ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

33

eainsi23

"ဒါ မင်းနေခဲ့တဲ့အခန်းလေ။ အမေ မှာလိုက်တယ်မဟုတ်လား။ ဒီမှာ မပျော်မှပြန်ခဲ့တဲ့။ အတက်နိုင်ဆုံး မင်း ပြုံးရယ်နေအောင် ကိုကိုကြိုးစားနေမှာပါ "

သူ့စကားကြောင့် ချစ်သူလေးမျက်နှာနီသွား၏။
အရင်ကစာရင် အေးသွားလိုက်တာဟု သက်မှတ်ရမှာပင်။ ဘာပြောပြော သူစိမ်းတစ်ယောက်လို သူ့အား မသိကျေးကျွန်ပြုနေတာ ရင်ထဲခံရခက်ပေမဲ့ ကိုယ့်အပြစ်နဲ့ကိုယ် ဒါသင့်တင့်ပါတယ်ဟု ဖြေသိမ့်နေရသည်။

မဟုတ်တောင် အတိတ်ဘဝကလို သူမသိခင် ၊ ကောင်လေးရဲ့မိခင် မသိခင် တိတ်တဆိတ်ဘာမှမဖြစ်သွားတာပဲ ကျေးဇူးတင်လှပါပြီ။ ကောင်လေး၏
အခင်းစစ်‌ ဆေးမူ့တွင် စက္ကန့် ဆီက သိခဲ့ရတာက
ဦးခမ်းစက်ပိုင်၏နောက်မိန်းမ မှ ကားဖြင့်တိုက်ခဲ့ခြင်းဖြစ်သည်။
အနက်ရောင်ကား အနက်ရောင်ပုတီးစေ့သဏ္ဍာန်
အလုံးလေးတွေပါတဲ့ လက်တစ်ဖက်အား အိမ်မက်မှတဆင့်မြင်ခဲ့သည်။
ထိုလက်ပိုင်ရှင် မှာ အမျိုးသမီးတစ်ယောက်တဲ့လား။

မိခင်က သား တွေ၏ နောင်ရေး ကောင်းချင်ဇောဖြင့် အပြတ်ရှင်းရန် ကြံရွယ်ပြီး ဖခင်က မိသားစုအားကာကွယ်ရန် သားသုံးယောက်အား
အပါခေါ်ကာ ထွက်ပြေးကြခြင်း။ ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်လေသလဲ။

သူ၏ ချစ်သူကောင်လေးက ဘာဆိုဘာမှမသိတဲ့
ကောင်လေးပါ။

ချမ်းသာမူ့ကိုလည်းမသိ ၊ ဒီမိဘတွေရှိမှန်းလည်းမသိရှာခဲ့ပါ။

ငယ်စဉ်ကတည်းက ဆေးရုံကနေ မွေးစပေါက်ကို ခိုးယူခံခဲ့ရသည်။

ရက်သားပဲရှိ‌ သေးတဲ့ မွေးခါစ သားပေါက်အား ရင်အုပ်မကွာ ထားရမည့်အစား ခိုးယူတဲ့မိဘတွေကပါ သေကြပြန်သည်။ နှစ်ဘဝလုံးဆင်းရဲခက်ခဲစွာ  နေကြရတာ ဘယ်ဝဋ်ကြွေးကြောင့်လဲ

"ဟို ကျွန်တော်ရေချိုးလို့ရမလားဗျ"

"ရတယ်လေ။ ဒီအခန်းထဲမှာ ရေချိုးခန်း အိမ်သာ ပါပြီးသား"

"ဒါဆို ပြီးမှလာခဲ့လေနော်"

သူတစ်ခဏ ဘာပြန်ပြောရမှန်းမသိဖြစ်သွား၏။
အတော်ကြာမှ မျက်နှာပြောင်တိုက်၍ ခေါင်းရမ်းပြလိုက်သည်။

"ကိုကိုတို့က ချစ်သူတွေ။ "

မျက်လုံးလေး ပြူးကာ ကြည့်နေတဲ့ ချစ်သူကောင်လေးအား ထပ်မံ၍ မျက်နှာပြောင်တိုက်ကာ လိမ်လိုက်သည်။

"ကိုကိုမင်းရဲ့ခန္ဓာကိုယ်ကို မြင်ဖူးတယ် "

"ဟို..."

ရဲဖောက်လာသော မျက်နှာလေးကြောင့် လိမ်လိုက်ရတာ စိတ်မကောင်းပင်မဖြစ်တော့ အဖြူအိပ်ရာဘေး
ထိုင်ချကာ ထွက်ခွာဖို့ ငြင်းဆန်လိုက်သည်။

"သွား... ကိုကို မင်းအဝတ်တွေ စီပေးမယ် "

"ရပါတယ်... ကျွန်တော်ဘာသာပဲ"

"ညကျ ကိုကို မင်းနဲ့ လာအိပ်ရမလား ချမ်းအေး။
မဟုတ်တောင် ကိုကိုတို့အတူ အိပ်နေကြပဲမဟုတ်လား "

"အဟွတ် "

ချောင်းဆိုးသံကျယ်ကျယ်ကြောင့် အထုတ်အပိုးတချို့ဖွင့်နေရာမှ လှည့်ကြည့်စဉ်
ရေချိုးခန်းထဲ ကမန်းကတမ်းလှည့်ဝင်သွားတဲ့ကောင်လေးအားတွေ့လိုက်ရသည်။

ပူပြင်းသော မျက်နှာအား ထိကာ ပထမဦးဆုံးအကြိမ်
ရယ်သွမ်းသွေးမိသွား၏။

"ချစ်စရာလေးကွာ"  သူအသံတိုးတိုးကကြိတ်မခဲနိုင်ထွက်ပေါ်လာ၏။

မြင်ဖူးတယ်ဆိုတာ အမှန်တော့ သူလိမ်လိုက်ခြင်းသည် သူတို့၏ဆက်ဆံရေးတိုးတက်စေလိုရေးအတွက်ပင်။ နာရီဝက်မျှကြာပြီးနောက်
ရေချိုးခန်းထဲကနေ ကောင်လေးသည် ထွက်လာခဲ့၏။  သေးသွယ်သော ခါးလေးအား တဘတ်ဖြင့်မဖုံးဖိနိုင်ခဲ့ပေ။ ရေလဲပုဆိုးသည် ရေစ တို့စိုစွတ်နေပြီး အနည်းငယ် ပန်းရောင်ပြေးတဲ့ပါးပြင်ဟာလည်း စွဲမက်ဖို့ကောင်း၏။

"ပြီး..ပြီပြီလား ။ ရော့ဒါလေး ဝတ်။ ကိုကို မင်း စားရအောင် ဟင်းတွေနွေးထားပေးမယ်"

နှစ်ယောက်စလုံးအနေခက်မူ့အား သူ့ဖက်က‌ေန စတင်ရှောင်ရှားလိုက်မိပြီး အောက်ကို အမြန်ပြေးဆင်းခဲ့သည်။ ပြီးမှ  မသန်စွမ်းတဲ့ကိုယ့်အဖြစ်အားသတိရကာ အလန့်တကြားဖြစ်မိသွား၏ ။  အပေါ်အောက် နေခဲ့ကြတုန်းက ချစ်သူအခန်းအား တစ်ခါတစ်လေမှ သူရောက်ဖြစ်သည်။ အကြောင်းမှာ သူသည် လှေကားအား အတက်အဆင်းလုပ်ဖို့အဆင်‌မပြေ၍ပင်။ ရေမစိုတစို မျက်ဝန်းတွေနှင့် လှစ်ဟာနေသော ခါးသိမ်သိမ်သည် ညို့ငင်နိုင်စွမ်းရှိသည်မှာအမှန်ပင်။
မပေါ်တပေါ်သခွားရောင်တဘတ်အောက်က
အနီရောင် အစက်ငယ်တို့အားပြန်တွေးမိကာ  ပူ‌ပြင်းမူ့တစ်ခုက လှိုက်တက်လာ၏။

