ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
6
"သားကို ကျောင်းမထုတ်ပါနဲ့ ဒေါ်လေးရယ်။
သားမနက်ခင်းတိုင်း အိမ်အလုပ်တွေပြီးအောင် လုပ်ပေးပါ့မယ်နော်.. ဒေါ်လေး။ သားကိုကျောင်းမထုတ်ပါနဲ့ သားမထွက်ချင်ဘူး "
" တယ် ... ငါရိုက်လိုက်ရ။ သွားစမ်းဝေးဝေးကို။ စီးပွား
ရေးမှမပြေလည်ရတဲ့အထဲ နင်ပညာတက်တော့ရော ဘာအရေးလဲ။ သွား..ငါနားမလာနဲ့ ငိုချင်ရင် အိမ်နဲ့ဝေးရာသွားငို။ အိမ်လာဘ်တိတ်တယ်"
မနက်စောစော ဆူဆူပူပူအော်သံနှင့်အတူညချမ်းအေးရဲ့ငိုသံက ခြံဝန်းအတွင်းပျံ့နှံ့လာသည်။ရိုက်လိုက်ရ ဟု ပြောပေသည့် လက်ကပါပြီးသားမို့ ကိုယ်လုံးငယ်လေးသည် လူကြီးအားကို မယှဉ်နိုင်စွာ နောက်ကို ယိုင်ကျသွားလေသည်။
မကြာခဏ လက်ပါတက်တာမို့ ညချမ်းအေးသည်
သူ့အဒေါ်ဖြစ်သူစကားအတိုင်း မျက်စိရှေ့ မနေရဲ
တော့ပဲ မျက်ရည်စီးကျလျက်သားပင် ခပ်ဝေးဝေးကို တွန့်ဆုတ်စွာ ထွက်သွားတော့သည်။
သဖန်းတော မှာ မူလတန်းကျောင်းသာ ရှိတာမို့
လေးတန်းအောင်တဲ့ ညချမ်းအေးတစ်ယောက်
ရွာကနေ ငါးမိုင်နီးပါးကွာဝေးတဲ့ တိုက်နယ်ရွာကြီးမှာ ကျောင်းတက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ။ ငွေမရှိသလို
လူရာသွင်းချင်းမခံရတဲ့ကလေးတစ်ယောက်မို့ အတိတ်ဘဝတွင်လည်း ညချမ်းအေးတစ်ယောက်
စာမတက်ရှာပါ ။ ကျောင်းပညာရေးမှာ ကောင်းမွန်တဲ့ အလားအလာရှိသော်ငြား ပညာမဲ့၊မေတ္တာမဲ့သူတွေကြား တစ်ခန်းရပ်ခဲ့တဲ့ အနာဂတ် ကြယ်တစ်ပွင့်အကြောင်း ငစုံက လွဲပြီး ဘယ်သူသိနိုင်မှာတဲ့လဲ ။ ခြံစည်းရိုးကနေ တိတ်တိတ်လေးခိုးကြည့်မိသည့်
ငစုံ တစ်ယောက်မှာတော့ ဝမ်းနည်းစိတ်ဖြင့် မျက်ရည်တစ်ပွင့်က လွင့်ခနဲ။ အတိတ်တွင်ပညာမတက်ရှာတဲ့
ညချမ်းအေးသည် ငွေစအနည်းငယ်အတွက် မအိပ်မနေရှာဖွေခဲ့ရသည်။ ညချမ်းအေး ရှာခဲ့ သောငွေသည် သူ့ ကိုယ်တိုင်အတွက်မဟုတ်ပဲ ငစုံ၏ ထောင်အတွင်း
စားဖွယ်ကောင်းများဖြစ်ခဲ့သည်ကို သတိရမိတော့
အံကိုသာတင်းတင်းကြိတ်မိတော့၏။
_______
" ကဲ ခင်စိန်။ ညချမ်းအေး ကိစ္စကို ညည်းဘယ်လိုသဘောရလဲ"
" အိုး.. သူကြီးရယ်။ ကျုပ်မှာ အိမ်အလုပ်တွေက မနည်းမနော ။ သူ့ကို သီးသန့်မြို့ပို့ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ခေတ်ကာလ ကုန်ဈေးနှုန်းကလည်း ကြီးပါဘိ။ မတက်နိုင်ပါဘူးတော်"
ဒေါ်ခင်စိန်က မျော်လင့်ထားသလို ငြင်းလာတာကခါးခါးသီးသီးပင်။ ထိုအချိန် သူကြီးကတော်က ယပ်တောင်တဖျပ်ဖျပ်ခတ်ရင်း စကားဝိုင်းမှာဝင်ထိုင်လာကာ...
" ကလေးက ပညာရေးမှာ ဒီလောက်တော်တာကိုကွယ်။ ဟိုမှာ ကျောင်းအိပ်ကျောင်းစား ထောက်ပံ့ပေးမဲ့သူက အဆင်သင့်ရှိနေတာကို ညည်းက ဘာများကုန်ကျမှာမို့လို့လဲ။ အိမ်မှာထားရင်တောင် ဝမ်းတခါးအတွက် ညည်းပူပန်နေရအုံးမယ်။ ခုဆို တစ်နှစ်လုံးစာ စရိတ်အတွက်တင်မကဘူး သူတော်ရင် တော်သလို နှစ်စဉ် ပညာရေးထောက်ပံ့ပေးမယ်သူတွေရှိတာ ဘယ်လောက်ကောင်းလိုက်လဲအေ။ မပူမပင်နေရမဲ့အပြင်အကောင်းဆုံးကျောင်းမှာလည်းနေရအုံးမယ်။
ဒါ ညချမ်းအေး မို့နော် ။ ဖြစ်နိုင်ရင် ကျုပ်သားသာ ဒီလိုတော်ရင် ထားလိုက်ချင်သေး။ "
"ဒါပေမဲ့ အမရယ်။ လိုအပ်တဲ့ကုန်ကျစရိတ်ရှိလာရင်.. ဘယ်လိုလုပ်မလဲ။ မဖြစ်သေးပါဘူးတော်...။ အိမ်မှာ ထားတာမှခိုင်းစားရအုံးမယ်။ အပြင်ပို့လိုက်မှ ဘာကြေးညာကြေး ငွေကုန်နေရင် ကျုပ်ပဲဒုက္ခများမှာ။ သူ့ဦးလေးကလည်း အသက်ကကြီးလာတော့ ဘာမှမယ်မယ်ရရလုပ်နိုင်တော့မဟုတ်ဘူး"
ဒေါ်ခင်စိန်ကညီးညီးငြူငြူ။
အမှန်တော့ ဒေါ်ခင်စိန်မှာ ကလေးမရှိပေ။
ညချမ်းအေးကိုမုန်းရသည့်အကြောင်းမှာ ဒီကလေး မွေးလာကတည်းက ကံဆိုးလွန်းတာကြောင့် ဖြစ်သည်။ အနှီးထုတ်နဲ့ ရောက်လာကစဆို
ထိတွေ့ရမည်တောင် ခပ်ကြောက်ကြောက် ဖြစ်ခဲ့သေးသည်။ ဖအေလုပ်သူက ပိုးထိလို့ဆုံးတဲ့အပြင် ၊မအေလုပ်သူက မီးတွင်းထဲ
သွေးတက်ပြီးသေပြန် တာ သူမွေးလာမှပင်။ မွေးကတည်းက ဘာကောင်းကျိုးမှမရှိတဲ့ ကလေးကို သူယောက်ျားကလွဲပြီး ဘယ်သူ ခေါ်ချင်မှာလဲ။ သူမှမကျွေးရင် မကောင်းတက်တော့ မခေါ်ချင်လည်းခေါ်ထားရသေး။ ခုအရွယ်ရောက်တော့လည်း ကျောင်းကထားရအုံးမယ်။
ဒေါ်ခင်စိန် အင်တင်တင်ဖြစ်နေတာမြင်တော့ သူကြီးကတော် တစ်ယောက် သူခပ်နေတဲ့ နှီးယပ်တောင်ကို ပစ်ချကာ စိတ်မရှည်သည့်မျက်နှာဘေးဖြင့်...
