ZingTruyen.Xyz

Dear, Relationship

Chapter (4)

Minileilei69

ဒီမနက္အေမဝယ္လာတဲ့ၾကက္သားက အတြင္းသားေတြေျဗာင္းဆန္ကာ ကိုင္လိုက္တိုင္း ျဖဴ ျဖဴ အရည္ေတြစိမ့္ထြက္ေနသည္။ ခုတ္ထစ္ထားတဲ့ ၾကက္သားတံုးအားလံုးကို ပလတ္စတစ္အိတ္ထဲထည့္ၿပီး အမႈိက္ပံုမွာ ကၽြန္ေတာ္သြားမ,ပစ္ေပးေသးခင္အထိ သူမဟာ ေသၿပီးသားၾကက္ကို " ေသလိုက္ပါေတာ့ " လို႔အေခါက္ေခါက္အခါခါ က်ိန္ဆဲေနခဲ့သည္။

ဒီေန႔ အတန္းမရွိတဲ့ေန႔ပါ။ လက္ေတြ႕က်က်ေျပာရရင္ မျဖစ္မေနတတ္ရမဲ့အတန္းမရွိတာပါ။ မ်ားေသာအားျဖင့္ ေမေမကဟင္းခ်က္ေလ့မရွိ။ ကၽြန္ေတာ္ကသာ မီးဖိုေခ်ာင္မွာ တကၽြတ္ကၽြတ္ျမည္ေအာင္လုပ္ေနတတ္သူျဖစ္သည္။ ႀကီးႀကီးမားမားဝါသနာပါတာရယ္မဟုတ္ေပမဲ့ ဟင္းခ်က္တဲ့အခါ ကၽြန္ေတာ္ေပ်ာ္သည္။ ခ်က္ၿပီးရင္စားရေတာ့မည္မဟုတ္လား။

ေမေမခ်က္ခ်င္တဲ့ဟင္းက ခရမ္းခ်ဥ္သီးၾကက္သားပါစတာ။ ဒီဟင္းကိုသူခ်က္ဖို႔စိတ္ကူးၿပီး ရင္ခုန္ေနတာ လြန္ခဲ့တဲ့အပတ္ကတည္းက။ ၾကက္သားကို အလယ္အလတ္က်က္ေအာင္ေပါင္းတဲ့အပိုင္းမွာ သူႏွယ္ထားတဲ့ ဟင္းခတ္အေမြးအႀကိဳင္တခ်ိဳ႕လြဲမွားသြားၿပီး ျဖဴျဖဴအရည္ေတြစတင္ထြက္လာေတာ့တာပဲ။ ကၽြန္ေတာ္ျပင္ေပးဖို႔ႀကိဳးစားေပမဲ့ အရသာက ခ်ဥ္စူးစူးႏိုင္ေနသည္။

မနက္စာက တေန႔တာအတြက္ဘယ္ေလာက္အေရးပါေၾကာင္းေျပာတတ္တဲ့ ေမေမလည္း ၾကက္သားေၾကာင့္ မနက္စာလြတ္သြားၿပီ။ ေနာက္ေန႔မနက္ ငွက္ေပ်ာသီးကိတ္နဲ႔ ေကာ္ဖီးခါးခါးေလးျပင္ေပးမယ္လို႔ကတိေပးၿပီး အလုပ္ကိုထြက္သြားသည္။ အမႈိက္ပစ္ၿပီးေတာ့ အခန္းကိုျပန္မတတ္ခ်င္ေသး။ ရည္ရြယ္ခ်က္ရွိရွိယူလာတဲ့ စီးကရက္နဲ႔မီးျခစ္ကိုထုတ္လိုက္သည္။ တိုက္တန္းလ်ားႏွစ္ခုၾကားျဖစ္၍ မနက္ခင္းျဖစ္ေသာ္လည္း အရိပ္က်၍ေမွာင္ေနသည္။

အရင္အတန္းမရွိတဲ့ေန႔ေတြဆို Niel က ကၽြန္ေတာ့္အခန္းမွာဂိမ္းလာေဆာ့တတ္ၿပီး လစ္ဇာကစာအုပ္ေတြ မဂၢဇင္းေတြယူလာကာ ဖတ္တတ္သည္။ ေနာက္ပိုင္း Niel ကသူ႔ေကာင္မေလးနဲ႔ ဒိတ္လုပ္ေနတာမ်ားၿပီး လစ္ဇာလည္းမလာျဖစ္ေတာ့။ ဒါေပမဲ့ Niel ဆိုတာ ခ်စ္သူရည္းစားဆက္ဆံေရးတစ္ခုမွာ ေရရွည္ေနတတ္သူေတာ့မဟုတ္။ ဒီတစ္ေခါက္ သူလမ္းခြဲလိုက္တဲ့ျဖစ္ရပ္ဟာ ကို႔႐ို႕ကားယားႏိုင္သည္။ သူ႔ရည္းစားမွာ လူစီလို႔ေခၚတဲ့ေျခတိုတိုေခြးေလးတစ္ေကာင္ရွိၿပီး Niel ကေတာ္ေတာ္ကို ခ်စ္သည္။ သူတို႔ဒိတ္တိုင္းလည္း လူစီကပါလာတတ္ၿပီး လူစီကိုအိမ္ေခၚထားတဲ့ရက္ေတြေတာင္ရွိခဲ့သည္။ အျဖစ္က ရည္းစားနဲ႔ျပတ္သြားေပမဲ့ ရည္းစားရဲ႕ေခြးနဲ႕မျပတ္ေသးေတာ့ ေခြးနဲ႔သြားဒိတ္ရွာတယ္။

စီးကရက္ေငြ႕ဟာဝင္သက္ထြက္သက္နဲ႔အတူ။
စီးကရက္မီးရဲရဲဟာလည္းဝင္သက္ထြက္သက္နဲ႔အတူ။ ဒီအခိုက္အတန္႔၊ ဒီပတ္ဝန္းက်င္ဟာကၽြန္ေတာ့္ဝင္သက္ထြက္သက္နဲ႔ပဲျပဳလုပ္ထားသလို ခံစားရသည္။ တစ္စံုတစ္ေယာက္ဟာ ေခ်ာင္းတဟြပ္ဟြပ္နဲ႔ တိုက္ေဘးမွာသြယ္တန္းထားတဲ့ အေရးေပၚေလွကားၾကားက မ,ထလာေသးခင္အထိေပါ့။ စီးကရက္ကိုေျမျပင္ေပၚလႊတ္ခ်လိုက္ၿပီး ေျခေထာက္နဲ႔ေခ်လိုက္သည္။

" ေသစမ္း။ မ်က္ေတာင္ေကာင္ေလးပဲ "

