ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
35
"ချမ်းအေး "
"ဗျာ"
"မုန့်စားချင်လို့လား"
"ဟာ... မဟုတ်ပါဘူး "
ကလေးတွေ စားနေတဲ့ အာတာပူစီ ဆိုတဲ့ မုန့်ကိုငေးကြည့်နေမိပြီးမှ ချမ်းအေးရှက်ကာ ခေါင်းရမ်းလိုက်သည်။ စုံသာမြိုင်သည် ချမ်းအေး အကြည့်တွေရှိရာမုန့်သည်ဆီ ခပ်မြန်မြန်လျှောက်သွားပြီး အပြာနုနု အရောင်အားရွေးချယ်ဝယ်ပေးလိုက်၏။
"ရော့.."
လက်ထဲရောက်လာတဲ့ အပြာရောင် မုန့်ကိုကြည့်၍ ချမ်းအေး အနေရခက်သွား၏။
" ကလေးတွေမှစားတာလေ "
" မင်းလည်းကလေးပဲလေ "
" ရှက်စရာကြီး"
" မစားရင်အရည်ပျော်ကုန်မယ် ။ စားစရာရှိတာစား"
လက်တစ်ဖက်ကိုဆွဲကာရှေ့ကနေထွက်သွားတာကြောင့်အာတာပူစီကြီးကိုင်ကာ နောက်ကနေပြေးလိုက်ရသည်။
"အရသာရှိလား"
ပါးစပ်ထဲကစားလက်စ ကိုမြိုချရင်း ခေါင်းညိတ်ပြလိုက်သည်။
"နောက်တစ်ခါ ထပ်ဝယ်ကျွေးရအုံးမလား"
"တော်ပါပြီ။ ဘာကြောင့်လဲမသိဘူး ။ အကြိုက်ကြီးမဟုတ်ပေမဲ့ တအားစားချင်လာတာ ။ စားလိုက်တော့ မပြည့်ဝခဲ့တဲ့ ဆန္ဒပြည့်ဝ သွားသလိုပဲ ဟီး.. ကျွန်တော် တော်တော်ကျေနပ်သွားတာ"
ဈေးဝယ်လာခဲ့တာဖြစ်ပေမဲ့ မငေးမောပဲ ဒီမုန့်ကိုပဲကလေးတစ်ယောက်လို စားနေတာမြင်တော့ရယ်ချင်ပေမဲ့ မရယ်ရက်ခဲ့ပေ။ ဘယ်လောက်ပဲ ပြည့်စုံအောင်ထားပါစေ ငယ်ကမပြည့်စုံခဲ့တဲ့ အချိန်က အခိုက်အတန့်ကို သူ့နှလုံးသားထဲမှာ စွဲတုန်းထင်ပါ့။
"ပြီးပြီလား"
"ဟုတ်"
သန့်စင်ခန်းရှေ့ကနေစောင့်နေပေးတာကြောင့် ညချမ်းအေးကျေနပ်သွား၏။ ကလေးတစ်ယောက်လိုစေးကပ်နေတဲ့ အာတာပူစီရဲ့သကြားရည်တွေကို
အနေရခက်နေတုန်း သန့်စင်ခန်းရှေ့ကို လက်ဆွဲခေါ်လာတာဖြစ်သည်။ အလိုက်သိတယ်လို့ အမှတ်ပေးချင်ပေမဲ့ လည့်ကြည့်သွားကြတဲ့ မိန်းကလေးတွေရဲ့
အကြည့်ကြောင့် စိတ်ကပြန်ကောက်ချင်သွား၏။
ဝတ်ထားတာ ရိုးရိုးဆိုပေမဲ့ ရှည်လွန်းတဲ့အရပ်ကြောင့်
တည်ကြည်ရှင်းသန့်နေသည်။ ခုခေတ်မှာ ဒီလိုအရပ်က ရှားသလို ဒီလို ရိုးရှင်းမူ့ကလည်းရှားသည်။
စုံသာမြိုင်ဆိုတဲ့ယောက်ျားက ချောတာမျိုးမရှိပေမဲ့
ကြည့်လိုက်တာနဲ့နွေးထွေးမူ့ရှိတဲ့အမျိုးသားမှန်းသိသာစေသည်။ ဒီလို ယောက်ျားမျိုးမှမိန်းကလေးတွေမကြိုက်ရင်လောကမှာ ကြိုက်စရာတောင်ရှိတော့မှာမဟုတ်ဘူး။ ညချမ်းအေး အိတ်သေးသေးအားလွယ်ထားပြီး လက်ထဲမှာလည်းမုန့်ထုတ်တချို့အားကိုင်ထားသေးသည်။အကြည့်တွေက ချိုမြိန်ပြီး
နွေးထွေးလွန်းတာကြောင့် ကောင်းကင်က ကြယ်တွေလိုပဲ ဖြစ်နေသည်။ ဘယ်လိုပဲကြည့်ကြည့် အလိုလိုက်အကြိုက်ဆောင်ပေးတက်တဲ့အကိုကြီးအသွင်မို့ ကွက်ကြည့်ကွက်ကြည့်မိန်းကလေးတွေရဲ့အပြစ်မဟုတ်ပေ။
သူနှုတ်ခမ်းဆူထားတာတွေတော့ စုံသာမြိုင်ပြာယာခတ်သွား၏။
"ဘာဖြစ်ရပြန်တာလည်းချမ်းအေးရာ"
" ဘာမှမဖြစ်ဘူးပေး အိတ်တွေ"
"ကိုကိုပဲလွယ်ခဲ့မယ်လေ ချမ်းအေးက အေးဆေးလမ်းလျှောက် "
" မလျှောက်ပါဘူး ခင်ဗျား ဘာသာ လွတ်လွတ်လပ်လပ်လျှောက်။ ကျွန်တော်ကိုလည်းဂရုမစိုက်နဲ့ ရှေ့ကိုပဲကြည့်"
"ဟောဗျာ"
ဇွတ်တရွတ် ဆွဲယူလိုက်ပြီး ရှေ့ကနေ ဘောက်ဆက်ဆက်လျှောက် ပစ်လိုက်တော့နောက်ကနေ အမြန်လျှောက်လာသံကြားလိုက်ရသည်။
အတော်ကြာမှ သူလမ်းတွေအများကြီးလျှောက်မရဘူးဆိုတာ သတိရကာ အရှိန်လျော့လိုက်ရသည်။
တကယ်လည်းဘေးနားလာရပ်တဲ့အခါမှ သူ့နဖူးမှာ ချွေးစို့နေပြီဖြစ်သည်။
"ဖြေးဖြေးလျှောက်တာမဟုတ်ဘူး ချမ်းအေးရာ ။ ကိုကိုမောနေပြီကွ"
"မောမောပေါ့"
အရွဲ့တိုက်သလို ရစ်တစ်တစ်စကားတွေကြောင့်မနေနိုင်ပဲ စုံသာမြိုင်ပြုံးမိသည်။
ထို့နောက် သူ့လက် နှင့် စာရင်အများကြီးသေးသွယ်သောလက်ကိုဖမ်းဆုပ်ကာ
" ကိုကို shopping ထွက်ရအောင်ခေါ်လာတာ ချမ်းအေးလိုချင်တာပူဆာစေချင်လို့လေ ။ လာပါ စိတ်မကောက်ပဲ လိုချင်တာလေးလိုက်ကြည့်ရအောင်"
"ဧည့်သည်ကို ထားခဲ့ရတာ အားနာစရာကြီးလေ ။ ဘယ်ချိန်ဝယ်ဝယ် ရနေတာကို"
အဲ့ဧည့်သည်ကို မကြည့်ချင်တာကွာ လို့တော့ သူမပြောဖြစ်။ ချမ်းအေးလက်ကိုဆွဲကာ ဈေးကြီးသည့်ဆိုင်တစ်ဆိုင်ထဲ တိုးဝင်လိုက်သည်။
"မင်္ဂလာပါရှင့် .. ဘာများလိုအပ်ပါသလဲ"
အရောင်းစာရေးမလေးတစ်ယောက် ထွက်လာပြီးမေးတဲ့ အခါ ချမ်းအေးဖက်ကိုမေးငေါ့ပြလိုက်၏။
"သူလိုအရွယ် ခုခေတ်စားနေတဲ့အထဲက ပြပေးပါ ..
တအားကြီးခေတ်ဆန်စရာမလိုပဲ ပေါပေါ့ပါးပါးထဲက ပြရင်ပိုအဆင်ပြေတယ်"
ချမ်းအေးဝတ်ထားတာကို ကြည့်ကာ အရောင်းစာရေးမလေးခေါင်းညိတ်ကာ ပြုံးပြသည်။
"ဟုတ်ကဲ့ ဒါဆို ဒီဖက်မှာ လိုက်ကြည့်ပေးပါရှင့်"
စုံလင်သော အထည်တွေကိုကြည့်ကာ ချမ်းအေးခေါင်းကိုက်လာသည်။ အဝတ်အစားကို မေမေပို့ပေးသမျှဝတ်တာကြောင့် ကိုယ်တိုင်ရွေးတဲ့အခါ မရွေးခြယ်နိုင်တော့ပေ။ ဘာယူရမှန်းမသိဗျာများနေစဉ် ကိုင်ကြည့်သမျှအဝတ်တွေကို စုံသာမြိုင် ဆွဲယူသွားလေသည်။
"ဒါ ယူမယ်"
"မဟုတ်..."
