Chapter (9)
" ♪♬ Cecilia, you're breaking my heart
You're shaking my confidence daily
Oh Cecilia, I'm down on my knees
I'm begging you please to come home ♪♬ "
ေရဒီယိုကလာေနတဲ့သီခ်င္းကို ကၽြန္ေတာ္သြားခ်ဲ႕လိုက္သည္။ ဒီသီခ်င္းထဲက Shawn Mendes အသံကို ကၽြန္ေတာ္သိပ္ႀကိဳက္သည္။ ကေလးသံမေပ်ာက္ေသး လူႀကီးသံမေရာက္ေသးတဲ့ သူ႔အသံဟာ အျပစ္ကင္းစင္ၿပီးခ်ိဳၿမိန္သည္။
ကၽြန္ေတာ္တို႔ မတ္စ္ေတာင္းကိုေရာက္ေနတာ ႏွစ္ရက္ရွိၿပီ။ ႏွစ္ရက္အတြင္း အိမ္ကေကၽြးသမွ်အကုန္စားတယ္။ စားမဝရင္ ကိုယ့္ဘာသာကိုယ္ထပ္လုပ္စားတယ္။ လစ္ဇာကေတာ့ သူမရဲ႕ေပါင္တစ္ရာခႏၶာေလး ထိန္းသိမ္းရမည္ျဖစ္သျဖင့္ အစားအေသာက္ေတြကို လမ္းခြဲထားေသာခ်စ္သူရည္းစားလိုပင္ ဆက္ဆံသည္။ ကၽြန္ေတာ္က မုန္႔ပဲသေရစာေတြတစ္ခုၿပီးတစ္ခုယူလာတိုင္း လစ္ဇာ မ်က္ႏွာမွာ " နင္ ငါ့နားကပ္ဖို႔မႀကိဳးစားနဲ႔... ငါ့ေဝးေဝးမွာေနစမ္း " လို႔ေရးသားထားသလိုေပါ့။
Niel ကအၿမဲတမ္းညည္းသည္။
" နင္နဲ႔အိပ္ယာထဲမွာအတူရွိမဲ့ေကာင္က ဒါေတြဂ႐ုစိုက္မယ္ထင္လား။ ခပ္ေခ်ာေခ်ာေကာင္မေလး အဝတ္ေတြမပါဘဲ သူ႔ေဘးေရာက္ေနတာထက္ ဘာကမွ ကံေကာင္းတာမရွိဘူး လို႔ပဲေတြးေနမွာ "
" ဒါဆို မိန္းကေလးေတြက အိပ္ယာေပၚမွာ နင္တို႔ဟာေတြ သြားၾကားထိုးတံေလာက္ပဲ ရွိတယ္လို႔ ေျပာမွာမ်ိဳးဂ႐ုမစိုက္ဘူးေပါ့ "
" ♪♬ Uh-uh-uh-eh-eh Uh-uh-uh-eh-eh ♪♬ "
သီခ်င္းကေတာ့ ဆက္လာေနသည္။
'မိန္းကေလးေတြနဲ႔ ဘယ္ေတာ့မွ ျငင္းဖို႔မႀကိဳးစားနဲ႔'.. 'သူတို႔ကအၿမဲမွန္တယ္'... ဆိုတဲ့ ဘိုးဆင္ေဘာင္ဆက္ပုရိသတို႔ထားခဲ့ေသာအဆိုမွာအလကားမဟုတ္။
ေယဘုယ်အားျဖင့္ မိန္းကေလးတစ္ေယာက္ကေျပာမယ္။ အရပ္ျမင့္တဲ့ေယာက်ာ္းေလးမ်ိဳးကို သူၾကိဳက္တယ္ေပါ့။ ဒီအခါ ဘယ္ေယာက်ာ္းေလးကမွ ကိုယ္ကအရပ္ပုသြားရင္ေရာမႀကိဳက္ဘူးလားဆိုတဲ့ ေမးခြန္းေတြမလာသလို၊ အရပ္ကိုႀကိဳက္တာလား? လူကိုႀကိဳက္တာလား? ဆိုၿပီးၾကံဖန္ျပသနာမရွာတတ္ပါ။
ေယဘုယ်အားျဖင့္ ေယာက်ာ္းေလးတစ္ေယာက္ကေျပာမယ္။ ဆံပင္ရွည္တဲ့မိန္းကေလးမ်ိဳးကိုႀကိဳက္တယ္။ ဒီအခါမွာေတာ့လာပါၿပီ။ ကၽြန္မ ဒီဆံပင္ေတြကိုၫွပ္လိုက္မယ္ ရွင္ဘာျဖစ္ခ်င္လဲ။ အဲေတာ့ ကၽြန္မ ကတံုးမျဖစ္သြားရင္ ရွင္ကပစ္သြားမယ္ေပါ့။ ဆံပင္ကိုႀကိဳက္တာလား? လူကိုႀကိဳက္တာလား? ရွင္တို႔က အဓိပၸာယ္မရွိတာ။
ကၽြန္ေတာ္ခိုင္းႏႈိင္းျပတာနဲ႔ပတ္သတ္ၿပီး မိန္းကေလးေတြ ေခ်ပဖို႔နည္းလမ္းရွာေနၾကေလာက္ၿပီ။
♪♬ I turn my radio up and it's just my luck
Why me? ♪♬
♪♬ I turn my TV on, it's the same old song
Why are you following me? ♪♬
♪♬ It's like a 'missing you' sign
Is written on my face
Why eh? ♪♬
♪♬ It's like everybody knows
'Cause everywhere I go
The whole world is singing to me, yeah ♪♬
Niel ကလစ္ဇာေျပာသည့္စကားမ်ားနဲ႔ ထိရွေနေပမဲ့ ကၽြန္ေတာ္က ဘယ္မိန္းကေလးနဲ႔မွ ကုတင္ေပၚတက္မွာမဟုတ္တဲ့အတြက္မထိရွပါ။ ေရဒီယိုကလာေနတဲ့ သီခ်င္းစာသားေတြနဲ႔သာ ထိရွေနသည္။
Niel ထိရွရျခင္းအေၾကာင္းရင္းရွိသည္။ သူအထက္တန္းပထမႏွစ္ကတည္း ရည္းစားစထားတာျဖစ္ၿပီး သူတို႔အတူတူ ရည္းစားလိုအိပ္ၾကသည္ေပါ့။ မိန္းကေလးေတြအတြက္ ပထမဆံုးအေတြ႕အၾကံဳကအေရးႀကီးသလို ေယာက်ာ္းေလးေတြအတြက္ ပထမဆံုးကလည္းသိပ္အေရးႀကီးသည္။
" သူမ ခံစားခ်က္ေကာင္းပါ့မလား? "
" သူမရဲ႕ ေနရာမွန္ကို ရွာေတြ႕ႏိုင္ပါ့မလား? "
" ကိုယ့္အရြယ္အစားကို သူမေက်နပ္ပါ့မလား? "
" ျမန္ေနမလား? ၾကာေနမလား? "
