ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

5

eainsi23

" ကိုစုံ  ဧည့်သည် လာတယ်"

အလုပ်သမားတစ်ယောက်၏ ခေါ်သံကြောင့် စုံသာမြိုင် မြေစာပုံပေါ်ကနေ ခုန်ဆင်းလိုက်တာများ လွှားခနဲ။ ခြေတံက ရှည်ရှည်၊ ဝတ်လိုက်ရင် ပုဆိုးက ခြေသလုံးကိုကျော်သေး၊အရွယ်ရောက်စ ပြုလာပြီဖြစ်တဲ့ ခြေမွှေး၊လက်မွှေးတွေနဲ့ ငစုံဟာ တောင်မှော်ရွာ အင်းသူကြီးတွေရဲ့ သမီး‌ပျိုတွေကြားမှာတော့ ရေပန်းစားလေရဲ့။ ထောင်သားဘဝနှင့် နှစ်ရှည်ကျခဲ့တဲ့ငစုံတစ်ယောက် ဆံပင်ရှည်ရင်ပင် မနေ‌တက်တော့။ ထို့ကြောင့် တိပစွာ ထိုးထားတဲ့ ကတုံးဆံတောက်ကေနှင့် ပေါ်လွင်သော နဖူး ထင်ရှားသော မျက်ခုံးကြောင့် လူချောဟုပင်သက်မှတ်ရမလိုလို။

" ဘယ်သူများလဲလို့ ။ ပြော ကိုကျန် "

ဖိုးကျန်ဆိုတဲ့ကောင်လေးက သူ့အင်းမှာ အလုပ်လုပ်နေတာ နှစ်ဝက် ကျော်နေပြီ။
အလုပ်မှာ မခိုးမဝှက်ပဲ တိတိကျကျ လုပ်ပေးတက်တာမို့ ငစုံ၏ မျောစာလှည့်တဲ့ဖက်မှာ လူယုံတောင် ဖြစ်လုပြီ။ သူရောက်လာတာမြင်တော့ စိတ်လှုပ်ရှားစွာ ကိုကျန် ထရပ်လာသည်။ ကိုကျန်ထိုင်နေတဲ့ မြေစာတို့သည် အဝါရင့်ရောင်ပေါက်နေသည်မို့
သူ့ပုဆိုးတို့မှာ အနည်းငယ်မျှကပ်ညှိနေပြန်သည်။
ကိုကျန်သည် နောက်လှည့်ကာ ခါသေးသည်။
ဖုန်မှုန်တို့လွင့်သွားတာကိုနေရောင် အောက်မှာ ငစုံမြင်နေရသည်။

" ဆရာ ဒီတစ်ခေါက်  မြို့ပေါ်သွားမလို့ဆို "

" ဟုတ်တယ်။ ဘာမှာမလို့လဲ။ "

" မှာမလို့မဟုတ်ဘူးဆရာ ။ မြေစာဝယ်တဲ့ဖက်မှာ
ပိုက်ဆံပြတ်ခါနီးနေပြီ ။ အဆင်ပြေရင် ရွှေဖြူတွေရောင်းခဲ့ပေးမလားလို့ပါ"

ကိုကျန်က ရွှေဖြူဘယ်၍ ဘယ်မျှဈေးပေါက်လည်း သူမသိ။ သို့သော်သူက အတန်းပညာ ခြောက်တန်းထိ နေခဲ့တာကြောင့် စာရင်းအင်း လုပ်နိုင်လေသည် ။ ငစုံအလုပ်မှာ မောင်ကျန်က ရွှေလှည့် ၊ စာရင်းကိုင်အဖြစ် လုပ်ကိုင်ရသည်မို့ အရင် အလုပ်ထက်စာရင် ပြေပြေလည်လည်ရှိလာ၏။ ထို့ကြောင့် မောင်ကျန်တစ်ယောက် စေတနာထားကာ လုပ်ပေးရှာ၏။

မောင်ကျန်မှမဟုတ် စုံသာမြိုင်ရဲ့အလုပ်မှာ လူငှားမြဲတာအံ့ဩစရာ။ လုပ်ရင်လုပ်သလို ငွေပိုရတာမို့
ဆင်းရဲသားလုပ်သားတွေအတွက်ကတော့ ပျော်မြူးစရာဖြစ်နေလေ၏။ စာမတက်ရင် လူရာမဝင်၊
ဆင်းရဲလွန်းရင် လူရာမဝင်တဲ့ လူငယ်တွေအတွက်
ကိုစုံက မျော်လင့်ချက်ပင်။ စုံသာမြိုင်ရဲ့အလုပ်မှာ လုပ်သားစည်းကမ်းရှိသည်။

"အလုပ်လုပ်သ၍ ပိုက်ဆံရမည်။ မူးယစ်ဆေးနှင့်လောင်းကစားလုပ်သူ အလုပ်မှာလက်မခံ "

ထိုဆောင်ပုဒ်ကို စာ‌ရေးချိတ်ထားတာကလည်း ထင်ထင်ရှားရှား။

တောင်မှော်အင်းမှာရွှေကုန်သည်တွေလည်းရှိသည်။ ကျင်ရွှေခေါ် ရွှေစိမ်းသည် ကုန်သည်တွေ လက်ထဲမှာ ဈေးကတော့ ပုံမှန်လိုလို ပေါက်ဈေထက်နည်းသည်။ အရင်း အနှီး လိုတုန်းကတော့ အမြဲလိုလို
သင်္ဘောကျင်းက ဘမှော်အသိဆိုင်မှာ ရောင်းတက်ပေမဲ့ ခုဆို ငစုံလက်ထဲ မရောင်းပဲ စုထားတာ တော်တော်များနေလေပြီ။မကြာခင် ဒေါ်တင်ကြီးရဲ့ အင်းလေလံလာတော့မည်။ နာမည်ပြေးနေတဲ့အင်းမို့ ဈေးကမိုးထိနေလျက်။ သူ့မှာရှိသမျှပုံအောရင်းရမှာ ဒီလတွေအတွင်းမှာ ငွေကို ရေလိုဖြစ်အောင် သူ့မှာသိမ်းကြုံးရှာခဲ့ရသည်။

နောက်ပြီးဒီတစ်ခေါက် မြို့ပေါ်မှာ သူရွှေရောင်းသွားရင်း
သဖန်းတောမှာ ချစ်ထွန်းအမ ချစ်ပြည့်ရယ်၊ညချမ်းအေးရယ်ကို သွားကြည့်ဖို့စဉ်းစားထားသည်။

