ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
36
"ဟုတ်တယ်မေမေ ။ သားဝတ်ထားတယ် "
"...."
"ကြိုက်တယ် ဒါပေမဲ့ အရောင်နည်းနည်းရင့်နေလို့။ သား က အေးတဲ့အရောင်လေးတွေပိုကြိုက်တယ်"
"..."
"ကိုကိုလား...ရှိတယ်လေ ။ အလုပ်မသွားတာကြာပြီ ။
ဟုတ်တယ်...မီးဖိုချောင်ထဲမှာ "
"....."
"အာ...မခိုင်းပါဘူး။ အရီးမြိုင် နေသိပ်မကောင်းလို့ "
သူစားချင်တယ်ပြောလို့ လက်ဖက်သုပ်ပေးရတာကို အမေဖြစ်သူအား လိမ်နေသေးသည်။
အလုပ်မသွားဘူးဆိုတာက အရီးမြိုင်အား နားနားနေဖို့ ရွာပြန်လွှတ်လိုက်တော့ အိမ်မှာ သူတစ်ယောက်ထဲ စိတ်မှမချတာ ။ အလုပ်က သွားသည်ဖြစ်စေမသွားသည်ဖြစ်စေ ကိုသက်ခိုင်၊ဘမှောင် ချစ်ထွန်းတို့က အလကားထားတာမဟုတ်။
"ဘာတဲ့လဲ"
လက်ဖက်ပန်းကန်ကိုချကာမေးလိုက်တော့ လူဖက်ကိုတိုးလာကာ ပခုံးကိုမှီပြီး ဇွန်းကိုလှမ်းသည်။ အရင်က ပွေ့ဖက်မရင်းနှီးခဲ့သမျှ အတိတ်မေ့ပြီးနောက်လူပြောင်းလဲသွားသလိုပဲ ဂျွတ်ဆတ်ဆတ် စကားပြောတက်လာသည်။
အနည်းငယ်ရဲတင်းပြီး လိုချင်တာဖြစ်ချင်တာကို နှုတ်ခမ်းဆူတက်လာသည်။
အရင်က ညချမ်းအေးကို ချစ်သလို ခုပုံလေးကလည်း သူ့ကိုစိတ်လှုပ်ရှားစေသည်။
"မေမေက အလည်လာခဲ့ဖို့ခေါ်နေတာ။ ဒီတစ်ခါ ကိုကိုအားရင် လိုက်ပို့"
" အင်းပါ။ သွားလို့သာ သွားရမှာ ယောက်ခမကြီးတော့ ကိုကိုကြောက်တယ်"
ဒေါ်ရွှေဧကရီ၏ အနေတည်တည်မျက်နှာထားကြောင့် ကျက်သီးမွှေးညင်းတောင်ထောင်ထွက်လာသည်။
စကားပြောလည်းပြတ်ပြတ်၊ ဟိုတစ်ခါ ညချမ်းအေး
စိတ်ကောက်တုန်းကတောင် ဖုန်းဆက်ပြီး ပြန်ခေါ်သေးသည်။ ပြန်အဆင်ပြေသွားလို့သာ။ မဟုတ်ရင် ယတိပြတ် ငါ့သား မပျော်တဲ့အရပ်မှာ ထပ်မထားဘူး ဟု ပြောမှာသေချာသည်။
ကိုယ်က သူ့သားမှသူ့သားဆိုတော့လည်း...
" ဟေး အများကြီးမစားနဲ့"
ကလေးတစ်ယောက်လို ဇွန်းအပြည့် ထည့်နေတဲ့လက်တွေကြောင့် လူကမျက်လုံးပြူးရသည်။
ဒါတောင်းဟီးခနဲရယ်ပြပြီး ထည့်လိုက်တဲ့ပါးစပ်ထဲမှာ
ပါးဖောင်းအောင်ထိ အပြည့်။
" သိပ်မစားပါဘူးကိုကိုရဲ့"
" မစားဘူးမစားဘူးနဲ့ ပန်းကန်တစ်ဝက်ကျိုးနေပြီ"
" ကိုကိုနော် ငြိုငြင်တာလား"
" ပြီးခဲ့တဲ့တစ်ရက်က ဗိုက်အောင့်တာ ဘယ်သူလဲ"
" အဲ့ဒါ သရက်ပေါင်းတွေစားလို့ "
ဆင်ခြေဆင်လက်တွေမရပ်မနားထွက်လာမှာ မြင်ယောင်နေတာမို့ သက်ပြင်းချကာ ဒီတိုင်းကြည့်နေရတော့သည်။
"နေ့ခင်း ကိုကို အလုပ်သွားရမယ်။ ချမ်းအေး အိမ်နေခဲ့နော် အပြင်တွေလျှောက်မထွက်နဲ့"
စက္ကန့်ဆီကနေ ကြားရတဲ့သတင်းကသိပ်မကောင်း။
နယ်စပ်ဖက်မှာ ပြီးခဲ့လက ဦးခမ်းစက်ပိုင်ကိုတွေ့ရသည်ဆိုတဲ့သတင်းတွေကြောင့် ဒီရက်ပိုင်း ချမ်းအေးကိုသာအရိပ်တကြည့်ကြည့်။
ကျားနာဆိုတာ လျော့တွက်လို့ မရဘူးဆိုတာ သင်ရိုးညွန်းတမ်းမရှိပေမဲ့ သူနားလည်ထားသည်။
"ဟာ တစ်ယောက်ထဲမနေချင်ပါဘူး။ အိမ်မှာ ဘယ်သူမှလည်းမရှိဘူး"
" ကူးကူးကျောင်းပိတ်တယ်လေ ။ ခေါ်ထားတယ်"
"ဟင့်အင် သူနဲ့မဆော့ချင်ဘူး။ ကျွန်တော်ကလေးမဟုတ်ဘူးနော် ကိုကို"
"ဟွင်း... ကလေး မဟုတ်ဘူးလား ကိုကိုဘာလို့ ချမ်းအေးကိုလူကြီးလို့မထင်တာပါလိမ့်"
ကိုကို့စကားတွေကြောင့်ညချမ်းအေးမျက်နှာရဲသွား၏။ ဒီရက်ပိုင်း အဆုံးစွန်ထိပတ်သက်မူ့တွေကို ကို့ကိုဖက်ကအစပြုလာပေမဲ့ကြောက်ရွံ့တဲ့စိတ်ကြောင့် သူအမြဲငြင်းဖယ်ခဲ့သည်။ ကိုကိုရဲ့ပြုစုယုယမူ့တွေက သွေးသားဖလှယ်တာမဖြစ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းလာခဲ့ပြီဖြစ်သည်။
"ကိုကိုနော် .. လျှောက်စမနေနဲ့ ကျွန်တော်အလုပ်ကိုကိုကိုနဲ့အတူတူလိုက်မှာ "
"ဟုတ်ပြီကွာ လိုက်ခဲ့။ ဟိုရောက်မှ ပျင်းတယ်ဘာညာမပြောကြေး"
"အိုကေ "
လက်မနဲ့လက်ညိုးဝိုင်းကာပြတော့ ကိုကိုကလက်နဲ့ပါးကိုလာဖျစ်၏။
" ကလေးကျနေတာပဲ"
" ကိုကိုနော်"
ညချမ်းအေး ညူစူသံကြောင့် ကိုကိုရယ်သံသဲ့သဲ့ထွက်လာ၏။
ခေါင်းမော့ကာ ရယ်နေတဲ့မျက်နှာကိုကြည့်၍ ရင်ခုန်ရတာ အတောမသတ်တော့ပေ။
ကိုကို့ကိုချစ်လိုက်တာနော်
.......
ပွမ်ပွမ်!!
