ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

30

eainsi23

လေပြည်လေညင်းတို့တိုက်ခတ်နေတဲ့လမ်းမထက်တွင် နီယွန်ရောင်စုံမီးတို့သည် လင်းလဲ့နေချေသည်။
စုံသာမြိုင်သည် လက်တစ်ဖက်တွင် ချမ်းအေး၏ လက်ကလေးအားထွေးဆုပ်ကာ ကားတို့စည်ကားရာ လမ်းမဘေးတွေ ငြိမ်းချမ်းစွာ လမ်းလျှောက်နေခဲ့၏။

"ချမ်းအေး အစာကြေပြီလား"

ဘေးမှာ ရှိနေသော ကောင်လေးသည်
သူ၏ လက်မောင်းအား မေးဖျားဖြင့် ပွတ်အား ရွန်းလဲ့သော မျက်ဝန်းဖြင့် ခေါင်းညိတ်ပြလာ၏။

" ကိုကိုရော "

စုံသာမြိုင်သည် သူ့၏ နှုတ်ဖျားအားမထိန်းနိုင်ပဲပြုံးမိတော့သည်။ ထို့နောက် သူ့၏ချစ်သူအား
ခေါင်းလေးဖိပွတ်ရင်းပင်

"ကိုကိုလည်း အဆင်ပြေသွားပြီ" ဟု ပြောလေသည်။
ညချမ်းအေးသည် ကိုကိုဆိုသောစကားတို့ကြောင့်
ပါးပြင်ဟာ ရှက်သွေးတို့ဖြင့် ပူစွေးလာလေ၏။ မကြာခဏ နှုတ်တိုက်ခေါ်ဆိုသော အခေါ်အဝေါ်သည်
ညချမ်းအေးမှသာ ဖြစ်ပြီး စုံသာမြိုင်နှုတ်ကနေ ထိုသို့ ထွက်လာခဲ့သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ကြည်နှူးစရာသာ ဖြစ်ခဲ့၏။

ခုမှအတိအလင်းချစ်သူဖြစ်သကဲ့သို့ ရင်ခုန်မူ့သည်
အတောမသပ်တော့ပေ။

" ဘယ်သွားချင်သေးလဲဗျ "

ရင်ခုန်သံတွေအားထိန်းချုပ်ရင်း ညချမ်းအေးအားမေးလိုက်သည်။ စီမြို့တော်သည် အတော်လေးစည်ကားရာ နယ်စပ်မြို့ဖြစ်တာကြောင့် လောင်းကစားဝိုင်းများသည်လည်း ပေါများလေသည်။
အထင်ကရ ကာစီနိုဝိုင်များသည် ညမီးရောင်အောက်မှာ လူများဝင်ထွက်ရာ လောကစည်းစိမ်တစ်ခုနှယ်။

ညချမ်းအေးသည် ခေါင်းရမ်းလိုက်၏။

မြို့တော်စီသည် သုခဘုံဟု တင်စားခေါ်ဝေါ်တက်သည်မှာ အကြောင်းမဟုတ်။
ညဉ့်ငှက်မလေးများသည် လမ်းဘေးတွင် တရားဝင်
လျှောက်ပြန်သံပေးနေတာကိုလည်းတွေ့ရ၏။

တရားဝင် ခွင့်ပြုထားသော နေရပ်ဖြစ်သည်ကြောင့်
ပြည့်တန်ဆာ အလုပ်သည် နေရာမရွေးတွင်ရှိနေလေသည်။  ရောက်တက်ရာရာလျှောက်လာတာကြောင့် ဘယ်ဆီရောက်နေမှန်း မသိရပေ။ မြင်တွေ့နေရသည့် ခပ်စိတ်စိတ် မိန်းမငယ်လေးတွေကြောင့် ညချမ်းအေးသည် စိုးထိတ်လာ၏။ စုံသာမြိုင်ကတော့ ဂရုစိုက်မိပုံမပေါ်ပေ။ 
သူတို့ရောက်နေရာ နေရာသည် လူငယ်တွေအတွက်မသင့်တော်သလို ခံစားချက်များပေးနေတာမို့
ညချမ်းအေးသည် နီရဲသော ပါးပြင်ဖြင့် လက်ကိုဆွဲကာ ထပ်မံခေါင်းရမ်းပြလိုက်သည်။

"ပြန်ရအောင်"

"ပင်ပန်းနေပြီလား။ ဒါဆို ကိုကို ကားငှားလိုက်တော့မယ်နော်"

စုံသာမြိုင်သည် ငြင်းချက်ပေးမနေပေ။
ချစ်သူ၏ လက်ဖျားအားဆွဲကာ ထိုလမ်း၏ ဘေးဖက်လမ်းချိုးအား ချိုးဝင်လိုက်ပြီး အသွားအလာများသော လမ်းပေါ်ရှိ အငှားကားတစ်စီးအားတားမြစ်လိုက်လေသည်။

သူတို့အတွက် စက္ကန့်ငှားပေးထားသော အဆင့်မြင့် ဟော်တယ်တစ်ခုကို ရွတ်ပြရင်း ခုထိ နေသားမကျသေးသော ညချမ်းအေးအားငုံ့ကာကြည့်လိုက်၏။
သူ့အကြည့်အား ညချမ်းအေး နားလည်၏။
မည်သို့မှ မနေခြင်းအပေါ် တစ်မျိုးတစ်မည်ထင်ကာ မျက်နှာလေး အနည်းငယ် မကျေနပ်စိတ်ဖြင့် မဲ့ကာ သွား၏။

"ကိုကို့အတွက် အဲ့ဒီနေရာက မစိမ်းသက်ဘူးမို့လား"

မည်သည့်အရာသို့ရည်ညွှန်းမှန်းမသိတာကြောင့်
သူသည် ဇဝေဇဝါသာ ဖြစ်၍သွား၏။
ညချမ်းအေးသည် ငိုတော့မတက်ဖြစ်လာ၏။
သူသည် မျက်လွှာကို အသာချကာ တွဲဆုပ်ထားတဲ့လက်ကို ဖြုတ်လိုက်၏။

" ကျွန်တော်ဝမ်းနည်းတယ်"

အသံသည် တိုးလွန်းလှသည်။
သို့သော် စုံသာမြိုင်ကြားလေသည်။
သူသည်စိုးထိတ်သည့် မျက်နှာထားဖြင့် ချစ်သူ၏
အကြည့်အားတွေ့လိုရန်ခေါင်းကို ငုံ့ကာ ကြည့်လိုက်သည်။

" ကိုကို ဘယ်နှစ်ခါတောင် သွားဖူးတာလဲ "

"ဘာ..ဘာကိုလဲ"

စွပ်စွဲချက်ကြောင့် သူသည် အနည်းငယ်သံသယဝင်လာလေသည်။
ထို့နောက် သူ့မေးခွန်းကို ပြန်ဖြေလာတဲ့
ကောင်လေးကြောင့် ဘာကိုရည်ရွယ်မှန်းသိသွားတော့၏။

" အဲ့မိန်းကလေးတွေဆီပေါ့" တဲ့။

စုံသာမြိုင်အတွက် ထိုအနေအထားသည် အလွန်အမင်းရှက်ရွံ့စေမတက်ပင်။ သူသည် ရှေ့တည့်တည့်ကို ကြည့်ကာ

" တစ်..တစ်ခါမှ မသွားဖူးဘူး"ဟု အမြန်ပင်ပြန်ဖြေတော့သည်။ သံသယစိတ်ဖြင့် 

ညချမ်းအေးသည် မျက်မှောင်လေးတွန့်ကာ ထပ်မေးလိုက်သည်။

" သေချာရဲ့လား"

ခုထိလှည့်မကြည့်သေးတဲ့ အမျိုးသားသည် နားရွက်ဖျားများရဲ လျက်ပင် ခေါင်းဆတ်ပြ၏။

"သေချာတယ်။ ခုထိ လူပျိုစစ်စစ်"

ညချမ်းအေးသည် တောင့်တောင့်ကြီးရှိနေသေးတဲ့ ချစ်သူ၏ လက်မောင်းအား မှီနွဲ့ကာ ပျော်ရွှင်သွား၏။ ‌ကားမောင်းသမားသည်
သူမသိသော လျို့ဝှက်စကားများအား သိချင်စိတ်ဖြင့်အနောက်အားမသိမသာ  ခိုးကြည့်လိုက်သည်။
သူမြင်လိုက်သည်က နီရဲနေတဲ့ မျက်နှာ နှစ်ခုကိုသာ ။

လူပျိုစစ်စစ်နဲ့ တစ်ခါမှမသွားဖူးဘူး။

အဲ့ဒါဘာအကြောင်းများဘာလိမ့်။

ကားသမားသည် ထိုဆန်းကြယ်လူသားနှစ်ဦးအား
အထင်ကရ နေရာတစ်ခုအား လိုက်ပို့ခဲ့လေသည်။
အမှန်တော့ ခမ်းနားကြီးကျယ်မူ့အား ညချမ်းအေး
အမြင်ဆန်းနေမိသည်။
လှပ တောက်ပြောင်သော အဆင့်မြင့်ဟော်တယ်တွင် တည်းခိုဖို့ သူ့အနေဖြင့်မတက်နိုင်တာသေချာလေသည်။ ထို့ကြောင့်မဝင့်ရဲသော စိတ်တွေဖြင့် လူဟာ အနည်းငယ် စိုးထိတ်နေခဲ့သည်။

" ခါးကိုမတ် မျက်နှာကို ရှေ့တည့်တည့်ကြည့်"

ကိုကိုသည် လူမြင်ကွင်းတွင် သူ၏လက်အားဆွဲလာ၏။
ရှက်ရွံ့စွာရုန်းဖယ်ဖို့ ကြံသည့်အခါ တင်းကြပ်လာသော လက်နှင့်အတူ ကိုကို့ဆီမှ နွေးထွေးသော အ ကြည့်ကရောက်လာ၏။

"ကိုကိုရှိတယ်။ ရှေ့ကိုကြည့် မကြောက်နဲ့"

ဘယ်လောက်တောင် အားအင်ဖြစ်စေသနည်း။
ထိုစကားကြောင့် နှလုံသားသည် ပူနွေးလာခဲ့လေပြီ။
ရဲတွက်သော မျက်ဝန်းဖြင့် ချစ်သူအားမော့ကြည့်သည့်အခါ မျက်ခုံးကို ပင့်ကာဆွဲထားသော လက်ကို လှုပ်ရမ်းလာသည်။

