Chapter (5)
အိုးး မိုင္ ေဂါ့ ...။
အိုးး မိုင္ ဖား သား ေအာ့ဖ္ ေဂါ့ ...။
ဘုရားသခင္ရဲ႕အေဖကဘယ္သူမ်ားလဲလို႔ သိခ်င္စိတ္မ်ားေပၚလာရင္ အင္တာနက္မွာရွာၾကည့္ပါ။ ပံုမွန္ဆို ဘုရားသခင္အေဖကို ဂေယာင္ဂတမ္းနဲ႔ ေခၚေဝၚၾကတာ နည္းလို႔ ေစာက္ဆန္းႀကီးျဖစ္ေနတာပါ။ ကၽြန္ေတာ္က ျဖစ္ႏိုင္ရင္ ဘုရားသခင္ရဲ႕ ေဆြခုႏွစ္ဆက္မ်ိဳးခုႏွစ္ဆက္ကိုေတာင္ အံ့အားသင့္ျခင္းမ်ားစြာနဲ႔ ေအာ္ပစ္လိုက္ခ်င္ပါတယ္။ စိတ္ရင္းပါ။
ဘုရားသခင္ကိုကုန္းကုန္းေအာ္ေနရျခင္း အေၾကာင္းရင္းကို တစ္ခ်က္ေလာက္ၾကည့္ပါ။ ကၽြန္ေတာ္နဲ႔ မ်က္ေတာင္ေကာင္ေလး... ေဆာ္ရီး Merv နဲ႔ ႏွစ္ေယာက္အိပ္ကုတင္ေပၚမွာ အခု တူတူရွိေနတယ္။ အဲႏွစ္ေယာက္အိပ္ကုတင္က မိုတယ္တစ္ခုရဲ႕အခန္းတစ္ခန္းမွာရွိတယ္။ အဲမိုတယ္က ဖေလာ္ရယ္ဆြန္ၿမိဳ႕ေရွာင္လမ္းမွာရွိတယ္။ အခ်ိန္က ည 12 နာရီ။ အျပင္မွာ မိုးေတြသဲႀကီးမဲႀကီးရြာေနတယ္။
အခုဘာေၾကာင့္ဒီအေျခအေနေရာက္ေနတာဆိုတာနဲ႔ ပတ္သတ္ၿပီး .., ၿပီးခဲ့တဲ့ရက္သတၱပါတ္စာမ်က္ႏွာေတြကို နံပါတ္ေတြတပ္လိုက္မယ္။
(၁) တနၤလာေန႔ — ကၽြန္ေတာ့္အေမ ငွက္ေပ်ာသီးကိတ္လုပ္ရင္း ကိတ္သားေတြအကုန္တူးၿပီး ဗန္းမွာကပ္ကုန္သည္။ Merv ရဲ႕ ဖုန္းနံပါတ္ရထားတဲ့ကၽြန္ေတာ္က အက်ိဳးရွိရွိအသံုးခ်ပါသည္။ ဓာတ္ပံုနဲ႔အတူ မတ္ေဆ့ခ်္တစ္ေစာင္ေပးပို႔လိုက္သည္။
Cy : ငါ့အေမက ဒါငွက္ေပ်ာသီးကိတ္လို႔ ျငင္းေနတယ္။ ငါကေတာ့ ဒီဟာကို ငွက္ေပ်ာသီးကိတ္ေျခာက္လို႔ထင္တယ္ ဟား ဟား။ တရားသူႀကီးလုပ္ေပးခ်င္လား?
လစ္ဇာနဲ႔ခ်ိတ္ေပးဖို႔ တခ်ိဳ႕ေမဂ်ာကေကာင္ေလးေတြက ကၽြန္ေတာ္နဲ႔ Niel ကိုအကူအညီေတာင္းၾကသည္။ လစ္ဇာေခ်ာလာတယ္မထင္ဘူးလားလို႔ Niel ကိုေမးၾကည့္ေတာ့ "လစ္ဇာက လစ္ဇာေပါ့" တဲ့။ ေခ်ာတယ္လည္းမဟုတ္၊ မေခ်ာဘူးလည္းမဟုတ္။ ကၽြန္ေတာ္ မတ္ေဆ့ခ်္ဝင္မဝင္စစ္သည္။
လစ္ဇာကေတာ့ ရသမွ်အားလပ္ခ်ိန္ကို သူမရဲ႕စာတမ္းအတြက္သာအသံုးခ်ေနၿပီး သူ႔ပန္းတိုင္က အေမရိကန္သမၼတလားလို႔ ထင္ရေလာက္ေအာင္ မီးကုန္ယမ္းကုန္ ႀကိဳးစားေနသည္။ ေန႔လယ္စာစားတာေတာင္ စာအုပ္ထဲကအေၾကာင္းအရာေတြကို အမွန္ျခစ္လိုက္ အမွားျခစ္လိုက္ လုပ္ေနသည္။ ကၽြန္ေတာ္ မတ္ေဆ့ခ်္ဝင္မဝင္ထပ္စစ္သည္။
ပေရာ္ဖက္ဆာဂ်ိန္းစ္က ေထာင္ေဖာက္တဲ့ဝထၳဳကို သုတစာေပအမ်ိဳးအစားထဲထည့္ေပးလိုက္တဲ့ ကၽြန္ေတာ္တို႔ 3 ေယာက္ရဲ႕ အံ့မခန္းအစြမ္းကို ေခၚၿပီးက်ိန္းေမာင္းသည္။ အဲဒါနဲ႔ ကၽြန္ေတာ္ မတ္ေဆ့ခ်္ဝင္မဝင္စစ္သည္။
Merv : အပူခ်ိန္မ်ားသြားတာပဲ... ငွက္ေပ်ာသီးကိတ္မုန္႔လို႔ပဲ ေျပာလိုက္ပါ... မိန္းမေတြကအၿမဲတမ္းမွန္တယ္ေလ... lol
Cy : ဘက္လိုက္တဲ့ တရားသူႀကီး :(
Merv : lol lol
ငွက္ေပ်ာသီးကိတ္ေတြကို တူးေအာင္ဖုတ္တဲ့ အေမ့ေက်းဇူးေၾကာင့္ Merv ရဲ႕အႀကိဳက္ဆံုးကိတ္မုန္႔က ေမြးေန႔ကိတ္ေတြျဖစ္ေၾကာင္း အျပန္အလွန္စာပို႔ရင္းသိရသည္။ " ေမြးေန႔ကိတ္ေတြက အလကားစားရတယ္ေလ ။ အဲထက္ေကာင္းတာရွိေသးလို႔လား " ဆိုၿပီး Merv ကစာပို႔ေတာ့ ကၽြန္ေတာ္ သူ႔ကိုေမြးေန႔ကိတ္ဦးထုပ္ေလးနဲ႔ျမင္ေယာင္မိသည္။
(၂) အဂါၤေန႔ — ကၽြန္ေတာ္ဖုန္းကိုၾကည့္ရင္း မ်က္ခြက္ႀကီးၿဖီးေနတာကို Niel နဲ႔လစ္ဇာရိပ္မိသြားၿပီး အျပာကားေတြၾကည့္ေနသည္အထင္ႏွင့္ ကၽြန္ေတာ့္ဖုန္းကိုဝိုင္းလုၾကသည္။ ပထမကေတာ့ Niel က ကၽြန္ေတာ့္ကိုခ်ဳပ္ထားၿပီး လစ္ဇာက ဖုန္းကိုဆြဲသည္။
" ... ငါေဂးအျပာကားေတြၾကည့္ေနတာ လစ္ဇာကို မသိေစခ်င္ဘူး ... "
Niel နားကိုတိုးတိုးေလးေျပာလိုက္ေတာ့ သူ႔ခဗ်ာ ကၽြန္ေတာ့္လွ်ိဳ႕ဝွက္ခ်က္ကိုကာကြယ္ေပးရတာေပါ့။ လစ္ဇာက မေက်နပ္ပဲ ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုးကို စကားမေျပာ။ စကားမေျပာမခ်င္း ကၽြန္ေတာ္တို႔ႏွစ္ေယာက္က သူေမြးထားတဲ့ေခြးေတြလို တြယ္ကပ္ေနေတာ့ပဲ။ တခ်က္တခ်က္ သူ႔နားမွာ " woof woof " နဲ႔ပါေဟာင္ေပးလိုက္သည္။ ေႏွာက္ယွက္ဒဏ္မခံႏိုင္ေတာ့တဲ့အဆံုး သူပါ ကၽြန္ေတာ္တို႔နဲ႔အတူတူ ေခြးဝင္လုပ္သည္။
Merv : ငါကတံုးေတာ့ ကိုယ့္ဘာကိုယ္ဘာျဖစ္ခ်င္လဲေတာင္မစဥ္းစားဖူးဘူး...အထက္တန္းေအာင္ကတည္းက ေကာလိပ္လည္းမတတ္ျဖစ္ဘူး... အေအးဆိုင္မွာေတာ့ မီႏူးအသစ္ေတြလုပ္ေနတာပဲရွိတယ္..
