ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
37
"ငါပြန်တော့မယ်"
" နေပါဦး ညချမ်းအေး ရ ။ အချိန်ဘယ်လောက်မှဖြင့်မရှိသေးပဲ"
"မရဘူး ၊ ငါ့အိမ်က တအားနောက်ကျလို့မရဘူး"
"စားပြီကွာ။ ဒီမှာပျော်ဖို့ ငါအားခဲထားရတာကို။ ဒီလိုလုပ်ပါ့လား ၊ တစ်နာရီလောက်ထပ်နေကွာ ။ ပြီးရင်ငါလိုက်ပို့ပေးမယ်"
"အဆင်မပြေ..."
"ဒါလေး သုံးကြည့်မလား။ ခုတလောမှအသစ်ဝင်တာ "
စားပွဲပေါ်မှာ မြင်လိုက်ရတဲ့ ပစ္စည်းတွေကြောင့် နဖူးမှာ ချွေးစအနည်းငယ်စို့လာ၏။ အခန်းထဲမှာ ယောက်ျားလေးလေးယောက် မိန်းကလေးသုံးယောက်ရှိနေပြီး မူးရူးကွဲပြဲနေတာမြင်မကောင်း။
ချမ်းအေး လာတွေ့တဲ့သူငယ်ချင်းက စည်သူဟိန်းဟု ခေါ်ပြီး လိုင်းပေါ်မှာ အတော်လေးရင်းနှီးသည်။
ဒီတလော ဂိမ်းထဲကနေ မိတ်ဆွေရတာမို့ အပြင်မထွက်ဖြစ်တဲ့ညချမ်းအေးဟာ အတော်လေး ရင်းနှီးခဲ့ကြပြီး လာတွေ့ဖို့ခေါ်တဲ့အခါ နှစ်ခါတောင်မငြင်းပဲ သွားတွေ့ခဲ့တာမှားပြီဟုထင်ရမလို။
ကိုယ်ကလည်းကိုယ်ပဲ လူငယ်ပီပီ အသစ်အဆန်း ဖြစ်နေတာကြောင့် ဂိမ်းစွဲပြီး Facebook ကနေ ထပ်မံ စကားပြောဖြစ်ကြသည်။ ဂိမ်းအကြောင်း ဇာတ်လမ်းတွေအကြောင်း ဟီးရိုးတွေအကြောင်းပြောကြရင်း စည်သူဟိန်းကို ပိုခင်လာရာကနေ စတဲ့ဇာတ်လမ်းဖြစ်လာသည်။ ရောက်စကတည်းက မိတ်ဆက်ပေးတဲ့ သူ့သူငယ်ချင်းတွေကိုသဘောမကျပေမဲ့ စည်သူဟိန်းမျက်နှာကြောင့်နေရင်းကနေ ညကိုးနာရီကျော်လာ၏။
ညနေကနေထွက်လာတာ မိုးချုပ်တဲ့အပြင် ကိုကိုနဲ့ပါ စကားများတာကြောင့် လူက မပျော်ရသလို သူတို့ပျော်နေကြတာကြီးကိုကြည့်၍ စိတ်တွေပါမောလာရသည်။ အသစ်အဆန်းဟုထုတ်ပြလိုက်တဲ့ အဖြူရောင် ဆေးမှုန့်တချို့ကြောင့် ညချမ်းအေး အမှန်တကယ် လန့်သွား၏။
" ညစ်နေတာမို့လား။ ဒါနဲ့ဖျောလိုက် နတ်ပြည်ကို သေစရာမလိုပဲရောက်သွားစေရမယ်ကွာ။ "
ပခုံးကိုဖိကာ ဖက်လိုက်တာကိုမကြိုက်တာကြောင့် စည်သူဟိန်းလက်ကို အောင့်သီးအောင့်သက်တွန်းဖယ်ပစ်လိုက်သည်။ ရေမွှေးနံလိုလို အရက်နံ့လိုလိုတွေကြား အေးမြတဲ့ကိုကိုရနံ့ကိုသတိရသွား၏။
မီးခိုးငွေ့တွေကြားမှာ စုံတွဲတွေကလည်းအမြင်မတော်။
ပေါင်ပေါ်မှာ တက်ထိုင်ကာ နမ်းနေတဲ့ မိန်းမပျို
လေးတွေကြောင့် ညချမ်းအေး ပထမဦးဆုံးအကြိမ်လာမိတာမှားပြီလာဟုတွေးမိလာသည်။
လူခေတ်မှီတာ မတားဘူးချမ်းအေး စိတ်ခေတ်မမှီဖို့ပဲ အရေးကြီးတယ်ဆိုတဲ့ကိုကို့စကားတွေက နားထဲတန်းတန်းမတ်မတ်။
တကယ်ဆို ကိုယ်လိုချင်တာ ရင်ဘတ်ချင်းနီးမဲ့မိတ်ဆွေသူငယ်ချင်း။ ပျက်စီးရာပျက်စီးကြောင့်တွန်းပို့ပေးမဲ့ မိတ်ဆွေမဟုတ်ဘူး။
" မကြိုက်ဘူး။ ငါနောက်ကျနေပြီ ဟိန်း။ ပြန်နှင့်တော့မယ်"
" ဟာကွာ ။ အစောကြီးရှိသေးတာကို။ မင်းညစ်နေတာတွေပျောက်အောင် ငါဖန်တီးထားတာ။ လာကွာ ပါးပါးလေးစမ်းကြည့်စမ်းပါ။ ရောက်ကတည်းကျောက်ရုပ်ကြီးလိုပဲ။ လူငယ်ပီပီ အသစ်အဆန်းကို ဆန်းသစ်စမ်းပါ"
ထရပ်တော့မဲ့ ညချမ်းအေးလက်ကို အားနဲ့စောင့်
ဆွဲ လိုက်တာမို့ စည်သူဟိန်းအပေါ်မှာ အလဲလဲအပြိုပြို လဲကျသွား၏။
ဒေါသကြောင့် ညချမ်းအေး ကုန်းရုန်းထကာ
စည်သူဟိန်းရင်ဘတ်ကိုတွန်းပစ်လိုက်သည်။
ဆေးရှုနေတဲ့ စည်သူဟိန်းသူငယ်ချင်းနှစ်ယောက်က
ထလာတာမြင်တော့ ကြောက်ပေမဲ့ ပါလာတဲ့ပစ္စည်းတွေကိုကုန်းကောက်လိုက်၏။
" ဟိတ်ကောင် မင်းက ဘာအထာလဲ "
" သူများ စကွက်ထဲဝင်လာပြီး စောက်ချိုးမပြေဘူး"
အကုန်ရှုတ်ယှက်ခတ်လာတာကြောင့် ညချမ်းအေး
လူအုပ်ထဲကို ဝိုင်းခံရသလိုဖြစ်သွား၏။ အများနဲ့တစ်ယောက်မို့ ညချမ်းအေး အဖြစ်က ခြင်သေ့ဂူထဲရောက်နေတဲ့ ယုန်သူငယ်လို။
"ပြောနေတာမကြားဘူးလား ... ဟိတ်ကောင်!!"
ပခုံးတစ်ဖက်ကိုစောင့်တွန့်လိုက်တာကြောင့် လူကယိုင်ထွက်သွား၏။
ဆေးကွဲနေတဲ့နီကြောင်ကျားဆံပင်နှင့်ကောင်က
အတော်လေးမြင်မကောင်းအောင် ရွဲပြဲနေ၏။
" ငါ့အသားကိုမထိနဲ့။ ဟိန်း မင်းလူတွေကိုပြောအုံး"
စည်သူဟိန်းရယ်ကျဲကျဲထလာကာ ပုခုံးတွန့်ပြ၏။
ညချမ်းအေးရင်ထဲအောင့်သီးအောင့်သက်ဖြစ်သွားစဉ် စည်သူဟိန်းက အနီးနားတိုးကပ်လာကာ ညချမ်းအေး၏မေးဖျားအားဖျစ်ညှစ်သည်မို့ ရှောင်ထွက်လိုက်ပေမဲ့ အားနဲ့ပြန်ဆွဲယူခြင်းခံလိုက်ရသည်။
" ညချမ်းအေး ဒီည ငါနဲ့ပျော်ရအောင် "
"မင်း..."
