ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
34
ဒီရက်ပိုင်း ချစ်ထွန်းမျက်နှာမကောင်းပေ။
စုံသာမြိုင်ကတော့ သိပ်ဘာမျှမဖြစ်သလိုပဲမို့ စိတ်ထဲမတင်မကျစိတ်ကလေးပြေလျော့သွား၏။ သို့သော်အေးစက်စက်ရေးကတော့ပျောက်မသွားသေးပေ။
တစ်ယောက်သောသူကလည်း မချော့တက်။
သူသည်ကလည်း လတ်တလော ကလေးဆန်လွန်းနေသည်။ သူ့ဖက်က ပုံမှန်ခေါ်ပြောပေမဲ့ ကိုယ်ကတော့လိုအပ်မှသာ စကားပြောနေဖြစ်သည်။
စိတ်များဆိုးသွားသလားဟု တွေးမိပေမဲ့ နေပါစေ သူတောင် မိန်းကလေးတစ်ယောက်နဲ့ပတ်သက်ပြီး ကိုယ့်ကို စိတ်တိုအောင် လုပ်နိုင်သေးတာပဲ ဆိုတဲ့ အတွေးကဝင်လာ၏။
သို့သော် သူ့ကိုအားကိုးကာ လိုက်လာရတဲ့နေရာသစ်မို့
အားငယ်စိတ်ကတော့ဝင်လာတာအမှန်ပင်။
" အလုပ်မသွားသေးဘူးလား"
ခါတိုင်း မနက်ကိုးနာရီလောက်ဆို အိတ်ယူကာ အလုပ်သွားနေကြဖြစ်သည်။ အခုမသွားပဲ ဘေးမှာ သတင်းစာဖတ်နေတာမို့ မသိမသာလေးခိုးကြည့်မိသည်။ ဒီနေ့ ကိုထွဋ်လာမှာမို့ သူ့အား အသိပေးချင်လို့ စကားစနေတာဖြစ်ပေမဲ့ စိတ်ထဲမှာတော့ သိပ်မပြောပြချင်ပေ။
"ဒီနေ့မသွားဘူး"
ပြောရင်း လှန်လိုက်တဲ့ သတင်းစာစောင်ပေါ်က လက်ချောင်းရှည်တွေအားငေးကာ အာခြောက်လာသလိုလိုပင်။
လက်ချောင်းညိုညိုတွေသည် ရှည်လျားကာ အရိုးအဆစ်တွေလည်းထင်းနေသည်။ လက်ဖမိုးနှင့်လက်ဆစ်တွေပေါ်က အမွှေးရှည်ရှည်တွေသည် အံ့ဩစရာကောင်းအောင်ယောက်ျားဆန်လှသည်။
သူထပ်မံစကားမဆိုတော့ မော့ကြည့်လာ၏။
"ဘာလို့လဲ ။ ပျင်းလို့လား "
"မဟုတ်ပါဘူး"
စားပွဲပေါ်ကို ဖတ်လက်စသတင်းစာအုပ် ပစ်ချခံလိုက်ရပြီဖြစ်၏။
သူသည် လှည့်ကာ ညချမ်းအေး၏လက်အား ဆွဲယူလိုက်သည်။
"ဘာဖြစ်ရပြန်တာလဲ။ ပြောပါဦး"
"မဖြစ်ပါဘူး ၊ သွားတာမမြင်လို့မေးကြည့်ရုံပဲ"
"ဟုတ်လို့လား။ ပျင်းနေတာရော မဖြစ်နိုင်ဘူးလား"
ညချမ်းအေး ရှုံ့မဲ့သွားတာမြင်တော့ တစ်ယောက်သောသူ ပြုံးသွား၏။
လက်ဖဝါးထဲက လက်လေးအား ဆော့၍ပွတ်သပ်ကာ
ဆွဲယူနမ်းရှိုက်လိုက်သည်။အိစက်နေသော လက်ကလေး၏အထိအတွေ့သည် သူ့၏ခက်ခဲနေသော စိတ်အား ပြေလျော့စေပါ၏။
တစ်ခါမှ ရန်မဖြစ်ဖူးတာမို့ ပထမအကြိမ်သည် တော်တော်လေး ကို့ယို့ကားယားနိုင်လွန်းသည်။
ငယ်လေးသည် မွေးစားညီမလေးဖြစ်သလို ချစ်ထွန်းဖက်ကနေ တစ်ချိန်လက်ထပ်ဖို့ထိရည်ရွယ်သူဖြစ်၏။
ကလေးမလေးဖက်ကသာ မီးစိမ်းပြကြည့် ချစ်ထွန်းတစ်ယောက် ချက်ခြင်းယူမဲ့သဘောမှာရှိနေသည်။
ချစ်ထွန်းကတပည့်ဆိုတာထက် အစပေါင်းများစွာ ပိုသောသူဖြစ်၏။
ဒါကို ချမ်းအေးက နားလည်မပေးပေ။
လူငယ်တွေမို့ သဝန်တိုတာ သဘာဝ ကျပေမဲ့
ငယ်လေးနဲ့တော့ မစွပ်စွဲကောင်းပေ။
အိမ်ပေါ်မထားပဲ တိုက်ခန်းစီစဉ်ပေးတော့
မိန်းမငယ်လေးတစ်ယောက်ထဲမို့ စိတ်မချ။ အစစအရာရာ ချစ်ထွန်းတွေးကာ သူ့အမ ချစ်ပြည့်အိမ်ပို့လိုက်မှ ကိစ္စအေးတော့သည်။ သို့သော်လည်း အားနာတာက အားနာရတာပင်။
"အပြင်လိုက်ပို့မယ်လေ ။ ထ အဝတ်လဲချေ"
ချမ်းအေးခေါင်းရမ်းကာ လက်ကလေးကို ဆွဲထုတ်သွား၏။
နွေးထွေးသော အငွေ့အသက်ကလေးမရှိတဲ့ သူ့လက်ဖဝါးအား ငုံ့ကြည့်ကာ သူနှမြောသွား၏။
"ဘာဖြစ်လို့လဲ"
" မေမေလွှတ်လိုက်တဲ့ဧည့်သည် လာမှာ ။ "
"ဟုတ်လား။ ကိုကိုလည်း မသိလိုက်ပါ့လာ။ ဘယ်အချိန်လာမှာတဲ့လဲ"
"ခဏနေလာမှာ ။ အဝတ်အစားလဲလိုက်ဦးမယ်။
ထိုင်နှင့်ဦး"
ပြောရင်းထထွက်သွားတဲ့ ကောင်လေးအားကြည့်၍
သူ့နှုတ်ခမ်းတွေတင်းတင်းစေ့သွား၏။
အဝတ်အစားကလဲစရာလိုလို့လား။
အပြင်သွားမှာလား။ ဒါမှမဟုတ် ဘယ်လိုလူကြောင့်လဲ ။ မိန်းကလေးလား ယောက်ျားလေးလား။
မေးခွန်းတွေတသီကြီး တွေးနေစဉ် ကားဟွန်းသံထွက်လာ၏။
ခြံစောင့် ဦးတင် ပြေးလာတာမြင်တော့ သူထိုင်နေရာမှကာ အိမ်ပေါက်လျှောက်သွားလိုက်သည်။
"ဘာကိစ္စလဲ"
"ဆရာလေးဆီလာတာတဲ့။ ဒေါ်ရွှေဧကရီလွှတ်လိုက်လို့ဆိုလားပဲ"
"အထဲဝင်ခိုင်းလိုက် ဦးတင် "
သူပြန်ထိုင်ဖို့လုပ်တဲ့အချိန် ကောင်လေးပြေးဆင်းလာ၏။ စတီးချောင်းထည့်ထားတဲ့ခြေထောက်က
မသိသာပေမဲ့ ယခင်လို သန်သေးတာမဟုတ်ပဲ ။ ဆူမလို့ အားယူနေစဉ် ကားက ပေါ်တီအောက်ထိုးဆိုက်လာတာမို့ သူနှုတ်ပိတ်သွားရ၏။
