခန္းထဲကထြက္သြားေတာ့မွ လစ္ဇာက ေပါ့ပါးစြာရယ္ေမာရင္း ေျပာသည္။

" အဲေတာ့ ငါတို႔ကိုလက္ထပ္ခ်င္သြားၿပီလား? "

သီးစံုေဖ်ာ္ရည္အိုးထဲက သရက္သီးေတြကို ဖယ္ထုတ္ၿပီး Niel အေအးခြက္ကို လစ္ဇာဆီကမ္းေပးရင္းေျပာလိုက္သည္။

" လစ္ဇာက သရက္သီးမႀကိဳက္ဘူးလား? "

ကၽြန္ေတာ္ မသိတဲ့ကိစၥျဖစ္လို႔ ေမးလိုက္သည္။

" ေမြးကတည္းက မႀကိဳက္တာ Cyril "

လစ္ဇာျပန္ေျဖသည္။ ထို႔ေနာက္ အေအးကိုေမာ့ေသာက္လိုက္ၿပီး လက္မေထာင္ျပသည္။

" ဝိုး! မင္းက မွတ္မိတယ္ေပါ့ "

" သရက္သီးမႀကိဳက္တာမွတ္မိဖို႔က မခက္ခဲပါဘူး "

Niel ကလက္ညိဳးနဲ႔ နားထင္နားကိုေထာက္ျပရင္း ကၽြန္ေတာ့္ကိုလွ်ာထုတ္ျပသည္။

" ေအာ္.. ငါ့က် ၾကက္သြန္ကိုခါးခါးတူးတူးမုန္းပါတယ္ဆို ငါစားမဲ့ဟာထဲ ၾကက္သြန္ဆာ့စ္ေတြ ခဏခဏျဖန္းၿပီး အိမ္သာထဲသြားသြားအန္ေအာင္လုပ္တယ္ "

" Cyril , ၾကက္သြန္က ခႏၶာကိုယ္အတြက္ေကာင္းတယ္... စားေပးရတယ္ကြ... မင္းကေနာ္! မႈိက်ႀကိဳက္ၿပီး ဘာလား.. မႈိပံုစံႀကိဳက္တာလား "

" ေခြးေကာင္ ! "

ဆိုဖာေပၚကေခါင္းအံုးနဲ႔ေကာက္ေပါက္လိုက္ၿပီး Niel ကျပန္ေပါက္ေတာ့ ကၽြန္ေတာ္ထြက္ေျပးသည္။ အလယ္မွာအေအးေသာက္ေနတဲ့ လစ္ဇာခဗ်ာ ေသာက္ေကာင္းျခင္းမေသာက္ရ။ ကၽြန္ေတာ္နဲ႔ Niel ရဲ႕ေခါင္းအံုးေပါက္တိုက္ပြဲမွာ ၾကားၫွပ္ေနသည္။

" ဟဲ့!!! နင္တို႔ေတြဖန္ခြက္ေတြ ကြဲကုန္ေတာ့မယ္ "

ခဏေနေတာ့ဝုန္းခနဲျမည္သံက်ယ္ႀကီးထြက္သြားသည္။ 3 ေယာက္သား ေခ်ာ္လဲၿပီး လံုးေထြးေနၾကသည္ကို ကၽြန္ေတာ္ရဲ႕အမ်ိဳးေတြေရာ Niel ရဲ႕အမ်ိဳးေတြေရာ ျမင္သြားၾကၿပီး သူတို႔မွတ္ခ်က္ေပးလိုက္သည္။

" မင္းတို႔က သံုးဖက္ခၽြန္ေတြလုပ္ေနၾကတာလား "

" ႏိုးးးးးးးးးးး!!! "

.......................................................



