ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

8

eainsi23

ဒိုင်း!

ဝုန်း!! ..ဝုန်း....

မိုင်းခွဲသံကျယ်ကြီးနှင့်အတူ မြေသားတွေက ဖွာခနဲ။
အင်းကျောဖောက်တယ်ဆိုတာ လွယ်သည်မဟုတ်။
ကျောက်ခံနေရင် မိုင်းက မဖြစ်မနေ ခွဲပေးရသည် ။ ထိုအချိန်မျိုးဆို အထိအခိုက်နည်းအောင်လည်း ကြိုးစားရတာ တာဝန်တစ်ခုထက်ပိုသည်။
အန္တရာယ်များလွန်းတာမို့ ရှောင်ပိ တစ်ယောက် ဘိန်းတောင် မရှုနိုင် အင်းနဲ့မနီးမဝေးမှာ စောင့်ကာကြည့်ရသည်။

"အဆင်ပြေလား။ ဘာဖြစ်သွားကြသေးလဲ"

ချွေးသံတရွှဲရွှဲနှင့် ပြေးလာတဲ့တပည့်ကို စီးကြိုမေးမိတော့ လက်မောင်းဖြင့် ချွေးကိုသုတ်ကာ  ပြန်ဖြေလာ၏။

" ပြေတယ် ဆရာပိ။ ယမ်းစ လာစင်တဲ့ ကလေးတစ်ယောက်တော့ရှိတယ်။ ဒဏ်ရာသိပ်မကြီးလို့ မစိုးရိမ်ရဘူး "

ရှောင်ပိ လက်ခါပြကာ

" ရပြီ ။ ဒါဆို အလုပ်သမားတွေ ချက်ခြင်း အလုပ်လုပ်ဖို့ပြောလိုက်တော့ "

"ဆရာပိရာ ..ဒါတွေ တပည့် လက်ထဲအပ်ခဲ့စမ်းပါ ။  ဆရာပိပြောစရာ မလိုအောင် ဒီကတပည့်ကြီးက အကုန် မှာခဲ့ပါပြီဗျ"

"အေးပါ...ဒီတစ်ခါ ရွှေအောင်ရင် မင်းအတွက် ဘောက်ဆူးသက်သက်လာမယ်။ အလုပ်ကိုသာ မခိုမကပ်ပဲ  ဖိဖိစီးစီးလုပ်"

ရှောင်ပိစကားကြောင့် တပည့်ကျော်ကြီး ပြုံးဖြဲဖြဲဖြစ်ကာ တက်ကြွသွား၏။ ထို့ကြောင့်ရှောင်ပိတစ်ယောက်
အရိပ်ရအောင် မိုးပေးထားတဲ့ ထီးမိုးကောင်လေးဆီကနေ ဆေးပြင်းလိပ်ကြီးသောက်ဖို့လက်လှမ်း လိုက်၏။ ရှောင်ပိက အင်းသူဌေးဆိုပေမဲ့ အင်းထဲအမြဲမလာ။  တကယ်လည်းပိုက်ဆံရှိတဲ့ကောင်ဆို
အပြင်သွားပြီဆိုတာနဲ့  ထီမိုးနှင့် ဘာဘာညာညာ
ခိုင်းဖို့ လက်တိုလက်တောင်း တပည့်တပမ်းတွေက
နောက်ပါးမှာ အမြဲတစေ ရှိနေတက်သည်။ ရှောင်ပိလက်လှမ်းတာနဲ့ ဆေးလိပ်က မီးတို့ပြီးသား။

" ဒါနဲ့ ဆရာပိ ။ ခုထိ သက်ခိုင်‌တို့အင်းက မလှုပ်သေးဘူး။ ဆရာပိတောင်မှ တဝက်ကျော ရောက်နေပြီ။ ဒီကောင်တွေ အေးဆေးဖြစ်လွန်းတယ်မထင်ဘူးလား"

"ဘာဖြစ်ရမှာလဲ။သူတို့အင်းက ဖောက်ရင်ရှုံးမှာဆိုတာ လူတိုင်းသိတယ်။ ဟိုဖက်မှာလည်း ငှက်ပျောခင်းကရှိ သေးတယ်။ အဆင်မပြေရင် တဆက်ထဲ ဆက်ဝယ်ဖို့ပိုက်ဆံကသုံးရအုံးမယ်။ မျောစာ ပစ်ဖို့တောင် နေရာ မလွတ်တာ ။ ငွေက မဖြစ်မနေသုံးဖို့ ဘယ်က ရမှာလဲ" 

" ဒီကောင်တွေ ကြိတ်ကြံနေတယ်ထင်တာပဲဆရာပိရာ။ ဟိုကောင် ငစုံဆိုတဲ့ ကတုံးပေါက်ကေနဲ့ကောင်ကလည်း ဆရာကြီးလိုလိုဘာလိုလိုနဲ့ သက်ခိုင်ကိုခိုင်းစားနေတာ သိလား။  မျောစာ ဝယ်တယ်ဆိုပေမဲ့ အဖွဲ့က
တောင့်တယ်ဆရာပိ။ ဘမှောင်ဆိုတဲ့လူမိုက်က
လူမိုက်ပီပီ တပည့်တွေက အပေါသား။ ခုဆို အင်းထဲမှာ ဘမှောင်ဆီ လက်ဝှေ့ပညာသင်တယ်ဆိုလား ဘာလား၊ ညနေဆို ကိုယ်ခံပညာတွေလေ့ကျင့်နေတာ တော်တော်များနေပြီ ဆရာပိ " 

အပယ်ခံနေရာတစ်နေရာစာပဲ လေလံတင်နိုင်တဲ့သက်ခိုင်ကို ရှောင်ပိ အထင်မကြီးပါ။ ဒီအင်းသေးသေးဝယ်နိုင်ဖို့တောင် အကျန်အကြွင်းမျောစာ၊ အင်ချေးတို့ကို အမှိုက်ကောက်သလို လိုက်ဝယ်နေတယ်ကြားကတည်းက ရှောင်ပိက နှာခေါင်းတရှုံ့ရှုံ့။

" ဒါဆိုလည်း သတိထားစောင့်ကြည့်ခိုင်းလိုက်ကွာ။
ခုတော့ အိမ်မှာ အသစ်လေးရောက်နေလို့ ပြန်တော့မယ်"

ရှောင်ပိက ပြောပြီးပြန်ထွက်သွားတာ ချက်ခြင်း။
ဘယ်တုန်းကမှ သူရှုနေတဲ့ အမှုန့်တွေကလွဲပြီး
ရှောင်ပိစိတ်မဝင်စားပါ။ မိန်းမ ကိစ္စဆိုလည်း ဝါသနာက ထူသည်။ မကြာခဏ လာတက်တဲ့ အသစ်လေးတွေကလည်းပေါမှပေါ။ ပိုက်ဆံရှိရင်လောကမှာ
အရှင်သခင်လိုနေလို့ရတာသိတော့ တပည့်ကျော်တစ်ယောက် လက်သီးဆုပ်မိတာ တင်းခနဲ။

________

" လာစမ်း ။ ချစ်ထွန်း "

လူကရှေ့ရောက်တာနှင့်ရိုက်ထည့်လိုက်တာဖြောင်းခနဲ။ ရှေ့ကိုခွေကျလုလု ဖြစ်သွားတာမို့ မူး‌သွားတဲ့ခေါင်းကိုအသာရမ်းကာ ကိုစုံကို ချစ်ထွန်းမော့ကြည့်မိသည်။
ဒေါသကြောင့် စေ့ပိတ်ထားတက်တဲ့ နှုတ်ခမ်းတွေက
ပိုတင်းနေတာကို သတိထားမိတော့ ဘာအမှားလုပ်သလဲ ချစ်ထွန်း အမြန်စဉ်းစားမိသည်။

" ငါနဲ့နေရင် ဘာရှောင်ရမယ်ဆိုတာ ပြန်ပြောစမ်း "

ငစုံအော်သံကြောင့်
မနေ့ညနေက စမ်းသောက်ကြည့်ခဲ့တဲ့ ဆေးလိပ်တစ်လိပ်ကို သတိရမိတော့ တုန်ရီသွားမိတာ သိသိသာသာပင်။

" မူးယစ်ဆေး "

" အေး ။ မူယစ်ဆေးဆိုတာ ဘိန်းတစ်မျိုးထဲမဟုတ်ဘူးချစ်ထွန်း။ မင်းကို အရက်သေစာ ၊ ဆေးလိပ် ကအစ မသောက်တက်ဖို့ ငါ မမှာထားဘူးလား "

" မှာ...မှာထားပါတယ် "

" ဒါဆို ခုမင်းလုပ်တဲ့စောက်ချိုးက ဘာအထာလဲ"

ချစ်ထွန်းကြောက်နေပြီမို့ခေါင်းမဖော်ရဲတော့ပါ။
ညနေက ဘာရယ်မဟုတ် စမ်းသက်ခဲ့တာ သူအမှားဖြစ်သည်။ ထိုအရာကို မလုပ်သင့်ဘူးဆို သူသိသည်။ 
ကိုစုံက မူယစ်ဆေးဆို ဘာဆိုဘာမှ မလုပ်ဖို့ အရွယ်ရောက်ကတည်းကနေ တတွတ်တွတ်မှာတက်ပေမဲ့ လက်တည့်စမ်းဖို့ သာ အရေးကြီးသည်မို့ သတိကမရတော့။

" ကျုပ်မှားပါတယ်။ ကိုစုံ ။ ဒီတစ်ခါနောက်ဆုံးပါ။နောက်မဖြစ်စေရပါဘူး"