ညချမ်းအေးသည် သူ့အား လှည့်မကြည့်ပေ။
မီးခိုးရောင် ချည်ဘောင်းဘီရှည်နှင့် လက်ရှည်ပွပွသည် ဝမ်းဆက်ဖြစ်သည်။ အရောင်တောက်တောက်မဟုတ်ပေမဲ့ ထိုဝမ်းဆက်သည်
Brand ဖြစ်ကြောင်းသူသိသည်။
သူနဲ့နေတုန်းက ပုဆိုးမချွတ်တမ်းဝတ်ခဲ့သူလေးသည် ခုတော့ လူငယ်ဆန်စွာပေါ့ပါးနေသည်။
ဒေါ်ရွှေဧကရီသည် မည်မျှချမ်းသာသည်မသိ။
သားကိုဆင်ပေးသမျှ တစ်ခုမှ ပေါပေါပဲပဲမပါ။
ရိုးရှင်းစွာဝတ်ဆင်ထားသော နာရီတစ်လုံးပင် သိန်းထောင်ချီ တန်သည်။
သူဝယ်ပေးသမျှအားနာစွာယူခဲ့သော ချစ်သူသည် ခုကျ သူမသိသော သူစိမ်းတစ်ယောက်နှယ်။
ပေါ့ပါးနေပုံမှာငှက်မွှေးလေးသဖွယ်။
ဝါနုသော အသားရေသည် စိုရွှမ်းလာပြီး သူ့အမေထည့်ပေးသမျှအကုန်သုံးတာသိထားသည်။
ဘာတဲ့ ၊ ကိုယ်လုံးလိမ်းတဲ့ဟာတွေရော မျက်နှာလိမ်းတဲ့ဟာတွေရော။ ဒါတင်မက ရေချိန်းခန်းထဲမှာလည်း စုံပလုံစိနေသည်။ အရင်က သူ့ချစ်သူက ဒီလောက်လှချင်မှန်းမသိထားပေ။ ခုများ အိစက်နေတာများထိရက်စရာတောင်မရှိတော့ပေ။ ခြောက်လကြာမျှ မိခင်ဖြစ်သူ ခေါ်သွားပြီးနောက်တွင် သူသိထားသောချစ်သူသည် အသွင်သစ်ဘဝသစ်သဖွယ်ရှိနေချေတော့သည်။
"လာလေ ။ ကိုထွဋ် "
သူ့လှည့်ကြည့်လိုက်တော့ အသားဖြူဖြူတောင့်တောင့်ဖြောင့်ဖြောင့်အမျိုးသားတစ်ယောက်အားတွေ့လိုက်ရသည်။ ဘာကြောင့်ရယ်မသိ ခပ်ညိုညို သူ့အသားရေအားသဘောမကျဖြစ်သွား၏။
မကြည်မလင် ဖြစ်နေပေမဲ့ အားနာသမူ့နှင့် ပြုံးပြလိုက်ရသည်။
"လာလေ ကိုယ့်ညီ အားမနာနဲ့ ။ မြို့တော်Cကနေ ဘယ်အချိန်ကများထွက်လာတာလဲ ။"
"မနက်သုံးနာရီလောက်က အကို ။ တစ်ယောက်ထဲဆိုတော့ နားမနေပဲတောက်လျှောက်မောင်းခဲ့လိုက်တာ ။ မဟုတ်ရင် အန်တီကြီး ဖုန်းဆက်လို့ နောက်ကျနေရင် အဆူခံနေရမှာစိုးလို့ "
ရှစ်နာရီလောက် မောင်းရတဲ့ခရီးကို တစ်ယောက်ထဲမနားပဲ တောက်လျှောက်မောင်းသတဲ့ ။ ခုထိပင်ပန်းတဲ့အရိပ်အယောင်တစ်စက်မှမရှိတဲ့ လူရွယ်အားကြည့်ကာ ကားစီးတိုင်းပင်ပန်းတက်တဲ့သူ့ကိုယ်သူပြန်ငုံ့ကြည့်မိသည်။ မသိမသာစူတူတူထွက်နေတဲ့ဗိုက်ခေါက်အား အသက်အောင့်ကာ ရှိုက်လိုက်ပြီး လက်ထဲကသတင်းစာအား မမြင်အောင်ကွယ်ကာတင်လိုက်သည်။
လေ့ကျင့်ခန်းမလုပ်တဲ့အပြင် ဒုက္ခိတဆိုပြီး ဘာတစ်ခုမှအလေးအပင်မ မပဲ ခိုကပ်ခဲ့တဲ့ အကျိုးတွေလေ။
ကျန်းမာရေးကလည်း ချူချာသလို နည်းနည်းလှုပ်တာနဲ့ မောပြီ။
မဖြစ်သေးဘူး။ စကားတွေဖောင်ဖွဲ့နေတဲ့ ကောင်လေးနှစ်ယောက်အားကြည့်၍ စိတ်ထဲ ကျစ်ကျစ်လျစ်လျစ်လေး ကိုယ့်ကိုကိုယ်ပြန်ဖြစ်ချင်နေပြီ။ ငယ်တုန်းကဆို စုံသာမြိုင်ဆိုတာ ဘယ်လောက်ခန့်လိုက်သလဲ။ ဘိုကေ စတောက်နဲ့ပင် မိန်းကလေးတွေများ ဗိုင်းခနဲ ဗိုင်းခနဲပစ်လှဲကျအောင် ကြွေဆင်းခဲ့ကြတာမဟုတ်လား။
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း မကြည်မသာ ခိုးကြည့်လိုက်စဉ် ရယ်မောနေတဲ့ကောင်လေးကြောင့် စိတ်ကပိုမကြည်တော့ပေ။
"အန်တီကြီးက ဖိုးကံ မကြိုက်မှာစိုးနေတာ "
"ဘယ်ကသာ။ မေမေ ဝယ်ပေးလိုက်တဲ့ အင်္ကျီတိုင်းပေါ့ပေါ့ပါးပါးချည်းပဲ။ ဟိုတလောက ဝယ်ပေးထားတဲ့ ဖိနပ်လေးဆို စီးရတာ သက်တောင့်သက်သာရှိလွန်းလို့ ချွတ်တောင်မချွတ်ဖြစ်ဘူး ။ "
အထုတ်တွေပလုံစီနေတဲ့အထဲ စကားထဲဖောင်ဖွဲ့နေတာ တစ်ခွန်းမှမရပ်သေး။
ဘယ်အချိန်ကတည်းက ဆင်ပေးချင်သည်မသိ။
ယောက်ခမဖြစ်သူထံမှ အထုတ်အပိုးတွေသည်ရက်ခြားဆိုသလိုရောက်ရောက်လာတက်သည်။ တစ်ချိန်က ကိုယ်ဝယ်ပေးခဲ့ဖူးသော ကတ္တီပါ ဖိနပ်လေးအကြောင်းတွေးမိတော့ သူနေရခက်ကာ ဝမ်းနည်းမိသွား၏။
"ကိုထွဋ် နှစ်ရက်ထဲနေမှာများ ဟော်တယ်တည်းမနေနဲ့ ။ ဒီမှာပဲနေလိုက်လေ "
"ဒါဆို ပိုတောင်အဆင်ပြေသေး"
ကြည့်စမ်းကြည့်စမ်း။
သူ့တောင်တစ်ခွန်းမှမတိုင်ပင်ဘူး။
မျက်နှာရိပ်မျက်နှာကဲပြဖို့ကြိုးစားသော်ငြား သူ့အားလှည့်ပင်ကြည့်မလာတာကြောင့် သတင်းစာရွက်ပစ်ချကာ ထလာခဲ့လိုက်သည်။
ဧည့်သည်ကလည်း အားနာပြီးငြင်းမလားလို့ ဒီကောင်ဘယ်အချိန်ကတည်းကနေချင်နေမှန်းမသိ။