စိတ္ထဲကေျပာလိုက္သည္ထင္ေပမဲ့ ကၽြန္ေတာ့္အသံႀကီးကလက္ေတြ႕ေလာကကိုထြက္လာသည္။ သူကဘာမွျပန္မေျပာ။ လက္ဖမိုးနဲ႔ဆက္တိုက္ မ်က္ႏွာကိုဖိပြတ္ေနသည္။ မွဲ႕ေျခာက္ေလးေတြေတာင္ နီျမန္းသေယာင္ျဖစ္လာတဲ့အထိ သူဟာ မ်က္ႏွာကိုပြတ္ေနသည္။

" မ်က္လံုးထဲဘာဝင္သြားလို႔လဲ? အဆင္ေျပလား"

" ဒီလိုပါပဲ။ စိတ္ညစ္စရာေတြ ဝင္သြားတာပါ "

" အိုေခ "

ဘယ္လိုစိတ္ညစ္စရာမ်ိဳးလဲလို႔ေမးသင့္လား? နာမည္အရင္ေမးရမလား? ကၽြန္ေတာ္ တစ္ခုခုေမးလိုက္ဖို႔ ဆႏၵရွိေနေပမဲ့ ခႏၶာကိုယ္ကျပန္လွည့္ေနၿပီ။ ေျခလွမ္းေတာ့မလွမ္း။ သူ႔ကိုေနာက္ေက်ာေပးရပ္ေနမိၿပီး ပါးစပ္ကပြစိပြစိေလ့က်င့္မိေနသည္။

" ဒီနားမွာ အနံ႔ဆိုးဆိုးဝါးဝါးရေနသလိုပဲ "

မ်က္ေတာင္ေကာင္ေလးက ထပ္ေျပာသည္။

" ငါခုနက စီးကရက္ဖြာထားလို႔ပါ "

" မဟုတ္ဘူး။ အပုပ္နံ႔လိုမ်ိဳး "

သူဟာခ်က္ခ်င္းဆိုသလို ႏွားေခါင္းကိုတရႈံ႕ရႈံ႕လုပ္ေနရင္း အနံ႔လာရာကိုေထာက္လွမ္းေနေတာ့ ကၽြန္ေတာ္လည္း သူနဲ႔အတူ အနံ႕လိုက္ခံၾကည့္သည္။ စီးကရက္အရသာပဲရသည္။ ေနာက္.., အုတ္နံရံနားတစ္ေလွ်ာက္ကိုသူ အနံ႔ဆက္ခံေနသည္။

" ဒီမွာ အနက္ေရာင္အထုပ္တစ္ထုပ္ "

တိုက္အေပၚထပ္ကသူေတြ ေသာက္ပ်င္းတစ္ကာ အသားငါးေတြကိုင္ၿပီး အမႈိက္ကို ဒီတိုင္းပစ္ခ်လိုက္ပံုရသည္။

" အမႈိက္ေတြပဲေနမွာ... ထားလိုက္ပါ။ အေပၚထပ္မွာေနၿပီး ဒီလူေတြနားလည္မႈမရွိဘူး။ ဒီနားမွာ ေဆးလိပ္ရပ္ေသာက္ေနတာ မဟုတ္လို႔ ေတာ္ေသးတယ္။ မင္းလည္းဒီနားမွာလွဲေနတာမဟုတ္လို႔ေပါ့ "

မ်က္ေတာင္ေကာင္ေလးက အနက္ေရာင္အထုပ္ႀကီးကိုေကာက္ယူေနတာေၾကာင့္ ကၽြန္ေတာ္ေၾကာင္စီစီရပ္ေနမိသည္။ သူက ပတ္ဝန္က်င္သန္႔ရွင္းစင္ၾကယ္ေရးတို႔ဘာတို႔မ်ား စိတ္အားထက္သန္တာလား? ေတြးေတာေနလို႔မွမဆံုး အမႈိက္အိတ္ႀကီးကိုေျဖေနတာျမင္ေတာ့ ကၽြန္ေတာ္ မ်က္လံုးက်ယ္သြားသည္။

" အိုးမိုင္ေဂါ့.., မင္းအမႈိက္ထုပ္ႀကီးကိုဘာလုပ္ဖို႔မ်ား! "

ကၽြန္ေတာ္ထင္ထားသလို အသားငါးကိုင္ထားတဲ့ အမႈိက္သ႐ိုက္မဟုတ္။ ေၾကာင္တစ္ေကာင္ကို ေျခ ၊ လက္၊ ေခါင္း အသားတံုးေတြလိုတံုးထားတာပါ။ မ်က္လံုးေတြကိုလည္းထုတ္ထားသည္။

" ေသာက္ခ်ီးပဲ!!! ဘယ္လိုလူကမ်ား "

" ေဝါ့ !! "

မ်က္ေတာင္ေကာင္ေလး အန္မိေတာ့မလိုျဖစ္ၿပီး အထုပ္ကိုပစ္ခ်ကာေနာက္ကိုဆုတ္လိုက္သည္။

" မွတ္မိသေလာက္ေတာ့ 3 ေကာင္ေျမာက္ပဲ "

" ဒီနားမွာပဲ မင္းျမင္တာလား? "

" သိပ္မေသခ်ာဘူး။ အမႈိက္ကားထဲကို အမႈိက္ေတြေလာင္းထည့္တုန္းက အထုပ္တစ္ထုပ္ပြင့္သြားေတာ့ ထြက္က်လာတာ တစ္ခါ။ ေနာက္တစ္ခါက ဘယ္မွာပါလိမ့္! ေသခ်ာတာေတာ့ ဒါ 3 ေကာင္ေျမာက္ပဲ "

မ်က္ေတာင္ေကာင္ေလးဟာ အေတာ့္ကိုတုန္လႈပ္ေနတဲ့အသံနဲ႔ ကၽြန္ေတာ့္ကိုႀကိဳးစားၿပီးရွင္းျပတယ္။

" ရဲကိုအသိေပးရေအာင္။ မင္းရဲတိုင္ဖူးလား "

" ႏိုး.., ငါက ... "

" စိတ္ေအးေအးထား! ငါဖုန္းဆက္လိုက္မယ္ "

ဖုန္းကပါမ,လာ။ အမႈိက္ပစ္၊ ေဆးလိပ္ေသာက္ၿပီး အခန္းျပန္တက္မယ္လုပ္ထားတာ။

" ငါ့ဖုန္းကအခန္းထဲက်န္ခဲ့လို႔။ မင္းဖုန္းနဲ႔ေခၚလို႔ရမလား? "

