ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

32

eainsi23

ညချမ်းအေးသည် စုံသာမြိုင် ခရီးထွက်နေစဉ်အတောအတွင်း အိမ်တွင်သာ စောင့်မျှော်နေခဲ့မိသည်။ ငါးရက်မြောက်နေ့တွင်တော့ လိုအပ်တာများဝယ်ရန် အပြင်ကိုထွက်ခဲ့မိသည်။
အိမ်တွင်ကားများရှိသေးပေမဲ့ သူသည်ကားမောင်းကျွမ်းကျင်မူ့မရှိပေ။
ကူးကူး၏ ကျောင်းပိတ်ရက်များတွင် သူ့အတွက် အချိန်ကုန်ပေးလေ့ရှိတာကြောင့် ကလေးကြိုက်တက်သည့်မုန့်များမှာ အိမ်မှာ ပြတ်လပ်လေ့မရှိအောင် သူစီမံလေ့ရှိ၏။

အချိန်အားဖြင့် မှောင်ရီပျိုးနေပြီဖြစ်၏။
မြို့ပြ၏ အငွေ့အသက်တို့သည် ထင်ရှားလာပြီဖြစ်၏။
ကားများမပြတ်တမ်းသွားလာနေကြသည်ကြောင့်
ညချမ်းအေးသည် ကားငှားဖို့ အနည်းငယ်ကြောက်ရွံ့ခဲ့သေးသည်။
သူသည် ခုထိလူရာမဝင်သေးသည်မှာအမှန်ပင်။

သူတို့အိမ်ရှိရာ လမ်းကနေအထွက်တွင်
ကားတစ်စီးခက်ခက်ခဲခဲငှားရမ်းခဲ့၏။
သူသည် ကူးကူးကြိုက်နှစ်သက်သော မုန့်တချို့ဝယ်ရန်ဖြစ်ပေမဲ့ သိပ်များများစားစားမရှိလှသော သူ့အဝတ်စားတို့အားတွေးမိကာ အနည်းငယ် ဝယ်ဖို့ဆုံးဖြတ်လိုက်သည်။

အပြန်တွင် ညကိုးနာရီခန့်ရှိနေပြီဖြစ်သည်။
ဝယ်ကောင်းကောင်းဖြင့်ဝယ်ယူခဲ့သော ပစ္စည်းများမှာ လက်နှစ်ဖက်ပင်မဆန့်တော့။
အငှားကားသည် အိမ်နားရောက်ခါနီးတွင် စက်ရပ်သွား၏။

"တောင်းပန်ပါတယ်ညီလေး။ စက်က ဘာဖြစ်မှန်းမသိဘူး။ "

သူအားနာစွာ ခေါင်းညိတ်လိုက်သည်။

"ဘာမှမဖြစ်ဘူးဗျ။ နီးနီးပဲရှိတော့တာပါ။ ကျွန်တော် ခြေလျင်လျှောက်လိုက်ပါ့မယ်"

ကျသင့်ငွေကိုထုတ်ရှင်းကာ အထုတ်အပိုးတွေကိုလက်က ဆွဲလိုက်၏။

ရပ်ကွက်၏ သီးသန့်ဆန်မူ့ကြောင့် လူခြေတိတ်လှ၏။
ဖြတ်သွားဖြတ်လာ တစ်စီးစ နှစ်စီးစရှိသော်ငြား တိတ်ဆိတ်မူ့က ကြီးစိုးလာပြီဖြစ်၏။ မီးရောင်တို့ထွန်းလင်းထားပေမဲ့ ခြံကျယ်ကျယ်အိမ်ကြီးကြီးတို့ကြောင့် လှုပ်ရှားသွားလာမူ့က မကြားသလောက်ပင်။

သူခပ်သွက်သွက် လမ်းလျှောက်လိုက်၏။
ထိုအချိန်တွင် ကားစက်နိုးသံသဲ့သဲ့ကြားလိုက်ပြီး ထင်းလင်းသောမီးက သူ့မျက်နှာတည့်တည့်အား
ထိုးလာတာကြောင့် မျက်လုံးကို အလန့်တကြားမှိတ်လိုက်မိသည်။
ကားသည် အလျှင်အမြန်ရွေ့လျားလာပုံရ၏။
သူသည်မသိစိတ်က အနည်းငယ်ဘေးကပ်လိုက်သော်ငြား ပြင်းထန်သောအရှိန်က သူ့တည့်တည့်ဆီကိုသာပြေးဝင်လာသလိုပင်။

ဒုန်း.....

သူ့လက်ထဲက ပစ္စည်းတွေသည် မိုးပေါ်သို့ပျံ့ကျဲကုန်သည်။ သူသည်လည်း နာကျင်မူ့ဖြင့် အကွာဝေးတော်တော်ဝေးဝေးထိလွင့်စင်ခဲ့၏။
စေးပျစ်ပူ‌နွေးသော အထိအတွေ့က သူ့အရေပြား တစ်လျှောက် ဖြတ်သန်းသွားပေမဲ့ လက်တစ်ချောင်းပင် မြှောက်နိုင်ခြင်းမရှိခဲ့ပေ။

ထိုအချိန် သူ့အားတိုက်သွားသော ကား၏
ပြတင်းပေါက်မှန်သည် အောက်သို့ တဖြည်းဖြည်းလျောကျလာခဲ့၏။
ပုတီးစေ့သဏ္ဍာန်အလုံးလေးတွေဖြင့်သီကုံးထားသော လက်ပတ်ပတ်ထားတဲ့လက်တစ်ဖက်သည် ပြတင်းပေါက်ပေါ်တွင် ခပ်ဖွဖွဖိတင်လာခဲ့ပေမဲ့ မည်သူဆိုတာ သူကြည့်နိုင်ခြင်းမရှိခဲ့ပေ။

တဖြည်းဖြည်းအမှောင် အတွင်းသက်ရောက်လုဆဲဆဲတွင် ကားသည်မောင်းထွက်သွားခဲ့ပြီဖြစ်၏။

ကလင်...ကလင်....

