ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

ဇာတ်သိမ်း

eainsi23

ပြတင်းတံခါးကို တွန်းဖွင့်လိုက်တဲ့အခါ ပထမဦးဆုံးတိုးဝင်လာတာ နေခြည်ဖျဖျ ။ နောက်တစ်ခုက
သင်းပျံ့တဲ့စံပယ်ရနံ့။ မျက်လုံးကို စုံမှိတ်၍ ထိုရနံ့ကိုပြင်းပျစွာ ရှုရှိုက်မိတဲ့အခါ မဆုံးနိုင်သော အားအင်တို့က ကိုယ်တွင်းကို တိုးဝင်လာသလို ခံစားရသည်။

သူနေတဲ့အိမ်၏ ပြတင်းပေါက်ကနေ လှမ်းကြည့်တဲ့အခါ တစ်ဖက်ပျဉ်ထောင်အိမ်၏ အိမ်ခေါင်မိုးစွန်းနှင့် အပင်ပေါ်တွယ်တက်ပြီးဖွေးဖွေးလှုပ်အောင်ပွင့်နေတဲ့ စံပယ်ဖြူဖြူတွေကိုတွေ့ရ၏။

နောက်ပြီး ခြံ၏ ကျယ်ပြန့်သော မြေဧရိယာထဲမှာ စိုက်ပျိုးထားတဲ့ သစ်ပင်ပန်းမန်တို့အား တူးစွလျက်ရှိသောကျောပြင်ကျယ်ကျယ်။
သူကျေနပ်စွာပြုံးလိုက်၏။
ထို့နောက် လက်နှစ်ဖက်အား ပါးစပ်မှာ ကာ၍
ကျယ်ကျယ်အော်ဖို့အားယူ၏။

" ကိုစုံသာမြိုင် ဗျိုး ကိုစုံသာမြိုင် နိုးနေပြီလားဗျ"

သူ့အသံကြောင့် တူးစွနေသော လက်တို့သည် ငြိမ်သက်သွား၏။ ခေါင်းအနည်းငယ်စောင်းကာ ကြည့်လာတာမို့ စွမ်းအားပြည့် မုတ်ဆိတ်အနည်းငယ်ရှိတဲ့မေးဖျားကိုလည်းတွေ့ရ၏။

" နိုးလို့ အလုပ်လုပ်နေတာပေါ့။ မြင်နေရက်နဲ့အားအားယားယား"

" နှုတ်ဆက်ချင်လို့ပေါ့ဗျ ခင်ဗျားကလည်း စိတ်ချည်းပဲ"

ခပ်ရွတ်ရွတ်ဆိုပေမဲ့ သူ့နှုတ်ခမ်းမှာ အပြုံးတို့မဆဲတော့ပေ။

အောက်ကို အပြေးဆင်းပြေးလာတော့ အရီးမြိုင်တစ်ယောက် ချက်ပြုတ်ကြော်လှော်ဖို့လုပ်နေ၏။

" အရီးဘာချက်"

" မနက်စာ ပဲပြုတ်နဲ့ ထမင်းကြော် "

" ဂွတ်မှဂွတ်"

အရီးဆီမှာ မျက်စောင်းတစ်ချက်ကြောင့် ပြုံးပြုံးကြီး လုပ်ကာ စားပွဲ‌မှာသွားထိုင်တော့ ချက်ချင်းဆိုသလို ပူပူနွေးနွေး ထမင်းကြော်နှစ်ပန်းကန်က ရှေ့ရောက်လာ၏။

" သားကြိုက်တဲ့ တို့ဖူးကြော်လေးရောပါပါ့"

" ဟုတ်ပြီဗျာ ။ ကဲ ယူသွားပြီနော်"

" ဖြည်းဖြည်းသွား"

" ဟုတ်ကဲ့"

ဗန်းနှင့်သေချာထည့်ပေးထားတဲ့ ထမင်းကြော် ပန်းကန်ရယ် တို့ဖူးကြော်နှင့် ငံပြာရည်ဖျော်ရယ်။ မိမှမိ။
တစ်ဖက်ခြံကိုရောက်တော့ ပူနွေးစ နေရောင်အောက်တွင် တစ်ယောက်သောသူက အလုပ်ရှုပ်ဆဲ။

" ကိုကိုရေ လက်ဆေးခဲ့ဗျာ"

" ငါမဆာဘူး"

" ကိုကိုမဆာပေမဲ့ ကျွန်တော်ဆာတယ်လေဗျာ ။ ထမင်းကြော်ဆိုတာ ပူတုန်းစားရတယ်ဗျ။ လက်ဆေးထား ကျွန်တော် ရေနွေးအိုးသွားယူချေအုံးမယ်"

မစိမ်းသက်တဲ့ ပျဉ်ထောင်အိမ်ပေါ်ပြေးတက်တော့ စုံသာမြိုင် လက်ထဲက ဂေါ်ပြားသေးသေးကိုပစ်ချကာ ထရပ်လာ၏။ စိတ်ထဲ မကျေနပ်ခြင်း ငြူစူခြင်းများစွာလက်ရေဆေးကာ စံပယ်ပင်အောက်က ခုံပေါ်ထိုင်နေမိသည်။

" မင်းအိမ်လည်းမဟုတ်ပဲ နေရာတကာ လက်ဆော့ခြေဆော့ "

ရေ‌နွေးအိုးကိုင်ဆင်းလာတော့ ဆီးကြိုဆူပစ်လိုက်သည်။ ဘယ်လောက်ပြောပြော အပြုံးကဘယ်တော့မှမပြတ်တာ ရိုက်သတ်ချင်စရာ ။ မေးဖျားကအစွန်းနှစ်ခုတွင် အချိုင့်သေးသေးလေးတွေထင်းနေတာတွေ့ရတော့ မရယ်နဲ့ဟုအော်ပစ်ချင်သည်။

ဘယ်လိုကြောင့်မှန်းမသိ သူဒီကောင်လေးကို စိတ်ရှုပ်စရာဟုမြင်မိသည်။

" ပြောလို့သာပြောတာ ဒေါ်သင်းရဲ့ပဲပြုတ်က အတော်စားကောင်းတာနော်"

ကြည့်လိုက်တိုင်းစကားပြောမပြတ်သလို ၊ စားနေရင်း ပလုတ်ပလောင်‌နဲ့လည်းပြောတက်သည်
အမြင်တော်တော့ရေနွေးကြမ်းငဲ့ပေးလိုက်တော့

" ကျေးဇူးကိုကို"ဟု ပြောသည်။

တကယ်ဘာကောင်မှန်းမသိ။ စားနေတဲ့ ထမင်းကြော် ကောင်းသလားဆိုးသလားမိ ။ စိတ်ထဲ အတက်အကျ များနေတာကြောင့် အတွေးတွေကလည်းဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်။

ညချမ်းအေးကတော့ ကိုကို့အရိပ်ကြည့်ကာ ကိုကို မကြိုက်မှန်းရိပ်မိပေမဲ့
ဝေးဝေးမနေနိုင်တော့ ကော်လိုကပ်နေမိသည်။ အသက်အန္တရာယ်ကနေကျော်လွှားပြီးနောက်မှာ ကိုကို ရဲ့အသိထဲမှာ သူကလုံးလုံးမရှိတော့ပေ။

အကုန်သတိရလို့ရငြား အတူနေခဲ့ဖူးတဲ့ရွာအိမ်ကို
ပြန်ရောက်လာခဲ့ကြတဲ့အထိ ကိုကိုက သူ့ဆို ခါးခါးသီးသီး။

ပြဿနာက ဒီဖက်က တိုက်ကြီးသည် သူ့အိမ်မဟုတ်လို့မနေချင်တာတဲ့။ ကိုကိုမှတ်မိတာ သူ့အမေအိမ်။

ထိုအိမ်ရောက်ကတည်းက ဘယ်မှမသွားသလို ဘယ်သူနဲ့မှာလည်းဟုတ်တိပတ်တိစကားမပြောတော့တာဖြစ်သည်
တိုရှင်းစွာ ညှပ်သင်ထားတဲ့ဦးရေတွင် ချုပ်ရိုးရာကြီးကထင်းခနဲမြင်နေရသည်။

ဆေးရုံပေါ်ကတည်းက တိုတိုပဲ ညှပ်ပေးလေ့ရှိတဲ့ဆံသားတွေက ဘယ်ချိန်ကြည့်ကြည့်ဦးရေပြောင်လုလု။

အရင်လို သန်စွမ်းပါတယ်ဟုပြောမရတော့တဲ့ကိုယ်ထည်က ချုပ်ရာဗလပွနှင့် နှဲ့နှဲ့သာရှိသလို ပိန်ပါလွန်း၏။ ဆေးရုံပေါ်တွင်ခြောက်လမျှကြာအောင်နေခဲ့ရတာမို့ ကိုကိုပုံစံက အခြေအနေကောင်းခါစသာသာ။

__________

"ဆရာလေး မြို့ကဖုန်းလာနေတယ် "

" ဟုတ်ကဲ့ဦးလေး"

ယူလာတဲ့ချိုင့်ကို ဝင်ပေါက်က တင်တဲ့စင်ပေါ် သွားတင်ကာ သူ့စားပွဲပေါ်က ဆက်သွယ်ရေးကြိုးဖုန်းကိုကောက်ကိုင်လိုက်၏။ တစ်ဖက်ကလည်းစောင့်စားနေဟန်ရှိတာမို့ သူ့အသံကြားတာနဲ့ ပြောလာတော့သည်။