" အမလေးအေ။ စာတော်လို့ မြေတောင်မြောက်ပေးတာပဲအေ။ ကုန်ကျစရိတ်ကို ဟိုဖက်အဖွဲ့အစည်းက
အကုန်ခံမှာပေါ့။ ဘယ်နှယ့် ဉာဏ်ရည်မမှီ၊ဗဟုသုတမရှိဘူးပြောရင်စိတ်ဆိုးကြအုံးမယ်။ ဒီမှာ ခင်စိန် ။
ညည်း ထားဖို့အဆင်မပြေရင် ညချမ်းအေးကို
ငါ တာဝန်ယူပြီးထားပေးလိုက်မယ် ။ ကလေးနောက်တစ်ချိန် တိုးတက်ကြီးပွားလာမှ နာမည်ကောင်းလာမခံနဲ့ ။ ကြိုပြောထားတာ။ "
သူကြီးကတော်က နဂိုကတည်းက ခပ်စွာစွာရယ်။
ဟိုးခေတ် ကတည်းက ရှစ်တန်းထိကျောင်းနေဘူးတဲ့
ပညာတက်လူငယ်တွေမှာ သူကြီးကတော်က ပါခဲ့တော့ ပညာမာန်လေးကရှိသေးသည်။ပြောလို့ပြောတာမဟုတ် ရှေးခေတ်က ရှစ်တန်းကိုးတန်း နေဖူးတဲ့သူမပြောနဲ့ ခြောက်တန်းလောက်ဆိုရင်ကိုပင် စာတကယ်တက်ကြတာကိုး။ မြေပိုင်ရှင်သမီးလည်းဖြစ်
ပညာလေးကလည်းတက်ဆိုတော့ သူကြီးတစ်ယောက်လုံးဘေးမှာ ဘာစကားမှဝင်မပြောတော့တာပဲကြည့်တော့။ သူကြီးကတော်ဆီက အဆုံးထိပြောခံလိုက်ရတော့ ဒေါ်ခင်စိန် ဆက်မပြောရဲတော့ပေ။
သို့သော် မကျေနပ်သည်မို့ စောင့်ကြီးအောင့်ကြီးပင်
ပြန်သွားလေရဲ့။
ဒေါ်ခင်စိန်ပြန်သွားမှ အတွင်းထရံအကွယ်ကနေ ငစုံထွက်လာလေသည်။ အစအဆုံး သူနောက်ကွယ်ကနေ ကြည့်နေမိပြီး ဒီကလေးကို မဖြစ်မနေ ဆွဲခေါ်ထုတ်ရတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က တည်မြဲလေလေပဲ ဖြစ်သည်။
" ကျေးဇူးတင်ပါတယ် အရီး။ ကျုပ် ညချမ်းအေးကို မြို့ပေါ်က ကျောင်းကောင်းကောင်းမှာ သေချာ ထားပေးမှာပါ။ ဒါလေးက ရွာဘုရားပွဲအတွက်လုံလောက်တဲ့ မတည်ငွေပါ။ လိုအပ်တာလေးတွေ ၊လုပ်ပေးစရာလေးတွေရှိရင်လည်း ကလေးကို သေချာ ဂရုစိုက်ပေးပါအုံးအရီး "
လိုအပ်တဲ့ပိုက်ဆံတစ်ထပ်ထည့်ပေးလိုက်တော့ သူကြီးကကျေနပ်သွားပေမဲ့ သူကြီးကတော်ကတော့ စိတ်ဝင်စားဟန်မပြပဲ ငစုံကိုပဲကြည့်ကာ
" ကလေးအတွက် စိတ်ချစမ်းပါဟယ်။ မင်းဘကြီးက မကြာခဏ တိုက်နယ်မှာ အစည်းဝေးပွဲ တွေသွား
တက်ရပါတယ်။ အစားအသောက်အတွက်လည်းမပူနဲ့ ငါလိုအပ်တာကြည့်စီစဉ်ပေးလိုက်မယ်
ဒါနဲ့ မင်း အခု အတော်လေး အဆင်ပြေနေတယ်ဆို "
" ဒီလိုပါပဲ အရီးရာ။ ရွှေမှော်ဆိုတော့ ငွေကတော့ရွှင်တာပေါ့"
" မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လားကွာ ။ ကလေးက ခုမှငါးတန်းတက်ရမှာပဲရှိ သေးတာ။ ပညာရေးက ဒီလောက်နဲ့ပြီးမှာမဟုတ်ဘူး ။တော်ကြာ တပိုင်းတစ်စတွေဖြစ်ကုန်မှ ပိုစိတ်ဆင်းရဲစရာတွေဖြစ်ကုန်မယ်"
မနေနိုင်တော့ ရေနွေးကြမ်းသောက်ရင်းငြိမ်နေတဲ့ သူကြီးကဝင်ပြောသည်။
ဒါကို သူနားလည်သည်မို့
" စိတ်မပူပါနဲ့ ဘကြီး ။ ကျုပ်အကုန်စီစဉ်ပေးမှာပါ။
ခုဟာကလည်း အမေ့ နှစ်လည်အတွက် ကုသိုလ်လေးရအောင်
ပညာရေး ပဒေသာပင်စိုက်ထူတဲ့သဘော နဲ့ ကလေးကို ထောက်ပံ့ပေးတာပါ။ ဘကြီးတော့သိ၊ မသိ၊ မသိဘူး။ အရီးကတော့ ကျုပ်အမေအကြောင်း ကောင်းကောင်းသိမှာပါ။ အမေက အရီးတို့အရွယ်ကတည်းက စာမတက်ရှာတော့ ကျောင်းသွားတက်တဲ့အရီးတို့တွေကို သိပ်အားကျရှာတာ။ ကျုပ်ကျောင်းနေအရွယ်ရောက်တော့လည်း အမေခဗျာ ကျုပ်စာဖတ်လို့ အမှားကြီး ဆိုနေရင်ကို မှားလို့မှားမှန်းမသိရှာဘူး "
အမေ့အကြောင်းတွေးမိတော့ရင်ထဲမကောင်းလှ။
