ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

3

eainsi23

"တောင်မှော်... တောင်မှော်ကိုသွားမှာလား ။ တစ်ယောက်ကို  ခြောက်ဆယ်"

အော်ဟစ်သံဆူဆူညံမှာ ဆိုက်ကား၊ တွန်းလှည်းသမားတွေနဲ့ ပျံကျကယ်ရီသမားတွေက အဆိုးဆုံး။
အလုအယက် ဆွဲယူနေကြတဲ့အိတ်တွေကို ပါမသွားအောင် ငစုံတစ်ယောက် မျက်ထောင့်နီကြီးနဲ့ကြည့်နေမိသည်။ ဒါတောင်မှ အထုတ်တွေက တောင်ရောက်သွားလိုက်၊မြောက်ရောက်သွားလိုက်ဖြစ်‌ေနတာမို့ ဒေါသက တော်တော်ကြီး မြင့်တက်လာလျက်။
စိတ်မရှည်တဲ့အဆုံး တနင့်တပိုးထဆဲလိုက်မှ
ကိုယ့်အထုတ်တွေက ကိုယ်ရှေ့ပြန်ရောက်တော့သည်။

" ကိုယ့်လူ သွားမယ်ဆို ဈေးမစစ်နဲ့။ တစ်ယောက်မှ လေးဆယ်ပဲပေး "

ပခုံးကိုတို့ လာခေါ်သူကား ဟောင်းနွမ်းတဲ့ အဝတ်တို့ဖြင့် မုတ်ဆိတ်တိုကျို့တို့ကျဲတဲမှာ အဖြူတွေက ခပ်ရောရော။ ဇရာအရ အသက်က လေးဆယ်အထက်ဆိုတာ သိသိသာသာပင်။ အထူးခြားဆုံးက သက္ကလက်ဦးထုပ်ဝိုင်းကြီးကိုစောင်းကာ ဆေးလိပ်တိုကိုခဲထားတာဖြစ်ပြီး ငစုံသာ ခေါင်းရမ်းကြည့် လှည့်ပြန်မည့်သဘော ခပ်အေးအေးဖြစ်နေသည်။ အချိန်ကလည်း နေအတော်လေးမြင့်နေတာတစ်ကြောင်း၊စိတ်တိုရတာရော အိတ်ပျောက်မှာစိုးတာတစ်ကြောင်းဖြင့်ဤနေရာမှာကြာကြာရပ်မနေချင်တော့ပေ။ 

" လိုက်မယ် "

ငစုံခေါင်းညိတ်တော့ ထိုသူက အထုတ်ပင်ဆွဲမကူ ရှေ့ကနေအရင်သွား၏။ စိတ်ထဲဘယ်လိုမှပင်မနေသည်မို့
အထုတ်ဆွဲကာ ထိုလူဆိုက်ကားထားရာနောက်ကိုလိုက်၏။ စောက ဝိုင်းအုံနေတဲ့ သူတွေက ထိုလူ့လည်းမြင်ရော ဘေးကျဲသွားသည်။ ဒါကိုမြင်တော့ ငစုံအထင်ကြီးသွား၏။

" ခင်ဗျားက ဆရာကြီးပဲ "

" ငါက ဆရာကြီးပဲ‌‌ လေ ။ ဒီကောင်တွေက အလကား။ သင်္ဘောကျင်းမှာဧည့်သည်ဆိုရင် ညစ်ညာစားတာအကျင့်ဖြစ်နေပြီ။ "ဪ သင်္ဘောကျင်းဆိုလို့ မှားမမှတ်နဲ့ ၊ မင်းတို့သင်္ဘောဆိုက်တဲ့နေရာရဲ့ ဘေးကပ်ရပ်မှာ သင်္ဘောပြုပြင်ရေးလုပ်တဲ့ တကယ့် သင်္ဘောကျင်းရှိတယ် ။ လူတွေကတော့ အလွယ်တကူခေါ်ကြတာ ပေါ့ကွာ ။ဒါနဲ့မင်းနာမည်ဘယ်သူလဲ။
နောက်လိုအပ်ရင် ငါ့ကို အကူညီတောင်းလို့ရတယ်။  ငါ့နာမည်အရင်းကမိုးမှောင်။
ဒါပေမဲ့ ဒီသင်္ဘောကျင်းမှာဆိုရင် ဘမှောင်ဆိုမှ လူသိတာ ။ "

" ကျုပ်နာမည်က ငစုံ ။ ဒါက ကျုပ်ညီချစ်ထွန်း"

နောက်ကထိုင်လိုက်တဲ့ချစ်ထွန်းကိုပါမိတ်ဆက်ပေးမိသည်။ ဒီလူကြည့်ရတာ လူရိုးဆိုပေမဲ့
လူရိုး ဆိုတာ လောကမှာ ခပ်ရှားရှားမို့ ယုံလှချည်လည်းမဟုတ်။ သင်္ဘောကျင်းကနေထွက်လာတော့
ခရီးသည်တွေ နှင့် အလုပ်သမားတို့ရဲ့ ကြက်ပျံမကျဆူညံနေတဲ့အသံတွေက တဖြည်းဖြည်း တိတ်လာ၏။
တောင်မှော်ရွာက အတော်လေးစည်ကားသော ရွာဖြစ်သည်။ ဆက်သွယ်ရေးခက်ခဲတဲ့ကာလမို့
သင်္ဘောဆိုက်ရောက်ရာနယ်တွေသည် တိုးတက်ဖွင့်ဖြိုးတာများ၏။

"ကျုပ်ကိုတောင်မှော်အင်းရောက်ရင် ..ဦးသက်ခိုင်ရဲ့ အင်းကို‌လိုက်ပို့ပေးလို့ရမလား"

ဆိုက်ကားတင်နှင်းနေရင်း ဘမှောင်မျက်မှောင်ကုတ်ကာသွား၏။ တော်တော်လေးဝေးတာမို့ဆိုက်ကားနင်းတဲ့သူသည်လည်းသက်သာမနေပါ။

" မင်း အလုပ်ရှာနေတာလား"

" ဟုတ်တယ် ။ ကျုပ် ဦးသက်ခိုင်ဆီမှာ အလုပ်လာတောင်းတာ"

ငစုံကား သတိထား၍ပြောပြလိုက်သည်။

" ငါသိတဲ့ သက်ခိုင်ဆိုရင် မင်းတို့လာတာမှားသွားပြီ "

ဘမှောင်က တောင်စောင်းအတိုင်းထိန်းနင်းရင်း
ဆိုလာသည်။ ငစုံက ဘာပြောပြော စိတ်မာသူပီပီ
သတိထားလာသည်မှလွဲ၍ မစိုးရိမ်။ သို့သော်

" ဘာလို့လဲ" ဟုထပ်မေးလိုက်၏။

" သက်ခိုင်အင်းက အရှုံးပေါ်နေပြီကွ။ ဒီကောင်မကြာခင် အင်းပိတ်ပြီး ပြေးရတော့မှာ ။ အင်းတစ်အင်းဖောက်ဖို့ဆိုတာ လူအင်အားငွေအင်အားက လုံလောက်မှ။ အင်းရှုံးပြီဆိုတာနဲ့  ခွက်ကိုင်ဖို့သာ ကြံ ပေတော့  "

