ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
9
သုံးရက်တိတိရှိပြီဖြစ်တဲ့ရွှေကျောသည် ပိုမိုသိပ်သည်းလာတာကလွဲ၍ ရွှေပါနှုန်းက နည်းနည်းလေးတောင်လျော့မသွား။
ဘူးပေါက်တစ်ရာသာ ပိတ်ရမည်၊ ပါးစပ်တစ်ပေါက်က ပိတ်ဖို့ခဲရင်းသည်မဟုတ်လား။ ရွှေအောင်ပြီဆိုတဲ့စကားသံက တိုးတိုးတစ်မျိုး၊ကျယ်ကျယ်တစ်မျိုး သတင်းက စထွက်လာ၏။ ငစုံ၏ အမှတ်လေး မြေကွက်သည် မုန့်ဖိုးသာသာသာ ရတဲ့ အင်းရိုင်းတစ်ကွက်မို့ ကြားတဲ့သူတချို့က တောက်တခေါက်ခေါက်။
ထိုဖြစ်စဉ်မျိုး ထောင်ထဲမှာ အတူနေစဉ်ကတည်းက ကိုသက်ခိုင်နှုတ်ကနေ ကြားနေကြမို့ ငစုံတစ်ယောက် မမှု့ပေ။
သူ့အင်း၌ တစ်နေ့ ရွှေပါနှုန်းက လေးဆယ်သားအနည်းဆုံးရှိကာ တောင်မှော်အင်းမှာ နောင်တစ်ချိန်ပြောစမှတ်တွင်မည့်ရွှေကျောမို့ ဒါနည်းတောင်နည်းနေသေးဟု သက်မှတ်ရသည်။ မကြာမှီ ရွှေထပ်ပွင့်နိုင်သေးသည်မို့ လူစိတ်ဝင်စားမူ့နည်းအောင် သူ့မှာ အကြံထုတ်နေရ၏။
ငစုံ ၏ မျောကျ ၊ မျောချေးခေါ်၊ မျောစာကို ပြန်ဖမ်းယူတဲ့
ချစ်ထွန်းအဖွဲ့တောင်မှ တစ်နေ့ သုံးမျောပေါင်း ရှစ်ကျပ် တစ်ဆယ် မခဲရင်း။ ရွှေဆိုတာက အမှုန်အမွှားသေးသေးလေးတွေဆိုတော့ အနည်းနဲ့အများ
အောက်ကျနိုင်သည်။ ရွှေအောင်မျောစာတွေမို့
ငစုံလှည့်ပြီးသားမျောကို ချစ်ထွန်းပြန်လှည့်ယူလည်း ရွှေကျန်ရနိုင်သည်။ ချစ်ထွန်းလှည့်ထားတဲ့ မျောစာမို့လည်း အထင်မသေးနဲ့။ ပြန်လှည့်ယူနိုင်သမျှ နည်းသွားမှာပဲရှိမည်။
ရွှေက ကျန်သလောက် ၊ အောက်ကျသလောက် ပြန်ဖမ်းယူနိုင်သည်။
" ဆရာပိ ကြားပြီးပြီလား "
တပည့်ကျော်စကားကြားမှ စိတ်ရှုပ်နေတဲ့ ရှောင်ပိ
ပိုဒေါသထွက်သွား၏။
ဒီအင်းအတွက် မုန့်ဖိုးသာသာ သုံးခဲ့မိတာ နောင်တရမဆုံး။ သူခေါ်တဲ့မိန်းကလေးတွေတောင်မှ ကြိုက်ရင်ကြိုက်သလောက် ထို့ထက်မက အမ်းခဲ့သေးတာပဲ။
ဒီအင်းမှ သူဘာလို ငွေနည်းနည်းပဲပေးခဲ့မိတာလည်း တွေးမိကာနောင်တရ နေမိသည်။
" ကြားရသလောက်တော့ ဒီကောင်တွေအချီကြီးမိပြီတဲ့ဆရာပိ "
တန်ချိန်အများကြီးထွက်တဲ့ နာမည်ကြီးရွှေတွင်း
တွေသည် ပုံပြင်လိုလို နားနဲ့သာ ကြားရပြီး မျက်စိရှေ့မဟုတ်တော့ သူစိတ်ထဲ ဘယ်လိုမှမနေ။
ဒါကြီးက ပါးစပ်ဖျားမှာ ရောက်ခါနီးအခြေအနေ၊ပုတ်ထုတ်ခံရသလို ခံစားချက်က တော်တော်ဆိုးဝါးနေသည်။
" ခုဆို တောင်မှော်အင်းမှာ သတင်းသဲ့သဲ့က ပြန့်နေပြီ။ ဒီကောင် သူရွှေတွေကို စိတ်မချလို့ ညဆို မီးအလင်းထွန်းပြီး သူ့အင်းကို အစောင့်တောင်ချနေရပြီဆိုပဲ"
ကြားသလောက် တတွတ်တွတ် ပြောပြနေတဲ့ သကောင့်သားကြောင့် ဆဲပစ်ချင်တာ ရင်ထဲအပြည့်
မအောင့်အီးနိုင်စွာ ဒါတောင် မအေပေးဟု
ဆဲမိသေးသည်။
" ဆရာပိရာ ၊ ဒီလောက်ကိစ္စလောက်နဲ့ စိတ်ထဲ မကျေမနပ်မဖြစ်ပါနဲ့ "
" မင်းမှာ ဘာအကြံရှိလဲ"
မနာလိုတယ်ဆိုတဲ့ ခံစားချက်က လောကမှာ
အမှားအယွင်းဖြစ် အောင် လွယ်လွယ်ပံ့ပိုးပေးတဲ့
သဘောတရား။
မဆိုင်တာကို မုဒိတာ မပွားနိုင်သလို ၊သတင်းကြားပြီဆိုတာနှင့် ပုံပြင်တွေထဲက ရွဲကုန်သည်လို
ဒါငါ့ရွှေခွက်ကြီးကွ လို့ ပြန်မတောင်းရုံတမယ်
ရှောင်ပိ စားလည်းဒီရွှေတွင်း၊ အိပ်လည်းဒီရွှေတွင်း မို့သူ့မှာရူးမလိုလို ဖြစ်နေတာ လူတကာ သိနေပြီဖြစ်၏ ။
________
"ကိုစုံ... မနေ့ညနေက စိုးမင်းဦးဆိုတဲ့ကောင်
အင်းထဲက မျောစာတွေခိုးဖို့ ကြံတယ်တဲ့"
ဒေါသတကြီးလာရောက်တိုင်တန်းတဲ့ ချစ်ထွန်းစကားကြောင့် ငစုံ တစ်ယောက်တွေခနဲဖြစ်သွား၏။
ထို့ကြောင့် ကိုသက်ခိုင်ကိုသာ ထိုကိစ္စကိုခေါ်ရှင်းခိုင်းကာ သူကတော့ ဘမှောင်နှင့် နှစ်ယောက်သား စကားပြောဖို့ အခန်းတွင်းသို့ ဝင်လိုက်သည်။
ဒါသတိပေးလိုက်ခြင်းမို့ သူ့စိတ်ထဲတွေးထားသည်ကို ဘမှောင်ကို ပြောပြကာ ပြင်ဆင်စရာရှိတာ ပြင်ထားရမည်သာ။
" မင်း အစီအစဉ်က အဆင်ပြေပါ့မလားကွ "
ဘမှောင် မယုံကြည်သလို မေးလိုက်တာမို့
ငစုံမျက်နှာတင်းခနဲ။
