ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

31

eainsi23

အိမ်ပြန်ရောက်သည်နှင့် ညချမ်းအေး ပထမဦးဆုံး လုပ်တဲ့ကိစ္စသည် အလုပ်ထွက်စာတင်ခြင်းပင်။
နီးကပ်လာသော ဆက်ဆံရေးတွေမို့ စုံသာမြိုင်သည် အရေးကြီးအလုပ်တွေအား သွားလာတက်သည်မှလွဲ၍ ကျန်အချိန်များတွင် ချမ်းအေးနားသာ ကပ်နေတက်ခြင်းဖြစ်၏။

ချစ်ထွန်း၏ အလုပ်မှာ စုံသာမြိုင် မသွားဖြစ်တဲ့နယ်ဝေး ဆန်စက်များအား ပတ်၍ ကြည့်ရခြင်းဖြစ်၏။

ယုံကြည်ရသော သစ္စာခံအလုပ်သမားတွေကလွန်ခဲ့သော နှစ်တွေက
ရွှေမှော်ကနေ ခေါ်ဆောင်လာသော မိသားစုများဖြစ်တာကြောင့် စုံသာမြိုင်၏ အင်အားသည် သေးငယ်သည်တော့မဟုတ်။

သို့သော် ချစ်ထွန်းတစ်ယောက်ကတော့ နှစ်လ တစ်ကြိမ်မျှသာ အိမ်ကပ်ရ၏။

ကိုသက်ခိုင်သည် သမီးတစ်ဖက်နှင့်ဖြစ်တာတစ်ကြောင်း ၊ ကိုဘမှောင်သည် မိန်းမယူထားတာ မကြာသေးတာတစ်ကြောင်း ကြောင့် နယ်ဝေးအလုပ်တို့သည် သူ့ခေါင်းပေါ် စုပုံလာလေသည်။

ယနေ့ အိမ်ပြန်ရောက်သည်နှင့် တပြိုင်နက်
သူသည် ပန်းသမျှအား အတိုးချနားလေမည်ဟု အားခဲထားရာ အိမ်ပေါက်‌ဝမှာ ‌စုပုံထားသော သူ့အဝတ်ထုတ်တို့အား မြင်လိုက်ရသည့်အခိုက်....

" ဒါက ဘယ်လိုဖြစ်ရတာလဲ "

ဧည့်ခန်းမှာထိုင်နေတဲ့ စုံသာမြိုင်သည်
ညချမ်းအေးလှီးကျွေးထားတဲ့ ပန်းသီးစိတ်ကလေးများအား မြိန်ယှက်စွာစားနေ၏။
ချစ်ထွန်း၏ ဖြစ်အင် အား အလေးမထားသလိုပင်
ပြောလိုက်သည်။

" မင်းဒီမှာ နေလို့မရတော့ဘူး"

" ဘာဖြစ်လို့လဲ ကိုစုံရ "

ချစ်ထွန်း၏ တသက်လုံး အိမ်ဆိုတာ သီးသန့်မရှိခဲ့ပေ။ သူ့အိမ်သည် စုံသာမြိုင်ရှိရာအရပ် ဖြစ်သည်ကြောင့် ပူပင်သောက ဟူသည် ဂျိုနှင့်လား ဟုမေးမရမတက်ပင်။ အိမ်ပြန်ရောက်သည်နှင့် သူဝတ်ပြီးသားအဝတ်လျှော်ပေးမည့်သူ၊ သူစားမဲ့ထမင်းအား ခူးခပ်ကျွေးမည့်သူက အဆင်သင့်။

ထိုသို့ အဖြစ်ကနေ ဘဝပြောင်းရတော့မည့်အရေးကြောင့် သူသည် တုန်လှုပ်စွာ သူ့ဆရာအားကြည့်မိနေသည်။

ထိုအချိန်တွင် ညချမ်းအေးသည် စုံသာမြိုင်အတွက်
အင်္ကျီလက်ရှည်တစ်ထည်အား ကိုင်၍ ထွက်လာလေသည်။

" ကိုကို ပန်းသီးတွေ အတော်လောက်ပဲ စားလေ။
လက်ရှည်ကလည်း ဝတ်မထားဘူး။ နေကောင်းပျောက်တာဖြင့် မကြာသေးပဲနဲ့ "

ချစ်ထွန်းဆီသို့ ရှု့တည်တည်ကြည့်နေတဲ့ အကြည့်တချို့သည် လားရာ ပြောင်းသွားသည်နှင့် နုညံ့သိမ်မွေ့သော အကြည့်တို့အဖြစ် ပျားရည်အလားပြောင်းလဲသွား၏။

ချစ်ထွန်းတစ်ယောက်ပါးစပ်အဟောင်းသား ဖြင့်
အိမ်ဝင်ပေါက်မှာ ရပ်တန့်နေတုန်းဖြစ်၏။
သေးသွယ်သော လက်တစ်ဖက်ဟာ
စားလက်စ ပန်းသီးစိတ်ကလေးအား ဆွဲယူသွား၏။
ထပ်မံ၍ ချစ်ထွန်းအံ့ဩသွားရပြန်၏။
သူအပါအဝင် အိမ်ရှိလူတို့သည် အစာစားနေသော စုံသာမြိုင်အား နှောင့်ယှက်ရဲသူမည်သူမှမရှိပေ။
သို့သော် ကျောင်းဆရာငယ်ဟာ ပိုင်စိုးပိုင်နင်းအမူအယာဖြင့် ပြုမူနေချေသည်။ ဘယ်လိုတောင် အတင့်ရဲရတာလဲ။ မကျေနပ်ဟန်ဖြင့် ကြည့်နေမိသော်ငြား တစ်ယောက်သော သူကတော့ ထိုသို့ ဖြစ်ဟန်မတူ။

ထို့အပြင် သက်တောင့်သက်သာ ဟန်ဖြင့် ဆွဲယူလိုက်သော လက်တို့ကို အနွေးထည်တစ်ထည်ဖြင့် ကလေးသဖွယ် ဝတ်ဆင်ပေးခြင်းခံလိုက်ရသည်။

နွားအိုကြီးအောက်သွားမရှိကို ချစ်ထွန်းမြင်ဘူးပါ၏။

သူ့၏ ဆရာ၏ ဖြစ်အင်သည် ထို့ထက်ဆိုးမည်လော။

နောက်ဆုံးအကြောင်းပြချက်အား သိသွားပြီမို့ ချထားသော အဝတ်အိတ်အားဆွဲကာ
အိမ်အပြင်ပြန်ထွက်သွားလေတော့သည်။

နေစရာသည် ယောက်ဖရော ကိုသက်ခိုင်ရော ရှိ၍သာ တော်ပါတော့မည်။

ရံဖာရံခါ စုံသာမြိုင်၏နေအိမ်တွင် လူစုဖြစ်ကြသည်။
ထမင်းဝိုင်းတွင် လူစုံတက်စုံ ရောက်ရှိနေကြချိန်တွင် ပြောစရာ စကားများဟာလည်း မကုန်ခမ်းနိုင်ကြသလိုပင်။

"ဒီရက်ပိုင်း ချစ်သွေးငယ် ပြန်ရောက်တော့မယ်တဲ့"

ကိုသက်ခိုင်စကားကြောင့် ထမင်းဝိုင်းမှာ လူတချို့သည် စိတ်လှုပ်ရှားဟန်ဖြစ်၍သွား၏။
ညချမ်းအေးတစ်ယောက်တင် မသိနားနိုး အမူအယာဖြင့် ရှိနေတာဖြစ်၏။
တခြားလူမပြောလေနှင့် စုံသာမြိုင်သည်ပင် စားလက်စဇွန်းကိုချကာ သေချာနားထောင်နေလေသည်။