" ညချမ်းအေး ငါ ဘမှောင်ပါ ။"

စက်ရုံ၏ ဆန်ကြိတ်သံ စပါးလှန်သံတွေကြားမှာ
ဆန်ဂိုထောင်က အနည်းငယ်ဆူတော့နေသည်။ညချမ်းအေး ရှေ့က စာရင်းစာရွက် တွေကြည့်ရန်ဖုန်းကိုနားကြားမှာ ညှပ်လိုက်ရင်း

" ဟုတ် ကိုဘမှောင် ဘာအရေးရှိလို့လဲဗျ"

" မရှိဘူးကွ ။ မင်း ကိုစုံနေကောင်းသလားသိရအောင်ဆက်လိုက်တာ ။ အခြေနေဘာထူးသေးလဲ"

"ဘာမှမထူး ပါဘူးဗျာ။ ကိုကိုကခုထိ ကျွန်တော်ကိုသတိမရသေးဘူး။ ကျွန်တော်ကိုစိတ်နာလို့ အကုန်မေ့ပစ်လိုက်သလားလို့တောင်ထင်နေမိပြီ။"

လက်မှတ်ထိုးရန်စာရွက်တွေအားလှန်လှော ကြည့်ရင်း
သူ့အတွေးတွေသည် အိမ်မှာကျန်ခဲ့တဲ့ကိုကို့ဆီလွန့်မျောကုန်၏။

ခုထိသတိမရသေးတဲ့ကိုကိုသည် အိမ်အလုပ်တွေကိုလည်း မသိတော့သလို ညချမ်းအေးကိုလည်း မမှတ်မိတော့ပေ။

" စိတ်ဓာတ်မကျပါနဲ့ကွာ ။ ကိုစုံအကြောင်းငါသိတယ်။ မသိစိတ်က မင်းကိုလက်ခံနေလို့ ပစ်ပစ်ခါခါ မလုပ်တာ ။ မဟုတ်ရင် အနားတောင်ကပ်ခံမှာမဟုတ်ဘူး"

"....."

" စီးပွားရေးကိစ္စတွေလည်းခေါင်းထဲသိပ်ထည့်နဲ့ ။ လကုန်လို့ရင် စာရွက်စာတမ်းတချို့ ချစ်ထွန်းလာပို့လိမ့်မယ်။ ကိုစုံလက်မှတ်ထိုးရမဲ့ဟာကို သီးသန့်ပြထားတယ်။ အဲ့ဒါ သေချာဖတ်ပြီးထိုးခိုင်းပေးဦး ။ နောက်
နှစ်ကုန်ရှင်းတမ်း ..."

"ရပါတယ် ။ အကုန်လုံးရှင်းပြစရာမလိုပါဘူးဗျာ။ ကိုဘမှောင်တို့မှမယုံရင် ကိုကို့မှာ တခြားဘယ်သူရှိတော့မှာလဲ။ အစကနေအဆုံးထိ လိုက်ရှင်းပြနေတော့ ကျွန်တော်လည်းနေရခက်တယ်။ အဆင်ပြေသလိုပဲ လုပ်ကြပါ။ ကျွန်တော် လက်မှတ်ထိုးစရာရှိတာတွေကို ကိုကို့ကိုပြပေးလိုက်မယ်"

"အေးပါကွာ အေးပါ..မင်းလည်းနေကောင်းအောင်နေဦး "

"ဟုတ်ကဲ့"

ဆက်သွယ်မူ့ပြတ်တောက်ပြီးနောက် ညချမ်းအေး စိတ်မောလက်မော သက်ပြင်းချမိသည်။
တစ်နိုင်ငံလုံးက ကိုကိုဆန်စက်တွေပွဲရုံတွေကို ချစ်ထွန်းလှည့်လည်သွားကာဦးစီးနေပေမဲ့ ညချမ်းအေးကတော့ ရွာမှာပဲ ကိုကိုနဲ့အတူ အေးရာအေးကြောင်းနေနေမိသည်။ နားမလည်တဲ့ အလုပ်ဆိုပေမဲ့ ထူးပြီး
သင်ယူစရာလည်းမလိုပေ။ အကုန် သူ့လူနဲ့သူ ဦးဆောင်သွားတာချည်းပဲ။ ကိုကိုက သူ့တစ်ခုခုဖြစ်ရင်ဆိုတဲ့အတွေးနဲ့တွေးပြီးလုပ်ထားသလားထင်အောင် အလုပ်တွေအကုန်စေ့စပ်နေပြီးသားပဲ။

"ဆရာလေး ကားတွေလာပြီ"

" အေး အခုလာခဲ့မယ်"

အတွေးတွေကိုရုတ်သိမ်းကာ စာအုပ်ချိုင်းကြားညှပ်ကာပြေးရပြန်သည်။ ရွာကနေ တဆင့် အနီးနားမြို့လေးတွေပေါ်မှာ လက်ခွဲ ဆန်ဆိုင်တွေရှိသည်။ တစ်ပတ်တစ်ခါ ပို့ပေးရတဲ့ ဆန်ကားတွေရှိတာကြောင့် ကားတွေလာရင်အနည်းအများတော့အလုပ်ရှုပ်တာပဲမဟုတ်လား။

နွေဦးတွင် လေရူးက အစဥ်အလာမပြတ်ပေ။
လက်ပံပင်ကြီးကလည်း ရွာဦးထိပ်မှာ အထီးကျန်နေသလို သစ်ရွက်ခြောက်တွေစုပုံနေတဲ့လမ်းဘေးကလည်း လွမ်းမောဖွယ်ရာပင်။
သစ်ပင်ရဲ့ထိပ်ဖျားမှာ ပြေးလွှားဆော့ကစားနေတဲ့ ငှက်တို့ရဲ့ကျီကျီကျာကျာအသံတွေ။

အို....တကယ်ပင် ဆွေးစရာတွေးစရာပါ့လား။

ရွာဦးဘုရားကနွေနေပူပူတွင် အရိပ်မရှိတာကြောင့် ထီးထီးဖြစ်နေသည်။
ဆည်းလည်းသံတချွင်ချွင်က လေရူးလာတိုင်း
အသံမြည်သည်။ သာယာသလို အိပ်မက်လည်းဆန်သည်။

ဒီနှစ်နွေက အဆွေးဓာတ်များပေမဲ့ ရေအားလျှပ်စစ်
အပြည့်အဝရလာတာကြောင့်ပျော်စရာလည်းကောင်း၏။ ခါတိုင်း မီးမရတဲ့ ရွာလေးသည် ယနေ့တွင်ကောင်းစွာဖွံ့ဖြိုးခဲ့ပြီဖြစ်၏။

မီးစက်သံတဒုန်းဒုန်းပေးကာနှိုးခဲ့ရသောရေစက်သည်ယခုတွင်အသုံးမလိုတော့ပေ။

ညချမ်းအေးတို့အိမ်တွင် ရေတင်တဲ့အသံသဲ့သဲ့ထွက်ပေါ်လာသလို ဆူညံတဲ့ကလေးတွေအသံကလည်းလမ်းပေါ်မှာတစ်ခါတရံ ရှိနေတက်၏။

စံပယ်တွေမပွင့်တော့ပေမဲ့ နွယ်ပင်၏အုပ်ဆိုင်းသောအရိပ်အောက်တွင် လူတချို့အေးချမ်းစွာခိုလှုံနိုင်ပေ၏။

" နှစ်တစ်လီနှစ် နှစ်နှစ်လီလေး"

စာအုပ်လေး ကိုင်ကာဘေးမှာလာအော်နေတဲ့ ဘဲရုပ်ဆိုးလေးအားကြည့်၍ စုံသာမြိုင်နှာခေါင်းရှုံ့မိသည်။ထပ်တလဲလဲနှစ်အလီကနေ မတက်တော့ကြားရတာနားအူလာ၏။ သူသည် စာပေအတန်းပညာကို ကောင်းစွာမသင်ရပေမဲ့ အတွက်အချက်နှင့်သေစာရှင်စာတော့ရသေးသည်။

"ဟေး ဒါပဲဆိုနေတာ ခုထိမရသေးဘူးလား"

"ဦးဦးကသေချာကျေညက်အောင် ကျက်ရမယ်တဲ့"

"ဟွင်း အဲ့ဦးဦး ကအကြီးလားငါကအကြီးလား။
အဲ့ဒါ ကနေ နောက်တစ်လီတက်တော့"

" ဖေကြီးက အကြီးပေမဲ့ ဦးဦးက ကျောင်းဆရာလေ။
သမီးအလီတွေအကုန်ရပြီးပြီ ဒါပေမဲ့တစ်ခါတလေ မေ့မေ့သွားရော ။ ဦးဦးက ဒီလထဲ အလည်လာတုန်းဖေကြီး အနားစောင့်ရင်း အလီတွေပိုင်အောင်လုပ်တဲ့"