" နှစ်ထည်လုံးလှတာပဲ။ ကိုကိုချမ်းအေးလေးက အသားရေလေးလှတော့ ဘာဝတ်ဝတ်ကြည့်ကောင်းပါ့"
ဘေးမှရပ်နေတဲ့စာရေးမလေး၏ အပြုံးကိုမြင်လိုက်ရတော့ ညချမ်းအေး မျက်နှာနီရဲသွား၏။
ဒီလူတော့....
"ဖိနပ်ရောကြည့်မယ်"
"ဟုတ်ကဲ့ ဟိုဖက်မှာလိုက်ကြည့်ပေးပါရှင့်"
ယောက်ျားလေး ဖက်ရှင်ဆိုင်တွင် မနိုင်နင်းအောင်ဝယ်ယူအပြီးမှာ ညချမ်းအေးတော်တော်စိတ်ဓာတ်ကျသွား၏။ လုပ်ချင်ရာလုပ်ပြီး ကျေနပ်နေတဲ့စုံသာမြိုင်မှာတော့မောရကောင်းသည်မရှိ။
" အအေး သောက်မလား"
" အင်း"
သူပဲအထုတ်တွေဆွဲ ။ သူပဲပြာယာခတ်နေတာမို့မျက်စောင်းထိုးကာ ကြည့်လိုက်၏။ မလိုအပ်ပဲ သုံးဖြုံးနေတာမို့ ညချမ်းအေးမှာ အသည်းတယားယား။
"သံပရာရေ အေးအေး လေးနှစ်ခွက် "
သူဘာသာမှာပြီး လူကိုလာရယ်ပြနေတာမို့ နှာခေါင်းရှုံ့ပြလိုက်သည်။ ချမ်းအေးက ကိတ်မုန့်လို ချိုတဲ့မုန့်ကြိုက်တက်ပေမဲ့ အအေးဆိုရင် သံပရာရေ လိမ္မော်ရေလောက်သာ သောက်တက်၏။ စုံသာမြိုင်ကတော့ဆန့်ကျင်ဖက်ပင်။ ရံဖာရံခါမှသာ သောက်တက်ပြီး
ကော်ဖီ ဘာညာကိုပဲ ပိုသောက်တက်၏။
"အသက်ကြီးနေပြီလေ ။ ချဉ်တာလေးတွေသောက်ပေးမှ "
" ဖြစ်ရလေ "
ချမ်းအေးသူ့စကားကြောင့်ဟက်ဟက်ပက်ပက်ရယ်မောတာမြင်တော့ သံပရာရေသောက်ရလည်း ဘာမှမဖြစ်ဘူးဟုတွေးလိုက်မိသည်။
"ကိုကိုက ချမ်းအေးကို အရင်တုန်းကလည်း အချိန်မပေးမိဘူး။ ချမ်းအေးအတွက် ကိုကို့အတွက် ပိုက်ဆံရှာဖို့ပဲ အားသာခဲ့တာ။ ငယ်တုန်းကဆို ကိုကိုရော ချမ်းအေး စားဖို့တောင်နှပ်မှန်ခဲ့တာမဟုတ်ဘူး။ အသက်ကြီးတော့ ငွေမှငွေ လောဘကြီးခဲ့ပေမဲ့ ချမ်းအေးအပေါ်မှာ လိုအပ်ချက်တွေများခဲ့မှန်း သတိမထားမိခဲ့ဘူး။ "
စုံသာမြိုင် အတိတ်ကိုပြန်သတိရကာ စိတ်မကောင်းဖြစ်သွား၏။
"ခုထိ သမီးရည်းစားဆက်ဆံရေးမှာ စိမ်းသက်နေတုန်းလို့ ချမ်းအေးမခံစားမိဘူးလား။ ကိုကိုဖက်က အလိုက်မသိသလို ချမ်းအေးကလည်းမပွင့်လင်းဘူး။ ကိုကို့အမှားတွေလို့တွေးမိတိုင်း နေရတာလည်းမပျော်ဘူး"
စကားတွေအရှည်ကြီးပြောပြီးနောက်သံပရာရေကို ငုံ့သောက်ရင်း ချမ်းအေးမျက်နှာကိုအကဲခတ်မိသည်။
ချမ်းအေးပြုံးသွားတာကိုတွေ့တော့ စိတ်ထဲအလိုမကျမိတော့ပေ။
" ကိုကိုပြောနေတာဘာမှားလို့လဲ"
"မမှားပါဘူး"
"ဒါဆိုဘာလို့.."
"လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာလေ။
ဟောဟိုမှာ လာပြန်ပြီနောက်တစ်ယောက်"
ချမ်းအေးစကားမဆုံးသေး ဘေးမှာလာရပ်တဲ့ ပုံရိပ်ကြောင့်ခေါင်းမော့ကြည့်လိုက်တော့စံပယ်ဖြူဆိုသော မိန်းကလေးဖြစ်နေသည်။
သူမျက်နှာပျက်သွားတာမြင်တော့ ပိုက်တံဖြင့် အအေးစုပ်သောက်ရင်း ချမ်းအေး စိတ်ပျက်သလို
နှုတ်ခမ်းမဲ့သွားတာ အရှင်းသား။
"ချမ်းအေး... ကိုကိုမဟုတ်.."
" ဟယ် ကိုကိုများဟုတ်ပါ့မလားလို့ ဖြူက သေချာကြည့်နေတာ ။ ဟုတ်မှာပါလေ ဆိုပြီး အနီးကပ်လာမှ
ကိုကိုဖြစ်နေတာပဲ။ "
စုံသာမြိုင် ကံကြမ္မာကိုပဲဆဲရေ ချင်တော့သည်။ ကယားရေလွတ် တတွတ်တွတ်ပြောရင်း ထိုမိန်းကလေး စားပွဲထိုင်လိုက်တဲ့အထိ ချမ်းအေးကသူ့ကိုကြည့်မလာတော့။
"ကိုကို အရင်ဖုန်းနံပါတ်က ဆက်မရတော့ဘူး။ ကတ်အသစ်ထည့်ထားတာလဲဟင်။ ဖြူကိုပေးထားအုံး အရေးအကြောင်းဆိုဆက်ရအောင်လို့ "
"ငါတို့ ဒီမှာ..."