" နောက်ဆုံး ဟုတ်လား။ မင်းမလုပ်ခင်ကတည်းက
မင်းဘာလို့ မစဉ်းစားတာလဲ။ သွားအထုတ်ပြင်။
ငါ စကားနားမထောင်တာလည်း ငါ့ကို အာခံတာနဲ့အတူတူပဲ ။ မင်းရွာကို သာမင်းပြန်ချေ"

ချစ်ထွန်းရွာပြန်ဆိုတဲ့ အသံကြားတာနှင့်
မျက်ရည်က ဝဲလာ၏။ သူဒီဘဝရောက်လာတာ
ကိုစုံကျေးဇူးတွေကြောင့်ဖြစ်သည်။ ၁၄..၁၅နှစ်ဆိုတဲ့အရွယ်က
ဘာနေနေ အတုမြင်အတက်သင်စ ပြုပြီမို့ ကိုစုံ ဆုံးမတာကို သူမေ့လျော့ခဲ့ပေမဲ့ နားမထောင်တာမဟုတ်။
ပြန်တော့ဆိုကတည်းက စွန့်လွတ်လိုက်တာဖြစ်ကြောင်းသိတာမို့ ကိုစုံခြေသလုံး အတင်းဒူးထောက်ကာ ဖက်လိုက်မိ၏။

" ကျုပ်မှားပါတယ်။ ကိုစုံ ကျုပ်ကို ပြန်မလွတ်ပါနဲ့ ။ နောက်မလုပ်တော့ပါဘူး။ "

ချစ်ထွန်းက အတင်းအော် ငိုတာကြောင့်
ဘမှောင်တစ်ယောက် အိပ်နေရာမှ အလန့်တကြားပြေးထွက်လာမိသည်။
မြင်လိုက်ရတဲ့မြင်ကွင်းက မကောင်း။
ချစ်ထွန်းက ငိုကာ ငစုံခြေသလုံးကို အတင်းဖက်ထားသလို ငစုံကလည်း တည်တင်းနေတဲ့မျက်နှာထားနဲ့ ဖက်ထားတဲ့ ချစ်ထွန်းလက်တွေကို ရုန်းနေသည်။
ချစ်ထွန်းတစ်ယောက် ငိုရင်းနှင့် တတွတ်တွတ်တောင်းပန်နေပြီး သူ့လည်းမြင်တော့ အကူညီရသွား‌သည်နှယ်

" လုပ်ပါအုံး ဦးလေးရာ။ ကျုပ်ကို ကိုစုံ စိတ်ဆိုးနေလို့"

"ဟ... ငါက ဘာပြောရမှာလဲ ။ "

တုံးတိုက်တိုက် ကျားကိုက်ကိုက်နေလာခဲ့တဲ့ကောင်ဆိုတော့ ဖြန်ဖြေတာတွေ ဘမှောင်နားမလည်။ ခေါင်းကုတ်ရင်း ကြောင်တောင်တောင်ဖြေတော့
ချစ်ထွန်းက ငိုရင်းလှည့်အော်တော့သည်။

" ဘာလုပ်ရမှာလဲ ကူချော့ပေးပေါ့ဗျ "

"ဖယ်စမ်း ငါ့ကို။ အများဝိုင်းချော့ရအောင် ငါကလေးမဟုတ်ဘူးချစ်ထွန်း။ မင်းကို ဒါမျိုးဖြစ်မှာစိုးလို့ အကြိမ်ကြိမ် ငါတားခဲ့တာ။ ငါမပြောမိလို့ မင်းလုပ်တယ်ဆိုတာ လက်ခံတယ်။ ငါပြောခဲ့တာ တစ်ကြိမ်ထဲမဟုတ်ဘူးချစ်ထွန်း။ မလုပ်ခင်ကတည်းက မင်းသာ ငါ့ကို ခေါင်းထဲ ထည့်ထားရင် ဘယ်သူမြူဆွယ်ဆွယ် ဟင့်အင်ဆိုတာမျိုးဖြစ်နေရမှာ။ ဒါဆေးလိပ်ပဲရှိသေးတယ်။ နောက် အရက် ၊ လောင်းကစား၊ဘိန်း ဆိုတာတွေ ရှိလာအုံးမှာ။ မင်းယောက်ျားမဟုတ်ဘူးလား ။ ထစမ်း ။ လုပ်ရဲရင်ခံရဲရမှာပေါ့ "

ဒေါသတကြီး ငစုံဆိုတော့ ချစ်ထွန်း ငိုရင်းထရပ်လာသည်။ အမှန်ဆိုတကယ်ပြန်ခိုင်းတာမဟုတ်။
ဒီလိုမှမလုပ်ရင် ချစ်ထွန်း ပေါ့ပေါ့နေပေါ့ပေါ့စားဖြစ်မှာဆိုးလို့ အလျော့လုံးဝမပေးခြင်းပေ။

" တော်ပါတော့ကွာ။ မင်း စိတ်ဆိုးလည်း ဒါမင်းညီပဲမဟုတ်ဘူးလား။ မကောင်းတာလုပ်ရင် မလုပ်အောင်ဆုံးမရမှာ မင်းတာဝန်ဆိုပေမဲ့ ပြတ်ပြတ်သားသားကြီး‌ေတာ့မလုပ်လိုက်ပါနဲ့ကွာ။ချစ်ထွန်းကလည်းနောက်မလုပ်ရဲတော့ပါဘူး။ မင်းလည်းစိတ်လျော့ပါတော့"

မနေနိုင်တော့ ဦးသက်ခိုင်ပါ ထွက်လာ၏။
သို့သော်

" ကျုပ်ညီမို့ ကျုပ်ဆုံးမနေတာ ကိုသက်ခိုင်။ ဒီကောင် ခု ဦးကျိုးအောင် မပြောနိုင်ရင်နောက်ဆိုတာရှိလာအုံးမှာ။ ဒီအင်းမှာ ပိုက်ဆံရှိရင်အကုန်လိုတရ။
ကျုပ်နဲ့နေရင် ကျုပ်စည်းကမ်းက ပထမပဲ။ခွင့်လွတ်မူ့ဆိုတာ မူးယစ်ဆေးနဲ့ပတ်သက်ရင် ကျုပ်လက်မခံဘူး။ တခြားသူဆိုတာ သူစိမ်း။ သူက ကျုပ်ညီမို့ ကျုပ်က တင်းကြပ်နေရတာ သိလား။ အေး ချစ်ထွန်း  မင်းဖြစ်နေလို့ တစ်ခါပဲ အခွင့်ရေးပေးလိုက်မယ်။
သွား.. ငါမျက်စိရှေ့ကို မလာခဲ့နဲ့ ။"

" ကိုဘမှောင် ...သူ့ကို ကိုယ်ခံပညာသင် ပေးလိုက်။
ညနေအားလို့ အင်းအပြင်ထွက်တာမြင်ရင် မင်းသေမယ်ချစ်ထွန်း ။ "

ကျိန်းမောင်း ပြီး ထွက်သွားမှာ အကုန်သက်ပြင်းချနိုင်တော့သည်။ ငစုံဒေါသထွက်တာ ဒီတစ်ခါပဲမြင်ဖူးသေးတာမို့ ချစ်ထွန်းတစ်ယောက် လန့်ဖျားဖျားဖျားတဲ့အထိပင်။ ချစ်ထွန်းနဲ့ပတ်သက်လာရင် ငစုံက
ဒေါသပိုကြီးသလို ပိုလည်းတင်းကြပ်တော့သည်။

၁၉၉၅ ခုနှစ်၏ နှစ်အစတွင် ငစုံ ‌အမှတ်၄အင်း ဘေးရှိ ငှက်ပျောခင်းကို ဝယ်ယူခဲ့သည်။
ရှောင်ပိ၏ အမှတ်၂အင်းသည် ရွှေပါပေမဲ့
အင်းအောင်ရုံသာ ရှိသည်။ အမှတ်၁အင်းကတော့
အတော်လေး ပါသည်ဟုကြားရ၏။

၁၉၉၅ခုနှစ်... ဝါဆိုလကုန်အပြီးတွင်တော့
ငစုံတစ်ယောက် အင်းစဖောက်ဖို့ ကြိုးစား
တော့သည်။

" မင်းတို့အကုန်လုံး အပြင်မှာ မျောစာဝယ်တာတွေ မလုပ်တော့နဲ့ "

ငစုံ၏ မျောစာဝယ်တဲ့ အဖွဲ့သည် လူအတော်လေးများနေပြီဖြစ်သည်။။ ချစ်ထွန်း တစ်ဆိုင်းယူသလို
ဘမှောင်ဦးစီးတဲ့အဖွဲ့ကလည်း တစ်ဆိုင်း ။
တစ်ဖွဲ့မှာ လူဦးရေ ဆယ်ယောက်ကျော်သည်မို့
လုပ်ငန်းလည်းတွင်ကျယ်သည်။

" ဒါဆို ကျုပ်တို့က ဘာဆက်လုပ်ရမှာလဲ "

ဝမ်းစာရေးမို့ လူတွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။
ငစုံ၏အဖွဲ့ထဲတွင်အမျိုးသမီးဦးရေလည်း တဝက်နီးပါးပါသည်။ မိန်းမဟူသည် အိမ်မှာပဲ ထမင်းချက်မနေသင့်ဟု ငစုံထင်သည်။ သစ္စာရှိတဲ့အလုပ်သမားတွေကို ငစုံက အခွင့်အရေးပေးတက်သည်။
အလုပ်လုပ်နိုင်တဲ့မည်သူမဆို သူ့အလုပ်တွင် အလုပ်ခန့်သည်။ ထို့ကြောင့် အိမ်မှာယောကျာ်းလုပ်စာ ဖြင့် မလောက်မငစားသောက်ရတဲ့ဘဝကနေ ငစုံကျေးဇူးကြောင့် စိုစိုပြေပြေဖြစ်လာကြသည်။