" အလိုရွိသေလာက္ မာပါ့မလား? "
" ၿပီးေရာၿပီးပါ့မလား? "
မိန္းကေလးေတြစိတ္ဖိစီးတာနဲ႔နည္းတူ စိတ္ဖိစီးရသည္။ Niel ရဲ႕ေကာင္မေလးက ေကာလိပ္ေက်ာင္းသူျဖစ္ၿပီး သူ႔ထက္အမ်ားႀကီးအေတြ႕အၾကံဳရွိတဲ့အတြက္ ပိုၿပီးစိတ္ဖိစီးရသည္။ အျပင္လူၾကည့္ရင္ အထက္တန္းေက်ာင္းသားအရြယ္နဲ႔ အခ်ီႀကီးမိၿပီလို႔ ျမင္ရေပမဲ့ Niel ျဖစ္ေနတာ ကၽြန္ေတာ္ပဲသိသည္။
Niel ရဲ႕အရြယ္အစားက ႀကီးတဲ့ထဲလည္းမပါ။ ေသးတဲ့ထဲလည္းမပါ။ ၾကည့္ေကာင္းၿပီး အေနေတာ္ပဲ။ ဒီေနရာမွာ ကၽြန္ေတာ္က ေဂးတစ္ေယာက္ျဖစ္ေနလို႔ ေယာက်ာ္းအဂါၤျမင္တိုင္း ထႂကြေနတယ္လို႔ထင္ေနရင္ တိုင္နဲ႔ေခါင္းနဲ႔ေျပးေဆာင့္လိုက္ပါ။ ေဂးတစ္ေယာက္ျဖစ္ျခင္းဟာ ေယာက်ာ္းတိုင္းကို ႀကိဳက္ေနတာမဟုတ္။ ကိုယ္ႀကိဳက္တဲ့စတိုင္ဆိုတာရွိၿပီး အဲကြင္းဆက္ထဲက ေယာက်ာ္းေတြကိုပဲႀကိဳက္တာပါ။ ထႂကြတာပါ။
Niel ရဲ႕ပထမဆံုးအေတြ႕အၾကံဳရလဒ္ကေတာ့ (A+) ပဲ။ ေနရာမွန္ေရာက္ဖို႔အခ်ိန္ေတာ့ယူရေပမဲ့ တကယ္တမ္းေရာက္သြားေတာ့ သူ႔ေကာင္မေလးက ျပင္းျပင္းထန္ထန္ သူ႔နာမည္ကိုညည္းတယ္။ ခရစ္ရွန္နဲ႔ ပတ္ထရစ္က ေကာင္မေလးရဲ႕ ရင္သားေတြအေၾကာင္းေမးၿပီးစိတ္လႈပ္ရွားၾကေပမဲ့ ကၽြန္ေတာ္ကေတာ့ ရင္ထဲကအလံုးႀကီးက်သြားသလိုခံစားရသည္။
အခုေတာ့ ဒီေကာင္က ဆရာႀကီးျဖစ္ေနၿပီ။
" အရြယ္အစားကအေရးမႀကီးပါဘူး။ နည္းမွန္လမ္းမွန္ဖို႔ကအေရးႀကီးတာ အပ်ိဳႀကီးရဲ႕… ဒါမ်ိဳးေတြ အပ်ိဳႀကီးက ဘယ္သိပါ့မလဲ "
" ငါက အပ်ိဳႀကီးမဟုတ္ဘူး "
" ေအးကြာ Niel … မင္းကလည္း အပ်ိဳေလးေလာက္ေတာ့လုပ္ပါ "
" Cyril နင္ကဘယ္သူ႔ကိုျပန္ေျပာေနတာလဲ "
" Cyril ကနာက်င္မႈကိုအံတုဖို႔ က်င့္ၾကံေနတာ "
Niel က ကၽြန္ေတာ့္ဘက္ကို ဖင္ကုန္းျပကာ လက္နဲ႔႐ိုက္ျပေနသည္။ ပါးစပ္ကလည္း " နာတယ္ ေျဖးေျဖး" တို႔ဘာတို႔ေအာ္ျပေနသည္။ ဒီေကာင္ေတာ့ ေသခ်င္ေနျပန္ၿပီ။
" ♪♬ Cecilia, you're breaking my heart,
You're shaking my confidence daily ♪♬
♪♬ Oh Cecilia, I'm down on my knees
I'm begging you please to come home ♪♬
Uh-uh-uh-eh-eh
Uh-uh-uh-eh-eh
Uh-uh-uh-eh-eh
Uh-uh-uh-eh-eh-eh-eh-eh ♪♬ "
ညေနပိုင္းၾကေတာ့ တစ္ကိုယ္လံုးအေၾကာေတြ ဖ်င္းခနဲဖ်င္းခနဲျဖစ္ေအာင္လုပ္ႏိုင္တဲ့ စမ္းေရအိုင္မွာ ေရသြားကူးသည္။ သစ္ပင္မွာတြဲေလာင္းက်ေနတဲ့ သစ္ႏြယ္ခက္ေတြဟာ ကေလးအရြယ္အတြက္ေတာ့ ေရထဲခုန္ခ်ဖို႔အေကာင္းဆံုးအရာပါပဲ။ ဒီအခ်ိန္သြားတြယ္ခိုစီးရင္ေတာ့ သစ္ႏြယ္ေတြေရာ လူပါကိစၥေလွ်ာသြားမည္။
ေရအိုင္အနီးနားမွာရွိတဲ့ Dragonfly ေတြကိုလိုက္ဖမ္းသည္။ ငယ္ငယ္က လူ ၁၈ ေယာက္စုၾကည့္ရတဲ့ဟာမ်ိဳးျပမယ္ဆိုလို႔ ရည္မွန္းခ်က္ႀကီးနဲ႔ အေဖေနာက္လိုက္ခဲ့ၿပီးမွ အေဖက ဒီေကာင္ေတြမိတ္လိုက္တာကိုျပခဲ့သည္။ ဒီေကာင္ေလးေတြက အထီးနဲ႔အမ တစ္ေကာင္လည္ပင္းတစ္ေကာင္ ခ်ည္ေႏွာင္ရင္း မိတ္လိုက္ၾကတာျဖစ္ၿပီး သူတို႔မိတ္လိုက္တဲ့အခါ အသည္းပံုေလးေပၚေနသည္မွာ ထူးျခားခ်က္ပင္။
ကၽြန္ေတာ့္အစ္မ Lia ကေတာ့ ေဟာ္လိုးဝင္းဖ႐ုံသီးၿပိဳင္ပြဲစီစဥ္ရာမွာကူညီေနၿပီး သစ္ေစ့မ်ိဳးေစ့ေတြကိုခြဲျခမ္းစိတ္ျဖာတဲ့ေဒါက္တာတစ္ေယာက္နဲ႔ ေတာ္ေတာ္ကိုမွ ေလေပးေျဖာင့္ေနသည္။ သူမအရပ္က ေဒါက္တာေကာင္ရဲ႕ ခါးတစ္ဝက္ေလာက္သာရွိသည္။ သူတို႔ႏွစ္ေယာက္အရြယ္အစားကို ယွဥ္ၾကည့္ရင္း ႐ုတ္တရက္ကၽြန္ေတာ့္ခါးမွ ဆစ္ခနဲစိတ္ကူးနဲ႔နာသြားသည္။ ကၽြန္ေတာ့္အစ္မက မႏိုင္ဝန္ထမ္းဖို႔ႀကိဳးစားေနတာပဲ။