ချစ်သွေးငယ်ဆိုတာမည်သူနည်း။

စိတ်ဝင်စားတာကြောင့် ထမင်းပင်မစားတော့ပဲ မျက်လုံးလေးကလယ်ကလယ်ဖြင့် ကြည့်နေခိုက်
ကိုဘမှောင်သည် ခေါင်းညိတ်ကာ ဂုဏ်ယူဟန်ဖြင့်

"ပြန်လာတော့ ကောင်းတာပေါ့ကွာ။ ဘာပဲဖြစ်ဖြစ်
တို့လုပ်ငန်းတွေမှာ လူလိုနေတာနဲ့ အဆင်သင့် ဖြစ်တာပေါ့"

ချစ်ထွန်းသည် ကျေနပ်စွာပင်ပြုံးလိုက်သည်။ သူ့မျက်လုံးတွေထဲတွင် ကိုဘမှောင်လိုပင် ဂုဏ်ယူဟန်က အထင်းသား။
စုံသာမြိုင်သည် နားထောင်နေတဲ့ ညချမ်းအေးအား ရှင်းပြလေသည်။

"ချစ်သွေးငယ်က ရွှေမှော်မှာ တွေ့ခဲ့တဲ့ ကိုကို့ လူယုံတစ်ယောက်ရဲ့သမီးလေ။ချမ်းအေးလိုပဲ
ဉာဏ်အရမ်းကောင်းတယ်။ ပြည်ပမှာ ကျောင်းတက်နေတာ သုံးနှစ်ကျော် လောက်ရှိပြီထင်တယ်။ ခုပြန်လာတော့မယ်ဆိုတော့ သူ့ကိုခိုင်းဖို့အလုပ်‌ တွေ
ပုံနေတာနဲ့အတော်ပဲပေါ့ "

"ဪ"

ထိုစကားတစ်ခွန်းသာ သူပြောနိုင်တော့သည်။
ကိုယ့်အလုပ်မဟုတ်ပေမဲ့ ရင်ထဲအောင့်သက်သွားရ၏။

သူတုန်းကဆို မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ချေ။ စုံသာမြိုင်သည်လည်း လျို့ဝှက်ကာ ထောက်ပံ့ပေးခဲ့တာမို့ သူ၏ အားကိုးရာသည် အရီးနှင့် ဘကြီးကိုသာ ဦးတည်ခဲ့ရသည်။

ကျောင်းပိတ်ရက်များတွင် မျှော်သူကင်းမဲ့သော ရွာအား မပြန်ချင်ခဲ့သလို အိမ်ဆိုတဲ့ဝေါဟာရက သူနှင့်သက်ဆိုင်မူ့ ကင်းမဲ့ခဲ့သည်။
ဝမ်နည်းမူ့ဟာရင်ထဲလှိုက်တက်လာသော်ငြား ငါယောက်ျား ပါဆိုတဲ့မာနက တားခဲ့၏။
ထမင်းဝိုင်းသည် စီးပွားရေးအကြောင်းများပါသလို
ကိုယ်မသိသော လူတချို့၏ အကြောင်းများဟာ
သူ့အား သီးသန့်ဖြစ်စေခဲ့သည်။

ထို့အပြင် သူသည် မည်သည့် ဘက်ကမှ
ချစ်သူ့အား အကူအညီမဖြစ်စေသော လူပိုသက်သက်ဟုသာ တွေးထင်မိတော့သည်။

သုံးရက်မြောက်လွန်သော နယ်စက်ရုံတစ်ခုတွင် မီးလောင်မူ့တစ်ခုဖြစ်ပွားခဲ့သည်။
ထိုမီးသည် ရှို့မီးသည်လော ၊ သို့မဟုတ် ရိုးရိုးတန်းတန်းမီးလောင်မူ့လော ၊ သတင်းထွက်မလာသေးပေ။ လတ်တလော လူနှစ်ယောက် သေဆုံးခဲ့သည်မို့ ပြဿနာက အကြီးတန်းအဆင့်ပင်။

"ချစ်ထွန်း ... ချစ်ထွန်းဘယ်မှာလဲ"

ဖုန်းရတာကြောင့် စုံသာမြိုင် အော်ခေါ်သော်ငြား

"ချစ်ထွန်းက ငယ်လေး ကို ‌သွားကြိုတယ်" ဟူသော ကိုသက်ခိုင်ဆီက အဖြေသာရလေသည်။

ကျစ်ခနဲ စိတ်မရှည်စွာ စုတ်သပ်လိုက်တာကြောင့်
ကိုသက်ခိုင် အဝေးကနေ လှမ်းဖြေရာမှ စုံသာမြိုင်၏ အခန်းရှေ့ထိလျှောက်လာလေသည်။
ထို့အတူ ညချမ်းအေးသည်လည်း အိမ်ပေါ်ကနေ ပြေးဆင်းလာရာ နှစ်ယောက်အတူ စုံသာမြိုင်၏ အခန်းရှေ့တွင်စုံလေသည်။

" ကိုသက်ခိုင် ဘာဖြစ်တာတဲ့လဲ"

" မသိဘူး ဆရာလေး ။ နေပါဦး ကျုပ်မေး ကြည့်ပါဦးမယ်"

ကိုသက်ခိုင် စေ့ထားတဲ့အခန်းတံခါးကိုတွန်းဖွင့်လိုက်တော့ စုံသာမြိုင်သည် အခန်းထောင့်တွင် ကုန်းကုန်းကွကွဖြင့်အဝတ်တို့အားထည့်နေလေသည်။

" ဘာဖြစ်တာတဲ့လဲ "

" နယ်စက်ရုံ မီးလောင်လို့။ ခုသွားရမယ် ။ ကားအဆင်သင့်ပြင်ခိုင်းထားလိုက်"

ညချမ်းအေး ထိတ်လန့်သွားပေမဲ့ မည်သည့်စကားမှ မေးမနေချေ။ ထိုအချိန် ချစ်ထွန်းတစ်ယောက် စကားတပြောပြောဖြင့် မိန်းကလေး တစ်ယောက်ဖြင့် အိမ်ထဲဝင်လာလေသည်။ မိန်းကလေးသည် အဖြူရောင် အင်္ကျီကို လှပသော အနက်ရောင် ဘောင်းဘီတစ်ထည်ဖြင့်တွဲဝတ်ထားလေသည်။
ထို့အပြင်ဒေါက်ဖိနပ်တစ်ရံဖြင့် တွဲစီးထားလေရာ
ကိုယ်ဟန်လှလှသည် ထင်းရှင်းနေလေသည်။

ချစ်ထွန်းအသံကြားသည်ဖြင့် ကိုသက်ခိုင်သည်
ဝမ်းသာအားရ ပြန်ပြေးထွက်လာကာ

" ချစ်ထွန်း သွားအဝတ်ပြန်ထည့်ချေ။ စက်ရုံမီးလောင်မူ့ဖြစ်လို့တဲ့ ကိုစုံနဲ့ချက်ချင်းလိုက်သွားရမယ်"

"ခုသွားရမှာလား။ ညီမလိုက်ခဲ့မယ်။ "

ချစ်ထွန်းပြန်ထွက်သွားတာမြင်တော့ ချစ်‌ငယ်သွေး အလျင်စလို ပြောလိုက်လေသည်။ သို့သော်ချစ်ထွန်းသည်တုန့်ပြန်မနေတော့ချေ။ လတ်တလော ကိုဘမှောင်အိမ်တွင်နေနေသည်မို့ အဝတ်အစားတို့အား တစ်ခေါက်ပြန်ယူရမှာဖြစ်၏။

ရှုပ်ယှက်ခတ်နေတဲ့ လူတွေကြားမှာ
ညချမ်းအေးတစ်ယောက်သာ ဘာလုပ်ရမှန်းမသိအောင် ထီးထီးရပ်နေခြင်းဖြစ်၏။