"ကျုပ်အင်း စဖောက်နေပြီ ။ မနက်ဖန် လိုအပ်တဲ့နေရာတွေမှာ လူဖြည့်ပြီး အလုပ်စဝင်ရမယ်။ အပြင်မှာသွားလုပ်ရတဲ့အလုပ်တွေကို နားလိုက်ပြီဆိုတော့
ပိုနေတဲ့အမျိုးသမီးတွေက အင်ဝိုင်း၊ရွှေဖမ်းတဲ့နေရာမှာ ဝိုင်းကူပေးရုံပဲ။ "

အလုပ်မထုတ်ဘူးဆိုမှအကုန် ပြုံးပြုံးပျော်ပျော်ဖြစ်ကုန်သည်။

အင်းစဖောက်သည်နှင့် ဝယ်ပေးထားတဲ့ ဘောက်စ်ကြီးကလည်းမပါမဖြစ်။ ဆူဆူညံ့ညံ့သီချင်းသံများနှင့် တပျော်တပါးပဲဖြစ်ကာ တစ်ခါတစ်လေ
မိုက်နှင့်ဝင်ဟဲတဲ့သူကရှိသေး။
အစပထမပိုင်းတွင် ထင်သလောက်ရွှေမပါပေ။
အောက်မှာ ကျောက်ကျောခံနေသည်မို့
အင်းကို မိုင်းခွဲဖို့ လိုအပ်လာလေပြီ။

ငစုံတစ်ယောက် ဒီရက်ပိုင်းစိတ်ထင့်နေတာကြောင့်
မျက်မှောင်တကုတ်ကုတ်ဖြင့်ရှိနေသည်။
ရွှေမပါလို့ စိတ်မကြည်သည်ဟု အလုပ်သမားတွေ‌ထင်နေတာကြောင့် ကြားနေကြ ဘောက်စ်သံတောင် ဒီရက်ပိုင်း မကြားရ။

" ကိုသက်ခိုင် အလုပ်သမားတွေကို ဒီရက်ပိုင်း ဂရုစိုက်ဗျာ ။ ကျုပ်စိတ်ထဲနေလို့ မကောင်းလို့ "

ကိုသက်ခိုင်မှ မဟုတ်။
ဘမှောင်ကိုလည်းထိုသို့မှာသည်။

" ဟိတ်ကောင်တွေသတိထားကြ "

မိုင်းခွဲဖို့ပြင်နေတဲ့ လူတွေကို ဦးသက်ခိုင်သတိပေးနေသည်။

"စိတ်ချပါ ဆရာသက်ရာ ။ ဒီအလုပ်က ကျုပ်တို့အကျွမ်းကျင်ဆုံးပါဗျ "

ပြုံးပြုံးရွှင်ရွှင် ပြောလာတဲ့ အလုပ်သမားကောင်လေးကြောင့် ဦးသက်ခိုင် စိတ်မောနေရာမှ ထဆဲလိုက်သေးသည်။

" ဒီကောင်တွေ စိတ်ပူလို့ပူမှန်းမသိကြဘူး။ "

အကုန်စီစဉ်ပြီးနောက်မှာ ဝုန်းဆိုတဲ့အသံကြီးနှင့်အတူ ပြိုကျသွားတဲ့မြေလွှာတွေ။ ငစုံစိတ်ပူနေတာကြောင့် မြေပြိုတဲ့ဖက်ပြေးကြည့်မိသည်။

" အဆင်ပြေတယ်ဆရာရေ။ စိတ်မပူနဲ့ ။ "

အသံကြားမှ စိုးရိမ်စိတ်က ရေနှင့်မျောလိုက်သလို ရင်ဝမှာ အေးခနဲလျောကျသွားတော့သည်။
ကျောက်ကျောကို ခွဲလိုက်နိုင်တာမို့ သေချာ အောင်ငစုံ ဘေးက ပိုနေတဲ့မြေတွေကို ပြန်တင်ခိုင်းသည်။
တွင်းဝကျယ်ကျယ်အောက်မှာ အလုပ်သမားတွေ တော်တော်များသည်။
ဒီရက်ပိုင်း အလုပ်တွင်ကျယ်အောင် ငှားထားတဲ့
မြေကော်ကားကလည်း တစ်ရက်လုပ်အားခက ပေးရသည်မှာ မနည်းမနော။ ထိုခေတ်အချိန်အခါအရ
ထိုကားမျိုးက ဝယ်ဖို့က လွယ်သည်မဟုတ်။
ကားရောက်လာသည်ကြားကတည်းကပိုင်ရှင်ထံ ဈေးကြီးပေးကာ ငစုံက ငှားပစ်လိုက်တာ ဘာမှစဉ်းစားမနေပဲ ဖြစ်သည်။

ပိုက်ဆံကုန်တော့ ဦးသက်ခိုင်‌တို့ မျက်နှာမကောင်းကြဘူးဆိုပေမဲ့ အလုပ်သည်ကားပိုတွင်ကျယ်တာတော့အမှန်ပင်။

ဆုပ်ထုတ်လိုက်တဲ့ မြေစာတွေက ဖွေးခနဲ လွင့်ခနဲပင် ။
တောင်ကမုဖြစ်သည်ထိ စုပုံလာတဲ့ မြေကျစ်စာတွေက သူဝယ်ခဲ့တဲ့ ငှက်ပျောခင်းဖက်မှာ အစုစုအပုံပုံ။ ထိုနေရာကိုဝယ်ရတဲ့အကြောင်းပြချက်က ပိုနေတဲ့ စွန့်ပစ်မြေတွေကို ထိုနေရာမှာ သီးသန့်ပုံချင်လို့ဖြစ်သည်။

" အန္တရာယ်ကင်းတယ် ကိုစုံ "

ချစ်ထွန်းအသံကြားမှာ စိုးရိမ်နေတဲ့စိတ်က အရှင်းပျောက်တော့သည်။

" အောက်ကျောမှာ ရွှေပြနေတယ် ။ ကိုစုံ လိုက်ကြည့်မလား"

ကျောက်သားပြင်က အထူသားမဟုတ်။
သဲကြမ်းတွေ စုပြုံထားသလို နည်းနည်းမြေကျစ်တာမို့ ခွဲလိုက်တော့လည်း အလွယ်တကူ ။
မလိုအပ်တဲ့ မြေလွှာကိုဖယ်ကာ အောက်အသားကို ထပ်တူးကာ ရွှေဖမ်းဖို့ မျောပေါ် တင်ကာ ရေနှင့်မျောချပစ်လိုက်၏။
အောက်ကို စီးဆင်းသွား တဲ့သဲနှင့်မြေလွှာတို့သည် ရေနှင့်အတူ အဆင်သင့်လုပ်ထားသော မြေကွက်မှာ သွားကျသည်။

ပထမဦးဆုံး အင်ဖက်ပေါ်က ရွှေတို့ကို
အလုံးစုံ ငစုံသာ ပိုင်သည်။  ထိုမျောကနေ ကျသွားသော ရေနှင့်သဲစာတို့ကိုတော့ ဦးသက်ခိုင် ၊ ဘမှောင် ၊ ချစ်ထွန်းနှင့် အလုပ်သမားလုပ်အားခ ရှင်းပေးရမဲ့ တစ်စုဆိုပြီး လေးပုံခွဲကာ အသီးသီး ပိုင်သည်။
မြင်သာအောင် ပြောရရင် ၊ ငစုံမျောကနေ ကျသွားသော သဲစာတို့ကို နောက်တဆင့် ထပ်မျောချရမှာဖြစ်ပြီး အဲ့ဒီကရတဲ့ရွှေသာလျှင် ဦးသက်ခိုင်တို့ရမှာဖြစ်သည်။

"ဆရာ ရွှေအတော်လေးပါတယ်"

ရွှေအင်းတွေမှာ သုံးတဲ့ မျောစင်တွေသည်
ခပ်သေးသေးမဟုတ်ပေ။
လေးထောင့်စင်နှင့် ကျကျနန လုပ်ထားတဲ့
စင်ကြီးကြီးတွေဖြစ်ကာ ခင်းရတဲ့ကောဇောဖက်သည်ပင် တစ်ဆင့်ကို ဆယ်ချပ်ထက်မနည်း ။
တစ်ဆင်ကို အဆင့်နှစ့်ဆင့်ပါပြီး ရေနှင့်အတူ လျောကျနေသည့် သဲလွှာတွင်ရွှေမှုန်တို့ကဝင်းခနဲလက်ခနဲ။

တစ်နေကုန် ရွှေချနေသည့်မျောစင်ဘေးမှာသာ လူစောင့်နှင့်ရပ်ကြည့်နေရပြီး  ငစုံတို့ ကျသည့် မျောစာကိုပင် ချစ်ထွန်းတို့အုပ်စုကို ချက်ချင်း ပြန်မျောချစေသည်။
ကောဇောခင်းရသည်မှာ ရေနှင့်အတူ ပါလာတဲ့ရွှေမှုန်တွေကို ကပ်ညှိပြီးအောက်သို့ ပါမသွားစေရန်ဖြစ်သည်။ သို့သော် ရေအား ကြောင့် အနည်းနဲ့အများတော့  အောက်သို့ ပါစမြဲပင်။