လိမ်သည်မဟုတ်ပေမဲ့ အမေ က သူ့ကို ပညာတက်ဖြစ်စေချင်ခဲ့တာတော့ အမှန်ပဲမို့လား။ သူလည်းစာကောင်းကောင်းမသင်ရတာခြင်းအတူတူ ညချမ်းအေး လေး စာတက်တော့ရော အတူတူပဲမို့၊ အနည်းနဲ့အများ အမေ ပျော်သွားလိမ့်မယ်လို့တော့ ငစုံထင်တာပါပဲ။
ငစုံ တစ်ယောက်မျက်နှာမကောင်းမှန်းသိတော့
အရီးက ဆက်မမေးရှာတော့ ပေ။
ညချမ်းအေး ကိစ္စကို သူကြီးကို အကူအညီလာတောင်းမိစဉ် ၊ ပညာရေးကို ဦးစားပေးတဲ့
သူကြီးကတော်က အားကြိုးမာန်တက် ထောက်ခံပေးရှာသည်။ ခုလို လွယ်လွယ်အဆင်ပြေသွားတာကိုပဲကျေနပ်မဆုံး။ ရွာကို ခဏလာတုန်းကြားလိုက်ရတဲ့ ဦးလူလှရဲ့အကြောင်းမှာလည်း ဟိုးလေးတကြော်ကြော်။
သူထင်ထားသလို ရွာလမ်းကြီးချဲ့လိုက်တာ ဖြောင့်လို့ဖြူးလို့ပင်။ အရင်ဘဝတုန်းကအတိုင်း ဦးလူလှဝယ်ထားတဲ့ မြေရဲ့ လေးပုံ ပုံရင် တစ်ပုံလောက်ပဲ ကျန်တာမို့
တောက်တခေါက်ခေါက်ဖြစ်နေတဲ့ ဦးလူလှဟာ သူ့ငွေပြန်ရဖို့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုပဲ။ စိတ်ထဲ ကျေနပ်စွာပင် ညချမ်းအေး ကိစ္စတွေကို အပြတ်ဖြတ်ပေးနေမိသည်။ မဟုတ်တောင် သူပြန်လာဖို့ မလွယ်လှသည်မို့ ရောက်တုန်းရောက်ခိုက် ကျောင်းကိစ္စ၊နေရေး၊ထိုင်ရေးအကုန် စိတ်ချရအောင် လုပ်ပေးလိုက်၏။
သူသည် ညချမ်းအေးကို တိုက်နယ်ကျောင်းမှာ
ကျောင်းအိပ်ကျောင်းစား စာသင်ဝိုင်းနှင့် သေချာ အပ်နှံပေးကာ ကျောင်းထားပေးခဲ့သည်။
ထိုအရာကို သူကြီးက သေချာ လုပ်ပေးစေခဲ့ပြီး သူကတော့နောက်ကွယ်ကနေ ငွေစိုက်ထုတ်ခဲ့ရုံသာ။
" ညချမ်းအေး သေချာ စာသင်နော် ။ ပညာတက်ကြီးဖြစ် အောင်ကြိုးစား။ ဒါမှ သားကို ပညာရေး
ထောက်ပံ့ပေးတဲ့ အလှူရှင်တွေ ကျေနပ်ကြမှာ "
အင်္ကျီအသစ်ဝတ်ထားတဲ့ ညချမ်းအေးကို ငစုံ ခိုးငေးကြည့်နေရာမှ သူကြီးစကားကြီးကြောင့် မကျေမနပ်ဖြစ်လို့သွား၏။
ပညာတက်ဖြစ်စေချင်တာမှန်ပေမဲ့ ထောက်ပံ့မူ့သည်အစကတည်းက သူကျေနပ်ချင်လို့မှမဟုတ်တာ။
အဓိကက ညချမ်းအေး စိတ်ချမ်းသာရင်၊ ညချမ်းအေး ပျော်ရွှင်နေရင်ပြီးပြည့်စုံနေပြီ ဖြစ်သည်။
ဒီသူကြီးကတော့ အပိုတွေ အတော်လုပ်နေပြန်ပြီ ဟု
တွေးမိကာ ခပ်ဝဝ ကျောပြင်ကို နောက်ကနေ မျက်စောင်းခဲကြည့်မိသည်။
ဒါပေမဲ့ ညချမ်းအေးကတော့ ငစုံတွေးသလိုတွေးမနေပါ။ သူဝတ်ထားသော အဝတ်အစားအသစ်တွေအပြင် လွယ်အိတ်ထောင်၊ သင်ကြားရေးကိရိယာအစုံပါရှိတဲ့ ကာတွန်းရုပ်သဏ္ဍာန် ကွန်ပါဘူး နှင့် ရေသန့်ဘူးလှလှလေးကြောင့်ပျော်၍မဆုံး ဖြစ်၍နေလေသည်။
ထို့အပြင်စာရေးသောက်ရေးမှာလည်း သူနေ့စဉ်မစားဖူးတဲ့ အသားတစ်တုံး အသီးရွက်ကြော်နှစ်မျိုးနှင့်
ထမင်းဟင်းအစုံအလင် ဖြစ်ပြီး၊
လင်းလင်းထင်းထင်းရှိသောစာကြည့်မီးရောင်ကလည်း ပြတ်သားစွာ သူ့အိမ်စာတွေကို မြင်ရနိုင်သည်မှာ အံ့ဩစရာ၊ ဒါတင်မကသေး သန့်ရှင်းသောဖျာနှင့် အိပ်ယာအသစ်တို့ကြောင့်လည်း ရောက်ကတည်းက
သူ့၏ကျေးဇူးရှင်အား စိတ်ထဲကနေ အကြိမ်ကြိမ်ကျေးဇူးတင်ကန်တော့နေသည်ကိုတော့
ငစုံသိမည်မဟုတ် တော့ပေ။
______________
တောင်မှော်ရွာ၏ အလှက ညနေဆည်းဆာအောက်မှာ
ဂန္ဓဝင်ဆန်စွာ မြစ်ကမ်းနဖူးပေါ်မှာ မေးတင်၍ ရွှေဝါ ရောင်လွှမ်းခြုံကာ လှလှပပ ရှင်သန်နေခဲ့ပါသည်။
ရွှေထွက်သည့် ရွှေကျော သည် ဤနယ်မြေတွင်မက
