ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
4
"သူ့နာမည် မိုးမှောင် "
ငစုံ အသံကြားတော့ ဦးသက်ခိုင် ရွှေကျင်ရာမှာသုံးတဲ့ ကောဇောချပ်တွေ စီနေရာမှ လှည့်လာ၏။
ထို့နောက် တအံ့တဩဖြစ်သွားသည့်ဟန်ဖြင့် ငစုံလက်ကိုဆွဲကာ တော်တော်ဝေးဝေးခေါ်သွားပြီး တီးတိုးအသံဖြင့်
" ဒီကောင်နဲ့ဘယ်လိုသိလာတာလဲ "
" ဘာဖြစ်လို့လဲ "
" ဘာဖြစ်ရမှာလဲ ။ တောင်မှော်အင်းမှာ ဘမှောင်ဆိုရင် မသိသူမှမရှိတာ။ ဒီကောင်နာမည်ပြောင်က မရဏမိုးမှောင်ကွ"
" သူ့ဘာသာ မရဏ မကလို့ ဘာနေနေ ။
လောလောဆယ် ကျုပ်ခိုင်းဖို့ ခေါ်လာတဲ့ ကျုပ်အလုပ်သမားပဲ"
ထီမထင်လုပ်နေတဲ့ ငစုံဆိုတဲ့ကလေးကြောင့်
ဦးသက်ခိုင် အံတကြိတ်ကြိတ်နှင့် မချိတင်ကဲ။
တကယ်ဆို ဘမှောင်က မကြာခဏလူသတ်ဖူးသည်။
သို့သော် သက်သေမရှိဘူးဆိုတဲ့အကြောင်းပြချက်ဖြင့်မကြာခဏလွတ်မြောက်တက်သူ။
လူသတ်သမားတွေအများကြီးထဲမှာ ဘမှောင်လောက်
လက်စလက်န ဖျောက်တော်သူ၊ ဉာဏ်အကောင်းဆုံးသူကရှိအံ့မထင်။
ငစုံကတော့ ဉီးသက်ခိုင်ဘာတွေးနေတာလဲဆိုတာ မသိ။ တလွှားလွှား ဘမှောင်ရှေ့ အပြေးပြန်သွားကာ
" ကျုပ်က ကျန်တာ ဘာမှမပြောချင်ပေမဲ့
ခင်ဗျားကို တစ်ခုပဲ သတိပေးမယ် ကိုဘမှောင်။
ငစုံဆိုတဲ့ နာမည်ကို ခေါင်းထဲမှတ်ထား ကျုပ်ကို သစ္စာမဖောက်သ၍ ကောင်းကောင်းနေရမယ်
အေး... ဖောက်ခဲ့တဲ့ တစ်နေ့ မရဏ မကလို့ ဘာနေနေ စုံသာမြိုင်ဆိုတဲ့ကောင်ရဲ့လက်ထဲ ခင်ဗျားသေရမယ်ဆိုတာ မမေ့နဲ့။ "
သွားကြားလေထွက်ရုံမျှ ငစုံအသံသည် မျက်နှာချင်းဆိုင်ရှိ ဘမှောင် နှလုံးသားထဲ စီးဝင်သွားသည်နှယ် အကြောက်တရားပါးပါးကို ခံစားသိရှိလိုက်ရ၏။
ထို့ကြောင့် ဘမှောင်သဘောတကျရယ်၍
ငစုံ၏ ပခုံးကို အားနှင့်ပုတ်လိုက်ပြီးနောက်
" ဟိုးထား... ကိုယ့်လူ ။ ဘမှောင်ဆိုတဲ့ကောင်က သစ္စာတရားကို ရင်ဝယ်သိတဲ့ကောင်ပါကွ။ လူမိုက်တွေမှာလည်း နှလုံးသားရှိပါတယ် ၊ မင်းငါ့အပေါ်မှာ
တာဝန်ကျေသ၍ ငါဖက်ကလည်း တန်ပြန် တာဝန်ကျေမှာပါ ။"
" တာဝန်ကျေဖို့ဆိုတာ စောင့်ကြည့်ရအုံးမှာပါ။ ကျုပ်နောက်လိုက်ရင် ကျုပ်တပည့်ပဲ။ ဒီနေ့ကစပြီး ဒီတောင်မှော်အင်းမှာ ကျုပ်စီးပွားရေး ခြေတစ်လှမ်းကို စချလိုက်ပြီ ကိုဘမှောင်။ ဝေစုရဲ့ ငါးပုံ မှာ ကျုပ် က သုံးပုံယူမယ်။ ကျန်တာ ခင်ဗျားတစ်ပုံ ၊ချစ်ထွန်းတစ်ပုံ။ "
ဘမှောင် ခပ်ဟဟရယ်ကာ ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူသဘောမတူစရာမရှိ။ ဘမှောင်၏ မသိစိတ်မှာ စုံသာမြိုင်သည် တမူထူးခြားနေခဲ့တာမို့ပင်။
__________
" ကျုပ်မှာ စည်းမျဉ်းသုံးခု ရှိတယ် "
သူ့ရှေ့မှာရပ်ကြည့်နေတဲ့ လူနှစ်ယောက်ကို ကြည့်ကာ