အပ်ကြောင်းထပ်နေသော ဦးသက်ခိုင်အကြောင်းတို့သည် သူ့နားတွင်နားရည်ဝနေပြီးသားမို့ ထူးထူးခြားခြားဖြစ်မသွား။ ပြီးခဲ့သော အတိတ်တွင် ဦးသက်ခိုင်နှင့်သူကား အရွယ်မတူသော မိတ်ဆွေရင်းချာတွေသာဖြစ်ခဲ့၏။

" ရပါတယ်။ ကျုပ်က ဦးသက်ခိုင်နဲ့တွေ့မှဖြစ်မဲ့ အကြောင်းရှိသေးလို့ပါ ။  ကျုပ် ကိုအဲ့အင်းကိုပဲလိုက်ပို့ပေး "

တောင်မှော်ရွာဆိုတာ ရွှေထွက်တဲ့ နယ်ဖြစ်တာကြောင့်
ဆက်သွယ်ရေးမဖွင့်ဖြိုးခင်ကတည်းက စီးပွားရေး၊ကုန်သွယ်ရေးအချက်အချာကျလေသည်။
တောင်မှော်ရွာရဲ့ အရှေ့စူးစူးတွင် လယ်ယာမြေမဟုတ်တော့ပဲ ရွှေရှာဖွေရလုပ်ငန်းကိုလုပ်ကိုင်ကြတဲ့
စီးပွားရေးသမားများကြောင့် အင်းအဖြစ်ပြောင်းကာ
‌ချိုင့်ခွက်များ၊မြေစာပုံများဖြင့် လွင်ထီးခေါင်ပြင် ဖြစ်နေတော့သည်။
ထိုခေတ်အခါက သိပ်မဖွင့်ဖြိုးသေးသလို၊ စက်ပစ္စည်းအစုံအလိုက်ဝယ်ယူဖို့ ခက်ခဲသည်ကြောင့်လူတိုင်းတွင်
ခေတ်မှီစက်တွေအလုံအ‌လောက်မရှိလှ။ ထို့အစား လုပ်သားအင်အားကိုသာ အဓိကထား၍ အင်းဖောက်ရ၏။ ထို့ကြောင့်နေ့စဉ် အင်းတွေဆီအလုပ်လာရှာတဲ့ အလုပ်သမားဦး‌ရေကလည်း  အတော်ကြီးများပြားလာ၏။

" ဒါ မင်းပြောတဲ့သက်ခိုင်အင်းပဲ"

တခြားအင်းတွေလို ဆူဆူညံညံမရှိလှပဲ
ခြောက်ခြောက်သွေ့သွေ့မြေစာပုံတွေကြားမှာ တစ်ဖက်ရပ် တဲလေးတစ်လုံးက ယိုင်တိုင်တိုင်ဖြစ်ကာ
အဖော်မဲ့အထီးကျန်သယောင်တိတ်ဆိတ်လှ၏။
ထောင်ထဲနေစဉ်က ဦးသက်ခိုင်ပြောခဲ့ဖူးတဲ့စကားတွေပြန်ကြားယောင်တော့ ဒီလူဒီချိန်မှာ စိတ်ဓာတ်အသေကျနေလောက်ပြီမှန်း ခန့်မှန်းမိ၏။ 

" ကျေးဇူးပဲ ဘမှောင်။ ကျုပ်တို့ကံမကုန်ရင်ပြန်
ဆုံကြတာပေါ့ဗျာ"

ဆိုက်ကားခ ငွေ ၈၀ကိုထုတ်ပေးတော့
"နောက်တွေ့ရင်ခေါ်ကွာ" ဟု ပြော၍ ပြန်သွားလေသည်။

" ကိုစုံ ၊ လူများရှိရဲ့လား"
ချစ်ထွန်းက စိုးရိမ်ဟန်ဖြင့် မြေစာပုံခြေရင်းရပ်ပြီး
မေးသည်။ ငစုံသည်ကားခပ်ပြုံးပြုံး။

" သိပ်ရှိတာပေါ့ကွ။ လာ .. သွားကြစို့"

နှစ်ယောက်သားမြေစာပုံတွေကို တက်နင်း၍ အထုတ်အပိုးကိုယ်စီဖြင့် တဲအိမ်လေးဆီ ချင်းကပ်မိတော့
ဆံပင်ဆုတ်ဖွားနှင့် အမျိုးသားတစ်ယောက်က
တဲဘေးမှာဆေးလိပ်သောက်လျက်ထိုင်နေ၏

" ဗျိုး ကိုသက်ခိုင် "

ခေါ်သံကြားတော့ ခေါင်းလှည့်ကြည့်ကာ ဘာမှမဖြစ်သလို ဆေးလိပ်ပြန်ဖွာနေပြီးမှ

" အလုပ်ဆိုရင်မပေးနိုင်ဘူး။ ငါ‌မွဲနေတာ လူတကာသိတယ်။ လိုက်ပို့တဲ့ သူက မပြောလိုက်ဘူးလား"

" ပြောလိုက်တယ်။ ခင်ဗျားအင်းရှုံးလို့မွဲသွားပြီတဲ့ "

ငစုံ တည့်တည့်ပဲ ကြည့်ပြောတော့
ဆေးလိပ်သောက်နေတဲ့ ဦးသက်ခိုင်က ထရယ်တော့သည်။  ဒီလူက စိတ်ရင်းကောင်းတာတော့အမှန်။
သို့သော် ခပ်ကြောင်ကြောင်ရယ်။ ထောင်ထဲရောက်လာတဲ့အမူ့တောင်မှ မိန်းမကလင်ငယ်နေတာကို မိလို့  ငွေတချို့နဲ့ နှင်လွတ်လိုက်ရာ ၊
မအေချစ်သားဖြစ်သူက မကျေနပ်၍ နံပါတ်ဖိုးတစ်ထုပ် အိမ်ထဲထည့်ထားပြီးရဲတိုင်ရာ ရောင်းဝယ်ဖောက်ကားမူ့နဲ့ ထောင်ကျသည်ဆိုပဲ။ ဒါတောင်စိတ်မဆိုးသည့်အပြင်သူ့သားလုပ်ရပ်ကို
ရယ်ရယ်မောမော ပြောပြနိုင်သည့်အာဂ အဖေမို့
သွားရှုပ်လို့တော့မရပေ။ သို့သော် စိတ်မကောင်းစရာက ထိုသူ့သားဆိုတဲ့ကလေးက သူ့မိန်းမ အရင်ရည်းစားဟောင်းဆီကနေ ပါလာတဲ့ ကလေးဖြစ်သည်ကိုတော့ နောင်နှစ်တွေအတော်ကြာမှ သိလာရမည့် အကြောင်းများသာ။

" သိရင် ဘာလို့လာတာလဲကွ။ ကဲ..ကဲ အထုတ်အပိုးတွေချ။နေပူတယ်မို့လား။ ရေလေးဘာလေးသောက်အုံး"

ငစုံကလည်းခပ်တည်တည်ပင်။ အထုတ်အပိုးတွေဘာတွေချကာ သောက်ရေခွက်ဖြင့်ရေခပ်သောက်လိုက်သည်။ ထို့အပြင့် စားပွဲပေါ်မှာရှိတဲ့ ငှက်ပျောသီးတစ်လုံးကိုယူကာ