ကားဟွန်းကို စိတ်မရှည်တော့ကိုယ်တိုင်ထတီးလိုက်တော့ ကိုကိုက ကားကိုဆွဲ၍ ပြန်ထိုင်ခိုင်းသည်။
ခြံရှေ့တည့်တည့်မှာ ကူးကူးမ က လက်နှစ်ဖက်ကို ပိုက်၍ မကျေမနပ်ကြည့်နေသည်။
" ကူးကူးရေ ဖယ်ဟ"
" ခေါ်ပါအုံး ကိုသက်ခိုင်ရာ။ ဒီမှာ အပြင်သွားမလို့ပါဆို"
ကိုသက်ခိုင်က သူ့သမီးကိုပြေးမဆွဲရဲပေ။ ကူးကူးစိတ်ကောက်တိုင်း ပြာယာခတ်နေတက်တာအကျင့်ဆိုပေမဲ့ ရှိတာ အဖေတစ်ခု သမီးတစ်ခုမူ့လိုတာထက်ပိုဂရုစိုက်တာ အမြဲလိုဖြစ်၏။
" ဦးဦးနော် ဖေကြီးက သမီးဖေကြီးပါ ။ ဖေကြီးအပြင်သွားတာ သမီးလိုက်တော့ ဘာဖြစ်မှာလဲ"
" ဖြစ်တာပေါ့ ။ ဟိုမှာ နင့်အဖေတစ်ယောက်ထဲနေခဲ့ရမှာ မသနားဘူးလား "
"သနားပါဘူး ။ ဖေသက်နဲ့ကနေ့တိုင်းအတူနေတာ။ ဖေကြီးဆီကကျောင်းပိတ်မှလာရတာ။ ဖေကြီးသမီးရော လိုက်မယ်နော်တံခါးဖွင့်ပေး"
ကူးကူးတံခါးဘေးလာရပ်ကာ ပြောတော့ စုံသာမြိုင်က ပြုံးကာ ညချမ်းအေး ပါးကိုလာဖျစ်သည်။
"ခေါ်လိုက်ပါကွာ ချမ်းအေးကလိမ်မာပါတယ်နော်"
" ဟွန့်"
မျက်စောင်းထိုးကာ တစ်ဖက်လှည့်သွားတုန်းကားတံခါးဖွင့်ကာ ကုတ်တွယ်တက်လာတဲ့ ကူးကူးမက လူကိုကြည့်ကာရယ်ပြလေသည်။
ရှေ့သွားနှစ်ချောင်းပြန်ပေါက်လာတာရော
လူက အသားလေးဖွေးကာနေတက်လာတာရောကြောင့် ကူးကူးက အရုပ်လေးလိုပင်။
" ဖေသက် တာ့တာ"
" တာ့တာသမီးလေး။ လိမ်လိမ်မာမာနေ ဖေကြီးကိုမဆိုးနဲ့"
ကားမောင်းထွက်လာတော့ ကူးကူးက ညချမ်းအေးပေါ်ကနေ သူ့အဖေကိုလက်ပြလို့မပြီးနိုင် ။
" ဟူး ... ဖေသက်ကိုလည်း မိန်းမပေးစားမှဖြစ်တော့မယ်"
"အမယ် လူကြီးစကားပြောလို့"
"ဦးဦးနော် ဖေကြီးတုန်းကလည်း မေမေလေးမရချင်ဘူးပြောလို့ ဦးဦးနဲ့ရတာကိုများ"
" ကိုကို ... ကိုကို့သမီးပြောတာ ဟုတ်လား"
ညချမ်းအေး မျက်နှာ စူပုတ်လာတာမြင်တော့ ကားမောင်းရင်း စုံသာမြိုင်ရယ်တော့သည်။
" ကလေးနဲ့တုပြီးကွာ "
ဆံပင်ကိုလာဆွဲဖွတဲ့လက်ကြီးကိုတွန်းဖယ်ကာ သူ့ပေါင်ပေါ်က ကူးကူးကို ကြည့်လိုက်သည်။
ဒါလေးကိုအရင်က သူသိပ်ချစ်သည်တဲ့။
အခုများတော့နည်းနည်းမှမတည့်ပေါင်။
" ဘာပဲပြောပြော ကိုကိုက ခုငါ့ကိုကိုဖြစ်နေပြီ။ "
" ကူးကူးဖေကြီးပါဆို "
" ငါ့ကိုကို။ ငါ့ကို ပိုအချစ်ဆုံး "
" ဟူး... ဦးဦးက ကလေးဆန်လိုက်တာ ။ ရပါတယ်
ကူးကူးမှာ ပြည့်ပြည့်ရော အန်ကယ်မိုးရော ဦးဦးချစ်ထွန်းရော ရှိမှတော့ ဖေကြီး ပိုမချစ်လည်းဘာမှမဖြစ်ပါဘူး"
" ကိုကို့!!"
စိတ်တိုစွာ ကိုကို့ဖက်ကိုလှည့်ကာအော်တော့
ကူးကူးက နှုတ်ခမ်းပိတ်ကာ ရယ်သည်။
အလကားလူရှုပ်မ။
အင်္ဂလိပ်ကျောင်းမှာတက်တော့ ကူးကူးကအရင်တော့ အအ မလေး မဟုတ်တော့။ လည်လိုက်တာမှမွတ်လို့။
သူ့သမီးအကျောင်းသိတော့ ကိုကိုက ရယ်ပဲနေနေတော့သည်။ ကူးစလေ ကိုကိုရယ်လေ ညချမ်းအေး စိတ်ဆိုးလေဖြစ်နေတော့လည်းခက်သား။
ကိုကိုက ညချမ်းအေး ကူးကူးလောက်တောင်မချစ်ပါဘူး။
_____
"ချစ်ထွန်း ဘယ်မှာလဲ "
" ကိုထွန်း သင်္ဘောပေါ်သွားတယ် ဆရာ"
ညချမ်းအေး ထိုင်ကြည့်နေတုန်းမှာ ကားတွေ တစ်စီးပြီးတစ်စီးဝင်လာ၏။
ကိုကိုပိုင်တဲ့ဆန်ဂိုထောင်ဆိုတာကြီးကနည်းတာကြီးမဟုတ်။
တစ်မြို့လုံးမှာ ချမ်းသာ ဆန်ဆိုင်လက်ခွဲတွေအများကြီးရှိသလို ခုလည်း သင်္ဘောနဲ့ ပို့ရမှာမို့ လာယူတဲ့ ကားတွေမှာမနည်းမနော။
သွပ်ဘယ်နှစ်ချပ်ဖြင့် မိုးထားသလဲမသိတဲ့ဂိုထောင်ဆိုတာကြီးကိုမော့ကြည့်ပြီး ကိုကို့အတွက်ကျေနပ်သွားရသည်။
ဆန်အိတ်ပေါင်းသိန်းချီရှိမည်ထင်ရသောကုန်ဂိုထောင်အသာထား ဧကများစွာရှိသော ယခုခြံကပင်
ဈေးကခေါင်ခိုက်နေသည်။
ဒီကနေတဆင့် သင်္ဘောဖြင့်ပို့ရသလို
ကိုကိုပိုင်တဲ့ လယ် တွေ ဆန်စက်တွေကလည်း အဓိကမြို့တွေမှာ မနည်းမနောပင်။
ဆန်လှောင် စပါးလှောင်ထားပြီး တက်ဈေးနှင့်မိတဲ့အခါ ကိုကို့ရဲ့ ဆန်အမြတ်ငွေ။ ဆီသန့်ထုတ်ပြီး နိုင်ငံခြားတင်ပို့သော ဈေးကွက်ဖြင့် ချမ်းသာ ဆီ ၏
ဂုဏ်သတင်း။ ကိုကိုက တော်ရုံလူမဟုတ်လို့ပဲ မေမေ လက်ခံတာနေမှာပေါ့ဟုတွေးမိပေမဲ့ မေမေသည်လည်းငွေရှားနေတဲ့မိန်းမမဟုတ် ။