နိုင်ငံ ၊ မြို့ ရွာ တော တောင် မြစ်ချောင်း အနှံ့အပြားမှာ ရှိနေလေသည်။ သယံဇာတ ပေါကြွယ်ဝမူ့ကတော့ အံ့မခမ်းလောက်စရာမို့ အနှစ်နှစ်အလလ တူးယူဖော်ဆောင်ကြတာကိုပင် မကုန်တာ ကြည့်ပေတော့။
ဒါတွင်မက ကြေးနီ၊ ကျောက်စိမ်း၊ပတ္တမြား ၊ ရွှေကျော၊ ရေနံ အစရှိတဲ့အဖိုးတန် သဘာဝတွေကလည်း ပေါမှပေါ။အနီးစပ်ဆုံး အများသိတဲ့ ရွှေကိုပဲကြည့်
ရွှေနိုင်ငံ ဟု ခေါ်ကြသလိုပင် တောင်မှော်ရွာလို နေရာမျိုးမှာတောင်..တောင်ကျော ၊လယ်ကွက်မကျန် ရွှေက စိမ့်ရေလိုထွက်သည်။ နိုင်ငံအနှံ့အပြားမှာ
ရွှေလုပ်ကွက်များစွာရှိပြီး ၊ တရားဝင် ရော ၊တရားမဝင်ရော တူးဖော်နေကြသည်မှာ အများသားပင်။
တချို့နေရာတွေဆို ရွှေပွားဟု သက်မှတ်ရမလို တူး၍ မကုန်။ ရွှေစိမ့်ထွက်တဲ့နေရာရှိသလိုလို ပြောသူရှိတာလည်း မယုံလို့မရ။ တကယ့်ရွှေကျောတွေက မြေကြီးရဲ့ အလွှာထဲကနေ စိမ့်ထွက်နေသလို တူးတိုင်းထွက်သည်။ တောင်မှော်အင်းမှမဟုတ်။ တကယ့်နာမည်ကြီးနေရာတွေဆို နှစ်ပေါင်း သုံးလေးဆယ်ကြာအောင် တူး၍ ရွှေတန်ချိန်များစွာရနေတဲ့နေရာတွေမှ အများကြီး။ ထိုနေရာတွေဆို တကယ့်အခိုင်အမာ အဆောက်အဦး၊ခေတ်မှီစက်ကိရိယာများစွာဖြင့် တောင်ဖြိုအင်းဖောက်နေတာ အံ့ဩစရာ
ပင်မဟုတ်လား။
(မှတ်ချက်/ ဒီဇာတ်လမ်းကို မြန်မာနိုင်ငံဟု မသက်မှတ်ထားဘူးဆိုတာရယ် ၊ မြို့ရွာဒေသ စိတ်ကူးယဉ်ထားကြောင်း intro မှာကတည်းက ပြောပြထားပေမဲ့
သယံဇာတ ပေါကြွယ်ဝတဲ့ ကိုယ်တို့နိုင်ငံက ခု အပိုင်းမှာပြောသလို တွင်းထွက်ပစ္စည်း ရှယ်ပလန်နဲ့ပေါတာပါနော်။ ရွှေကျောဆိုရင် မတ်ဆောက်တဲ့ တောင်ကြီးကနေ နှစ်ပေါင်းများစွာကြာအောင်ဖြိုပစ်ပြီး မြေပြန့်ဖြစ်သွားတဲ့အကြောင်းတွေ ၊ အောက်မြေအောက်ပေများစွာထိ နှိုက်ယူဖော်ဆောင်ခဲ့တဲ့အကြောင်းတွေက
သမိုင်းဝင် ကျောက်တူးဖော်ခဲ့တဲ့ မိုးကုတ်၊ဖားကန့်လောက်ပဲတချို့သူတွေသိမှာပါ။ ဒါတင် မကပါဘူးနော် ၊ ဒီထက်အများကြီး ကျန်နေပါသေးတယ် ။ ခုရေးနေတဲ့တောင်မှော်အင်းဆိုတာက အထက်က သိပ်စိတ်မဝင်စားတဲ့ ခပ်သေးသေး လုပ်ကွက်လေးပဲရှိသေးတာပါ ။ တကယ့် ကျောက်မျက်ရတနာ၊ရွှေငွေထွက်တဲ့နေရာတွေမှာဆိုရင် ဘယ်လောက် တွင်းထွက်ဘယ်လောက် ပေါကြွယ်ဝသလဲ၊ အထွက်များသလဲဆို ယုံတမ်းစကားတွေ၊ သိုးသိုးသဲ့သဲ့ စကားတွေ က သက်သေပဲမဟုတ်လား။ ပြောစရာတွေအများကြီးရှိပေမဲ့ တော်သေးပြီ ")
"သားကို ေက်ာင္းမထုတ္ပါနဲ႔ ေဒၚေလးရယ္။
သားမနက္ခင္းတိုင္း အိမ္အလုပ္ေတြၿပီးေအာင္ လုပ္ေပးပါ့မယ္ေနာ္.. ေဒၚေလး။ သားကိုေက်ာင္းမထုတ္ပါနဲ႔ သားမထြက္ခ်င္ဘူး "
" တယ္ ... ငါရိုက္လိုက္ရ။ သြားစမ္းေဝးေဝးကို။ စီးပြား
ေရးမွမေျပလည္ရတဲ့အထဲ နင္ပညာတက္ေတာ့ေရာ ဘာအေရးလဲ။ သြား..ငါနားမလာနဲ႔ ငိုခ်င္ရင္ အိမ္နဲ႔ေဝးရာသြားငို။ အိမ္လာဘ္တိတ္တယ္"
မနက္ေစာေစာ ဆူဆူပူပူေအာ္သံႏွင့္အတူညခ်မ္းေအးရဲ့ငိုသံက ၿခံဝန္းအတြင္းပ်ံ့ႏွံ႔လာသည္။ရိုက္လိုက္ရ ဟု ေျပာေပသၫ့္ လက္ကပါၿပီးသားမို႔ ကိုယ္လံုးငယ္ေလးသည္ လူႀကီးအားကို မယွဉ္ႏိုင္စြာ ေနာက္ကို ယိုင္က်သြားေလသည္။
မၾကာခဏ လက္ပါတက္တာမို႔ ညခ်မ္းေအးသည္
သူ႔အေဒၚျဖစ္သူစကားအတိုင္း မ်က္စိေရ႔ွ မေနရဲ
ေတာ့ပဲ မ်က္ရည္စီးက်လ်က္သားပင္ ခပ္ေဝးေဝးကို တြန႔္ဆုတ္စြာ ထြက္သြားေတာ့သည္။
