ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
7
ပူပြင်းတဲ့နေ ရောင်အောက်မှာ မြေစာပုံများနှင့် ချိုင့်ခွက်များစွာရှိတဲ့ လွင်ပြင်ကျယ်က မျက်စိတဆုံးရှိနေသည်။ ထိုအချိန် မနိမ့်၊မမြင့် မြေစာပုံတွေကြားရှိ ချိုင့်ခွက် ကြားတွင် မိုးကာ အစိမ်းရောင်ကို လေးဖက်လေးတန် တိုင်လုံးတို့ထောင်ကာ ဖြစ်သလိုတွဲချည်ထားကာ အရိပ်သဖွယ်ပြုလုပ်ထား၏။ ထိုအရိပ်အောက်တွင် လူတချို့သည် သက်ဆိုင်ရာ အလုပ်ကို တွင်ကျယ်အောင် အားစိုက်နေသည်မှာ ပူလောင်ရမှန်းမသိသည့်အတိုင်းပင်။ ထိုနေရာနှင့်မနီးမဝေးနေရာတွင် အိမ်သေးသေးတစ်လုံးရှိသည်။ ထိုအိမ်ရှေ့တွင် ငစုံနှင့် ချစ်ထွန်းသည် ထိုင်၍ ရွှေလှည့်ရာနေရာသို့ ငေးကြည့်နေကြသည်။
" ဒီတစ်ခါ ခွဲတမ်းအကြောင်းကို သေချာရှင်းပြစရာလိုသေးလား"
"ဟာ ..မလိုပါဘူး ကိုစုံရ "
ချစ်ထွန်းတစ်ယောက်က ကလေးသာသာပဲမို့
သူဘာလုပ်လုပ် အပြစ်သိပ်မမြင်တာမဆန်း။
သို့သော် လူတိုင်းကတော့ ထိုသို့မဟုတ်ပေ။
နားယောင်လွယ်တဲ့ အရွယ်မို့ဘေးစကားတွေ ချဲ့ကားလာမှာထက် ချစ်ထွန်းနားယောင်ကာ အထင်လွဲမှာ
သူစိုးသည်။
" ဘယ်လောက်ရသလဲ ၊ ဘာလို့မပေးတာလဲဆိုတာ ထက် ငွေကြောင့် မင်းလမ်းမှားရောက်သွားမှာစိုးလို့
ငါမင်းကိုဘာမှမပြောတာ။ တကယ်တမ်းကျ မင်းက ငါ့တပည့်မဟုတ်ဘူးချစ်ထွန်း ။ ငါ့ညီတစ်ယောက်ပါ။ ငါသက်မှတ်ထားသလို ငါ့စိတ်ကလည်း ဘယ်သောအခါမှမပြောင်းလဲသွားဘူး။ မင်းလည်းအတူတူပဲ မင်းဘေးမှာခုဆို မြောက်ထိုးပင့်ကော်လုပ်မဲ့သူတွေရှိလာပြီ။ဘယ်သူနဲ့ ဘာလုပ်တယ်ဆိုတာ ငါသေချာလိုက်ကြည့်နေနိုင်တာမဟုတ်ဘူး"
ချစ်ထွန်းအားထိန်းကြောင်းပဲ့ပြင်တဲ့စကားတွေက
ရင်ထဲကလာတဲ့စကားတွေသာ။
ခါတိုင်းလိုသေးသေးကွေးကွေးမဟုတ်တော့တဲ့ချစ်ထွန်းက ၁၂နှစ်ကျော်၁၃နှစ်ထဲဝင်လာပြီဆိုတော့
အရပ်ကလေးကထွက်လာပြီဖြစ်သလို လူကလည်းပြည့်တင်းလာ၏။
" ကျုပ်သိပါတယ်ဗျ။ ဒါနဲ့ ကျုပ်အမရော
အဆင်ပြေရဲ့လား။ ဒီတစ်ခါ ရွာပြန်ရင် ကျုပ်ရော လိုက်ချင်တယ်ဗျာ "
" မင်းကိုပြောပြီးပြီလေ။ မင်းအမလည်း အဆင်ပြေတယ်။ မင်း လုပ်ရမဲ့အလုပ်က ဒီမှော်မှာ ငွေစုမိအောင်ကြိုးစားဖို့ တစ်လုပ်ပဲ။ မင်းကို ခွဲတမ်းချပေးတဲ့အလုပ်က မျောစာဝယ်ဖို့တစ်လုပ်ထဲရှိတာ။
ဘယ်အင်းမှာ ၊မျောစာဝယ်ရင်မြတ်မလဲဆိုတာသာ နားစွင့်နေပါ။ ဒီတစ်ခါ အချီကြီးရပြီးရင် မင်းတို့ အပြင်မှာ မျောစာဝယ်တဲ့အလုပ်ကို နားလိုက်တော့။
ခု ငါတို့ဖောက်မဲ့ အင်းမှာ မင်းတို့ မျောစာ ပြန်ချရင်တောင်မှ ချမ်းသာလိမ့်မယ်။ ခုငါပြောတဲ့စကားတွေကို ဘမှောင်တောင်မှပြန်မပြောနဲ့နော်ချစ်ထွန်း။
လူဆိုတဲ့အမျိုးက အကုန်ကောက်ကျစ်ကြတယ်။ စကားပုံတောင်ရှိသေးတယ်။ ကိုယ်ကလွဲရင် ကိုယ်ဒူးတောင်မယုံနဲ့တဲ့။ ခုမင်းရယ်ငါရယ်ကလွဲရင် ဘယ်သူ့မှယုံစားစရာ ၊မလိုဘူး"
ငစုံစကားအရှည်ကြီးပြောပြီးမောသည့်နှယ်
ခဏနား၏။ အပြင်မှာ အလုပ်သမားတွေ အများကြီးမဟုတ်တောင်မှ ရှိသင့်သလောက်ရှိနေသည်။
သူ စကားပြန်ဆက်ရန် ခုထိ သူ့စကားကိုနားမလည်သေးတဲ့ ချစ်ထွန်းဖက်ကို လှည့်ကြည့်သည်။
" ဒီတောင်မှော်အင်းက အလွန်ဆုံးခံလှ ငါးနှစ်ပဲ။
ဒီနှစ်တွေအတွင်း မင်းလုံလောက်အောင်ကြိုစားသင့်တယ်ချစ်ထွန်း"
" တကယ်ကြီး ငါးနှစ်ထဲလား ။ ကိုစုံဘယ်လိုသိလဲ"
" မေးခွန်းတွေ အများကြီးမမေးနဲ့။ ငါပြောတာကိုသာ ခေါင်းထဲထည့်ထား။ လာမဲ့ အိတ်ပိတ်လေလံ မှာ မြေကွက် ငါးကွက်လေလံပစ်လိမ့်မယ် ။ ငါလိုချင်တဲ့ မြေကွက်က တစ်ကွက်ထဲဆိုပေမဲ့ ဝယ်ရင် နှစ်ကွက်ဖြစ်ဖြစ်ဝယ်ဖြစ်လိမ့်မယ်။ ဒီကြားထဲစုမိမှဖြစ်မယ်။ သွား.. သွား။ အလုပ်သွားလုပ်ချေ။ ဝါဝါမြင်တိုင်း ရွှေအစစ်ပဲတန်ဖိုးရှိတယ်မထင်နဲ့။ အဖြူရောင်
အမှုန်တွေကလည်းတန်ဖိုးရှိတယ်။ သေချာ ပုံးနဲ့ခံပြီးယူခဲ့"
ချစ်ထွန်းတစ်ယောက် ပြာယာပြာယာ ပြေးသွားမှ
ငစုံ ရွှေဖမ်းနေတဲ့နေရာမှ ထွက်ခဲ့လိုက်သည်။ထို့နောက်ကိုသက်ခိုင်ကိုခေါ်ကာ သူတို့ ခုပစ်မဲ့
အကွက်ရိုက်ထားတဲ့မြေကွက်တွေဆီ သွားကြည့်ကြသည်။
မြေကွက်ဆိုသည့်အတိုင်းသာမန်သာဖြစ်သည်။
အပင်တချို့ပေါက်နေတဲ့မြေလွှာသည် အောက်မှာရွှေရှိသည်၊မရှိသည်က မမြင်ရတာမို့
ကံနှင့်စပ်ကာ ဝယ်ကြရမှာပင်။
" ကိုသက်ခိုင် ။ ခုတလော ရှောင်ပိတို့ သဘောကျနေတဲ့မြေကွက်က ဘယ်ဟာများလဲ "
၁/၂/၃/၄ဟု နံပါတ်တပ်ထားသော မြေကွက်များက ညီညီညာညာခြံခတ်ထားလျက်သာ။ ၅ ဟုထိုးထားတဲ့ နေရာသည် အနောက်ဖက်သို့အနည်းငယ်ရောက်ကာ ငှက်ပျောပင်စိုက်ခင်းနှင့်အနည်းငယ်ဆက်လျက်ရှိချေသည်။ သို့သော် မနှစ်က ရွှေပါသညဟု နာမည်ကြီးခဲ့သော နေရာသည် ယခု ဒေါ်တင်ကြီး၏နံပါတ်၁ မြေကွက်နေရာနှင့် သိပ်မဝေးသည်မို့
