ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

2

eainsi23

"ဒါဆို  စာချုပ်မှာ လက်မှတ်ထိုးလို့ရပြီ"

ရပ်ရေးရွာရေး အုပ်ချုပ်နေတဲ့ ရွာသူ‌ကြီး စကားဆုံးတော့ ငစုံ အရင်ဦးအောင် လက်မှတ်ထိုးပေးလိုက်သည်။ ဦးလူလှက လူကြီးစုံရာရှေ့ ခြံမြေတစ်ခြမ်းနှင့် နွားရှစ်ကောင် ၏ တန်ကြေးငွေ တစ်သိန်းကျပ်အား ငစုံအားပေးအပ်ခဲ့သည်။   အတိတ်ဘဝတွင် မှတ်မိသလောက်  မကြာမှီ ကျေးရွာ ပြုပြင်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ လမ်းဖယ်ပေးရသည့်အိမ်များမှာ မနည်းမနော။ ထိုအထဲတွင် ငစုံအိမ်က ထိပ်ဆုံးကပါခဲ့တာကြောင့် ဦးလူလှအတွက် စိတ်မကောင်းစရာပင်။

အစတွင် ကျေးရွာလူကြီးက သူ့အား အတင်းအကြပ်
ဖိအားပေးရောင်းဝယ်တာမျိုးလားဆိုတာ မေးပေမဲ့ ငစုံ သိသိသာသာ မဖြေခဲ့ပေ။ထိုအရာသည်
တစ်စုံတစ်ခုဖြစ်ပွားလာတဲ့အခါ ဦးလူလှကိုသာ လက်ညိုးထိုးလာကြမည့်အရေးမို့ပင်။

ငစုံတစ်ယောက်အကြံကြီးလေသည်။
အိမ်ရာမြေအားတိတိကျကျ ခြံခတ်ပစ်လိုက်ရန် ရွာလူကြီးအားတိုင်ပင်လိုက်သည်။  ကလေးဖြစ်တာတစ်ကြောင်း
ဦးလူလှနဲ့အမျိုးမကင်းတာတစ်ကြောင်းကြောင့်
ကုန်ကျစရိတ်ကို အကြီးဖြစ်တဲ့ ဦးလူလှကိုသာကုန်ခံစေခဲ့သည်။
ထိုအချိန်က ဦးလူလှ တစ်ယောက် ပျော်ပျော်ရွှင်ရွှင်ပင် ဝိုင်းခတ်ပေးပေမဲ့ နောက်ဖြစ်လာမဲ့အကြောင်းအရ ဝယ်ယူထားသည့်ခြံမြေသည် လမ်းနယ်နမိတ်ထဲမလွတ်ကင်းသည်မို့  ဆယ်သုံးပေကျော်ကျော်မျှ လမ်းချဲ့ထွင်သည့်အထဲပါခဲ့ရာ မကြာမှီ ငိုကြွေးရတော့မည်ဖြစ်၏။

အိမ်ရာရောင်းဝယ်ရေးအဆင်ပြေသွားပြီးနောက်
ငစုံသည် မကြာခဏ ချစ်ထွန်းနှင့် ညချမ်းအေး
အားပြေးကြည့်တက်ပြီး ချစ်ထွန်းအားလည်း အတူနေရန်မဲဆွယ်မြဲဖြစ်သည်။

" ချစ်ထွန်း မကြာခင် .. ငါ တောင်မှော်အင်းမှာ
အလုပ်သွားလုပ်တော့မှာ။ မင်းလိုက်မလား"

"..."