" ရော့ချစ်ထွန်း စားလိုက် " ဟုပင်ကျွေးနေသေးသည်။
အကုန်ပြီးစီးတော့ ကို သက်ခိုင်ထိုင်နေတဲ့ဘေးသွားကာထိုင်လိုက်သည်။သူနဲ့တွေ့တုန်းက ကိုသက်ခိုင်က ငါးဆယ်ကျော်နေပြီဖြစ်ပေမဲ့ ခုကတော့ သုံးဆယ်
ကျော်၊လေးဆယ်မျှသာရှိအုံးမည်။
မြေကြီးပေါ်မှာ သူနဲ့အတူ ဒလပေ လာထိုင်သော
လူငယ်လေးကိုကြည့်ကာ သက်ခိုင် စိတ်တောင်မညစ်နိုင်တော့ပေ။

" ဘာတုန်းကွာ။ ရှိတာစားပြီးပြန်ကြတော့။
ငါတကယ်အလုပ်မပေးနိုင်ဘူးကွ "

စိတ်ညစ်ညစ်ဖြင့်ခေါင်းကိုကုတ်သေးတာမို့
ငစုံမှာလည်း ရယ်ချင်နေလျက်။

" ကျုပ်လည်း အလုပ်တောင်းမလို့မှမဟုတ်တာ။ "

"ဒါဆို မင်းကဘာလုပ်မလို့တုန်း"

" ကျုပ်ခင်ဗျားဆီမှာ ငွေရင်းမလို့ "

" ဘာ..ဘာကြီး ပြန်ပြောစမ်းပါအုံးဟ "

သောက်လက်စ ဆေးလိပ်တိုကိုလွင့်ပစ်မိတာ ခပ်ဝေးဝေး။
သက်ခိုင်သေချာကြည့်တော့ ထိုကောင်လေးက ငယ်ရုပ်ပင်မပျောက်‌သေးမို့ ယုံရမှာလား မသေချာ။

" ကျုပ်ဆီမှာ  ငွေ‌  တစ်သိန်းလျော့လျော့ပါတယ် ။ ခင်ဗျားနဲ့ အဆင်ပြေရင် အင်းတစ်ကွက်‌ လောက်
ဝယ်ရင်းကြည့်ချင်တယ် "

အင်းသမားတစ်ယောက်အနေဖြင့်ရွှေ လေးငါးကျပ်သားတန်ကြေးငွေသည် ထင်သလောက် မများ။
ဒီလို အဆင်မပြေတဲ့အချိန်မှာဆိုရင်တော့ ထိုငွေက
ဘုရားမတာထက်ပိုပျော်ဖို့ကောင်းလေသည်မဟုတ်လား။

" ငွေ တစ်သိန်း ။ ဟုတ်လား "

" ဟုတ်တယ် ကျုပ်ဆီမှာ အဲ့ငွေတွေရှိတယ် ။
အနည်းဆုံး ဒေါ်ခင်မမ ခု‌ ရောင်းမဲ့ အခင်းကွက် သေးသေးတော့ ရနိုင်သေးတယ်မဟုတ်လား"

ကုန်းအင်းဆိုတာ ကံနှင့်ပင်။
ဒေါ်ခင်မမက ခုလက်ရှိ အခင်းစိုက်စားနေတဲ့
မြေကြီးတွေကို အကွက်ရိုက်ရောင်းတာ ကုန်သလောက်ရှိနေပြီဖြစ်သည်။
ထိုအထဲမှာ ရွှေမပါတဲ့နေရာများ ရှိတဲ့အပြင်
ဖျာတစ်ကွက်စာနေရာလောက်ဖြင့် ‌အဆင်ပြေသွားတဲ့လူတွေလည်းရှိသည်။
နောက်ဆုံး အခင်းကွက် သုံးကွက်သာ ကျန်ပြီး ထိုအထဲမှာ ရွှေမပါနိုင်ဟုခန့်မှန်းတဲ့ နေရာက နှစ်နေရာ။
ထို့ကြောင့် လက်ရှိ ဈေးကွက်ပေါက်ဈေး၏
ထက်ဝက်ဈေးဖြင့်လျော့ရောင်းနေတာတောင်ဝယ်မဲ့သူမရှိ။ ကံကိုယုံ၍ ဆူးပုံနင်းရအောင်လည်း
ကိုယ့်လက်ထဲမှာ ပိုလျံနေတာမျိုးမဟုတ်တော့ ကြွေးမြီးတိုဖြင့် မရင်းရဲဖြစ်ကာ လက်လျော့နေတဲ့အချိန်မှာ ထူးထူးဆန်းဆန်းလာပြောနေတဲ့ကောင်လေးကြောင့် ဦးသက်ခိုင်မှာ တအံတဩဖြစ်နေလျက်။

" ကောင်လေး ဒီအင်း မအောင်ရင် မင်းခွေးဖြစ်သွားနိုင်တယ်နော်"

ငစုံတည်ငြိမ်စွာခေါင်းညိတ်လိုက်၏။

" ကျုပ်သိပါတယ် "

" ဒါဆိုဘာလို့..."

အမေးစကားက မဆုံးလိုက်။
လက်ကာပြတဲ့ ငစုံက ငွေ တစ်ထုပ်ကိုထုတ်ပေးရင်း

" ကံကိုယုံပြီး ဆူးပုံ နင်းရအောင်လာတာမဟုတ်ဘူး။
ကျုပ်နာမည် စုံသာမြိုင်။ ဒီမှာ ကိုသက်ခိုင် ခင်ဗျားက ခုတောင်ခွေးဖြစ်နေပြီးသားမဟုတ်လား၊ ထပ်ဖြစ်တော့ရော ဘာဖြစ်သွားမှာလဲ။ အဖော်လေးပါတော့
ခင်ဗျားမပျင်းရတော့ဘူးပေါ့ဗျာ "

ကြွတက်မယောင်ဖြစ်နေတဲ့ ဦးသက်ခိုင်ရဲ့
ကိုယ်လုံးကြီးသည်စိတ်လျော့လိုက်တော့ ပြန်ပြုတ်ကြသွားကာ လူကလည်း စိတ်လွတ်သလို တဟားဟားအော်ရယ်နေတာ အရူးသဖွယ်။

" ခက်တော့ နေပြီ စုံသာမြိုင်ရာ။ မင်း ငွေက မရှိသူအတွက်တော့ ဟုတ်‌တာပေါ့ကွ။ တန်ကြေးမဖြတ်နိုင်တဲ့ တောင်မှော်အင်းမှာ မြေတစ်ကွက်တန်ကြေးက ‌နည်းမနေဘူးကွ "

ရယ်လို့အားရတော့ မျက်ရည်သုတ်ကာ စကားဆက်၏။
ဦးသက်ခိုင်စကားကြားတော့ ငစုံမှာလည်းပြောစရာစကားမရှိပြန်တော့။ သို့သော် ငစုံတစ်ယောက် လက်လျော့မနေခဲ့ပေ။