" ဘာမပြေစရာရှိလဲ ။ ကျုပ်ခိုင်းတဲ့အတိုင်းသာ
ဖြစ်အောင်လုပ်ပေး "
" ပြီးရောကွာ.... ငါ့မှာ စိတ်ချရတဲ့ အတွင်းလူတချို့ရှိတယ်...ငါခေါ်မေးကြည့်ထားလိုက်မယ်"
" မြန်ပလေ့စေနော်"
" အေးပါ"
ဘမှောင် လှည့်ထွက်သွားသည်နှင့်စဉ်းစားခန်းဝင်နေမိတာ အတော်ကြာတဲ့အထိပင်။
မတော်လောဘဆိုတာ ကြောက်စရာမို့ နှစ်ဘဝစာ ဖြတ်သန်းလာတဲ့ စုံသာမြိုင်မှာ လွယ်လွယ်နဲ့
လူတွေကို ယုံမှားစရာမရှိ။
အစီအစဉ်ဆိုတာ plan(A)plan (B)ကြိုတင်ခွဲခြားထားမှ။
သူခိုးမိတယ်ဆိုတဲ့ ကိစ္စကြောင့်ဒီရက်ပိုင်းအလုပ်သမားတွေအကုန်လုံးကိုတင်းကြပ်ထားသည်။
ဘာသီချင်းသံမှ မကြားရတော့တဲ့ ငစုံတို့အင်းကြီးသည် စက်သံမှလွဲ၍ တခြားတီးတိုးအတင်းပြောသံပင်မရှိ။
မနက်စောစော နေရောင်ပျို့ပြီဆိုသည်နှင့်
အင်းဟောင်းတွေမှာ မျောစာဝယ်တဲ့အဖွဲ့တွေ ခြေခြင်းလိမ်နေကြပြီဖြစ်သည်။ ချစ်ထွန်းတို့အဖွဲ့ အနားယူလိုက်ပြီဆိုတာနှင့် လိုက်လုပ်ကြတဲ့ အဖွဲ့တွေက အများသားပင်။ ခုလည်း ရွှေအောင်တဲ့ ငစုံအင်းမှာလည်း မျောကျမြေစာတွေကို ရောင်းမလားဟု လာမေးကြတာတစ်ဖွဲ့မက။
ခုလည်း အောက်ရွာဖက်က အလုပ်မရှိတဲ့ လက်လုပ်လက်စား အဝယ်သမားတချို့ကလည်း ဒီလို လုပ်ကိုင်စားသောက်လို့ရတယ်ကြားတော့ အရဲစွန့်ကာ တောင်မှော်အင်းကို လာကြ၏။
" ကိုစုံ ... မြေစာဝယ်ချင်တယ်တဲ့။ အောက်ဖက်ကပဲ ။
ဈေးကောင်းပေးဆို၊ပေးပါ့မယ်တဲ့ ။ ဘယ်လိုသဘောရလဲ။ "
တဲအပြင်ထွက်လိုက်တော့ လူတစ်စုက မလှမ်းမကမ်းမှာ ။ ကိုးနာရီခွဲနေပြီဆိုတော့ ...နေရောင်ကလည်းစူးချက်။ အပေါ်ဝတ်တစ်ထည်ကောက်လျိုကာ ခပ်သွက်သွက် ထွက်လာမိစဉ် ဦးသက်ခိုင်နှင့်စကား ပြော နေတဲ့ လူတစ်ယောက်က လှမ်းကြည့်လာသည်။
" ကိုစုံ .. သူနာမည်ကဦးချစ်တင် ၊ ဒါ သူ့သမီး သူဇာတဲ့။ ငါအသိပဲ။မင်း အဆင်ပြေရင် မြေစာတွေရောင်းပေးလိုက်ပ့ါလား။
"
ကောင်မလေးချောချောလှလှလေးတွေ သုံးလေးယောက်ပါတော့ မျောခင်းနေတဲ့ကောင်တွေကအစ ကွက်ကြည့်ကွက်ကြည့်။
"အင်း ကြိုက်ဈေးရရင်ရောင်းလိုက်မလားလို့ ။
ကျုပ် အင်းထဲ မြေစာတွေရှုပ်လို့ "
"အရင်ကတော့ မရောင်းဘူးဆို"
နောက်ကလိုက်လာတဲ့ ချစ်ထွန်းက ကောင်မလေးတွေမေးငေါ့ပြတာမို့ ငစုံ
ပုခုံးတွန့်ကာ ....
" ခုရောင်းချင်လို့ရောင်းမှာကွာ " ဟု ပြန်စမိသည်။
" တောင်မှော်ရွာရဲ့အောက်နားကရွာကတဲ့ဆရာစုံ ။
စက်လှေနဲ့လာတာ ။ မြေစာပုံတွေကို ကားနဲ့သယ်သွားမယ်တဲ့"
" ပိုတောင်အဆင်ပြေသေး"
မျောကျမြေစာတွေက နေရာယူနေတာမို့ မြေကွက်ကျဉ်းတဲ့ အင်းသူဌေးတွေက စွန့်ပစ်မျောစာတွေကို တချို့က အလကားပေးတောင်ပေးလွှတ်တက်ကြသေးသည်။
ထို့အဖွဲ့နှင့်ပင် ဈေးတည့်ကာ ဝယ်လိုက်တာမို့ သူတို့ခေါ်လာတဲ့အလုပ်သမားတွေက ဂေါ်နှင့်အိတ်တွေထဲကြုံးထည့်ကာ ထော်လာဂျီနှင့် အခေါက်ခေါက်အခါခါ သယ်ယူတော့သည်။
" နောက်လည်း သူဇာတို့ကို ရောင်းပေးပါအုံး နော်။ ကျေးဇူးမမေ့ပါဘူး "
ငစုံ သဘောတကျပြုံးကာ ခေါင်းညိတ်လိုက်သည်။
သူဇာ ဆိုတဲ့ အဝါရောင်ဝတ်စုံနှင့်ကောင်မလေးက လှတပတ ။
စကားပြောလည်းကောင်းတော့ ငစုံနှင့်လေပေးဖြောင့်နေတာ တော်တော်ကြာတဲ့အထိပင်။
" ရတယ် နောက် နှစ်ရက်သုံးရက်နေရင် တစ်ခေါက်ပြန်လာခဲ့။ အဆင်သင့်ယူလို့ရအောင် ကောင်လေးတွေကို အိတ်နဲ့တစ်ခါထဲ ထည့်ထားခိုင်းလိုက်မယ် "
မျောစာဝယ်တဲ့အဖွဲ့ပြန်သွားတော့ အင်းထဲကကောင်လေးတွေက တဟေးဟေးတဟားဟားနှင့်ငစုံအား စနောက်ကြတော့သည်။
သို့သော် ငစုံတစ်ယောက် ဘမှောင်ကို ခေါ်ကာ အပြင်ကို ချက်ခြင်းပြန်ထွက်သွား၏။
နှစ်ရက်ကြာပြီးနောက် ထိုအဖွဲ့သည် ထပ်ရောက်လာပြန်သည် ။
ထိုအဖွဲ့၏ လာတိုင်း အင်းကျမျောစာ ကားနှစ်စီးသုံးစီးခန့် ရတက်တာကြောင့် တခြားအဖွဲ့တွေထိပင်
မနာလို တိုရှည် ဖြစ်ကြတော့သည်။
__________
"ဟိတ်... ကြည်ပြာ .. နေပါဦးဟ "
