ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

29

eainsi23

"သမီးရော လိုက်လို့မရဘူးလား "

အဝတ်စားတွေခေါက်ထည့်နေရာမှ ကူးကူး စကားကြောင့် ညချမ်းအေး လှည့်ကာ ပြုံးပြလိုက်ရသည်။
အိပ်ယာပေါ်မှာ တင်ပျဉ်ခွေ မေးထောက်ထိုင်နေတဲ့ ရနံ့ကူးသည် စိတ်ပျက်စွာ နှုတ်ခမ်းစူလို့နေချေသည်။

" အဲ့ဒီမြို့တော်က အန္တရာယ်များတယ်တဲ့။ နယ်စပ်လိုနေရာဆိုတော့ လောင်းကစားဝိုင်းတွေ ၊လက်နက်ကိုင်ဆောင်တဲ့သူတွေက နေရာအနှံ့အပြားမှာရှိတယ်။ ကလေးတွေသွားလည်မို့မသင့်တော်ဘူး"

"ဒါဆို ဦးဦးကရော ဘာလို့လိုက်တာလဲ။ ဖေကြီးဘာသာ တစ်ယောက်ထဲသွားပလေ့စေပေါ့"

"သမီးဖေကြီးက ဒီရက်ပိုင်း နေသိပ်ကောင်းတာမဟုတ်ဘူး ။ ဦးဦးက မဖြစ်မနေမို့ လိုက်ရတာ "

ကလေးကျေနပ်အောင်ပြောသည်မဟုတ်။
အန္တရာယ်များလှသော အရပ်ဒေသမို့ စုံသာမြိုင်သည်သူ့အား မခေါ်ချင်ခဲ့ပေ။
ဖြစ်ချင်တော့ ရာသီအကူးအပြောင်းကြောင့် ဒီကြားထဲ နေမကောင်းဖြစ်လိုက်သေးတာမို့တားနေတဲ့ကြားက သူသည် ဇွတ်လိုက်ပါလိုခြင်းဖြစ်၏။

ကူးကူးသည် စကားဆက်ပြောပဲ ကုတင်ပေါ်က လျောတိုက်ဆင်း၍ သူ့ဖေကြီးအခန်းဖက်ကိုပြေးဝင်သွားလေသည်။ ညချမ်းအေးသည် ခေါင်းရမ်းကာ ခေါက်လက်စ အဝတ်တို့အားဆက်၍ ခေါက်နေလိုက်သည်။

" ဖေကြီး "

ကူးကူးသည် သူရှိရာကို ပြေးလာနေတာကြောင့်
အိပ်ယာပေါ်ခြေဆင်းထိုင်နေရာမှ သူသည် ခါးအားမတ်မတ်ထားလိုက်သည်။
ကလေးမလေးသည် ကုတင်ပေါ်ကို ကုတ်တွယ်တက်လာကာ သူ့ဘေးမှာ‌ဒူးထောက်၍

"ဖေကြီး နေကောင်းသွားပြီလား"ဟု နှဖူးအားစမ်းလာလေသည်။ သူသည် ချစ်လှစွာသော သမီးကြောင့်
နုညံ့သက်ဝင်ကာ ကျေနပ်သွားလေ၏ ။
ကိုယ်လုံးသေးသေးသည် သေးသွယ်ကာ ပေါ့ပါးလေသည်။ သူပွေ့၍ဖက်ထားသောအခါ သူ့လက်မောင်းကြားတွင်အရုပ်မလေးသဖွယ် နစ်မြုပ်ဝင်လေ့ရှိ၏။

" ပြောပါဦး။ ဘာအရေးရှိပြန်တာလဲ"

" ဒီတစ်ခါ ဘာလို့ ခရီးထွက်မှာလဲဟင်။ ဦးဦးပြောတာ ဖေကြီး နေမကောင်းပဲ မဖြစ်မနေသွားရမှာတဲ့"

ကလေးမလေးစကားကြောင့် ပြုံးရယ်နေသောမျက်နှာသည် တည်တင်းသွားလေတော့သည်။

"ဘာကြောင့်လဲဆိုတော့ လူတစ်ယောက် ဆုံးသွားလို့ ။ နာရေးဆိုတာ လူမူ့ရေးမှာ မဖြစ်မနေ အသွားသင့်ဆုံးနေရာတစ်ခုပဲလေ။ မိတ်ဆွေတစ်ယောက်ရဲ့နောက်ဆုံးခရီးကို ဖေကြီးနေမကောင်းဖြစ်နေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့မဖုံးသင့်ဘူးမဟုတ်လား"

Cမြို့မှာ သေဆုံးခဲ့သော လူတစ်ယောက်။
ထိုသူသည် အလွတ်တမ်း စုံစမ်းစစ်ဆေးရေးမှူးဖြစ်သည်။ အင်မတန် နှုတ်လုံသော အေးဂျင့်တစ်ယောက်ဖြစ်ကာ သေဆုံးသည့်တိုင်အောင် ဂတိသစ္စာအားထိန်းသိမ်းမည်မှာမလွဲပေ။
အတွေးတို့သည် လေးနက်လာချေသည်။

Cမြို့ကို နောက်ရက် မနက်ခင်း ကိုးနာရီတွင်ရောက်ရှိခဲ့သည်။ လေဆိပ်ကနေ ထွက်လာခဲ့တဲ့အချိန်တွင် ကားနက်တစ်စီးဖြင့် လူတစ်ယောက်လာကြိုခဲ့သည်။

" ကျုပ်နာမည် စက္ကန့် "

ဆံပင်ကေ ခပ်တိုတို ၊ အညိုရောင်ဂျာကင်ဝတ်ထားသော လူတစ်ယောက်က လမ်းကိုပိတ်ရပ်ကာ ပြောလာတာမို့ စုံသာမြိုင် သတိအနေအထားရှိနေရာမှ ဘေးမှာရှိတဲ့ ညချမ်းအေးလက်ကို ဆွဲကာ ခေါင်းညိတ်ပြလိုက်သည်။

" ကျုပ်သိတယ်။ ခု ဘယ်သွားမလဲ"

" ရင်ခွဲရုံကို အရင်သွားကြရအောင် ။ ဒီနေ့သူ့ကို
သုသာန်ကို ပို့မှာ "

စုံသာမြိုင်ခေါင်းညိတ်ကာ စက္ကန့် ခေါ်သွားခဲ့တဲ့နေရာအားလိုက်ပါခဲ့လေသည်။
အဖြူရောင် ဖုံးလွှမ်းထားတဲ့ လူတစ်ယောက်အားတွေ့လိုက်တဲ့အခါ စုံသာမြိုင်သည် အထဲသို့မဝင်ခင်အခန်းပေါက်ဝမှာတင်ရပ်လိုက်သည်။

" ချမ်းအေး အပြင်မှာစောင့်နေခဲ့နော် "