" ဆရာ .. ကျွန်တော်ပြောတာကြားလားဗျ "

" အော်.. အင်း။ "

အမှတ်တမဲ့လန့်သွားကာပြန်မော့ကြည့်မှ
မောင်ကျန်က သနပ်ခါးအဖွေးသားနှင့် ကြောင်အန်းအန်းငေးကြည့်နေတာကို မြင်ရ၏။
သူနည်းနည်းနေရခက်သွားသည်မို့မရှိတဲ့ ကတုံးပေါက်ကေအားအသာပွတ်ကာ

" ငွေကိစ္စ အဆင်ပြေအောင် ငါကြည့်လုပ်ပေးမယ် ။
မင်းတို့လုပ်ရမှာက ဒီရက်အတွင်းပြီးအောင် မျောစာ ဖြတ်ထားပေး"

ငစုံ အသက်၁၅နှစ်ကျော်ပြီဖြစ်သော်ငြား
သူ့မူရင်းအသက်ကို မည်သူ့ကိုမှပေးမသိထားပေ။
ခန့်မှန်းခြေ နှစ်ဆယ်ပတ်ချာလည်ဟုသာ ထင်နိုင်ပေမဲ့ ငစုံက ထို့ထက်ပိုရင့်အောင်လည်းနေတက်သေးသည်။

သူများမဆုံးဖြတ်ရဲတာကို ငစုံ ဆုံးဖြတ်တက်ပြီး
အတော်အရေးကြီးသည့်ကိစ္စများကိုလည်း ကိုသက်ခိုင်ကပင် ဆုံးဖြတ်ခိုင်းတက်သေးသည်။
ကုန်းအင်း.. ဆိုပေမဲ့ ကျောက်ကျောမိရင် မိုင်းခွဲရသေးသည်။ အောက်ဖက်လှိုက်စားကာ တူးရသည်မို့
စက်မပါရင် လူအင်အားသုံးရတာမျိုးရှိသလို
မြေပြိုတွင်းပိတာတွေကလည်း မကြာခဏ။
ဒေါ်ခင်မမ အကွက်ကို ငစုံစကိုင်ကတည်းက
ဘေးဒုက္ခတစ်ခုမှမရှိသေး။ ထို့ကြောင့် ဖိုးကံကောင်းဟု ခေါ်ကြသည်ထိ နာမည်ပြောင်ရသေးလေသည်။

______

" ဆရာရှောင်ပိ ။ ဒေါ်တင်ကြီးရဲ့ အခင်းတွေ လေလံလာတော့မယ်နော်။ ဆရာဘယ်လိုစီစဉ်ထားလဲ "

ဘိန်းမှိန်းမှိန်းနေတဲ့ ရှောင်ပိတစ်ယောက် တပည့်ကျော် အသံကြောင့် မျက်စိမှေးမှေးပွင့်လာ၏။
ရှောင်ပိက တရုတ်စပ်။ အသားဖြူဖြူ မျက်ပေါက်မှေးမှေးနှင့်တကယ့်စီးပွားရေးသမားစစ်စစ်ကြီး။
ရှောင်ပိရဲ့ အင်းမှာ အလုပ်သမား တွေတော်တော်များများ နံပါတ်ဖိုးကို စိတ်ကြိုက်သုံးပိုင်ခွင့်ရှိသည်။
သုံးရဆိုသလို သူကိုယ်တိုင်က ရောင်းဝယ်ဖောက်ကားသေးတာကို။ အင်း မှာလာလုပ်တဲ့ အလုပ်သမားတွေကို ငွေအစား လုပ်ခကို
ဖိုးဆို ဖိုး ငွေဆိုငွေ နဲ့ ရှင်းပေးတက်တာကြောင့် ဆေးသမားတွေအကုန် သူ့အင်းမှာ အနေများသည်။
တနေကုန် အလုပ်လုပ် ညဆို ဆေးရှူ။ အနံ့သင်းသင်း
က ရှောင်ပိ အင်းမှာဆို မရချင်မှ အဆုံးပျံ့လို့။

" ဘယ်သူတွေ ဆွဲမယ်ကြားလဲ "

"တော်တော်များတယ် ဆရာ။ ဒီတစ်ခါ ဒေါ်တင်ကြီးက အိတ်‌ပိတ်ဈေးပြိုင်ဆိုလား ဘာဆိုလား ။ အဲ့နည်းနဲ့ လေလံတင်မယ်တဲ့။ အိတ်ဖွင့်လိုက်လို့ ငွေအနည်းအများကို ကြည့်ပြီး အများဆုံးကို အကွက်ပေးမယ်တဲ့။ ဒီအဖွားကြီး သက်သက်ထွင်နေတာ။ သူ့သားက နိုင်ငံခြားပြန်ဆိုလား ။ အဲ့ကောင်ပြောတဲ့အတိုင်းအကုန်လျှောက်လုပ်နေတာ "

" ဒါများ ဘာခက်လို့လဲ ငါ့တပည့်ရ။ သူများမပေးတဲ့ဈေးချရေးပေးလိုက်ပေါ့ကွ။ "

ရှောင်ပိက ခပ်အေးအေး ဘိန်းရှူမပြတ်။
သူက ငွေအတော်ပေါတဲ့သူကိုး။ ငွေကို ငွေနဲ့လမ်းခင်းကစားတက်တာ ရှောင်ပိ ကျင့်ဝတ်လို့ဖြစ်နေတော့ခက်သား။

သို့သော် ရှောင်ပိမသိတာက အဲ့နှစ်က သူပေးတဲ့ ဈေးကို အတိအကျ တောက်တခေါက်ခေါက် ပြောပြတက်တဲ့ ကိုသက်ခိုင်ကြောင့် ငစုံတစ်ယောက်ကြိုသိနေတာကိုပင်။