စာပွဲဝိုင်းမှာ ဆတ်ခနဲ ဝင်ထိုင်လိုက်တာမို့
ငြင်းဖို့ပြင်ဆင်နေတုန်း ချမ်းအေး ကပါ ထရပ်လိုက်တာမို့ သူပြောရမဲ့စကားရပ်သွား၏။
" ခင်ဗျားဘာသာ ပြီးမှလိုက်ခဲ့တော့ ။ ကျွန်တော် အရေးတကြီးသွားစရာ ရှိသေးလို့"
"နေအုံးလေ ချမ်းအေးရ ကိုကိုလည်းလိုက်မယ်"
" ကိုကို .. ဖြူပြောနေတာမပြီးသေးဘူး"
ချမ်းအေးထွက်သွားမဲ့ဖက်ကို ပြေးလိုက်ဖို့ ကြံရွယ်ပေမဲ့ လက်တစ်ဖက်ကို စပယ်ဖြူ က လှမ်းဆွဲလိုက်သည်။ သူပုတ်ထုတ်ရင်းဒေါသတကြီးအော်ဟစ်လိုက်သည်။
"မင်းဘယ်လိုဖြစ်နေတာလဲ "
"ဖြူက "
စပယ်ဖြူ ကြောက်ရွံ့သွားတာကြောင့် စကားပင်ပြောမထွက်တော့။
" သူက ချစ်သူတွေကြားမှာ ခလောက်ဆန်ရလောက်အောင် မင်းက ငါ့သမိုင်းမှာ ဘယ်လောက်အရေးပါခဲ့ဘူးလို့လဲ "
"ကိုကိုဖြူ့ကိုအဲ့လိုမပြောနဲ့"
ဖြူ မျက်ရည်တွေအိခနဲ ဝိုင်းလာခဲ့သည်။
ဘယ်လိုပဲကြည့်ကြည့် ဒီယောက်ျားက သူ့အပေါ်နွေးထွေးမူ့မရှိပေမဲ့ သူ့အရိပ်မှာလုံခြုံဘူးသည်။
စတွေ့မြင်တဲ့အခါမှာ ဝမ်းသာသွားစိတ်ကြောင့်နှုတ်ဆက်ပေမဲ့ အမြင်မကြည်ခဲ့ဘူးတဲ့ကောင်လေးကြောင့် စိတ်လည်းရှုပ်သွား၏။ အဆင်မပြေတဲ့အိမ်ထောင်ရေးကိုစွန့်ပစ်ပြီး ကိုကို့အရိပ်မှာ အရင်လိုနေချင်တဲ့အတ္တစိတ်ကြောင့် ဇွတ်အတင်းရောခဲ့ပေမဲ့ ကိုကိုအော်တော်လည်း ဖြူမခံနိုင်ပေ။
" မင်းဘာဖြစ်ချင်နေတာလဲ စပယ်ဖြူ ။ မင်းမျက်နှာကို မမြင်ချင်ဘူးပြောရင် ငါရိုင်းသွားမယ်ထင်တယ် ။
မျက်နှာချင်းဆိုင်တွေ့ရင်တောင် လာမနှုတ်ဆက်နဲ့။ ငါတို့နှစ်ယောက်က မေးထူးခေါ်ပြောရအောင် ရင်းနှီးမူ့မရှိတဲ့ သူစိမ်းတွေ ။ ငါ့ချစ်သူစိတ်ပျက်ရင်ငါလည်း စိတ်ပျက်တယ်။ တွေ့လားဟိုကောင်လေးက ငါ့ရည်းစားပဲ မင်းကိုတွေ့တိုင်း သူစိတ်မပျော်ဘူး ။ ငါတို့နှစ်ယောက်ပြေလည်ဖို့ မင်းမပေါ်လာရင်အဆင်ပြေဆုံးပဲ"
ပြောသွားတဲ့ စကားတွေက တဆုံး။
ရွံ့စရာသတ္တဝါတစ်ကောင်လို့ ကြည့်ရှု့သွားတဲ့ အကြည့်တွေကိုတွေးမိကာ တဆတ်ဆတ်တုန်နေတဲ့လက်ဖျားတွေက မရပ်တော့။
တွေးမိတဲ့အတွေးတစ်ခုထဲ ဝဲလည်ခတ်နေသည်။
ကိုကိုဖြူ့ကို အရမ်းမုန်းနေပြီ။
_____
စုံသာမြိုင် အခါတစ်ရာကျော်မျှ အဝင်ကောကို ထပ်မံခေါ်ဝေါ်လိုက်တော့ လူကြီးမင်းခေါ်ဆိုတဲ့တယ်လီဖုန်းမှာ စက်ပိတ်ထားပါသည် ချည်းပဲ။
ညအချိန် ဆယ်နာရီကျော်နေပြီ။
လူက ထိုင်မရထမရ ဖြစ်နေတာကြောင့် ငါးနာရီကျော်မျှ မိုးတိုးမတ်တပ်။
ချမ်းအေးပြန်မလာသေးဘူး။
လိုက်ရှာပေမဲ့မတွေ့တော့တဲ့အခြေအနေမှာ အိမ်ပြန်သွားမှာလည်းစိုးသည်။ အန်တီက မာနကြီးပြီး စကားပြောတည်တာကြောင့် ဒီတစ်ခါ ပြန်သွားရင်ပြန်ထည့်ဖို့မပြောနဲ့တွေ့ရဖို့တောင်မသေချာတော့ပေ။
ထိုင်မရထမရဖြစ်နေစဉ် ကားမီးရောင်က အိမ်ပေါက်ဝကိုထိုးစိုက်လာတာကြောင့်ကပျာကယာပြေးသွားစဉ် ဟိုကောင် ကိုထွဋ်ဆိုတဲ့ကောင် ဖြစ်နေသည်။
သူမကြည်ပေမဲ့ ဝတ္တရားအရ ပြန်လာပြီလားဟု မေးဖို့ ပြင်လိုက်ပေမဲ့ ဘေးတံခါးကိုပတ်ကာ သွားနေတာကြောင့် တစ်ယောက်ယောက်ကိုဆွဲထုတ်လိုက်တာမြင်တော့ သူထိတ်လန့်တကြားဖြစ်သည်။
"ကိုထွဋ် ချမ်းအေးဘာဖြစ်တာလဲ"
မနိုင်မနင်းစီးပွေ့ယူပစ်လိုက်တော့ကိုထွဋ် အတင်းဆွဲမထားပေ။
" ကလပ်မှာ သွားသောက်လာတာ ။ ကျွန်တော်တားပါတယ် ။ ပြန်ရတော့မှာဆိုပေမဲ့ သူစိတ်ညစ်နေတယ်ထင်တော့"
စုံသာမြိုင်မျက်နှာညိုသွား၏။
မူးရူးလာတာ လက်ထဲပွေ့ထားတဲ့အတိုင်း
သက်မဲ့အရုပ်လို ပျော့ခွေနေ၏။
နှစ်ယောက်သားအခြေအနေကြည့်ကာ ချက်ချင်းပြန်တော့မယ်ဟုနှုတ်ဆက် ကာ ကိုထွဋ်ခပ်ကုတ်ကုတ်ပြန်သွားတဲ့အထိ သူ့အသိစိတ်တို့လွင့်မျောဆဲပင်။
ချမ်းအေးသည် အနေအေးသည်။
မြုံစိစိဖြင့်ခံစားချက်တွေကိုသိုဝှက်တက်သူဖြစ်၏။
ဘာကြောင့် အသွင်ပြောင်းသွားသလို ခံစားနေရသလဲ သူမသိ။ ချမ်းအေး၏ နီရဲနေသော မျက်နှာနုနုအားကြည့်၍ ရင်ထဲတဒိတ်ဒိတ်ခုန်လာလေသည်။
" ချမ်းအေး..ချမ်းအေး"
"အွန်း... ဖယ် "
" ထတော့ ရေပတ်တိုက်ရအောင် အဝတ်တွေလည်းလဲရအုံးမယ်"
ချဉ်စုတ်စုတ်အနံ့ကြောင့် အမူးသမားအားမကျေမလည်ကြည့်လိုက်သည်။
" ညချမ်းအေး အတက်ကောင်းတွေ အတော်တက်နေပြီ သိလား"
တစ်ယောက်သောသူက ခြေကာယားလက်ကားယား အိပ်ပျော်နေရုံမှလွဲ၍ သူ့စကားတို့အားမကြားနိုင်ခဲ့ပေ။
မနက်ဝေလီဝေလင်းအချိန်တွင် ညချမ်းအေးနိုးလာခဲ့၏။ တစိမ့်စိမ့်ထိုးကိုက်နေတဲ့ခေါင်းကိုဖိကာ ညတုန်းက မက်ခဲ့တဲ့အိမ်မက်ကိုပြန်တွေးမိသည်။
အိပ်မက်ထဲမှာ ကိုကိုရယ် သူရယ် မှောင်ရီပျိုးပျိုးရွာလမ်းမှာ လက်ကိုတွဲကာ သွားနေကြသည်။ နှစ်ယောက်စလုံးအနေခက်ကာ မျက်နှာတွေထူအမ်းနေသောငြား တွဲလက်ကိုတော့ မဖြုတ်ခဲ့ကြပေ။
ရင်ခုန်လွန်းလှတာကြောင့် အိပ်ယာနိုးတဲ့အထိ
ရင်ထဲတလှပ်လှပ်ဖြစ်နေဆဲပင်။
"ဟင်"
အိပ်မက်ကနေမနိုးထနိုင်သေးခင် သန်မာသော လက်တစ်ဖက်က ခါးကနေသိုင်းဖက်ထားတာကို သတိထားမိလိုက်သည်။
မော့ကြည့်လိုက်တော့ ထင်ရှားသော မေးရိုးကြောင့်
အာမေဋိတ်သံဝိုးတဝါးထွက်လာ၏။
ညတုန်းက စိတ်တိုတိုနှင့် ကလပ်ကိုသွားကာသောက်ခဲ့ကြသည်။ မူးရူးကာ က ခဲ့တာကိုတွေးမိတော့အနည်းငယ်ရှက်သွားကာ အိပ်ယာထဲကနေ သတိမမူပဲကုန်းအထ ဖက်ထားသောလက်ကြောင့်ရင်ခွင်ထဲပြိုဆင်းသွား၏။
" အိပ်ဦးမယ်ကွာ ငြိမ်ငြိမ်နေ"
" အင့်ဟင် ဖယ်ပါ ။ ခင်ဗျားဘာသာ ကိုယ့်အခန်းမှာ ကိုယ်မအိပ်ပဲ"
"အဟွင်း..."
သူရယ်သံသဲ့သဲ့ကြောင့် ရင်ထဲလှိုင်းထန်ကုန်သည်။
အိပ်ယာနိုးကာစမို့ အက်ရှကာ ယောက်ျားဆန်လွန်းလှသည်ဟု ထင်မိသည်။
"ညချမ်းအေးက ဆိုးလိုက်တာကွာ"
" ကျွန်တော်က အဲ့လိုလူမျိုးပဲ ။ ခုမှ သိတာလား"
မကြည်သာတာကြောင့် လေသံတွေကဘုနဲ့ဘောက်။
"ပထမဦးဆုံးအကြိမ်ဆိုတော့ အံ့ဩတယ်။ ရင်ခုန်တယ်။ ကိုကိုသိတဲ့ချမ်းအေးက မပွင့်လင်းဘူး"
"..."