ဆူညံနေသော ဖုန်းသံအား ရပ်တန့်မဲ့သူမရှိလေသလား။
အိမ်ကြီး၏ အတွင်းတွင်ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်လွန်းလှ၏။

လေးခါမြောက်ဖုန်းခေါ်အပြီးတွင် စုံသာမြိုင် မျက်မှောင်ကုတ်ကာ သူ၏ တယ်လီဖုန်းအား ချလိုက်တော့သည်။

"ညချမ်းအေး ဘာလို့ဖုန်းမကိုင်တာလဲ"

သူသည် အနည်းငယ် စိုးထိတ်သွားတာကြောင့်
လက်တစ်ဖက်သည် စင်ပေါ်ရှိ ပန်းအိုးတစ်လုံးအား ထိမိသွားခဲ့သည်။

ခွမ်း !!!  

ကြွေထည်ပျက်စီးသံသည် အန္တရာယ်၏ အငွေ့အသက်ကို သက်ဝင်ထင်ရှားစေသကဲ့သို့ စုံသာမြိုင်၏ စိုးရိမ်မူ့သည် ပိုစိုးလာခဲ့၏။

"ကိုကြီး..ဘာဖြစ်လို့လဲ"

ငယ်လေး တစ်ယောက်သူ၏အိပ်ခန်းမှပြေးထွက်လာချိန်တွင် စုံသာမြိုင်သည် ကားသော့အား လှမ်းကိုင်လိုက်ပြီးဖြစ်၏။

"ဒီကကိစ္စတွေ မင်းနဲ့ချစ်ထွန်း အဆင်ပြေသလိုဆက်လုပ်လိုက်တော့ ငါ အိမ်ကို အရေးတကြီးပြန်ရမယ်"

အလျှင်အမြန်မောင်းထွက်သွားသော ကားသည် အနက်ရောင် ည‌တွင် လေးညို့မှလွှတ်တဲ့မြှားတစ်စင်းလို အရှိန်ပြင်းထန်လွန်း၏။

မနက်ဝေလီဝေလင်းအချိန်တွင် သူသည် အိမ်ရှေ့ရောက်ရှိခဲ့ပြီဖြစ်ပေမဲ့ ဖွင့်ပေးမဲ့သူမရှိတဲ့အိမ်၏ တံခါးကိုသာ စိုက်ကြည့်နေခဲ့သည်။
အချက်ပေးခေါင်းလောင်းသံသည် သူ၏ နှလုံးအိမ်တွင် ပြင်းထန်စွာ အန္တရာယ်ဟု သတိပေးနေသည် ။

အေးစက်စွာပင် လက်ထဲရှိသော့တံဖြင့် ဖွင့်ဟကာ
အထဲလျှောက်ဝင်ချိန်တွင် လူသူအရိပ်ယောင် ယဲ့ယဲ့မျှပင် မတွေ့ခဲ့ပေ။
ညချမ်းအေး၏ အခန်းတွင် သူ၏ အဝတ်အစားအပြင် သုံးလက်စ အသုံးအဆောင်များကိုတွေ့ရ၏။

ညအိပ်ထားပုံပင်မပေါ်တဲ့ အခန်းအားပတ်ကြည့်၍
သူသည် စက္ကန့် ၏ ဖုန်းအား အလျှင်အမြန်ခေါ်ဆိုလိုက်တော့သည်။

"အေး...စက္ကန့်။ ညချမ်းအေးပျောက်နေတယ်"

စိုးရိမ်မူ့ကြောင့် သူ၏ လည်သီးမှာ အထက်အောက်ဆုန်ဆန်လှုပ်ရှားနေပြီး ဖုန်းကိုင်ထားတဲ့လက်တွေမှာချွေးသီးတွေသီးနေလျက်ရှိ၏။
မျက်လုံးကို မှိတ်ကာ သူ၏ နားထင်အားဖိလိုက်သည်။
တစ်ညလုံးကားမောင်းခဲ့ရသလို မနေ့ကရုံးကိုအပြေးအလွှား အမူ့အတွက်ရင်ဆိုင်နေခဲ့ရတာမို့
သူ၏ခြေတုတပ်ထားသော ခြေတုသည် နာကျင်နေခဲ့သည်။

စက္ကန့်နှင့်စကားပြောအပြီးတွင် သူခက်ခဲစွာ အခန်းအပြင်ထွက်လိုက်၏။ ထို့နောက်ခုံပေါ်မှာထိုင်ကာ
သူ့ကိုယ်သူစိတ်ပျက်စွာ ဆဲရေး‌ပစ်လိုက်သည်။

ပိုက်ဆံ က ချစ်သူထက် အရေးကြီးလေသလား။
သူမိုက်မဲစွာ ငွေနောက်လိုက်ခဲ့မိတာ သူ့ချစ်သူကို ကာကွယ်ဖို့ ဖြစ်သည်။

တစ်ခဏလေး အတောအတွင်း ညချမ်းအေး ဘာဖြစ်သွားခဲ့တာလဲ ။

ဒုန်း...

လွင့်စင်သွားတဲ့ပန်းအိုးကွဲတွေအားကြည့်ကာ တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်လိုက်သည်။

______

အိပ်ရေးပျက်တဲ့ညများစွာကြောင့် ဒေါ်ဧကရီ၏ မျက်ဝန်းတွေသည် အညိုရောင်သန်းနေသည်။
သူမသည် အိပ်ယာပေါ်လှဲလျောင်းနေဆဲ ကောင်ငယ်လေး၏ လက်ဖဝါးအား ဆုပ်ကိုင်ထားရာမှ ‌ဖြည်ညင်းစွာ ပြန်ချလိုက်သည်။

ပတ်တီးအထပ်လိုက်စီးထားသော လက်မောင်းတလျှောက်အပြင် ကိုယ်ပေါ်ရှိပတ်တီးရာလွတ်သောနေရာသည် မျက်နှာလေးတစ်ခုသာရှိ၏။
ထိုမျက်နှာတောင်မှ ပွန်းပဲ့ဒဏရာတချို့ရှိနေသေးသည်။ အကြီးစားခွဲစိတ်ကုသမူ့မှအသက်လုခဲ့ရသော သူမ၏ သား။

တစ်ပတ်ရှိပြီ။ ခုထိသတိပြန်မရသေးပေ။
ဆရာဝန်၏ ပြောကြားချက်အရ နောက်နှစ်ရက်နေလို့ ပြန်သတိမရလာရင်ကိုမာဝင်သွားနိုင်သည်တဲ့။