ကျွန်တော်သူ့အကြောင်းကိုဒီထက်မကစောစောဖော်ပြသင့်ပေမဲ့ ကိုယ်ရေးကိုယ်တာအရ မနှစ်မြို့တာများလို့ စာမျက်နှာနောက်နားရောက်နေတာဖြစ်သည်။ စာမျက်နှာအစမှာဖွင့်ခဲ့သလိုပဲ အဖေ့ကျွေးခဲ့တာဆိုလို့ ဖနောင့်စာပဲရှိသည်။ မကြာခင်လာတော့မဲ့ ဟောလိုးဝင်းကို မွေးရပ်မြေ မတ်စ်တောင်းမှာ မကုန်ဆုံးချင်တာမို့ ဟောလိုဝင်းမရောက်ခင်တစ်ပတ်လောက်အလိုကတည်းက ကျွန်တော်နဲ့ Niel အိမ်ပြန်မျက်နှာပြထားမှဖြစ်မည်။

ဖလော်ရယ်ဆွန်မြို့မှာတော့ ဂလော်ရီယာလမ်းကြားဟော်လိုးဝင်းပွဲတော်ထက် ဘယ်အရာကမှမလန်းနိုင်ပါ။ လမ်းကြားတစ်လျှောက် တိုက်တစ်ဖက်ဆီက အမိုးတွေထုတ်ကာဆက်သွယ်ပြီး ပန်းတွေ၊မီးသီးတွေသွယ်တန်းထားမည်။ လမ်းဆုံလမ်းခွဖြစ်တဲ့အတွက် စပါယ်ရှယ်လူစည်ကားမည်။ လမ်းသွားဖျော်ဖြေရေးအဖွဲ့မှန်သမျှ မဖြစ်မနေဖြတ်သွားရပြီး အမိုက်စားဝတ်စုံတွေကိုတွေ့ရမည်။ တိုက်တန်းလျားတစ်လျှောက်နေကြတဲ့သူတွေက လမ်းသွယ်တွေတစ်ခုပြီးတစ်ခုပြည့်နေအောင် လမ်းသရဲမုန့်ဈေးတန်းတွေလည်း ခင်းကျင်းကြဦးမည်။ အကုန်အလကားစားလို့ရတာပါ။

စည်ကားရသည့်အကြောင်းနဲ့ ဆက်လျဉ်းကာ ဂလော်ရီယာတိုက်တန်းတွေနဲ့ပတ်သတ်ပြီး ကျော်ကြားသည့်ယုံတမ်းပုံပြင်တစ်ခုရှိသည်။ ဒီတိုက်တွေကိုတည်ဆောက်ခဲ့တဲ့ရက်စွဲဟာ သက်ရှိဝိဉာဉ်တွေနဲ့ သက်မဲ့ဝိဉာဉ်တွေ ပေါင်းစည်းခွင့်ရှိတဲ့ ဟော်လိုးဝင်းနေ့ဖြစ်ပြီး ဆောက်လုပ်ခိုင်းတဲ့ပိုင်ရှင်ဟာ လူတစ်ယောက်မဟုတ်။ သူဟာ သရဲကြီးများမြို့တော်က ကင်းလွတ်ခွင့်ရတဲ့ဟော်လိုးဝင်းနေ့မှာပဲ ဆောက်လုပ်ရေးကို လာရောက်ကြည်ရှုစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ ဆောက်လုပ်ရေးများအားလုံးပြီးဆုံးသွားတဲ့အခါမှာ တိုက်များဟာ ပိုင်ရှင်မဲ့ဖြစ်နေခဲ့ပြီး ကောလာဟလတွေအရ သရဲတွေနေထိုင်ကြကာ အသံများကြားရခဲ့သည်။

တနေ့တခြား ကြောက်ရွံလာတဲ့လူထုအတွက် အစိုးရကတိုက်ခန်းတွေအားလုံးကို ဘုန်းတော်ကြီးတို့ ကောင်းချီးပေးမှုဖြင့် ပြုပြင်ဆောက်လုပ်ပြီး အတော်အတန်ကြာမှဖွင့်လှစ်ပေးခဲ့သည်။ ဒီ့အပြင်လမ်းဆုံလမ်းခွများကိုဖောက်လုပ်ပြီး အချက်အချာနေရာဖြစ်အောင် တည်ဆောက်လိုက်တာလည်းပါသည်။ နောက်ပိုင်းလူနေထူထပ်ပြီး သရဲများတာ့တာ့ပြသွားသည်ပေါ့။ တချို့တလေကပြောကြသေးသည်။ တိုက်ခန်းမှာမနေတဲ့သူတွေကို တွေ့ရတတ်သည်တဲ့။