" ညတုန်းက အပြတ်ကဲခဲ့တော့ရင်ထဲပေါ့သွားရဲ့လား"
"ဒါပေါ့ ။ အဲ့မှာ ခပ်ချော ယောက်ျားတွေအများကြီးပဲလေ "
ဖက်ရက်အတိုင်း သူတစ်ခွန်းကိုယ်တစ်ခွန်းပြောနေကြဆဲပါ။ ညချမ်းအေး၏စကားကြောင့် သူအသံတိတ်ကာ ခါးပေါ်ကဖက်ထားတဲ့လက်ကိုဖယ်သွား၏။
ညချမ်းအေးနှာခေါင်းရှုံ့ကာ စိတ်ကောက်တက်တဲ့ယောက်ျားပါ့လားဟုတွေးမိသည်။ သူကိုယ်တိုင်တော့ မနေ့က စိတ်ကောက်ခဲ့တာကိုမေ့နေလေသည်။
" ညချမ်းအေး ကိုကို့ကိုအရင်လိုမချစ်တော့ဘူး"
ခုတင်ပေါ်က ခြေဆင်းထိုင်နေတာမို့ ကျောပြင်ကနေ စိတ်ပျက်လက်ပျက်ပုံကို သေချာမြင်နေရသည်။ အနည်းငယ်နှုတ်ခမ်းတွန့်ကာပြုံးမိသွားပေမဲ့
ခေါင်းကိုမမြင်အောင်စောင်းပစ်လိုက်သည်။
ဟွန့် အလကားလူကြီး။
" အချစ်ဆိုတာ တစ်ယောက်ထဲပြောင်းလဲသွားစရာမှမရှိတာ ။ ခင်ဗျားလို အနုအယွ အလှအပတွေ ဘေးမှာပုံနေတာ။ စိတ်ပျက်ခြင်းစိတ်ပျက် ၊ အချစ်ပြောင်းချင်ပြောင်း ခင်ဗျားပဲ ဖြစ်နိုင်မှာပါ"
" ဒီတစ်ဘဝ အစကနေ ခုထိ ကိုကို မင်းတစ်ယောက်ကိုပဲချစ်ဖူးတာ ။ ခုထိလည်းသစ္စာမပျက်ဘူး။
ပြီးတော့ကိုကိုအသက်ကြီးနေပြီ။ မင်းဖက်က စိတ်ကုန်သွားရင်ရော။ ကိုကို့ကိုစိတ်ပျက်ပြီးထားသွားရင် ကိုကိုတစ်ယောက်ထဲဘယ်လိုလုပ်ရမှာလဲ "
" ခင်ဗျား ကောင်မလေးတွေဆီသွားပေါ့။ "
" ကိုကို့မှာကောင်လေးပဲရှိတာပါ။ ကိုကို့ချစ်သူက ကိုကိုတစ်ယောက်ထဲ သူစိမ်းမိန်းကလေးဘေးမှာထားခဲ့တာကို ကိုကိုဝမ်းနည်းတယ်။ ကိုကို့ကို ဘေးမဲ့ပေးထားသလိုပဲခံစားရတယ်။ ငါအပိုင် ငါ့လူဆိုတဲ့ စိတ်မျိုးနဲ့ ကိုကို့ကို အပိုင်စီးစေချင်တာ။ လာကပ်တဲ့ မိန်းကလေးတွေရဲ့ရှေ့မှာ မားမားမတ်မတ် ငါ့ချစ်သူကို လာမထိနဲ့ဆိုပြီးရန်တွေ့စေချင်တာ ။ ညချမ်းအေး ကိုကို့ကိုမယုံပဲထားခဲ့တာ ကိုကိုအရမ်းဝမ်းနည်းတယ် "
ကလေးကလားစကားတွေပြောပြီး ချော့နေမိပေမဲ့
ရင်ထဲရှက်ရကောင်းသည်မရှိ။
နောက်ကျောပေးထိုင်နေရာမှာ ပြေလည်လို့ပြေလည်ငြားမျက်နှာကိုအစွမ်းကုန် ငယ်ထားရတာကိုလည်းယောက်ျားသိက္ခာကျတယ်ဟုမခံစားရ။ အချစ်မှာ သူနိုင်ကိုယ်နိုင်မရှိပါ။ ချစ်တဲ့သူက ပိုအလျော့ပေးရတာဆိုတာ မဟုတ်ဘူး။ ကိုယ်ချစ်တဲ့သူက ကလေးလေး။
ကိုယ်ဖက်က အလျော့ပေးလိုက်လို့သူပျော်သွားရင်လည်းအချစ်ပါပဲ။ အချစ်ဆိုတာ ကန့်သတ်ချက်မရှိဘူး။ ကိုယ့်ကြောင့် စိတ်ညစ်ရတဲ့အခိုက်အတန့်ကို ကိုယ့်ကြောင့်ပဲ ပြုံးပျော်စေချင်တာ ။ ကိုယ့်ကိုချစ်ရလို့ သူသဝန်တိုပင်ပန်းရသလို ကိုယ်ချော့လိုက်လို့ စိတ်ပြေသွားရတာလည်း ညီမျှခြင်းပေမဟုတ်လား။
လက်ကလေးကိုဖွဖွဆုပ်ကိုင်လိုက်တော့ ညူစူနေတဲ့နှုတ်ခမ်းလေးပြေလျော့သွားသည်။
" ကိုထွဋ်ပြန်သွားပြီ ။ မနက်စာ တစ်ခုခုစားမလားဟင်။ ချမ်းအေး အတိတ်မေ့နေလို့ မချစ်သေးရင်နေပါ ။ ဖြည်းဖြည်းခြင်းပဲ ကိုကိုတို့သွားကြမယ်လေ ။ အရီးမြိုင်လုပ်ထားတဲ့ ကောက်ညင်းပေါင်းလည်း ကောင်းတာပါပဲ။ "
ဘိုစာတွေစားနေကြဆိုတော့ စားမမြိန်မှာလည်းစိုးပုံပါ။ ညချမ်းအေးသူ့ကိုဆုပ်ကိုင်ထားတဲ့ လက်ဖဝါးကြီးကြီးအားထိတွေ့ရင်း သူ့မျက်နှာအားမော့ကြည့်လိုက်သည်။ သူတစ်ယောက်ထဲပဲ နှလုံးသားပါတာကြလို့။
" သတိမရပေမဲ့ နှလုံးသားအသစ်နဲ့ထပ်ချစ်လို့မရဘူးလား"
" ဘယ်လို"
မျက်လုံးပြူးကာ အလန့်တကြားဖြစ်သွားတဲ့ ချစ်သူကို ပြုံးကြည့်ကာ
" ချစ်လို့ပြောတာလေ ။ ဘာလဲ ထပ်ချစ်လို့မရဘူးလား"
အံ့ဩသွားပုံပင်။ အရင်လို ရှက်ရွံ့နေတက်တဲ့ ကောင်လေးပုံမျိုးမဟုတ်ပေမဲ့ စုံသာမြိုင်ရင်ထဲ တက်ကြွနေတဲ့ကောင်လေးကြောင့် တစ်မျိုးရင်ခုန်ရတာပါပဲ။
ခေါင်းတဆတ်ဆတ်ညိတ်ကာ သူနှုတ်ခမ်းကိုအသာကိုက်လိုက်သည်။
မော်ကြည့်ရင်းပြုံးရိပ်ထင်နေတဲ့ မျက်ဝန်းငယ်ကိုလက်မလေးနှင့်ဖိကထိတွေ့ရင်း
" ရတာပေါ့ချမ်းအေးရာ ။ ကိုကို့အတွက် ညချမ်းအေးက မပြောင်းလဲသောပါပဲ "
"ခ်မ္းေအး "
"ဗ်ာ"
"မုန႔္စားခ်င္လို႔လား"
"ဟာ... မဟုတ္ပါဘူး "
ကေလးေတြ စားေနတဲ့ အာတာပူစီ ဆိုတဲ့ မုန႔္ကိုေငးၾကၫ့္ေနမိၿပီးမွ ခ်မ္းေအးရွက္ကာ ေခါင္းရမ္းလိုက္သည္။ စံုသာၿမိဳင္သည္ ခ်မ္းေအး အၾကၫ့္ေတြရိွရာမုန႔္သည္ဆီ ခပ္ျမန္ျမန္ေလ်ွာက္သြားၿပီး အျပာႏုႏု အေရာင္အားေရြးခ်ယ္ဝယ္ေပးလိုက္၏။
"ေရာ့.."