ငစုံသည် လိုင်းကားနှင့် တောင်မှော်အင်းမှတဆင့်
‌မြို့ကိုသွားခဲ့၏။ သူသည် ရွှေလှော်ဖို ရှိရာသွားကာ
ပါလာတဲ့ ရွှေတွေကို လှော်ဖိုမှာ ရွှေဝါဖြစ်အောင်
ရွှေလှော်ခဲ့သည်။ ရွှေတုံးတချို့ဖြစ်လာခဲ့တဲ့ရွှေသည်
ကျင်ရွှေထက်ဈေးပိုရသည်။ ရောင်းရတဲ့ရွှေအပြင်
ရွှေလှော်ဖိုမှ မိတ်ဆက်ပေးခဲ့တဲ့ ရွှေဖြူကုန်သည်
နှင် သွား‌ တွေ့ကာ တန်ဖိုးကြီးကြီးဖြင့်ဈေးဖြတ်ပေးသဖြင့် ရောင်းချခဲ့သည်။ ရွှေဖြူစုဆောင်းမူ့ သည်
ထိုခေတ်ခါ ဈေးနှင့်ပင် အတော်ကြီး များပြားစွာရရှိခဲ့ရာ အမှိုက်ထဲမှငွေဖြစ်ဆိုသလို သူအတော်ကြီး
စု‌မိခဲ့၏။

ထိုမှတဆင့် သဖန်းတောကို သူပြန်ခဲ့သည်။
ပထမဦးဆုံးပြဿနာသည် ချစ်ထွန်းအမ ချစ်ပြည့်
ဖြစ်နေရာ သူ့မှာ ဒီတိုင်းမနေသာတော့ပေ။

"  ဒီမှာ ခင်ဗျားတို့ ပြောနေကြတာက တကယ်ဖြစ်သွားတာလား"

ကြားလိုက်ရတဲ့သတင်းက ယုံနိုင်ဖွယ်မရှိ။
ချစ်ထွန်း ပထွေးက ၁၃နှစ်ပင်မပြည့်သေးသော ချစ်ပြည့်ကို စော်ကားဖို့ကြံရွယ်ခဲ့ရာ အရီးမြ အလာကောင်းလို့ လွတ်မြောက်ခဲ့သည်ဆိုပဲ။
ထောင်းခနဲ တက်လာတဲ့ ဒေါသကြောင့် ငစုံမျက်နှာ ရဲရဲ‌နီလျက်။ စကားပြောနေကြတဲ့ သူနှစ်ဦးက ငစုံအသံကြားတော့ လှည့်ကြည့်လာကာ ကြောင်တောင်တောင်ခေါင်းညိတ်ပြလာ၏။
ငစုံ‌တစ်ယောက် တောက်ခေါက်ကာ
ပုဆိုးကို ပြင်ဝတ်လျက် ရွာထဲပြေးဝင်ရ၏။
သူသွားတာ ချစ်ထွန်းတို့အဖေ့ဖက်က သွေးသားတော်စပ်တဲ့ အရီးမြရှိရာကိုပင်။

" အရီးမြ ...အရီးမြ !!"

ငစုံအော်သံကြောင့် တဘတ်ခေါင်းပေါင်းထားတဲ့ အဖွားအိုတစ်ယောက်ထွက်ကြည့်လာသည်။

' ဘယ်သူတုန်းကွဲ့"

" အရီးမြ ။ ကျုပ်နာမည် ငစုံပါ။ ကျုပ် ချစ်ထွန်းနဲ့ အသိတွေမို့ အိမ်ထဲဝင်လို့ရမလားဗျ "

ပြေးလာရတာမို့ ငစုံပုံစံကချွေးတရွှဲရွှဲ ။
အရီးမြက ခဏ အကဲခတ်ကြည့်ပြီးမှ ဝါးကပ် ကာထားတဲ့ တံခါးပေါက်ကို ဖွင့်ပေးရှာသည်။

" ချစ်ထွန်းရော..အဲ့ကလေး ဘယ်မှာလဲ "

ထိုင်ထိုင်ချင်းမေးလာတာချစ်ထွန်းအကြောင်း။ ငစုံသက်ပြင်းချကာ..

" အရီး.. ချစ်ထွန်းက ကျုပ်နဲ့ ရွှေထွက်တဲ့ဒေသမှာ
အလုပ်သွားလုပ်ကြတာ။အခု သူပြန်လာလို့မရသေးဘူး။ သူ့အမကို စိတ်မချလို့ ကျုပ်ကို ဝင်ကြည့်ခိုင်းတာ တဖွဖွပဲ။ ကြားလိုက်ရတဲ့သတင်းက ဘယ်လိုဖြစ်တာလဲဗျ။ "

ချစ်ပြည့်အကြောင်းလဲမေးရော အရီးမြငိုပါလေရော။

" ငါ့မှာလည်း ဇရာအိုမှ ကြုံတွေ့ရတာတွေ့က စိတ်မချမ်းသာစရာပါ ၊ငါ့တူရယ်။ ဒီကောင်မ ဝိုင်းကြည်မကို ငါအတန်တန်ပြောတယ်။ သမီးပျိုလေးကို အရက်သမား ပထွေးနဲ့လွတ်မထားပါနဲ့ ၊လွတ်မထားပါနဲ့လို့။ ခုတော့ ကိုယ်ကျိုးတွေနည်းတော့မလို့ ငါ့တူရယ်။ ကံသီပေလို့ပေါ့။ "

" ခုရော ချစ်ပြည့်ဘယ်သွားလဲ အရီးမြ "

" ရှိတယ် ။ နေမကောင်းလို့ အိပ်နေရှာတယ်။ အရီးသွားခေါ်ပေးမယ်ခဏ။ "

မျက်ရည်သုတ်ကာ ခန်းစီးချထားတဲ့ အခန်းထဲဝင်သွား၏။
ငါးမိနစ်လောက် ကြာပြီး ပြန်ထွက်လာတော့ ပိန်ညော်ညော် ကလေးမလေးတစ်ယောက်ပါလာ၏။
မလှုပ်တလှုပ် ပါလာတဲ့ကလေးမလေးက နေမကောင်းတာထက် စိတ်ဒဏ်ရာ ရနေသလို အကြည့်တွေက အသက်မဲ့နေလေသည်။

" ချစ်ပြည့် ။ ဒီကိုကြည့် .. ငါပြောပြမယ် "

ခုံတန်းလျားပေါ်ထိုင်လိုက်တော့ ချစ်ပြည့်တစ်ယောက်ရင်မဆိုင်ရဲသလို ခေါင်းငုံကာ သူ့အကြည့်တွေကိုရှောင်နေ၏။ အပျိုဖော်တောင် ကောင်းကောင်းဝင်မယ်မထင်သေးတဲ့ကလေးတစ်ယောက်ဆိုတာ တွေးမိတော့ ငစုံတစ်ယောက် အံသာတင်းတင်းကြိတ်မိတော့သည်။