"ဘုရားရေ နှာခေါင်းသွေးတွေ"

အမြန်ပင်ဘေစင်မှာ သန့်ရှင်းရေးလုပ်လိုက်တော့မှ
ရှက်စရာ အခြေအနေကို လူမသိတော့တာဖြစ်၏။
မီးဖိုချောင်ထဲတွင် အရီးမြိုင် တစ်ယောက် တလှုပ်လှုပ် ချက်ပြုတ်နေသည်။ သူမယောင်မလည်ဖြင့်

"အရီး... ချမ်းအေးကြိုက်တဲ့ ငှက်ပျောထုပ် ပေါင်းထားသလား"

ယောင်းမကြီးဖြင့် အရီးမြိုင်က မီးဖိုချောင်ဖက်ကနေ ခြံနောက်ထွက်တဲ့လမ်းကို လက်ညိုးထိုးပြ၏။

"မီးဖိုက အပြင်ဖက်မှာ ညနေကျမှ ကျက်မယ်ထင်တယ်"

ကောင်းညှင်းထဲ ငှက်ပျောသီးအစာသွပ်သော အရသာသည် ကောင်းမည်လော။
စီးပိုင်သော ကောင်ညင်းအား သူမကြိုက်ပေ။
ချစ်သူ၏ အကြိုက်အားလိုက်လျောညီထွေရှိ‌စေရင် အဝတ်စုတ်တစ်ပိုင်းအားယူ၍ အခိုးငွေ့တလူလူ ထွက်နေသော ဒန်အိုးအဖုံးအား အသာမ လိုက်သည်။

"အရီး ဘာလို့ ကျောက်တုံးတွေထည့်ထားတာလဲ"

အိုးထဲမှာ ကျောက်တုံးအကြီးစားတွေပါ ထည့်ထားတာမို့ သူသည် အမေးအမြန်းထူလိုက်သည်။
ဝါရင့်စာဖိုမှူး အရီးမြိုင်သည် ရှင်းပြလာသည်။

"ကောက်ညှင်းထုပ် ပါဆိုမှ ထုပ်ထုပ်ထဲထဲဖြစ်အောင် ကျောက်ဖိရတာ သဘာဝကိုး "

"ဪ ..ဒါဆိုညကျ မာမာလေးစားလို့ရပြီပေါ့"

ဖက်ဖြင့်ထုပ်ထားသော အစိမ်းရင့်ရောင် ငှက်ပျောထုပ်တို့အား သူ့မှာ အကြည့်မလွှဲနိုင်ခဲ့ပေ။

ညချမ်းအေးဆင်းလာတဲ့အခါ အလုပ်မှာ ပြန်လာသော ချစ်ထွန်းနှင့် ငယ်လေးဆိုတဲ့မိန်းက‌ လေးအားတွေ့လိုက်ရသည်။
စိတ်ထဲ တစ်မျိုးလေးဖြစ်သွားတာကြောင့် မည်သူ့ကိုမှမကြည့်ပဲ ထမင်းစားပွဲမှာသာဝင်ထိုင်လိုက်သည်။
သူ၏ မသိစိတ်မှ မကျေနပ်စိတ်ကလေးက ဝင်လာသည်။ ထိုမိန်းကလေးသည် ရင်းနှီးတဲ့ခံစားချက်လည်ရှိမနေတာတစ်ကြောင်း လိုတာထက်ပို၍ ချွဲနွဲ့နေတယ်ဟုခံစားရတာတစ်ကြောင်း ကြောင့် ပြုံးပြလိုစိတ်ပင်ရှိမနေခဲ့ပေ။
သူ၏ရည်းစားဆိုသူသည် ထိုမိန်းကလေးအား အလေးနက်ထားကာ စကားပြောနေသည်။
မကျေနပ်စိတ်ဖြင့် သူ့အားထည့်ပေးလာသော ဟင်းတို့အား မစားခဲ့ပေ။

"ဘာလို့လဲ"

ပန်းကန်ထဲရှိ အပုံလိုက်သော ဟင်းတို့အားကြည့်၍
မေးသော်လည်း အဖြေစကားမရပဲ စူပုတ် နေတဲ့ နှုတ်ခမ်းတို့ ပိုမိုထင်ရှားလာတာကိုသာတွေ့ရ၏။ စုံသာမြိုင် အနည်းငယ်အံ့ဩသွား၏။
ဒါ စိတ်ကောက်ခြင်းလား။
တစ်ခါမှမတွေ့ရဘူးသော အပြုအမူအား ပထမဦးဆုံးအကြိမ် တွေ့ရတာမို့ နှလုံးခုန်သံအနည်းငယ်ကျယ်လောင်လာတော့၏။

"မကြိုက်လို့လား ၊ဘာစားချင်လဲဟင် ။ ကိုကိုထပ်ထည့်ပေးမယ်"

စကားစပြတ်သွားတာကြောင့်ငယ်လေးဆိုတဲ့ မိန်းကလေး၏ အကြည့်က သူ့ဆီရောက်လာ၏။
ချစ်သူဆိုတဲ့ လူကြီးဆီမှ ဂရုစိုက်မူ့ကြောင့်ကျေနပ်စိတ်ကလေးဖြင့် သူ့၏ စူထားသော နှုတ်ခမ်းတို့သည်
ပြန်စေ့သွားသည်။

"ဗိုက်ဝပြီ "

"ခုမှ နည်းနည်းပဲ စားရသေးတယ်လေ ။ ချမ်းအေးကြိုက်တဲ့ဟင်းတွေအများကြီး ကိုကိုအရီးမြိုင်ကို ချက်ခိုင်းထားတာ "

ပြာယာခတ်နေတဲ့ ချစ်သူအား အားနာပေမဲ့
ထိုမိန်းကလေးကို မကြိုက်တဲ့စိတ်ဖြင့်ဥပေက္ခာပြုကာ
စားပွဲဝိုင်းမှ ထရပ်လိုက်သည်။ တိတ်ဆိတ်သွားတဲ့ထမင်းဝိုင်းတွင် သူ့၏အပြုအမူသည် အနည်းငယ်ရိုင်းသွားသယောင် ထင်ဟပ်နေသည်။
တစ်ချိန်က သူသည် ထိုသို့ဆိုးသွမ်းဟန် မရှိပုံပင်။
မသက်မသာခံစားရသော်ငြား အရွဲ့တိုက်လိုက်ရတဲ့စိတ်ဖြင့် သူ၏ မျက်နှာသည် ကျေနပ်ခြင်းတို့လှိုက်တက်လာသည်။

သူထထွက်လာပေမဲ့ နောက်ကနေ လှုပ်ရှားလာသံတချို့ထွက်လာ၏။ ခုံကိုတွန်းဖယ်လိုက်သောအသံ။
တစ်ယောက်ယောက်ထမင်းဝိုင်းကနေထလာတာဖြစ်မည်။ ထိုသူမှာ စုံသာမြိုင် ဖြစ်ပါစေဟုဆုတောင်းနေမိတာ ထိုမိန်းကလေးနှင့်စကားပြောနေမှာ သူမကြိုက်ရ၍ပေ။

သို့သော်....