ဘာလိုလိုနှင့် ၊ ငစုံတစ်ယောက် ဦးသက်ခိုင်ဆီမှာ
ဆယ်ရက်ကျော်မျှကြာခဲ့ပြီ။
ရောက်ခါစက ဘာလုပ်ရမှန်းမသိပေမဲ့
တစ်ချိန်က ဦးသက်ခိုင်ဆီမှအပ်ကြောင်းထပ်အောင် ကြားခဲ့ဖူးသော အကြောင်းအရာတို့ကိုစဉ်းစား၍
နောက်ရက်တွင် ဆိုက်ကားသမား ဘမှောင်အားသွားရောက်ဆက်သွယ်ခဲ့သည်။

သူရောက်သွားတော့ ဦးဘမှောင်မှာ သင်္ဘောကျင်းတွင်ရှိမနေခဲ့ပေ။
ရောက်မလာတာသုံးရက်မျှရှိပြီဆိုတာ ဆိုင်ကားဂိတ်မှ လူတချိ့ပြောပြ၍ အိမ်လိပ်စာတောင်းကာ
သွားရောက်ရှာဖွေခဲ့၏။

" ဗျို့ ကိုဘမှောင် "

ပျဥ်ထောင်အိမ်ရှေ့ရောက်တော့ ငစုံခပ်ကျယ်ကျယ်အော်ခေါ်လိုက်၏။  တံခါးပေါက်ပင်မရှိ‌သော
အိမ်တွင် ပျဉ်ချပ်များက အစ ဆွေးမြေ့ကာအရောင်ပင်ရှိမနေတော့။

" ဗျိုး ကိုဘမှောင် "

နှစ်ခါမြောက် အော်ခေါ်အပြီးမှာ လူမရှိလောက်ဟု
ငစုံ တွေးမိကာ ပြန်အလှည့် အဝေးကနေ ခပ်စိုက်စိုက် လာနေသော ဦးခေါင်ပြောင်နဲ့လူအားတွေ့ကာ
သူမှာဝမ်းသာသွားရ၏။

" ကျုပ်ကို လာရှာတာလား ကိုယ်လူ။ "

" မေးမွှေးပါ မရှိတော့ လူတောင်မှားသွားတယ်"

မေးတာတခြား ဖြေသည်က တခြား။
ငစုံ မှားရင်မှားလောက်စရာ ၊ အရင် အသက်အတော်ကြီးပြီဟုထင်ရတဲ့ ဦးဘမှောင်မှာ ကတုံးပြောင် မေးပြောင်ကြောင့် အတော်လေး ရုပ်ကနုသွားသည်မှာသေချာလေသည်

" ခင်ဗျား အသက်ဘယ်လောက်တုံးဗျ "

" ၃၀ ကျော်လောက်တော့ရှိပြီပေါ့။ နို့ ဘာအရေးကြောင့်
‌ရောက်လာတာလဲ "

ထိုအခါမှ ငစုံတစ်ယောက် လာရင်းသတိရသွားသည်။
သို့သော် မမေးရမနေနိုင်သည်မို့

" အလုပ်ကိစ္စရှိလို့ဗျာ ။ ဒါနဲ့ ခင်ဗျား ဘာလို့ ကတုံးဖြစ်သွားရတာလဲ "

ဘမှောင်က သူ့ခေါင်းပြောင်ကိုထိကာ

" စိတ်ရှုပ်လို့ ကိုရင်ကြီးသွားဝတ်တာ
သုံးရက်ပြည့်တော့ထွက်လာရင်း အိမ်ပေါက်ဝမှာ မင်းနဲ့တွေ့တာပဲ ။ ကဲ ဆိုစမ်းပါအုံး ၊အလုပ်ဆိုတာလေး "

အိမ်ရှေ့မှာမတ်တပ်ရပ်ရင်း အနေအထားက ပြောင်းလဲမသွားပေ။
ဘမှောင်က အထဲဝင်ပါ မခေါ်သလို ငစုံကလည်း
ဝင်မယ်မပြောပဲ စကားပြောမိနေကြခြင်းဖြစ်၏။

" ဒီလို ကိုဘမှောင်ရာ။ ကျုပ် အလုပ်က အင်းထဲမှာ ပစ္စည်းလိုက်ဝယ်ရတဲ့အလုပ်ဗျ ၊အလုပ်ကြမ်းမဟုတ်‌‌ ပေမဲ့ အလေးအပင် မရ ပြုရ ကျုပ်မနိုင်တာလေးတွေကူဖော်လောင်ဖက်ရအောင် ၊ စိတ်ချရတဲ့ အလုပ်သမားလေးများ
ခင်ဗျားအသိထဲရှိလားလို့ပါ "

" ဘာများလဲလို့ဗျာ။ ကျုပ်ဆီလာတာမှန်သွားပြီဗျို့ ။ကိုယ့်လူပြောတဲ့ သူမျိုး ရှိသဗျာ  "

ငစုံမှာဝမ်းသာအားရ ကိုဘမှောင် ပခုံးကိုပင်လက်သီးဖြင့်အသာထိုးကာ

" ဒါဆို ခေါ်ပေးဗျာ ။ ကျုပ် စကားပြောကြည့်သွားမယ်" ဟု ပြောမိလိုက်သည်။
သို့သော် ဘမှောင်က ငစုံ မထင်မှတ်အောင် သူ့ကိုယ်သူ လက်ညိုးထိုး၍

" ဘယ်သွားခေါ်ရမှာလဲ။ ဒီမှာဗျာ။ ကျုပ်ထပ်စိတ်ချရတဲ့သူမျိုး ဘယ်သွားရှာမတုံး။ ကြာထဲဗျာ။ ကျုပ်အဝတ် တချို့ဝင်ယူပြီး ကိုယ့်လူနဲ့လိုက်ခဲ့တော့မယ်"

ငစုံပင် စကားဆက်မပြောလိုက်ရ။ လေလိုအရှိန်ဖြင့် တလွှားလွှားပြေးဝင်သွားသည်မှာ မြင်းထက်တောင် မြန်နေသေး။

"ေတာင္ေမွာ္... ေတာင္ေမွာ္ကိုသြားမွာလား ။ တစ္ေယာက္ကို  ေျခာက္ဆယ္"

ေအာ္ဟစ္သံဆူဆူညံမွာ ဆိုက္ကား၊ တြန္းလွည္းသမားေတြနဲ႔ ပ်ံက်ကယ္ရီသမားေတြက အဆိုးဆံုး။
အလုအယက္ ဆြဲယူေနၾကတဲ့အိတ္ေတြကို ပါမသြားေအာင္ ငစံုတစ္ေယာက္ မ်က္ေထာင့္နီႀကီးနဲ႔ၾကၫ့္ေနမိသည္။ ဒါေတာင္မွ အထုတ္ေတြက ေတာင္ေရာက္သြားလိုက္၊ေျမာက္ေရာက္သြားလိုက္ျဖစ္‌ေနတာမို႔ ေဒါသက ေတာ္ေတာ္ႀကီး ျမင့္တက္လာလ်က္။
စိတ္မရွည္တဲ့အဆံုး တနင့္တပိုးထဆဲလိုက္မွ
ကိုယ့္အထုတ္ေတြက ကိုယ္ေရ႔ျွပန္ေရာက္ေတာ့သည္။

" ကိုယ့္လူ သြားမယ္ဆို ေဈးမစစ္နဲ႔။ တစ္ေယာက္မွ ေလးဆယ္ပဲေပး "