" ဟွင်း... ရယ်ရတယ်နော် လိုင်းပေါ်ကသိရုံနဲ့ ရမ်းသန်းခင်ရတယ်လို့ ။ ငါက တူးဝေးလေ ။ သိတယ်မို့လား။ ယောက်ျားလေးအချောအလှမြင်ရင် ငါတကယ်သဘောကျတယ်။ ဥပမာ မင်းလိုလေ။ ဖြူစင်တယ် ။ တက်ကြွတယ် ။ ငါ့ဆီကိုတန်းတန်းမတ်မတ်လာပေးလို့ကျေးဇူးပဲ ။ ဒီညအစီအစဉ်က မင်း ကို နည်းနည်းလောက် ပျော်အောင်လုပ်ပေးပြီး အရသာသစ်လေးခံစားချင်လို့။ မင်းကိုမြင်ကတည်းက အတော်လေး အရသာကောင်းမှန်းသိထားတယ် "
" စည်သူဟိန်း မင်းယုတ်မာလှချည်လား"
ညချမ်းအေး အော်ကလီဆန်တက်လာတာကြောင့်
အသားခြင်းမထိအောင်ဘေးကပ်ရှောင်ပေမဲ့ ရယ်ကျဲကျဲလုပ်နေကြတဲ့မိန်းမယောက်ျားတွေကြောင့် နေရတာ သေးနုတ်လာသလိုလို။
သူမှားသွားပြီထင်တယ်။ ကိုကို...။
" အေးဆေးပြန်ထိုင်လိုက်ပါ့လား။ဒါလေး လုပ်ပြီးမှ အတူတူ ဟော်တယ်သွားကြတာပေါ့"
"ကြောက်ရွံ့နေရာမှ ညချမ်းအေး ပြန်တည်ငြိမ်သွား၏။
သူ့လက်ထဲက ဆုပ်ကိုင်ထားဆဲဖုန်းကို မြှောက်ပြလိုက်သည်။ သူ့လက်တွေ တုန်နေပေမဲ့ သူအတက်နိုင်ဆုံးထိန်းချုပ်ကာ
" နောက်ကျသွားပြီ စည်သူဟိန်း။ လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ ငါ့အိမ်ကို တည်နေရာလိပ်စာပို့ပြီးထားပြီပြီ။ ပြီးတော့ မင်းတို့ ဆေးချနေတဲ့ သက်သေတွေ ကို အတိအလင်း ငါ့ဆီမှာ ရှိသလို ငါနဲ့အတူပါလာတဲ့ မင်းရဲ့ ဖုန်းနံပါတ် ဆိုရှယ်အကောင့်တွေအပြင် မင်း တို့ခုလေးပဲပြောသမျှအသံဖိုင် ။ မင်းရဲ့ကားနံပါတ်"
နီရဲတွတ်သွားတဲ့ စည်သူဟိန်းမျက်နှာကိုကြည့်ကာ
ညချမ်းအေး လက်မှာဆွဲထားတဲ့ကျောပိုးအိတ်ကို အားတင်းလွယ်လိုက်သည်။
" တစ်ယောက်မှ မလှုပ်နဲ့ ။ ငါ့အသားထိတာနဲ့
မင်းတို့ဖြေရှင်းလို့ရတော့မယ်မထင်နဲ့နော်။ ငါမသိတဲ့နေရာကို တစ်ယောက်ထဲလာပေမဲ့ ခပ်ညံ့ညံ့ကောင်တော့ မဟုတ်ဘူး။ မင်းတို့စပြီး မူမမှန် နေကတည်းက
ငါ့မိဘ၊ ငါ့ချစ်သူကို ငါဘယ်ရောက်နေသလဲ ဘာလုပ်နေသလဲဆိုတာ ပြောပြပြီးပြီ။ လွန်ခဲ့တဲ့နာရီဝက်က အိမ်သာသွားတာ အလကားသွားတာမဟုတ်ဘူး။ တစ်ယောက်မှ မလှုပ်နဲ့
အေးဆေးနေလို့ပြောနေတယ်နော်။ ငါ့အသားထိတာနဲ့ဒီထဲ ကကောင်တွေတစ်ယောက်မှ လွတ်မယ်မကြံနဲ့။
ခုငါသွားမယ် ၊ မင်းတို့ဘာမှမလုပ်ရင်ငါလည်း ဘာမှမလုပ်ဘူးစိတ်ချ"
အထဲကကောင်တစ်ယောက်လက်လှုပ်လာတာနဲ့ ညချမ်းအေး ဆတ်ခနဲ တုန်လှုပ်စွာ အော်ပစ်လိုက်သည်။ ထို့နောက်အမြန်ပင် ထိုအခန်းကနေ ပြေးထွက်လာခဲ့၏။ တစ်ယောက်မှ ထွက်မလိုက်ပေမဲ့ သူကြောက်နေဆဲပင်။ သူ့ဖုန်းထဲမှာ တတီတီဝင်နေတဲ့ စာစောင်တွေအားမကြည့်အားပေမဲ့ ကိုကိုမေတ္တာကိုတော့ အမှတ်တရဖြစ်သွား၏။ နားထဲမှာ ဒီရက်ပိုင်း ကိုကိုပြောသမျှတိုးဝင်လာတာအစီအရီ။
" ဘာကိစ္စပဲဖြစ်ဖြစ် ရင်ထဲသံသယဝင်လာတာနဲ့ ကိုကို့ဆီ စာတန်းပို့နော်"
" ဘယ်ရောက်နေတာ ။ ဘယ်နေရာဆိုတာသိဖို့
Location က အဓိကပဲ ။ "
" ကိုကိုချုပ်ချယ်တာမဟုတ်ဘူး။ ကိုကိုမသိလိုက်ခင် ပြဿနာတစ်စုံတစ်ခုဖြစ်ရင် အရင်ဖြေရှင်းရမှာ ချမ်းအေးပဲ။ ဒီအချိန်ပူထူနေတာမျိုးဖြစ်နေရင်တောင်မှ ချမ်းအေးသိထားရမှာ ဖြတ်ထိုးဉာဏ်သုံးတက်ဖို့"
ကိုကိုစကားတွေကြောင့် ကိုကိုဒီရက်ပိုင်း သံသယလွန်ကဲစွာ သူ့အား သတိပေးနေတာကြောင့် အန္တရာယ်ကနေ လက်လွတ်လာတာ။
ပြေးပြေးလွှားလွှား ဓာတ်လှေခါး ခလုတ်တွေနှိတ်ကာ ပြေးဆင်းလာပြီးမှ အောက်ထပ်ရောက်တော့ တိတ်ဆိတ်နေတဲ့ ကားပါကင် ကြောင့် လူကငိုချင်လာ၏။ ဘယ်လောက်ပဲတင်းထားပါစေ မကြုံဖူးတဲ့အဖြစ်ကြောင့်နောင်တလည်းရသလိုကြောက်လည်းကြောက်နေ၏။ ပျော့ခွေနေတဲ့ ဒူးကိုထိန်းကာ
သူရပ်ထားတဲ့ကားရှိရာကို ဖြည်းဖြည်းခြင်းသွားတဲ့အချိန် နားထဲကိုယ်ခြေသံကပင်ကြောက်စရာဖြစ်နေသည်။ မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင်
သူတစ်ယောက်ထဲရှိနေတယ်ဆိုတဲ့အသိ ။
လျောကျနေတဲ့ပခုံးက လွယ်အိတ်ကို ပြန်မ တင်ကာ
မလှမ်းမကမ်းမှာရှိတဲ့ ကားဆီကိုအသွား ရိပ်ခနဲ
လူရိပ်ကြောင့် သူခြေလှမ်းတွေရပ်ကာ အလန့်တကြား
လိုက်ကြည့်မိတော့ မည်သူ့ကိုမှတွေ့ရခြင်းမရှိ။
ရင်ထဲ ကြောက်စိတ်တွေနှင့်အတူ ဒီရက်ပိုင်း
တစ်စုံတစ်ယောက်နောက်ကနေ လိုက်ကြည့်နေတယ်ဆိုတဲ့ခံစားချက်ကြီးကို ပြန်သတိရမိသည်။
သူမှားတာပါ။ ကိုကိုကိုယ်တိုင် သူ့အားအရိပ်တကြည့်ကြည့်ဂရုစိုက်နေတဲ့ကြားကမထီမဲ့မြင် လုပ်မိတဲ့အပြင် ကိုကိုစေတနာတွေကိုပါ စော်ကားမိသေးသည်။
မသိနိုးနားလူတွေကို စိတ်ထဲနေရာပေးကာ ကိုကို့ကို လျစ်လျူရှု့ခဲ့မိသည်။ ဒိလိုနေရာမှာ လူမသိသူမသိ သူသာတစ်ခုခုဖြစ်သွားခဲ့ရင်။
ချွေးပြန်လာတဲ့နဖူးအားသုတ်ဖယ်ကာ
ခပ်သွက်သွက်ပြန်လှမ်းမိတဲ့အချိန် ဝင်းခနဲ ထိုးစိုက်လာတဲ့မီးရောင်နဲ့အတူ အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ စက်သံ။
ကြောင်အ နေတုန်းမှာ တုန်းဖယ်ခံလိုက်ရတဲ့ သူကိုယ်လုံးသည် အောက်ဖက်က ကွန်ဂရစ်လမ်းကြောင့်
အတော်လေးနာကျင်သွားပေမဲ့ဒုန်းခနဲ မြည်သံကြီးကြောင့် အလန့်တကြားကုန်းထမိလေသည်။
ဘုရားရေ ။
တိုက်သွားပြီ။
သူအပြေးအလွှား သူ့အားတွန်းထုတ်သူအား ကြည့်မိတဲ့အချိန် တစ်ကိုယ်လုံးပေနေတဲ့ သွေးတွေနဲ့အတူ
ပြုတ်ထွက်နေတဲ့ခြေတုလေးတစ်ဖက် ။
" အမလေး !!!"