စာအုပ်လေးဘေးချကာ သူ့အပေါ်ကုတ်တွယ်တက်လာတော့လည်းပြုတ်ကျမှာစိုးလို့အသာဖမ်းထိန်းကာ သေချာနေရာချပေးမိသည်။ နုညံ့အိစက်သောအထိအတွေ့နှင့်ကလေးပေါင်ဒါလိုလိုအနံ့လေးကြောင့် စိတ်ထဲ ကောင်းမွန်သွား၏။

" ဖေကြီး"

"ဟမ်"

အတွေးများနေရာမှ ရင်ခွင်ထဲက ဘဲမလေး၏အသံကြောင့်လန့်သွား၏။
ရင်းနှီးနေသလိုခံစားချက်ကြောင့် စိတ်မရှုပ်ပဲ ကြည်နူးနေတာ ရယ်စရာ။
ဒါလေး ရောက်ခါစက ဖေကြီးဟုခေါ်ကာနောက်ကတကောက်ကောက်လိုက်နေတာတွေးမိပြီး သူကျေနပ်စွာပြုံးမိပြန်၏။

" ဖေကြီးလို့"

" ပြောပါ့လား တကျီကျီနဲ့နားပူလိုက်တာ "

"ဟွန့် ပြောမလို့ပဲဖေကြီးမှ သေချာမထူးတာ "

" ကဲပြော ပြော ဘာလဲ"

စိတ်မရှည်တဲ့အသံဖြစ်နေပေမဲ့ကောင်မလေး၏ကိုယ်လုံးလေးကိုသေချာနေရာရွေ့ကာ ထိုင်လို့ကောင်းအောင်ပြင်ဆင်ပေးမိသည်။

" ဦးဦးက ညတုန်းက ငိုတယ်သိလား"

"ဟင်"

" ဖေသက်ကပြောတယ် ဦးဦးကငယ်ငယ်လေးပဲရှိသေးတာတဲ့ ညည်းဖေကြီးကိုထားခဲ့လို့ရင် လိုက်ခေါ်လို့ရမှာမဟုတ်ဘူးတဲ့။ ခုတောင် ဦးဦးရဲ့မေမေက ခဏခဏ စာပို့ပြီးပြန်လာခိုင်းနေတာဖေကြီးမသိဘူးမို့လား။ပြီးတော့ဦးဦးရဲ့မေမေကတအားချမ်းသာတာတဲ့။ ဖေကြီးပိုက်ဆံရှိတယ်ဆိုတာ ဟိုးသေးသေးလေးထဲမှာ တဲ့ စိတ်ကုန်လို့ပြန်သွားရင် တော့သွားပြီနော်ဖေကြီး။ မီးမီးကိုပြောတော့ ဦးဦးက ဖေကြီးအချစ်လေးဆို ။ မေမေလေးတောင်မရှာပေးဘူး။ ဖေဖေလေးပဲရှာပေးမယ်ဆို"

တကျီကျီအသံတွေကနားထဲဝင်တချက်မဝင်တချက်။
ပြန်သွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့ ကောင်မလေးစကားကြောင့် ရင်ဘတ်တခြမ်းကအောင့်လာ၏။
ကိုယ့်ဘေးနားမှာ ကပ်တွယ်နေတုန်းက စိတ်မရှည်သလို ဖြစ်ခဲ့ပေမဲ့ခုပြန်ရမယ်ကြားတော့ စိတ်တိုလာပြန်၏။ ခံစားချက်တွေသင်ပေးတုန်းကသင်ပေးပြီးတော့။

"ပဲနှပ် လေ ။ ခါတိုင်းက ကိုကိုကြိုက်တယ်ဆို"

ထမင်းထဲပုံပေးတဲ့အဝါရောင်ပဲကြီးနှပ်က အရာမယွင်းသေး။
မကြိုက်ဘူးလားမေးတော့စိတ်မရှည်သလိုမျက်ထောင့်နီနှင့်ကြည့်ပြန်သည်။

" စိတ်ဆိုးစရာရှိနေတာလား"

ဇွန်းကိုချကာ ကိုကို့မျက်နှာကိုသေချာကြည့်ကာ မေးလိုက်သည်။ အုံ့ပုန်းလုပ်နေရင် ကိုကိုပဲစိတ်ဆင်းရဲရမှာမဟုတ်လား။

ခါတိုင်းထက်ပိုစိုပြေလာတဲ့အသားရေကိုကြည့်ပြီး မနှစ်က အချိန်ကိုပြန်သတိရမိသည်။ တော်သေးတာပေါ့ ကိုကိုနေကောင်းလာလို့။

" မင်းပြန်မလို့ဆို"

"ဘယ်လို"

" ငါ့ကိုအားနာလို့မပြန်တာဆိုရင် အားမနာဖို့ပြောမလို့ ။ ငါနေကောင်းနေပြီ။ ပြန်စရာရှိတာပြန်လို့ရတယ် "

"ကိုကို့ကကျွန်တော့်ကိုနှင်နေတာလား"

နင့်ခနဲဖြစ်သွားတဲ့ခံစားချက်ကြောင့်မျက်ရည်တွေက ချက်ချင်းဝိုင်းလာ၏။

"နှင်နေတာဆိုတာထက်ဖြစ်သင့်တာကို"

"တော်ပြီကိုကို "

မျက်ရည်တွေကိုဖိသုတ်ကာ ဆက်မပြောဖို့ သူတားလိုက်သည်။ စားမြိန်စရာထမင်းဝိုင်းက ခုဆို
ဆက်စားဖို့တောင်မဖြစ်နိုင်တော့ပေ။

"ကိုကိုစားနှင့်တော့ ကျွန်တော် မစားချင်တော့ဘူး"

အရာမယွင်းတဲ့ထမင်းပန်ကန်လေးကိုကြည့်ကာစုံသာမြိုင် ငြိမ်သက်သွား၏။ သူကိုယ်တိုင်ပြောခဲ့သောစကားဖြစ်ပေမဲ့ထသွားတဲ့ကျောပြင်ငယ်ငယ်ကိုပြန်လှည့်ကြည့်ကာ စိတ်ထဲဝမ်းနည်းလာ၏။။

______

"ခုထိပြန်မရောက်သေးဘူးလား"

ညကိုးနာရီဆိုတာ အချိန်မနည်းတော့ပေ။

"ဘယ်သွားမယ်ပြောသွားတာလဲ"

စိတ်ထဲပူလောင်လာတာကြောင် ဦးသက်ခိုင်၏ ရင်ဘတ်က အင်္ကျီစကို ဆွဲလိုက်မိပြီးမှအလျင်စလိုပြန်လွတ်မိသည်။

" ရွာထိပ်က ဘုရားလို့ညနေကပြောသွားတာပဲ ။ ခဏ ငါလိုက်ကြည့်လိုက်မယ် "

"နေတော့ ကျုပ်ပဲသွားမယ်"

ခန္ဓာကိုယ်အလှည့် လိုက်ဖက်မညီတဲ့ခြေနှစ်စုံက လူကယိမ်းခနဲ။

"ဖြည်းဖြည်း"

ဘာစကားမှပြန်မပြောတော့ပဲ အမြန်လျှောက်လာမိသည်။ မှောင်မဲနေသောလမ်းတချို့ကို ရောက်မှ မီးပျက်နေမှန်းသတိရမိပေမဲ့ လက်ထဲ ဓာတ်မီးမပါတော့ အဆင်ပြေချောမွေ့မနေချေ။

အိမ်တန်းရှည်တချို့ဖြတ်လာပြီးချိန်တွင် မပီမပြင်
လသဏ္ဍာန်က ထင်ရှားလာ၏။ ရွာ ထိပ်ဘုရားဟသည် အိမ်ခြေတို့နှင့်ကပ်မနေတာတော့အမှန် ။ရွာစွန်ကိုရောက်တာနှင့် အနည်းငယ်တော့ လမ်းလျှောက်ရသေးသည်။ လမ်းဘေးမှာ တမာပင်တချို့ရှိသော်ငြား သုံးလေးနှစ်သားမို့ အုပ်ဆိုင်းတော့မနေချေ။
ဖျတ်တချီမှိတ်တချီဖြစ်သွားတက်တဲ့အစိမ်းရောင်အလင်းတန်းငယ်တို့သည် လူချေတိတ်တာကြောင့် မကြာခဏ ပေါ်ထွက်လာ၏။

လူသူမရှိတဲ့နေရာမှာ တစ်ယောက်ထဲ လျှောက်သွားရဲတဲ့သတ္တိကိုလေးစားလွန်းလို့ ရိုက်ပစ်ချင်သည်။
စိတ်တိုတာတစ်ကြောင်းစိတ်ပူတာတစ်ကြောင်း လူက ပူထူနေတဲ့အချိန် အမှောင်ထဲမှာ မသဲမကွဲတွေ့လိုက်ရတဲ့ လူရိပ်ကြောင့် အံတင်းတင်းကြိတ်ကာ အော်ပစ်လိုက်သည်။

"ညချမ်းအေး ဒါဘယ်ချိန်ရှိပြီလဲ။ အိမ်မှာ လူတွေရှိနေတာကို စိတ်ပူရမယ်ဆိုတာ နားမလည်ဘူးလား"