ကိုကို့က သူ့ကို အရင် ကလေးလေးကတည်းက ချစ်တာတဲ့။
ကိုကို့အကြောင်းတွေးမိပြီး ကိုကိုရှိရာ ကြည့်တော့
စာရေးမလေးသုံးယောက်က ဘေးမှာ လက်မှတ်ထိုးခိုင်းဖို့ရပ်စောင့်နေတာတွေ့ရသည်။
သူအမြန်ပြေးသွားကာ ကိုကို့ဘေးကပ်တိုးထိုင်တော့
ဆံပင်ကို ဖွဖွ ထိုးဖွလာ၏။
" ချမ်းအေး ခဏနော် ကိုကိုပြီးတော့မယ် ဗိုက်ဆာပြီလား"
အတင်းလိုက်လာတဲ့ မိကူးတစ်ယောက်ဘေးမှာ အိပ်ပျော်နေတာတွေ့တော့ သူခေါင်းရမ်းပြလိုက်သည်။
" အလကားကူးကူးမ ချစ်တယ်ဆိုပြီး သေချာ ကြည့်မထားဘူး"
ကိုကိုမကြားအောင်တိုးတိုးလေးပြောပြီး အိပ်ချင်နေတဲ့မျက်လုံးတွေကိုရအောင်ပြူးထားရသည်။
ကောင်မလေးတွေကိုကို့ဘေးရောက်မလာအောင် သူသေချာစောင့်ကြည့်ရမည်။
ဒီလောက်ချောမောခန့်ညားတဲ့ကိုကိုက သူ့ချစ်သူ။
ဒီတစ်ခါပြန်ရင်မေမေ့ကိုပြောရမည်။
ကိုကိုနဲ့ပဲ နေတော့မယ်လို့။ ကိုကို လှုပ်လို့မရအောင်
ဦဏကြီးတို့ အဖွဲ့ထဲလူတချို့ စောင့်ကြည့်ခိုင်းထားပေးလို့လေ ။ ဒီကိုကိုချောပုံမျိုးဆို ကောင်မလေးတွေ လုချင်လုနေမှာ။ မဟုတ်တောင် ငယ်လေးတွေရော ဖြူလေးတွေရော စုံနေတာပဲ မဟုတ်ဘူးလား။
" ရပြီမဟုတ်လား။ ဘမှောင် ဘယ်မှာလဲ"
"အဝင်အထွက် စာရင်းစစ်နေတယ် ဆရာ။ "
" အဲ့ဒါတွေ သူလုပ်ရမှာ မဟုတ်ဘူး။ တာဝန်ခံတွေဘယ်သွားလဲ ။ ဘမှောင်ကို ဒီခေါ်ခဲ့ "
တအိအိပိကျလာတဲ့ ခေါင်းကိုသေချာပခုံးပေါ်ဖိတင်ရင်း လက်မောင်းသားကို လက်တစ်ဖက်ဖြင့် ဆွဲဖက်ထားရသည်။ အပူအပင်ကင်းစွာ အိပ်နိုင်တဲ့ကလေးနှစ်ယောက်ကိုကြည့်ကာ အလုပ်ပူနေပေမဲ့ ရင်ထဲအေးနေသည်။
" ဘမှောင် ကျုပ်ပြန်မလို့ "
အခြေအနေကိုနားလည်စွာ ဘမှောင်ခေါင်းညိတ်တဲ့အခါ လည်ပင်ကြားကိုခေါင်းတိုး အိပ်နေတဲ့ကောင်လေးကို ပါးကိုဖျစ်၍ နှိုးရတော့သည်။
" အင်း... မလုပ်နဲ့"
" ထတော့ ။ ပြန်ရအောင် "
မျက်စိပေါက်မှေးနေအောင်ဖွင့်၍ ထရပ်လာသည်မို့ သူခေါင်းရမ်းမိသည်။ သို့သော်လည်းချစ်နေရတာပဲမို့ သူလွယ်လာတဲ့ အိတ်သေးသေးကို စလွယ်သိုင်းကာ
ကူးကူးကိုပွေ့ချီရသည်။ ကလေးတစ်ဖက် ကလေးလူကြီးတစ်ဖက်ကို လက်ကဆွဲ၍ ကားဆီလာတဲ့တလျှောက်လုံး လူက ငူတူငိုင်တိုင်ဖြစ်နေဆဲမို့ ပါးကိုဆွဲညစ်မိသည်။
"မျက်လုံးသေချာဖွင့်ကြည့်စမ်းကွာ"
"အင့်ဟင် ကားပေါ်ရောက်ရင် ပြန်အိပ်မှာ ..စကားလာမပြောနဲ့ အိပ်ချင်စိတ်ပြယ်သွားမယ်"
"ဟာကွာ"
တကယ်လည်း ကားပေါ်ရောက်တာနဲ့နောက်မှီလျောကာပြန်အိပ်ပြန်သည်။ ညက ဘယ်ချိန်ထိဂိမ်းဆော့နေပြန်တာလဲ။ ကူးကူးကို သူ့ရင်ဘတ်ပေါ်တင်ပေးတော့ အလိုက်တသင့်သိုင်းဖက်လာတာမို့ ဆံပင်လေးကိုချစ်စနိုးပွတ်ပေးမိပြန်သည်။ နိုးနေရင်ရန်ဖြစ်နေမည်။ အိပ်ပျော်နေတော့နှစ်ယောက်သားဖက်တောင်အိပ်နေကြသေးသည်။ ကားစက်မောင်းမယ်ကြံနေတုန်း စက်ရုံထောင့်နေရာမှာ လူရိပ်က လှစ်ခနဲဝင်ပြေးသွားတာမို့ အလုပ်သမားတွေ ဂျောင်ခိုနေတာလားဟု
စိုးရိမ်သွား၏။
ဒီကိစ္စကို ချစ်ထွန်းကိုသေချာပြောရအုံးမည်။
အမြဲမလာဖြစ်ပေမဲ့ အုပ်ချုပ်ရတဲ့ လူဦးရေက ရာချီနေတာမို့ အလွန် အင်မတန် သတိထားရသည်ကို သူသိသည်။
" အပြန် ရေခဲမုန့်ဝင်စားကြမလား "
ရင်ဘတ်ပေါ်မှောက်ကာ အိပ်ချင်စိတ်မပြယ်သေးတဲ့
ကူးကူးက ရေခဲမုန့်အသံကြားတော့ခေါင်းထောင်လာသည်။ ညချမ်းအေးကတော့ တုတ်တုတ်မှမလှုပ်သေး။
လမ်းမှာကူးကူးအကြိုက်ရေခဲမုန့်ကိုဝယ်ကျွေးပြီး
ညချမ်းအေးအကြိုက် ငှက်ပျောကိတ် ဝယ်ကျွေးကာ
အိမ်ပြန်လာတော့ ညနေလေးနာရီထိုးနေပြီဖြစ်သည်။
" ချမ်းအေး ညကို ကိုကိုနဲ့လာအိပ် ။ ညညတော်တော်နဲ့မအိပ်ဘူးမို့လား။ ကိုကိုမကြိုက်ဘူးနော်။ ကျန်းမာရေးက အဓိကပဲ ။ မဟုတ်ရင်ဖုန်းသိမ်းရလိမ့်မယ်"
မိုးချုပ်တဲ့အထိ ဖုန်းက လက်ကမချသေး။
အတူတူအိပ်တဲ့အခါအိပ်ပေမဲ့ ညချမ်းအေးက တစ်ခါတလေ သူအခန်းပြန်အိပ်တက်သေးသည်။
လုပ်ချင်တာလုပ်ရအောင် ပြန်အိပ်မှန်းသိပေမဲ့ မိုးချုပ်သန်းခေါင်ဂိမ်းစွဲနေတာတော့ စုံသာမြိုင်မကြိုက်ပေ။