မနက္ျဖန္ဖေလာ္ရယ္ဆြန္ကိုျပန္ေတာ့မည္ျဖစ္သျဖင့္ ကၽြန္ေတာ္တို႔ဂစ္တာေတြတီးၿပီး ညလံုးေပါက္သီခ်င္းဆိုရင္း ဘီယာေသာက္ရင္းကုန္ဆံုးၾကသည္။ ညအစပိုင္းမွာေတာ့ " Best day of my life , I feel good , Great balls of fire , Really don't care , Can't stop the feeling " သီခ်င္းအျမဴးေတြႀကီးပဲေရြးဆိုၾကသည္။ ညနက္လာေလ အသည္းကြဲသီခ်င္းေတြ ျဖစ္လာေလကေတာ့ စိတ္အေျခအေနအရေပါ့ " Payphone , Steal My girl , Memories , See you again, You are the reason "
Niel ကသီခ်င္းကိုေကာင္းေကာင္းဆိုတတ္သည္။ Niel ရဲ႕စာမ်က္ႏွာအမ်ားစုမွာ သီခ်င္းေတြက အေရးပါတဲ့ေနရာမွာရွိသည္။ ေပ်ာ္ရင္လည္း သူက ဂစ္တာတီးၿပီးသီခ်င္းဆိုတတ္သည္။ ဝမ္းနည္းရင္လည္း တိတ္ဆိတ္စြာဂစ္တာတီးေနတတ္သည္။ အထက္တန္းတုန္းကလည္း ညဘက္ကလပ္ေတြမွာ ေဖ်ာ္ေျဖေရးအဖြဲ႕ေတြနဲ႔ အခ်ိန္ပိုင္းသီခ်င္းဆိုတဲ့ အလုပ္လုပ္ဖူးသည္။
" Niel မင္းႀကိဳက္တဲ့ေကာင္မေလးေတြကိုဘယ္လို လိုက္ခဲ့လဲ "
သီခ်င္းဆိုပြဲႀကီးၿပီးဆံုးသြားေတာ့ ကၽြန္ေတာ္တို႔ အခန္းမွာျပန္အိပ္ၾကသည္။ လစ္ဇာက အသည္းကြဲသီခ်င္းေတြမစခင္ကတည္းက အိပ္ေပ်ာ္ေနတာျဖစ္ၿပီး အခုေလာက္ဆို အိမ္မက္ကမာၻထဲေရာက္ေလာက္ၿပီ။ ကၽြန္ေတာ္နဲ႔ Niel က ဒီဘက္ကုတင္မွာ တူတူအိပ္သည္။
" ဒီေမးခြန္းက ငါ့အတြက္ခက္ခဲတယ္။ ငါက အႀကိဳက္ခံလူတန္းစားဆိုေတာ့ ဟဲဟဲ "
" ေသခ်င္းဇိုးရဲ႕ ငါအတည္ေမးေနတာ "
Niel က ကုတင္ေပၚအိပ္ေနရာမွထထိုင္လိုက္ၿပီး ကၽြန္ေတာ့္ကို စူးစူးစိုက္စိုက္ၾကည့္သည္။
" ႀကိဳက္တဲ့ေကာင္ေလးေတြ႕ေနၿပီလား ? "
" ငါ့ဘက္ကပါပဲ "
" သူ႔ဘက္ကေရာ? "
" ငါသူနဲ႔ တေနရာရာသြားဖို႔ခ်ိန္းတယ္ကြာ။ သူကျငင္းလိုက္တယ္။ အဲဒီမွာတင္ရပ္ေနတယ္ "
" မင္းက အဆင့္ေက်ာ္လိုက္တာ! "
" ငါ တေနရာရာသြားဖို႔ပဲခ်ိန္းရေသးတာေလ! အဲဒါအစမဟုတ္ဘူးလား? "
" အဲမတိုင္ခင္မွာ ႏွစ္ဆင့္လိုေသးတယ္။ အရင္ဆံုး သူ႔ကို ျပံဳးေအာင္လုပ္ရမယ္။ ဟာသေတြေျပာၿပီး တဟားဟားနဲ႔ရယ္တာမ်ိဳးမဟုတ္ဘဲ သူသေဘာက်တဲ့အရာ တခုခုေဆြးေႏြးရင္းျပံဳးလာတာမ်ိဳးျဖစ္ေအာင္လုပ္ရမယ္။ ၿပီးရင္ မင္းအျပံဳးေလးကသိပ္လွတယ္ဆို ေျပာရမယ္။ အဲဒီအဆင့္ႏွစ္ခုၿပီးမွ ငါနဲ႔ တေနရာရာသြားမလားဆို ခ်ိန္းရတယ္ကြ "
" တကယ္အလုပ္ျဖစ္မွာလား? "
" အခ်ိန္မေရြးဘဲ "
" သူက ဘယ္သူလဲ ငါသိတဲ့သူလား? "
" ကယ္! Niel ေလးအိပ္ခ်ိန္တန္ၿပီ ဂြတ္ႏႈိက္ "
" ေျပာျပလို႔ ေျပာျပ… ေျပာျပ… ေျပာျပ… "
" ခူးးး ခေလာ Zzzz…zzzz… "
" ေခြးသားေလးးး "
.
.
.
မနက္မိုးမလင္းခင္ကတည္းက ကၽြန္ေတာ္တို႔ 3 ေယာက္သား ဖေလာ္ရယ္ဆြန္ကိုျပန္ဖို႔လံုးပန္းရသည္။ ႏြားျခံမွာအလုပ္႐ႈပ္ေနတဲ့ အေဖကိုႏႈတ္ဆက္ကာနီး အေဖက လက္ႏွစ္ဖက္ျဖန္႔သျဖင့္ ကၽြန္ေတာ့္ကိုေပြ႕ဖက္မည္အထင္နဲ႔ ကၽြန္ေတာ္ကျပန္ဖက္မလို႔ဟန္ျပင္ေသး ကၽြန္ေတာ့္ကိုေက်ာ္ၿပီး ႏြားမႀကီးကိုသြားေပြ႕ဖက္ေနသည္။ အဆံုးထိတိုင္ အျမင္ကတ္စရာေကာင္းတဲ့ ခ်ီးထုပ္အေဖတစ္ေယာက္ပါပဲ။
တကၠသိုလ္မွာလည္းေဟာ္လိုးဝင္းပေရာ့ဂ်က္ရွိၿပီး မႏွစ္ကေတာ့ ကၽြန္ေတာ္တို႔ေမဂ်ာနဲ႔ ဒီဇိုင္းဌာနကေက်ာင္းသားေတြနဲ႔ အႀကီးအက်ယ္အခ်င္းပြားခဲ့သည္။ ေမဂ်ာေဘာလံုးပြဲက စတင္တဲ့အၿငိဳးေတြေလ။
" ♪♬ If there's something strange
In your neighborhood
Who you gonna call?
Ghostbusters! ♪♬
ကၽြန္ေတာ္တို႔ေမဂ်ာကသူေတြ သရဲႏွိမ္နင္းေရး "Ghostbusters" အဖြဲ႕အျဖစ္ဝတ္ဆင္ၿပီး ဒီဇိုင္းဌာနမွ သရဲအမ်ိဳးမ်ိဳးအျဖစ္ဝတ္ဆင္ထားတဲ့ ေက်ာင္းသားေတြကို သြားေရာက္ႏွိမ္နင္းခဲ့သည္။
♪♬ If there's something weird
And it don't look good
Who you gonna call?
