Chapter (7)
Note ! So many photos contain in this chapter and don't miss.., thanks .
Unicode readers plz watch together these photos with zawgyi readers because 20 photos limit in each chapter.
Luv you guys.
............................................
တစ္ညလံုးသဲႀကီးမဲႀကီးရြာတဲ့မိုးေၾကာင့္ ပတ္ဝန္းက်င္တစ္ခုလံုးစိုစြတ္ေနၿပီး လမ္းတစ္ေလွ်ာက္အရွိန္ထိန္း၍ေမာင္းရသည္။ ထင္းရွဴးပင္ေတြ ၿပီးရင္ ထင္းရွဴးပင္ရဲ႕ သူငယ္ခ်င္းေတြသာရွိသည္။
" ဒီကေန ဟိုဘက္ထိဆက္သြားမယ္ဆို စိုက္ပ်ိဳးေမြးျမဴေရးနယ္ေျမရွိတယ္။ ငါ့အိမ္ေပါ့ "
ကားမွန္ျပတင္းအျပင္က ထင္းရွဴးပင္ေတြဆီလႊင့္ပ်ံ႕ေနတဲ့ Merv ရဲ႕စိတ္ကို ကၽြန္ေတာ့္ဆီေရာက္ေအာင္ စကားအစျပဳရသည္။ သီခ်င္းဖြင့္ထားရင္ စကားမေျပာျဖစ္မွာစိုးလို႔ သီခ်င္းေတာင္ဖြင့္မထား။ Niel နဲ႔ လစ္ဇာတို႔နဲ႔အတူတူကားေမာင္းျဖစ္ရင္ေတာ့ သူတို႔ေပါက္ေပါက္ေဖာက္သံေတြမၾကားခ်င္လို႔ သီခ်င္းသံကိုအဆံုးထိဖြင့္ထားရင္ေတာင္ စပီကာသံကိုလႊမ္းမိုးေအာင္ စကားမ်ားၾကသည္။
" ေဝါင္း ... မိုက္တယ္။ ဒါေပမဲ့ မင္းက အဲကသူေတြနဲ႔ မတူဘူး "
" ျခံထဲမွာဆိတ္အူေတြကင္လိုက္ သိုးသားေတြကင္လိုက္လုပ္ေနတဲ့ ဂ်င္းဝမ္းဆက္နဲ႔ မုတ္ဆိတ္ထူထူေကာင္းဘြိဳင္ႀကီးလိုလား "
" လက္ထဲမွာ ဝီစကီပုလင္းႀကီးကိုင္ထားၿပီး အသားေတြျမည္းၾကည့္လို႔မႀကိဳက္ရင္ ဖြီခနဲေထြးထုတ္ပစ္လိုက္တာမ်ိဳးေလ "
Merv က ကၽြန္ေတာ့္ကို အမူအရာေတြပါ လုပ္ျပေနသည္။
" Merv ... အဲလိုဘဲႀကီးေတြက႐ုပ္ရွင္ထဲမွာပဲရွိတယ္ "
" တကယ္ႀကီးလား? ငါက ေကာင္းဘြိဳင္းေတြအရမ္းႀကိဳက္တာ ... "
Merv ကေတာ့ ေကာင္းဘြိဳင္းေတြလို႔ေျပာေပမဲ့ ကၽြန္ေတာ့္နားထဲ ဘြိဳင္းေတြကို အရမ္းၾကိဳက္တာလို႔ပဲၾကားသည္။
" ေကာင္းဘြိဳင္းႏွစ္ေယာက္ ေက်ာျခင္းကပ္ၿပီး စိန္ေခၚဖိုက္တာမ်ိဳးေတြေလ... သိတယ္မွတ္လား Cyril ... တစ္လွမ္း၊ ႏွစ္လွမ္း၊ သံုးလွမ္း ... လွည့္ၾကည့္ၿပီး ဒိုင္း ဒိုင္း ဒိုင္း ဆိုၿပီးပစ္တာမ်ိဳး "
Merv ဟာသူ႔လက္ကိုႏွစ္လံုးျပဴးေသနတ္ပံုစံလုပ္ျပရင္း စိတ္အားထက္သန္စြာေျပာျပေနသည္။ ေနာက္သူ႔ ေသနတ္လက္တစ္ဖက္ကို ကၽြန္ေတာ့္ရင္ဘတ္နားေထာက္လိုက္ၿပီး ...
" ၿပီးရင္ သူတို႔ေတြက ရင္ဘတ္ကိုပဲပစ္တာ "
" Bang! "
ကၽြန္ေတာ္ေသသြားၿပီ။ ကၽြန္ေတာ့္အိမ္မွာ ကေလးေတြနဲ႔ ေသနတ္ပစ္တိုင္းေဆာ့တဲ့အခါ ေသခ်င္ေယာင္ေဆာင္ၿပီး ေသခဲ့ရတာမ်ိဳးမဟုတ္၊ လိုလိုလားလားနဲ႔ကို ေသသြားတာပါ။
Merv ကေျပာခ်င္တာေျပာ၊ လုပ္ခ်င္တာလုပ္ၿပီးေတာ့ ႏွစ္လိုဖြယ္ ျပံဳးျပသည္။ ေနပါဦး။ ကၽြန္ေတာ္ေသလို႔မျဖစ္ေသးဘူး။ ရည္းစားမထားရေသးဘူး။
" ေကာင္းဂဲလ္ေတြေရာမႀကိဳက္ဘူးလား? ဂ်င္းေဘာင္းဘီအက်ပ္ေလးကို အက်ႌအနီကြက္ေလးနဲ႔တြဲဝတ္ေနၾက က်စ္ဆံၿမီးက်စ္ထားတဲ့ ေကာင္းဂဲလ္ေလးေတြေလ "
" ႏိုး.., ေကာင္းဘြိဳင္းေတြပဲႀကိဳက္တာ "