Cy : မိုက္ပါတယ္... ငါဆိုရင္ တိတိက်က် ေရေရရာရာ ဝါသနာပါတာမ်ိဳးမရွိဘဲ အကုန္လိုက္လုပ္ၿပီး ဆံုးခန္းမတိုင္ဘူး... အခုတတ္ေနတဲ့ေမဂ်ာလည္း ႐ူးသြပ္တယ္မဟုတ္ဘဲ အဆင္ေျပတယ္ဆို ေရြးခ်ယ္ထားခဲ့တာ... ဒါနဲ႔ ဘယ္အေအးဆိုင္လဲ?
Merv : လာခဲ့ေလ... ဂေလာ္ရီယာမွတ္တိုင္ကေန ေရွ႕တစ္မွတ္တိုင္ဘတ္စ္စီးလိုက္ရင္ေရာက္ၿပီ...
Cy : အိုေခ.., အတန္းလစ္လို႔ရရင္ လာခဲ့မယ္
သူအလုပ္လုပ္တဲ့ဆိုင္မွာအေကာင္းဆံုးအေအးက Mango Macchiato လို႔ကၽြန္ေတာ့္ကိုၫႊန္းေပးသည္။ ကၽြန္ေတာ္က အခ်ိဳႀကိဳက္သူမဟုတ္ေပမဲ့ သူ႔ကိုေတာ့ႀကိဳက္သည္။
(၃) ဗုဒၶဟူးေန႔ — ကၽြန္ေတာ္ေက်ာင္းစာၾကည့္တိုက္မွာ စာတမ္းျပင္ဆင္ရင္း တေနကုန္သြားသည္။ စာတမ္းကို ပေရာ္ဖက္ဆာသေဘာမက်တာနဲ႔ ျပန္ျပင္ေနရသည္မွာ ေခါင္းကိုက္စရာ။ ဒါေပမဲ့ ဖုန္းကိုေတာ့ မၾကာခဏ စစ္ၾကည့္သည္။ ညက ကၽြန္ေတာ္တို႔ လမ္းေတြအေၾကာင္းေဆြးေႏြးၾကသည္။ ၿမိဳ႕ေတြအေၾကာင္းေဆြးေႏြးၾကသည္။ အဆံုးသတ္မွာ အာဖရိကမွ ျခေသၤ့ေတြအေၾကာင္းျဖစ္သြားသည္။
ဒီေန႔ေတာ့ ညေရာက္တဲ့အထိ Merv ဆီကစာတစ္ေစာင္မွမလာေသးပါ။
Cy : ဒီေန႔က ေခါင္းကိုက္စရာေန႔ပဲ... ငါစာအုပ္ ၅ အုပ္ကိုတစ္ၿပိဳင္ထဲဖတ္ၿပီး ေကာက္ႏုတ္ခ်က္ေတြ၊ မွတ္စုေတြ အႁပြတ္လိုက္တစ္ေနကုန္ ထိုင္ထုတ္ေနရတယ္... မင္းဆီက ေပ်ာ္စရာတစ္ခုခု ၾကားခ်င္လိုက္တာ :(
Merv : -----
ကၽြန္ေတာ္အိပ္ေပ်ာ္သြားသည္။ အိမ္မက္ထဲမွာေတာ့ Merv နဲ႔မတ္ေဆခ်္႕ေတြဆက္ပို႔ေနသည္။
(၄) ၾကာသပေတးေန႔ — မနက္ 3 နာရီထိုးႀကီး ပို႔ထားေသာ Merv ရဲ႕မတ္ေဆ့ခ်္ေၾကာင့္ ႏိုးႏိုးခ်င္း ကၽြန္ေတာ္စိုးရိမ္သြားသည္။
Merv : ဘယ္လိုလုပ္မလဲ ... ငါ့အတြက္လည္း ဗုဒၶဟူးန႔က ဆိုးဆိုးဝါးဝါးေန႔ပဲ... ဆိုင္မွာလူအရမ္းက်ေနေတာ့ ေစာင့္ရတဲ့ဝယ္သူေတြက စိတ္တိုၿပီး ပိတ္ေဟာက္ေတာ့တာပဲ... မင္း Dinner Dish game ကစားဖူးလား? အဲထဲက လာစားတဲ့သူေတြလိုပဲ ေခါင္းေပၚမွာပြက္ပြက္ဆူေနတာေလ...
ဝယ္သူတစ္ေယာက္ဆို မယံုၾကည္ႏိုင္စရာပဲ!!! ငါ့ကို ဖားမ်က္ႏွာလို႐ုပ္ဆိုးတဲ့ေကာင္တဲ့ ဆဲသြားတယ္။ အားးး ေဒါသထြက္လိုက္တာ
Merv ကို႐ုပ္ဆိုးတယ္လို႔ေျပာသြားတဲ့ ဝယ္သူကို ကၽြန္ေတာ့အခန္းေထာင့္မွာရွိတဲ့ ကမာၻလံုးနဲ႔ ဆြဲထုပစ္ခ်င္သည္။
Cy : The princess and the frog ကိုသတိရသြားၿပီ...
အခ်ိန္ဇယားကိုကၽြန္ေတာ္ၾကည့္လိုက္ေတာ့ ဒီေန႔အတန္းခ်ိန္ေတြက လစ္လို႔ရတဲ့အတြက္ Merv ရဲ႕ အေအးဆိုင္ကိုသြားဖို႔ ကၽြန္ေတာ္ဆံုးျဖတ္လိုက္သည္။ မတ္ေဆ့ခ်္ေတြသာအျပန္အလွန္ပို႔ေနၾကတာ အျပင္မွာစကားကို မေျပာျဖစ္ေတာ့ အူတိအူေၾကာင္ျဖစ္ေနဦးမလား စိတ္ပူသည္။
Merv : ငါ့ကိုဖားနဲ႔တူတယ္ဆိုတာ မင္းကပါ ေထာက္ခံေနတာလား !
