ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
10
2001ခုနှစ် ....
ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေစပြုချိန်မို့ ရာသီဥတုသည် အထီးကျန်လွမ်းမောဖွယ်လည်းကောင်းပေသည်။တစ်လမ်းလုံး တရိပ်ရိပ်ကျန်ခဲ့သောသစ်ပင်တို့အားငေးကာ အတိတ်ကို တကျော့ပြန်ပြန်လည်တွေးတောနေမိသည်။
"သဖန်းတော ..သဖန်းတောရွာ အဆင်းလေးတွေ ။
အထုတ်အပိုးတွေဂရုစိုက်ပါ။ ကျန်ရှိပစ္စည်းကို တာဝန်မယူပါဘူး"
ကားစပယ်ရာ၏ အော်သံကြောင့် ညချမ်းအေးလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး နဂိုပြင်ဆင်ထားပြီးသားကျောပိုးအိတ်လေးကို လွယ်ကာ ဆင်းဖို့ အသင့်ပြင်ထားဖြစ်သည်။ ခရီးသည် နှစ်ယောက်သုံးယောက်မျှ အတူဆင်းသွားပြီးမှ ညချမ်းအေး ထိုင်နေတဲ့ခုံကနေ ထရပ်လိုက်သည်။ အောက်ရှိကတ္တရာလမ်းပေါ် ခြေချပြီးမကြာဘူး သူ့ သံသေတ္တာကို ချပေးကာ ကားကပြန်ထွက်သွား၏။
သူရောက်နေတဲ့ ကားလမ်းဘေးမှာ သဖန်းတောရွာကြီးမှ ကြိုဆိုပါတယ် ဆိုတဲ့ မုဒ်ဦးအနီရောင်ကြီးက ခန့်ခန့်ထည်ထည်။ နှစ်တွေအများကြီးကြာပြီးမှ ပြန်ရောက်လာတဲ့ နေရာ။ တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲသွားသည်မှာ အရာရာတိုင်းမျက်စိတမှိတ်အတွင်းမမှတ်မိအောင်ပင်။
ဘာတွေဘယ်လောက်ပြောင်းပြောင်း ရွာအဝင်စက
လက်ပံပင်ကြီးကတော့ နီရဲနေအောင်ပွင့်ဆဲ။
" ဒီက မောင်ရင်လေးက သဖန်းတောရွာကိုသွားမှာလား"
လာမေးတဲ့သူက ကားပေါ်မှာ အတူဆင်းခဲ့တဲ့ အဒေါ်ကြီးဖြစ်တာမို့ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်ကဲ့အဒေါ် ။ ကျွန်တော် သဖန်းတောရွာကို သွားမှာပါ "
ကားလမ်းဘေးကနေ ရွာကို ချိုးကွေ့ဝင်ရတဲ့ ကျောက်ကြမ်းလမ်း ကိုငေးရင်း သူဖြေမိသည်။ ကားလမ်းဘေးရွာဆိုပေမဲ့ လမ်းတလျှောက်လယ်ကွင်းတွေကြောင့် ရွာရောက်ဖို့ အနည်းငယ် လမ်းလျှောက်ဝင်ရသေးသည်။
ခါတိုင်းဆို ဒီလို ကျောက်ကြမ်းလမ်းမပြောနှင့် ဖုန်ကထူထူ ၊ ဘေးမှာ ပေါက်နေတဲ့ ခြုံနွယ်ပိန်ပေါင်းတို့ကြောင့် လမ်းမသာသလို အကောင်ပလောင်ကလည်းပေါသေးသည်။ သူတို့ငယ်ငယ်ကဆို ရွာထိပ်ထိ ကျူးကျော်ပြီးမဆော့ရဲကြပေ။
" ဟုတ်လား.. လာလေ ဒါဆို အရီးတို့ လှည်းနဲ့လိုက်ခဲ့တော့ "
အဒေါ်ကြီးပြောတဲ့ လာကြိုတဲ့လှည်းက ပြောနေရင်း ပင်ရောက်လာ၏။
ညချမ်းအေးလည်း ကျောပိုးအိတ်တစ်လုံးနှင့် သံသေတ္တာကြောင့် လမ်းလျှောက်လို့မရမဲ့အတူတူ
အတူလိုက်သွားဖို့ ခေါင်းညိတ်လိုက်ရသည်။
လှည်းနောက်မြှီးမှာ ထိုင်ရင်း သူခြေထောက်တွေကို
အောက်ချကာ ဘေးဘီကို ငေးလာမိသည်။
" ဟဲ့ တင်စိန် ။ နင် တို့လယ် ဒီနှစ်ရော အထွက်ကောင်းရဲ့လား"
သူ့ကိုတင်ခေါ်လာတဲ့အဒေါ်ကြီးကနေ လှည်းမောင်းနေတဲ့သူအားမေးလိုက်သည်ကို ညချမ်းအေးကြားလိုက်ရသည်။ လာခေါ်တဲ့သူကလည်း လူရိုး သဘောကောင်းပုံရကာ နွားကို ကြိမ်နှင့်လှမ်းတို့ကာ အားပေါင်ရင်းသန်သန်ပြောတော့၏။
" ကောင်းချက်ပေါ့ အရီးရာ ။ ကျုပ်တို့ အရင်ဆို
ရေတင်ဖို့ ၊ပိုးသတ်ဆေး မြေဩဇာ သုံးဖို့ ငွေလှိုင်လှိုင်မှမသုံးနိုင်ကြဘူးဗျ ။ ခုဆို ဆန်စက်မှာ ဓာတ်မြေဩဇာ
က အလကားနီးပါးရတော့ စပါးအထွက်တိုးသလို ၊
ထွက်သမျှ စပါးကိုလည်း စရိတ်ကုန်ခံမြို့ပေါ်တက်ပို့စရာမလိုတော့ဘူးပေါ့ "
" ဟဲ့ ငါမေးပါအုံးမယ် ချမ်းသာ ဆန်စက်ဆိုတာ
ငါတို့ ရုပ်မြင်သံကြားမှာ လာလာနေတဲ့ ပဲဆီကြော်ငြာထဲက တံဆိပ်နဲ့ ပိုင်ရှင်အတူတူပဲဆို ဟုတ်လား။ "
" ဟုတ်ပါ့ အရီးရေ ဟုတ်ပါ့။ ဟိုမင်းသမီးကြော်ငြာတဲ့
သီချင်းလေးလေ။ ဆီဆိုရင် ချမ်းသာ ..