စာရင်းစာရွက်တွေကိုတဖျတ်ဖျတ်လှန်နေပေမဲ့ ခုထိ ဖုန်းမှန်ပြင်မှာ လက်ကရွေ့နေတာမို့ စာရိုက်နေတာသတိထားမိလိုက်သည်။
ဘယ်တုန်းက အကောင့်ဖောက်လိုက်သည်မသိ
စကားတွေပြောနေတက်တာကို မကြာခဏတွေ့နေရသည်။ စိတ်ထဲမကြိုက်တာက မကြိုက်တာမို့ လုပ်လက်စစာရင်းစာရွက်တွေကို ကိုင်ထားရင်း သေချာစူးစိုက်ကြည့်မိသည်။ သူကြည့်နေတာအတော်ကြာတဲ့အထိသူ့ဖက်ကို စိတ်မဝင်စားလာပေ။ စာရေးရင်းပြုံးနေတာကိုကြည့်ကာရင်ထဲပူလောင်လာ၏။
" ချမ်းအေး ကိုကိုပြောနေတာကြားလား"
" ဟင်.. ကိုကို ဘာပြောတာ "
" ကျစ်"
စိတ်ပျက်စွာ စုတ်သပ် လိုက်တော့ ဖုန်းကို ကပြာကယာပစ်ချသည်။
" သူငယ်ချင်းတွေနဲ့စကားပြောနေတာပါကိုကိုရာ"
ဆံပင်တွေကို စိတ်ပျက်စွာထိုးသိပ်ထည့်လာတဲ့အခါ ဆံနွယ်တွေက နုအိစွာ ပြန်ပြိုဆင်းလာတာ အလွန်ချစ်စရာကောင်းသော်ငြား သူမျက်ခုံးတွေ တွန့်ကွေးနေဆဲပင်။
" မင်းမှာ သူငယ်ချင်းရှိတယ်လို့မကြားမိပါ့လား။ ဘယ်တုန်းကလဲ။ ဘယ်သူလဲ"
" လိုင်းပေါ်ကမိတ်ဆွေလည်း သူငယ်ချင်းမဟုတ်ဘူးလား။ ကိုကိုမမိုက်ပါဘူးကွာ။ နေရာတကာ လိုက်ချုပ်ချယ်မနေနဲ့ ။ကျွန်တော်မကြိုက်ဘူး"
ပြောရင်း စောင့်ခနဲ အိပ်ယာပေါ်ကနေ ခေါင်းဦး ပွေ့သွားတာမို့ အပေါ်ခန်းမှာ သွားအိပ်တော့မှာမှန်း သိလိုက်ရသည်။
ခုရက်ပိုင်း ညချမ်းအေးပြောမကောင်းတော့ ပေ။
နေရာတကာ လိုက်ပြောနေတာလည်းချစ်လို့ပဲမဟုတ်ဘူးလား။ စိတ်ပူရတာ စိတ်မောရ မင်းခံစားဖူးမှာမဟုတ်လို့ သိတက်မှာမဟုတ်ဘူး။ နှစ်ကြိမ်နှစ်ဘဝမျှ ကြုံဖူးပြီးပြီမို့ လူတွေကို သူမယုံသလို ချမ်းအေးအသက်နဲ့လည်းလောင်းကြေးမထပ်နိုင်။
ချမ်းအေးကိုကို့ကို စိတ်ပူအောင်မလုပ်ရင်ကောင်းမယ်။
စာရင်းစာရွက်ပေါ်မှာ ရေးထားတဲ့ စာတွေကိုပါ မဖတ်နိုင်တော့တဲ့အထိ သူစိတ်ထဲမောနေ၏။
______
"ဒါဘယ်လဲ"
" သူငယ်ချင်းတွေနဲ့ သွားတွေ့မလို့"
" ခုရက်ပိုင်း ခေါက်ရေစိတ်လာတဲ့အပြင်ထွက်မူ့တွေကြောင့် စုံသာမြိုင် ဘာလုပ်ရမှန်းမသိဖြစ်လာ၏။
"မသွားပါနဲ့လား။ ဒီမှာ ကလေးကြိုက်တဲ့ ကိတ်မုန့်လေး ကိုကို အပင်ပန်းခံ လုပ်ထားရတာ ။ အလုပ်အားရက်လေး ကိုကိုနဲ့အတူတူမနေချင်ဘူးလား"
"ဟာ ... ကိုကိုကလည်းကွာ။ ကလေးကျနေတာပဲ။
ကျွန်တော် တစ်ခါမှ ခုလို အပေါင်းအသင်းရှိတာမဟုတ်ဘူး။ တစ်ခါတစ်လေလေး တွေ့ရပျော်ရတာငယ်တုန်း ခုလိုနေရတာ ။ မရစ်စမ်းနဲ့ကွာ။ "
"အချိန်ကိုလည်းကြည့်အုံးလေ ။ ညနေသုံးနာရီကျော်နေပြီ။ ဒီချိန်သွားရင်ဘယ်ချိန်ပြန်လာမှာလဲ ။ အရမ်းမိုးချုပ်ရင် ကိုကိုစိုးရိမ်နေမှာ မင်းမသိဘူးလား"
" ကလေးမဟုတ်ဘူးလို့ပြောပြီးပြီမဟုတ်လား။ ကိုကိုအရမ်းရစ်နေတာ စိတ်ရှုပ်ဖို့ကောင်းနေပြီ။
"ချမ်းအေး...မင်း"
ပြောပြီးထွက်သွားတဲ့သူက ဘာမှမဟုတ်တဲ့အတိုင်း။
ငှက်ပျောကိတ်ပန်းကန်ကိုချကာ စိတ်ပျက်စွာ ထမင်းစားခန်းမှာ ထိုင်နေမိတာ အတော်ကြာတဲ့အထိပင်။ မနက်က အလုပ်ကို အစောကြီးသွားကာ
အစည်းဝေးပွဲ လုပ်ခဲ့သည်။ဝန်ထမ်းတွပိတ်ရက်ဆိုပေမဲ့ တာဝန်ရှိသူတွေက ပိတ်ရက်တွေဘာတွေရှိမနေ။
နေ့ခင်းပြန်လာတော့ချမ်းအေးကအိပ်နေဆဲ။
တနေကုန် ခေါင်းကိုက်နေတာတောင်မှာ ပိတ်ရက်နေ့တပိုင်းကို အတူတူ တီတီတာတာ ပြောနေချင်သည်။
ကလေးကြိုက်တဲ့မုန့်လေး လုပ်ပေးရင်း စကားလေးဘာလေးပြော လိုချင်တာလေးဝယ်ပေးဖို့စိတ်ကူးထားခဲ့ရတာဖြစ်သည်။
ညချမ်းအေး အရင်လို မဟုတ်တာ့ဘူးဆိုတာ သိတော့ရင်ထဲမကောင်းပေ။
ကိုယ်က သူ့အပေါ် ချစ်ရာမရောက် စိတ်ရှုပ်ရာဖြစ်နေပြီလားတွေးမိကာ မျက်ရည်တစ်စက်က ပါးပေါ် စီးကျလာသည်။ ဒီလိုကျတော့လည်းအရင်ချမ်းအေးလကို ပြန်လိုချင်မိပြန်သည်။
"ဟုတ္တယ္ေမေမ ။ သားဝတ္ထားတယ္ "
"...."
"ႀကိဳက္တယ္ ဒါေပမဲ့ အေရာင္နည္းနည္းရင့္ေနလို႔။ သား က ေအးတဲ့အေရာင္ေလးေတြပိုႀကိဳက္တယ္"
"..."
"ကိုကိုလား...ရိွတယ္ေလ ။ အလုပ္မသြားတာၾကာၿပီ ။
ဟုတ္တယ္...မီးဖိုေခ်ာင္ထဲမွာ "
"....."