မ်က္ေတာင္ေကာင္ေလးက သူ႔ေဘာင္းဘီအိတ္ကပ္ထဲက စမတ္ဖုန္းကိုထုတ္ေပးသည္။ ဖုန္းမွန္မ်က္ႏွာျပင္မွာ အက္ရာမွ်င္မွ်င္ေလးေတြထင္ေနတာကလြဲလို႔ အသစ္အတိုင္းပါပဲ။ နီးစပ္ရာရဲစခန္းကိုဖုန္းဆက္ေခၚလိုက္ေတာ့ သူတို႔ေရာက္လာၾကၿပီး ေမးျမန္းတာေတြ၊ အထုပ္ကို ေသခ်ာစစ္ေဆးတာေတြ လုပ္ၾကသည္။

မ်က္ေတာင္ေကာင္ေလးက ပိုၿပီးေမးခြန္းေတြေျဖေနရပံုေပၚသည္..., ေတာ္ေတာ္ႏွင့္မၿပီးေသး။ သူ႔ဖုန္းက ကၽြန္ေတာ့္လက္ထဲမွာပဲရွိေသးသည္။ ကၽြန္ေတာ္ရဲစခန္းကိုဖုန္းဆက္ၿပီး သူ႔ကိုျပန္ေပးဖို႔လုပ္ေတာ့ သူက အရမ္းကိုေၾကာက္လန္႔ေနပံုေပၚတာနဲ႔ "ဘာမွမျဖစ္ပါဘူး။ ရဲေတြလာရင္ အဆင္ေျပသြားမွာပါ" ဒါမ်ိဳးနဲ႔အလားတူတဲ့ စကားေတြေလွ်ာက္ေျပာေနမိတာနဲ႔ မေပးျဖစ္,ျဖစ္သြားသည္။

သူ႔ဖုန္းက လွ်ိဳ႕ဝွက္နံပါတ္မခံထား။ lock screen ေရာ home screen ပါတူညီတဲ့ wallpaper ကိုထားထားသည္။ ကၽြန္ေတာ့္အေမေတာင္ wallpaper ႏွစ္ခုကိုတူတူမထား။ app ေတြလည္းသိပ္မရွိ။ အဘြားႀကီး စမတ္ဖုန္းသံုးတာနဲ႔တူသည္။ ကၽြန္ေတာ္ သူတို႔ကိုတစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး သူ႔ဖုန္းမွာ ကၽြန္ေတာ့္ဖုန္းနံပါတ္ကို ခပ္သြက္သြက္႐ိုက္ႏွိပ္ေခၚလိုက္သည္။

ဒီတခဏမွာေတာ့ ေရစက္ကိုလည္းယံုတယ္။ ကံၾကမၼာကိုလည္း ဇြတ္ကိုယံုတယ္ ။ ကၽြန္ေတာ့္ရဲ႕ တေနရာရာက ခံစားခ်က္ကိုလည္း ယံုတယ္။

လက္ကဓာတ္ပံုေတြသိမ္းထားတဲ့ဆီကို ေရြ႕ေနေပမဲ့ စိတ္ထိန္းလိုက္ပါတယ္။ မ်က္ေတာင္ေကာင္ေလးရဲ႕ အခ်က္အလက္ေတြအတြက္ လူႀကီးလူေကာင္းဆန္စြာ စိတ္ထိန္းလိုက္ျခင္းမဟုတ္ပါ။ ကိစၥအားလံုးၿပီးဆံုးသြားေတာ့ ရဲသားႏွစ္ေယာက္နဲ႔အတူ မ်က္ေတာင္ေကာင္ေလးပါ ကၽြန္ေတာ့္ဘက္ကို လမ္းေလွ်ာက္လာလို႔ပါ။ ပံုေတြခိုးၾကည့္မႈနဲ႔ မီးနီမီးျပာတတြီတြီျမည္ေနတဲ့ ရဲကားေပၚမလိုက္သြားခ်င္ေသးဘူးေလ။

" ေက်းဇူးျပဳၿပီး ေၾကာင္ေလးကိုျမဳပ္ေပးပါ "

" ဟိုဘက္ရပ္ကြက္မွာလည္း ဆင္တူတိုင္ၾကားခ်က္ေတြရထားတဲ့အတြက္ မင္းတို႔ေတြ သတိထားေနပါ။ အိမ္နီးနားခ်င္းေတြလည္းမွာထား "

ရဲေတြဟာ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကို သတိေပးၿပီးေနာက္ ကားေမာင္းထြက္သြားသည္။

" ဒီမွာ.., မင္းရဲ႕ ဖုန္း "

ကၽြန္ေတာ္ ျမန္ျမန္ဆန္ဆန္သာ သူ႔ကိုေပးလိုက္သည္။

" မင္း စိတ္ေအးေအးထားလို႔ရၿပီ "

မ်က္ေတာင္ေကာင္ေလးက ကၽြန္ေတာ့္လက္ေမာင္းကို လွမ္းပုတ္ရင္းအားေပးသည့္အသံမ်ိဳးနဲ႔ ေျပာေတာ့ ကၽြန္ေတာ္ ရယ္ခ်င္သြားတယ္။

" ဘယ္သူက ဘယ္သူ႔ကိုျပန္ၿပီး စိတ္ေအးေအးထားခိုင္းတာလဲ... "

ကၽြန္ေတာ္က စ,ေနာက္တဲ့သေဘာနဲ႔ေျပာလိုက္ေပမဲ့ သူက အူတိအူေၾကာင္နဲ႔ျပန္ၾကည့္ေနသည္။ ဒီလိုျပန္ၾကည့္ေနျခင္းက ကၽြန္ေတာ္တို႔ စ,ေနာက္ေလာက္တဲ့အထိ မရင္းႏွီးေသးဘူးလို႔ ဆိုလိုခ်င္ေနသလိုပဲ။

တတိယအႀကိမ္ျငင္းဆိုျခင္းလား မ်က္ေတာင္ေကာင္ေလးရယ္...။

အခု ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုး ဘယ္သူအရင္သြားမလဲေစာင့္ေနသလိုျဖစ္ေနၿပီး ကၽြန္ေတာ္ မ်က္စပစ္ၿပီးေခါင္းၿငိမ့္ျပလိုက္မွ မ်က္ေတာင္ေကာင္ေလးလည္းထြက္သြားေတာ့သည္။ လမ္းထိပ္ကကၽြန္ေတာ္ၾကည့္မရတဲ့ " ေခြးမ်ားဝင္မလာပါႏွင့္ " လို႔သတိေပးစာကပ္တဲ့ဆိုင္ထဲ သူဝင္သြားသည္။

အခန္းကိုျပန္ေရာက္တာနဲ႔ ဝင္ေနသည့္ missed call ကိုေက်နပ္စြာသိမ္းဆည္းထားလိုက္သည္။ ေသစမ္း..., ခုထိသူ႔နာမည္ဘာမွန္းမသိေသးဘူး။