အိုက်မောင်းလှမ်းဆွဲလိုက်တာမို့ ကြည်ပြာကိုယ်လုံးက အရှိန်နှင့် လည်ထွက်သွားကာ ရင်ခွင်ထဲ ဖရိုဖရဲကျသွား၏။ထမင်းပို့က ပြန်လာတာမို့ ပါလာတဲ့ တောင်းနှင့် စလုံ ခွက်ယောက်တို့မှာလဲ ဖုန်တောထဲ မှောက်ကျကုန်သည်။ ကြည်ပြာ အလူးအလဲ ပြန်ထကာ အိုက်မောင်းကို ရှက်စိတ်ဖြင့် လှမ်းရိုက်လိုက်မိတာဖြောင်းခနဲ ။
" ကြည်ပြာ .. နင်ဒါဘာလုပ်တာလဲ "
ပါးတစ်ဖက်ကို ကိုင်ကာ အိုက်မောင်းအော်တော့ ကြည်ပြာလန့်၍ တုန်သွားသည်။ ကြောက်ပေမဲ့လည်း
မကျေနပ်မူ့တွေသာ ကြီးစိုးနေ၍ စိတ်ကိုတင်းကာ ကျသွားတဲ့ ပစ္စည်းတွေကိုသာ အမြန်ပြန်ကောက်ထည့်နေမိသည်။ အိုက်မောင်းဆိုတဲ့ တရုတ်ရှောင်ပိရဲ့တပည့်ကို ကြည်ပြာ ကြည့်မရတာကြာပြီဖြစ်သည်။
အမြဲ တွေ့တဲ့နေရာမှာ ရည်းစားစကားလာလာပြောတက်ပြီး ဘယ်လောက်ငြင်းငြင်း လက်မခံတာကြောင့် စိတ်ရှုပ်ရသည်။
" ကြည်ပြာ ငါပြောနေတာကြားလား။ ဘာလဲ
နင့်အကောင် သက်ခိုင်က ရွှေထွက်တဲ့အင်းကိုဖောက်မိပြီဆိုတော့ နင့်က သောက်ဘဝင်မြင့်နေတာလား"
မထိတထိစကားတွေက ကြည်ပြာသိက္ခာကို အရှက်ခွဲနေသလို။ တောင်းကို ကောက်မကာ အိုက်မောင်းဖက်ကိုလှည့်၍
" အဲ့ဒါနင့်အပူပါလား ။ နင်ကို ငြင်းပြီး ကိုသက်ခိုင်ကို
ငါရွေးလိုက်ကတည်းက နင်သဘောပေါက်သင့်ပြီ အိုက်မောင်း။နောက်ပြီး စကားပြောရင် လက်မပါနဲ့ ။ ငါ့ကို ထိကပါးရိကပါး ထပ်လာလုပ်ရင် တောင်မှော်ရွာသူကြီးဆီမှာ နင့်ကိုတိုင်မယ်"
ကြည်ပြာပြောပြီးလှည့်ထွက်သွားတော့ အိုက်မောင်းဒေါသတကြီးကျန်ခဲ့သည်။
ထိုဖြစ်ရပ်ဖြစ်ပြီး သုံးလေးရက်ကြာသည်အထိ
မောင်ကျန်က သူ့အမကို ထမင်းပို့ လာရင် အဖော်ခေါ်ခဲ့ဖို့ နေတိုင်း မမေ့မလျော့မှာတက်သည်။
________
" သက်ခိုင်တို့ အင်းက ရွှေပျောက်နေပြီကြားတယ်။
မင်းရော ဘာကြားသေးလဲ"
ရှောင်ပိဖွာနေတဲ့ဆေးပြင်းလိပ်ကြီးက ရှိုက်ဖွာလိုက်သည်နှင့် မီးစက ရဲခနဲတက်လာ၏။
စိတ်ပါလက်ပါမှုတ်ထုတ်တဲ့အခိုးငွေ့တွေနှင့်အတူ ရှောင်ပိတစ်ယောက် ပူလောင်တဲ့နေဒဏ်ကြောင့်
ရံဖာရံခါ ယပ်တောင်က တဖျပ်ဖျပ်ခပ်နေရသေးသည်။ ရွှေအရင်လောက်မပါ တော့ဘူးဟု ကြားနေရတာ အတော်ကြာနေပြီဖြစ်သည်။
သက်ခိုင်နာမည်ကြားတော့ အိုက်မောင်းမျက်နှာကြီးမဲခနဲဖြစ်သွား၏။
" မသိပါဘူးဆရာပိရာ ။ ဒီကောင်အင်းပိတ်ပြီး မြန်မြန်မွဲသွားတော့ရော မကောင်းဘူးလား "
" သက်ခိုင်နဲ့ဘာတွေငြိလာတာလဲ။ "
ဆရာတပည့်မို့ အရိပ်ပြ အကောင်မြင်ပြီး မေးလိုက်တော့ အိုက်မောင်း ဟိုတနေ့က ကြည်ပြာနှင့် ပြဿနာတက်ခဲ့ပုံကို ပြောပြလာသည်။
"ဒါများ ... ဟိုတစ်ခါက မင်းပြောပြတဲ့အကြံကို အကောင်အထည်ဖော်လိုက်ပေါ့ ကွ"
မြောက်ကြွားကြီးဖြစ်နေတဲ့ သက်ခိုင်ကိုရှောင်ပိကြည့်မရပေ။ အင်းအောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ ၊ တောင်မှော်အင်းမှာ ရှောင်ပိနှင့် ပုခုံးခြင်းယှဉ်ချင်လာတာကိုပင် သူ့မှာ အခဲမကျေ။ အရေးကြုံရင်နှက်မယ်ဟု တွေးထားမိတဲ့အချိန် တပည့်ကျော်က မီးစာလာဖြည့်နေသေးသည်။
" ဒီကောင်အင်းက ရွှေပိတ်နေပြီ ကြားနေတာကို
ပြဿနာမီးခွက်ထွန်းရှာနေသလိုများဖြစ်နေမှာလားလို့ "
တွေးဆဆ အိုက်မောင်းပြောမိသည်။ ရှောင်ပိ ခပ်ဟဟရယ်ကာ ဆေးပြင်းလိပ်ကြီး သောက်နေလိုက်သည်။
အမှန်လည်း ဒီရက်ပိုင်း တစ်ကျပ် ၊ နှစ်ကျပ်လောက်သာ ရွှေချိန်ရှိတော့သည်မို့ အမှတ်(၄) အင်းသတင်းမှာ ရွှေအောင်သည်ဟုသာ ပြောရုံရှိတော့သည်။
လူတကာ စိတ်ဝင်စားမူ့လျော့ကျသွားသည်မို့
ဆရာတပည့်အကြံကြီးထားသမျှ ဆက်မလုပ်ဖြစ်တော့ပဲ ဒီတိုင်းရပ်ထားခဲ့တာကြာပြီဖြစ်သည်။
စိတ်ထဲ ကြည်ပြာမျက်နှာပြေးမြင်ကာ အိုက်မောင် အံကြိတ်လိုက်မိတာ တင်းခနဲ။
_________
" စောင့်နေရတာ ကြာပြီလား အရီး "
ပြေးဝင်လာသည့် ညချမ်းအေးသည် အဖြူအစိမ်းကျောင်းဝတ်စုံဖြင့် ချွေးပါးပါးစိုလျက်ရှိချေသည်။
အနည်းငယ်ခွေကောက်နေသော ဆံနွယ်ပါးပါးဟာ
ပြေးဝင်လာတာကြောင့် ထိုးထောင်လန်ပျံနေကာ