ညချမ်းအေးသည် ဆည်းလည်းလို အသံဖြင့်တိုးညင်းစွာ ရယ်မောလာလေသည်။
သူသည် ခေါင်းညိတ်ကာ ကိုကို့၏ အားအင်ဖြင့်  ရှေ့သို့ရဲရင့်စွာလျှောက်မိသည်။

တောက်ပသော အခန်းအလယ်တွင် နှစ်ယောက်အိပ်ခုတင်တစ်လုံးသည် ဖဲမွေ့ယာဖြင့် သေချာအလှဆင်ထားသည်။

ညချမ်းအေးသည်  ကိုစက္ကန့် အရင်ပို့ဆောင်ပေးထားသော ခရီးဆောင်အိတ်အား အခန်း၏ ထောင့်တစ်နေရာတွင်တွေ့လိုက်ရသည်။
သူသည် အမြန်ပင်ထိုနေရာအားသွားကာ
ချစ်သူ၏ အထုတ်အပိုးအား ဖြည်လိုက်လေရာ ညီညာသော ပုဆိုးနှင့် အင်္ကျီတို့အား အထပ်လိုက်တွေ့ရ၏။

"ကိုကို ရေအရင်ချိုးလိုက်ပါ့လား"

တစ်နေကုန်မို့ မလန်းမဆန်း ဖြစ်နေမှာ ဧကန်ပင်။

"အွန်း ...ကိုကို့အတွက်  ပုဆိုးထုတ်ပေးပါအုံး။ "

မွေ့ယာစပ်မှာထိုင်ရင်း သူ၏ အဝတ်အစားတို့အား ရွေးချယ်နေသော ကောင်လေးအား ကြည့်ကာ ရင်ထဲ
ကြည်နှူးမိပါသည်။
အနက်ရောင် ကောဇောအထပ်တွင် အတိုင်းသားထိုင်နေတဲ့ ညချမ်းအေးသည် စိတ်ပါဝင်စားစွာ သူ၏ အဝတ်တို့အားရွေးချယ်နေပြီး

"ရေလဲမှာမဟုတ်လား ။ ကျွန်တော် ပုဆိုးရယ် ...
မျက်နှာသုတ်ပုဝါရယ် ညဝတ်အင်္ကျီရယ်ထုတ်လိုက်မယ်"

"အင်း "

စုံသာမြိုင် ခပ်လေးလေးပြောလိုက်သည်။
သူ၏ အကြည့်တွေထဲ ညချမ်းအေး၏ ခပ်စိုက်စိုက် မျက်တောင်ဖျားမှာ ငေးကြည့်ရင်း ရင်ထဲ စိတ်ထင့်တဲ့အတွေးတွေဝင်လာခဲ့သည်။ မြတ်ခန့်သေတဲ့ အမူ့သည် ‌သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလား။
စက္ကန့်ကရော ယုံကြည်ရနိုင်ပါ့မလား။
ဖြစ်မလာသေးပေမဲ့ အိမ်မက်တွေထဲရှိ ချစ်သူ၏ သေဆုံးခြင်းအပေါ်မှာလည်း မြုပ်ကွက်လေးတွေရှိနေသည်။

****ကားနံပါတ်တွင် မည်သူထိုင်လိုက်ခဲ့တာလဲ။

စက်ပိုင် မိသားစုနှင့် ညချမ်းအေး၏ ရန်ငြိုးအကြောင်းတွေးမိတော့ ရင်ထဲ မကောင်းတော့ပေ။

"ကိုကို"

အတွေးလွန်နေဆဲ ညချမ်းအေး ၏ ခေါ်သံကြောင့် ဟင်ခနဲ ထူးမိလိုက်သည်။
ညချမ်းအေးသည် သူ့အနီးတွင် ပုဝါခေါက်လေး‌ကိုင်ကာ ရပ်နေသည်။

" ရေချိုးမလို့ဆို"

သူအမြန်ပင် ခေါင်းညိတ်လိုက်သည်။

" ခဏလေး ကျွန်တော် လုပ်ပေးမယ်"

ပုဆိုးအောက် ခြေထောက်အား ဆွဲမ သယောင်ပြုတော့ သူ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွား၏။

"မလုပ်နဲ့ ။ ကိုယ့်ဘာသာ လုပ်မယ်"

တားမြစ်သည့်အခါ ညချမ်းအေးသည် စိတ်မကောင်းဖြစ်တဲ့မျက်နှာလေးဖြင့် ခေါင်းမော့လာ၏။

" ဘာမှမဖြစ်ပါဘူး။ ကျွန်တော် ကိုစုံသာမြိုင်ရဲ့ အရာအားလုံးကို ချစ်မြတ်နိုးပါတယ်"

နာမည်တပ်ခေါ်ခံလိုက်ရတဲ့အခါ သူ၏ မကျေလည်မူ့သည် တိုးလာ၏။
ဒါကို ညချမ်းအေးမြင်တဲ့အခါ မသက်မသာပြုံးကာ သူ၏ ခြေတုတပ်ထားရာ ခြေထောက်ကို သူ၏ ပေါင်ပေါ်တင်ကာ ပုဆိုးအားအသာမလိုက်၏။

" ဒါလေးတောင် ကိုကို စိတ်မချမ်းသာဘူးမို့လား။
ချစ်သူတွေပဲဗျာ။ အရာရာအားလုံး မျှဝေခံစားပေးရမှာပဲမဟုတ်ဘူး။ "

သူသည်ပြောလက်စဖြင့် တပ်ထားသော အဝါရောင်ခြေ‌တုအား အသာဆွဲချွတ်လိုက်သည်။

ခုထိ အသားမကျသေးသော စုံသာမြိုင်သည် ရှက်ရွံ့နီစွေးသော ၊ မလုံခြုံသော ခံစားချက်ဖြင့် သူ၏ ဆိုးဝါးသော ခြေထောက်အား ဂရုတစိုက်ဆွဲဖယ်နေတဲ့ ကောင်ငယ်လေးအား ငုံ့ကြည့်နေခဲ့သည်။
ခြေချင်းဝတ်အထက်ပိုင်းနားထိ ဖြတ်တောက်ထားသော အသားသည် ခြေချောင်းတွေ မပါရှိပဲ အနည်းငယ် စိတ်မချမ်းမြေ့ဖွယ်ရာမြင်ကွင်းဖြစ်မည်လား။

ချစ်သူသာ သူ၏ ရုပ်ဆိုးသော အပိုင်းအား
မနှစ်သက်နိုင်ခဲ့ရင်ရော။
သူစိုးရိမ်စိတ်ဖြင့် အနည်းငယ် ဆွဲဖယ်ဟန်ပြုသည့်အခါ ညချမ်းအေးသည် ပြန်လည်ဆွဲယူထားလေသည်။

" မရုန်းပါနဲ့ ကျွန်တော် ကြည်ဖြူပါတယ် ။ ဘယ်အရာမဆို ... ကိုကို့ရဲ့ ဘယ်အစိတ်အပိုင်းမဆို ကျွန်တော် အကုန်ချစ်မြတ်နိုးပါတယ်"

ညချမ်းအေးသည် ချွတ်ယူထားတဲ့ ခြေတုအားဘေးမှာ ထောင်ကာ စုံသာမြိုင်ထ၍ ရအောင် လက်မောင်းကနေ ဆွဲ ထူလိုက်သည်။

" ထ ... ရေချိုးခန်းထဲထိရောက်အောင်ကျွန်တော် လိုက်ပို့ပေးမယ် "

ခြေတုမပါသော အနိမ့်မြင့်မတူညီတဲ့ ခြေထောက်တို့အား ငေးကာ သူသည် မချိသော အပြုံးအားပြုံးမိချေသည်။
ယနေ့ လမ်းအနည်းငယ်ပိုလျှောက်ခဲ့သည်မို့ ခြေထောက်တို့သည် မဆိုသလောက်နာကျင်ပါသော်ငြား သူသည် အပြုံးမပြတ်ခဲ့ချေ။

ယခုမူသူသည် စိတ်အခြေအနေကောင်းမနေချေ။

သူရေချိုးပြီးသည့်နောက် သူ့အား ရေသုတ်ပေးသည့်အပြင် ညဝတ်အင်္ကျီ၏ ကြယ်သီးတို့အားသေချာတပ်ပေးနေပြန်သည်။

" ကိုယ့်ဘာသာ တပ်ပါ့မယ်။ ရေသွားချိုးချေတော့နော်။ "

ချော့မော့လွှတ်ပြီး သွားခိုင်းမှ ညချမ်းအေးသည် ရေချိုးတော့သည်။

‌နှစ်ယောက်အိပ်ကုတင်ပေါ်ရှိ ငှက်ကလေးနှစ်ကောင်သည် ပုံမပျက်သေးပေ။
သူသည် စိတ်မရှည်စွာ ထိုငှက်သဏ္ဍာန်ပြုလုပ်ထားသော တဘတ်တို့အားဆွဲဖယ်ကာ အဝေးပို့လိုက်သည်။

ညချမ်းအေး ရေချိုးပြီးထွက်လာချိန်တွင် စုံသာမြိုင်သည် တစ်ဖက်သို့လှည့်ကာ အိပ်နေပြီဖြစ်သည်။

ဘေးမှာ လွတ်နေသော နေရာဝင်အိပ်ရင်း
ကိုကိုရှိရာအရပ်သို့ မျက်နှာ မူလိုက်တဲ့အချိန်တွင် တစ်ဖက်စောင်းအိပ်နေသော သူသည် လှည့်လာလေသည်။

" ရွာကိုမပြန်တော့နဲ့နော်"

အကြိမ်ရေမည်မျှ‌ မှန်းမသိ အောင် ပြောနေတဲ့
သူအားကြည့်၍ သူသည်ထပ်မံ၍ ခေါင်းညိတ်ပြလိုက်သည်။

" ဒီကအပြန် ထွက်စာတင်ဖို့ အရင်လုပ်လိုက်မယ်"

" ကျေးဇူးတင်ပါတယ် ချမ်းအေးရယ်"