" နင့်မောင် ချစ်ထွန်းက အခု တော်တော်လေးအဆင်ပြေနေတယ် "

ချစ်ထွန်းဆိုတဲ့နာမည်ကြားတော့ ချစ်ပြည့်ခေါင်းမော့လာသည်။ ထို့နောက် အိခနဲ ဝိုင်းလာတဲ့ မျက်ရည်တွေကြောင့် သူ့မောင်ကို အားကိုးတကြီးသတိရသွားမှန်းသိသာနေ၏။

" ချစ်ထွန်းက နင့်ကို စိတ်မချဘူး။ နင် အရီးမြဆီမှာ နေဖို့ ငါမပြန်ခင်စီစဉ်ထားပေးခဲ့မယ်။ဒီမှာ ချစ်ပြည့်
ခုချိန်မှာ နင့်မောင် နင့်ဘေးမှာ မရှိတာကို စိတ်မကွက်နဲ့ ။ ချစ်ထွန်းက အသက်ငယ်ပေမဲ့ သူအလုပ်လုပ်ပြီးငွေစုနေတာ နင့်အတွက်တွေကြီးပဲ ။ နင်အရွယ်ရောက်လာရင် ကောင်းကောင်းနေရအောင်ပိုက်ဆံရှာပေးနေတာ ၊ဒါကို နင့်ခေါင်းထဲထည့်ထား ။ ဒီမှာ နင်ဝတ်ရအောင် အဝတ်လေးတွေလည်း ဝယ်ပေးလိုက်သေးတယ်။ ပိုက်ဆံလည်း လူကြုံပါးလိုက်‌သေးတယ်သိလား။ နင့်မောင်က အရမ်းလိမ်မာတာ။ ခုဆို ဟိုမှာ တော်တော်လေးစုမိနေတဲ့အပြင် နင်တက်ချင်တဲ့ စက်ချုပ်သင်တန်းကိုပါ ထားပေးဖို့ ငါ့ကို တဖွဖွ မှာလို့ မပြီးဘူး။ ဘာမှကြောက်စရာမလိုဘူး။ အားငယ်စရာမလိုဘူး။ "

သူ့စကားတွေက အလိမ်အညာမဟုတ်။
ချစ်ထွန်းက သူ့အမဖတ်ရအောင် ‌စာရေးပေးချင်ပေမဲ့ သေစာရှင်စာတောင်မတက်ရှာတော့ ရေးမရတာကိုတောက်တခေါက်ခေါက်။ သွေးချင်းနီးလွန်းတဲ့မောင်နှမဆိုတော့ ခင်တွယ်သလို ၊သူ့အမကိုလည်း သိပ်စိတ်ပူရှာသည်။

ငစုံလှမ်းပေးတဲ့ အဝတ်ထုတ်လေးကို ချစ်ပြည့်ယူကာ
တဟီးဟီးထငိုတော့ ငစုံမှာလည်းရင်ထဲမကောင်းလှပါ။
အစက သူ့အမကို တဝက် ၊သူ့အမေကို တဝက် ချစ်ထွန်းက စုထားသမျှ လှမ်းပို့ပေးရှာပေမဲ့ ငစုံကတော့
သူ့အမေအတွက်ကိုလုံးဝ ပေးချင်စိတ်မရှိတော့ပေ။
နောက်ရက်တွင် အရီးမြ လက်ထဲငွေအလုံအလောက်ထည့်ကာ ရပ်ရွာလူကြီးတွေနဲ့တိုင်ပင်စေ၍ ချစ်ပြည့်အားခေါ်ယူမွေးစားစေခဲ့သည်။ အမေဖြစ်သူသည်အစက လက်သင့်မ‌ခံချင်ပေမဲ့ ယောကျာ်းနဲ့ကွဲလျှင် ချစ်ပြည့်အား ပြန်ထည့်ပေးမည်ပြောတော့ နည်းနည်းမှမလှုပ်တော့။ ထို့အပြင် အရီးဆီကနေ စက်ချုပ်သင်တန်းတက်စေဖို့ရာ ရွာထဲက နာမည်ရ အပ်ချုပ်ဆိုင်စီမှာ စက်သင်သားအဖြစ်အပ်စေကာ ငွေ တချို့ကိုပါ လက်ထဲ ထည့်ပေးခဲ့၏။

ညချမ်းအေး .. သူလေးကတော့အေးမြတဲ့ ညလေးလိုပင် ဖြစ်စေချင်၍ မိဘတွေနာမည်ပေးတာဖြစ်သော်
ငြားဘဝပေးအခြေအနေအရ အပူသည်လေးဖြစ်နေရရှာသည်။ သူလေး၏ ပြဿနာကား ဦးလေးဖြစ်သူ၏ မိန်းမဖြစ်သူကြောင့်ပင်။ ဒီတစ်ခါတော့ ရွာမှာ လေးရက်ကျော်မျှ စုံသာမြိုင်တစ်ယောက် နေခဲ့ရ‌သည်ကိုတော့....

" ကိုစံု  ဧၫ့္သည္ လာတယ္"

အလုပ္သမားတစ္ေယာက္၏ ေခၚသံေၾကာင့္ စံုသာၿမိဳင္ ေျမစာပံုေပၚကေန ခုန္ဆင္းလိုက္တာမ်ား လႊားခနဲ။ ေျခတံက ရွည္ရွည္၊ ဝတ္လိုက္ရင္ ပုဆိုးက ေျခသလံုးကိုေက်ာ္ေသး၊အရြယ္ေရာက္စ ျပဳလာၿပီျဖစ္တဲ့ ေျခေမႊး၊လက္ေမႊးေတြနဲ႔ ငစံုဟာ ေတာင္ေမွာ္ရြာ အင္းသူႀကီးေတြရဲ့ သမီး‌ပ်ိဳေတြၾကားမွာေတာ့ ေရပန္းစားေလရဲ့။ ေထာင္သားဘဝႏွင့္ ႏွစ္ရွည္က်ခဲ့တဲ့ငစံုတစ္ေယာက္ ဆံပင္ရွည္ရင္ပင္ မေန‌တက္ေတာ့။ ထို႔ေၾကာင့္ တိပစြာ ထိုးထားတဲ့ ကတံုးဆံေတာက္ေကႏွင့္ ေပၚလြင္ေသာ နဖူး ထင္ရွားေသာ မ်က္ခံုးေၾကာင့္ လူေခ်ာဟုပင္သက္မွတ္ရမလိုလို။