သူတုန်ရီစွာအော်ဟစ်မိချေသည်။ ထို့နောက်
နှုတ်ဖျားက ထပ်ထွက်မလာတဲ့ အသံတွေကြောင့်
ပါးစပ်ကိုအုပ်ကာ မျက်ရည်တွေက တုန်ရီစွာစီးကျလာတော့၏။
ကိုကို ...
ကိုကိုရေ....
သူပြိုလဲ သွားပြီဖြစ်၏။
သူနဲ့နေ့ခင်းကပဲ စကားများခဲ့သေးသည်။
ခု သူ့ရှေ့မှာ အလဲလဲ အပြိုပြိုဖြစ်နေတဲ့ သူ့ချစ်သူကို မြင်လိုက်ရတာ ဘယ်လောက်နာကျင်ရသလဲ။
သူလေးဖက်ထောက်ကာကိုကိုနားကိုတိုးကပ်သွားလိုက်၏။ သွေးတွေရွှဲနေတဲ့လက်ကလေးရှေ့တိုးလာချိန်မှာ သူ ငိုပဲငိုနိုင်တော့သည်။ သူမထိရက်ကိုင်ရက် ဆွဲပွေ့ကာ ထူလိုက်တဲ့အချိန်မှာ လက်မောင်းအောက်မှာပူနွေးသော အထိအတွေကြောင့် လက်ဖျားတွေပင်တုန်လာ၏။
" ဆေးရုံ ...ဆေးရုံ ။ ကိုကို ..ကိုကိုခဏလေးပါနော်။ တောင်းပန်ပါတယ် ကျွန်တော်မကောင်းတာပါ ။ ကျွန်တော်မလိမ်မာတာပါ ။ ဆူပါ ။ ထဆူပါကိုကိုရာ "
တတွတ်တွတ် ပူဆွေးနေမူ့အား ကိုကိုမကြားသလိုပင်။ အဝေးမှာလွင့်နေတဲ့ခြေတုတစ်ဖက်ကြောင့် သူ့နှလုံးသွေးတွေ အဆက်မပြတ်စီးကျနေသလိုခံစားနေရသည်။
ဒုန်း!!
ကားတံခါးပိတ်လိုက်တဲ့အသံသည် တိတ်ဆိတ်နေတဲ့နေရာတွင်ကျယ်လောင်လွန်း၏။
ညချမ်းအေး မော့မကြည့်ပေမဲ့ သူ့ရှေ့ကိုတိုးကပ်လာတဲ့ခြေသံကို ကြားနေရဆဲပင်။ မော့မကြည့်နိုင်အောင်
သူနလုံးသား သူ့စိတ်အာရုံက ကိုကိုဆီမှာမို့ လတ်တလော သူဘာလုပ်ရမလဲဆိုတာ အသိစိတ်ပင်ပျောက်နေတာဖြစ်၏။
ဒါတွေအားလုံးသူ့ကြောင့် သူမလိမ်မာလို့ ကိုကိုခုလိုဖြစ်ရတာ။
စိတ်ထဲ ဝမ်းနည်းစိတ်တွေသာတိုးဝင်လာတာမို့
မျက်ရည်တွေသာအဆက်မပြတ်ကျနေတော့သည်။
" ကျွတ် ကျွတ်!!... "
စုတ်သပ်သံနှင့်အတူ သူ့ရှေ့တည့်တည့်မှာ လာထိုင်တဲ့ အနက်ရောင် ဝတ်စုံနဲ့ လူတစ်ယောက်။ မဟုတ်ဘူး တိတိကျကျပြောရင် ဓားဖျားလေးကို လှည့်ပတ်
ဆော့ကစားနေတဲ့ မီးလောင်ဒဏ်ရာတွေနဲ့ အမျိုးသမီးတစ်ယောက်။ အနက်ရောက် ပတီးစေ့လေးပါတဲ့လက်ပတ်ကိုပတ်ထားပေမဲ့ ဒဏ်ရာများနှင့်လှပမူ့မရှိတဲ့လက်ကြောင့် တင့်တယ်တယ်လို့လုံးဝ ခံစားလို့မရတဲ့အမျိုးသမီး။
" ရွှေဧကရီ တစ်သက်လုံးရှာနေတဲ့ သားက
ဘယ်လိုမျိုးပါလိမ့်လို့အမြဲတွေးနေခဲ့တာ ။ ခုတွေ့လိုက်တော့လည်း ဘာမှသိပ်ထူးဆန်းနေတာမျိုးလည်း မရှိပါ့လား ။ ဒီလောက်အသုံးမကျတဲ့ သားမျိုးကို အချိန်ကုန်လူပန်း ရှာဖွေ ထားတာတွေ့ရတော့ ငါ့သားတွေအစားရင်နာတယ်"
" ခင်ဗျား... ခင်ဗျား ဘယ်သူလဲ"
ထိုအမျိုးသမီးသည် သူ့စကားကြောင့် ခေါင်းမော့ကာရယ်၏။ လည်ပင်းတလျှောက် ကြည့်ရစိုးတဲ့အမာရွတ်တွေကြောင့် ရယ်လိုက်တဲ့အခါ အတော်လေးရှုံ့တွနေသည်။
"ငါက နင်အမေ သတ်လိုက်တဲ့ ခမ်းစက်ပိုင် မိသားစုကလေ ။ "
"ဟင်!! ခင်ဗျား.. ခင်ဗျား "
" ဘာလဲ ငါမသေသေးလို့ စိတ်ညစ်သွားတာလား။ နင်တို့မိသားစုကြောင့်ကောင်းစားပြီး ငါတို့မိသားစုကြ သေကွဲကွဲရအောင်လုပ်တဲ့ နင့်အမေကို ငါလိုခံစားစေရမယ် ။ ဟင်း.. ဟင်း အချိန်တွေအကြာကြီး နင်တစ်ယောက်ထဲရှိမဲ့အချိန်ကိုစောင့်နေတာ ။ ဒီနေ့တော့နင်သေမဲ့နေ့ပဲ။ ဒုတိယတစ်ခါတော့ ကံမကောင်းတော့ပါဘူး"
ဖျတ်ခနဲ လင်းလဲ့သွားတဲ့ဓားဖျားက ကိုယ့်ဆီသေကွင်းသေကွက်တည့်တည့်ကိုသာ ဦးတည်ခဲ့လျက်။ ပွေ့ပိုက်ထားသော ကိုကို့ကြောင့် သေရင်အတူတူသေမယ်ဆိုတဲ့စိတ်ဖြင့် မျက်စိစုံမှိတ်လိုက်လျင် ပါးပြင်ပေါ်သို့ မျက်ရည်စက်တွေက စီးကျလာတော့သည်။
သို့သော် ပြိုကျသွားသော အသံတို့နှင့်အတူ ချွင်ဆိုသော ဓားကျသွားတဲ့အသံက တဆက်ထဲထွက်ပေါ်ခဲ့၏။
ညချမ်းအေးမျက်လုံးဖွင့်ကြည့်တဲ့အချိန်မှာ မေ့မျောနေပြီဖြစ်တဲ့
ထိုအမျိုးသမီး၏ လက်နှစ်ဖက်ကို ဆွဲချုပ်ကာ ထားသော လူတစ်ယောက်ကိုတွေ့ရသည်။
" ငါ့နာမည်စက္ကန့် ။ ထောက်လှမ်းရေးမှူးဆိုပါတော့။