နားရွက်ဖျားပေါ်တင်နေတဲ့ ဆံ‌နွယ်တွေအားသပ်တင်ပေးရင်း ဆိုလိုက်၏။

ကွေးညွတ်နေသော မျက်ဝန်းအိမ်သည်သူ့အားငေးရင်း မေးဖျားရှိအခြိုက်လေးနှစ်ဖက်ပေါ်လာအောင်ပင် ပြုံး၍ လာချေ၏။

"ချစ်ပေးတဲ့အတွက် ကို့ကိုကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ"

သူ့စကားကြောင့်တစ်ဖက်လူသည် ငြိမ်သက်၍ သွား၏ ထို့နောက် သေးသွယ်သော ခါးပေါ် လက်တစ်ဖက်သည် ဖွဖွဖက်လာ၏။

"အိပ်ရအောင် "

ညချမ်းအေးသည် ထပ်မံ စကားဆိုလိုက်သည်။

" ကိုကို လူပျိုစစ်တယ်ဆိုတာ တကယ်လား"

မေးမှိတ်လုလု မျက်ဝန်းသည် ဖွင့်ဟလာလေသည်။

" ဘာဖြစ်ရပြန်တာလဲ"

" သေချာအောင်လို့ "

" သေချာတယ်။ ရေမရောဘူး"

"ဘယ်သူ့အတွက်ချန်ထားတာလဲ"

စုံသာမြိုင်၏ မျက်နှာသည် ရင့်မှည့်လွန်သစ်သီးကဲ့သို့ရဲဖောက်လာလေသည်။
ညချမ်းအေးသည် ထိုအနေအထားအားကြည့်ကာ
ဆိုးယုတ်သော အတွေးတစ်ခုဝင်လာ၏။

" ကျွန်တော့်အတွက်လား"

ဖောင်းခနဲ ပေါက်ကွဲသွားသော ရင်ထဲရှိ  အတွေးလှိုင်းကြောင့် စုံသာမြိုင်သည် မျက်လုံးအစုံအားတင်းတင်းမှိတ်ကာ ထားမိတော့သည်။
သူ၏ လက်ထဲရှိ ခါးသေးသေးအားတစ်ချက်ဆုပ်ကာ
ဆွဲညှစ်လိုက်ပြီး မပြောသင့်တဲ့ စကား‌အား မကြောက်မရွံ့ပြောတက်လွန်းသူအား မည်သို့ဆုံးမရမလဲ အလျီင်အမြန် တွေးလိုက်မိသည်။

ညချမ်းအေးသည် ငြိမ်သွားတဲ့ ချစ်သူ၏ဘေးအားအတင်းတိုးကာ ကပ်လိုက်ပြီး

"ကိုကို  ဟုတ်သလား။ အဲ့ဒါကျွန်တော့်အတွက်လားဟု ထပ်မေးပြန်သည်။

သူသည် သက်ပြင်းချကာ ညတာရှည်တော့မည့် ညတစ်ညအကြောင်း  မချိတင်ကဲတွေးမိလိုက်သည်။

"ကိုကိုဆို"

"ဟုတ်တယ်။ မင်းအတွက် ။ မင်းအတွက်ပဲ။
ကိုကို့ရဲ့ လူပျိုဘဝရော ၊ လူအိုဘဝရော မင်းအတွက်ပဲ ။ ကျေနပ်လား"

ညချမ်းအေး တစ်ခိခိ ‌ရယ်လိုက်သည်။

" ကျေနပ်တာပေါ့ဗျာ။ ကိုကို့ကိုချစ်တယ်"

မေးဖျားအားထိတွေ့လာတဲ့ အနမ်းတရှိုက် ကြောင့် ပူလှောင်သော အတွင်းစိတ်တို့သည် ရေအေးနှင့်ပက်ဖြန်းခံရသလို ငြိမ်းအေးသွားရ၏။

_________

"ဖြန်း"

လည်ထွက်သွားတဲ့ပါးပြင်အားပွတ်ရင်း မယုံကြည်နိုင်စရာ ကောင်းသည့်အကြည့်ဖြင့် အဖေဖြစ်သူအားကြည့်မိသည်။
ဤသည်မှာ အဖွဲ့အစည်း၏ နေရာတစ်ခု၌ ဖြစ်၏။
မရဏသည် သခင်ငယ်အား လျစ်လျူရှု့ကာ ဒေါ်ဧကရီ၏ ရှေ့တွင် ခေါင်းငုံ့ကာရပ်နေလေသည်။ အခန်း၏ အကျယ်အဝန်းသည် လူ ငါးဆယ်နီးပါးဆန့်အောင်ကျယ်ဝန်းသည်။ မိုင်းစက်ပိုင်သည်
Lion king အဖွဲ့အစည်း၏ ထိုနေရာအား ယခုအကြိမ်သာ ရောက်ဖူးခြင်းဖြစ်လေသည်။ 
ပတ်ဝန်းကျင်သည်တိတ်ဆိတ်နေသည်။ အသံရှုသံ
သဲ့သဲ့သည်ပင် မကြားနိုင်လောက်အောင် တိတ်ဆိတ်မူ့က ကြီးစိုးနေခဲ့၏။ဘာဖြစ်မည်မသိပေမဲ့ကောင်းသည့်အလားလာတော့ မမြင်ပေ။

"အမေ"

အကူညီရအောင် ဒေါ်ဧကရီ အားကြည့်မိသည့်အခါ သက်ပြင်းတစ်ချက်ရှိုက်ကာ မိုင်းစက်ပိုင်အား ကျောခိုင်းလိုက်သည်။

ထို့နောက်အေးစက်သော အသံဖြင့် မရဏအားရည်စူး၍ ပြောလိုက်သည်။

" သူ့အမေ ဘယ်ချိန်ရောက်မလဲ"

မရဏသည် အလွန်အမင်းသတိကြီးစွာထားရသော အသံဖြင့် သခင်မရှေ့မှာ အောက်ကျို့နှိမ့်ချစွာ ပြောလိုက်သည်။

" ငါးမိနစ်အတွင်းရောက်မယ်လို့ ဖုန်းရထားပါတယ်"

"လုပ်ပိုင်ခွင့်ကို နင်ပေးခဲ့သလား ခမ်းစက်ပိုင်"

" ငါမဟုတ်ဘူး။ ခုထိ lion kingရဲ့အာဏာက ငါ့လက်ထဲမှာ။ မင်းရဲ့ခွင့်ပြုချက်မပါပဲ ငါမလုပ်ဘူးဆိုတာ မင်းသိမှာပါ  " 

မိုင်းစက်ပိုင်သည် မျက်လုံးပြူးကာ နားစိုက်ထောင်နေခဲ့သည်။
သူ၏ ဖခင်သည် အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ကာ မည်သူတစ်ဦးတစ်ယောက်မှာနာမည်ခေါ်ဖို့မပြောနှင့်လေသံမာမာဖြင့်တောင်ပြန်ပြောရဲသူမဟုတ်ချေ။ သို့သော် အေးစက်လှသော ဒေါ်ဧကရီကတော့ သူ၏ အမြင်ကို ဖယ်ရှားကာ ‌အရှင်သခင်မ တစ်ယောက်မှ သူ၏ အစေခံအားခေါ်ကြားသလို ခေါ်ဆိုခဲ့သည်။

တုန်လှုပ်မူ့ကြီးစိုးကာ သူသည် မိထွေးဖြစ်သူ၏ ကျောပြင်အားငေးမောနေခဲ့လေသည်။

မရဏသည် သခင်မ၏ ဒေါသအား မမြင်တာကြာမြင့်ခဲ့ပြီမို့ တုန်လှုပ်စွာဘေးမှာ ရပ်ကြည့်နေခဲ့၏။

မကြာခင် ပြာယာခတ်စွာ မိုင်းစက်ပိုင်၏ မိခင်ရောက်လာလေသည်။

" ကိုကြီး သားကို ..."

ခမ်းစက်ပိုင် လက်ကာပြကာ

" မွေးထားတဲ့ သားတွေကိုတောင်မှ အချိုးကျအောင် မလုပ်နိုင်ရင် ငါ့ဘေးနားမှာ နေဖို့မသင့်ဘူး "

အေးစက်စွာ ပြောလာတဲ့ ခင်ပွန်းဖြစ်သူကြောင့် သူမ‌၏ ကျောပြင်သည် ချွေးတို့ဖြင့် စိုရွှဲလာသယောင် ခံစားလိုက်ရသည်။ ဒေါ်ဧကရီသည် တည်တင်းသော မျက်နှာဖြင့် ဘေးတွေရပ်နေပြီ သူတို့အား ကြည့်မနေခဲ့ပေ။ ထိုအမျိုးသမီး၏ ဘေးတွင် သူမသည် အစေခံသာသာ ခံစားချက်ဖြင့် သိမ်ငယ်စွာရပ်တန့်နေရသည်။

သို့သော် သားဖြစ်သူက မည်သို့ အပြစ်ပြုမိသည်ကိုမသိတာကြောင့်

" မိုင်း ... အဖေ့ကိုတောင်းပန်လိုက်လေ ။ ဘာလို့မတ်တပ်ရပ်နေတာလဲ "

" တောင်းပန်ဖို့ နောက်ကျသွားပြီ။ Lion king ရဲ့ အမိန့်အပြင်၊ အခွင့်အာဏာ အလွဲသုံးစားလုပ်ခဲ့တဲ့ မင်းသားကို အချိုးကျအောင် မရဏလက်ထဲတစ်လ အပ်ရမယ်။ "

ဖခင်စကားကြောင့် ...မိုင်း အံ့အားသင့်သွား၏။

"အဖေ.. ကျွန်တော် ဘာအပြစ်လုပ်မိတာလဲ"

ဦးခမ်းစက်ပိုင်သည် စိတ်ပျက်စွာမျက်နှာအားမဲ့လိုက်ရင်း

"လူတစ်ယောက်ကို သေအောင် သတ်လို့ရတယ် မိုင်းစက်ပိုင်။ ဒါပေမဲ့ နောက်ကြောင်းကို သေချာအောင် အရင်စုံစမ်းရတယ်။ အေး... သတ်ပြီးရင်လည်း လက်စလက်နမကျန်အောင် အပြီးရှင်းနိုင်ရမယ်။  ပြီးခဲ့တဲ့ အပတ်က မင်းသတ်ခဲ့တဲ့ လူက ဘယ်သူထင်လဲ"

မိုင်းစက်ပိုင်သည် စိုးရိမ်ထိတ်လန့်သွားသည်။ မကြာခဏ လူသေမူ့တွေရှိတက်ပေမဲ့ မည်သည့်ဇာတ်ကြောင်းမှရှုပ်မလာတာကြောင့် သူ့စိတ်ထဲ ပေါ့ပေါ့ပါးပါးပဲထားခဲ့မိသည်။

"  လျို့ဝှက်ခန်းကို မင်းဖွင့်နိုင်လောက်အောင် မင်းမှာ အာဏာ ရှိနေပြီလား"

"ကျွန်တော်...."