လက္ထဲေရာက္လာတဲ့ အျပာေရာင္ မုန႔္ကိုၾကၫ့္၍ ခ်မ္းေအး အေနရခက္သြား၏။
" ကေလးေတြမွစားတာေလ "
" မင္းလည္းကေလးပဲေလ "
" ရွက္စရာႀကီး"
" မစားရင္အရည္ေပ်ာ္ကုန္မယ္ ။ စားစရာရိွတာစား"
လက္တစ္ဖက္ကိုဆြဲကာေရ႔ွကေနထြက္သြားတာေၾကာင့္အာတာပူစီႀကီးကိုင္ကာ ေနာက္ကေနေျပးလိုက္ရသည္။
"အရသာရိွလား"
ပါးစပ္ထဲကစားလက္စ ကိုၿမိဳခ်ရင္း ေခါင္းညိတ္ျပလိုက္သည္။
"ေနာက္တစ္ခါ ထပ္ဝယ္ေကြၽးရအံုးမလား"
"ေတာ္ပါၿပီ။ ဘာေၾကာင့္လဲမသိဘူး ။ အႀကိဳက္ႀကီးမဟုတ္ေပမဲ့ တအားစားခ်င္လာတာ ။ စားလိုက္ေတာ့ မျပၫ့္ဝခဲ့တဲ့ ဆႏၵျပၫ့္ဝ သြားသလိုပဲ ဟီး.. ကြၽန္ေတာ္ ေတာ္ေတာ္ေက်နပ္သြားတာ"
ေဈးဝယ္လာခဲ့တာျဖစ္ေပမဲ့ မေငးေမာပဲ ဒီမုန႔္ကိုပဲကေလးတစ္ေယာက္လို စားေနတာျမင္ေတာ့ရယ္ခ်င္ေပမဲ့ မရယ္ရက္ခဲ့ေပ။ ဘယ္ေလာက္ပဲ ျပၫ့္စံုေအာင္ထားပါေစ ငယ္ကမျပၫ့္စံုခဲ့တဲ့ အခ်ိန္က အခိုက္အတန႔္ကို သူ႔ႏွလံုးသားထဲမွာ စြဲတုန္းထင္ပါ့။
"ၿပီးၿပီလား"
"ဟုတ္"
သန႔္စင္ခန္းေရ႔ွကေနေစာင့္ေနေပးတာေၾကာင့္ ညခ်မ္းေအးေက်နပ္သြား၏။ ကေလးတစ္ေယာက္လိုေစးကပ္ေနတဲ့ အာတာပူစီရဲ့သၾကားရည္ေတြကို
အေနရခက္ေနတုန္း သန႔္စင္ခန္းေရ႔ွကို လက္ဆြဲေခၚလာတာျဖစ္သည္။ အလိုက္သိတယ္လို႔ အမွတ္ေပးခ်င္ေပမဲ့ လၫ့္ၾကၫ့္သြားၾကတဲ့ မိန္းကေလးေတြရဲ့
အၾကၫ့္ေၾကာင့္ စိတ္ကျပန္ေကာက္ခ်င္သြား၏။
ဝတ္ထားတာ ရိုးရိုးဆိုေပမဲ့ ရွည္လြန္းတဲ့အရပ္ေၾကာင့္
တည္ၾကည္ရွင္းသန္႔ေနသည္။ ခုေခတ္မွာ ဒီလိုအရပ္က ရွားသလို ဒီလို ရိုးရွင္းမူ႔ကလည္းရွားသည္။
စံုသာၿမိဳင္ဆိုတဲ့ေယာက္်ားက ေခ်ာတာမ်ိဳးမရိွေပမဲ့
ၾကၫ့္လိုက္တာနဲ႔ႏြေးေထြးမူ႔ရိွတဲ့အမ်ိဳးသားမွန္းသိသာေစသည္။ ဒီလို ေယာက္်ားမ်ိဳးမွမိန္းကေလးေတြမႀကိဳက္ရင္ေလာကမွာ ႀကိဳက္စရာေတာင္ရိွေတာ့မွာမဟုတ္ဘူး။ ညခ်မ္းေအး အိတ္ေသးေသးအားလြယ္ထားၿပီး လက္ထဲမွာလည္းမုန႔္ထုတ္တခ်ိဳ႕အားကိုင္ထားေသးသည္။အၾကၫ့္ေတြက ခ်ိဳၿမိန္ၿပီး
ေနြးေထြးလြန္းတာေၾကာင့္ ေကာင္းကင္က ၾကယ္ေတြလိုပဲ ျဖစ္ေနသည္။ ဘယ္လိုပဲၾကၫ့္ၾကၫ့္ အလိုလိုက္အႀကိဳက္ေဆာင္ေပးတက္တဲ့အကိုႀကီးအသြင္မို႔ ကြက္ၾကၫ့္ကြက္ၾကၫ့္မိန္းကေလးေတြရဲ့အျပစ္မဟုတ္ေပ။
သူႏႈတ္ခမ္းဆူထားတာေတြေတာ့ စံုသာၿမိဳင္ျပာယာခတ္သြား၏။
"ဘာျဖစ္ရျပန္တာလည္းခ်မ္းေအးရာ"
" ဘာမွမျဖစ္ဘူးေပး အိတ္ေတြ"
"ကိုကိုပဲလြယ္ခဲ့မယ္ေလ ခ်မ္းေအးက ေအးေဆးလမ္းေလ်ွာက္ "
" မေလ်ွာက္ပါဘူး ခင္ဗ်ား ဘာသာ လြတ္လြတ္လပ္လပ္ေလ်ွာက္။ ကြၽန္ေတာ္ကိုလည္းဂရုမစိုက္နဲ႔ ေရ႔ွကိုပဲၾကၫ့္"
"ေဟာဗ်ာ"
ဇြတ္တရြတ္ ဆြဲယူလိုက္ၿပီး ေရ႔ွကေန ေဘာက္ဆက္ဆက္ေလ်ွာက္ ပစ္လိုက္ေတာ့ေနာက္ကေန အျမန္ေလ်ွာက္လာသံၾကားလိုက္ရသည္။
အေတာ္ၾကာမွ သူလမ္းေတြအမ်ားႀကီးေလ်ွာက္မရဘူးဆိုတာ သတိရကာ အရိွန္ေလ်ာ့လိုက္ရသည္။
တကယ္လည္းေဘးနားလာရပ္တဲ့အခါမွ သူ႔နဖူးမွာ ေခြၽးစို႔ေနၿပီျဖစ္သည္။
"ေျဖးေျဖးေလ်ွာက္တာမဟုတ္ဘူး ခ်မ္းေအးရာ ။ ကိုကိုေမာေနၿပီကြ"
"ေမာေမာေပါ့"
အရြဲ႔တိုက္သလို ရစ္တစ္တစ္စကားေတြေၾကာင့္မေနႏိုင္ပဲ စံုသာၿမိဳင္ၿပံဳးမိသည္။
ထို႔ေနာက္ သူ႔လက္ ႏွင့္ စာရင္အမ်ားႀကီးေသးသြယ္ေသာလက္ကိုဖမ္းဆုပ္ကာ
" ကိုကို shopping ထြက္ရေအာင္ေခၚလာတာ ခ်မ္းေအးလိုခ်င္တာပူဆာေစခ်င္လို႔ေလ ။ လာပါ စိတ္မေကာက္ပဲ လိုခ်င္တာေလးလိုက္ၾကၫ့္ရေအာင္"
"ဧၫ့္သည္ကို ထားခဲ့ရတာ အားနာစရာႀကီးေလ ။ ဘယ္ခ်ိန္ဝယ္ဝယ္ ရေနတာကို"
အဲ့ဧၫ့္သည္ကို မၾကၫ့္ခ်င္တာကြာ လို႔ေတာ့ သူမေျပာျဖစ္။ ခ်မ္းေအးလက္ကိုဆြဲကာ ေဈးႀကီးသၫ့္ဆိုင္တစ္ဆိုင္ထဲ တိုးဝင္လိုက္သည္။
"မဂၤလာပါရွင့္ .. ဘာမ်ားလိုအပ္ပါသလဲ"
အေရာင္းစာေရးမေလးတစ္ေယာက္ ထြက္လာၿပီးေမးတဲ့ အခါ ခ်မ္းေအးဖက္ကိုေမးေငါ့ျပလိုက္၏။
"သူလိုအရြယ္ ခုေခတ္စားေနတဲ့အထဲက ျပေပးပါ ..
တအားႀကီးေခတ္ဆန္စရာမလိုပဲ ေပါေပါ့ပါးပါးထဲက ျပရင္ပိုအဆင္ေျပတယ္"
ခ်မ္းေအးဝတ္ထားတာကို ၾကၫ့္ကာ အေရာင္းစာေရးမေလးေခါင္းညိတ္ကာ ၿပံဳးျပသည္။
"ဟုတ္ကဲ့ ဒါဆို ဒီဖက္မွာ လိုက္ၾကၫ့္ေပးပါရွင့္"
စံုလင္ေသာ အထည္ေတြကိုၾကၫ့္ကာ ခ်မ္းေအးေခါင္းကိုက္လာသည္။ အဝတ္အစားကို ေမေမပို႔ေပးသမ်ွဝတ္တာေၾကာင့္ ကိုယ္တိုင္ေရြးတဲ့အခါ မေရြးျခယ္ႏိုင္ေတာ့ေပ။ ဘာယူရမွန္းမသိဗ်ာမ်ားေနစဉ္ ကိုင္ၾကၫ့္သမ်ွအဝတ္ေတြကို စံုသာၿမိဳင္ ဆြဲယူသြားေလသည္။
"ဒါ ယူမယ္"
"မဟုတ္..."
" ႏွစ္ထည္လံုးလွတာပဲ။ ကိုကိုခ်မ္းေအးေလးက အသားေရေလးလွေတာ့ ဘာဝတ္ဝတ္ၾကၫ့္ေကာင္းပါ့"
ေဘးမွရပ္ေနတဲ့စာေရးမေလး၏ အၿပံဳးကိုျမင္လိုက္ရေတာ့ ညခ်မ္းေအး မ်က္ႏွာနီရဲသြား၏။
ဒီလူေတာ့....