ယုံတမ်းပုံပြင်လေးဟာ ကျွန်တော့်အတွက်တော့ တစ်နှစ်မှာတစ်ရက်ထဲပေါ်လာသည့်ပိုင်ရှင်အတွက် ယုံယုံကြည်ကြည်ဆောက်လုပ်ရေးဆင်းရှာတဲ့ သစ္စာရှင်အင်ဂျင်နီယာတွေရှိကြောင်းမယုံတာနဲ့တင် အဆုံးသတ်သွားသည်။ ထို့ကြောင့် သို့ကြောင့် များစွာသောအကြောင်းအရာများနှင့် ဂလော်ရီယာလမ်းကြား ဟော်လိုးဝင်းပွဲတော်ကို လုံးဝအလွတ်မခံနိုင်သဖြင့် ကျွန်တော်နဲ့ Niel အိမ်ပြန်သည်။

မတ်စ်တောင်းဟောလိုးဝင်းမှာ ဘာရှိသလဲဆိုတော့ မင်းဖရုံသီးထက်ငါ့ဖရုံသီးကပိုမိုက်တယ် ဆိုတဲ့ပွဲမျိုးတော့ရှိသည်။ ခြံတွင်းစိုက်ပျိုးထားကြသည့် အရောင်အလှဆုံး၊ ဆိုဒ်အကြီးဆုံး၊ ဆိုဒ်အသေးဆုံး၊ သို့လော သို့လော ခေါင်းစဉ်တွေအောက်မှာ တစ်နှစ်ပတ်လုံး အိမ်ပုန်း၍စိုက်ပျိုးထားသော ဖရုံသီးများသယ်လာ၍ယှဉ်ပြိုင်ကြသည်။ ငယ်ငယ်က "Wallace & Gromit: The Curse of the Were-rabbit" ကားတွန်းကားထဲကလို ဟင်းသီးဟင်းရွက်တွေလာရောက်ဖျက်ဆီးတဲ့ ယုန်ကြီးတွေပေါ်လာမယ်အထင်နဲ့ ဖရုံသီးတွေကိုအရိပ်တကြည့်ကြည့်လုပ်ရသည်မှာ ဘဝမှာဟီးရိုးအဆန်ဆုံးအလုပ်ဟု ထင်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် အဖေ့ကိုအမြင်ကတ်သည့် အကြောင်းရင်းကိုသွားမည်။

(၁) ကြောက်တတ်တဲ့ကလေးငယ်ဟာ သူ့မိဘရင်ခွင်ထဲတိုးဝင်ပြီးနေတဲ့အခါ လုံခြုံပြီး အိမ်မက်လှလှမက်ကာ အိပ်ပျော်တတ်ကြောင်း ကဗျာမှာသင်ရသည်။ ကျွန်တော် မူကြိုအရွယ်ပဲရှိသေးတဲ့အတွက် ကိုယ့်ဘာသာကိုယ် ကလေးငယ်ဟု သတ်မှတ်ကာ အဖေ့ရင်ခွင်ထဲတိုးဝင်ကြည့်သည်။ အဖေက အခန်းမီးကိုပိတ်ချပြီး " အခု အဖေက အဖေအတု" ဟုပြောကာ ခြောက်လန့်ပြီး ကျွန်တော့်ကို သူ့အခန်းထဲမလာအောင်လုပ်သည်။ အမြင်ကတ်စရာကောင်းသည်။