" ငါ့သားဖြစ်ရုံနဲ့ ငါနေရာကို မင်းကိုပေးပါ့မယ်လို့မဆိုလိုဘူး။ ဒီနေရာက ထိုက်တန်တဲ့သူဆီကိုပဲ ရောက်နိုင်တယ် ။ နောက် ဒူးနေရာဒူး တော်နေရာ တော် နေတက်အောင်နေပါ။ မရဏ သူ့ကို သေချာဆုံးမလိုက်"

"ဘာလို့လဲ ။ ကျွန်တော်က အဖေ့သားရော ဟုတ်ရဲ့လား။ ဒီအရွယ်ရောက်နေပြီ မရှိတော့တဲ့ သူတစ်ယောက်အတွက် နေရာကျန်နေပြီး ကျွန်တော်တို့ညီအကိုတွေအတွက်ကျ  အစေခံသာသာပဲ နေရတယ်။ ဒါဆို ဘာလို့အစကတည်းကမွေးထားသေးလဲ။ "

မိုင်းစက်ပိုင်သည် မရဏ၏ ချုပ်ကိုင်မူ့ကို ရုန်းဖယ်လိုက်ရင်းရင်ထဲက မကျေနပ်စိတ်အား အော်ဟစ်လိုက်သည်။
မိုင်းစက်ပိုင်၏ စကားကြောင့်ကျောခိုင်းထားတဲ့ဒေါ်ဧကရီသည် လှည့်လာကာ သွေးနီရောင်ထနေသော
ဒေါသမျက်လုံးများဖြင့်ကြည့်ကာ မိုင်းစက်ပိုင်အား လက်ညိုးထိုးလိုက်လေသည်။

" မရှိတော့တဲ့သားဆိုတာ ဘာလဲ။ ငါ့သား ဘယ်တော့မှမသေဘူး။ အစကတည်းက ငါ ခွင့်မပြုခဲ့ရင် နင်တို့ဆိုတာလည်းရှိလာမှာမဟုတ်ဘူး"

"မိုင်းစက်ပိုင် တော်ပြီ ဆက်မပြောတော့နဲ့"

မိခင်ဖြစ်သူအပြေးအလွှားလာဆွဲပေမဲ့
မိုင်းစက်ပိုင်သည် တွန်းဖယ်လိုက်လေသည်။

" မသေသေးရင် အန်တီတွေ့အောင်လိုက်ရှာလေ။
မဟုတ်ရင် ခုထိ ကလေးပျောက်ရှာပုံတော် ဆိုတဲ့ လူမသိသူမသိ အရူးလို လိုက်ရှာနေတဲ့ အကြောင်းတွေအပြင် ၊ အိမ်ထဲမှာ အန်တီသားကို ရှင်လူလို တစ်ထီးတစ်နန်းထားတဲ့
ခပ်ကြောင်ကြောင်အပြုအမူတွေကို ရပ်တန်းကရပ်လိုက်တော့လေ"

ခါတိုင်းခေါ်နေကြ အမေဆိုပြီးဟန်ဆောင်ပန်ဆောင်တောင် မခေါ်တော့ပေ။ ဒေါသကြောင့် ဘောင်လွတ်လာတဲ့စကားတွေကြောင့် ဘေးမှာရှိတဲ့ မရဏပင် မျက်မှောင်ကုတ်၍သွား၏။

"မိုင်းစက်ပိုင်..မင်း"

ခွပ်....

မရဏ ဆွဲချုပ်ထားတဲ့ကြားကနေ ဦးခမ်းစက်ပိုင် ဇွတ်ဝင်ထိုးလိုက်တာမို့လည်ထွက်သွားတဲ့ ကိုယ်လုံးသည်
တစ်ဖက်သို့လဲကျလုလု။

ဒေါ်ဧကရီသည် နောက်ဆုံးမိုင်းစက်ပိုင်းပြောသည့်စကားကြောင့် ခြေထောက်တွေပင်ပျော့ခွေသွားကာ ဘေးက ခုံကိုပင် ထောက်ထားရသည်အထိ ဖြစ်သွားလေသည်။

"မဟုတ်ဘူး။ ငါ့သားမ သေဘူး"

"ဧကရီ"

ဦးခမ်းစက်ပိုင် အပြေးလာတွဲပေမဲ့   ဒေါ်ဧကရီသည် ရွံရှာစွာတွန်းဖယ်ပစ်လိုက်သည် ။

" အားလုံးနင့်ကြောင့်။ ငါ့သားပျောက်သွားတာလည်းနင့်ကြောင့်။ "

"ဧကရီ ငါပြော..."

"တော်ပြီ ငါဘာစကားမှမကြားချင်ဘူး"

ဧကရီသည် မိုင်းစက်ပိုင်အားစေ့စေ့ကြည့်ကာ ပြောလိုက်သည်။

"မရဏ သူ့ကို အကြမ်းဖက်ထဲခြောက်လပို့လိုက်"

အကြမ်းဖက်ဆိုတဲ့စကားကြောင့် ဦးခမ်းစက်ပိုင်တုန်လှုပ်သွား၏  ထိုနေရာသည် တကယ့်အပြစ်သားတွေသာ ပို့သည့်တကယ့်တောတွင်းနေရာတစ်ခုသာဖြစ်၏
အသက်ရှင်ဖို့မနည်းရုန်းကန်ရမည့်နေရာတစ်ခုဖြစ်တဲ့အပြင် ရာသီဥတုကလည်းအလွန်အင်မတန်ဆိုးဝါးလှသည်။

သူအသက်မရှင်နိုင်ရင်ရော။

"လွှတ်... ကျွန်တော်မသွားဘူး။ အဖေ ကျွန်တော်မသွားချင်ဘူးနော်။ အဖေ... "

မိုင်းစက်ပိုင် ကြောက်လန့်တကြားအော်ဟစ်နေသော်ငြား ဦးခမ်းစက်ပိုင်သည် မလှုပ်ရှားချေ။

အမှန်တော့ lion king ၏ အရှင်သခင်သည် သူ
မဟုတ်ချေ။

အစစ်အမှန်သခင်မသည် ဧကရီသာဖြစ်၏။

မရဏအပါအဝင် အဖွဲ့အစည်း၏ လက်ရွေးစင်
ထိပ်သီးဆယ့်ခြောက်ယောက်သည် ဧကရီ၏ အမိန့်အောက်တွင်သာ ရှိလေသည်။
သူသည်ဟန်ပြအုပ်ချုပ်သူဖြစ်ပြီး ဒီနှစ်ပိုင်းအတွင်းသားဇောကြောင့် အုပ်ချုပ်သူမရှိတဲ့
အဖွဲ့အစည်းအား ဧကရီ  အစားထိန်းချုပ်ပေးနေရသူသာ။

မရဏ ဆွဲချုပ်ခေါ်ငင်သွားတဲ့ သားဖြစ်သူအားငေးကာ ပြန်ဆွဲခေါ်ချင်စိတ်ဖြင့် သူ့လက်သီးအားကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

မည်သို့ပင်ဆိုစေကာမူ့ သူသည် ဧကရီ၏
အစေခံသာသာမို့ ....

ေလျပည္ေလညင္းတို႔တိုက္ခတ္ေနတဲ့လမ္းမထက္တြင္ နီယြန္ေရာင္စံုမီးတို႔သည္ လင္းလဲ့ေနေခ်သည္။
စံုသာၿမိဳင္သည္ လက္တစ္ဖက္တြင္ ခ်မ္းေအး၏ လက္ကေလးအားေထြးဆုပ္ကာ ကားတို႔စည္ကားရာ လမ္းမေဘးေတြ ၿငိမ္းခ်မ္းစြာ လမ္းေလ်ွာက္ေနခဲ့၏။

"ခ်မ္းေအး အစာေၾကၿပီလား"

ေဘးမွာ ရိွေနေသာ ေကာင္ေလးသည္
သူ၏ လက္ေမာင္းအား ေမးဖ်ားျဖင့္ ပြတ္အား ရြန္းလဲ့ေသာ မ်က္ဝန္းျဖင့္ ေခါင္းညိတ္ျပလာ၏။

" ကိုကိုေရာ "

စံုသာၿမိဳင္သည္ သူ႔၏ ႏႈတ္ဖ်ားအားမထိန္းႏိုင္ပဲၿပံဳးမိေတာ့သည္။ ထို႔ေနာက္ သူ႔၏ခ်စ္သူအား
ေခါင္းေလးဖိပြတ္ရင္းပင္

"ကိုကိုလည္း အဆင္ေျပသြားၿပီ" ဟု ေျပာေလသည္။
ညခ်မ္းေအးသည္ ကိုကိုဆိုေသာစကားတို႔ေၾကာင့္
ပါးျပင္ဟာ ရွက္ေသြးတို႔ျဖင့္ ပူေစြးလာေလ၏။ မၾကာခဏ ႏႈတ္တိုက္ေခၚဆိုေသာ အေခၚအေဝၚသည္
ညခ်မ္းေအးမွသာ ျဖစ္ၿပီး စံုသာၿမိဳင္ႏႈတ္ကေန ထိုသို႔ ထြက္လာခဲ့သည္မွာ ပထမဦးဆံုးအႀကိမ္ျဖစ္ၿပီး ၾကည္ႏႉးစရာသာ ျဖစ္ခဲ့၏။

ခုမွအတိအလင္းခ်စ္သူျဖစ္သကဲ့သို႔ ရင္ခုန္မူ႔သည္
အေတာမသပ္ေတာ့ေပ။

" ဘယ္သြားခ်င္ေသးလဲဗ် "