မြေပဲစစ်စစ်နဲ့ အရောအနှောမပါတဲ့ ချမ်းသာ ဆိုတာလေ "
ပြောသမျှအကြောင်းအရာက ညချမ်းအေးနှင့် ရင်းနှီးမနေ။ လယ်မြေအကြောင်း သူမသိသလို စပါးဘယ်ကထွက်၊လယ်ထဲကထွက်ဆိုတာပဲ သူသိသည်မို့ အနောက်ကနေ ငေးမောနားထောင်ရုံသာ ရှိသည်။ သို့ပေသည် နောက်ဆုံး ဆိုပြတဲ့ သီချင်းကြောင့် လတ်တလော တီဗွီမှာ လာလာနေတဲ့ ကြော်ငြာ ကိုသွားသတိရသည်။ ထိုအခါမှ ပိုင်ရှင်အတူတူမှန်းသတိရသွားသည်။ ဒီဖက်ရွာတွေ ဒီနှစ်ထဲ ခေတ်မှီတိုးတက်လာတာကို မြင်မှ ရွာမှ တိုင်းသိပြည်သိနာမည်ကြီး ဆန်စက်ကြောင့်မှန်းသိလိုက်ရသည်။
တဖြည်းဖြည်းရွာထဲဝင်လာတော့
" ရွာထဲက ဘယ်အိမ်ကို သွားမှာလဲ မောင်ရင်လေး "ဟု မေးလာ၏။ ညချမ်းအေး ရွာသူကြီးအိမ်ကိုပဲတန်းသွားဖို့ ပြောလိုက်တော့ ဘာမှရှည်ရှည်ဝေးဝေးမေးမနေပဲ လိုက်ပို့သွားရှာသည်။
အိမ်ရှေ့ရောက်တော့ အရီးက ခြံထဲမှာ ကောင်မလေးနှစ်ယောက်နှင့် မြေပဲလှမ်းနေတာကိုတွေ့ရ၏။
တောရွာသူကြီးအိမ်ဆိုပေမဲ့ အရီးနှင့်အဘဟာ အရင်မျိုးရိုးစဉ်ဆက် ကြွယ်ဝ သူတွေပီပီ အိမ်ကြီးအိမ်ကောင်းဖြင့် ကောင်းကောင်းနေနိုင်ကြလေသည်။ ခုလည်း အောက်ခံ အုတ်တိုက်အဖြူရောင်ကို အပေါ် ပျဉ်ထောင် ရေနံကြီးဝဝဖြင့် လေးခန်းပတ်လည်အိမ်ကြီးသေချာ ဆောက်ထားလေသည်။ ရေချမ်းအေးငယ်ငယ်က တွေ့ဖူးတဲ့ ခြေတံရှည်ရှည်ပျဉ်ထောင်အိမ် တွေအစား ခေတ်မှီဆန်းသစ်တဲ့ အိမ်ပြောင်းသွားသည်မှအပ အရီးတို့ရပ်ကွက်က အရင်အတိုင်းသာဖြစ်နေဆဲပင်။
ခြံရှေ့မှာ လှလှပပစိုက်ပျိုးထားတဲ့ ပန်းမာလာ တို့သည်လည်း ငယ်ငယ်က အတိုင်းရင်ဝယ်အေးသွားစေအောင် ပွင့်လန်းနေသည်။
" အရီးရေ.. အရီး"
" ဟယ်... ညချမ်းအေး ။ မပြောမဆိုနဲ့ ချက်ချင်းပြန်လာတာလား ။ "
ပြေးထွက်လာတဲ့ အရီးကိုယ်လုံးကြီးက ဝဖိုင့်ဖိုင့် ။
တအံတဩ အကြည့်တို့အပြင် ညချမ်းအေးလက်ကိုပါ ဖက်လှဲတကင်း ဆွဲကိုင်လာသည်။
" အရီးနေကောင်းတယ်မို့လား"
" ကောင်းပါ့။ ကောင်းပါ့ .. ။ လာမယ်ဆိုလည်းကြိုပြောအုံးပေါ့။ ပြီးခဲ့တဲ့အခေါက်က အရီးလာတုန်းကတောင်မှ ပြန်လာမယ်မပြောပဲ "
" အော်... အရီးရယ်။ ကျွန်တော် .. ဘယ်မှာတာဝန်ကျမှန်းမှမသိတာ ။ ခုတစ်ခေါက်မှ သဖန်းတော အ.လ.က မှာ အလယ်တန်းပြ အဖြစ် တာဝန်ထမ်းဆောင်ရမှန်းသိလာတာ "
" ဟော်တော်... ဒါဆို မင်းအခုတစ်ခေါက် ပြန်လာတာ
အလည် မဟုတ်ဘူးပေါ့ "
ညချမ်းအေး ပြုံးကာ ခေါင်းအသာညိတ်ပြတော့
အရီးက စိတ်ချသွားသည့်နှယ်ခေါင်းတညိတ်ညိတ်။
" အေးပါ.. နို့မို့ ငါစိတ်ပူနေရအုံးမယ်။ ကဲ .. လာ အိမ်ထဲဝင်ရအောင်။ အပြင်မှာ မိုးတို့မတ်တပ်နဲ့ မင်းလည်း ပင်ပန်းလာရောပေါ့ နားနားနေနေ နေ "
ညချမ်းအေး အိမ်ထဲဝင်လာတော့ ပဲလှမ်းနေတဲ့ကောင်မလေးနှစ်ယောက်က ငေးကြည့်နေတာမို့
အရီးက လက်ယက်ခေါ်လေသည်။
" ထွေးငယ် နဲ့ နှင်းရီ ။ လာ .. ဒီကို "
လှမ်းခေါ်လိုက်တော့ ရောက်လာတာ ချက်ခြင်း။
တစ်ယောက်က ဆံပင်အရှည်ကြီးနှင့်သိမ်သိမ်မွေ့မွေ့။ တစ်ယောက်က ကလေးသာသာ ဖြစ်ပုံရကာ ဆံရစ်ဝိုင်းနှင့် သနပ်ခါး မှုန်မှုန်လိမ်းထား၏။
" ဒါက အရီးသမီး မြနှင်းရီလေ ။ ညချမ်းအေး မင်းမှတ်မိလား။ ကိုသာဒင်ရဲ့ အောက်က တစ်ယောက်။
မင်းထက်တော့ သုံးနှစ်လောက်ကြီးမယ်ထင်တယ်။
မမနှင်းရီလို့ခေါ် ။ ဒါလေးက သာဒင်ရဲ့သမီး အကြီးမ