စိတ်မချမ်းမြေ့စရာမြင်ကွင်းမျိုး ချစ်သူကို မတွေ့စေချင်ပါ။ သူ့သဘောအတိုင်း ချစ်သူကလည်း ခေါင်းညိတ်၏။

"ဟုတ်ကဲ့"

ညချမ်းအေးကလည်း အထွန့်မတက်ပေ။
ချန်ထားခဲ့သောနေရာမှာတင်ရပ်တန့်နေခဲ့၏။
စုံသာမြိုင်သည်တွန့်ဆုတ်စွာ အလောင်းစင်၏ ဘေးမှာရပ်လိုက်သည်။ သူရောက်လာတာနှင့်
စက္ကန့်ပိတ်ဖြူစအားဖွင့်ဟလိုက်ရာ  ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အလောင်းအား
မမြင်ရက်စွာတွေ့ရ၏။

"သူ့ကိုဘယ်မှာတွေ့ခဲ့တာလဲ"

စက္ကန့် အဝတ်ဖြူစအားပြန်ပိတ်လိုက်ပြီးတည်ငြိမ်စွာပြန်ဖြေခဲ့သည်။

"အရင်ဦးဆုံး မိတ်ဆက်ပါရစေ။ ကျွန်တော်က သူ့အကိုပါ "

စုံသာမြိုင် ခေါင်းညိတ်ကာ

" ကျုပ်သိပါတယ်။ သူနဲ့ ရင်းနှီးခဲ့တဲ့ အတောအတွင်း မင်းအကြောင်း မင်းကောင်းကြောင်းတွေ အမြဲပြောပြလေ့ရှိပါတယ်"

စက္ကန့် အနည်းငယ်လှုပ်ခတ်သွား၏။
သူ့ညီ မြတ်ခန့်သည် သူလို မဟုတ်ပေ။
အမြဲမတည့်ရခြင်းအကြောင်းတရားများစွာရှိခဲ့ပေမဲ့ သွေးသားရင်းချာမို့ ရင်ကွဲရတာထက်ပိုလေသည်။
သူသည် အသိအမှတ်ပြု  အထူးထောက်လှမ်းရေးမှူးဖြစ်ပေမဲ့
မြတ်ခန့်သည် ကြေးစားတစ်ယောက်ဖြစ်လာသည်။
အိမ်တွင် မြတ်ခန့်၏ တည်ရှိမူ့သည် သူလောက်
ဂုဏ်သတင်းမကျော်ဇောသလို သိုဝှက်သော မြတ်ခန့်ကြောင့် ဘာအလုပ်လုပ်မှန်းမသိခဲ့ရပေ။

လွန်ခဲ့သော တစ်လခန့်က မြတ်ခန့်၏ နာမည်နှင့် ရောက်ရှိလာသော ခြိမ်းခြောက်စာ တစ်စောင်အား သူ၏နေအိမ်တွင်တွေ့ရှိခဲ့ရလေသည်။ ထိုအချိန်တွင်
မြတ်ခန့်ဘာအလုပ်လုပ်သလဲဆိုတာ ပထမဦးဆုံး စတင်သိရှိခဲ့ရတဲ့နေ့လည်းဖြစ်၏။
မြတ်ခန့်ပျောက်ဆုံးသွားပြီးတစ်ပတ်အကြာတွင်
လူသေဆုံးမူ့ မူ့ခင်းတစ်ခုကို သူ၏မိတ်ဆွေဖြစ်သူထံရောက်ရှိခဲ့သည်။ အထောက်အထားအခိုင်အလုံကြောင့် သူ့ဆီ အကြောင်းကြားစာရောက်လာပေမဲ့
သူတွေ့မြင်ရတဲ့ မြတ်ခန့်ကတော့ မမှတ်မိနိုင်စရာဖြစ်ခဲ့ပြီဖြစ်၏။

" သူ့ကို လမ်းဘေး တစ်နေရာမှာ မနက်လေးနာရီကျော်ကျော်အချိန်လောက်က တွေ့ရတာပါ။ မူ့ခင်းဆရာဝန်တွေရဲ့ဆေးစစ်ချက်အရ ဘို့အားမြင့် လျှပ်စစ်ကြောင့် သေဆုံးရခြင်းပါ ။ လက်သည်း ခြေသည်းခွံတွေ ဆွဲချွတ်ပစ်ခြင်း အပါအဝင် အဆုတ်ထဲရေဝင်ထားတာကိုပါတွေ့ရတယ်။ သဘောကတော့
ရေနှစ်ခံထားတာမျိုးပါ "

အလောင်းစင်ကို ကိုင်ထားတဲ့ စက္ကန့်လက်တွေသည် ပြောနေရင်းတင်းခနဲဖြစ်သွားသည်။
သူသည် ရင်နင့်စေသော မျက်လုံးများအား အများကို မြင်တွေ့စေရန်မတူပေ။
ခေါင်းငုံ့ကာ မျက်လုံးတို့အား မိနစ်ပိုင်းမျှ မှိတ်ထားချေသည်။

" ကျုပ်စိတ်မကောင်းပါဘူး ကိုစက္ကန့်။ "

" ထားပါ။ ပြီးတဲ့ဟာတွေကလည်း ပြီးဆုံးသွားပါပြီ။
အဓိကကတော့ ခင်ဗျား အပ်ထားတဲ့ အလုပ်အကြောင်း ကျွန်တော်ကို ရှင်းပြပေးနိုင်မလား"

စုံသာမြိုင် ခဏကြာမျှ တည်ငြိမ်သွား၏။ထို့နောက်သက်ပြင်းချကာ

" ကျုပ်အနေနဲ့ ဒီကိစ္စကို ရှေ့ဆက်ဖို့ အရဲမကိုးသင့်ဘူးလို့ ခင်ဗျားမထင်ဘူးလား"

" ဒီစုံစမ်းစစ်ဆေးရေးမှာ အလုပ်ရှင်နဲ့အလုပ်သမားဖြစ်ခဲ့ပေမဲ့  နှစ်နာသူမြတ်ခန့်က သူတာဝန်ယူထားတဲ့ ကိစ္စကို သေတဲ့အထိ နှုတ်ပိတ်ခဲ့တယ်လို့ စုံစမ်းသိရှိရတယ်။ ကိုစုံသာမြိုင် သိထားဖို့က ကျွန်တော်က
မြတ်ခန့်ထက် ဝါရင့်သဘာရင့်တဲ့ အထူးအေးဂျင့် တစ်ယောက်ဆိုတာပါပဲ။ ဒီတောအတွင်း မြတ်ခန့်တာဝန်ယူထားတဲ့အလုပ်ကို အပြီးသတ် စုံစမ်းပေးမယ်ဆိုတာကို ခင်ဗျားသိထားသင့်ပါတယ် ။
နောက်ပြီး ဒီလူသတ်မူ့ကို ကျွန်တော်ကိုယ်တိုင်စုံစမ်းဖော်ထုတ်မယ်"