Cy : ဒါေပမဲ့ ဖားက မင္းသားေလ
Merv : (¬_¬ ) ဖားကဖားပဲ
Merv ကဘယ္ေတာ့မွ emoji ႐ုပ္ေလးေတြမသံုး။ symbol emoji ေလးေတြသာသံုးေလ့ရွိၿပီး အဲပံုေလးေတြကို အျပင္ကသူ႔႐ုပ္နဲ႔တြဲတြဲျမင္ေနသည္မွာ ကၽြန္ေတာ္႐ူးေနတာျဖစ္မည္။
ကၽြန္ေတာ္ Merv ရဲ႕အေအးဆိုင္ကိုေရာက္ေနၿပီ။ မွတ္တိုင္ေစာင့္ထိုင္ခံုကေနသာ Merv ကိုေခ်ာင္းၾကည့္ေနမိသည္။ ေပါ့ေပါးပါးပါးပဲ ဝတ္စားၿပီးထြက္လာဖို႔ ရည္ရြယ္ထားေပမဲ့ အခုဝတ္ထားပံုက တစ္ေယာက္ေယာက္နဲ႔ ဒိတ္ဖို႔ သားသားနားနားျပင္လာသလိုပံုေပါက္ေနသည္။ သြားေတြ႕ဖို႔ ယံုၾကည္ခ်က္က ဇီး႐ိုး။
ေကာင္တာမွာရပ္ေနတဲ့အတြက္ ကၽြန္ေတာ္ Merv ကိုရွင္းရွင္းလင္းလင္းျမင္ရသည္။ အေအးေအာ္ဒါေတြယူၿပီး စာရြက္ျဖတ္လိုက္ တံဆိပ္တံုးထုလိုက္ Merv အလုပ္ရႈပ္ေနသည္။
" ကၽြန္ေတာ့္တစ္ခုေလာက္အကူအညီေတာင္းပါရေစ။ ဒုတိယေျမာက္ေကာင္တာက ကၽြန္ေတာ့္သူငယ္ခ်င္းပါ။ သူ႔ကိုတစ္ခုခုေကာင္းတာေလးရွာၿပီး ခ်ီးက်ဴးေပးလို႔ရမလား။ အေအးဝယ္တိုက္ပါ့မယ္။ သူကမိသားစုနဲ႔လည္းေဝးေနၿပီး တစ္ေယာက္ထဲျဖစ္ေနေတာ့ တခါတေလ ပင္ပန္းတဲ့ေန႔ေတြ အားေပးမဲ့သူမရွိ ျဖတ္သန္းေနရလို႔ပါ "
" အိုးး ငါ့သားရယ္ အန္တီကူညီပါ့မယ္။ အေအးဝယ္တိုက္စရာမဟုတ္တာ "
ဘတ္စ္ကားမွတ္တိုင္က သေဘာေကာင္းမယ္ထင္ရတဲ့သူ သံုး,ေလး,ငါးေယာက္ကိုကၽြန္ေတာ္ အကူအညီေတာင္းၿပီး Merv ရဲ႕ေန႔ေလးကို အားရွိေအာင္ကူညီမိသည္။
Merv : ဒီေန႔ကေတာ့တစ္ခုခုပဲ... အရမ္းေနလို႔ေကာင္းတယ္... ဘာလို႔မွန္းမသိ လူေတြက ငါ့ကိုခ်ီးက်ဴးေနၾကတယ္... ငါကအရမ္းၾကည့္ေကာင္းေနတယ္တို႔၊ ငါ့ဆံပင္ပံုစံကိုႀကိဳက္တယ္တို႔၊ ငါေဖ်ာ္ေပးတဲ့အေအးေတြကလက္ရာေကာင္းတယ္၊ အျမင္က်ယ္တယ္တို႔ ဘာတို႔ ... ဟား! ဟား!
Cy : ငါလည္းေျပာတယ္ေလ... မ်က္ေတာင္ေကာင္ေလးဆိုတာ မင္းကိုခ်ီးက်ဴးတာပဲ
Merv : ေအးပါကြာ
နံပါတ္စဥ္ (၅) မရွိေတာ့။
လက္ရွိျဖတ္သန္းေနရတာ ေသာၾကာေန႔ပါပဲ။
ဒီညေရာက္ေနတာ အတန္းထဲက ဂ်က္ဆိုတဲ့တစ္ေယာက္ရဲ႕ ေမြးေန႔ပါတီပါ။ ဟိုတယ္မွာ စပါယ္ရွယ္ေသာင္းက်န္းဖို႔ ခန္းမဘိုကင္လုပ္ထားေပမဲ့ ၾကားသူကေန႔မွားလုပ္ထားမိၿပီး စာရင္းထဲမွာ ေနာက္အပတ္ေသာၾကာျဖစ္ေနသည္။ သူငယ္ခ်င္းေတြကလည္းအကုန္ေရာက္ေနတာနဲ႔ မန္ေနဂ်ာက ဒီညအတြက္ ခန္းမ မရေပမဲ့ သူတို႔ဟိုတယ္မွာ အက်ယ္ဆံုးတည္းတဲ့အခန္းကိုျပင္ဆင္ေပးႏိုင္တယ္ဆို ၫွိႏႈိင္းေပးသည္။
ေရာက္တဲ့ေနရာကဲႏိုင္တဲ့ ကၽြန္ေတာ္တို႔အရြယ္ေတြကေတာ့ အခန္းထဲက ကုတင္ေတြေပၚမွာလည္း ခုန္ေပါက္ကၾကသည္။ အေကာင္းစားအရက္ေတြရထားေပမဲ့ ကၽြမ္းက်င္စြာေဖ်ာ္တတ္တဲ့သူမရွိ။ ပုလင္းေတြအကုန္တစ္ေယာက္တလွည့္ေမာ့ၾကၿပီး ဗိုက္ထဲတြင္သာေဖ်ာ္လိုက္ၾကသည္။
ကၽြန္ေတာ္ မေသာက္ရေသး..။ Niel ကနည္းနည္းဝင္ၿပီး၍ ေျမာက္ႂကြႂကြျဖစ္ေနသည္။ လစ္ဇာက မိုက္ကိုမလႊတ္ဘဲ အေမရိကန္အိုင္ေဒါၿပိဳင္ေနသလို ေဖ်ာ္ေျဖေနသည္။ ေက်ာင္းမွ လစ္ဇာခ်စ္သူမ်ားအဖြဲ႕က အားေပးေနၾကသည္။
အသီးသီးပါတီဂိမ္းမ်ား ေပ်ာ္ေပ်ာ္ပါးပါးေဆာ့ေနေပမဲ့ ကၽြန္ေတာ္က သူတို႔,ကျမင္းေၾကာထလို႔ျပဳတ္က်သြားတဲ့ ပန္းခ်ီကားက puzzle ေလးေတြကိုထိုင္ဆက္ေနသည္။ တစ္ဝက္ေလာက္ဆက္ၿပီးရင္ ေဗာ့ကာေလးေမာ့မယ္လို႔ ၾကံစည္ထားေသာ္လည္း တစ္စိတ္ေတာင္မၿပီးေသး။ ဥာဏ္ကအဲလိုေကာင္းတာ။ တျခားသူငယ္ခ်င္းေတြလည္း ကၽြန္ေတာ္နဲ႔ ဝိုင္းကူဆက္ၾကသည္။ ၾကာေတာ့ဇက္ေၾကာေတြပါ တက္လာတာနဲ႔ ကၽြန္ေတာ္ရပ္လိုက္သည္။ Niel လက္ထဲက ေဗာ့ကာပုလင္းကိုဆြဲၿပီးေမာ့မယ္ရွိေသး မ်က္လံုးက ဖုန္းမွာေပၚေနတဲ့ notification ေတြကိုေရာက္သြားသည္။
Merv : ငါ ေၾကာင္ေတြကိုသတ္ၿပီး လာ,လႊင့္ပစ္တဲ့သူကို မွတ္မိၿပီလို႔ထင္တယ္… အခုသူအမႈိက္ပံုနားကိုေရာက္ေပမဲ့ ဘာမွထပ္မပစ္သြားဘူး… ငါသူ႔ေနာက္လိုက္ၾကည့္သင့္လား?