သူစကားဆက်ဖို့ကြိုးစားလိုက်သည်။
" မလိမ်နဲ့၊မညစ်နဲ့၊ဖျံမကျနဲ့ "
သူမပြောခင်ပြောလာသူက ချစ်ထွန်း။ ခပ်သေးသေးကိုယ်လုံးလေးသည် ဘမှောင်ဘေးမှာ ဆင်နဲ့ဆိတ်ပမာ။ ချစ်ထွန်းကိုမြင်တော့ ငစုံတစ်ယောက် ခပ်တည်တည်လုပ်နေရာမှ သဘောတကျ ပြုံးရယ်လာ၏။
သူ့ဘဝမှာ သစ္စာအရှိဆုံးတပည့်ဖြစ်တဲ့ ချစ်ထွန်းကို ငစုံသိပ်သဘောကျ၏။
" ဟုတ်တယ်ချစ်ထွန်းပြောတာမှန်တယ်။ ကဲ
နေမပူခင်သွားကြရအောင်။ "
ဘမှောင်မောင်းတဲ့ဆိုက်ကားပေါ်တက်ကာ
သူတို့သွားရာနေရာက ပြီးခဲ့တဲ့နှစ်လက ကုန်းအင်းအောင်ခဲ့တဲ့ ဦးချစ်လှ အင်းကိုပင်ဖြစ်သည်။
" ကဲဆို .. ကျုပ်ဆီလာတာ ဘာကိစ္စ"
လူတိုင်းကိုထွက်တွေ့လေ့မရှိတဲ့ ဦးချစ်လှက ဘမှောင်လာတယ်ပြောရော ခပ်သုတ်သုတ်ထွက်လာပြီး အစားအသောက်များစွာနှင့်ပင် တည်ခင်းဧည့်ခံနေသေးသည်။ ဒီနေရာမှာ တော့ ဘမှောင်က အသုံးဝင်သွားပြန်၏။
" လာရင်းကိစ္စက ဦးချစ်လှ အင်းမှာရှိတဲ့ မျောကျ မြေစာကို ကျုပ်ဝယ်မလို့ "
" ဘယ်လို "
ခပ်လျောလျောမှီထားတဲ့ ခါးကြီးက မတ်ခနဲ။
သောက်လက်စဆေးတံကို လက်မှာပြန်ဖြုတ်လိုက်သည်အထိ ဦးချစ်လှ ရူးမိုက်သွားသည်။
အမှန်ဆို အင်းကျ မျောချေးက စွန့်ပစ်ပစ္စည်းပင်။
မျောမှ ချလိုက်တဲ့ မြေစာခေါ် မျောချေးသည်
အင်းကို စွန့်ပစ်လိုက်သည်နှင့် လက်လုပ်လက်စားတချို့ ရသလောက် လာရောက်ကျင်ယူကြတာမျိုးရှိပေမဲ့ ငစုံလိုတော့ အခငွေကြေးပေးဝယ်ယူတာမျိုးထိတော့မကြုံဘူး။ ပြီးတော့ သူလို ကတ်စီးနဲကော်တစ်ရာ တစ်ယောက်အတွက် သူစိမ်းတစ်ယောက်ဆီမှ တစ်ကျပ်တစ်ပြားရလည်း နည်းသည်ဟုပင်မထင်
တာကြောင့် စိတ်ဝင်စားမိသွား၏။
" ကျုပ် ငွေနှစ်သောင်းနဲ့ ခင်ဗျားမျောကျထားတဲ့ မြေစာကို ဝယ်ယူချင်တယ် "
" နှစ်သောင်းနဲ့ ..? "
" ဟုတ်တယ်။ မနက်ဖန်ဆို ခင်ဗျားတို့ အင်းပြောင်းတော့မှာဆို ။ ဒီတော့ ဒီနေရာကို ကျုပ်တို့လုပ်စားခွင့်ပေးခဲ့မလား"
ယူလာတဲ့ ငွေနှစ်သောင်းအုပ်ကို ဦးချစ်လှရှေ့ချပေးလိုက်တော့ စဉ်းပင်စဉ်းစားမနေ
သဘောတူညီချက်ကို မြန်မြန်ပင် ရခဲ့၏။
သုံးရက်ကြာတော့ ဦးချစ်လှ၏ အင်းဟောင်းမှာ
ငစုံနှင့် သူ့တပည့်ကျော်နှစ်ယောက် လာရောက်ပြောင်းရွေ့နေထိုင်ခဲ့ပေမဲ့ အလုပ်မရှိသေးတဲ့
ဦးသက်ခိုင်သည်လည်း ချန်မနေခဲ့ပေ။
ကုန်းအင်းကို ကိုယ်တိုင်ဦးစီးလုပ်ခဲ့သည့် ဦးသက်ခိုင်သည် ငစုံဝယ်ယူထားသော မြေစာတို့အားကြည့်၍
အလုပ်သမား သုံးယောက်ထပ်မံခေါ်ယူပေးခဲ့သည်။
မျောချေးခေါ် မြေစာတို့အား ပြန်လည် ရွှေကျင်ကြခြင်း ။
အလုပ်ဟူသည် မပင်ပန်းတဲ့ အလုပ်ဟူ၍ မရှိ။
ထို့အတူ ငစုံသည်လည်း မနားရပေ။
ဦးသက်ခိုင်ယူလာသော ရေစက်သံသည် တဒုတ်ဒုတ်မြည်ဟီးနေသည်။
ဘမှောင်သည် ခေါ်ယူထားသော အလုပ်သမားတို့အား