ကုန်းမျောဟုခေါ်သော လေးတိုင်စင်ကြီး သုံးစင်တွင် အပြိုင်အဆိုင်ရွှေမျောနေကြသည်မို့ စက်သံလူသံမှာလည်း ဆူညံနေလျက်။

ရွှေပါတာကြောင့် ခင်းထားတဲ့ ကောဇောဖက်ပေါ်မှာပင် ဝင်းလက်နေအောင် သိသိသာသာ မြင်နေရသည်။

ပုံမှန်ဆို ခြောက်နာရီ တစ်မျောဟု သက်မှတ်ထားပေမဲ့
ငစုံကတော့ လေးနာရီ တစ်မျော ဟု သက်မှတ်ကာ
ရွှေကျင်နေတာကို နာရီပြည့်တော့ရပ်ပစ်ခဲ့သည်။
ထို့နောက်ခင်းထားသော ကောဇောဖက်များအားခွာကာ အသစ်ပြန်ခင်းစေသည်။
ကောဇောဖက်များကိုခွာပြီးနောက်ပျဉ်ချပ်ပေါ်မှာ ကျန်ခဲ့သော ရွှေမှုန်တို့ပင် မနည်းမနှော ။
ထိုချိန်မျိုးဆိုချစ်ထွန်းက လည်သည်။
ရေဇလုံ ကိုင်ကာ အဝတ်စုတ်ဖက်ဖြင့် ကုတ်တွယ်တက်ကာ ပျဉ်ချပ်ပေါ်ကာ ရွှေရောနေသော သဲစာတို့ကို သုတ်ယူသည်။ ထောင့်ကပ်နေတဲ့ နေရာမှာရှိတဲ့သဲတို့ပင် ရွှေမှုန်များတွေ့ရသည်မို့ ငစုံတစ်ယောက်ရွှောကျောဖောက်မိပြီဆိုတာ အထင်မှားစရာပင်မလိုတော့။

လူအင်အားအစုံအလင်ရှိပေမဲ့ စိတ်ချရတဲ့သူတချို့ချန်ကာ မျောခါခိုင်းသည်။
မျောခါသည်ဆိုတာကလည်း မျောစင်ပေါ်က ခွာယူထားတဲ့ အင်ဖက်တို့ကို အဖိတ်အစင်မရှိအောင်
လေးထောင့်သဲကန်ထဲရေဖြည့်ကာ ယောက်ျားအားဖြင့် အဝတ်ခါ သလို အကြိမ်ကြိမ်ခါထုတ်ရတာဖြစ်သည်။

" ဆရာစုံရေ ရွှေကတော့ပါချက်ဗျာ "

ညစ်နွမ်းနွမ်းရေတွေစိုနေသော မျောခါသူ၏ ပုဆိုးထပ်မှာပင်
ရွှေမှုန်တွေက ကပ်ညှိနေတာ သိသိသာသာပင်။  အဝါရောင်ရွှေဖက်တွေသည် မျောကန်၏ အတွင်း၌ သဲဖြင့်ရောကာ အဖက်အဖက်လေးတွေက ထင်ရှားစွာ စပါးခွံသေးသေးအတိုင်းရှိနေတာအံ့ဩစရာပင်။

"အောင်ပြီ ငစုံရ ။ ဒါရွှေအောင်တာပဲကွ"ဆိုတဲ့
ကိုသက်ခိုင်ရဲ့အသံကြီးကလည်းမကြားချင်အဆုံး။
မောင်ကျန်ကျင်တဲ့ အင်ဝိုင်းထဲက ရွှေတို့သည် အလယ်မှာ အပုံလိုက်အခဲလိုက်။
သဲကြမ်းတို့ကို နည်းသထက်နည်းအောင် ကျင်ထုတ်အပြီးမှာ နုညံ့သော နက်ပြာရောင်သဲနှင့်အတူ ရွှေတို့သာ ကျန်ခဲ့သည်။ ထိုရွှေကို ပြဒါးဖြင့် ဖမ်းရမှာဖြစ်ပြီး နောက်ဆုံးပိတ် ပြဒါးကိုလက်ကိုင်ပါဝါဖြင့်ညှစ်ထုတ်မှ ရွှေခဲကျန်မည်ဖြစ်သည်။

အားနဲ့မာန်နှင့် မောင်ကျန် ညှစ်ထုတ်နေသည်ကိုကြည့်ပြီး ငစုံ တစ်ယောက်အသက်တောင်မရှုနိုင်‌ပေ။
နောက်ဆုံး ပြဒါးတစ်စပင်မကျန်မှ လက်ကိုင်ပုဝါကို ဖွင့်လိုက်တော့ မြင်ရတဲ့ ငွေမင်ရောင်ရွှေလုံးက
လောက်စလုံးနီးနီးလောက်ကြီး၏။

" အနည်းဆုံး ခြောက်ကျပ်သားဆရာစုံ "

အနည်းဆုံးဆိုတဲ့ စကားအဆုံးမှာ ဦးသက်ခိုင်တစ်ယောက်ဖင်ထိုင်ရက် နောက်ပြန်ကျတော့သည်။ ဒါတောင် ခေါင်းကျောပဲ စဖောက်သေးတာ ဖြစ်သည်။ အောက်မှာ အနည်ထိုင်နေတဲ့ရွှေကျော ဆိုရင်ရော။

"ဘုရားရေ"ဟု တမိသွားသည်အထိ သူမှာ တအံ့တဩ တမ်းနည်း ဝမ်းသာကြီးဖြစ်နေသည်။
လေးနာရီ တစ်မျော ။  မျောစင်သုံးစင်နှင့် ရွှေကျင်
နေတဲ့ ငစုံမှာ နောက်ထပ် လှည့်ဖို့ မျောနှစ်စင်စာကျန်သေးသည်။ ရွှေအောင်တယ်ဆိုတာ ဒါမျိုးလား ဟုတွေးမိတော့ ဦးသက်ခိုင်မျက်ရည်ပင် ကျသည်ထိ ဝမ်းသာမိသည်။ သူအင်းလုပ်လာတာနှစ်တွေရှည်ပြီဖြစ်သည်။ ရွှေအောင်ရုံဆိုတာ အကြိမ်
ရေခပ်နည်းနည်းသာရှိသည်။ ဒါတောင် ခြောက်နာရီ တစ်မျောမှာ တစ်ကျပ် ငါးမူးလောက် အနိုင်နိုင်။
အလုပ်သမားခ ဆီဖိုး၊ရေဖိုးနှုတ် မဖြစ်သလောက် ကျန်တဲ့အမြတ်နှင့် ယှဉ်ရင် ငစုံကံက ဆီနဲ့ရေ။

မဖြစ်သေးဘူး။ အကျန်အကြွင်းဆိုပေမဲ့ ငစုံ မျောကနေ ကျတဲ့ မြေစာနှင့် ရေတွင်ပင်ရွှေက ပါနိုင်သည်မို့
ချစ်ထွန်းတို့မျောစာချနေသည့်နေရာကို အပြေးအလွှားပြေးသွားမိသည်ထိ ပြာယာခတ်သွား၏။

(နားလည်ရက်လားမသိဘူးနော်။ သေချာ အသေးစိတ်ရေးပြပေးပေမဲ့ မရင်းနှီးတဲ့သူကတော့ မြင်သာမယ်မထင်ဘူး ။ ကိုယ်လည်းလေ့လာထားသလောက် ရေးပြပေမဲ့အမှားပါမှာတော့ စိုးတယ်။ ကျေးဇူးပြုပြီးချစ်တဲ့စိတ်နဲ့ သိနားလည်တဲ့သူကလည်း ခွင့်လွတ်ပေးကြပါနော်)


ဒါကတော့ ရေမျောပါ။
မျောစင်ကို မြင်သာအောင်ပြထားတာပါနော်။

ဒိုင္း!

ဝုန္း!! ..ဝုန္း....

မိုင္းခြဲသံက်ယ္ႀကီးႏွင့္အတူ ေျမသားေတြက ဖြာခနဲ။
အင္းေက်ာေဖာက္တယ္ဆိုတာ လြယ္သည္မဟုတ္။
ေက်ာက္ခံေနရင္ မိုင္းက မျဖစ္မေန ခြဲေပးရသည္ ။ ထိုအခ်ိန္မ်ိဳးဆို အထိအခိုက္နည္းေအာင္လည္း ႀကိဳးစားရတာ တာဝန္တစ္ခုထက္ပိုသည္။
အႏၲရာယ္မ်ားလြန္းတာမို႔ ေရွာင္ပိ တစ္ေယာက္ ဘိန္းေတာင္ မရႈႏိုင္ အင္းနဲ႔မနီးမေဝးမွာ ေစာင့္ကာၾကၫ့္ရသည္။

"အဆင္ေျပလား။ ဘာျဖစ္သြားၾကေသးလဲ"

ေခြၽးသံတရႊဲရႊဲႏွင့္ ေျပးလာတဲ့တပၫ့္ကို စီးႀကိဳေမးမိေတာ့ လက္ေမာင္းျဖင့္ ေခြၽးကိုသုတ္ကာ  ျပန္ေျဖလာ၏။

" ေျပတယ္ ဆရာပိ။ ယမ္းစ လာစင္တဲ့ ကေလးတစ္ေယာက္ေတာ့ရိွတယ္။ ဒဏ္ရာသိပ္မႀကီးလို႔ မစိုးရိမ္ရဘူး "

ေရွာင္ပိ လက္ခါျပကာ

" ရၿပီ ။ ဒါဆို အလုပ္သမားေတြ ခ်က္ျခင္း အလုပ္လုပ္ဖို႔ေျပာလိုက္ေတာ့ "