"ဖိနပ္ေရာၾကၫ့္မယ္"
"ဟုတ္ကဲ့ ဟိုဖက္မွာလိုက္ၾကၫ့္ေပးပါရွင့္"
ေယာက္်ားေလး ဖက္ရွင္ဆိုင္တြင္ မႏိုင္နင္းေအာင္ဝယ္ယူအၿပီးမွာ ညခ်မ္းေအးေတာ္ေတာ္စိတ္ဓာတ္က်သြား၏။ လုပ္ခ်င္ရာလုပ္ၿပီး ေက်နပ္ေနတဲ့စံုသာၿမိဳင္မွာေတာ့ေမာရေကာင္းသည္မရိွ။
" အေအး ေသာက္မလား"
" အင္း"
သူပဲအထုတ္ေတြဆြဲ ။ သူပဲျပာယာခတ္ေနတာမို႔မ်က္ေစာင္းထိုးကာ ၾကၫ့္လိုက္၏။ မလိုအပ္ပဲ သံုးၿဖံဳးေနတာမို႔ ညခ်မ္းေအးမွာ အသည္းတယားယား။
"သံပရာေရ ေအးေအး ေလးႏွစ္ခြက္ "
သူဘာသာမွာၿပီး လူကိုလာရယ္ျပေနတာမို႔ ႏွာေခါင္းရႈံ႔ျပလိုက္သည္။ ခ်မ္းေအးက ကိတ္မုန႔္လို ခ်ိဳတဲ့မုန႔္ႀကိဳက္တက္ေပမဲ့ အေအးဆိုရင္ သံပရာေရ လိမၼော္ေရေလာက္သာ ေသာက္တက္၏။ စံုသာၿမိဳင္ကေတာ့ဆန႔္က်င္ဖက္ပင္။ ရံဖာရံခါမွသာ ေသာက္တက္ၿပီး
ေကာ္ဖီ ဘာညာကိုပဲ ပိုေသာက္တက္၏။
"အသက္ႀကီးေနၿပီေလ ။ ခ်ဉ္တာေလးေတြေသာက္ေပးမွ "
" ျဖစ္ရေလ "
ခ်မ္းေအးသူ႔စကားေၾကာင့္ဟက္ဟက္ပက္ပက္ရယ္ေမာတာျမင္ေတာ့ သံပရာေရေသာက္ရလည္း ဘာမွမျဖစ္ဘူးဟုေတြးလိုက္မိသည္။
"ကိုကိုက ခ်မ္းေအးကို အရင္တုန္းကလည္း အခ်ိန္မေပးမိဘူး။ ခ်မ္းေအးအတြက္ ကိုကို႔အတြက္ ပိုက္ဆံရွာဖို႔ပဲ အားသာခဲ့တာ။ ငယ္တုန္းကဆို ကိုကိုေရာ ခ်မ္းေအး စားဖို႔ေတာင္ႏွပ္မွန္ခဲ့တာမဟုတ္ဘူး။ အသက္ႀကီးေတာ့ ေငြမွေငြ ေလာဘႀကီးခဲ့ေပမဲ့ ခ်မ္းေအးအေပၚမွာ လိုအပ္ခ်က္ေတြမ်ားခဲ့မွန္း သတိမထားမိခဲ့ဘူး။ "
စံုသာၿမိဳင္ အတိတ္ကိုျပန္သတိရကာ စိတ္မေကာင္းျဖစ္သြား၏။
"ခုထိ သမီးရည္းစားဆက္ဆံေရးမွာ စိမ္းသက္ေနတုန္းလို႔ ခ်မ္းေအးမခံစားမိဘူးလား။ ကိုကိုဖက္က အလိုက္မသိသလို ခ်မ္းေအးကလည္းမပြင့္လင္းဘူး။ ကိုကို႔အမွားေတြလို႔ေတြးမိတိုင္း ေနရတာလည္းမေပ်ာ္ဘူး"
စကားေတြအရွည္ႀကီးေျပာၿပီးေနာက္သံပရာေရကို ငံု႔ေသာက္ရင္း ခ်မ္းေအးမ်က္ႏွာကိုအကဲခတ္မိသည္။
ခ်မ္းေအးၿပံဳးသြားတာကိုေတြ့ေတာ့ စိတ္ထဲအလိုမက်မိေတာ့ေပ။
" ကိုကိုေျပာေနတာဘာမွားလို႔လဲ"
"မမွားပါဘူး"
"ဒါဆိုဘာလို႔.."
"လက္ခုပ္ဆိုတာ ႏွစ္ဖက္တီးမျွမည္တာေလ။
ေဟာဟိုမွာ လာျပန္ၿပီေနာက္တစ္ေယာက္"
ခ်မ္းေအးစကားမဆံုးေသး ေဘးမွာလာရပ္တဲ့ ပံုရိပ္ေၾကာင့္ေခါင္းေမာ့ၾကၫ့္လိုက္ေတာ့စံပယ္ျဖဴဆိုေသာ မိန္းကေလးျဖစ္ေနသည္။
သူမ်က္ႏွာပ်က္သြားတာျမင္ေတာ့ ပိုက္တံျဖင့္ အေအးစုပ္ေသာက္ရင္း ခ်မ္းေအး စိတ္ပ်က္သလို
ႏႈတ္ခမ္းမဲ့သြားတာ အရွင္းသား။
"ခ်မ္းေအး... ကိုကိုမဟုတ္.."
" ဟယ္ ကိုကိုမ်ားဟုတ္ပါ့မလားလို႔ ျဖဴက ေသခ်ာၾကၫ့္ေနတာ ။ ဟုတ္မွာပါေလ ဆိုၿပီး အနီးကပ္လာမွ
ကိုကိုျဖစ္ေနတာပဲ။ "
စံုသာၿမိဳင္ ကံၾကမၼာကိုပဲဆဲေရ ခ်င္ေတာ့သည္။ ကယားေရလြတ္ တတြတ္တြတ္ေျပာရင္း ထိုမိန္းကေလး စားပြဲထိုင္လိုက္တဲ့အထိ ခ်မ္းေအးကသူ႔ကိုၾကၫ့္မလာေတာ့။
"ကိုကို အရင္ဖုန္းနံပါတ္က ဆက္မရေတာ့ဘူး။ ကတ္အသစ္ထၫ့္ထားတာလဲဟင္။ ျဖဴကိုေပးထားအံုး အေရးအေၾကာင္းဆိုဆက္ရေအာင္လို႔ "
"ငါတို႔ ဒီမွာ..."
စာပြဲဝိုင္းမွာ ဆတ္ခနဲ ဝင္ထိုင္လိုက္တာမို႔
ျငင္းဖို႔ျပင္ဆင္ေနတုန္း ခ်မ္းေအး ကပါ ထရပ္လိုက္တာမို႔ သူေျပာရမဲ့စကားရပ္သြား၏။
" ခင္ဗ်ားဘာသာ ၿပီးမွလိုက္ခဲ့ေတာ့ ။ ကြၽန္ေတာ္ အေရးတႀကီးသြားစရာ ရိွေသးလို႔"
"ေနအံုးေလ ခ်မ္းေအးရ ကိုကိုလည္းလိုက္မယ္"
" ကိုကို .. ျဖဴေျပာေနတာမၿပီးေသးဘူး"
ခ်မ္းေအးထြက္သြားမဲ့ဖက္ကို ေျပးလိုက္ဖို႔ ႀကံရြယ္ေပမဲ့ လက္တစ္ဖက္ကို စပယ္ျဖဴ က လွမ္းဆြဲလိုက္သည္။ သူပုတ္ထုတ္ရင္းေဒါသတႀကီးေအာ္ဟစ္လိုက္သည္။
"မင္းဘယ္လိုျဖစ္ေနတာလဲ "
"ျဖဴက "
စပယ္ျဖဴ ေၾကာက္ရြံ႔သြားတာေၾကာင့္ စကားပင္ေျပာမထြက္ေတာ့။
" သူက ခ်စ္သူေတြၾကားမွာ ခေလာက္ဆန္ရေလာက္ေအာင္ မင္းက ငါ့သမိုင္းမွာ ဘယ္ေလာက္အေရးပါခဲ့ဘူးလို႔လဲ "
"ကိုကိုျဖဴ႔ကိုအဲ့လိုမေျပာနဲ႔"
ျဖဴ မ်က္ရည္ေတြအိခနဲ ဝိုင္းလာခဲ့သည္။
ဘယ္လိုပဲၾကၫ့္ၾကၫ့္ ဒီေယာက္်ားက သူ႔အေပၚေနြးေထြးမူ႔မရိွေပမဲ့ သူ႔အရိပ္မွာလံုၿခံဳဘူးသည္။