စက္ကန့်သည် အေးစက်မာကြောစွာဆိုလာခဲ့သည်။
ဆုံးဖြတ်ထားဟန်ရှိတဲ့ အကြည့်တို့ကြောင့် စုံသာမြိုင် ထပ်မံ မတားမြစ်တော့ပေ။

" ကျုပ်ဖက်ကို အန္တရာယ်ကင်းဖို့တာဝန်ယူပါ။ လိုအပ်တဲ့ငွေကြေး ကျုပ်ပေးမယ်"

စက္ကန့်သည်ထိုအကြောင်းနှင့်ပတ်သက်ကာ မည်သည့်စကားမှမဆိုတော့။
အဖြူပိတ်လွှာကို ဖုံးအုပ်ကာ

" ခင်ဗျား ပြန်နားချင်နားလို့ရပြီ ။ ဒီနေ့အတွက်လေကြောင်းလိုင်းမရှိတော့ဘူး။ မနက်ဖန်အတွက် ကျွန်တော်ကြိုချိတ်ထားပေးလိုက်မယ်။ လတ်တလော ခင်ဗျား ဒီမှာ အန္တရာယ်ကင်းတယ်ဆိုတာ သိထားပေး။ ဒီစုံစမ်းစစ်ဆေးမူ့နဲ့ပတ်သက်ပြီး
အထူးတာဝန်တစ်ခုအနေနဲ့ ကျုပ်အထက်ကိုတင်ပြထားတယ်။ "

ဒီအကြောင်းနှင့် ပတ်သက်၍ သူ့ဖက်ကလည်း ပြောစရာစကားကုန်ပြီဖြစ်သည်။
အခန်းအတွင်းကနေ ပြန်ထွက်လာတော့ ထောင့်တစ်နေရာမှာ ရပ်နေတဲ့ ညချမ်းအေးက ပြေးလာကာ သူ့လက်ကို ဆွဲလေသည်။

" ခန္ဓာကိုယ်က နွေးနေတာပဲ ။ ဖျားချင်နေပြီထင်တယ်။ ဟော်တယ်ပြန်နားမလား"

"ရတယ်။ ရောက်တုန်းရောက်ခိုက် ဒီမြို့မှာရှိတဲ့ အစားအသောက်တွေကို မင်းကို မြည်းစမ်းစေချင်တယ် ။ သွားရအောင် "

အဖြူရောင် စင်္ကြန်တလျှောက် အေးစက်သော လေထုက ဝန်းရံနေလေသည်။ ထိုနေရာသည် လျို့ဝှက်နေရာတစ်ခုဟုထင်ရပြီး တိတ်ဆိတ်မူ့က ကြီးစိုးနေသည်။ ဒုစရိုက်သမားများကြီးစိုးနေသော ထိုဒေသတွင် Lion kingသည် အထင်ကရအုပ်ချုပ်သူဖြစ်လေသည်။Cမြို့တော်မှာရှိတဲ့ အတော်အသင့် လူသေမူ့၊လူသတ်မူ့များသည် မည်သူတစ်ဦးမှ စိတ်ဝင်စားမည်မဟုတ်။နယ်စပ်ဒေသဖြစ်တာကြောင့် လက်နက်နှင့်ဆေးတို့သည် စိတ်တိုင်းကျ ကူးလူးနေတဲ့
ကုန်သွယ်ရေး  ရှိသည်။


"ဒီဆိုင်က Cမြို့တော်မှာ နာမည်ကြီးပဲ။
စားသောက်ဆိုင်ကောင်းကောင်းကိုတစ်ခါမှမင်းကို လိုက်မပို့ဘူးသေးဘူး"

လူချမ်းသာတချို့အတွက် သီးသန့်ဖွင့်လှစ်ထားသည်ဟု ထင်ရလောက်အောင် ဆိုင်အပြင်အဆင်က ခမ်းနားလှသည်။ ဝမ်းတစ်ထွာအတွက်ထိုမျှ ပိုက်ဆံသုံးရမည်ကိုနှမြောပေမဲ့ ချစ်သူ၏ အလိုလိုက်ချင်တဲ့မျက်ဝန်းတွေကြောင့် အောင့်သက်သက်ပြုံးပြဖြစ်လေသည်။

" ဒါပေမဲ့ ဈေးကြီးလွန်းတယ်မဟုတ်လား"

သည်းခံမည်ဟုတွေးထားသော နှမြောစိတ်သည် လှစ်ခနဲပေါ်ထွက်လာခဲ့သည်။
စုံသာမြိုင်သည် ချစ်မြတ်နိုးစွာ ချမ်းအေးအားကြည့်လာလေသည်။

ကောင်ငယ်လေး၏ မျက်လုံးတို့သည် အညိုရောင်ဖန်ဂေါ်လီလုံးလေးလို တောက်ပကြည်‌လင်နေကာ
စားသောက်ဆိုင်၏ အဖြူရောင် စားပွဲအထက်တွင် လက်ထောက်လျက် ထိုလက်ပေါ်တွင် ဆွဲညစ်ချင်စရာကောင်းသော မေးဖျားလေးအားဖေးတင်ထားလျက်။
ဖြောင့်တန်းသော ခါးငယ်သည် သေးသွယ်ကာ အနည်းငယ်မှီလျော့ထားပုံလေးက ဆွဲဆိတ်စောင့်ချင်စရာပင်။

အသက်ရှူမှားချင်စရာ အတွေးကြီးကြောင့် စုံသာမြိုင်တစ်ယောက် ချောင်းခြောက်ကြီးကြီးတချို့ဆိုးမိတော့၏။

" အဟွတ် အဟွတ် "

"ရလား ရေသောက်လိုက်‌ "

အမြန်ပင်လှမ်းလာသောရေသည် အေးမြနေသည်။
သောက်ပြီးသည်နှင့်ရေခွက်အားသူ့နေရာပြန်ထား၍

" အမှန်‌ ပြောရရင် ကျုပ်မှာ စိုးရိမ်းစရာတချို့ ရှိနေတယ်။ ဖြစ်နိုင်ရင် မင်းကို ရွာမပြန်စေချင်သေးဘူး"

မနက်က လျို့ဝှက်ရင်ခွဲ ရုံအကြောင်းတွေးမိတော့ ညချမ်းအေး ရင်ထဲမအေးဖြစ်သွားသည်။
သို့သော် သူသည် ထိုအကြောင်းအားထုတ်ဖော်မမေးရက်ပေ။

သူခေါင်းဆတ်ပြကာ

"ကျွန်တော် ဒီကပြန်ရင် ထွက်စာတင်လိုက်ပါ့မယ်။
ဒါဆို ကျွန်တော့်အတွက် ကိုကို နောက်ဆံတင်းစရာမလိုတော့ဘူးပေါ့"

နှလုံးပီတိဂွမ်းဆီ ထိလေပြီ။

ကိုကို ခေါ်သံသည် သာယာလွန်းပေစွ။
မော်ဒယ်မင်းသမီးတချို့အား မြင်ဘူးပေသည်။
မီးရောင်အောက်တွင်တောက်ပနေတဲ့ ညချမ်းအေး၏
ပါးစပ်ထောင့်လေးအောက်က အချိုင့်လေးလောက် မလှနိုင်ပေ။