ပခံုးကိုတို႔ လာေခၚသူကား ေဟာင္းႏြမ္းတဲ့ အဝတ္တို႔ျဖင့္ မုတ္ဆိတ္တိုက်ိဳ႕တို႔က်ဲတဲမွာ အျဖဴေတြက ခပ္ေရာေရာ။ ဇရာအရ အသက္က ေလးဆယ္အထက္ဆိုတာ သိသိသာသာပင္။ အထူးျခားဆံုးက သကၠလက္ဦးထုပ္ဝိုင္းႀကီးကိုေစာင္းကာ ေဆးလိပ္တိုကိုခဲထားတာျဖစ္ၿပီး ငစံုသာ ေခါင္းရမ္းၾကၫ့္ လွၫ့္ျပန္မၫ့္သေဘာ ခပ္ေအးေအးျဖစ္ေနသည္။ အခ်ိန္ကလည္း ေနအေတာ္ေလးျမင့္ေနတာတစ္ေၾကာင္း၊စိတ္တိုရတာေရာ အိတ္ေပ်ာက္မွာစိုးတာတစ္ေၾကာင္းျဖင့္ဤေနရာမွာၾကာၾကာရပ္မေနခ်င္ေတာ့ေပ။ 

" လိုက္မယ္ "

ငစံုေခါင္းညိတ္ေတာ့ ထိုသူက အထုတ္ပင္ဆြဲမကူ ေရ႔ွကေနအရင္သြား၏။ စိတ္ထဲဘယ္လိုမွပင္မေနသည္မို႔
အထုတ္ဆြဲကာ ထိုလူဆိုက္ကားထားရာေနာက္ကိုလိုက္၏။ ေစာက ဝိုင္းအံုေနတဲ့ သူေတြက ထိုလူ႔လည္းျမင္ေရာ ေဘးက်ဲသြားသည္။ ဒါကိုျမင္ေတာ့ ငစံုအထင္ႀကီးသြား၏။

" ခင္ဗ်ားက ဆရာႀကီးပဲ "

" ငါက ဆရာႀကီးပဲ‌‌ ေလ ။ ဒီေကာင္ေတြက အလကား။ သေဘၤာက်င္းမွာဧည့္သည္ဆိုရင္ ညစ္ညာစားတာအက်င့္ျဖစ္ေနၿပီ။ "ဪ သေဘၤာက်င္းဆိုလို႔ မွားမမွတ္နဲ႔ ၊ မင္းတို႔သေဘၤာဆိုက္တဲ့ေနရာရဲ့ ေဘးကပ္ရပ္မွာ သေဘၤာျပဳျပင္ေရးလုပ္တဲ့ တကယ့္ သေဘၤာက်င္းရိွတယ္ ။ လူေတြကေတာ့ အလြယ္တကူေခၚၾကတာ ေပါ့ကြာ ။ဒါနဲ႔မင္းနာမည္ဘယ္သူလဲ။
ေနာက္လိုအပ္ရင္ ငါ့ကို အကူညီေတာင္းလို႔ရတယ္။  ငါ့နာမည္အရင္းကမိုးေမွာင္။
ဒါေပမဲ့ ဒီသေဘၤာက်င္းမွာဆိုရင္ ဘေမွာင္ဆိုမွ လူသိတာ ။ "

" က်ဳပ္နာမည္က ငစံု ။ ဒါက က်ဳပ္ညီခ်စ္ထြန္း"

ေနာက္ကထိုင္လိုက္တဲ့ခ်စ္ထြန္းကိုပါမိတ္ဆက္ေပးမိသည္။ ဒီလူၾကၫ့္ရတာ လူရိုးဆိုေပမဲ့
လူရိုး ဆိုတာ ေလာကမွာ ခပ္ရွားရွားမို႔ ယံုလွခ်ည္လည္းမဟုတ္။ သေဘၤာက်င္းကေနထြက္လာေတာ့
ခရီးသည္ေတြ ႏွင့္ အလုပ္သမားတို႔ရဲ့ ၾကက္ပ်ံမက်ဆူညံေနတဲ့အသံေတြက တျဖည္းျဖည္း တိတ္လာ၏။
ေတာင္ေမွာ္ရြာက အေတာ္ေလးစည္ကားေသာ ရြာျဖစ္သည္။ ဆက္သြယ္ေရးခက္ခဲတဲ့ကာလမို႔
သေဘၤာဆိုက္ေရာက္ရာနယ္ေတြသည္ တိုးတက္ဖြင့္ၿဖိဳးတာမ်ား၏။

"က်ဳပ္ကိုေတာင္ေမွာ္အင္းေရာက္ရင္ ..ဦးသက္ခိုင္ရဲ့ အင္းကို‌လိုက္ပို႔ေပးလို႔ရမလား"

ဆိုက္ကားတင္ႏွင္းေနရင္း ဘေမွာင္မ်က္ေမွာင္ကုတ္ကာသြား၏။ ေတာ္ေတာ္ေလးေဝးတာမို႔ဆိုက္ကားနင္းတဲ့သူသည္လည္းသက္သာမေနပါ။

" မင္း အလုပ္ရွာေနတာလား"

" ဟုတ္တယ္ ။ က်ဳပ္ ဦးသက္ခိုင္ဆီမွာ အလုပ္လာေတာင္းတာ"

ငစံုကား သတိထား၍ေျပာျပလိုက္သည္။

" ငါသိတဲ့ သက္ခိုင္ဆိုရင္ မင္းတို႔လာတာမွားသြားၿပီ "

ဘေမွာင္က ေတာင္ေစာင္းအတိုင္းထိန္းနင္းရင္း
ဆိုလာသည္။ ငစံုက ဘာေျပာေျပာ စိတ္မာသူပီပီ
သတိထားလာသည္မွလြဲ၍ မစိုးရိမ္။ သို႔ေသာ္

" ဘာလို႔လဲ" ဟုထပ္ေမးလိုက္၏။

" သက္ခိုင္အင္းက အရႈံးေပၚေနၿပီကြ။ ဒီေကာင္မၾကာခင္ အင္းပိတ္ၿပီး ေျပးရေတာ့မွာ ။ အင္းတစ္အင္းေဖာက္ဖို႔ဆိုတာ လူအင္အားေငြအင္အားက လံုေလာက္မွ။ အင္းရႈံးၿပီဆိုတာနဲ႔  ခြက္ကိုင္ဖို႔သာ ႀကံ ေပေတာ့  "

အပ္ေၾကာင္းထပ္ေနေသာ ဦးသက္ခိုင္အေၾကာင္းတို႔သည္ သူ႔နားတြင္နားရည္ဝေနၿပီးသားမို႔ ထူးထူးျခားျခားျဖစ္မသြား။ ၿပီးခဲ့ေသာ အတိတ္တြင္ ဦးသက္ခိုင္ႏွင့္သူကား အရြယ္မတူေသာ မိတ္ေဆြရင္းခ်ာေတြသာျဖစ္ခဲ့၏။

" ရပါတယ္။ က်ဳပ္က ဦးသက္ခိုင္နဲ႔ေတြ့မျွဖစ္မဲ့ အေၾကာင္းရိွေသးလို႔ပါ ။  က်ဳပ္ ကိုအဲ့အင္းကိုပဲလိုက္ပို႔ေပး "