စေတြ့ျမင္တဲ့အခါမွာ ဝမ္းသာသြားစိတ္ေၾကာင့္ႏႈတ္ဆက္ေပမဲ့ အျမင္မၾကည္ခဲ့ဘူးတဲ့ေကာင္ေလးေၾကာင့္ စိတ္လည္းရႈပ္သြား၏။ အဆင္မေျပတဲ့အိမ္ေထာင္ေရးကိုစြန႔္ပစ္ၿပီး ကိုကို႔အရိပ္မွာ အရင္လိုေနခ်င္တဲ့အတၲစိတ္ေၾကာင့္ ဇြတ္အတင္းေရာခဲ့ေပမဲ့ ကိုကိုေအာ္ေတာ္လည္း ျဖဴမခံႏိုင္ေပ။
" မင္းဘာျဖစ္ခ်င္ေနတာလဲ စပယ္ျဖဴ ။ မင္းမ်က္ႏွာကို မျမင္ခ်င္ဘူးေျပာရင္ ငါရိုင္းသြားမယ္ထင္တယ္ ။
မ်က္ႏွာခ်င္းဆိုင္ေတြ့ရင္ေတာင္ လာမႏႈတ္ဆက္နဲ႔။ ငါတို႔ႏွစ္ေယာက္က ေမးထူးေခၚေျပာရေအာင္ ရင္းႏွီးမူ႔မရိွတဲ့ သူစိမ္းေတြ ။ ငါ့ခ်စ္သူစိတ္ပ်က္ရင္ငါလည္း စိတ္ပ်က္တယ္။ ေတြ့လားဟိုေကာင္ေလးက ငါ့ရည္းစားပဲ မင္းကိုေတြ့တိုင္း သူစိတ္မေပ်ာ္ဘူး ။ ငါတို႔ႏွစ္ေယာက္ေျပလည္ဖို႔ မင္းမေပၚလာရင္အဆင္ေျပဆံုးပဲ"
ေျပာသြားတဲ့ စကားေတြက တဆံုး။
ရြံ႔စရာသတၲဝါတစ္ေကာင္လို႔ ၾကၫ့္ရႈ႔သြားတဲ့ အၾကၫ့္ေတြကိုေတြးမိကာ တဆတ္ဆတ္တုန္ေနတဲ့လက္ဖ်ားေတြက မရပ္ေတာ့။
ေတြးမိတဲ့အေတြးတစ္ခုထဲ ဝဲလည္ခတ္ေနသည္။
ကိုကိုျဖဴ႔ကို အရမ္းမုန္းေနၿပီ။
_____
စံုသာၿမိဳင္ အခါတစ္ရာေက်ာ္မ်ွ အဝင္ေကာကို ထပ္မံေခၚေဝၚလိုက္ေတာ့ လူႀကီးမင္းေခၚဆိုတဲ့တယ္လီဖုန္းမွာ စက္ပိတ္ထားပါသည္ ခ်ည္းပဲ။
ညအခ်ိန္ ဆယ္နာရီေက်ာ္ေနၿပီ။
လူက ထိုင္မရထမရ ျဖစ္ေနတာေၾကာင့္ ငါးနာရီေက်ာ္မ်ွ မိုးတိုးမတ္တပ္။
ခ်မ္းေအးျပန္မလာေသးဘူး။
လိုက္ရွာေပမဲ့မေတြ့ေတာ့တဲ့အေျခအေနမွာ အိမ္ျပန္သြားမွာလည္းစိုးသည္။ အန္တီက မာနႀကီးၿပီး စကားေျပာတည္တာေၾကာင့္ ဒီတစ္ခါ ျပန္သြားရင္ျပန္ထၫ့္ဖို႔မေျပာနဲ႔ေတြ့ရဖို႔ေတာင္မေသခ်ာေတာ့ေပ။
ထိုင္မရထမရျဖစ္ေနစဉ္ ကားမီးေရာင္က အိမ္ေပါက္ဝကိုထိုးစိုက္လာတာေၾကာင့္ကပ်ာကယာေျပးသြားစဉ္ ဟိုေကာင္ ကိုထြဋ္ဆိုတဲ့ေကာင္ ျဖစ္ေနသည္။
သူမၾကည္ေပမဲ့ ဝတၲရားအရ ျပန္လာၿပီလားဟု ေမးဖို႔ ျပင္လိုက္ေပမဲ့ ေဘးတံခါးကိုပတ္ကာ သြားေနတာေၾကာင့္ တစ္ေယာက္ေယာက္ကိုဆြဲထုတ္လိုက္တာျမင္ေတာ့ သူထိတ္လန႔္တၾကားျဖစ္သည္။
"ကိုထြဋ္ ခ်မ္းေအးဘာျဖစ္တာလဲ"
မႏိုင္မနင္းစီးေပြ့ယူပစ္လိုက္ေတာ့ကိုထြဋ္ အတင္းဆြဲမထားေပ။
" ကလပ္မွာ သြားေသာက္လာတာ ။ ကြၽန္ေတာ္တားပါတယ္ ။ ျပန္ရေတာ့မွာဆိုေပမဲ့ သူစိတ္ညစ္ေနတယ္ထင္ေတာ့"
စံုသာၿမိဳင္မ်က္ႏွာညိုသြား၏။
မူးရူးလာတာ လက္ထဲေပြ့ထားတဲ့အတိုင္း
သက္မဲ့အရုပ္လို ေပ်ာ့ေခြေန၏။
ႏွစ္ေယာက္သားအေျခအေနၾကၫ့္ကာ ခ်က္ခ်င္းျပန္ေတာ့မယ္ဟုႏႈတ္ဆက္ ကာ ကိုထြဋ္ခပ္ကုတ္ကုတ္ျပန္သြားတဲ့အထိ သူ႔အသိစိတ္တို႔လြင့္ေမ်ာဆဲပင္။
ခ်မ္းေအးသည္ အေနေအးသည္။
ၿမံဳစိစိျဖင့္ခံစားခ်က္ေတြကိုသိုဝွက္တက္သူျဖစ္၏။
ဘာေၾကာင့္ အသြင္ေျပာင္းသြားသလို ခံစားေနရသလဲ သူမသိ။ ခ်မ္းေအး၏ နီရဲေနေသာ မ်က္ႏွာႏုႏုအားၾကၫ့္၍ ရင္ထဲတဒိတ္ဒိတ္ခုန္လာေလသည္။
" ခ်မ္းေအး..ခ်မ္းေအး"
"အြန္း... ဖယ္ "
" ထေတာ့ ေရပတ္တိုက္ရေအာင္ အဝတ္ေတြလည္းလဲရအံုးမယ္"
ခ်ဉ္စုတ္စုတ္အနံ႔ေၾကာင့္ အမူးသမားအားမေက်မလည္ၾကၫ့္လိုက္သည္။
" ညခ်မ္းေအး အတက္ေကာင္းေတြ အေတာ္တက္ေနၿပီ သိလား"
တစ္ေယာက္ေသာသူက ေျခကာယားလက္ကားယား အိပ္ေပ်ာ္ေနရံုမွလြဲ၍ သူ႔စကားတို႔အားမၾကားႏိုင္ခဲ့ေပ။
မနက္ေဝလီေဝလင္းအခ်ိန္တြင္ ညခ်မ္းေအးႏိုးလာခဲ့၏။ တစိမ့္စိမ့္ထိုးကိုက္ေနတဲ့ေခါင္းကိုဖိကာ ညတုန္းက မက္ခဲ့တဲ့အိမ္မက္ကိုျပန္ေတြးမိသည္။
အိပ္မက္ထဲမွာ ကိုကိုရယ္ သူရယ္ ေမွာင္ရီပ်ိဳးပ်ိဳးရြာလမ္းမွာ လက္ကိုတြဲကာ သြားေနၾကသည္။ ႏွစ္ေယာက္စလံုးအေနခက္ကာ မ်က္ႏွာေတြထူအမ္းေနေသာျငား တြဲလက္ကိုေတာ့ မျဖဳတ္ခဲ့ၾကေပ။
ရင္ခုန္လြန္းလွတာေၾကာင့္ အိပ္ယာႏိုးတဲ့အထိ
ရင္ထဲတလွပ္လွပ္ျဖစ္ေနဆဲပင္။
"ဟင္"
အိပ္မက္ကေနမႏိုးထႏိုင္ေသးခင္ သန္မာေသာ လက္တစ္ဖက္က ခါးကေနသိုင္းဖက္ထားတာကို သတိထားမိလိုက္သည္။
ေမာ့ၾကၫ့္လိုက္ေတာ့ ထင္ရွားေသာ ေမးရိုးေၾကာင့္
အာေမဋိတ္သံဝိုးတဝါးထြက္လာ၏။
ညတုန္းက စိတ္တိုတိုႏွင့္ ကလပ္ကိုသြားကာေသာက္ခဲ့ၾကသည္။ မူးရူးကာ က ခဲ့တာကိုေတြးမိေတာ့အနည္းငယ္ရွက္သြားကာ အိပ္ယာထဲကေန သတိမမူပဲကုန္းအထ ဖက္ထားေသာလက္ေၾကာင့္ရင္ခြင္ထဲၿပိဳဆင္းသြား၏။
" အိပ္ဦးမယ္ကြာ ၿငိမ္ၿငိမ္ေန"
" အင့္ဟင္ ဖယ္ပါ ။ ခင္ဗ်ားဘာသာ ကိုယ့္အခန္းမွာ ကိုယ္မအိပ္ပဲ"
"အဟြင္း..."