ဘာျဖစ္တယ္။ မိန္းကေလးေတြမႀကိဳက္ဘူးလား။ ကၽြန္ေတာ့္စိတ္ထဲမွာ မီးစိမ္းေတြေရာ မီးနီေတြေရာ မီးဝါေတြေရာ အကုန္လင္းကုန္ၿပီ။ Merv က တကယ္ခန္႔မွန္းရခက္တဲ့ သူတစ္ေယာက္ပါ။ ေကာင္းဂဲလ္ေတြမႀကိဳက္ဘူးဆိုတာနဲ႔ မိန္းကေလးေတြမႀကိဳက္ဘူးလို႔ ေယဘုယ်အားျဖင္ 'ေကာက္ႏုတ္မရ' ဆိုေပမဲ့လို႔ ကၽြန္ေတာ္တို႔ ႐ူးသြပ္တဲ့အရာေတြရွိပါေရာ။ ေက်ာင္းကဘတ္စ္စကတ္ေဘာၿပိဳင္ပြဲေတြမွာ မိန္းကေလးပြဲ နဲ႔ ေယာက်ာ္းေလးပြဲစဥ္ရွိၿပီး ေယာက်ာ္းေလးပြဲစဥ္ေတြမွာ လူအျပည့္အားေပးရင္ မိန္းကေလးပြဲစဥ္မွာ လူတစ္ဝက္ေလာက္ပဲရွိတတ္သည္။ တခ်ိဳ႕ကေတာ့ တကယ္တမ္း ဘတ္စ္စကတ္ေဘာအားကစားကို႐ူးသြပ္ၾကလို႔ လာၾကည့္တဲ့ ပရိသတ္ေတြ၊ တခ်ိဳ႕ကေတာ့ ကၽြန္ေတာ့္လို အားကစားသမားကိုႏွာဘူးက်႐ုံ။ အဲဒီမွာမွ ....။
" Toy story ထဲက ဂ်က္ဆီေတာ့ႀကိဳက္တယ္ "
ကၽြန္ေတာ္ သီအိုရီဆြဲလို႔မၿပီးဆံုးေသး Merv ကထပ္ေျပာသည္။ တကယ့္မိန္းကေလးမဟုတ္ဘဲ အ႐ုပ္ေတြကိုေရာ မိန္းကေလးလို႔ ထည့္တြက္လို႔ရပါသလား? မသိေတာ့ပါ။ ရႈပ္ေထြးလာၿပီ။
" ေနာက္ၿပီး ခ်ိစ္လည္းႀကိဳက္တယ္ "
" ဒါဆို မင္းကမာၻအႏွံ႔က ခ်ိစ္ေတြအေၾကာင္း သိခ်င္လား ? "
" အဲ ... ေျပာ ပါ ဦး "
ကၽြန္ေတာ္ကၽြမ္းက်င္တဲ့အရာေျပာျပရေတာ့မယ္ဆိုေတာ့ ခ်က္ျခင္း ခါးေတြဘာေတြမတ္လိုက္သည္။ ေမြးျမဴေရးျခံမွာႀကီးျပင္းလာတဲ့ ကေလးေတြရဲ႕ ညအိပ္ရာဝင္ပံုျပင္ေတြက ဘာျဖစ္မယ္လို႔ထင္သလဲ။ ေသခ်ာေပါက္ သိုးေတြ၊ ဆိတ္ေတြ၊ ႏြားေတြ နဲ႔ ခ်ိစ္ေတြအေၾကာင္းပဲေပါ့။ တခါတေလ ေၾကာက္စရာပံုျပင္ေတြအလွည့္ဆိုရင္ စာေျခာက္႐ုပ္နဲ႔ က်ီးကန္းေတြအေၾကာင္းေပါ့။
ခ်ိစ္ေတြအေၾကာင္းကိုလည္း ကၽြန္ေတာ္သေဘာက်သည့္နံပါတ္စဥ္ေတြနဲ႔ Merv ကိုေျပာျပသည္။
(၁) ခ်ိစ္လို႔ေျပာလိုက္တာနဲ႔ ကၽြန္ေတာ္တို႔ Tom and jerry ကားတြန္းက ခ်ိစ္ခဲေတြကိုေျပးျမင္ၾကတာမို႔ Swiss ခ်ိစ္ေတြနဲ႔စရေအာင္။ ဆြစ္ဇာလန္ခ်ိစ္အမ်ိဳးအစားတစ္ခုျဖစ္ၿပီး သူ႔မွာအေပါက္အေပါက္ေတြျဖစ္ေနတာက ဘတ္တီးရီးယားေတြလက္ခ်က္ပါ။ ဘတ္တီးရီးယားေတြက ခ်ိစ္ကိုဝါးစားပစ္လိုက္တာေတာ့မဟုတ္။ သူတို႔ဆီကထြက္တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြ အက္စစ္ေတြက အျပင္ထြက္စရာမရွိဘဲ ပိတ္မိၿပီး ပူစီေဖာင္းကြက္ေတြျဖစ္ကုန္တာပါ။ ေနာက္နာမည္ႀကီးတဲ့ဆြစ္ဇာလန္ခ်ိစ္ Gruyere က အပူေပးထားတဲ့အရည္နဲ႔ ေပါင္မုန္႔နဲ႔လူးစားရတာမ်ိဳးပါ။
(၂) အေပါက္ပါတဲ့ ေနာက္ထပ္ ခ်ိစ္အမ်ိဳးအစားကေတာ့ ေနာ္ေဝးခ်ိစ္ Jarlsberg ပါ။
(၃) ျကြက္ဖမ္းရင္း ခ်ိစ္စက္႐ုံႀကီးေထာင္ၾကတဲ့ဟာသ႐ုပ္ရွင္ကား Mouse Hunt ထဲကလို ခ်ိစ္ႀကိဳးေဘာလံုးေလးေတြလိုမ်ိဳးေတာ့မရွိေပမဲ့ ဂ်ံဳေတြကိုႀကိဳးရွည္ႀကီးဆြဲဆန္႔သလိုလုပ္လို႔ရတာမ်ိဳးကေတာ့ Quesillo ခ်ိစ္ျဖစ္တယ္။ ဆြဲဆန္႔တယ္ ထပ္ၿပီးဆြဲဆန္႔တယ္ ၿပီးရင္ ေဘာလံုးလိုလံုးၿပီးထားတယ္။
မက္ဆီကန္ခ်ိစ္အမ်ိဳးစားျဖစ္ၿပီး ေစာက္ရမ္းနာမည္ႀကီးတဲ့ Empanadas de quesillo မုန္႔နဲ႔တြဲသိၾကတယ္။ အနားသပ္မွာက်စ္ဆံၿမီးေလးေတြမုန့္ႂကြပ္ေလ။
မက္ဆီကန္လမ္းသရဲေျပာင္ဖူးမုန္႔တစ္မ်ိဳးျဖစ္တဲ့ Elote နဲ႔တြဲသံုးတာကေတာ့ Cotija ခ်ိစ္ပါ။
(၄) ဟိုေရွးေရွးတုန္းက အာဒမ္နဲ႔ဧဝ စားခဲ့တာ ပန္းသီးမဟုတ္ခဲ့ရင္ ေသခ်ာေပါက္ Edam ခ်ိစ္ပါပဲ။ နယ္သာလန္ခ်ိစ္အမ်ိဳးအစားျဖစ္ၿပီး အျပင္ဘက္က အနီရဲရဲဖေယာင္းအုပ္ထားတယ္။ အထဲက ညက္ေညာေအာင္ဝါေနတဲ့ ခ်ိစ္သားေတြပါပဲ။ မာလြန္းလို႔ ေတာ္ေတာ္ေတာ့ဝါးရတယ္။
(၅) ပေဒသရာဇ္စနစ္မွာ စိုးစံခဲ့တာ Cheddar ခ်ိစ္၊ အဂၤလန္ခ်ိစ္ေတြပါပဲ။ သမိုင္းထဲကဘုရင္မင္းျမတ္ေတြက သမိုင္းထဲကသူရဲေကာင္းေတြကို အသား၊ခ်ိစ္နဲ႔ဝိုင္ေတြ သံုးေဆာင္ေစလို႔ေျပာခဲ့တဲ့ သမိုင္းထဲကခ်ိစ္ေလ။