"အာ...မခိုင္းပါဘူး။ အရီးၿမိဳင္ ေနသိပ္မေကာင္းလို႔ "
သူစားခ်င္တယ္ေျပာလို႔ လက္ဖက္သုပ္ေပးရတာကို အေမျဖစ္သူအား လိမ္ေနေသးသည္။
အလုပ္မသြားဘူးဆိုတာက အရီးၿမိဳင္အား နားနားေနဖို႔ ရြာျပန္လႊတ္လိုက္ေတာ့ အိမ္မွာ သူတစ္ေယာက္ထဲ စိတ္မွမခ်တာ ။ အလုပ္က သြားသည္ျဖစ္ေစမသြားသည္ျဖစ္ေစ ကိုသက္ခိုင္၊ဘေမွာင္ ခ်စ္ထြန္းတို႔က အလကားထားတာမဟုတ္။
"ဘာတဲ့လဲ"
လက္ဖက္ပန္းကန္ကိုခ်ကာေမးလိုက္ေတာ့ လူဖက္ကိုတိုးလာကာ ပခံုးကိုမွီၿပီး ဇြန္းကိုလွမ္းသည္။ အရင္က ေပြ့ဖက္မရင္းႏွီးခဲ့သမ်ွ အတိတ္ေမ့ၿပီးေနာက္လူေျပာင္းလဲသြားသလိုပဲ ဂြၽတ္ဆတ္ဆတ္ စကားေျပာတက္လာသည္။
အနည္းငယ္ရဲတင္းၿပီး လိုခ်င္တာျဖစ္ခ်င္တာကို ႏႈတ္ခမ္းဆူတက္လာသည္။
အရင္က ညခ်မ္းေအးကို ခ်စ္သလို ခုပံုေလးကလည္း သူ႔ကိုစိတ္လႈပ္ရွားေစသည္။
"ေမေမက အလည္လာခဲ့ဖို႔ေခၚေနတာ။ ဒီတစ္ခါ ကိုကိုအားရင္ လိုက္ပို႔"
" အင္းပါ။ သြားလို႔သာ သြားရမွာ ေယာက္ခမႀကီးေတာ့ ကိုကိုေၾကာက္တယ္"
ေဒၚေရႊဧကရီ၏ အေနတည္တည္မ်က္ႏွာထားေၾကာင့္ က်က္သီးေမႊးညင္းေတာင္ေထာင္ထြက္လာသည္။
စကားေျပာလည္းျပတ္ျပတ္၊ ဟိုတစ္ခါ ညခ်မ္းေအး
စိတ္ေကာက္တုန္းကေတာင္ ဖုန္းဆက္ၿပီး ျပန္ေခၚေသးသည္။ ျပန္အဆင္ေျပသြားလို႔သာ။ မဟုတ္ရင္ ယတိျပတ္ ငါ့သား မေပ်ာ္တဲ့အရပ္မွာ ထပ္မထားဘူး ဟု ေျပာမွာေသခ်ာသည္။
ကိုယ္က သူ႔သားမွသူ႔သားဆိုေတာ့လည္း...
" ေဟး အမ်ားႀကီးမစားနဲ႔"
ကေလးတစ္ေယာက္လို ဇြန္းအျပၫ့္ ထၫ့္ေနတဲ့လက္ေတြေၾကာင့္ လူကမ်က္လံုးျပဴးရသည္။
ဒါေတာင္းဟီးခနဲရယ္ျပၿပီး ထၫ့္လိုက္တဲ့ပါးစပ္ထဲမွာ
ပါးေဖာင္းေအာင္ထိ အျပၫ့္။
" သိပ္မစားပါဘူးကိုကိုရဲ့"
" မစားဘူးမစားဘူးနဲ႔ ပန္းကန္တစ္ဝက္က်ိဳးေနၿပီ"
" ကိုကိုေနာ္ ၿငိဳျငင္တာလား"
" ၿပီးခဲ့တဲ့တစ္ရက္က ဗိုက္ေအာင့္တာ ဘယ္သူလဲ"
" အဲ့ဒါ သရက္ေပါင္းေတြစားလို႔ "
ဆင္ေျခဆင္လက္ေတြမရပ္မနားထြက္လာမွာ ျမင္ေယာင္ေနတာမို႔ သက္ျပင္းခ်ကာ ဒီတိုင္းၾကၫ့္ေနရေတာ့သည္။
"ေန့ခင္း ကိုကို အလုပ္သြားရမယ္။ ခ်မ္းေအး အိမ္ေနခဲ့ေနာ္ အျပင္ေတြေလ်ွာက္မထြက္နဲ႔"
စကၠန႔္ဆီကေန ၾကားရတဲ့သတင္းကသိပ္မေကာင္း။
နယ္စပ္ဖက္မွာ ၿပီးခဲ့လက ဦးခမ္းစက္ပိုင္ကိုေတြ့ရသည္ဆိုတဲ့သတင္းေတြေၾကာင့္ ဒီရက္ပိုင္း ခ်မ္းေအးကိုသာအရိပ္တၾကၫ့္ၾကၫ့္။
က်ားနာဆိုတာ ေလ်ာ့တြက္လို႔ မရဘူးဆိုတာ သင္ရိုးၫြန္းတမ္းမရိွေပမဲ့ သူနားလည္ထားသည္။
"ဟာ တစ္ေယာက္ထဲမေနခ်င္ပါဘူး။ အိမ္မွာ ဘယ္သူမွလည္းမရိွဘူး"
" ကူးကူးေက်ာင္းပိတ္တယ္ေလ ။ ေခၚထားတယ္"
"ဟင့္အင္ သူနဲ႔မေဆာ့ခ်င္ဘူး။ ကြၽန္ေတာ္ကေလးမဟုတ္ဘူးေနာ္ ကိုကို"
"ဟြင္း... ကေလး မဟုတ္ဘူးလား ကိုကိုဘာလို႔ ခ်မ္းေအးကိုလူႀကီးလို႔မထင္တာပါလိမ့္"
ကိုကို႔စကားေတြေၾကာင့္ညခ်မ္းေအးမ်က္ႏွာရဲသြား၏။ ဒီရက္ပိုင္း အဆံုးစြန္ထိပတ္သက္မူ႔ေတြကို ကို႔ကိုဖက္ကအစျပဳလာေပမဲ့ေၾကာက္ရြံ႔တဲ့စိတ္ေၾကာင့္ သူအၿမဲျငင္းဖယ္ခဲ့သည္။ ကိုကိုရဲ့ျပဳစုယုယမူ႔ေတြက ေသြးသားဖလွယ္တာမျဖစ္ေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္လင္းလာခဲ့ၿပီျဖစ္သည္။
"ကိုကိုေနာ္ .. ေလ်ွာက္စမေနနဲ႔ ကြၽန္ေတာ္အလုပ္ကိုကိုကိုနဲ႔အတူတူလိုက္မွာ "
"ဟုတ္ၿပီကြာ လိုက္ခဲ့။ ဟိုေရာက္မွ ပ်င္းတယ္ဘာညာမေျပာေၾကး"
"အိုေက "
လက္မနဲ႔လက္ညိုးဝိုင္းကာျပေတာ့ ကိုကိုကလက္နဲ႔ပါးကိုလာဖ်စ္၏။
" ကေလးက်ေနတာပဲ"
" ကိုကိုေနာ္"
ညခ်မ္းေအး ၫူစူသံေၾကာင့္ ကိုကိုရယ္သံသဲ့သဲ့ထြက္လာ၏။
ေခါင္းေမာ့ကာ ရယ္ေနတဲ့မ်က္ႏွာကိုၾကၫ့္၍ ရင္ခုန္ရတာ အေတာမသတ္ေတာ့ေပ။
ကိုကို႔ကိုခ်စ္လိုက္တာေနာ္
.......
ပြမ္ပြမ္!!