Ghostbusters! ♪♬
ေလမႈတ္စက္ေတြထဲ ဂ်ံဳမႈန္႔ေတြထည့္ထားၿပီး အကုန္လံုးကို မႈတ္ထုတ္ခဲ့ရသည္မွာ ေအာင္ပြဲခံရသလို။
♪♬ I ain't afraid of no ghost
I ain't afraid of no ghost ♪♬ "
ေက်ာင္းက အသံဌာနကိုလည္း Ghostbusters သီခ်င္းေတာင္းထားသျဖင့္ ေနာက္ခံေတးသြားနဲ႔အတူ သရဲႏွိမ္နင္းရသလိုပဲ ဖီးလ္ဆိုးဂြတ္ဒ္။ အဆံုးသတ္မွာ ကၽြန္ေတာ္တို႔တစ္ေမဂ်ာလံုး ပါေမာကၡခ်ဳပ္ဆီမွာ လက္မွတ္ထိုးလိုက္ရသည္။
ဒီႏွစ္ေတာ့ ကၽြန္ေတာ္ေက်ာင္းမသြားဘဲ ဂေလာ္ရီယာမွာပဲအခ်ိန္ျဖဳန္းမည္။ ေရြးခ်ယ္ထားတဲ့ဝတ္စံုကေတာ့ ရဲအရာရွိဝတ္စံုပါ။ Merv ကိုလည္း ဝတ္စံုတစ္ခုခုနဲ႔ျမင္ရဖို႔အတြက္ စိတ္လႈပ္ရွားမိသည္။ သူဘာဝတ္မလဲ မတ္ေဆ့ခ်္နဲ႔ေမးၾကည့္ဖို႔ ေတြးမိေပမဲ့ ဒီလိုမ်ိဳးက ျမင္ရမွသိရတာေကာင္းတဲ့အရာမ်ိဳးျဖစ္တာနဲ႔ စိတ္ကိုပဲခ်ဳပ္ထိန္းလိုက္သည္။
ကၽြန္ေတာ္အေမကေတာ့ ေဟာ္လိုဝင္းပူတင္းေတြ အေျမာက္အျမားဖုတ္ထားၿပီျဖစ္ၿပီး မုန္႔ေစ်းတန္းမွာသြားေဝမည္။ အခု သူမရဲ႕ ပူတင္းဗန္းေတြကို ကၽြန္ေတာ္က ေအာက္ထပ္ကိုကူသယ္ခ်ေပးေနရသည္။
" ေဟး ... ပူတင္းစားမလား "
ေဘးခ်င္းကပ္တိုက္က ကေလးမေလးကို ကၽြန္ေတာ္ ပုတင္းဘူးေလးနဲ႔ သြားျမဴသည္။ ကေလးမေလးက စကားတစ္လံုးစ,ႏွစ္လံုးစ ေျပာတတ္သည့္အရြယ္ေလးျဖစ္ၿပီး မတရားခ်စ္ဖို႔ေကာင္းသည္။ မတ္စ္ေတာင္းက ကေလးေတြက စကားေျပာတတ္၊ ေမ်ာက္က်ေအာင္ေဆာ့တတ္ေတာ့ မ်က္စိေနာက္ၿပီး နားညည္းသည္။
ကၽြန္ေတာ္လမ္းၾကားဘက္ကိုသြားဖို႔လုပ္တုန္း တစ္ဖက္လမ္းဘက္ရဲ႕သစ္ပင္ႀကီးမွာအလုပ္႐ႈပ္ေနေသာ Merv ကိုေတြ႕လိုက္သည္။ ခ်က္ခ်င္း ပူတင္းဗန္းႀကီးကိုင္ၿပီး အဲဘက္ကိုကူးသြားသည္။
" ေဟး Merv! သစ္ပင္နဲ႔တစ္ခုခုလုပ္ဖို႔ အစီအစဥ္ရွိလို႔လား ? "
" ဟိုဆိုင္က အဖိုးႀကီးေဂ်ာ့္ဒ္ကို ကူညီခ်င္လို႔ပါ။ သူက သူ႔သစ္ပင္ကို အလွဆင္ႏိုင္ေလာက္တဲ့အထိ မက်န္းမာေတာ့ဘူးေလ "
Merv က "ေခြးမ်ားဝင္မလာပါႏွင့္" လို႔ဆိုင္းဘုတ္တပ္ထားတဲ့မုန္႔ဆိုင္ကိုလက္ညိႇဴးထိုးျပသည္။
" ငါတစ္ခါမွအဲဆိုင္ကမဝယ္ဖူးဘူး "
" ဆိုင္းဘုတ္ေတြေၾကာင့္လား? "
" ဟုတ္တယ္ေလ… ဒီေလာက္အူေၾကာင္ေၾကာင္ႏိုင္တဲ့ဆိုင္းဘုတ္ေတြေရးထားတာ "
" ငါလည္းအဲလိုေတြးဖူးတယ္။ ဒါေပမဲ့ ေစ်းခ်ထားတယ္ဆို ဘာမုန္႔ေတြလဲလို႔စပ္စုလိုက္တာကေန အဖိုးႀကီးမွာကင္ဆာရွိေနတယ္ဆိုတာ သိလိုက္ရတယ္။
အဲဒါေၾကာင့္ (ဘဝကတိုေတာင္းပါသည္။ ယခုခ်က္ျခင္းေစ်းေလ်ာ့ထားေသာပစၥည္းမ်ားကို ဝယ္ယူလိုက္ပါ) ဆိုတဲ့ဆိုင္းဘုတ္တစ္ခုကိုေတာ့ ငါနားလည္ေပးလို႔ရတယ္။ ေခြးေတြနဲ႔ပတ္သတ္တဲ့ဆိုင္းဘုတ္ကိုေတာ့ ေလ့လာတုန္း "
Merv ကကၽြန္ေတာ့္ကိုစကားသာေျပာေနေပမဲ့ သူ႔အေတြးက သစ္ပင္ကိုဘယ္လိုအလွဆင္ရမလဲ ေတာက္ေလွ်ာက္ေတြးေတာေနပံုေပၚသည္။
" ပူတင္းေတြ ယူစားလို႔ရတယ္ေနာ္ "
ခံုတန္းလ်ားတစ္ခုေပၚမွာ ပူတင္းဗန္းကိုတင္ေပးၿပီး ျဖတ္သြားျဖတ္လာေတြကို ကၽြန္ေတာ္အသိေပးလိုက္သည္။ မုန္႔ေစ်းတန္းမေရာက္ေတာ့ေပမဲ့လို႔ တျခားသူအလကားေကၽြးမွာျခင္းအတူတူပဲဆိုေတာ့..။
" ငါေရာမင္းနဲ႔တူတူကူေပးလို႔ရမလား? "
" ေသခ်ာတာေပါ့… ဒါမဲ့ ျပသနာက ငါသစ္ပင္ေတြအလွမဆင္တာ 15 ႏွစ္သားထဲကဆိုေတာ့ အိုင္ဒီယာခမ္းေနတယ္ "
" သစ္ပင္ေတြအလွဆင္တယ္ဆိုတာ ခရစၥမတ္မွပါ… ေဟာ္လိုးဝင္းဆိုတာ ဖ်က္ဆီးဖို႔ေလ "
" မင္း! မင္း! ကင္ဆာျဖစ္ေနတဲ့အဖိုးႀကီး ပ်ိဳးေထာင္ထားတဲ့ တစ္ခုတည္းေသာ သစ္ပင္ေလးကိုဖ်က္ဆီးမလို႔လား ? "
" အိုး မိုင္ ေဂါ့ … Merv ငါတကယ္မဖ်က္ဆီးပါဘူး။ TP-ing လုပ္မို႔ပါ "
Merv အေတြးေပါက္သြားၿပီး ႏူးႏူးညံ့ညံ့ျပံဳးသည္။ ထံုးစအတိုင္းႏွာေခါင္းေလးအနည္းငယ္ရႈံ႕ၿပီးေပါ့။
" မင္းျပံဳးတာ ခ်စ္စရာေလး… ငါၾကိဳက္တယ္ "
စိတ္ကေျပာဖို႔ျပင္ဆင္ကာရွိေသး ပါးစပ္ကထြက္သြားသည္။ ေျပာၿပီးကာမွ တေျဖးေျဖးနဲ႔ ႐ူးခ်င္စိတ္ေပါက္လာသည္။ နဂိုစိတ္အေျခအေနနဲ႔ဆို TP-ing ကိုနံပါတ္ေတြနဲ႔တပ္ၿပီး ရွင္းျပေနမွာျဖစ္ေပမဲ့ ဒီနံပါတ္ေတြအကုန္လံုးက ကၽြန္ေတာ့္ႏွလံုးခုန္ႏူန္းဆီမွာသြားေပါင္းေနၾကသည္။
" အိုးး , ေက်းဇူးတင္ပါတယ္… ငါ… ငါ… အဖိုးႀကီးေဂ်ာ့္ဒ္ဆီမွာ Toilet Paper ေတြသြားေတာင္းလိုက္ဦးမယ္ "
ဘာအတြက္ေက်းဇူးတင္တာလဲ? အျပံဳးအတြက္လား? TP-ing အိုင္ဒီယာအတြက္လား? သူဟာ အႀကိမ္တိုင္း ကၽြန္ေတာ့္ကိုအသိစိတ္လြတ္ေစသည္။
ထြက္သြားတဲ့ Merv ေက်ာျပင္ကိုၾကည့္ရင္း ေသစမ္းလို႔ ကိုယ့္ဘာသာကိုယ္က်ိန္ဆဲမိသည္။ TP-ing လုပ္ေနတဲ့တစ္ခ်ိန္လံုး စိတ္ကသိကေအာက္ႏိုင္ေနရင္ ဘယ္လိုလုပ္မလဲ။
(TP-ing = Toilet Papering)
....................................................