"စား...  ။ ဒီဟင်း အရမ်းကောင်းတယ်"

အနီရောင် ပင်လယ်စာတချို့အားခပ်ထည့်‌‌ ပေးရင်း
စုံသာမြိုင် ရယ်မောနေမိသည်။
ကောင်ငယ်လေသည် ရှက်ရွံ့စွာ ခေါင်းငုံ့သွားလေ၏။
ပန်းရောင်ပူပေါင်း တို့သည် တစ်ခန်းလုံးလှိုင်လှိုင်ထနေသလိုပင်။

စားသောက်ပြီး ဘေလ်ရှင်းတဲ့ အချိန်တွင် ညချမ်းအေး၏ မျက်လုံးလေးသည် အစမတန်ပြူးကျယ်လာ၏။

" ဘာလို့ အဲ့လောက်ဈေးကြီးရတာလဲ။ ကျွန်တော်တို့ရွာမှာဆို ဒီငွေပမာန လောက်သုံးရင် လယ်တစ်ကွက်လောက်ဝယ်လို့ရတယ် "

စုံသာမြိုင်သည် ဖွဖွရယ်ရင်းလက်ဆန့်တန်းကာ  ညချမ်းအေး၏ ပါးလေးအားဆွဲညစ်လိုက်လေသည်။

" ကျုပ်က သူဌေးပါဗျ။ လာသွားစို့ ။ "

သီးသန့်ခန်းက ထွက်လာတဲ့အထိ ညချမ်းအေး နှမြောလို့မဆုံးသေး။

ဆူပုတ်စွာပင် နောက်ပါးကလိုက်ပါလာရင်း
တံခါးဝတွင် လူတစ်ယောက်နှင့်တိုက်မိလေသည်။

ချလွမ် ဟု မြည်သံကြားလိုက်ရပြီးနောက် မွေးပျံသော အနံ့သင်းသင်းတချို့က နှာခေါင်းဝကိုရစ်သိုင်းလာ၏။

သူအားနာစွာ ယိုင်သွားတဲ့ကိုယ်ကိုပြန်မတ်ကာ
တိုက်မိသူကို ကြည့်လိုက်တဲ့အခါ ထိုသူက အမျိုးသမီးတစ်ယောက် ဖြစ်နေတာတွေ့လိုက်ရသည်။
ကပျာကယာ အောက်ပြုတ်ကျသွားတဲ့ဆလင်းဘတ်အိတ်အားကောက်ကာ

" တောင်းပန်ပါတယ်ဗျ။ ကျွန်တော် အောက်ငုံ့ကြည့်ရင်းလျှောက်လို့ပါ။ ဘယ်နားနာသွားသေးလဲ "

သူပြာပြာသလဲတောင်းပန်လိုက်ပေမဲ့ တစ်ဖက်အမျိုးသမီးကြီးသည် သူ့အားစူးစိုက်ကြည့်ကာ ပိုက်ဆံအိတ်အားဆွဲယူသွားလေသည် ။

" တမင်လုပ်တာမှမဟုတ်တာ ရပါတယ် ။"

အထက်စီးဆန်တယ်ဟု ထင်ရပေမဲ့ ထိုသို့လည်းဟုတ်မနေပြန်။ ပြတ်သားသော အသံနေအသံထားက ထက်မြက်မူ့ကို ဖော်ပြနေ၏။ လှပသော ခြေလှမ်းတို့သည် မနှေးလွန်းမမြန်လွန်းပေ။
ကျော့ရှင်း‌သော ကိုယ်ဟန်ကား ဘုရင်မ တစ်ပါးလို သိမ်မွေ့လှပေသည်။

သမင်လှည်ပြန်လိုက်ကြည့်မိစဉ် နွေးထွေးသောလက်တစ်ဖက်က သူ့အားဆွဲယူသွားလေသည်။
တစ်ဖက်လူသည် မျက်မှောင်ကြုတ်ကာ
စိတ်ဆိုးနေဟန်ဖြင့်

" မင်းကြည့်ရမဲ့သူက ဒီမှမဟုတ်ပေဘူးလား"

ညချမ်းအေး ရယ်မောကာ ထိုအမျိုးသား၏ လက်မောင်းအားတွဲလိုက်လေသည်

" သိသလိုလိုရှိလို့ ကြည့်မိတာပါ ။ စိတ်မဆိုးပါနဲ့ဗျာ "

"ဟွန့် "

နှာမှုတ်သံ ခပ်တိုးတိုးကြောင့် ညချမ်းအေးတစ်ယောက် သက်ပြင်းကြီးကြီးခိုးချမိ၏။

ဘယ်ချိန်ကများ ကောက်တက်သွားရသလဲ။
သူတို့နှစ်ဦးထွက်သွားချိန်တွင် အ‌ကွယ်ကနေ စောနက အမျိုးသမီးသည် ပြန်ထွက်လာခဲ့၏။
အမည်မဖော်လိုသော အကြည့်တို့သည် သူတို့နှစ်ဦး၏ ကျောပြင်အားကပ်ညှိတွယ်တာနေခဲ့သည်။

ထို့နောက်ရင်ဘတ်အား ဖွဖွဖိကာ
လှပကြည်လင်သော အရေကြည်တချို့က ပါးပြင်ပေါ်ကနေ စီးဆင်းကျလာလေသည် ။

"သမီးေရာ လိုက္လို႔မရဘူးလား "

အဝတ္စားေတြေခါက္ထၫ့္ေနရာမွ ကူးကူး စကားေၾကာင့္ ညခ်မ္းေအး လွၫ့္ကာ ၿပံဳးျပလိုက္ရသည္။
အိပ္ယာေပၚမွာ တင္ပ်ဉ္ေခြ ေမးေထာက္ထိုင္ေနတဲ့ ရနံ႔ကူးသည္ စိတ္ပ်က္စြာ ႏႈတ္ခမ္းစူလို႔ေနေခ်သည္။

" အဲ့ဒီၿမိဳ႔ေတာ္က အႏၲရာယ္မ်ားတယ္တဲ့။ နယ္စပ္လိုေနရာဆိုေတာ့ ေလာင္းကစားဝိုင္းေတြ ၊လက္နက္ကိုင္ေဆာင္တဲ့သူေတြက ေနရာအႏွံ႔အျပားမွာရိွတယ္။ ကေလးေတြသြားလည္မို႔မသင့္ေတာ္ဘူး"

"ဒါဆို ဦးဦးကေရာ ဘာလို႔လိုက္တာလဲ။ ေဖႀကီးဘာသာ တစ္ေယာက္ထဲသြားပေလ့ေစေပါ့"

"သမီးေဖႀကီးက ဒီရက္ပိုင္း ေနသိပ္ေကာင္းတာမဟုတ္ဘူး ။ ဦးဦးက မျဖစ္မေနမို႔ လိုက္ရတာ "