ဆယ်ငါးမိနစ်လောက်ထိ  လှုပ်ရှားမူ့မရှိတဲ့တံခါးအားကြည့်၍ သူ၏နှုတ်ခမ်းတို့မဲ့လာ၏။

ဒါလား ချစ်သူ။
ကိုယ့်ချစ်သူတစ်ယောက်လုံး စိတ်ဆိုးမှန်းမသိစိတ်ကောက်မှန်းမသိတဲ့ယောက်ျား။

ပြန်မယ်။ အိမ်ကိုပြန်မယ်။

မတင်မကျစိတ်၊ဝမ်းနည်းစိတ်ဖြင့် သူ့အိတ်လေးအားဖွင့်လိုက်သည်။ သိပ်မကြာခင်ကမှ စီရီနေတဲ့အဝတ်အစားတို့အားကြည့်၍ ပြန်ဆွဲထုတ်ရမည်ကို
လက် နှေးနေမိသည်။

သို့သော် စိတ်အားပြန်တင်း၍ အပေါ်က အဝတ်တစ်ထည်အားဆွဲအထုတ် တံခါးဖွင့်လာသံကြားလိုက်သည်။ လှည့်မကြည့်ပဲ ထုတ်ထားသောအဝတ်အား အိတ်ထဲထိုးထည့်နေစဉ် ကသိုက်ကရိုက်ပြေးလာတဲ့အသံအားကြားလိုက်ရသည်။

"ဘာလုပ်မလို့လဲဟင် ချမ်းအေး။ ဘာလို့အဝတ်တွေထည့်နေတာလဲ"

မေးတာမဖြေပဲ ဒုတိယမြောက်အထည်အားဆွဲအထုတ် သန်မာသော လက်တစ်ဖက်အား သူ၏လက်အားဆုပ်ထွေးလာ၏။

"ဟင်လို့... ကိုကိုမေးနေတာ ဘာလို့မဖြေတာလဲ "

စိုးရိမ်နေတဲ့ စုံသာမြိုင်သည် အသံတွေတုန်နေမှန်းသတိမထား‌မိတော့ချေ။ သူ၏စိတ် သူ၏
နှလုံးခုန်သံတို့သည် ကောင်လေးကြောင့် ကောင်းကောင်းအလုပ်မလုပ်တော့ပေ။ ဒီတစ်ခါပြန်ရောက်သွားရင်ထပ်တွေ့ဖို့မလွယ်ကူတော့ချေ။

"ချမ်းအေး ကိုကိုနဲ့အတူတူမနေချင်တော့တာလား။ ကိုကိုဘာအပြစ်လုပ်မိလို့လဲ ဟင်...ပြောပါဉီးကွာ ကိုကို့ကို စိတ်ပူအောင်မလုပ်ပါနဲ့"

ငိုချတော့မယောင်မျက်လုံးများအားမကြည့်ရဲစွာ သူသည် ခေါင်းကိုငုံ့ကာ

"အိမ်ပြန်မလို့" ဟု ပြောမိသည်။

"ချမ်းအေး ပြန်ရင် ကိုကို ဘယ်လိုလုပ်ရမှာလဲ။ ဒီတစ်ခါ ပြန်သွားရင် မင်း‌အမေက ကိုကို့ကို ထပ်တွေ့ခွင့်ပေးမယ်ထင်လား။ မင်းမကြိုက်တာပြောပါ ကိုကိုပြင်ပါ့မယ် ။ အဲ့လိုတော့မလုပ်ပါနဲ့ကွာ"

ကြီးမားသော အပြစ်က ဘာများပါလိမ့်။
လက်ညိုးထိုးပြစရာသည် ကိုကို တခြားမိန်းကလေးတွေနဲ့စကားပြောတာ မကြိုက်ဘူးဆိုတဲ့အကြောင်းပြချက်လား။

ဒါတောင် ရောက်တာ တစ်ရက်ပဲရှိပါသေးသည်။
ချက်ခြင်းထပြန်ရအောင် သူသည်ကလေးလား။

သူထက်ခေါင်းတစ်လုံးမျှရှည်သော အမျိုးသားအားမော့ကြည့်ကာ စိတ်ပူနေသော မျက်လုံးများကို ပြန်၍ အကြည့်ခြင်းစုံစေလိုက်သည်။

"ကျွန်တော် စိတ်ဆိုးနေတယ်"

"ကိုကို သိတယ် ။ အဲ့ဒါကိုကို့အမှား"

"ခင်ဗျား မသိဘူး။ "

ချမ်းအေး မျက်နှာလွှဲကာ မကျေမချမ်းပြောလိုက်သည်။

ယောက်ျားတွေများ နားအေးပြီးအောင်ပြောတက်ပါ့။
စိတ်ဆိုးတယ်ပဲရှိသေးတယ် သူ့အမှားတဲ့။ ဒါ ပြဿနာဖြေရှင်းနည်းများထင်နေသလား။

" ချမ်းအေး စိတ်ထဲ မကျေနပ်တာတွေအကုန် ကိုကို့ကြောင့်ဆိုရင် အဲ့ဒါကိုကို့အမှားပေါ့။ ချစ်သူကို
စိတ်ပင်ပန်းအောင် လုပ်တဲ့သူက ကောင်းတဲ့သူမှမဟုတ်တာ။ ချမ်းအေးအလိုမကျအောင် လုပ်မိတာ ၊ချမ်းအေး မပျော်အောင်လုပ်မိတာ အကုန် ကိုကိုအသုံးမကျလို့ "

စူတူတူနှုတ်ခမ်းလေးပြုံးရိပ်ထင်သွားတာကို တစ်ဖက်လူမသိလိုက်။ လွှဲထားတဲ့‌မျက်နှာကိုပြန်တည့်ကာ အပေါ်ကိုပြန်မော့၍

" အလိုက်ကန်းဆိုးလည်းလုံးဝ မသိဘူး "

"ဟုတ်ပါတယ် ကိုကိုမသိဘူး။ ချမ်းအေး မျက်နှာ ဘာအလိုမကျလဲ ဘာဖြစ်ချင်နေလဲ ကိုကိုမသိတာအမှန်ပါ။ အဲဒီမသိတဲ့ချစ်သူကောင်လေးကို ပွင့်ပွင့်လင်းလင်းဆူပူလိုက်ရင်
အော်ဟစ်လိုက်ရင် ကိုကိုသိသွားမှာသေချာပါတယ်"

"အော်ဟစ်ဆူပူရအောင် ခင်ဗျားက ကလေးမှမဟုတ်တာ ။ ကိုယ့်ထက်အကြီးကို ပြန်အော်ရင် ကျွန်တော်ပဲငရဲကြီးအုံးမယ်"

"မကြီးပါဘူး။ ကိုကိုခွင့်လွှတ်တယ်နော် ကလေး ။ "

သေးသွယ်တဲ့လက်ကလေးအားဖျစ်ညှစ်၍ သူကတိပေးလိုက်သည်။ ခုထိ နှုတ်ခမ်းတို့ပြုံးရယ်မလာသောသူအား မချင့်မရဲလည်းဖြစ်မိသည်။