ပြန်တွေးရင်းဒေါသ ထွက်လာ၏။
တချိန်က နာမည်ကြီး မူးယစ်ရာဇာ၏ သမီးတစ်ဦးအနေနဲ့ သူမ၏ သွေးသည်ဆက်ခံသူပီသစွာ ထက်မြေ့နေလေသည်။ သားမွေးလာတော့သားဇောကြောင့်
အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့်အားလုံးအား ခမ်းစက်ပိုင်အားလွှဲပြောင်းပေးခဲ့သည်။

ခမ်းစက်ပိုင်က အမည်ခံလင်ယောကျာ်းပင်ဖြစ်၏။
သူမသည် ယခုအချိန်ထိ ကာမဆက်ဆံခြင်းမဲ့သော
ဆေးအကူဖြင့် ဖန်ပြွန်သန္ဓေဆောင်ခဲ့ခြင်းဖြစ်၏။

ဖိုဆို ယင်ဖိုတောင်မပတ်သက်ဖူးသော အပျိုစစ်စစ်ဖြစ်တာကြောင့် ဟန်ဆောင်လက်ထပ်ထားသော ခမ်းစက်ပိုင်အား အထိပင်မခံခဲ့ပေ။
ထို့နောက် ခမ်းစက်ပိုင်၏ အိမ်ထောင်ရေးအားတရားဝင်အသိအမှတ်ပြုခဲ့ပြီး သူ၏သားသမီးများအား ကိုယ်ရင်သွေးသဖွယ် ချစ်ခင်ပေးခဲ့သည်။

သို့သော် ပြန်ရခဲ့တာ ခမ်းစက်ပိုင်၏ ပုန်ကန်မူ့တစ်ခုသာဖြစ်ခဲ့၏။
အခွံသာ ကျစ်ရစ်ခဲ့သော Lion King ကိုတောင်မှ ခမ်းစက်ပိုင် မက်မောနေခဲ့ရင် လူမသိသူမသိ ကူးပြောင်းခဲ့သော ဆွစ်စလန်ဘဏ်က သူမ၏ ငွေကြေးစီးဆင်းမူ့ကိုသာ မြင်တွေ့ခဲ့ရင်ရော။

ခပ်မဲ့မဲ့ပြုံးကာ ဒေါ်ဧကရီသည် မရဏရှေ့တည့်တည့်တွင်ရပ်လိုက်သည်။
မရဏအပါအဝင် သားစဉ်မြေးဆက် သစ္စာခံထားသော မိသားစုမြောက်မြားစွာ Lion King ပြင်ပတွင်ရှိလေသည်။

"ခမ်းစက်ပိုင် ဘယ်မှာလဲ"

"နယ်စပ်ကနေ တဆင့် ဟိုဖက်နိုင်ငံဖက်ကို ကူးဖို့ ခု လမ်းခုလတ်မှာရောက်နေပြီလို့ သတင်းပို့ထားပါတယ်။  မိုင်းစက်ပိုင်ကိုလည်းအကြမ်းဖက်ကနေ ဆွဲထုတ်ခေါ်ဆောင်သွားတယ်လို့သိရပြီး သူတို့မိသားစုရဲ့ပိုင်ဆိုင်မူ့တွေအပြင် Lion King လက်အောက်ကနေ ငွေသားကြီး သိန်းပေါင်းနှစ်သောင်းခန့် ယူဆောင်သွားတယ်လို့ ကြားသိရပါတယ်။

ဘယ်လောက်ပဲ အဖွဲ့တွင် အခွံပဲရှိနေပါစေ အမာခံထောက်ပံ့ထားသော ငွေကြေးပမာနစီးဆင်းမူ့ရှိနေဆဲပင်။

" နယ်စပ်ထိမရောက်စေနဲ့ ။"

"ဟုတ်ကဲ့"

မရဏ ဖြည်းညင်းစွာနောက်ဆုတ်သွား၏။
အခန်းအပြင်ထွက်သွားတဲ့လိုက်ကြည့်မနေပဲ သားနားကို ကပ်လိုက်၏။

လုပ်ရက်လိုက်တာဟု တွေးပြီးရင်နာရသည်။
ဧရာစက်ပိုင်ဟု ကင်ပွန်းတပ်ထားသော နာမည်အား အသစ်ပြောင်းရမည်။ သားအားလုပ်ကြံ၍
ဆက်ခံသူအားဖယ်ရှားရန် မည်သည့်လောဘက မတွေးတောရသနည်း။

ရွှေဧကရီ၏ သားကို လုပ်ကြံသူ၏နာမည်မသက်ဆိုင်စေရ။

အမြန်ပင် စာတစ်ဆောင်ရေးကာ အဖွဲ့ထံ ပေးပို့လိုက်သည်။

ရွှေဧကရီ၏ပျောက်ဆုံးနေသော သားဖြစ်သူအားပြန်လည်တွေ့ဆုံခဲ့ရသည်မှာ ကံကောင်းမူ့တစ်ခုသာ ။

ထိုကြောင့် ယနေ့မှစ ဧရာစက်ပိုင်အစား ဧရာရွှေကံ ဟုသာ ခေါ်တွင်စေရန်။

ထို့အပြင် Lion King အဖွဲ့အစည်းအားတရားဝင်ပိတ်သိမ်းရန်။

အဖွဲ့သားများအားလုံး လွတ်လပ်စွာ နေထိုင်သွားလာနိုင်ပြီး တရားဝင်အလုပ်မလုပ်နိုင်သူများအဖို့ ရွှေဧကရီမှ သက်ဆိုင်ရာ အလုပ်ပေးအပ်မည်ဖြစ်ပြီး
ယနေ့မှစ၍ အမှောင်အဖွဲ့အစည်းကနေ တရားဝင်
အလင်းအဖွဲ့သို့ ကူးပြောင်းခွင့် ပြုလိုက်ပြီဖြစ်၏။

လေးလခန့်ကြာသော်

"သား အပြင်မှာ သားချစ်သူရောက်နေတယ်"