ချစ်ထွန်းပြန်လာချိန်တွင် စုံသာမြိုင်သည် စာရွက်စာတမ်းအပြင် လိုအပ်သော ပစ္စည်းတချို့အား ထည့်သိုပြီးလေပြီ။
အလျင်စလို အခန်းကနေထွက်လာတဲ့အချိန်တွင် ချစ်ငယ်သွေးသည် စုံသာမြိုင်၏ လက်ထဲက အထုတ်တချို့ကိုဆွဲယူသွား၏။

"ကိုကြီး ညီမလိုက်ခဲ့မယ် ပေး"

ရင်ထဲ တင်းခနဲ ဖြစ်သွားသည်မို့ တားမြစ်မယ် ကြံတဲ့အချိန် စုံသာမြိုင်သည် ခေါင်းညိတ်ပြီးပြီဖြစ်၏။
လေထဲ လှမ်းခေါ်ရန် ပြင်ဆင်နေတဲ့လက်ကလေးသည် စိတ်အားငယ်စွာအောက်ပြန်ချသွားခဲ့၏။
ထို့နောက် သူ့အား မည်သည့်စကားမှမဆိုသွားပဲ ကားသည် လေးညို့မှလွှတ်သည့်မြှားလို့ ပြေးထွက်သွားပြီ။

ညချမ်းအေးသည် ထိုနေရာမှာ ငြိမ်သက်စွာ ကျန်ခဲ့လေသည်။ ကြီးမားသော အိမ်ကြီးသည် တိတ်ဆိတ်မူ့ကြောင့်ခြောက်ခြားဖွယ်ရာပင်။

ခြေစုံရပ်နေသော ကောင်ငယ်လေးသည်
အတော်ကြာတဲ့အထိလှုပ်ရှားမူ့ကင်းမဲ့နေသည်။

"သူတို့ဖက်က အခြေအနေ ဘာထူးသေးလဲ"

မာန်သည် မိခင်စကားကြောင့် သူသိထားသမျှ သတင်းအား အလျင်စလိုပြောပြလိုက်သည်။

" ထူးတယ်။ ခု‌တလော မရဏတို့အဖွဲ့ လူတစ်ယောက်အကြောင်းစုံစမ်းနေကြတယ်။ ဖြစ်နိုင်တာက ဒေါ်ဧကရီ စေခိုင်းတာကြောင့် ဧရာစက်ပိုင် ဖြစ်နိုင်တယ် "

လှပသော အမျိုးသမီးသည် ထိုစကားကြောင့် တုန်လှုပ်သွား၏။

"ဒီမိန်းမ ခုချိန်ထိ လက်မလျော့သေးဘူး "

မာန်သည် မျက်နှာ ပျက်သွား၏။
ချက်ခြင်းဆိုသလို အကိုဖြစ်သူအားသတိရသွားကာ
လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ပြဿနာသည် မီးခိုးကြွက်လျှောက်ပင်။
အကိုဖြစ်သူ၏ လုပ်ရပ်ဖြင့် လျို့ဝှက်အဖွဲ့အစည်းတစ်ခုသည် တောက်လျှောက် သူတို့လုပ်ငန်းအား လိုက်နေလေသည်။

ဖခင်ဖြစ်သူမသိအောင် တိတ်တခိုးခွဲထွက်ထားတဲ့လုပ်ငန်းတွေကို မသိမသာလက်စသိမ်းနေရပြီး
Lion king မှာလည်း အနည်းငယ် အခြေအနေမဟန်ဖြစ်နေသည်။

"ဘယ်လက်လျော့မလဲ ။ Lion king က ဟန်ပြပဲ ။ အထဲမှာ အခွံပဲရှိတော့တဲ့ ပစ္စည်းတစ်ခုကို ဘယ်သူက လိုချင်မှာလဲ။ သူခုတလောအပူတပြင်းရှာနေရတာလဲ
သူ့သားကို အကုန်ပေးမလို့နေမှာ။ ခမ်းစက်ပိုင်ဆိုတာ နဂိုကတည်းက ဘာမှအသုံးမကျတဲ့ကောင် ။ သူ့ကိုမျှော်လင့်နေရင် ငါတို့အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်။ ဘယ်သူ့ကိုရှာနေတာလဲဆို အကုန်သိအောင်လုပ်ခဲ့မာန်။ "

မိခင်ဖြစ်သူ၏ အမိန့်ကြောင့်မာန်သည် ခေါင်းညိတ်ကာ ချက်ချင်းအိမ်ကနေပြန်ထွက်ခဲ့လေသည်။ တိတ်ဆိတ်သော ညတွင် မာန်၏ အရိပ်သည် အမှောင်တွင်း တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

သားသုံးယောက်အနက် မာန်သည် ဉာဏ်အကောင်းဆုံးကောင်လေးဖြစ်သည်။
သို့သော် မိုင်း လို မဟုတ်ပဲ အနေတည်ကာ တော်ရုံစကားသိပ်မပြောပေ။

နှောင်းကတော့ စာမှာစာပင်။
မည်သည့်ကိစ္စကိုမှစိတ်မဝင်စားပဲ သူ့ဘာသာ သီးသန့်နေတက်သော စာဂျပိုးဖြစ်၏။

သူမသည် သားဖြစ်သူထွက်သွားရာအမှောင်ရိပ်အား ငေးကြည့်နေရင်းအတိတ်ကိုပြန်လည် အမှတ်ရမိသည်။

ထိုအချိန်တွင် သူမ အသက် ၁၉နှစ်သာ ရှိပေဦးမည် ။

ထိုခေတ်အခါက လက်နက်မှောင်ခိုအပြင် အနက်ရောင်လောကတွင် Lion king မဖြစ်လာခင် က ရွှေခေတ်ကိုဦးဆောင်နေသော အဖွဲ့အစည်းတစ်ခုရှိ‌ေသးသည်။

ထိုအဖွဲ့တွင် ဦးရွှေတင်မောင်ဆိုသော ဘိန်းရာဇာသည် အနောက်လမ်းတွင် မသိသူမရှိထင်ရှားသည်။ ဘိန်းခင်းများအပါအဝင် နယ်စပ်ကူးသန်းရောင်းဝယ်ရေးဟာ  ဦးရွှေတင်မောင်၏
လက်ဝါးကြီးအုပ် ကြီးစိုးမူ့ပြင် ထွန်းပြောင်ခဲ့သည်။

တစ်ဦးတည်းသော သမီးဖြစ်သူ ရွှေဧကရီအား
ချစ်မြတ်နိုးပြီးသည်းသည်းလှုပ်တာကြောင့်
ထိုနယ်တကြောတွင် လိုက်ပိုးပန်းရဲသူပင်မရှိပေ။
ထို့အပြင် ပြည်ပတွင်သာ ထားခဲ့တာကြောင့်
ရွှေဧကရီသည် နာမည်ကြီးပေမဲ့ မြင်ဖူးသူကခပ်ရှားရှား။

ချမ်းသာလွန်းတာကြောင့် ဘိန်းရာဇာ ခရိုနီသူဌေးကြီး
ဦးရွှေတင်မောင် ဟုလည်း အလယ်ပိုင်းဒေသထိ ပျံ့နှံဘကျော်ကြားခဲ့၏။

ရွှေဧကရီ အသက်၂၃နှစ်အရွယ်တွင် ဦးရွှေတင်မောင်
သည် လုပ်ကြံခံရလေသည်။
အသက်သေဆုံးသည်ထိ မဖြစ်ပေမဲ့ ဒဏ်ရာပြင်းထန်တာကြောင့် အိမ်တွင်းသာ ကြိတ်ကုနေရတဲ့အချိန်
ပြည်ပကနေ ချက်ချင်းပြန်ရောက်လာတဲ့ဧကရီသည်
လုပ်ငန်းအားလုံးအား Lion king နာမည်ဖြင့် ပြည်ဖုံးကားချပစ်ခဲ့သည်။