မင်းနောက်ကိုတိတ်တဆိတ်သူလိုက်နေတာအတော်ကြာပြီ။ ဒီနေ့အဖြစ်အပျက်မှာ ငါ့အမှားမကင်းဘူး နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်။ ကိုစုံသာမြိုင်ကိုဆေးရုံပို့ရအောင် ။ လတ်တလော
သူ့ကိုတော့တစ်ခါထဲ ရဲလက်အပ်ခဲ့လိုက်တော့မယ်"
တဝီဝီမြည်နေတဲ့ ကားတွေ သူ့အနားထိုးစိုက်လာတဲ့အထိညချမ်းအေး မလှုပ်နိုင်သေးပေ။
ကို့ကိုကို သယ်ယူ သွားတဲ့အထိ မလှုပ်ရှားနိုင်တဲ့ညချမ်းအေးအား စက္ကန့်ဆိုတဲ့သူ ဆွဲထူပေးလာ၏။
" အကုန်အဆင်ပြေသွားမှာပါ ညချမ်းအေး စိတ်ကိုလျော့လိုက်ပါ "
" ဘာလို့လဲ...ကိုကို က ဘာလို့ ခုလိုဖြစ်ရတာလဲ။ ကျွန်တော်သာ သူတားခဲ့တာကိုမသွားခဲ့ရင်"
" မဟုတ်ဘူး။ မင်းမသွားရင် ဒီပြဿနာမပြီးဘူး။
ဒီအမျိုးသမီးမင်းနောက်ကိုလိုက်နေတာ တစ်လကျော်ပြီ ။ ဦးခမ်းစက်ပိုင်တို့ထွက်ပြေးခဲ့ပေမဲ့ သတ်ခဲ့သူက မင်းအမေမဟုတ်ဘူး။ သူတို့နယ်ပယ်မှာ
လျင်သူစားစတမ်းပဲ။ ဒုစရိုက်မှောင်ခိုလောကမှာ ခမ်းစက်ပိုင်ရဲ့လုပ်ပိုင်ခွင့် နည်းနည်းမှမဟုတ်တာ ။ တစ်ယောက်မဟုတ်တစ်ယောက် အငြိုးနဲ့စောင့်နေတဲ့သူတွေအများကြီး။ကံကောင်းစွာပဲ ကားမီးလောင်ခဲ့ပေမဲ့ ဒီအမျိုးသမီးက လွတ်ခဲ့တာ ။ အရင်တစ်ခါ မင်းကားတိုက်မူ့ကလည်း သူတို့ပဲ ။ ဒါကဒုတိယအကြိမ်ဆိုပါတော့။ မင်းအကို ဒီကိစ္စကိုသိကတည်းက မင်းနောက်မှာ အမြဲရှိနေပြီးသားပါ။ တစ်နေ့မဟုတ်တစ်နေ့ ဖြစ်မှာသိနေတဲ့ကိစ္စတစ်ခုကို အမြဲစိတ်ဒုက္ခရောက်သယ်ပိုးနေရတဲ့စာရင်စောစော ဖြစ်ပြီးသွားတော့ ... "
" တော်ပါတော့ ကျွန်တော်မခံစားနိုင်တော့ဘူး"
ဖြစ်ပျက်သွားတဲ့အဖြစ်ပျက်တွေက မယုံနိုင်စရာ။
ကိုစက္ကန့်ရဲ့ရှင်းပြချက်တွေထဲမှာ နောက်ကွယ်ကနေ အရိပ်လိုအုပ်မိုးနေတဲ့ ကိုကို့ကာကွယ်မူ့တွေကြောင့် လူက ပိုနောင်တရမိသည်။
ဆေးရုံရောက်တဲ့အထိ သူရင်ထဲ လေးပင့်နေမူ့ကို လွတ်မချနိုင်သေးပေ။
စိုးရိမ်ရတဲ့အခြေအနေတဲ့။
ကိုကိုသာတစ်ခုခုဖြစ်ရင် သူလည်းလိုက်သေဖို့ဆုံးဖြတ်ထားပြီး အခြေအနေမှာအံ့ကိုတင်းတင်းကြိတ်ကာ သူထိုင်စောင့်နေမိသည်။ ထိုစိတ်ဖြင့်
ငါးနာရီကြာ ခွဲစိတ်မူ့ကို မလှုပ်မယှက်ထိုင်စောင့်နေမိတာအရူးတစ်ယောက်လို။ ရလာဒ်သည် အောင်မြင်ပါပြီဆိုမှ သူတင်းထားသမျှ လျော့ချ မိသည်။ ပြိုလဲသွားတဲ့ အချိန်အော်သံသဲ့သဲ့အား ကြားမိပေမဲ့ သူကတော့အမှောင်ထုထဲအတွင်းဝင်ရောက်ခဲ့ပြီဖြစ်၏။
ပိုးစုန်းကြူးတွေက သိပ်လှတာပဲ။
ကိုကို့ဘဝမှာ ချမ်းအေးက ပိုစုန်းကြူးလို အလင်းရောင်လေးပါ။ သေးငယ်ပေမဲ့ ပျော်ရွှင်စေတယ်။ အမှောင်ထုမှာ လမ်းပျောက်နေတဲ့ ကိုကို့ဘဝက ချမ်းအေးကြောင့် အဆင်ပြေခဲ့တာပါ။
အနက်ရောင် ကောင်းကင်ကို အတူတူငေးကာ
အမျိုးသားဟာ သူ့ဘေးက ကောင်လေးကို ပြောလာခဲ့သည်။ ကျေးရွာမီးတွေငြိမ်းသက်သွားတဲ့အခါ အိမ်ပေါ် ဝရံတာကနေတဆင့် ဖြတ်သန်းသွားတဲ့ အစိမ်းရောင်အကောင်ငယ်လေးတွေကို နှစ်ယောက်အတူတူငေးကာ ပြုံးရယ်မိခဲ့ဖူးသည်။
အိပ်မက်ရှည်ကြီးသည် ကြာရှည်လွန်းလှပေမဲ့ ထိုအငွေ့အသက်တွေကနေ သူရုန်းမထွက်ချင်ခဲ့ပေ။
ပိန်ရှည်ရှည်ကောင်လေးနောက်ကနေ တကောက်ကောက်လိုက်တက်သော ကလေးတစ်ယောက်အကြောင်းကို ဘယ်သူသိနိုင်မလဲ။ တဖျတ်ဖျတ်ပြောင်းလဲနေသော မြင်ကွင်းတွေထဲမှာ ကလေးတစ်ယောက်သည် သူ့အား မုန့်ကျွေးကာ ပြုံးပြသွားသော အကိုကြီးတစ်ယောက်နောက်ကို တိတ်တဆိတ်ခိုးလိုက်နေခဲ့သည်။
"ငါျပန္ေတာ့မယ္"
" ေနပါဦး ညခ်မ္းေအး ရ ။ အခ်ိန္ဘယ္ေလာက္မျွဖင့္မရိွေသးပဲ"
"မရဘူး ၊ ငါ့အိမ္က တအားေနာက္က်လို႔မရဘူး"
"စားၿပီကြာ။ ဒီမွာေပ်ာ္ဖို႔ ငါအားခဲထားရတာကို။ ဒီလိုလုပ္ပါ့လား ၊ တစ္နာရီေလာက္ထပ္ေနကြာ ။ ၿပီးရင္ငါလိုက္ပို႔ေပးမယ္"
"အဆင္မေျပ..."