လူတိုင်း ထို( ၁)နေရာ မြေကွက်ကိုသာ စိတ်ဝင်စားနေကြသည်။ ကိုသက်ခိုင် မြေကွက်တွေရှေ့ ရပ်ကာ
နံပါတ်(၁)ခြံကို လက်ညိုးထိုးပြ၏
"ဒီအကွက်ပဲ။ ရှေ့ဖက်က ခြံက ပြီးခဲ့တဲ့နှစ်က ရွှေအောင်ခဲ့တာဆိုတော့ ရှောင်ပိအပါအဝင် လူတိုင်း စိတ်ဝင်စားနေကြတာ။ ဈေးလည်းသေချာပေါက်ပိုပေးကြလိမ့်မယ်"
ငစုံသည် ပတ်ဝန်းကျင်ကို လေ့လာကာ မည်သည့်စကားမှအပိုမဆိုတော့ပေ။
နောက်ဆုံးနံပါတ်(၅)နေရာမြေကွက်ရှေ့ရောက်မှသာ ခြေစုံရပ်ကာ
" ဒီငှက်ပျောတောကိုဝယ်ရင်ဘယ်ဈေးရှိမလဲ "
အနည်းငယ်စိုစွတ်တဲ့မြေဆီလွှာပေါ်မှာ ငှက်ပျောရွက်တွေစိမ်းစိုနေကာ အသီးများလည်းသီးနေလျက်။
တစ်ဧကနီးပါးလောက်ကျယ်တဲ့ မြေလွှာပေါ်တွင်ရှိသော ငှက်ပျောပင်ပေါင်းရာနဲ့ချီလျက်ရှိ၏။
" ဒီနေရာမှာ ရွှေမပါဘူး "
" ခင်ဗျား ဘယ်လိုသိလဲ "
" သိတာပေါ့ကွ။ တောင်မှော်အင်းမှာ ငါနေခဲ့တာ ငါးနှစ်မကတော့ဘူး။ ခုလို စည်ကားမလာခင်ကလူတိုင်း ပေါက်ပြားနဲ့ဂေါ်တစ်ချောင်းကိုင်ပြီး အသေးစားရွှေရှာကြတဲ့သူတွေကြီးပဲ ။ ဘယ်နေရာနေနေ ရွှေမပါ သလား၊ပါသလား သူနေရာနဲ့သူ သတင်းစကားက အရင် သင်းနေပြီသား။ "
"ဟွန်း.. ခင်ဗျား အရင်တုန်းကလည်း အဲ့လိုပြောခဲ့တာပဲနေမှာ။ အချိန်တန် တောက်တခေါက်ခေါက်ဖြစ်မှာ မြင်ယောင်သေးတယ်"
"ဟိတ် ကောင် မင်းဘာစကားပြောတာလဲ ၊ကျယ်ကျယ် ပြောစမ်း"
ဟွန်းခနဲရယ်လိုက်သံကိုသာ ကြားလိုက်ရပြီး
ကိုယ်လုံးကိုလှည့်လိုက်တာမို့ ကျောပြင်ကျယ်ကိုသာ မြင်လိုက်ရသည်။ ဘာစကားမှန်းရေရေရာရာ မကြားပေမဲ့ သူ့ကိုလှောင်လိုက်မှန်းတော့ ဦးသက်ခိုင် နားလည်လိုက်သည် ။
မျက်ထောင့်နီနီ စူပုတ်ပုတ်ဖြင့် ဦးသက်ခိုင် ငစုံနောက်ကနေတကောက်ကောက်လိုက်ပြီး မေးသော်ငြား
ငစုံတစ်ယောက် ရယ်ကျဲကျဲလုပ်နေသည်ကလွဲ ဘာမေးမေးမဖြေတော့။
__________
1993 ကဆုန်လပြည့်ကျော် ၁ရက်နေ့
"ဒီက ထိုင်နေတဲ့ သူကတော့ တောင်မှော်ရွာရဲ့ ဥက္ကဌ
ဦးအောင်ဇော်၊ ဒါကတော့ ရာအိမ်မှူး ဦးဆန်းကျော် ။
ဒီဖက်က တော့ မိတ်ဆက် ပေးစရာတော့ မလိုလောက်ပါဘူး။ အထက်တန်းရှေ့နေကြီး ဦးမျိုးယုကိုတော့ အားလုံးသိကြမယ်လို့ ထင်ပါတယ်။
ဒါကတော့ ကျမ အမျိုးသား ဦးတင်သိန်းပါ "
ဒေါ်တင်ကြီး မိတ်ဆက်ပေးအပြီး လုပ်ထုံးလုပ်နည်းအတိုင်း စာချုပ်စာတန်းနှင့် သူ့မြေကွက်တွေအားတရားဝင် လုပ်ပိုင်ခွင့် ဖြင့်ရောင်းချပေးမှာဖြစ်သည်။
အစက ပြောထားတဲ့အတိုင်း အိမ်ကနေ ချရေးလာတဲ့ ဈေးနှုန်းတွေအား ဒီနေ့အိတ်ဖွင့်ပြီး အများရှေ့မှာ ဖောက်ပြပေးမှာဖြစ်၏။ လေလံဆိုပေသည့် လူနည်းစုသာ ဒေါတင်ကြီး၏ အိမ်မှာ ခေါ်၍ အစည်းဝေးသဖွယ် လူစုကာ ရောင်းချပေးမည်သာ။
" ခု ရှည်ရှည် ဝေးဝေးတွေ ပြောမနေတော့ပါဘူး။ အိမ်ကနေ ရေးလာခဲ့ပြီးသား ဈေးနှုန်း တွေကို ကျွန်မတို့ အများသိဖောက်ချပေးမှာပါ ။ အဲ့အထဲကနေ တစ်ကျပ်၊တစ်ပြားသာသာ ၊သာတဲ့သူကို ဈေးပိုပေးနိုင်တဲ့သူအဖြစ်သက်မှတ်ပြီး ရောင်းချမဲ့မြေကွက်ကိုပေးမှာဖြစ်ပါတယ်။ ခု နံပါတ်(၄)နေရာအတွက် ဈေးနှုန်းလေး ဖွင့်ပေးမှာပါ ။ မြေနေရာ ရရှိတဲ့သူအတွက် အငြင်းပွားဖွယ်မရှိအောင် ရှေ့နေကြီးက ချက်ချင်းစာချုပ်ချုပ်ဆိုပေးမှာဖြစ်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာရှိပါက ခုဒီမှာရှိနေတဲ့ လူကြီးများရဲ့ ဆုံးဖြတ်ချက်ကသာ အမှန်ဖြစ်ပါတယ်။ စာအိတ်မဖွင့်ခင် မေးစရာရှိတာမေးမြန်းနိုင်ပါတယ်"
ဒေါ်တင်ကြီးသည် လူကိုယ်တိုင်ခေတ်မမှီပေမဲ့
နိုင်ငံခြားမှာ နေတဲ့ သားဖြစ်သူကြောင့် အတော်အသင့် လုပ်ထုံးလုပ်နည်းကို သိသည်။
ရှေ့နေကြီးသည် မြေနေရာ စည်းကမ်းချက်များအပြင် တရားဥပဒေ ဆိုင်ရာ တချို့ကိုပါ သိအောင်
ပြောပြပေးခဲ့သည်။ ခုစကားဝိုင်းသည် ပွဲကြီးလေလံ သဘောမဟုတ်သော်ငြား ခုအရပ်ဒေသ စကားအရတော့ ဒေါ်တင်ကြီးကသာ ဦးစွာကျင်းပခြင်းဖြစ်သည်မို့ အနည်းငယ်တော့ကြောင်တောင်တောင်နိုင်ပေသည်။
ပထမဦးစွာ နံပါတ်လေး မြေကွက်အတွက်
အိတ်အစောင်ရေ ၇စောင် ရရှိပြီး အများဆုံးဈေးပေးပမာနကို တောင်မှော်အင်းရွာ နယ်ခံတစ်ယောက်မှ ပေးချေခဲ့သည်။ ထို့နောက်နံပတ် ၃ မြေကွက်အတွက်
အင်းဖောက်နေကြ သူတစ်ဦးမှရရှိခဲ့ပြီး ရှောင်ပိကတော့ ၁/၂မြေကွက်အား မမျှော်မှန်းထားတဲ့ အများဆုံးဈေးပမာနဖြင့် တစ်ဆက်ထဲ ရရှိခဲ့သည်။
နောက်ဆုံးပိတ် မြေကွက် ၄ သည် သိပ်စိတ်ဝင်စားမူ့မရှိကြရာ အပျော်သဘောဖြင့်သာ ပါဝင်ကြတော့သည်။ ထိုအထဲ၌ သူဌေးကြီးရှောင်ပိသည်ပင် လေးနေရာ မြေကွက်အား ဒီတိုင်း အပျော် ဈေးပေးတဲ့သဘောအနေနဲ့သာ ပေးခဲ့သည်။
ထိုငွေပမာနသည် အလွန်နည်းပေရာ ဈေးသိတဲ့
ငစုံပင် ခပ်ပြုံးပြုံးဖြစ်ရသေးသည်။