ကေလးေက်နပ္ေအာင္ေျပာသည္မဟုတ္။
အႏၲရာယ္မ်ားလွေသာ အရပ္ေဒသမို႔ စံုသာၿမိဳင္သည္သူ႔အား မေခၚခ်င္ခဲ့ေပ။
ျဖစ္ခ်င္ေတာ့ ရာသီအကူးအေျပာင္းေၾကာင့္ ဒီၾကားထဲ ေနမေကာင္းျဖစ္လိုက္ေသးတာမို႔တားေနတဲ့ၾကားက သူသည္ ဇြတ္လိုက္ပါလိုျခင္းျဖစ္၏။

ကူးကူးသည္ စကားဆက္ေျပာပဲ ကုတင္ေပၚက ေလ်ာတိုက္ဆင္း၍ သူ႔ေဖႀကီးအခန္းဖက္ကိုေျပးဝင္သြားေလသည္။ ညခ်မ္းေအးသည္ ေခါင္းရမ္းကာ ေခါက္လက္စ အဝတ္တို႔အားဆက္၍ ေခါက္ေနလိုက္သည္။

" ေဖႀကီး "

ကူးကူးသည္ သူရိွရာကို ေျပးလာေနတာေၾကာင့္
အိပ္ယာေပၚေျခဆင္းထိုင္ေနရာမွ သူသည္ ခါးအားမတ္မတ္ထားလိုက္သည္။
ကေလးမေလးသည္ ကုတင္ေပၚကို ကုတ္တြယ္တက္လာကာ သူ႔ေဘးမွာ‌ဒူးေထာက္၍

"ေဖႀကီး ေနေကာင္းသြားၿပီလား"ဟု ႏွဖူးအားစမ္းလာေလသည္။ သူသည္ ခ်စ္လွစြာေသာ သမီးေၾကာင့္
ႏုညံ့သက္ဝင္ကာ ေက်နပ္သြားေလ၏ ။
ကိုယ္လံုးေသးေသးသည္ ေသးသြယ္ကာ ေပါ့ပါးေလသည္။ သူေပြ့၍ဖက္ထားေသာအခါ သူ႔လက္ေမာင္းၾကားတြင္အရုပ္မေလးသဖြယ္ နစ္ျမဳပ္ဝင္ေလ့ရိွ၏။

" ေျပာပါဦး။ ဘာအေရးရိျွပန္တာလဲ"

" ဒီတစ္ခါ ဘာလို႔ ခရီးထြက္မွာလဲဟင္။ ဦးဦးေျပာတာ ေဖႀကီး ေနမေကာင္းပဲ မျဖစ္မေနသြားရမွာတဲ့"

ကေလးမေလးစကားေၾကာင့္ ၿပံဳးရယ္ေနေသာမ်က္ႏွာသည္ တည္တင္းသြားေလေတာ့သည္။

"ဘာေၾကာင့္လဲဆိုေတာ့ လူတစ္ေယာက္ ဆံုးသြားလို႔ ။ နာေရးဆိုတာ လူမူ႔ေရးမွာ မျဖစ္မေန အသြားသင့္ဆံုးေနရာတစ္ခုပဲေလ။ မိတ္ေဆြတစ္ေယာက္ရဲ့ေနာက္ဆံုးခရီးကို ေဖႀကီးေနမေကာင္းျဖစ္ေနပါတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔မဖံုးသင့္ဘူးမဟုတ္လား"

Cၿမိဳ႔မွာ ေသဆံုးခဲ့ေသာ လူတစ္ေယာက္။
ထိုသူသည္ အလြတ္တမ္း စံုစမ္းစစ္ေဆးေရးမွဴးျဖစ္သည္။ အင္မတန္ ႏႈတ္လံုေသာ ေအးဂ်င့္တစ္ေယာက္ျဖစ္ကာ ေသဆံုးသၫ့္တိုင္ေအာင္ ဂတိသစၥာအားထိန္းသိမ္းမည္မွာမလြဲေပ။
အေတြးတို႔သည္ ေလးနက္လာေခ်သည္။

Cၿမိဳ႔ကို ေနာက္ရက္ မနက္ခင္း ကိုးနာရီတြင္ေရာက္ရိွခဲ့သည္။ ေလဆိပ္ကေန ထြက္လာခဲ့တဲ့အခ်ိန္တြင္ ကားနက္တစ္စီးျဖင့္ လူတစ္ေယာက္လာႀကိဳခဲ့သည္။

" က်ဳပ္နာမည္ စကၠန႔္ "

ဆံပင္ေက ခပ္တိုတို ၊ အညိုေရာင္ဂ်ာကင္ဝတ္ထားေသာ လူတစ္ေယာက္က လမ္းကိုပိတ္ရပ္ကာ ေျပာလာတာမို႔ စံုသာၿမိဳင္ သတိအေနအထားရိွေနရာမွ ေဘးမွာရိွတဲ့ ညခ်မ္းေအးလက္ကို ဆြဲကာ ေခါင္းညိတ္ျပလိုက္သည္။

" က်ဳပ္သိတယ္။ ခု ဘယ္သြားမလဲ"

" ရင္ခြဲရံုကို အရင္သြားၾကရေအာင္ ။ ဒီေန့သူ႔ကို
သုသာန္ကို ပို႔မွာ "

စံုသာၿမိဳင္ေခါင္းညိတ္ကာ စကၠန႔္ ေခၚသြားခဲ့တဲ့ေနရာအားလိုက္ပါခဲ့ေလသည္။
အျဖဴေရာင္ ဖံုးလႊမ္းထားတဲ့ လူတစ္ေယာက္အားေတြ့လိုက္တဲ့အခါ စံုသာၿမိဳင္သည္ အထဲသို႔မဝင္ခင္အခန္းေပါက္ဝမွာတင္ရပ္လိုက္သည္။

" ခ်မ္းေအး အျပင္မွာေစာင့္ေနခဲ့ေနာ္ "

စိတ္မခ်မ္းေျမ့စရာျမင္ကြင္းမ်ိဳး ခ်စ္သူကို မေတြ့ေစခ်င္ပါ။ သူ႔သေဘာအတိုင္း ခ်စ္သူကလည္း ေခါင္းညိတ္၏။

"ဟုတ္ကဲ့"

ညခ်မ္းေအးကလည္း အထြန႔္မတက္ေပ။
ခ်န္ထားခဲ့ေသာေနရာမွာတင္ရပ္တန႔္ေနခဲ့၏။
စံုသာၿမိဳင္သည္တြန႔္ဆုတ္စြာ အေလာင္းစင္၏ ေဘးမွာရပ္လိုက္သည္။ သူေရာက္လာတာႏွင့္
စကၠန႔္ပိတ္ျဖဴစအားဖြင့္ဟလိုက္ရာ  ရုပ္ပ်က္ဆင္းပ်က္ျဖစ္ေနေသာ အေလာင္းအား
မျမင္ရက္စြာေတြ့ရ၏။