"ဒါေလး သံုးၾကၫ့္မလား။ ခုတေလာမွအသစ္ဝင္တာ "
စားပြဲေပၚမွာ ျမင္လိုက္ရတဲ့ ပစၥည္းေတြေၾကာင့္ နဖူးမွာ ေခြၽးစအနည္းငယ္စို႔လာ၏။ အခန္းထဲမွာ ေယာက္်ားေလးေလးေယာက္ မိန္းကေလးသံုးေယာက္ရိွေနၿပီး မူးရူးကြဲၿပဲေနတာျမင္မေကာင္း။
ခ်မ္းေအး လာေတြ့တဲ့သူငယ္ခ်င္းက စည္သူဟိန္းဟု ေခၚၿပီး လိုင္းေပၚမွာ အေတာ္ေလးရင္းႏွီးသည္။
ဒီတေလာ ဂိမ္းထဲကေန မိတ္ေဆြရတာမို႔ အျပင္မထြက္ျဖစ္တဲ့ညခ်မ္းေအးဟာ အေတာ္ေလး ရင္းႏွီးခဲ့ၾကၿပီး လာေတြ့ဖို႔ေခၚတဲ့အခါ ႏွစ္ခါေတာင္မျငင္းပဲ သြားေတြ့ခဲ့တာမွားၿပီဟုထင္ရမလို။
ကိုယ္ကလည္းကိုယ္ပဲ လူငယ္ပီပီ အသစ္အဆန္း ျဖစ္ေနတာေၾကာင့္ ဂိမ္းစြဲၿပီး Facebook ကေန ထပ္မံ စကားေျပာျဖစ္ၾကသည္။ ဂိမ္းအေၾကာင္း ဇာတ္လမ္းေတြအေၾကာင္း ဟီးရိုးေတြအေၾကာင္းေျပာၾကရင္း စည္သူဟိန္းကို ပိုခင္လာရာကေန စတဲ့ဇာတ္လမ္းျဖစ္လာသည္။ ေရာက္စကတည္းက မိတ္ဆက္ေပးတဲ့ သူ႔သူငယ္ခ်င္းေတြကိုသေဘာမက်ေပမဲ့ စည္သူဟိန္းမ်က္ႏွာေၾကာင့္ေနရင္းကေန ညကိုးနာရီေက်ာ္လာ၏။
ညေနကေနထြက္လာတာ မိုးခ်ဳပ္တဲ့အျပင္ ကိုကိုနဲ႔ပါ စကားမ်ားတာေၾကာင့္ လူက မေပ်ာ္ရသလို သူတို႔ေပ်ာ္ေနၾကတာႀကီးကိုၾကၫ့္၍ စိတ္ေတြပါေမာလာရသည္။ အသစ္အဆန္းဟုထုတ္ျပလိုက္တဲ့ အျဖဴေရာင္ ေဆးမႈန႔္တခ်ိဳ႕ေၾကာင့္ ညခ်မ္းေအး အမွန္တကယ္ လန႔္သြား၏။
" ညစ္ေနတာမို႔လား။ ဒါနဲ႔ေဖ်ာလိုက္ နတ္ျပည္ကို ေသစရာမလိုပဲေရာက္သြားေစရမယ္ကြာ။ "
ပခံုးကိုဖိကာ ဖက္လိုက္တာကိုမႀကိဳက္တာေၾကာင့္ စည္သူဟိန္းလက္ကို ေအာင့္သီးေအာင့္သက္တြန္းဖယ္ပစ္လိုက္သည္။ ေရေမႊးနံလိုလို အရက္နံ႔လိုလိုေတြၾကား ေအးျမတဲ့ကိုကိုရနံ႔ကိုသတိရသြား၏။
မီးခိုးေငြ့ေတြၾကားမွာ စံုတြဲေတြကလည္းအျမင္မေတာ္။
ေပါင္ေပၚမွာ တက္ထိုင္ကာ နမ္းေနတဲ့ မိန္းမပ်ိဳ
ေလးေတြေၾကာင့္ ညခ်မ္းေအး ပထမဦးဆံုးအႀကိမ္လာမိတာမွားၿပီလာဟုေတြးမိလာသည္။
လူေခတ္မွီတာ မတားဘူးခ်မ္းေအး စိတ္ေခတ္မမွီဖို႔ပဲ အေရးႀကီးတယ္ဆိုတဲ့ကိုကို႔စကားေတြက နားထဲတန္းတန္းမတ္မတ္။
တကယ္ဆို ကိုယ္လိုခ်င္တာ ရင္ဘတ္ခ်င္းနီးမဲ့မိတ္ေဆြသူငယ္ခ်င္း။ ပ်က္စီးရာပ်က္စီးေၾကာင့္တြန္းပို႔ေပးမဲ့ မိတ္ေဆြမဟုတ္ဘူး။
" မႀကိဳက္ဘူး။ ငါေနာက္က်ေနၿပီ ဟိန္း။ ျပန္ႏွင့္ေတာ့မယ္"
" ဟာကြာ ။ အေစာႀကီးရိွေသးတာကို။ မင္းညစ္ေနတာေတြေပ်ာက္ေအာင္ ငါဖန္တီးထားတာ။ လာကြာ ပါးပါးေလးစမ္းၾကၫ့္စမ္းပါ။ ေရာက္ကတည္းေက်ာက္ရုပ္ႀကီးလိုပဲ။ လူငယ္ပီပီ အသစ္အဆန္းကို ဆန္းသစ္စမ္းပါ"
ထရပ္ေတာ့မဲ့ ညခ်မ္းေအးလက္ကို အားနဲ႔ေစာင့္
ဆြဲ လိုက္တာမို႔ စည္သူဟိန္းအေပၚမွာ အလဲလဲအၿပိဳၿပိဳ လဲက်သြား၏။
ေဒါသေၾကာင့္ ညခ်မ္းေအး ကုန္းရုန္းထကာ
စည္သူဟိန္းရင္ဘတ္ကိုတြန္းပစ္လိုက္သည္။
ေဆးရႈေနတဲ့ စည္သူဟိန္းသူငယ္ခ်င္းႏွစ္ေယာက္က
ထလာတာျမင္ေတာ့ ေၾကာက္ေပမဲ့ ပါလာတဲ့ပစၥည္းေတြကိုကုန္းေကာက္လိုက္၏။
" ဟိတ္ေကာင္ မင္းက ဘာအထာလဲ "
" သူမ်ား စကြက္ထဲဝင္လာၿပီး ေစာက္ခ်ိဳးမေျပဘူး"
အကုန္ရႈတ္ယွက္ခတ္လာတာေၾကာင့္ ညခ်မ္းေအး
လူအုပ္ထဲကို ဝိုင္းခံရသလိုျဖစ္သြား၏။ အမ်ားနဲ႔တစ္ေယာက္မို႔ ညခ်မ္းေအး အျဖစ္က ျခင္ေသ့ဂူထဲေရာက္ေနတဲ့ ယုန္သူငယ္လို။
"ေျပာေနတာမၾကားဘူးလား ... ဟိတ္ေကာင္!!"
ပခံုးတစ္ဖက္ကိုေစာင့္တြန႔္လိုက္တာေၾကာင့္ လူကယိုင္ထြက္သြား၏။
ေဆးကြဲေနတဲ့နီေၾကာင္က်ားဆံပင္ႏွင့္ေကာင္က
အေတာ္ေလးျမင္မေကာင္းေအာင္ ရြဲၿပဲေန၏။
" ငါ့အသားကိုမထိနဲ႔။ ဟိန္း မင္းလူေတြကိုေျပာအံုး"
စည္သူဟိန္းရယ္က်ဲက်ဲထလာကာ ပုခံုးတြန႔္ျပ၏။
ညခ်မ္းေအးရင္ထဲေအာင့္သီးေအာင့္သက္ျဖစ္သြားစဉ္ စည္သူဟိန္းက အနီးနားတိုးကပ္လာကာ ညခ်မ္းေအး၏ေမးဖ်ားအားဖ်စ္ၫွစ္သည္မို႔ ေရွာင္ထြက္လိုက္ေပမဲ့ အားနဲ႔ျပန္ဆြဲယူျခင္းခံလိုက္ရသည္။
" ညခ်မ္းေအး ဒီည ငါနဲ႔ေပ်ာ္ရေအာင္ "
"မင္း..."