Merv [ 2 Missed Call ...., ]
Merv : ရဲတိုင္ေပမဲ့ သူတို႔ကဘာေတြေမးေနလဲမသိဘူး။ မေသခ်ာတဲ့သူဆိုရင္ သူတို႔ဘက္ကဘာမွမလုပ္ေပးႏိုင္ဘူးတဲ့။ ငါသူ႔ေနာက္လိုက္သြားၿပီး နည္းနည္းစူးစမ္းၾကည့္မယ္
Merv : သူက ၿမိဳ႕ျပင္ထိ ကားေမာင္းသြားတယ္။ ငါတစ္ခါမွၿမိဳ႕ျပင္ မေရာက္ဖူးဘူး Cyril..., ငါနည္းနည္းေတာ့ေၾကာက္တယ္
Merv : ၿမိဳ႕ေရွာင္လမ္းေပၚက ***ဆိုတဲ့မိုတယ္ကိုအဲလူဝင္သြားတယ္။ ငါမင္းကို သတင္းေပး႐ုံပါ...ငါထင္တာလည္းမွားႏိုင္တယ္
အ႐ူးေကာင္ေလး။ သူဘာေတြေလွ်ာက္လုပ္ေနတာလဲ။ မတ္ေဆ့ခ်္ေတြျမင္ၿပီးကာမွ မေသာက္ဘဲ မူးသြားသည္။ ကၽြန္ေတာ္ ခ်က္ခ်င္းဖုန္းဆက္ေပမဲ့ သူ႔ဘက္ကဖုန္းပိတ္ထားသည္။ ေၾကာင္သတ္သမား မဟုတ္ရင္ Merv အိမ္ျပန္လာမွာပါေနာ္။ တကယ္လို႔ဟုတ္ေနရင္ေရာ ....?
နာရီဝက္ေလာက္ၾကာသည္အထိ သူ႔ဖုန္းကိုေခၚလို႔မရ။ တိုက္ပိုင္ရွင္အဘြားႀကီးကို ဖုန္းဆက္ၿပီး အခန္းကိုလူရွိမရွိ စစ္ခိုင္းေတာ့ Merv ျပန္မေရာက္ေသးေၾကာင္း သူမျပန္ေျဖသည္။ ကၽြန္ေတာ္ေနာက္တစ္ေခါက္အေျခအေနေတြကို မသံုးသပ္ေတာ့ဘဲ ၿမိဳ႕ေရွာင္လမ္းထိေရာက္ေအာင္ ကားေမာင္းလာသည္။ Merv ေျပာတဲ့ မိုတယ္ကိုလိုက္ပတ္ရွာၾကည့္သည္။ မိုတယ္ကိုေတြ႕ေပမဲ့ Merv ကိုမေတြ႕။ လာတည္းသူေတြထဲမွာလည္း Merv နာမည္မပါ။
မိုတယ္အျပင္ဘက္ထြက္ၿပီး အနီးနား ဟိုေလွ်ာက္ဒီေလွ်ာက္ ပတ္ရွာၾကည့္ေနခ်ိန္ မိုးစက္ဖြဲဖြဲေလးေတြ ကၽြန္ေတာ့္ခံစားရလာသည္။ ပတ္ဝန္းက်င္တစ္ခုလံုး ေအးစိမ့္စိမ့္ႏိုင္လာၿပီ။ Merv တစ္ေယာက္လက္ေလ်ာ့ၿပီးျပန္သြားႏွင့္ပါေစလို႔ ေမွ်ာ္လင့္မိသည္။ လည္းၿမိဳနဲ႔ရင္ေခါင္းၾကားမွာ ရစ္ဝဲပိတ္ဆို႔ေနေသာ စိတ္ပူရတဲ့ခံစားခ်က္ႀကီးကို ေတာ္ေတာ္မႀကိဳက္။
အေၾကာင္းရင္းမရွိ အေရးေပၚေလွကားက်ဥ္းက ေခါင္းထဲေပၚလာၿပီး ကၽြန္ေတာ္ မိုတယ္ရဲ႕ ေဘးလမ္းၾကားေလးထဲဝင္သြားလိုက္သည္။ ရွိေတာ့မရွိေနေလာက္ပါဘူး ဆိုတဲ့စိတ္ေတာ့ျဖစ္မိေပမဲ့ ကၽြန္ေတာ့္ေျခလွမ္းေတြက တစ္ခုခုဆြဲငင္ခံရသလို ေရြ႕လ်ားမိသည္။
.
.
.
ေဟာ..။
အ႐ူးေကာင္ေလးကိုရွာေတြ႕ပါၿပီ။ အပ္စရာပိုင္ရွင္ေတာ့မရွိ၊ ေကာက္သိမ္းသြားမွျဖစ္မည္။ ေလွကားက်ဥ္းက်ဥ္းေလးမွာ ျပဴးေၾကာင္ေၾကာင္႐ုပ္နဲ႔ စိတ္ပ်က္လက္ပ်က္ထိုင္ေနၿပီး ႏွစ္ေတာင္ေလာက္ရွည္တဲ့ က်စ္ဆံၿမီးေပါင္မုန္႔ေခ်ာင္းႀကီးကို ပလုတ္ပေလာင္းနဲ႔ဝါးေနသည္။ Merv အခုပံုမွာ " စိတ္ညစ္ေနေပမဲ့လည္း ဆာေလာင္ေနေသာအခါ " ဆိုတဲ့ hastag အတိုင္းပင္ျဖစ္ေနသည္။
" စံုေထာက္ႀကီး Merv! တရားခံမိၿပီလား? "
" မြင္း ဒီ ဂို ဘယ္ ဝို ဝို႔ "
ပလုတ္ပေလာင္းစားေနရင္းက လွမ္းေျပာေသာသူ႔အသံက ကၽြန္ေတာ့္ကို က်ယ္ေလာင္စြာရယ္ေစသည္။
" အဲဒါေတြအရင္ၿမိဳခ်လိုက္ပါဦး "
Merv ေျပာျပပံုအရ သူလိုက္မိတဲ့လူဟာ ေၾကာင္သတ္သမားဆိုတဲ့ တိတိက်က်သက္ေသျပစရာမရွိေပမဲ့ သူ႔စိတ္ခံစားခ်က္အရ သိေနတာျဖစ္သည္။ Merv လိုက္ေခ်ာင္းေနတာ သိသိခ်င္း ဒီလူဟာ ခ်က္ုခင္းတကၠစီငွားၿပီး ထြက္သြားသည္။ ၿမိဳ႕ျပင္ထိေရာက္ေအာင္ထြက္လာၿပီး မိုတယ္ကိုဝင္သည္။ ေနာက္ Merv ကိုလွည့္စားၿပီး မိုတယ္မွ ျပန္ထြက္သြားသည္။
" အခုအရမ္းေမွာင္ေနၿပီ။ တကၠစီငွားတာလည္း မရေတာ့ စိတ္ပ်က္ပ်က္နဲ႔ အဆာေျပစားေနတာ။ မင္းျပန္မွာဆိုရင္ ငါကားၾကံဳလိုက္မယ္ "
" ရတယ္ေလ ... ဒါေပမဲ့ အခုျပန္မွာမဟုတ္ေသးဘူး။ ငါအရက္နည္းနည္းဝင္ထားေတာ့ "
" Oh ! မင္းအလာတုန္းကအဆင္ေျပရဲ႕လား "
" ေျပတယ္..ေျပတယ္။ အဲတုန္းကေသာက္ခါစဆိုေတာ့ဘာမွမျဖစ္ဘူး... အခုမွ တရိပ္ရိပ္တက္လာတာ "
မတတ္ႏိုင္ဘူး။ ကၽြန္ေတာ္ ညစ္ပတ္ရမွာပဲ။ ခုေန ကားေမာင္းၿပီးတူတူျပန္မယ္ဆိုဦး... ကံေကာင္းရင္ သူနဲ႔ကၽြန္ေတာ္ ကားတစ္ေလွ်ာက္ေမာင္းစာ စကားေျပာခ်ိန္ရမယ္။ ကံဆိုးရင္ သူအိပ္ေပ်ာ္သြားမယ္။ ကၽြန္ေတာ္တစ္ေယာက္ထဲ သူအိပ္ေပ်ာ္ေနတာကို ခိုးၾကည့္ရင္း ေရာဂါႏွစ္ဆတိုးမယ္။
" ဒါဆို မင္းအိပ္ေနလိုက္။ ငါေမာင္းေပးမယ္ေလ "
ဟာ…. အဲဒါမွ ေသာက္က်ိဳးနည္းၿပီ။
" ဂ်ိန္းး "
ေကာင္းကင္ႀကီးထက္ျခမ္းခြဲသြားမတက္ အသံက်ယ္ႀကီးေပၚထြက္လာၿပီး လွ်ပ္စီးေၾကာင္းမွာ လင္းခနဲ။ ႏွစ္ေကာင္လံုးမတ္တပ္ရပ္ေနရာက ေအာက္ကိုငုတ္တုတ္ေတြထိုင္ခ်ၿပီး ကုန္းေအာ္မိသြားသည္။ ဆိုေတာ့ကား .... မိုတယ္မွာတစ္ညတည္းဖို႔ ဆံုးျဖတ္ခ်က္ခ်ခိုက္ၿပီး ႐ုပ္ရွင္ေတြထဲကလို ႏွစ္ေယာက္ခန္းတစ္ခန္းပဲက်န္ေတာ့တာမဟုတ္။ မိုတယ္ေကာင္တာမွာထိုင္ေနတဲ့ ဘဲႀကီးကို Merv ေနာက္ကေန ကၽြန္ေတာ္က မ်က္လံုးေတြမွိတ္ျပ၊ ပါးစပ္ေတြရြဲ႕ျပလုပ္ေတာ့မွ ႏွစ္ေယာက္ခန္းတစ္ခန္းထဲက်န္ေတာ့သည္ျဖစ္သြားသည္။
" အိုးးး မိုင္ ေဂါ့ ...။ အိုးး မိုင္ ဖား သား ေအာ့ဖ္ ေဂါ့ ..." ဆိုတဲ့ ကၽြန္ေတာ့စာမ်က္ႏွာျပန္စတင္ၿပီ။
............................................