" ငယ်လေးဆိုတဲ့ကောင်မလေးနဲ့စကားပြောတာမကြိုက်ဘူး"

စုံသာမြိုင်မျက်ခုံးပင့်မိသွားချေ၏။

"ငယ်လေးက ကိုကိုတို့ညီမလေးလေးလိုပါပဲကွာ "

"ညီမလေး အရင်းမဟုတ်ဘူး။ ပြီးတော့ အိမ်မှာလာနေတာလည်းမကြိုက်ဘူး"

ယောက်ျားလေးတွေနေတဲ့အိမ်မှာမိန်းကလေးတစ်ယောက်လာနေတာကို သူနည်းနည်းမှနားမလည်ပေးနိုင်ပါ။
သူ့စကားကြောင့် စုံသာမြိုင်ဆိုတဲ့လူကြီး မျက်ခုံးကို ဖွဖွကုတ်နေသည်။ ဒါ သူစိတ်ရှုပ်နေပြီဆိုတဲ့သဘော ။
မကျေနပ်စိတ်တွေအပြင် ဒီမိန်းကလေးနဲ့ပတ်သက်ပြီး ကိုယ့်အလိုကိုတန်းမလိုက်လျောတာကိုပါ စိတ်တိုင်းမကျလာတာကြောင့် ဝမ်းနည်းစိတ်ကြီးကလှိုက်တက်လာပါ၏။

"ဒါကလေ "

ပြော၍ မဆုံးသေး သူကိုင်ထားတဲ့လက်ကို ပစ်ခါပစ်လိုက်၏။

"ဖယ်မကိုင်နဲ့ ။ ဘာချစ်တာလဲ ။ ဘာချစ်သူတွေလဲ
။ မဖြစ်နိုင်တာကို ကျွန်တော်ပြောနေတာမဟုတ်ဘူး ဖြစ်သင့်တာကို ပြောနေတာ။ ဒါတောင်မှ ဆုံးဖြတ်ရခက်နေရင် လမ်းခွဲရုံပဲ ရှိတော့တယ်။  "

"ချမ်းအေး.. မင်းဘယ်လိုတောင်ပြောထွက်တာလဲ "

"မှန်တာပြောတာလေ ။ ကျွန်တော်ပြောတာရှင်းရှင်းလေး ။ သူဆင်းမှာလား။ ကျွန်တော်ဆင်းရမှာလား
။မကြိုက်ဘူးဆိုလုံးဝမကြိုက်ဘူး‌ေနာ်။ ခင်ဗျားထက်ပိုသိတဲ့အာရုံခံစားမူ့တွေထဲမှာ သူလည်းကျွန်တော့်ကိုအလိုကျမနေဘူးဆိုတာသေချာတယ်"

ဘယ်ချိန်ကတည်းက ပြောချင်နေတဲ့စကားတွေမှန်းမသိ။ ထိန်းလိုက်ပါသော်ငြား ဆက်တိုက်ဆိုသလိုထွက်ကျလာပါ၏။
အမှန်ဆို သူတို့နှစ်ဦး၏ဆက်ဆံရေးသည် လတ်တလောအေးစက်နေပါသေးသည်။
မကြာခင်နာရီပိုင်းမျှကအထိ သူသည် ရှက်ရွံ့အေးဆေးသော ကောင်လေးသဖွယ် ပြုမူနေသေးသည်။ ဘယ်နတ်ဆိုးကများ သွေးထိုးနှောက်ယှက်လိုက်သလဲသူမသိ။ အားလုံးလွန်စွာပြောထွက်ပြီးချိန်တွင်သူသည် နောင်တရမလိုဖြစ်သွားပေမဲ့ပေါ့ပါးသွားတဲ့စိတ်ကြောင့် ပြန်လည်မော့ချီကာ ကြည့်လိုက်သည်။

စုံသာမြိုင်သည် သူ့အား မျက်မှောင်ကုတ်ကာ ပြန်ကြည့်နေလေသည်။ အတော်ကြာမှ သက်ပြင်းချကာ

"သူ့ကို အပြင်မှာ သွားနေခိုင်းလိုက်မယ် ။ ဒါဆို အဆင်ပြေပြီမို့လား"

ကိုယ်ခိုင်းလို့လုပ်လိုက်ရပါတယ်၊မတက်သာလို့ပါဆိုတဲ့အချိုးမျိုးကြောင့် ငြိမ်သက်စ ပြုလာတဲ့ဒေါသကပြန်လည်ထကြွလာသည်။ သူသည်အတိတ်တွင်မည်သို့သောကောင်လေးဖြစ်မည်နည်း။အေးဆေးလိမ်မာပြီးတည်ငြိမ်လွန်းသည်ဟု မိခင်က ဆိုဖူးပေမဲ့
ပြန်လည်နိုးထလာအပြီးမှာတော့ အသစ်တစ်ဖန် မွေးဖွားလာသည်နှယ် စိတ်တို့သည် အစိုးမရတော့ပေ။
အတိတ်တွင်မပေါ်ထွန်းခဲ့သော  အမေဖြစ်သူရဲ့ထက်မြက်သောသွေးသားတို့က ခုမှပြန်လည်ထကြွလာသလားပဲ ။

ကိုင်ထားတဲ့ ခရီးဆောင်အိတ်အား စုံသာမြိုင်ဆွဲယူသွား၏။ ထည့်လက်စ နှစ်ထည်အားပြန်နှုတ်ကာ စီရီကာပြန်ထပ်နေ‌သည်။

" ကိုကိုလမ်းထိပ်က ဖက်ထုပ်ဝယ်လာတယ်။ ပူတုန်းစားလိုက် "

အိပ်ယာဘေးက စားပွဲပေါ်တွင် အငွေ့မသေသေးသောဖက်ထုပ်ပန်းကန်ရှိသည်။
ချက်ခြင်းလိုက်မလာတာ ဒါကြောင့်လားဟုတွေးမိတော့ သူရင်ထဲ နုညံ့ခြင်းတွေ ဝင်ရောက်လာပြန်သည်။

"ဒါ မင္းေနခဲ့တဲ့အခန္းေလ။ အေမ မွာလိုက္တယ္မဟုတ္လား။ ဒီမွာ မေပ်ာ္မျွပန္ခဲ့တဲ့။ အတက္ႏိုင္ဆံုး မင္း ၿပံဳးရယ္ေနေအာင္ ကိုကိုႀကိဳးစားေနမွာပါ "

သူ႔စကားေၾကာင့္ ခ်စ္သူေလးမ်က္ႏွာနီသြား၏။
အရင္ကစာရင္ ေအးသြားလိုက္တာဟု သက္မွတ္ရမွာပင္။ ဘာေျပာေျပာ သူစိမ္းတစ္ေယာက္လို သူ႔အား မသိေက်းကြၽန္ျပဳေနတာ ရင္ထဲခံရခက္ေပမဲ့ ကိုယ့္အျပစ္နဲ႔ကိုယ္ ဒါသင့္တင့္ပါတယ္ဟု ေျဖသိမ့္ေနရသည္။