၁၁နှစ်အရွယ် ချစ်ထွန်းသည် ခပ်ငယ်ငယ်သာရှိသေးလေသည်။ လောကကြီးအကြောင်းမသိသေးပေမဲ့
သူ့အား အရေးတယူစကားလာပြောတက်သော ငစုံကိုတော့ အနည်းငယ်မျှ ယုံကြည်ခင်မင်နေပြီဖြစ်သည်။
ချစ်ထွန်းက သူ့အား ပြန်မဖြေ ဘူးဆိုပေမဲ့ အရင်လို ဂျစ်ကန်ကန် မဟုတ်တော့သည်ကို ငစုံရိပ်မိသည်။

ထို့ကြောင့် တမင်ထည့်ယူလာခဲ့သော ပိုက်ဆံ
ငါးထောင်အား ချစ်ထွန်းလက်ထဲထည့်ကာ

" ဒါယူပြီး မင်းအမေကို ပေးလိုက်ချစ်ထွန်း။
ငါနဲ့လိုက်ခဲ့ရင် မင်းဘဝ ပြောင်းလဲသွားလိမ့်မယ်။
မဟုတ်ရင် မင်းအိမ်မှာ အပယ်ခံအနေနဲ့ ဆက်နေသွားရလိမ့်မယ်ကွ"

ဂရုဏာဒေါသအလျောက်သူအသံမှာ ခပ်ကျယ်ကျယ်။
ချစ်ထွန်းအမေသည် ပေါ့ပျက်ပျက်နိုင်တဲ့မိန်းမတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ရေးမှာလည်း မကြာခဏ
ယောကျာ်းပြောင်းလဲနေသူသာဖြစ်သည်။
ခုအိမ်ထောင်ကျသော ချစ်ထွန်းပထွေးသည် သူ့၏
သုံးယောက်မြောက်ယောကျာ်းဖြစ်ပြီး ကလေးများမှာလည်း ဘုစုခရုများပြားလှသည့် တကယ့်မွေးနိုင်လွန်းသူ ရှင်မွေးလွန်းကြီးသာဖြစ်၏။

ငစုံနဲ့တွေ့ပြီးအပြန်တွင် ချစ်ထွန်းလက်ထဲငွေငါးထောင် ပါလာခဲ့လေသည်။
တစ်ခါမှမမြင်ဖူးတဲ့ပမာနမို့ ချစ်ထွန်း လမ်းမှာပင် မဆော့ကစားရဲပါပေ။
လိုက်မလိုက် မတွေးရသေးသော်ငြား၊ ချစ်ထွန်းလက်ထဲ ငစုံဇွတ်ထည့်ပေးလိုက်တဲ့ ငွေငါးထောင်က ချစ်ထွန်းအတွေးအားတွေးဝေစေသည်။

" ဟဲ့ ချစ်ထွန်း။ ‌ကလေကဝကောင်.. တစ်နေကုန်ဆော့ကစားဖို့လောက်ပဲသိတာ။ကလေးထိန်းမကူဘာမကူနဲ့ လာစမ်း.. ဒီမှာ နင့်ပထွေးကိုအရက်ဝယ်ပေးလိုက်စမ်း။ တကထဲ ..  သေနာကောင်ကလည်း
ဒီသောက်အရက်ကို မဘယ်လောက်ရ မနေနိုင်။ "

အိမ်ဝရပ်လိုက်တာနဲ့ အမေလှမ်းပစ်လိုက်တဲ့
စတီးဇလုံတစ်ခုက သူ့ခေါင်းပေါ်ကနေဖြတ်ပေးသွားကာ လမ်းဖက်သို့ ဂလုံဂလွမ်ဖြင့် ကျသွား၏။
ကလေးငိုသံတွေဆူဆူညံညံအပြင် ညစ်ပက်စုတ်ချာလှသည့်အိမ်သည် ချစ်ထွန်းအား မပျော်ရွှင်စေခဲ့ပေ။
သူ့ကို ပစ်ပေါက်လိုက်သည့် စတီးဇလုံကို အမဖြစ်သူသည် ခါးတင်ခွ ချီထားသည့်ကလေးငယ်ဖြင့် ပြေးကောက်ရှာသည်။ သူ့အမသည် အသက် ၁၂နှစ်ကျော်နေပြီဖြစ်ပေမဲ့ မဲညစ်စုတ်ပေသော အဝတ်အနွမ်းတို့သာ ဝတ်ရရှာပြီး အမေမွေးသမျှကလေးတို့အား ဒိုင်ခံချီပိုးထိန်းကျောင်းရ၏။
အမှန်တော့ အမနှင့်ချစ်ထွန်းသည် တစ်ဖအေဖြစ်ပြီး
ကျန်ကလေးငယ်များမှ အမေ၏ နောက်အိမ်ထောင်များမှမွေးသူများသာ။