ကားဟြန္းကို စိတ္မရွည္ေတာ့ကိုယ္တိုင္ထတီးလိုက္ေတာ့ ကိုကိုက ကားကိုဆြဲ၍ ျပန္ထိုင္ခိုင္းသည္။
ၿခံေရ႔ွတၫ့္တၫ့္မွာ ကူးကူးမ က လက္ႏွစ္ဖက္ကို ပိုက္၍ မေက်မနပ္ၾကၫ့္ေနသည္။
" ကူးကူးေရ ဖယ္ဟ"
" ေခၚပါအံုး ကိုသက္ခိုင္ရာ။ ဒီမွာ အျပင္သြားမလို႔ပါဆို"
ကိုသက္ခိုင္က သူ႔သမီးကိုေျပးမဆြဲရဲေပ။ ကူးကူးစိတ္ေကာက္တိုင္း ျပာယာခတ္ေနတက္တာအက်င့္ဆိုေပမဲ့ ရိွတာ အေဖတစ္ခု သမီးတစ္ခုမူ႔လိုတာထက္ပိုဂရုစိုက္တာ အၿမဲလိုျဖစ္၏။
" ဦးဦးေနာ္ ေဖႀကီးက သမီးေဖႀကီးပါ ။ ေဖႀကီးအျပင္သြားတာ သမီးလိုက္ေတာ့ ဘာျဖစ္မွာလဲ"
" ျဖစ္တာေပါ့ ။ ဟိုမွာ နင့္အေဖတစ္ေယာက္ထဲေနခဲ့ရမွာ မသနားဘူးလား "
"သနားပါဘူး ။ ေဖသက္နဲ႔ကေန့တိုင္းအတူေနတာ။ ေဖႀကီးဆီကေက်ာင္းပိတ္မွလာရတာ။ ေဖႀကီးသမီးေရာ လိုက္မယ္ေနာ္တံခါးဖြင့္ေပး"
ကူးကူးတံခါးေဘးလာရပ္ကာ ေျပာေတာ့ စံုသာၿမိဳင္က ၿပံဳးကာ ညခ်မ္းေအး ပါးကိုလာဖ်စ္သည္။
"ေခၚလိုက္ပါကြာ ခ်မ္းေအးကလိမ္မာပါတယ္ေနာ္"
" ဟြန႔္"
မ်က္ေစာင္းထိုးကာ တစ္ဖက္လွၫ့္သြားတုန္းကားတံခါးဖြင့္ကာ ကုတ္တြယ္တက္လာတဲ့ ကူးကူးမက လူကိုၾကၫ့္ကာရယ္ျပေလသည္။
ေရ႔ွသြားႏွစ္ေခ်ာင္းျပန္ေပါက္လာတာေရာ
လူက အသားေလးေဖြးကာေနတက္လာတာေရာေၾကာင့္ ကူးကူးက အရုပ္ေလးလိုပင္။
" ေဖသက္ တာ့တာ"
" တာ့တာသမီးေလး။ လိမ္လိမ္မာမာေန ေဖႀကီးကိုမဆိုးနဲ႔"
ကားေမာင္းထြက္လာေတာ့ ကူးကူးက ညခ်မ္းေအးေပၚကေန သူ႔အေဖကိုလက္ျပလို႔မၿပီးႏိုင္ ။
" ဟူး ... ေဖသက္ကိုလည္း မိန္းမေပးစားမျွဖစ္ေတာ့မယ္"
"အမယ္ လူႀကီးစကားေျပာလို႔"
"ဦးဦးေနာ္ ေဖႀကီးတုန္းကလည္း ေမေမေလးမရခ်င္ဘူးေျပာလို႔ ဦးဦးနဲ႔ရတာကိုမ်ား"
" ကိုကို ... ကိုကို႔သမီးေျပာတာ ဟုတ္လား"
ညခ်မ္းေအး မ်က္ႏွာ စူပုတ္လာတာျမင္ေတာ့ ကားေမာင္းရင္း စံုသာၿမိဳင္ရယ္ေတာ့သည္။
" ကေလးနဲ႔တုၿပီးကြာ "
ဆံပင္ကိုလာဆြဲဖြတဲ့လက္ႀကီးကိုတြန္းဖယ္ကာ သူ႔ေပါင္ေပၚက ကူးကူးကို ၾကၫ့္လိုက္သည္။
ဒါေလးကိုအရင္က သူသိပ္ခ်စ္သည္တဲ့။
အခုမ်ားေတာ့နည္းနည္းမွမတၫ့္ေပါင္။
" ဘာပဲေျပာေျပာ ကိုကိုက ခုငါ့ကိုကိုျဖစ္ေနၿပီ။ "
" ကူးကူးေဖႀကီးပါဆို "
" ငါ့ကိုကို။ ငါ့ကို ပိုအခ်စ္ဆံုး "
" ဟူး... ဦးဦးက ကေလးဆန္လိုက္တာ ။ ရပါတယ္
ကူးကူးမွာ ျပည့္ျပၫ့္ေရာ အန္ကယ္မိုးေရာ ဦးဦးခ်စ္ထြန္းေရာ ရိွမွေတာ့ ေဖႀကီး ပိုမခ်စ္လည္းဘာမွမျဖစ္ပါဘူး"
" ကိုကို႔!!"
စိတ္တိုစြာ ကိုကို႔ဖက္ကိုလွည့္ကာေအာ္ေတာ့
ကူးကူးက ႏႈတ္ခမ္းပိတ္ကာ ရယ္သည္။
အလကားလူရႈပ္မ။
အဂၤလိပ္ေက်ာင္းမွာတက္ေတာ့ ကူးကူးကအရင္ေတာ့ အအ မေလး မဟုတ္ေတာ့။ လည္လိုက္တာမွမြတ္လို႔။
သူ႔သမီးအေက်ာင္းသိေတာ့ ကိုကိုက ရယ္ပဲေနေနေတာ့သည္။ ကူးစေလ ကိုကိုရယ္ေလ ညခ်မ္းေအး စိတ္ဆိုးေလျဖစ္ေနေတာ့လည္းခက္သား။
ကိုကိုက ညခ်မ္းေအး ကူးကူးေလာက္ေတာင္မခ်စ္ပါဘူး။
_____
"ခ်စ္ထြန္း ဘယ္မွာလဲ "
" ကိုထြန္း သေဘၤာေပၚသြားတယ္ ဆရာ"
ညခ်မ္းေအး ထိုင္ၾကၫ့္ေနတုန္းမွာ ကားေတြ တစ္စီးၿပီးတစ္စီးဝင္လာ၏။
ကိုကိုပိုင္တဲ့ဆန္ဂိုေထာင္ဆိုတာႀကီးကနည္းတာႀကီးမဟုတ္။
တစ္ၿမိဳ႔လံုးမွာ ခ်မ္းသာ ဆန္ဆိုင္လက္ခြဲေတြအမ်ားႀကီးရိွသလို ခုလည္း သေဘၤာနဲ႔ ပို႔ရမွာမို႔ လာယူတဲ့ ကားေတြမွာမနည္းမေနာ။
သြပ္ဘယ္ႏွစ္ခ်ပ္ျဖင့္ မိုးထားသလဲမသိတဲ့ဂိုေထာင္ဆိုတာႀကီးကိုေမာ့ၾကၫ့္ၿပီး ကိုကို႔အတြက္ေက်နပ္သြားရသည္။
ဆန္အိတ္ေပါင္းသိန္းခ်ီရိွမည္ထင္ရေသာကုန္ဂိုေထာင္အသာထား ဧကမ်ားစြာရိွေသာ ယခုၿခံကပင္
ေဈးကေခါင္ခိုက္ေနသည္။
ဒီကေနတဆင့္ သေဘၤာျဖင့္ပို႔ရသလို
ကိုကိုပိုင္တဲ့ လယ္ ေတြ ဆန္စက္ေတြကလည္း အဓိကၿမိဳ႔ေတြမွာ မနည္းမေနာပင္။
ဆန္ေလွာင္ စပါးေလွာင္ထားၿပီး တက္ေဈးႏွင့္မိတဲ့အခါ ကိုကို႔ရဲ့ ဆန္အျမတ္ေငြ။ ဆီသန႔္ထုတ္ၿပီး ႏိုင္ငံျခားတင္ပို႔ေသာ ေဈးကြက္ျဖင့္ ခ်မ္းသာ ဆီ ၏