" ♪♬ Cecilia, you're breaking my heart
You're shaking my confidence daily
Oh Cecilia, I'm down on my knees
I'm begging you please to come home ♪♬ "
ရေဒီယိုကလာနေတဲ့သီချင်းကို ကျွန်တော်သွားချဲ့လိုက်သည်။ ဒီသီချင်းထဲက Shawn Mendes အသံကို ကျွန်တော်သိပ်ကြိုက်သည်။ ကလေးသံမပျောက်သေး လူကြီးသံမရောက်သေးတဲ့ သူ့အသံဟာ အပြစ်ကင်းစင်ပြီးချိုမြိန်သည်။
ကျွန်တော်တို့ မတ်စ်တောင်းကိုရောက်နေတာ နှစ်ရက်ရှိပြီ။ နှစ်ရက်အတွင်း အိမ်ကကျွေးသမျှအကုန်စားတယ်။ စားမဝရင် ကိုယ့်ဘာသာကိုယ်ထပ်လုပ်စားတယ်။ လစ်ဇာကတော့ သူမရဲ့ပေါင်တစ်ရာခန္ဓာလေး ထိန်းသိမ်းရမည်ဖြစ်သဖြင့် အစားအသောက်တွေကို လမ်းခွဲထားသောချစ်သူရည်းစားလိုပင် ဆက်ဆံသည်။ ကျွန်တော်က မုန့်ပဲသရေစာတွေတစ်ခုပြီးတစ်ခုယူလာတိုင်း လစ်ဇာ မျက်နှာမှာ " နင် ငါ့နားကပ်ဖို့မကြိုးစားနဲ့... ငါ့ဝေးဝေးမှာနေစမ်း " လို့ရေးသားထားသလိုပေါ့။
Niel ကအမြဲတမ်းညည်းသည်။
" နင်နဲ့အိပ်ယာထဲမှာအတူရှိမဲ့ကောင်က ဒါတွေဂရုစိုက်မယ်ထင်လား။ ခပ်ချောချောကောင်မလေး အဝတ်တွေမပါဘဲ သူ့ဘေးရောက်နေတာထက် ဘာကမှ ကံကောင်းတာမရှိဘူး လို့ပဲတွေးနေမှာ "
" ဒါဆို မိန်းကလေးတွေက အိပ်ယာပေါ်မှာ နင်တို့ဟာတွေ သွားကြားထိုးတံလောက်ပဲ ရှိတယ်လို့ ပြောမှာမျိုးဂရုမစိုက်ဘူးပေါ့ "
" ♪♬ Uh-uh-uh-eh-eh Uh-uh-uh-eh-eh ♪♬ "
သီချင်းကတော့ ဆက်လာနေသည်။
'မိန်းကလေးတွေနဲ့ ဘယ်တော့မှ ငြင်းဖို့မကြိုးစားနဲ့'.. 'သူတို့ကအမြဲမှန်တယ်'... ဆိုတဲ့ ဘိုးဆင်ဘောင်ဆက်ပုရိသတို့ထားခဲ့သောအဆိုမှာအလကားမဟုတ်။
ယေဘုယျအားဖြင့် မိန်းကလေးတစ်ယောက်ကပြောမယ်။ အရပ်မြင့်တဲ့ယောကျာ်းလေးမျိုးကို သူကြိုက်တယ်ပေါ့။ ဒီအခါ ဘယ်ယောကျာ်းလေးကမှ ကိုယ်ကအရပ်ပုသွားရင်ရောမကြိုက်ဘူးလားဆိုတဲ့ မေးခွန်းတွေမလာသလို၊ အရပ်ကိုကြိုက်တာလား? လူကိုကြိုက်တာလား? ဆိုပြီးကြံဖန်ပြသနာမရှာတတ်ပါ။
ယေဘုယျအားဖြင့် ယောကျာ်းလေးတစ်ယောက်ကပြောမယ်။ ဆံပင်ရှည်တဲ့မိန်းကလေးမျိုးကိုကြိုက်တယ်။ ဒီအခါမှာတော့လာပါပြီ။ ကျွန်မ ဒီဆံပင်တွေကိုညှပ်လိုက်မယ် ရှင်ဘာဖြစ်ချင်လဲ။ အဲတော့ ကျွန်မ ကတုံးမဖြစ်သွားရင် ရှင်ကပစ်သွားမယ်ပေါ့။ ဆံပင်ကိုကြိုက်တာလား? လူကိုကြိုက်တာလား? ရှင်တို့က အဓိပ္ပာယ်မရှိတာ။
ကျွန်တော်ခိုင်းနှိုင်းပြတာနဲ့ပတ်သတ်ပြီး မိန်းကလေးတွေ ချေပဖို့နည်းလမ်းရှာနေကြလောက်ပြီ။
♪♬ I turn my radio up and it's just my luck
Why me? ♪♬
♪♬ I turn my TV on, it's the same old song
Why are you following me? ♪♬
♪♬ It's like a 'missing you' sign
Is written on my face
Why eh? ♪♬
♪♬ It's like everybody knows
'Cause everywhere I go
The whole world is singing to me, yeah ♪♬
Niel ကလစ်ဇာပြောသည့်စကားများနဲ့ ထိရှနေပေမဲ့ ကျွန်တော်က ဘယ်မိန်းကလေးနဲ့မှ ကုတင်ပေါ်တက်မှာမဟုတ်တဲ့အတွက်မထိရှပါ။ ရေဒီယိုကလာနေတဲ့ သီချင်းစာသားတွေနဲ့သာ ထိရှနေသည်။
Niel ထိရှရခြင်းအကြောင်းရင်းရှိသည်။ သူအထက်တန်းပထမနှစ်ကတည်း ရည်းစားစထားတာဖြစ်ပြီး သူတို့အတူတူ ရည်းစားလိုအိပ်ကြသည်ပေါ့။ မိန်းကလေးတွေအတွက် ပထမဆုံးအတွေ့အကြုံကအရေးကြီးသလို ယောကျာ်းလေးတွေအတွက် ပထမဆုံးကလည်းသိပ်အရေးကြီးသည်။
" သူမ ခံစားချက်ကောင်းပါ့မလား? "
" သူမရဲ့ နေရာမှန်ကို ရှာတွေ့နိုင်ပါ့မလား? "
" ကိုယ့်အရွယ်အစားကို သူမကျေနပ်ပါ့မလား? "
" မြန်နေမလား? ကြာနေမလား? "
" အလိုရှိသလောက် မာပါ့မလား? "