ချစ်ထွန်း သူ့အမအားငဲ့ကြည့်ရင်း သူ့အမေပေးသော ပိုက်ဆံကို ယူလိုက်၏။

" အမ ငါ ပြန်လာရင် တိတ်တိတ်လေးပြောစရာရှိတယ် "

အရက်ဝယ်ဖို့ သုတ်ခြေတင်ထွက်သွားသော ချစ်ထွန်းအားကြည့်ကာ
သူ့အမ အိမ်ပေါက်ဝမှာ ကျန်ခဲ့လေသည်။
ညအခါတွင် ချစ်ထွန်းတို့မောင်နှမသည် ‌တဲ၏ထောင့်တွင်ကပ်ကာ အတူအိပ်နေရသည်။
ချစ်ထွန်းသည် တစ်နေကုန်ကလေးထိန်းရလို့ ပင်ပန်းနေပြီဖြစ်တဲ့အမဖြစ်သူကို မအိပ်သွားအောင် ခပ်ဖွဖွ ပုတ်လိုက်၏။

" အမ "

" ဟင်"

" ငါ အလုပ်သွားလုပ်တော့မယ် "

" ဘာကြီး "

အနည်းငယ်အသံကျယ်သွားတာမို့ အမဖြစ်သူပါးစပ်အားပိတ်ကာ အသံမထွက်ဖို့တားရတော့၏။

" မအော်နဲ့။ အမေနိုးမယ်"

" ချစ်ထွန်း.. နင် ဘာတွေမဟုတ်တာလုပ်မလို့လဲ။
အမေသိရင် ငါ့ပါသတ်လိမ့်မယ်"

" အမ ငါ အရှေ့ရွာက ကိုစုံနဲ့ အလုပ်လုပ်လိုက်သွားမလို့ ။ အမေမသိစေနဲ့အုံး။ ရော့.. ဒီသုံးထောင်ကို
နင်သုံးရအောင်သိမ်းထား...။ "

လက်ထဲထိုးထည့်လာတဲ့ ပိုက်ဆံလိပ်ကလေးကိုကြည့်ကာ ချစ်ပြည့် စိုးရိမ်သွားတာသိသိသာသာ။

" နင်ဒါတွေ ဘယ်ကရတာလဲ"

" ကိုစုံဆီက ငါ ခနယူထားတာ။ အမေ့အတွက် သူ့သေတ္တာထဲ နှစ်ထောင်ခိုးထည့်ထားသေးတယ်။ ငါသွားတုန်းနင်သုံးစရာမရှိမှာမို့လို့"

" အမ ငါသွားနေတုန်း နင့်ကိုနင် ဂရုစိုက်နော်။
တစ်ခုခုဆို အရီးမြအိမ်ကို သွား။"

အရီးမြက အဖေ့ဖက်က ဒေါ်လေးတော်သူဖြစ်သည်။
အဖေမရှိတော့ကတည်းက တစ်ခါတစ်ရံသူတို့မောင်နှမအား ကြည့်ရူ့စောင့်ရှောက်တက်တာမို့ ချစ်ထွန်း နောက်ဆံမအေးမှာနေရခြင်းသာ။
သူဘာမှသိပ်မသိသေးပေမဲ့ တစ်ခါတစ်ရံ အမဖြစ်သူကို နင်းပေးနှိပ်ပေးခိုင်းတက်တဲ့ပထွေးအား သိပ်တော့
မကျေနပ်လှ။

______

ရောင်နီဦးသည်အလင်းပျပျဖြင့် လောကကိုလွှမ်းခြုံပေးလာခဲ့ပြီ။
နွေဦး၏အလှတရားသည်တုနိုင်းပြ၍မှီမယ်မထင်။
သည်အလှပရေးရာကို ငစုံ မမြင်ဖူးသလို ငေးမောနေမိသည်မှာ မက်မက်မောမောပင်။

အတိတ်...