သေချာ အလုပ်လုပ်စေရန်ဘေးမှ ရပ်ကြည့်နေသည်။
ဂေါ်ဖြင့်ကော်ထည့်သော အပြာရင့်ရင့်မြေစာတို့သည်
အလျား ဆယ်ပေ၊ အနံ နှစ်ပေ ဖြင့် ပြုလုပ်ထားသော
မျောစင်ပေါ်တွင်ပတ်ဖြန်းခံလိုက်ရလေသည်။
ထိုမျောစင်သည် အနည်းငယ်စောင်းထားသည်မို့
ရေပန်းချသည့်အခါတွင် မြေစာတို့သည် ရွေ့လျားကာ အောက်သို့တဖြည်းဖြည်းလျောကျကုန်၏။
စင်ပေါ်တွင် ကောဇောခင်းထားသည်မို့ ပါရှိသော ရွှေတို့သည် ကောဇောမှာကပ်ငြိကုန်၏။
ညနေစောင်းသည့်အခါ ကောဇောဖက်ကို သီးသန့်ပြုလုပ်ထားသော လူနှစ်ယောက်ကျယ်ကျယ်ထိုင်နိုင်သည့် လေးထောင့်ကျကျ သံကန်မှာ ရေထည့်၍ အားဖြင့်ခါရ၏။
ထိုအခါ ရွှေအပါအဝင်ကပ်ငြိသော သဲနုတို့သည်
သံကန်တွင် ကျန်ခဲ့လေသည် ။ ထိုသံကန်အတွင်း အနည်းငယ်သာ စစ်ထုတ်ကျန်ရှိတဲ့ သဲမှုန်တို့အား
အင်ဝိုင်းဟူခေါ်သော ကန်တော့ချွန်သဏ္ဍာန်သစ်သားအဝိုင်းဖြင့်လှည့်ယူကာ ထပ်မံစစ်ထုတ်ရသည်။
တဖြည်းဖြည်း တစ်နေကုန် ဂေါ်ဖြင့်အကြိမ်ကြိမ်တိုက်စားခဲ့သော သဲနုမြေစာတို့သည် စစ်ထုတ်ရင်း၊စစ်ထုတ်ရင်းဖြင့် သဲနုနှင့် ရွှေမှုန်ရောနှောသော သဲစာအနည်းငယ်သာ အဝတ်လျှော်သော စတီးစလုံကြီးတစ်လုံးစာ ကျန်ရှိတော့သည်။
" မောင်ကျန် ... ရွှေအခြေအနေ "
" မဆိုးဘူးဆရာ ။ "
အင်ဝိုင်းကိုင်သော ကောင်လေးသည် အသက် ၁၆နှစ်မျှသာရှိပေအုံးမည်။
တစ်နေကုန်ရေကိုင်နေရသောကြောင့် လက်ချောင်းများမှာပဲကြီးတွန့်နေ သည်။ သံကန်အတွင်း ထိုင်၍ ရွှေလှည့်ရသောကြောင့် အောက်ပိုင်းကိုယ်ထည်သည်ရေစိုနေသည်။ သို့သော်
မပျက်တပြယ် သနပ်ခါးအနည်းငယ် ၊ကွမ်းဝါးသောသွားကလေးများ ပေါ်အောင် ရယ်ပြုံးနေသည်မှာ စိတ်ရင်းကောင်းသည့်နှယ်မျက်နှာချို၏။ ကျင်လည်စွာ လှည့်ပြနေပုံမှာ အတော်လေး စိတ်တိုင်းကျဖွယ်ကောင်းသည်မို့ ငစုံသည်ပင် အနားကပ်ကာ ရွှေပါဝင်မူ့နှုန်းကို ကြည့်မိသေးသည်။
" မြေစာတွေအများကြီးပဲကျန်သေးတယ်။
ဆရာတော့ ပွတာပဲ "
မောင်ကျန်စကားကို ငစုံစိတ်မဝင်စားပေ။
သို့သော် အင်ဝိုင်းခွက်ထဲမှာ ရွေ့လျားနေတဲ့ အဖြူရောင် အမှုန်တို့အားလက်ညိုးထိုးပြကာ
" ဒါဘာလဲဟု မေးလိုက်သည်"
မောင်ကျန်သည် သူပြရာနေရာအားငုံ့ကြည့်ကာ ရယ်ရယ်မောမောရွှေဖြူလေ ဟုပြောလာသည်။
ထိုခေတ်အခါတွင် နယ်ဖက်တွင် ရွှေဖြူ ဈေးသည်ထင်သလောက်
ဈေးကွက်ပေါက်ဈေးမရှိတာကြောင့် သိပ်စိတ်မဝင်စားကြပေမဲ့ တစ်ခေတ်ပြောင်းကာ လာသော ငစုံအတွက်ကတော့ မက်လောက်စရာပင်။
သူသည် ရွှေဖြူ ခေါ် ပလက်တီနမ် အကြောင်းကို
တစေ့တစောင်းသိထားတာကြောင့် သီးသန့် ထည့်စရာဖြင့် ခွဲထည့်စေသည်။
နောက်ဆုံး ရွှေဝါအား ပြဒါးဖြင့် အပြီးသတ် စစ်ထုတ်လိုက်တော့ ရွှေက တစ်ကျပ်သားကျော်ရသည်။