စိတ်ပေါက်ပေါက်ဖြင့် တစ်နေကုန်အခန်းထဲကမထွက်ပဲ နေလိုက်တော့ ထမင်းစားချိန်ရောက်မှ တံခါးလာခေါက်တော့သည်။
"ကိုစုံ ထမင်းစားရအောင် ဆရာလေးက ခေါ်ခိုင်းလိုက်လို့ "
အရီးမြိုင်အသံကြောင့် ကိုယ်တိုင်လာမခေါ်ရကောင်းလား ထပ်စိတ်ဆိုးသွားပြန်သည်။ သို့သော် တဂွီဂွီ ဗိုက်ထဲကမြည်လာကြောင့် မျက်မှောင်ကြုတ်ကာ အခန်းပြင်ထွက်ခဲ့လိုက်သည်။ ဒီနေ့ ဘယ်မှ မသွားပဲ အချိန်ပေးကာ အပြင်လေးဘာလေး လိုက်ပို့မလို့ စိတ်ကူးခဲ့ပေမဲ့ လက်တွေ့မှာတော့အဖျက်အစီးကတောင်ပုံရာပုံ။
ထမင်းစားပွဲရောက်တော့ ဧည့်သည်ဆိုတဲ့ကောင်က
အေပရွန်ဝတ်ကာ ဟင်းပန်းကန်ချနေသည်။
ဒီကောင်မီးဖိုချောင်လည်းပါတာပဲလား။
ခုံဆွဲထုတ်တော့ ကျောပေးကာ စကားကောင်းနေတဲ့ကောင်လေးကလှည့်ကြည့်လာသည်။
"တနေကုန်အိပ်နေတယ်ထင်လို့လာမနိုးတာ ။ တစ်ရက်တစ်လေမှနားတာမို့လား။ ဘာပဲပြောပြော အိပ်နိုင်တယ်နော် ကိုကိုက "
"မဟုတ်ပါဘူး ခေါင်းနည်းနည်းကိုက်နေလို့ပါ ။ ဘာဟင်းတွေချက်တာလဲ"
"ကိုထွဋ် လက်ရာလေ ။ သူက ဟော်တယ်မှာ ထိပ်တန်းစားဖိုမှူး စားရခဲတယ် ။ "
အေပရွန်ဝတ်ထားတဲ့အမျိုးသားအားကြည့်ကာ
သူအနည်းငယ်မနာလိုသွား၏။
သူသည် ကောင်လေး ချက်ကျွေးတဲ့ မြန်မာထမင်းဟင်းကိုသာ မက်စက်စွာ စားခဲ့ပြီး သူကိုယ်တိုင်တော့ ကောင်းစွာမချက်တက်ပေ။
ကြက်ဥလောက်သာ ချက်ကျွေးတက်သော သူ့ကို
ဘယ်သူကြာကြာရင်ခုန်နိုင်မည်နည်း။
နဂိုဗိုက်ဆာနေသော ဝမ်းသည် ယခုမူမျိုချ၍ပင်ခက်ခဲနေပြန်သည်။
"ကျွန်တော်သံပရာရေဖျော်ပေးရမလား"
ကိုထွဋ် အလိုက်တသင့်မေးလာသော်ငြား သူခေါင်းရမ်းလိုက်သည်။
"ရတယ်ကိုထွဋ်။ ကျွန်တော် ထမင်းပဲစားလိုက်တော့မယ်"
"ကိုထွဋ်ကို ကျွန်တော့်ဘေးကအခန်းမှာထားလိုက်တယ်။ မနက်ဖန်ညနေပြန်မယ်တဲ့ ။ မေမေ့ဆီ ဘာလက်ဆောင်ဝယ်ပေးရင်ကောင်းမလဲဟင် ကိုကို "
"လက်ဆောင်က ကိုကိုစီစဉ်ထားတာရှိပါတယ် ။
မနက်ဖန် ကိုကို နဲ့ အပြင်လိုက်ခဲ့လို့ရမလား "
"ဘယ်သွားမလို့လဲ"
စုံသာမြိုင် ကြက်အသားပြားနှပ်ထားတဲ့ ဟင်းကို ဇွန်းရွယ်ပြီးမှ ထည့်မစားပဲ ခေါင်းရမ်းလိုက်သည်။
ဒီဟင်းတွေက ဟိုကောင်ချက်ထားတာ မစားဘူး။ စိတ်ထဲလည်း မကြည်လင်နေတာမို့ ညချမ်းအေးအား မျက်မှောင်ကုတ်ကြည့်ကာ
"ဘယ်သွားသွား ... ချမ်းအေး လိုက်ပေးလို့မရဘူးလား"
"ကျွန်တော် မနက်ဖန် ကိုထွဋ်နဲ့အပြင်သွားမယ်ချိန်းထားလို့ "
ညီထွဋ် အားနာသွားသည်မို့
" လိုက်သွားလိုက်ပါ ဖိုးကံရာ။ ကျွန်တော်က မနက်ဖန် အပြင်ခဏ သွားစရာရှိသေးတယ် ။ "ဟု ဝင်ပြောလိုက်သည်။
ထိုအခါမှတည်နေတဲ့ရုပ်က အနည်းငယ် အဆင်ပြေသွားတော့တာမို့ ညီထွဋ်ခမျာ သက်ပြင်းအခါခါ ချရတော့သည်။
ကြားသုံးကြားမဝင်ကောင်းဆိုတာ မှန်သဗျာ ။
သူသက်ပြင်းချလို့မှမပြီးသေး။ ဆတ်ခနဲ လှည့်ကာ မေးလာတာမို့အမှတ်တမဲ့ ဘာပြောရမှန်းမသိဖြစ်၍သွားပြန်သည်။
"နေစမ်းပါဦး သူ့ကိုဘာလို့ ဖိုးကံလို့ခေါ်တာလဲဗျ "
"အဲ ..ဒါက"
ညချမ်းအေးပေါ့ပေါ့ပါးပါးရယ်မော၍ ကိုထွဋ်အစားဝင်ပြောလိုက်သည်။
" မေမေပေါ့ ကံကောင်းအောင် ချစ်စနိုးနဲ့ဖိုးကံဆိုပြီးခေါ်တက်တော့ အိမ်ကတော်တော်များများ အဲ့လိုပဲခေါ်တာများကြတယ်လေ ။ ကျွန်တော် အသက်ရှင်လာတာ ကံကောင်းလို့တဲ့ ။ နာမည်တောင်မှ ပြောင်းလိုက်တာသာကြည့်တော့ "
အောင့်သက်သက်နဲ့ ထမင်းငုံ့စားပြီးနောက်
သူလည်းကံကောင်းအောင်ဖိုးကံဟူ၍ပြောင်းခေါ်ရမလားစိတ်ကူးမိသည်။ သို့သော် သူတစ်ယောက်ထဲခေါ်သော ချမ်းအေးဆိုတဲ့နာမည်လေးကလည်းအေးချမ်းကာ အများနဲ့မတူကြောင်းသတိရမိပြီး မပြောင်းခေါ်ဖို့ဆုံးဖြတ်လိုက်သည်။ ညချမ်းအေးတဲ့ ဘယ်လောက်ရင်အေးစေသလဲ။
ဖိုးကံသည် ကံကောင်းအောင်ခေါ်ဆိုသကဲ့သို့
ချမ်းအေးသည်လည်း သူ့ဘဝ အေးမြငြိမ်းချမ်းစေရန်ရည်စူးလေသည်။
ညသည် ကြယ်ရောင်တလဲ့လဲ့ဖြင့်လှပေပေသည် ။
ညရှု့ခင်းကိုသူမကြည့်အားပေ။
ခေါင်းအုံးတစ်လုံးကိုရင်ဝယ်ပိုက်ကာ ညချမ်းအေးအခန်းအားချီတက်ခဲ့သည်။