ထွေးငယ်တဲ့ ။ ဒီနှစ် ခြောက်တန်းတက်ရမှာ "
အမေ မိတ်ဆက်ပေးတဲ့ကောင်လေးကို နှင်းရီသိသည်။ ပညာရေးမှာထူးချွန်လွန်းတာမို့ မြို့မှာ ကျောင်းတက်ပြီး ပညာရေးတက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ရွာ၏ တစ်ဦးတည်းသော ပညာတက် ကျောင်းဆရာလေးပင်။ ငယ်ငယ်ကဆို အရီး မြို့ပေါ်တက်ကာ မကြာခဏ ထိုကောင်လေးအတွက် အခြောက်အခြမ်းစားစရာလေးတွေ သွားသွားပို့တက်သည်။ ရွာ၏ ဂုဏ်ထူးဆောင်မို့ အမေရော အဖေရော ထောက်ပံ့ပေးတာ သိသိသာသာပင်။
နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလာတော့ နှင်းရီလည်း မာန်နမကြီးမှန်းသိလိုက်ရကာ ချက်ခြင်း ခင်မင်သွားမိသည်။
" ညချမ်းအေးကတော့ အမတို့ကို သိမှာမဟုတ်ဘူး။မောင်လေး ဆယ်တန်းအောင်တုန်းက ရတဲ့
လေးဘာသာ ဂုဏ်ထူးရှင်ဆိုတဲ့ ဂုဏ်ပြုဓာတ်ပုံကြီးကို အမတို့အိမ်မှာ မှန်ဘောင်သွင်းပြီး အမေက သေချာချိတ်ထားတာ။ "
အမနှင်းရီ စကားကြောင့် ညချမ်းအေးရှက်သွား၏။
ထို့ကြောင့် ခပ်လိမ်လိမ် ဆံပင်တို့ တချက်သပ်ကာ
မပွင့်တပွင့် ပြုံးမိသည်။
" အရီးကတော့ လုပ်ပြီ။ ဓာတ်ပုံချိတ်လိုက်တော့ အိမ်မှာ ကြွက်မပေါတော့ဘူးမို့လား "
" မဟုတ်တာ ။ လာသမျှလူ သူတူချောတိုင်း ကြွားရတာအမော "
" ကဲပါ နှင်းရီ ရယ်။ သွား.. သွား နင့်အမောင်အတွက် ထမင်းလေးဘာလေး ခူးချေဦး ။ သွားအထွေး။ နင်ရော လိုက်သွား "
နှစ်ယောက်သား ထသွားမှ ညချမ်းအေး သက်တောင့်သက်သာ ခံစားလိုက်ရသည်။ အရီးတို့အိမ်မှာ ကိုသာဒင်က အိမ်ထောင်သည်မို့ အိမ်ခွဲနေသည်။ မိသားစုမများတဲ့အိမ်မို့ ပစ္စည်းများက ရှင်းရှင်းလင်းလင်း။
" ဘကြီးရော ဘယ်သွားလဲအရီး"
" ဘယ်သွားရမလဲ ၊ဒီချိန်ဆို ရွာထိပ်က ဓမ္မာရုံပေါ့ ။
အဲ့မှာ ဘုရားတရားလုပ်တာနည်းနည်း။ ငြင်းကြတာ ခုန်ကြတာ ခပ်များများ"
အရီး စကားက ခပ်ငေါ့ငေါ့ ဆိုပေသည့် အပြစ်မြင်ဟန်တော့မရှိ။ မိန်းမတွေဆိုတာ ဒီလိုပါပဲ။
ကောင်းကောင်းမွန်မွန် အသောက်အစားမရှိနေရင်ကို ကျေနပ်ကြတာကိုး။ အလုပ်မလုပ်တာ အရေးမကြီး
သောက်လိုက်စားလိုက်လုပ်နေရင် ဘယ်သူ ကျေနပ်မလဲ ။
" ဒါနဲ့ မင်းတို့ကျောင်းဆရာတွေအတွက် ရွာမှာ
နေရာတွေ လာမဲ့နှစ်ဆောက်ပေးဖို့တရားဝင် စာကျလာပြီတဲ့။ ခုလောလောဆယ်တော့ အရီးတို့အိမ်ဖြစ်ဖြစ်နေပေါ့။ မဟုတ်လည်း မင်းအမတို့နှစ်ယောက်ရယ် အရီးတို့လင်မယားရယ်ပဲရှိတာကို ။ မင်းအိမ်တော့ ပြန် နေဖို့က သင့်မှမသင့်တာ "
ဒီနှစ် တွေထဲမှာ ဦးလေးဆုံးသွားတော့ ဒေါ်လေးတစ်ယောက်ပဲကျန်ခဲ့သည်။ သွေးမတော်သားမစပ်မို့
အတူနေဖို့က အဆင်မပြေသလို သင့်တော်မူ့လည်းမရှိ ။ နှစ်တွေအများကြီး သူကျောင်းတက်ခဲ့ပေမဲ့ ဒေါ်လေးက အဆင်ပြေလားဟု လာမကြည့်ခဲ့ပေ။
" ရပါတယ်အရီး။ ကျွန်တော် အတွက် အိမ်လေးတစ်လုံးငှားနေရင် ဖြစ်ပါတယ်။ အတူနေဖို့က အမနှင်းရီတို့က အပျိုအရွယ်လေးတွေဖြစ်နေတော့
သူများလက်ညိုးထိုးစရာဖြစ်မှာစိုးလို့ပါ။ ရွာမှာ နေဖို့ နေရာတွေပေါပါတယ် ။ အဆင်ပြေရင် ဒေါ်လေးလိုက်ရှာပေးပါ့လား"
ညချမ်းအေးစကားကို အရီး လက်ခံသွားပုံရသည်။ နေဖို့ထပ်မံမခေါ်တော့တာမို့ သူလည်းစိတ်အေးသွားရသည်။ ထမင်းစားသောက်ပြီး အရီး အပြင်ပြန်ထွက်သွား၏။ ရွာထိပ်မှာနေစရာ အိမ်အလွတ်တစ်လုံးရှိတယ်ဟုလည်းပြောတာမို့ အရီးကို စောင့်ရင်း ညချမ်းအေးရေမိုးချိုးဖို့ အိမ်မှာပဲ နေရစ်ခဲ့လိုက်သည်။