မဟုတ္ေတာင္ အတိတ္ဘဝကလို သူမသိခင္ ၊ ေကာင္ေလးရဲ့မိခင္ မသိခင္ တိတ္တဆိတ္ဘာမွမျဖစ္သြားတာပဲ ေက်းဇူးတင္လွပါၿပီ။ ေကာင္ေလး၏
အခင္းစစ္‌ ေဆးမူ႔တြင္ စကၠန႔္ ဆီက သိခဲ့ရတာက
ဦးခမ္းစက္ပိုင္၏ေနာက္မိန္းမ မွ ကားျဖင့္တိုက္ခဲ့ျခင္းျဖစ္သည္။
အနက္ေရာင္ကား အနက္ေရာင္ပုတီးေစ့သ႑ာန္
အလံုးေလးေတြပါတဲ့ လက္တစ္ဖက္အား အိမ္မက္မွတဆင့္ျမင္ခဲ့သည္။
ထိုလက္ပိုင္ရွင္ မွာ အမ်ိဳးသမီးတစ္ေယာက္တဲ့လား။

မိခင္က သား ေတြ၏ ေနာင္ေရး ေကာင္းခ်င္ေဇာျဖင့္ အျပတ္ရွင္းရန္ ႀကံရြယ္ၿပီး ဖခင္က မိသားစုအားကာကြယ္ရန္ သားသံုးေယာက္အား
အပါေခၚကာ ထြက္ေျပးၾကျခင္း။ ဘယ္ေလာက္ စိတ္ပ်က္စရာေကာင္းလိုက္ေလသလဲ။

သူ၏ ခ်စ္သူေကာင္ေလးက ဘာဆိုဘာမွမသိတဲ့
ေကာင္ေလးပါ။

ခ်မ္းသာမူ႔ကိုလည္းမသိ ၊ ဒီမိဘေတြရိွမွန္းလည္းမသိရွာခဲ့ပါ။

ငယ္စဉ္ကတည္းက ေဆးရံုကေန ေမြးစေပါက္ကို ခိုးယူခံခဲ့ရသည္။

ရက္သားပဲရိွ‌ ေသးတဲ့ ေမြးခါစ သားေပါက္အား ရင္အုပ္မကြာ ထားရမၫ့္အစား ခိုးယူတဲ့မိဘေတြကပါ ေသၾကျပန္သည္။ ႏွစ္ဘဝလံုးဆင္းရဲခက္ခဲစြာ  ေနၾကရတာ ဘယ္ဝဋ္ေႂကြးေၾကာင့္လဲ

"ဟို ကြၽန္ေတာ္ေရခ်ိဳးလို႔ရမလားဗ်"

"ရတယ္ေလ။ ဒီအခန္းထဲမွာ ေရခ်ိဳးခန္း အိမ္သာ ပါၿပီးသား"

"ဒါဆို ၿပီးမွလာခဲ့ေလေနာ္"

သူတစ္ခဏ ဘာျပန္ေျပာရမွန္းမသိျဖစ္သြား၏။
အေတာ္ၾကာမွ မ်က္ႏွာေျပာင္တိုက္၍ ေခါင္းရမ္းျပလိုက္သည္။

"ကိုကိုတို႔က ခ်စ္သူေတြ။ "

မ်က္လံုးေလး ျပဴးကာ ၾကၫ့္ေနတဲ့ ခ်စ္သူေကာင္ေလးအား ထပ္မံ၍ မ်က္ႏွာေျပာင္တိုက္ကာ လိမ္လိုက္သည္။

"ကိုကိုမင္းရဲ့ခႏၶာကိုယ္ကို ျမင္ဖူးတယ္ "

"ဟို..."

ရဲေဖာက္လာေသာ မ်က္ႏွာေလးေၾကာင့္ လိမ္လိုက္ရတာ စိတ္မေကာင္းပင္မျဖစ္ေတာ့ အျဖဴအိပ္ရာေဘး
ထိုင္ခ်ကာ ထြက္ခြာဖို႔ ျငင္းဆန္လိုက္သည္။

"သြား... ကိုကို မင္းအဝတ္ေတြ စီေပးမယ္ "

"ရပါတယ္... ကြၽန္ေတာ္ဘာသာပဲ"

"ညက် ကိုကို မင္းနဲ႔ လာအိပ္ရမလား ခ်မ္းေအး။
မဟုတ္ေတာင္ ကိုကိုတို႔အတူ အိပ္ေနၾကပဲမဟုတ္လား "

"အဟြတ္ "

ေခ်ာင္းဆိုးသံက်ယ္က်ယ္ေၾကာင့္ အထုတ္အပိုးတခ်ိဳ႕ဖြင့္ေနရာမွ လွၫ့္ၾကၫ့္စဉ္
ေရခ်ိဳးခန္းထဲ ကမန္းကတမ္းလွၫ့္ဝင္သြားတဲ့ေကာင္ေလးအားေတြ့လိုက္ရသည္။

ပူျပင္းေသာ မ်က္ႏွာအား ထိကာ ပထမဦးဆံုးအႀကိမ္
ရယ္သြမ္းေသြးမိသြား၏။

"ခ်စ္စရာေလးကြာ"  သူအသံတိုးတိုးကႀကိတ္မခဲႏိုင္ထြက္ေပၚလာ၏။

ျမင္ဖူးတယ္ဆိုတာ အမွန္ေတာ့ သူလိမ္လိုက္ျခင္းသည္ သူတို႔၏ဆက္ဆံေရးတိုးတက္ေစလိုေရးအတြက္ပင္။ နာရီဝက္မ်ွၾကာၿပီးေနာက္
ေရခ်ိဳးခန္းထဲကေန ေကာင္ေလးသည္ ထြက္လာခဲ့၏။  ေသးသြယ္ေသာ ခါးေလးအား တဘတ္ျဖင့္မဖံုးဖိႏိုင္ခဲ့ေပ။ ေရလဲပုဆိုးသည္ ေရစ တို႔စိုစြတ္ေနၿပီး အနည္းငယ္ ပန္းေရာင္ေျပးတဲ့ပါးျပင္ဟာလည္း စြဲမက္ဖို႔ေကာင္း၏။

"ၿပီး..ၿပီျပီလား ။ ေရာ့ဒါေလး ဝတ္။ ကိုကို မင္း စားရေအာင္ ဟင္းေတြႏြေးထားေပးမယ္"

ႏွစ္ေယာက္စလံုးအေနခက္မူ႔အား သူ႔ဖက္က‌ေန စတင္ေရွာင္ရွားလိုက္မိၿပီး ေအာက္ကို အျမန္ေျပးဆင္းခဲ့သည္။ ၿပီးမွ  မသန္စြမ္းတဲ့ကိုယ့္အျဖစ္အားသတိရကာ အလန႔္တၾကားျဖစ္မိသြား၏ ။  အေပၚေအာက္ ေနခဲ့ၾကတုန္းက ခ်စ္သူအခန္းအား တစ္ခါတစ္ေလမွ သူေရာက္ျဖစ္သည္။ အေၾကာင္းမွာ သူသည္ ေလွကားအား အတက္အဆင္းလုပ္ဖို႔အဆင္‌မေျပ၍ပင္။ ေရမစိုတစို မ်က္ဝန္းေတြႏွင့္ လွစ္ဟာေနေသာ ခါးသိမ္သိမ္သည္ ညို႔ငင္ႏိုင္စြမ္းရိွသည္မွာအမွန္ပင္။
မေပၚတေပၚသခြားေရာင္တဘတ္ေအာက္က
အနီေရာင္ အစက္ငယ္တို႔အားျပန္ေတြးမိကာ  ပူ‌ျပင္းမူ႔တစ္ခုက လိႈက္တက္လာ၏။

"ဘုရားေရ ႏွာေခါင္းေသြးေတြ"