ကောင်လေးဘေးခန်းတွင် ဟိုအကောင်ရှိလေတာမို့ သူသည်တလူးလူးတလိမ့်လိမ့်ဖြင်အိပ်၍မရတော့ချေ။ ဖြစ်ချင်ရာဖြစ် စိတ်လျော့ကာ ခေါင်းအုံးဆွဲယူကာ လှေကားကို တစ်လှမ်းခြင်းတက်တော့ ဒူးတောင်မခိုင်ပဲဖြစ်နေသည်။
နုနုထွတ်ထွတ် လူပျိုလေးမို့ ချစ်သူနဲ့အတူအိပ်ဖို့ကြောက်စိတ်ကလေးက ဝင်လာသေးသည်။
တစ်နှစ်ကျော်နှစ်နှစ်နီးပါး ချစ်သူဆက်ဆံရေးတွင် နမ်းတာလေး အနည်းအကျဉ်းကလွဲရင် သူတို့နှစ်ဦးကြားတွင် ဘာဘာညာညာ ဆက်ဆံရေးကမရှိသေးပေ။
စိတ်ကူးမိရုံရှိသေး သူ၏ပါးနှစ်ဖက်တွင် ပူလောင်လာလေသည်။
ရှက်လိုက်တာနော်။
ယောကျာ်းလေးချင်းအတူအိပ်ဖို့ရာအရေး
မင်္ဂလာအိပ်ခန်းဝင်ရသလိုပဲဖြစ်နေတာတော့မဟုတ်သေး။
စတစ်ကာ မျိုးစုံသည် ကျွန်းတံခါးရှေ့တွင် ကပ်၍ထား၏။ ဒါကူးကူး လက်ချက်မှန်းသိပေမဲ့ ညချမ်းအေးနဲ့လည်းလိုက်ဖက်တာမို့ သူမတားမြစ်ခဲ့ပေ။
ပိတ်ထားသော တံခါးရှေ့တွင်ခြေစုံရပ်ကာ တံခါးခေါက်လိုက်သည်။
ဒေါက် ဒေါက်
"ချမ်းအေး ... ကိုကိုပါ ။ မအိပ်သေးရင် တံခါးလေးဖွင့်ပေးဦးနော် "
တိုးတိုးလေးဆိုလိုက်ပေမဲ့ခြေသံတရှပ်ရှပ်ထွက်ပေါ်လာကာ တံခါးချပ်သည် ဆွဲဖွင့်ခြင်းခံလိုက်ရသည်။
ညချမ်းအေးသည်အဝါရောင် ညအိပ်ဝတ်စုံနဲ့ဖြစ်သည်။ ရေချိုးထားခါစ ဖြစ်ပုံရသည် ။
စိုရွှဲနေသော ခေါင်းအားတဘတ်ဖြင့်သုတ်နေသည်။
"ဘာဖြစ်လို့လဲ"
" အချိန်မတော် ခေါင်းဘာလို့လျှော်တာလဲ ။ ရေကတစက်စက်နဲ့ခေါင်းမြန်မြန်သုတ်စမ်း "
ညချမ်းအေး သည်အခန်းတံခါးဖွင့်ပေးကာ ရေသုတ်ရင်းအခန်းထဲပြန်ဝင်သွားတာမို့တံခါးပြန်စေ့ကာ သူအမြန်ပြေးလိုက်ရသည်။ အမြင်မတော်တာမို့ တဘတ်အားဆွဲယူ၍ သုတ်ဖယ်ပေးချိန်တွင် ဆံစ
တွေသည် ယိမ်းနွဲ့ကုန်၏။
နွေးထွေးသော မျက်တောင်နွဲ့နွဲ့တို့သည် မျက်လုံးမှိတ်ကာ ငြိမ်သက်နေတာမို့ လှပမူ့ကို အပေါ်စီးကနေရှင်းလင်းစွာမြင်နေရသည်။ သူ့နှလုံးအိမ်သည် ကုတ်ခြစ်ခံရသလို ယားယံလာ၏။ မျက်တောင်မွှေးတို့သည်ယခင်ထိုမျှရှည်သလားသူသတိမထားမိခဲ့ချေ။
တိတ်ဆိတ်မူ့ကြောင့် ပိုနေရခက်လာတာမို့
သုတ်ပေးနေ
တဲ့တဘတ်စအားလွှတ်ပေးကာ အိပ်ရာပေါ်အားထိုင်ချလိုက်သည်။
"နောက်ဒီအချိန်ရေမချိုးနဲ့နော် ။ ကိုကိုမကြိုက်ဘူး"
" လေ့ကျင့်ခန်းလုပ်လိုက်တော့ချွေးတွေထွက်လာလို့ပါ ။ ဒီမယ်ကြည့်လေ အရင်လို့ဗိုက်မပူတော့ဘူး"
သိမ်မွေ့သော ခါးပါးပါးအားလှစ်ဟာပြလိုက်တော့
စုံသာမြိုင်တစ်ယောက်သွေးတွေ ဗြောင်းပြန်စီးကုန်သည်။
" မင်း.."
ညချမ်းအေးသည် သူ့အားကြည့်မနေချေ။
မှန်ရှေ့သွားကာ သူ့ဗိုက်အားလှန်ကြည့်နေတာမို့ အနောက်ဖက်က ခပ်မို့မို့အရာလေးအား မြင်နေရတာအရှင်းသား။
ဆေးရုံပေါ်မှာရော အိမ်မှာရော ထိုင်နေတာများခဲ့တာကြောင့် ညချမ်းအေးဗိုက်ကလေးသည် မဆိုစလောက်ပူနေသည်။ ထို့ကြောင့် ညတိုင်းမအိပ်ခင်လေ့ကျင့်ခန်းကိုတော့ မှန်မှန်လုပ်ဖြစ်သည်။
အကျိုးဆက်က မြင်သည့်အတိုင်းမို့ မှန်တင်ခုံရှေ့ထိုင်ကာ အနည်းအကျဉ်း skin care လိုက်ပြီးအမြန်အိပ်ရာရှိတာပြန်လာတော့ စုံသာမြိုင်သည် ခုထိတမေ့တမောငေးကြည့်နေဆဲဖြစ်ကြောင်းသတိရမိတော့သည်။
" ပြန်တော့လေ ။ ကျွန်တော်အိပ်တော့မလို့ "
ချယ်ရီရောင်ပါးပြင်အား သတိလက်လွတ်ငေးမိပြီးမှ သူရှက်သွား၏။
"အဟမ်း ... ကိုကို ဒီမှာအိပ်မလို့ "
"အာ မဖြစ်ဘူး "
"ဘာလို့လဲ "
"ချစ်သူတွေဆိုပေမဲ့ ကျွန်တော်သတိမရတော့တဲ့အချိန်က အကြောင်း... "
ဘာကိုဆက်ပြောမလဲ သိတော့ စုံသာမြိုင် အပြောမခံပေ။ ပိုက်ထားတဲ့ခေါင်းအုံးကို ပစ်ချကာ အရင်ဝင်လှဲအိပ်ကာ
" တူတူအိပ်နေကျလို့ပြောထားတယ်လေ ။ ဒီနေ့လည်း အရင်တုန်းကအတိုင်းပဲ ဒီမှာအိပ်မယ်"
"မဟုတ်..."
" ကိုကို အိပ်သွားပြီ"
အိပ်ရာထောင့်အား ကပ်ကာကွေးအိပ်နေတဲ့ သူကြောင့် ညချမ်းအေးသက်ပြင်းချလိုက်သည်။
အိပ်ရာ၏တစ်ဖက်ခြမ်းတွင် ဝင်အိပ်လိုက်စဉ်
အိပ်ပျော်ချင်ယောင်ဆောင်နေသူသည် ပြန်လှည့်လာကာ သူကိုသိုင်းဖက်လိုက်၏။
" အာ.. ခင်ဗျားနော်"
တင်းကြပ်သောအထိအတွေ့အား ရုံးဖယ်မိစဉ် ပါးမို့မို့သည်ဖိကပ်နမ်းခံလိုက်ရပြန်သည်။
"အိပ်တော့နော် မဟုတ်ရင် အရင်ကလိုပဲ ကိုကိုတို့...'