________
"ဒီနေရာပဲ ညချမ်းအေး "
ခါးကျော် ကျော် ခြံစည်းရိုးလေးကို ညီညီညာညာလေး ကာရံထားတာ မျက်စိအေးဖွယ်ပင်။
အိမ်လေးက ပျဉ်ထောင်အိမ်လေးဖြစ်ပြီး အမဲရောင်ရေနံဂျီးဝဝ သုတ်ထား၏။ လမ်းလေးခွ၏ ထောင့်နေရာမှာ သပ်သပ်ရပ်ရပ်လေးခြံဝန်းခတ်ထားတာမို့
လူသူကင်းရှင်းတဲ့ဂျောင်ကျကျနေရာထက်စာရင် အဆပေါင်းများစွာ ကောင်းမွန်လွန်းလှသည်။
" အရီး ... အိမ်လခ အရမ်းဈေးကြီးနေရင် ကျွန်တော်မငှားနိုင်ဘူးနော်"
" အမလေး ဒါများ။ ဒီအိမ်က ချမ်သာ ဆန်စက်က ပိုင်ရှင် ပိုင်တာလေ ။ သူက ငွေမလိုဘူး။ မင်းနေစရာ မရှိဘူးပြောလို့ ပေးနေခိုင်းထားတာ ။ အဓိကက အိမ်ကို သေချာ ဂရုစိုက်ပေးရုံပဲ ။ "
ပြောပြောဆိုဆို တွန်းဖွင့်ဝင်သွားတဲ့ အရီးနောက်
သူခပ်မြန်မြန်လိုက်ရတော့သည်။
အထဲရောက်မှ ပိုမို သပ်ရပ်နေပြီး အမှိုက်ဆိုလို့ သစ်ရွက်မှိုက်တောင်မရှိ။
ခြံအတွင်းတွင် သီးနှံပင် တချို့ကိုလည်း ခြံစည်းရိုး၏ ဘေးပတ်ပတ်လည်တွင် ဥယျာဉ်ပုံစံလို သေချာ စိုက်ပျိုးထား၏။
အလှဆုံးကတော့ တောစံပယ်ဟုခေါ်သော စပယ်ရုံကြီးသည် ဆူးပုတ်ပင်ကြီးမှာ တွယ်ကပ်ကာ ဖြစ်ထွန်းနေတာ မျက်စိအေးစရာပင်။
" အရီး ပိုင်ရှင်မသိပဲဝင်လို့ကောင်းပါ့မလား"
" ဝင်လို့ရပါတယ်ဟယ်။ လာလာ... ငါသေချာပြောခဲ့ပြီးပြီ"
အိမ်မကြီးရှိ ပျဉ်တံခါးချပ်ကြီးသည် တွန်းဖွင့်ဝင်ရုံသာစေ့ပိတ်ထား၏။
အခန်းတွင်းတွင် ပရိဘောဂအစုံအလင်ကို သူ့နေရာနဲ့သူ စီကာစဉ်ကာ ပြုပြင်ထားပုံမှာ အိမ်ပိုင်ရှင်သည် အသန့်ရှင်းကြိုက်သူဖြစ်ကြောင်းမေးစရာလိုမည်မထင်။
" အိမ်က အထုတ်အပိုးယူပြီးနေရုံပဲ။ အကုန်ရှိတယ်။ ချက်ပြုတ်စားရင်လည်းနောက်ဖေးမီးဖိုမှာ ဆန်ဆီ အဆင်သင့်ရှိတယ်။ "
" ယူသုံးလို့ ဖြစ်ပါ့မလား အရီးရယ်။ သူများပစ္စည်းတွေကို "
" ဘာမဖြစ်စရာရှိလဲ။ ခါတိုင်းလည်း ရံဖာရံခါ ချက်ပြုတ်စားရအောင် ပိုင်ရှင်က ထည့်ထည့်ထားတာတဲ့ ။ သူ့အိမ်က အနောက်ဖက်ကပ်ရပ်လေ ။
စိတ်ရှုပ်ရင် သူ့သမီးနဲ့ ဒီလာလာနေတက်တော့ အကုန်ထည့်ထားဖြစ်မယ် ။ အမလေး အရေးကြီးတာ အရီးမေ့တော့မလို့ ။ သူ့သမီးကို သားအားရင် စားပြပေးလို့ရမလားတဲ့ ။
ကလေးမလေးက လေးနှစ်ကျော်ကျော်ရှိပြီ ။ "
" ဘာများလဲလို့ အရီးရယ် ။ ဖြစ်တာပေါ့။
မဟုတ်တောင် အိမ်လခကို တစ်ခုခု ပေးမလို့ စဉ်းစားနေတာ ။ သူ့များအိမ်အလကားတက်နေဖို့မှ မဖြစ်နိုင်တာ။ "
ညချမ်းအေး ပြောတာ သဘာဝကျသည်။
ဘယ်လောက်ပဲ ဟိုဖက်က ချမ်းသာနေပါစေ
သူ အခငွေကြေးမဟုတ်တောင် တန်ရာတန်ကြေးပြန်ပေးချင်သည်။ အလကားတော့မနေချင်ပါ။
အရီးပြောသလိုပင် အနောက်ဖက် ကျောချင်းကပ်ရပ်တွင် အဖြူရောင် နှစ်ထပ်တိုက်ကြီးတစ်လုံးရှိနေသည်။ လမ်းဖောက်ထားသည် ဆိုပေမဲ့ ပိတ်ထားတဲ့ ခြံစည်းရိုးတံခါးလေးကြောင့် စိတ်ထဲလုံခြုံသွားသလိုခံစားရသည်။
အိမ်အနောက်မှာလည်း ရေကန်ကြီးတစ်ခုကို ပိုက်နဲ့
ရေတင်ပေးထားသည်မို့ ရေကအပြည့် ဖြစ်နေသည်။
ညချမ်းအေးပဲ ကံကောင်းတာလားမသိ ။
နေစရာ ကောင်းကောင်းက အဆင်သင့်မို့ ညတွင်းချင်း အရီးတို့အိမ်ကနေ ပြောင်းခဲ့လိုက်သည်။
2001ခုႏွစ္ ....