တဖြည်းဖြည်းလုပ်ငန်းအားလုံး ပြောင်းရွေ့ခံရတဲ့အပြင် မိန်းမဦးဆောင်သောလုပ်ငန်းတို့သည် အနည်းငယ်တော့အဆင်မပြေရှိခဲ့သည်။ ခမ်းစက်ပိုင်သည် ဦးရွှေတင်မောင်၏ ညာလက်ရုံး ဦးခမ်းထောင်၏ သားဖြစ်သည်။ သိပ်မကြာခင် ရွှေဧကရီနှင့် လက်ထပ်ဖို့ ပြင်ဆင်လာကြချိန်တွင် သူမသည်
ခမ်းစက်ပိုင်နှင့် ချစ်သူတွေ အဖြစ် ခြောက်လအကြာ ရောက်ရှိနေပြီဖြစ်သည်။

ချစ်သူနှစ်ဦးကွေကွင်းရခြင်းမို့ သူမအနေနဲ့ ဧကရီအားမုန်းတီးခဲ့သည်။

လက်ထပ်ပြီး သိပ်မကြာခင် ပြည်ပနှင့်ကူးချည်သန်းချည်လုပ်နေတဲ့ ရွှေဧကရီသည် ကိုယ်ဝန်လွယ်ခဲ့ရသည်။

သားတွေမသိသော လျို့ဝှက်ချက်မှာ ဧကရီသည် ထိုကိုယ်ဝန်အားဖန်ပြွန်သန္ဓေဆောင်ခဲ့ခြင်းဖြစ်သည်ဟူသော သတင်းပင်။
ခုထိ ပက်သက်ဆက်နွယ်ခြင်းမရှိသော
ခမ်းဆက်ပိုင်သည် ဟန်ပြဖြစ်ပြီး တရားဝင်ပေါင်းသင်းဆက်ဆံမူ့မရှိခဲ့‌ ပေ။

သူတို့လက်ထပ်ပြီး တစ်နှစ်အကြာတွင် ဦးရွှေတင်မောင်သေဆုံးခဲ့သည်။ ထို့နောက်ပိုင်းဧကရီသည်
ကလေးမီးဖွားခဲ့ပြီး မီးဖွားနေစဉ်အတောအတွင်း
ဖခင်ဖြစ်သူကို လုပ်ကြံခဲ့သော သူများကပင်ထပ်မံ လုပ်ကြံခဲ့သည်။

ကလေးငယ်သည် တိုက်ပွဲအတွင်းမီးလောင်မူ့ကြောင့် သေဆုံးသည်လား ပျောက်ဆုံးသည်လား မသဲကွဲပေမဲ့ခုထိပိုက်ဆိတ်တိုက် ရှာနေခဲ့တာကိုတော့ လက်မလျော့ပေ။

ဧကရီသည် အလွန်မာနကြီးသော စိတ်မာသော မိန်းမဖြစ်သည်။

သို့သော် ထိုဖြစ်ရပ်ဖြစ်ပွားပြီးချိန်တွင် စိတ်ဓာတ်ကျကာ လုပ်ငန်းတစ်ခုလုံး ခမ်းစက်ပိုင်သာ ပခုံးပြောင်းတာဝန်ယူစေတော့သည်။ ခမ်းစက်ပိုင်တွင်အာဏာရသည်နှင့်တပြိုင်နက် သူမကိုပြန်လက်ထပ်ယူကာ
သားဆက်အားမွေးဖွားစေခဲ့သည်။

သားသုံးယောက်အား ဧကရီအသိအမှတ်ပြုခဲ့သော်ငြား သူမပိုင် စံအိမ်တွင်တော့  မိမိကိုယ်တော့ခြေချခွင့်မပြုခဲ့လေပေ။

‌ဦးရွှေတင်မောင်လက်ထက်တွင်ရှာဖွေခဲ့သည့် ပစ္စည်းဥစ္စာသည် နည်းသည်မဟုတ်ပေ။
စိန်ဆို ပြည်တောင်းဖြင့်ချိန်တွယ်၍ ရအောင် ရှိသည်ဟူသော သတင်းစကားတို့သည် အလိမ်အညာမဟုတ်ပေ။
နာမည်ကြီးဘိန်းရာဇာ၏ သမီးတွင် ငွေမဲက‌ နေ
ငွေဖြူ ပြောင်းထားသော လျို့ဝှက် လုပ်ငန်း မည်မျှရှိမည်နည်း။

ပိုင်ဆိုင်မူ့အားနာမည်ကြီးပြည်ပဘဏ်တွင် သိမ်းဆည်းထားသည်ဟု သတင်းထွက်ခဲ့ပေမဲ့ လက်ဆုပ်လက်ကိုင်ပြစရာဟူ၍ သူမတို့တွင်ရှိမနေချေ။

ခု ဧရာစက်ပိုင်ပြန်ရှာတွေ့ပြီဆိုတော့
သူမ သားတွေအတွက်ကရော ။

နာကျည်းမူ့ဖြင့် သူမ မျက်လုံးတွေရဲရဲတောက်လာ၏။

သူမ တသက်လုံး ခမ်းစက်ပိုင်အနားတွင် ရွှေဧကရီအား သခင်မ တစ်ပါးနယ် ကိုးကွယ်ခဲ့သည်မှာ
သူမသားတွေအတွက်မျှော်လင့်ချက်ကြောင့်ပင်။

ခုတော့.....

ဖြူလျသော လက်တို့သည် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ချိန်တွင် စိမ်းပြာရောင်သွေးကြောတို့အား ပေါ်လွင်စေခဲ့သည်။
ထိုလက်တွင် အနက်ရောင်ပုတီးစေ့သဏ္ဍာန် အလုံးလေးပါသော လက်ပတ်ကြိုးလေးသည် လှုပ်ရှားမူ့ကြောင့်တင်းခနဲဖြစ်သွားလေသည်။

အိမ္ျပန္ေရာက္သည္ႏွင့္ ညခ်မ္းေအး ပထမဦးဆံုး လုပ္တဲ့ကိစၥသည္ အလုပ္ထြက္စာတင္ျခင္းပင္။
နီးကပ္လာေသာ ဆက္ဆံေရးေတြမို႔ စံုသာၿမိဳင္သည္ အေရးႀကီးအလုပ္ေတြအား သြားလာတက္သည္မွလြဲ၍ က်န္အခ်ိန္မ်ားတြင္ ခ်မ္းေအးနားသာ ကပ္ေနတက္ျခင္းျဖစ္၏။

ခ်စ္ထြန္း၏ အလုပ္မွာ စံုသာၿမိဳင္ မသြားျဖစ္တဲ့နယ္ေဝး ဆန္စက္မ်ားအား ပတ္၍ ၾကၫ့္ရျခင္းျဖစ္၏။

ယံုၾကည္ရေသာ သစၥာခံအလုပ္သမားေတြကလြန္ခဲ့ေသာ ႏွစ္ေတြက
ေရႊေမွာ္ကေန ေခၚေဆာင္လာေသာ မိသားစုမ်ားျဖစ္တာေၾကာင့္ စံုသာၿမိဳင္၏ အင္အားသည္ ေသးငယ္သည္ေတာ့မဟုတ္။

သို႔ေသာ္ ခ်စ္ထြန္းတစ္ေယာက္ကေတာ့ ႏွစ္လ တစ္ႀကိမ္မ်ွသာ အိမ္ကပ္ရ၏။

ကိုသက္ခိုင္သည္ သမီးတစ္ဖက္ႏွင့္ျဖစ္တာတစ္ေၾကာင္း ၊ ကိုဘေမွာင္သည္ မိန္းမယူထားတာ မၾကာေသးတာတစ္ေၾကာင္း ေၾကာင့္ နယ္ေဝးအလုပ္တို႔သည္ သူ႔ေခါင္းေပၚ စုပံုလာေလသည္။

ယေန့ အိမ္ျပန္ေရာက္သည္ႏွင့္ တၿပိဳင္နက္
သူသည္ ပန္းသမ်ွအား အတိုးခ်နားေလမည္ဟု အားခဲထားရာ အိမ္ေပါက္‌ဝမွာ ‌စုပံုထားေသာ သူ႔အဝတ္ထုတ္တို႔အား ျမင္လိုက္ရသၫ့္အခိုက္....