ေတာင္ေမွာ္ရြာဆိုတာ ေရႊထြက္တဲ့ နယ္ျဖစ္တာေၾကာင့္
ဆက္သြယ္ေရးမဖြင့္ၿဖိဳးခင္ကတည္းက စီးပြားေရး၊ကုန္သြယ္ေရးအခ်က္အခ်ာက်ေလသည္။
ေတာင္ေမွာ္ရြာရဲ့ အေရ႔ွစူးစူးတြင္ လယ္ယာေျမမဟုတ္ေတာ့ပဲ ေရႊရွာေဖြရလုပ္ငန္းကိုလုပ္ကိုင္ၾကတဲ့
စီးပြားေရးသမားမ်ားေၾကာင့္ အင္းအျဖစ္ေျပာင္းကာ
‌ခ်ိဳင့္ခြက္မ်ား၊ေျမစာပံုမ်ားျဖင့္ လြင္ထီးေခါင္ျပင္ ျဖစ္ေနေတာ့သည္။
ထိုေခတ္အခါက သိပ္မဖြင့္ၿဖိဳးေသးသလို၊ စက္ပစၥည္းအစံုအလိုက္ဝယ္ယူဖို႔ ခက္ခဲသည္ေၾကာင့္လူတိုင္းတြင္
ေခတ္မွီစက္ေတြအလံုအ‌ေလာက္မရိွလွ။ ထို႔အစား လုပ္သားအင္အားကိုသာ အဓိကထား၍ အင္းေဖာက္ရ၏။ ထို႔ေၾကာင့္ေန့စဉ္ အင္းေတြဆီအလုပ္လာရွာတဲ့ အလုပ္သမားၪီး‌ေရကလည္း  အေတာ္ႀကီးမ်ားျပားလာ၏။

" ဒါ မင္းေျပာတဲ့သက္ခိုင္အင္းပဲ"

တျခားအင္းေတြလို ဆူဆူညံညံမရိွလွပဲ
ေျခာက္ေျခာက္ေသြ့ေသြ့ေျမစာပံုေတြၾကားမွာ တစ္ဖက္ရပ္ တဲေလးတစ္လံုးက ယိုင္တိုင္တိုင္ျဖစ္ကာ
အေဖာ္မဲ့အထီးက်န္သေယာင္တိတ္ဆိတ္လွ၏။
ေထာင္ထဲေနစဉ္က ဦးသက္ခိုင္ေျပာခဲ့ဖူးတဲ့စကားေတျြပန္ၾကားေယာင္ေတာ့ ဒီလူဒီခ်ိန္မွာ စိတ္ဓာတ္အေသက်ေနေလာက္ၿပီမွန္း ခန႔္မွန္းမိ၏။ 

" ေက်းဇူးပဲ ဘေမွာင္။ က်ဳပ္တို႔ကံမကုန္ရင္ျပန္
ဆံုၾကတာေပါ့ဗ်ာ"

ဆိုက္ကားခ ေငြ ၈၀ကိုထုတ္ေပးေတာ့
"ေနာက္ေတြ့ရင္ေခၚကြာ" ဟု ေျပာ၍ ျပန္သြားေလသည္။

" ကိုစံု ၊ လူမ်ားရိွရဲ့လား"
ခ်စ္ထြန္းက စိုးရိမ္ဟန္ျဖင့္ ေျမစာပံုေျခရင္းရပ္ၿပီး
ေမးသည္။ ငစံုသည္ကားခပ္ၿပံဳးၿပံဳး။

" သိပ္ရိွတာေပါ့ကြ။ လာ .. သြားၾကစို႔"

ႏွစ္ေယာက္သားေျမစာပံုေတြကို တက္နင္း၍ အထုတ္အပိုးကိုယ္စီျဖင့္ တဲအိမ္ေလးဆီ ခ်င္းကပ္မိေတာ့
ဆံပင္ဆုတ္ဖြားႏွင့္ အမ်ိဳးသားတစ္ေယာက္က
တဲေဘးမွာေဆးလိပ္ေသာက္လ်က္ထိုင္ေန၏

" ဗ်ိဳး ကိုသက္ခိုင္ "

ေခၚသံၾကားေတာ့ ေခါင္းလွၫ့္ၾကၫ့္ကာ ဘာမွမျဖစ္သလို ေဆးလိပ္ျပန္ဖြာေနၿပီးမွ

" အလုပ္ဆိုရင္မေပးႏိုင္ဘူး။ ငါ‌မြဲေနတာ လူတကာသိတယ္။ လိုက္ပို႔တဲ့ သူက မေျပာလိုက္ဘူးလား"

" ေျပာလိုက္တယ္။ ခင္ဗ်ားအင္းရႈံးလို႔မြဲသြားၿပီတဲ့ "

ငစံု တၫ့္တၫ့္ပဲ ၾကၫ့္ေျပာေတာ့
ေဆးလိပ္ေသာက္ေနတဲ့ ဦးသက္ခိုင္က ထရယ္ေတာ့သည္။  ဒီလူက စိတ္ရင္းေကာင္းတာေတာ့အမွန္။
သို႔ေသာ္ ခပ္ေၾကာင္ေၾကာင္ရယ္။ ေထာင္ထဲေရာက္လာတဲ့အမူ႔ေတာင္မွ မိန္းမကလင္ငယ္ေနတာကို မိလို႔  ေငြတခ်ိဳ႕နဲ႔ ႏွင္လြတ္လိုက္ရာ ၊
မေအခ်စ္သားျဖစ္သူက မေက်နပ္၍ နံပါတ္ဖိုးတစ္ထုပ္ အိမ္ထဲထၫ့္ထားၿပီးရဲတိုင္ရာ ေရာင္းဝယ္ေဖာက္ကားမူ႔နဲ႔ ေထာင္က်သည္ဆိုပဲ။ ဒါေတာင္စိတ္မဆိုးသၫ့္အျပင္သူ႔သားလုပ္ရပ္ကို
ရယ္ရယ္ေမာေမာ ေျပာျပႏိုင္သၫ့္အာဂ အေဖမို႔
သြားရႈပ္လို႔ေတာ့မရေပ။ သို႔ေသာ္ စိတ္မေကာင္းစရာက ထိုသူ႔သားဆိုတဲ့ကေလးက သူ႔မိန္းမ အရင္ရည္းစားေဟာင္းဆီကေန ပါလာတဲ့ ကေလးျဖစ္သည္ကိုေတာ့ ေနာင္ႏွစ္ေတြအေတာ္ၾကာမွ သိလာရမၫ့္ အေၾကာင္းမ်ားသာ။

" သိရင္ ဘာလို႔လာတာလဲကြ။ ကဲ..ကဲ အထုတ္အပိုးေတြခ်။ေနပူတယ္မို႔လား။ ေရေလးဘာေလးေသာက္အံုး"

ငစံုကလည္းခပ္တည္တည္ပင္။ အထုတ္အပိုးေတြဘာေတြခ်ကာ ေသာက္ေရခြက္ျဖင့္ေရခပ္ေသာက္လိုက္သည္။ ထို႔အျပင့္ စားပြဲေပၚမွာရိွတဲ့ ငွက္ေပ်ာသီးတစ္လံုးကိုယူကာ