အိုးး မိုင် ဂေါ့ ...။
အိုးး မိုင် ဖား သား အော့ဖ် ဂေါ့ ...။
ဘုရားသခင်ရဲ့အဖေကဘယ်သူများလဲလို့ သိချင်စိတ်များပေါ်လာရင် အင်တာနက်မှာရှာကြည့်ပါ။ ပုံမှန်ဆို ဘုရားသခင်အဖေကို ဂယောင်ဂတမ်းနဲ့ ခေါ်ဝေါ်ကြတာ နည်းလို့ စောက်ဆန်းကြီးဖြစ်နေတာပါ။ ကျွန်တော်က ဖြစ်နိုင်ရင် ဘုရားသခင်ရဲ့ ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်ကိုတောင် အံ့အားသင့်ခြင်းများစွာနဲ့ အော်ပစ်လိုက်ချင်ပါတယ်။ စိတ်ရင်းပါ။
ဘုရားသခင်ကိုကုန်းကုန်းအော်နေရခြင်း အကြောင်းရင်းကို တစ်ချက်လောက်ကြည့်ပါ။ ကျွန်တော်နဲ့ မျက်တောင်ကောင်လေး... ဆော်ရီး Merv နဲ့ နှစ်ယောက်အိပ်ကုတင်ပေါ်မှာ အခု တူတူရှိနေတယ်။ အဲနှစ်ယောက်အိပ်ကုတင်က မိုတယ်တစ်ခုရဲ့အခန်းတစ်ခန်းမှာရှိတယ်။ အဲမိုတယ်က ဖလော်ရယ်ဆွန်မြို့ရှောင်လမ်းမှာရှိတယ်။ အချိန်က ည 12 နာရီ။ အပြင်မှာ မိုးတွေသဲကြီးမဲကြီးရွာနေတယ်။
အခုဘာကြောင့်ဒီအခြေအနေရောက်နေတာဆိုတာနဲ့ ပတ်သတ်ပြီး .., ပြီးခဲ့တဲ့ရက်သတ္တပါတ်စာမျက်နှာတွေကို နံပါတ်တွေတပ်လိုက်မယ်။
(၁) တင်္နလာနေ့ — ကျွန်တော့်အမေ ငှက်ပျောသီးကိတ်လုပ်ရင်း ကိတ်သားတွေအကုန်တူးပြီး ဗန်းမှာကပ်ကုန်သည်။ Merv ရဲ့ ဖုန်းနံပါတ်ရထားတဲ့ကျွန်တော်က အကျိုးရှိရှိအသုံးချပါသည်။ ဓာတ်ပုံနဲ့အတူ မတ်ဆေ့ချ်တစ်စောင်ပေးပို့လိုက်သည်။
Cy : ငါ့အမေက ဒါငှက်ပျောသီးကိတ်လို့ ငြင်းနေတယ်။ ငါကတော့ ဒီဟာကို ငှက်ပျောသီးကိတ်ခြောက်လို့ထင်တယ် ဟား ဟား။ တရားသူကြီးလုပ်ပေးချင်လား?
လစ်ဇာနဲ့ချိတ်ပေးဖို့ တချို့မေဂျာကကောင်လေးတွေက ကျွန်တော်နဲ့ Niel ကိုအကူအညီတောင်းကြသည်။ လစ်ဇာချောလာတယ်မထင်ဘူးလားလို့ Niel ကိုမေးကြည့်တော့ "လစ်ဇာက လစ်ဇာပေါ့" တဲ့။ ချောတယ်လည်းမဟုတ်၊ မချောဘူးလည်းမဟုတ်။ ကျွန်တော် မတ်ဆေ့ချ်ဝင်မဝင်စစ်သည်။
လစ်ဇာကတော့ ရသမျှအားလပ်ချိန်ကို သူမရဲ့စာတမ်းအတွက်သာအသုံးချနေပြီး သူ့ပန်းတိုင်က အမေရိကန်သမ္မတလားလို့ ထင်ရလောက်အောင် မီးကုန်ယမ်းကုန် ကြိုးစားနေသည်။ နေ့လယ်စာစားတာတောင် စာအုပ်ထဲကအကြောင်းအရာတွေကို အမှန်ခြစ်လိုက် အမှားခြစ်လိုက် လုပ်နေသည်။ ကျွန်တော် မတ်ဆေ့ချ်ဝင်မဝင်ထပ်စစ်သည်။
ပရော်ဖက်ဆာဂျိန်းစ်က ထောင်ဖောက်တဲ့ဝထ္ထုကို သုတစာပေအမျိုးအစားထဲထည့်ပေးလိုက်တဲ့ ကျွန်တော်တို့ 3 ယောက်ရဲ့ အံ့မခန်းအစွမ်းကို ခေါ်ပြီးကျိန်းမောင်းသည်။ အဲဒါနဲ့ ကျွန်တော် မတ်ဆေ့ချ်ဝင်မဝင်စစ်သည်။
Merv : အပူချိန်များသွားတာပဲ... ငှက်ပျောသီးကိတ်မုန့်လို့ပဲ ပြောလိုက်ပါ... မိန်းမတွေကအမြဲတမ်းမှန်တယ်လေ... lol
Cy : ဘက်လိုက်တဲ့ တရားသူကြီး :(
Merv : lol lol
ငှက်ပျောသီးကိတ်တွေကို တူးအောင်ဖုတ်တဲ့ အမေ့ကျေးဇူးကြောင့် Merv ရဲ့အကြိုက်ဆုံးကိတ်မုန့်က မွေးနေ့ကိတ်တွေဖြစ်ကြောင်း အပြန်အလှန်စာပို့ရင်းသိရသည်။ " မွေးနေ့ကိတ်တွေက အလကားစားရတယ်လေ ။ အဲထက်ကောင်းတာရှိသေးလို့လား " ဆိုပြီး Merv ကစာပို့တော့ ကျွန်တော် သူ့ကိုမွေးနေ့ကိတ်ဦးထုပ်လေးနဲ့မြင်ယောင်မိသည်။
(၂) အဂါၤနေ့ — ကျွန်တော်ဖုန်းကိုကြည့်ရင်း မျက်ခွက်ကြီးဖြီးနေတာကို Niel နဲ့လစ်ဇာရိပ်မိသွားပြီး အပြာကားတွေကြည့်နေသည်အထင်နှင့် ကျွန်တော့်ဖုန်းကိုဝိုင်းလုကြသည်။ ပထမကတော့ Niel က ကျွန်တော့်ကိုချုပ်ထားပြီး လစ်ဇာက ဖုန်းကိုဆွဲသည်။
" ... ငါဂေးအပြာကားတွေကြည့်နေတာ လစ်ဇာကို မသိစေချင်ဘူး ... "
Niel နားကိုတိုးတိုးလေးပြောလိုက်တော့ သူ့ခဗျာ ကျွန်တော့်လျှို့ဝှက်ချက်ကိုကာကွယ်ပေးရတာပေါ့။ လစ်ဇာက မကျေနပ်ပဲ ကျွန်တော်တို့နှစ်ယောက်လုံးကို စကားမပြော။ စကားမပြောမချင်း ကျွန်တော်တို့နှစ်ယောက်က သူမွေးထားတဲ့ခွေးတွေလို တွယ်ကပ်နေတော့ပဲ။ တချက်တချက် သူ့နားမှာ " woof woof " နဲ့ပါဟောင်ပေးလိုက်သည်။ နှောက်ယှက်ဒဏ်မခံနိုင်တော့တဲ့အဆုံး သူပါ ကျွန်တော်တို့နဲ့အတူတူ ခွေးဝင်လုပ်သည်။
Merv : ငါကတုံးတော့ ကိုယ့်ဘာကိုယ်ဘာဖြစ်ချင်လဲတောင်မစဉ်းစားဖူးဘူး...အထက်တန်းအောင်ကတည်းက ကောလိပ်လည်းမတတ်ဖြစ်ဘူး... အအေးဆိုင်မှာတော့ မီနူးအသစ်တွေလုပ်နေတာပဲရှိတယ်..