သဖန္းေတာ မွာ မူလတန္းေက်ာင္းသာ ရိွတာမို႔
ေလးတန္းေအာင္တဲ့ ညခ်မ္းေအးတစ္ေယာက္
ရြာကေန ငါးမိုင္နီးပါးကြာေဝးတဲ့ တိုက္နယ္ရြာႀကီးမွာ ေက်ာင္းတက္ဖို႔ ဘယ္လိုမွမျဖစ္ႏိုင္ပါ။ ေငြမရိွသလို
လူရာသြင္းခ်င္းမခံရတဲ့ကေလးတစ္ေယာက္မို႔ အတိတ္ဘဝတြင္လည္း ညခ်မ္းေအးတစ္ေယာက္
စာမတက္ရွာပါ ။ ေက်ာင္းပညာေရးမွာ ေကာင္းမြန္တဲ့ အလားအလာရိွေသာ္ျငား ပညာမဲ့၊ေမတၲာမဲ့သူေတြၾကား တစ္ခန္းရပ္ခဲ့တဲ့ အနာဂတ္ ၾကယ္တစ္ပြင့္အေၾကာင္း ငစံုက လြဲၿပီး ဘယ္သူသိႏိုင္မွာတဲ့လဲ ။ ၿခံစည္းရိုးကေန တိတ္တိတ္ေလးခိုးၾကၫ့္မိသၫ့္
ငစံု တစ္ေယာက္မွာေတာ့ ဝမ္းနည္းစိတ္ျဖင့္ မ်က္ရည္တစ္ပြင့္က လြင့္ခနဲ။ အတိတ္တြင္ပညာမတက္ရွာတဲ့
ညခ်မ္းေအးသည္ ေငြစအနည္းငယ္အတြက္ မအိပ္မေနရွာေဖြခဲ့ရသည္။ ညခ်မ္းေအး ရွာခဲ့ ေသာေငြသည္ သူ႔ ကိုယ္တိုင္အတြက္မဟုတ္ပဲ ငစံု၏ ေထာင္အတြင္း
စားဖြယ္ေကာင္းမ်ားျဖစ္ခဲ့သည္ကို သတိရမိေတာ့
အံကိုသာတင္းတင္းႀကိတ္မိေတာ့၏။
_______
" ကဲ ခင္စိန္။ ညခ်မ္းေအး ကိစၥကို ညည္းဘယ္လိုသေဘာရလဲ"
" အိုး.. သူႀကီးရယ္။ က်ဳပ္မွာ အိမ္အလုပ္ေတြက မနည္းမေနာ ။ သူ႔ကို သီးသန႔္ၿမိဳ႔ပို႔ဖို႔ဆိုတာ ဘယ္လိုျဖစ္ႏိုင္မွာလဲ။ ေခတ္ကာလ ကုန္ေဈးႏႈန္းကလည္း ႀကီးပါဘိ။ မတက္ႏိုင္ပါဘူးေတာ္"
ေဒၚခင္စိန္က ေမ်ာ္လင့္ထားသလို ျငင္းလာတာကခါးခါးသီးသီးပင္။ ထိုအခ်ိန္ သူႀကီးကေတာ္က ယပ္ေတာင္တဖ်ပ္ဖ်ပ္ခတ္ရင္း စကားဝိုင္းမွာဝင္ထိုင္လာကာ...
" ကေလးက ပညာေရးမွာ ဒီေလာက္ေတာ္တာကိုကြယ္။ ဟိုမွာ ေက်ာင္းအိပ္ေက်ာင္းစား ေထာက္ပံ့ေပးမဲ့သူက အဆင္သင့္ရိွေနတာကို ညည္းက ဘာမ်ားကုန္က်မွာမို႔လို႔လဲ။ အိမ္မွာထားရင္ေတာင္ ဝမ္းတခါးအတြက္ ညည္းပူပန္ေနရအံုးမယ္။ ခုဆို တစ္ႏွစ္လံုးစာ စရိတ္အတြက္တင္မကဘူး သူေတာ္ရင္ ေတာ္သလို ႏွစ္စဉ္ ပညာေရးေထာက္ပံ့ေပးမယ္သူေတြရိွတာ ဘယ္ေလာက္ေကာင္းလိုက္လဲေအ။ မပူမပင္ေနရမဲ့အျပင္အေကာင္းဆံုးေက်ာင္းမွာလည္းေနရအံုးမယ္။
ဒါ ညခ်မ္းေအး မို႔ေနာ္ ။ ျဖစ္ႏိုင္ရင္ က်ဳပ္သားသာ ဒီလိုေတာ္ရင္ ထားလိုက္ခ်င္ေသး။ "
"ဒါေပမဲ့ အမရယ္။ လိုအပ္တဲ့ကုန္က်စရိတ္ရိွလာရင္.. ဘယ္လိုလုပ္မလဲ။ မျဖစ္ေသးပါဘူးေတာ္...။ အိမ္မွာ ထားတာမွခိုင္းစားရအံုးမယ္။ အျပင္ပို႔လိုက္မွ ဘာေၾကးညာေၾကး ေငြကုန္ေနရင္ က်ဳပ္ပဲဒုကၡမ်ားမွာ။ သူ႔ဦးေလးကလည္း အသက္ကႀကီးလာေတာ့ ဘာမွမယ္မယ္ရရလုပ္ႏိုင္ေတာ့မဟုတ္ဘူး"
ေဒၚခင္စိန္ကညီးညီးျငဴျငဴ။
အမွန္ေတာ့ ေဒၚခင္စိန္မွာ ကေလးမရိွေပ။
ညခ်မ္းေအးကိုမုန္းရသၫ့္အေၾကာင္းမွာ ဒီကေလး ေမြးလာကတည္းက ကံဆိုးလြန္းတာေၾကာင့္ ျဖစ္သည္။ အႏွီးထုတ္နဲ႔ ေရာက္လာကစဆို
ထိေတြ့ရမည္ေတာင္ ခပ္ေၾကာက္ေၾကာက္ ျဖစ္ခဲ့ေသးသည္။ ဖေအလုပ္သူက ပိုးထိလို႔ဆံုးတဲ့အျပင္ ၊မေအလုပ္သူက မီးတြင္းထဲ
ေသြးတက္ၿပီးေသျပန္ တာ သူေမြးလာမွပင္။ ေမြးကတည္းက ဘာေကာင္းက်ိဳးမွမရိွတဲ့ ကေလးကို သူေယာက္်ားကလြဲၿပီး ဘယ္သူ ေခၚခ်င္မွာလဲ။ သူမွမေကြၽးရင္ မေကာင္းတက္ေတာ့ မေခၚခ်င္လည္းေခၚထားရေသး။ ခုအရြယ္ေရာက္ေတာ့လည္း ေက်ာင္းကထားရအံုးမယ္။
ေဒၚခင္စိန္ အင္တင္တင္ျဖစ္ေနတာျမင္ေတာ့ သူႀကီးကေတာ္ တစ္ေယာက္ သူခပ္ေနတဲ့ ႏွီးယပ္ေတာင္ကို ပစ္ခ်ကာ စိတ္မရွည္သၫ့္မ်က္ႏွာေဘးျဖင့္...