ပါးပြင်သည်က ပန်းနုရောင်အလင်းဟပ်နေသည်နှယ် ရှိ၏။ ထို့အပြင် ညိုဖျော့ဖျော မျက်ဆံအိမ်ဟာ ထင်ရှားကာ ကြည်လင်နေလျက်။
" ဖြည်းဖြည်းလာတာမဟုတ်ဘူး"
ဈေးကြီးပေးဝယ်လာသောရေခဲရေဘူးကို အရီးလက်ထဲထည့်ကာ ညချမ်းအေးပြုံးပြလိုက်သည်။
" အရီးလာတယ်ဆိုလို့ ပြေးလာတာ။ ကျွန်တော့်ကြောင့် အရီးအကြာကြီးစောင့်နေရမှာစိုးလို့"
" စောင့်ရလှ တစ်ခနပေါ့။ အပင်ရိပ်လေးလည်းရှိတော့ အမောလည်းဖြေရင်း မင်းဘကြီးလည်းစောင့်ရင်းပေါ့ "
ရွာလူကြီးဖြစ်တဲ့ အဘဟာ အစည်းဝေးပွဲ မကြာခဏ တက်ရတာ အလုပ်တစ်ခုလို ဖြစ်၏။ တခါတလေ ပါလာတက်တဲ့ အရီးက ညချမ်းအေးဆီ သတိတရ လာတွေ့တက်ပါသေးသည်။ ထိုအချိန်မျိုးဆို ညချမ်းအေး အလွန်ပျော်လေသည်။ အရီးလာရင် ရွာဟင်း၊အခြောက်အခြမ်းလေးတွေ ထည့်ယူလာတက်သလို
ကျေးဇူးရှင် ပညာထောက်ပံ့သူကလည်း သူ့အားမကြောင့်မကျထားတာကြောင့် မျက်နှာငယ်ရသည်ဟူ၍မရှိပေ။
အိမ်က ဒေါ်လေးကတော့ သူ့ကို မေ့နေသည်နှယ် တစ်ခါလေးတောင်မှ လာမတွေ့ခဲ့။ သို့သော် ညချမ်းအေးဝမ်းမနည်းပေ ။ ပညာရေးမှာ ထူးချွန်သလို
အနေအေးတာကြောင့် ဘော်ဒါမှာရှိတဲ့ ဆရာ၊ဆရာမတွေ၏ အရေးပေးခြင်းလည်းခံရသည်။
" အရီး.. ဒါ ဒီတစ်ပတ် အဆင့်သက်မှတ်ချက်တွေပါ။
ကျွန်တော် စာမေးပွဲမှာ အမှားလေးနည်းနည်းရှိခဲ့တော့
ဒုတိယပဲ ရသွားတယ်။ တောင်းပန်ပါတယ် "
အဆင့်နှစ်ဆိုတဲ့ စာရွက်ကို ကြည့်ကာ အရီးကခေါင်းတညိတ်ညိတ်။
" ဖြစ်တယ်ပါတယ်ညချမ်းအေးရယ်။ တစ်၊နှစ်၊သုံးထဲ
ဝင်သ၍ အရီးက ဘာမှ မဆူပါဘူး။ အရီးကို ပြပါအုံး.. ဒီနားမှာထိုးရမှာလား လက်မှတ်က။ မျက်မှန်မပါတော့ အရီး မျက်လုံးကခပ်မှုန်မှုန်ရယ် "
" ဟုတ်တယ်အရီး ။ အဲ့ထောင့်နားပါ ။"
အရီးလက်မှတ်ထိုးပေးတဲ့ စာရွက်ကို စာအုပ်ကြားမှာ သေချာညှပ်ထည့်၍ ကျောင်းကအကြောင်းတွေပြန်ပြောပြဖြစ်သည်။ ညချမ်းအေးကို ထောက်ပံ့ပေးတဲ့ သူတွေအကြောင်းမေးဖြစ်တော့ တိတိကျကျမဟုတ်ပေမဲ့ ညချမ်းအေးတစ်ယောက်သာကောင်းကောင်းထောက်ပံ့ပေးထားကြောင်းသိရ၏။
ထိုကြောင့် ငါကောင်းကောင်းလုပ်ရမယ်ဆိုတဲ့အတွေးက သူ့ခေါင်းထဲစွဲမြဲစွာဝင်ရောက်လာသည်။
__________
" ဟိတ်ကောင်တွေ အကုန်ဂရုစိုက်ကြစမ်း။ အလုပ်ကို ပေါပေါပဲပဲလုပ်မနေနဲ့။ "
နှိုက်ရသလောက်နှိုက်ထားတဲ့ တွင်းက ခပ်နက်နက်။
ကျောက်ကျောလွှာကိုထပ်မံဖောက်ခွဲရမည်မို့
အလုပ်သမားတွေအကုန် ဦးသက်ခိုင် သေချာ
ကြီးကြပ်နေရသည်။ ငစုံသည်လည်းပဲ မိုင်းခွဲမည့် ကောင်လေးတွေနားရပ်ကာ စိတ်ပူစွာ ကြည့်နေမိသည်။
" ကိုသက်ခိုင် .. ချစ်ထွန်းရော "
" အပေါ်ကို ငါကိစ္စရှိလို့ခိုင်းလိုက်တယ် ။ မင်းဘာလုပ်မလို့လဲ"
" ဘာမှမလုပ်ဘူး။ အောက်မှာ အန္တရာယ်များလို့
မေးကြည့်တာ ။ ရပြီ .. ခင်ဗျားလည်းအပေါ်တက်တော့ "
" အေး.. အေး "
ကိုသက်ခိုင်ကို တက်ခိုင်းပြီး သူပါ အန္တရာယ်ကင်းတဲ့နေရာကို ရွေ့မည်ပြင်လိုက်တဲ့အခါ
အုန်း.. ဆိုတဲ့ မြည်ဟီးသံကြီးနဲ့အတူ မိုင်းပေါက်ကာမြေကြီးတွေ တဝုန်းဝုန်း ပြိုကြလာတာချက်ခြင်း။
" နေမေကြီးတော် ... ဟိုကောင်တွေ လူတွေရှိသေးတယ်ဟ "
ဆဲဆူသံတချို့ကို ကြားလိုက်ရပေမဲ့ ...
မြေကြီးပြိုတဲ့အထဲ ကိုသက်ခိုင်ပါ သွားတာမြင်လို့
ငစုံ ပြေးကာ ကူမည့်ဆဲဆဲ နောက်ထပ်အုန်းခနဲပေါက်ကွဲသံကြီးနှင့်အတူ ခြေထောက်တစ်ဖက်ဆီမှ ပူခနဲခံစားလိုက်ရသည်။ မြေလွှာပုံတွေကြား...
အလဲလဲအပြိုပြို ... ဖြစ်သွားပြီးနောက် လူတွေ၏ အော်ဟစ်တချို့နှင့်အတူ မျက်နှာပေါ် ပစ်ကျလာတဲ့ မြေခဲတွေကို မျက်လုံးမမှိတ်ခင်စပ်ကြား သိလိုက်ရ၏။
ထိုအချိန် နေရောင်သည် ငစုံ၏ မျက်နှာတည့်တည့်ကိုထိုးနေခဲ့သည်။ မျက်လုံးမမှိတ်ခင် သူသိလိုက်ရတာ
ထိုအဖြစ်အပျက်မျိုး ဖြစ်ခဲ့သည်ဟု မကြားဘူးခဲ့ခြင်းပင်။
လူတွေရဲ့ ကံကြမ္မာကို အတင်းပြောင်းလဲခဲ့လို့များ... သူ့အတွက် မှားယွင်းတာတွေ ဖြစ်နေတာသလား..
ပူပြင်းမူ့ကနေ နာကျင်မူ့က သူခြေထောက်တစ်ဖက်ဆီကနေ တရွေ့ရွေ့တက်လာ၏။ ထို့နောက် သူသည်.....