" ခင်ဗျားနော်"
တိုးတိတ်စွာရယ်သံလေး ထွက်ပေါ်လာတဲ့အခန်းတွင်
ရင်ခုန်သံတွေ မရေမရာလွင့်ပျံ့လာခဲ့၏။
ဒီရက္ပိုင္း ခ်စ္ထြန္းမ်က္ႏွာမေကာင္းေပ။
စံုသာၿမိဳင္ကေတာ့ သိပ္ဘာမ်ွမျဖစ္သလိုပဲမို႔ စိတ္ထဲမတင္မက်စိတ္ကေလးေျပေလ်ာ့သြား၏။ သို႔ေသာ္ေအးစက္စက္ေရးကေတာ့ေပ်ာက္မသြားေသးေပ။
တစ္ေယာက္ေသာသူကလည္း မေခ်ာ့တက္။
သူသည္ကလည္း လတ္တေလာ ကေလးဆန္လြန္းေနသည္။ သူ႔ဖက္က ပံုမွန္ေခၚေျပာေပမဲ့ ကိုယ္ကေတာ့လိုအပ္မွသာ စကားေျပာေနျဖစ္သည္။
စိတ္မ်ားဆိုးသြားသလားဟု ေတြးမိေပမဲ့ ေနပါေစ သူေတာင္ မိန္းကေလးတစ္ေယာက္နဲ႔ပတ္သက္ၿပီး ကိုယ့္ကို စိတ္တိုေအာင္ လုပ္ႏိုင္ေသးတာပဲ ဆိုတဲ့ အေတြးကဝင္လာ၏။
သို႔ေသာ္ သူ႔ကိုအားကိုးကာ လိုက္လာရတဲ့ေနရာသစ္မို႔
အားငယ္စိတ္ကေတာ့ဝင္လာတာအမွန္ပင္။
" အလုပ္မသြားေသးဘူးလား"
ခါတိုင္း မနက္ကိုးနာရီေလာက္ဆို အိတ္ယူကာ အလုပ္သြားေနၾကျဖစ္သည္။ အခုမသြားပဲ ေဘးမွာ သတင္းစာဖတ္ေနတာမို႔ မသိမသာေလးခိုးၾကၫ့္မိသည္။ ဒီေန့ ကိုထြဋ္လာမွာမို႔ သူ႔အား အသိေပးခ်င္လို႔ စကားစေနတာျဖစ္ေပမဲ့ စိတ္ထဲမွာေတာ့ သိပ္မေျပာျပခ်င္ေပ။
"ဒီေန့မသြားဘူး"
ေျပာရင္း လွန္လိုက္တဲ့ သတင္းစာေစာင္ေပၚက လက္ေခ်ာင္းရွည္ေတြအားေငးကာ အာေျခာက္လာသလိုလိုပင္။
လက္ေခ်ာင္းညိုညိုေတြသည္ ရွည္လ်ားကာ အရိုးအဆစ္ေတြလည္းထင္းေနသည္။ လက္ဖမိုးႏွင့္လက္ဆစ္ေတြေပၚက အေမႊးရွည္ရွည္ေတြသည္ အံ့ဩစရာေကာင္းေအာင္ေယာက္်ားဆန္လွသည္။
သူထပ္မံစကားမဆိုေတာ့ ေမာ့ၾကၫ့္လာ၏။
"ဘာလို႔လဲ ။ ပ်င္းလို႔လား "
"မဟုတ္ပါဘူး"
စားပြဲေပၚကို ဖတ္လက္စသတင္းစာအုပ္ ပစ္ခ်ခံလိုက္ရၿပီျဖစ္၏။
သူသည္ လွၫ့္ကာ ညခ်မ္းေအး၏လက္အား ဆြဲယူလိုက္သည္။
"ဘာျဖစ္ရျပန္တာလဲ။ ေျပာပါဦး"
"မျဖစ္ပါဘူး ၊ သြားတာမျမင္လို႔ေမးၾကၫ့္ရံုပဲ"
"ဟုတ္လို႔လား။ ပ်င္းေနတာေရာ မျဖစ္ႏိုင္ဘူးလား"
ညခ်မ္းေအး ရႈံ႔မဲ့သြားတာျမင္ေတာ့ တစ္ေယာက္ေသာသူ ၿပံဳးသြား၏။
လက္ဖဝါးထဲက လက္ေလးအား ေဆာ့၍ပြတ္သပ္ကာ
ဆြဲယူနမ္းရိႈက္လိုက္သည္။အိစက္ေနေသာ လက္ကေလး၏အထိအေတြ့သည္ သူ႔၏ခက္ခဲေနေသာ စိတ္အား ေျပေလ်ာ့ေစပါ၏။
တစ္ခါမွ ရန္မျဖစ္ဖူးတာမို႔ ပထမအႀကိမ္သည္ ေတာ္ေတာ္ေလး ကို႔ယို႔ကားယားႏိုင္လြန္းသည္။
ငယ္ေလးသည္ ေမြးစားညီမေလးျဖစ္သလို ခ်စ္ထြန္းဖက္ကေန တစ္ခ်ိန္လက္ထပ္ဖို႔ထိရည္ရြယ္သူျဖစ္၏။
ကေလးမေလးဖက္ကသာ မီးစိမ္းျပၾကၫ့္ ခ်စ္ထြန္းတစ္ေယာက္ ခ်က္ျခင္းယူမဲ့သေဘာမွာရိွေနသည္။
ခ်စ္ထြန္းကတပၫ့္ဆိုတာထက္ အစေပါင္းမ်ားစြာ ပိုေသာသူျဖစ္၏။
ဒါကို ခ်မ္းေအးက နားလည္မေပးေပ။
လူငယ္ေတြမို႔ သဝန္တိုတာ သဘာဝ က်ေပမဲ့
ငယ္ေလးနဲ႔ေတာ့ မစြပ္စြဲေကာင္းေပ။
အိမ္ေပၚမထားပဲ တိုက္ခန္းစီစဉ္ေပးေတာ့
မိန္းမငယ္ေလးတစ္ေယာက္ထဲမို႔ စိတ္မခ်။ အစစအရာရာ ခ်စ္ထြန္းေတြးကာ သူ႔အမ ခ်စ္ျပၫ့္အိမ္ပို႔လိုက္မွ ကိစၥေအးေတာ့သည္။ သို႔ေသာ္လည္း အားနာတာက အားနာရတာပင္။
"အျပင္လိုက္ပို႔မယ္ေလ ။ ထ အဝတ္လဲေခ်"
ခ်မ္းေအးေခါင္းရမ္းကာ လက္ကေလးကို ဆြဲထုတ္သြား၏။
ေနြးေထြးေသာ အေငြ့အသက္ကေလးမရိွတဲ့ သူ႔လက္ဖဝါးအား ငံု႔ၾကၫ့္ကာ သူႏွေျမာသြား၏။
"ဘာျဖစ္လို႔လဲ"
" ေမေမလႊတ္လိုက္တဲ့ဧၫ့္သည္ လာမွာ ။ "
"ဟုတ္လား။ ကိုကိုလည္း မသိလိုက္ပါ့လာ။ ဘယ္အခ်ိန္လာမွာတဲ့လဲ"
"ခဏေနလာမွာ ။ အဝတ္အစားလဲလိုက္ဦးမယ္။
ထိုင္ႏွင့္ဦး"
ေျပာရင္းထထြက္သြားတဲ့ ေကာင္ေလးအားၾကၫ့္၍
သူ႔ႏႈတ္ခမ္းေတြတင္းတင္းေစ့သြား၏။
အဝတ္အစားကလဲစရာလိုလို႔လား။
အျပင္သြားမွာလား။ ဒါမွမဟုတ္ ဘယ္လိုလူေၾကာင့္လဲ ။ မိန္းကေလးလား ေယာက္်ားေလးလား။
ေမးခြန္းေတြတသီႀကီး ေတြးေနစဉ္ ကားဟြန္းသံထြက္လာ၏။
ၿခံေစာင့္ ဦးတင္ ေျပးလာတာျမင္ေတာ့ သူထိုင္ေနရာမွကာ အိမ္ေပါက္ေလ်ွာက္သြားလိုက္သည္။
"ဘာကိစၥလဲ"
"ဆရာေလးဆီလာတာတဲ့။ ေဒၚေရႊဧကရီလႊတ္လိုက္လို႔ဆိုလားပဲ"
"အထဲဝင္ခိုင္းလိုက္ ဦးတင္ "
သူျပန္ထိုင္ဖို႔လုပ္တဲ့အခ်ိန္ ေကာင္ေလးေျပးဆင္းလာ၏။ စတီးေခ်ာင္းထၫ့္ထားတဲ့ေျခေထာက္က
မသိသာေပမဲ့ ယခင္လို သန္ေသးတာမဟုတ္ပဲ ။ ဆူမလို႔ အားယူေနစဉ္ ကားက ေပၚတီေအာက္ထိုးဆိုက္လာတာမို႔ သူႏႈတ္ပိတ္သြားရ၏။