ရြက္ေဟာင္းေႂကြ၍ ရြက္သစ္ေဝစျပဳခ်ိန္မို႔ ရာသီဥတုသည္ အထီးက်န္လြမ္းေမာဖြယ္လည္းေကာင္းေပသည္။တစ္လမ္းလံုး တရိပ္ရိပ္က်န္ခဲ့ေသာသစ္ပင္တို႔အားေငးကာ အတိတ္ကို တေက်ာ့ျပန္ျပန္လည္ေတြးေတာေနမိသည္။
"သဖန္းေတာ ..သဖန္းေတာရြာ အဆင္းေလးေတြ ။
အထုတ္အပိုးေတြဂရုစိုက္ပါ။ က်န္ရိွပစၥည္းကို တာဝန္မယူပါဘူး"
ကားစပယ္ရာ၏ ေအာ္သံေၾကာင့္ ညခ်မ္းေအးလႈပ္လႈပ္ရွားရွားျဖစ္သြားၿပီး နဂိုျပင္ဆင္ထားၿပီးသားေက်ာပိုးအိတ္ေလးကို လြယ္ကာ ဆင္းဖို႔ အသင့္ျပင္ထားျဖစ္သည္။ ခရီးသည္ ႏွစ္ေယာက္သံုးေယာက္မ်ွ အတူဆင္းသြားၿပီးမွ ညခ်မ္းေအး ထိုင္ေနတဲ့ခံုကေန ထရပ္လိုက္သည္။ ေအာက္ရိွကတၲရာလမ္းေပၚ ေျခခ်ၿပီးမၾကာဘူး သူ႔ သံေသတၲာကို ခ်ေပးကာ ကားကျပန္ထြက္သြား၏။
သူေရာက္ေနတဲ့ ကားလမ္းေဘးမွာ သဖန္းေတာရြာႀကီးမွ ႀကိဳဆိုပါတယ္ ဆိုတဲ့ မုဒ္ဦးအနီေရာင္ႀကီးက ခန႔္ခန႔္ထည္ထည္။ ႏွစ္ေတြအမ်ားႀကီးၾကာၿပီးမွ ျပန္ေရာက္လာတဲ့ ေနရာ။ တစ္ႏွစ္ၿပီးတစ္ႏွစ္ ေျပာင္းလဲသြားသည္မွာ အရာရာတိုင္းမ်က္စိတမိွတ္အတြင္းမမွတ္မိေအာင္ပင္။
ဘာေတြဘယ္ေလာက္ေျပာင္းေျပာင္း ရြာအဝင္စက
လက္ပံပင္ႀကီးကေတာ့ နီရဲေနေအာင္ပြင့္ဆဲ။
" ဒီက ေမာင္ရင္ေလးက သဖန္းေတာရြာကိုသြားမွာလား"
လာေမးတဲ့သူက ကားေပၚမွာ အတူဆင္းခဲ့တဲ့ အေဒၚႀကီးျဖစ္တာမို႔ ၿပံဳးကာ ေခါင္းညိတ္ျပလိုက္သည္။
" ဟုတ္ကဲ့အေဒၚ ။ ကြၽန္ေတာ္ သဖန္းေတာရြာကို သြားမွာပါ "
ကားလမ္းေဘးကေန ရြာကို ခ်ိဳးေကြ့ဝင္ရတဲ့ ေက်ာက္ၾကမ္းလမ္း ကိုေငးရင္း သူေျဖမိသည္။ ကားလမ္းေဘးရြာဆိုေပမဲ့ လမ္းတေလ်ွာက္လယ္ကြင္းေတြေၾကာင့္ ရြာေရာက္ဖို႔ အနည္းငယ္ လမ္းေလ်ွာက္ဝင္ရေသးသည္။
ခါတိုင္းဆို ဒီလို ေက်ာက္ၾကမ္းလမ္းမေျပာႏွင့္ ဖုန္ကထူထူ ၊ ေဘးမွာ ေပါက္ေနတဲ့ ၿခံဳႏြယ္ပိန္ေပါင္းတို႔ေၾကာင့္ လမ္းမသာသလို အေကာင္ပေလာင္ကလည္းေပါေသးသည္။ သူတို႔ငယ္ငယ္ကဆို ရြာထိပ္ထိ က်ူးေက်ာ္ၿပီးမေဆာ့ရဲၾကေပ။
" ဟုတ္လား.. လာေလ ဒါဆို အရီးတို႔ လွည္းနဲ႔လိုက္ခဲ့ေတာ့ "
အေဒၚႀကီးေျပာတဲ့ လာႀကိဳတဲ့လွည္းက ေျပာေနရင္း ပင္ေရာက္လာ၏။
ညခ်မ္းေအးလည္း ေက်ာပိုးအိတ္တစ္လံုးႏွင့္ သံေသတၲာေၾကာင့္ လမ္းေလ်ွာက္လို႔မရမဲ့အတူတူ
အတူလိုက္သြားဖို႔ ေခါင္းညိတ္လိုက္ရသည္။
လွည္းေနာက္ၿမႇီးမွာ ထိုင္ရင္း သူေျခေထာက္ေတြကို
ေအာက္ခ်ကာ ေဘးဘီကို ေငးလာမိသည္။
" ဟဲ့ တင္စိန္ ။ နင္ တို႔လယ္ ဒီႏွစ္ေရာ အထြက္ေကာင္းရဲ့လား"
သူ႔ကိုတင္ေခၚလာတဲ့အေဒၚႀကီးကေန လွည္းေမာင္းေနတဲ့သူအားေမးလိုက္သည္ကို ညခ်မ္းေအးၾကားလိုက္ရသည္။ လာေခၚတဲ့သူကလည္း လူရိုး သေဘာေကာင္းပံုရကာ ႏြားကို ႀကိမ္ႏွင့္လွမ္းတို႔ကာ အားေပါင္ရင္းသန္သန္ေျပာေတာ့၏။
" ေကာင္းခ်က္ေပါ့ အရီးရာ ။ က်ဳပ္တို႔ အရင္ဆို
ေရတင္ဖို႔ ၊ပိုးသတ္ေဆး ေျမဩဇာ သံုးဖို႔ ေငြလိႈင္လိႈင္မွမသံုးႏိုင္ၾကဘူးဗ် ။ ခုဆို ဆန္စက္မွာ ဓာတ္ေျမဩဇာ
က အလကားနီးပါးရေတာ့ စပါးအထြက္တိုးသလို ၊
ထြက္သမ်ွ စပါးကိုလည္း စရိတ္ကုန္ခံၿမိဳ႔ေပၚတက္ပို႔စရာမလိုေတာ့ဘူးေပါ့ "
" ဟဲ့ ငါေမးပါအံုးမယ္ ခ်မ္းသာ ဆန္စက္ဆိုတာ
ငါတို႔ ရုပ္ျမင္သံၾကားမွာ လာလာေနတဲ့ ပဲဆီေၾကာ္ျငာထဲက တံဆိပ္နဲ႔ ပိုင္ရွင္အတူတူပဲဆို ဟုတ္လား။ "
" ဟုတ္ပါ့ အရီးေရ ဟုတ္ပါ့။ ဟိုမင္းသမီးေၾကာ္ျငာတဲ့
သီခ်င္းေလးေလ။ ဆီဆိုရင္ ခ်မ္းသာ ..