သံုးရက္တိတိရိွၿပီျဖစ္တဲ့ေရႊေက်ာသည္ ပိုမိုသိပ္သည္းလာတာကလြဲ၍ ေရႊပါႏႈန္းက နည္းနည္းေလးေတာင္ေလ်ာ့မသြား။
ဘူးေပါက္တစ္ရာသာ ပိတ္ရမည္၊ ပါးစပ္တစ္ေပါက္က ပိတ္ဖို႔ခဲရင္းသည္မဟုတ္လား။ ေရႊေအာင္ၿပီဆိုတဲ့စကားသံက တိုးတိုးတစ္မ်ိဳး၊က်ယ္က်ယ္တစ္မ်ိဳး သတင္းက စထြက္လာ၏။ ငစံု၏ အမွတ္ေလး ေျမကြက္သည္ မုန႔္ဖိုးသာသာသာ ရတဲ့ အင္းရိုင္းတစ္ကြက္မို႔ ၾကားတဲ့သူတခ်ိဳ႕က ေတာက္တေခါက္ေခါက္။
ထိုျဖစ္စဉ္မ်ိဳး ေထာင္ထဲမွာ အတူေနစဉ္ကတည္းက ကိုသက္ခိုင္ႏႈတ္ကေန ၾကားေနၾကမို႔ ငစံုတစ္ေယာက္ မမႈ႔ေပ။
သူ႔အင္း၌ တစ္ေန့ ေရႊပါႏႈန္းက ေလးဆယ္သားအနည္းဆံုးရိွကာ ေတာင္ေမွာ္အင္းမွာ ေနာင္တစ္ခ်ိန္ေျပာစမွတ္တြင္မၫ့္ေရႊေက်ာမို႔ ဒါနည္းေတာင္နည္းေနေသးဟု သက္မွတ္ရသည္။ မၾကာမွီ ေရႊထပ္ပြင့္ႏိုင္ေသးသည္မို႔ လူစိတ္ဝင္စားမူ႔နည္းေအာင္ သူ႔မွာ အႀကံထုတ္ေနရ၏။
ငစံု ၏ ေမ်ာက် ၊ ေမ်ာေခ်းေခၚ၊ ေမ်ာစာကို ျပန္ဖမ္းယူတဲ့
ခ်စ္ထြန္းအဖြဲ႔ေတာင္မွ တစ္ေန့ သံုးေမ်ာေပါင္း ရွစ္က်ပ္ တစ္ဆယ္ မခဲရင္း။ ေရႊဆိုတာက အမႈန္အမႊားေသးေသးေလးေတြဆိုေတာ့ အနည္းနဲ႔အမ်ား
ေအာက္က်ႏိုင္သည္။ ေရႊေအာင္ေမ်ာစာေတြမို႔
ငစံုလွၫ့္ၿပီးသားေမ်ာကို ခ်စ္ထြန္းျပန္လွၫ့္ယူလည္း ေရႊက်န္ရႏိုင္သည္။ ခ်စ္ထြန္းလွၫ့္ထားတဲ့ ေမ်ာစာမို႔လည္း အထင္မေသးနဲ႔။ ျပန္လွၫ့္ယူႏိုင္သမ်ွ နည္းသြားမွာပဲရိွမည္။
ေရႊက က်န္သေလာက္ ၊ ေအာက္က်သေလာက္ ျပန္ဖမ္းယူႏိုင္သည္။
" ဆရာပိ ၾကားၿပီးၿပီလား "
တပၫ့္ေက်ာ္စကားၾကားမွ စိတ္ရႈပ္ေနတဲ့ ေရွာင္ပိ
ပိုေဒါသထြက္သြား၏။
ဒီအင္းအတြက္ မုန႔္ဖိုးသာသာ သံုးခဲ့မိတာ ေနာင္တရမဆံုး။ သူေခၚတဲ့မိန္းကေလးေတြေတာင္မွ ႀကိဳက္ရင္ႀကိဳက္သေလာက္ ထို႔ထက္မက အမ္းခဲ့ေသးတာပဲ။
ဒီအင္းမွ သူဘာလို ေငြနည္းနည္းပဲေပးခဲ့မိတာလည္း ေတြးမိကာေနာင္တရ ေနမိသည္။
" ၾကားရသေလာက္ေတာ့ ဒီေကာင္ေတြအခ်ီႀကီးမိၿပီတဲ့ဆရာပိ "
တန္ခ်ိန္အမ်ားႀကီးထြက္တဲ့ နာမည္ႀကီးေရႊတြင္း
ေတြသည္ ပံုျပင္လိုလို နားနဲ႔သာ ၾကားရၿပီး မ်က္စိေရ႔ွမဟုတ္ေတာ့ သူစိတ္ထဲ ဘယ္လိုမွမေန။
ဒါႀကီးက ပါးစပ္ဖ်ားမွာ ေရာက္ခါနီးအေျခအေန၊ပုတ္ထုတ္ခံရသလို ခံစားခ်က္က ေတာ္ေတာ္ဆိုးဝါးေနသည္။
" ခုဆို ေတာင္ေမွာ္အင္းမွာ သတင္းသဲ့သဲ့က ျပန႔္ေနၿပီ။ ဒီေကာင္ သူေရႊေတြကို စိတ္မခ်လို႔ ညဆို မီးအလင္းထြန္းၿပီး သူ႔အင္းကို အေစာင့္ေတာင္ခ်ေနရၿပီဆိုပဲ"
ၾကားသေလာက္ တတြတ္တြတ္ ေျပာျပေနတဲ့ သေကာင့္သားေၾကာင့္ ဆဲပစ္ခ်င္တာ ရင္ထဲအျပၫ့္
မေအာင့္အီးႏိုင္စြာ ဒါေတာင္ မေအေပးဟု
ဆဲမိေသးသည္။
" ဆရာပိရာ ၊ ဒီေလာက္ကိစၥေလာက္နဲ႔ စိတ္ထဲ မေက်မနပ္မျဖစ္ပါနဲ႔ "
" မင္းမွာ ဘာအႀကံရိွလဲ"
မနာလိုတယ္ဆိုတဲ့ ခံစားခ်က္က ေလာကမွာ
အမွားအယြင္းျဖစ္ ေအာင္ လြယ္လြယ္ပံ့ပိုးေပးတဲ့
သေဘာတရား။
မဆိုင္တာကို မုဒိတာ မပြားႏိုင္သလို ၊သတင္းၾကားၿပီဆိုတာႏွင့္ ပံုျပင္ေတြထဲက ရြဲကုန္သည္လို
ဒါငါ့ေရႊခြက္ႀကီးကြ လို႔ ျပန္မေတာင္းရံုတမယ္
ေရွာင္ပိ စားလည္းဒီေရႊတြင္း၊ အိပ္လည္းဒီေရႊတြင္း မို႔သူ႔မွာရူးမလိုလို ျဖစ္ေနတာ လူတကာ သိေနၿပီျဖစ္၏ ။
________
"ကိုစံု... မေန့ညေနက စိုးမင္းဦးဆိုတဲ့ေကာင္
အင္းထဲက ေမ်ာစာေတြခိုးဖို႔ ႀကံတယ္တဲ့"
ေဒါသတႀကီးလာေရာက္တိုင္တန္းတဲ့ ခ်စ္ထြန္းစကားေၾကာင့္ ငစံု တစ္ေယာက္ေတြခနဲျဖစ္သြား၏။
ထို႔ေၾကာင့္ ကိုသက္ခိုင္ကိုသာ ထိုကိစၥကိုေခၚရွင္းခိုင္းကာ သူကေတာ့ ဘေမွာင္ႏွင့္ ႏွစ္ေယာက္သား စကားေျပာဖို႔ အခန္းတြင္းသို႔ ဝင္လိုက္သည္။
ဒါသတိေပးလိုက္ျခင္းမို႔ သူ႔စိတ္ထဲေတြးထားသည္ကို ဘေမွာင္ကို ေျပာျပကာ ျပင္ဆင္စရာရိွတာ ျပင္ထားရမည္သာ။
" မင္း အစီအစဉ္က အဆင္ေျပပါ့မလားကြ "
ဘေမွာင္ မယံုၾကည္သလို ေမးလိုက္တာမို႔
ငစံုမ်က္ႏွာတင္းခနဲ။
" ဘာမေျပစရာရိွလဲ ။ က်ဳပ္ခိုင္းတဲ့အတိုင္းသာ
ျဖစ္ေအာင္လုပ္ေပး "