" ဒါက ဘယ္လိုျဖစ္ရတာလဲ "

ဧၫ့္ခန္းမွာထိုင္ေနတဲ့ စံုသာၿမိဳင္သည္
ညခ်မ္းေအးလွီးေကြၽးထားတဲ့ ပန္းသီးစိတ္ကေလးမ်ားအား ၿမိန္ယွက္စြာစားေန၏။
ခ်စ္ထြန္း၏ ျဖစ္အင္ အား အေလးမထားသလိုပင္
ေျပာလိုက္သည္။

" မင္းဒီမွာ ေနလို႔မရေတာ့ဘူး"

" ဘာျဖစ္လို႔လဲ ကိုစံုရ "

ခ်စ္ထြန္း၏ တသက္လံုး အိမ္ဆိုတာ သီးသန႔္မရိွခဲ့ေပ။ သူ႔အိမ္သည္ စံုသာၿမိဳင္ရိွရာအရပ္ ျဖစ္သည္ေၾကာင့္ ပူပင္ေသာက ဟူသည္ ဂ်ိဳႏွင့္လား ဟုေမးမရမတက္ပင္။ အိမ္ျပန္ေရာက္သည္ႏွင့္ သူဝတ္ၿပီးသားအဝတ္ေလ်ွာ္ေပးမၫ့္သူ၊ သူစားမဲ့ထမင္းအား ခူးခပ္ေကြၽးမၫ့္သူက အဆင္သင့္။

ထိုသို႔ အျဖစ္ကေန ဘဝေျပာင္းရေတာ့မၫ့္အေရးေၾကာင့္ သူသည္ တုန္လႈပ္စြာ သူ႔ဆရာအားၾကၫ့္မိေနသည္။

ထိုအခ်ိန္တြင္ ညခ်မ္းေအးသည္ စံုသာၿမိဳင္အတြက္
အက်ႌလက္ရွည္တစ္ထည္အား ကိုင္၍ ထြက္လာေလသည္။

" ကိုကို ပန္းသီးေတြ အေတာ္ေလာက္ပဲ စားေလ။
လက္ရွည္ကလည္း ဝတ္မထားဘူး။ ေနေကာင္းေပ်ာက္တာျဖင့္ မၾကာေသးပဲနဲ႔ "

ခ်စ္ထြန္းဆီသို႔ ရႈ႔တည္တည္ၾကၫ့္ေနတဲ့ အၾကၫ့္တခ်ိဳ႕သည္ လားရာ ေျပာင္းသြားသည္ႏွင့္ ႏုညံ့သိမ္ေမြ့ေသာ အၾကၫ့္တို႔အျဖစ္ ပ်ားရည္အလားေျပာင္းလဲသြား၏။

ခ်စ္ထြန္းတစ္ေယာက္ပါးစပ္အေဟာင္းသား ျဖင့္
အိမ္ဝင္ေပါက္မွာ ရပ္တန႔္ေနတုန္းျဖစ္၏။
ေသးသြယ္ေသာ လက္တစ္ဖက္ဟာ
စားလက္စ ပန္းသီးစိတ္ကေလးအား ဆြဲယူသြား၏။
ထပ္မံ၍ ခ်စ္ထြန္းအံ့ဩသြားရျပန္၏။
သူအပါအဝင္ အိမ္ရိွလူတို႔သည္ အစာစားေနေသာ စံုသာၿမိဳင္အား ေနွာင့္ယွက္ရဲသူမည္သူမွမရိွေပ။
သို႔ေသာ္ ေက်ာင္းဆရာငယ္ဟာ ပိုင္စိုးပိုင္နင္းအမူအယာျဖင့္ ျပဳမူေနေခ်သည္။ ဘယ္လိုေတာင္ အတင့္ရဲရတာလဲ။ မေက်နပ္ဟန္ျဖင့္ ၾကၫ့္ေနမိေသာ္ျငား တစ္ေယာက္ေသာ သူကေတာ့ ထိုသို႔ ျဖစ္ဟန္မတူ။

ထို႔အျပင္ သက္ေတာင့္သက္သာ ဟန္ျဖင့္ ဆြဲယူလိုက္ေသာ လက္တို႔ကို အေနြးထည္တစ္ထည္ျဖင့္ ကေလးသဖြယ္ ဝတ္ဆင္ေပးျခင္းခံလိုက္ရသည္။

ႏြားအိုႀကီးေအာက္သြားမရိွကို ခ်စ္ထြန္းျမင္ဘူးပါ၏။

သူ႔၏ ဆရာ၏ ျဖစ္အင္သည္ ထို႔ထက္ဆိုးမည္ေလာ။

ေနာက္ဆံုးအေၾကာင္းျပခ်က္အား သိသြားၿပီမို႔ ခ်ထားေသာ အဝတ္အိတ္အားဆြဲကာ
အိမ္အျပင္ျပန္ထြက္သြားေလေတာ့သည္။

ေနစရာသည္ ေယာက္ဖေရာ ကိုသက္ခိုင္ေရာ ရိွ၍သာ ေတာ္ပါေတာ့မည္။

ရံဖာရံခါ စံုသာၿမိဳင္၏ေနအိမ္တြင္ လူစုျဖစ္ၾကသည္။
ထမင္းဝိုင္းတြင္ လူစံုတက္စံု ေရာက္ရိွေနၾကခ်ိန္တြင္ ေျပာစရာ စကားမ်ားဟာလည္း မကုန္ခမ္းႏိုင္ၾကသလိုပင္။

"ဒီရက္ပိုင္း ခ်စ္ေသြးငယ္ ျပန္ေရာက္ေတာ့မယ္တဲ့"

ကိုသက္ခိုင္စကားေၾကာင့္ ထမင္းဝိုင္းမွာ လူတခ်ိဳ႕သည္ စိတ္လႈပ္ရွားဟန္ျဖစ္၍သြား၏။
ညခ်မ္းေအးတစ္ေယာက္တင္ မသိနားႏိုး အမူအယာျဖင့္ ရိွေနတာျဖစ္၏။
တျခားလူမေျပာေလႏွင့္ စံုသာၿမိဳင္သည္ပင္ စားလက္စဇြန္းကိုခ်ကာ ေသခ်ာနားေထာင္ေနေလသည္။

ခ်စ္ေသြးငယ္ဆိုတာမည္သူနည္း။

စိတ္ဝင္စားတာေၾကာင့္ ထမင္းပင္မစားေတာ့ပဲ မ်က္လံုးေလးကလယ္ကလယ္ျဖင့္ ၾကၫ့္ေနခိုက္
ကိုဘေမွာင္သည္ ေခါင္းညိတ္ကာ ဂုဏ္ယူဟန္ျဖင့္

"ျပန္လာေတာ့ ေကာင္းတာေပါ့ကြာ။ ဘာပဲျဖစ္ျဖစ္
တို႔လုပ္ငန္းေတြမွာ လူလိုေနတာနဲ႔ အဆင္သင့္ ျဖစ္တာေပါ့"

ခ်စ္ထြန္းသည္ ေက်နပ္စြာပင္ၿပံဳးလိုက္သည္။ သူ႔မ်က္လံုးေတြထဲတြင္ ကိုဘေမွာင္လိုပင္ ဂုဏ္ယူဟန္က အထင္းသား။
စံုသာၿမိဳင္သည္ နားေထာင္ေနတဲ့ ညခ်မ္းေအးအား ရွင္းျပေလသည္။