ပေးဈေး သုံးသိန်းသည် ရှောင်ပိပေးနိုင်တဲ့ငွေအများဆုံးဖြစ်သည်။ ငစုံသည် ထိုငွေထက် ငွေကျပ်ငါးဆယ်သာ ပိုပေးခဲ့ရာ လေးနေရာမြေကွက်အား အလွယ်တကူပင် ရရှိခဲ့လေသည်။ အမှန်တော့
ငစုံပေးချေခဲ့သော မြေနေရာသည် အမှန်တကယ် တောင်မှော်အင်းမှာ သမိုင်းဝင်ရွေအောင်ခဲ့တဲ့နေရာဖြစ်မည်ပင်။ အတိတ်ဘဝတွင်ရှောင်ပိသည်
ထိုနေရာအားမုန့်ဖိုးသာသာဖြင့်သာ ရရှိခဲ့ပြီး ရွှေအောင်ခဲ့ရာ လူအကုန်လုံး တအံ့တဩ ဖြစ်သွားကြရသည်။ ထိုဘဝတွင် ဦးသက်ခိုင်ကတော့ နံပါတ် ၂မြေနေရာဖြင့်သာ မဆိုးရုံသာရွှေပါခဲ့ကြလေသည်။
ယခုမူ မတူတော့ချေ။
ငစုံထိုမြေအားဝယ်ယူလိုက်သော်ငြား အကုန်လုံး
လှောင်ရယ်သလိုပုံစံမျိုးဖြင့် နှုတ်ဆက်သွားကြသည်။
ထိုနေရာတွင်ရှောင်ပိက အဆိုးဆုံးပင်။
ထိုမြေစပ်တွင် အရင်ရှောင်ပိ အင်းဖောက်ဖူးသည်မို့ အသိဆုံးသာဖြစ်သည်။ အရင်က တပည့်ကျော်၏
နားထိုးမူ့ဖြင့် ငစုံကို အထင်ကြီးပြီး မုန်းခဲ့သော်ငြား
ယခုမူ ငယ်သူက ငယ်သူသာဖြစ်သည်မို့ စိတ်လျော့
ကာ သနားသဖွယ်လှောင်ရယ်ရုံသာ တက်နိုင်တော့သည်။
" ကံကောင်းပါစေကွာ "
မြေကွက်စာချုပ်အားကိုင်၍ ငစုံ ခေါင်းညိတ်ပြလိုက်သည်။
" ကျေးဇူးပါပဲဗျာ။ ခင်ဗျားလည်းကံကောင်းပါစေ"
လှောင်ရိပ်သန်းသော နှုတ်ခမ်းတွေသည်
ငစုံထံပါး၌ ပြန်တွေ့လိုက်ရသောအခါ ရှောင်ပိတစ်ယောက် စိတ်ထဲ သဘောမတွေ့သလိုဖြစ်သွား၏။
သို့သော် ဘေးကနေ ရယ်ကျဲကျဲလုပ်နေတဲ့ သက်ခိုင်ဆိုတဲ့ကောင်ကြောင့် ထပ်ပြောမနေပဲ လှည့်ထွက်သွားလိုက်၏။ မထွက်လို့လည်းမရ ၊ ဘေးမလှမ်းမကမ်းမှာ ဘမှောင်ဆိုတဲ့ ငနဲသားက မျက်ထောင့်နီနဲ့ လှမ်းကြည့်နေလေသည်။
___________
၁၉၉၃ နတော်လဆုတ် လေးရက် ။
မိုးလေလွတ်ချိန်မို့ အင်း စဖောက်ကျဖို့ လေလံအောင်သမား တွေစတင် ပြင်ဆင်နေကြလေပြီ။
အင်းဟောင်းတွေ လက်စသတ် ပြီး အသစ်ပြန်ဖောက်တော့မှာမို့ စွန့်ပစ်မျောစာတွေပါမကျန် ချစ်ထွန်းနဲ့မိုးမှောင် သိမ်းကြုံးဝယ်နေရသည်။
ဒီရက်ပိုင်း သူတို့ အလုပ်များနေသည်မှာ နောက်နှစ်
အထိလက်စ သတ်နိုင်ဖို့မသေချာ။
သူများတွေ စတင်ပြင်ဆင်တော့မှာမို့ အလှုပ်ရှုပ်နေကြချိန်တွင် ငစုံတစ်ယောက်သာ ခပ်အေးအေးနှင့်ရှိချေသည်။
ဝယ်ထားတဲ့မြေကွက်အား ဒီတိုင်း ထားသည်မဟုတ်ပဲ ခြံခတ်ထားတာများ ကျကျနန ။
ငစုံလုပ်ရပ်က အများအမြင်မှာ ဟားချင်သလိုလိုတောင်ဖြစ်နေတာမို့ ဦးသက်ခိုင် တစ်ယောက် ဒီရက်ပိုင်းမျက်နှာမကောင်းချေ။
" ခင်ဗျား စိတ်တိုင်းမကျရင် ဒီမြေကွက်ထဲမှာ အစုစားပါစရာမလိုဘူး။ "
အမှန်တော့ မျောစာဝယ်တဲ့အထဲမှာ ဘမှောင်နှင့် ချစ်ထွန်းအပြင် ဦးသက်ခိုင်ကိုပါ ငစုံက တစ်စုစာပေးသည်။ ငစုံက ငါးပုံနှစ်ပုံရသည်မို့ မကျေနပ်တဲ့သူက မရှိပေ။ အခု ရွှေအင်းဖောက်ဖို့ကျ ချစ်ထွန်းနဲ့ဘမှောင်အတွက်ဝေစုခွဲမပေး။ ဒါ လောဘကြီးလို့မဟုတ်။ လူဆိုတာ "ဒူးနေရာဒူး ၊တော်နေရာတော် "
သေချာသက်မှတ်မှ အရောင့်မတက်မှာဖြစ်ကြောင်းဘဝပေးသင်ခန်းစာအရ ငစုံတစ်ယောက် သိထားသောကြောင့်ပင်။ သူ၏ ပြတ်သားသော စကားအောက်တွင်ချစ်ထွန်းမပြောနဲ့ ဘမှောင်တောင်
သူ့လုပ်ကွက် ကို မော်မကြည့်ရဲပေ။
ဒါဆို ကိုသက်ခိုင်ကို ဘာကြောင့် အစုစားပေးသလဲ။
ဒါတော့ ရှင်းသည်။ သူက ကျေးဇူးကန်းတဲ့သူမဟုတ်တာကြောင့် ဖြစ်သည်။ အတိတ်ဘဝကသာ
ကိုသက်ခိုင်လိုလူနဲ့မတွေ့ အလှည့်အပြောင်းဆိုတဲ့ ဘဝသင်္ခါရ သဘောကို သူကျော်နိုင်မည်မဟုတ်။
သူ့စကားကြောင့် ကိုသက်ခိုင်မျက်နှာပျက်သွား၏။
"မဟုတ်တာ ငစုံရာ။ ငါက ဘဝပျက်ပြီးသားအကောင်ပါကွ။ မင်းသာ ငါ့ဆီရောက်လာမရင် ငါဆိုတာ တောင်မှော်အင်းမှာ ခြေချလို့ရမှာတောင်မဟုတ်ဘူး "
"ဒါဆို ခု ကျုပ်လုပ်ရပ်တွေအတွက် စိတ်ထဲမကျေနပ်နေတာများရှိသေးလား "
ငစုံ က အနေတည်တည် နေတက်တဲ့အတွက် တကယ်စကားလက်စုံကျရင် ဦးသက်ခိုင်တစ်ယောက် ယှဉ်မပြောရဲပေ။
" မရှိပါဘူး "
ငစုံကျေနပ်သလိုခေါင်းညိတ်သည်။
"ဝယ်ထားတဲ့ မြေကွက်အတွက်စိတ်ချပါ။ ကျုပ်အတွေး ၊ကျုပ်အစီအစဉ်က သက်သက်ရှိပြီးသားမို့
ခုလက်တလော ဒီတိုင်းပိတ်ထားဖြစ်တာပါ။ နောက်လာမဲ့ နှစ်ထိ ပိတ်ထားအုံးမှာဆိုတော့ ဒီတလော မြေကွက်တွေအတွက် စိတ်ထဲမတင်မကျဖြစ်မနေနဲ့။ "
"ဒါပေမဲ့ ဒီတောင်မှော်အင်းလေလံတွေက တရားဝင်မဟုတ်ဘူးငစုံ။ အချိန်ဆွဲနေလို့ အထက်က လုပ်ပိုင်ခွင့်ပိတ်သွားရင် ငါတို့ ဒုက္ခရောက်လိမ့်မယ် "
ငစုံခပ်အေးအေးပြုံးကာ ကိုသက်ခိုင်ကို ကြည့်သည်။
" စိတ်ချပါ ။ ဒီလုပ်ကွက်က အနည်းငယ် လှုပ်ခတ်တာကလွဲပြီး အင်းပိတ်ရလောက်အောင်ထိ မဖြစ်ပါဘူး။ ပိတ်ခြင်းပိတ် လာမဲ့ ၁၉၉၈ခုနှစ်လောက်ဆိုရင်တော့မသိဘူး "
ရှည်လျားလာတဲ့ ငစုံအရပ်သည် ဦးသက်ခိုင်၏ ပခုံးဘေး အကျော်မှာ မားမားမတ်မတ်ရှိနေလျက်။