" ၿပီးေရာကြာ.... ငါ့မွာ စိတ္ခ်ရတဲ့ အတြင္းလူတခ်ိဳ႕ရိွတယ္...ငါေခၚေမးၾကၫ့္ထားလိုက္မယ္"
" ျမန္ပေလ့ေစေနာ္"
" ေအးပါ"
ဘေမွာင္ လွၫ့္ထြက္သြားသည္ႏွင့္စဉ္းစားခန္းဝင္ေနမိတာ အေတာ္ၾကာတဲ့အထိပင္။
မေတာ္ေလာဘဆိုတာ ေၾကာက္စရာမို႔ ႏွစ္ဘဝစာ ျဖတ္သန္းလာတဲ့ စံုသာၿမိဳင္မွာ လြယ္လြယ္နဲ႔
လူေတြကို ယံုမွားစရာမရိွ။
အစီအစဉ္ဆိုတာ plan(A)plan (B)ႀကိဳတင္ခြဲျခားထားမွ။
သူခိုးမိတယ္ဆိုတဲ့ ကိစၥေၾကာင့္ဒီရက္ပိုင္းအလုပ္သမားေတြအကုန္လံုးကိုတင္းၾကပ္ထားသည္။
ဘာသီခ်င္းသံမွ မၾကားရေတာ့တဲ့ ငစံုတို႔အင္းႀကီးသည္ စက္သံမွလြဲ၍ တျခားတီးတိုးအတင္းေျပာသံပင္မရိွ။
မနက္ေစာေစာ ေနေရာင္ပ်ိဳ႕ၿပီဆိုသည္ႏွင့္
အင္းေဟာင္းေတြမွာ ေမ်ာစာဝယ္တဲ့အဖြဲ႔ေတြ ေျချခင္းလိမ္ေနၾကၿပီျဖစ္သည္။ ခ်စ္ထြန္းတို႔အဖြဲ႔ အနားယူလိုက္ၿပီဆိုတာႏွင့္ လိုက္လုပ္ၾကတဲ့ အဖြဲ႔ေတြက အမ်ားသားပင္။ ခုလည္း ေရႊေအာင္တဲ့ ငစံုအင္းမွာလည္း ေမ်ာက်ေျမစာေတြကို ေရာင္းမလားဟု လာေမးၾကတာတစ္ဖြဲ႔မက။
ခုလည္း ေအာက္ရြာဖက္က အလုပ္မရိွတဲ့ လက္လုပ္လက္စား အဝယ္သမားတခ်ိဳ႕ကလည္း ဒီလို လုပ္ကိုင္စားေသာက္လို႔ရတယ္ၾကားေတာ့ အရဲစြန႔္ကာ ေတာင္ေမွာ္အင္းကို လာၾက၏။
" ကိုစံု ... ေျမစာဝယ္ခ်င္တယ္တဲ့။ ေအာက္ဖက္ကပဲ ။
ေဈးေကာင္းေပးဆို၊ေပးပါ့မယ္တဲ့ ။ ဘယ္လိုသေဘာရလဲ။ "
တဲအျပင္ထြက္လိုက္ေတာ့ လူတစ္စုက မလွမ္းမကမ္းမွာ ။ ကိုးနာရီခြဲေနၿပီဆိုေတာ့ ...ေနေရာင္ကလည္းစူးခ်က္။ အေပၚဝတ္တစ္ထည္ေကာက္လ်ိဳကာ ခပ္သြက္သြက္ ထြက္လာမိစဉ္ ဦးသက္ခိုင္ႏွင့္စကား ေျပာ ေနတဲ့ လူတစ္ေယာက္က လွမ္းၾကၫ့္လာသည္။
" ကိုစံု .. သူနာမည္ကဦးခ်စ္တင္ ၊ ဒါ သူ႔သမီး သူဇာတဲ့။ ငါအသိပဲ။မင္း အဆင္ေျပရင္ ေျမစာေတြေရာင္းေပးလိုက္ပ့ါလား။
"
ေကာင္မေလးေခ်ာေခ်ာလွလွေလးေတြ သံုးေလးေယာက္ပါေတာ့ ေမ်ာခင္းေနတဲ့ေကာင္ေတြကအစ ကြက္ၾကၫ့္ကြက္ၾကၫ့္။
"အင္း ႀကိဳက္ေဈးရရင္ေရာင္းလိုက္မလားလို႔ ။
က်ဳပ္ အင္းထဲ ေျမစာေတြရႈပ္လို႔ "
"အရင္ကေတာ့ မေရာင္းဘူးဆို"
ေနာက္ကလိုက္လာတဲ့ ခ်စ္ထြန္းက ေကာင္မေလးေတြေမးေငါ့ျပတာမို႔ ငစံု
ပုခံုးတြန႔္ကာ ....
" ခုေရာင္းခ်င္လို႔ေရာင္းမွာကြာ " ဟု ျပန္စမိသည္။
" ေတာင္ေမွာ္ရြာရဲ့ေအာက္နားကရြာကတဲ့ဆရာစံု ။
စက္ေလွနဲ႔လာတာ ။ ေျမစာပံုေတြကို ကားနဲ႔သယ္သြားမယ္တဲ့"
" ပိုေတာင္အဆင္ေျပေသး"
ေမ်ာက်ေျမစာေတြက ေနရာယူေနတာမို႔ ေျမကြက္က်ဉ္းတဲ့ အင္းသူေဌးေတြက စြန႔္ပစ္ေမ်ာစာေတြကို တခ်ိဳ႕က အလကားေပးေတာင္ေပးလႊတ္တက္ၾကေသးသည္။
ထို႔အဖြဲ႔ႏွင့္ပင္ ေဈးတၫ့္ကာ ဝယ္လိုက္တာမို႔ သူတို႔ေခၚလာတဲ့အလုပ္သမားေတြက ေဂၚႏွင့္အိတ္ေတြထဲႀကံဳးထၫ့္ကာ ေထာ္လာဂ်ီႏွင့္ အေခါက္ေခါက္အခါခါ သယ္ယူေတာ့သည္။
" ေနာက္လည္း သူဇာတို႔ကို ေရာင္းေပးပါအံုး ေနာ္။ ေက်းဇူးမေမ့ပါဘူး "
ငစံု သေဘာတက်ၿပံဳးကာ ေခါင္းညိတ္လိုက္သည္။
သူဇာ ဆိုတဲ့ အဝါေရာင္ဝတ္စံုႏွင့္ေကာင္မေလးက လွတပတ ။
စကားေျပာလည္းေကာင္းေတာ့ ငစံုႏွင့္ေလေပးေျဖာင့္ေနတာ ေတာ္ေတာ္ၾကာတဲ့အထိပင္။
" ရတယ္ ေနာက္ ႏွစ္ရက္သံုးရက္ေနရင္ တစ္ေခါက္ျပန္လာခဲ့။ အဆင္သင့္ယူလို႔ရေအာင္ ေကာင္ေလးေတြကို အိတ္နဲ႔တစ္ခါထဲ ထၫ့္ထားခိုင္းလိုက္မယ္ "
ေမ်ာစာဝယ္တဲ့အဖြဲ႔ျပန္သြားေတာ့ အင္းထဲကေကာင္ေလးေတြက တေဟးေဟးတဟားဟားႏွင့္ငစံုအား စေနာက္ၾကေတာ့သည္။
သို႔ေသာ္ ငစံုတစ္ေယာက္ ဘေမွာင္ကို ေခၚကာ အျပင္ကို ခ်က္ျခင္းျပန္ထြက္သြား၏။
ႏွစ္ရက္ၾကာၿပီးေနာက္ ထိုအဖြဲ႔သည္ ထပ္ေရာက္လာျပန္သည္ ။
ထိုအဖြဲ႔၏ လာတိုင္း အင္းက်ေမ်ာစာ ကားႏွစ္စီးသံုးစီးခန႔္ ရတက္တာေၾကာင့္ တျခားအဖြဲ႔ေတြထိပင္
မနာလို တိုရွည္ ျဖစ္ၾကေတာ့သည္။
__________
"ဟိတ္... ၾကည္ျပာ .. ေနပါဦးဟ "