Cy : မိုက်ပါတယ်... ငါဆိုရင် တိတိကျကျ ရေရေရာရာ ဝါသနာပါတာမျိုးမရှိဘဲ အကုန်လိုက်လုပ်ပြီး ဆုံးခန်းမတိုင်ဘူး... အခုတတ်နေတဲ့မေဂျာလည်း ရူးသွပ်တယ်မဟုတ်ဘဲ အဆင်ပြေတယ်ဆို ရွေးချယ်ထားခဲ့တာ... ဒါနဲ့ ဘယ်အအေးဆိုင်လဲ?
Merv : လာခဲ့လေ... ဂလော်ရီယာမှတ်တိုင်ကနေ ရှေ့တစ်မှတ်တိုင်ဘတ်စ်စီးလိုက်ရင်ရောက်ပြီ...
Cy : အိုခေ.., အတန်းလစ်လို့ရရင် လာခဲ့မယ်
သူအလုပ်လုပ်တဲ့ဆိုင်မှာအကောင်းဆုံးအအေးက Mango Macchiato လို့ကျွန်တော့်ကိုညွှန်းပေးသည်။ ကျွန်တော်က အချိုကြိုက်သူမဟုတ်ပေမဲ့ သူ့ကိုတော့ကြိုက်သည်။
(၃) ဗုဒ္ဓဟူးနေ့ — ကျွန်တော်ကျောင်းစာကြည့်တိုက်မှာ စာတမ်းပြင်ဆင်ရင်း တနေကုန်သွားသည်။ စာတမ်းကို ပရော်ဖက်ဆာသဘောမကျတာနဲ့ ပြန်ပြင်နေရသည်မှာ ခေါင်းကိုက်စရာ။ ဒါပေမဲ့ ဖုန်းကိုတော့ မကြာခဏ စစ်ကြည့်သည်။ ညက ကျွန်တော်တို့ လမ်းတွေအကြောင်းဆွေးနွေးကြသည်။ မြို့တွေအကြောင်းဆွေးနွေးကြသည်။ အဆုံးသတ်မှာ အာဖရိကမှ ခြင်္သေ့တွေအကြောင်းဖြစ်သွားသည်။
ဒီနေ့တော့ ညရောက်တဲ့အထိ Merv ဆီကစာတစ်စောင်မှမလာသေးပါ။
Cy : ဒီနေ့က ခေါင်းကိုက်စရာနေ့ပဲ... ငါစာအုပ် ၅ အုပ်ကိုတစ်ပြိုင်ထဲဖတ်ပြီး ကောက်နုတ်ချက်တွေ၊ မှတ်စုတွေ အပြွတ်လိုက်တစ်နေကုန် ထိုင်ထုတ်နေရတယ်... မင်းဆီက ပျော်စရာတစ်ခုခု ကြားချင်လိုက်တာ :(
Merv : -----
ကျွန်တော်အိပ်ပျော်သွားသည်။ အိမ်မက်ထဲမှာတော့ Merv နဲ့မတ်ဆေချ့်တွေဆက်ပို့နေသည်။
(၄) ကြာသပတေးနေ့ — မနက် 3 နာရီထိုးကြီး ပို့ထားသော Merv ရဲ့မတ်ဆေ့ချ်ကြောင့် နိုးနိုးချင်း ကျွန်တော်စိုးရိမ်သွားသည်။
Merv : ဘယ်လိုလုပ်မလဲ ... ငါ့အတွက်လည်း ဗုဒ္ဓဟူးန့က ဆိုးဆိုးဝါးဝါးနေ့ပဲ... ဆိုင်မှာလူအရမ်းကျနေတော့ စောင့်ရတဲ့ဝယ်သူတွေက စိတ်တိုပြီး ပိတ်ဟောက်တော့တာပဲ... မင်း Dinner Dish game ကစားဖူးလား? အဲထဲက လာစားတဲ့သူတွေလိုပဲ ခေါင်းပေါ်မှာပွက်ပွက်ဆူနေတာလေ...
ဝယ်သူတစ်ယောက်ဆို မယုံကြည်နိုင်စရာပဲ!!! ငါ့ကို ဖားမျက်နှာလိုရုပ်ဆိုးတဲ့ကောင်တဲ့ ဆဲသွားတယ်။ အားးး ဒေါသထွက်လိုက်တာ
Merv ကိုရုပ်ဆိုးတယ်လို့ပြောသွားတဲ့ ဝယ်သူကို ကျွန်တော့အခန်းထောင့်မှာရှိတဲ့ ကမ္ဘာလုံးနဲ့ ဆွဲထုပစ်ချင်သည်။
Cy : The princess and the frog ကိုသတိရသွားပြီ...
အချိန်ဇယားကိုကျွန်တော်ကြည့်လိုက်တော့ ဒီနေ့အတန်းချိန်တွေက လစ်လို့ရတဲ့အတွက် Merv ရဲ့ အအေးဆိုင်ကိုသွားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။ မတ်ဆေ့ချ်တွေသာအပြန်အလှန်ပို့နေကြတာ အပြင်မှာစကားကို မပြောဖြစ်တော့ အူတိအူကြောင်ဖြစ်နေဦးမလား စိတ်ပူသည်။
Merv : ငါ့ကိုဖားနဲ့တူတယ်ဆိုတာ မင်းကပါ ထောက်ခံနေတာလား !