" ပြီးရောပြီးပါ့မလား? "
မိန်းကလေးတွေစိတ်ဖိစီးတာနဲ့နည်းတူ စိတ်ဖိစီးရသည်။ Niel ရဲ့ကောင်မလေးက ကောလိပ်ကျောင်းသူဖြစ်ပြီး သူ့ထက်အများကြီးအတွေ့အကြုံရှိတဲ့အတွက် ပိုပြီးစိတ်ဖိစီးရသည်။ အပြင်လူကြည့်ရင် အထက်တန်းကျောင်းသားအရွယ်နဲ့ အချီကြီးမိပြီလို့ မြင်ရပေမဲ့ Niel ဖြစ်နေတာ ကျွန်တော်ပဲသိသည်။
Niel ရဲ့အရွယ်အစားက ကြီးတဲ့ထဲလည်းမပါ။ သေးတဲ့ထဲလည်းမပါ။ ကြည့်ကောင်းပြီး အနေတော်ပဲ။ ဒီနေရာမှာ ကျွန်တော်က ဂေးတစ်ယောက်ဖြစ်နေလို့ ယောကျာ်းအဂါၤမြင်တိုင်း ထကြွနေတယ်လို့ထင်နေရင် တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်လိုက်ပါ။ ဂေးတစ်ယောက်ဖြစ်ခြင်းဟာ ယောကျာ်းတိုင်းကို ကြိုက်နေတာမဟုတ်။ ကိုယ်ကြိုက်တဲ့စတိုင်ဆိုတာရှိပြီး အဲကွင်းဆက်ထဲက ယောကျာ်းတွေကိုပဲကြိုက်တာပါ။ ထကြွတာပါ။
Niel ရဲ့ပထမဆုံးအတွေ့အကြုံရလဒ်ကတော့ (A+) ပဲ။ နေရာမှန်ရောက်ဖို့အချိန်တော့ယူရပေမဲ့ တကယ်တမ်းရောက်သွားတော့ သူ့ကောင်မလေးက ပြင်းပြင်းထန်ထန် သူ့နာမည်ကိုညည်းတယ်။ ခရစ်ရှန်နဲ့ ပတ်ထရစ်က ကောင်မလေးရဲ့ ရင်သားတွေအကြောင်းမေးပြီးစိတ်လှုပ်ရှားကြပေမဲ့ ကျွန်တော်ကတော့ ရင်ထဲကအလုံးကြီးကျသွားသလိုခံစားရသည်။
အခုတော့ ဒီကောင်က ဆရာကြီးဖြစ်နေပြီ။
" အရွယ်အစားကအရေးမကြီးပါဘူး။ နည်းမှန်လမ်းမှန်ဖို့ကအရေးကြီးတာ အပျိုကြီးရဲ့… ဒါမျိုးတွေ အပျိုကြီးက ဘယ်သိပါ့မလဲ "
" ငါက အပျိုကြီးမဟုတ်ဘူး "
" အေးကွာ Niel … မင်းကလည်း အပျိုလေးလောက်တော့လုပ်ပါ "
" Cyril နင်ကဘယ်သူ့ကိုပြန်ပြောနေတာလဲ "
" Cyril ကနာကျင်မှုကိုအံတုဖို့ ကျင့်ကြံနေတာ "
Niel က ကျွန်တော့်ဘက်ကို ဖင်ကုန်းပြကာ လက်နဲ့ရိုက်ပြနေသည်။ ပါးစပ်ကလည်း " နာတယ် ဖြေးဖြေး" တို့ဘာတို့အော်ပြနေသည်။ ဒီကောင်တော့ သေချင်နေပြန်ပြီ။
" ♪♬ Cecilia, you're breaking my heart,
You're shaking my confidence daily ♪♬
♪♬ Oh Cecilia, I'm down on my knees
I'm begging you please to come home ♪♬
Uh-uh-uh-eh-eh
Uh-uh-uh-eh-eh
Uh-uh-uh-eh-eh
Uh-uh-uh-eh-eh-eh-eh-eh ♪♬ "
ညနေပိုင်းကြတော့ တစ်ကိုယ်လုံးအကြောတွေ ဖျင်းခနဲဖျင်းခနဲဖြစ်အောင်လုပ်နိုင်တဲ့ စမ်းရေအိုင်မှာ ရေသွားကူးသည်။ သစ်ပင်မှာတွဲလောင်းကျနေတဲ့ သစ်နွယ်ခက်တွေဟာ ကလေးအရွယ်အတွက်တော့ ရေထဲခုန်ချဖို့အကောင်းဆုံးအရာပါပဲ။ ဒီအချိန်သွားတွယ်ခိုစီးရင်တော့ သစ်နွယ်တွေရော လူပါကိစ္စလျှောသွားမည်။
ရေအိုင်အနီးနားမှာရှိတဲ့ Dragonfly တွေကိုလိုက်ဖမ်းသည်။ ငယ်ငယ်က လူ ၁၈ ယောက်စုကြည့်ရတဲ့ဟာမျိုးပြမယ်ဆိုလို့ ရည်မှန်းချက်ကြီးနဲ့ အဖေနောက်လိုက်ခဲ့ပြီးမှ အဖေက ဒီကောင်တွေမိတ်လိုက်တာကိုပြခဲ့သည်။ ဒီကောင်လေးတွေက အထီးနဲ့အမ တစ်ကောင်လည်ပင်းတစ်ကောင် ချည်နှောင်ရင်း မိတ်လိုက်ကြတာဖြစ်ပြီး သူတို့မိတ်လိုက်တဲ့အခါလအသည်းပုံလေးပေါ်နေသည်မှာ ထူးခြားချက်ပင်။
ကျွန်တော့်အစ်မ Lia ကတော့ ဟော်လိုးဝင်းဖရုံသီးပြိုင်ပွဲစီစဉ်ရာမှာကူညီနေပြီး သစ်စေ့မျိုးစေ့တွေကိုခွဲခြမ်းစိတ်ဖြာတဲ့ဒေါက်တာတစ်ယောက်နဲ့ တော်တော်ကိုမှ လေပေးဖြောင့်နေသည်။ သူမအရပ်က ဒေါက်တာကောင်ရဲ့ ခါးတစ်ဝက်လောက်သာရှိသည်။ သူတို့နှစ်ယောက်အရွယ်အစားကို ယှဉ်ကြည့်ရင်း ရုတ်တရက်ကျွန်တော့်ခါးမှ ဆစ်ခနဲစိတ်ကူးနဲ့နာသွားသည်။ ကျွန်တော့်အစ်မက မနိုင်ဝန်ထမ်းဖို့ကြိုးစားနေတာပဲ။