ရင္ခုန္သံေတြအားထိန္းခ်ဳပ္ရင္း ညခ်မ္းေအးအားေမးလိုက္သည္။ စီၿမိဳ႔ေတာ္သည္ အေတာ္ေလးစည္ကားရာ နယ္စပ္ၿမိဳ႔ျဖစ္တာေၾကာင့္ ေလာင္းကစားဝိုင္းမ်ားသည္လည္း ေပါမ်ားေလသည္။
အထင္ကရ ကာစီႏိုဝိုင္မ်ားသည္ ညမီးေရာင္ေအာက္မွာ လူမ်ားဝင္ထြက္ရာ ေလာကစည္းစိမ္တစ္ခုႏွယ္။

ညခ်မ္းေအးသည္ ေခါင္းရမ္းလိုက္၏။

ၿမိဳ႔ေတာ္စီသည္ သုခဘံုဟု တင္စားေခၚေဝၚတက္သည္မွာ အေၾကာင္းမဟုတ္။
ညၪ့္ငွက္မေလးမ်ားသည္ လမ္းေဘးတြင္ တရားဝင္
ေလ်ွာက္ျပန္သံေပးေနတာကိုလည္းေတြ့ရ၏။

တရားဝင္ ခြင့္ျပဳထားေသာ ေနရပ္ျဖစ္သည္ေၾကာင့္
ျပၫ့္တန္ဆာ အလုပ္သည္ ေနရာမေရြးတြင္ရိွေနေလသည္။  ေရာက္တက္ရာရာေလ်ွာက္လာတာေၾကာင့္ ဘယ္ဆီေရာက္ေနမွန္း မသိရေပ။ ျမင္ေတြ့ေနရသၫ့္ ခပ္စိတ္စိတ္ မိန္းမငယ္ေလးေတြေၾကာင့္ ညခ်မ္းေအးသည္ စိုးထိတ္လာ၏။ စံုသာၿမိဳင္ကေတာ့ ဂရုစိုက္မိပံုမေပၚေပ။ 
သူတို႔ေရာက္ေနရာ ေနရာသည္ လူငယ္ေတြအတြက္မသင့္ေတာ္သလို ခံစားခ်က္မ်ားေပးေနတာမို႔
ညခ်မ္းေအးသည္ နီရဲေသာ ပါးျပင္ျဖင့္ လက္ကိုဆြဲကာ ထပ္မံေခါင္းရမ္းျပလိုက္သည္။

"ျပန္ရေအာင္"

"ပင္ပန္းေနၿပီလား။ ဒါဆို ကိုကို ကားငွားလိုက္ေတာ့မယ္ေနာ္"

စံုသာၿမိဳင္သည္ ျငင္းခ်က္ေပးမေနေပ။
ခ်စ္သူ၏ လက္ဖ်ားအားဆြဲကာ ထိုလမ္း၏ ေဘးဖက္လမ္းခ်ိဳးအား ခ်ိဳးဝင္လိုက္ၿပီး အသြားအလာမ်ားေသာ လမ္းေပၚရိွ အငွားကားတစ္စီးအားတားျမစ္လိုက္ေလသည္။

သူတို႔အတြက္ စကၠန႔္ငွားေပးထားေသာ အဆင့္ျမင့္ ေဟာ္တယ္တစ္ခုကို ရြတ္ျပရင္း ခုထိ ေနသားမက်ေသးေသာ ညခ်မ္းေအးအားငံု႔ကာၾကၫ့္လိုက္၏။
သူ႔အၾကၫ့္အား ညခ်မ္းေအး နားလည္၏။
မည္သို႔မွ မေနျခင္းအေပၚ တစ္မ်ိဳးတစ္မည္ထင္ကာ မ်က္ႏွာေလး အနည္းငယ္ မေက်နပ္စိတ္ျဖင့္ မဲ့ကာ သြား၏။

"ကိုကို႔အတြက္ အဲ့ဒီေနရာက မစိမ္းသက္ဘူးမို႔လား"

မည္သၫ့္အရာသို႔ရည္ၫႊန္းမွန္းမသိတာေၾကာင့္
သူသည္ ဇေဝဇဝါသာ ျဖစ္၍သြား၏။
ညခ်မ္းေအးသည္ ငိုေတာ့မတက္ျဖစ္လာ၏။
သူသည္ မ်က္လႊာကို အသာခ်ကာ တြဲဆုပ္ထားတဲ့လက္ကို ျဖဳတ္လိုက္၏။

" ကြၽန္ေတာ္ဝမ္းနည္းတယ္"

အသံသည္ တိုးလြန္းလွသည္။
သို႔ေသာ္ စံုသာၿမိဳင္ၾကားေလသည္။
သူသည္စိုးထိတ္သၫ့္ မ်က္ႏွာထားျဖင့္ ခ်စ္သူ၏
အၾကၫ့္အားေတြ့လိုရန္ေခါင္းကို ငံု႔ကာ ၾကၫ့္လိုက္သည္။

" ကိုကို ဘယ္ႏွစ္ခါေတာင္ သြားဖူးတာလဲ "

"ဘာ..ဘာကိုလဲ"

စြပ္စြဲခ်က္ေၾကာင့္ သူသည္ အနည္းငယ္သံသယဝင္လာေလသည္။
ထို႔ေနာက္ သူ႔ေမးခြန္းကို ျပန္ေျဖလာတဲ့
ေကာင္ေလးေၾကာင့္ ဘာကိုရည္ရြယ္မွန္းသိသြားေတာ့၏။

" အဲ့မိန္းကေလးေတြဆီေပါ့" တဲ့။

စံုသာၿမိဳင္အတြက္ ထိုအေနအထားသည္ အလြန္အမင္းရွက္ရြံ႔ေစမတက္ပင္။ သူသည္ ေရ႔ွတၫ့္တၫ့္ကို ၾကၫ့္ကာ

" တစ္..တစ္ခါမွ မသြားဖူးဘူး"ဟု အျမန္ပင္ျပန္ေျဖေတာ့သည္။ သံသယစိတ္ျဖင့္ 

ညခ်မ္းေအးသည္ မ်က္ေမွာင္ေလးတြန႔္ကာ ထပ္ေမးလိုက္သည္။

" ေသခ်ာရဲ့လား"

ခုထိလွၫ့္မၾကၫ့္ေသးတဲ့ အမ်ိဳးသားသည္ နားရြက္ဖ်ားမ်ားရဲ လ်က္ပင္ ေခါင္းဆတ္ျပ၏။

"ေသခ်ာတယ္။ ခုထိ လူပ်ိဳစစ္စစ္"

ညခ်မ္းေအးသည္ ေတာင့္ေတာင့္ႀကီးရိွေနေသးတဲ့ ခ်စ္သူ၏ လက္ေမာင္းအား မွီႏြဲ႔ကာ ေပ်ာ္ရႊင္သြား၏။ ‌ကားေမာင္းသမားသည္
သူမသိေသာ လ်ိဳ႕ဝွက္စကားမ်ားအား သိခ်င္စိတ္ျဖင့္အေနာက္အားမသိမသာ  ခိုးၾကၫ့္လိုက္သည္။
သူျမင္လိုက္သည္က နီရဲေနတဲ့ မ်က္ႏွာ ႏွစ္ခုကိုသာ ။

လူပ်ိဳစစ္စစ္နဲ႔ တစ္ခါမွမသြားဖူးဘူး။

အဲ့ဒါဘာအေၾကာင္းမ်ားဘာလိမ့္။

ကားသမားသည္ ထိုဆန္းၾကယ္လူသားႏွစ္ဦးအား
အထင္ကရ ေနရာတစ္ခုအား လိုက္ပို႔ခဲ့ေလသည္။
အမွန္ေတာ့ ခမ္းနားႀကီးက်ယ္မူ႔အား ညခ်မ္းေအး
အျမင္ဆန္းေနမိသည္။
လွပ ေတာက္ေျပာင္ေသာ အဆင့္ျမင့္ေဟာ္တယ္တြင္ တည္းခိုဖို႔ သူ႔အေနျဖင့္မတက္ႏိုင္တာေသခ်ာေလသည္။ ထို႔ေၾကာင့္မဝင့္ရဲေသာ စိတ္ေတျြဖင့္ လူဟာ အနည္းငယ္ စိုးထိတ္ေနခဲ့သည္။

" ခါးကိုမတ္ မ်က္ႏွာကို ေရ႔ွတၫ့္တၫ့္ၾကၫ့္"

ကိုကိုသည္ လူျမင္ကြင္းတြင္ သူ၏လက္အားဆြဲလာ၏။
ရွက္ရြံ႔စြာရုန္းဖယ္ဖို႔ ႀကံသၫ့္အခါ တင္းၾကပ္လာေသာ လက္ႏွင့္အတူ ကိုကို႔ဆီမွ ေနြးေထြးေသာ အ ၾကၫ့္ကေရာက္လာ၏။

"ကိုကိုရိွတယ္။ ေရ႔ွကိုၾကၫ့္ မေၾကာက္နဲ႔"

ဘယ္ေလာက္ေတာင္ အားအင္ျဖစ္ေစသနည္း။
ထိုစကားေၾကာင့္ ႏွလံုသားသည္ ပူေနြးလာခဲ့ေလၿပီ။
ရဲတြက္ေသာ မ်က္ဝန္းျဖင့္ ခ်စ္သူအားေမာ့ၾကၫ့္သၫ့္အခါ မ်က္ခံုးကို ပင့္ကာဆြဲထားေသာ လက္ကို လႈပ္ရမ္းလာသည္။

ညခ်မ္းေအးသည္ ဆည္းလည္းလို အသံျဖင့္တိုးညင္းစြာ ရယ္ေမာလာေလသည္။
သူသည္ ေခါင္းညိတ္ကာ ကိုကို႔၏ အားအင္ျဖင့္  ေရ႔ွသို႔ရဲရင့္စြာေလ်ွာက္မိသည္။

ေတာက္ပေသာ အခန္းအလယ္တြင္ ႏွစ္ေယာက္အိပ္ခုတင္တစ္လံုးသည္ ဖဲေမြ့ယာျဖင့္ ေသခ်ာအလွဆင္ထားသည္။