Cy : ဒါပေမဲ့ ဖားက မင်းသားလေ
Merv : (¬_¬ ) ဖားကဖားပဲ
Merv ကဘယ်တော့မှ emoji ရုပ်လေးတွေမသုံး။ symbol emoji လေးတွေသာသုံးလေ့ရှိပြီး အဲပုံလေးတွေကို အပြင်ကသူ့ရုပ်နဲ့တွဲတွဲမြင်နေသည်မှာ ကျွန်တော်ရူးနေတာဖြစ်မည်။
ကျွန်တော် Merv ရဲ့အအေးဆိုင်ကိုရောက်နေပြီ။ မှတ်တိုင်စောင့်ထိုင်ခုံကနေသာ Merv ကိုချောင်းကြည့်နေမိသည်။ ပေါ့ပေါးပါးပါးပဲ ဝတ်စားပြီးထွက်လာဖို့ ရည်ရွယ်ထားပေမဲ့ အခုဝတ်ထားပုံက တစ်ယောက်ယောက်နဲ့ ဒိတ်ဖို့ သားသားနားနားပြင်လာသလိုပုံပေါက်နေသည်။ သွားတွေ့ဖို့ ယုံကြည်ချက်က ဇီးရိုး။
ကောင်တာမှာရပ်နေတဲ့အတွက် ကျွန်တော် Merv ကိုရှင်းရှင်းလင်းလင်းမြင်ရသည်။ အအေးအော်ဒါတွေယူပြီး စာရွက်ဖြတ်လိုက် တံဆိပ်တုံးထုလိုက် Merv အလုပ်ရှုပ်နေသည်။
" ကျွန်တော့်တစ်ခုလောက်အကူအညီတောင်းပါရစေ။ ဒုတိယမြောက်ကောင်တာက ကျွန်တော့်သူငယ်ချင်းပါ။ သူ့ကိုတစ်ခုခုကောင်းတာလေးရှာပြီး ချီးကျူးပေးလို့ရမလား။ အအေးဝယ်တိုက်ပါ့မယ်။ သူကမိသားစုနဲ့လည်းဝေးနေပြီး တစ်ယောက်ထဲဖြစ်နေတော့ တခါတလေ ပင်ပန်းတဲ့နေ့တွေ အားပေးမဲ့သူမရှိ ဖြတ်သန်းနေရလို့ပါ "
" အိုးး ငါ့သားရယ် အန်တီကူညီပါ့မယ်။ အအေးဝယ်တိုက်စရာမဟုတ်တာ "
ဘတ်စ်ကားမှတ်တိုင်က သဘောကောင်းမယ်ထင်ရတဲ့သူ သုံး,လေး,ငါးယောက်ကိုကျွန်တော် အကူအညီတောင်းပြီး Merv ရဲ့နေ့လေးကို အားရှိအောင်ကူညီမိသည်။
Merv : ဒီနေ့ကတော့တစ်ခုခုပဲ... အရမ်းနေလို့ကောင်းတယ်... ဘာလို့မှန်းမသိ လူတွေက ငါ့ကိုချီးကျူးနေကြတယ်... ငါကအရမ်းကြည့်ကောင်းနေတယ်တို့၊ ငါ့ဆံပင်ပုံစံကိုကြိုက်တယ်တို့၊ ငါဖျော်ပေးတဲ့အအေးတွေကလက်ရာကောင်းတယ်၊ အမြင်ကျယ်တယ်တို့ ဘာတို့ ... ဟား! ဟား!
Cy : ငါလည်းပြောတယ်လေ... မျက်တောင်ကောင်လေးဆိုတာ မင်းကိုချီးကျူးတာပဲ
Merv : အေးပါကွာ
နံပါတ်စဉ် (၅) မရှိတော့။
လက်ရှိဖြတ်သန်းနေရတာ သောကြာနေ့ပါပဲ။
ဒီညရောက်နေတာ အတန်းထဲက ဂျက်ဆိုတဲ့တစ်ယောက်ရဲ့ မွေးနေ့ပါတီပါ။ ဟိုတယ်မှာ စပါယ်ရှယ်သောင်းကျန်းဖို့ ခန်းမဘိုကင်လုပ်ထားပေမဲ့ ကြားသူကနေ့မှားလုပ်ထားမိပြီး စာရင်းထဲမှာ နောက်အပတ်သောကြာဖြစ်နေသည်။ သူငယ်ချင်းတွေကလည်းအကုန်ရောက်နေတာနဲ့ မန်နေဂျာက ဒီညအတွက် ခန်းမ မရပေမဲ့ သူတို့ဟိုတယ်မှာ အကျယ်ဆုံးတည်းတဲ့အခန်းကိုပြင်ဆင်ပေးနိုင်တယ်ဆို ညှိနှိုင်းပေးသည်။
ရောက်တဲ့နေရာကဲနိုင်တဲ့ ကျွန်တော်တို့အရွယ်တွေကတော့ အခန်းထဲက ကုတင်တွေပေါ်မှာလည်း ခုန်ပေါက်ကကြသည်။ အကောင်းစားအရက်တွေရထားပေမဲ့ ကျွမ်းကျင်စွာဖျော်တတ်တဲ့သူမရှိ။ ပုလင်းတွေအကုန်တစ်ယောက်တလှည့်မော့ကြပြီး ဗိုက်ထဲတွင်သာဖျော်လိုက်ကြသည်။
ကျွန်တော် မသောက်ရသေး..။ Niel ကနည်းနည်းဝင်ပြီး၍ မြောက်ကြွကြွဖြစ်နေသည်။ လစ်ဇာက မိုက်ကိုမလွှတ်ဘဲ အမေရိကန်အိုင်ဒေါပြိုင်နေသလို ဖျော်ဖြေနေသည်။ ကျောင်းမှ လစ်ဇာချစ်သူများအဖွဲ့က အားပေးနေကြသည်။
အသီးသီးပါတီဂိမ်းများ ပျော်ပျော်ပါးပါးဆော့နေပေမဲ့ ကျွန်တော်က သူတို့,ကမြင်းကြောထလို့ပြုတ်ကျသွားတဲ့ ပန်းချီကားက puzzle လေးတွေကိုထိုင်ဆက်နေသည်။ တစ်ဝက်လောက်ဆက်ပြီးရင် ဗော့ကာလေးမော့မယ်လို့ ကြံစည်ထားသော်လည်း တစ်စိတ်တောင်မပြီးသေး။ ဉာဏ်ကအဲလိုကောင်းတာ။ တခြားသူငယ်ချင်းတွေလည်း ကျွန်တော်နဲ့ ဝိုင်းကူဆက်ကြသည်။ ကြာတော့ဇက်ကြောတွေပါ တက်လာတာနဲ့ ကျွန်တော်ရပ်လိုက်သည်။ Niel လက်ထဲက ဗော့ကာပုလင်းကိုဆွဲပြီးမော့မယ်ရှိသေး မျက်လုံးက ဖုန်းမှာပေါ်နေတဲ့ notification တွေကိုရောက်သွားသည်။
Merv : ငါ ကြောင်တွေကိုသတ်ပြီး လာ,လွှင့်ပစ်တဲ့သူကို မှတ်မိပြီလို့ထင်တယ်… အခုသူအမှိုက်ပုံနားကိုရောက်ပေမဲ့ ဘာမှထပ်မပစ်သွားဘူး… ငါသူ့နောက်လိုက်ကြည့်သင့်လား?
Merv [ 2 Missed Call ...., ]
Merv : ရဲတိုင်ပေမဲ့ သူတို့ကဘာတွေမေးနေလဲမသိဘူး။ မသေချာတဲ့သူဆိုရင် သူတို့ဘက်ကဘာမှမလုပ်ပေးနိုင်ဘူးတဲ့။ ငါသူ့နောက်လိုက်သွားပြီး နည်းနည်းစူးစမ်းကြည့်မယ်
Merv : သူက မြို့ပြင်ထိ ကားမောင်းသွားတယ်။ ငါတစ်ခါမှမြို့ပြင် မရောက်ဖူးဘူး Cyril..., ငါနည်းနည်းတော့ကြောက်တယ်
Merv : မြို့ရှောင်လမ်းပေါ်က ***ဆိုတဲ့မိုတယ်ကိုအဲလူဝင်သွားတယ်။ ငါမင်းကို သတင်းပေးရုံပါ...ငါထင်တာလည်းမှားနိုင်တယ်
အရူးကောင်လေး။ သူဘာတွေလျှောက်လုပ်နေတာလဲ။ မတ်ဆေ့ချ်တွေမြင်ပြီးကာမှ မသောက်ဘဲ မူးသွားသည်။ ကျွန်တော် ချက်ချင်းဖုန်းဆက်ပေမဲ့ သူ့ဘက်ကဖုန်းပိတ်ထားသည်။ ကြောင်သတ်သမား မဟုတ်ရင် Merv အိမ်ပြန်လာမှာပါနော်။ တကယ်လို့ဟုတ်နေရင်ရော ....?