အျမန္ပင္ေဘစင္မွာ သန႔္ရွင္းေရးလုပ္လိုက္ေတာ့မွ
ရွက္စရာ အေျခအေနကို လူမသိေတာ့တာျဖစ္၏။
မီးဖိုေခ်ာင္ထဲတြင္ အရီးၿမိဳင္ တစ္ေယာက္ တလႈပ္လႈပ္ ခ်က္ျပဳတ္ေနသည္။ သူမေယာင္မလည္ျဖင့္

"အရီး... ခ်မ္းေအးႀကိဳက္တဲ့ ငွက္ေပ်ာထုပ္ ေပါင္းထားသလား"

ေယာင္းမႀကီးျဖင့္ အရီးၿမိဳင္က မီးဖိုေခ်ာင္ဖက္ကေန ၿခံေနာက္ထြက္တဲ့လမ္းကို လက္ညိုးထိုးျပ၏။

"မီးဖိုက အျပင္ဖက္မွာ ညေနက်မွ က်က္မယ္ထင္တယ္"

ေကာင္းၫွင္းထဲ ငွက္ေပ်ာသီးအစာသြပ္ေသာ အရသာသည္ ေကာင္းမည္ေလာ။
စီးပိုင္ေသာ ေကာင္ညင္းအား သူမႀကိဳက္ေပ။
ခ်စ္သူ၏ အႀကိဳက္အားလိုက္ေလ်ာညီေထြရိွ‌ေစရင္ အဝတ္စုတ္တစ္ပိုင္းအားယူ၍ အခိုးေငြ့တလူလူ ထြက္ေနေသာ ဒန္အိုးအဖံုးအား အသာမ လိုက္သည္။

"အရီး ဘာလို႔ ေက်ာက္တံုးေတြထၫ့္ထားတာလဲ"

အိုးထဲမွာ ေက်ာက္တံုးအႀကီးစားေတြပါ ထၫ့္ထားတာမို႔ သူသည္ အေမးအျမန္းထူလိုက္သည္။
ဝါရင့္စာဖိုမွဴး အရီးၿမိဳင္သည္ ရွင္းျပလာသည္။

"ေကာက္ၫွင္းထုပ္ ပါဆိုမွ ထုပ္ထုပ္ထဲထဲျဖစ္ေအာင္ ေက်ာက္ဖိရတာ သဘာဝကိုး "

"ဪ ..ဒါဆိုညက် မာမာေလးစားလို႔ရၿပီေပါ့"

ဖက္ျဖင့္ထုပ္ထားေသာ အစိမ္းရင့္ေရာင္ ငွက္ေပ်ာထုပ္တို႔အား သူ႔မွာ အၾကၫ့္မလႊဲႏိုင္ခဲ့ေပ။

ညခ်မ္းေအးဆင္းလာတဲ့အခါ အလုပ္မွာ ျပန္လာေသာ ခ်စ္ထြန္းႏွင့္ ငယ္ေလးဆိုတဲ့မိန္းက‌ ေလးအားေတြ့လိုက္ရသည္။
စိတ္ထဲ တစ္မ်ိဳးေလးျဖစ္သြားတာေၾကာင့္ မည္သူ႔ကိုမွမၾကၫ့္ပဲ ထမင္းစားပြဲမွာသာဝင္ထိုင္လိုက္သည္။
သူ၏ မသိစိတ္မွ မေက်နပ္စိတ္ကေလးက ဝင္လာသည္။ ထိုမိန္းကေလးသည္ ရင္းႏွီးတဲ့ခံစားခ်က္လည္ရိွမေနတာတစ္ေၾကာင္း လိုတာထက္ပို၍ ခြၽဲႏြဲ႔ေနတယ္ဟုခံစားရတာတစ္ေၾကာင္း ေၾကာင့္ ၿပံဳးျပလိုစိတ္ပင္ရိွမေနခဲ့ေပ။
သူ၏ရည္းစားဆိုသူသည္ ထိုမိန္းကေလးအား အေလးနက္ထားကာ စကားေျပာေနသည္။
မေက်နပ္စိတ္ျဖင့္ သူ႔အားထၫ့္ေပးလာေသာ ဟင္းတို႔အား မစားခဲ့ေပ။

"ဘာလို႔လဲ"

ပန္းကန္ထဲရိွ အပံုလိုက္ေသာ ဟင္းတို႔အားၾကၫ့္၍
ေမးေသာ္လည္း အေျဖစကားမရပဲ စူပုတ္ ေနတဲ့ ႏႈတ္ခမ္းတို႔ ပိုမိုထင္ရွားလာတာကိုသာေတြ့ရ၏။ စံုသာၿမိဳင္ အနည္းငယ္အံ့ဩသြား၏။
ဒါ စိတ္ေကာက္ျခင္းလား။
တစ္ခါမွမေတြ့ရဘူးေသာ အျပဳအမူအား ပထမဦးဆံုးအႀကိမ္ ေတြ့ရတာမို႔ ႏွလံုးခုန္သံအနည္းငယ္က်ယ္ေလာင္လာေတာ့၏။

"မႀကိဳက္လို႔လား ၊ဘာစားခ်င္လဲဟင္ ။ ကိုကိုထပ္ထၫ့္ေပးမယ္"

စကားစျပတ္သြားတာေၾကာင့္ငယ္ေလးဆိုတဲ့ မိန္းကေလး၏ အၾကၫ့္က သူ႔ဆီေရာက္လာ၏။
ခ်စ္သူဆိုတဲ့ လူႀကီးဆီမွ ဂရုစိုက္မူ႔ေၾကာင့္ေက်နပ္စိတ္ကေလးျဖင့္ သူ႔၏ စူထားေသာ ႏႈတ္ခမ္းတို႔သည္
ျပန္ေစ့သြားသည္။

"ဗိုက္ဝၿပီ "

"ခုမွ နည္းနည္းပဲ စားရေသးတယ္ေလ ။ ခ်မ္းေအးႀကိဳက္တဲ့ဟင္းေတြအမ်ားႀကီး ကိုကိုအရီးၿမိဳင္ကို ခ်က္ခိုင္းထားတာ "

ျပာယာခတ္ေနတဲ့ ခ်စ္သူအား အားနာေပမဲ့
ထိုမိန္းကေလးကို မႀကိဳက္တဲ့စိတ္ျဖင့္ဥေပကၡာျပဳကာ
စားပြဲဝိုင္းမွ ထရပ္လိုက္သည္။ တိတ္ဆိတ္သြားတဲ့ထမင္းဝိုင္းတြင္ သူ႔၏အျပဳအမူသည္ အနည္းငယ္ရိုင္းသြားသေယာင္ ထင္ဟပ္ေနသည္။
တစ္ခ်ိန္က သူသည္ ထိုသို႔ဆိုးသြမ္းဟန္ မရိွပံုပင္။
မသက္မသာခံစားရေသာ္ျငား အရြဲ႔တိုက္လိုက္ရတဲ့စိတ္ျဖင့္ သူ၏ မ်က္ႏွာသည္ ေက်နပ္ျခင္းတို႔လိႈက္တက္လာသည္။

သူထထြက္လာေပမဲ့ ေနာက္ကေန လႈပ္ရွားလာသံတခ်ိဳ႕ထြက္လာ၏။ ခံုကိုတြန္းဖယ္လိုက္ေသာအသံ။
တစ္ေယာက္ေယာက္ထမင္းဝိုင္းကေနထလာတာျဖစ္မည္။ ထိုသူမွာ စံုသာၿမိဳင္ ျဖစ္ပါေစဟုဆုေတာင္းေနမိတာ ထိုမိန္းကေလးႏွင့္စကားေျပာေနမွာ သူမႀကိဳက္ရ၍ေပ။

သို႔ေသာ္....