ညခ်မ္းေအးသည္  ကိုစကၠန႔္ အရင္ပို႔ေဆာင္ေပးထားေသာ ခရီးေဆာင္အိတ္အား အခန္း၏ ေထာင့္တစ္ေနရာတြင္ေတြ့လိုက္ရသည္။
သူသည္ အျမန္ပင္ထိုေနရာအားသြားကာ
ခ်စ္သူ၏ အထုတ္အပိုးအား ျဖည္လိုက္ေလရာ ညီညာေသာ ပုဆိုးႏွင့္ အက်ႌတို႔အား အထပ္လိုက္ေတြ့ရ၏။

"ကိုကို ေရအရင္ခ်ိဳးလိုက္ပါ့လား"

တစ္ေနကုန္မို႔ မလန္းမဆန္း ျဖစ္ေနမွာ ဧကန္ပင္။

"အြန္း ...ကိုကို႔အတြက္  ပုဆိုးထုတ္ေပးပါအံုး။ "

ေမြ့ယာစပ္မွာထိုင္ရင္း သူ၏ အဝတ္အစားတို႔အား ေရြးခ်ယ္ေနေသာ ေကာင္ေလးအား ၾကၫ့္ကာ ရင္ထဲ
ၾကည္ႏႉးမိပါသည္။
အနက္ေရာင္ ေကာေဇာအထပ္တြင္ အတိုင္းသားထိုင္ေနတဲ့ ညခ်မ္းေအးသည္ စိတ္ပါဝင္စားစြာ သူ၏ အဝတ္တို႔အားေရြးခ်ယ္ေနၿပီး

"ေရလဲမွာမဟုတ္လား ။ ကြၽန္ေတာ္ ပုဆိုးရယ္ ...
မ်က္ႏွာသုတ္ပုဝါရယ္ ညဝတ္အက်ႌရယ္ထုတ္လိုက္မယ္"

"အင္း "

စံုသာၿမိဳင္ ခပ္ေလးေလးေျပာလိုက္သည္။
သူ၏ အၾကၫ့္ေတြထဲ ညခ်မ္းေအး၏ ခပ္စိုက္စိုက္ မ်က္ေတာင္ဖ်ားမွာ ေငးၾကၫ့္ရင္း ရင္ထဲ စိတ္ထင့္တဲ့အေတြးေတြဝင္လာခဲ့သည္။ ျမတ္ခန႔္ေသတဲ့ အမူ႔သည္ ‌ေသြးရိုးသားရိုးျဖစ္ႏိုင္ပါ့မလား။
စကၠန႔္ကေရာ ယံုၾကည္ရႏိုင္ပါ့မလား။
ျဖစ္မလာေသးေပမဲ့ အိမ္မက္ေတြထဲရိွ ခ်စ္သူ၏ ေသဆံုးျခင္းအေပၚမွာလည္း ျမဳပ္ကြက္ေလးေတြရိွေနသည္။

****ကားနံပါတ္တြင္ မည္သူထိုင္လိုက္ခဲ့တာလဲ။

စက္ပိုင္ မိသားစုႏွင့္ ညခ်မ္းေအး၏ ရန္ၿငိဳးအေၾကာင္းေတြးမိေတာ့ ရင္ထဲ မေကာင္းေတာ့ေပ။

"ကိုကို"

အေတြးလြန္ေနဆဲ ညခ်မ္းေအး ၏ ေခၚသံေၾကာင့္ ဟင္ခနဲ ထူးမိလိုက္သည္။
ညခ်မ္းေအးသည္ သူ႔အနီးတြင္ ပုဝါေခါက္ေလး‌ကိုင္ကာ ရပ္ေနသည္။

" ေရခ်ိဳးမလို႔ဆို"

သူအျမန္ပင္ ေခါင္းညိတ္လိုက္သည္။

" ခဏေလး ကြၽန္ေတာ္ လုပ္ေပးမယ္"

ပုဆိုးေအာက္ ေျခေထာက္အား ဆြဲမ သေယာင္ျပဳေတာ့ သူ၏ ခႏၶာကိုယ္သည္ ေတာင့္တင္းသြား၏။

"မလုပ္နဲ႔ ။ ကိုယ့္ဘာသာ လုပ္မယ္"

တားျမစ္သၫ့္အခါ ညခ်မ္းေအးသည္ စိတ္မေကာင္းျဖစ္တဲ့မ်က္ႏွာေလးျဖင့္ ေခါင္းေမာ့လာ၏။

" ဘာမွမျဖစ္ပါဘူး။ ကြၽန္ေတာ္ ကိုစံုသာၿမိဳင္ရဲ့ အရာအားလံုးကို ခ်စ္ျမတ္ႏိုးပါတယ္"

နာမည္တပ္ေခၚခံလိုက္ရတဲ့အခါ သူ၏ မေက်လည္မူ႔သည္ တိုးလာ၏။
ဒါကို ညခ်မ္းေအးျမင္တဲ့အခါ မသက္မသာၿပံဳးကာ သူ၏ ေျခတုတပ္ထားရာ ေျခေထာက္ကို သူ၏ ေပါင္ေပၚတင္ကာ ပုဆိုးအားအသာမလိုက္၏။

" ဒါေလးေတာင္ ကိုကို စိတ္မခ်မ္းသာဘူးမို႔လား။
ခ်စ္သူေတြပဲဗ်ာ။ အရာရာအားလံုး မ်ွေဝခံစားေပးရမွာပဲမဟုတ္ဘူး။ "

သူသည္ေျပာလက္စျဖင့္ တပ္ထားေသာ အဝါေရာင္ေျခ‌တုအား အသာဆြဲခြၽတ္လိုက္သည္။

ခုထိ အသားမက်ေသးေသာ စံုသာၿမိဳင္သည္ ရွက္ရြံ႔နီေစြးေသာ ၊ မလံုၿခံဳေသာ ခံစားခ်က္ျဖင့္ သူ၏ ဆိုးဝါးေသာ ေျခေထာက္အား ဂရုတစိုက္ဆြဲဖယ္ေနတဲ့ ေကာင္ငယ္ေလးအား ငံု႔ၾကၫ့္ေနခဲ့သည္။
ေျခခ်င္းဝတ္အထက္ပိုင္းနားထိ ျဖတ္ေတာက္ထားေသာ အသားသည္ ေျခေခ်ာင္းေတြ မပါရိွပဲ အနည္းငယ္ စိတ္မခ်မ္းေျမ့ဖြယ္ရာျမင္ကြင္းျဖစ္မည္လား။

ခ်စ္သူသာ သူ၏ ရုပ္ဆိုးေသာ အပိုင္းအား
မႏွစ္သက္ႏိုင္ခဲ့ရင္ေရာ။
သူစိုးရိမ္စိတ္ျဖင့္ အနည္းငယ္ ဆြဲဖယ္ဟန္ျပဳသၫ့္အခါ ညခ်မ္းေအးသည္ ျပန္လည္ဆြဲယူထားေလသည္။

" မရုန္းပါနဲ႔ ကြၽန္ေတာ္ ၾကည္ျဖဴပါတယ္ ။ ဘယ္အရာမဆို ... ကိုကို႔ရဲ့ ဘယ္အစိတ္အပိုင္းမဆို ကြၽန္ေတာ္ အကုန္ခ်စ္ျမတ္ႏိုးပါတယ္"

ညခ်မ္းေအးသည္ ခြၽတ္ယူထားတဲ့ ေျခတုအားေဘးမွာ ေထာင္ကာ စံုသာၿမိဳင္ထ၍ ရေအာင္ လက္ေမာင္းကေန ဆြဲ ထူလိုက္သည္။

" ထ ... ေရခ်ိဳးခန္းထဲထိေရာက္ေအာင္ကြၽန္ေတာ္ လိုက္ပို႔ေပးမယ္ "

ေျခတုမပါေသာ အနိမ့္ျမင့္မတူညီတဲ့ ေျခေထာက္တို႔အား ေငးကာ သူသည္ မခ်ိေသာ အၿပံဳးအားၿပံဳးမိေခ်သည္။
ယေန့ လမ္းအနည္းငယ္ပိုေလ်ွာက္ခဲ့သည္မို႔ ေျခေထာက္တို႔သည္ မဆိုသေလာက္နာက်င္ပါေသာ္ျငား သူသည္ အၿပံဳးမျပတ္ခဲ့ေခ်။

ယခုမူသူသည္ စိတ္အေျခအေနေကာင္းမေနေခ်။

သူေရခ်ိဳးၿပီးသၫ့္ေနာက္ သူ႔အား ေရသုတ္ေပးသၫ့္အျပင္ ညဝတ္အက်ႌ၏ ၾကယ္သီးတို႔အားေသခ်ာတပ္ေပးေနျပန္သည္။

" ကိုယ့္ဘာသာ တပ္ပါ့မယ္။ ေရသြားခ်ိဳးေခ်ေတာ့ေနာ္။ "

ေခ်ာ့ေမာ့လႊတ္ၿပီး သြားခိုင္းမွ ညခ်မ္းေအးသည္ ေရခ်ိဳးေတာ့သည္။

‌ႏွစ္ေယာက္အိပ္ကုတင္ေပၚရိွ ငွက္ကေလးႏွစ္ေကာင္သည္ ပံုမပ်က္ေသးေပ။
သူသည္ စိတ္မရွည္စြာ ထိုငွက္သ႑ာန္ျပဳလုပ္ထားေသာ တဘတ္တို႔အားဆြဲဖယ္ကာ အေဝးပို႔လိုက္သည္။

ညခ်မ္းေအး ေရခ်ိဳးၿပီးထြက္လာခ်ိန္တြင္ စံုသာၿမိဳင္သည္ တစ္ဖက္သို႔လွၫ့္ကာ အိပ္ေနၿပီျဖစ္သည္။

ေဘးမွာ လြတ္ေနေသာ ေနရာဝင္အိပ္ရင္း
ကိုကိုရိွရာအရပ္သို႔ မ်က္ႏွာ မူလိုက္တဲ့အခ်ိန္တြင္ တစ္ဖက္ေစာင္းအိပ္ေနေသာ သူသည္ လွၫ့္လာေလသည္။

" ရြာကိုမျပန္ေတာ့နဲ႔ေနာ္"