" အမေလးေအ။ စာေတာ္လို႔ ေျမေတာင္ေျမာက္ေပးတာပဲေအ။ ကုန္က်စရိတ္ကို ဟိုဖက္အဖြဲ႔အစည္းက
အကုန္ခံမွာေပါ့။ ဘယ္ႏွယ့္ ဉာဏ္ရည္မမွီ၊ဗဟုသုတမရိွဘူးေျပာရင္စိတ္ဆိုးၾကအံုးမယ္။ ဒီမွာ ခင္စိန္ ။
ညည္း ထားဖို႔အဆင္မေျပရင္ ညခ်မ္းေအးကို
ငါ တာဝန္ယူၿပီးထားေပးလိုက္မယ္ ။ ကေလးေနာက္တစ္ခ်ိန္ တိုးတက္ႀကီးပြားလာမွ နာမည္ေကာင္းလာမခံနဲ႔ ။ ႀကိဳေျပာထားတာ။ "
သူႀကီးကေတာ္က နဂိုကတည္းက ခပ္စြာစြာရယ္။
ဟိုးေခတ္ ကတည္းက ရွစ္တန္းထိေက်ာင္းေနဘူးတဲ့
ပညာတက္လူငယ္ေတြမွာ သူႀကီးကေတာ္က ပါခဲ့ေတာ့ ပညာမာန္ေလးကရိွေသးသည္။ေျပာလို႔ေျပာတာမဟုတ္ ေရွးေခတ္က ရွစ္တန္းကိုးတန္း ေနဖူးတဲ့သူမေျပာနဲ႔ ေျခာက္တန္းေလာက္ဆိုရင္ကိုပင္ စာတကယ္တက္ၾကတာကိုး။ ေျမပိုင္ရွင္သမီးလည္းျဖစ္
ပညာေလးကလည္းတက္ဆိုေတာ့ သူႀကီးတစ္ေယာက္လံုးေဘးမွာ ဘာစကားမွဝင္မေျပာေတာ့တာပဲၾကၫ့္ေတာ့။ သူႀကီးကေတာ္ဆီက အဆံုးထိေျပာခံလိုက္ရေတာ့ ေဒၚခင္စိန္ ဆက္မေျပာရဲေတာ့ေပ။
သို႔ေသာ္ မေက်နပ္သည္မို႔ ေစာင့္ႀကီးေအာင့္ႀကီးပင္
ျပန္သြားေလရဲ့။
ေဒၚခင္စိန္ျပန္သြားမွ အတြင္းထရံအကြယ္ကေန ငစံုထြက္လာေလသည္။ အစအဆံုး သူေနာက္ကြယ္ကေန ၾကၫ့္ေနမိၿပီး ဒီကေလးကို မျဖစ္မေန ဆြဲေခၚထုတ္ရေတာ့မယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္က တည္ၿမဲေလေလပဲ ျဖစ္သည္။
" ေက်းဇူးတင္ပါတယ္ အရီး။ က်ဳပ္ ညခ်မ္းေအးကို ၿမိဳ႔ေပၚက ေက်ာင္းေကာင္းေကာင္းမွာ ေသခ်ာ ထားေပးမွာပါ။ ဒါေလးက ရြာဘုရားပြဲအတြက္လံုေလာက္တဲ့ မတည္ေငြပါ။ လိုအပ္တာေလးေတြ ၊လုပ္ေပးစရာေလးေတြရိွရင္လည္း ကေလးကို ေသခ်ာ ဂရုစိုက္ေပးပါအံုးအရီး "
လိုအပ္တဲ့ပိုက္ဆံတစ္ထပ္ထၫ့္ေပးလိုက္ေတာ့ သူႀကီးကေက်နပ္သြားေပမဲ့ သူႀကီးကေတာ္ကေတာ့ စိတ္ဝင္စားဟန္မျပပဲ ငစံုကိုပဲၾကၫ့္ကာ
" ကေလးအတြက္ စိတ္ခ်စမ္းပါဟယ္။ မင္းဘႀကီးက မၾကာခဏ တိုက္နယ္မွာ အစည္းေဝးပြဲ ေတြသြား
တက္ရပါတယ္။ အစားအေသာက္အတြက္လည္းမပူနဲ႔ ငါလိုအပ္တာၾကၫ့္စီစဉ္ေပးလိုက္မယ္
ဒါနဲ႔ မင္း အခု အေတာ္ေလး အဆင္ေျပေနတယ္ဆို "
" ဒီလိုပါပဲ အရီးရာ။ ေရႊေမွာ္ဆိုေတာ့ ေငြကေတာ့ရႊင္တာေပါ့"
" မင္းဟာက ဟုတ္ေရာ ဟုတ္ရဲ့လားကြာ ။ ကေလးက ခုမွငါးတန္းတက္ရမွာပဲရိွ ေသးတာ။ ပညာေရးက ဒီေလာက္နဲ႔ၿပီးမွာမဟုတ္ဘူး ။ေတာ္ၾကာ တပိုင္းတစ္စေတျြဖစ္ကုန္မွ ပိုစိတ္ဆင္းရဲစရာေတျြဖစ္ကုန္မယ္"
မေနႏိုင္ေတာ့ ေရႏြေးၾကမ္းေသာက္ရင္းၿငိမ္ေနတဲ့ သူႀကီးကဝင္ေျပာသည္။
ဒါကို သူနားလည္သည္မို႔
" စိတ္မပူပါနဲ႔ ဘႀကီး ။ က်ဳပ္အကုန္စီစဉ္ေပးမွာပါ။
ခုဟာကလည္း အေမ့ ႏွစ္လည္အတြက္ ကုသိုလ္ေလးရေအာင္
ပညာေရး ပေဒသာပင္စိုက္ထူတဲ့သေဘာ နဲ႔ ကေလးကို ေထာက္ပံ့ေပးတာပါ။ ဘႀကီးေတာ့သိ၊ မသိ၊ မသိဘူး။ အရီးကေတာ့ က်ဳပ္အေမအေၾကာင္း ေကာင္းေကာင္းသိမွာပါ။ အေမက အရီးတို႔အရြယ္ကတည္းက စာမတက္ရွာေတာ့ ေက်ာင္းသြားတက္တဲ့အရီးတို႔ေတြကို သိပ္အားက်ရွာတာ။ က်ဳပ္ေက်ာင္းေနအရြယ္ေရာက္ေတာ့လည္း အေမခဗ်ာ က်ဳပ္စာဖတ္လို႔ အမွားႀကီး ဆိုေနရင္ကို မွားလို႔မွားမွန္းမသိရွာဘူး "