(၂) ကျွန်တော့်အဘွားမအားတဲ့ရက်တွေမှာ အဖေချော့သိပ်မည် အထင်နှင့်ပျော်ရွှင်ခဲ့သည်။ အဖေ သီချင်းမဆိုပြပါ။ ပုံပြင်မပြောပြပါ။ အနမ်းလေးတစ်ပွင့်မပေးပါ။ သူလုပ်တာက ကျွန်တော့်ခေါင်းကို ဆွဲကိုင်ပြီး လေးချက်၊ ငါးချက်လောက် မူးသွားအောင် ဆွဲခါသည်။ " ခေါင်းထဲမှာ အုန်းရည်တွေ ရောက်နေပြီ။ ကြားလား!? ခလောက်! ခလောက်! ခလောက် " ကျွန်တော်မူးဝေသွားပြီး အိပ်ပျော်ရသည်။ မဟားတရားအမြင်ကတ်စရာကောင်းသည်။

(၃) ဘာမှလုပ်ပိုင်ခွင့်မရသေးတဲ့ ကလေးဘဝမှာ ပထမဆုံးကိုယ်အားကိုယ်ကိုးပြီး တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်လံရှာဖွေထားရတဲ့ ဟော်လိုးဝင်းသကြားလုံးတွေ၊ ချောကလက်တွေ၊ ဝေဖာတွေဟာ တန်ဖိုးအရှိဆုံးဖြစ်သည်။ မနက်နိုးတော့ ခြင်းတောင်းအပြည့်ရထားတဲ့ ကျွန်တော့် သကြားလုံးတွေကို အဖေက သူစားပစ်လိုက်ပြီလို့ပြောသည်။

သကြားလုံးခွံတွေကိုကြည့်ကာ တနေကုန်ဝမ်းနည်းပက်လက်ဖြစ်နေတဲ့အချိန် ညရောက်တော့ ကျွန်တော့်ကိုလက်ကုပ်ပြီး အဖေကတိုးတိုးလေးခေါ်သည်။ ထမင်းစားစားပွဲပေါ်မှာ ဟော်လိုးဝင်းခြင်းတောင်းလေးနောက်တစ်ခုရှိနေခဲ့သည်။ " ခြင်းထောင်းထဲသွားကြည့်ပါဦး " လို့အဖေကပြောတော့ ကျွန်တော့်အရပ်နဲ့မမှီတာကြောင့် ခုံတစ်လုံးခုပြီး ခြင်းတောင်းကို ဖွင့်ကြည့်သည်။ အထဲမှာဘာမှမရှိ။ " မေ့သွားပြီလား!? အဖေအကုန်စားလိုက်ပြီလေ " တဲ့။ အမြင်ကတ်လယ်ဗယ်ကျော်လွန်သွားသည့်အဆုံး ကျွန်တော် သူ့ကိုအဖေအဖြစ်မှစွန့်လွှတ်လိုက်သည်။ ၇ နှစ်သားအရွယ်မှာ အိမ်ပေါ်ကဆင်းသွားပြီး Niel တို့အိမ်ပေါ်တတ်ကာ Niel အဖေကို အဖေသွားခေါ်ပစ်လိုက်သည်။

နောက်ပိုင်းအဖေနဲ့ပြန်တည့်သွားတော့ Niel ရဲ့အဖေကိုလည်းအဖေခေါ်လတ်စဖြစ်နေတာနဲ့ လက်ရှိမှာ အဖေနှစ်ယောက်ဖြစ်သွားသည်။

အထက်တန်းကျောင်းသားဘဝတုန်းက အိမ်ခဏပြန်တဲ့အခါ သူငယ်ချင်းတွေပါ ထုပ်ပိုးသွားလေ့ရှိသည်။ ခရစ်ရှန် နဲ့ ပတ်ထရစ်ဆို ကျွန်တော်တို့နဲ့အတူတူ မတ်စ်တောင်းကို ပိတ်ရက်တိုင်းလိုက်လာတတ်သည်။ လစ်ဇာကလိုက်ချင်ပေမဲ့ သူမရဲ့ဒယ်ဒီနဲ့မာမီဟာ ယောကျာ်းလေး ၄ ယောက်ပါတဲ့ညအိပ်ခရီးကို လွှတ်ပေးဖို့အတွက် စိတ်ပြင်ဆင်မှုမလုပ်ရသေးသည့်အတွက် အမြဲကျန်ခဲ့ရသည်။ ဒီတစ်ခါတော့ လစ်ဇာရဲ့မိဘတွေ ကောင်းကောင်းကြီးစိတ်ပြင်ဆင်ပြီးတဲ့အတွက် ကျွန်တော်နဲ့ Niel သူတို့သမီးကိုပါ ထုပ်ပိုးသွားတော့မည်။