ဆယ္ငါးမိနစ္ေလာက္ထိ  လႈပ္ရွားမူ႔မရိွတဲ့တံခါးအားၾကၫ့္၍ သူ၏ႏႈတ္ခမ္းတို႔မဲ့လာ၏။

ဒါလား ခ်စ္သူ။
ကိုယ့္ခ်စ္သူတစ္ေယာက္လံုး စိတ္ဆိုးမွန္းမသိစိတ္ေကာက္မွန္းမသိတဲ့ေယာက္်ား။

ျပန္မယ္။ အိမ္ကိုျပန္မယ္။

မတင္မက်စိတ္၊ဝမ္းနည္းစိတ္ျဖင့္ သူ႔အိတ္ေလးအားဖြင့္လိုက္သည္။ သိပ္မၾကာခင္ကမွ စီရီေနတဲ့အဝတ္အစားတို႔အားၾကၫ့္၍ ျပန္ဆြဲထုတ္ရမည္ကို
လက္ ေနွးေနမိသည္။

သို႔ေသာ္ စိတ္အားျပန္တင္း၍ အေပၚက အဝတ္တစ္ထည္အားဆြဲအထုတ္ တံခါးဖြင့္လာသံၾကားလိုက္သည္။ လွၫ့္မၾကၫ့္ပဲ ထုတ္ထားေသာအဝတ္အား အိတ္ထဲထိုးထၫ့္ေနစဉ္ ကသိုက္ကရိုက္ေျပးလာတဲ့အသံအားၾကားလိုက္ရသည္။

"ဘာလုပ္မလို႔လဲဟင္ ခ်မ္းေအး။ ဘာလို႔အဝတ္ေတြထၫ့္ေနတာလဲ"

ေမးတာမေျဖပဲ ဒုတိယေျမာက္အထည္အားဆြဲအထုတ္ သန္မာေသာ လက္တစ္ဖက္အား သူ၏လက္အားဆုပ္ေထြးလာ၏။

"ဟင္လို႔... ကိုကိုေမးေနတာ ဘာလို႔မေျဖတာလဲ "

စိုးရိမ္ေနတဲ့ စံုသာၿမိဳင္သည္ အသံေတြတုန္ေနမွန္းသတိမထား‌မိေတာ့ေခ်။ သူ၏စိတ္ သူ၏
ႏွလံုးခုန္သံတို႔သည္ ေကာင္ေလးေၾကာင့္ ေကာင္းေကာင္းအလုပ္မလုပ္ေတာ့ေပ။ ဒီတစ္ခါျပန္ေရာက္သြားရင္ထပ္ေတြ့ဖို႔မလြယ္ကူေတာ့ေခ်။

"ခ်မ္းေအး ကိုကိုနဲ႔အတူတူမေနခ်င္ေတာ့တာလား။ ကိုကိုဘာအျပစ္လုပ္မိလို႔လဲ ဟင္...ေျပာပါဉီးကြာ ကိုကို႔ကို စိတ္ပူေအာင္မလုပ္ပါနဲ႔"

ငိုခ်ေတာ့မေယာင္မ်က္လံုးမ်ားအားမၾကၫ့္ရဲစြာ သူသည္ ေခါင္းကိုငံု႔ကာ

"အိမ္ျပန္မလို႔" ဟု ေျပာမိသည္။

"ခ်မ္းေအး ျပန္ရင္ ကိုကို ဘယ္လိုလုပ္ရမွာလဲ။ ဒီတစ္ခါ ျပန္သြားရင္ မင္း‌အေမက ကိုကို႔ကို ထပ္ေတြ့ခြင့္ေပးမယ္ထင္လား။ မင္းမႀကိဳက္တာေျပာပါ ကိုကိုျပင္ပါ့မယ္ ။ အဲ့လိုေတာ့မလုပ္ပါနဲ႔ကြာ"

ႀကီးမားေသာ အျပစ္က ဘာမ်ားပါလိမ့္။
လက္ညိုးထိုးျပစရာသည္ ကိုကို တျခားမိန္းကေလးေတြနဲ႔စကားေျပာတာ မႀကိဳက္ဘူးဆိုတဲ့အေၾကာင္းျပခ်က္လား။

ဒါေတာင္ ေရာက္တာ တစ္ရက္ပဲရိွပါေသးသည္။
ခ်က္ျခင္းထျပန္ရေအာင္ သူသည္ကေလးလား။

သူထက္ေခါင္းတစ္လံုးမ်ွရွည္ေသာ အမ်ိဳးသားအားေမာ့ၾကၫ့္ကာ စိတ္ပူေနေသာ မ်က္လံုးမ်ားကို ျပန္၍ အၾကၫ့္ျခင္းစံုေစလိုက္သည္။

"ကြၽန္ေတာ္ စိတ္ဆိုးေနတယ္"

"ကိုကို သိတယ္ ။ အဲ့ဒါကိုကို႔အမွား"

"ခင္ဗ်ား မသိဘူး။ "

ခ်မ္းေအး မ်က္ႏွာလႊဲကာ မေက်မခ်မ္းေျပာလိုက္သည္။

ေယာက္်ားေတြမ်ား နားေအးၿပီးေအာင္ေျပာတက္ပါ့။
စိတ္ဆိုးတယ္ပဲရိွေသးတယ္ သူ႔အမွားတဲ့။ ဒါ ျပႆနာေျဖရွင္းနည္းမ်ားထင္ေနသလား။

" ခ်မ္းေအး စိတ္ထဲ မေက်နပ္တာေတြအကုန္ ကိုကို႔ေၾကာင့္ဆိုရင္ အဲ့ဒါကိုကို႔အမွားေပါ့။ ခ်စ္သူကို
စိတ္ပင္ပန္းေအာင္ လုပ္တဲ့သူက ေကာင္းတဲ့သူမွမဟုတ္တာ။ ခ်မ္းေအးအလိုမက်ေအာင္ လုပ္မိတာ ၊ခ်မ္းေအး မေပ်ာ္ေအာင္လုပ္မိတာ အကုန္ ကိုကိုအသံုးမက်လို႔ "

စူတူတူႏႈတ္ခမ္းေလးၿပံဳးရိပ္ထင္သြားတာကို တစ္ဖက္လူမသိလိုက္။ လႊဲထားတဲ့‌မ်က္ႏွာကိုျပန္တၫ့္ကာ အေပၚကိုျပန္ေမာ့၍

" အလိုက္ကန္းဆိုးလည္းလံုးဝ မသိဘူး "

"ဟုတ္ပါတယ္ ကိုကိုမသိဘူး။ ခ်မ္းေအး မ်က္ႏွာ ဘာအလိုမက်လဲ ဘာျဖစ္ခ်င္ေနလဲ ကိုကိုမသိတာအမွန္ပါ။ အဲဒီမသိတဲ့ခ်စ္သူေကာင္ေလးကို ပြင့္ပြင့္လင္းလင္းဆူပူလိုက္ရင္
ေအာ္ဟစ္လိုက္ရင္ ကိုကိုသိသြားမွာေသခ်ာပါတယ္"