(၆) ဒ႑ာရီဆန္တဲ့ ဂရိက Feta ခ်ိစ္ေတြအေၾကာင္းလည္းရွိေသးတယ္။ ဒီလိုတုန္စိစိနဲ႔ေၾကမြလြယ္တဲ့ ခ်ိစ္ျဖဴျဖဴေတြကို အမ်ားအားျဖင့္ ႂကြပ္ရြတဲ့မုန္႔ေတြၾကားထည့္ဖုတ္ၾကတယ္။
(၇) ဒီခ်ိစ္အေၾကာင္းက စိတ္ေတာ့သိပ္မေကာင္းစရာပဲ။ Paski sir ဆိုတဲ့ခ်ိစ္အမ်ိဳးအစားပါ။ အရမ္းအရမ္းကိုငံတဲ့, ႏို႔ထုတ္တဲ့ ဆိတ္ေသးေသးေလးေတြကေန ထုတ္ၿပီး ခ်ိစ္တစ္တံုးထုတ္ဖို႔ ဆိတ္ 16 ေကာင္လိုတယ္။ အထားခံတယ္။ ပ်ားရည္နဲ႔စားရင္ ေစာက္ရမ္းမိုက္တယ္
(၈) ပံုမွန္လိုႏြားတို႔ဆိတ္တို႔ကမဟုတ္ဘဲ သမင္ဒရယ္ႏို႔ကေနထုတ္တဲ့ ဖင္လန္က Leipajuusto ေပါင္မုန္႔ခ်ိစ္မ်ိဳးတို႔၊ သိုးႏို႔ကထုတ္တဲ့ စပိန္က Manchego ျခင္ေတာင္းအရာနဲ႔ခ်ိစ္မ်ိဳးတို႔က ထူးျခားတယ္။
(၉) ေသြးျပာေၾကာေတြထေနတဲ့ Gorgonzola ခ်ိစ္တို႔ အခုေရပန္းအစားဆံုး ပီဇာကိုဆြဲမလိုက္ရင္ တို႔လို႔တြဲေလာင္းမနည္းျဖတ္ရတဲ့ Mozzarella ခ်ိစ္တို႔ကေတာ့ အီတလီေတာင္ပိုင္းကေနလာတယ္။ ကၽြဲႏို႔ကေနထုတ္တယ္လည္းၾကားဖူးတယ္။
ကၽြန္ေတာ္တအားစကားမ်ားေနသလား... ကိုယ့္ဘာကိုဘရိတ္ျပန္အုပ္လိုက္ၿပီး Merv ကိုၾကည့္လိုက္ေတာ့ မ်က္ေတာင္ေတာင္မခတ္ပဲ ေၾကာင္စီစီနဲ႔နားေထာင္ေနသည္။
" Merv ဒါနဲ႔ မင္းဘယ္ခ်ိစ္ကိုႀကိဳက္တာလဲ ေျပာပါဦး "
ကၽြန္ေတာ္ၾကားျဖတ္ေမးခြန္းေမးလိုက္ေတာ့ Merv ကေတာ္ေတာ္ကို စဥ္းစားယူေနသည္။
" .... "
" .... "
" ဓာတ္ပံု႐ိုက္တဲ့အခါေျပာတဲ့ ခ်ိစ္ေလ "
အေျခအေနတစ္ခုလံုး ရွက္ကိုးရွက္ကန္းႏိုင္သြားသည္။ Merv က ခ်ိစ္နဲ႔ပတ္သတ္တဲ့ ဟာသေျပာဖို႔ ၾကံရြယ္ထားေပမဲ့ ကၽြန္ေတာ္က ခ်ိစ္ရဲ႕ အေဖေတြ အဖိုးေတြ အေဘးေတြ အေၾကာင္း အာေဘာင္အာရင္းနဲ႔ ထိုင္ေျပာေနေတာ့ သူ႔ခဗ်ာ ထ,ေနာက္လို႔လည္းမေကာင္းအတည္ေပါက္မွတ္သားဖို႔လည္းမျဖစ္ ေၾကာင္စီစီျဖစ္ေနရျခင္းျဖစ္သည္။
" ဘယ္ကထုတ္လုပ္လဲဆိုေတာ့ အျပံဳးကထုတ္လုပ္ထားတယ္လို႔ ေျပာရမလား? Peace Sign ေလးနဲ႔ဆို အရမ္းလိုက္တယ္ .. ခ်ိစ္ "
Merv ကကၽြန္ေတာ့္ဘက္ကို လွည့္ၿပီး အမူအရာပါလုပ္ျပရင္း သူ႔ဟာသကိုဆက္ေျပာသည္။ ဒါေပမဲ့ ကၽြန္ေတာ္မရယ္ႏိုင္။ အခုအခ်ိန္ကၽြန္ေတာ္ ကားဆီယာတိုင္ကိုကိုင္ထားတဲ့ လက္ႏွစ္ဖက္ကိုလႊတ္ၿပီးမ်က္ႏွာကိုအုပ္ကာ 'ရွက္လိုက္တာ' ဆိုၿပီး တုံးလံုးလွဲခ်ပစ္ခ်င္သည္။ မျဖစ္ပါ ... ႏွစ္ေကာင္စလံုး လမ္းေဘးထိုးက်ၿပီး ထင္ရွဴးေတာထဲမွာ မသာေပၚသြားမည္။
" Merv ရယ္ ဘာလို႔မ်ားေစာေစာစီးစီး ဟာသလုပ္တာလို႔ မေျပာဘဲ ငါခ်ိစ္ေတြအေၾကာင္းေျပာေနတာ ၿပီးေအာင္ေစာင့္ေနတာလဲ "
" မင္းဒီေလာက္ ခ်ိစ္ေတြအေၾကာင္း တခမ္းတနား ေျပာမယ္ ငါမွမထင္တာ "
ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုး တစ္ဖက္တစ္ခ်က္စီက ထင္ရွဴးပင္ေတြၾကားေလာက္ေအာင္ကိုတကယ့္အက်ယ္ႀကီး ေအာ္ရယ္ပစ္လိုက္ၾကသည္။
" ငါရဲ႕ညအိပ္ရာဝင္ပံုျပင္ေတြက ခ်ိစ္ေတြအေၾကာင္းဆိုေတာ့ အကုန္လံုးကိုမွတ္မိေနတာပါ "
" အိုး မိုင္ ေဂါ့ , တကယ္ႀကီး ? "
" ဒါဆို မင္းရဲ႕ ညအိပ္ရာဝင္ပံုျပင္ေတြကေရာ ဘာေတြလဲ "
" မင္းသားေလးက ရဲတိုက္ထဲကမင္းသမီးေလးကို နဂါးႀကီးကိုဖိုက္ၿပီးကယ္တာတို႔။ ၿဂိဳလ္သားႀကီးက ဖမ္းေခၚသြားတဲ့ လူသားေကာင္မေလးကို လိုက္ကယ္တာတို႔။ ဘုရင္ႀကီးေမးခြန္းေတြေျဖႏိုင္လို႔ သူ႔သမီးေတြအကုန္လံုးနဲ႔ ညားသြားတာတို႔။ ငါ့အေမက ပံုေျပာေကာင္းတဲ့သူထဲေတာ့မပါေပမဲ့ သူ႔ပံုျပင္ေတြကေန ငါ့ကို သတၱိရွိတဲ့ေကာင္ေလးတစ္ေယာက္ျဖစ္ေစခ်င္ခဲ့တာ။ ငါက အရမ္းကိုရွက္တတ္ၿပီး စကားနည္းတယ္ေလ။ ဒါနဲ႔ မင္းအေမက ဘာလို႔ခ်ိစ္ေတြအေၾကာင္းလဲ? "