ထူးခြားနက်မှောင်သော မျက်ခုံးတို့သည် တိကျ ပြတ်သားသော သဘောကိုဆောင်ကာ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းများက ဘာပြောပြော အမှန်ကိုသာ ပြောတက်ကြောင်း သိသာနေသည်။
ဦးသက်ခိုင် ဆက်မပြောတော့ပဲ ငစုံနည်းတူ ရှေ့တည့်တည့်ကိုသာ ကြည့်နေမိသည်။ မျက်စိရှေ့တွင်
ထူထဲသောတောင်ပူစာ များက နေရာအနှံ့အပြား။
ထိုအချိန်တွင် တောင်းတစ်လုံးအား ခါးစောင်းတင်ကာ တရွေ့ရွေ့လာတဲ့ အရိပ်ကလေး တစ်ခု။
" ကြည်ပြာ "
ဦးသက်ခိုင်နှုတ်က တီးတိုးထွက်လာပြီး နောက်
လူကထိုအရိပ်ထံပါး ဆတ်ခနဲ ပြေးထွက်သွား၏။
ငစုံ နှုတ်ခမ်းတို့ပြုံးခနဲ။
ဦးသက်ခိုင်က လူပျိုကြီးဖြစ်သည်။
အသက်၃၆နှစ်ရှိပြီဖြစ်ပြီး အတိတ်ဘဝတွင် အင်းရှုံးကာ အိမ်ပြန်ရာ ငယ်ကျွမ်းဆွေဖြစ်သော ထားမေဆိုတဲ့မိန်းကလေးနဲ့ ပြန်ဆုံခဲ့သည်။ အမှန်တော့ ထားမေမှာ ရည်းစားသက်သက်ရှိသေးသည်။ တောင်မှော်အင်းမှာ ကုန်းမျော လုပ်နေသော ကိုသက်ခိုင်အား
ရွှေသူဌေးဖြစ်နေသည်ဟုထင်၍ အပိုင်ချိုင်ရာ
မွဲပြီးပြန်လာမှန်းကို အချိန်တန်မှသိ၍ အိမ်တွင်းရေးအတော်လေးအဆင်မပြေဖြစ်ခဲ့ရသည်။
အမှန်တော့ ရွှေမအောင်လည်း ကိုသက်ခိုင်က
လယ်ပိုင်မြေပိုင်တွေ သူနယ်မှာ အတော်လေးရှိပါသေးသည်။ ထားမေက လောဘကြီးသလောက်
စိတ်ထားကလည်းသေးသိမ်သည်။ နောက်တစ်ခေါက်
အင်းပြန်ဖောက်ဖို့ သူ့ရှိတဲ့ လယ်မြေတချို့ကို ရောင်းခဲ့တဲ့အချိန်ထိ
ထားမေနှင့်ကား စကားဟဟ မပြောတော့ပေ။ သားတစ်ယောက်မွေးသည်ဟု ကြားရပြီးနောက်တွင်
အင်းမှ တချို့တဝက်ရ သည်ကို အိမ်ကို အပါသယ်ကာ ကောင်းေရာင်းကောင်းဝယ်သာ လုပ်ကိုင်စားဖို့ကြိုးစားခဲ့သည်။ အိမ်ထောင်သက် ၁၀တွင် သူ့မိန်းမ လင်ငယ်နေတာကို မိပြီး ကွဲကွာခဲ့ရ၏။ သူ့သား ၁၈နှစ်အတွင် အဖေကို အငြိုးထားကာ ဆေးခြောက်အိမ်ထဲထည့်၍ အကွက်ချထောင်ချလိုက်သည်။ အမှန်တော့ သေသည်ထိ
ကိုသက်ခိုင်တစ်ယောက် သူလှည်းကြိုးထမ်းနေမှန်းတောင်မသိရှာခဲ့ပေ။
ထို့ကြောင့် အခု ကြည်ပြာဆိုသော မောင်ကျန်၏ အမဖြစ်သူ မိန်းကလေးအား ဉီးသက်ခိုင်နှင့် သဘောတူပေသည်။ အင်းရှုံးကာ သူ့ရွာကို မပြန်တော့
ထားမေနှင့်လည်းမတွေ့တော့။ ခုကံကြမ္မာအလှည့်အပြောင်းကြောင့် သူ့မောင်ဆီထမင်းလာလာပို့တက်သော ကြည်ပြာနှင့်ဆုံစည်းရ၏။
ကောင်းသည့်အလှည့်အပြောင်းမို့ ငစုံတစ်ယောက် အကျေနပ်ကြီးကျေနပ်ခဲ့လျက်။
___________
ညနေအချိန်ကား လေးနာရီဆယ်မိနစ် ရှိပြီဖြစ်သည်။
အရိပ်ကောင်းမွန်သော ခြံဝိုင်းအတွင်းတွင် စာကျက်သူက ကျက် ၊ စကားပြောသူပြောဖြင့် ကလေးများနေရာအနှံ့တွင်ရှိ၏။ ထိုအချိန်တွင် ခြံထောင့်တမာရိပ်တွင် စာကျက်နေသော ညချမ်းအေးအားလှမ်းခေါ်သံထွက်ပေါ်လာ၏။
" ညချမ်းအေး ရေ.. သား အိမ်က ပါဆယ် လာတယ်"
စာကျက်နေရာ ထပြေးလာမိတာ ဝမ်းသာအားရပင်။
လေးလ တစ်ကြိမ် လာတက်သော ထိုသို့သော ပုံးကလေးများမှာ အလွတ်ရသည်နှယ် ညချမ်းအေး၏ စိတ်အာရုံကို ကပ်ညိတွယ်လျက်။
" ဒီတစ်ခါ ဘာလေးတွေများပါလိမ့်"
ရှစ်တန်းကျောင်းသားကြီးတောင်မှ ဖြစ်နေပြီဖြစ်တဲ့
ညချမ်းအေးသည် ဝါညက်သော အသားအရည်ပေါ်တွင် မွှေးညင်းနုနုများစီလျက် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်အလွန်ချစ်စရာကောင်းလှပေသည်။ ယခုလည်း အဆောင်ရှေ့ဧည့်ခန်းပေါ်တွင် တင်ပျဉ်ခွေထိုင်လျက်အဝါရောင် ဂျပ်ဖာဘူးအားစူးစမ်းနေ၏။
ညနေအချိန် အနားယူချိန်ဖြစ်တာကြောင့် အဆောင်နေကျောင်းသူကျောင်းသားတချို့မှာ ညချမ်းအေးနည်းတူ အနားကပ်ကာ စိတ်ဝင်တစားကြည့်ရှု့နေကြ၏။ ပုံးထဲတွင် စာအုပ်၊ခံတံ၊ဘောပင်အပါအဝင်
အဝတ်အထည်လေးငါးစုံမျှလည်းပါသေးသည်။
" ဝိုး... ဒါလေးက လက်ပတ်နာရီလေး မဟုတ်ဘူး။
ခုနာမည်ကြီးနေတဲ့ တဆိပ်ထဲကပဲဟ။ အရမ်းဈေးကြီးတယ်"
ပိုက်ဆံနည်းနည်းရှိတဲ့ကျောင်းသားတစ်ယောက်ကြောင့် ဘူးထဲရှိ အညိုရောင် သားရေပတ်နာရီအဝိုင်းလေးအားမထိရဲထိထုတ်ကြည့်မိ၏။
အရမ်းလှသောနာရီလေးသည် ညချမ်းအေး၏ အဝါညက်ညက်အသားရေ ပေါ်တွင်ထင်းခနဲ ပေါ်လွင်နေပေသည်။
သဘောတကျ ညချမ်းအေးပြုံးမိသွားချိန်တွင် နှုတ်ခမ်း၏ ညာ ထောင့်အောက်ဖက်နားတွင် ခပ်သေးသေး အချိုင့်ရာလေးတစ်ဖက်က နက်နက်နဲနဲပေါ်ပေါက်လာ၏။ ဤအရာသည် ပါးချိုင့် တစ်ခုမဟုတ်ပေ။ သို့သော် ရယ်လိုက်မှပေါ်လာတက်တဲ့နေရာတစ်ခုမို့ ညချမ်းအေး၏ ချစ်စရာမျက်နှာထပ်မှာ ပနံသင့်လျက်ရှိချေ၏။
ခုဆို ညချမ်းအေးတွင် အရောင်စုံ အင်္ကျီလေးများအပြင် သူ၏ အမှတ်စာရင်းထွက်ရှိတိုင်း အသိမှတ်ပြုသလို ရောက်ရှိလာတက်သော လက်ဆောင်လေးများမှာ မကြာခဏပင်။ ကျောင်းပိတ်တိုင်း စိတ်ညစ်စရာ အိမ်အားပြန်စရာမလိုသလိုပဲ နွေရာသီ၌ စခန်းသွင်းလေ့ကျင့်ပေးသော ဘာသာရပ် သင်တန်းတချို့နှင့် ရေကူး၊ကြက်တောင် ဟူသော အားကစား