ဒါနဲ႔ပဲ " မ်က္ေတာင္ေကာင္ေလး " လို႔ကၽြန္ေတာ္မွတ္သားလိုက္သည္။ ကၽြန္ေတာ္ အေသအခ်ာ ဖုန္း contact မွာ " မ်က္ေတာင္ေကာင္ေလး " လို႔႐ိုက္လိုက္သည္ျဖစ္ေသာ္လည္း မ်က္စိေရွ႕တင္ စာတစ္ေစာင္သကဲ့သို႔ ဟိုဘက္ဖုန္းနံပါတ္ကို ဝင္သြားၿပီ။ ကၽြန္ေတာ္ စီးကရက္မူးေနတာမ်ားလား။ ေခါင္းကို ဘယ္ျပန္ညာျပန္ခါၿပီး ျပန္ၾကည့္ေတာ့လည္း စာတစ္ေစာင္ပို႔လိုက္ျခင္း ျဖစ္ရပ္ဟာ မေျပာင္းလဲ။

သူ႔ဘက္မွဖုန္းခ်က္ခ်င္းဝင္လာသည္။

" ႏိုး ..., ႏိုး ..., ႏိုး..., "

ကၽြန္ေတာ္ သူ႔ကိုတစ္ဖက္သက္ခ်စ္ေနတာမဟုတ္ဘူး။ သူမရွိရင္ မေနႏိုင္တာမ်ိဳးမဟုတ္ဘူး။ ျမင္ျမင္ခ်င္းအခ်စ္လည္းမဟုတ္သလို ႐ူး႐ူးမူးမူးျဖစ္ေနတာမဟုတ္ဘူး။ အိုေခ..., ကမ္းစပ္မွာပဲရွိေသးတဲ့ မစၥတာ Cyril ရယ္ ဖုန္းကိုင္လိုက္ပါေတာ့။

" ဟဲလို ! "

" ေဟး.., ငါ မင္းလို႔ေတာ့ထင္သားပဲ "

" ဟဲ...ဟုတ္တယ္။ လိုလိုမယ္မယ္ဖုန္းနံပါတ္ယူထားလိုက္တာ။ ငါတို႔က အေရးပါတဲ့ မ်က္ျမင္သက္ေသေတြေလ "

" ေကာင္းပါတယ္။ ငါလည္းခုနက မင္းဖုန္းနံပါတ္ေတာင္းဖို႔ စဥ္းစားေနတာ "

" ဟုတ္လား။ ေကာင္းတာေပါ့ အခုရသြားၿပီ "

" ..... "

" .... "

" .... "

" .... "

ဘုရားသခင္ နဲ႔ အေပါင္းပါမ်ား..., ကယ္တင္ေပးပါဦး။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုးဆက္မေျပာေတာ့ပဲ တစ္ေယာက္အသက္ရွဴသံ တစ္ေယာက္နားေထာင္ေနၾကတယ္။ ဘယ္လိုေတာင္ ေၾကာင္တိေၾကာင္ေတာင္ႏိုင္မႈႀကီးလဲ။

" မင္း ငါ့ကို မ်က္ေတာင္ေကာင္ေလးလို႔ ေခၚေနတာလားဟင္ ? "

တစ္ဖက္ကသူ႔အသံဟာ ေမးသင့္လား? မေမးသင့္လား? ဒြိဟျဖစ္ရာကေန ေမးၾကည့္တဲ့ပံုေပၚၿပီး ဒါက တကယ္ခ်စ္ဖို႔ေကာင္းသည္။

" မ်က္ေတာင္ဆိုတာက မင္းနာမည္မသိတာနဲ႔ ဒီတိုင္းမွတ္ထားလိုက္တာ "

" ေကာင္းပါတယ္။ ငါကေတာ့ မင္းကို အဝတ္ေလွ်ာ္တဲ့ေကာင္ေလးလို႔ စိတ္ထဲမွတ္ထားတာ "

" ဘာ! တကယ္ႀကီးလား... ဒါႀကီးကေတာ့ မမိုက္ဘူး "

" ဒါဆို ႏွာေခါင္းေကာင္ေလးလို႔ ေျပာင္းမွတ္ေပးရမလား "

သူေျပာတာ ကၽြန္ေတာ့္ႏွာတံေျဖာင့္ေျဖာင့္စင္းစင္းေတြကို ရည္စူးေပမဲ့ ကၽြန္ေတာ္ဒဲ့ထိသြားၿပီ။ မ်က္ေတာင္ေကာင္ေလးက ဖုန္းထဲမွာစကားေျပာ ပိုသြက္ေနၿပီး အျပင္က မေဖာ္ေရြတတ္တဲ့ပံုနဲ႔ တြဲျမင္ၾကည့္ေတာ့ တမ်ိဳးေလး သေဘာက်မိျပန္သည္။

" မဟုတ္တာေတြ မွတ္ေနမဲ့အစား ငါတို႔တစ္ေယာက္နာမည္တစ္ေယာက္ မိတ္ဆက္သင့္တယ္။ ဟဲလို ... ငါက Cyril ပါ "

" အတည္လား? အဲဒါ ငါ့အဖိုးနာမည္ႀကီး "

" ေျပာမေနနဲ႔ေတာ့။ ဓာတ္ျပားေဟာင္းမိဘေတြလက္ခ်က္ေလ "

" ငါက Mervyn ပါ..."

" မိုက္တယ္။ ကဗ်ာဆန္တယ္ "

" နာမည္သိသြားၿပီဆိုေတာ့ မင္းအခု နာမည္ေျပာင္းမွတ္လို႔ရၿပီေပါ့ "

" ေျပာင္းမွတ္ေစခ်င္လား "

ေမးခြန္းတစ္ခုတိုင္းဆီမွာ လက္ခံမယ္ ဒါမွမဟုတ္ ျငင္းမယ္ဆိုၿပီး ျဖစ္ႏိုင္ေခ်ႏွစ္မ်ိဳးရွိတဲ့အတြက္ အခြင့္အေရးရ,မရဆိုတာ ငါးဆယ္-ငါးဆယ္ ရာခိုင္ႏႈန္း။ မႀကိဳးစားၾကည့္တဲ့သူက သခ်ာၤညံ့တဲ့သူပဲျဖစ္မွာ။ ဒါေၾကာင့္ကၽြန္ေတာ္ သူ႔ကိုေမးလိုက္ၿပီ။

" ဟင့္အင္း .... "

ဝိုးးး ဟိုးးး ! ဘင္းးးးဂို !