နာရီဝက်လောက်ကြာသည်အထိ သူ့ဖုန်းကိုခေါ်လို့မရ။ တိုက်ပိုင်ရှင်အဘွားကြီးကို ဖုန်းဆက်ပြီး အခန်းကိုလူရှိမရှိ စစ်ခိုင်းတော့ Merv ပြန်မရောက်သေးကြောင်း သူမပြန်ဖြေသည်။ ကျွန်တော်နောက်တစ်ခေါက်အခြေအနေတွေကို မသုံးသပ်တော့ဘဲ မြို့ရှောင်လမ်းထိရောက်အောင် ကားမောင်းလာသည်။ Merv ပြောတဲ့ မိုတယ်ကိုလိုက်ပတ်ရှာကြည့်သည်။ မိုတယ်ကိုတွေ့ပေမဲ့ Merv ကိုမတွေ့။ လာတည်းသူတွေထဲမှာလည်း Merv နာမည်မပါ။
မိုတယ်အပြင်ဘက်ထွက်ပြီး အနီးနား ဟိုလျှောက်ဒီလျှောက် ပတ်ရှာကြည့်နေချိန် မိုးစက်ဖွဲဖွဲလေးတွေ ကျွန်တော့်ခံစားရလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အေးစိမ့်စိမ့်နိုင်လာပြီ။ Merv တစ်ယောက်လက်လျော့ပြီးပြန်သွားနှင့်ပါစေလို့ မျှော်လင့်မိသည်။ လည်းမြိုနဲ့ရင်ခေါင်းကြားမှာ ရစ်ဝဲပိတ်ဆို့နေသော စိတ်ပူရတဲ့ခံစားချက်ကြီးကို တော်တော်မကြိုက်။
အကြောင်းရင်းမရှိ အရေးပေါ်လှေကားကျဉ်းက ခေါင်းထဲပေါ်လာပြီး ကျွန်တော် မိုတယ်ရဲ့ ဘေးလမ်းကြားလေးထဲဝင်သွားလိုက်သည်။ ရှိတော့မရှိနေလောက်ပါဘူး ဆိုတဲ့စိတ်တော့ဖြစ်မိပေမဲ့ ကျွန်တော့်ခြေလှမ်းတွေက တစ်ခုခုဆွဲငင်ခံရသလို ရွေ့လျားမိသည်။
.
.
.
ဟော..။
အရူးကောင်လေးကိုရှာတွေ့ပါပြီ။ အပ်စရာပိုင်ရှင်တော့မရှိ၊ ကောက်သိမ်းသွားမှဖြစ်မည်။ လှေကားကျဉ်းကျဉ်းလေးမှာ ပြူးကြောင်ကြောင်ရုပ်နဲ့ စိတ်ပျက်လက်ပျက်ထိုင်နေပြီး နှစ်တောင်လောက်ရှည်တဲ့ ကျစ်ဆံမြီးပေါင်မုန့်ချောင်းကြီးကို ပလုတ်ပလောင်းနဲ့ဝါးနေသည်။ Merv အခုပုံမှာ " စိတ်ညစ်နေပေမဲ့လည်း ဆာလောင်နေသောအခါ " ဆိုတဲ့ hastag အတိုင်းပင်ဖြစ်နေသည်။
" စုံထောက်ကြီး Merv! တရားခံမိပြီလား? "
" မွင်း ဒီ ဂို ဘယ် ဝို ဝို့ "
ပလုတ်ပလောင်းစားနေရင်းက လှမ်းပြောသောသူ့အသံက ကျွန်တော့်ကို ကျယ်လောင်စွာရယ်စေသည်။
" အဲဒါတွေအရင်မြိုချလိုက်ပါဦး "
Merv ပြောပြပုံအရ သူလိုက်မိတဲ့လူဟာ ကြောင်သတ်သမားဆိုတဲ့ တိတိကျကျသက်သေပြစရာမရှိပေမဲ့ သူ့စိတ်ခံစားချက်အရ သိနေတာဖြစ်သည်။ Merv လိုက်ချောင်းနေတာ သိသိချင်း ဒီလူဟာ ချက်ုခင်းတက္ကစီငှားပြီး ထွက်သွားသည်။ မြို့ပြင်ထိရောက်အောင်ထွက်လာပြီး မိုတယ်ကိုဝင်သည်။ နောက် Merv ကိုလှည့်စားပြီး မိုတယ်မှ ပြန်ထွက်သွားသည်။
" အခုအရမ်းမှောင်နေပြီ။ တက္ကစီငှားတာလည်း မရတော့ စိတ်ပျက်ပျက်နဲ့ အဆာပြေစားနေတာ။ မင်းပြန်မှာဆိုရင် ငါကားကြုံလိုက်မယ် "
" ရတယ်လေ ... ဒါပေမဲ့ အခုပြန်မှာမဟုတ်သေးဘူး။ ငါအရက်နည်းနည်းဝင်ထားတော့ "
" Oh ! မင်းအလာတုန်းကအဆင်ပြေရဲ့လား "
" ပြေတယ်..ပြေတယ်။ အဲတုန်းကသောက်ခါစဆိုတော့ဘာမှမဖြစ်ဘူး... အခုမှ တရိပ်ရိပ်တက်လာတာ "
မတတ်နိုင်ဘူး။ ကျွန်တော် ညစ်ပတ်ရမှာပဲ။ ခုနေ ကားမောင်းပြီးတူတူပြန်မယ်ဆိုဦး... ကံကောင်းရင် သူနဲ့ကျွန်တော် ကားတစ်လျှောက်မောင်းစာ စကားပြောချိန်ရမယ်။ ကံဆိုးရင် သူအိပ်ပျော်သွားမယ်။ ကျွန်တော်တစ်ယောက်ထဲ သူအိပ်ပျော်နေတာကို ခိုးကြည့်ရင်း ရောဂါနှစ်ဆတိုးမယ်။
" ဒါဆို မင်းအိပ်နေလိုက်။ ငါမောင်းပေးမယ်လေ "
ဟာ…. အဲဒါမှ သောက်ကျိုးနည်းပြီ။
" ဂျိန်းး "
ကောင်းကင်ကြီးထက်ခြမ်းခွဲသွားမတက် အသံကျယ်ကြီးပေါ်ထွက်လာပြီး လျှပ်စီးကြောင်းမှာ လင်းခနဲ။ နှစ်ကောင်လုံးမတ်တပ်ရပ်နေရာက အောက်ကိုငုတ်တုတ်တွေထိုင်ချပြီး ကုန်းအော်မိသွားသည်။ ဆိုတော့ကား .... မိုတယ်မှာတစ်ညတည်းဖို့ ဆုံးဖြတ်ချက်ချခိုက်ပြီး ရုပ်ရှင်တွေထဲကလို နှစ်ယောက်ခန်းတစ်ခန်းပဲကျန်တော့တာမဟုတ်။ မိုတယ်ကောင်တာမှာထိုင်နေတဲ့ ဘဲကြီးကို Merv နောက်ကနေ ကျွန်တော်က မျက်လုံးတွေမှိတ်ပြ၊ ပါးစပ်တွေရွဲ့ပြလုပ်တော့မှ နှစ်ယောက်ခန်းတစ်ခန်းထဲကျန်တော့သည်ဖြစ်သွားသည်။
" အိုးးး မိုင် ဂေါ့ ...။ အိုးး မိုင် ဖား သား အော့ဖ် ဂေါ့ ..." ဆိုတဲ့ ကျွန်တော့စာမျက်နှာပြန်စတင်ပြီ။
Bạn đang đọc truyện trên: ZingTruyen.Xyz