မေမေ့စကားကြောင့် ဧရာရွှေကံ ၏ မျက်နှာရဲခနဲ ဖြစ်သွား၏။

ချစ်သူတဲ့။

လွန်ခဲ့သော သုံးလခန့်ကနေစပြီး မကြာခဏ လာရောက်တွေ့ဆုံတက်သော အမျိုးသားတစ်ယောက်။

သူသည် ထိုအမျိုးသား ချစ်သူ အား မှတ်မိထားခြင်းမရှိပေမဲ့ ရင်နှီးသော အငွေ့အသက်ကိုတော့ခံစားနိုင်သေးသည်။

တုတ်ကောက်အားဆွဲယူ၍ ထော့နှဲ့စွာ လမ်းလျှောက်လိုက်၏။ သူ၏ခြေထောက်များသည် စတီးချောင်းထည့်ထားပေမဲ့ သွက်လပ်စွာ လမ်းလျှောက်နိုင်သေးသည်မဟုတ်။ မကြာခင်အကောင်းပတိ လမ်းလျှောက်နိုင်ဖို့ မျှော်လင့်ထားပေမဲ့ ယခုမူ သူသည် နှေးကွေးစွာပင်လျှောက်နေမိသည်။

"ချမ်းအေး"

ထိုအမျိုးသားသည် သူ့အားထိုသို့ခေါ်လေသည်။
မုတ်ဆိတ်ကျင်စွယ်တို့ပေါက်နေသော မေးဖျားကြောင့် သူ၏ မျက်နှာသည် ထပ်မံရဲလာပြန်ပါ၏။

"လာ ကိုကို့ကိုတွဲ"

"နေပါစေ ရတယ်"

အနည်းငယ်ဘေးသို့တိမ်းရှောင်သောအခါ အမျိုးသား၏ မျက်နှာသည် ပူဆွေးစွာမှိုင်းညို့လာတော့၏။ အားနာခြင်းအနေခက်ခြင်းတို့ကြောင့် သူသည် သက်မချ၍ လမ်းလျှောက်ရာမှ ရပ်လိုက်၏။
ခြံတွင်းတွင် ပန်းမျိုးစုံပွင့်လန်းနေပါ၏။
သာယာလှပမူ့ဆိုတာထက် ချမ်းသာမူ့ကိုသာ ဖွင့်ဟထားသည်မို့ မြင်မြင်သမျှ ဆန်းသစ်နေတော့၏။
စုံသာမြိုင်သည် ပြောင်းလဲမသွားသောပတ်ဝန်းကျင်အားကြည့်လိုက်သည်။

ကောင်ငယ်လေးသည် ယခင်ထက်ပိုကာ ချောမော
ကြည့်ကောင်းလာ၏ နုညံ့သော ပါးပြင်သည် အရိပ်ထဲမှာ
သေချာဂရုစိုက်ထားမှန်းသိသာစွာပန်းသွေးရောင်ထနေခဲ့သည်။

သူ့လက်ထဲမှာထက် မိခင်၏လက်ထဲမှာ ပိုမို စိတ်ချမ်းသာနေသည်ထင်ပါ့။

"ခုထိ စိမ်းနေတုန်းပဲလား ။ ကိုကို့ကို ဘယ်အချိန်ထိခုလို လုပ်နေဦးမှာလဲ"

လေပြေနှင့်အတူပါလာ‌သော ပန်းရနံ့တို့သည် ချစ်သူနှစ်ဦးကြားမှာဖြတ်သန်းသွား၏။

"ကျွန်တော်..တောင်းပန်ပါတယ်"

ဒီလူသည် သူ၏ ဘဝအားစောင့်ရှောက်ထားတဲ့သူတဲ့။
ကျောင်းနေအရွယ်ကနေ ဘွဲ့ရတဲ့အထိ တလျှောက်လုံး သူ့အားကြည့်ရှု့ခဲ့သူဖြစ်တယ်တဲ့။

မေမေသည် သူ့အားထို့သို့သော ကျေးဇူးတွေကြောင့်
ထိုအမျိုးသအား အသိအမှတ်ပြုဝင်ထွက်ခွင့်ပြုခဲ့၏။

"ကိုကိုလိုချင်တာ တောင်းပန်စကားတွေမှမဟုတ်တာချမ်းအေးရယ်။ ကိုကို့ဆီကို မင်းဘယ်အချိန်ပြန်လာမယ်ဆိုတာရယ်၊ဘယ်အချိန်ထိ ကိုယ့်ကိုမေ့နေအုံးမှာလဲဆိုတာရယ် "

ပြောစရာစကားမဲ့ခြင်းတဲ့။
ဒီလူကြောင့်သူသည်ရှက်ရွံ့ရုံမှလွဲ၍ မည်သည့်စကားမှပြောစရာမရှိပေ။ အက်ရှပြီး ကျားဟော်မုန်းအပြည့်ရှိသော အသံနေအသံထားကြောင့် သူ၏ နှလုံးခုန်သံတို့သည် ထူးကဲစွာ ခုန်ပေါက်လာတော့၏။

"ပြန်သတိရအောင်ကျွန်တော်ကြိုးစားပါ့မယ် "

ညခ်မ္းေအးသည္ စံုသာၿမိဳင္ ခရီးထြက္ေနစဉ္အေတာအတြင္း အိမ္တြင္သာ ေစာင့္ေမ်ွာ္ေနခဲ့မိသည္။ ငါးရက္ေျမာက္ေန့တြင္ေတာ့ လိုအပ္တာမ်ားဝယ္ရန္ အျပင္ကိုထြက္ခဲ့မိသည္။
အိမ္တြင္ကားမ်ားရိွေသးေပမဲ့ သူသည္ကားေမာင္းကြၽမ္းက်င္မူ႔မရိွေပ။
ကူးကူး၏ ေက်ာင္းပိတ္ရက္မ်ားတြင္ သူ႔အတြက္ အခ်ိန္ကုန္ေပးေလ့ရိွတာေၾကာင့္ ကေလးႀကိဳက္တက္သၫ့္မုန႔္မ်ားမွာ အိမ္မွာ ျပတ္လပ္ေလ့မရိွေအာင္ သူစီမံေလ့ရိွ၏။