ခရစ်ရှန်နဲ့ ပတ်ထရစ်ကို လိုက်ဖို့ခေါ်ထားပေမဲ့ သူတို့ ဘော်ဒါအသစ်တွေနဲ့ အစီအစဉ်တွေရှိတယ်ဆို ကျွန်တော်တို့ကို ခေါက်ထားလိုက်သည်။ "သစ္စာမဲ့တာမြန်ဆန်လိုက်တာ" လို့ ကျွန်တော် မတ်ဆေ့ချ်ပို့တော့ ပတ်ထရစ်က " ချစ်လေးရယ်.. စိတ်မကောက်ပါနဲ့" လို့ပြန်ပို့ပြီး ခရစ်ရှန်က အမှန်ခြစ်လေးနှစ်ခြစ်ပြသည့်နေရာတွင် ရပ်နေသည်။ ခရစ်ရှန်က ဆိုရှယ်မီဒီယာအကောင့်တွေသုံးသာသုံးတယ်... သူ့ကိုလိုင်းပေါ်ကစကားပြောရသည်မှာ ကျောက်တုံးကြီးကိုသွားပြောနေရသလို။ ပြောထားတာ ၁ လလောက်ကြာမှ တောင်ခနဲ စာပြန်သည်။ အပြင်မှာတွေ့ရင်တော့ ကောင်းကောင်းမွန်မွန်နဲ့ အပျော်တတ်ဆုံး ဗရုတ်အကျဆုံးကောင်ဖြစ်ပေမဲ့ လိုင်းပေါ်မှာအမြဲ ချေမိုးနေသည်။

ကျွန်တော်တို့ 3 ယောက် ဖလော်ရယ်ဆွန်မြို့ပြင်ရောက်ပြီဆိုတာနဲ့ ဟိုင်းဝေးလမ်းမကြီးကို ပျင်းရိနေအောင်မောင်း၊ ကွေ့စရာမရှိတဲ့အတွက် ပျင်းရိပြီးမျက်ရည်တွေဝဲလာတဲ့အထိထပ်မောင်းသည်။ ဖြတ်သွားဖြတ်လာကားတွေမှာ ကောင်လေးချောချောလေးတွေပါမလား မျက်စိကစားသည်။ ပါးသိုင်းမွှေးတွေ၊ ရင်ဘတ်မွှေးတွေထူထပ်တဲ့ ဝက်ဝံဆိုဒ်ဘဲကြီးတွေသာ မြင်ရသဖြင့် ကျွန်တော့်မျက်စိနာကျင်သွားသည်။ ကျွန်တော့်စတိုင်မဟုတ်ဘူးလေ။

ယောကျာ်းတအားဆန်နေတာမျိုး ကျွန်တော်မကြိုက်ဘူး။ အထူးသဖြင့် အမွှေးတွေထူထဲပြီး ဝက်ဝံဆန်တဲ့ယောကျာ်းတွေကို ထိပ်ဆုံးကပယ်ချသည်။ ဂေးအများစုကြားရေပန်းစားတဲ့ အသက်ကြီးကြီး၊အမွှေးဖြူဖြူ ဒယ်ဒီစတိုင် ဆန်တာကလော့စ်ဝက်ဝံတွေ၊ ကွက်ကျားအမွှေးထူ အာရှသားပန်ဒါဝက်ဝံတွေ... ဆိုလိုချင်တာ အပေါ်ပိုင်းဒေသမှာအမွှေးတွေမရှိဘဲ အောက်ပိုင်းဒေသကြမှ အမေဇုန်တောထဲပြုတ်ကျသွားသလိုပေါ့။ တစ်ကိုယ်လုံးအမွှေးတွေမဲနက်နေတဲ့ အမေရိကန်ဝက်ဝံတွေ၊ အာဖရိကန်ဝက်ဝံတွေ၊ အကုန်ပယ်ဖျက်သည်။