အိုက္ေမာင္းလွမ္းဆြဲလိုက္တာမို႔ ၾကည္ျပာကိုယ္လံုးက အရိွန္ႏွင့္ လည္ထြက္သြားကာ ရင္ခြင္ထဲ ဖရိုဖရဲက်သြား၏။ထမင္းပို႔က ျပန္လာတာမို႔ ပါလာတဲ့ ေတာင္းႏွင့္ စလံု ခြက္ေယာက္တို႔မွာလဲ ဖုန္ေတာထဲ ေမွာက္က်ကုန္သည္။ ၾကည္ျပာ အလူးအလဲ ျပန္ထကာ အိုက္ေမာင္းကို ရွက္စိတ္ျဖင့္ လွမ္းရိုက္လိုက္မိတာေျဖာင္းခနဲ ။
" ၾကည္ျပာ .. နင္ဒါဘာလုပ္တာလဲ "
ပါးတစ္ဖက္ကို ကိုင္ကာ အိုက္ေမာင္းေအာ္ေတာ့ ၾကည္ျပာလန႔္၍ တုန္သြားသည္။ ေၾကာက္ေပမဲ့လည္း
မေက်နပ္မူ႔ေတြသာ ႀကီးစိုးေန၍ စိတ္ကိုတင္းကာ က်သြားတဲ့ ပစၥည္းေတြကိုသာ အျမန္ျပန္ေကာက္ထၫ့္ေနမိသည္။ အိုက္ေမာင္းဆိုတဲ့ တရုတ္ေရွာင္ပိရဲ့တပၫ့္ကို ၾကည္ျပာ ၾကၫ့္မရတာၾကာၿပီျဖစ္သည္။
အၿမဲ ေတြ့တဲ့ေနရာမွာ ရည္းစားစကားလာလာေျပာတက္ၿပီး ဘယ္ေလာက္ျငင္းျငင္း လက္မခံတာေၾကာင့္ စိတ္ရႈပ္ရသည္။
" ၾကည္ျပာ ငါေျပာေနတာၾကားလား။ ဘာလဲ
နင့္အေကာင္ သက္ခိုင္က ေရႊထြက္တဲ့အင္းကိုေဖာက္မိၿပီဆိုေတာ့ နင့္က ေသာက္ဘဝင္ျမင့္ေနတာလား"
မထိတထိစကားေတြက ၾကည္ျပာသိကၡာကို အရွက္ခြဲေနသလို။ ေတာင္းကို ေကာက္မကာ အိုက္ေမာင္းဖက္ကိုလွၫ့္၍
" အဲ့ဒါနင့္အပူပါလား ။ နင္ကို ျငင္းၿပီး ကိုသက္ခိုင္ကို
ငါေရြးလိုက္ကတည္းက နင္သေဘာေပါက္သင့္ၿပီ အိုက္ေမာင္း။ေနာက္ၿပီး စကားေျပာရင္ လက္မပါနဲ႔ ။ ငါ့ကို ထိကပါးရိကပါး ထပ္လာလုပ္ရင္ ေတာင္ေမွာ္ရြာသူႀကီးဆီမွာ နင့္ကိုတိုင္မယ္"
ၾကည္ျပာေျပာၿပီးလွၫ့္ထြက္သြားေတာ့ အိုက္ေမာင္းေဒါသတႀကီးက်န္ခဲ့သည္။
ထိုျဖစ္ရပ္ျဖစ္ၿပီး သံုးေလးရက္ၾကာသည္အထိ
ေမာင္က်န္က သူ႔အမကို ထမင္းပို႔ လာရင္ အေဖာ္ေခၚခဲ့ဖို႔ ေနတိုင္း မေမ့မေလ်ာ့မွာတက္သည္။
________
" သက္ခိုင္တို႔ အင္းက ေရႊေပ်ာက္ေနၿပီၾကားတယ္။
မင္းေရာ ဘာၾကားေသးလဲ"
ေရွာင္ပိဖြာေနတဲ့ေဆးျပင္းလိပ္ႀကီးက ရိႈက္ဖြာလိုက္သည္ႏွင့္ မီးစက ရဲခနဲတက္လာ၏။
စိတ္ပါလက္ပါမႈတ္ထုတ္တဲ့အခိုးေငြ့ေတြႏွင့္အတူ ေရွာင္ပိတစ္ေယာက္ ပူေလာင္တဲ့ေနဒဏ္ေၾကာင့္
ရံဖာရံခါ ယပ္ေတာင္က တဖ်ပ္ဖ်ပ္ခပ္ေနရေသးသည္။ ေရႊအရင္ေလာက္မပါ ေတာ့ဘူးဟု ၾကားေနရတာ အေတာ္ၾကာေနၿပီျဖစ္သည္။
သက္ခိုင္နာမည္ၾကားေတာ့ အိုက္ေမာင္းမ်က္ႏွာႀကီးမဲခနဲျဖစ္သြား၏။
" မသိပါဘူးဆရာပိရာ ။ ဒီေကာင္အင္းပိတ္ၿပီး ျမန္ျမန္မြဲသြားေတာ့ေရာ မေကာင္းဘူးလား "
" သက္ခိုင္နဲ႔ဘာေတြၿငိလာတာလဲ။ "
ဆရာတပၫ့္မို႔ အရိပ္ျပ အေကာင္ျမင္ၿပီး ေမးလိုက္ေတာ့ အိုက္ေမာင္း ဟိုတေန့က ၾကည္ျပာႏွင့္ ျပႆနာတက္ခဲ့ပံုကို ေျပာျပလာသည္။
"ဒါမ်ား ... ဟိုတစ္ခါက မင္းေျပာျပတဲ့အႀကံကို အေကာင္အထည္ေဖာ္လိုက္ေပါ့ ကြ"
ေျမာက္ႂကြားႀကီးျဖစ္ေနတဲ့ သက္ခိုင္ကိုေရွာင္ပိၾကၫ့္မရေပ။ အင္းေအာင္သည္ျဖစ္ေစ မေအာင္သည္ျဖစ္ေစ ၊ ေတာင္ေမွာ္အင္းမွာ ေရွာင္ပိႏွင့္ ပုခံုးျခင္းယွဉ္ခ်င္လာတာကိုပင္ သူ႔မွာ အခဲမေက်။ အေရးႀကံဳရင္ႏွက္မယ္ဟု ေတြးထားမိတဲ့အခ်ိန္ တပၫ့္ေက်ာ္က မီးစာလာျဖၫ့္ေနေသးသည္။
" ဒီေကာင္အင္းက ေရႊပိတ္ေနၿပီ ၾကားေနတာကို
ျပႆနာမီးခြက္ထြန္းရွာေနသလိုမ်ားျဖစ္ေနမွာလားလို႔ "
ေတြးဆဆ အိုက္ေမာင္းေျပာမိသည္။ ေရွာင္ပိ ခပ္ဟဟရယ္ကာ ေဆးျပင္းလိပ္ႀကီး ေသာက္ေနလိုက္သည္။
အမွန္လည္း ဒီရက္ပိုင္း တစ္က်ပ္ ၊ ႏွစ္က်ပ္ေလာက္သာ ေရႊခ်ိန္ရိွေတာ့သည္မို႔ အမွတ္(၄) အင္းသတင္းမွာ ေရႊေအာင္သည္ဟုသာ ေျပာရံုရိွေတာ့သည္။
လူတကာ စိတ္ဝင္စားမူ႔ေလ်ာ့က်သြားသည္မို႔
ဆရာတပၫ့္အႀကံၾကီးထားသမ်ွ ဆက္မလုပ္ျဖစ္ေတာ့ပဲ ဒီတိုင္းရပ္ထားခဲ့တာၾကာၿပီျဖစ္သည္။
စိတ္ထဲ ၾကည္ျပာမ်က္ႏွာေျပးျမင္ကာ အိုက္ေမာင္ အံႀကိတ္လိုက္မိတာ တင္းခနဲ။
_________
" ေစာင့္ေနရတာ ၾကာၿပီလား အရီး "
ေျပးဝင္လာသည့္ ညခ်မ္းေအးသည္ အျဖဴအစိမ္းေက်ာင္းဝတ္စံုျဖင့္ ေခြၽးပါးပါးစိုလ်က္ရိွေခ်သည္။
အနည္းငယ္ေခြေကာက္ေနေသာ ဆံႏြယ္ပါးပါးဟာ
ေျပးဝင္လာတာေၾကာင့္ ထိုးေထာင္လန္ပ်ံေနကာ
ပါးျပင္သည္က ပန္းႏုေရာင္အလင္းဟပ္ေနသည္ႏွယ္ ရိွ၏။ ထို႔အျပင္ ညိုေဖ်ာ့ေဖ်ာ မ်က္ဆံအိမ္ဟာ ထင္ရွားကာ ၾကည္လင္ေနလ်က္။