" ငါလည္း ေျပာင္းမမွတ္ခ်င္ဘူး။ ဘာလို႔လဲဆိုေတာ့ မင္းမ်က္ေတာင္ေတြက အတည္ႀကီးကို မိုက္တယ္ေလ "

" ဒါဆို ငါလည္း အဝတ္ေလွ်ာ္တဲ့ေကာင္ေလးလို႔ မွတ္ထားမယ္ "

" အိုေခ..., တစ္ေယာက္ေယာက္ မင္းဖုန္းကိုင္ၾကည့္ရင္းက ဒိုဘီေကာင္ေလးထင္ၿပီး ငါ့ဆီ ေအာ္ဒါလာတက္ေနတာ့မွာပဲ "

" ဟားဟား .., ဒါနဲ႔ ငါလုပ္စရာရွိေသးတယ္ ဘိုင့္ "

သူ႔ဘက္ကဖုန္းခ်သြားမွ ကၽြန္ေတာ္ အသက္ဝဝရွဴ မိေတာ့သည္။ ကၽြန္ေတာ္ သူ႔အေၾကာင္း ဘာဆိုဘာမွေသခ်ာမသိေသးဘူး။ နာမည္ေတာင္မွ ဒီေန႔မွသိရတာ။ ေသခ်ာတာဆိုလို႔ ကၽြန္ေတာ္ သူ႔ဆီမွာ တစ္ခုခုခံစားမိတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔ဟာ မျမင္ရတဲ့အသြားအျပန္ေလးေတြကို သက္ဝင္ယံုၾကည္ၾကရတာေပါ့။

......................................


ဒီမနက်မေမေဝယ်လာတဲ့ကြက်သားက အတွင်းသားတွေဗြောင်းဆန်ကာ ကိုင်လိုက်တိုင်း ဖြူ ဖြူ အရည်တွေစိမ့်ထွက်နေသည်။ ခုတ်ထစ်ထားတဲ့ ကြက်သားတုံးအားလုံးကို ပလတ်စတစ်အိတ်ထဲထည့်ပြီး အမှိုက်ပုံမှာ ကျွန်တော်သွားမ,ပစ်ပေးသေးခင်အထိ သူမဟာ သေပြီးသားကြက်ကို " သေလိုက်ပါတော့ " လို့အခေါက်ခေါက်အခါခါ ကျိန်ဆဲနေခဲ့သည်။

ဒီနေ့ အတန်းမရှိတဲ့နေ့ပါ။ လက်တွေ့ကျကျပြောရရင် မဖြစ်မနေတတ်ရမဲ့အတန်းမရှိတာပါ။ များသောအားဖြင့် မေမေကဟင်းချက်လေ့မရှိ။ ကျွန်တော်ကသာ မီးဖိုချောင်မှာ တကျွတ်ကျွတ်မြည်အောင်လုပ်နေတတ်သူဖြစ်သည်။ ကြီးကြီးမားမားဝါသနာပါတာရယ်မဟုတ်ပေမဲ့ ဟင်းချက်တဲ့အခါ ကျွန်တော်ပျော်သည်။ ချက်ပြီးရင်စားရတော့မည်မဟုတ်လား။

မေမေချက်ချင်တဲ့ဟင်းက ခရမ်းချဉ်သီးကြက်သားပါစတာ။ ဒီဟင်းကိုသူချက်ဖို့စိတ်ကူးပြီး ရင်ခုန်နေတာ လွန်ခဲ့တဲ့အပတ်ကတည်းက။ ကြက်သားကို အလယ်အလတ်ကျက်အောင်ပေါင်းတဲ့အပိုင်းမှာ သူနှယ်ထားတဲ့ ဟင်းခတ်အမွေးအကြိုင်တချို့လွဲမှားသွားပြီး ဖြူဖြူအရည်တွေစတင်ထွက်လာတော့တာပဲ။ ကျွန်တော်ပြင်ပေးဖို့ကြိုးစားပေမဲ့ အရသာက ချဉ်စူးစူးနိုင်နေသည်။

မနက်စာက တနေ့တာအတွက်ဘယ်လောက်အရေးပါကြောင်းပြောတတ်တဲ့ မေမေလည်း ကြက်သားကြောင့် မနက်စာလွတ်သွားပြီ။ နောက်နေ့မနက် ငှက်ပျောသီးကိတ်နဲ့ ကော်ဖီးခါးခါးလေးပြင်ပေးမယ်လို့ကတိပေးပြီး အလုပ်ကိုထွက်သွားသည်။ အမှိုက်ပစ်ပြီးတော့ အခန်းကိုပြန်မတတ်ချင်သေး။ ရည်ရွယ်ချက်ရှိရှိယူလာတဲ့ စီးကရက်နဲ့မီးခြစ်ကိုထုတ်လိုက်သည်။ တိုက်တန်းလျားနှစ်ခုကြားဖြစ်၍ မနက်ခင်းဖြစ်သော်လည်း အရိပ်ကျ၍မှောင်နေသည်။

အရင်အတန်းမရှိတဲ့နေ့တွေဆို Niel က ကျွန်တော့်အခန်းမှာဂိမ်းလာဆော့တတ်ပြီး လစ်ဇာကစာအုပ်တွေ မဂ္ဂဇင်းတွေယူလာကာ ဖတ်တတ်သည်။ နောက်ပိုင်း Niel ကသူ့ကောင်မလေးနဲ့ ဒိတ်လုပ်နေတာများပြီး လစ်ဇာလည်းမလာဖြစ်တော့။ ဒါပေမဲ့ Niel ဆိုတာ ချစ်သူရည်းစားဆက်ဆံရေးတစ်ခုမှာ ရေရှည်နေတတ်သူတော့မဟုတ်။ ဒီတစ်ခေါက် သူလမ်းခွဲလိုက်တဲ့ဖြစ်ရပ်ဟာ ကို့ရို့ကားယားနိုင်သည်။ သူ့ရည်းစားမှာ လူစီလို့ခေါ်တဲ့ခြေတိုတိုခွေးလေးတစ်ကောင်ရှိပြီး Niel ကတော်တော်ကို ချစ်သည်။ သူတို့ဒိတ်တိုင်းလည်း လူစီကပါလာတတ်ပြီး လူစီကိုအိမ်ခေါ်ထားတဲ့ရက်တွေတောင်ရှိခဲ့သည်။ အဖြစ်က ရည်းစားနဲ့ပြတ်သွားပေမဲ့ ရည်းစားရဲ့ခွေးနဲ့မပြတ်သေးတော့ ခွေးနဲ့သွားဒိတ်ရှာတယ်။