" ေရာ့ခ်စ္ထြန္း စားလိုက္ " ဟုပင္ေကြၽးေနေသးသည္။
အကုန္ၿပီးစီးေတာ့ ကို သက္ခိုင္ထိုင္ေနတဲ့ေဘးသြားကာထိုင္လိုက္သည္။သူနဲ႔ေတြ့တုန္းက ကိုသက္ခိုင္က ငါးဆယ္ေက်ာ္ေနၿပီျဖစ္ေပမဲ့ ခုကေတာ့ သံုးဆယ္
ေက်ာ္၊ေလးဆယ္မ်ွသာရိွအံုးမည္။
ေျမၾကီးေပၚမွာ သူနဲ႔အတူ ဒလေပ လာထိုင္ေသာ
လူငယ္ေလးကိုၾကၫ့္ကာ သက္ခိုင္ စိတ္ေတာင္မညစ္ႏိုင္ေတာ့ေပ။

" ဘာတုန္းကြာ။ ရိွတာစားၿပီးျပန္ၾကေတာ့။
ငါတကယ္အလုပ္မေပးႏိုင္ဘူးကြ "

စိတ္ညစ္ညစ္ျဖင့္ေခါင္းကိုကုတ္ေသးတာမို႔
ငစံုမွာလည္း ရယ္ခ်င္ေနလ်က္။

" က်ဳပ္လည္း အလုပ္ေတာင္းမလို႔မွမဟုတ္တာ။ "

"ဒါဆို မင္းကဘာလုပ္မလို႔တုန္း"

" က်ဳပ္ခင္ဗ်ားဆီမွာ ေငြရင္းမလို႔ "

" ဘာ..ဘာႀကီး ျပန္ေျပာစမ္းပါအံုးဟ "

ေသာက္လက္စ ေဆးလိပ္တိုကိုလြင့္ပစ္မိတာ ခပ္ေဝးေဝး။
သက္ခိုင္ေသခ်ာၾကၫ့္ေတာ့ ထိုေကာင္ေလးက ငယ္ရုပ္ပင္မေပ်ာက္‌ေသးမို႔ ယံုရမွာလား မေသခ်ာ။

" က်ဳပ္ဆီမွာ  ေငြ‌  တစ္သိန္းေလ်ာ့ေလ်ာ့ပါတယ္ ။ ခင္ဗ်ားနဲ႔ အဆင္ေျပရင္ အင္းတစ္ကြက္‌ ေလာက္
ဝယ္ရင္းၾကၫ့္ခ်င္တယ္ "

အင္းသမားတစ္ေယာက္အေနျဖင့္ေရႊ ေလးငါးက်ပ္သားတန္ေၾကးေငြသည္ ထင္သေလာက္ မမ်ား။
ဒီလို အဆင္မေျပတဲ့အခ်ိန္မွာဆိုရင္ေတာ့ ထိုေငြက
ဘုရားမတာထက္ပိုေပ်ာ္ဖို႔ေကာင္းေလသည္မဟုတ္လား။

" ေငြ တစ္သိန္း ။ ဟုတ္လား "

" ဟုတ္တယ္ က်ဳပ္ဆီမွာ အဲ့ေငြေတြရိွတယ္ ။
အနည္းဆံုး ေဒၚခင္မမ ခု‌ ေရာင္းမဲ့ အခင္းကြက္ ေသးေသးေတာ့ ရႏိုင္ေသးတယ္မဟုတ္လား"

ကုန္းအင္းဆိုတာ ကံႏွင့္ပင္။
ေဒၚခင္မမက ခုလက္ရိွ အခင္းစိုက္စားေနတဲ့
ေျမၾကီးေတြကို အကြက္ရိုက္ေရာင္းတာ ကုန္သေလာက္ရိွေနၿပီျဖစ္သည္။
ထိုအထဲမွာ ေရႊမပါတဲ့ေနရာမ်ား ရိွတဲ့အျပင္
ဖ်ာတစ္ကြက္စာေနရာေလာက္ျဖင့္ ‌အဆင္ေျပသြားတဲ့လူေတြလည္းရိွသည္။
ေနာက္ဆံုး အခင္းကြက္ သံုးကြက္သာ က်န္ၿပီး ထိုအထဲမွာ ေရႊမပါႏိုင္ဟုခန႔္မွန္းတဲ့ ေနရာက ႏွစ္ေနရာ။
ထို႔ေၾကာင့္ လက္ရိွ ေဈးကြက္ေပါက္ေဈး၏
ထက္ဝက္ေဈးျဖင့္ေလ်ာ့ေရာင္းေနတာေတာင္ဝယ္မဲ့သူမရိွ။ ကံကိုယံု၍ ဆူးပံုနင္းရေအာင္လည္း
ကိုယ့္လက္ထဲမွာ ပိုလ်ံေနတာမ်ိဳးမဟုတ္ေတာ့ ေႂကြးၿမီးတိုျဖင့္ မရင္းရဲျဖစ္ကာ လက္ေလ်ာ့ေနတဲ့အခ်ိန္မွာ ထူးထူးဆန္းဆန္းလာေျပာေနတဲ့ေကာင္ေလးေၾကာင့္ ဦးသက္ခိုင္မွာ တအံတဩျဖစ္ေနလ်က္။

" ေကာင္ေလး ဒီအင္း မေအာင္ရင္ မင္းေခြးျဖစ္သြားႏိုင္တယ္ေနာ္"

ငစံုတည္ၿငိမ္စြာေခါင္းညိတ္လိုက္၏။

" က်ဳပ္သိပါတယ္ "

" ဒါဆိုဘာလို႔..."

အေမးစကားက မဆံုးလိုက္။
လက္ကာျပတဲ့ ငစံုက ေငြ တစ္ထုပ္ကိုထုတ္ေပးရင္း

" ကံကိုယံုၿပီး ဆူးပံု နင္းရေအာင္လာတာမဟုတ္ဘူး။
က်ဳပ္နာမည္ စံုသာၿမိဳင္။ ဒီမွာ ကိုသက္ခိုင္ ခင္ဗ်ားက ခုေတာင္ေခြးျဖစ္ေနၿပီးသားမဟုတ္လား၊ ထပ္ျဖစ္ေတာ့ေရာ ဘာျဖစ္သြားမွာလဲ။ အေဖာ္ေလးပါေတာ့
ခင္ဗ်ားမပ်င္းရေတာ့ဘူးေပါ့ဗ်ာ "

ႂကြတက္မေယာင္ျဖစ္ေနတဲ့ ဦးသက္ခိုင္ရဲ့
ကိုယ္လံုးႀကီးသည္စိတ္ေလ်ာ့လိုက္ေတာ့ ျပန္ျပဳတ္ၾကသြားကာ လူကလည္း စိတ္လြတ္သလို တဟားဟားေအာ္ရယ္ေနတာ အရူးသဖြယ္။

" ခက္ေတာ့ ေနၿပီ စံုသာၿမိဳင္ရာ။ မင္း ေငြက မရိွသူအတြက္ေတာ့ ဟုတ္‌တာေပါ့ကြ။ တန္ေၾကးမျဖတ္ႏိုင္တဲ့ ေတာင္ေမွာ္အင္းမွာ ေျမတစ္ကြက္တန္ေၾကးက ‌နည္းမေနဘူးကြ "