အေမ့အေၾကာင္းေတြးမိေတာ့ရင္ထဲမေကာင္းလွ။
လိမ္သည္မဟုတ္ေပမဲ့ အေမ က သူ႔ကို ပညာတက္ျဖစ္ေစခ်င္ခဲ့တာေတာ့ အမွန္ပဲမို႔လား။ သူလည္းစာေကာင္းေကာင္းမသင္ရတာျခင္းအတူတူ ညခ်မ္းေအး ေလး စာတက္ေတာ့ေရာ အတူတူပဲမို႔၊ အနည္းနဲ႔အမ်ား အေမ ေပ်ာ္သြားလိမ့္မယ္လို႔ေတာ့ ငစံုထင္တာပါပဲ။
ငစံု တစ္ေယာက္မ်က္ႏွာမေကာင္းမွန္းသိေတာ့
အရီးက ဆက္မေမးရွာေတာ့ ေပ။
ညခ်မ္းေအး ကိစၥကို သူႀကီးကို အကူအညီလာေတာင္းမိစဉ္ ၊ ပညာေရးကို ဦးစားေပးတဲ့
သူႀကီးကေတာ္က အားႀကိဳးမာန္တက္ ေထာက္ခံေပးရွာသည္။ ခုလို လြယ္လြယ္အဆင္ေျပသြားတာကိုပဲေက်နပ္မဆံုး။ ရြာကို ခဏလာတုန္းၾကားလိုက္ရတဲ့ ဦးလူလွရဲ့အေၾကာင္းမွာလည္း ဟိုးေလးတေၾကာ္ေၾကာ္။
သူထင္ထားသလို ရြာလမ္းႀကီးခ်ဲ့လိုက္တာ ေျဖာင့္လို႔ျဖဴးလို႔ပင္။ အရင္ဘဝတုန္းကအတိုင္း ဦးလူလွဝယ္ထားတဲ့ ေျမရဲ့ ေလးပံု ပံုရင္ တစ္ပံုေလာက္ပဲ က်န္တာမို႔
ေတာက္တေခါက္ေခါက္ျဖစ္ေနတဲ့ ဦးလူလွဟာ သူ႔ေငျြပန္ရဖို႔ ဘာလုပ္ရမွန္းမသိျဖစ္ေနတယ္ဆိုပဲ။ စိတ္ထဲ ေက်နပ္စြာပင္ ညခ်မ္းေအး ကိစၥေတြကို အျပတ္ျဖတ္ေပးေနမိသည္။ မဟုတ္ေတာင္ သူျပန္လာဖို႔ မလြယ္လွသည္မို႔ ေရာက္တုန္းေရာက္ခိုက္ ေက်ာင္းကိစၥ၊ေနေရး၊ထိုင္ေရးအကုန္ စိတ္ခ်ရေအာင္ လုပ္ေပးလိုက္၏။
သူသည္ ညခ်မ္းေအးကို တိုက္နယ္ေက်ာင္းမွာ
ေက်ာင္းအိပ္ေက်ာင္းစား စာသင္ဝိုင္းႏွင့္ ေသခ်ာ အပ္ႏွံေပးကာ ေက်ာင္းထားေပးခဲ့သည္။
ထိုအရာကို သူႀကီးက ေသခ်ာ လုပ္ေပးေစခဲ့ၿပီး သူကေတာ့ေနာက္ကြယ္ကေန ေငြစိုက္ထုတ္ခဲ့ရံုသာ။
" ညခ်မ္းေအး ေသခ်ာ စာသင္ေနာ္ ။ ပညာတက္ႀကီးျဖစ္ ေအာင္ႀကိဳးစား။ ဒါမွ သားကို ပညာေရး
ေထာက္ပံ့ေပးတဲ့ အလႉရွင္ေတြ ေက်နပ္ၾကမွာ "
အက်ႌအသစ္ဝတ္ထားတဲ့ ညခ်မ္းေအးကို ငစံု ခိုးေငးၾကၫ့္ေနရာမွ သူႀကီးစကားႀကီးေၾကာင့္ မေက်မနပ္ျဖစ္လို႔သြား၏။
ပညာတက္ျဖစ္ေစခ်င္တာမွန္ေပမဲ့ ေထာက္ပံ့မူ႔သည္အစကတည္းက သူေက်နပ္ခ်င္လို႔မွမဟုတ္တာ။
အဓိကက ညခ်မ္းေအး စိတ္ခ်မ္းသာရင္၊ ညခ်မ္းေအး ေပ်ာ္ရႊင္ေနရင္ၿပီးျပၫ့္စံုေနၿပီ ျဖစ္သည္။
ဒီသူႀကီးကေတာ့ အပိုေတြ အေတာ္လုပ္ေနျပန္ၿပီ ဟု
ေတြးမိကာ ခပ္ဝဝ ေက်ာျပင္ကို ေနာက္ကေန မ်က္ေစာင္းခဲၾကၫ့္မိသည္။
ဒါေပမဲ့ ညခ်မ္းေအးကေတာ့ ငစံုေတြးသလိုေတြးမေနပါ။ သူဝတ္ထားေသာ အဝတ္အစားအသစ္ေတြအျပင္ လြယ္အိတ္ေထာင္၊ သင္ၾကားေရးကိရိယာအစံုပါရိွတဲ့ ကာတြန္းရုပ္သ႑ာန္ ကြန္ပါဘူး ႏွင့္ ေရသန႔္ဘူးလွလွေလးေၾကာင့္ေပ်ာ္၍မဆံုး ျဖစ္၍ေနေလသည္။
ထို႔အျပင္စာေရးေသာက္ေရးမွာလည္း သူေန့စဉ္မစားဖူးတဲ့ အသားတစ္တံုး အသီးရြက္ေၾကာ္ႏွစ္မ်ိဳးႏွင့္
ထမင္းဟင္းအစံုအလင္ ျဖစ္ၿပီး၊
လင္းလင္းထင္းထင္းရိွေသာစာၾကၫ့္မီးေရာင္ကလည္း ျပတ္သားစြာ သူ႔အိမ္စာေတြကို ျမင္ရႏိုင္သည္မွာ အံ့ဩစရာ၊ ဒါတင္မကေသး သန႔္ရွင္းေသာဖ်ာႏွင့္ အိပ္ယာအသစ္တို႔ေၾကာင့္လည္း ေရာက္ကတည္းက