မှောင်နှင့်မဲမဲ အခန်းကျဉ်းက သူ့အားသတိပေးသည့်နှယ်။ လောက၏အလှတရား၊သဘာဝ၏သန့်ရှင်းတဲ့ လေထု စသည့်တန်ဖိုးဖြတ်မရသည့်အလှတရားများ။ နှစ်သုံးဆယ်ကျော် ထောင်ကျခဲ့သည့် သူလိုလူသည် ဒါတွေကိုထပ်မံမမြင်ဖူးတော့ဟု
တွေးထင်ခဲ့မိသည်။

" ကိုစုံ.. ကျွန်တော်ရောက်ပြီ"

အပြေးလေးရောက်လာသည့် ချစ်ထွန်းကြောင့်
ငစုံ၏အတွေးကမ္ဘာသည်ရုတ်ချည်းရပ်တန့်သွား၏။
ချစ်ထွန်းလက်ထဲတွင်ပါလာသော အဝတ်အိတ်သေးသေးအားတစ်ချက်ကြည့်ကာ ‌ငစုံကျေနပ်သွား၍

" မင်း.. တော်တယ်ချစ်ထွန်း။ လာ .. မှီတဲ့လှည်းကြုံလိုက်စီးကြမယ်"

ငွေငါးထောင်ပေးပြီးကတည်းက ငစုံနဲ့ ချစ်ထွန်းမတွေ့ရတာသုံးရက်ရှိပြီ။
စဉ်းစားချိန်ပေးထားပေမဲ့ ကလေးသာသာ သာရှိသေးသည့် ချစ်ထွန်းသည် သူနဲ့လိုက်ခဲ့မည်ဟု မတွေးထင်ထားပါ။ သူ၏ တပည့်ကျော်အား မြင်လိုက်ရတော့
ရင်ထဲ ပျော်ရွှင်ခြင်းတွေက နင့်ခနဲ။

ခုချိန်ကစပြီး.. ငါတို့ အတိတ်ကို ပြောင်းပြန်လှန်မယ်

ပျော်ရွှင့်မူ့ ကို ကိုယ်တိုင်ရေးထွင်းမယ်

မင်းနဲ့ ငါ ရဲ့ မှားယွင်းခဲ့တဲ့ ဘဝဇာတ်ခုံ ကို ကိုယ်တိုင်ကိုယ်ကျ ပုံဖော်ကြမယ်..

နေထွက်လာတာနှင့်တပြိုင်နက်.. နွားလှည်းတစ်စီးသည် ဖုန်တလုံးလုံးဖြင့်မောင်းနှင်လာချေပြီ။
ထိုလှည်းအား တား၍ သူတို့ ငွေအနည်းငယ်ပေးလိုက်ရာ အသာအကြည်ပဲ တင်ခေါ်ခဲ့လေသည်။
သူတို့ အရှေ့တောင်မှော်အင်းအားသွားရန် အနီးဆုံးမြို့သို့သွားရန်လိုအပ်သည်။
ငစုံမှတ်မိသလောက် တောင်မှော်အင်းသည်
ရွှေတူးဖော်ရေး လုပ်ကွက် တစ်ခုဖြစ်လေသည်။
ကုန်းမျောလုပ်ကွက်မို့ လုပ်သားလူအင်အားလည်း လိုအပ်သလို ထိုရွှေကွက်ရပ်သည် နောင် နှစ်ဝက်ခန့်အကြာတွင် အကြီးအကျယ် ရွှေအောင်လိမ့်မည်ဖြစ်သည်။

" ကိုစုံ .. ကျွန်တော် ဗိုက်ဆာလို့ တစ်ခုခုစားလို့ရမလား"

တောင်မှော်အင်းအားသွားရန်လုံးပန်းနေသည့်
ငစုံတစ်ယောက် ချစ်ထွန်းအသံကြားမှ
တစ်နေကုန် ဘာမှမစားရသေးမှန်းသတိရလေသည်။
ထို့ကြောင့် .  လမ်းဘေးထမင်းဆိုင်လေး‌ထဲ
ဝင်ထိုင်ကာ ထမင်းဆီစမ်းဖြင့် ကြက်ကြော်တစ်တုံးမှာကျွေးရလေသည်။