"ခ်စ္ေသြးငယ္က ေရႊေမွာ္မွာ ေတြ့ခဲ့တဲ့ ကိုကို႔ လူယံုတစ္ေယာက္ရဲ့သမီးေလ။ခ်မ္းေအးလိုပဲ
ဉာဏ္အရမ္းေကာင္းတယ္။ ျပည္ပမွာ ေက်ာင္းတက္ေနတာ သံုးႏွစ္ေက်ာ္ ေလာက္ရိွၿပီထင္တယ္။ ခုျပန္လာေတာ့မယ္ဆိုေတာ့ သူ႔ကိုခိုင္းဖို႔အလုပ္‌ ေတြ
ပံုေနတာနဲ႔အေတာ္ပဲေပါ့ "

"ဪ"

ထိုစကားတစ္ခြန္းသာ သူေျပာႏိုင္ေတာ့သည္။
ကိုယ့္အလုပ္မဟုတ္ေပမဲ့ ရင္ထဲေအာင့္သက္သြားရ၏။

သူတုန္းကဆို မည္သူတစ္ဦးတစ္ေယာက္မွ ရိွမေနခဲ့ေခ်။ စံုသာၿမိဳင္သည္လည္း လ်ိဳ႕ဝွက္ကာ ေထာက္ပံ့ေပးခဲ့တာမို႔ သူ၏ အားကိုးရာသည္ အရီးႏွင့္ ဘႀကီးကိုသာ ဦးတည္ခဲ့ရသည္။

ေက်ာင္းပိတ္ရက္မ်ားတြင္ ေမ်ွာ္သူကင္းမဲ့ေသာ ရြာအား မျပန္ခ်င္ခဲ့သလို အိမ္ဆိုတဲ့ေဝါဟာရက သူႏွင့္သက္ဆိုင္မူ႔ ကင္းမဲ့ခဲ့သည္။
ဝမ္နည္းမူ႔ဟာရင္ထဲလိႈက္တက္လာေသာ္ျငား ငါေယာက္်ား ပါဆိုတဲ့မာနက တားခဲ့၏။
ထမင္းဝိုင္းသည္ စီးပြားေရးအေၾကာင္းမ်ားပါသလို
ကိုယ္မသိေသာ လူတခ်ိဳ႕၏ အေၾကာင္းမ်ားဟာ
သူ႔အား သီးသန႔္ျဖစ္ေစခဲ့သည္။

ထို႔အျပင္ သူသည္ မည္သၫ့္ ဘက္ကမွ
ခ်စ္သူ႔အား အကူအညီမျဖစ္ေစေသာ လူပိုသက္သက္ဟုသာ ေတြးထင္မိေတာ့သည္။

သံုးရက္ေျမာက္လြန္ေသာ နယ္စက္ရံုတစ္ခုတြင္ မီးေလာင္မူ႔တစ္ခုျဖစ္ပြားခဲ့သည္။
ထိုမီးသည္ ရိႈ႔မီးသည္ေလာ ၊ သို႔မဟုတ္ ရိုးရိုးတန္းတန္းမီးေလာင္မူ႔ေလာ ၊ သတင္းထြက္မလာေသးေပ။ လတ္တေလာ လူႏွစ္ေယာက္ ေသဆံုးခဲ့သည္မို႔ ျပႆနာက အႀကီးတန္းအဆင့္ပင္။

"ခ်စ္ထြန္း ... ခ်စ္ထြန္းဘယ္မွာလဲ"

ဖုန္းရတာေၾကာင့္ စံုသာၿမိဳင္ ေအာ္ေခၚေသာ္ျငား

"ခ်စ္ထြန္းက ငယ္ေလး ကို ‌သြားႀကိဳတယ္" ဟူေသာ ကိုသက္ခိုင္ဆီက အေျဖသာရေလသည္။

က်စ္ခနဲ စိတ္မရွည္စြာ စုတ္သပ္လိုက္တာေၾကာင့္
ကိုသက္ခိုင္ အေဝးကေန လွမ္းေျဖရာမွ စံုသာၿမိဳင္၏ အခန္းေရ႔ွထိေလ်ွာက္လာေလသည္။
ထို႔အတူ ညခ်မ္းေအးသည္လည္း အိမ္ေပၚကေန ေျပးဆင္းလာရာ ႏွစ္ေယာက္အတူ စံုသာၿမိဳင္၏ အခန္းေရ႔ွတြင္စံုေလသည္။

" ကိုသက္ခိုင္ ဘာျဖစ္တာတဲ့လဲ"

" မသိဘူး ဆရာေလး ။ ေနပါဦး က်ဳပ္ေမး ၾကၫ့္ပါဦးမယ္"

ကိုသက္ခိုင္ ေစ့ထားတဲ့အခန္းတံခါးကိုတြန္းဖြင့္လိုက္ေတာ့ စံုသာၿမိဳင္သည္ အခန္းေထာင့္တြင္ ကုန္းကုန္းကြကျြဖင့္အဝတ္တို႔အားထၫ့္ေနေလသည္။

" ဘာျဖစ္တာတဲ့လဲ "

" နယ္စက္ရံု မီးေလာင္လို႔။ ခုသြားရမယ္ ။ ကားအဆင္သင့္ျပင္ခိုင္းထားလိုက္"

ညခ်မ္းေအး ထိတ္လန႔္သြားေပမဲ့ မည္သၫ့္စကားမွ ေမးမေနေခ်။ ထိုအခ်ိန္ ခ်စ္ထြန္းတစ္ေယာက္ စကားတေျပာေျပာျဖင့္ မိန္းကေလး တစ္ေယာက္ျဖင့္ အိမ္ထဲဝင္လာေလသည္။ မိန္းကေလးသည္ အျဖဴေရာင္ အက်ႌကို လွပေသာ အနက္ေရာင္ ေဘာင္းဘီတစ္ထည္ျဖင့္တြဲဝတ္ထားေလသည္။
ထို႔အျပင္ေဒါက္ဖိနပ္တစ္ရံျဖင့္ တြဲစီးထားေလရာ
ကိုယ္ဟန္လွလွသည္ ထင္းရွင္းေနေလသည္။

ခ်စ္ထြန္းအသံၾကားသည္ျဖင့္ ကိုသက္ခိုင္သည္
ဝမ္းသာအားရ ျပန္ေျပးထြက္လာကာ

" ခ်စ္ထြန္း သြားအဝတ္ျပန္ထၫ့္ေခ်။ စက္ရံုမီးေလာင္မူ႔ျဖစ္လို႔တဲ့ ကိုစံုနဲ႔ခ်က္ခ်င္းလိုက္သြားရမယ္"

"ခုသြားရမွာလား။ ညီမလိုက္ခဲ့မယ္။ "

ခ်စ္ထြန္းျပန္ထြက္သြားတာျမင္ေတာ့ ခ်စ္‌ငယ္ေသြး အလ်င္စလို ေျပာလိုက္ေလသည္။ သို႔ေသာ္ခ်စ္ထြန္းသည္တုန႔္ျပန္မေနေတာ့ေခ်။ လတ္တေလာ ကိုဘေမွာင္အိမ္တြင္ေနေနသည္မို႔ အဝတ္အစားတို႔အား တစ္ေခါက္ျပန္ယူရမွာျဖစ္၏။

ရႈပ္ယွက္ခတ္ေနတဲ့ လူေတြၾကားမွာ
ညခ်မ္းေအးတစ္ေယာက္သာ ဘာလုပ္ရမွန္းမသိေအာင္ ထီးထီးရပ္ေနျခင္းျဖစ္၏။