" ဟြင္း... ရယ္ရတယ္ေနာ္ လိုင္းေပၚကသိရံုနဲ႔ ရမ္းသန္းခင္ရတယ္လို႔ ။ ငါက တူးေဝးေလ ။ သိတယ္မို႔လား။ ေယာက္်ားေလးအေခ်ာအလျွမင္ရင္ ငါတကယ္သေဘာက်တယ္။ ဥပမာ မင္းလိုေလ။ ျဖဴစင္တယ္ ။ တက္ႂကြတယ္ ။ ငါ့ဆီကိုတန္းတန္းမတ္မတ္လာေပးလို႔ေက်းဇူးပဲ ။ ဒီညအစီအစဉ္က မင္း ကို နည္းနည္းေလာက္ ေပ်ာ္ေအာင္လုပ္ေပးၿပီး အရသာသစ္ေလးခံစားခ်င္လို႔။ မင္းကိုျမင္ကတည္းက အေတာ္ေလး အရသာေကာင္းမွန္းသိထားတယ္ "
" စည္သူဟိန္း မင္းယုတ္မာလွခ်ည္လား"
ညခ်မ္းေအး ေအာ္ကလီဆန္တက္လာတာေၾကာင့္
အသားျခင္းမထိေအာင္ေဘးကပ္ေရွာင္ေပမဲ့ ရယ္က်ဲက်ဲလုပ္ေနၾကတဲ့မိန္းမေယာက္်ားေတြေၾကာင့္ ေနရတာ ေသးႏုတ္လာသလိုလို။
သူမွားသြားၿပီထင္တယ္။ ကိုကို...။
" ေအးေဆးျပန္ထိုင္လိုက္ပါ့လား။ဒါေလး လုပ္ၿပီးမွ အတူတူ ေဟာ္တယ္သြားၾကတာေပါ့"
"ေၾကာက္ရြံ႔ေနရာမွ ညခ်မ္းေအး ျပန္တည္ၿငိမ္သြား၏။
သူ႔လက္ထဲက ဆုပ္ကိုင္ထားဆဲဖုန္းကို ေျမႇာက္ျပလိုက္သည္။ သူ႔လက္ေတြ တုန္ေနေပမဲ့ သူအတက္ႏိုင္ဆံုးထိန္းခ်ဳပ္ကာ
" ေနာက္က်သြားၿပီ စည္သူဟိန္း။ လြန္ခဲ့တဲ့ နာရီဝက္ေလာက္ကပဲ ငါ့အိမ္ကို တည္ေနရာလိပ္စာပို႔ၿပီးထားၿပီျပီ။ ၿပီးေတာ့ မင္းတို႔ ေဆးခ်ေနတဲ့ သက္ေသေတြ ကို အတိအလင္း ငါ့ဆီမွာ ရိွသလို ငါနဲ႔အတူပါလာတဲ့ မင္းရဲ့ ဖုန္းနံပါတ္ ဆိုရွယ္အေကာင့္ေတြအျပင္ မင္း တို႔ခုေလးပဲေျပာသမ်ွအသံဖိုင္ ။ မင္းရဲ့ကားနံပါတ္"
နီရဲတြတ္သြားတဲ့ စည္သူဟိန္းမ်က္ႏွာကိုၾကၫ့္ကာ
ညခ်မ္းေအး လက္မွာဆြဲထားတဲ့ေက်ာပိုးအိတ္ကို အားတင္းလြယ္လိုက္သည္။
" တစ္ေယာက္မွ မလႈပ္နဲ႔ ။ ငါ့အသားထိတာနဲ႔
မင္းတို႔ေျဖရွင္းလို႔ရေတာ့မယ္မထင္နဲ႔ေနာ္။ ငါမသိတဲ့ေနရာကို တစ္ေယာက္ထဲလာေပမဲ့ ခပ္ညံ့ညံ့ေကာင္ေတာ့ မဟုတ္ဘူး။ မင္းတို႔စၿပီး မူမမွန္ ေနကတည္းက
ငါ့မိဘ၊ ငါ့ခ်စ္သူကို ငါဘယ္ေရာက္ေနသလဲ ဘာလုပ္ေနသလဲဆိုတာ ေျပာျပၿပီးၿပီ။ လြန္ခဲ့တဲ့နာရီဝက္က အိမ္သာသြားတာ အလကားသြားတာမဟုတ္ဘူး။ တစ္ေယာက္မွ မလႈပ္နဲ႔
ေအးေဆးေနလို႔ေျပာေနတယ္ေနာ္။ ငါ့အသားထိတာနဲ႔ဒီထဲ ကေကာင္ေတြတစ္ေယာက္မွ လြတ္မယ္မႀကံနဲ႔။
ခုငါသြားမယ္ ၊ မင္းတို႔ဘာမွမလုပ္ရင္ငါလည္း ဘာမွမလုပ္ဘူးစိတ္ခ်"
အထဲကေကာင္တစ္ေယာက္လက္လႈပ္လာတာနဲ႔ ညခ်မ္းေအး ဆတ္ခနဲ တုန္လႈပ္စြာ ေအာ္ပစ္လိုက္သည္။ ထို႔ေနာက္အျမန္ပင္ ထိုအခန္းကေန ေျပးထြက္လာခဲ့၏။ တစ္ေယာက္မွ ထြက္မလိုက္ေပမဲ့ သူေၾကာက္ေနဆဲပင္။ သူ႔ဖုန္းထဲမွာ တတီတီဝင္ေနတဲ့ စာေစာင္ေတြအားမၾကၫ့္အားေပမဲ့ ကိုကိုေမတၲာကိုေတာ့ အမွတ္တရျဖစ္သြား၏။ နားထဲမွာ ဒီရက္ပိုင္း ကိုကိုေျပာသမ်ွတိုးဝင္လာတာအစီအရီ။
" ဘာကိစၥပဲျဖစ္ျဖစ္ ရင္ထဲသံသယဝင္လာတာနဲ႔ ကိုကို႔ဆီ စာတန္းပို႔ေနာ္"
" ဘယ္ေရာက္ေနတာ ။ ဘယ္ေနရာဆိုတာသိဖို႔
Location က အဓိကပဲ ။ "
" ကိုကိုခ်ဳပ္ခ်ယ္တာမဟုတ္ဘူး။ ကိုကိုမသိလိုက္ခင္ ျပႆနာတစ္စံုတစ္ခုျဖစ္ရင္ အရင္ေျဖရွင္းရမွာ ခ်မ္းေအးပဲ။ ဒီအခ်ိန္ပူထူေနတာမ်ိဳးျဖစ္ေနရင္ေတာင္မွ ခ်မ္းေအးသိထားရမွာ ျဖတ္ထိုးဉာဏ္သံုးတက္ဖို႔"
ကိုကိုစကားေတြေၾကာင့္ ကိုကိုဒီရက္ပိုင္း သံသယလြန္ကဲစြာ သူ႔အား သတိေပးေနတာေၾကာင့္ အႏၲရာယ္ကေန လက္လြတ္လာတာ။
ေျပးေျပးလႊားလႊား ဓာတ္ေလွခါး ခလုတ္ေတြႏိွတ္ကာ ေျပးဆင္းလာၿပီးမွ ေအာက္ထပ္ေရာက္ေတာ့ တိတ္ဆိတ္ေနတဲ့ ကားပါကင္ ေၾကာင့္ လူကငိုခ်င္လာ၏။ ဘယ္ေလာက္ပဲတင္းထားပါေစ မႀကံဳဖူးတဲ့အျဖစ္ေၾကာင့္ေနာင္တလည္းရသလိုေၾကာက္လည္းေၾကာက္ေန၏။ ေပ်ာ့ေခြေနတဲ့ ဒူးကိုထိန္းကာ
သူရပ္ထားတဲ့ကားရိွရာကို ျဖည္းျဖည္းျခင္းသြားတဲ့အခ်ိန္ နားထဲကိုယ္ေျခသံကပင္ေၾကာက္စရာျဖစ္ေနသည္။ မိွန္ေဖ်ာ့ေဖ်ာ့ မီးေရာင္ေအာက္တြင္
သူတစ္ေယာက္ထဲရိွေနတယ္ဆိုတဲ့အသိ ။
ေလ်ာက်ေနတဲ့ပခံုးက လြယ္အိတ္ကို ျပန္မ တင္ကာ
မလွမ္းမကမ္းမွာရိွတဲ့ ကားဆီကိုအသြား ရိပ္ခနဲ
လူရိပ္ေၾကာင့္ သူေျခလွမ္းေတြရပ္ကာ အလန႔္တၾကား
လိုက္ၾကၫ့္မိေတာ့ မည္သူ႔ကိုမွေတြ့ရျခင္းမရိွ။
ရင္ထဲ ေၾကာက္စိတ္ေတြႏွင့္အတူ ဒီရက္ပိုင္း
တစ္စံုတစ္ေယာက္ေနာက္ကေန လိုက္ၾကၫ့္ေနတယ္ဆိုတဲ့ခံစားခ်က္ႀကီးကို ျပန္သတိရမိသည္။
သူမွားတာပါ။ ကိုကိုကိုယ္တိုင္ သူ႔အားအရိပ္တၾကၫ့္ၾကၫ့္ဂရုစိုက္ေနတဲ့ၾကားကမထီမဲ့ျမင္ လုပ္မိတဲ့အျပင္ ကိုကိုေစတနာေတြကိုပါ ေစာ္ကားမိေသးသည္။
မသိႏိုးနားလူေတြကို စိတ္ထဲေနရာေပးကာ ကိုကို႔ကို လ်စ္လ်ူရႈ႔ခဲ့မိသည္။ ဒိလိုေနရာမွာ လူမသိသူမသိ သူသာတစ္ခုခုျဖစ္သြားခဲ့ရင္။
ေခြၽးျပန္လာတဲ့နဖူးအားသုတ္ဖယ္ကာ
ခပ္သြက္သြက္ျပန္လွမ္းမိတဲ့အခ်ိန္ ဝင္းခနဲ ထိုးစိုက္လာတဲ့မီးေရာင္နဲ႔အတူ အရိွန္ျပင္းျပင္းေမာင္းႏွင္လာတဲ့ စက္သံ။
ေၾကာင္အ ေနတုန္းမွာ တုန္းဖယ္ခံလိုက္ရတဲ့ သူကိုယ္လံုးသည္ ေအာက္ဖက္က ကြန္ဂရစ္လမ္းေၾကာင့္
အေတာ္ေလးနာက်င္သြားေပမဲ့ဒုန္းခနဲ ျမည္သံႀကီးေၾကာင့္ အလန႔္တၾကားကုန္းထမိေလသည္။
ဘုရားေရ ။
တိုက္သြားၿပီ။
သူအေျပးအလႊား သူ႔အားတြန္းထုတ္သူအား ၾကၫ့္မိတဲ့အခ်ိန္ တစ္ကိုယ္လံုးေပေနတဲ့ ေသြးေတြနဲ႔အတူ
ျပဳတ္ထြက္ေနတဲ့ေျခတုေလးတစ္ဖက္ ။
" အမေလး !!!"