သူ႔၏ေက်းဇူးရွင္အား စိတ္ထဲကေန အႀကိမ္ႀကိမ္ေက်းဇူးတင္ကန္ေတာ့ေနသည္ကိုေတာ့
ငစံုသိမည္မဟုတ္ ေတာ့ေပ။
______________
ေတာင္ေမွာ္ရြာ၏ အလွက ညေနဆည္းဆာေအာက္မွာ
ဂႏၶဝင္ဆန္စြာ ျမစ္ကမ္းနဖူးေပၚမွာ ေမးတင္၍ ေရႊဝါ ေရာင္လႊမ္းၿခံဳကာ လွလွပပ ရွင္သန္ေနခဲ့ပါသည္။
ေရႊထြက္သၫ့္ ေရႊေက်ာ သည္ ဤနယ္ေျမတြင္မက
ႏိုင္ငံ ၊ ၿမိဳ႔ ရြာ ေတာ ေတာင္ ျမစ္ေခ်ာင္း အႏွံ႔အျပားမွာ ရိွေနေလသည္။ သယံဇာတ ေပါႂကြယ္ဝမူ႔ကေတာ့ အံ့မခမ္းေလာက္စရာမို႔ အႏွစ္ႏွစ္အလလ တူးယူေဖာ္ေဆာင္ၾကတာကိုပင္ မကုန္တာ ၾကၫ့္ေပေတာ့။
ဒါတြင္မက ေၾကးနီ၊ ေက်ာက္စိမ္း၊ပတၲျမား ၊ ေရႊေက်ာ၊ ေရနံ အစရိွတဲ့အဖိုးတန္ သဘာဝေတြကလည္း ေပါမွေပါ။အနီးစပ္ဆံုး အမ်ားသိတဲ့ ေရႊကိုပဲၾကၫ့္
ေရႊႏိုင္ငံ ဟု ေခၚၾကသလိုပင္ ေတာင္ေမွာ္ရြာလို ေနရာမ်ိဳးမွာေတာင္..ေတာင္ေက်ာ ၊လယ္ကြက္မက်န္ ေရႊက စိမ့္ေရလိုထြက္သည္။ ႏိုင္ငံအႏွံ႔အျပားမွာ
ေရႊလုပ္ကြက္မ်ားစြာရိွၿပီး ၊ တရားဝင္ ေရာ ၊တရားမဝင္ေရာ တူးေဖာ္ေနၾကသည္မွာ အမ်ားသားပင္။
တခ်ိဳ႕ေနရာေတြဆို ေရႊပြားဟု သက္မွတ္ရမလို တူး၍ မကုန္။ ေရႊစိမ့္ထြက္တဲ့ေနရာရိွသလိုလို ေျပာသူရိွတာလည္း မယံုလို႔မရ။ တကယ့္ေရႊေက်ာေတြက ေျမၾကီးရဲ့ အလႊာထဲကေန စိမ့္ထြက္ေနသလို တူးတိုင္းထြက္သည္။ ေတာင္ေမွာ္အင္းမွမဟုတ္။ တကယ့္နာမည္ႀကီးေနရာေတြဆို ႏွစ္ေပါင္း သံုးေလးဆယ္ၾကာေအာင္ တူး၍ ေရႊတန္ခ်ိန္မ်ားစြာရေနတဲ့ေနရာေတြမွ အမ်ားႀကီး။ ထိုေနရာေတြဆို တကယ့္အခိုင္အမာ အေဆာက္အဦး၊ေခတ္မွီစက္ကိရိယာမ်ားစြာျဖင့္ ေတာင္ၿဖိဳအင္းေဖာက္ေနတာ အံ့ဩစရာ
ပင္မဟုတ္လား။
(မွတ္ခ်က္/ ဒီဇာတ္လမ္းကို ျမန္မာႏိုင္ငံဟု မသက္မွတ္ထားဘူးဆိုတာရယ္ ၊ ၿမိဳ႔ရြာေဒသ စိတ္ကူးယဉ္ထားေၾကာင္း intro မွာကတည္းက ေျပာျပထားေပမဲ့
သယံဇာတ ေပါႂကြယ္ဝတဲ့ ကိုယ္တို႔ႏိုင္ငံက ခု အပိုင္းမွာေျပာသလို တြင္းထြက္ပစၥည္း ရွယ္ပလန္နဲ႔ေပါတာပါေနာ္။ ေရႊေက်ာဆိုရင္ မတ္ေဆာက္တဲ့ ေတာင္ႀကီးကေန ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ၿဖိဳပစ္ၿပီး ေျမျပန႔္ျဖစ္သြားတဲ့အေၾကာင္းေတြ ၊ ေအာက္ေျမေအာက္ေပမ်ားစြာထိ ႏိႈက္ယူေဖာ္ေဆာင္ခဲ့တဲ့အေၾကာင္းေတြက
သမိုင္းဝင္ ေက်ာက္တူးေဖာ္ခဲ့တဲ့ မိုးကုတ္၊ဖားကန႔္ေလာက္ပဲတခ်ိဳ႕သူေတြသိမွာပါ။ ဒါတင္ မကပါဘူးေနာ္ ၊ ဒီထက္အမ်ားႀကီး က်န္ေနပါေသးတယ္ ။ ခုေရးေနတဲ့ေတာင္ေမွာ္အင္းဆိုတာက အထက္က သိပ္စိတ္မဝင္စားတဲ့ ခပ္ေသးေသး လုပ္ကြက္ေလးပဲရိွေသးတာပါ ။ တကယ့္ ေက်ာက္မ်က္ရတနာ၊ေရႊေငြထြက္တဲ့ေနရာေတြမွာဆိုရင္ ဘယ္ေလာက္ တြင္းထြက္ဘယ္ေလာက္ ေပါႂကြယ္ဝသလဲ၊ အထြက္မ်ားသလဲဆို ယံုတမ္းစကားေတြ၊ သိုးသိုးသဲ့သဲ့ စကားေတြ က သက္ေသပဲမဟုတ္လား။ ေျပာစရာေတြအမ်ားႀကီးရိွေပမဲ့ ေတာ္ေသးၿပီ ")
Bạn đang đọc truyện trên: ZingTruyen.Xyz