ေျမပဲစစ္စစ္နဲ႔ အေရာအေနွာမပါတဲ့ ခ်မ္းသာ ဆိုတာေလ "
ေျပာသမ်ွအေၾကာင္းအရာက ညခ်မ္းေအးႏွင့္ ရင္းႏွီးမေန။ လယ္ေျမအေၾကာင္း သူမသိသလို စပါးဘယ္ကထြက္၊လယ္ထဲကထြက္ဆိုတာပဲ သူသိသည္မို႔ အေနာက္ကေန ေငးေမာနားေထာင္ရံုသာ ရိွသည္။ သို႔ေပသည္ ေနာက္ဆံုး ဆိုျပတဲ့ သီခ်င္းေၾကာင့္ လတ္တေလာ တီဗြီမွာ လာလာေနတဲ့ ေၾကာ္ျငာ ကိုသြားသတိရသည္။ ထိုအခါမွ ပိုင္ရွင္အတူတူမွန္းသတိရသြားသည္။ ဒီဖက္ရြာေတြ ဒီႏွစ္ထဲ ေခတ္မွီတိုးတက္လာတာကို ျမင္မွ ရြာမွ တိုင္းသိျပည္သိနာမည္ႀကီး ဆန္စက္ေၾကာင့္မွန္းသိလိုက္ရသည္။
တျဖည္းျဖည္းရြာထဲဝင္လာေတာ့
" ရြာထဲက ဘယ္အိမ္ကို သြားမွာလဲ ေမာင္ရင္ေလး "ဟု ေမးလာ၏။ ညခ်မ္းေအး ရြာသူႀကီးအိမ္ကိုပဲတန္းသြားဖို႔ ေျပာလိုက္ေတာ့ ဘာမွရွည္ရွည္ေဝးေဝးေမးမေနပဲ လိုက္ပို႔သြားရွာသည္။
အိမ္ေရ႔ွေရာက္ေတာ့ အရီးက ၿခံထဲမွာ ေကာင္မေလးႏွစ္ေယာက္ႏွင့္ ေျမပဲလွမ္းေနတာကိုေတြ့ရ၏။
ေတာရြာသူႀကီးအိမ္ဆိုေပမဲ့ အရီးႏွင့္အဘဟာ အရင္မ်ိဳးရိုးစဉ္ဆက္ ႂကြယ္ဝ သူေတြပီပီ အိမ္ႀကီးအိမ္ေကာင္းျဖင့္ ေကာင္းေကာင္းေနႏိုင္ၾကေလသည္။ ခုလည္း ေအာက္ခံ အုတ္တိုက္အျဖဴေရာင္ကို အေပၚ ပ်ဉ္ေထာင္ ေရနံႀကီးဝဝျဖင့္ ေလးခန္းပတ္လည္အိမ္ႀကီးေသခ်ာ ေဆာက္ထားေလသည္။ ေရခ်မ္းေအးငယ္ငယ္က ေတြ့ဖူးတဲ့ ေျခတံရွည္ရွည္ပ်ဉ္ေထာင္အိမ္ ေတြအစား ေခတ္မွီဆန္းသစ္တဲ့ အိမ္ေျပာင္းသြားသည္မွအပ အရီးတို႔ရပ္ကြက္က အရင္အတိုင္းသာျဖစ္ေနဆဲပင္။
ၿခံေရ႔ွမွာ လွလွပပစိုက္ပ်ိဳးထားတဲ့ ပန္းမာလာ တို႔သည္လည္း ငယ္ငယ္က အတိုင္းရင္ဝယ္ေအးသြားေစေအာင္ ပြင့္လန္းေနသည္။
" အရီးေရ.. အရီး"
" ဟယ္... ညခ်မ္းေအး ။ မေျပာမဆိုနဲ႔ ခ်က္ခ်င္းျပန္လာတာလား ။ "
ေျပးထြက္လာတဲ့ အရီးကိုယ္လံုးႀကီးက ဝဖိုင့္ဖိုင့္ ။
တအံတဩ အၾကၫ့္တို႔အျပင္ ညခ်မ္းေအးလက္ကိုပါ ဖက္လွဲတကင္း ဆြဲကိုင္လာသည္။
" အရီးေနေကာင္းတယ္မို႔လား"
" ေကာင္းပါ့။ ေကာင္းပါ့ .. ။ လာမယ္ဆိုလည္းႀကိဳေျပာအံုးေပါ့။ ၿပီးခဲ့တဲ့အေခါက္က အရီးလာတုန္းကေတာင္မွ ျပန္လာမယ္မေျပာပဲ "
" ေအာ္... အရီးရယ္။ ကြၽန္ေတာ္ .. ဘယ္မွာတာဝန္က်မွန္းမွမသိတာ ။ ခုတစ္ေခါက္မွ သဖန္းေတာ အ.လ.က မွာ အလယ္တန္းျပ အျဖစ္ တာဝန္ထမ္းေဆာင္ရမွန္းသိလာတာ "
" ေဟာ္ေတာ္... ဒါဆို မင္းအခုတစ္ေခါက္ ျပန္လာတာ
အလည္ မဟုတ္ဘူးေပါ့ "
ညခ်မ္းေအး ၿပံဳးကာ ေခါင္းအသာညိတ္ျပေတာ့
အရီးက စိတ္ခ်သြားသၫ့္ႏွယ္ေခါင္းတညိတ္ညိတ္။
" ေအးပါ.. ႏို႔မို႔ ငါစိတ္ပူေနရအံုးမယ္။ ကဲ .. လာ အိမ္ထဲဝင္ရေအာင္။ အျပင္မွာ မိုးတို႔မတ္တပ္နဲ႔ မင္းလည္း ပင္ပန္းလာေရာေပါ့ နားနားေနေန ေန "
ညခ်မ္းေအး အိမ္ထဲဝင္လာေတာ့ ပဲလွမ္းေနတဲ့ေကာင္မေလးႏွစ္ေယာက္က ေငးၾကၫ့္ေနတာမို႔
အရီးက လက္ယက္ေခၚေလသည္။
" ေထြးငယ္ နဲ႔ ႏွင္းရီ ။ လာ .. ဒီကို "
လွမ္းေခၚလိုက္ေတာ့ ေရာက္လာတာ ခ်က္ျခင္း။
တစ္ေယာက္က ဆံပင္အရွည္ႀကီးႏွင့္သိမ္သိမ္ေမြ့ေမြ့။ တစ္ေယာက္က ကေလးသာသာ ျဖစ္ပံုရကာ ဆံရစ္ဝိုင္းႏွင့္ သနပ္ခါး မႈန္မႈန္လိမ္းထား၏။
" ဒါက အရီးသမီး ျမႏွင္းရီေလ ။ ညခ်မ္းေအး မင္းမွတ္မိလား။ ကိုသာဒင္ရဲ့ ေအာက္က တစ္ေယာက္။
မင္းထက္ေတာ့ သံုးႏွစ္ေလာက္ႀကီးမယ္ထင္တယ္။
မမႏွင္းရီလို႔ေခၚ ။ ဒါေလးက သာဒင္ရဲ့သမီး အႀကီးမ