"သူ႔ကိုဘယ္မွာေတြ့ခဲ့တာလဲ"

စကၠန႔္ အဝတ္ျဖဴစအားျပန္ပိတ္လိုက္ၿပီးတည္ၿငိမ္စြာျပန္ေျဖခဲ့သည္။

"အရင္ဦးဆံုး မိတ္ဆက္ပါရေစ။ ကြၽန္ေတာ္က သူ႔အကိုပါ "

စံုသာၿမိဳင္ ေခါင္းညိတ္ကာ

" က်ဳပ္သိပါတယ္။ သူနဲ႔ ရင္းႏွီးခဲ့တဲ့ အေတာအတြင္း မင္းအေၾကာင္း မင္းေကာင္းေၾကာင္းေတြ အၿမဲေျပာျပေလ့ရိွပါတယ္"

စကၠန႔္ အနည္းငယ္လႈပ္ခတ္သြား၏။
သူ႔ညီ ျမတ္ခန႔္သည္ သူလို မဟုတ္ေပ။
အၿမဲမတၫ့္ရျခင္းအေၾကာင္းတရားမ်ားစြာရိွခဲ့ေပမဲ့ ေသြးသားရင္းခ်ာမို႔ ရင္ကြဲရတာထက္ပိုေလသည္။
သူသည္ အသိအမွတ္ျပဳ  အထူးေထာက္လွမ္းေရးမွဴးျဖစ္ေပမဲ့
ျမတ္ခန႔္သည္ ေၾကးစားတစ္ေယာက္ျဖစ္လာသည္။
အိမ္တြင္ ျမတ္ခန႔္၏ တည္ရိွမူ႔သည္ သူေလာက္
ဂုဏ္သတင္းမေက်ာ္ေဇာသလို သိုဝွက္ေသာ ျမတ္ခန႔္ေၾကာင့္ ဘာအလုပ္လုပ္မွန္းမသိခဲ့ရေပ။

လြန္ခဲ့ေသာ တစ္လခန႔္က ျမတ္ခန႔္၏ နာမည္ႏွင့္ ေရာက္ရိွလာေသာ ၿခိမ္းေျခာက္စာ တစ္ေစာင္အား သူ၏ေနအိမ္တြင္ေတြ့ရိွခဲ့ရေလသည္။ ထိုအခ်ိန္တြင္
ျမတ္ခန႔္ဘာအလုပ္လုပ္သလဲဆိုတာ ပထမဦးဆံုး စတင္သိရိွခဲ့ရတဲ့ေန့လည္းျဖစ္၏။
ျမတ္ခန႔္ေပ်ာက္ဆံုးသြားၿပီးတစ္ပတ္အၾကာတြင္
လူေသဆံုးမူ႔ မူ႔ခင္းတစ္ခုကို သူ၏မိတ္ေဆျြဖစ္သူထံေရာက္ရိွခဲ့သည္။ အေထာက္အထားအခိုင္အလံုေၾကာင့္ သူ႔ဆီ အေၾကာင္းၾကားစာေရာက္လာေပမဲ့
သူေတြ့ျမင္ရတဲ့ ျမတ္ခန႔္ကေတာ့ မမွတ္မိႏိုင္စရာျဖစ္ခဲ့ၿပီျဖစ္၏။

" သူ႔ကို လမ္းေဘး တစ္ေနရာမွာ မနက္ေလးနာရီေက်ာ္ေက်ာ္အခ်ိန္ေလာက္က ေတြ့ရတာပါ။ မူ႔ခင္းဆရာဝန္ေတြရဲ့ေဆးစစ္ခ်က္အရ ဘို႔အားျမင့္ လ်ွပ္စစ္ေၾကာင့္ ေသဆံုးရျခင္းပါ ။ လက္သည္း ေျခသည္းခြံေတြ ဆြဲခြၽတ္ပစ္ျခင္း အပါအဝင္ အဆုတ္ထဲေရဝင္ထားတာကိုပါေတြ့ရတယ္။ သေဘာကေတာ့
ေရႏွစ္ခံထားတာမ်ိဳးပါ "

အေလာင္းစင္ကို ကိုင္ထားတဲ့ စကၠန႔္လက္ေတြသည္ ေျပာေနရင္းတင္းခနဲျဖစ္သြားသည္။
သူသည္ ရင္နင့္ေစေသာ မ်က္လံုးမ်ားအား အမ်ားကို ျမင္ေတြ့ေစရန္မတူေပ။
ေခါင္းငံု႔ကာ မ်က္လံုးတို႔အား မိနစ္ပိုင္းမ်ွ မိွတ္ထားေခ်သည္။

" က်ဳပ္စိတ္မေကာင္းပါဘူး ကိုစကၠန႔္။ "

" ထားပါ။ ၿပီးတဲ့ဟာေတြကလည္း ၿပီးဆံုးသြားပါၿပီ။
အဓိကကေတာ့ ခင္ဗ်ား အပ္ထားတဲ့ အလုပ္အေၾကာင္း ကြၽန္ေတာ္ကို ရွင္းျပေပးႏိုင္မလား"

စံုသာၿမိဳင္ ခဏၾကာမ်ွ တည္ၿငိမ္သြား၏။ထို႔ေနာက္သက္ျပင္းခ်ကာ

" က်ဳပ္အေနနဲ႔ ဒီကိစၥကို ေရ႔ွဆက္ဖို႔ အရဲမကိုးသင့္ဘူးလို႔ ခင္ဗ်ားမထင္ဘူးလား"

" ဒီစံုစမ္းစစ္ေဆးေရးမွာ အလုပ္ရွင္နဲ႔အလုပ္သမားျဖစ္ခဲ့ေပမဲ့  ႏွစ္နာသူျမတ္ခန႔္က သူတာဝန္ယူထားတဲ့ ကိစၥကို ေသတဲ့အထိ ႏႈတ္ပိတ္ခဲ့တယ္လို႔ စံုစမ္းသိရိွရတယ္။ ကိုစံုသာၿမိဳင္ သိထားဖို႔က ကြၽန္ေတာ္က
ျမတ္ခန႔္ထက္ ဝါရင့္သဘာရင့္တဲ့ အထူးေအးဂ်င့္ တစ္ေယာက္ဆိုတာပါပဲ။ ဒီေတာအတြင္း ျမတ္ခန႔္တာဝန္ယူထားတဲ့အလုပ္ကို အၿပီးသတ္ စံုစမ္းေပးမယ္ဆိုတာကို ခင္ဗ်ားသိထားသင့္ပါတယ္ ။
ေနာက္ၿပီး ဒီလူသတ္မူ႔ကို ကြၽန္ေတာ္ကိုယ္တိုင္စံုစမ္းေဖာ္ထုတ္မယ္"

စကၠန႔္သည္ ေအးစက္မာေၾကာစြာဆိုလာခဲ့သည္။
ဆံုးျဖတ္ထားဟန္ရိွတဲ့ အၾကၫ့္တို႔ေၾကာင့္ စံုသာၿမိဳင္ ထပ္မံ မတားျမစ္ေတာ့ေပ။