ခ်စ္ထြန္းျပန္လာခ်ိန္တြင္ စံုသာၿမိဳင္သည္ စာရြက္စာတမ္းအျပင္ လိုအပ္ေသာ ပစၥည္းတခ်ိဳ႕အား ထၫ့္သိုၿပီးေလၿပီ။
အလ်င္စလို အခန္းကေနထြက္လာတဲ့အခ်ိန္တြင္ ခ်စ္ငယ္ေသြးသည္ စံုသာၿမိဳင္၏ လက္ထဲက အထုတ္တခ်ိဳ႕ကိုဆြဲယူသြား၏။

"ကိုႀကီး ညီမလိုက္ခဲ့မယ္ ေပး"

ရင္ထဲ တင္းခနဲ ျဖစ္သြားသည္မို႔ တားျမစ္မယ္ ႀကံတဲ့အခ်ိန္ စံုသာၿမိဳင္သည္ ေခါင္းညိတ္ၿပီးၿပီျဖစ္၏။
ေလထဲ လွမ္းေခၚရန္ ျပင္ဆင္ေနတဲ့လက္ကေလးသည္ စိတ္အားငယ္စြာေအာက္ျပန္ခ်သြားခဲ့၏။
ထို႔ေနာက္ သူ႔အား မည္သၫ့္စကားမွမဆိုသြားပဲ ကားသည္ ေလးညို႔မွလႊတ္သၫ့္ျမႇားလို႔ ေျပးထြက္သြားၿပီ။

ညခ်မ္းေအးသည္ ထိုေနရာမွာ ၿငိမ္သက္စြာ က်န္ခဲ့ေလသည္။ ႀကီးမားေသာ အိမ္ႀကီးသည္ တိတ္ဆိတ္မူ႔ေၾကာင့္ေျခာက္ျခားဖြယ္ရာပင္။

ေျခစံုရပ္ေနေသာ ေကာင္ငယ္ေလးသည္
အေတာ္ၾကာတဲ့အထိလႈပ္ရွားမူ႔ကင္းမဲ့ေနသည္။

"သူတို႔ဖက္က အေျခအေန ဘာထူးေသးလဲ"

မာန္သည္ မိခင္စကားေၾကာင့္ သူသိထားသမ်ွ သတင္းအား အလ်င္စလိုေျပာျပလိုက္သည္။

" ထူးတယ္။ ခု‌တေလာ မရဏတို႔အဖြဲ႔ လူတစ္ေယာက္အေၾကာင္းစံုစမ္းေနၾကတယ္။ ျဖစ္ႏိုင္တာက ေဒၚဧကရီ ေစခိုင္းတာေၾကာင့္ ဧရာစက္ပိုင္ ျဖစ္ႏိုင္တယ္ "

လွပေသာ အမ်ိဳးသမီးသည္ ထိုစကားေၾကာင့္ တုန္လႈပ္သြား၏။

"ဒီမိန္းမ ခုခ်ိန္ထိ လက္မေလ်ာ့ေသးဘူး "

မာန္သည္ မ်က္ႏွာ ပ်က္သြား၏။
ခ်က္ျခင္းဆိုသလို အကိုျဖစ္သူအားသတိရသြားကာ
လက္သီးကိုက်စ္က်စ္ပါေအာင္ ဆုပ္လိုက္သည္။ျပႆနာသည္ မီးခိုးႂကြက္ေလ်ွာက္ပင္။
အကိုျဖစ္သူ၏ လုပ္ရပ္ျဖင့္ လ်ိဳ႕ဝွက္အဖြဲ႔အစည္းတစ္ခုသည္ ေတာက္ေလ်ွာက္ သူတို႔လုပ္ငန္းအား လိုက္ေနေလသည္။

ဖခင္ျဖစ္သူမသိေအာင္ တိတ္တခိုးခြဲထြက္ထားတဲ့လုပ္ငန္းေတြကို မသိမသာလက္စသိမ္းေနရၿပီး
Lion king မွာလည္း အနည္းငယ္ အေျခအေနမဟန္ျဖစ္ေနသည္။

"ဘယ္လက္ေလ်ာ့မလဲ ။ Lion king က ဟန္ျပပဲ ။ အထဲမွာ အခြံပဲရိွေတာ့တဲ့ ပစၥည္းတစ္ခုကို ဘယ္သူက လိုခ်င္မွာလဲ။ သူခုတေလာအပူတျပင္းရွာေနရတာလဲ
သူ႔သားကို အကုန္ေပးမလို႔ေနမွာ။ ခမ္းစက္ပိုင္ဆိုတာ နဂိုကတည္းက ဘာမွအသံုးမက်တဲ့ေကာင္ ။ သူ႔ကိုေမ်ွာ္လင့္ေနရင္ ငါတို႔အကုန္ဒုကၡေရာက္ကုန္လိမ့္မယ္။ ဘယ္သူ႔ကိုရွာေနတာလဲဆို အကုန္သိေအာင္လုပ္ခဲ့မာန္။ "

မိခင္ျဖစ္သူ၏ အမိန႔္ေၾကာင့္မာန္သည္ ေခါင္းညိတ္ကာ ခ်က္ခ်င္းအိမ္ကေနျပန္ထြက္ခဲ့ေလသည္။ တိတ္ဆိတ္ေသာ ညတြင္ မာန္၏ အရိပ္သည္ အေမွာင္တြင္း တိုးဝင္ေပ်ာက္ကြယ္သြားခဲ့သည္။

သားသံုးေယာက္အနက္ မာန္သည္ ဉာဏ္အေကာင္းဆံုးေကာင္ေလးျဖစ္သည္။
သို႔ေသာ္ မိုင္း လို မဟုတ္ပဲ အေနတည္ကာ ေတာ္ရံုစကားသိပ္မေျပာေပ။

ေနွာင္းကေတာ့ စာမွာစာပင္။
မည္သၫ့္ကိစၥကိုမွစိတ္မဝင္စားပဲ သူ႔ဘာသာ သီးသန႔္ေနတက္ေသာ စာဂ်ပိုးျဖစ္၏။

သူမသည္ သားျဖစ္သူထြက္သြားရာအေမွာင္ရိပ္အား ေငးၾကၫ့္ေနရင္းအတိတ္ကိုျပန္လည္ အမွတ္ရမိသည္။

ထိုအခ်ိန္တြင္ သူမ အသက္ ၁၉ႏွစ္သာ ရိွေပဦးမည္ ။

ထိုေခတ္အခါက လက္နက္ေမွာင္ခိုအျပင္ အနက္ေရာင္ေလာကတြင္ Lion king မျဖစ္လာခင္ က ေရႊေခတ္ကိုဦးေဆာင္ေနေသာ အဖြဲ႔အစည္းတစ္ခုရိွ‌ေသးသည္။

ထိုအဖြဲ႔တြင္ ဦးေရႊတင္ေမာင္ဆိုေသာ ဘိန္းရာဇာသည္ အေနာက္လမ္းတြင္ မသိသူမရိွထင္ရွားသည္။ ဘိန္းခင္းမ်ားအပါအဝင္ နယ္စပ္ကူးသန္းေရာင္းဝယ္ေရးဟာ  ဦးေရႊတင္ေမာင္၏
လက္ဝါးႀကီးအုပ္ ႀကီးစိုးမူ႔ျပင္ ထြန္းေျပာင္ခဲ့သည္။

တစ္ဦးတည္းေသာ သမီးျဖစ္သူ ေရႊဧကရီအား
ခ်စ္ျမတ္ႏိုးၿပီးသည္းသည္းလႈပ္တာေၾကာင့္
ထိုနယ္တေၾကာတြင္ လိုက္ပိုးပန္းရဲသူပင္မရိွေပ။
ထို႔အျပင္ ျပည္ပတြင္သာ ထားခဲ့တာေၾကာင့္
ေရႊဧကရီသည္ နာမည္ႀကီးေပမဲ့ ျမင္ဖူးသူကခပ္ရွားရွား။