ညခ်မ္းေအးသည္ သူ႔အား လွၫ့္မၾကၫ့္ေပ။
မီးခိုးေရာင္ ခ်ည္ေဘာင္းဘီရွည္ႏွင့္ လက္ရွည္ပြပြသည္ ဝမ္းဆက္ျဖစ္သည္။ အေရာင္ေတာက္ေတာက္မဟုတ္ေပမဲ့ ထိုဝမ္းဆက္သည္
Brand ျဖစ္ေၾကာင္းသူသိသည္။
သူနဲ႔ေနတုန္းက ပုဆိုးမခြၽတ္တမ္းဝတ္ခဲ့သူေလးသည္ ခုေတာ့ လူငယ္ဆန္စြာေပါ့ပါးေနသည္။
ေဒၚေရႊဧကရီသည္ မည္မ်ွခ်မ္းသာသည္မသိ။
သားကိုဆင္ေပးသမ်ွ တစ္ခုမွ ေပါေပါပဲပဲမပါ။
ရိုးရွင္းစြာဝတ္ဆင္ထားေသာ နာရီတစ္လံုးပင္ သိန္းေထာင္ခ်ီ တန္သည္။
သူဝယ္ေပးသမ်ွအားနာစြာယူခဲ့ေသာ ခ်စ္သူသည္ ခုက် သူမသိေသာ သူစိမ္းတစ္ေယာက္ႏွယ္။
ေပါ့ပါးေနပံုမွာငွက္ေမႊးေလးသဖြယ္။
ဝါႏုေသာ အသားေရသည္ စိုရႊမ္းလာၿပီး သူ႔အေမထၫ့္ေပးသမ်ွအကုန္သံုးတာသိထားသည္။
ဘာတဲ့ ၊ ကိုယ္လံုးလိမ္းတဲ့ဟာေတြေရာ မ်က္ႏွာလိမ္းတဲ့ဟာေတြေရာ။ ဒါတင္မက ေရခ်ိန္းခန္းထဲမွာလည္း စံုပလံုစိေနသည္။ အရင္က သူ႔ခ်စ္သူက ဒီေလာက္လွခ်င္မွန္းမသိထားေပ။ ခုမ်ား အိစက္ေနတာမ်ားထိရက္စရာေတာင္မရိွေတာ့ေပ။ ေျခာက္လၾကာမ်ွ မိခင္ျဖစ္သူ ေခၚသြားၿပီးေနာက္တြင္ သူသိထားေသာခ်စ္သူသည္ အသြင္သစ္ဘဝသစ္သဖြယ္ရိွေနေခ်ေတာ့သည္။
"လာေလ ။ ကိုထြဋ္ "
သူ႔လွၫ့္ၾကၫ့္လိုက္ေတာ့ အသားျဖဴျဖဴေတာင့္ေတာင့္ေျဖာင့္ေျဖာင့္အမ်ိဳးသားတစ္ေယာက္အားေတြ့လိုက္ရသည္။ ဘာေၾကာင့္ရယ္မသိ ခပ္ညိုညို သူ႔အသားေရအားသေဘာမက်ျဖစ္သြား၏။
မၾကည္မလင္ ျဖစ္ေနေပမဲ့ အားနာသမူ႔ႏွင့္ ၿပံဳးျပလိုက္ရသည္။
"လာေလ ကိုယ့္ညီ အားမနာနဲ႔ ။ ၿမိဳ႔ေတာ္Cကေန ဘယ္အခ်ိန္ကမ်ားထြက္လာတာလဲ ။"
"မနက္သံုးနာရီေလာက္က အကို ။ တစ္ေယာက္ထဲဆိုေတာ့ နားမေနပဲေတာက္ေလ်ွာက္ေမာင္းခဲ့လိုက္တာ ။ မဟုတ္ရင္ အန္တီႀကီး ဖုန္းဆက္လို႔ ေနာက္က်ေနရင္ အဆူခံေနရမွာစိုးလို႔ "
ရွစ္နာရီေလာက္ ေမာင္းရတဲ့ခရီးကို တစ္ေယာက္ထဲမနားပဲ ေတာက္ေလ်ွာက္ေမာင္းသတဲ့ ။ ခုထိပင္ပန္းတဲ့အရိပ္အေယာင္တစ္စက္မွမရိွတဲ့ လူရြယ္အားၾကၫ့္ကာ ကားစီးတိုင္းပင္ပန္းတက္တဲ့သူ႔ကိုယ္သူျပန္ငံု႔ၾကၫ့္မိသည္။ မသိမသာစူတူတူထြက္ေနတဲ့ဗိုက္ေခါက္အား အသက္ေအာင့္ကာ ရိႈက္လိုက္ၿပီး လက္ထဲကသတင္းစာအား မျမင္ေအာင္ကြယ္ကာတင္လိုက္သည္။
ေလ့က်င့္ခန္းမလုပ္တဲ့အျပင္ ဒုကၡိတဆိုၿပီး ဘာတစ္ခုမွအေလးအပင္မ မပဲ ခိုကပ္ခဲ့တဲ့ အက်ိဳးေတြေလ။
က်န္းမာေရးကလည္း ခ်ူခ်ာသလို နည္းနည္းလႈပ္တာနဲ႔ ေမာၿပီ။
မျဖစ္ေသးဘူး။ စကားေတြေဖာင္ဖြဲ႔ေနတဲ့ ေကာင္ေလးႏွစ္ေယာက္အားၾကၫ့္၍ စိတ္ထဲ က်စ္က်စ္လ်စ္လ်စ္ေလး ကိုယ့္ကိုကိုယ္ျပန္ျဖစ္ခ်င္ေနၿပီ။ ငယ္တုန္းကဆို စံုသာၿမိဳင္ဆိုတာ ဘယ္ေလာက္ခန႔္လိုက္သလဲ။ ဘိုေက စေတာက္နဲ႔ပင္ မိန္းကေလးေတြမ်ား ဗိုင္းခနဲ ဗိုင္းခနဲပစ္လွဲက်ေအာင္ ေႂကြဆင္းခဲ့ၾကတာမဟုတ္လား။
လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ရင္း မၾကည္မသာ ခိုးၾကၫ့္လိုက္စဉ္ ရယ္ေမာေနတဲ့ေကာင္ေလးေၾကာင့္ စိတ္ကပိုမၾကည္ေတာ့ေပ။
"အန္တီႀကီးက ဖိုးကံ မႀကိဳက္မွာစိုးေနတာ "
"ဘယ္ကသာ။ ေမေမ ဝယ္ေပးလိုက္တဲ့ အက်ႌတိုင္းေပါ့ေပါ့ပါးပါးခ်ည္းပဲ။ ဟိုတေလာက ဝယ္ေပးထားတဲ့ ဖိနပ္ေလးဆို စီးရတာ သက္ေတာင့္သက္သာရိွလြန္းလို႔ ခြၽတ္ေတာင္မခြၽတ္ျဖစ္ဘူး ။ "
အထုတ္ေတြပလံုစီေနတဲ့အထဲ စကားထဲေဖာင္ဖြဲ႔ေနတာ တစ္ခြန္းမွမရပ္ေသး။
ဘယ္အခ်ိန္ကတည္းက ဆင္ေပးခ်င္သည္မသိ။
ေယာက္ခမျဖစ္သူထံမွ အထုတ္အပိုးေတြသည္ရက္ျခားဆိုသလိုေရာက္ေရာက္လာတက္သည္။ တစ္ခ်ိန္က ကိုယ္ဝယ္ေပးခဲ့ဖူးေသာ ကတၲီပါ ဖိနပ္ေလးအေၾကာင္းေတြးမိေတာ့ သူေနရခက္ကာ ဝမ္းနည္းမိသြား၏။
"ကိုထြဋ္ ႏွစ္ရက္ထဲေနမွာမ်ား ေဟာ္တယ္တည္းမေနနဲ႔ ။ ဒီမွာပဲေနလိုက္ေလ "
"ဒါဆို ပိုေတာင္အဆင္ေျပေသး"
ၾကၫ့္စမ္းၾကၫ့္စမ္း။
သူ႔ေတာင္တစ္ခြန္းမွမတိုင္ပင္ဘူး။
မ်က္ႏွာရိပ္မ်က္ႏွာကဲျပဖို႔ႀကိဳးစားေသာ္ျငား သူ႔အားလွၫ့္ပင္ၾကၫ့္မလာတာေၾကာင့္ သတင္းစာရြက္ပစ္ခ်ကာ ထလာခဲ့လိုက္သည္။
ဧၫ့္သည္ကလည္း အားနာၿပီးျငင္းမလားလို႔ ဒီေကာင္ဘယ္အခ်ိန္ကတည္းကေနခ်င္ေနမွန္းမသိ။
စိတ္ေပါက္ေပါက္ျဖင့္ တစ္ေနကုန္အခန္းထဲကမထြက္ပဲ ေနလိုက္ေတာ့ ထမင္းစားခ်ိန္ေရာက္မွ တံခါးလာေခါက္ေတာ့သည္။