" ျဖည္းျဖည္းလာတာမဟုတ္ဘူး"
ေဈးႀကီးေပးဝယ္လာေသာေရခဲေရဘူးကို အရီးလက္ထဲထၫ့္ကာ ညခ်မ္းေအးၿပံဳးျပလိုက္သည္။
" အရီးလာတယ္ဆိုလို႔ ေျပးလာတာ။ ကြၽန္ေတာ့္ေၾကာင့္ အရီးအၾကာႀကီးေစာင့္ေနရမွာစိုးလို႔"
" ေစာင့္ရလွ တစ္ခနေပါ့။ အပင္ရိပ္ေလးလည္းရိွေတာ့ အေမာလည္းေျဖရင္း မင္းဘႀကီးလည္းေစာင့္ရင္းေပါ့ "
ရြာလူႀကီးျဖစ္တဲ့ အဘဟာ အစည္းေဝးပြဲ မၾကာခဏ တက္ရတာ အလုပ္တစ္ခုလို ျဖစ္၏။ တခါတေလ ပါလာတက္တဲ့ အရီးက ညခ်မ္းေအးဆီ သတိတရ လာေတြ့တက္ပါေသးသည္။ ထိုအခ်ိန္မ်ိဳးဆို ညခ်မ္းေအး အလြန္ေပ်ာ္ေလသည္။ အရီးလာရင္ ရြာဟင္း၊အေျခာက္အျခမ္းေလးေတြ ထၫ့္ယူလာတက္သလို
ေက်းဇူးရွင္ ပညာေထာက္ပံ့သူကလည္း သူ႔အားမေၾကာင့္မက်ထားတာေၾကာင့္ မ်က္ႏွာငယ္ရသည္ဟူ၍မရိွေပ။
အိမ္က ေဒၚေလးကေတာ့ သူ႔ကို ေမ့ေနသည္ႏွယ္ တစ္ခါေလးေတာင္မွ လာမေတြ့ခဲ့။ သို႔ေသာ္ ညခ်မ္းေအးဝမ္းမနည္းေပ ။ ပညာေရးမွာ ထူးခြၽန္သလို
အေနေအးတာေၾကာင့္ ေဘာ္ဒါမွာရိွတဲ့ ဆရာ၊ဆရာမေတြ၏ အေရးေပးျခင္းလည္းခံရသည္။
" အရီး.. ဒါ ဒီတစ္ပတ္ အဆင့္သက္မွတ္ခ်က္ေတြပါ။
ကြၽန္ေတာ္ စာေမးပြဲမွာ အမွားေလးနည္းနည္းရိွခဲ့ေတာ့
ဒုတိယပဲ ရသြားတယ္။ ေတာင္းပန္ပါတယ္ "
အဆင့္ႏွစ္ဆိုတဲ့ စာရြက္ကို ၾကၫ့္ကာ အရီးကေခါင္းတညိတ္ညိတ္။
" ျဖစ္တယ္ပါတယ္ညခ်မ္းေအးရယ္။ တစ္၊ႏွစ္၊သံုးထဲ
ဝင္သ၍ အရီးက ဘာမွ မဆူပါဘူး။ အရီးကို ျပပါအံုး.. ဒီနားမွာထိုးရမွာလား လက္မွတ္က။ မ်က္မွန္မပါေတာ့ အရီး မ်က္လံုးကခပ္မႈန္မႈန္ရယ္ "
" ဟုတ္တယ္အရီး ။ အဲ့ေထာင့္နားပါ ။"
အရီးလက္မွတ္ထိုးေပးတဲ့ စာရြက္ကို စာအုပ္ၾကားမွာ ေသခ်ာၫွပ္ထၫ့္၍ ေက်ာင္းကအေၾကာင္းေတျြပန္ေျပာျပျဖစ္သည္။ ညခ်မ္းေအးကို ေထာက္ပံ့ေပးတဲ့ သူေတြအေၾကာင္းေမးျဖစ္ေတာ့ တိတိက်က်မဟုတ္ေပမဲ့ ညခ်မ္းေအးတစ္ေယာက္သာေကာင္းေကာင္းေထာက္ပံ့ေပးထားေၾကာင္းသိရ၏။
ထိုေၾကာင့္ ငါေကာင္းေကာင္းလုပ္ရမယ္ဆိုတဲ့အေတြးက သူ႔ေခါင္းထဲစြဲၿမဲစြာဝင္ေရာက္လာသည္။
__________
" ဟိတ္ေကာင္ေတြ အကုန္ဂရုစိုက္ၾကစမ္း။ အလုပ္ကို ေပါေပါပဲပဲလုပ္မေနနဲ႔။ "
ႏိႈက္ရသေလာက္ႏိႈက္ထားတဲ့ တြင္းက ခပ္နက္နက္။
ေက်ာက္ေက်ာလႊာကိုထပ္မံေဖာက္ခြဲရမည္မို႔
အလုပ္သမားေတြအကုန္ ဦးသက္ခိုင္ ေသခ်ာ
ႀကီးၾကပ္ေနရသည္။ ငစံုသည္လည္းပဲ မိုင္းခြဲမၫ့္ ေကာင္ေလးေတြနားရပ္ကာ စိတ္ပူစြာ ၾကၫ့္ေနမိသည္။
" ကိုသက္ခိုင္ .. ခ်စ္ထြန္းေရာ "
" အေပၚကို ငါကိစၥရိွလို႔ခိုင္းလိုက္တယ္ ။ မင္းဘာလုပ္မလို႔လဲ"
" ဘာမွမလုပ္ဘူး။ ေအာက္မွာ အႏၲရာယ္မ်ားလို႔
ေမးၾကၫ့္တာ ။ ရၿပီ .. ခင္ဗ်ားလည္းအေပၚတက္ေတာ့ "
" ေအး.. ေအး "
ကိုသက္ခိုင္ကို တက္ခိုင္းၿပီး သူပါ အႏၲရာယ္ကင္းတဲ့ေနရာကို ေရြ့မည္ျပင္လိုက္တဲ့အခါ
အုန္း.. ဆိုတဲ့ ျမည္ဟီးသံႀကီးနဲ႔အတူ မိုင္းေပါက္ကာေျမၾကီးေတြ တဝုန္းဝုန္း ၿပိဳၾကလာတာခ်က္ျခင္း။
" ေနေမႀကီးေတာ္ ... ဟိုေကာင္ေတြ လူေတြရိွေသးတယ္ဟ "
ဆဲဆူသံတခ်ိဳ႕ကို ၾကားလိုက္ရေပမဲ့ ...
ေျမၾကီးၿပိဳတဲ့အထဲ ကိုသက္ခိုင္ပါ သြားတာျမင္လို႔
ငစံု ေျပးကာ ကူမၫ့္ဆဲဆဲ ေနာက္ထပ္အုန္းခနဲေပါက္ကြဲသံႀကီးႏွင့္အတူ ေျခေထာက္တစ္ဖက္ဆီမွ ပူခနဲခံစားလိုက္ရသည္။ ေျမလႊာပံုေတြၾကား...
အလဲလဲအၿပိဳၿပိဳ ... ျဖစ္သြားၿပီးေနာက္ လူေတြ၏ ေအာ္ဟစ္တခ်ိဳ႕ႏွင့္အတူ မ်က္ႏွာေပၚ ပစ္က်လာတဲ့ ေျမခဲေတြကို မ်က္လံုးမမိွတ္ခင္စပ္ၾကား သိလိုက္ရ၏။
ထိုအခ်ိန္ ေနေရာင္သည္ ငစံု၏ မ်က္ႏွာတၫ့္တၫ့္ကိုထိုးေနခဲ့သည္။ မ်က္လံုးမမိွတ္ခင္ သူသိလိုက္ရတာ
ထိုအျဖစ္အပ်က္မ်ိဳး ျဖစ္ခဲ့သည္ဟု မၾကားဘူးခဲ့ျခင္းပင္။
လူေတြရဲ့ ကံၾကမၼာကို အတင္းေျပာင္းလဲခဲ့လို႔မ်ား... သူ႔အတြက္ မွားယြင္းတာေတြ ျဖစ္ေနတာသလား..
ပူျပင္းမူ႔ကေန နာက်င္မူ႔က သူေျခေထာက္တစ္ဖက္ဆီကေန တေရြ့ေရြ့တက္လာ၏။ ထို႔ေနာက္ သူသည္.....
Bạn đang đọc truyện trên: ZingTruyen.Xyz