"ဆရာပိရာ ..ဒါေတြ တပၫ့္ လက္ထဲအပ္ခဲ့စမ္းပါ ။  ဆရာပိေျပာစရာ မလိုေအာင္ ဒီကတပၫ့္ႀကီးက အကုန္ မွာခဲ့ပါၿပီဗ်"

"ေအးပါ...ဒီတစ္ခါ ေရႊေအာင္ရင္ မင္းအတြက္ ေဘာက္ဆူးသက္သက္လာမယ္။ အလုပ္ကိုသာ မခိုမကပ္ပဲ  ဖိဖိစီးစီးလုပ္"

ေရွာင္ပိစကားေၾကာင့္ တပၫ့္ေက်ာ္ႀကီး ၿပံဳးၿဖဲျဖဲျဖစ္ကာ တက္ႂကြသြား၏။ ထို႔ေၾကာင့္ေရွာင္ပိတစ္ေယာက္
အရိပ္ရေအာင္ မိုးေပးထားတဲ့ ထီးမိုးေကာင္ေလးဆီကေန ေဆးျပင္းလိပ္ႀကီးေသာက္ဖို႔လက္လွမ္း လိုက္၏။ ေရွာင္ပိက အင္းသူေဌးဆိုေပမဲ့ အင္းထဲအၿမဲမလာ။  တကယ္လည္းပိုက္ဆံရိွတဲ့ေကာင္ဆို
အျပင္သြားၿပီဆိုတာနဲ႔  ထီမိုးႏွင့္ ဘာဘာညာညာ
ခိုင္းဖို႔ လက္တိုလက္ေတာင္း တပၫ့္တပမ္းေတြက
ေနာက္ပါးမွာ အၿမဲတေစ ရိွေနတက္သည္။ ေရွာင္ပိလက္လွမ္းတာနဲ႔ ေဆးလိပ္က မီးတို႔ၿပီးသား။

" ဒါနဲ႔ ဆရာပိ ။ ခုထိ သက္ခိုင္‌တို႔အင္းက မလႈပ္ေသးဘူး။ ဆရာပိေတာင္မွ တဝက္ေက်ာ ေရာက္ေနၿပီ။ ဒီေကာင္ေတြ ေအးေဆးျဖစ္လြန္းတယ္မထင္ဘူးလား"

"ဘာျဖစ္ရမွာလဲ။သူတို႔အင္းက ေဖာက္ရင္ရႈံးမွာဆိုတာ လူတိုင္းသိတယ္။ ဟိုဖက္မွာလည္း ငွက္ေပ်ာခင္းကရိွ ေသးတယ္။ အဆင္မေျပရင္ တဆက္ထဲ ဆက္ဝယ္ဖို႔ပိုက္ဆံကသံုးရအံုးမယ္။ ေမ်ာစာ ပစ္ဖို႔ေတာင္ ေနရာ မလြတ္တာ ။ ေငြက မျဖစ္မေနသံုးဖို႔ ဘယ္က ရမွာလဲ" 

" ဒီေကာင္ေတြ ႀကိတ္ႀကံေနတယ္ထင္တာပဲဆရာပိရာ။ ဟိုေကာင္ ငစံုဆိုတဲ့ ကတံုးေပါက္ေကနဲ႔ေကာင္ကလည္း ဆရာႀကီးလိုလိုဘာလိုလိုနဲ႔ သက္ခိုင္ကိုခိုင္းစားေနတာ သိလား။  ေမ်ာစာ ဝယ္တယ္ဆိုေပမဲ့ အဖြဲ႔က
ေတာင့္တယ္ဆရာပိ။ ဘေမွာင္ဆိုတဲ့လူမိုက္က
လူမိုက္ပီပီ တပၫ့္ေတြက အေပါသား။ ခုဆို အင္းထဲမွာ ဘေမွာင္ဆီ လက္ေဝ႔ွပညာသင္တယ္ဆိုလား ဘာလား၊ ညေနဆို ကိုယ္ခံပညာေတြေလ့က်င့္ေနတာ ေတာ္ေတာ္မ်ားေနၿပီ ဆရာပိ " 

အပယ္ခံေနရာတစ္ေနရာစာပဲ ေလလံတင္ႏိုင္တဲ့သက္ခိုင္ကို ေရွာင္ပိ အထင္မႀကီးပါ။ ဒီအင္းေသးေသးဝယ္ႏိုင္ဖို႔ေတာင္ အက်န္အႂကြင္းေမ်ာစာ၊ အင္ေခ်းတို႔ကို အမိႈက္ေကာက္သလို လိုက္ဝယ္ေနတယ္ၾကားကတည္းက ေရွာင္ပိက ႏွာေခါင္းတရႈံ႔ရႈံ႔။

" ဒါဆိုလည္း သတိထားေစာင့္ၾကၫ့္ခိုင္းလိုက္ကြာ။
ခုေတာ့ အိမ္မွာ အသစ္ေလးေရာက္ေနလို႔ ျပန္ေတာ့မယ္"

ေရွာင္ပိက ေျပာၿပီးျပန္ထြက္သြားတာ ခ်က္ျခင္း။
ဘယ္တုန္းကမွ သူရႈေနတဲ့ အမႈန႔္ေတြကလြဲၿပီး
ေရွာင္ပိစိတ္မဝင္စားပါ။ မိန္းမ ကိစၥဆိုလည္း ဝါသနာက ထူသည္။ မၾကာခဏ လာတက္တဲ့ အသစ္ေလးေတြကလည္းေပါမွေပါ။ ပိုက္ဆံရိွရင္ေလာကမွာ
အရွင္သခင္လိုေနလို႔ရတာသိေတာ့ တပၫ့္ေက်ာ္တစ္ေယာက္ လက္သီးဆုပ္မိတာ တင္းခနဲ။

________

" လာစမ္း ။ ခ်စ္ထြန္း "

လူကေရ႔ွေရာက္တာႏွင့္ရိုက္ထၫ့္လိုက္တာေျဖာင္းခနဲ။ ေရ႔ွကိုေခြက်လုလု ျဖစ္သြားတာမို႔ မူး‌သြားတဲ့ေခါင္းကိုအသာရမ္းကာ ကိုစံုကို ခ်စ္ထြန္းေမာ့ၾကၫ့္မိသည္။
ေဒါသေၾကာင့္ ေစ့ပိတ္ထားတက္တဲ့ ႏႈတ္ခမ္းေတြက
ပိုတင္းေနတာကို သတိထားမိေတာ့ ဘာအမွားလုပ္သလဲ ခ်စ္ထြန္း အျမန္စဉ္းစားမိသည္။

" ငါနဲ႔ေနရင္ ဘာေရွာင္ရမယ္ဆိုတာ ျပန္ေျပာစမ္း "

ငစံုေအာ္သံေၾကာင့္
မေန့ညေနက စမ္းေသာက္ၾကၫ့္ခဲ့တဲ့ ေဆးလိပ္တစ္လိပ္ကို သတိရမိေတာ့ တုန္ရီသြားမိတာ သိသိသာသာပင္။

" မူးယစ္ေဆး "

" ေအး ။ မူယစ္ေဆးဆိုတာ ဘိန္းတစ္မ်ိဳးထဲမဟုတ္ဘူးခ်စ္ထြန္း။ မင္းကို အရက္ေသစာ ၊ ေဆးလိပ္ ကအစ မေသာက္တက္ဖို႔ ငါ မမွာထားဘူးလား "

" မွာ...မွာထားပါတယ္ "

" ဒါဆို ခုမင္းလုပ္တဲ့ေစာက္ခ်ိဳးက ဘာအထာလဲ"

ခ်စ္ထြန္းေၾကာက္ေနၿပီမို႔ေခါင္းမေဖာ္ရဲေတာ့ပါ။
ညေနက ဘာရယ္မဟုတ္ စမ္းသက္ခဲ့တာ သူအမွားျဖစ္သည္။ ထိုအရာကို မလုပ္သင့္ဘူးဆို သူသိသည္။ 
ကိုစံုက မူယစ္ေဆးဆို ဘာဆိုဘာမွ မလုပ္ဖို႔ အရြယ္ေရာက္ကတည္းကေန တတြတ္တြတ္မွာတက္ေပမဲ့ လက္တၫ့္စမ္းဖို႔ သာ အေရးႀကီးသည္မို႔ သတိကမရေတာ့။

" က်ဳပ္မွားပါတယ္။ ကိုစံု ။ ဒီတစ္ခါေနာက္ဆံုးပါ။ေနာက္မျဖစ္ေစရပါဘူး"

" ေနာက္ဆံုး ဟုတ္လား။ မင္းမလုပ္ခင္ကတည္းက
မင္းဘာလို႔ မစဉ္းစားတာလဲ။ သြားအထုတ္ျပင္။
ငါ စကားနားမေထာင္တာလည္း ငါ့ကို အာခံတာနဲ႔အတူတူပဲ ။ မင္းရြာကို သာမင္းျပန္ေခ်"

ခ်စ္ထြန္းရြာျပန္ဆိုတဲ့ အသံၾကားတာႏွင့္
မ်က္ရည္က ဝဲလာ၏။ သူဒီဘဝေရာက္လာတာ
ကိုစံုေက်းဇူးေတြေၾကာင့္ျဖစ္သည္။ ၁၄..၁၅ႏွစ္ဆိုတဲ့အရြယ္က
ဘာေနေန အတုျမင္အတက္သင္စ ျပဳျပီမို႔ ကိုစံု ဆံုးမတာကို သူေမ့ေလ်ာ့ခဲ့ေပမဲ့ နားမေထာင္တာမဟုတ္။
ျပန္ေတာ့ဆိုကတည္းက စြန႔္လြတ္လိုက္တာျဖစ္ေၾကာင္းသိတာမို႔ ကိုစံုေျခသလံုး အတင္းဒူးေထာက္ကာ ဖက္လိုက္မိ၏။