တိတ်ဆိတ်တဲ့ညအချိန်တွင် သူ့အသံက ဟိန်းခနဲ။

လမ်းလျှောက်လာတဲ့ လူရိပ်ကလေး ရပ်သွားပြီးနောက်

"ကိုကိုလား"ဆိုတဲ့မပီမပြင်အသံလေးကြောင့် လူက
လှိုင်းထန်၍သွားရပြန်သည်။ ငိုထားတဲ့အသံ ။
သေချာသည်။ သူအမြန်လျှောက်သွားကာ ပခုံးကနေ ညစ်ကိုင်ပစ်လိုက်သည်။

" ဘာဖြစ်လာတာလဲညချမ်းအေး"

" ဟင်းအင် ဘာမှမဖြစ်ပါဘူး။ ကိုကို ကျွန်တော်ကို အမှောင်ထဲတောင်မှ မှတ်မိသားပဲ"

" မမှတ်မိစရာလား။ မင်းခြေသံ လည်းမှတ်မိတယ်။ အရိပ်မြင်တာနဲ့လည်း မှတ်မိတယ်"

သူအသံက ဘောက်ဆတ်ဆတ်ဖြစ်နေဆဲ။

"ဟင်း. ဒါတောင် ကိုကိုက ကျွန်တော်ကို မချစ်ဘူးနော်"

ရယ်သံတိုးတိုးက သူ့အသွေးအသားတွေကို
ထိုးစွနေပြန်သည်။ လှောင်ရယ်နေတာကိုအသားမကျစွာ ညချမ်းအေးကိုစူးစိုက်ကြည့်မိသည်။

မမြင်ရဘူးဆိုပေမဲ့ ဒီကလေးစိတ်မကြည်နေတာ ဝမ်းနည်းနေတာကိုအတိုင်းသားခံစားသိရှိနေပြန်သည်။

" ကျွန်တော်ပင်ပန်းနေတာတောင် တစ်နေ့ ကိုကို ကျွန်တော်ကိုလက်ခံလာမှာပဲဆိုတဲ့ခံစားချက်နဲ့ စောင့်နေခဲ့တာ ။ ကိုကို ပြန်မချစ်ရင်တောင် အတိတ်က ချစ်ဖူးခဲ့ခံစားချက်တွေအနည်းငယ်တော့ ပြန်နိုးထလာမှာပဲဆိုတဲ့စိတ်နဲ့တွယ်ကပ်နေခဲ့တာပါ။ ကိုကိုမလိုချင်ရင်
ကျွန်တော် ပြန်မှာပါ။ ဒါပေမဲ့ ကျွန်တော်ကိုကိုနဲ့မခွဲနိုင်ဘူး "

ငိုသံတွေထင်ရှားလာတာကြောင့် စုံသာမြိုင် ဘာလုပ်ရမှန်းမသိဖြစ်လာ၏။

မငိုစေချင်သလိုဝမ်းမနည်းစေချင်ပေ။

ဒီကလေးစိတ်ဓာတ်ကျနေတာတွေ ပျော်မြူးနေတာတွေ ကို ခိုးခိုးငေးခဲ့ရတဲ့နေ့တွေ အများကြီးပဲဆိုတာ
သူမသိစေချင်ခဲ့ပေ။

" ဒါ...ဒါဆို မပြန်နဲ့ပေါ့ "

"ဟင်"

ရှိုက်သံကြားမှာ တိုးထွက်လာတဲ့မပီမသ အာမေဋိတ်သံ။

" မပြန်နဲ့လေ ။ နှင်ထုတ်တယ်လို့ ငါ့ကိုနာမည်ဆိုးမတက်နဲ့။ မင်းနေချင်လို့နေခဲ့တာ တစ်နှစ်တောင်မကတော့ဘူး "

"ဒါပေမဲ့ ကိုကို က မချစ်..."

"ဟေးတိတ် ကလေးကလားတွေ။ မင်းမှာ အမေရှိသေးတယ် ။ သူ့ကိုခဏလောက်ဖြစ်ဖြစ် ပြန်‌ တွေ့ဖို့ပဲတိုက်တွန်းတာ။ မင်းဘာသာ အပြီးပြန်ချင်လည်းမတက်နိုင်ဘူးသိလား"

နှဖူးပေါ်ကျ မနေတဲ့ ခပ်တိုတိုဦးရေကပ်နေတဲ့ဆံပင်ကိုထိုးဖွပစ်ကာ ရှက်တဲ့စိတ်ကိုဖုံးမိပေမဲ့ နားရွက်ဖျားတွေပူတက်လာ၏။

သူ့စကားအဆုံး၌ တင်းခနဲ ထွေးဖက်လာတဲ့ခါးက လက်တစ်စုံ။ အနည်းငယ်နေရခက်သွားတာကြောင့်
သူကိုယ်လုံးကြီးတောင့်ခနဲဖြစ်၍သွား၏။

"ဟင့်အင် တစ်ယောက်ထဲ မပြန်ချင်ဘူး ။ ကိုကိုရော လိုက်ခဲ့ပေးနော်။ မေမေ့အိမ်မှာ ဆယ်ရက်လောက်နေပြီးအတူပြန်လာမယ်နော် "

" ...."

"နော်လို့ ကိုကို။ ပြန်လိုက်ပို့နော် "

"အေးပါ... ဖယ်ပါဦး ခုတော့။ မင်းဖက်ထားတာ နေရခက်တယ်ကွ"

"ကိုကိုနော်အရင်ကဆို သူပဲအမြဲလာလာဖက်နေကြဟာကို"

"ဟိတ်.."

ကိုကိုအော်သံကြောင့် သူရယ်သံတွေမဆဲတော့ပေ။
ခါးပေါ်မှာဖြည်းဖြည်းခြင်း တိုးဖက်လာတဲ့ လက်တစ်စုံကြောင့် ညချမ်းအေး ပျော်သွား၏။
သူအတိတ်မေ့နေတုန်းကလည်း ကိုကို့ကိုခဏအတွင်းပြန်မှတ်မိနိုင်အသားကျနိုင်ခဲ့ပေမဲ့ မာနကြီးအချေကြီးတဲ့ကိုကိုကတော့ ပိုပိုသာသာမေ့နေခဲ့သည်

ဘာပဲပြောပြောမသိစိတ်ကတော့ချစ်မြဲချစ်ဆဲပါပဲနော်။ခုထိ အတိအလင်းမပြောသေးပေမဲ့ကိုကိုချစ်နေတာ သူသိသားပဲ။ မျက်ရည်လည်ရွဲကို ကိုကို့ရင်ဘတ်နဲ့ပွတ်သုတ်ရင်း ပြုံးရပြန်သည်။

ပိုးစုန်းကြူးလေးလိုပဲ ကိုကိုက သူ့ရဲ့လမ်းပြကြယ်လေး။

မှောင်ရီပျပျမှာ တိုးထွက်လာတဲ့ ပိုးကောင်တို့ရဲ့အသံနှင့်အတူ ပြေးလွှားဆော့ကစားနေတဲ့အစိမ်းရောင်အလင်းတန်းငယ်တို့ကိုငေးကာ အချိန်ကြာကြီးချစ်ခဲ့ရတဲ့ကိုကို့ကိုထွေးဖက်၍ထားလိုက်သည်။
တစ်စုံတစ်ယောက်မှာ ထွေးဖက်ခွင့်ရတဲ့ရင်ခွင်တစ်စုံရှိခြင်းဟာ ဘုရားပေးတဲ့ဆုလာဒ်။

ကျေးဇူးပါကိုကို
အတိတ်မှာရော အနာဂတ်မှာရော အတူရှိနေခွင့်ပေးလို့

ပြီးပါပြီ

အိမ်စည်။

ျပတင္းတံခါးကို တြန္းဖြင့္လိုက္တဲ့အခါ ပထမဦးဆံုးတိုးဝင္လာတာ ေနျခည္ဖ်ဖ် ။ ေနာက္တစ္ခုက
သင္းပ်ံ့တဲ့စံပယ္ရနံ႔။ မ်က္လံုးကို စံုမိွတ္၍ ထိုရနံ႔ကိုျပင္းပ်စြာ ရႈရိႈက္မိတဲ့အခါ မဆံုးႏိုင္ေသာ အားအင္တို႔က ကိုယ္တြင္းကို တိုးဝင္လာသလို ခံစားရသည္။

သူေနတဲ့အိမ္၏ ျပတင္းေပါက္ကေန လွမ္းၾကၫ့္တဲ့အခါ တစ္ဖက္ပ်ဉ္ေထာင္အိမ္၏ အိမ္ေခါင္မိုးစြန္းႏွင့္ အပင္ေပၚတြယ္တက္ၿပီးေဖြးေဖြးလႈပ္ေအာင္ပြင့္ေနတဲ့ စံပယ္ျဖဴျဖဴေတြကိုေတြ့ရ၏။

ေနာက္ၿပီး ၿခံ၏ က်ယ္ျပန႔္ေသာ ေျမဧရိယာထဲမွာ စိုက္ပ်ိဳးထားတဲ့ သစ္ပင္ပန္းမန္တို႔အား တူးစြလ်က္ရိွေသာေက်ာျပင္က်ယ္က်ယ္။
သူေက်နပ္စြာၿပံဳးလိုက္၏။
ထို႔ေနာက္ လက္ႏွစ္ဖက္အား ပါးစပ္မွာ ကာ၍
က်ယ္က်ယ္ေအာ္ဖို႔အားယူ၏။