သင်တန်းများကြောင့် သူ့မှာအလွန်ပျော်ရွင်နေရပေသည်။
ပူျပင္းတဲ့ေန ေရာင္ေအာက္မွာ ေျမစာပံုမ်ားႏွင့္ ခ်ိဳင့္ခြက္မ်ားစြာရိွတဲ့ လြင္ျပင္က်ယ္က မ်က္စိတဆံုးရိွေနသည္။ ထိုအခ်ိန္ မနိမ့္၊မျမင့္ ေျမစာပံုေတြၾကားရိွ ခ်ိဳင့္ခြက္ ၾကားတြင္ မိုးကာ အစိမ္းေရာင္ကို ေလးဖက္ေလးတန္ တိုင္လံုးတို႔ေထာင္ကာ ျဖစ္သလိုတြဲခ်ည္ထားကာ အရိပ္သဖြယ္ျပဳလုပ္ထား၏။ ထိုအရိပ္ေအာက္တြင္ လူတခ်ိဳ႕သည္ သက္ဆိုင္ရာ အလုပ္ကို တြင္က်ယ္ေအာင္ အားစိုက္ေနသည္မွာ ပူေလာင္ရမွန္းမသိသၫ့္အတိုင္းပင္။ ထိုေနရာႏွင့္မနီးမေဝးေနရာတြင္ အိမ္ေသးေသးတစ္လံုးရိွသည္။ ထိုအိမ္ေရ႔ွတြင္ ငစံုႏွင့္ ခ်စ္ထြန္းသည္ ထိုင္၍ ေရႊလွၫ့္ရာေနရာသို႔ ေငးၾကၫ့္ေနၾကသည္။
" ဒီတစ္ခါ ခြဲတမ္းအေၾကာင္းကို ေသခ်ာရွင္းျပစရာလိုေသးလား"
"ဟာ ..မလိုပါဘူး ကိုစံုရ "
ခ်စ္ထြန္းတစ္ေယာက္က ကေလးသာသာပဲမို႔
သူဘာလုပ္လုပ္ အျပစ္သိပ္မျမင္တာမဆန္း။
သို႔ေသာ္ လူတိုင္းကေတာ့ ထိုသို႔မဟုတ္ေပ။
နားေယာင္လြယ္တဲ့ အရြယ္မို႔ေဘးစကားေတြ ခ်ဲ့ကားလာမွာထက္ ခ်စ္ထြန္းနားေယာင္ကာ အထင္လြဲမွာ
သူစိုးသည္။
" ဘယ္ေလာက္ရသလဲ ၊ ဘာလို႔မေပးတာလဲဆိုတာ ထက္ ေငြေၾကာင့္ မင္းလမ္းမွားေရာက္သြားမွာစိုးလို႔
ငါမင္းကိုဘာမွမေျပာတာ။ တကယ္တမ္းက် မင္းက ငါ့တပၫ့္မဟုတ္ဘူးခ်စ္ထြန္း ။ ငါ့ညီတစ္ေယာက္ပါ။ ငါသက္မွတ္ထားသလို ငါ့စိတ္ကလည္း ဘယ္ေသာအခါမွမေျပာင္းလဲသြားဘူး။ မင္းလည္းအတူတူပဲ မင္းေဘးမွာခုဆို ေျမာက္ထိုးပင့္ေကာ္လုပ္မဲ့သူေတြရိွလာၿပီ။ဘယ္သူနဲ႔ ဘာလုပ္တယ္ဆိုတာ ငါေသခ်ာလိုက္ၾကၫ့္ေနႏိုင္တာမဟုတ္ဘူး"
ခ်စ္ထြန္းအားထိန္းေၾကာင္းပဲ့ျပင္တဲ့စကားေတြက
ရင္ထဲကလာတဲ့စကားေတြသာ။
ခါတိုင္းလိုေသးေသးေကြးေကြးမဟုတ္ေတာ့တဲ့ခ်စ္ထြန္းက ၁၂ႏွစ္ေက်ာ္၁၃ႏွစ္ထဲဝင္လာၿပီဆိုေတာ့
အရပ္ကေလးကထြက္လာၿပီျဖစ္သလို လူကလည္းျပၫ့္တင္းလာ၏။
" က်ဳပ္သိပါတယ္ဗ်။ ဒါနဲ႔ က်ဳပ္အမေရာ
အဆင္ေျပရဲ့လား။ ဒီတစ္ခါ ရြာျပန္ရင္ က်ဳပ္ေရာ လိုက္ခ်င္တယ္ဗ်ာ "
" မင္းကိုေျပာၿပီးၿပီေလ။ မင္းအမလည္း အဆင္ေျပတယ္။ မင္း လုပ္ရမဲ့အလုပ္က ဒီေမွာ္မွာ ေငြစုမိေအာင္ႀကိဳးစားဖို႔ တစ္လုပ္ပဲ။ မင္းကို ခြဲတမ္းခ်ေပးတဲ့အလုပ္က ေမ်ာစာဝယ္ဖို႔တစ္လုပ္ထဲရိွတာ။
ဘယ္အင္းမွာ ၊ေမ်ာစာဝယ္ရင္ျမတ္မလဲဆိုတာသာ နားစြင့္ေနပါ။ ဒီတစ္ခါ အခ်ီႀကီးရၿပီးရင္ မင္းတို႔ အျပင္မွာ ေမ်ာစာဝယ္တဲ့အလုပ္ကို နားလိုက္ေတာ့။
ခု ငါတို႔ေဖာက္မဲ့ အင္းမွာ မင္းတို႔ ေမ်ာစာ ျပန္ခ်ရင္ေတာင္မွ ခ်မ္းသာလိမ့္မယ္။ ခုငါေျပာတဲ့စကားေတြကို ဘေမွာင္ေတာင္မျွပန္မေျပာနဲ႔ေနာ္ခ်စ္ထြန္း။
လူဆိုတဲ့အမ်ိဳးက အကုန္ေကာက္က်စ္ၾကတယ္။ စကားပံုေတာင္ရိွေသးတယ္။ ကိုယ္ကလြဲရင္ ကိုယ္ဒူးေတာင္မယံုနဲ႔တဲ့။ ခုမင္းရယ္ငါရယ္ကလြဲရင္ ဘယ္သူ႔မွယံုစားစရာ ၊မလိုဘူး"
ငစံုစကားအရွည္ႀကီးေျပာၿပီးေမာသၫ့္ႏွယ္
ခဏနား၏။ အျပင္မွာ အလုပ္သမားေတြ အမ်ားႀကီးမဟုတ္ေတာင္မွ ရိွသင့္သေလာက္ရိွေနသည္။
သူ စကားျပန္ဆက္ရန္ ခုထိ သူ႔စကားကိုနားမလည္ေသးတဲ့ ခ်စ္ထြန္းဖက္ကို လွၫ့္ၾကၫ့္သည္။
" ဒီေတာင္ေမွာ္အင္းက အလြန္ဆံုးခံလွ ငါးႏွစ္ပဲ။
ဒီႏွစ္ေတြအတြင္း မင္းလံုေလာက္ေအာင္ႀကိဳစားသင့္တယ္ခ်စ္ထြန္း"
" တကယ္ႀကီး ငါးႏွစ္ထဲလား ။ ကိုစံုဘယ္လိုသိလဲ"
" ေမးခြန္းေတြ အမ်ားႀကီးမေမးနဲ႔။ ငါေျပာတာကိုသာ ေခါင္းထဲထၫ့္ထား။ လာမဲ့ အိတ္ပိတ္ေလလံ မွာ ေျမကြက္ ငါးကြက္ေလလံပစ္လိမ့္မယ္ ။ ငါလိုခ်င္တဲ့ ေျမကြက္က တစ္ကြက္ထဲဆိုေပမဲ့ ဝယ္ရင္ ႏွစ္ကြက္ျဖစ္ျဖစ္ဝယ္ျဖစ္လိမ့္မယ္။ ဒီၾကားထဲစုမိမျွဖစ္မယ္။ သြား.. သြား။ အလုပ္သြားလုပ္ေခ်။ ဝါဝါျမင္တိုင္း ေရႊအစစ္ပဲတန္ဖိုးရိွတယ္မထင္နဲ႔။ အျဖဴေရာင္
အမႈန္ေတြကလည္းတန္ဖိုးရိွတယ္။ ေသခ်ာ ပံုးနဲ႔ခံၿပီးယူခဲ့"
ခ်စ္ထြန္းတစ္ေယာက္ ျပာယာျပာယာ ေျပးသြားမွ
ငစံု ေရႊဖမ္းေနတဲ့ေနရာမွ ထြက္ခဲ့လိုက္သည္။ထို႔ေနာက္ကိုသက္ခိုင္ကိုေခၚကာ သူတို႔ ခုပစ္မဲ့
အကြက္ရိုက္ထားတဲ့ေျမကြက္ေတြဆီ သြားၾကၫ့္ၾကသည္။
ေျမကြက္ဆိုသၫ့္အတိုင္းသာမန္သာျဖစ္သည္။
အပင္တခ်ိဳ႕ေပါက္ေနတဲ့ေျမလႊာသည္ ေအာက္မွာေရႊရိွသည္၊မရိွသည္က မျမင္ရတာမို႔
ကံႏွင့္စပ္ကာ ဝယ္ၾကရမွာပင္။
" ကိုသက္ခိုင္ ။ ခုတေလာ ေရွာင္ပိတို႔ သေဘာက်ေနတဲ့ေျမကြက္က ဘယ္ဟာမ်ားလဲ "
၁/၂/၃/၄ဟု နံပါတ္တပ္ထားေသာ ေျမကြက္မ်ားက ညီညီညာညာၿခံခတ္ထားလ်က္သာ။ ၅ ဟုထိုးထားတဲ့ ေနရာသည္ အေနာက္ဖက္သို႔အနည္းငယ္ေရာက္ကာ ငွက္ေပ်ာပင္စိုက္ခင္းႏွင့္အနည္းငယ္ဆက္လ်က္ရိွေခ်သည္။ သို႔ေသာ္ မႏွစ္က ေရႊပါသညဟု နာမည္ႀကီးခဲ့ေသာ ေနရာသည္ ယခု ေဒၚတင္ႀကီး၏နံပါတ္၁ ေျမကြက္ေနရာႏွင့္ သိပ္မေဝးသည္မို႔