"ေအာ္ဟစ္ဆူပူရေအာင္ ခင္ဗ်ားက ကေလးမွမဟုတ္တာ ။ ကိုယ့္ထက္အႀကီးကို ျပန္ေအာ္ရင္ ကြၽန္ေတာ္ပဲငရဲႀကီးအံုးမယ္"

"မႀကီးပါဘူး။ ကိုကိုခြင့္လႊတ္တယ္ေနာ္ ကေလး ။ "

ေသးသြယ္တဲ့လက္ကေလးအားဖ်စ္ၫွစ္၍ သူကတိေပးလိုက္သည္။ ခုထိ ႏႈတ္ခမ္းတို႔ၿပံဳးရယ္မလာေသာသူအား မခ်င့္မရဲလည္းျဖစ္မိသည္။

" ငယ္ေလးဆိုတဲ့ေကာင္မေလးနဲ႔စကားေျပာတာမႀကိဳက္ဘူး"

စံုသာၿမိဳင္မ်က္ခံုးပင့္မိသြားေခ်၏။

"ငယ္ေလးက ကိုကိုတို႔ညီမေလးေလးလိုပါပဲကြာ "

"ညီမေလး အရင္းမဟုတ္ဘူး။ ၿပီးေတာ့ အိမ္မွာလာေနတာလည္းမႀကိဳက္ဘူး"

ေယာက္်ားေလးေတြေနတဲ့အိမ္မွာမိန္းကေလးတစ္ေယာက္လာေနတာကို သူနည္းနည္းမွနားမလည္ေပးႏိုင္ပါ။
သူ႔စကားေၾကာင့္ စံုသာၿမိဳင္ဆိုတဲ့လူႀကီး မ်က္ခံုးကို ဖြဖြကုတ္ေနသည္။ ဒါ သူစိတ္ရႈပ္ေနၿပီဆိုတဲ့သေဘာ ။
မေက်နပ္စိတ္ေတြအျပင္ ဒီမိန္းကေလးနဲ႔ပတ္သက္ၿပီး ကိုယ့္အလိုကိုတန္းမလိုက္ေလ်ာတာကိုပါ စိတ္တိုင္းမက်လာတာေၾကာင့္ ဝမ္းနည္းစိတ္ႀကီးကလိႈက္တက္လာပါ၏။

"ဒါကေလ "

ေျပာ၍ မဆံုးေသး သူကိုင္ထားတဲ့လက္ကို ပစ္ခါပစ္လိုက္၏။

"ဖယ္မကိုင္နဲ႔ ။ ဘာခ်စ္တာလဲ ။ ဘာခ်စ္သူေတြလဲ
။ မျဖစ္ႏိုင္တာကို ကြၽန္ေတာ္ေျပာေနတာမဟုတ္ဘူး ျဖစ္သင့္တာကို ေျပာေနတာ။ ဒါေတာင္မွ ဆံုးျဖတ္ရခက္ေနရင္ လမ္းခြဲရံုပဲ ရိွေတာ့တယ္။  "

"ခ်မ္းေအး.. မင္းဘယ္လိုေတာင္ေျပာထြက္တာလဲ "

"မွန္တာေျပာတာေလ ။ ကြၽန္ေတာ္ေျပာတာရွင္းရွင္းေလး ။ သူဆင္းမွာလား။ ကြၽန္ေတာ္ဆင္းရမွာလား
။မႀကိဳက္ဘူးဆိုလံုးဝမႀကိဳက္ဘူး‌ေနာ္။ ခင္ဗ်ားထက္ပိုသိတဲ့အာရံုခံစားမူ႔ေတြထဲမွာ သူလည္းကြၽန္ေတာ့္ကိုအလိုက်မေနဘူးဆိုတာေသခ်ာတယ္"

ဘယ္ခ်ိန္ကတည္းက ေျပာခ်င္ေနတဲ့စကားေတြမွန္းမသိ။ ထိန္းလိုက္ပါေသာ္ျငား ဆက္တိုက္ဆိုသလိုထြက္က်လာပါ၏။
အမွန္ဆို သူတို႔ႏွစ္ဦး၏ဆက္ဆံေရးသည္ လတ္တေလာေအးစက္ေနပါေသးသည္။
မၾကာခင္နာရီပိုင္းမ်ွကအထိ သူသည္ ရွက္ရြံ႔ေအးေဆးေသာ ေကာင္ေလးသဖြယ္ ျပဳမူေနေသးသည္။ ဘယ္နတ္ဆိုးကမ်ား ေသြးထိုးေနွာက္ယွက္လိုက္သလဲသူမသိ။ အားလံုးလြန္စြာေျပာထြက္ၿပီးခ်ိန္တြင္သူသည္ ေနာင္တရမလိုျဖစ္သြားေပမဲ့ေပါ့ပါးသြားတဲ့စိတ္ေၾကာင့္ ျပန္လည္ေမာ့ခ်ီကာ ၾကၫ့္လိုက္သည္။

စံုသာၿမိဳင္သည္ သူ႔အား မ်က္ေမွာင္ကုတ္ကာ ျပန္ၾကၫ့္ေနေလသည္။ အေတာ္ၾကာမွ သက္ျပင္းခ်ကာ

"သူ႔ကို အျပင္မွာ သြားေနခိုင္းလိုက္မယ္ ။ ဒါဆို အဆင္ေျပၿပီမို႔လား"

ကိုယ္ခိုင္းလို႔လုပ္လိုက္ရပါတယ္၊မတက္သာလို႔ပါဆိုတဲ့အခ်ိဳးမ်ိဳးေၾကာင့္ ၿငိမ္သက္စ ျပဳလာတဲ့ေဒါသကျပန္လည္ထႂကြလာသည္။ သူသည္အတိတ္တြင္မည္သို႔ေသာေကာင္ေလးျဖစ္မည္နည္း။ေအးေဆးလိမ္မာၿပီးတည္ၿငိမ္လြန္းသည္ဟု မိခင္က ဆိုဖူးေပမဲ့
ျပန္လည္ႏိုးထလာအၿပီးမွာေတာ့ အသစ္တစ္ဖန္ ေမြးဖြားလာသည္ႏွယ္ စိတ္တို႔သည္ အစိုးမရေတာ့ေပ။
အတိတ္တြင္မေပၚထြန္းခဲ့ေသာ  အေမျဖစ္သူရဲ့ထက္ျမက္ေသာေသြးသားတို႔က ခုမျွပန္လည္ထႂကြလာသလားပဲ ။

ကိုင္ထားတဲ့ ခရီးေဆာင္အိတ္အား စံုသာၿမိဳင္ဆြဲယူသြား၏။ ထၫ့္လက္စ ႏွစ္ထည္အားျပန္ႏႈတ္ကာ စီရီကာျပန္ထပ္ေန‌သည္။

" ကိုကိုလမ္းထိပ္က ဖက္ထုပ္ဝယ္လာတယ္။ ပူတုန္းစားလိုက္ "

အိပ္ယာေဘးက စားပြဲေပၚတြင္ အေငြ့မေသေသးေသာဖက္ထုပ္ပန္းကန္ရိွသည္။
ခ်က္ျခင္းလိုက္မလာတာ ဒါေၾကာင့္လားဟုေတြးမိေတာ့ သူရင္ထဲ ႏုညံ့ျခင္းေတြ ဝင္ေရာက္လာျပန္သည္။

Bạn đang đọc truyện trên: ZingTruyen.Xyz