" က်ဳပ္ဖက္ကို အႏၲရာယ္ကင္းဖို႔တာဝန္ယူပါ။ လိုအပ္တဲ့ေငြေၾကး က်ဳပ္ေပးမယ္"

စကၠန႔္သည္ထိုအေၾကာင္းႏွင့္ပတ္သက္ကာ မည္သၫ့္စကားမွမဆိုေတာ့။
အျဖဴပိတ္လႊာကို ဖံုးအုပ္ကာ

" ခင္ဗ်ား ျပန္နားခ်င္နားလို႔ရၿပီ ။ ဒီေန့အတြက္ေလေၾကာင္းလိုင္းမရိွေတာ့ဘူး။ မနက္ဖန္အတြက္ ကြၽန္ေတာ္ႀကိဳခ်ိတ္ထားေပးလိုက္မယ္။ လတ္တေလာ ခင္ဗ်ား ဒီမွာ အႏၲရာယ္ကင္းတယ္ဆိုတာ သိထားေပး။ ဒီစံုစမ္းစစ္ေဆးမူ႔နဲ႔ပတ္သက္ၿပီး
အထူးတာဝန္တစ္ခုအေနနဲ႔ က်ဳပ္အထက္ကိုတင္ျပထားတယ္။ "

ဒီအေၾကာင္းႏွင့္ ပတ္သက္၍ သူ႔ဖက္ကလည္း ေျပာစရာစကားကုန္ၿပီျဖစ္သည္။
အခန္းအတြင္းကေန ျပန္ထြက္လာေတာ့ ေထာင့္တစ္ေနရာမွာ ရပ္ေနတဲ့ ညခ်မ္းေအးက ေျပးလာကာ သူ႔လက္ကို ဆြဲေလသည္။

" ခႏၶာကိုယ္က ေနြးေနတာပဲ ။ ဖ်ားခ်င္ေနၿပီထင္တယ္။ ေဟာ္တယ္ျပန္နားမလား"

"ရတယ္။ ေရာက္တုန္းေရာက္ခိုက္ ဒီၿမိဳ႔မွာရိွတဲ့ အစားအေသာက္ေတြကို မင္းကို ျမည္းစမ္းေစခ်င္တယ္ ။ သြားရေအာင္ "

အျဖဴေရာင္ စႂကၤန္တေလ်ွာက္ ေအးစက္ေသာ ေလထုက ဝန္းရံေနေလသည္။ ထိုေနရာသည္ လ်ိဳ႕ဝွက္ေနရာတစ္ခုဟုထင္ရၿပီး တိတ္ဆိတ္မူ႔က ႀကီးစိုးေနသည္။ ဒုစရိုက္သမားမ်ားႀကီးစိုးေနေသာ ထိုေဒသတြင္ Lion kingသည္ အထင္ကရအုပ္ခ်ဳပ္သူျဖစ္ေလသည္။Cၿမိဳ႔ေတာ္မွာရိွတဲ့ အေတာ္အသင့္ လူေသမူ႔၊လူသတ္မူ႔မ်ားသည္ မည္သူတစ္ဦးမွ စိတ္ဝင္စားမည္မဟုတ္။နယ္စပ္ေဒသျဖစ္တာေၾကာင့္ လက္နက္ႏွင့္ေဆးတို႔သည္ စိတ္တိုင္းက် ကူးလူးေနတဲ့
ကုန္သြယ္ေရး  ရိွသည္။


"ဒီဆိုင္က Cၿမိဳ႔ေတာ္မွာ နာမည္ႀကီးပဲ။
စားေသာက္ဆိုင္ေကာင္းေကာင္းကိုတစ္ခါမွမင္းကို လိုက္မပို႔ဘူးေသးဘူး"

လူခ်မ္းသာတခ်ိဳ႕အတြက္ သီးသန႔္ဖြင့္လွစ္ထားသည္ဟု ထင္ရေလာက္ေအာင္ ဆိုင္အျပင္အဆင္က ခမ္းနားလွသည္။ ဝမ္းတစ္ထြာအတြက္ထိုမ်ွ ပိုက္ဆံသံုးရမည္ကိုႏွေျမာေပမဲ့ ခ်စ္သူ၏ အလိုလိုက္ခ်င္တဲ့မ်က္ဝန္းေတြေၾကာင့္ ေအာင့္သက္သက္ၿပံဳးျပျဖစ္ေလသည္။

" ဒါေပမဲ့ ေဈးႀကီးလြန္းတယ္မဟုတ္လား"

သည္းခံမည္ဟုေတြးထားေသာ ႏွေျမာစိတ္သည္ လွစ္ခနဲေပၚထြက္လာခဲ့သည္။
စံုသာၿမိဳင္သည္ ခ်စ္ျမတ္ႏိုးစြာ ခ်မ္းေအးအားၾကၫ့္လာေလသည္။

ေကာင္ငယ္ေလး၏ မ်က္လံုးတို႔သည္ အညိုေရာင္ဖန္ေဂၚလီလံုးေလးလို ေတာက္ပၾကည္‌လင္ေနကာ
စားေသာက္ဆိုင္၏ အျဖဴေရာင္ စားပြဲအထက္တြင္ လက္ေထာက္လ်က္ ထိုလက္ေပၚတြင္ ဆြဲညစ္ခ်င္စရာေကာင္းေသာ ေမးဖ်ားေလးအားေဖးတင္ထားလ်က္။
ေျဖာင့္တန္းေသာ ခါးငယ္သည္ ေသးသြယ္ကာ အနည္းငယ္မွီေလ်ာ့ထားပံုေလးက ဆြဲဆိတ္ေစာင့္ခ်င္စရာပင္။

အသက္ရႉမွားခ်င္စရာ အေတြးႀကီးေၾကာင့္ စံုသာၿမိဳင္တစ္ေယာက္ ေခ်ာင္းေျခာက္ႀကီးႀကီးတခ်ိဳ႕ဆိုးမိေတာ့၏။

" အဟြတ္ အဟြတ္ "

"ရလား ေရေသာက္လိုက္‌ "

အျမန္ပင္လွမ္းလာေသာေရသည္ ေအးျမေနသည္။
ေသာက္ၿပီးသည္ႏွင့္ေရခြက္အားသူ႔ေနရာျပန္ထား၍

" အမွန္‌ ေျပာရရင္ က်ဳပ္မွာ စိုးရိမ္းစရာတခ်ိဳ႕ ရိွေနတယ္။ ျဖစ္ႏိုင္ရင္ မင္းကို ရြာမျပန္ေစခ်င္ေသးဘူး"

မနက္က လ်ိဳ႕ဝွက္ရင္ခြဲ ရံုအေၾကာင္းေတြးမိေတာ့ ညခ်မ္းေအး ရင္ထဲမေအးျဖစ္သြားသည္။
သို႔ေသာ္ သူသည္ ထိုအေၾကာင္းအားထုတ္ေဖာ္မေမးရက္ေပ။