အႀကိမ္ေရမည္မ်ွ‌ မွန္းမသိ ေအာင္ ေျပာေနတဲ့
သူအားၾကၫ့္၍ သူသည္ထပ္မံ၍ ေခါင္းညိတ္ျပလိုက္သည္။

" ဒီကအျပန္ ထြက္စာတင္ဖို႔ အရင္လုပ္လိုက္မယ္"

" ေက်းဇူးတင္ပါတယ္ ခ်မ္းေအးရယ္"

နားရြက္ဖ်ားေပၚတင္ေနတဲ့ ဆံ‌ႏြယ္ေတြအားသပ္တင္ေပးရင္း ဆိုလိုက္၏။

ေကြးၫြတ္ေနေသာ မ်က္ဝန္းအိမ္သည္သူ႔အားေငးရင္း ေမးဖ်ားရိွအၿခိဳက္ေလးႏွစ္ဖက္ေပၚလာေအာင္ပင္ ၿပံဳး၍ လာေခ်၏။

"ခ်စ္ေပးတဲ့အတြက္ ကို႔ကိုကိုလည္း ေက်းဇူးတင္ပါတယ္ဗ်ာ"

သူ႔စကားေၾကာင့္တစ္ဖက္လူသည္ ၿငိမ္သက္၍ သြား၏ ထို႔ေနာက္ ေသးသြယ္ေသာ ခါးေပၚ လက္တစ္ဖက္သည္ ဖြဖြဖက္လာ၏။

"အိပ္ရေအာင္ "

ညခ်မ္းေအးသည္ ထပ္မံ စကားဆိုလိုက္သည္။

" ကိုကို လူပ်ိဳစစ္တယ္ဆိုတာ တကယ္လား"

ေမးမိွတ္လုလု မ်က္ဝန္းသည္ ဖြင့္ဟလာေလသည္။

" ဘာျဖစ္ရျပန္တာလဲ"

" ေသခ်ာေအာင္လို႔ "

" ေသခ်ာတယ္။ ေရမေရာဘူး"

"ဘယ္သူ႔အတြက္ခ်န္ထားတာလဲ"

စံုသာၿမိဳင္၏ မ်က္ႏွာသည္ ရင့္မွၫ့္လြန္သစ္သီးကဲ့သို႔ရဲေဖာက္လာေလသည္။
ညခ်မ္းေအးသည္ ထိုအေနအထားအားၾကၫ့္ကာ
ဆိုးယုတ္ေသာ အေတြးတစ္ခုဝင္လာ၏။

" ကြၽန္ေတာ့္အတြက္လား"

ေဖာင္းခနဲ ေပါက္ကြဲသြားေသာ ရင္ထဲရိွ  အေတြးလိႈင္းေၾကာင့္ စံုသာၿမိဳင္သည္ မ်က္လံုးအစံုအားတင္းတင္းမိွတ္ကာ ထားမိေတာ့သည္။
သူ၏ လက္ထဲရိွ ခါးေသးေသးအားတစ္ခ်က္ဆုပ္ကာ
ဆြဲၫွစ္လိုက္ၿပီး မေျပာသင့္တဲ့ စကား‌အား မေၾကာက္မရြံ႔ေျပာတက္လြန္းသူအား မည္သို႔ဆံုးမရမလဲ အလ်ီင္အျမန္ ေတြးလိုက္မိသည္။

ညခ်မ္းေအးသည္ ၿငိမ္သြားတဲ့ ခ်စ္သူ၏ေဘးအားအတင္းတိုးကာ ကပ္လိုက္ၿပီး

"ကိုကို  ဟုတ္သလား။ အဲ့ဒါကြၽန္ေတာ့္အတြက္လားဟု ထပ္ေမးျပန္သည္။

သူသည္ သက္ျပင္းခ်ကာ ညတာရွည္ေတာ့မၫ့္ ညတစ္ညအေၾကာင္း  မခ်ိတင္ကဲေတြးမိလိုက္သည္။

"ကိုကိုဆို"

"ဟုတ္တယ္။ မင္းအတြက္ ။ မင္းအတြက္ပဲ။
ကိုကို႔ရဲ့ လူပ်ိဳဘဝေရာ ၊ လူအိုဘဝေရာ မင္းအတြက္ပဲ ။ ေက်နပ္လား"

ညခ်မ္းေအး တစ္ခိခိ ‌ရယ္လိုက္သည္။

" ေက်နပ္တာေပါ့ဗ်ာ။ ကိုကို႔ကိုခ်စ္တယ္"

ေမးဖ်ားအားထိေတြ့လာတဲ့ အနမ္းတရိႈက္ ေၾကာင့္ ပူေလွာင္ေသာ အတြင္းစိတ္တို႔သည္ ေရေအးႏွင့္ပက္ျဖန္းခံရသလို ၿငိမ္းေအးသြားရ၏။

_________

"ျဖန္း"

လည္ထြက္သြားတဲ့ပါးျပင္အားပြတ္ရင္း မယံုၾကည္ႏိုင္စရာ ေကာင္းသၫ့္အၾကၫ့္ျဖင့္ အေဖျဖစ္သူအားၾကၫ့္မိသည္။
ဤသည္မွာ အဖြဲ႔အစည္း၏ ေနရာတစ္ခု၌ ျဖစ္၏။
မရဏသည္ သခင္ငယ္အား လ်စ္လ်ူရႈ႔ကာ ေဒၚဧကရီ၏ ေရ႔ွတြင္ ေခါင္းငံု႔ကာရပ္ေနေလသည္။ အခန္း၏ အက်ယ္အဝန္းသည္ လူ ငါးဆယ္နီးပါးဆန႔္ေအာင္က်ယ္ဝန္းသည္။ မိုင္းစက္ပိုင္သည္
Lion king အဖြဲ႔အစည္း၏ ထိုေနရာအား ယခုအႀကိမ္သာ ေရာက္ဖူးျခင္းျဖစ္ေလသည္။ 
ပတ္ဝန္းက်င္သည္တိတ္ဆိတ္ေနသည္။ အသံရႈသံ
သဲ့သဲ့သည္ပင္ မၾကားႏိုင္ေလာက္ေအာင္ တိတ္ဆိတ္မူ႔က ႀကီးစိုးေနခဲ့၏။ဘာျဖစ္မည္မသိေပမဲ့ေကာင္းသၫ့္အလားလာေတာ့ မျမင္ေပ။

"အေမ"

အကူညီရေအာင္ ေဒၚဧကရီ အားၾကၫ့္မိသၫ့္အခါ သက္ျပင္းတစ္ခ်က္ရိႈက္ကာ မိုင္းစက္ပိုင္အား ေက်ာခိုင္းလိုက္သည္။

ထို႔ေနာက္ေအးစက္ေသာ အသံျဖင့္ မရဏအားရည္စူး၍ ေျပာလိုက္သည္။

" သူ႔အေမ ဘယ္ခ်ိန္ေရာက္မလဲ"

မရဏသည္ အလြန္အမင္းသတိႀကီးစြာထားရေသာ အသံျဖင့္ သခင္မေရ႔ွမွာ ေအာက္က်ိဳ႕ႏိွမ့္ခ်စြာ ေျပာလိုက္သည္။

" ငါးမိနစ္အတြင္းေရာက္မယ္လို႔ ဖုန္းရထားပါတယ္"

"လုပ္ပိုင္ခြင့္ကို နင္ေပးခဲ့သလား ခမ္းစက္ပိုင္"

" ငါမဟုတ္ဘူး။ ခုထိ lion kingရဲ့အာဏာက ငါ့လက္ထဲမွာ။ မင္းရဲ့ခြင့္ျပဳခ်က္မပါပဲ ငါမလုပ္ဘူးဆိုတာ မင္းသိမွာပါ  " 

မိုင္းစက္ပိုင္သည္ မ်က္လံုးျပဴးကာ နားစိုက္ေထာင္ေနခဲ့သည္။
သူ၏ ဖခင္သည္ အဖြဲ႔အစည္း၏ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ကာ မည္သူတစ္ဦးတစ္ေယာက္မွာနာမည္ေခၚဖို႔မေျပာႏွင့္ေလသံမာမာျဖင့္ေတာင္ျပန္ေျပာရဲသူမဟုတ္ေခ်။ သို႔ေသာ္ ေအးစက္လွေသာ ေဒၚဧကရီကေတာ့ သူ၏ အျမင္ကို ဖယ္ရွားကာ ‌အရွင္သခင္မ တစ္ေယာက္မွ သူ၏ အေစခံအားေခၚၾကားသလို ေခၚဆိုခဲ့သည္။

တုန္လႈပ္မူ႔ႀကီးစိုးကာ သူသည္ မိေထြးျဖစ္သူ၏ ေက်ာျပင္အားေငးေမာေနခဲ့ေလသည္။

မရဏသည္ သခင္မ၏ ေဒါသအား မျမင္တာၾကာျမင့္ခဲ့ၿပီမို႔ တုန္လႈပ္စြာေဘးမွာ ရပ္ၾကၫ့္ေနခဲ့၏။

မၾကာခင္ ျပာယာခတ္စြာ မိုင္းစက္ပိုင္၏ မိခင္ေရာက္လာေလသည္။

" ကိုႀကီး သားကို ..."