ကျွန်တော် ခဏခဏဖက်နမ်းချင်စရာကောင်းအောင် ချစ်စရာကောင်းတဲ့ကောင်လေးမျိုး ၊ ဟာသဉာဏ်ရှိမယ်။ အရပ်ကတော့သိပ်အရေးမကြီးဘူး။ ခန္ဓာကိုယ်အရွယ်အစားက ကျွန်တော်နဲ့ သိပ်မကွာရင်ကောင်းမယ်။ ကျွန်တော် သူ့ကိုချီချင်ချီမယ်၊ ကုန်းပိုးချင်ကုန်းပိုးမယ်။ အမွှေးတွေကလုံးဝမကြိုက်ပေမဲ့ အနည်းငယ်တော့ရှိခွင့်ပေးမယ်။ ခက်တာက ကောင်လေးက စိတ်ကူးထဲမှာပဲရှိနေပြီး အပြင်ထွက်မလာတာ။ မြင်ဖူးသမျှ ချစ်စရာကောင်လေးတွေက အဖြောင့်တွေဖြစ်နေတော့ ဘိုင့်ဘိုင့်ချယ်ရီယိုပေါ့။

Merv အကြောင်းမစဉ်းစားမိအောင် ဒီတစ်လလုံးကြိတ်မှိတ်နေပေမဲ့ ဘာကြောင့်များလဲကံတရားရယ်။ ကြားကြားသမျှသီချင်းတိုင်း ကျန်ရစ်ကောင်လေးအကြောင်းဖြစ်နေရတာလဲ။ ဖတ်ဖတ်သမျှဝထ္ထုတိုင်း ဇာတ်သိမ်းမလှဖြစ်နေရတာလဲ။ ကြည့်ကြည့်သမျှရုပ်ရှင်တိုင်း မျက်ရည်မျက်ခွက်ဖြစ်နေရတာလဲ။

သူငယ်ချင်းတစ်ယောက်ကို စ,ချစ်မိတဲ့အချိန်ဟာ အဲသူငယ်ချင်းကို ရုတ်တရက်ကြီး အရမ်းကိုလှပါလားဆိုတဲ့အသိဝင်လာတဲ့အချိန်လို့ကြားဖူးသည်။ သူစိမ်းတစ်ယောက်ကို စ,ချစ်မိတဲ့အချိန်ကရော ဘယ်အချိန်များပါလဲ။ စ,ချစ်မိတယ်ဆိုတာမျိုးက ကိုယ့်ဘာကိုယ်ရော သိရရဲ့လား။

ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော် Merv နဲ့အတူရှိခဲ့ရတဲ့ မြို့ရှောင်လမ်းမိုတယ်လေးကိုလွမ်းသည်။ ပြင်သစ်ပေါင်မုန့်ခြောက်လေးကိုလွမ်းသည်။ ချိစ်တွေကိုလွမ်းသည်။ ထင်းရှူးပင်တွေနဲ့ သူ့သူငယ်ချင်းတွေကိုလည်းလွမ်းသည်။ ညစ်တီးညစ်ပတ်အပိုဒ်တစ်ချို့ကိုတော့ ဖယ်လိုက်ရအောင်။

လွမ်းလို့ချစ်တာလား? ချစ်လို့လွမ်းတာလား ?

သမုဒ္ဒရာကြီးနဲ့ကောင်းကင်ကြီးဟာ ထိနေတာလား? ထိမနေတာလား ?

အခုသွားနေတဲ့ ဟိုင်းဝေးလမ်းမကြီးကရော ကောင်းကင်ကြီးနဲ့ထိနေတာလား? ထိမနေတာလား?