လူတိုင္း ထို( ၁)ေနရာ ေျမကြက္ကိုသာ စိတ္ဝင္စားေနၾကသည္။ ကိုသက္ခိုင္ ေျမကြက္ေတြေရ႔ွ ရပ္ကာ
နံပါတ္(၁)ၿခံကို လက္ညိုးထိုးျပ၏
"ဒီအကြက္ပဲ။ ေရ႔ွဖက္က ၿခံက ၿပီးခဲ့တဲ့ႏွစ္က ေရႊေအာင္ခဲ့တာဆိုေတာ့ ေရွာင္ပိအပါအဝင္ လူတိုင္း စိတ္ဝင္စားေနၾကတာ။ ေဈးလည္းေသခ်ာေပါက္ပိုေပးၾကလိမ့္မယ္"
ငစံုသည္ ပတ္ဝန္းက်င္ကို ေလ့လာကာ မည္သၫ့္စကားမွအပိုမဆိုေတာ့ေပ။
ေနာက္ဆံုးနံပါတ္(၅)ေနရာေျမကြက္ေရ႔ွေရာက္မွသာ ေျခစံုရပ္ကာ
" ဒီငွက္ေပ်ာေတာကိုဝယ္ရင္ဘယ္ေဈးရိွမလဲ "
အနည္းငယ္စိုစြတ္တဲ့ေျမဆီလႊာေပၚမွာ ငွက္ေပ်ာရြက္ေတြစိမ္းစိုေနကာ အသီးမ်ားလည္းသီးေနလ်က္။
တစ္ဧကနီးပါးေလာက္က်ယ္တဲ့ ေျမလႊာေပၚတြင္ရိွေသာ ငွက္ေပ်ာပင္ေပါင္းရာနဲ႔ခ်ီလ်က္ရိွ၏။
" ဒီေနရာမွာ ေရႊမပါဘူး "
" ခင္ဗ်ား ဘယ္လိုသိလဲ "
" သိတာေပါ့ကြ။ ေတာင္ေမွာ္အင္းမွာ ငါေနခဲ့တာ ငါးႏွစ္မကေတာ့ဘူး။ ခုလို စည္ကားမလာခင္ကလူတိုင္း ေပါက္ျပားနဲ႔ေဂၚတစ္ေခ်ာင္းကိုင္ၿပီး အေသးစားေရႊရွာၾကတဲ့သူေတြႀကီးပဲ ။ ဘယ္ေနရာေနေန ေရႊမပါ သလား၊ပါသလား သူေနရာနဲ႔သူ သတင္းစကားက အရင္ သင္းေနၿပီသား။ "
"ဟြန္း.. ခင္ဗ်ား အရင္တုန္းကလည္း အဲ့လိုေျပာခဲ့တာပဲေနမွာ။ အခ်ိန္တန္ ေတာက္တေခါက္ေခါက္ျဖစ္မွာ ျမင္ေယာင္ေသးတယ္"
"ဟိတ္ ေကာင္ မင္းဘာစကားေျပာတာလဲ ၊က်ယ္က်ယ္ ေျပာစမ္း"
ဟြန္းခနဲရယ္လိုက္သံကိုသာ ၾကားလိုက္ရၿပီး
ကိုယ္လံုးကိုလွၫ့္လိုက္တာမို႔ ေက်ာျပင္က်ယ္ကိုသာ ျမင္လိုက္ရသည္။ ဘာစကားမွန္းေရေရရာရာ မၾကားေပမဲ့ သူ႔ကိုေလွာင္လိုက္မွန္းေတာ့ ဦးသက္ခိုင္ နားလည္လိုက္သည္ ။
မ်က္ေထာင့္နီနီ စူပုတ္ပုတ္ျဖင့္ ဦးသက္ခိုင္ ငစံုေနာက္ကေနတေကာက္ေကာက္လိုက္ၿပီး ေမးေသာ္ျငား
ငစံုတစ္ေယာက္ ရယ္က်ဲက်ဲလုပ္ေနသည္ကလြဲ ဘာေမးေမးမေျဖေတာ့။
__________
1993 ကဆုန္လျပၫ့္ေက်ာ္ ၁ရက္ေန့
"ဒီက ထိုင္ေနတဲ့ သူကေတာ့ ေတာင္ေမွာ္ရြာရဲ့ ဥကၠဌ
ဦးေအာင္ေဇာ္၊ ဒါကေတာ့ ရာအိမ္မွဴး ဦးဆန္းေက်ာ္ ။
ဒီဖက္က ေတာ့ မိတ္ဆက္ ေပးစရာေတာ့ မလိုေလာက္ပါဘူး။ အထက္တန္းေရ႔ွေနႀကီး ဦးမ်ိဳးယုကိုေတာ့ အားလံုးသိၾကမယ္လို႔ ထင္ပါတယ္။
ဒါကေတာ့ က်မ အမ်ိဳးသား ဦးတင္သိန္းပါ "
ေဒၚတင္ႀကီး မိတ္ဆက္ေပးအၿပီး လုပ္ထံုးလုပ္နည္းအတိုင္း စာခ်ဳပ္စာတန္းႏွင့္ သူ႔ေျမကြက္ေတြအားတရားဝင္ လုပ္ပိုင္ခြင့္ ျဖင့္ေရာင္းခ်ေပးမွာျဖစ္သည္။
အစက ေျပာထားတဲ့အတိုင္း အိမ္ကေန ခ်ေရးလာတဲ့ ေဈးႏႈန္းေတြအား ဒီေန့အိတ္ဖြင့္ၿပီး အမ်ားေရ႔ွမွာ ေဖာက္ျပေပးမွာျဖစ္၏။ ေလလံဆိုေပသၫ့္ လူနည္းစုသာ ေဒါတင္ႀကီး၏ အိမ္မွာ ေခၚ၍ အစည္းေဝးသဖြယ္ လူစုကာ ေရာင္းခ်ေပးမည္သာ။
" ခု ရွည္ရွည္ ေဝးေဝးေတြ ေျပာမေနေတာ့ပါဘူး။ အိမ္ကေန ေရးလာခဲ့ၿပီးသား ေဈးႏႈန္း ေတြကို ကြၽန္မတို႔ အမ်ားသိေဖာက္ခ်ေပးမွာပါ ။ အဲ့အထဲကေန တစ္က်ပ္၊တစ္ျပားသာသာ ၊သာတဲ့သူကို ေဈးပိုေပးႏိုင္တဲ့သူအျဖစ္သက္မွတ္ၿပီး ေရာင္းခ်မဲ့ေျမကြက္ကိုေပးမွာျဖစ္ပါတယ္။ ခု နံပါတ္(၄)ေနရာအတြက္ ေဈးႏႈန္းေလး ဖြင့္ေပးမွာပါ ။ ေျမေနရာ ရရိွတဲ့သူအတြက္ အျငင္းပြားဖြယ္မရိွေအာင္ ေရ႔ွေနႀကီးက ခ်က္ခ်င္းစာခ်ဳပ္ခ်ဳပ္ဆိုေပးမွာျဖစ္ၿပီး အျငင္းပြားဖြယ္ တစ္စံုတစ္ရာရိွပါက ခုဒီမွာရိွေနတဲ့ လူႀကီးမ်ားရဲ့ ဆံုးျဖတ္ခ်က္ကသာ အမွန္ျဖစ္ပါတယ္။ စာအိတ္မဖြင့္ခင္ ေမးစရာရိွတာေမးျမန္းႏိုင္ပါတယ္"
ေဒၚတင္ႀကီးသည္ လူကိုယ္တိုင္ေခတ္မမွီေပမဲ့
ႏိုင္ငံျခားမွာ ေနတဲ့ သားျဖစ္သူေၾကာင့္ အေတာ္အသင့္ လုပ္ထံုးလုပ္နည္းကို သိသည္။
ေရ႔ွေနႀကီးသည္ ေျမေနရာ စည္းကမ္းခ်က္မ်ားအျပင္ တရားဥပေဒ ဆိုင္ရာ တခ်ိဳ႕ကိုပါ သိေအာင္
ေျပာျပေပးခဲ့သည္။ ခုစကားဝိုင္းသည္ ပြဲႀကီးေလလံ သေဘာမဟုတ္ေသာ္ျငား ခုအရပ္ေဒသ စကားအရေတာ့ ေဒၚတင္ႀကီးကသာ ဦးစြာက်င္းပျခင္းျဖစ္သည္မို႔ အနည္းငယ္ေတာ့ေၾကာင္ေတာင္ေတာင္ႏိုင္ေပသည္။
ပထမဦးစြာ နံပါတ္ေလး ေျမကြက္အတြက္
အိတ္အေစာင္ေရ ၇ေစာင္ ရရိွၿပီး အမ်ားဆံုးေဈးေပးပမာနကို ေတာင္ေမွာ္အင္းရြာ နယ္ခံတစ္ေယာက္မွ ေပးေခ်ခဲ့သည္။ ထို႔ေနာက္နံပတ္ ၃ ေျမကြက္အတြက္
အင္းေဖာက္ေနၾက သူတစ္ဦးမွရရိွခဲ့ၿပီး ေရွာင္ပိကေတာ့ ၁/၂ေျမကြက္အား မေမ်ွာ္မွန္းထားတဲ့ အမ်ားဆံုးေဈးပမာနျဖင့္ တစ္ဆက္ထဲ ရရိွခဲ့သည္။
ေနာက္ဆံုးပိတ္ ေျမကြက္ ၄ သည္ သိပ္စိတ္ဝင္စားမူ႔မရိွၾကရာ အေပ်ာ္သေဘာျဖင့္သာ ပါဝင္ၾကေတာ့သည္။ ထိုအထဲ၌ သူေဌးႀကီးေရွာင္ပိသည္ပင္ ေလးေနရာ ေျမကြက္အား ဒီတိုင္း အေပ်ာ္ ေဈးေပးတဲ့သေဘာအေနနဲ႔သာ ေပးခဲ့သည္။
ထိုေငြပမာနသည္ အလြန္နည္းေပရာ ေဈးသိတဲ့
ငစံုပင္ ခပ္ၿပံဳးၿပံဳးျဖစ္ရေသးသည္။
ေပးေဈး သံုးသိန္းသည္ ေရွာင္ပိေပးႏိုင္တဲ့ေငြအမ်ားဆံုးျဖစ္သည္။ ငစံုသည္ ထိုေငြထက္ ေငြက်ပ္ငါးဆယ္သာ ပိုေပးခဲ့ရာ ေလးေနရာေျမကြက္အား အလြယ္တကူပင္ ရရိွခဲ့ေလသည္။ အမွန္ေတာ့