သူတုန္ရီစြာေအာ္ဟစ္မိေခ်သည္။ ထို႔ေနာက္
ႏႈတ္ဖ်ားက ထပ္ထြက္မလာတဲ့ အသံေတြေၾကာင့္
ပါးစပ္ကိုအုပ္ကာ မ်က္ရည္ေတြက တုန္ရီစြာစီးက်လာေတာ့၏။
ကိုကို ...
ကိုကိုေရ....
သူၿပိဳလဲ သြားၿပီျဖစ္၏။
သူနဲ႔ေန့ခင္းကပဲ စကားမ်ားခဲ့ေသးသည္။
ခု သူ႔ေရ႔ွမွာ အလဲလဲ အၿပိဳၿပိဳျဖစ္ေနတဲ့ သူ႔ခ်စ္သူကို ျမင္လိုက္ရတာ ဘယ္ေလာက္နာက်င္ရသလဲ။
သူေလးဖက္ေထာက္ကာကိုကိုနားကိုတိုးကပ္သြားလိုက္၏။ ေသြးေတြရႊဲေနတဲ့လက္ကေလးေရ႔ွတိုးလာခ်ိန္မွာ သူ ငိုပဲငိုႏိုင္ေတာ့သည္။ သူမထိရက္ကိုင္ရက္ ဆြဲေပြ့ကာ ထူလိုက္တဲ့အခ်ိန္မွာ လက္ေမာင္းေအာက္မွာပူေနြးေသာ အထိအေတြေၾကာင့္ လက္ဖ်ားေတြပင္တုန္လာ၏။
" ေဆးရံု ...ေဆးရံု ။ ကိုကို ..ကိုကိုခဏေလးပါေနာ္။ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္မေကာင္းတာပါ ။ ကြၽန္ေတာ္မလိမ္မာတာပါ ။ ဆူပါ ။ ထဆူပါကိုကိုရာ "
တတြတ္တြတ္ ပူေဆြးေနမူ႔အား ကိုကိုမၾကားသလိုပင္။ အေဝးမွာလြင့္ေနတဲ့ေျခတုတစ္ဖက္ေၾကာင့္ သူ႔ႏွလံုးေသြးေတြ အဆက္မျပတ္စီးက်ေနသလိုခံစားေနရသည္။
ဒုန္း!!
ကားတံခါးပိတ္လိုက္တဲ့အသံသည္ တိတ္ဆိတ္ေနတဲ့ေနရာတြင္က်ယ္ေလာင္လြန္း၏။
ညခ်မ္းေအး ေမာ့မၾကၫ့္ေပမဲ့ သူ႔ေရ႔ွကိုတိုးကပ္လာတဲ့ေျခသံကို ၾကားေနရဆဲပင္။ ေမာ့မၾကၫ့္ႏိုင္ေအာင္
သူနလံုးသား သူ႔စိတ္အာရံုက ကိုကိုဆီမွာမို႔ လတ္တေလာ သူဘာလုပ္ရမလဲဆိုတာ အသိစိတ္ပင္ေပ်ာက္ေနတာျဖစ္၏။
ဒါေတြအားလံုးသူ႔ေၾကာင့္ သူမလိမ္မာလို႔ ကိုကိုခုလိုျဖစ္ရတာ။
စိတ္ထဲ ဝမ္းနည္းစိတ္ေတြသာတိုးဝင္လာတာမို႔
မ်က္ရည္ေတြသာအဆက္မျပတ္က်ေနေတာ့သည္။
" ကြၽတ္ ကြၽတ္!!... "
စုတ္သပ္သံႏွင့္အတူ သူ႔ေရ႔ွတၫ့္တၫ့္မွာ လာထိုင္တဲ့ အနက္ေရာင္ ဝတ္စံုနဲ႔ လူတစ္ေယာက္။ မဟုတ္ဘူး တိတိက်က်ေျပာရင္ ဓားဖ်ားေလးကို လွၫ့္ပတ္
ေဆာ့ကစားေနတဲ့ မီးေလာင္ဒဏ္ရာေတြနဲ႔ အမ်ိဳးသမီးတစ္ေယာက္။ အနက္ေရာက္ ပတီးေစ့ေလးပါတဲ့လက္ပတ္ကိုပတ္ထားေပမဲ့ ဒဏ္ရာမ်ားႏွင့္လွပမူ႔မရိွတဲ့လက္ေၾကာင့္ တင့္တယ္တယ္လို႔လံုးဝ ခံစားလို႔မရတဲ့အမ်ိဳးသမီး။
" ေရႊဧကရီ တစ္သက္လံုးရွာေနတဲ့ သားက
ဘယ္လိုမ်ိဳးပါလိမ့္လို႔အၿမဲေတြးေနခဲ့တာ ။ ခုေတြ့လိုက္ေတာ့လည္း ဘာမွသိပ္ထူးဆန္းေနတာမ်ိဳးလည္း မရိွပါ့လား ။ ဒီေလာက္အသံုးမက်တဲ့ သားမ်ိဳးကို အခ်ိန္ကုန္လူပန္း ရွာေဖြ ထားတာေတြ့ရေတာ့ ငါ့သားေတြအစားရင္နာတယ္"
" ခင္ဗ်ား... ခင္ဗ်ား ဘယ္သူလဲ"
ထိုအမ်ိဳးသမီးသည္ သူ႔စကားေၾကာင့္ ေခါင္းေမာ့ကာရယ္၏။ လည္ပင္းတေလ်ွာက္ ၾကၫ့္ရစိုးတဲ့အမာရြတ္ေတြေၾကာင့္ ရယ္လိုက္တဲ့အခါ အေတာ္ေလးရႈံ႔တြေနသည္။
"ငါက နင္အေမ သတ္လိုက္တဲ့ ခမ္းစက္ပိုင္ မိသားစုကေလ ။ "
"ဟင္!! ခင္ဗ်ား.. ခင္ဗ်ား "
" ဘာလဲ ငါမေသေသးလို႔ စိတ္ညစ္သြားတာလား။ နင္တို႔မိသားစုေၾကာင့္ေကာင္းစားၿပီး ငါတို႔မိသားစုၾက ေသကြဲကြဲရေအာင္လုပ္တဲ့ နင့္အေမကို ငါလိုခံစားေစရမယ္ ။ ဟင္း.. ဟင္း အခ်ိန္ေတြအၾကာႀကီး နင္တစ္ေယာက္ထဲရိွမဲ့အခ်ိန္ကိုေစာင့္ေနတာ ။ ဒီေန့ေတာ့နင္ေသမဲ့ေန့ပဲ။ ဒုတိယတစ္ခါေတာ့ ကံမေကာင္းေတာ့ပါဘူး"
ဖ်တ္ခနဲ လင္းလဲ့သြားတဲ့ဓားဖ်ားက ကိုယ့္ဆီေသကြင္းေသကြက္တၫ့္တၫ့္ကိုသာ ဦးတည္ခဲ့လ်က္။ ေပြ့ပိုက္ထားေသာ ကိုကို႔ေၾကာင့္ ေသရင္အတူတူေသမယ္ဆိုတဲ့စိတ္ျဖင့္ မ်က္စိစံုမိွတ္လိုက္လ်င္ ပါးျပင္ေပၚသို႔ မ်က္ရည္စက္ေတြက စီးက်လာေတာ့သည္။
သို႔ေသာ္ ၿပိဳက်သြားေသာ အသံတို႔ႏွင့္အတူ ခြၽင္ဆိုေသာ ဓားက်သြားတဲ့အသံက တဆက္ထဲထြက္ေပၚခဲ့၏။
ညခ်မ္းေအးမ်က္လံုးဖြင့္ၾကၫ့္တဲ့အခ်ိန္မွာ ေမ့ေမ်ာေနၿပီျဖစ္တဲ့