" ဘယ္သူမ်ားလဲလို႔ ။ ေျပာ ကိုက်န္ "

ဖိုးက်န္ဆိုတဲ့ေကာင္ေလးက သူ႔အင္းမွာ အလုပ္လုပ္ေနတာ ႏွစ္ဝက္ ေက်ာ္ေနၿပီ။
အလုပ္မွာ မခိုးမဝွက္ပဲ တိတိက်က် လုပ္ေပးတက္တာမို႔ ငစံု၏ ေမ်ာစာလွၫ့္တဲ့ဖက္မွာ လူယံုေတာင္ ျဖစ္လုၿပီ။ သူေရာက္လာတာျမင္ေတာ့ စိတ္လႈပ္ရွားစြာ ကိုက်န္ ထရပ္လာသည္။ ကိုက်န္ထိုင္ေနတဲ့ ေျမစာတို႔သည္ အဝါရင့္ေရာင္ေပါက္ေနသည္မို႔
သူ႔ပုဆိုးတို႔မွာ အနည္းငယ္မ်ွကပ္ၫွိေနျပန္သည္။
ကိုက်န္သည္ ေနာက္လွၫ့္ကာ ခါေသးသည္။
ဖုန္မႈန္တို႔လြင့္သြားတာကိုေနေရာင္ ေအာက္မွာ ငစံုျမင္ေနရသည္။

" ဆရာ ဒီတစ္ေခါက္  ၿမိဳ႔ေပၚသြားမလို႔ဆို "

" ဟုတ္တယ္။ ဘာမွာမလို႔လဲ။ "

" မွာမလို႔မဟုတ္ဘူးဆရာ ။ ေျမစာဝယ္တဲ့ဖက္မွာ
ပိုက္ဆံျပတ္ခါနီးေနၿပီ ။ အဆင္ေျပရင္ ေရႊျဖဴေတြေရာင္းခဲ့ေပးမလားလို႔ပါ"

ကိုက်န္က ေရႊျဖဴဘယ္၍ ဘယ္မ်ွေဈးေပါက္လည္း သူမသိ။ သို႔ေသာ္သူက အတန္းပညာ ေျခာက္တန္းထိ ေနခဲ့တာေၾကာင့္ စာရင္းအင္း လုပ္ႏိုင္ေလသည္ ။ ငစံုအလုပ္မွာ ေမာင္က်န္က ေရႊလွၫ့္ ၊ စာရင္းကိုင္အျဖစ္ လုပ္ကိုင္ရသည္မို႔ အရင္ အလုပ္ထက္စာရင္ ေျပျပေလည္လည္ရိွလာ၏။ ထို႔ေၾကာင့္ ေမာင္က်န္တစ္ေယာက္ ေစတနာထားကာ လုပ္ေပးရွာ၏။

ေမာင္က်န္မွမဟုတ္ စံုသာၿမိဳင္ရဲ့အလုပ္မွာ လူငွားၿမဲတာအံ့ဩစရာ။ လုပ္ရင္လုပ္သလို ေငြပိုရတာမို႔
ဆင္းရဲသားလုပ္သားေတြအတြက္ကေတာ့ ေပ်ာ္ျမဴးစရာျဖစ္ေနေလ၏။ စာမတက္ရင္ လူရာမဝင္၊
ဆင္းရဲလြန္းရင္ လူရာမဝင္တဲ့ လူငယ္ေတြအတြက္
ကိုစံုက ေမ်ာ္လင့္ခ်က္ပင္။ စံုသာၿမိဳင္ရဲ့အလုပ္မွာ လုပ္သားစည္းကမ္းရိွသည္။

"အလုပ္လုပ္သ၍ ပိုက္ဆံရမည္။ မူးယစ္ေဆးႏွင့္ေလာင္းကစားလုပ္သူ အလုပ္မွာလက္မခံ "

ထိုေဆာင္ပုဒ္ကို စာ‌ေရးခ်ိတ္ထားတာကလည္း ထင္ထင္ရွားရွား။

ေတာင္ေမွာ္အင္းမွာေရႊကုန္သည္ေတြလည္းရိွသည္။ က်င္ေရႊေခၚ ေရႊစိမ္းသည္ ကုန္သည္ေတြ လက္ထဲမွာ ေဈးကေတာ့ ပံုမွန္လိုလို ေပါက္ေဈထက္နည္းသည္။ အရင္း အႏွီး လိုတုန္းကေတာ့ အၿမဲလိုလို
သေဘၤာက်င္းက ဘေမွာ္အသိဆိုင္မွာ ေရာင္းတက္ေပမဲ့ ခုဆို ငစံုလက္ထဲ မေရာင္းပဲ စုထားတာ ေတာ္ေတာ္မ်ားေနေလၿပီ။မၾကာခင္ ေဒၚတင္ႀကီးရဲ့ အင္းေလလံလာေတာ့မည္။ နာမည္ေျပးေနတဲ့အင္းမို႔ ေဈးကမိုးထိေနလ်က္။ သူ႔မွာရိွသမ်ွပံုေအာရင္းရမွာ ဒီလေတြအတြင္းမွာ ေငြကို ေရလိုျဖစ္ေအာင္ သူ႔မွာသိမ္းႀကံဳးရွာခဲ့ရသည္။

ေနာက္ၿပီးဒီတစ္ေခါက္ ၿမိဳ႔ေပၚမွာ သူေရႊေရာင္းသြားရင္း
သဖန္းေတာမွာ ခ်စ္ထြန္းအမ ခ်စ္ျပၫ့္ရယ္၊ညခ်မ္းေအးရယ္ကို သြားၾကၫ့္ဖို႔စဉ္းစားထားသည္။

" ဆရာ .. ကြၽန္ေတာ္ေျပာတာၾကားလားဗ် "

" ေအာ္.. အင္း။ "

အမွတ္တမဲ့လန႔္သြားကာျပန္ေမာ့ၾကၫ့္မွ
ေမာင္က်န္က သနပ္ခါးအေဖြးသားႏွင့္ ေၾကာင္အန္းအန္းေငးၾကၫ့္ေနတာကို ျမင္ရ၏။
သူနည္းနည္းေနရခက္သြားသည္မို႔မရိွတဲ့ ကတံုးေပါက္ေကအားအသာပြတ္ကာ