ငစံုေပးေခ်ခဲ့ေသာ ေျမေနရာသည္ အမွန္တကယ္ ေတာင္ေမွာ္အင္းမွာ သမိုင္းဝင္ေရြေအာင္ခဲ့တဲ့ေနရာျဖစ္မည္ပင္။ အတိတ္ဘဝတြင္ေရွာင္ပိသည္
ထိုေနရာအားမုန႔္ဖိုးသာသာျဖင့္သာ ရရိွခဲ့ၿပီး ေရႊေအာင္ခဲ့ရာ လူအကုန္လံုး တအံ့တဩ ျဖစ္သြားၾကရသည္။ ထိုဘဝတြင္ ဦးသက္ခိုင္ကေတာ့ နံပါတ္ ၂ေျမေနရာျဖင့္သာ မဆိုးရံုသာေရႊပါခဲ့ၾကေလသည္။
ယခုမူ မတူေတာ့ေခ်။
ငစံုထိုေျမအားဝယ္ယူလိုက္ေသာ္ျငား အကုန္လံုး
ေလွာင္ရယ္သလိုပံုစံမ်ိဳးျဖင့္ ႏႈတ္ဆက္သြားၾကသည္။
ထိုေနရာတြင္ေရွာင္ပိက အဆိုးဆံုးပင္။
ထိုေျမစပ္တြင္ အရင္ေရွာင္ပိ အင္းေဖာက္ဖူးသည္မို႔ အသိဆံုးသာျဖစ္သည္။ အရင္က တပၫ့္ေက်ာ္၏
နားထိုးမူ႔ျဖင့္ ငစံုကို အထင္ႀကီးၿပီး မုန္းခဲ့ေသာ္ျငား
ယခုမူ ငယ္သူက ငယ္သူသာျဖစ္သည္မို႔ စိတ္ေလ်ာ့
ကာ သနားသဖြယ္ေလွာင္ရယ္ရံုသာ တက္ႏိုင္ေတာ့သည္။
" ကံေကာင္းပါေစကြာ "
ေျမကြက္စာခ်ဳပ္အားကိုင္၍ ငစံု ေခါင္းညိတ္ျပလိုက္သည္။
" ေက်းဇူးပါပဲဗ်ာ။ ခင္ဗ်ားလည္းကံေကာင္းပါေစ"
ေလွာင္ရိပ္သန္းေသာ ႏႈတ္ခမ္းေတြသည္
ငစံုထံပါး၌ ျပန္ေတြ့လိုက္ရေသာအခါ ေရွာင္ပိတစ္ေယာက္ စိတ္ထဲ သေဘာမေတြ့သလိုျဖစ္သြား၏။
သို႔ေသာ္ ေဘးကေန ရယ္က်ဲက်ဲလုပ္ေနတဲ့ သက္ခိုင္ဆိုတဲ့ေကာင္ေၾကာင့္ ထပ္ေျပာမေနပဲ လွၫ့္ထြက္သြားလိုက္၏။ မထြက္လို႔လည္းမရ ၊ ေဘးမလွမ္းမကမ္းမွာ ဘေမွာင္ဆိုတဲ့ ငနဲသားက မ်က္ေထာင့္နီနဲ႔ လွမ္းၾကၫ့္ေနေလသည္။
___________
၁၉၉၃ နေတာ္လဆုတ္ ေလးရက္ ။
မိုးေလလြတ္ခ်ိန္မို႔ အင္း စေဖာက္က်ဖို႔ ေလလံေအာင္သမား ေတြစတင္ ျပင္ဆင္ေနၾကေလၿပီ။
အင္းေဟာင္းေတြ လက္စသတ္ ၿပီး အသစ္ျပန္ေဖာက္ေတာ့မွာမို႔ စြန႔္ပစ္ေမ်ာစာေတြပါမက်န္ ခ်စ္ထြန္းနဲ႔မိုးေမွာင္ သိမ္းႀကံဳးဝယ္ေနရသည္။
ဒီရက္ပိုင္း သူတို႔ အလုပ္မ်ားေနသည္မွာ ေနာက္ႏွစ္
အထိလက္စ သတ္ႏိုင္ဖို႔မေသခ်ာ။
သူမ်ားေတြ စတင္ျပင္ဆင္ေတာ့မွာမို႔ အလႈပ္ရႈပ္ေနၾကခ်ိန္တြင္ ငစံုတစ္ေယာက္သာ ခပ္ေအးေအးႏွင့္ရိွေခ်သည္။
ဝယ္ထားတဲ့ေျမကြက္အား ဒီတိုင္း ထားသည္မဟုတ္ပဲ ၿခံခတ္ထားတာမ်ား က်က်နန ။
ငစံုလုပ္ရပ္က အမ်ားအျမင္မွာ ဟားခ်င္သလိုလိုေတာင္ျဖစ္ေနတာမို႔ ဦးသက္ခိုင္ တစ္ေယာက္ ဒီရက္ပိုင္းမ်က္ႏွာမေကာင္းေခ်။
" ခင္ဗ်ား စိတ္တိုင္းမက်ရင္ ဒီေျမကြက္ထဲမွာ အစုစားပါစရာမလိုဘူး။ "
အမွန္ေတာ့ ေမ်ာစာဝယ္တဲ့အထဲမွာ ဘေမွာင္ႏွင့္ ခ်စ္ထြန္းအျပင္ ဦးသက္ခိုင္ကိုပါ ငစံုက တစ္စုစာေပးသည္။ ငစံုက ငါးပံုႏွစ္ပံုရသည္မို႔ မေက်နပ္တဲ့သူက မရိွေပ။ အခု ေရႊအင္းေဖာက္ဖို႔က် ခ်စ္ထြန္းနဲ႔ဘေမွာင္အတြက္ေဝစုခြဲမေပး။ ဒါ ေလာဘႀကီးလို႔မဟုတ္။ လူဆိုတာ "ဒူးေနရာဒူး ၊ေတာ္ေနရာေတာ္ "
ေသခ်ာသက္မွတ္မွ အေရာင့္မတက္မွာျဖစ္ေၾကာင္းဘဝေပးသင္ခန္းစာအရ ငစံုတစ္ေယာက္ သိထားေသာေၾကာင့္ပင္။ သူ၏ ျပတ္သားေသာ စကားေအာက္တြင္ခ်စ္ထြန္းမေျပာနဲ႔ ဘေမွာင္ေတာင္
သူ႔လုပ္ကြက္ ကို ေမာ္မၾကၫ့္ရဲေပ။
ဒါဆို ကိုသက္ခိုင္ကို ဘာေၾကာင့္ အစုစားေပးသလဲ။
ဒါေတာ့ ရွင္းသည္။ သူက ေက်းဇူးကန္းတဲ့သူမဟုတ္တာေၾကာင့္ ျဖစ္သည္။ အတိတ္ဘဝကသာ
ကိုသက္ခိုင္လိုလူနဲ႔မေတြ့ အလွၫ့္အေျပာင္းဆိုတဲ့ ဘဝသခၤါရ သေဘာကို သူေက်ာ္ႏိုင္မည္မဟုတ္။
သူ႔စကားေၾကာင့္ ကိုသက္ခိုင္မ်က္ႏွာပ်က္သြား၏။
"မဟုတ္တာ ငစံုရာ။ ငါက ဘဝပ်က္ၿပီးသားအေကာင္ပါကြ။ မင္းသာ ငါ့ဆီေရာက္လာမရင္ ငါဆိုတာ ေတာင္ေမွာ္အင္းမွာ ေျခခ်လို႔ရမွာေတာင္မဟုတ္ဘူး "
"ဒါဆို ခု က်ဳပ္လုပ္ရပ္ေတြအတြက္ စိတ္ထဲမေက်နပ္ေနတာမ်ားရိွေသးလား "
ငစံု က အေနတည္တည္ ေနတက္တဲ့အတြက္ တကယ္စကားလက္စံုက်ရင္ ဦးသက္ခိုင္တစ္ေယာက္ ယွဉ္မေျပာရဲေပ။
" မရိွပါဘူး "
ငစံုေက်နပ္သလိုေခါင္းညိတ္သည္။
"ဝယ္ထားတဲ့ ေျမကြက္အတြက္စိတ္ခ်ပါ။ က်ဳပ္အေတြး ၊က်ဳပ္အစီအစဉ္က သက္သက္ရိွၿပီးသားမို႔
ခုလက္တေလာ ဒီတိုင္းပိတ္ထားျဖစ္တာပါ။ ေနာက္လာမဲ့ ႏွစ္ထိ ပိတ္ထားအံုးမွာဆိုေတာ့ ဒီတေလာ ေျမကြက္ေတြအတြက္ စိတ္ထဲမတင္မက်ျဖစ္မေနနဲ႔။ "
"ဒါေပမဲ့ ဒီေတာင္ေမွာ္အင္းေလလံေတြက တရားဝင္မဟုတ္ဘူးငစံု။ အခ်ိန္ဆြဲေနလို႔ အထက္က လုပ္ပိုင္ခြင့္ပိတ္သြားရင္ ငါတို႔ ဒုကၡေရာက္လိမ့္မယ္ "
ငစံုခပ္ေအးေအးၿပံဳးကာ ကိုသက္ခိုင္ကို ၾကၫ့္သည္။
" စိတ္ခ်ပါ ။ ဒီလုပ္ကြက္က အနည္းငယ္ လႈပ္ခတ္တာကလြဲၿပီး အင္းပိတ္ရေလာက္ေအာင္ထိ မျဖစ္ပါဘူး။ ပိတ္ျခင္းပိတ္ လာမဲ့ ၁၉၉၈ခုႏွစ္ေလာက္ဆိုရင္ေတာ့မသိဘူး "
ရွည္လ်ားလာတဲ့ ငစံုအရပ္သည္ ဦးသက္ခိုင္၏ ပခံုးေဘး အေက်ာ္မွာ မားမားမတ္မတ္ရိွေနလ်က္။
ထူးျခားနက္ေမွာင္ေသာ မ်က္ခံုးတို႔သည္ တိက် ျပတ္သားေသာ သေဘာကိုေဆာင္ကာ တင္းတင္းေစ့ထားတဲ့ ႏႈတ္ခမ္းမ်ားက ဘာေျပာေျပာ အမွန္ကိုသာ ေျပာတက္ေၾကာင္း သိသာေနသည္။