" က်ဳပ္မွားပါတယ္။ ကိုစံု က်ဳပ္ကို ျပန္မလြတ္ပါနဲ႔ ။ ေနာက္မလုပ္ေတာ့ပါဘူး။ "

ခ်စ္ထြန္းက အတင္းေအာ္ ငိုတာေၾကာင့္
ဘေမွာင္တစ္ေယာက္ အိပ္ေနရာမွ အလန႔္တၾကားေျပးထြက္လာမိသည္။
ျမင္လိုက္ရတဲ့ျမင္ကြင္းက မေကာင္း။
ခ်စ္ထြန္းက ငိုကာ ငစံုေျခသလံုးကို အတင္းဖက္ထားသလို ငစံုကလည္း တည္တင္းေနတဲ့မ်က္ႏွာထားနဲ႔ ဖက္ထားတဲ့ ခ်စ္ထြန္းလက္ေတြကို ရုန္းေနသည္။
ခ်စ္ထြန္းတစ္ေယာက္ ငိုရင္းႏွင့္ တတြတ္တြတ္ေတာင္းပန္ေနၿပီး သူ႔လည္းျမင္ေတာ့ အကူညီရသြား‌သည္ႏွယ္

" လုပ္ပါအံုး ဦးေလးရာ။ က်ဳပ္ကို ကိုစံု စိတ္ဆိုးေနလို႔"

"ဟ... ငါက ဘာေျပာရမွာလဲ ။ "

တံုးတိုက္တိုက္ က်ားကိုက္ကိုက္ေနလာခဲ့တဲ့ေကာင္ဆိုေတာ့ ျဖန္ေျဖတာေတြ ဘေမွာင္နားမလည္။ ေခါင္းကုတ္ရင္း ေၾကာင္ေတာင္ေတာင္ေျဖေတာ့
ခ်စ္ထြန္းက ငိုရင္းလွၫ့္ေအာ္ေတာ့သည္။

" ဘာလုပ္ရမွာလဲ ကူေခ်ာ့ေပးေပါ့ဗ် "

"ဖယ္စမ္း ငါ့ကို။ အမ်ားဝိုင္းေခ်ာ့ရေအာင္ ငါကေလးမဟုတ္ဘူးခ်စ္ထြန္း။ မင္းကို ဒါမ်ိဳးျဖစ္မွာစိုးလို႔ အႀကိမ္ႀကိမ္ ငါတားခဲ့တာ။ ငါမေျပာမိလို႔ မင္းလုပ္တယ္ဆိုတာ လက္ခံတယ္။ ငါေျပာခဲ့တာ တစ္ႀကိမ္ထဲမဟုတ္ဘူးခ်စ္ထြန္း။ မလုပ္ခင္ကတည္းက မင္းသာ ငါ့ကို ေခါင္းထဲ ထၫ့္ထားရင္ ဘယ္သူျမဴဆြယ္ဆြယ္ ဟင့္အင္ဆိုတာမ်ိဳးျဖစ္ေနရမွာ။ ဒါေဆးလိပ္ပဲရိွေသးတယ္။ ေနာက္ အရက္ ၊ ေလာင္းကစား၊ဘိန္း ဆိုတာေတြ ရိွလာအံုးမွာ။ မင္းေယာက္်ားမဟုတ္ဘူးလား ။ ထစမ္း ။ လုပ္ရဲရင္ခံရဲရမွာေပါ့ "

ေဒါသတႀကီး ငစံုဆိုေတာ့ ခ်စ္ထြန္း ငိုရင္းထရပ္လာသည္။ အမွန္ဆိုတကယ္ျပန္ခိုင္းတာမဟုတ္။
ဒီလိုမွမလုပ္ရင္ ခ်စ္ထြန္း ေပါ့ေပါ့ေနေပါ့ေပါ့စားျဖစ္မွာဆိုးလို႔ အေလ်ာ့လံုးဝမေပးျခင္းေပ။

" ေတာ္ပါေတာ့ကြာ။ မင္း စိတ္ဆိုးလည္း ဒါမင္းညီပဲမဟုတ္ဘူးလား။ မေကာင္းတာလုပ္ရင္ မလုပ္ေအာင္ဆံုးမရမွာ မင္းတာဝန္ဆိုေပမဲ့ ျပတ္ျပတ္သားသားႀကီး‌ေတာ့မလုပ္လိုက္ပါနဲ႔ကြာ။ခ်စ္ထြန္းကလည္းေနာက္မလုပ္ရဲေတာ့ပါဘူး။ မင္းလည္းစိတ္ေလ်ာ့ပါေတာ့"

မေနႏိုင္ေတာ့ ဦးသက္ခိုင္ပါ ထြက္လာ၏။
သို႔ေသာ္

" က်ဳပ္ညီမို႔ က်ဳပ္ဆံုးမေနတာ ကိုသက္ခိုင္။ ဒီေကာင္ ခု ဦးက်ိဳးေအာင္ မေျပာႏိုင္ရင္ေနာက္ဆိုတာရိွလာအံုးမွာ။ ဒီအင္းမွာ ပိုက္ဆံရိွရင္အကုန္လိုတရ။
က်ဳပ္နဲ႔ေနရင္ က်ဳပ္စည္းကမ္းက ပထမပဲ။ခြင့္လြတ္မူ႔ဆိုတာ မူးယစ္ေဆးနဲ႔ပတ္သက္ရင္ က်ဳပ္လက္မခံဘူး။ တျခားသူဆိုတာ သူစိမ္း။ သူက က်ဳပ္ညီမို႔ က်ဳပ္က တင္းၾကပ္ေနရတာ သိလား။ ေအး ခ်စ္ထြန္း  မင္းျဖစ္ေနလို႔ တစ္ခါပဲ အခြင့္ေရးေပးလိုက္မယ္။
သြား.. ငါမ်က္စိေရ႔ွကို မလာခဲ့နဲ႔ ။"

" ကိုဘေမွာင္ ...သူ႔ကို ကိုယ္ခံပညာသင္ ေပးလိုက္။
ညေနအားလို႔ အင္းအျပင္ထြက္တာျမင္ရင္ မင္းေသမယ္ခ်စ္ထြန္း ။ "

က်ိန္းေမာင္း ၿပီး ထြက္သြားမွာ အကုန္သက္ျပင္းခ်ႏိုင္ေတာ့သည္။ ငစံုေဒါသထြက္တာ ဒီတစ္ခါပဲျမင္ဖူးေသးတာမို႔ ခ်စ္ထြန္းတစ္ေယာက္ လန႔္ဖ်ားဖ်ားဖ်ားတဲ့အထိပင္။ ခ်စ္ထြန္းနဲ႔ပတ္သက္လာရင္ ငစံုက
ေဒါသပိုႀကီးသလို ပိုလည္းတင္းၾကပ္ေတာ့သည္။

၁၉၉၅ ခုႏွစ္၏ ႏွစ္အစတြင္ ငစံု ‌အမွတ္၄အင္း ေဘးရိွ ငွက္ေပ်ာခင္းကို ဝယ္ယူခဲ့သည္။
ေရွာင္ပိ၏ အမွတ္၂အင္းသည္ ေရႊပါေပမဲ့
အင္းေအာင္ရံုသာ ရိွသည္။ အမွတ္၁အင္းကေတာ့
အေတာ္ေလး ပါသည္ဟုၾကားရ၏။

၁၉၉၅ခုႏွစ္... ဝါဆိုလကုန္အၿပီးတြင္ေတာ့
ငစံုတစ္ေယာက္ အင္းစေဖာက္ဖို႔ ႀကိဳးစား
ေတာ့သည္။

" မင္းတို႔အကုန္လံုး အျပင္မွာ ေမ်ာစာဝယ္တာေတြ မလုပ္ေတာ့နဲ႔ "

ငစံု၏ ေမ်ာစာဝယ္တဲ့ အဖြဲ႔သည္ လူအေတာ္ေလးမ်ားေနၿပီျဖစ္သည္။။ ခ်စ္ထြန္း တစ္ဆိုင္းယူသလို
ဘေမွာင္ဦးစီးတဲ့အဖြဲ႔ကလည္း တစ္ဆိုင္း ။
တစ္ဖြဲ႔မွာ လူဦးေရ ဆယ္ေယာက္ေက်ာ္သည္မို႔
လုပ္ငန္းလည္းတြင္က်ယ္သည္။

" ဒါဆို က်ဳပ္တို႔က ဘာဆက္လုပ္ရမွာလဲ "

ဝမ္းစာေရးမို႔ လူေတြလႈပ္လႈပ္ရွားရွားျဖစ္ကုန္သည္။
ငစံု၏အဖြဲ႔ထဲတြင္အမ်ိဳးသမီးဦးေရလည္း တဝက္နီးပါးပါသည္။ မိန္းမဟူသည္ အိမ္မွာပဲ ထမင္းခ်က္မေနသင့္ဟု ငစံုထင္သည္။ သစၥာရိွတဲ့အလုပ္သမားေတြကို ငစံုက အခြင့္အေရးေပးတက္သည္။
အလုပ္လုပ္ႏိုင္တဲ့မည္သူမဆို သူ႔အလုပ္တြင္ အလုပ္ခန႔္သည္။ ထို႔ေၾကာင့္ အိမ္မွာေယာက်ာ္းလုပ္စာ ျဖင့္ မေလာက္မငစားေသာက္ရတဲ့ဘဝကေန ငစံုေက်းဇူးေၾကာင့္ စိုစိုေျပျပေျဖစ္လာၾကသည္။