အခ်ိန္အားျဖင့္ ေမွာင္ရီပ်ိဳးေနၿပီျဖစ္၏။
ၿမိဳ႔ျပ၏ အေငြ့အသက္တို႔သည္ ထင္ရွားလာၿပီျဖစ္၏။
ကားမ်ားမျပတ္တမ္းသြားလာေနၾကသည္ေၾကာင့္
ညခ်မ္းေအးသည္ ကားငွားဖို႔ အနည္းငယ္ေၾကာက္ရြံ႔ခဲ့ေသးသည္။
သူသည္ ခုထိလူရာမဝင္ေသးသည္မွာအမွန္ပင္။

သူတို႔အိမ္ရိွရာ လမ္းကေနအထြက္တြင္
ကားတစ္စီးခက္ခက္ခဲခဲငွားရမ္းခဲ့၏။
သူသည္ ကူးကူးႀကိဳက္ႏွစ္သက္ေသာ မုန႔္တခ်ိဳ႕ဝယ္ရန္ျဖစ္ေပမဲ့ သိပ္မ်ားမ်ားစားစားမရိွလွေသာ သူ႔အဝတ္စားတို႔အားေတြးမိကာ အနည္းငယ္ ဝယ္ဖို႔ဆံုးျဖတ္လိုက္သည္။

အျပန္တြင္ ညကိုးနာရီခန႔္ရိွေနၿပီျဖစ္သည္။
ဝယ္ေကာင္းေကာင္းျဖင့္ဝယ္ယူခဲ့ေသာ ပစၥည္းမ်ားမွာ လက္ႏွစ္ဖက္ပင္မဆန႔္ေတာ့။
အငွားကားသည္ အိမ္နားေရာက္ခါနီးတြင္ စက္ရပ္သြား၏။

"ေတာင္းပန္ပါတယ္ညီေလး။ စက္က ဘာျဖစ္မွန္းမသိဘူး။ "

သူအားနာစြာ ေခါင္းညိတ္လိုက္သည္။

"ဘာမွမျဖစ္ဘူးဗ်။ နီးနီးပဲရိွေတာ့တာပါ။ ကြၽန္ေတာ္ ေျခလ်င္ေလ်ွာက္လိုက္ပါ့မယ္"

က်သင့္ေငြကိုထုတ္ရွင္းကာ အထုတ္အပိုးေတြကိုလက္က ဆြဲလိုက္၏။

ရပ္ကြက္၏ သီးသန႔္ဆန္မူ႔ေၾကာင့္ လူေျခတိတ္လွ၏။
ျဖတ္သြားျဖတ္လာ တစ္စီးစ ႏွစ္စီးစရိွေသာ္ျငား တိတ္ဆိတ္မူ႔က ႀကီးစိုးလာၿပီျဖစ္၏။ မီးေရာင္တို႔ထြန္းလင္းထားေပမဲ့ ၿခံက်ယ္က်ယ္အိမ္ႀကီးႀကီးတို႔ေၾကာင့္ လႈပ္ရွားသြားလာမူ႔က မၾကားသေလာက္ပင္။

သူခပ္သြက္သြက္ လမ္းေလ်ွာက္လိုက္၏။
ထိုအခ်ိန္တြင္ ကားစက္ႏိုးသံသဲ့သဲ့ၾကားလိုက္ၿပီး ထင္းလင္းေသာမီးက သူ႔မ်က္ႏွာတၫ့္တၫ့္အား
ထိုးလာတာေၾကာင့္ မ်က္လံုးကို အလန႔္တၾကားမိွတ္လိုက္မိသည္။
ကားသည္ အလ်ွင္အျမန္ေရြ့လ်ားလာပံုရ၏။
သူသည္မသိစိတ္က အနည္းငယ္ေဘးကပ္လိုက္ေသာ္ျငား ျပင္းထန္ေသာအရိွန္က သူ႔တၫ့္တၫ့္ဆီကိုသာေျပးဝင္လာသလိုပင္။

ဒုန္း.....

သူ႔လက္ထဲက ပစၥည္းေတြသည္ မိုးေပၚသို႔ပ်ံ့က်ဲကုန္သည္။ သူသည္လည္း နာက်င္မူ႔ျဖင့္ အကြာေဝးေတာ္ေတာ္ေဝးေဝးထိလြင့္စင္ခဲ့၏။
ေစးပ်စ္ပူ‌ေနြးေသာ အထိအေတြ့က သူ႔အေရျပား တစ္ေလ်ွာက္ ျဖတ္သန္းသြားေပမဲ့ လက္တစ္ေခ်ာင္းပင္ ေျမႇာက္ႏိုင္ျခင္းမရိွခဲ့ေပ။

ထိုအခ်ိန္ သူ႔အားတိုက္သြားေသာ ကား၏
ျပတင္းေပါက္မွန္သည္ ေအာက္သို႔ တျဖည္းျဖည္းေလ်ာက်လာခဲ့၏။
ပုတီးေစ့သ႑ာန္အလံုးေလးေတျြဖင့္သီကံုးထားေသာ လက္ပတ္ပတ္ထားတဲ့လက္တစ္ဖက္သည္ ျပတင္းေပါက္ေပၚတြင္ ခပ္ဖြဖြဖိတင္လာခဲ့ေပမဲ့ မည္သူဆိုတာ သူၾကၫ့္ႏိုင္ျခင္းမရိွခဲ့ေပ။

တျဖည္းျဖည္းအေမွာင္ အတြင္းသက္ေရာက္လုဆဲဆဲတြင္ ကားသည္ေမာင္းထြက္သြားခဲ့ၿပီျဖစ္၏။

ကလင္...ကလင္....

ဆူညံေနေသာ ဖုန္းသံအား ရပ္တန႔္မဲ့သူမရိွေလသလား။
အိမ္ႀကီး၏ အတြင္းတြင္ေျခာက္ျခားဖြယ္ရာ တိတ္ဆိတ္လြန္းလွ၏။

ေလးခါေျမာက္ဖုန္းေခၚအၿပီးတြင္ စံုသာၿမိဳင္ မ်က္ေမွာင္ကုတ္ကာ သူ၏ တယ္လီဖုန္းအား ခ်လိုက္ေတာ့သည္။

"ညခ်မ္းေအး ဘာလို႔ဖုန္းမကိုင္တာလဲ"

သူသည္ အနည္းငယ္ စိုးထိတ္သြားတာေၾကာင့္
လက္တစ္ဖက္သည္ စင္ေပၚရိွ ပန္းအိုးတစ္လံုးအား ထိမိသြားခဲ့သည္။

ခြမ္း !!!  