သူေခါင္းဆတ္ျပကာ

"ကြၽန္ေတာ္ ဒီကျပန္ရင္ ထြက္စာတင္လိုက္ပါ့မယ္။
ဒါဆို ကြၽန္ေတာ့္အတြက္ ကိုကို ေနာက္ဆံတင္းစရာမလိုေတာ့ဘူးေပါ့"

ႏွလံုးပီတိဂြမ္းဆီ ထိေလၿပီ။

ကိုကို ေခၚသံသည္ သာယာလြန္းေပစြ။
ေမာ္ဒယ္မင္းသမီးတခ်ိဳ႕အား ျမင္ဘူးေပသည္။
မီးေရာင္ေအာက္တြင္ေတာက္ပေနတဲ့ ညခ်မ္းေအး၏
ပါးစပ္ေထာင့္ေလးေအာက္က အခ်ိဳင့္ေလးေလာက္ မလွႏိုင္ေပ။

"စား...  ။ ဒီဟင္း အရမ္းေကာင္းတယ္"

အနီေရာင္ ပင္လယ္စာတခ်ိဳ႕အားခပ္ထၫ့္‌‌ ေပးရင္း
စံုသာၿမိဳင္ ရယ္ေမာေနမိသည္။
ေကာင္ငယ္ေလသည္ ရွက္ရြံ႔စြာ ေခါင္းငံု႔သြားေလ၏။
ပန္းေရာင္ပူေပါင္း တို႔သည္ တစ္ခန္းလံုးလိႈင္လိႈင္ထေနသလိုပင္။

စားေသာက္ၿပီး ေဘလ္ရွင္းတဲ့ အခ်ိန္တြင္ ညခ်မ္းေအး၏ မ်က္လံုးေလးသည္ အစမတန္ျပဴးက်ယ္လာ၏။

" ဘာလို႔ အဲ့ေလာက္ေဈးႀကီးရတာလဲ။ ကြၽန္ေတာ္တို႔ရြာမွာဆို ဒီေငြပမာန ေလာက္သံုးရင္ လယ္တစ္ကြက္ေလာက္ဝယ္လို႔ရတယ္ "

စံုသာၿမိဳင္သည္ ဖြဖြရယ္ရင္းလက္ဆန႔္တန္းကာ  ညခ်မ္းေအး၏ ပါးေလးအားဆြဲညစ္လိုက္ေလသည္။

" က်ဳပ္က သူေဌးပါဗ်။ လာသြားစို႔ ။ "

သီးသန႔္ခန္းက ထြက္လာတဲ့အထိ ညခ်မ္းေအး ႏွေျမာလို႔မဆံုးေသး။

ဆူပုတ္စြာပင္ ေနာက္ပါးကလိုက္ပါလာရင္း
တံခါးဝတြင္ လူတစ္ေယာက္ႏွင့္တိုက္မိေလသည္။

ခ်လြမ္ ဟု ျမည္သံၾကားလိုက္ရၿပီးေနာက္ ေမြးပ်ံေသာ အနံ႔သင္းသင္းတခ်ိဳ႕က ႏွာေခါင္းဝကိုရစ္သိုင္းလာ၏။

သူအားနာစြာ ယိုင္သြားတဲ့ကိုယ္ကိုျပန္မတ္ကာ
တိုက္မိသူကို ၾကၫ့္လိုက္တဲ့အခါ ထိုသူက အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ေနတာေတြ့လိုက္ရသည္။
ကပ်ာကယာ ေအာက္ျပဳတ္က်သြားတဲ့ဆလင္းဘတ္အိတ္အားေကာက္ကာ

" ေတာင္းပန္ပါတယ္ဗ်။ ကြၽန္ေတာ္ ေအာက္ငံု႔ၾကၫ့္ရင္းေလ်ွာက္လို႔ပါ။ ဘယ္နားနာသြားေသးလဲ "

သူျပာျပာသလဲေတာင္းပန္လိုက္ေပမဲ့ တစ္ဖက္အမ်ိဳးသမီးႀကီးသည္ သူ႔အားစူးစိုက္ၾကၫ့္ကာ ပိုက္ဆံအိတ္အားဆြဲယူသြားေလသည္ ။

" တမင္လုပ္တာမွမဟုတ္တာ ရပါတယ္ ။"

အထက္စီးဆန္တယ္ဟု ထင္ရေပမဲ့ ထိုသို႔လည္းဟုတ္မေနျပန္။ ျပတ္သားေသာ အသံေနအသံထားက ထက္ျမက္မူ႔ကို ေဖာ္ျပေန၏။ လွပေသာ ေျခလွမ္းတို႔သည္ မေနွးလြန္းမျမန္လြန္းေပ။
ေက်ာ့ရွင္း‌ေသာ ကိုယ္ဟန္ကား ဘုရင္မ တစ္ပါးလို သိမ္ေမြ့လွေပသည္။

သမင္လွည္ျပန္လိုက္ၾကၫ့္မိစဉ္ ေနြးေထြးေသာလက္တစ္ဖက္က သူ႔အားဆြဲယူသြားေလသည္။
တစ္ဖက္လူသည္ မ်က္ေမွာင္ၾကဳတ္ကာ
စိတ္ဆိုးေနဟန္ျဖင့္

" မင္းၾကၫ့္ရမဲ့သူက ဒီမွမဟုတ္ေပဘူးလား"

ညခ်မ္းေအး ရယ္ေမာကာ ထိုအမ်ိဳးသား၏ လက္ေမာင္းအားတြဲလိုက္ေလသည္

" သိသလိုလိုရိွလို႔ ၾကၫ့္မိတာပါ ။ စိတ္မဆိုးပါနဲ႔ဗ်ာ "

"ဟြန႔္ "

ႏွာမႈတ္သံ ခပ္တိုးတိုးေၾကာင့္ ညခ်မ္းေအးတစ္ေယာက္ သက္ျပင္းႀကီးႀကီးခိုးခ်မိ၏။

ဘယ္ခ်ိန္ကမ်ား ေကာက္တက္သြားရသလဲ။
သူတို႔ႏွစ္ဦးထြက္သြားခ်ိန္တြင္ အ‌ကြယ္ကေန ေစာနက အမ်ိဳးသမီးသည္ ျပန္ထြက္လာခဲ့၏။
အမည္မေဖာ္လိုေသာ အၾကၫ့္တို႔သည္ သူတို႔ႏွစ္ဦး၏ ေက်ာျပင္အားကပ္ၫွိတြယ္တာေနခဲ့သည္။

ထို႔ေနာက္ရင္ဘတ္အား ဖြဖြဖိကာ
လွပၾကည္လင္ေသာ အေရၾကည္တခ်ိဳ႕က ပါးျပင္ေပၚကေန စီးဆင္းက်လာေလသည္ ။

Bạn đang đọc truyện trên: ZingTruyen.Xyz