သူရယ္သံသဲ့သဲ့ေၾကာင့္ ရင္ထဲလိႈင္းထန္ကုန္သည္။
အိပ္ယာႏိုးကာစမို႔ အက္ရွကာ ေယာက္်ားဆန္လြန္းလွသည္ဟု ထင္မိသည္။
"ညခ်မ္းေအးက ဆိုးလိုက္တာကြာ"
" ကြၽန္ေတာ္က အဲ့လိုလူမ်ိဳးပဲ ။ ခုမွ သိတာလား"
မၾကည္သာတာေၾကာင့္ ေလသံေတြကဘုနဲ႔ေဘာက္။
"ပထမဦးဆံုးအႀကိမ္ဆိုေတာ့ အံ့ဩတယ္။ ရင္ခုန္တယ္။ ကိုကိုသိတဲ့ခ်မ္းေအးက မပြင့္လင္းဘူး"
"..."
" ညတုန္းက အျပတ္ကဲခဲ့ေတာ့ရင္ထဲေပါ့သြားရဲ့လား"
"ဒါေပါ့ ။ အဲ့မွာ ခပ္ေခ်ာ ေယာက္်ားေတြအမ်ားႀကီးပဲေလ "
ဖက္ရက္အတိုင္း သူတစ္ခြန္းကိုယ္တစ္ခြန္းေျပာေနၾကဆဲပါ။ ညခ်မ္းေအး၏စကားေၾကာင့္ သူအသံတိတ္ကာ ခါးေပၚကဖက္ထားတဲ့လက္ကိုဖယ္သြား၏။
ညခ်မ္းေအးႏွာေခါင္းရႈံ႔ကာ စိတ္ေကာက္တက္တဲ့ေယာက္်ားပါ့လားဟုေတြးမိသည္။ သူကိုယ္တိုင္ေတာ့ မေန့က စိတ္ေကာက္ခဲ့တာကိုေမ့ေနေလသည္။
" ညခ်မ္းေအး ကိုကို႔ကိုအရင္လိုမခ်စ္ေတာ့ဘူး"
ခုတင္ေပၚက ေျခဆင္းထိုင္ေနတာမို႔ ေက်ာျပင္ကေန စိတ္ပ်က္လက္ပ်က္ပံုကို ေသခ်ာျမင္ေနရသည္။ အနည္းငယ္ႏႈတ္ခမ္းတြန႔္ကာၿပံဳးမိသြားေပမဲ့
ေခါင္းကိုမျမင္ေအာင္ေစာင္းပစ္လိုက္သည္။
ဟြန႔္ အလကားလူႀကီး။
" အခ်စ္ဆိုတာ တစ္ေယာက္ထဲေျပာင္းလဲသြားစရာမွမရိွတာ ။ ခင္ဗ်ားလို အႏုအယြ အလွအပေတြ ေဘးမွာပံုေနတာ။ စိတ္ပ်က္ျခင္းစိတ္ပ်က္ ၊ အခ်စ္ေျပာင္းခ်င္ေျပာင္း ခင္ဗ်ားပဲ ျဖစ္ႏိုင္မွာပါ"
" ဒီတစ္ဘဝ အစကေန ခုထိ ကိုကို မင္းတစ္ေယာက္ကိုပဲခ်စ္ဖူးတာ ။ ခုထိလည္းသစၥာမပ်က္ဘူး။
ၿပီးေတာ့ကိုကိုအသက္ႀကီးေနၿပီ။ မင္းဖက္က စိတ္ကုန္သြားရင္ေရာ။ ကိုကို႔ကိုစိတ္ပ်က္ၿပီးထားသြားရင္ ကိုကိုတစ္ေယာက္ထဲဘယ္လိုလုပ္ရမွာလဲ "
" ခင္ဗ်ား ေကာင္မေလးေတြဆီသြားေပါ့။ "
" ကိုကို႔မွာေကာင္ေလးပဲရိွတာပါ။ ကိုကို႔ခ်စ္သူက ကိုကိုတစ္ေယာက္ထဲ သူစိမ္းမိန္းကေလးေဘးမွာထားခဲ့တာကို ကိုကိုဝမ္းနည္းတယ္။ ကိုကို႔ကို ေဘးမဲ့ေပးထားသလိုပဲခံစားရတယ္။ ငါအပိုင္ ငါ့လူဆိုတဲ့ စိတ္မ်ိဳးနဲ႔ ကိုကို႔ကို အပိုင္စီးေစခ်င္တာ။ လာကပ္တဲ့ မိန္းကေလးေတြရဲ့ေရ႔ွမွာ မားမားမတ္မတ္ ငါ့ခ်စ္သူကို လာမထိနဲ႔ဆိုၿပီးရန္ေတြ့ေစခ်င္တာ ။ ညခ်မ္းေအး ကိုကို႔ကိုမယံုပဲထားခဲ့တာ ကိုကိုအရမ္းဝမ္းနည္းတယ္ "
ကေလးကလားစကားေတြေျပာၿပီး ေခ်ာ့ေနမိေပမဲ့
ရင္ထဲရွက္ရေကာင္းသည္မရိွ။
ေနာက္ေက်ာေပးထိုင္ေနရာမွာ ေျပလည္လို႔ေျပလည္ျငားမ်က္ႏွာကိုအစြမ္းကုန္ ငယ္ထားရတာကိုလည္းေယာက္်ားသိကၡာက်တယ္ဟုမခံစားရ။ အခ်စ္မွာ သူႏိုင္ကိုယ္ႏိုင္မရိွပါ။ ခ်စ္တဲ့သူက ပိုအေလ်ာ့ေပးရတာဆိုတာ မဟုတ္ဘူး။ ကိုယ္ခ်စ္တဲ့သူက ကေလးေလး။
ကိုယ္ဖက္က အေလ်ာ့ေပးလိုက္လို႔သူေပ်ာ္သြားရင္လည္းအခ်စ္ပါပဲ။ အခ်စ္ဆိုတာ ကန႔္သတ္ခ်က္မရိွဘူး။ ကိုယ့္ေၾကာင့္ စိတ္ညစ္ရတဲ့အခိုက္အတန႔္ကို ကိုယ့္ေၾကာင့္ပဲ ၿပံဳးေပ်ာ္ေစခ်င္တာ ။ ကိုယ့္ကိုခ်စ္ရလို႔ သူသဝန္တိုပင္ပန္းရသလို ကိုယ္ေခ်ာ့လိုက္လို႔ စိတ္ေျပသြားရတာလည္း ညီမ်ျွခင္းေပမဟုတ္လား။
လက္ကေလးကိုဖြဖြဆုပ္ကိုင္လိုက္ေတာ့ ၫူစူေနတဲ့ႏႈတ္ခမ္းေလးေျပေလ်ာ့သြားသည္။
" ကိုထြဋ္ျပန္သြားၿပီ ။ မနက္စာ တစ္ခုခုစားမလားဟင္။ ခ်မ္းေအး အတိတ္ေမ့ေနလို႔ မခ်စ္ေသးရင္ေနပါ ။ ျဖည္းျဖည္းျခင္းပဲ ကိုကိုတို႔သြားၾကမယ္ေလ ။ အရီးၿမိဳင္လုပ္ထားတဲ့ ေကာက္ညင္းေပါင္းလည္း ေကာင္းတာပါပဲ။ "
ဘိုစာေတြစားေနၾကဆိုေတာ့ စားမၿမိန္မွာလည္းစိုးပံုပါ။ ညခ်မ္းေအးသူ႔ကိုဆုပ္ကိုင္ထားတဲ့ လက္ဖဝါးႀကီးႀကီးအားထိေတြ့ရင္း သူ႔မ်က္ႏွာအားေမာ့ၾကၫ့္လိုက္သည္။ သူတစ္ေယာက္ထဲပဲ ႏွလံုးသားပါတာၾကလို႔။
" သတိမရေပမဲ့ ႏွလံုးသားအသစ္နဲ႔ထပ္ခ်စ္လို႔မရဘူးလား"
" ဘယ္လို"
မ်က္လံုးျပဴးကာ အလန႔္တၾကားျဖစ္သြားတဲ့ ခ်စ္သူကို ၿပံဳးၾကၫ့္ကာ
" ခ်စ္လို႔ေျပာတာေလ ။ ဘာလဲ ထပ္ခ်စ္လို႔မရဘူးလား"
အံ့ဩသြားပံုပင္။ အရင္လို ရွက္ရြံ႔ေနတက္တဲ့ ေကာင္ေလးပံုမ်ိဳးမဟုတ္ေပမဲ့ စံုသာၿမိဳင္ရင္ထဲ တက္ႂကြေနတဲ့ေကာင္ေလးေၾကာင့္ တစ္မ်ိဳးရင္ခုန္ရတာပါပဲ။
ေခါင္းတဆတ္ဆတ္ညိတ္ကာ သူႏႈတ္ခမ္းကိုအသာကိုက္လိုက္သည္။
ေမာ္ၾကၫ့္ရင္းၿပံဳးရိပ္ထင္ေနတဲ့ မ်က္ဝန္းငယ္ကိုလက္မေလးႏွင့္ဖိကထိေတြ့ရင္း
" ရတာေပါ့ခ်မ္းေအးရာ ။ ကိုကို႔အတြက္ ညခ်မ္းေအးက မေျပာင္းလဲေသာပါပဲ "
Bạn đang đọc truyện trên: ZingTruyen.Xyz