ေႂကြထည္ပ်က္စီးသံသည္ အႏၲရာယ္၏ အေငြ့အသက္ကို သက္ဝင္ထင္ရွားေစသကဲ့သို႔ စံုသာၿမိဳင္၏ စိုးရိမ္မူ႔သည္ ပိုစိုးလာခဲ့၏။

"ကိုႀကီး..ဘာျဖစ္လို႔လဲ"

ငယ္ေလး တစ္ေယာက္သူ၏အိပ္ခန္းမွေျပးထြက္လာခ်ိန္တြင္ စံုသာၿမိဳင္သည္ ကားေသာ့အား လွမ္းကိုင္လိုက္ၿပီးျဖစ္၏။

"ဒီကကိစၥေတြ မင္းနဲ႔ခ်စ္ထြန္း အဆင္ေျပသလိုဆက္လုပ္လိုက္ေတာ့ ငါ အိမ္ကို အေရးတႀကီးျပန္ရမယ္"

အလ်ွင္အျမန္ေမာင္းထြက္သြားေသာ ကားသည္ အနက္ေရာင္ ည‌တြင္ ေလးညို႔မွလႊတ္တဲ့ျမႇားတစ္စင္းလို အရိွန္ျပင္းထန္လြန္း၏။

မနက္ေဝလီေဝလင္းအခ်ိန္တြင္ သူသည္ အိမ္ေရ႔ွေရာက္ရိွခဲ့ၿပီျဖစ္ေပမဲ့ ဖြင့္ေပးမဲ့သူမရိွတဲ့အိမ္၏ တံခါးကိုသာ စိုက္ၾကၫ့္ေနခဲ့သည္။
အခ်က္ေပးေခါင္းေလာင္းသံသည္ သူ၏ ႏွလံုးအိမ္တြင္ ျပင္းထန္စြာ အႏၲရာယ္ဟု သတိေပးေနသည္ ။

ေအးစက္စြာပင္ လက္ထဲရိွေသာ့တံျဖင့္ ဖြင့္ဟကာ
အထဲေလ်ွာက္ဝင္ခ်ိန္တြင္ လူသူအရိပ္ေယာင္ ယဲ့ယဲ့မ်ွပင္ မေတြ့ခဲ့ေပ။
ညခ်မ္းေအး၏ အခန္းတြင္ သူ၏ အဝတ္အစားအျပင္ သံုးလက္စ အသံုးအေဆာင္မ်ားကိုေတြ့ရ၏။

ညအိပ္ထားပံုပင္မေပၚတဲ့ အခန္းအားပတ္ၾကၫ့္၍
သူသည္ စကၠန႔္ ၏ ဖုန္းအား အလ်ွင္အျမန္ေခၚဆိုလိုက္ေတာ့သည္။

"ေအး...စကၠန႔္။ ညခ်မ္းေအးေပ်ာက္ေနတယ္"

စိုးရိမ္မူ႔ေၾကာင့္ သူ၏ လည္သီးမွာ အထက္ေအာက္ဆုန္ဆန္လႈပ္ရွားေနၿပီး ဖုန္းကိုင္ထားတဲ့လက္ေတြမွာေခြၽးသီးေတြသီးေနလ်က္ရိွ၏။
မ်က္လံုးကို မိွတ္ကာ သူ၏ နားထင္အားဖိလိုက္သည္။
တစ္ညလံုးကားေမာင္းခဲ့ရသလို မေန့ကရံုးကိုအေျပးအလႊား အမူ႔အတြက္ရင္ဆိုင္ေနခဲ့ရတာမို႔
သူ၏ေျခတုတပ္ထားေသာ ေျခတုသည္ နာက်င္ေနခဲ့သည္။

စကၠန႔္ႏွင့္စကားေျပာအၿပီးတြင္ သူခက္ခဲစြာ အခန္းအျပင္ထြက္လိုက္၏။ ထို႔ေနာက္ခံုေပၚမွာထိုင္ကာ
သူ႔ကိုယ္သူစိတ္ပ်က္စြာ ဆဲေရး‌ပစ္လိုက္သည္။

ပိုက္ဆံ က ခ်စ္သူထက္ အေရးႀကီးေလသလား။
သူမိုက္မဲစြာ ေငြေနာက္လိုက္ခဲ့မိတာ သူ႔ခ်စ္သူကို ကာကြယ္ဖို႔ ျဖစ္သည္။

တစ္ခဏေလး အေတာအတြင္း ညခ်မ္းေအး ဘာျဖစ္သြားခဲ့တာလဲ ။

ဒုန္း...

လြင့္စင္သြားတဲ့ပန္းအိုးကြဲေတြအားၾကၫ့္ကာ ေတာက္တစ္ခ်က္ခပ္ျပင္းျပင္းေခါက္လိုက္သည္။

______

အိပ္ေရးပ်က္တဲ့ညမ်ားစြာေၾကာင့္ ေဒၚဧကရီ၏ မ်က္ဝန္းေတြသည္ အညိုေရာင္သန္းေနသည္။
သူမသည္ အိပ္ယာေပၚလွဲေလ်ာင္းေနဆဲ ေကာင္ငယ္ေလး၏ လက္ဖဝါးအား ဆုပ္ကိုင္ထားရာမွ ‌ျဖည္ညင္းစြာ ျပန္ခ်လိုက္သည္။

ပတ္တီးအထပ္လိုက္စီးထားေသာ လက္ေမာင္းတေလ်ွာက္အျပင္ ကိုယ္ေပၚရိွပတ္တီးရာလြတ္ေသာေနရာသည္ မ်က္ႏွာေလးတစ္ခုသာရိွ၏။
ထိုမ်က္ႏွာေတာင္မွ ပြန္းပဲ့ဒဏရာတခ်ိဳ႕ရိွေနေသးသည္။ အႀကီးစားခြဲစိတ္ကုသမူ႔မွအသက္လုခဲ့ရေသာ သူမ၏ သား။

တစ္ပတ္ရိွၿပီ။ ခုထိသတိျပန္မရေသးေပ။
ဆရာဝန္၏ ေျပာၾကားခ်က္အရ ေနာက္ႏွစ္ရက္ေနလို႔ ျပန္သတိမရလာရင္ကိုမာဝင္သြားႏိုင္သည္တဲ့။