စီးကရက်ငွေ့ဟာဝင်သက်ထွက်သက်နဲ့အတူ။
စီးကရက်မီးရဲရဲဟာလည်းဝင်သက်ထွက်သက်နဲ့အတူ။ ဒီအခိုက်အတန့်၊ ဒီပတ်ဝန်းကျင်ဟာကျွန်တော့်ဝင်သက်ထွက်သက်နဲ့ပဲပြုလုပ်ထားသလို ခံစားရသည်။ တစ်စုံတစ်ယောက်ဟာ ချောင်းတဟွပ်ဟွပ်နဲ့ တိုက်ဘေးမှာသွယ်တန်းထားတဲ့ အရေးပေါ်လှေကားကြားက မ,ထလာသေးခင်အထိပေါ့။ စီးကရက်ကိုမြေပြင်ပေါ်လွှတ်ချလိုက်ပြီး ခြေထောက်နဲ့ချေလိုက်သည်။

" သေစမ်း။ မျက်တောင်ကောင်လေးပဲ "

စိတ်ထဲကပြောလိုက်သည်ထင်ပေမဲ့ ကျွန်တော့်အသံကြီးကလက်တွေ့လောကကိုထွက်လာသည်။ သူကဘာမှပြန်မပြော။ လက်ဖမိုးနဲ့ဆက်တိုက် မျက်နှာကိုဖိပွတ်နေသည်။ မှဲ့ခြောက်လေးတွေတောင် နီမြန်းသယောင်ဖြစ်လာတဲ့အထိ သူဟာ မျက်နှာကိုပွတ်နေသည်။

" မျက်လုံးထဲဘာဝင်သွားလို့လဲ? အဆင်ပြေလား"

" ဒီလိုပါပဲ။ စိတ်ညစ်စရာတွေ ဝင်သွားတာပါ "

" အိုခေ "

ဘယ်လိုစိတ်ညစ်စရာမျိုးလဲလို့မေးသင့်လား? နာမည်အရင်မေးရမလား? ကျွန်တော် တစ်ခုခုမေးလိုက်ဖို့ ဆန္ဒရှိနေပေမဲ့ ခန္ဓာကိုယ်ကပြန်လှည့်နေပြီ။ ခြေလှမ်းတော့မလှမ်း။ သူ့ကိုနောက်ကျောပေးရပ်နေမိပြီး ပါးစပ်ကပွစိပွစိလေ့ကျင့်မိနေသည်။

" ဒီနားမှာ အနံ့ဆိုးဆိုးဝါးဝါးရနေသလိုပဲ "

မျက်တောင်ကောင်လေးက ထပ်ပြောသည်။

" ငါခုနက စီးကရက်ဖွာထားလို့ပါ "

" မဟုတ်ဘူး။ အပုပ်နံ့လိုမျိုး "

သူဟာချက်ချင်းဆိုသလို နှားခေါင်းကိုတရှုံ့ရှုံ့လုပ်နေရင်း အနံ့လာရာကိုထောက်လှမ်းနေတော့ ကျွန်တော်လည်း သူနဲ့အတူ အနံ့လိုက်ခံကြည့်သည်။ စီးကရက်အရသာပဲရသည်။ နောက်.., အုတ်နံရံနားတစ်လျှောက်ကိုသူ အနံ့ဆက်ခံနေသည်။

" ဒီမှာ အနက်ရောင်အထုပ်တစ်ထုပ် "

တိုက်အပေါ်ထပ်ကသူတွေ သောက်ပျင်းတစ်ကာ အသားငါးတွေကိုင်ပြီး အမှိုက်ကို ဒီတိုင်းပစ်ချလိုက်ပုံရသည်။

" အမှိုက်တွေပဲနေမှာ... ထားလိုက်ပါ။ အပေါ်ထပ်မှာနေပြီး ဒီလူတွေနားလည်မှုမရှိဘူး။ ဒီနားမှာ ဆေးလိပ်ရပ်သောက်နေတာ မဟုတ်လို့ တော်သေးတယ်။ မင်းလည်းဒီနားမှာလှဲနေတာမဟုတ်လို့ပေါ့ "

မျက်တောင်ကောင်လေးက အနက်ရောင်အထုပ်ကြီးကိုကောက်ယူနေတာကြောင့် ကျွန်တော်ကြောင်စီစီရပ်နေမိသည်။ သူက ပတ်ဝန်ကျင်သန့်ရှင်းစင်ကြယ်ရေးတို့ဘာတို့များ စိတ်အားထက်သန်တာလား? တွေးတောနေလို့မှမဆုံး အမှိုက်အိတ်ကြီးကိုဖြေနေတာမြင်တော့ ကျွန်တော် မျက်လုံးကျယ်သွားသည်။

" အိုးမိုင်ဂေါ့.., မင်းအမှိုက်ထုပ်ကြီးကိုဘာလုပ်ဖို့များ! "

ကျွန်တော်ထင်ထားသလို အသားငါးကိုင်ထားတဲ့ အမှိုက်သရိုက်မဟုတ်။ ကြောင်တစ်ကောင်ကို ခြေ ၊ လက်၊ ခေါင်း အသားတုံးတွေလိုတုံးထားတာပါ။ မျက်လုံးတွေကိုလည်းထုတ်ထားသည်။

" သောက်ချီးပဲ!!! ဘယ်လိုလူကများ "

" ဝေါ့ !! "

မျက်တောင်ကောင်လေး အန်မိတော့မလိုဖြစ်ပြီး အထုပ်ကိုပစ်ချကာနောက်ကိုဆုတ်လိုက်သည်။

" မှတ်မိသလောက်တော့ 3 ကောင်မြောက်ပဲ "

" ဒီနားမှာပဲ မင်းမြင်တာလား? "

" သိပ်မသေချာဘူး။ အမှိုက်ကားထဲကို အမှိုက်တွေလောင်းထည့်တုန်းက အထုပ်တစ်ထုပ်ပွင့်သွားတော့ ထွက်ကျလာတာ တစ်ခါ။ နောက်တစ်ခါက ဘယ်မှာပါလိမ့်! သေချာတာတော့ ဒါ 3 ကောင်မြောက်ပဲ "

မျက်တောင်ကောင်လေးဟာ အတော့်ကိုတုန်လှုပ်နေတဲ့အသံနဲ့ ကျွန်တော့်ကိုကြိုးစားပြီးရှင်းပြတယ်။

" ရဲကိုအသိပေးရအောင်။ မင်းရဲတိုင်ဖူးလား "

" နိုး.., ငါက ... "

" စိတ်အေးအေးထား! ငါဖုန်းဆက်လိုက်မယ် "

ဖုန်းကပါမ,လာ။ အမှိုက်ပစ်၊ ဆေးလိပ်သောက်ပြီး အခန်းပြန်တက်မယ်လုပ်ထားတာ။

" ငါ့ဖုန်းကအခန်းထဲကျန်ခဲ့လို့။ မင်းဖုန်းနဲ့ခေါ်လို့ရမလား? "