" အဲဒါ ငါ့အေမေျပာတာမဟုတ္ဘူး။ ငါငယ္ငယ္ကအေမနဲ႔မေနရဘူး။ ငါ့အေဖကလည္း ပံုေျပာတာ ဝါသနာမပါဘူး။ ငါ့အဘြားပါ။ "
Merv နားေထာင္ရတဲ့ပံုျပင္ေတြအေၾကာင္းကိုၾကားေတာ့ စိတ္ထဲမွာေႏြးခနဲျဖစ္သြားသည္။ ကၽြန္ေတာ့္အဘြားလည္းဒီလိုပံုျပင္ေတြ တခါတရံေျပာျပတတ္သည္။
ကၽြန္ေတာ္တို႔ဟာ ငယ္ဘဝမွာ မင္းသားေလးနဲ႔ မင္းသမီးေလးပံုျပင္ေတြနားဆင္၍ ႀကီးျပင္းရသည္။ ေက်ာင္းသင္ခန္းစာမွာ 'သူ' နဲ႔ 'သူမ' အေၾကာင္းကဗ်ာေတြသင္ရသည္။ ဝထၳဳေတြသင္ရသည္။ သီခ်င္းေတြနားဆင္ရသည္။
ကၽြန္ေတာ္တို႔ဘယ္တုန္းကမွ သူဆိုတဲ့နာမ္စားကိုခ်စ္ဖို႔ မသင္ခဲ့ရ။ ပံုျပင္ေတြ နားမေထာင္ခဲ့ရ။
ဒါေပမဲ့ ကၽြန္ေတာ္ေရြးခ်ယ္ခဲ့သည္။
ကၽြန္ေတာ့္ကို ခ်စ္သူလို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္မဲ့ ေယာက်ာ္းတစ္ေယာက္ရွိပါ့မလား?
ကၽြန္ေတာ့္ႏႈတ္ခမ္းေတြကို အနမ္းေပးခ်င္တဲ့ ေယာက်ာ္းတစ္ေယာက္ရွိပါ့မလား?
ကၽြန္ေတာ္ေရာ ေယာက်ာ္းတစ္ေယာက္နဲ႔ အခ်စ္ပံုျပင္ေကာင္းေကာင္းေလး တစ္ခုရရွိပါ့မလား?
ဒီေမးခြန္းေတြကို အေခါက္ေခါက္အခါခါေမးရင္းနဲ႔ပဲ ကၽြန္ေတာ္ေရြးခ်ယ္ခဲ့သည္။
" ေဆာ္ရီး ... မင္းမိဘေတြက ငယ္ငယ္ထဲက ကြဲေနၾကတာလား ? "
" အင္း, ငါေမြးကတည္းက ဆိုေတာ့ အဲဒါနဲ႔ပတ္သတ္ၿပီး ခံစားခ်က္သိပ္မရွိပါဘူး။ ေက်ာင္းတုန္းကမိဘေတြလာရတဲ့ပြဲမွာ တစ္ခါတေလ သူတို႔ႏွစ္ေယာက္ကိုတူတူျမင္ရရင္ ငါ့ဘာငါေတာင္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနတာ "
ကၽြန္ေတာ္တို႔ ၿမိဳ႕ထဲေရာက္လာၿပီျဖစ္ၿပီး ေနာက္ထပ္ မိန္းမီးပြိဳင့္သံုးခုေလာက္ျဖတ္ျပီးရင္ ခရီးဆံုးဂေလာ္ရီယာတိုက္ခန္းေတြကေန ႀကိဳဆိုေနပါမည္။ Merv ကို ကၽြန္ေတာ့္ရဲ႕စာမ်က္ႏွာေတြမွာ ပါေစခ်င္ေသးသည္။ ကၽြန္ေတာ့္ဇာတ္လမ္းကိုေရးေနတဲ့သူဟာ ကၽြန္ေတာ္ကိုယ္တိုင္ပဲျဖစ္တာမို႔ လိုခ်င္တဲ့ ဇာတ္ေကာင္အတြက္ ႀကိဳးစားရမည္ မဟုတ္လား။
" Merv နက္ျဖန္ဘာအစီအစဥ္ရွိလဲ ? "
" ထံုးစံအတိုင္းအေအးဆိုင္မွာ တံဆိပ္တံုးထုမယ္။ လက္မွတ္ျဖတ္မယ္။ အေအးေဖ်ာ္မယ္ "
" အလုပ္ၿပီးရင္ ငါနဲ႔တေနရာရာသြားခ်င္လား "
မီးနီေနေတာ့ကားရပ္လိုက္ၿပီး Merv ကိုခိုးေၾကာင္ခိုးဝွက္ၾကည့္ရင္း ရင္တထိတ္ထိတ္နဲ႔ေမးလိုက္သည္။ လက္ဖ်ားေတြလည္းေအးစက္...စက္။
" ႏိုး ... "
ဟင္!! ျငင္းတာျမန္လိုက္တာ။
" ေဆာ္ရီး.. Cyril ငါက "
" ရပါတယ္။ ငါကဒီတိုင္းပဲေမးၾကည့္တာပါ။ စိတ္ထဲမထားနဲ႔ "
" ဒါနဲ႔ မင္း အားတဲ့အခါ အေအးဆိုင္လာခဲ့ ... ငါ Topping ေတြအမ်ားႀကီးထည့္ေပးမယ္ "
ျဖစ္ႏိုင္ရင္အခုခ်က္ျခင္းေတာင္ သူ႔အေအးဆိုင္ကိုေမာင္းသြားၿပီး အေအးထိုင္ေသာက္ခ်င္ေနၿပီ။ ရင္ေတြေတာ္ေတာ္ပူေနၿပီေလ။ ခုပဲေခၚတယ္ ခုပဲလာတယ္ဆိုတဲ့အားမနာလွ်ာမက်ိဳးအေကာင္ဆိုၿပီး ေခါင္းစဥ္အတပ္မခံႏိုင္ေတာ့ အပူ႐ုပ္ကို ဟန္လုပ္ရင္း ႏူတ္ဆက္ရသည္။
ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုးအိမ္ျပန္ေရာက္ၾကေပမဲ့ ႏႈတ္ဆက္စကားကေတာ့ " တာ့တာ့ " တဲ့။
.................................................