ျပန္ေတြးရင္းေဒါသ ထြက္လာ၏။
တခ်ိန္က နာမည္ႀကီး မူးယစ္ရာဇာ၏ သမီးတစ္ဦးအေနနဲ႔ သူမ၏ ေသြးသည္ဆက္ခံသူပီသစြာ ထက္ေျမ့ေနေလသည္။ သားေမြးလာေတာ့သားေဇာေၾကာင့္
အဖြဲ႔အစည္း၏ လုပ္ပိုင္ခြင့္အားလံုးအား ခမ္းစက္ပိုင္အားလႊဲေျပာင္းေပးခဲ့သည္။

ခမ္းစက္ပိုင္က အမည္ခံလင္ေယာက်ာ္းပင္ျဖစ္၏။
သူမသည္ ယခုအခ်ိန္ထိ ကာမဆက္ဆံျခင္းမဲ့ေသာ
ေဆးအကူျဖင့္ ဖန္ႁပြန္သႏၶေဆာင္ခဲ့ျခင္းျဖစ္၏။

ဖိုဆို ယင္ဖိုေတာင္မပတ္သက္ဖူးေသာ အပ်ိဳစစ္စစ္ျဖစ္တာေၾကာင့္ ဟန္ေဆာင္လက္ထပ္ထားေသာ ခမ္းစက္ပိုင္အား အထိပင္မခံခဲ့ေပ။
ထို႔ေနာက္ ခမ္းစက္ပိုင္၏ အိမ္ေထာင္ေရးအားတရားဝင္အသိအမွတ္ျပဳခဲ့ၿပီး သူ၏သားသမီးမ်ားအား ကိုယ္ရင္ေသြးသဖြယ္ ခ်စ္ခင္ေပးခဲ့သည္။

သို႔ေသာ္ ျပန္ရခဲ့တာ ခမ္းစက္ပိုင္၏ ပုန္ကန္မူ႔တစ္ခုသာျဖစ္ခဲ့၏။
အခြံသာ က်စ္ရစ္ခဲ့ေသာ Lion King ကိုေတာင္မွ ခမ္းစက္ပိုင္ မက္ေမာေနခဲ့ရင္ လူမသိသူမသိ ကူးေျပာင္းခဲ့ေသာ ဆြစ္စလန္ဘဏ္က သူမ၏ ေငြေၾကးစီးဆင္းမူ႔ကိုသာ ျမင္ေတြ့ခဲ့ရင္ေရာ။

ခပ္မဲ့မဲ့ၿပံဳးကာ ေဒၚဧကရီသည္ မရဏေရ႔ွတၫ့္တၫ့္တြင္ရပ္လိုက္သည္။
မရဏအပါအဝင္ သားစဉ္ေျမးဆက္ သစၥာခံထားေသာ မိသားစုေျမာက္ျမားစြာ Lion King ျပင္ပတြင္ရိွေလသည္။

"ခမ္းစက္ပိုင္ ဘယ္မွာလဲ"

"နယ္စပ္ကေန တဆင့္ ဟိုဖက္ႏိုင္ငံဖက္ကို ကူးဖို႔ ခု လမ္းခုလတ္မွာေရာက္ေနၿပီလို႔ သတင္းပို႔ထားပါတယ္။  မိုင္းစက္ပိုင္ကိုလည္းအၾကမ္းဖက္ကေန ဆြဲထုတ္ေခၚေဆာင္သြားတယ္လို႔သိရၿပီး သူတို႔မိသားစုရဲ့ပိုင္ဆိုင္မူ႔ေတြအျပင္ Lion King လက္ေအာက္ကေန ေငြသားႀကီး သိန္းေပါင္းႏွစ္ေသာင္းခန႔္ ယူေဆာင္သြားတယ္လို႔ ၾကားသိရပါတယ္။

ဘယ္ေလာက္ပဲ အဖြဲ႔တြင္ အခြံပဲရိွေနပါေစ အမာခံေထာက္ပံ့ထားေသာ ေငြေၾကးပမာနစီးဆင္းမူ႔ရိွေနဆဲပင္။

" နယ္စပ္ထိမေရာက္ေစနဲ႔ ။"

"ဟုတ္ကဲ့"

မရဏ ျဖည္းညင္းစြာေနာက္ဆုတ္သြား၏။
အခန္းအျပင္ထြက္သြားတဲ့လိုက္ၾကၫ့္မေနပဲ သားနားကို ကပ္လိုက္၏။

လုပ္ရက္လိုက္တာဟု ေတြးၿပီးရင္နာရသည္။
ဧရာစက္ပိုင္ဟု ကင္ပြန္းတပ္ထားေသာ နာမည္အား အသစ္ေျပာင္းရမည္။ သားအားလုပ္ႀကံ၍
ဆက္ခံသူအားဖယ္ရွားရန္ မည္သၫ့္ေလာဘက မေတြးေတာရသနည္း။

ေရႊဧကရီ၏ သားကို လုပ္ႀကံသူ၏နာမည္မသက္ဆိုင္ေစရ။

အျမန္ပင္ စာတစ္ေဆာင္ေရးကာ အဖြဲ႔ထံ ေပးပို႔လိုက္သည္။

ေရႊဧကရီ၏ေပ်ာက္ဆံုးေနေသာ သားျဖစ္သူအားျပန္လည္ေတြ့ဆံုခဲ့ရသည္မွာ ကံေကာင္းမူ႔တစ္ခုသာ ။

ထိုေၾကာင့္ ယေန့မွစ ဧရာစက္ပိုင္အစား ဧရာေရႊကံ ဟုသာ ေခၚတြင္ေစရန္။

ထို႔အျပင္ Lion King အဖြဲ႔အစည္းအားတရားဝင္ပိတ္သိမ္းရန္။

အဖြဲ႔သားမ်ားအားလံုး လြတ္လပ္စြာ ေနထိုင္သြားလာႏိုင္ၿပီး တရားဝင္အလုပ္မလုပ္ႏိုင္သူမ်ားအဖို႔ ေရႊဧကရီမွ သက္ဆိုင္ရာ အလုပ္ေပးအပ္မည္ျဖစ္ၿပီး
ယေန့မွစ၍ အေမွာင္အဖြဲ႔အစည္းကေန တရားဝင္
အလင္းအဖြဲ႔သို႔ ကူးေျပာင္းခြင့္ ျပဳလိုက္ၿပီျဖစ္၏။