အတွေးတွေ၊ ခံစားချက်တွေ ထိလား? မထိလား? စမ်းစစ်နေဆဲဖြစ်ပေမဲ့ ကျွန်တော့်ခြေထောက်ကတော့ ကားဘရိတ်ကို ထိကိုထိရမှဖြစ်မည်။ အိမ်ရောက်ပြီ။ ကျွန်တော်တို့အိမ်ဟာ တော်တော်ကိုကြီးပြီး အခန်းတွေအများကြီး အများကြီးပါသည်။ မိသားစုအင်အားကလည်း တပ်မတော်အသေးစားထောင်လို့ရသည်။

အိမ်မက်တွေကိုယုံကြည်စွာအကောင်ထည်ဖော်လိုက်ပါဆိုသော အဆို့အမိန့်နဲ့နေထိုင်တဲ့ ကျွန်တော့်အဘွားဟာ သူမဘဝမှာ အလိုချင်ဆုံးက သားရတနာလေးဖြစ်ပြီး သားမရမချင်း ကလေးမွေးရာကနေ ကျွန်တော့်မှာ အဒေါ် 9 ယောက်ရသွားသည်။ ကျွန်တော့်အဖေကတော့ အဘွားလိုချင်တဲ့ နောက်ဆုံးပိတ်သားသားလေးပေါ့။

Niel ရဲ့အဘွားနဲ့လည်း ကျွန်တော့်အဘွားက သူငယ်ချင်းတွေဖြစ်ကြပြီး ကျွန်တော့်အဘွားတစ်ယောက်ပြီး တစ်ယောက်မွေးနေတာကိုမြင်ပြီး အပြိုင်အဆိုင်မွေးပုံရသည်။ Niel လည်း ကျွန်တော့်နည်းတူ တပ်မတော်မိသားစုကြီးရထားသည်။ ဒါကြောင့် မတ်စ်တောင်းကျေးရွာရဲ့တစ်ဝက်စီကို ကျွန်တော်တို့နှစ်ယောက်ပိုင်ပါတယ်ဆို မိတ်ဆက်ခဲ့တာပေါ့။

ကျွန်တော်တို့ 3 ယောက်ကားပေါ်ကဆင်းလာတော့ Niel ဘက်ကအမျိုးတွေရော ကျွန်တော့်ဘက်ကအမျိုးတွေရော လစ်ဇာကိုနှုတ်ဆက်ကြိုဆိုကြသည်။ မိန်းကလေးသူငယ်ချင်းတစ်ယောက်နဲ့ တူတူလာမယ်လို့ ပြောထားပေမဲ့ ဒီလောက်ထိ ပွဲစည်မယ်မထင်ခဲ့။ သီးစုံဖျော်ရည်တွေပါ ဖျော်ထားသေးသည်။

" ကယ်! ပြောပါဦး... သမီးလေးက Niel ကောင်မလေးလား? Cyril ကောင်မလေးလား? "

Niel အဒေါ်တွေကစ,မေးသည်။

" သမီးတို့က သူငယ်ချင်းတွေပါ "

" အကုန်လုံး သူငယ်ချင်းတွေက စကြတာပဲ "

ကျွန်တော့်အဒေါ်တွေက ဟာမိုနီလိုက်သည်။

" သူငယ်ချင်းတွေပါဆိုနေ သွားတော့ "

Niel က လစ်ဇာနားဝိုင်းထိုင်နေတဲ့ သူ့အဒေါ်တွေကို ဆွဲထုတ်နေသည်။ ကျွန်တော့်ကို အားကိုးတကြီးကြည့်နေတဲ့ အဒေါ်ကို ခေါင်းခါပြပြီး ငြင်းပြနေပေမဲ့လည်း အဒေါ်တွေကလက်မလျော့ လက်ဟန်ခြေဟန်ဖြင့် အပိုင်သိမ်းပစ်ဆိုတဲ့ဒီဇိုင်းတွေ လုပ်ပြနေသည်။