" ကိုစံုသာၿမိဳင္ ဗ်ိဳး ကိုစံုသာၿမိဳင္ ႏိုးေနၿပီလားဗ်"

သူ႔အသံေၾကာင့္ တူးစြေနေသာ လက္တို႔သည္ ၿငိမ္သက္သြား၏။ ေခါင္းအနည္းငယ္ေစာင္းကာ ၾကၫ့္လာတာမို႔ စြမ္းအားျပၫ့္ မုတ္ဆိတ္အနည္းငယ္ရိွတဲ့ေမးဖ်ားကိုလည္းေတြ့ရ၏။

" ႏိုးလို႔ အလုပ္လုပ္ေနတာေပါ့။ ျမင္ေနရက္နဲ႔အားအားယားယား"

" ႏႈတ္ဆက္ခ်င္လို႔ေပါ့ဗ် ခင္ဗ်ားကလည္း စိတ္ခ်ည္းပဲ"

ခပ္ရြတ္ရြတ္ဆိုေပမဲ့ သူ႔ႏႈတ္ခမ္းမွာ အၿပံဳးတို႔မဆဲေတာ့ေပ။

ေအာက္ကို အေျပးဆင္းေျပးလာေတာ့ အရီးၿမိဳင္တစ္ေယာက္ ခ်က္ျပဳတ္ေၾကာ္ေလွာ္ဖို႔လုပ္ေန၏။

" အရီးဘာခ်က္"

" မနက္စာ ပဲျပဳတ္နဲ႔ ထမင္းေၾကာ္ "

" ဂြတ္မွဂြတ္"

အရီးဆီမွာ မ်က္ေစာင္းတစ္ခ်က္ေၾကာင့္ ၿပံဳးၿပံဳးႀကီး လုပ္ကာ စားပြဲ‌မွာသြားထိုင္ေတာ့ ခ်က္ခ်င္းဆိုသလို ပူပူေနြးေနြး ထမင္းေၾကာ္ႏွစ္ပန္းကန္က ေရ႔ွေရာက္လာ၏။

" သားႀကိဳက္တဲ့ တို႔ဖူးေၾကာ္ေလးေရာပါပါ့"

" ဟုတ္ၿပီဗ်ာ ။ ကဲ ယူသြားၿပီေနာ္"

" ျဖည္းျဖည္းသြား"

" ဟုတ္ကဲ့"

ဗန္းႏွင့္ေသခ်ာထၫ့္ေပးထားတဲ့ ထမင္းေၾကာ္ ပန္းကန္ရယ္ တို႔ဖူးေၾကာ္ႏွင့္ ငံျပာရည္ေဖ်ာ္ရယ္။ မိမွမိ။
တစ္ဖက္ၿခံကိုေရာက္ေတာ့ ပူေနြးစ ေနေရာင္ေအာက္တြင္ တစ္ေယာက္ေသာသူက အလုပ္ရႈပ္ဆဲ။

" ကိုကိုေရ လက္ေဆးခဲ့ဗ်ာ"

" ငါမဆာဘူး"

" ကိုကိုမဆာေပမဲ့ ကြၽန္ေတာ္ဆာတယ္ေလဗ်ာ ။ ထမင္းေၾကာ္ဆိုတာ ပူတုန္းစားရတယ္ဗ်။ လက္ေဆးထား ကြၽန္ေတာ္ ေရႏြေးအိုးသြားယူေခ်အံုးမယ္"

မစိမ္းသက္တဲ့ ပ်ဉ္ေထာင္အိမ္ေပၚေျပးတက္ေတာ့ စံုသာၿမိဳင္ လက္ထဲက ေဂၚျပားေသးေသးကိုပစ္ခ်ကာ ထရပ္လာ၏။ စိတ္ထဲ မေက်နပ္ျခင္း ျငဴစူျခင္းမ်ားစြာလက္ေရေဆးကာ စံပယ္ပင္ေအာက္က ခံုေပၚထိုင္ေနမိသည္။

" မင္းအိမ္လည္းမဟုတ္ပဲ ေနရာတကာ လက္ေဆာ့ေျခေဆာ့ "

ေရ‌ေနြးအိုးကိုင္ဆင္းလာေတာ့ ဆီးႀကိဳဆူပစ္လိုက္သည္။ ဘယ္ေလာက္ေျပာေျပာ အၿပံဳးကဘယ္ေတာ့မွမျပတ္တာ ရိုက္သတ္ခ်င္စရာ ။ ေမးဖ်ားကအစြန္းႏွစ္ခုတြင္ အခ်ိဳင့္ေသးေသးေလးေတြထင္းေနတာေတြ့ရေတာ့ မရယ္နဲ႔ဟုေအာ္ပစ္ခ်င္သည္။

ဘယ္လိုေၾကာင့္မွန္းမသိ သူဒီေကာင္ေလးကို စိတ္ရႈပ္စရာဟုျမင္မိသည္။

" ေျပာလို႔သာေျပာတာ ေဒၚသင္းရဲ့ပဲျပဳတ္က အေတာ္စားေကာင္းတာေနာ္"

ၾကၫ့္လိုက္တိုင္းစကားေျပာမျပတ္သလို ၊ စားေနရင္း ပလုတ္ပေလာင္‌နဲ႔လည္းေျပာတက္သည္
အျမင္ေတာ္ေတာ့ေရႏြေးၾကမ္းငဲ့ေပးလိုက္ေတာ့

" ေက်းဇူးကိုကို"ဟု ေျပာသည္။

တကယ္ဘာေကာင္မွန္းမသိ။ စားေနတဲ့ ထမင္းေၾကာ္ ေကာင္းသလားဆိုးသလားမိ ။ စိတ္ထဲ အတက္အက် မ်ားေနတာေၾကာင့္ အေတြးေတြကလည္းဟိုေရာက္သြားလိုက္ဒီေရာက္သြားလိုက္။

ညခ်မ္းေအးကေတာ့ ကိုကို႔အရိပ္ၾကၫ့္ကာ ကိုကို မႀကိဳက္မွန္းရိပ္မိေပမဲ့
ေဝးေဝးမေနႏိုင္ေတာ့ ေကာ္လိုကပ္ေနမိသည္။ အသက္အႏၲရာယ္ကေနေက်ာ္လႊားၿပီးေနာက္မွာ ကိုကို ရဲ့အသိထဲမွာ သူကလံုးလံုးမရိွေတာ့ေပ။

အကုန္သတိရလို႔ရျငား အတူေနခဲ့ဖူးတဲ့ရြာအိမ္ကို
ျပန္ေရာက္လာခဲ့ၾကတဲ့အထိ ကိုကိုက သူ႔ဆို ခါးခါးသီးသီး။

ျပႆနာက ဒီဖက္က တိုက္ႀကီးသည္ သူ႔အိမ္မဟုတ္လို႔မေနခ်င္တာတဲ့။ ကိုကိုမွတ္မိတာ သူ႔အေမအိမ္။

ထိုအိမ္ေရာက္ကတည္းက ဘယ္မွမသြားသလို ဘယ္သူနဲ႔မွာလည္းဟုတ္တိပတ္တိစကားမေျပာေတာ့တာျဖစ္သည္
တိုရွင္းစြာ ၫွပ္သင္ထားတဲ့ဦးေရတြင္ ခ်ဳပ္ရိုးရာႀကီးကထင္းခနဲျမင္ေနရသည္။

ေဆးရံုေပၚကတည္းက တိုတိုပဲ ၫွပ္ေပးေလ့ရိွတဲ့ဆံသားေတြက ဘယ္ခ်ိန္ၾကၫ့္ၾကၫ့္ဦးေရေျပာင္လုလု။

အရင္လို သန္စြမ္းပါတယ္ဟုေျပာမရေတာ့တဲ့ကိုယ္ထည္က ခ်ဳပ္ရာဗလပြႏွင့္ ႏွဲ႔ႏွဲ့သာရိွသလို ပိန္ပါလြန္း၏။ ေဆးရံုေပၚတြင္ေျခာက္လမ်ွၾကာေအာင္ေနခဲ့ရတာမို႔ ကိုကိုပံုစံက အေျခအေနေကာင္းခါစသာသာ။

__________

"ဆရာေလး ၿမိဳ႔ကဖုန္းလာေနတယ္ "

" ဟုတ္ကဲ့ဦးေလး"

ယူလာတဲ့ခ်ိဳင့္ကို ဝင္ေပါက္က တင္တဲ့စင္ေပၚ သြားတင္ကာ သူ႔စားပြဲေပၚက ဆက္သြယ္ေရးႀကိဳးဖုန္းကိုေကာက္ကိုင္လိုက္၏။ တစ္ဖက္ကလည္းေစာင့္စားေနဟန္ရိွတာမို႔ သူ႔အသံၾကားတာနဲ႔ ေျပာလာေတာ့သည္။

" ညခ်မ္းေအး ငါ ဘေမွာင္ပါ ။"

စက္ရံု၏ ဆန္ႀကိတ္သံ စပါးလွန္သံေတြၾကားမွာ
ဆန္ဂိုေထာင္က အနည္းငယ္ဆူေတာ့ေနသည္။ညခ်မ္းေအး ေရ႔ွက စာရင္းစာရြက္ ေတြၾကၫ့္ရန္ဖုန္းကိုနားၾကားမွာ ၫွပ္လိုက္ရင္း 