ေလးလခန႔္ၾကာေသာ္

"သား အျပင္မွာ သားခ်စ္သူေရာက္ေနတယ္"

ေမေမ့စကားေၾကာင့္ ဧရာေရႊကံ ၏ မ်က္ႏွာရဲခနဲ ျဖစ္သြား၏။

ခ်စ္သူတဲ့။

လြန္ခဲ့ေသာ သံုးလခန႔္ကေနစၿပီး မၾကာခဏ လာေရာက္ေတြ့ဆံုတက္ေသာ အမ်ိဳးသားတစ္ေယာက္။

သူသည္ ထိုအမ်ိဳးသား ခ်စ္သူ အား မွတ္မိထားျခင္းမရိွေပမဲ့ ရင္ႏွီးေသာ အေငြ့အသက္ကိုေတာ့ခံစားႏိုင္ေသးသည္။

တုတ္ေကာက္အားဆြဲယူ၍ ေထာ့ႏွဲ႔စြာ လမ္းေလ်ွာက္လိုက္၏။ သူ၏ေျခေထာက္မ်ားသည္ စတီးေခ်ာင္းထၫ့္ထားေပမဲ့ သြက္လပ္စြာ လမ္းေလ်ွာက္ႏိုင္ေသးသည္မဟုတ္။ မၾကာခင္အေကာင္းပတိ လမ္းေလ်ွာက္ႏိုင္ဖို႔ ေမ်ွာ္လင့္ထားေပမဲ့ ယခုမူ သူသည္ ေနွးေကြးစြာပင္ေလ်ွာက္ေနမိသည္။

"ခ်မ္းေအး"

ထိုအမ်ိဳးသားသည္ သူ႔အားထိုသို႔ေခၚေလသည္။
မုတ္ဆိတ္က်င္စြယ္တို႔ေပါက္ေနေသာ ေမးဖ်ားေၾကာင့္ သူ၏ မ်က္ႏွာသည္ ထပ္မံရဲလာျပန္ပါ၏။

"လာ ကိုကို႔ကိုတြဲ"

"ေနပါေစ ရတယ္"

အနည္းငယ္ေဘးသို႔တိမ္းေရွာင္ေသာအခါ အမ်ိဳးသား၏ မ်က္ႏွာသည္ ပူေဆြးစြာမိႈင္းညို႔လာေတာ့၏။ အားနာျခင္းအေနခက္ျခင္းတို႔ေၾကာင့္ သူသည္ သက္မခ်၍ လမ္းေလ်ွာက္ရာမွ ရပ္လိုက္၏။
ၿခံတြင္းတြင္ ပန္းမ်ိဳးစံုပြင့္လန္းေနပါ၏။
သာယာလွပမူ႔ဆိုတာထက္ ခ်မ္းသာမူ႔ကိုသာ ဖြင့္ဟထားသည္မို႔ ျမင္ျမင္သမ်ွ ဆန္းသစ္ေနေတာ့၏။
စံုသာၿမိဳင္သည္ ေျပာင္းလဲမသြားေသာပတ္ဝန္းက်င္အားၾကၫ့္လိုက္သည္။

ေကာင္ငယ္ေလးသည္ ယခင္ထက္ပိုကာ ေခ်ာေမာ
ၾကၫ့္ေကာင္းလာ၏ ႏုညံ့ေသာ ပါးျပင္သည္ အရိပ္ထဲမွာ
ေသခ်ာဂရုစိုက္ထားမွန္းသိသာစြာပန္းေသြးေရာင္ထေနခဲ့သည္။

သူ႔လက္ထဲမွာထက္ မိခင္၏လက္ထဲမွာ ပိုမို စိတ္ခ်မ္းသာေနသည္ထင္ပါ့။

"ခုထိ စိမ္းေနတုန္းပဲလား ။ ကိုကို႔ကို ဘယ္အခ်ိန္ထိခုလို လုပ္ေနဦးမွာလဲ"

ေလေျပႏွင့္အတူပါလာ‌ေသာ ပန္းရနံ႔တို႔သည္ ခ်စ္သူႏွစ္ဦးၾကားမွာျဖတ္သန္းသြား၏။

"ကြၽန္ေတာ္..ေတာင္းပန္ပါတယ္"

ဒီလူသည္ သူ၏ ဘဝအားေစာင့္ေရွာက္ထားတဲ့သူတဲ့။
ေက်ာင္းေနအရြယ္ကေန ဘြဲ႔ရတဲ့အထိ တေလ်ွာက္လံုး သူ႔အားၾကၫ့္ရႈ႔ခဲ့သူျဖစ္တယ္တဲ့။

ေမေမသည္ သူ႔အားထို႔သို႔ေသာ ေက်းဇူးေတြေၾကာင့္
ထိုအမ်ိဳးသအား အသိအမွတ္ျပဳဝင္ထြက္ခြင့္ျပဳခဲ့၏။

"ကိုကိုလိုခ်င္တာ ေတာင္းပန္စကားေတြမွမဟုတ္တာခ်မ္းေအးရယ္။ ကိုကို႔ဆီကို မင္းဘယ္အခ်ိန္ျပန္လာမယ္ဆိုတာရယ္၊ဘယ္အခ်ိန္ထိ ကိုယ့္ကိုေမ့ေနအံုးမွာလဲဆိုတာရယ္ "

ေျပာစရာစကားမဲ့ျခင္းတဲ့။
ဒီလူေၾကာင့္သူသည္ရွက္ရြံ႔ရံုမွလြဲ၍ မည္သၫ့္စကားမွေျပာစရာမရိွေပ။ အက္ရွၿပီး က်ားေဟာ္မုန္းအျပၫ့္ရိွေသာ အသံေနအသံထားေၾကာင့္ သူ၏ ႏွလံုးခုန္သံတို႔သည္ ထူးကဲစြာ ခုန္ေပါက္လာေတာ့၏။

"ျပန္သတိရေအာင္ကြၽန္ေတာ္ႀကိဳးစားပါ့မယ္ "

Bạn đang đọc truyện trên: ZingTruyen.Xyz