ခ်မ္းသာလြန္းတာေၾကာင့္ ဘိန္းရာဇာ ခရိုနီသူေဌးႀကီး
ဦးေရႊတင္ေမာင္ ဟုလည္း အလယ္ပိုင္းေဒသထိ ပ်ံ့ႏွံဘေက်ာ္ၾကားခဲ့၏။

ေရႊဧကရီ အသက္၂၃ႏွစ္အရြယ္တြင္ ဦးေရႊတင္ေမာင္
သည္ လုပ္ႀကံခံရေလသည္။
အသက္ေသဆံုးသည္ထိ မျဖစ္ေပမဲ့ ဒဏ္ရာျပင္းထန္တာေၾကာင့္ အိမ္တြင္းသာ ႀကိတ္ကုေနရတဲ့အခ်ိန္
ျပည္ပကေန ခ်က္ခ်င္းျပန္ေရာက္လာတဲ့ဧကရီသည္
လုပ္ငန္းအားလံုးအား Lion king နာမည္ျဖင့္ ျပည္ဖံုးကားခ်ပစ္ခဲ့သည္။

တျဖည္းျဖည္းလုပ္ငန္းအားလံုး ေျပာင္းေရြ့ခံရတဲ့အျပင္ မိန္းမဦးေဆာင္ေသာလုပ္ငန္းတို႔သည္ အနည္းငယ္ေတာ့အဆင္မေျပရိွခဲ့သည္။ ခမ္းစက္ပိုင္သည္ ဦးေရႊတင္ေမာင္၏ ညာလက္ရံုး ဦးခမ္းေထာင္၏ သားျဖစ္သည္။ သိပ္မၾကာခင္ ေရႊဧကရီႏွင့္ လက္ထပ္ဖို႔ ျပင္ဆင္လာၾကခ်ိန္တြင္ သူမသည္
ခမ္းစက္ပိုင္ႏွင့္ ခ်စ္သူေတြ အျဖစ္ ေျခာက္လအၾကာ ေရာက္ရိွေနၿပီျဖစ္သည္။

ခ်စ္သူႏွစ္ဦးေကြကြင္းရျခင္းမို႔ သူမအေနနဲ႔ ဧကရီအားမုန္းတီးခဲ့သည္။

လက္ထပ္ၿပီး သိပ္မၾကာခင္ ျပည္ပႏွင့္ကူးခ်ည္သန္းခ်ည္လုပ္ေနတဲ့ ေရႊဧကရီသည္ ကိုယ္ဝန္လြယ္ခဲ့ရသည္။

သားေတြမသိေသာ လ်ိဳ႕ဝွက္ခ်က္မွာ ဧကရီသည္ ထိုကိုယ္ဝန္အားဖန္ႁပြန္သႏၶေဆာင္ခဲ့ျခင္းျဖစ္သည္ဟူေသာ သတင္းပင္။
ခုထိ ပက္သက္ဆက္ႏြယ္ျခင္းမရိွေသာ
ခမ္းဆက္ပိုင္သည္ ဟန္ျပျဖစ္ၿပီး တရားဝင္ေပါင္းသင္းဆက္ဆံမူ႔မရိွခဲ့‌ ေပ။

သူတို႔လက္ထပ္ၿပီး တစ္ႏွစ္အၾကာတြင္ ဦးေရႊတင္ေမာင္ေသဆံုးခဲ့သည္။ ထို႔ေနာက္ပိုင္းဧကရီသည္
ကေလးမီးဖြားခဲ့ၿပီး မီးဖြားေနစဉ္အေတာအတြင္း
ဖခင္ျဖစ္သူကို လုပ္ႀကံခဲ့ေသာ သူမ်ားကပင္ထပ္မံ လုပ္ႀကံခဲ့သည္။

ကေလးငယ္သည္ တိုက္ပြဲအတြင္းမီးေလာင္မူ႔ေၾကာင့္ ေသဆံုးသည္လား ေပ်ာက္ဆံုးသည္လား မသဲကြဲေပမဲ့ခုထိပိုက္ဆိတ္တိုက္ ရွာေနခဲ့တာကိုေတာ့ လက္မေလ်ာ့ေပ။

ဧကရီသည္ အလြန္မာနႀကီးေသာ စိတ္မာေသာ မိန္းမျဖစ္သည္။

သို႔ေသာ္ ထိုျဖစ္ရပ္ျဖစ္ပြားၿပီးခ်ိန္တြင္ စိတ္ဓာတ္က်ကာ လုပ္ငန္းတစ္ခုလံုး ခမ္းစက္ပိုင္သာ ပခံုးေျပာင္းတာဝန္ယူေစေတာ့သည္။ ခမ္းစက္ပိုင္တြင္အာဏာရသည္ႏွင့္တၿပိဳင္နက္ သူမကိုျပန္လက္ထပ္ယူကာ
သားဆက္အားေမြးဖြားေစခဲ့သည္။

သားသံုးေယာက္အား ဧကရီအသိအမွတ္ျပဳခဲ့ေသာ္ျငား သူမပိုင္ စံအိမ္တြင္ေတာ့  မိမိကိုယ္ေတာ့ေျခခ်ခြင့္မျပဳခဲ့ေလေပ။

‌ဦးေရႊတင္ေမာင္လက္ထက္တြင္ရွာေဖြခဲ့သၫ့္ ပစၥည္းဥစၥာသည္ နည္းသည္မဟုတ္ေပ။
စိန္ဆို ျပည္ေတာင္းျဖင့္ခ်ိန္တြယ္၍ ရေအာင္ ရိွသည္ဟူေသာ သတင္းစကားတို႔သည္ အလိမ္အညာမဟုတ္ေပ။
နာမည္ႀကီးဘိန္းရာဇာ၏ သမီးတြင္ ေငြမဲက‌ ေန
ေငျြဖဴ ေျပာင္းထားေသာ လ်ိဳ႕ဝွက္ လုပ္ငန္း မည္မ်ွရိွမည္နည္း။

ပိုင္ဆိုင္မူ႔အားနာမည္ႀကီးျပည္ပဘဏ္တြင္ သိမ္းဆည္းထားသည္ဟု သတင္းထြက္ခဲ့ေပမဲ့ လက္ဆုပ္လက္ကိုင္ျပစရာဟူ၍ သူမတို႔တြင္ရိွမေနေခ်။

ခု ဧရာစက္ပိုင္ျပန္ရွာေတြ့ၿပီဆိုေတာ့
သူမ သားေတြအတြက္ကေရာ ။

နာက်ည္းမူ႔ျဖင့္ သူမ မ်က္လံုးေတြရဲရဲေတာက္လာ၏။

သူမ တသက္လံုး ခမ္းစက္ပိုင္အနားတြင္ ေရႊဧကရီအား သခင္မ တစ္ပါးနယ္ ကိုးကြယ္ခဲ့သည္မွာ
သူမသားေတြအတြက္ေမ်ွာ္လင့္ခ်က္ေၾကာင့္ပင္။

ခုေတာ့.....

ျဖဴလ်ေသာ လက္တို႔သည္ က်စ္က်စ္ပါေအာင္ ဆုပ္လိုက္ခ်ိန္တြင္ စိမ္းျပာေရာင္ေသြးေၾကာတို႔အား ေပၚလြင္ေစခဲ့သည္။
ထိုလက္တြင္ အနက္ေရာင္ပုတီးေစ့သ႑ာန္ အလံုးေလးပါေသာ လက္ပတ္ႀကိဳးေလးသည္ လႈပ္ရွားမူ႔ေၾကာင့္တင္းခနဲျဖစ္သြားေလသည္။

Bạn đang đọc truyện trên: ZingTruyen.Xyz