ေထြးငယ္တဲ့ ။ ဒီႏွစ္ ေျခာက္တန္းတက္ရမွာ "
အေမ မိတ္ဆက္ေပးတဲ့ေကာင္ေလးကို ႏွင္းရီသိသည္။ ပညာေရးမွာထူးခြၽန္လြန္းတာမို႔ ၿမိဳ႔မွာ ေက်ာင္းတက္ၿပီး ပညာေရးတကၠသိုလ္ကေန ဘြဲ႔ရထားတဲ့ ရြာ၏ တစ္ဦးတည္းေသာ ပညာတက္ ေက်ာင္းဆရာေလးပင္။ ငယ္ငယ္ကဆို အရီး ၿမိဳ႔ေပၚတက္ကာ မၾကာခဏ ထိုေကာင္ေလးအတြက္ အေျခာက္အျခမ္းစားစရာေလးေတြ သြားသြားပို႔တက္သည္။ ရြာ၏ ဂုဏ္ထူးေဆာင္မို႔ အေမေရာ အေဖေရာ ေထာက္ပံ့ေပးတာ သိသိသာသာပင္။
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပံဳးျပလာေတာ့ ႏွင္းရီလည္း မာန္နမႀကီးမွန္းသိလိုက္ရကာ ခ်က္ျခင္း ခင္မင္သြားမိသည္။
" ညခ်မ္းေအးကေတာ့ အမတို႔ကို သိမွာမဟုတ္ဘူး။ေမာင္ေလး ဆယ္တန္းေအာင္တုန္းက ရတဲ့
ေလးဘာသာ ဂုဏ္ထူးရွင္ဆိုတဲ့ ဂုဏ္ျပဳဓာတ္ပံုႀကီးကို အမတို႔အိမ္မွာ မွန္ေဘာင္သြင္းၿပီး အေမက ေသခ်ာခ်ိတ္ထားတာ။ "
အမႏွင္းရီ စကားေၾကာင့္ ညခ်မ္းေအးရွက္သြား၏။
ထို႔ေၾကာင့္ ခပ္လိမ္လိမ္ ဆံပင္တို႔ တခ်က္သပ္ကာ
မပြင့္တပြင့္ ၿပံဳးမိသည္။
" အရီးကေတာ့ လုပ္ၿပီ။ ဓာတ္ပံုခ်ိတ္လိုက္ေတာ့ အိမ္မွာ ႂကြက္မေပါေတာ့ဘူးမို႔လား "
" မဟုတ္တာ ။ လာသမ်ွလူ သူတူေခ်ာတိုင္း ႂကြားရတာအေမာ "
" ကဲပါ ႏွင္းရီ ရယ္။ သြား.. သြား နင့္အေမာင္အတြက္ ထမင္းေလးဘာေလး ခူးေခ်ဦး ။ သြားအေထြး။ နင္ေရာ လိုက္သြား "
ႏွစ္ေယာက္သား ထသြားမွ ညခ်မ္းေအး သက္ေတာင့္သက္သာ ခံစားလိုက္ရသည္။ အရီးတို႔အိမ္မွာ ကိုသာဒင္က အိမ္ေထာင္သည္မို႔ အိမ္ခြဲေနသည္။ မိသားစုမမ်ားတဲ့အိမ္မို႔ ပစၥည္းမ်ားက ရွင္းရွင္းလင္းလင္း။
" ဘႀကီးေရာ ဘယ္သြားလဲအရီး"
" ဘယ္သြားရမလဲ ၊ဒီခ်ိန္ဆို ရြာထိပ္က ဓမၼာရံုေပါ့ ။
အဲ့မွာ ဘုရားတရားလုပ္တာနည္းနည္း။ ျငင္းၾကတာ ခုန္ၾကတာ ခပ္မ်ားမ်ား"
အရီး စကားက ခပ္ေငါ့ေငါ့ ဆိုေပသၫ့္ အျပစ္ျမင္ဟန္ေတာ့မရိွ။ မိန္းမေတြဆိုတာ ဒီလိုပါပဲ။
ေကာင္းေကာင္းမြန္မြန္ အေသာက္အစားမရိွေနရင္ကို ေက်နပ္ၾကတာကိုး။ အလုပ္မလုပ္တာ အေရးမႀကီး
ေသာက္လိုက္စားလိုက္လုပ္ေနရင္ ဘယ္သူ ေက်နပ္မလဲ ။
" ဒါနဲ႔ မင္းတို႔ေက်ာင္းဆရာေတြအတြက္ ရြာမွာ
ေနရာေတြ လာမဲ့ႏွစ္ေဆာက္ေပးဖို႔တရားဝင္ စာက်လာၿပီတဲ့။ ခုေလာေလာဆယ္ေတာ့ အရီးတို႔အိမ္ျဖစ္ျဖစ္ေနေပါ့။ မဟုတ္လည္း မင္းအမတို႔ႏွစ္ေယာက္ရယ္ အရီးတို႔လင္မယားရယ္ပဲရိွတာကို ။ မင္းအိမ္ေတာ့ ျပန္ ေနဖို႔က သင့္မွမသင့္တာ "
ဒီႏွစ္ ေတြထဲမွာ ဦးေလးဆံုးသြားေတာ့ ေဒၚေလးတစ္ေယာက္ပဲက်န္ခဲ့သည္။ ေသြးမေတာ္သားမစပ္မို႔
အတူေနဖို႔က အဆင္မေျပသလို သင့္ေတာ္မူ႔လည္းမရိွ ။ ႏွစ္ေတြအမ်ားႀကီး သူေက်ာင္းတက္ခဲ့ေပမဲ့ ေဒၚေလးက အဆင္ေျပလားဟု လာမၾကၫ့္ခဲ့ေပ။
" ရပါတယ္အရီး။ ကြၽန္ေတာ္ အတြက္ အိမ္ေလးတစ္လံုးငွားေနရင္ ျဖစ္ပါတယ္။ အတူေနဖို႔က အမႏွင္းရီတို႔က အပ်ိဳအရြယ္ေလးေတျြဖစ္ေနေတာ့
သူမ်ားလက္ညိုးထိုးစရာျဖစ္မွာစိုးလို႔ပါ။ ရြာမွာ ေနဖို႔ ေနရာေတြေပါပါတယ္ ။ အဆင္ေျပရင္ ေဒၚေလးလိုက္ရွာေပးပါ့လား"
ညခ်မ္းေအးစကားကို အရီး လက္ခံသြားပံုရသည္။ ေနဖို႔ထပ္မံမေခၚေတာ့တာမို႔ သူလည္းစိတ္ေအးသြားရသည္။ ထမင္းစားေသာက္ၿပီး အရီး အျပင္ျပန္ထြက္သြား၏။ ရြာထိပ္မွာေနစရာ အိမ္အလြတ္တစ္လံုးရိွတယ္ဟုလည္းေျပာတာမို႔ အရီးကို ေစာင့္ရင္း ညခ်မ္းေအးေရမိုးခ်ိဳးဖို႔ အိမ္မွာပဲ ေနရစ္ခဲ့လိုက္သည္။