" ေငြကိစၥ အဆင္ေျပေအာင္ ငါၾကၫ့္လုပ္ေပးမယ္ ။
မင္းတို႔လုပ္ရမွာက ဒီရက္အတြင္းၿပီးေအာင္ ေမ်ာစာ ျဖတ္ထားေပး"

ငစံု အသက္၁၅ႏွစ္ေက်ာ္ၿပီျဖစ္ေသာ္ျငား
သူ႔မူရင္းအသက္ကို မည္သူ႔ကိုမွေပးမသိထားေပ။
ခန႔္မွန္းေျခ ႏွစ္ဆယ္ပတ္ခ်ာလည္ဟုသာ ထင္ႏိုင္ေပမဲ့ ငစံုက ထို႔ထက္ပိုရင့္ေအာင္လည္းေနတက္ေသးသည္။

သူမ်ားမဆံုးျဖတ္ရဲတာကို ငစံု ဆံုးျဖတ္တက္ၿပီး
အေတာ္အေရးႀကီးသၫ့္ကိစၥမ်ားကိုလည္း ကိုသက္ခိုင္ကပင္ ဆံုးျဖတ္ခိုင္းတက္ေသးသည္။
ကုန္းအင္း.. ဆိုေပမဲ့ ေက်ာက္ေက်ာမိရင္ မိုင္းခြဲရေသးသည္။ ေအာက္ဖက္လိႈက္စားကာ တူးရသည္မို႔
စက္မပါရင္ လူအင္အားသံုးရတာမ်ိဳးရိွသလို
ေျမၿပိဳတြင္းပိတာေတြကလည္း မၾကာခဏ။
ေဒၚခင္မမ အကြက္ကို ငစံုစကိုင္ကတည္းက
ေဘးဒုကၡတစ္ခုမွမရိွေသး။ ထို႔ေၾကာင့္ ဖိုးကံေကာင္းဟု ေခၚၾကသည္ထိ နာမည္ေျပာင္ရေသးေလသည္။

______

" ဆရာေရွာင္ပိ ။ ေဒၚတင္ႀကီးရဲ့ အခင္းေတြ ေလလံလာေတာ့မယ္ေနာ္။ ဆရာဘယ္လိုစီစဉ္ထားလဲ "

ဘိန္းမိွန္းမိွန္းေနတဲ့ ေရွာင္ပိတစ္ေယာက္ တပၫ့္ေက်ာ္ အသံေၾကာင့္ မ်က္စိေမွးေမွးပြင့္လာ၏။
ေရွာင္ပိက တရုတ္စပ္။ အသားျဖဴျဖဴ မ်က္ေပါက္ေမွးေမွးႏွင့္တကယ့္စီးပြားေရးသမားစစ္စစ္ႀကီး။
ေရွာင္ပိရဲ့ အင္းမွာ အလုပ္သမား ေတြေတာ္ေတာ္မ်ားမ်ား နံပါတ္ဖိုးကို စိတ္ႀကိဳက္သံုးပိုင္ခြင့္ရိွသည္။
သံုးရဆိုသလို သူကိုယ္တိုင္က ေရာင္းဝယ္ေဖာက္ကားေသးတာကို။ အင္း မွာလာလုပ္တဲ့ အလုပ္သမားေတြကို ေငြအစား လုပ္ခကို
ဖိုးဆို ဖိုး ေငြဆိုေငြ နဲ႔ ရွင္းေပးတက္တာေၾကာင့္ ေဆးသမားေတြအကုန္ သူ႔အင္းမွာ အေနမ်ားသည္။
တေနကုန္ အလုပ္လုပ္ ညဆို ေဆးရႉ။ အနံ႔သင္းသင္း
က ေရွာင္ပိ အင္းမွာဆို မရခ်င္မွ အဆံုးပ်ံ့လို႔။

" ဘယ္သူေတြ ဆြဲမယ္ၾကားလဲ "

"ေတာ္ေတာ္မ်ားတယ္ ဆရာ။ ဒီတစ္ခါ ေဒၚတင္ႀကီးက အိတ္‌ပိတ္ေဈးၿပိဳင္ဆိုလား ဘာဆိုလား ။ အဲ့နည္းနဲ႔ ေလလံတင္မယ္တဲ့။ အိတ္ဖြင့္လိုက္လို႔ ေငြအနည္းအမ်ားကို ၾကၫ့္ၿပီး အမ်ားဆံုးကို အကြက္ေပးမယ္တဲ့။ ဒီအဖြားႀကီး သက္သက္ထြင္ေနတာ။ သူ႔သားက ႏိုင္ငံျခားျပန္ဆိုလား ။ အဲ့ေကာင္ေျပာတဲ့အတိုင္းအကုန္ေလ်ွာက္လုပ္ေနတာ "

" ဒါမ်ား ဘာခက္လို႔လဲ ငါ့တပၫ့္ရ။ သူမ်ားမေပးတဲ့ေဈးခ်ေရးေပးလိုက္ေပါ့ကြ။ "

ေရွာင္ပိက ခပ္ေအးေအး ဘိန္းရႉမျပတ္။
သူက ေငြအေတာ္ေပါတဲ့သူကိုး။ ေငြကို ေငြနဲ႔လမ္းခင္းကစားတက္တာ ေရွာင္ပိ က်င့္ဝတ္လို႔ျဖစ္ေနေတာ့ခက္သား။

သို႔ေသာ္ ေရွာင္ပိမသိတာက အဲ့ႏွစ္က သူေပးတဲ့ ေဈးကို အတိအက် ေတာက္တေခါက္ေခါက္ ေျပာျပတက္တဲ့ ကိုသက္ခိုင္ေၾကာင့္ ငစံုတစ္ေယာက္ႀကိဳသိေနတာကိုပင္။