ထိုအမ်ိဳးသမီး၏ လက္ႏွစ္ဖက္ကို ဆြဲခ်ဳပ္ကာ ထားေသာ လူတစ္ေယာက္ကိုေတြ့ရသည္။
" ငါ့နာမည္စကၠန႔္ ။ ေထာက္လွမ္းေရးမွဴးဆိုပါေတာ့။
မင္းေနာက္ကိုတိတ္တဆိတ္သူလိုက္ေနတာအေတာ္ၾကာၿပီ။ ဒီေန့အျဖစ္အပ်က္မွာ ငါ့အမွားမကင္းဘူး ေနာက္က်သြားတဲ့အတြက္ေတာင္းပန္ပါတယ္။ ကိုစံုသာၿမိဳင္ကိုေဆးရံုပို႔ရေအာင္ ။ လတ္တေလာ
သူ႔ကိုေတာ့တစ္ခါထဲ ရဲလက္အပ္ခဲ့လိုက္ေတာ့မယ္"
တဝီဝီျမည္ေနတဲ့ ကားေတြ သူ႔အနားထိုးစိုက္လာတဲ့အထိညခ်မ္းေအး မလႈပ္ႏိုင္ေသးေပ။
ကို႔ကိုကို သယ္ယူ သြားတဲ့အထိ မလႈပ္ရွားႏိုင္တဲ့ညခ်မ္းေအးအား စကၠန႔္ဆိုတဲ့သူ ဆြဲထူေပးလာ၏။
" အကုန္အဆင္ေျပသြားမွာပါ ညခ်မ္းေအး စိတ္ကိုေလ်ာ့လိုက္ပါ "
" ဘာလို႔လဲ...ကိုကို က ဘာလို႔ ခုလိုျဖစ္ရတာလဲ။ ကြၽန္ေတာ္သာ သူတားခဲ့တာကိုမသြားခဲ့ရင္"
" မဟုတ္ဘူး။ မင္းမသြားရင္ ဒီျပႆနာမၿပီးဘူး။
ဒီအမ်ိဳးသမီးမင္းေနာက္ကိုလိုက္ေနတာ တစ္လေက်ာ္ၿပီ ။ ဦးခမ္းစက္ပိုင္တို႔ထြက္ေျပးခဲ့ေပမဲ့ သတ္ခဲ့သူက မင္းအေမမဟုတ္ဘူး။ သူတို႔နယ္ပယ္မွာ
လ်င္သူစားစတမ္းပဲ။ ဒုစရိုက္ေမွာင္ခိုေလာကမွာ ခမ္းစက္ပိုင္ရဲ့လုပ္ပိုင္ခြင့္ နည္းနည္းမွမဟုတ္တာ ။ တစ္ေယာက္မဟုတ္တစ္ေယာက္ အၿငိဳးနဲ႔ေစာင့္ေနတဲ့သူေတြအမ်ားႀကီး။ကံေကာင္းစြာပဲ ကားမီးေလာင္ခဲ့ေပမဲ့ ဒီအမ်ိဳးသမီးက လြတ္ခဲ့တာ ။ အရင္တစ္ခါ မင္းကားတိုက္မူ႔ကလည္း သူတို႔ပဲ ။ ဒါကဒုတိယအႀကိမ္ဆိုပါေတာ့။ မင္းအကို ဒီကိစၥကိုသိကတည္းက မင္းေနာက္မွာ အၿမဲရိွေနၿပီးသားပါ။ တစ္ေန့မဟုတ္တစ္ေန့ ျဖစ္မွာသိေနတဲ့ကိစၥတစ္ခုကို အၿမဲစိတ္ဒုကၡေရာက္သယ္ပိုးေနရတဲ့စာရင္ေစာေစာ ျဖစ္ၿပီးသြားေတာ့ ... "
" ေတာ္ပါေတာ့ ကြၽန္ေတာ္မခံစားႏိုင္ေတာ့ဘူး"
ျဖစ္ပ်က္သြားတဲ့အျဖစ္ပ်က္ေတြက မယံုႏိုင္စရာ။
ကိုစကၠန႔္ရဲ့ရွင္းျပခ်က္ေတြထဲမွာ ေနာက္ကြယ္ကေန အရိပ္လိုအုပ္မိုးေနတဲ့ ကိုကို႔ကာကြယ္မူ႔ေတြေၾကာင့္ လူက ပိုေနာင္တရမိသည္။
ေဆးရံုေရာက္တဲ့အထိ သူရင္ထဲ ေလးပင့္ေနမူ႔ကို လြတ္မခ်ႏိုင္ေသးေပ။
စိုးရိမ္ရတဲ့အေျခအေနတဲ့။
ကိုကိုသာတစ္ခုခုျဖစ္ရင္ သူလည္းလိုက္ေသဖို႔ဆံုးျဖတ္ထားၿပီး အေျခအေနမွာအံ့ကိုတင္းတင္းႀကိတ္ကာ သူထိုင္ေစာင့္ေနမိသည္။ ထိုစိတ္ျဖင့္
ငါးနာရီၾကာ ခြဲစိတ္မူ႔ကို မလႈပ္မယွက္ထိုင္ေစာင့္ေနမိတာအရူးတစ္ေယာက္လို။ ရလာဒ္သည္ ေအာင္ျမင္ပါၿပီဆိုမွ သူတင္းထားသမ်ွ ေလ်ာ့ခ် မိသည္။ ၿပိဳလဲသြားတဲ့ အခ်ိန္ေအာ္သံသဲ့သဲ့အား ၾကားမိေပမဲ့ သူကေတာ့အေမွာင္ထုထဲအတြင္းဝင္ေရာက္ခဲ့ၿပီျဖစ္၏။
ပိုးစုန္းၾကဴးေတြက သိပ္လွတာပဲ။
ကိုကို႔ဘဝမွာ ခ်မ္းေအးက ပိုစုန္းၾကဴးလို အလင္းေရာင္ေလးပါ။ ေသးငယ္ေပမဲ့ ေပ်ာ္ရႊင္ေစတယ္။ အေမွာင္ထုမွာ လမ္းေပ်ာက္ေနတဲ့ ကိုကို႔ဘဝက ခ်မ္းေအးေၾကာင့္ အဆင္ေျပခဲ့တာပါ။
အနက္ေရာင္ ေကာင္းကင္ကို အတူတူေငးကာ
အမ်ိဳးသားဟာ သူ႔ေဘးက ေကာင္ေလးကို ေျပာလာခဲ့သည္။ ေက်းရြာမီးေတြၿငိမ္းသက္သြားတဲ့အခါ အိမ္ေပၚ ဝရံတာကေနတဆင့္ ျဖတ္သန္းသြားတဲ့ အစိမ္းေရာင္အေကာင္ငယ္ေလးေတြကို ႏွစ္ေယာက္အတူတူေငးကာ ၿပံဳးရယ္မိခဲ့ဖူးသည္။
အိပ္မက္ရွည္ႀကီးသည္ ၾကာရွည္လြန္းလွေပမဲ့ ထိုအေငြ့အသက္ေတြကေန သူရုန္းမထြက္ခ်င္ခဲ့ေပ။
ပိန္ရွည္ရွည္ေကာင္ေလးေနာက္ကေန တေကာက္ေကာက္လိုက္တက္ေသာ ကေလးတစ္ေယာက္အေၾကာင္းကို ဘယ္သူသိႏိုင္မလဲ။ တဖ်တ္ဖ်တ္ေျပာင္းလဲေနေသာ ျမင္ကြင္းေတြထဲမွာ ကေလးတစ္ေယာက္သည္ သူ႔အား မုန႔္ေကြၽးကာ ၿပံဳးျပသြားေသာ အကိုႀကီးတစ္ေယာက္ေနာက္ကို တိတ္တဆိတ္ခိုးလိုက္ေနခဲ့သည္။
Bạn đang đọc truyện trên: ZingTruyen.Xyz