ရယ္လို႔အားရေတာ့ မ်က္ရည္သုတ္ကာ စကားဆက္၏။
ဦးသက္ခိုင္စကားၾကားေတာ့ ငစံုမွာလည္းေျပာစရာစကားမရိျွပန္ေတာ့။ သို႔ေသာ္ ငစံုတစ္ေယာက္ လက္ေလ်ာ့မေနခဲ့ေပ။

ဘာလိုလိုႏွင့္ ၊ ငစံုတစ္ေယာက္ ဦးသက္ခိုင္ဆီမွာ
ဆယ္ရက္ေက်ာ္မ်ွၾကာခဲ့ၿပီ။
ေရာက္ခါစက ဘာလုပ္ရမွန္းမသိေပမဲ့
တစ္ခ်ိန္က ဦးသက္ခိုင္ဆီမွအပ္ေၾကာင္းထပ္ေအာင္ ၾကားခဲ့ဖူးေသာ အေၾကာင္းအရာတို႔ကိုစဉ္းစား၍
ေနာက္ရက္တြင္ ဆိုက္ကားသမား ဘေမွာင္အားသြားေရာက္ဆက္သြယ္ခဲ့သည္။

သူေရာက္သြားေတာ့ ဦးဘေမွာင္မွာ သေဘၤာက်င္းတြင္ရိွမေနခဲ့ေပ။
ေရာက္မလာတာသံုးရက္မ်ွရိွၿပီဆိုတာ ဆိုင္ကားဂိတ္မွ လူတခ်ိ့ေျပာျပ၍ အိမ္လိပ္စာေတာင္းကာ
သြားေရာက္ရွာေဖြခဲ့၏။

" ဗ်ိဳ႕ ကိုဘေမွာင္ "

ပ်ဥ္ေထာင္အိမ္ေရ႔ွေရာက္ေတာ့ ငစံုခပ္က်ယ္က်ယ္ေအာ္ေခၚလိုက္၏။  တံခါးေပါက္ပင္မရိွ‌ေသာ
အိမ္တြင္ ပ်ဉ္ခ်ပ္မ်ားက အစ ေဆြးေျမ့ကာအေရာင္ပင္ရိွမေနေတာ့။

" ဗ်ိဳး ကိုဘေမွာင္ "

ႏွစ္ခါေျမာက္ ေအာ္ေခၚအၿပီးမွာ လူမရိွေလာက္ဟု
ငစံု ေတြးမိကာ ျပန္အလွၫ့္ အေဝးကေန ခပ္စိုက္စိုက္ လာေနေသာ ဦးေခါင္ေျပာင္နဲ႔လူအားေတြ့ကာ
သူမွာဝမ္းသာသြားရ၏။

" က်ဳပ္ကို လာရွာတာလား ကိုယ္လူ။ "

" ေမးေမႊးပါ မရိွေတာ့ လူေတာင္မွားသြားတယ္"

ေမးတာတျခား ေျဖသည္က တျခား။
ငစံု မွားရင္မွားေလာက္စရာ ၊ အရင္ အသက္အေတာ္ႀကီးၿပီဟုထင္ရတဲ့ ဦးဘေမွာင္မွာ ကတံုးေျပာင္ ေမးေျပာင္ေၾကာင့္ အေတာ္ေလး ရုပ္ကႏုသြားသည္မွာေသခ်ာေလသည္

" ခင္ဗ်ား အသက္ဘယ္ေလာက္တံုးဗ် "

" ၃၀ ေက်ာ္ေလာက္ေတာ့ရိွၿပီေပါ့။ ႏို႔ ဘာအေရးေၾကာင့္
‌ေရာက္လာတာလဲ "

ထိုအခါမွ ငစံုတစ္ေယာက္ လာရင္းသတိရသြားသည္။
သို႔ေသာ္ မေမးရမေနႏိုင္သည္မို႔

" အလုပ္ကိစၥရိွလို႔ဗ်ာ ။ ဒါနဲ႔ ခင္ဗ်ား ဘာလို႔ ကတံုးျဖစ္သြားရတာလဲ "

ဘေမွာင္က သူ႔ေခါင္းေျပာင္ကိုထိကာ

" စိတ္ရႈပ္လို႔ ကိုရင္ႀကီးသြားဝတ္တာ
သံုးရက္ျပၫ့္ေတာ့ထြက္လာရင္း အိမ္ေပါက္ဝမွာ မင္းနဲ႔ေတြ့တာပဲ ။ ကဲ ဆိုစမ္းပါအံုး ၊အလုပ္ဆိုတာေလး "

အိမ္ေရ႔ွမွာမတ္တပ္ရပ္ရင္း အေနအထားက ေျပာင္းလဲမသြားေပ။
ဘေမွာင္က အထဲဝင္ပါ မေခၚသလို ငစံုကလည္း
ဝင္မယ္မေျပာပဲ စကားေျပာမိေနၾကျခင္းျဖစ္၏။

" ဒီလို ကိုဘေမွာင္ရာ။ က်ဳပ္ အလုပ္က အင္းထဲမွာ ပစၥည္းလိုက္ဝယ္ရတဲ့အလုပ္ဗ် ၊အလုပ္ၾကမ္းမဟုတ္‌‌ ေပမဲ့ အေလးအပင္ မရ ျပဳရ က်ဳပ္မႏိုင္တာေလးေတြကူေဖာ္ေလာင္ဖက္ရေအာင္ ၊ စိတ္ခ်ရတဲ့ အလုပ္သမားေလးမ်ား
ခင္ဗ်ားအသိထဲရိွလားလို႔ပါ "

" ဘာမ်ားလဲလို႔ဗ်ာ။ က်ဳပ္ဆီလာတာမွန္သြားၿပီဗ်ိဳ႕ ။ကိုယ့္လူေျပာတဲ့ သူမ်ိဳး ရိွသဗ်ာ  "

ငစံုမွာဝမ္းသာအားရ ကိုဘေမွာင္ ပခံုးကိုပင္လက္သီးျဖင့္အသာထိုးကာ

" ဒါဆို ေခၚေပးဗ်ာ ။ က်ဳပ္ စကားေျပာၾကၫ့္သြားမယ္" ဟု ေျပာမိလိုက္သည္။
သို႔ေသာ္ ဘေမွာင္က ငစံု မထင္မွတ္ေအာင္ သူ႔ကိုယ္သူ လက္ညိုးထိုး၍

" ဘယ္သြားေခၚရမွာလဲ။ ဒီမွာဗ်ာ။ က်ဳပ္ထပ္စိတ္ခ်ရတဲ့သူမ်ိဳး ဘယ္သြားရွာမတံုး။ ၾကာထဲဗ်ာ။ က်ဳပ္အဝတ္ တခ်ိဳ႕ဝင္ယူၿပီး ကိုယ့္လူနဲ႔လိုက္ခဲ့ေတာ့မယ္"

ငစံုပင္ စကားဆက္မေျပာလိုက္ရ။ ေလလိုအရိွန္ျဖင့္ တလႊားလႊားေျပးဝင္သြားသည္မွာ ျမင္းထက္ေတာင္ ျမန္ေနေသး။

Bạn đang đọc truyện trên: ZingTruyen.Xyz