Note ! So many photos contain in this chapter and don't miss.., thanks .
Unicode readers plz watch together these photos with zawgyi readers because 20 photos limit in each chapter.
Luv you guys.
တစ်ညလုံးသဲကြီးမဲကြီးရွာတဲ့မိုးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးစိုစွတ်နေပြီး လမ်းတစ်လျှောက်အရှိန်ထိန်း၍မောင်းရသည်။ ထင်ရှူးပင်တွေ ပြီးရင် ထင်ရှူးပင်ရဲ့ သူငယ်ချင်းတွေသာရှိသည်။
" ဒီကနေ ဟိုဘက်ထိဆက်သွားမယ်ဆို စိုက်ပျိုးမွေးမြူရေးနယ်မြေရှိတယ်။ ငါ့အိမ်ပေါ့ "
ကားမှန်ပြတင်းအပြင်က ထင်ရှူးပင်တွေဆီလွှင့်ပျံ့နေတဲ့ Merv ရဲ့စိတ်ကို ကျွန်တော့်ဆီရောက်အောင် စကားအစပြုရသည်။ သီချင်းဖွင့်ထားရင် စကားမပြောဖြစ်မှာစိုးလို့ သီချင်းတောင်ဖွင့်မထား။ Niel နဲ့ လစ်ဇာတို့နဲ့အတူတူကားမောင်းဖြစ်ရင်တော့ သူတို့ပေါက်ပေါက်ဖောက်သံတွေမကြားချင်လို့ သီချင်းသံကိုအဆုံးထိဖွင့်ထားရင်တောင် စပီကာသံကိုလွှမ်းမိုးအောင် စကားများကြသည်။
" ဝေါင်း ... မိုက်တယ်။ ဒါပေမဲ့ မင်းက အဲကသူတွေနဲ့ မတူဘူး "
" ခြံထဲမှာဆိတ်အူတွေကင်လိုက် သိုးသားတွေကင်လိုက်လုပ်နေတဲ့ ဂျင်းဝမ်းဆက်နဲ့ မုတ်ဆိတ်ထူထူကောင်းဘွိုင်ကြီးလိုလား "
" လက်ထဲမှာ ဝီစကီပုလင်းကြီးကိုင်ထားပြီး အသားတွေမြည်းကြည့်လို့မကြိုက်ရင် ဖွီခနဲထွေးထုတ်ပစ်လိုက်တာမျိုးလေ "
Merv က ကျွန်တော့်ကို အမူအရာတွေပါ လုပ်ပြနေသည်။
" Merv ... အဲလိုဘဲကြီးတွေကရုပ်ရှင်ထဲမှာပဲရှိတယ် "
" တကယ်ကြီးလား? ငါက ကောင်းဘွိုင်းတွေအရမ်းကြိုက်တာ ... "
Merv ကတော့ ကောင်းဘွိုင်းတွေလို့ပြောပေမဲ့ ကျွန်တော့်နားထဲ ဘွိုင်းတွေကို အရမ်းကြိုက်တာလို့ပဲကြားသည်။
" ကောင်းဘွိုင်းနှစ်ယောက် ကျောခြင်းကပ်ပြီး စိန်ခေါ်ဖိုက်တာမျိုးတွေလေ... သိတယ်မှတ်လား Cyril ... တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း ... လှည့်ကြည့်ပြီး ဒိုင်း ဒိုင်း ဒိုင်း ဆိုပြီးပစ်တာမျိုး "
Merv ဟာသူ့လက်ကိုနှစ်လုံးပြူးသေနတ်ပုံစံလုပ်ပြရင်း စိတ်အားထက်သန်စွာပြောပြနေသည်။ နောက်သူ့ သေနတ်လက်တစ်ဖက်ကို ကျွန်တော့်ရင်ဘတ်နားထောက်လိုက်ပြီး ...