ဂုဏ္သတင္း။ ကိုကိုက ေတာ္ရံုလူမဟုတ္လို႔ပဲ ေမေမ လက္ခံတာေနမွာေပါ့ဟုေတြးမိေပမဲ့ ေမေမသည္လည္းေငြရွားေနတဲ့မိန္းမမဟုတ္ ။
ကိုကို႔က သူ႔ကို အရင္ ကေလးေလးကတည္းက ခ်စ္တာတဲ့။
ကိုကို႔အေၾကာင္းေတြးမိၿပီး ကိုကိုရိွရာ ၾကၫ့္ေတာ့
စာေရးမေလးသံုးေယာက္က ေဘးမွာ လက္မွတ္ထိုးခိုင္းဖို႔ရပ္ေစာင့္ေနတာေတြ့ရသည္။
သူအျမန္ေျပးသြားကာ ကိုကို႔ေဘးကပ္တိုးထိုင္ေတာ့
ဆံပင္ကို ဖြဖြ ထိုးဖြလာ၏။
" ခ်မ္းေအး ခဏေနာ္ ကိုကိုၿပီးေတာ့မယ္ ဗိုက္ဆာၿပီလား"
အတင္းလိုက္လာတဲ့ မိကူးတစ္ေယာက္ေဘးမွာ အိပ္ေပ်ာ္ေနတာေတြ့ေတာ့ သူေခါင္းရမ္းျပလိုက္သည္။
" အလကားကူးကူးမ ခ်စ္တယ္ဆိုၿပီး ေသခ်ာ ၾကၫ့္မထားဘူး"
ကိုကိုမၾကားေအာင္တိုးတိုးေလးေျပာၿပီး အိပ္ခ်င္ေနတဲ့မ်က္လံုးေတြကိုရေအာင္ျပဴးထားရသည္။
ေကာင္မေလးေတြကိုကို႔ေဘးေရာက္မလာေအာင္ သူေသခ်ာေစာင့္ၾကၫ့္ရမည္။
ဒီေလာက္ေခ်ာေမာခန႔္ညားတဲ့ကိုကိုက သူ႔ခ်စ္သူ။
ဒီတစ္ခါျပန္ရင္ေမေမ့ကိုေျပာရမည္။
ကိုကိုနဲ႔ပဲ ေနေတာ့မယ္လို႔။ ကိုကို လႈပ္လို႔မရေအာင္
ဦဏႀကီးတို႔ အဖြဲ႔ထဲလူတခ်ိဳ႕ ေစာင့္ၾကၫ့္ခိုင္းထားေပးလို႔ေလ ။ ဒီကိုကိုေခ်ာပံုမ်ိဳးဆို ေကာင္မေလးေတြ လုခ်င္လုေနမွာ။ မဟုတ္ေတာင္ ငယ္ေလးေတြေရာ ျဖဴေလးေတြေရာ စံုေနတာပဲ မဟုတ္ဘူးလား။
" ရၿပီမဟုတ္လား။ ဘေမွာင္ ဘယ္မွာလဲ"
"အဝင္အထြက္ စာရင္းစစ္ေနတယ္ ဆရာ။ "
" အဲ့ဒါေတြ သူလုပ္ရမွာ မဟုတ္ဘူး။ တာဝန္ခံေတြဘယ္သြားလဲ ။ ဘေမွာင္ကို ဒီေခၚခဲ့ "
တအိအိပိက်လာတဲ့ ေခါင္းကိုေသခ်ာပခံုးေပၚဖိတင္ရင္း လက္ေမာင္းသားကို လက္တစ္ဖက္ျဖင့္ ဆြဲဖက္ထားရသည္။ အပူအပင္ကင္းစြာ အိပ္ႏိုင္တဲ့ကေလးႏွစ္ေယာက္ကိုၾကၫ့္ကာ အလုပ္ပူေနေပမဲ့ ရင္ထဲေအးေနသည္။
" ဘေမွာင္ က်ဳပ္ျပန္မလို႔ "
အေျခအေနကိုနားလည္စြာ ဘေမွာင္ေခါင္းညိတ္တဲ့အခါ လည္ပင္ၾကားကိုေခါင္းတိုး အိပ္ေနတဲ့ေကာင္ေလးကို ပါးကိုဖ်စ္၍ ႏိႈးရေတာ့သည္။
" အင္း... မလုပ္နဲ႔"
" ထေတာ့ ။ ျပန္ရေအာင္ "
မ်က္စိေပါက္ေမွးေနေအာင္ဖြင့္၍ ထရပ္လာသည္မို႔ သူေခါင္းရမ္းမိသည္။ သို႔ေသာ္လည္းခ်စ္ေနရတာပဲမို႔ သူလြယ္လာတဲ့ အိတ္ေသးေသးကို စလြယ္သိုင္းကာ
ကူးကူးကိုေပြ့ခ်ီရသည္။ ကေလးတစ္ဖက္ ကေလးလူႀကီးတစ္ဖက္ကို လက္ကဆြဲ၍ ကားဆီလာတဲ့တေလ်ွာက္လံုး လူက ငူတူငိုင္တိုင္ျဖစ္ေနဆဲမို႔ ပါးကိုဆြဲညစ္မိသည္။
"မ်က္လံုးေသခ်ာဖြင့္ၾကၫ့္စမ္းကြာ"
"အင့္ဟင္ ကားေပၚေရာက္ရင္ ျပန္အိပ္မွာ ..စကားလာမေျပာနဲ႔ အိပ္ခ်င္စိတ္ျပယ္သြားမယ္"
"ဟာကြာ"
တကယ္လည္း ကားေပၚေရာက္တာနဲ႔ေနာက္မွီေလ်ာကာျပန္အိပ္ျပန္သည္။ ညက ဘယ္ခ်ိန္ထိဂိမ္းေဆာ့ေနျပန္တာလဲ။ ကူးကူးကို သူ႔ရင္ဘတ္ေပၚတင္ေပးေတာ့ အလိုက္တသင့္သိုင္းဖက္လာတာမို႔ ဆံပင္ေလးကိုခ်စ္စႏိုးပြတ္ေပးမိျပန္သည္။ ႏိုးေနရင္ရန္ျဖစ္ေနမည္။ အိပ္ေပ်ာ္ေနေတာ့ႏွစ္ေယာက္သားဖက္ေတာင္အိပ္ေနၾကေသးသည္။ ကားစက္ေမာင္းမယ္ႀကံေနတုန္း စက္ရံုေထာင့္ေနရာမွာ လူရိပ္က လွစ္ခနဲဝင္ေျပးသြားတာမို႔ အလုပ္သမားေတြ ေဂ်ာင္ခိုေနတာလားဟု
စိုးရိမ္သြား၏။
ဒီကိစၥကို ခ်စ္ထြန္းကိုေသခ်ာေျပာရအံုးမည္။
အၿမဲမလာျဖစ္ေပမဲ့ အုပ္ခ်ဳပ္ရတဲ့ လူဦးေရက ရာခ်ီေနတာမို႔ အလြန္ အင္မတန္ သတိထားရသည္ကို သူသိသည္။
" အျပန္ ေရခဲမုန႔္ဝင္စားၾကမလား "
ရင္ဘတ္ေပၚေမွာက္ကာ အိပ္ခ်င္စိတ္မျပယ္ေသးတဲ့
ကူးကူးက ေရခဲမုန႔္အသံၾကားေတာ့ေခါင္းေထာင္လာသည္။ ညခ်မ္းေအးကေတာ့ တုတ္တုတ္မွမလႈပ္ေသး။
လမ္းမွာကူးကူးအႀကိဳက္ေရခဲမုန႔္ကိုဝယ္ေကြၽးၿပီး
ညခ်မ္းေအးအႀကိဳက္ ငွက္ေပ်ာကိတ္ ဝယ္ေကြၽးကာ
အိမ္ျပန္လာေတာ့ ညေနေလးနာရီထိုးေနၿပီျဖစ္သည္။
" ခ်မ္းေအး ညကို ကိုကိုနဲ႔လာအိပ္ ။ ညညေတာ္ေတာ္နဲ႔မအိပ္ဘူးမို႔လား။ ကိုကိုမႀကိဳက္ဘူးေနာ္။ က်န္းမာေရးက အဓိကပဲ ။ မဟုတ္ရင္ဖုန္းသိမ္းရလိမ့္မယ္"
မိုးခ်ဳပ္တဲ့အထိ ဖုန္းက လက္ကမခ်ေသး။