ရွှေတစ်ကျပ်သားမှ ၁၆၀၀၀သာရှိပေတာမို့ ဒီနေ့ တစ်နေ့တည်းဖြင့် ငစုံအရင်းကျေခဲ့သည်။ ထို့အပြင်ရွှေဖြူ ထမင်းစားစလုံဖြင့် ပမာနများများရတာကြောင့် စိတ်ထဲ ပျော်ရွှင်နေခဲ့လျက်။
သို့ဖြင့် ထိုအင်း၏ မြေစာတို့အား ရက်နှစ်ဆယ်ကျော်မျှ ငစုံ
ကျင်ယူရရှိခဲ့ပြီးနောက် ရွှေချိန် ၁၅ကျပ်သားခန့် အမြတ်ရခဲ့၏။ ယခင် ကုန်းအင်းတို့တွင်ရွှေအား စနစ်တကျ ဦးစီးဖို့မလွယ်ပေ။
အလုပ်သမားတို့ရဲ့လက်ချက် သဲစာ အဖြတ်များရင်
များသလို ရွှေတို့သည် စွန့်ပစ်သဲစာတွင် ဖြတ်ချခံရတာများ၏။
ငစုံသည် သူ့စကားအတိုင်း သူ့ဝေစုထဲမှ သုံးပုံကို ယူခဲ့သည်။သို့သော် သူ့ထဲမှပင် ဦးသက်ခိုင်အားတစ်ပုံခွဲဝေပေးဖို့ လက်မနှေးခဲ့ပေ။ ငစုံ၏ ဘဝအလှည့်အပြောင်းတွင်ဦးသက်ခိုင်သည်ကား အပါမဖြစ်ပေလော။ ရွှေကျင်မြေစာ ဝယ်ယူမူ့သည် နောက်နှစ်အနည်းငယ်တွင် စတင်ခေတ်စားလာမည့်နည်းလမ်းတစ်ခုဖြစ်ကာ ဦးသက်ခိုင်၏ ပုံပြင်တို့အား နားရည်ဝနေသော ငစုံကတော့ စောစောလေးလိုက်နာကျင့်သုံးမိရုံသာ ။
အရင်းအနှီးလုံလောက်ပြီးနောက် ဒေါ်ခင်မမ၏
အခင်းကွက်ကို သွားကြည့်ခဲ့ကြ၏။
မြေကွက်သည် အစက သုံးကွက်ကျန်ရှိနေသော်လည်း ဝယ်ယူမူ့နောက်ကျသည်ကြောင့်
နောက်ဆုံး ရွှေလုံးဝ မပါနိုင်ဟုယူစသည့်အကွက်သာကျန်ရှိတော့သည်။
အစပိုင်းတွင် ဦးသက်ခိုင်က အင်တင်တင်ဖြစ်နေသေးသည်။
နောက်ရက်တွင် တောင်မှော်အင်း တစ်နယ်လုံး
ဦးသက်ခိုင်တစ်ယောက် ဒေါ်ခင်မမ၏ မြေကွက်ထဲကနေ မရောင်းရတဲ့ မြေကွက်သေးသေးတစ်ကွက်ကို ဝယ်လိုက်တယ်ဆိုပြီး သတင်းပျံ့လာခဲ့သည်။
လူတချို့က ကဲ့ရဲ့ကာ သက်ခိုင်ရူးသွားပြီဟုသတင်းလွင့်သူကလွင့်။
ဘာပြောပြောဦးသက်ခိုင်က အားကျိုးမာန်တက် အင်းဖွင့်ဖို့ လူအင်အားကိုခေါ်လျက်ရှိနေလေသည်။
ငစုံကတော့ ဦးသက်ခိုင်လုပ်သမျှ တည်တည်ငြိမ်ငြိမ်သာ ကြည့်နေ၍ ဝင်မစွက်ဖက်ပေ။
အကြောင်းမှာထိုအင်းအကြောင်းကို ထောင်ထဲတွင်ပုံပြင်သဖွယ် အပ်ကြောင်းထပ်အောင်ပြောဖူး၍
သူ့မှာအလွတ်ရနေသောကြောင့်ပင်။
ထိုအင်းသည် ထင်သလောက်မဟုတ်တောင်မှ
လုံလောက်တဲ့အရင်းကို ရှာဖွေပေးနိုင်လောက်သည့်အထိ ငွေရခဲ့တဲ့အတွက် နောက်ပေါ်မည့်အင်းကို ဝယ်ယူနိုင်လိုက်ကာ အကြီးအကျယ် အင်းအောင်ခဲ့လို့ပင်။
ကုန်းအင်းဖောက်ဖို့သည် တရားဝင် လုပ်ရသည်မဟုတ်ပေမဲ့ ငွေလှိုင်လှိုင်ပေးရခြင်းဖြင့် စိတ်ချလက်ချ လုပ်နိုင်ပေသည်။ အင်းဖောက်ဖို့ လုံလောက်သည့်အရင်းသည် ထိုမျှမကြီးသော်လည်း စာရင်းသွင်းရတဲ့ အခါ ပေးရသည့် ငွေကတော့အတော်များ၏။
ပထမဦးဆုံးဒေါ်ခင်မမပိုင်ကုန်းအင်းကို စတင်ဖောက်နေတုန်းမှာပင် ဘမှောင်နှင့် ချစ်ထွန်းသည်