မျက်တောင်ကောင်လေးက သူ့ဘောင်းဘီအိတ်ကပ်ထဲက စမတ်ဖုန်းကိုထုတ်ပေးသည်။ ဖုန်းမှန်မျက်နှာပြင်မှာ အက်ရာမျှင်မျှင်လေးတွေထင်နေတာကလွဲလို့ အသစ်အတိုင်းပါပဲ။ နီးစပ်ရာရဲစခန်းကိုဖုန်းဆက်ခေါ်လိုက်တော့ သူတို့ရောက်လာကြပြီး မေးမြန်းတာတွေ၊ အထုပ်ကို သေချာစစ်ဆေးတာတွေ လုပ်ကြသည်။

မျက်တောင်ကောင်လေးက ပိုပြီးမေးခွန်းတွေဖြေနေရပုံပေါ်သည်..., တော်တော်နှင့်မပြီးသေး။ သူ့ဖုန်းက ကျွန်တော့်လက်ထဲမှာပဲရှိသေးသည်။ ကျွန်တော်ရဲစခန်းကိုဖုန်းဆက်ပြီး သူ့ကိုပြန်ပေးဖို့လုပ်တော့ သူက အရမ်းကိုကြောက်လန့်နေပုံပေါ်တာနဲ့ "ဘာမှမဖြစ်ပါဘူး။ ရဲတွေလာရင် အဆင်ပြေသွားမှာပါ" ဒါမျိုးနဲ့အလားတူတဲ့ စကားတွေလျှောက်ပြောနေမိတာနဲ့ မပေးဖြစ်,ဖြစ်သွားသည်။

သူ့ဖုန်းက လျှို့ဝှက်နံပါတ်မခံထား။ lock screen ရော home screen ပါတူညီတဲ့ wallpaper ကိုထားထားသည်။ ကျွန်တော့်အမေတောင် wallpaper နှစ်ခုကိုတူတူမထား။ app တွေလည်းသိပ်မရှိ။ အဘွားကြီး စမတ်ဖုန်းသုံးတာနဲ့တူသည်။ ကျွန်တော် သူတို့ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့ဖုန်းမှာ ကျွန်တော့်ဖုန်းနံပါတ်ကို ခပ်သွက်သွက်ရိုက်နှိပ်ခေါ်လိုက်သည်။

ဒီတခဏမှာတော့ ရေစက်ကိုလည်းယုံတယ်။ ကံကြမ္မာကိုလည်း ဇွတ်ကိုယုံတယ် ။ ကျွန်တော့်ရဲ့ တနေရာရာက ခံစားချက်ကိုလည်း ယုံတယ်။

လက်ကဓာတ်ပုံတွေသိမ်းထားတဲ့ဆီကို ရွေ့နေပေမဲ့ စိတ်ထိန်းလိုက်ပါတယ်။ မျက်တောင်ကောင်လေးရဲ့ အချက်အလက်တွေအတွက် လူကြီးလူကောင်းဆန်စွာ စိတ်ထိန်းလိုက်ခြင်းမဟုတ်ပါ။ ကိစ္စအားလုံးပြီးဆုံးသွားတော့ ရဲသားနှစ်ယောက်နဲ့အတူ မျက်တောင်ကောင်လေးပါ ကျွန်တော့်ဘက်ကို လမ်းလျှောက်လာလို့ပါ။ ပုံတွေခိုးကြည့်မှုနဲ့ မီးနီမီးပြာတတွီတွီမြည်နေတဲ့ ရဲကားပေါ်မလိုက်သွားချင်သေးဘူးလေ။

" ကျေးဇူးပြုပြီး ကြောင်လေးကိုမြုပ်ပေးပါ "

" ဟိုဘက်ရပ်ကွက်မှာလည်း ဆင်တူတိုင်ကြားချက်တွေရထားတဲ့အတွက် မင်းတို့တွေ သတိထားနေပါ။ အိမ်နီးနားချင်းတွေလည်းမှာထား "

ရဲတွေဟာ ကျွန်တော်တို့နှစ်ယောက်ကို သတိပေးပြီးနောက် ကားမောင်းထွက်သွားသည်။

" ဒီမှာ.., မင်းရဲ့ ဖုန်း "

ကျွန်တော် မြန်မြန်ဆန်ဆန်သာ သူ့ကိုပေးလိုက်သည်။

" မင်း စိတ်အေးအေးထားလို့ရပြီ "

မျက်တောင်ကောင်လေးက ကျွန်တော့်လက်မောင်းကို လှမ်းပုတ်ရင်းအားပေးသည့်အသံမျိုးနဲ့ ပြောတော့ ကျွန်တော် ရယ်ချင်သွားတယ်။

" ဘယ်သူက ဘယ်သူ့ကိုပြန်ပြီး စိတ်အေးအေးထားခိုင်းတာလဲ... "

ကျွန်တော်က စ,နောက်တဲ့သဘောနဲ့ပြောလိုက်ပေမဲ့ သူက အူတိအူကြောင်နဲ့ပြန်ကြည့်နေသည်။ ဒီလိုပြန်ကြည့်နေခြင်းက ကျွန်တော်တို့ စ,နောက်လောက်တဲ့အထိ မရင်းနှီးသေးဘူးလို့ ဆိုလိုချင်နေသလိုပဲ။

တတိယအကြိမ်ငြင်းဆိုခြင်းလား မျက်တောင်ကောင်လေးရယ်...။

အခု ကျွန်တော်တို့နှစ်ယောက်လုံး ဘယ်သူအရင်သွားမလဲစောင့်နေသလိုဖြစ်နေပြီး ကျွန်တော် မျက်စပစ်ပြီးခေါင်းငြိမ့်ပြလိုက်မှ မျက်တောင်ကောင်လေးလည်းထွက်သွားတော့သည်။ လမ်းထိပ်ကကျွန်တော်ကြည့်မရတဲ့ " ခွေးများဝင်မလာပါနှင့် " လို့သတိပေးစာကပ်တဲ့ဆိုင်ထဲ သူဝင်သွားသည်။

အခန်းကိုပြန်ရောက်တာနဲ့ ဝင်နေသည့် missed call ကိုကျေနပ်စွာသိမ်းဆည်းထားလိုက်သည်။ သေစမ်း..., ခုထိသူ့နာမည်ဘာမှန်းမသိသေးဘူး။

ဒါနဲ့ပဲ " မျက်တောင်ကောင်လေး " လို့ကျွန်တော်မှတ်သားလိုက်သည်။ ကျွန်တော် အသေအချာ ဖုန်း contact မှာ " မျက်တောင်ကောင်လေး " လို့ရိုက်လိုက်သည်ဖြစ်သော်လည်း မျက်စိရှေ့တင် စာတစ်စောင်သကဲ့သို့ ဟိုဘက်ဖုန်းနံပါတ်ကို ဝင်သွားပြီ။ ကျွန်တော် စီးကရက်မူးနေတာများလား။ ခေါင်းကို ဘယ်ပြန်ညာပြန်ခါပြီး ပြန်ကြည့်တော့လည်း စာတစ်စောင်ပို့လိုက်ခြင်း ဖြစ်ရပ်ဟာ မပြောင်းလဲ။