ငစံုသည္ လိုင္းကားႏွင့္ ေတာင္ေမွာ္အင္းမွတဆင့္
‌ၿမိဳ႔ကိုသြားခဲ့၏။ သူသည္ ေရႊေလွာ္ဖို ရိွရာသြားကာ
ပါလာတဲ့ ေရႊေတြကို ေလွာ္ဖိုမွာ ေရႊဝါျဖစ္ေအာင္
ေရႊေလွာ္ခဲ့သည္။ ေရႊတံုးတခ်ိဳ႕ျဖစ္လာခဲ့တဲ့ေရႊသည္
က်င္ေရႊထက္ေဈးပိုရသည္။ ေရာင္းရတဲ့ေရႊအျပင္
ေရႊေလွာ္ဖိုမွ မိတ္ဆက္ေပးခဲ့တဲ့ ေရႊျဖဴကုန္သည္
ႏွင္ သြား‌ ေတြ့ကာ တန္ဖိုးႀကီးႀကီးျဖင့္ေဈးျဖတ္ေပးသျဖင့္ ေရာင္းခ်ခဲ့သည္။ ေရႊျဖဴစုေဆာင္းမူ႔ သည္
ထိုေခတ္ခါ ေဈးႏွင့္ပင္ အေတာ္ႀကီး မ်ားျပားစြာရရိွခဲ့ရာ အမိႈက္ထဲမွေငျြဖစ္ဆိုသလို သူအေတာ္ႀကီး
စု‌မိခဲ့၏။

ထိုမွတဆင့္ သဖန္းေတာကို သူျပန္ခဲ့သည္။
ပထမဦးဆံုးျပႆနာသည္ ခ်စ္ထြန္းအမ ခ်စ္ျပၫ့္
ျဖစ္ေနရာ သူ႔မွာ ဒီတိုင္းမေနသာေတာ့ေပ။

"  ဒီမွာ ခင္ဗ်ားတို႔ ေျပာေနၾကတာက တကယ္ျဖစ္သြားတာလား"

ၾကားလိုက္ရတဲ့သတင္းက ယံုႏိုင္ဖြယ္မရိွ။
ခ်စ္ထြန္း ပေထြးက ၁၃ႏွစ္ပင္မျပၫ့္ေသးေသာ ခ်စ္ျပၫ့္ကို ေစာ္ကားဖို႔ႀကံရြယ္ခဲ့ရာ အရီးျမ အလာေကာင္းလို႔ လြတ္ေျမာက္ခဲ့သည္ဆိုပဲ။
ေထာင္းခနဲ တက္လာတဲ့ ေဒါသေၾကာင့္ ငစံုမ်က္ႏွာ ရဲရဲ‌နီလ်က္။ စကားေျပာေနၾကတဲ့ သူႏွစ္ဦးက ငစံုအသံၾကားေတာ့ လွၫ့္ၾကၫ့္လာကာ ေၾကာင္ေတာင္ေတာင္ေခါင္းညိတ္ျပလာ၏။
ငစံု‌တစ္ေယာက္ ေတာက္ေခါက္ကာ
ပုဆိုးကို ျပင္ဝတ္လ်က္ ရြာထဲေျပးဝင္ရ၏။
သူသြားတာ ခ်စ္ထြန္းတို႔အေဖ့ဖက္က ေသြးသားေတာ္စပ္တဲ့ အရီးျမရိွရာကိုပင္။

" အရီးျမ ...အရီးျမ !!"

ငစံုေအာ္သံေၾကာင့္ တဘတ္ေခါင္းေပါင္းထားတဲ့ အဖြားအိုတစ္ေယာက္ထြက္ၾကၫ့္လာသည္။

' ဘယ္သူတုန္းကြဲ႔"

" အရီးျမ ။ က်ဳပ္နာမည္ ငစံုပါ။ က်ဳပ္ ခ်စ္ထြန္းနဲ႔ အသိေတြမို႔ အိမ္ထဲဝင္လို႔ရမလားဗ် "

ေျပးလာရတာမို႔ ငစံုပံုစံကေခြၽးတရႊဲရႊဲ ။
အရီးျမက ခဏ အကဲခတ္ၾကၫ့္ၿပီးမွ ဝါးကပ္ ကာထားတဲ့ တံခါးေပါက္ကို ဖြင့္ေပးရွာသည္။

" ခ်စ္ထြန္းေရာ..အဲ့ကေလး ဘယ္မွာလဲ "

ထိုင္ထိုင္ခ်င္းေမးလာတာခ်စ္ထြန္းအေၾကာင္း။ ငစံုသက္ျပင္းခ်ကာ..

" အရီး.. ခ်စ္ထြန္းက က်ဳပ္နဲ႔ ေရႊထြက္တဲ့ေဒသမွာ
အလုပ္သြားလုပ္ၾကတာ။အခု သူျပန္လာလို႔မရေသးဘူး။ သူ႔အမကို စိတ္မခ်လို႔ က်ဳပ္ကို ဝင္ၾကၫ့္ခိုင္းတာ တဖြဖြပဲ။ ၾကားလိုက္ရတဲ့သတင္းက ဘယ္လိုျဖစ္တာလဲဗ်။ "

ခ်စ္ျပၫ့္အေၾကာင္းလဲေမးေရာ အရီးျမငိုပါေလေရာ။

" ငါ့မွာလည္း ဇရာအိုမွ ႀကံဳေတြ့ရတာေတြ့က စိတ္မခ်မ္းသာစရာပါ ၊ငါ့တူရယ္။ ဒီေကာင္မ ဝိုင္းၾကည္မကို ငါအတန္တန္ေျပာတယ္။ သမီးပ်ိဳေလးကို အရက္သမား ပေထြးနဲ႔လြတ္မထားပါနဲ႔ ၊လြတ္မထားပါနဲ႔လို႔။ ခုေတာ့ ကိုယ္က်ိဳးေတြနည္းေတာ့မလို႔ ငါ့တူရယ္။ ကံသီေပလို႔ေပါ့။ "

" ခုေရာ ခ်စ္ျပၫ့္ဘယ္သြားလဲ အရီးျမ "

" ရိွတယ္ ။ ေနမေကာင္းလို႔ အိပ္ေနရွာတယ္။ အရီးသြားေခၚေပးမယ္ခဏ။ "

မ်က္ရည္သုတ္ကာ ခန္းစီးခ်ထားတဲ့ အခန္းထဲဝင္သြား၏။
ငါးမိနစ္ေလာက္ ၾကာၿပီး ျပန္ထြက္လာေတာ့ ပိန္ေညာ္ေညာ္ ကေလးမေလးတစ္ေယာက္ပါလာ၏။
မလႈပ္တလႈပ္ ပါလာတဲ့ကေလးမေလးက ေနမေကာင္းတာထက္ စိတ္ဒဏ္ရာ ရေနသလို အၾကၫ့္ေတြက အသက္မဲ့ေနေလသည္။