အင်းပိုင်များဆီမှ မြေစာလိုက်လံဝယ်ယူခဲ့ကြသည်။
"သူ႔နာမည္ မိုးေမွာင္ "
ငစံု အသံၾကားေတာ့ ဦးသက္ခိုင္ ေရႊက်င္ရာမွာသံုးတဲ့ ေကာေဇာခ်ပ္ေတြ စီေနရာမွ လွၫ့္လာ၏။
ထို႔ေနာက္ တအံ့တဩျဖစ္သြားသၫ့္ဟန္ျဖင့္ ငစံုလက္ကိုဆြဲကာ ေတာ္ေတာ္ေဝးေဝးေခၚသြားၿပီး တီးတိုးအသံျဖင့္
" ဒီေကာင္နဲ႔ဘယ္လိုသိလာတာလဲ "
" ဘာျဖစ္လို႔လဲ "
" ဘာျဖစ္ရမွာလဲ ။ ေတာင္ေမွာ္အင္းမွာ ဘေမွာင္ဆိုရင္ မသိသူမွမရိွတာ။ ဒီေကာင္နာမည္ေျပာင္က မရဏမိုးေမွာင္ကြ"
" သူ႔ဘာသာ မရဏ မကလို႔ ဘာေနေန ။
ေလာေလာဆယ္ က်ဳပ္ခိုင္းဖို႔ ေခၚလာတဲ့ က်ဳပ္အလုပ္သမားပဲ"
ထီမထင္လုပ္ေနတဲ့ ငစံုဆိုတဲ့ကေလးေၾကာင့္
ဦးသက္ခိုင္ အံတႀကိတ္ႀကိတ္ႏွင့္ မခ်ိတင္ကဲ။
တကယ္ဆို ဘေမွာင္က မၾကာခဏလူသတ္ဖူးသည္။
သို႔ေသာ္ သက္ေသမရိွဘူးဆိုတဲ့အေၾကာင္းျပခ်က္ျဖင့္မၾကာခဏလြတ္ေျမာက္တက္သူ။
လူသတ္သမားေတြအမ်ားႀကီးထဲမွာ ဘေမွာင္ေလာက္
လက္စလက္န ေဖ်ာက္ေတာ္သူ၊ ဉာဏ္အေကာင္းဆံုးသူကရိွအံ့မထင္။
ငစံုကေတာ့ ဉီးသက္ခိုင္ဘာေတြးေနတာလဲဆိုတာ မသိ။ တလႊားလႊား ဘေမွာင္ေရ႔ွ အေျပးျပန္သြားကာ
" က်ဳပ္က က်န္တာ ဘာမွမေျပာခ်င္ေပမဲ့
ခင္ဗ်ားကို တစ္ခုပဲ သတိေပးမယ္ ကိုဘေမွာင္။
ငစံုဆိုတဲ့ နာမည္ကို ေခါင္းထဲမွတ္ထား က်ဳပ္ကို သစၥာမေဖာက္သ၍ ေကာင္းေကာင္းေနရမယ္
ေအး... ေဖာက္ခဲ့တဲ့ တစ္ေန့ မရဏ မကလို႔ ဘာေနေန စံုသာၿမိဳင္ဆိုတဲ့ေကာင္ရဲ့လက္ထဲ ခင္ဗ်ားေသရမယ္ဆိုတာ မေမ့နဲ႔။ "
သြားၾကားေလထြက္ရံုမ်ွ ငစံုအသံသည္ မ်က္ႏွာခ်င္းဆိုင္ရိွ ဘေမွာင္ ႏွလံုးသားထဲ စီးဝင္သြားသည္ႏွယ္ အေၾကာက္တရားပါးပါးကို ခံစားသိရိွလိုက္ရ၏။
ထို႔ေၾကာင့္ ဘေမွာင္သေဘာတက်ရယ္၍
ငစံု၏ ပခံုးကို အားႏွင့္ပုတ္လိုက္ၿပီးေနာက္
" ဟိုးထား... ကိုယ့္လူ ။ ဘေမွာင္ဆိုတဲ့ေကာင္က သစၥာတရားကို ရင္ဝယ္သိတဲ့ေကာင္ပါကြ။ လူမိုက္ေတြမွာလည္း ႏွလံုးသားရိွပါတယ္ ၊ မင္းငါ့အေပၚမွာ
တာဝန္ေက်သ၍ ငါဖက္ကလည္း တန္ျပန္ တာဝန္ေက်မွာပါ ။"
" တာဝန္ေက်ဖို႔ဆိုတာ ေစာင့္ၾကၫ့္ရအံုးမွာပါ။ က်ဳပ္ေနာက္လိုက္ရင္ က်ဳပ္တပၫ့္ပဲ။ ဒီေန့ကစၿပီး ဒီေတာင္ေမွာ္အင္းမွာ က်ဳပ္စီးပြားေရး ေျခတစ္လွမ္းကို စခ်လိုက္ၿပီ ကိုဘေမွာင္။ ေဝစုရဲ့ ငါးပံု မွာ က်ဳပ္ က သံုးပံုယူမယ္။ က်န္တာ ခင္ဗ်ားတစ္ပံု ၊ခ်စ္ထြန္းတစ္ပံု။ "
ဘေမွာင္ ခပ္ဟဟရယ္ကာ ေခါင္းညိတ္ေထာက္ခံလိုက္သည္။ သူသေဘာမတူစရာမရိွ။ ဘေမွာင္၏ မသိစိတ္မွာ စံုသာၿမိဳင္သည္ တမူထူးျခားေနခဲ့တာမို႔ပင္။
__________
" က်ဳပ္မွာ စည္းမ်ဉ္းသံုးခု ရိွတယ္ "
သူ႔ေရ႔ွမွာရပ္ၾကၫ့္ေနတဲ့ လူႏွစ္ေယာက္ကို ၾကၫ့္ကာ
သူစကားဆက္ဖို႔ႀကိဳးစားလိုက္သည္။
" မလိမ္နဲ႔၊မညစ္နဲ႔၊ဖ်ံမက်နဲ႔ "