"ကိုစံု ထမင္းစားရေအာင္ ဆရာေလးက ေခၚခိုင္းလိုက္လို႔ "
အရီးၿမိဳင္အသံေၾကာင့္ ကိုယ္တိုင္လာမေခၚရေကာင္းလား ထပ္စိတ္ဆိုးသြားျပန္သည္။ သို႔ေသာ္ တဂြီဂြီ ဗိုက္ထဲကျမည္လာေၾကာင့္ မ်က္ေမွာင္ၾကဳတ္ကာ အခန္းျပင္ထြက္ခဲ့လိုက္သည္။ ဒီေန့ ဘယ္မွ မသြားပဲ အခ်ိန္ေပးကာ အျပင္ေလးဘာေလး လိုက္ပို႔မလို႔ စိတ္ကူးခဲ့ေပမဲ့ လက္ေတြ့မွာေတာ့အဖ်က္အစီးကေတာင္ပံုရာပံု။
ထမင္းစားပြဲေရာက္ေတာ့ ဧၫ့္သည္ဆိုတဲ့ေကာင္က
ေအပရြန္ဝတ္ကာ ဟင္းပန္းကန္ခ်ေနသည္။
ဒီေကာင္မီးဖိုေခ်ာင္လည္းပါတာပဲလား။
ခံုဆြဲထုတ္ေတာ့ ေက်ာေပးကာ စကားေကာင္းေနတဲ့ေကာင္ေလးကလွၫ့္ၾကၫ့္လာသည္။
"တေနကုန္အိပ္ေနတယ္ထင္လို႔လာမႏိုးတာ ။ တစ္ရက္တစ္ေလမွနားတာမို႔လား။ ဘာပဲေျပာေျပာ အိပ္ႏိုင္တယ္ေနာ္ ကိုကိုက "
"မဟုတ္ပါဘူး ေခါင္းနည္းနည္းကိုက္ေနလို႔ပါ ။ ဘာဟင္းေတြခ်က္တာလဲ"
"ကိုထြဋ္ လက္ရာေလ ။ သူက ေဟာ္တယ္မွာ ထိပ္တန္းစားဖိုမွဴး စားရခဲတယ္ ။ "
ေအပရြန္ဝတ္ထားတဲ့အမ်ိဳးသားအားၾကၫ့္ကာ
သူအနည္းငယ္မနာလိုသြား၏။
သူသည္ ေကာင္ေလး ခ်က္ေကြၽးတဲ့ ျမန္မာထမင္းဟင္းကိုသာ မက္စက္စြာ စားခဲ့ၿပီး သူကိုယ္တိုင္ေတာ့ ေကာင္းစြာမခ်က္တက္ေပ။
ၾကက္ဥေလာက္သာ ခ်က္ေကြၽးတက္ေသာ သူ႔ကို
ဘယ္သူၾကာၾကာရင္ခုန္ႏိုင္မည္နည္း။
နဂိုဗိုက္ဆာေနေသာ ဝမ္းသည္ ယခုမူမ်ိဳခ်၍ပင္ခက္ခဲေနျပန္သည္။
"ကြၽန္ေတာ္သံပရာေရေဖ်ာ္ေပးရမလား"
ကိုထြဋ္ အလိုက္တသင့္ေမးလာေသာ္ျငား သူေခါင္းရမ္းလိုက္သည္။
"ရတယ္ကိုထြဋ္။ ကြၽန္ေတာ္ ထမင္းပဲစားလိုက္ေတာ့မယ္"
"ကိုထြဋ္ကို ကြၽန္ေတာ့္ေဘးကအခန္းမွာထားလိုက္တယ္။ မနက္ဖန္ညေနျပန္မယ္တဲ့ ။ ေမေမ့ဆီ ဘာလက္ေဆာင္ဝယ္ေပးရင္ေကာင္းမလဲဟင္ ကိုကို "
"လက္ေဆာင္က ကိုကိုစီစဉ္ထားတာရိွပါတယ္ ။
မနက္ဖန္ ကိုကို နဲ႔ အျပင္လိုက္ခဲ့လို႔ရမလား "
"ဘယ္သြားမလို႔လဲ"
စံုသာၿမိဳင္ ၾကက္အသားျပားႏွပ္ထားတဲ့ ဟင္းကို ဇြန္းရြယ္ၿပီးမွ ထၫ့္မစားပဲ ေခါင္းရမ္းလိုက္သည္။
ဒီဟင္းေတြက ဟိုေကာင္ခ်က္ထားတာ မစားဘူး။ စိတ္ထဲလည္း မၾကည္လင္ေနတာမို႔ ညခ်မ္းေအးအား မ်က္ေမွာင္ကုတ္ၾကၫ့္ကာ
"ဘယ္သြားသြား ... ခ်မ္းေအး လိုက္ေပးလို႔မရဘူးလား"
"ကြၽန္ေတာ္ မနက္ဖန္ ကိုထြဋ္နဲ႔အျပင္သြားမယ္ခ်ိန္းထားလို႔ "
ညီထြဋ္ အားနာသြားသည္မို႔
" လိုက္သြားလိုက္ပါ ဖိုးကံရာ။ ကြၽန္ေတာ္က မနက္ဖန္ အျပင္ခဏ သြားစရာရိွေသးတယ္ ။ "ဟု ဝင္ေျပာလိုက္သည္။
ထိုအခါမွတည္ေနတဲ့ရုပ္က အနည္းငယ္ အဆင္ေျပသြားေတာ့တာမို႔ ညီထြဋ္ခမ်ာ သက္ျပင္းအခါခါ ခ်ရေတာ့သည္။
ၾကားသံုးၾကားမဝင္ေကာင္းဆိုတာ မွန္သဗ်ာ ။
သူသက္ျပင္းခ်လို႔မွမၿပီးေသး။ ဆတ္ခနဲ လွၫ့္ကာ ေမးလာတာမို႔အမွတ္တမဲ့ ဘာေျပာရမွန္းမသိျဖစ္၍သြားျပန္သည္။
"ေနစမ္းပါဦး သူ႔ကိုဘာလို႔ ဖိုးကံလို႔ေခၚတာလဲဗ် "
"အဲ ..ဒါက"
ညခ်မ္းေအးေပါ့ေပါ့ပါးပါးရယ္ေမာ၍ ကိုထြဋ္အစားဝင္ေျပာလိုက္သည္။
" ေမေမေပါ့ ကံေကာင္းေအာင္ ခ်စ္စႏိုးနဲ႔ဖိုးကံဆိုၿပီးေခၚတက္ေတာ့ အိမ္ကေတာ္ေတာ္မ်ားမ်ား အဲ့လိုပဲေခၚတာမ်ားၾကတယ္ေလ ။ ကြၽန္ေတာ္ အသက္ရွင္လာတာ ကံေကာင္းလို႔တဲ့ ။ နာမည္ေတာင္မွ ေျပာင္းလိုက္တာသာၾကၫ့္ေတာ့ "
ေအာင့္သက္သက္နဲ႔ ထမင္းငံု႔စားၿပီးေနာက္
သူလည္းကံေကာင္းေအာင္ဖိုးကံဟူ၍ေျပာင္းေခၚရမလားစိတ္ကူးမိသည္။ သို႔ေသာ္ သူတစ္ေယာက္ထဲေခၚေသာ ခ်မ္းေအးဆိုတဲ့နာမည္ေလးကလည္းေအးခ်မ္းကာ အမ်ားနဲ႔မတူေၾကာင္းသတိရမိၿပီး မေျပာင္းေခၚဖို႔ဆံုးျဖတ္လိုက္သည္။ ညခ်မ္းေအးတဲ့ ဘယ္ေလာက္ရင္ေအးေစသလဲ။
ဖိုးကံသည္ ကံေကာင္းေအာင္ေခၚဆိုသကဲ့သို႔
ခ်မ္းေအးသည္လည္း သူ႔ဘဝ ေအးျမၿငိမ္းခ်မ္းေစရန္ရည္စူးေလသည္။
ညသည္ ၾကယ္ေရာင္တလဲ့လဲ့ျဖင့္လွေပေပသည္ ။
ညရႈ႔ခင္းကိုသူမၾကၫ့္အားေပ။
ေခါင္းအံုးတစ္လံုးကိုရင္ဝယ္ပိုက္ကာ ညခ်မ္းေအးအခန္းအားခ်ီတက္ခဲ့သည္။
ေကာင္ေလးေဘးခန္းတြင္ ဟိုအေကာင္ရိွေလတာမို႔ သူသည္တလူးလူးတလိမ့္လိမ့္ျဖင္အိပ္၍မရေတာ့ေခ်။ ျဖစ္ခ်င္ရာျဖစ္ စိတ္ေလ်ာ့ကာ ေခါင္းအံုးဆြဲယူကာ ေလွကားကို တစ္လွမ္းျခင္းတက္ေတာ့ ဒူးေတာင္မခိုင္ပဲျဖစ္ေနသည္။