"က်ဳပ္အင္း စေဖာက္ေနၿပီ ။ မနက္ဖန္ လိုအပ္တဲ့ေနရာေတြမွာ လူျဖၫ့္ၿပီး အလုပ္စဝင္ရမယ္။ အျပင္မွာသြားလုပ္ရတဲ့အလုပ္ေတြကို နားလိုက္ၿပီဆိုေတာ့
ပိုေနတဲ့အမ်ိဳးသမီးေတြက အင္ဝိုင္း၊ေရႊဖမ္းတဲ့ေနရာမွာ ဝိုင္းကူေပးရံုပဲ။ "

အလုပ္မထုတ္ဘူးဆိုမွအကုန္ ၿပံဳးၿပံဳးေပ်ာ္ေပ်ာ္ျဖစ္ကုန္သည္။

အင္းစေဖာက္သည္ႏွင့္ ဝယ္ေပးထားတဲ့ ေဘာက္စ္ႀကီးကလည္းမပါမျဖစ္။ ဆူဆူညံ့ညံ့သီခ်င္းသံမ်ားႏွင့္ တေပ်ာ္တပါးပဲျဖစ္ကာ တစ္ခါတစ္ေလ
မိုက္ႏွင့္ဝင္ဟဲတဲ့သူကရိွေသး။
အစပထမပိုင္းတြင္ ထင္သေလာက္ေရႊမပါေပ။
ေအာက္မွာ ေက်ာက္ေက်ာခံေနသည္မို႔
အင္းကို မိုင္းခြဲဖို႔ လိုအပ္လာေလၿပီ။

ငစံုတစ္ေယာက္ ဒီရက္ပိုင္းစိတ္ထင့္ေနတာေၾကာင့္
မ်က္ေမွာင္တကုတ္ကုတ္ျဖင့္ရိွေနသည္။
ေရႊမပါလို႔ စိတ္မၾကည္သည္ဟု အလုပ္သမားေတြ‌ထင္ေနတာေၾကာင့္ ၾကားေနၾက ေဘာက္စ္သံေတာင္ ဒီရက္ပိုင္း မၾကားရ။

" ကိုသက္ခိုင္ အလုပ္သမားေတြကို ဒီရက္ပိုင္း ဂရုစိုက္ဗ်ာ ။ က်ဳပ္စိတ္ထဲေနလို႔ မေကာင္းလို႔ "

ကိုသက္ခိုင္မွ မဟုတ္။
ဘေမွာင္ကိုလည္းထိုသို႔မွာသည္။

" ဟိတ္ေကာင္ေတြသတိထားၾက "

မိုင္းခြဲဖို႔ျပင္ေနတဲ့ လူေတြကို ဦးသက္ခိုင္သတိေပးေနသည္။

"စိတ္ခ်ပါ ဆရာသက္ရာ ။ ဒီအလုပ္က က်ဳပ္တို႔အကြၽမ္းက်င္ဆံုးပါဗ် "

ၿပံဳးၿပံဳးရႊင္ရႊင္ ေျပာလာတဲ့ အလုပ္သမားေကာင္ေလးေၾကာင့္ ဦးသက္ခိုင္ စိတ္ေမာေနရာမွ ထဆဲလိုက္ေသးသည္။

" ဒီေကာင္ေတြ စိတ္ပူလို႔ပူမွန္းမသိၾကဘူး။ "

အကုန္စီစဉ္ၿပီးေနာက္မွာ ဝုန္းဆိုတဲ့အသံႀကီးႏွင့္အတူ ၿပိဳက်သြားတဲ့ေျမလႊာေတြ။ ငစံုစိတ္ပူေနတာေၾကာင့္ ေျမၿပိဳတဲ့ဖက္ေျပးၾကၫ့္မိသည္။

" အဆင္ေျပတယ္ဆရာေရ။ စိတ္မပူနဲ႔ ။ "

အသံၾကားမွ စိုးရိမ္စိတ္က ေရႏွင့္ေမ်ာလိုက္သလို ရင္ဝမွာ ေအးခနဲေလ်ာက်သြားေတာ့သည္။
ေက်ာက္ေက်ာကို ခြဲလိုက္ႏိုင္တာမို႔ ေသခ်ာ ေအာင္ငစံု ေဘးက ပိုေနတဲ့ေျမေတြကို ျပန္တင္ခိုင္းသည္။
တြင္းဝက်ယ္က်ယ္ေအာက္မွာ အလုပ္သမားေတြ ေတာ္ေတာ္မ်ားသည္။
ဒီရက္ပိုင္း အလုပ္တြင္က်ယ္ေအာင္ ငွားထားတဲ့
ေျမေကာ္ကားကလည္း တစ္ရက္လုပ္အားခက ေပးရသည္မွာ မနည္းမေနာ။ ထိုေခတ္အခ်ိန္အခါအရ
ထိုကားမ်ိဳးက ဝယ္ဖို႔က လြယ္သည္မဟုတ္။
ကားေရာက္လာသည္ၾကားကတည္းကပိုင္ရွင္ထံ ေဈးႀကီးေပးကာ ငစံုက ငွားပစ္လိုက္တာ ဘာမွစဉ္းစားမေနပဲ ျဖစ္သည္။

ပိုက္ဆံကုန္ေတာ့ ဦးသက္ခိုင္‌တို႔ မ်က္ႏွာမေကာင္းၾကဘူးဆိုေပမဲ့ အလုပ္သည္ကားပိုတြင္က်ယ္တာေတာ့အမွန္ပင္။

ဆုပ္ထုတ္လိုက္တဲ့ ေျမစာေတြက ေဖြးခနဲ လြင့္ခနဲပင္ ။
ေတာင္ကမုျဖစ္သည္ထိ စုပံုလာတဲ့ ေျမက်စ္စာေတြက သူဝယ္ခဲ့တဲ့ ငွက္ေပ်ာခင္းဖက္မွာ အစုစုအပံုပံု။ ထိုေနရာကိုဝယ္ရတဲ့အေၾကာင္းျပခ်က္က ပိုေနတဲ့ စြန႔္ပစ္ေျမေတြကို ထိုေနရာမွာ သီးသန႔္ပံုခ်င္လို႔ျဖစ္သည္။

" အႏၲရာယ္ကင္းတယ္ ကိုစံု "

ခ်စ္ထြန္းအသံၾကားမွာ စိုးရိမ္ေနတဲ့စိတ္က အရွင္းေပ်ာက္ေတာ့သည္။

" ေအာက္ေက်ာမွာ ေရႊျပေနတယ္ ။ ကိုစံု လိုက္ၾကၫ့္မလား"

ေက်ာက္သားျပင္က အထူသားမဟုတ္။
သဲၾကမ္းေတြ စုၿပံဳထားသလို နည္းနည္းေျမက်စ္တာမို႔ ခြဲလိုက္ေတာ့လည္း အလြယ္တကူ ။
မလိုအပ္တဲ့ ေျမလႊာကိုဖယ္ကာ ေအာက္အသားကို ထပ္တူးကာ ေရႊဖမ္းဖို႔ ေမ်ာေပၚ တင္ကာ ေရႏွင့္ေမ်ာခ်ပစ္လိုက္၏။
ေအာက္ကို စီးဆင္းသြား တဲ့သဲႏွင့္ေျမလႊာတို႔သည္ ေရႏွင့္အတူ အဆင္သင့္လုပ္ထားေသာ ေျမကြက္မွာ သြားက်သည္။

ပထမဦးဆံုး အင္ဖက္ေပၚက ေရႊတို႔ကို
အလံုးစံု ငစံုသာ ပိုင္သည္။  ထိုေမ်ာကေန က်သြားေသာ ေရႏွင့္သဲစာတို႔ကိုေတာ့ ဦးသက္ခိုင္ ၊ ဘေမွာင္ ၊ ခ်စ္ထြန္းႏွင့္ အလုပ္သမားလုပ္အားခ ရွင္းေပးရမဲ့ တစ္စုဆိုၿပီး ေလးပံုခြဲကာ အသီးသီး ပိုင္သည္။
ျမင္သာေအာင္ ေျပာရရင္ ၊ ငစံုေမ်ာကေန က်သြားေသာ သဲစာတို႔ကို ေနာက္တဆင့္ ထပ္ေမ်ာခ်ရမွာျဖစ္ၿပီး အဲ့ဒီကရတဲ့ေရႊသာလ်ွင္ ဦးသက္ခိုင္တို႔ရမွာျဖစ္သည္။

"ဆရာ ေရႊအေတာ္ေလးပါတယ္"

ေရႊအင္းေတြမွာ သံုးတဲ့ ေမ်ာစင္ေတြသည္
ခပ္ေသးေသးမဟုတ္ေပ။
ေလးေထာင့္စင္ႏွင့္ က်က်နန လုပ္ထားတဲ့
စင္ႀကီးႀကီးေတျြဖစ္ကာ ခင္းရတဲ့ေကာေဇာဖက္သည္ပင္ တစ္ဆင့္ကို ဆယ္ခ်ပ္ထက္မနည္း ။
တစ္ဆင္ကို အဆင့္ႏွစ့္ဆင့္ပါၿပီး ေရႏွင့္အတူ ေလ်ာက်ေနသၫ့္ သဲလႊာတြင္ေရႊမႈန္တို႔ကဝင္းခနဲလက္ခနဲ။