သူမေျပာခင္ေျပာလာသူက ခ်စ္ထြန္း။ ခပ္ေသးေသးကိုယ္လံုးေလးသည္ ဘေမွာင္ေဘးမွာ ဆင္နဲ႔ဆိတ္ပမာ။ ခ်စ္ထြန္းကိုျမင္ေတာ့ ငစံုတစ္ေယာက္ ခပ္တည္တည္လုပ္ေနရာမွ သေဘာတက် ၿပံဳးရယ္လာ၏။
သူ႔ဘဝမွာ သစၥာအရိွဆံုးတပၫ့္ျဖစ္တဲ့ ခ်စ္ထြန္းကို ငစံုသိပ္သေဘာက်၏။
" ဟုတ္တယ္ခ်စ္ထြန္းေျပာတာမွန္တယ္။ ကဲ
ေနမပူခင္သြားၾကရေအာင္။ "
ဘေမွာင္ေမာင္းတဲ့ဆိုက္ကားေပၚတက္ကာ
သူတို႔သြားရာေနရာက ၿပီးခဲ့တဲ့ႏွစ္လက ကုန္းအင္းေအာင္ခဲ့တဲ့ ဦးခ်စ္လွ အင္းကိုပင္ျဖစ္သည္။
" ကဲဆို .. က်ဳပ္ဆီလာတာ ဘာကိစၥ"
လူတိုင္းကိုထြက္ေတြ့ေလ့မရိွတဲ့ ဦးခ်စ္လွက ဘေမွာင္လာတယ္ေျပာေရာ ခပ္သုတ္သုတ္ထြက္လာၿပီး အစားအေသာက္မ်ားစြာႏွင့္ပင္ တည္ခင္းဧၫ့္ခံေနေသးသည္။ ဒီေနရာမွာ ေတာ့ ဘေမွာင္က အသံုးဝင္သြားျပန္၏။
" လာရင္းကိစၥက ဦးခ်စ္လွ အင္းမွာရိွတဲ့ ေမ်ာက် ေျမစာကို က်ဳပ္ဝယ္မလို႔ "
" ဘယ္လို "
ခပ္ေလ်ာေလ်ာမွီထားတဲ့ ခါးႀကီးက မတ္ခနဲ။
ေသာက္လက္စေဆးတံကို လက္မွာျပန္ျဖဳတ္လိုက္သည္အထိ ဦးခ်စ္လွ ရူးမိုက္သြားသည္။
အမွန္ဆို အင္းက် ေမ်ာေခ်းက စြန႔္ပစ္ပစၥည္းပင္။
ေမ်ာမွ ခ်လိုက္တဲ့ ေျမစာေခၚ ေမ်ာေခ်းသည္
အင္းကို စြန႔္ပစ္လိုက္သည္ႏွင့္ လက္လုပ္လက္စားတခ်ိဳ႕ ရသေလာက္ လာေရာက္က်င္ယူၾကတာမ်ိဳးရိွေပမဲ့ ငစံုလိုေတာ့ အခေငြေၾကးေပးဝယ္ယူတာမ်ိဳးထိေတာ့မႀကံဳဘူး။ ၿပီးေတာ့ သူလို ကတ္စီးနဲေကာ္တစ္ရာ တစ္ေယာက္အတြက္ သူစိမ္းတစ္ေယာက္ဆီမွ တစ္က်ပ္တစ္ျပားရလည္း နည္းသည္ဟုပင္မထင္
တာေၾကာင့္ စိတ္ဝင္စားမိသြား၏။
" က်ဳပ္ ေငြႏွစ္ေသာင္းနဲ႔ ခင္ဗ်ားေမ်ာက်ထားတဲ့ ေျမစာကို ဝယ္ယူခ်င္တယ္ "
" ႏွစ္ေသာင္းနဲ႔ ..? "
" ဟုတ္တယ္။ မနက္ဖန္ဆို ခင္ဗ်ားတို႔ အင္းေျပာင္းေတာ့မွာဆို ။ ဒီေတာ့ ဒီေနရာကို က်ဳပ္တို႔လုပ္စားခြင့္ေပးခဲ့မလား"
ယူလာတဲ့ ေငြႏွစ္ေသာင္းအုပ္ကို ဦးခ်စ္လွေရ႔ွခ်ေပးလိုက္ေတာ့ စဉ္းပင္စဉ္းစားမေန
သေဘာတူညီခ်က္ကို ျမန္ျမန္ပင္ ရခဲ့၏။
သံုးရက္ၾကာေတာ့ ဦးခ်စ္လွ၏ အင္းေဟာင္းမွာ
ငစံုႏွင့္ သူ႔တပၫ့္ေက်ာ္ႏွစ္ေယာက္ လာေရာက္ေျပာင္းေရြ့ေနထိုင္ခဲ့ေပမဲ့ အလုပ္မရိွေသးတဲ့
ဦးသက္ခိုင္သည္လည္း ခ်န္မေနခဲ့ေပ။
ကုန္းအင္းကို ကိုယ္တိုင္ဦးစီးလုပ္ခဲ့သၫ့္ ဦးသက္ခိုင္သည္ ငစံုဝယ္ယူထားေသာ ေျမစာတို႔အားၾကၫ့္၍
အလုပ္သမား သံုးေယာက္ထပ္မံေခၚယူေပးခဲ့သည္။
ေမ်ာေခ်းေခၚ ေျမစာတို႔အား ျပန္လည္ ေရႊက်င္ၾကျခင္း ။
အလုပ္ဟူသည္ မပင္ပန္းတဲ့ အလုပ္ဟူ၍ မရိွ။
ထို႔အတူ ငစံုသည္လည္း မနားရေပ။
ဦးသက္ခိုင္ယူလာေသာ ေရစက္သံသည္ တဒုတ္ဒုတ္ျမည္ဟီးေနသည္။
ဘေမွာင္သည္ ေခၚယူထားေသာ အလုပ္သမားတို႔အား
ေသခ်ာ အလုပ္လုပ္ေစရန္ေဘးမွ ရပ္ၾကၫ့္ေနသည္။