ဦးသက္ခိုင္ ဆက္မေျပာေတာ့ပဲ ငစံုနည္းတူ ေရ႔ွတၫ့္တၫ့္ကိုသာ ၾကၫ့္ေနမိသည္။ မ်က္စိေရ႔ွတြင္
ထူထဲေသာေတာင္ပူစာ မ်ားက ေနရာအႏွံ႔အျပား။
ထိုအခ်ိန္တြင္ ေတာင္းတစ္လံုးအား ခါးေစာင္းတင္ကာ တေရြ့ေရြ့လာတဲ့ အရိပ္ကေလး တစ္ခု။
" ၾကည္ျပာ "
ဦးသက္ခိုင္ႏႈတ္က တီးတိုးထြက္လာၿပီး ေနာက္
လူကထိုအရိပ္ထံပါး ဆတ္ခနဲ ေျပးထြက္သြား၏။
ငစံု ႏႈတ္ခမ္းတို႔ၿပံဳးခနဲ။
ဦးသက္ခိုင္က လူပ်ိဳႀကီးျဖစ္သည္။
အသက္၃၆ႏွစ္ရိွၿပီျဖစ္ၿပီး အတိတ္ဘဝတြင္ အင္းရႈံးကာ အိမ္ျပန္ရာ ငယ္ကြၽမ္းေဆျြဖစ္ေသာ ထားေမဆိုတဲ့မိန္းကေလးနဲ႔ ျပန္ဆံုခဲ့သည္။ အမွန္ေတာ့ ထားေမမွာ ရည္းစားသက္သက္ရိွေသးသည္။ ေတာင္ေမွာ္အင္းမွာ ကုန္းေမ်ာ လုပ္ေနေသာ ကိုသက္ခိုင္အား
ေရႊသူေဌးျဖစ္ေနသည္ဟုထင္၍ အပိုင္ခ်ိဳင္ရာ
မြဲၿပီးျပန္လာမွန္းကို အခ်ိန္တန္မွသိ၍ အိမ္တြင္းေရးအေတာ္ေလးအဆင္မေျပျဖစ္ခဲ့ရသည္။
အမွန္ေတာ့ ေရႊမေအာင္လည္း ကိုသက္ခိုင္က
လယ္ပိုင္ေျမပိုင္ေတြ သူနယ္မွာ အေတာ္ေလးရိွပါေသးသည္။ ထားေမက ေလာဘႀကီးသေလာက္
စိတ္ထားကလည္းေသးသိမ္သည္။ ေနာက္တစ္ေခါက္
အင္းျပန္ေဖာက္ဖို႔ သူ႔ရိွတဲ့ လယ္ေျမတခ်ိဳ႕ကို ေရာင္းခဲ့တဲ့အခ်ိန္ထိ
ထားေမႏွင့္ကား စကားဟဟ မေျပာေတာ့ေပ။ သားတစ္ေယာက္ေမြးသည္ဟု ၾကားရၿပီးေနာက္တြင္
အင္းမွ တခ်ိဳ႕တဝက္ရ သည္ကို အိမ္ကို အပါသယ္ကာ ေကာင္းေရာင္းေကာင္းဝယ္သာ လုပ္ကိုင္စားဖို႔ႀကိဳးစားခဲ့သည္။ အိမ္ေထာင္သက္ ၁၀တြင္ သူ႔မိန္းမ လင္ငယ္ေနတာကို မိၿပီး ကြဲကြာခဲ့ရ၏။ သူ႔သား ၁၈ႏွစ္အတြင္ အေဖကို အၿငိဳးထားကာ ေဆးေျခာက္အိမ္ထဲထည့္၍ အကြက္ခ်ေထာင္ခ်လိုက္သည္။ အမွန္ေတာ့ ေသသည္ထိ
ကိုသက္ခိုင္တစ္ေယာက္ သူလွည္းႀကိဳးထမ္းေနမွန္းေတာင္မသိရွာခဲ့ေပ။
ထို႔ေၾကာင့္ အခု ၾကည္ျပာဆိုေသာ ေမာင္က်န္၏ အမျဖစ္သူ မိန္းကေလးအား ဉီးသက္ခိုင္ႏွင့္ သေဘာတူေပသည္။ အင္းရႈံးကာ သူ႔ရြာကို မျပန္ေတာ့
ထားေမႏွင့္လည္းမေတြ့ေတာ့။ ခုကံၾကမၼာအလွၫ့္အေျပာင္းေၾကာင့္ သူ႔ေမာင္ဆီထမင္းလာလာပို႔တက္ေသာ ၾကည္ျပာႏွင့္ဆံုစည္းရ၏။
ေကာင္းသၫ့္အလွၫ့္အေျပာင္းမို႔ ငစံုတစ္ေယာက္ အေက်နပ္ႀကီးေက်နပ္ခဲ့လ်က္။
___________
ညေနအခ်ိန္ကား ေလးနာရီဆယ္မိနစ္ ရိွၿပီျဖစ္သည္။
အရိပ္ေကာင္းမြန္ေသာ ၿခံဝိုင္းအတြင္းတြင္ စာက်က္သူက က်က္ ၊ စကားေျပာသူေျပာျဖင့္ ကေလးမ်ားေနရာအႏွံ႔တြင္ရိွ၏။ ထိုအခ်ိန္တြင္ ၿခံေထာင့္တမာရိပ္တြင္ စာက်က္ေနေသာ ညခ်မ္းေအးအားလွမ္းေခၚသံထြက္ေပၚလာ၏။
" ညခ်မ္းေအး ေရ.. သား အိမ္က ပါဆယ္ လာတယ္"
စာက်က္ေနရာ ထေျပးလာမိတာ ဝမ္းသာအားရပင္။
ေလးလ တစ္ႀကိမ္ လာတက္ေသာ ထိုသို႔ေသာ ပံုးကေလးမ်ားမွာ အလြတ္ရသည္ႏွယ္ ညခ်မ္းေအး၏ စိတ္အာရံုကို ကပ္ညိတြယ္လ်က္။
" ဒီတစ္ခါ ဘာေလးေတြမ်ားပါလိမ့္"
ရွစ္တန္းေက်ာင္းသားႀကီးေတာင္မွ ျဖစ္ေနၿပီျဖစ္တဲ့
ညခ်မ္းေအးသည္ ဝါညက္ေသာ အသားအရည္ေပၚတြင္ ေမႊးညင္းႏုႏုမ်ားစီလ်က္ မ်က္လံုးဝိုင္းဝိုင္းေလးမ်ားျဖင့္အလြန္ခ်စ္စရာေကာင္းလွေပသည္။ ယခုလည္း အေဆာင္ေရ႔ွဧၫ့္ခန္းေပၚတြင္ တင္ပ်ဉ္ေခြထိုင္လ်က္အဝါေရာင္ ဂ်ပ္ဖာဘူးအားစူးစမ္းေန၏။
ညေနအခ်ိန္ အနားယူခ်ိန္ျဖစ္တာေၾကာင့္ အေဆာင္ေနေက်ာင္းသူေက်ာင္းသားတခ်ိဳ႕မွာ ညခ်မ္းေအးနည္းတူ အနားကပ္ကာ စိတ္ဝင္တစားၾကၫ့္ရႈ႔ေနၾက၏။ ပံုးထဲတြင္ စာအုပ္၊ခံတံ၊ေဘာပင္အပါအဝင္
အဝတ္အထည္ေလးငါးစံုမ်ွလည္းပါေသးသည္။
" ဝိုး... ဒါေလးက လက္ပတ္နာရီေလး မဟုတ္ဘူး။
ခုနာမည္ႀကီးေနတဲ့ တဆိပ္ထဲကပဲဟ။ အရမ္းေဈးႀကီးတယ္"
ပိုက္ဆံနည္းနည္းရိွတဲ့ေက်ာင္းသားတစ္ေယာက္ေၾကာင့္ ဘူးထဲရိွ အညိုေရာင္ သားေရပတ္နာရီအဝိုင္းေလးအားမထိရဲထိထုတ္ၾကၫ့္မိ၏။
အရမ္းလွေသာနာရီေလးသည္ ညခ်မ္းေအး၏ အဝါညက္ညက္အသားေရ ေပၚတြင္ထင္းခနဲ ေပၚလြင္ေနေပသည္။
သေဘာတက် ညခ်မ္းေအးၿပံဳးမိသြားခ်ိန္တြင္ ႏႈတ္ခမ္း၏ ညာ ေထာင့္ေအာက္ဖက္နားတြင္ ခပ္ေသးေသး အခ်ိဳင့္ရာေလးတစ္ဖက္က နက္နက္နဲနဲေပၚေပါက္လာ၏။ ဤအရာသည္ ပါးခ်ိဳင့္ တစ္ခုမဟုတ္ေပ။ သို႔ေသာ္ ရယ္လိုက္မွေပၚလာတက္တဲ့ေနရာတစ္ခုမို႔ ညခ်မ္းေအး၏ ခ်စ္စရာမ်က္ႏွာထပ္မွာ ပနံသင့္လ်က္ရိွေခ်၏။
ခုဆို ညခ်မ္းေအးတြင္ အေရာင္စံု အက်ႌေလးမ်ားအျပင္ သူ၏ အမွတ္စာရင္းထြက္ရိွတိုင္း အသိမွတ္ျပဳသလို ေရာက္ရိွလာတက္ေသာ လက္ေဆာင္ေလးမ်ားမွာ မၾကာခဏပင္။ ေက်ာင္းပိတ္တိုင္း စိတ္ညစ္စရာ အိမ္အားျပန္စရာမလိုသလိုပဲ ေနြရာသီ၌ စခန္းသြင္းေလ့က်င့္ေပးေသာ ဘာသာရပ္ သင္တန္းတခ်ိဳ႕ႏွင့္ ေရကူး၊ၾကက္ေတာင္ ဟူေသာ အားကစား
သင္တန္းမ်ားေၾကာင့္ သူ႔မွာအလြန္ေပ်ာ္ရြင္ေနရေပသည္။
Bạn đang đọc truyện trên: ZingTruyen.Xyz