" ခ်စ္ျပၫ့္ ။ ဒီကိုၾကၫ့္ .. ငါေျပာျပမယ္ "

ခံုတန္းလ်ားေပၚထိုင္လိုက္ေတာ့ ခ်စ္ျပၫ့္တစ္ေယာက္ရင္မဆိုင္ရဲသလို ေခါင္းငံုကာ သူ႔အၾကၫ့္ေတြကိုေရွာင္ေန၏။ အပ်ိဳေဖာ္ေတာင္ ေကာင္းေကာင္းဝင္မယ္မထင္ေသးတဲ့ကေလးတစ္ေယာက္ဆိုတာ ေတြးမိေတာ့ ငစံုတစ္ေယာက္ အံသာတင္းတင္းႀကိတ္မိေတာ့သည္။

" နင့္ေမာင္ ခ်စ္ထြန္းက အခု ေတာ္ေတာ္ေလးအဆင္ေျပေနတယ္ "

ခ်စ္ထြန္းဆိုတဲ့နာမည္ၾကားေတာ့ ခ်စ္ျပၫ့္ေခါင္းေမာ့လာသည္။ ထို႔ေနာက္ အိခနဲ ဝိုင္းလာတဲ့ မ်က္ရည္ေတြေၾကာင့္ သူ႔ေမာင္ကို အားကိုးတႀကီးသတိရသြားမွန္းသိသာေန၏။

" ခ်စ္ထြန္းက နင့္ကို စိတ္မခ်ဘူး။ နင္ အရီးျမဆီမွာ ေနဖို႔ ငါမျပန္ခင္စီစဉ္ထားေပးခဲ့မယ္။ဒီမွာ ခ်စ္ျပၫ့္
ခုခ်ိန္မွာ နင့္ေမာင္ နင့္ေဘးမွာ မရိွတာကို စိတ္မကြက္နဲ႔ ။ ခ်စ္ထြန္းက အသက္ငယ္ေပမဲ့ သူအလုပ္လုပ္ၿပီးေငြစုေနတာ နင့္အတြက္ေတြႀကီးပဲ ။ နင္အရြယ္ေရာက္လာရင္ ေကာင္းေကာင္းေနရေအာင္ပိုက္ဆံရွာေပးေနတာ ၊ဒါကို နင့္ေခါင္းထဲထၫ့္ထား ။ ဒီမွာ နင္ဝတ္ရေအာင္ အဝတ္ေလးေတြလည္း ဝယ္ေပးလိုက္ေသးတယ္။ ပိုက္ဆံလည္း လူႀကံဳပါးလိုက္‌ေသးတယ္သိလား။ နင့္ေမာင္က အရမ္းလိမ္မာတာ။ ခုဆို ဟိုမွာ ေတာ္ေတာ္ေလးစုမိေနတဲ့အျပင္ နင္တက္ခ်င္တဲ့ စက္ခ်ဳပ္သင္တန္းကိုပါ ထားေပးဖို႔ ငါ့ကို တဖြဖြ မွာလို႔ မၿပီးဘူး။ ဘာမွေၾကာက္စရာမလိုဘူး။ အားငယ္စရာမလိုဘူး။ "

သူ႔စကားေတြက အလိမ္အညာမဟုတ္။
ခ်စ္ထြန္းက သူ႔အမဖတ္ရေအာင္ ‌စာေရးေပးခ်င္ေပမဲ့ ေသစာရွင္စာေတာင္မတက္ရွာေတာ့ ေရးမရတာကိုေတာက္တေခါက္ေခါက္။ ေသြးခ်င္းနီးလြန္းတဲ့ေမာင္ႏွမဆိုေတာ့ ခင္တြယ္သလို ၊သူ႔အမကိုလည္း သိပ္စိတ္ပူရွာသည္။

ငစံုလွမ္းေပးတဲ့ အဝတ္ထုတ္ေလးကို ခ်စ္ျပၫ့္ယူကာ
တဟီးဟီးထငိုေတာ့ ငစံုမွာလည္းရင္ထဲမေကာင္းလွပါ။
အစက သူ႔အမကို တဝက္ ၊သူ႔အေမကို တဝက္ ခ်စ္ထြန္းက စုထားသမ်ွ လွမ္းပို႔ေပးရွာေပမဲ့ ငစံုကေတာ့
သူ႔အေမအတြက္ကိုလံုးဝ ေပးခ်င္စိတ္မရိွေတာ့ေပ။
ေနာက္ရက္တြင္ အရီးျမ လက္ထဲေငြအလံုအေလာက္ထၫ့္ကာ ရပ္ရြာလူႀကီးေတြနဲ႔တိုင္ပင္ေစ၍ ခ်စ္ျပၫ့္အားေခၚယူေမြးစားေစခဲ့သည္။ အေမျဖစ္သူသည္အစက လက္သင့္မ‌ခံခ်င္ေပမဲ့ ေယာက်ာ္းနဲ႔ကြဲလ်ွင္ ခ်စ္ျပၫ့္အား ျပန္ထၫ့္ေပးမည္ေျပာေတာ့ နည္းနည္းမွမလႈပ္ေတာ့။ ထို႔အျပင္ အရီးဆီကေန စက္ခ်ဳပ္သင္တန္းတက္ေစဖို႔ရာ ရြာထဲက နာမည္ရ အပ္ခ်ဳပ္ဆိုင္စီမွာ စက္သင္သားအျဖစ္အပ္ေစကာ ေငြ တခ်ိဳ႕ကိုပါ လက္ထဲ ထၫ့္ေပးခဲ့၏။

ညခ်မ္းေအး .. သူေလးကေတာ့ေအးျမတဲ့ ညေလးလိုပင္ ျဖစ္ေစခ်င္၍ မိဘေတြနာမည္ေပးတာျဖစ္ေသာ္
ျငားဘဝေပးအေျခအေနအရ အပူသည္ေလးျဖစ္ေနရရွာသည္။ သူေလး၏ ျပႆနာကား ဦးေလးျဖစ္သူ၏ မိန္းမျဖစ္သူေၾကာင့္ပင္။ ဒီတစ္ခါေတာ့ ရြာမွာ ေလးရက္ေက်ာ္မ်ွ စံုသာၿမိဳင္တစ္ေယာက္ ေနခဲ့ရ‌သည္ကိုေတာ့....

Bạn đang đọc truyện trên: ZingTruyen.Xyz