ေဂၚျဖင့္ေကာ္ထၫ့္ေသာ အျပာရင့္ရင့္ေျမစာတို႔သည္
အလ်ား ဆယ္ေပ၊ အနံ ႏွစ္ေပ ျဖင့္ ျပဳလုပ္ထားေသာ
ေမ်ာစင္ေပၚတြင္ပတ္ျဖန္းခံလိုက္ရေလသည္။
ထိုေမ်ာစင္သည္ အနည္းငယ္ေစာင္းထားသည္မို႔
ေရပန္းခ်သၫ့္အခါတြင္ ေျမစာတို႔သည္ ေရြ့လ်ားကာ ေအာက္သို႔တျဖည္းျဖည္းေလ်ာက်ကုန္၏။
စင္ေပၚတြင္ ေကာေဇာခင္းထားသည္မို႔ ပါရိွေသာ ေရႊတို႔သည္ ေကာေဇာမွာကပ္ၿငိကုန္၏။
ညေနေစာင္းသၫ့္အခါ ေကာေဇာဖက္ကို သီးသန႔္ျပဳလုပ္ထားေသာ လူႏွစ္ေယာက္က်ယ္က်ယ္ထိုင္ႏိုင္သၫ့္ ေလးေထာင့္က်က် သံကန္မွာ ေရထၫ့္၍ အားျဖင့္ခါရ၏။
ထိုအခါ ေရႊအပါအဝင္ကပ္ၿငိေသာ သဲႏုတို႔သည္
သံကန္တြင္ က်န္ခဲ့ေလသည္ ။ ထိုသံကန္အတြင္း အနည္းငယ္သာ စစ္ထုတ္က်န္ရိွတဲ့ သဲမႈန္တို႔အား
အင္ဝိုင္းဟူေခၚေသာ ကန္ေတာ့ခြၽန္သ႑ာန္သစ္သားအဝိုင္းျဖင့္လွၫ့္ယူကာ ထပ္မံစစ္ထုတ္ရသည္။
တျဖည္းျဖည္း တစ္ေနကုန္ ေဂၚျဖင့္အႀကိမ္ႀကိမ္တိုက္စားခဲ့ေသာ သဲႏုေျမစာတို႔သည္ စစ္ထုတ္ရင္း၊စစ္ထုတ္ရင္းျဖင့္ သဲႏုႏွင့္ ေရႊမႈန္ေရာေနွာေသာ သဲစာအနည္းငယ္သာ အဝတ္ေလ်ွာ္ေသာ စတီးစလံုႀကီးတစ္လံုးစာ က်န္ရိွေတာ့သည္။
" ေမာင္က်န္ ... ေရႊအေျခအေန "
" မဆိုးဘူးဆရာ ။ "
အင္ဝိုင္းကိုင္ေသာ ေကာင္ေလးသည္ အသက္ ၁၆ႏွစ္မ်ွသာရိွေပအံုးမည္။
တစ္ေနကုန္ေရကိုင္ေနရေသာေၾကာင့္ လက္ေခ်ာင္းမ်ားမွာပဲႀကီးတြန႔္ေန သည္။ သံကန္အတြင္း ထိုင္၍ ေရႊလွၫ့္ရေသာေၾကာင့္ ေအာက္ပိုင္းကိုယ္ထည္သည္ေရစိုေနသည္။ သို႔ေသာ္
မပ်က္တျပယ္ သနပ္ခါးအနည္းငယ္ ၊ကြမ္းဝါးေသာသြားကေလးမ်ား ေပၚေအာင္ ရယ္ၿပံဳးေနသည္မွာ စိတ္ရင္းေကာင္းသၫ့္ႏွယ္မ်က္ႏွာခ်ိဳ၏။ က်င္လည္စြာ လွၫ့္ျပေနပံုမွာ အေတာ္ေလး စိတ္တိုင္းက်ဖြယ္ေကာင္းသည္မို႔ ငစံုသည္ပင္ အနားကပ္ကာ ေရႊပါဝင္မူ႔ႏႈန္းကို ၾကၫ့္မိေသးသည္။
" ေျမစာေတြအမ်ားႀကီးပဲက်န္ေသးတယ္။
ဆရာေတာ့ ပြတာပဲ "
ေမာင္က်န္စကားကို ငစံုစိတ္မဝင္စားေပ။
သို႔ေသာ္ အင္ဝိုင္းခြက္ထဲမွာ ေရြ့လ်ားေနတဲ့ အျဖဴေရာင္ အမႈန္တို႔အားလက္ညိုးထိုးျပကာ
" ဒါဘာလဲဟု ေမးလိုက္သည္"
ေမာင္က်န္သည္ သူျပရာေနရာအားငံု႔ၾကၫ့္ကာ ရယ္ရယ္ေမာေမာေရႊျဖဴေလ ဟုေျပာလာသည္။
ထိုေခတ္အခါတြင္ နယ္ဖက္တြင္ ေရႊျဖဴ ေဈးသည္ထင္သေလာက္
ေဈးကြက္ေပါက္ေဈးမရိွတာေၾကာင့္ သိပ္စိတ္မဝင္စားၾကေပမဲ့ တစ္ေခတ္ေျပာင္းကာ လာေသာ ငစံုအတြက္ကေတာ့ မက္ေလာက္စရာပင္။
သူသည္ ေရႊျဖဴ ေခၚ ပလက္တီနမ္ အေၾကာင္းကို
တေစ့တေစာင္းသိထားတာေၾကာင့္ သီးသန႔္ ထၫ့္စရာျဖင့္ ခြဲထၫ့္ေစသည္။
ေနာက္ဆံုး ေရႊဝါအား ျပဒါးျဖင့္ အၿပီးသတ္ စစ္ထုတ္လိုက္ေတာ့ ေရႊက တစ္က်ပ္သားေက်ာ္ရသည္။