တစ္ေနကုန္ ေရႊခ်ေနသၫ့္ေမ်ာစင္ေဘးမွာသာ လူေစာင့္ႏွင့္ရပ္ၾကၫ့္ေနရၿပီး  ငစံုတို႔ က်သၫ့္ ေမ်ာစာကိုပင္ ခ်စ္ထြန္းတို႔အုပ္စုကို ခ်က္ခ်င္း ျပန္ေမ်ာခ်ေစသည္။
ေကာေဇာခင္းရသည္မွာ ေရႏွင့္အတူ ပါလာတဲ့ေရႊမႈန္ေတြကို ကပ္ၫွိၿပီးေအာက္သို႔ ပါမသြားေစရန္ျဖစ္သည္။ သို႔ေသာ္ ေရအား ေၾကာင့္ အနည္းနဲ႔အမ်ားေတာ့  ေအာက္သို႔ ပါစၿမဲပင္။

ကုန္းေမ်ာဟုေခၚေသာ ေလးတိုင္စင္ႀကီး သံုးစင္တြင္ အၿပိဳင္အဆိုင္ေရႊေမ်ာေနၾကသည္မို႔ စက္သံလူသံမွာလည္း ဆူညံေနလ်က္။

ေရႊပါတာေၾကာင့္ ခင္းထားတဲ့ ေကာေဇာဖက္ေပၚမွာပင္ ဝင္းလက္ေနေအာင္ သိသိသာသာ ျမင္ေနရသည္။

ပံုမွန္ဆို ေျခာက္နာရီ တစ္ေမ်ာဟု သက္မွတ္ထားေပမဲ့
ငစံုကေတာ့ ေလးနာရီ တစ္ေမ်ာ ဟု သက္မွတ္ကာ
ေရႊက်င္ေနတာကို နာရီျပၫ့္ေတာ့ရပ္ပစ္ခဲ့သည္။
ထို႔ေနာက္ခင္းထားေသာ ေကာေဇာဖက္မ်ားအားခြာကာ အသစ္ျပန္ခင္းေစသည္။
ေကာေဇာဖက္မ်ားကိုခြာၿပီးေနာက္ပ်ဉ္ခ်ပ္ေပၚမွာ က်န္ခဲ့ေသာ ေရႊမႈန္တို႔ပင္ မနည္းမေနွာ ။
ထိုခ်ိန္မ်ိဳးဆိုခ်စ္ထြန္းက လည္သည္။
ေရဇလံု ကိုင္ကာ အဝတ္စုတ္ဖက္ျဖင့္ ကုတ္တြယ္တက္ကာ ပ်ဉ္ခ်ပ္ေပၚကာ ေရႊေရာေနေသာ သဲစာတို႔ကို သုတ္ယူသည္။ ေထာင့္ကပ္ေနတဲ့ ေနရာမွာရိွတဲ့သဲတို႔ပင္ ေရႊမႈန္မ်ားေတြ့ရသည္မို႔ ငစံုတစ္ေယာက္ေရႊာေက်ာေဖာက္မိၿပီဆိုတာ အထင္မွားစရာပင္မလိုေတာ့။

လူအင္အားအစံုအလင္ရိွေပမဲ့ စိတ္ခ်ရတဲ့သူတခ်ိဳ႕ခ်န္ကာ ေမ်ာခါခိုင္းသည္။
ေမ်ာခါသည္ဆိုတာကလည္း ေမ်ာစင္ေပၚက ခြာယူထားတဲ့ အင္ဖက္တို႔ကို အဖိတ္အစင္မရိွေအာင္
ေလးေထာင့္သဲကန္ထဲေရျဖၫ့္ကာ ေယာက္်ားအားျဖင့္ အဝတ္ခါ သလို အႀကိမ္ႀကိမ္ခါထုတ္ရတာျဖစ္သည္။

" ဆရာစံုေရ ေရႊကေတာ့ပါခ်က္ဗ်ာ "

ညစ္ႏြမ္းႏြမ္းေရေတြစိုေနေသာ ေမ်ာခါသူ၏ ပုဆိုးထပ္မွာပင္
ေရႊမႈန္ေတြက ကပ္ၫွိေနတာ သိသိသာသာပင္။  အဝါေရာင္ေရႊဖက္ေတြသည္ ေမ်ာကန္၏ အတြင္း၌ သဲျဖင့္ေရာကာ အဖက္အဖက္ေလးေတြက ထင္ရွားစြာ စပါးခြံေသးေသးအတိုင္းရိွေနတာအံ့ဩစရာပင္။

"ေအာင္ၿပီ ငစံုရ ။ ဒါေရႊေအာင္တာပဲကြ"ဆိုတဲ့
ကိုသက္ခိုင္ရဲ့အသံႀကီးကလည္းမၾကားခ်င္အဆံုး။
ေမာင္က်န္က်င္တဲ့ အင္ဝိုင္းထဲက ေရႊတို႔သည္ အလယ္မွာ အပံုလိုက္အခဲလိုက္။
သဲၾကမ္းတို႔ကို နည္းသထက္နည္းေအာင္ က်င္ထုတ္အၿပီးမွာ ႏုညံ့ေသာ နက္ျပာေရာင္သဲႏွင့္အတူ ေရႊတို႔သာ က်န္ခဲ့သည္။ ထိုေရႊကို ျပဒါးျဖင့္ ဖမ္းရမွာျဖစ္ၿပီး ေနာက္ဆံုးပိတ္ ျပဒါးကိုလက္ကိုင္ပါဝါျဖင့္ၫွစ္ထုတ္မွ ေရႊခဲက်န္မည္ျဖစ္သည္။

အားနဲ႔မာန္ႏွင့္ ေမာင္က်န္ ၫွစ္ထုတ္ေနသည္ကိုၾကၫ့္ၿပီး ငစံု တစ္ေယာက္အသက္ေတာင္မရႈႏိုင္‌ေပ။
ေနာက္ဆံုး ျပဒါးတစ္စပင္မက်န္မွ လက္ကိုင္ပုဝါကို ဖြင့္လိုက္ေတာ့ ျမင္ရတဲ့ ေငြမင္ေရာင္ေရႊလံုးက
ေလာက္စလံုးနီးနီးေလာက္ႀကီး၏။

" အနည္းဆံုး ေျခာက္က်ပ္သားဆရာစံု "

အနည္းဆံုးဆိုတဲ့ စကားအဆံုးမွာ ဦးသက္ခိုင္တစ္ေယာက္ဖင္ထိုင္ရက္ ေနာက္ျပန္က်ေတာ့သည္။ ဒါေတာင္ ေခါင္းေက်ာပဲ စေဖာက္ေသးတာ ျဖစ္သည္။ ေအာက္မွာ အနည္ထိုင္ေနတဲ့ေရႊေက်ာ ဆိုရင္ေရာ။

"ဘုရားေရ"ဟု တမိသြားသည္အထိ သူမွာ တအံ့တဩ တမ္းနည္း ဝမ္းသာႀကီးျဖစ္ေနသည္။
ေလးနာရီ တစ္ေမ်ာ ။  ေမ်ာစင္သံုးစင္ႏွင့္ ေရႊက်င္
ေနတဲ့ ငစံုမွာ ေနာက္ထပ္ လွၫ့္ဖို႔ ေမ်ာႏွစ္စင္စာက်န္ေသးသည္။ ေရႊေအာင္တယ္ဆိုတာ ဒါမ်ိဳးလား ဟုေတြးမိေတာ့ ဦးသက္ခိုင္မ်က္ရည္ပင္ က်သည္ထိ ဝမ္းသာမိသည္။ သူအင္းလုပ္လာတာႏွစ္ေတြရွည္ၿပီျဖစ္သည္။ ေရႊေအာင္ရံုဆိုတာ အႀကိမ္
ေရခပ္နည္းနည္းသာရိွသည္။ ဒါေတာင္ ေျခာက္နာရီ တစ္ေမ်ာမွာ တစ္က်ပ္ ငါးမူးေလာက္ အႏိုင္ႏိုင္။
အလုပ္သမားခ ဆီဖိုး၊ေရဖိုးႏႈတ္ မျဖစ္သေလာက္ က်န္တဲ့အျမတ္ႏွင့္ ယွဉ္ရင္ ငစံုကံက ဆီနဲ႔ေရ။

မျဖစ္ေသးဘူး။ အက်န္အႂကြင္းဆိုေပမဲ့ ငစံု ေမ်ာကေန က်တဲ့ ေျမစာႏွင့္ ေရတြင္ပင္ေရႊက ပါႏိုင္သည္မို႔
ခ်စ္ထြန္းတို႔ေမ်ာစာခ်ေနသၫ့္ေနရာကို အေျပးအလႊားေျပးသြားမိသည္ထိ ျပာယာခတ္သြား၏။

(နားလည္ရက္လားမသိဘူးေနာ္။ ေသခ်ာ အေသးစိတ္ေရးျပေပးေပမဲ့ မရင္းႏွီးတဲ့သူကေတာ့ ျမင္သာမယ္မထင္ဘူး ။ ကိုယ္လည္းေလ့လာထားသေလာက္ ေရးျပေပမဲ့အမွားပါမွာေတာ့ စိုးတယ္။ ေက်းဇူးျပဳျပီးခ်စ္တဲ့စိတ္နဲ႔ သိနားလည္တဲ့သူကလည္း ခြင့္လြတ္ေပးၾကပါေနာ္)

Bạn đang đọc truyện trên: ZingTruyen.Xyz