" ပြီးရင် သူတို့တွေက ရင်ဘတ်ကိုပဲပစ်တာ "
" Bang! "
ကျွန်တော်သေသွားပြီ။ ကျွန်တော့်အိမ်မှာ ကလေးတွေနဲ့ သေနတ်ပစ်တိုင်းဆော့တဲ့အခါ သေချင်ယောင်ဆောင်ပြီး သေခဲ့ရတာမျိုးမဟုတ်၊ လိုလိုလားလားနဲ့ကို သေသွားတာပါ။
Merv ကပြောချင်တာပြော၊ လုပ်ချင်တာလုပ်ပြီးတော့ နှစ်လိုဖွယ် ပြုံးပြသည်။ နေပါဦး။ ကျွန်တော်သေလို့မဖြစ်သေးဘူး။ ရည်းစားမထားရသေးဘူး။
" ကောင်းဂဲလ်တွေရောမကြိုက်ဘူးလား? ဂျင်းဘောင်းဘီအကျပ်လေးကို အင်္ကျီအနီကွက်လေးနဲ့တွဲဝတ်နေကြ ကျစ်ဆံမြီးကျစ်ထားတဲ့ ကောင်းဂဲလ်လေးတွေလေ "
" နိုး.., ကောင်းဘွိုင်းတွေပဲကြိုက်တာ "
ဘာဖြစ်တယ်။ မိန်းကလေးတွေမကြိုက်ဘူးလား။ ကျွန်တော့်စိတ်ထဲမှာ မီးစိမ်းတွေရော မီးနီတွေရော မီးဝါတွေရော အကုန်လင်းကုန်ပြီ။ Merv က တကယ်ခန့်မှန်းရခက်တဲ့ သူတစ်ယောက်ပါ။ ကောင်းဂဲလ်တွေမကြိုက်ဘူးဆိုတာနဲ့ မိန်းကလေးတွေမကြိုက်ဘူးလို့ ယေဘုယျအားဖြင် 'ကောက်နုတ်မရ' ဆိုပေမဲ့လို့ ကျွန်တော်တို့ ရူးသွပ်တဲ့အရာတွေရှိပါရော။ ကျောင်းကဘတ်စ်စကတ်ဘောပြိုင်ပွဲတွေမှာ မိန်းကလေးပွဲ နဲ့ ယောကျာ်းလေးပွဲစဉ်ရှိပြီး ယောကျာ်းလေးပွဲစဉ်တွေမှာ လူအပြည့်အားပေးရင် မိန်းကလေးပွဲစဉ်မှာ လူတစ်ဝက်လောက်ပဲရှိတတ်သည်။ တချို့ကတော့ တကယ်တမ်း ဘတ်စ်စကတ်ဘောအားကစားကိုရူးသွပ်ကြလို့ လာကြည့်တဲ့ ပရိသတ်တွေ၊ တချို့ကတော့ ကျွန်တော့်လို အားကစားသမားကိုနှာဘူးကျရုံ။ အဲဒီမှာမှ ....။
" Toy story ထဲက ဂျက်ဆီတော့ကြိုက်တယ် "
ကျွန်တော် သီအိုရီဆွဲလို့မပြီးဆုံးသေး Merv ကထပ်ပြောသည်။ တကယ့်မိန်းကလေးမဟုတ်ဘဲ အရုပ်တွေကိုရော မိန်းကလေးလို့ ထည့်တွက်လို့ရပါသလား? မသိတော့ပါ။ ရှုပ်ထွေးလာပြီ။
" နောက်ပြီး ချိစ်လည်းကြိုက်တယ် "
" ဒါဆို မင်းကမ္ဘာအနှံ့က ချိစ်တွေအကြောင်း သိချင်လား ? "
" အဲ ... ပြော ပါ ဦး "
ကျွန်တော်ကျွမ်းကျင်တဲ့အရာပြောပြရတော့မယ်ဆိုတော့ ချက်ခြင်း ခါးတွေဘာတွေမတ်လိုက်သည်။ မွေးမြူရေးခြံမှာကြီးပြင်းလာတဲ့ ကလေးတွေရဲ့ ညအိပ်ရာဝင်ပုံပြင်တွေက ဘာဖြစ်မယ်လို့ထင်သလဲ။ သေချာပေါက် သိုးတွေ၊ ဆိတ်တွေ၊ နွားတွေ နဲ့ ချိစ်တွေအကြောင်းပဲပေါ့။ တခါတလေ ကြောက်စရာပုံပြင်တွေအလှည့်ဆိုရင် စာခြောက်ရုပ်နဲ့ ကျီးကန်းတွေအကြောင်းပေါ့။
ချိစ်တွေအကြောင်းကိုလည်း ကျွန်တော်သဘောကျသည့်နံပါတ်စဉ်တွေနဲ့ Merv ကိုပြောပြသည်။
(၁) ချိစ်လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ Tom and jerry ကားတွန်းက ချိစ်ခဲတွေကိုပြေးမြင်ကြတာမို့ Swiss ချိစ်တွေနဲ့စရအောင်။ ဆွစ်ဇာလန်ချိစ်အမျိုးအစားတစ်ခုဖြစ်ပြီး သူ့မှာအပေါက်အပေါက်တွေဖြစ်နေတာက ဘတ်တီးရီးယားတွေလက်ချက်ပါ။ ဘတ်တီးရီးယားတွေက ချိစ်ကိုဝါးစားပစ်လိုက်တာတော့မဟုတ်။ သူတို့ဆီကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ အက်စစ်တွေက အပြင်ထွက်စရာမရှိဘဲ ပိတ်မိပြီး ပူစီဖောင်းကွက်တွေဖြစ်ကုန်တာပါ။ နောက်နာမည်ကြီးတဲ့ဆွစ်ဇာလန်ချိစ် Gruyere က အပူပေးထားတဲ့အရည်နဲ့ ပေါင်မုန့်နဲ့လူးစားရတာမျိုးပါ။
(၂) အပေါက်ပါတဲ့ နောက်ထပ် ချိစ်အမျိုးအစားကတော့ နော်ဝေးချိစ် Jarlsberg ပါ။
(၃) ကြွက်ဖမ်းရင်း ချိစ်စက်ရုံကြီးထောင်ကြတဲ့ဟာသရုပ်ရှင်ကား Mouse Hunt ထဲကလို ချိစ်ကြိုးဘောလုံးလေးတွေလိုမျိုးတော့မရှိပေမဲ့ ဂျုံတွေကိုကြိုးရှည်ကြီးဆွဲဆန့်သလိုလုပ်လို့ရတာမျိုးကတော့ Quesillo ချိစ်ဖြစ်တယ်။ ဆွဲဆန့်တယ် ထပ်ပြီးဆွဲဆန့်တယ် ပြီးရင် ဘောလုံးလိုလုံးပြီးထားတယ်။