ေရႊတစ္က်ပ္သားမွ ၁၆၀၀၀သာရိွေပတာမို႔ ဒီေန့ တစ္ေန့တည္းျဖင့္ ငစံုအရင္းေက်ခဲ့သည္။ ထို႔အျပင္ေရႊျဖဴ ထမင္းစားစလံုျဖင့္ ပမာနမ်ားမ်ားရတာေၾကာင့္ စိတ္ထဲ ေပ်ာ္ရႊင္ေနခဲ့လ်က္။
သို႔ျဖင့္ ထိုအင္း၏ ေျမစာတို႔အား ရက္ႏွစ္ဆယ္ေက်ာ္မ်ွ ငစံု
က်င္ယူရရိွခဲ့ၿပီးေနာက္ ေရႊခ်ိန္ ၁၅က်ပ္သားခန႔္ အျမတ္ရခဲ့၏။ ယခင္ ကုန္းအင္းတို႔တြင္ေရႊအား စနစ္တက် ဦးစီးဖို႔မလြယ္ေပ။
အလုပ္သမားတို႔ရဲ့လက္ခ်က္ သဲစာ အျဖတ္မ်ားရင္
မ်ားသလို ေရႊတို႔သည္ စြန႔္ပစ္သဲစာတြင္ ျဖတ္ခ်ခံရတာမ်ား၏။
ငစံုသည္ သူ႔စကားအတိုင္း သူ႔ေဝစုထဲမွ သံုးပံုကို ယူခဲ့သည္။သို႔ေသာ္ သူ႔ထဲမွပင္ ဦးသက္ခိုင္အားတစ္ပံုခြဲေဝေပးဖို႔ လက္မေနွးခဲ့ေပ။ ငစံု၏ ဘဝအလွၫ့္အေျပာင္းတြင္ဦးသက္ခိုင္သည္ကား အပါမျဖစ္ေပေလာ။ ေရႊက်င္ေျမစာ ဝယ္ယူမူ႔သည္ ေနာက္ႏွစ္အနည္းငယ္တြင္ စတင္ေခတ္စားလာမၫ့္နည္းလမ္းတစ္ခုျဖစ္ကာ ဦးသက္ခိုင္၏ ပံုျပင္တို႔အား နားရည္ဝေနေသာ ငစံုကေတာ့ ေစာေစာေလးလိုက္နာက်င့္သံုးမိရံုသာ ။
အရင္းအႏွီးလံုေလာက္ၿပီးေနာက္ ေဒၚခင္မမ၏
အခင္းကြက္ကို သြားၾကၫ့္ခဲ့ၾက၏။
ေျမကြက္သည္ အစက သံုးကြက္က်န္ရိွေနေသာ္လည္း ဝယ္ယူမူ႔ေနာက္က်သည္ေၾကာင့္
ေနာက္ဆံုး ေရႊလံုးဝ မပါႏိုင္ဟုယူစသၫ့္အကြက္သာက်န္ရိွေတာ့သည္။
အစပိုင္းတြင္ ဦးသက္ခိုင္က အင္တင္တင္ျဖစ္ေနေသးသည္။
ေနာက္ရက္တြင္ ေတာင္ေမွာ္အင္း တစ္နယ္လံုး
ဦးသက္ခိုင္တစ္ေယာက္ ေဒၚခင္မမ၏ ေျမကြက္ထဲကေန မေရာင္းရတဲ့ ေျမကြက္ေသးေသးတစ္ကြက္ကို ဝယ္လိုက္တယ္ဆိုၿပီး သတင္းပ်ံ့လာခဲ့သည္။
လူတခ်ိဳ႕က ကဲ့ရဲ့ကာ သက္ခိုင္ရူးသြားၿပီဟုသတင္းလြင့္သူကလြင့္။
ဘာေျပာေျပာဦးသက္ခိုင္က အားက်ိဳးမာန္တက္ အင္းဖြင့္ဖို႔ လူအင္အားကိုေခၚလ်က္ရိွေနေလသည္။
ငစံုကေတာ့ ဦးသက္ခိုင္လုပ္သမ်ွ တည္တည္ၿငိမ္ၿငိမ္သာ ၾကၫ့္ေန၍ ဝင္မစြက္ဖက္ေပ။
အေၾကာင္းမွာထိုအင္းအေၾကာင္းကို ေထာင္ထဲတြင္ပံုျပင္သဖြယ္ အပ္ေၾကာင္းထပ္ေအာင္ေျပာဖူး၍
သူ႔မွာအလြတ္ရေနေသာေၾကာင့္ပင္။
ထိုအင္းသည္ ထင္သေလာက္မဟုတ္ေတာင္မွ
လံုေလာက္တဲ့အရင္းကို ရွာေဖြေပးႏိုင္ေလာက္သၫ့္အထိ ေငြရခဲ့တဲ့အတြက္ ေနာက္ေပၚမၫ့္အင္းကို ဝယ္ယူႏိုင္လိုက္ကာ အႀကီးအက်ယ္ အင္းေအာင္ခဲ့လို႔ပင္။
ကုန္းအင္းေဖာက္ဖို႔သည္ တရားဝင္ လုပ္ရသည္မဟုတ္ေပမဲ့ ေငြလိႈင္လိႈင္ေပးရျခင္းျဖင့္ စိတ္ခ်လက္ခ် လုပ္ႏိုင္ေပသည္။ အင္းေဖာက္ဖို႔ လံုေလာက္သၫ့္အရင္းသည္ ထိုမ်ွမႀကီးေသာ္လည္း စာရင္းသြင္းရတဲ့ အခါ ေပးရသၫ့္ ေငြကေတာ့အေတာ္မ်ား၏။
ပထမဦးဆံုးေဒၚခင္မမပိုင္ကုန္းအင္းကို စတင္ေဖာက္ေနတုန္းမွာပင္ ဘေမွာင္ႏွင့္ ခ်စ္ထြန္းသည္
အင္းပိုင္မ်ားဆီမွ ေျမစာလိုက္လံဝယ္ယူခဲ့ၾကသည္။
Bạn đang đọc truyện trên: ZingTruyen.Xyz