" ဟုတ္ ကိုဘေမွာင္ ဘာအေရးရိွလို႔လဲဗ်"

" မရိွဘူးကြ ။ မင္း ကိုစံုေနေကာင္းသလားသိရေအာင္ဆက္လိုက္တာ ။ အေျခေနဘာထူးေသးလဲ"

"ဘာမွမထူး ပါဘူးဗ်ာ။ ကိုကိုကခုထိ ကြၽန္ေတာ္ကိုသတိမရေသးဘူး။ ကြၽန္ေတာ္ကိုစိတ္နာလို႔ အကုန္ေမ့ပစ္လိုက္သလားလို႔ေတာင္ထင္ေနမိၿပီ။"

လက္မွတ္ထိုးရန္စာရြက္ေတြအားလွန္ေလွာ ၾကၫ့္ရင္း
သူ႔အေတြးေတြသည္ အိမ္မွာက်န္ခဲ့တဲ့ကိုကို႔ဆီလြန႔္ေမ်ာကုန္၏။

ခုထိသတိမရေသးတဲ့ကိုကိုသည္ အိမ္အလုပ္ေတြကိုလည္း မသိေတာ့သလို ညခ်မ္းေအးကိုလည္း မမွတ္မိေတာ့ေပ။

" စိတ္ဓာတ္မက်ပါနဲ႔ကြာ ။ ကိုစံုအေၾကာင္းငါသိတယ္။ မသိစိတ္က မင္းကိုလက္ခံေနလို႔ ပစ္ပစ္ခါခါ မလုပ္တာ ။ မဟုတ္ရင္ အနားေတာင္ကပ္ခံမွာမဟုတ္ဘူး"

"....."

" စီးပြားေရးကိစၥေတြလည္းေခါင္းထဲသိပ္ထၫ့္နဲ႔ ။ လကုန္လို႔ရင္ စာရြက္စာတမ္းတခ်ိဳ႕ ခ်စ္ထြန္းလာပို႔လိမ့္မယ္။ ကိုစံုလက္မွတ္ထိုးရမဲ့ဟာကို သီးသန႔္ျပထားတယ္။ အဲ့ဒါ ေသခ်ာဖတ္ၿပီးထိုးခိုင္းေပးဦး ။ ေနာက္
ႏွစ္ကုန္ရွင္းတမ္း ..."

"ရပါတယ္ ။ အကုန္လံုးရွင္းျပစရာမလိုပါဘူးဗ်ာ။ ကိုဘေမွာင္တို႔မွမယံုရင္ ကိုကို႔မွာ တျခားဘယ္သူရိွေတာ့မွာလဲ။ အစကေနအဆံုးထိ လိုက္ရွင္းျပေနေတာ့ ကြၽန္ေတာ္လည္းေနရခက္တယ္။ အဆင္ေျပသလိုပဲ လုပ္ၾကပါ။ ကြၽန္ေတာ္ လက္မွတ္ထိုးစရာရိွတာေတြကို ကိုကို႔ကိုျပေပးလိုက္မယ္"

"ေအးပါကြာ ေအးပါ..မင္းလည္းေနေကာင္းေအာင္ေနဦး "

"ဟုတ္ကဲ့"

ဆက္သြယ္မူ႔ျပတ္ေတာက္ၿပီးေနာက္ ညခ်မ္းေအး စိတ္ေမာလက္ေမာ သက္ျပင္းခ်မိသည္။
တစ္ႏိုင္ငံလံုးက ကိုကိုဆန္စက္ေတြပြဲရံုေတြကို ခ်စ္ထြန္းလွၫ့္လည္သြားကာဦးစီးေနေပမဲ့ ညခ်မ္းေအးကေတာ့ ရြာမွာပဲ ကိုကိုနဲ႔အတူ ေအးရာေအးေၾကာင္းေနေနမိသည္။ နားမလည္တဲ့ အလုပ္ဆိုေပမဲ့ ထူးၿပီး
သင္ယူစရာလည္းမလိုေပ။ အကုန္ သူ႔လူနဲ႔သူ ဦးေဆာင္သြားတာခ်ည္းပဲ။ ကိုကိုက သူ႔တစ္ခုခုျဖစ္ရင္ဆိုတဲ့အေတြးနဲ႔ေတြးၿပီးလုပ္ထားသလားထင္ေအာင္ အလုပ္ေတြအကုန္ေစ့စပ္ေနၿပီးသားပဲ။

"ဆရာေလး ကားေတြလာၿပီ"

" ေအး အခုလာခဲ့မယ္"

အေတြးေတြကိုရုတ္သိမ္းကာ စာအုပ္ခ်ိဳင္းၾကားၫွပ္ကာေျပးရျပန္သည္။ ရြာကေန တဆင့္ အနီးနားၿမိဳ႔ေလးေတြေပၚမွာ လက္ခြဲ ဆန္ဆိုင္ေတြရိွသည္။ တစ္ပတ္တစ္ခါ ပို႔ေပးရတဲ့ ဆန္ကားေတြရိွတာေၾကာင့္ ကားေတြလာရင္အနည္းအမ်ားေတာ့အလုပ္ရႈပ္တာပဲမဟုတ္လား။

ေနြဦးတြင္ ေလရူးက အစဥ္အလာမျပတ္ေပ။
လက္ပံပင္ႀကီးကလည္း ရြာဦးထိပ္မွာ အထီးက်န္ေနသလို သစ္ရြက္ေျခာက္ေတြစုပံုေနတဲ့လမ္းေဘးကလည္း လြမ္းေမာဖြယ္ရာပင္။
သစ္ပင္ရဲ့ထိပ္ဖ်ားမွာ ေျပးလႊားေဆာ့ကစားေနတဲ့ ငွက္တို႔ရဲ့က်ီက်ီက်ာက်ာအသံေတြ။

အို....တကယ္ပင္ ေဆြးစရာေတြးစရာပါ့လား။

ရြာၪီးဘုရားကေနြေနပူပူတြင္ အရိပ္မရိွတာေၾကာင့္ ထီးထီးျဖစ္ေနသည္။
ဆည္းလည္းသံတခြၽင္ခြၽင္က ေလရူးလာတိုင္း
အသံျမည္သည္။ သာယာသလို အိပ္မက္လည္းဆန္သည္။

ဒီႏွစ္ေနြက အေဆြးဓာတ္မ်ားေပမဲ့ ေရအားလ်ွပ္စစ္
အျပၫ့္အဝရလာတာေၾကာင့္ေပ်ာ္စရာလည္းေကာင္း၏။ ခါတိုင္း မီးမရတဲ့ ရြာေလးသည္ ယေန့တြင္ေကာင္းစြာဖြံ႔ၿဖိဳးခဲ့ၿပီျဖစ္၏။

မီးစက္သံတဒုန္းဒုန္းေပးကာႏိႈးခဲ့ရေသာေရစက္သည္ယခုတြင္အသံုးမလိုေတာ့ေပ။

ညခ်မ္းေအးတို႔အိမ္တြင္ ေရတင္တဲ့အသံသဲ့သဲ့ထြက္ေပၚလာသလို ဆူညံတဲ့ကေလးေတြအသံကလည္းလမ္းေပၚမွာတစ္ခါတရံ ရိွေနတက္၏။

စံပယ္ေတြမပြင့္ေတာ့ေပမဲ့ ႏြယ္ပင္၏အုပ္ဆိုင္းေသာအရိပ္ေအာက္တြင္ လူတခ်ိဳ႕ေအးခ်မ္းစြာခိုလႈံႏိုင္ေပ၏။

" ႏွစ္တစ္လီႏွစ္ ႏွစ္ႏွစ္လီေလး"

စာအုပ္ေလး ကိုင္ကာေဘးမွာလာေအာ္ေနတဲ့ ဘဲရုပ္ဆိုးေလးအားၾကၫ့္၍ စံုသာၿမိဳင္ႏွာေခါင္းရႈံ႔မိသည္။ထပ္တလဲလဲႏွစ္အလီကေန မတက္ေတာ့ၾကားရတာနားအူလာ၏။ သူသည္ စာေပအတန္းပညာကို ေကာင္းစြာမသင္ရေပမဲ့ အတြက္အခ်က္ႏွင့္ေသစာရွင္စာေတာ့ရေသးသည္။

"ေဟး ဒါပဲဆိုေနတာ ခုထိမရေသးဘူးလား"

"ဦးဦးကေသခ်ာေက်ညက္ေအာင္ က်က္ရမယ္တဲ့"

"ဟြင္း အဲ့ဦးဦး ကအႀကီးလားငါကအႀကီးလား။
အဲ့ဒါ ကေန ေနာက္တစ္လီတက္ေတာ့"

" ေဖႀကီးက အႀကီးေပမဲ့ ဦးဦးက ေက်ာင္းဆရာေလ။
သမီးအလီေတြအကုန္ရၿပီးၿပီ ဒါေပမဲ့တစ္ခါတေလ ေမ့ေမ့သြားေရာ ။ ဦးဦးက ဒီလထဲ အလည္လာတုန္းေဖႀကီး အနားေစာင့္ရင္း အလီေတြပိုင္ေအာင္လုပ္တဲ့"