မက်ဆီကန်ချိစ်အမျိုးစားဖြစ်ပြီး စောက်ရမ်းနာမည်ကြီးတဲ့ Empanadas de quesillo မုန့်နဲ့တွဲသိကြတယ်။ အနားသပ်မှာကျစ်ဆံမြီးလေးတွေမုန့်ကြွပ်လေ။ မက်ဆီကန်လမ်းသရဲပြောင်ဖူးမုန့်တစ်မျိုးဖြစ်တဲ့ Elote နဲ့တွဲသုံးတာကတော့ Cotija ချိစ်ပါ။
(၄) ဟိုရှေးရှေးတုန်းက အာဒမ်နဲ့ဧဝ စားခဲ့တာ ပန်းသီးမဟုတ်ခဲ့ရင် သေချာပေါက် Edam ချိစ်ပါပဲ။ နယ်သာလန်ချိစ်အမျိုးအစားဖြစ်ပြီး အပြင်ဘက်က အနီရဲရဲဖယောင်းအုပ်ထားတယ်။ အထဲက ညက်ညောအောင်ဝါနေတဲ့ ချိစ်သားတွေပါပဲ။ မာလွန်းလို့ တော်တော်တော့ဝါးရတယ်။
(၅) ပဒေသရာဇ်စနစ်မှာ စိုးစံခဲ့တာ Cheddar ချိစ်၊ အင်္ဂလန်ချိစ်တွေပါပဲ။ သမိုင်းထဲကဘုရင်မင်းမြတ်တွေက သမိုင်းထဲကသူရဲကောင်းတွေကို အသား၊ချိစ်နဲ့ဝိုင်တွေ သုံးဆောင်စေလို့ပြောခဲ့တဲ့ သမိုင်းထဲကချိစ်လေ။
(၆) ဒဏ္ဍာရီဆန်တဲ့ ဂရိက Feta ချိစ်တွေအကြောင်းလည်းရှိသေးတယ်။ ဒီလိုတုန်စိစိနဲ့ကြေမွလွယ်တဲ့ ချိစ်ဖြူဖြူတွေကို အများအားဖြင့် ကြွပ်ရွတဲ့မုန့်တွေကြားထည့်ဖုတ်ကြတယ်။
(၇) ဒီချိစ်အကြောင်းက စိတ်တော့သိပ်မကောင်းစရာပဲ။ Paski sir ဆိုတဲ့ချိစ်အမျိုးအစားပါ။ အရမ်းအရမ်းကိုငံတဲ့, နို့ထုတ်တဲ့ ဆိတ်သေးသေးလေးတွေကနေ ထုတ်ပြီး ချိစ်တစ်တုံးထုတ်ဖို့ ဆိတ် 16 ကောင်လိုတယ်။ အထားခံတယ်။ ပျားရည်နဲ့စားရင် စောက်ရမ်းမိုက်တယ်
(၈) ပုံမှန်လိုနွားတို့ဆိတ်တို့ကမဟုတ်ဘဲ သမင်ဒရယ်နို့ကနေထုတ်တဲ့ ဖင်လန်က Leipajuusto ပေါင်မုန့်ချိစ်မျိုးတို့၊ သိုးနို့ကထုတ်တဲ့ စပိန်က Manchego ခြင်တောင်းအရာနဲ့ချိစ်မျိုးတို့က ထူးခြားတယ်။
(၉) သွေးပြာကြောတွေထနေတဲ့ Gorgonzola ချိစ်တို့ အခုရေပန်းအစားဆုံး ပီဇာကိုဆွဲမလိုက်ရင် တို့လို့တွဲလောင်းမနည်းဖြတ်ရတဲ့ Mozzarella ချိစ်တို့ကတော့ အီတလီတောင်ပိုင်းကနေလာတယ်။ ကျွဲနို့ကနေထုတ်တယ်လည်းကြားဖူးတယ်။
ကျွန်တော်တအားစကားများနေသလား... ကိုယ့်ဘာကိုဘရိတ်ပြန်အုပ်လိုက်ပြီး Merv ကိုကြည့်လိုက်တော့ မျက်တောင်တောင်မခတ်ပဲ ကြောင်စီစီနဲ့နားထောင်နေသည်။
" Merv ဒါနဲ့ မင်းဘယ်ချိစ်ကိုကြိုက်တာလဲ ပြောပါဦး "
ကျွန်တော်ကြားဖြတ်မေးခွန်းမေးလိုက်တော့ Merv ကတော်တော်ကို စဉ်းစားယူနေသည်။
" .... "
" .... "
" ဓာတ်ပုံရိုက်တဲ့အခါပြောတဲ့ ချိစ်လေ "
အခြေအနေတစ်ခုလုံး ရှက်ကိုးရှက်ကန်းနိုင်သွားသည်။ Merv က ချိစ်နဲ့ပတ်သတ်တဲ့ ဟာသပြောဖို့ ကြံရွယ်ထားပေမဲ့ ကျွန်တော်က ချိစ်ရဲ့ အဖေတွေ အဖိုးတွေ အဘေးတွေ အကြောင်း အာဘောင်အာရင်းနဲ့ ထိုင်ပြောနေတော့ သူ့ခဗျာ ထ,နောက်လို့လည်းမကောင်းအတည်ပေါက်မှတ်သားဖို့လည်းမဖြစ် ကြောင်စီစီဖြစ်နေရခြင်းဖြစ်သည်။
" ဘယ်ကထုတ်လုပ်လဲဆိုတော့ အပြုံးကထုတ်လုပ်ထားတယ်လို့ ပြောရမလား? Peace Sign လေးနဲ့ဆို အရမ်းလိုက်တယ် .. ချိစ် "
Merv ကကျွန်တော့်ဘက်ကို လှည့်ပြီး အမူအရာပါလုပ်ပြရင်း သူ့ဟာသကိုဆက်ပြောသည်။ ဒါပေမဲ့ ကျွန်တော်မရယ်နိုင်။ အခုအချိန်ကျွန်တော် ကားဆီယာတိုင်ကိုကိုင်ထားတဲ့ လက်နှစ်ဖက်ကိုလွှတ်ပြီးမျက်နှာကိုအုပ်ကာ 'ရှက်လိုက်တာ' ဆိုပြီး တုံးလုံးလှဲချပစ်ချင်သည်။ မဖြစ်ပါ ... နှစ်ကောင်စလုံး လမ်းဘေးထိုးကျပြီး ထင်ရှူးတောထဲမှာ မသာပေါ်သွားမည်။
" Merv ရယ် ဘာလို့များစောစောစီးစီး ဟာသလုပ်တာလို့ မပြောဘဲ ငါချိစ်တွေအကြောင်းပြောနေတာ ပြီးအောင်စောင့်နေတာလဲ "
" မင်းဒီလောက် ချိစ်တွေအကြောင်း တခမ်းတနား ပြောမယ် ငါမှမထင်တာ "
ကျွန်တော်တို့နှစ်ယောက်လုံး တစ်ဖက်တစ်ချက်စီက ထင်ရှူးပင်တွေကြားလောက်အောင်ကိုတကယ့်အကျယ်ကြီး အော်ရယ်ပစ်လိုက်ကြသည်။
" ငါရဲ့ညအိပ်ရာဝင်ပုံပြင်တွေက ချိစ်တွေအကြောင်းဆိုတော့ အကုန်လုံးကိုမှတ်မိနေတာပါ "