သူ့ဘက်မှဖုန်းချက်ချင်းဝင်လာသည်။

" နိုး ..., နိုး ..., နိုး..., "

ကျွန်တော် သူ့ကိုတစ်ဖက်သက်ချစ်နေတာမဟုတ်ဘူး။ သူမရှိရင် မနေနိုင်တာမျိုးမဟုတ်ဘူး။ မြင်မြင်ချင်းအချစ်လည်းမဟုတ်သလို ရူးရူးမူးမူးဖြစ်နေတာမဟုတ်ဘူး။ အိုခေ..., ကမ်းစပ်မှာပဲရှိသေးတဲ့ မစ္စတာ Cyril ရယ် ဖုန်းကိုင်လိုက်ပါတော့။

" ဟဲလို ! "

" ဟေး.., ငါ မင်းလို့တော့ထင်သားပဲ "

" ဟဲ...ဟုတ်တယ်။ လိုလိုမယ်မယ်ဖုန်းနံပါတ်ယူထားလိုက်တာ။ ငါတို့က အရေးပါတဲ့ မျက်မြင်သက်သေတွေလေ "

" ကောင်းပါတယ်။ ငါလည်းခုနက မင်းဖုန်းနံပါတ်တောင်းဖို့ စဉ်းစားနေတာ "

" ဟုတ်လား။ ကောင်းတာပေါ့ အခုရသွားပြီ "

" ..... "

" .... "

" .... "

" .... "

ဘုရားသခင် နဲ့ အပေါင်းပါများ..., ကယ်တင်ပေးပါဦး။ ကျွန်တော်တို့နှစ်ယောက်လုံးဆက်မပြောတော့ပဲ တစ်ယောက်အသက်ရှူသံ တစ်ယောက်နားထောင်နေကြတယ်။ ဘယ်လိုတောင် ကြောင်တိကြောင်တောင်နိုင်မှုကြီးလဲ။

" မင်း ငါ့ကို မျက်တောင်ကောင်လေးလို့ ခေါ်နေတာလားဟင် ? "

တစ်ဖက်ကသူ့အသံဟာ မေးသင့်လား? မမေးသင့်လား? ဒွိဟဖြစ်ရာကနေ မေးကြည့်တဲ့ပုံပေါ်ပြီး ဒါက တကယ်ချစ်ဖို့ကောင်းသည်။

" မျက်တောင်ဆိုတာက မင်းနာမည်မသိတာနဲ့ ဒီတိုင်းမှတ်ထားလိုက်တာ "

" ကောင်းပါတယ်။ ငါကတော့ မင်းကို အဝတ်လျှော်တဲ့ကောင်လေးလို့ စိတ်ထဲမှတ်ထားတာ "

" ဘာ! တကယ်ကြီးလား... ဒါကြီးကတော့ မမိုက်ဘူး "

" ဒါဆို နှာခေါင်းကောင်လေးလို့ ပြောင်းမှတ်ပေးရမလား "

သူပြောတာ ကျွန်တော့်နှာတံဖြောင့်ဖြောင့်စင်းစင်းတွေကို ရည်စူးပေမဲ့ ကျွန်တော်ဒဲ့ထိသွားပြီ။ မျက်တောင်ကောင်လေးက ဖုန်းထဲမှာစကားပြော ပိုသွက်နေပြီး အပြင်က မဖော်ရွေတတ်တဲ့ပုံနဲ့ တွဲမြင်ကြည့်တော့ တမျိုးလေး သဘောကျမိပြန်သည်။

" မဟုတ်တာတွေ မှတ်နေမဲ့အစား ငါတို့တစ်ယောက်နာမည်တစ်ယောက် မိတ်ဆက်သင့်တယ်။ ဟဲလို ... ငါက Cyril ပါ "

" အတည်လား? အဲဒါ ငါ့အဖိုးနာမည်ကြီး "

" ပြောမနေနဲ့တော့။ ဓာတ်ပြားဟောင်းမိဘတွေလက်ချက်လေ "

" ငါက Mervyn ပါ..."

" မိုက်တယ်။ ကဗျာဆန်တယ် "

" နာမည်သိသွားပြီဆိုတော့ မင်းအခု နာမည်ပြောင်းမှတ်လို့ရပြီပေါ့ "

" ပြောင်းမှတ်စေချင်လား "

မေးခွန်းတစ်ခုတိုင်းဆီမှာ လက်ခံမယ် ဒါမှမဟုတ် ငြင်းမယ်ဆိုပြီး ဖြစ်နိုင်ချေနှစ်မျိုးရှိတဲ့အတွက် အခွင့်အရေးရ,မရဆိုတာ ငါးဆယ်-ငါးဆယ် ရာခိုင်နှုန်း။ မကြိုးစားကြည့်တဲ့သူက သချာၤညံ့တဲ့သူပဲဖြစ်မှာ။ ဒါကြောင့်ကျွန်တော် သူ့ကိုမေးလိုက်ပြီ။

" ဟင့်အင်း .... "

ဝိုးးး ဟိုးးး ! ဘင်းးးးဂို !

" ငါလည်း ပြောင်းမမှတ်ချင်ဘူး။ ဘာလို့လဲဆိုတော့ မင်းမျက်တောင်တွေက အတည်ကြီးကို မိုက်တယ်လေ "

" ဒါဆို ငါလည်း အဝတ်လျှော်တဲ့ကောင်လေးလို့ မှတ်ထားမယ် "

" အိုခေ..., တစ်ယောက်ယောက် မင်းဖုန်းကိုင်ကြည့်ရင်းက ဒိုဘီကောင်လေးထင်ပြီး ငါ့ဆီ အော်ဒါလာတက်နေတာ့မှာပဲ "

" ဟားဟား .., ဒါနဲ့ ငါလုပ်စရာရှိသေးတယ် ဘိုင့် "

သူ့ဘက်ကဖုန်းချသွားမှ ကျွန်တော် အသက်ဝဝရှူ မိတော့သည်။ ကျွန်တော် သူ့အကြောင်း ဘာဆိုဘာမှသေချာမသိသေးဘူး။ နာမည်တောင်မှ ဒီနေ့မှသိရတာ။ သေချာတာဆိုလို့ ကျွန်တော် သူ့ဆီမှာ တစ်ခုခုခံစားမိတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ မမြင်ရတဲ့အသွားအပြန်လေးတွေကို သက်ဝင်ယုံကြည်ကြရတာပေါ့။

Bạn đang đọc truyện trên: ZingTruyen.Xyz