စာအုပ္ေလးေဘးခ်ကာ သူ႔အေပၚကုတ္တြယ္တက္လာေတာ့လည္းျပဳတ္က်မွာစိုးလို႔အသာဖမ္းထိန္းကာ ေသခ်ာေနရာခ်ေပးမိသည္။ ႏုညံ့အိစက္ေသာအထိအေတြ့ႏွင့္ကေလးေပါင္ဒါလိုလိုအနံ႔ေလးေၾကာင့္ စိတ္ထဲ ေကာင္းမြန္သြား၏။

" ေဖႀကီး"

"ဟမ္"

အေတြးမ်ားေနရာမွ ရင္ခြင္ထဲက ဘဲမေလး၏အသံေၾကာင့္လန႔္သြား၏။
ရင္းႏွီးေနသလိုခံစားခ်က္ေၾကာင့္ စိတ္မရႈပ္ပဲ ၾကည္ႏူးေနတာ ရယ္စရာ။
ဒါေလး ေရာက္ခါစက ေဖႀကီးဟုေခၚကာေနာက္ကတေကာက္ေကာက္လိုက္ေနတာေတြးမိၿပီး သူေက်နပ္စြာၿပံဳးမိျပန္၏။

" ေဖႀကီးလို႔"

" ေျပာပါ့လား တက်ီက်ီနဲ႔နားပူလိုက္တာ "

"ဟြန႔္ ေျပာမလို႔ပဲေဖႀကီးမွ ေသခ်ာမထူးတာ "

" ကဲေျပာ ေျပာ ဘာလဲ"

စိတ္မရွည္တဲ့အသံျဖစ္ေနေပမဲ့ေကာင္မေလး၏ကိုယ္လံုးေလးကိုေသခ်ာေနရာေရြ့ကာ ထိုင္လို႔ေကာင္းေအာင္ျပင္ဆင္ေပးမိသည္။

" ဦးဦးက ညတုန္းက ငိုတယ္သိလား"

"ဟင္"

" ေဖသက္ကေျပာတယ္ ဦးဦးကငယ္ငယ္ေလးပဲရိွေသးတာတဲ့ ညည္းေဖႀကီးကိုထားခဲ့လို႔ရင္ လိုက္ေခၚလို႔ရမွာမဟုတ္ဘူးတဲ့။ ခုေတာင္ ဦးဦးရဲ့ေမေမက ခဏခဏ စာပို႔ၿပီးျပန္လာခိုင္းေနတာေဖႀကီးမသိဘူးမို႔လား။ၿပီးေတာ့ဦးဦးရဲ့ေမေမကတအားခ်မ္းသာတာတဲ့။ ေဖႀကီးပိုက္ဆံရိွတယ္ဆိုတာ ဟိုးေသးေသးေလးထဲမွာ တဲ့ စိတ္ကုန္လို႔ျပန္သြားရင္ ေတာ့သြားၿပီေနာ္ေဖႀကီး။ မီးမီးကိုေျပာေတာ့ ဦးဦးက ေဖႀကီးအခ်စ္ေလးဆို ။ ေမေမေလးေတာင္မရွာေပးဘူး။ ေဖေဖေလးပဲရွာေပးမယ္ဆို"

တက်ီက်ီအသံေတြကနားထဲဝင္တခ်က္မဝင္တခ်က္။
ျပန္သြားရင္ဘယ္လိုလုပ္မလဲဆိုတဲ့ ေကာင္မေလးစကားေၾကာင့္ ရင္ဘတ္တျခမ္းကေအာင့္လာ၏။
ကိုယ့္ေဘးနားမွာ ကပ္တြယ္ေနတုန္းက စိတ္မရွည္သလို ျဖစ္ခဲ့ေပမဲ့ခုျပန္ရမယ္ၾကားေတာ့ စိတ္တိုလာျပန္၏။ ခံစားခ်က္ေတြသင္ေပးတုန္းကသင္ေပးၿပီးေတာ့။

"ပဲႏွပ္ ေလ ။ ခါတိုင္းက ကိုကိုႀကိဳက္တယ္ဆို"

ထမင္းထဲပံုေပးတဲ့အဝါေရာင္ပဲႀကီးႏွပ္က အရာမယြင္းေသး။
မႀကိဳက္ဘူးလားေမးေတာ့စိတ္မရွည္သလိုမ်က္ေထာင့္နီႏွင့္ၾကၫ့္ျပန္သည္။

" စိတ္ဆိုးစရာရိွေနတာလား"

ဇြန္းကိုခ်ကာ ကိုကို႔မ်က္ႏွာကိုေသခ်ာၾကၫ့္ကာ ေမးလိုက္သည္။ အံု႔ပုန္းလုပ္ေနရင္ ကိုကိုပဲစိတ္ဆင္းရဲရမွာမဟုတ္လား။

ခါတိုင္းထက္ပိုစိုေျပလာတဲ့အသားေရကိုၾကၫ့္ၿပီး မႏွစ္က အခ်ိန္ကိုျပန္သတိရမိသည္။ ေတာ္ေသးတာေပါ့ ကိုကိုေနေကာင္းလာလို႔။

" မင္းျပန္မလို႔ဆို"

"ဘယ္လို"

" ငါ့ကိုအားနာလို႔မျပန္တာဆိုရင္ အားမနာဖို႔ေျပာမလို႔ ။ ငါေနေကာင္းေနၿပီ။ ျပန္စရာရိွတာျပန္လို႔ရတယ္ "

"ကိုကို႔ကကြၽန္ေတာ့္ကိုႏွင္ေနတာလား"

နင့္ခနဲျဖစ္သြားတဲ့ခံစားခ်က္ေၾကာင့္မ်က္ရည္ေတြက ခ်က္ခ်င္းဝိုင္းလာ၏။

"ႏွင္ေနတာဆိုတာထက္ျဖစ္သင့္တာကို"

"ေတာ္ၿပီကိုကို "

မ်က္ရည္ေတြကိုဖိသုတ္ကာ ဆက္မေျပာဖို႔ သူတားလိုက္သည္။ စားၿမိန္စရာထမင္းဝိုင္းက ခုဆို
ဆက္စားဖို႔ေတာင္မျဖစ္ႏိုင္ေတာ့ေပ။

"ကိုကိုစားႏွင့္ေတာ့ ကြၽန္ေတာ္ မစားခ်င္ေတာ့ဘူး"

အရာမယြင္းတဲ့ထမင္းပန္ကန္ေလးကိုၾကၫ့္ကာစံုသာၿမိဳင္ ၿငိမ္သက္သြား၏။ သူကိုယ္တိုင္ေျပာခဲ့ေသာစကားျဖစ္ေပမဲ့ထသြားတဲ့ေက်ာျပင္ငယ္ငယ္ကိုျပန္လွၫ့္ၾကၫ့္ကာ စိတ္ထဲဝမ္းနည္းလာ၏။။

______

"ခုထိျပန္မေရာက္ေသးဘူးလား"

ညကိုးနာရီဆိုတာ အခ်ိန္မနည္းေတာ့ေပ။

"ဘယ္သြားမယ္ေျပာသြားတာလဲ"

စိတ္ထဲပူေလာင္လာတာေၾကာင္ ဦးသက္ခိုင္၏ ရင္ဘတ္က အက်ႌစကို ဆြဲလိုက္မိၿပီးမွအလ်င္စလိုျပန္လြတ္မိသည္။

" ရြာထိပ္က ဘုရားလို႔ညေနကေျပာသြားတာပဲ ။ ခဏ ငါလိုက္ၾကၫ့္လိုက္မယ္ "

"ေနေတာ့ က်ဳပ္ပဲသြားမယ္"

ခႏၶာကိုယ္အလွၫ့္ လိုက္ဖက္မညီတဲ့ေျခႏွစ္စံုက လူကယိမ္းခနဲ။

"ျဖည္းျဖည္း"

ဘာစကားမျွပန္မေျပာေတာ့ပဲ အျမန္ေလ်ွာက္လာမိသည္။ ေမွာင္မဲေနေသာလမ္းတခ်ိဳ႕ကို ေရာက္မွ မီးပ်က္ေနမွန္းသတိရမိေပမဲ့ လက္ထဲ ဓာတ္မီးမပါေတာ့ အဆင္ေျပေခ်ာေမြ့မေနေခ်။

အိမ္တန္းရွည္တခ်ိဳ႕ျဖတ္လာၿပီးခ်ိန္တြင္ မပီမျပင္
လသ႑ာန္က ထင္ရွားလာ၏။ ရြာ ထိပ္ဘုရားဟသည္ အိမ္ေျခတို႔ႏွင့္ကပ္မေနတာေတာ့အမွန္ ။ရြာစြန္ကိုေရာက္တာႏွင့္ အနည္းငယ္ေတာ့ လမ္းေလ်ွာက္ရေသးသည္။ လမ္းေဘးမွာ တမာပင္တခ်ိဳ႕ရိွေသာ္ျငား သံုးေလးႏွစ္သားမို႔ အုပ္ဆိုင္းေတာ့မေနေခ်။
ဖ်တ္တခ်ီမိွတ္တခ်ီျဖစ္သြားတက္တဲ့အစိမ္းေရာင္အလင္းတန္းငယ္တို႔သည္ လူေခ်တိတ္တာေၾကာင့္ မၾကာခဏ ေပၚထြက္လာ၏။