အတူတူအိပ္တဲ့အခါအိပ္ေပမဲ့ ညခ်မ္းေအးက တစ္ခါတေလ သူအခန္းျပန္အိပ္တက္ေသးသည္။
လုပ္ခ်င္တာလုပ္ရေအာင္ ျပန္အိပ္မွန္းသိေပမဲ့ မိုးခ်ဳပ္သန္းေခါင္ဂိမ္းစြဲေနတာေတာ့ စံုသာၿမိဳင္မႀကိဳက္ေပ။
စာရင္းစာရြက္ေတြကိုတဖ်တ္ဖ်တ္လွန္ေနေပမဲ့ ခုထိ ဖုန္းမွန္ျပင္မွာ လက္ကေရြ့ေနတာမို႔ စာရိုက္ေနတာသတိထားမိလိုက္သည္။
ဘယ္တုန္းက အေကာင့္ေဖာက္လိုက္သည္မသိ
စကားေတြေျပာေနတက္တာကို မၾကာခဏေတြ့ေနရသည္။ စိတ္ထဲမႀကိဳက္တာက မႀကိဳက္တာမို႔ လုပ္လက္စစာရင္းစာရြက္ေတြကို ကိုင္ထားရင္း ေသခ်ာစူးစိုက္ၾကၫ့္မိသည္။ သူၾကၫ့္ေနတာအေတာ္ၾကာတဲ့အထိသူ႔ဖက္ကို စိတ္မဝင္စားလာေပ။ စာေရးရင္းၿပံဳးေနတာကိုၾကၫ့္ကာရင္ထဲပူေလာင္လာ၏။
" ခ်မ္းေအး ကိုကိုေျပာေနတာၾကားလား"
" ဟင္.. ကိုကို ဘာေျပာတာ "
" က်စ္"
စိတ္ပ်က္စြာ စုတ္သပ္ လိုက္ေတာ့ ဖုန္းကို ကျပာကယာပစ္ခ်သည္။
" သူငယ္ခ်င္းေတြနဲ႔စကားေျပာေနတာပါကိုကိုရာ"
ဆံပင္ေတြကို စိတ္ပ်က္စြာထိုးသိပ္ထၫ့္လာတဲ့အခါ ဆံႏြယ္ေတြက ႏုအိစြာ ျပန္ၿပိဳဆင္းလာတာ အလြန္ခ်စ္စရာေကာင္းေသာ္ျငား သူမ်က္ခံုးေတြ တြန႔္ေကြးေနဆဲပင္။
" မင္းမွာ သူငယ္ခ်င္းရိွတယ္လို႔မၾကားမိပါ့လား။ ဘယ္တုန္းကလဲ။ ဘယ္သူလဲ"
" လိုင္းေပၚကမိတ္ေဆြလည္း သူငယ္ခ်င္းမဟုတ္ဘူးလား။ ကိုကိုမမိုက္ပါဘူးကြာ။ ေနရာတကာ လိုက္ခ်ဳပ္ခ်ယ္မေနနဲ႔ ။ကြၽန္ေတာ္မႀကိဳက္ဘူး"
ေျပာရင္း ေစာင့္ခနဲ အိပ္ယာေပၚကေန ေခါင္းဦး ေပြ့သြားတာမို႔ အေပၚခန္းမွာ သြားအိပ္ေတာ့မွာမွန္း သိလိုက္ရသည္။
ခုရက္ပိုင္း ညခ်မ္းေအးေျပာမေကာင္းေတာ့ ေပ။
ေနရာတကာ လိုက္ေျပာေနတာလည္းခ်စ္လို႔ပဲမဟုတ္ဘူးလား။ စိတ္ပူရတာ စိတ္ေမာရ မင္းခံစားဖူးမွာမဟုတ္လို႔ သိတက္မွာမဟုတ္ဘူး။ ႏွစ္ႀကိမ္ႏွစ္ဘဝမ်ွ ႀကံဳဖူးၿပီးၿပီမို႔ လူေတြကို သူမယံုသလို ခ်မ္းေအးအသက္နဲ႔လည္းေလာင္းေၾကးမထပ္ႏိုင္။
ခ်မ္းေအးကိုကို႔ကို စိတ္ပူေအာင္မလုပ္ရင္ေကာင္းမယ္။
စာရင္းစာရြက္ေပၚမွာ ေရးထားတဲ့ စာေတြကိုပါ မဖတ္ႏိုင္ေတာ့တဲ့အထိ သူစိတ္ထဲေမာေန၏။
______
"ဒါဘယ္လဲ"
" သူငယ္ခ်င္းေတြနဲ႔ သြားေတြ့မလို႔"
" ခုရက္ပိုင္း ေခါက္ေရစိတ္လာတဲ့အျပင္ထြက္မူ႔ေတြေၾကာင့္ စံုသာၿမိဳင္ ဘာလုပ္ရမွန္းမသိျဖစ္လာ၏။
"မသြားပါနဲ႔လား။ ဒီမွာ ကေလးႀကိဳက္တဲ့ ကိတ္မုန႔္ေလး ကိုကို အပင္ပန္းခံ လုပ္ထားရတာ ။ အလုပ္အားရက္ေလး ကိုကိုနဲ႔အတူတူမေနခ်င္ဘူးလား"
"ဟာ ... ကိုကိုကလည္းကြာ။ ကေလးက်ေနတာပဲ။
ကြၽန္ေတာ္ တစ္ခါမွ ခုလို အေပါင္းအသင္းရိွတာမဟုတ္ဘူး။ တစ္ခါတစ္ေလေလး ေတြ့ရေပ်ာ္ရတာငယ္တုန္း ခုလိုေနရတာ ။ မရစ္စမ္းနဲ႔ကြာ။ "
"အခ်ိန္ကိုလည္းၾကၫ့္အံုးေလ ။ ညေနသံုးနာရီေက်ာ္ေနၿပီ။ ဒီခ်ိန္သြားရင္ဘယ္ခ်ိန္ျပန္လာမွာလဲ ။ အရမ္းမိုးခ်ဳပ္ရင္ ကိုကိုစိုးရိမ္ေနမွာ မင္းမသိဘူးလား"
" ကေလးမဟုတ္ဘူးလို႔ေျပာၿပီးၿပီမဟုတ္လား။ ကိုကိုအရမ္းရစ္ေနတာ စိတ္ရႈပ္ဖို႔ေကာင္းေနၿပီ။
"ခ်မ္းေအး...မင္း"
ေျပာၿပီးထြက္သြားတဲ့သူက ဘာမွမဟုတ္တဲ့အတိုင္း။
ငွက္ေပ်ာကိတ္ပန္းကန္ကိုခ်ကာ စိတ္ပ်က္စြာ ထမင္းစားခန္းမွာ ထိုင္ေနမိတာ အေတာ္ၾကာတဲ့အထိပင္။ မနက္က အလုပ္ကို အေစာႀကီးသြားကာ
အစည္းေဝးပြဲ လုပ္ခဲ့သည္။ဝန္ထမ္းတြပိတ္ရက္ဆိုေပမဲ့ တာဝန္ရိွသူေတြက ပိတ္ရက္ေတြဘာေတြရိွမေန။
ေန့ခင္းျပန္လာေတာ့ခ်မ္းေအးကအိပ္ေနဆဲ။
တေနကုန္ ေခါင္းကိုက္ေနတာေတာင္မွာ ပိတ္ရက္ေန့တပိုင္းကို အတူတူ တီတီတာတာ ေျပာေနခ်င္သည္။
ကေလးႀကိဳက္တဲ့မုန႔္ေလး လုပ္ေပးရင္း စကားေလးဘာေလးေျပာ လိုခ်င္တာေလးဝယ္ေပးဖို႔စိတ္ကူးထားခဲ့ရတာျဖစ္သည္။
ညခ်မ္းေအး အရင္လို မဟုတ္တာ့ဘူးဆိုတာ သိေတာ့ရင္ထဲမေကာင္းေပ။
ကိုယ္က သူ႔အေပၚ ခ်စ္ရာမေရာက္ စိတ္ရႈပ္ရာျဖစ္ေနၿပီလားေတြးမိကာ မ်က္ရည္တစ္စက္က ပါးေပၚ စီးက်လာသည္။ ဒီလိုက်ေတာ့လည္းအရင္ခ်မ္းေအးလကို ျပန္လိုခ်င္မိျပန္သည္။
Bạn đang đọc truyện trên: ZingTruyen.Xyz