မနက်ဖြန်ဖလော်ရယ်ဆွန်ကိုပြန်တော့မည်ဖြစ်သဖြင့် ကျွန်တော်တို့ဂစ်တာတွေတီးပြီး ညလုံးပေါက်သီချင်းဆိုရင်း ဘီယာသောက်ရင်းကုန်ဆုံးကြသည်။ ညအစပိုင်းမှာတော့ " Best day of my life , I feel good , Great balls of fire , Really don't care , Can't stop the feeling " သီချင်းအမြူးတွေကြီးပဲရွေးဆိုကြသည်။ ညနက်လာလေ အသည်းကွဲသီချင်းတွေ ဖြစ်လာလေကတော့ စိတ်အခြေအနေအရပေါ့ " Payphone , Steal My girl , Memories , See you again, You are the reason "
Niel ကသီချင်းကိုကောင်းကောင်းဆိုတတ်သည်။ Niel ရဲ့စာမျက်နှာအများစုမှာ သီချင်းတွေက အရေးပါတဲ့နေရာမှာရှိသည်။ ပျော်ရင်လည်း သူက ဂစ်တာတီးပြီးသီချင်းဆိုတတ်သည်။ ဝမ်းနည်းရင်လည်း တိတ်ဆိတ်စွာဂစ်တာတီးနေတတ်သည်။ အထက်တန်းတုန်းကလည်း ညဘက်ကလပ်တွေမှာ ဖျော်ဖြေရေးအဖွဲ့တွေနဲ့ အချိန်ပိုင်းသီချင်းဆိုတဲ့ အလုပ်လုပ်ဖူးသည်။
" Niel မင်းကြိုက်တဲ့ကောင်မလေးတွေကိုဘယ်လို လိုက်ခဲ့လဲ "
သီချင်းဆိုပွဲကြီးပြီးဆုံးသွားတော့ ကျွန်တော်တို့ အခန်းမှာပြန်အိပ်ကြသည်။ လစ်ဇာက အသည်းကွဲသီချင်းတွေမစခင်ကတည်းက အိပ်ပျော်နေတာဖြစ်ပြီး အခုလောက်ဆို အိမ်မက်ကမ္ဘာထဲရောက်လောက်ပြီ။ ကျွန်တော်နဲ့ Niel က ဒီဘက်ကုတင်မှာ တူတူအိပ်သည်။
" ဒီမေးခွန်းက ငါ့အတွက်ခက်ခဲတယ်။ ငါက အကြိုက်ခံလူတန်းစားဆိုတော့ ဟဲဟဲ "
" သေချင်းဇိုးရဲ့ ငါအတည်မေးနေတာ "
Niel က ကုတင်ပေါ်အိပ်နေရာမှထထိုင်လိုက်ပြီး ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်သည်။
" ကြိုက်တဲ့ကောင်လေးတွေ့နေပြီလား ? "
" ငါ့ဘက်ကပါပဲ "
" သူ့ဘက်ကရော? "
" ငါသူနဲ့ တနေရာရာသွားဖို့ချိန်းတယ်ကွာ။ သူကငြင်းလိုက်တယ်။ အဲဒီမှာတင်ရပ်နေတယ် "
" မင်းက အဆင့်ကျော်လိုက်တာ! "
" ငါ တနေရာရာသွားဖို့ပဲချိန်းရသေးတာလေ! အဲဒါအစမဟုတ်ဘူးလား? "
" အဲမတိုင်ခင်မှာ နှစ်ဆင့်လိုသေးတယ်။ အရင်ဆုံး သူ့ကို ပြုံးအောင်လုပ်ရမယ်။ ဟာသတွေပြောပြီး တဟားဟားနဲ့ရယ်တာမျိုးမဟုတ်ဘဲ သူသဘောကျတဲ့အရာ တခုခုဆွေးနွေးရင်းပြုံးလာတာမျိုးဖြစ်အောင်လုပ်ရမယ်။ ပြီးရင် မင်းအပြုံးလေးကသိပ်လှတယ်ဆို ပြောရမယ်။ အဲဒီအဆင့်နှစ်ခုပြီးမှ ငါနဲ့ တနေရာရာသွားမလားဆို ချိန်းရတယ်ကွ "
" တကယ်အလုပ်ဖြစ်မှာလား? "
" အချိန်မရွေးဘဲ "
" သူက ဘယ်သူလဲ ငါသိတဲ့သူလား? "
" ကယ်! Niel လေးအိပ်ချိန်တန်ပြီ ဂွတ်နှိုက် "
" ပြောပြလို့ ပြောပြ… ပြောပြ… ပြောပြ… "
" ခူးးး ခလော Zzzz…zzzz… "
" ခွေးသားလေးးး "
.
.
.
မနက်မိုးမလင်းခင်ကတည်းက ကျွန်တော်တို့ 3 ယောက်သား ဖလော်ရယ်ဆွန်ကိုပြန်ဖို့လုံးပန်းရသည်။ နွားခြံမှာအလုပ်ရှုပ်နေတဲ့ အဖေကိုနှုတ်ဆက်ကာနီး အဖေက လက်နှစ်ဖက်ဖြန့်သဖြင့် ကျွန်တော့်ကိုပွေ့ဖက်မည်အထင်နဲ့ ကျွန်တော်ကပြန်ဖက်မလို့ဟန်ပြင်သေး ကျွန်တော့်ကိုကျော်ပြီး နွားမကြီးကိုသွားပွေ့ဖက်နေသည်။ အဆုံးထိတိုင် အမြင်ကတ်စရာကောင်းတဲ့ ချီးထုပ်အဖေတစ်ယောက်ပါပဲ။
တက္ကသိုလ်မှာလည်းဟော်လိုးဝင်းပရော့ဂျက်ရှိပြီး မနှစ်ကတော့ ကျွန်တော်တို့မေဂျာနဲ့ ဒီဇိုင်းဌာနကကျောင်းသားတွေနဲ့ အကြီးအကျယ်အချင်းပွားခဲ့သည်။ မေဂျာဘောလုံးပွဲက စတင်တဲ့အငြိုးတွေလေ။
" ♪♬ If there's something strange
In your neighborhood
Who you gonna call?
Ghostbusters! ♪♬
ကျွန်တော်တို့မေဂျာကသူတွေ သရဲနှိမ်နင်းရေး "Ghostbusters" အဖွဲ့အဖြစ်ဝတ်ဆင်ပြီး ဒီဇိုင်းဌာနမှ သရဲအမျိုးမျိုးအဖြစ်ဝင်ဆင်ထားတဲ့ ကျောင်းသားတွေကို သွားရောက်နှိမ်နင်းခဲ့သည်။
♪♬ If there's something weird
And it don't look good
Who you gonna call?