လူသူမရိွတဲ့ေနရာမွာ တစ္ေယာက္ထဲ ေလ်ွာက္သြားရဲတဲ့သတၲိကိုေလးစားလြန္းလို႔ ရိုက္ပစ္ခ်င္သည္။
စိတ္တိုတာတစ္ေၾကာင္းစိတ္ပူတာတစ္ေၾကာင္း လူက ပူထူေနတဲ့အခ်ိန္ အေမွာင္ထဲမွာ မသဲမကြဲေတြ့လိုက္ရတဲ့ လူရိပ္ေၾကာင့္ အံတင္းတင္းႀကိတ္ကာ ေအာ္ပစ္လိုက္သည္။

"ညခ်မ္းေအး ဒါဘယ္ခ်ိန္ရိွၿပီလဲ။ အိမ္မွာ လူေတြရိွေနတာကို စိတ္ပူရမယ္ဆိုတာ နားမလည္ဘူးလား"

တိတ္ဆိတ္တဲ့ညအခ်ိန္တြင္ သူ႔အသံက ဟိန္းခနဲ။

လမ္းေလ်ွာက္လာတဲ့ လူရိပ္ကေလး ရပ္သြားၿပီးေနာက္

"ကိုကိုလား"ဆိုတဲ့မပီမျပင္အသံေလးေၾကာင့္ လူက
လိႈင္းထန္၍သြားရျပန္သည္။ ငိုထားတဲ့အသံ ။
ေသခ်ာသည္။ သူအျမန္ေလ်ွာက္သြားကာ ပခံုးကေန ညစ္ကိုင္ပစ္လိုက္သည္။

" ဘာျဖစ္လာတာလဲညခ်မ္းေအး"

" ဟင္းအင္ ဘာမွမျဖစ္ပါဘူး။ ကိုကို ကြၽန္ေတာ္ကို အေမွာင္ထဲေတာင္မွ မွတ္မိသားပဲ"

" မမွတ္မိစရာလား။ မင္းေျခသံ လည္းမွတ္မိတယ္။ အရိပ္ျမင္တာနဲ႔လည္း မွတ္မိတယ္"

သူအသံက ေဘာက္ဆတ္ဆတ္ျဖစ္ေနဆဲ။

"ဟင္း. ဒါေတာင္ ကိုကိုက ကြၽန္ေတာ္ကို မခ်စ္ဘူးေနာ္"

ရယ္သံတိုးတိုးက သူ႔အေသြးအသားေတြကို
ထိုးစြေနျပန္သည္။ ေလွာင္ရယ္ေနတာကိုအသားမက်စြာ ညခ်မ္းေအးကိုစူးစိုက္ၾကၫ့္မိသည္။

မျမင္ရဘူးဆိုေပမဲ့ ဒီကေလးစိတ္မၾကည္ေနတာ ဝမ္းနည္းေနတာကိုအတိုင္းသားခံစားသိရိွေနျပန္သည္။

" ကြၽန္ေတာ္ပင္ပန္းေနတာေတာင္ တစ္ေန့ ကိုကို ကြၽန္ေတာ္ကိုလက္ခံလာမွာပဲဆိုတဲ့ခံစားခ်က္နဲ႔ ေစာင့္ေနခဲ့တာ ။ ကိုကို ျပန္မခ်စ္ရင္ေတာင္ အတိတ္က ခ်စ္ဖူးခဲ့ခံစားခ်က္ေတြအနည္းငယ္ေတာ့ ျပန္ႏိုးထလာမွာပဲဆိုတဲ့စိတ္နဲ႔တြယ္ကပ္ေနခဲ့တာပါ။ ကိုကိုမလိုခ်င္ရင္
ကြၽန္ေတာ္ ျပန္မွာပါ။ ဒါေပမဲ့ ကြၽန္ေတာ္ကိုကိုနဲ႔မခြဲႏိုင္ဘူး "

ငိုသံေတြထင္ရွားလာတာေၾကာင့္ စံုသာၿမိဳင္ ဘာလုပ္ရမွန္းမသိျဖစ္လာ၏။

မငိုေစခ်င္သလိုဝမ္းမနည္းေစခ်င္ေပ။

ဒီကေလးစိတ္ဓာတ္က်ေနတာေတြ ေပ်ာ္ျမဴးေနတာေတြ ကို ခိုးခိုးေငးခဲ့ရတဲ့ေန့ေတြ အမ်ားႀကီးပဲဆိုတာ
သူမသိေစခ်င္ခဲ့ေပ။

" ဒါ...ဒါဆို မျပန္နဲ႔ေပါ့ "

"ဟင္"

ရိႈက္သံၾကားမွာ တိုးထြက္လာတဲ့မပီမသ အာေမဋိတ္သံ။

" မျပန္နဲ႔ေလ ။ ႏွင္ထုတ္တယ္လို႔ ငါ့ကိုနာမည္ဆိုးမတက္နဲ႔။ မင္းေနခ်င္လို႔ေနခဲ့တာ တစ္ႏွစ္ေတာင္မကေတာ့ဘူး "

"ဒါေပမဲ့ ကိုကို က မခ်စ္..."

"ေဟးတိတ္  ကေလးကလားေတြ။ မင္းမွာ အေမရိွေသးတယ္ ။ သူ႔ကိုခဏေလာက္ျဖစ္ျဖစ္ ျပန္‌ ေတြ့ဖို႔ပဲတိုက္တြန္းတာ။ မင္းဘာသာ အၿပီးျပန္ခ်င္လည္းမတက္ႏိုင္ဘူးသိလား"

ႏွဖူးေပၚက် မေနတဲ့ ခပ္တိုတိုဦးေရကပ္ေနတဲ့ဆံပင္ကိုထိုးဖြပစ္ကာ ရွက္တဲ့စိတ္ကိုဖံုးမိေပမဲ့ နားရြက္ဖ်ားေတြပူတက္လာ၏။

သူ႔စကားအဆံုး၌ တင္းခနဲ ေထြးဖက္လာတဲ့ခါးက လက္တစ္စံု။ အနည္းငယ္ေနရခက္သြားတာေၾကာင့္
သူကိုယ္လံုးႀကီးေတာင့္ခနဲျဖစ္၍သြား၏။

"ဟင့္အင္ တစ္ေယာက္ထဲ မျပန္ခ်င္ဘူး ။ ကိုကိုေရာ လိုက္ခဲ့ေပးေနာ္။ ေမေမ့အိမ္မွာ ဆယ္ရက္ေလာက္ေနၿပီးအတူျပန္လာမယ္ေနာ္ "

" ...."

"ေနာ္လို႔ ကိုကို။ ျပန္လိုက္ပို႔ေနာ္ "

"ေအးပါ... ဖယ္ပါဦး ခုေတာ့။ မင္းဖက္ထားတာ ေနရခက္တယ္ကြ"

"ကိုကိုေနာ္အရင္ကဆို သူပဲအၿမဲလာလာဖက္ေနၾကဟာကို"

"ဟိတ္.."

ကိုကိုေအာ္သံေၾကာင့္ သူရယ္သံေတြမဆဲေတာ့ေပ။
ခါးေပၚမွာျဖည္းျဖည္းျခင္း တိုးဖက္လာတဲ့ လက္တစ္စံုေၾကာင့္ ညခ်မ္းေအး ေပ်ာ္သြား၏။
သူအတိတ္ေမ့ေနတုန္းကလည္း ကိုကို႔ကိုခဏအတြင္းျပန္မွတ္မိႏိုင္အသားက်ႏိုင္ခဲ့ေပမဲ့ မာနႀကီးအေခ်ႀကီးတဲ့ကိုကိုကေတာ့ ပိုပိုသာသာေမ့ေနခဲ့သည္

ဘာပဲေျပာေျပာမသိစိတ္ကေတာ့ခ်စ္ၿမဲခ်စ္ဆဲပါပဲေနာ္။ခုထိ အတိအလင္းမေျပာေသးေပမဲ့ကိုကိုခ်စ္ေနတာ သူသိသားပဲ။ မ်က္ရည္လည္ရြဲကို ကိုကို႔ရင္ဘတ္နဲ႔ပြတ္သုတ္ရင္း ၿပံဳးရျပန္သည္။

ပိုးစုန္းၾကဴးေလးလိုပဲ ကိုကိုက သူ႔ရဲ့လမ္းျပၾကယ္ေလး။

ေမွာင္ရီပ်ပ်မွာ တိုးထြက္လာတဲ့ ပိုးေကာင္တို႔ရဲ့အသံႏွင့္အတူ ေျပးလႊားေဆာ့ကစားေနတဲ့အစိမ္းေရာင္အလင္းတန္းငယ္တို႔ကိုေငးကာ အခ်ိန္ၾကာႀကီးခ်စ္ခဲ့ရတဲ့ကိုကို႔ကိုေထြးဖက္၍ထားလိုက္သည္။
တစ္စံုတစ္ေယာက္မွာ ေထြးဖက္ခြင့္ရတဲ့ရင္ခြင္တစ္စံုရိျွခင္းဟာ ဘုရားေပးတဲ့ဆုလာဒ္။

ေက်းဇူးပါကိုကို
အတိတ္မွာေရာ အနာဂတ္မွာေရာ အတူရိွေနခြင့္ေပးလို႔

ၿပီးပါၿပီ

အိမ္စည္။



Bạn đang đọc truyện trên: ZingTruyen.Xyz