________
"ဒီေနရာပဲ ညခ်မ္းေအး "
ခါးေက်ာ္ ေက်ာ္ ၿခံစည္းရိုးေလးကို ညီညီညာညာေလး ကာရံထားတာ မ်က္စိေအးဖြယ္ပင္။
အိမ္ေလးက ပ်ဉ္ေထာင္အိမ္ေလးျဖစ္ၿပီး အမဲေရာင္ေရနံဂ်ီးဝဝ သုတ္ထား၏။ လမ္းေလးခြ၏ ေထာင့္ေနရာမွာ သပ္သပ္ရပ္ရပ္ေလးၿခံဝန္းခတ္ထားတာမို႔
လူသူကင္းရွင္းတဲ့ေဂ်ာင္က်က်ေနရာထက္စာရင္ အဆေပါင္းမ်ားစြာ ေကာင္းမြန္လြန္းလွသည္။
" အရီး ... အိမ္လခ အရမ္းေဈးႀကီးေနရင္ ကြၽန္ေတာ္မငွားႏိုင္ဘူးေနာ္"
" အမေလး ဒါမ်ား။ ဒီအိမ္က ခ်မ္သာ ဆန္စက္က ပိုင္ရွင္ ပိုင္တာေလ ။ သူက ေငြမလိုဘူး။ မင္းေနစရာ မရိွဘူးေျပာလို႔ ေပးေနခိုင္းထားတာ ။ အဓိကက အိမ္ကို ေသခ်ာ ဂရုစိုက္ေပးရံုပဲ ။ "
ေျပာေျပာဆိုဆို တြန္းဖြင့္ဝင္သြားတဲ့ အရီးေနာက္
သူခပ္ျမန္ျမန္လိုက္ရေတာ့သည္။
အထဲေရာက္မွ ပိုမို သပ္ရပ္ေနၿပီး အမိႈက္ဆိုလို႔ သစ္ရြက္မိႈက္ေတာင္မရိွ။
ၿခံအတြင္းတြင္ သီးႏွံပင္ တခ်ိဳ႕ကိုလည္း ၿခံစည္းရိုး၏ ေဘးပတ္ပတ္လည္တြင္ ဥယ်ာဉ္ပံုစံလို ေသခ်ာ စိုက္ပ်ိဳးထား၏။
အလွဆံုးကေတာ့ ေတာစံပယ္ဟုေခၚေသာ စပယ္ရံုႀကီးသည္ ဆူးပုတ္ပင္ႀကီးမွာ တြယ္ကပ္ကာ ျဖစ္ထြန္းေနတာ မ်က္စိေအးစရာပင္။
" အရီး ပိုင္ရွင္မသိပဲဝင္လို႔ေကာင္းပါ့မလား"
" ဝင္လို႔ရပါတယ္ဟယ္။ လာလာ... ငါေသခ်ာေျပာခဲ့ၿပီးၿပီ"
အိမ္မႀကီးရိွ ပ်ဉ္တံခါးခ်ပ္ႀကီးသည္ တြန္းဖြင့္ဝင္ရံုသာေစ့ပိတ္ထား၏။
အခန္းတြင္းတြင္ ပရိေဘာဂအစံုအလင္ကို သူ႔ေနရာနဲ႔သူ စီကာစဉ္ကာ ျပဳျပင္ထားပံုမွာ အိမ္ပိုင္ရွင္သည္ အသန႔္ရွင္းႀကိဳက္သူျဖစ္ေၾကာင္းေမးစရာလိုမည္မထင္။
" အိမ္က အထုတ္အပိုးယူၿပီးေနရံုပဲ။ အကုန္ရိွတယ္။ ခ်က္ျပဳတ္စားရင္လည္းေနာက္ေဖးမီးဖိုမွာ ဆန္ဆီ အဆင္သင့္ရိွတယ္။ "
" ယူသံုးလို႔ ျဖစ္ပါ့မလား အရီးရယ္။ သူမ်ားပစၥည္းေတြကို "
" ဘာမျဖစ္စရာရိွလဲ။ ခါတိုင္းလည္း ရံဖာရံခါ ခ်က္ျပဳတ္စားရေအာင္ ပိုင္ရွင္က ထၫ့္ထၫ့္ထားတာတဲ့ ။ သူ႔အိမ္က အေနာက္ဖက္ကပ္ရပ္ေလ ။
စိတ္ရႈပ္ရင္ သူ႔သမီးနဲ႔ ဒီလာလာေနတက္ေတာ့ အကုန္ထၫ့္ထားျဖစ္မယ္ ။ အမေလး အေရးႀကီးတာ အရီးေမ့ေတာ့မလို႔ ။ သူ႔သမီးကို သားအားရင္ စားျပေပးလို႔ရမလားတဲ့ ။
ကေလးမေလးက ေလးႏွစ္ေက်ာ္ေက်ာ္ရိွၿပီ ။ "
" ဘာမ်ားလဲလို႔ အရီးရယ္ ။ ျဖစ္တာေပါ့။
မဟုတ္ေတာင္ အိမ္လခကို တစ္ခုခု ေပးမလို႔ စဉ္းစားေနတာ ။ သူ႔မ်ားအိမ္အလကားတက္ေနဖို႔မွ မျဖစ္ႏိုင္တာ။ "
ညခ်မ္းေအး ေျပာတာ သဘာဝက်သည္။
ဘယ္ေလာက္ပဲ ဟိုဖက္က ခ်မ္းသာေနပါေစ
သူ အခေငြေၾကးမဟုတ္ေတာင္ တန္ရာတန္ေၾကးျပန္ေပးခ်င္သည္။ အလကားေတာ့မေနခ်င္ပါ။
အရီးေျပာသလိုပင္ အေနာက္ဖက္ ေက်ာခ်င္းကပ္ရပ္တြင္ အျဖဴေရာင္ ႏွစ္ထပ္တိုက္ႀကီးတစ္လံုးရိွေနသည္။ လမ္းေဖာက္ထားသည္ ဆိုေပမဲ့ ပိတ္ထားတဲ့ ၿခံစည္းရိုးတံခါးေလးေၾကာင့္ စိတ္ထဲလံုၿခံဳသြားသလိုခံစားရသည္။
အိမ္အေနာက္မွာလည္း ေရကန္ႀကီးတစ္ခုကို ပိုက္နဲ႔
ေရတင္ေပးထားသည္မို႔ ေရကအျပၫ့္ ျဖစ္ေနသည္။
ညခ်မ္းေအးပဲ ကံေကာင္းတာလားမသိ ။
ေနစရာ ေကာင္းေကာင္းက အဆင္သင့္မို႔ ညတြင္းခ်င္း အရီးတို႔အိမ္ကေန ေျပာင္းခဲ့လိုက္သည္။
Bạn đang đọc truyện trên: ZingTruyen.Xyz