Ghostbusters! ♪♬
လေမှုတ်စက်တွေထဲ ဂျုံမှုန့်တွေထည့်ထားပြီး အကုန်လုံးကို မှုတ်ထုတ်ခဲ့ရသည်မှာ အောင်ပွဲခံရသလို။
♪♬ I ain't afraid of no ghost
I ain't afraid of no ghost ♪♬ "
ကျောင်းက အသံဌာနကိုလည်း Ghostbusters သီချင်းတောင်းထားသဖြင့် နောက်ခံတေးသွားနဲ့အတူ သရဲနှိမ်နင်းရသလိုပဲ ဖီးလ်ဆိုးဂွတ်ဒ်။ အဆုံးသတ်မှာ ကျွန်တော်တို့တစ်မေဂျာလုံး ပါမောက္ခချုပ်ဆီမှာ လက်မှတ်ထိုးလိုက်ရသည်။
ဒီနှစ်တော့ ကျွန်တော်ကျောင်းမသွားဘဲ ဂလော်ရီယာမှာပဲအချိန်ဖြုန်းမည်။ ရွေးချယ်ထားတဲ့ဝတ်စုံကတော့ ရဲအရာရှိဝတ်စုံပါ။ Merv ကိုလည်း ဝတ်စုံတစ်ခုခုနဲ့မြင်ရဖို့အတွက် စိတ်လှုပ်ရှားမိသည်။ သူဘာဝတ်မလဲ မတ်ဆေ့ချ်နဲ့မေးကြည့်ဖို့ တွေးမိပေမဲ့ ဒီလိုမျိုးက မြင်ရမှသိရတာကောင်းတဲ့အရာမျိုးဖြစ်တာနဲ့ စိတ်ကိုပဲချုပ်ထိန်းလိုက်သည်။
ကျွန်တော်အမေကတော့ ဟော်လိုဝင်းပူတင်းတွေ အမြောက်အမြားဖုတ်ထားပြီဖြစ်ပြီး မုန့်ဈေးတန်းမှာသွားဝေမည်။ အခု သူမရဲ့ ပူတင်းဗန်းတွေကို ကျွန်တော်က အောက်ထပ်ကိုကူသယ်ချပေးနေရသည်။
" ဟေး ... ပူတင်းစားမလား "
ဘေးချင်းကပ်တိုက်က ကလေးမလေးကို ကျွန်တော် ပုတင်းဘူးလေးနဲ့ သွားမြူသည်။ ကလေးမလေးက စကားတစ်လုံးစ,နှစ်လုံးစ ပြောတတ်သည့်အရွယ်လေးဖြစ်ပြီး မတရားချစ်ဖို့ကောင်းသည်။ မတ်စ်တောင်းက ကလေးတွေက အကုန်စကားပြောတတ်၊ မျောက်ကျအောင်ဆော့တတ်တော့ မျက်စိနောက်ပြီး နားညည်းသည်။
ကျွန်တော်လမ်းကြားဘက်ကိုသွားဖို့လုပ်တုန်း တစ်ဖက်လမ်းဘက်ရဲ့သစ်ပင်ကြီးမှာအလုပ်ရှုပ်နေသော Merv ကိုတွေ့လိုက်သည်။ ချက်ချင်း ပူတင်းဗန်းကြီးကိုင်ပြီး အဲဘက်ကိုကူးသွားသည်။
" ဟေး Merv! သစ်ပင်နဲ့တစ်ခုခုလုပ်ဖို့ အစီအစဉ်ရှိလို့လား ? "
" ဟိုဆိုင်က အဖိုးကြီးဂျော့်ဒ်ကို ကူညီချင်လို့ပါ။ သူက သူ့သစ်ပင်ကို အလှဆင်နိုင်လောက်တဲ့အထိ မကျန်းမာတော့ဘူးလေ "
Merv က "ခွေးများဝင်မလာပါနှင့်" လို့ဆိုင်းဘုတ်တပ်ထားတဲ့မုန့်ဆိုင်ကိုလက်ညှိူးထိုးပြသည်။
" ငါတစ်ခါမှအဲဆိုင်ကမဝယ်ဖူးဘူး "
" ဆိုင်းဘုတ်တွေကြောင့်လား? "
" ဟုတ်တယ်လေ… ဒီလောက်အူကြောင်ကြောင်နိုင်တဲ့ဆိုင်းဘုတ်တွေရေးထားတာ "
" ငါလည်းအဲလိုတွေးဖူးတယ်။ ဒါပေမဲ့ ဈေးချထားတယ်ဆို ဘာမုန့်တွေလဲလို့စပ်စုလိုက်တာကနေ အဖိုးကြီးမှာကင်ဆာရှိနေတယ်ဆိုတာ သိလိုက်ရတယ်။
အဲဒါကြောင့် (ဘဝကတိုတောင်းပါသည်။ ယခုချက်ခြင်းဈေးလျော့ထားသောပစ္စည်းများကို ဝယ်ယူလိုက်ပါ) ဆိုတဲ့ဆိုင်းဘုတ်တစ်ခုကိုတော့ ငါနားလည်ပေးလို့ရတယ်။ ခွေးတွေနဲ့ပတ်သတ်တဲ့ဆိုင်းဘုတ်ကိုတော့ လေ့လာတုန်း "
Merv ကကျွန်တော့်ကိုစကားသာပြောနေပေမဲ့ သူ့အတွေးက သစ်ပင်ကိုဘယ်လိုအလှဆင်ရမလဲ တောက်လျှောက်တွေးတောနေပုံပေါ်သည်။
" ပူတင်းတွေ ယူစားလို့ရတယ်နော် "
ခုံတန်းလျားတစ်ခုပေါ်မှာ ပူတင်းဗန်းကိုတင်ပေးပြီး ဖြတ်သွားဖြတ်လာတွေကို ကျွန်တော်အသိပေးလိုက်သည်။ မုန့်ဈေးတန်းမရောက်တော့ပေမဲ့လို့ တခြားသူအလကားကျွေးမှာခြင်းအတူတူပဲဆိုတော့..။
" ငါရောမင်းနဲ့တူတူကူပေးလို့ရမလား? "
" သေချာတာပေါ့… ဒါမဲ့ ပြသနာက ငါသစ်ပင်တွေအလှမဆင်တာ 15 နှစ်သားထဲကဆိုတော့ အိုင်ဒီယာခမ်းနေတယ် "
" သစ်ပင်တွေအလှဆင်တယ်ဆိုတာ ခရစ္စမတ်မှပါ… ဟော်လိုးဝင်းဆိုတာ ဖျက်ဆီးဖို့လေ "
" မင်း! မင်း! ကင်ဆာဖြစ်နေတဲ့အဖိုးကြီး ပျိုးထောင်ထားတဲ့ တစ်ခုတည်းသော သစ်ပင်လေးကိုဖျက်ဆီးမလို့လား ? "
" အိုး မိုင် ဂေါ့ … Merv ငါတကယ်မဖျက်ဆီးပါဘူး။ TP-ing လုပ်မို့ပါ "
Merv အတွေးပေါက်သွားပြီး နူးနူးညံ့ညံ့ပြုံးသည်။ ထုံးစအတိုင်းနှာခေါင်းလေးအနည်းငယ်ရှုံ့ပြီးပေါ့။
" မင်းပြုံးတာ ချစ်စရာလေး… ငါကြိုက်တယ် "
စိတ်ကပြောဖို့ပြင်ဆင်ကာရှိသေး ပါးစပ်ကထွက်သွားသည်။ ပြောပြီးကာမှ တဖြေးဖြေးနဲ့ ရူးချင်စိတ်ပေါက်လာသည်။ နဂိုစိတ်အခြေအနေနဲ့ဆို TP-ing ကိုနံပါတ်တွေနဲ့တပ်ပြီး ရှင်းပြနေမှာဖြစ်ပေမဲ့ ဒီနံပါတ်တွေအကုန်လုံးက ကျွန်တော့်နှလုံးခုန်နူန်းဆီမှာသွားပေါင်းနေကြသည်။
" အိုးး , ကျေးဇူးတင်ပါတယ်… ငါ… ငါ… အဖိုးကြီးဂျော့်ဒ်ဆီမှာ Toilet Paper တွေသွားတောင်းလိုက်ဦးမယ် "
ဘာအတွက်ကျေးဇူးတင်တာလဲ? အပြုံးအတွက်လား? TP-ing အိုင်ဒီယာအတွက်လား? သူဟာ အကြိမ်တိုင်း ကျွန်တော့်ကိုအသိစိတ်လွတ်စေသည်။
ထွက်သွားတဲ့ Merv ကျောပြင်ကိုကြည့်ရင်း သေစမ်းလို့ ကိုယ့်ဘာသာကိုယ်ကျိန်ဆဲမိသည်။ TP-ing လုပ်နေတဲ့တစ်ချိန်လုံး စိတ်ကသိကအောက်နိုင်နေရင် ဘယ်လိုလုပ်မလဲ။
(TP-ing = Toilet Papering)
Bạn đang đọc truyện trên: ZingTruyen.Xyz