" ဒါမှမဟုတ် မင်းတို့နှစ်ယောက် ပြိုင်လိုက်နေကြတဲ့ အခြေအနေလား? "

အော်...ဒုက္ခပါပဲ။ အဝေးကနေကြည့်နေတဲ့ ဦးလေးတွေကပါ ဝိုင်းခန့်မှန်းနေကြသည်။

" နင်တို့ကို အားကျလိုက်တာ။ အမျိုးတွေကအားရစရာကြီး။ ကလေးတွေလည်းအများကြီး "

အားလုံးအခန်းထဲကထွက်သွားတော့မှ လစ်ဇာက ပေါ့ပါးစွာရယ်မောရင်း ပြောသည်။

" အဲတော့ ငါတို့ကိုလက်ထပ်ချင်သွားပြီလား? "

သီးစုံဖျော်ရည်အိုးထဲက သရက်သီးတွေကို ဖယ်ထုတ်ပြီး Niel အအေးခွက်ကို လစ်ဇာဆီကမ်းပေးရင်းပြောလိုက်သည်။

" လစ်ဇာက သရက်သီးမကြိုက်ဘူးလား? "

ကျွန်တော် မသိတဲ့ကိစ္စဖြစ်လို့ မေးလိုက်သည်။

" မွေးကတည်းက မကြိုက်တာ Cyril "

လစ်ဇာပြန်ဖြေသည်။ ထို့နောက် အအေးကိုမော့သောက်လိုက်ပြီး လက်မထောင်ပြသည်။

" ဝိုး! မင်းက မှတ်မိတယ်ပေါ့ "

" သရက်သီးမကြိုက်တာမှတ်မိဖို့က မခက်ခဲပါဘူး "

Niel ကလက်ညိုးနဲ့ နားထင်နားကိုထောက်ပြရင်း ကျွန်တော့်ကိုလျှာထုတ်ပြသည်။

" အော်.. ငါ့ကျ ကြက်သွန်ကိုခါးခါးတူးတူးမုန်းပါတယ်ဆို ငါစားမဲ့ဟာထဲ ကြက်သွန်ဆာ့စ်တွေ ခဏခဏဖြန်းပြီး အိမ်သာထဲသွားသွားအန်အောင်လုပ်တယ် "

" Cyril , ကြက်သွန်က ခန္ဓာကိုယ်အတွက်ကောင်းတယ်... စားပေးရတယ်ကွ... မင်းကနော်! မှိုကျကြိုက်ပြီး ဘာလား.. မှိုပုံစံကြိုက်တာလား "

" ခွေးကောင် ! "

ဆိုဖာပေါ်ကခေါင်းအုံးနဲ့ကောက်ပေါက်လိုက်ပြီး Niel ကပြန်ပေါက်တော့ ကျွန်တော်ထွက်ပြေးသည်။ အလယ်မှာအအေးသောက်နေတဲ့ လစ်ဇာခဗျာ သောက်ကောင်းခြင်းမသောက်ရ။ ကျွန်တော်နဲ့ Niel ရဲ့ခေါင်းအုံးပေါက်တိုက်ပွဲမှာ ကြားညှပ်နေသည်။

" ဟဲ့!!! နင်တို့တွေဖန်ခွက်တွေ ကွဲကုန်တော့မယ် "

ခဏနေတော့ဝုန်းခနဲမြည်သံကျယ်ကြီးထွက်သွားသည်။ 3 ယောက်သား ချော်လဲပြီး လုံးထွေးနေကြသည်ကို ကျွန်တော်ရဲ့အမျိုးတွေရော Niel ရဲ့အမျိုးတွေရော မြင်သွားကြပြီး သူတို့မှတ်ချက်ပေးလိုက်သည်။

" မင်းတို့က သုံးဖက်ချွန်တွေလုပ်နေကြတာလား "

" နိုးးးးးးးးးးး!!! "

Bạn đang đọc truyện trên: ZingTruyen.Xyz