" အိုး မိုင် ဂေါ့ , တကယ်ကြီး ? "
" ဒါဆို မင်းရဲ့ ညအိပ်ရာဝင်ပုံပြင်တွေကရော ဘာတွေလဲ "
" မင်းသားလေးက ရဲတိုက်ထဲကမင်းသမီးလေးကို နဂါးကြီးကိုဖိုက်ပြီးကယ်တာတို့။ ဂြိုလ်သားကြီးက ဖမ်းခေါ်သွားတဲ့ လူသားကောင်မလေးကို လိုက်ကယ်တာတို့။ ဘုရင်ကြီးမေးခွန်းတွေဖြေနိုင်လို့ သူ့သမီးတွေအကုန်လုံးနဲ့ ညားသွားတာတို့။ ငါ့အမေက ပုံပြောကောင်းတဲ့သူထဲတော့မပါပေမဲ့ သူ့ပုံပြင်တွေကနေ ငါ့ကို သတ္တိရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်စေချင်ခဲ့တာ။ ငါက အရမ်းကိုရှက်တတ်ပြီး စကားနည်းတယ်လေ။ ဒါနဲ့ မင်းအမေက ဘာလို့ချိစ်တွေအကြောင်းလဲ? "
" အဲဒါ ငါ့အမေပြောတာမဟုတ်ဘူး။ ငါငယ်ငယ်ကအမေနဲ့မနေရဘူး။ ငါ့အဖေကလည်း ပုံပြောတာ ဝါသနာမပါဘူး။ ငါ့အဘွားပါ။ "
Merv နားထောင်ရတဲ့ပုံပြင်တွေအကြောင်းကိုကြားတော့ စိတ်ထဲမှာနွေးခနဲဖြစ်သွားသည်။ ကျွန်တော့်အဘွားလည်းဒီလိုပုံပြင်တွေ တခါတရံပြောပြတတ်သည်။
ကျွန်တော်တို့ဟာ ငယ်ဘဝမှာ မင်းသားလေးနဲ့ မင်းသမီးလေးပုံပြင်တွေနားဆင်၍ ကြီးပြင်းရသည်။ ကျောင်းသင်ခန်းစာမှာ 'သူ' နဲ့ 'သူမ' အကြောင်းကဗျာတွေသင်ရသည်။ ဝထ္ထုတွေသင်ရသည်။ သီချင်းတွေနားဆင်ရသည်။
ကျွန်တော်တို့ဘယ်တုန်းကမှ သူဆိုတဲ့နာမ်စားကိုချစ်ဖို့ မသင်ခဲ့ရ။ ပုံပြင်တွေ နားမထောင်ခဲ့ရ။
ဒါပေမဲ့ ကျွန်တော်ရွေးချယ်ခဲ့သည်။
ကျွန်တော့်ကို ချစ်သူလို တင်းတင်းကျပ်ကျပ် ပွေ့ဖက်မဲ့ ယောကျာ်းတစ်ယောက်ရှိပါ့မလား?
ကျွန်တော့်နှုတ်ခမ်းတွေကို အနမ်းပေးချင်တဲ့ ယောကျာ်းတစ်ယောက်ရှိပါ့မလား?
ကျွန်တော်ရော ယောကျာ်းတစ်ယောက်နဲ့ အချစ်ပုံပြင်ကောင်းကောင်းလေး တစ်ခုရရှိပါ့မလား?
ဒီမေးခွန်းတွေကို အခေါက်ခေါက်အခါခါမေးရင်းနဲ့ပဲ ကျွန်တော်ရွေးချယ်ခဲ့သည်။
" ဆော်ရီး ... မင်းမိဘတွေက ငယ်ငယ်ထဲက ကွဲနေကြတာလား ? "
" အင်း, ငါမွေးကတည်းက ဆိုတော့ အဲဒါနဲ့ပတ်သတ်ပြီး ခံစားချက်သိပ်မရှိပါဘူး။ ကျောင်းတုန်းကမိဘတွေလာရတဲ့ပွဲမှာ တစ်ခါတလေ သူတို့နှစ်ယောက်ကိုတူတူမြင်ရရင် ငါ့ဘာငါတောင် ကြောင်တောင်တောင်ဖြစ်နေတာ "
ကျွန်တော်တို့ မြို့ထဲရောက်လာပြီဖြစ်ပြီး နောက်ထပ် မိန်းမီးပွိုင့်သုံးခုလောက်ဖြတ်ပြီးရင် ခရီးဆုံးဂလော်ရီယာတိုက်ခန်းတွေကနေ ကြိုဆိုနေပါမည်။ Merv ကို ကျွန်တော့်ရဲ့စာမျက်နှာတွေမှာ ပါစေချင်သေးသည်။ ကျွန်တော့်ဇာတ်လမ်းကိုရေးနေတဲ့သူဟာ ကျွန်တော်ကိုယ်တိုင်ပဲဖြစ်တာမို့ လိုချင်တဲ့ ဇာတ်ကောင်အတွက် ကြိုးစားရမည် မဟုတ်လား။
" Merv နက်ဖြန်ဘာအစီအစဉ်ရှိလဲ ? "
" ထုံးစံအတိုင်းအအေးဆိုင်မှာ တံဆိပ်တုံးထုမယ်။ လက်မှတ်ဖြတ်မယ်။ အအေးဖျော်မယ် "
" အလုပ်ပြီးရင် ငါနဲ့တနေရာရာသွားချင်လား "
မီးနီနေတော့ကားရပ်လိုက်ပြီး Merv ကိုခိုးကြောင်ခိုးဝှက်ကြည့်ရင်း ရင်တထိတ်ထိတ်နဲ့မေးလိုက်သည်။ လက်ဖျားတွေလည်းအေးစက်...စက်။
" နိုး ... "
ဟင်!! ငြင်းတာမြန်လိုက်တာ။
" ဆော်ရီး.. Cyril ငါက "
" ရပါတယ်။ ငါကဒီတိုင်းပဲမေးကြည့်တာပါ။ စိတ်ထဲမထားနဲ့ "
" ဒါနဲ့ မင်း အားတဲ့အခါ အအေးဆိုင်လာခဲ့ ... ငါ Topping တွေအများကြီးထည့်ပေးမယ် "
ဖြစ်နိုင်ရင်အခုချက်ခြင်းတောင် သူ့အအေးဆိုင်ကိုမောင်းသွားပြီး အအေးထိုင်သောက်ချင်နေပြီ။ ရင်တွေတော်တော်ပူနေပြီလေ။ ခုပဲခေါ်တယ် ခုပဲလာတယ်ဆိုတယ်ဆိုတဲ့အားမနာလျှာမကျိုးအကောင်ဆိုပြီး ခေါင်းစဉ်အတပ်မခံနိုင်တော့ အပူရုပ်ကို ဟန်လုပ်ရင်း နူတ်ဆက်ရသည်။
ကျွန်တော်တို့နှစ်ယောက်လုံးအိမ်ပြန်ရောက်ကြပေမဲ့ နှုတ်ဆက်စကားကတော့ " တာ့တာ့ " တဲ့။
Bạn đang đọc truyện trên: ZingTruyen.Xyz