ခမ္းစက္ပိုင္ လက္ကာျပကာ

" ေမြးထားတဲ့ သားေတြကိုေတာင္မွ အခ်ိဳးက်ေအာင္ မလုပ္ႏိုင္ရင္ ငါ့ေဘးနားမွာ ေနဖို႔မသင့္ဘူး "

ေအးစက္စြာ ေျပာလာတဲ့ ခင္ပြန္းျဖစ္သူေၾကာင့္ သူမ‌၏ ေက်ာျပင္သည္ ေခြၽးတို႔ျဖင့္ စိုရႊဲလာသေယာင္ ခံစားလိုက္ရသည္။ ေဒၚဧကရီသည္ တည္တင္းေသာ မ်က္ႏွာျဖင့္ ေဘးေတြရပ္ေနၿပီ သူတို႔အား ၾကၫ့္မေနခဲ့ေပ။ ထိုအမ်ိဳးသမီး၏ ေဘးတြင္ သူမသည္ အေစခံသာသာ ခံစားခ်က္ျဖင့္ သိမ္ငယ္စြာရပ္တန႔္ေနရသည္။

သို႔ေသာ္ သားျဖစ္သူက မည္သို႔ အျပစ္ျပဳမိသည္ကိုမသိတာေၾကာင့္

" မိုင္း ... အေဖ့ကိုေတာင္းပန္လိုက္ေလ ။ ဘာလို႔မတ္တပ္ရပ္ေနတာလဲ "

" ေတာင္းပန္ဖို႔ ေနာက္က်သြားၿပီ။ Lion king ရဲ့ အမိန႔္အျပင္၊ အခြင့္အာဏာ အလြဲသံုးစားလုပ္ခဲ့တဲ့ မင္းသားကို အခ်ိဳးက်ေအာင္ မရဏလက္ထဲတစ္လ အပ္ရမယ္။ "

ဖခင္စကားေၾကာင့္ ...မိုင္း အံ့အားသင့္သြား၏။

"အေဖ.. ကြၽန္ေတာ္ ဘာအျပစ္လုပ္မိတာလဲ"

ဦးခမ္းစက္ပိုင္သည္ စိတ္ပ်က္စြာမ်က္ႏွာအားမဲ့လိုက္ရင္း

"လူတစ္ေယာက္ကို ေသေအာင္ သတ္လို႔ရတယ္ မိုင္းစက္ပိုင္။ ဒါေပမဲ့ ေနာက္ေၾကာင္းကို ေသခ်ာေအာင္ အရင္စံုစမ္းရတယ္။ ေအး... သတ္ၿပီးရင္လည္း လက္စလက္နမက်န္ေအာင္ အၿပီးရွင္းႏိုင္ရမယ္။  ၿပီးခဲ့တဲ့ အပတ္က မင္းသတ္ခဲ့တဲ့ လူက ဘယ္သူထင္လဲ"

မိုင္းစက္ပိုင္သည္ စိုးရိမ္ထိတ္လန႔္သြားသည္။ မၾကာခဏ လူေသမူ႔ေတြရိွတက္ေပမဲ့ မည္သၫ့္ဇာတ္ေၾကာင္းမွရႈပ္မလာတာေၾကာင့္ သူ႔စိတ္ထဲ ေပါ့ေပါ့ပါးပါးပဲထားခဲ့မိသည္။

"  လ်ိဳ႕ဝွက္ခန္းကို မင္းဖြင့္ႏိုင္ေလာက္ေအာင္ မင္းမွာ အာဏာ ရိွေနၿပီလား"

"ကြၽန္ေတာ္...."

" ငါ့သားျဖစ္ရံုနဲ႔ ငါေနရာကို မင္းကိုေပးပါ့မယ္လို႔မဆိုလိုဘူး။ ဒီေနရာက ထိုက္တန္တဲ့သူဆီကိုပဲ ေရာက္ႏိုင္တယ္ ။ ေနာက္ ဒူးေနရာဒူး ေတာ္ေနရာ ေတာ္ ေနတက္ေအာင္ေနပါ။ မရဏ သူ႔ကို ေသခ်ာဆံုးမလိုက္"

"ဘာလို႔လဲ ။ ကြၽန္ေတာ္က အေဖ့သားေရာ ဟုတ္ရဲ့လား။ ဒီအရြယ္ေရာက္ေနၿပီ မရိွေတာ့တဲ့ သူတစ္ေယာက္အတြက္ ေနရာက်န္ေနၿပီး ကြၽန္ေတာ္တို႔ညီအကိုေတြအတြက္က်  အေစခံသာသာပဲ ေနရတယ္။ ဒါဆို ဘာလို႔အစကတည္းကေမြးထားေသးလဲ။ "

မိုင္းစက္ပိုင္သည္ မရဏ၏ ခ်ဳပ္ကိုင္မူ႔ကို ရုန္းဖယ္လိုက္ရင္းရင္ထဲက မေက်နပ္စိတ္အား ေအာ္ဟစ္လိုက္သည္။
မိုင္းစက္ပိုင္၏ စကားေၾကာင့္ေက်ာခိုင္းထားတဲ့ေဒၚဧကရီသည္ လွၫ့္လာကာ ေသြးနီေရာင္ထေနေသာ
ေဒါသမ်က္လံုးမ်ားျဖင့္ၾကၫ့္ကာ မိုင္းစက္ပိုင္အား လက္ညိုးထိုးလိုက္ေလသည္။

" မရိွေတာ့တဲ့သားဆိုတာ ဘာလဲ။ ငါ့သား ဘယ္ေတာ့မွမေသဘူး။ အစကတည္းက ငါ ခြင့္မျပဳခဲ့ရင္ နင္တို႔ဆိုတာလည္းရိွလာမွာမဟုတ္ဘူး"

"မိုင္းစက္ပိုင္ ေတာ္ၿပီ ဆက္မေျပာေတာ့နဲ႔"

မိခင္ျဖစ္သူအေျပးအလႊားလာဆြဲေပမဲ့
မိုင္းစက္ပိုင္သည္ တြန္းဖယ္လိုက္ေလသည္။

" မေသေသးရင္ အန္တီေတြ့ေအာင္လိုက္ရွာေလ။
မဟုတ္ရင္ ခုထိ ကေလးေပ်ာက္ရွာပံုေတာ္ ဆိုတဲ့ လူမသိသူမသိ အရူးလို လိုက္ရွာေနတဲ့ အေၾကာင္းေတြအျပင္ ၊ အိမ္ထဲမွာ အန္တီသားကို ရွင္လူလို တစ္ထီးတစ္နန္းထားတဲ့
ခပ္ေၾကာင္ေၾကာင္အျပဳအမူေတြကို ရပ္တန္းကရပ္လိုက္ေတာ့ေလ"

ခါတိုင္းေခၚေနၾက အေမဆိုၿပီးဟန္ေဆာင္ပန္ေဆာင္ေတာင္ မေခၚေတာ့ေပ။ ေဒါသေၾကာင့္ ေဘာင္လြတ္လာတဲ့စကားေတြေၾကာင့္ ေဘးမွာရိွတဲ့ မရဏပင္ မ်က္ေမွာင္ကုတ္၍သြား၏။

"မိုင္းစက္ပိုင္..မင္း"

ခြပ္....

မရဏ ဆြဲခ်ဳပ္ထားတဲ့ၾကားကေန ဦးခမ္းစက္ပိုင္ ဇြတ္ဝင္ထိုးလိုက္တာမို႔လည္ထြက္သြားတဲ့ ကိုယ္လံုးသည္
တစ္ဖက္သို႔လဲက်လုလု။

ေဒၚဧကရီသည္ ေနာက္ဆံုးမိုင္းစက္ပိုင္းေျပာသၫ့္စကားေၾကာင့္ ေျခေထာက္ေတြပင္ေပ်ာ့ေခြသြားကာ ေဘးက ခံုကိုပင္ ေထာက္ထားရသည္အထိ ျဖစ္သြားေလသည္။

"မဟုတ္ဘူး။ ငါ့သားမ ေသဘူး"

"ဧကရီ"

ဦးခမ္းစက္ပိုင္ အေျပးလာတြဲေပမဲ့   ေဒၚဧကရီသည္ ရြံရွာစြာတြန္းဖယ္ပစ္လိုက္သည္ ။

" အားလံုးနင့္ေၾကာင့္။ ငါ့သားေပ်ာက္သြားတာလည္းနင့္ေၾကာင့္။ "

"ဧကရီ ငါေျပာ..."

"ေတာ္ၿပီ ငါဘာစကားမွမၾကားခ်င္ဘူး"

ဧကရီသည္ မိုင္းစက္ပိုင္အားေစ့ေစ့ၾကၫ့္ကာ ေျပာလိုက္သည္။

"မရဏ သူ႔ကို အၾကမ္းဖက္ထဲေျခာက္လပို႔လိုက္"

အၾကမ္းဖက္ဆိုတဲ့စကားေၾကာင့္ ဦးခမ္းစက္ပိုင္တုန္လႈပ္သြား၏  ထိုေနရာသည္ တကယ့္အျပစ္သားေတြသာ ပို႔သၫ့္တကယ့္ေတာတြင္းေနရာတစ္ခုသာျဖစ္၏
အသက္ရွင္ဖို႔မနည္းရုန္းကန္ရမၫ့္ေနရာတစ္ခုျဖစ္တဲ့အျပင္ ရာသီဥတုကလည္းအလြန္အင္မတန္ဆိုးဝါးလွသည္။

သူအသက္မရွင္ႏိုင္ရင္ေရာ။

"လႊတ္... ကြၽန္ေတာ္မသြားဘူး။ အေဖ ကြၽန္ေတာ္မသြားခ်င္ဘူးေနာ္။ အေဖ... "

မိုင္းစက္ပိုင္ ေၾကာက္လန႔္တၾကားေအာ္ဟစ္ေနေသာ္ျငား ဦးခမ္းစက္ပိုင္သည္ မလႈပ္ရွားေခ်။

အမွန္ေတာ့ lion king ၏ အရွင္သခင္သည္ သူ
မဟုတ္ေခ်။

အစစ္အမွန္သခင္မသည္ ဧကရီသာျဖစ္၏။

မရဏအပါအဝင္ အဖြဲ႔အစည္း၏ လက္ေရြးစင္
ထိပ္သီးဆယ့္ေျခာက္ေယာက္သည္ ဧကရီ၏ အမိန႔္ေအာက္တြင္သာ ရိွေလသည္။
သူသည္ဟန္ျပအုပ္ခ်ဳပ္သူျဖစ္ၿပီး ဒီႏွစ္ပိုင္းအတြင္းသားေဇာေၾကာင့္ အုပ္ခ်ဳပ္သူမရိွတဲ့
အဖြဲ႔အစည္းအား ဧကရီ  အစားထိန္းခ်ဳပ္ေပးေနရသူသာ။

မရဏ ဆြဲခ်ဳပ္ေခၚငင္သြားတဲ့ သားျဖစ္သူအားေငးကာ ျပန္ဆြဲေခၚခ်င္စိတ္ျဖင့္ သူ႔လက္သီးအားက်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။

မည္သို႔ပင္ဆိုေစကာမူ႔ သူသည္ ဧကရီ၏
အေစခံသာသာမို႔ ....

Bạn đang đọc truyện trên: ZingTruyen.Xyz