ႏုႏုထြတ္ထြတ္ လူပ်ိဳေလးမို႔ ခ်စ္သူနဲ႔အတူအိပ္ဖို႔ေၾကာက္စိတ္ကေလးက ဝင္လာေသးသည္။
တစ္ႏွစ္ေက်ာ္ႏွစ္ႏွစ္နီးပါး ခ်စ္သူဆက္ဆံေရးတြင္ နမ္းတာေလး အနည္းအက်ဉ္းကလြဲရင္ သူတို႔ႏွစ္ဦးၾကားတြင္ ဘာဘာညာညာ ဆက္ဆံေရးကမရိွေသးေပ။
စိတ္ကူးမိရံုရိွေသး သူ၏ပါးႏွစ္ဖက္တြင္ ပူေလာင္လာေလသည္။
ရွက္လိုက္တာေနာ္။
ေယာက်ာ္းေလးခ်င္းအတူအိပ္ဖို႔ရာအေရး
မဂၤလာအိပ္ခန္းဝင္ရသလိုပဲျဖစ္ေနတာေတာ့မဟုတ္ေသး။
စတစ္ကာ မ်ိဳးစံုသည္ ကြၽန္းတံခါးေရ႔ွတြင္ ကပ္၍ထား၏။ ဒါကူးကူး လက္ခ်က္မွန္းသိေပမဲ့ ညခ်မ္းေအးနဲ႔လည္းလိုက္ဖက္တာမို႔ သူမတားျမစ္ခဲ့ေပ။
ပိတ္ထားေသာ တံခါးေရ႔ွတြင္ေျခစံုရပ္ကာ တံခါးေခါက္လိုက္သည္။
ေဒါက္ ေဒါက္
"ခ်မ္းေအး ... ကိုကိုပါ ။ မအိပ္ေသးရင္ တံခါးေလးဖြင့္ေပးဦးေနာ္ "
တိုးတိုးေလးဆိုလိုက္ေပမဲ့ေျခသံတရွပ္ရွပ္ထြက္ေပၚလာကာ တံခါးခ်ပ္သည္ ဆြဲဖြင့္ျခင္းခံလိုက္ရသည္။
ညခ်မ္းေအးသည္အဝါေရာင္ ညအိပ္ဝတ္စံုနဲ႔ျဖစ္သည္။ ေရခ်ိဳးထားခါစ ျဖစ္ပံုရသည္ ။
စိုရႊဲေနေသာ ေခါင္းအားတဘတ္ျဖင့္သုတ္ေနသည္။
"ဘာျဖစ္လို႔လဲ"
" အခ်ိန္မေတာ္ ေခါင္းဘာလို႔ေလ်ွာ္တာလဲ ။ ေရကတစက္စက္နဲ႔ေခါင္းျမန္ျမန္သုတ္စမ္း "
ညခ်မ္းေအး သည္အခန္းတံခါးဖြင့္ေပးကာ ေရသုတ္ရင္းအခန္းထဲျပန္ဝင္သြားတာမို႔တံခါးျပန္ေစ့ကာ သူအျမန္ေျပးလိုက္ရသည္။ အျမင္မေတာ္တာမို႔ တဘတ္အားဆြဲယူ၍ သုတ္ဖယ္ေပးခ်ိန္တြင္ ဆံစ
ေတြသည္ ယိမ္းႏြဲ႔ကုန္၏။
ေနြးေထြးေသာ မ်က္ေတာင္ႏြဲ႔ႏြဲ့တို႔သည္ မ်က္လံုးမိွတ္ကာ ၿငိမ္သက္ေနတာမို႔ လွပမူ႔ကို အေပၚစီးကေနရွင္းလင္းစြာျမင္ေနရသည္။ သူ႔ႏွလံုးအိမ္သည္ ကုတ္ျခစ္ခံရသလို ယားယံလာ၏။ မ်က္ေတာင္ေမႊးတို႔သည္ယခင္ထိုမ်ွရွည္သလားသူသတိမထားမိခဲ့ေခ်။
တိတ္ဆိတ္မူ႔ေၾကာင့္ ပိုေနရခက္လာတာမို႔
သုတ္ေပးေန
တဲ့တဘတ္စအားလႊတ္ေပးကာ အိပ္ရာေပၚအားထိုင္ခ်လိုက္သည္။
"ေနာက္ဒီအခ်ိန္ေရမခ်ိဳးနဲ႔ေနာ္ ။ ကိုကိုမႀကိဳက္ဘူး"
" ေလ့က်င့္ခန္းလုပ္လိုက္ေတာ့ေခြၽးေတြထြက္လာလို႔ပါ ။ ဒီမယ္ၾကၫ့္ေလ အရင္လို႔ဗိုက္မပူေတာ့ဘူး"
သိမ္ေမြ့ေသာ ခါးပါးပါးအားလွစ္ဟာျပလိုက္ေတာ့
စံုသာၿမိဳင္တစ္ေယာက္ေသြးေတြ ေျဗာင္းျပန္စီးကုန္သည္။
" မင္း.."
ညခ်မ္းေအးသည္ သူ႔အားၾကၫ့္မေနေခ်။
မွန္ေရ႔ွသြားကာ သူ႔ဗိုက္အားလွန္ၾကၫ့္ေနတာမို႔ အေနာက္ဖက္က ခပ္မို႔မို႔အရာေလးအား ျမင္ေနရတာအရွင္းသား။
ေဆးရံုေပၚမွာေရာ အိမ္မွာေရာ ထိုင္ေနတာမ်ားခဲ့တာေၾကာင့္ ညခ်မ္းေအးဗိုက္ကေလးသည္ မဆိုစေလာက္ပူေနသည္။ ထို႔ေၾကာင့္ ညတိုင္းမအိပ္ခင္ေလ့က်င့္ခန္းကိုေတာ့ မွန္မွန္လုပ္ျဖစ္သည္။
အက်ိဳးဆက္က ျမင္သၫ့္အတိုင္းမို႔ မွန္တင္ခံုေရ႔ွထိုင္ကာ အနည္းအက်ဉ္း skin care လိုက္ၿပီးအျမန္အိပ္ရာရိွတာျပန္လာေတာ့ စံုသာၿမိဳင္သည္ ခုထိတေမ့တေမာေငးၾကၫ့္ေနဆဲျဖစ္ေၾကာင္းသတိရမိေတာ့သည္။
" ျပန္ေတာ့ေလ ။ ကြၽန္ေတာ္အိပ္ေတာ့မလို႔ "
ခ်ယ္ရီေရာင္ပါးျပင္အား သတိလက္လြတ္ေငးမိၿပီးမွ သူရွက္သြား၏။
"အဟမ္း ... ကိုကို ဒီမွာအိပ္မလို႔ "
"အာ မျဖစ္ဘူး "
"ဘာလို႔လဲ "
"ခ်စ္သူေတြဆိုေပမဲ့ ကြၽန္ေတာ္သတိမရေတာ့တဲ့အခ်ိန္က အေၾကာင္း... "
ဘာကိုဆက္ေျပာမလဲ သိေတာ့ စံုသာၿမိဳင္ အေျပာမခံေပ။ ပိုက္ထားတဲ့ေခါင္းအံုးကို ပစ္ခ်ကာ အရင္ဝင္လွဲအိပ္ကာ
" တူတူအိပ္ေနက်လို႔ေျပာထားတယ္ေလ ။ ဒီေန့လည္း အရင္တုန္းကအတိုင္းပဲ ဒီမွာအိပ္မယ္"
"မဟုတ္..."
" ကိုကို အိပ္သြားၿပီ"
အိပ္ရာေထာင့္အား ကပ္ကာေကြးအိပ္ေနတဲ့ သူေၾကာင့္ ညခ်မ္းေအးသက္ျပင္းခ်လိုက္သည္။
အိပ္ရာ၏တစ္ဖက္ျခမ္းတြင္ ဝင္အိပ္လိုက္စဉ္
အိပ္ေပ်ာ္ခ်င္ေယာင္ေဆာင္ေနသူသည္ ျပန္လွၫ့္လာကာ သူကိုသိုင္းဖက္လိုက္၏။
" အာ.. ခင္ဗ်ားေနာ္"
တင္းၾကပ္ေသာအထိအေတြ့အား ရံုးဖယ္မိစဉ္ ပါးမို႔မို႔သည္ဖိကပ္နမ္းခံလိုက္ရျပန္သည္။
"အိပ္ေတာ့ေနာ္ မဟုတ္ရင္ အရင္ကလိုပဲ ကိုကိုတို႔...'
" ခင္ဗ်ားေနာ္"
တိုးတိတ္စြာရယ္သံေလး ထြက္ေပၚလာတဲ့အခန္းတြင္
ရင္ခုန္သံေတြ မေရမရာလြင့္ပ်ံ့လာခဲ့၏။
Bạn đang đọc truyện trên: ZingTruyen.Xyz