" မင်းမစားရသေးတာ ငါမေ့သွားတယ်။ ကဲ စားစား "

" ကိုစုံ.. ကျုပ် ဒီကြက်သားကို တစ်တုံးလုံး စားလို့ရလား"

ချစ်ထွန်းတစ်ယောက် ခပ်ကြီးကြီးကြက်သားတုံးအားငေးကာ မစားရဲသလို မေးလာတော့ ငစုံ မျက်နှာကြောကြီးတင်းသွားရသည်။

" ရတာပေါ့ကွ။ ချစ်ထွန်း.. ဒီနေ့ကစပြီး ၊မင်း ကြိုက်တာစားလို့ရသလို.. ဘာလုပ်ချင်ချင်ပြန်မေးဖို့မလိုဘူး"

ထမင်းစားပြီးခရီးဆက်သွားကြရာ ညနေသုံးနာရီထိုးတွင်ထွက်မည့် သင်္ဘောတစ်စီးကိုတွေ့ရ၏။
ငစုံ သည် စားဖို့သောက်ဖို့တော်တော်များများဝယ်ခဲ့ဖို့လည်းမမေ့ပေ။ သင်္ဘောပေါ်တွင် ဈေးဆိုင်ပါသည့်တိုင် ဈေးကြီးသည့်အပြင် တစ်ညလမ်းတွင်အိပ်ရမည်မို့ ကြိုတင်ဝယ်ယူခဲ့သည်မှာ မမှားပေ။

" ကိုစုံ ခင်ဗျား မကြောက်ဘူးလား"

တစ်လမ်းလုံးရှု့ခင်းတွေကိုငေးမောလိုက်လာတဲ့
ငစုံသည် ချစ်ထွန်းစကားကြောင့် ပြန်လှည့်လာ၏။
သူဝယ်လာခဲ့တဲ့ ပြည်တောင်းနဲ့ချိန်ရောင်းသောနေကြာစေ့များက ချစ်ထွန်းရှေ့မှာအနှံ့အပြား။
ကလေးပီပီ ချစ်ထွန်းမျက်လုံးများက ရိုးသားဖြူစင်နေသည်။ မဲညစ်သော အသားအရေရှိသော်ငြား
ချစ်ထွန်းသည်သာမန်လူတို့ ထက်ပိုစွာ သစ္စာရှိပြီး၊ဖြောင့်မတ် မှန်ကန်မူ့ရှိလေသည်။

" ငါက ဘာကြောက်ရမှာလဲ"

" ကိုစုံက ကလေးပဲရှိသေးတာလေ "

၁၄နှစ်အရွယ်ငစုံက လူထွားပြီး အရပ်ရှည်တာကြောင့် တော်ရုံလူ ကလေးဟုမထင်။
မညီမညာခင်းထားတဲ့ ပျဉ်ချပ်တွေပေါ်တွင် ငစုံလှဲအိပ်လိုက်တော့ ချစ်ထွန်းက သူ့ကိုလိုက်ကြည့်နေတုန်းဖြစ်သည်။ ထိုခေတ်အခါက ခရီးလမ်းပန်းသည်
ထင်သလောက်မတွင်ကျယ်။ ကုန်လမ်းထက်ရေလမ်း
မှာ ကူးသန်းပေးတဲ့ ကုန်တင်သင်္ဘောကြီးများတွင် လူများကအပြည့်ဖြစ်၏။ သွားချည်ပြန်ချည် ကုန်ကူးနေတဲ့ သူများကလည်း ရက်ပေါင်းများစွာကြာအောင် သင်္ဘောပေါ်မှာ အိမ်ယာမြေလို နေထိုင်ရသည်။ ထို့ကြောင့်
လူပေါင်းများစွာတင်ဆောင်ခဲ့သော နှစ်ထပ်ခွဲသင်္ဘောပေါ်တွင် သီးသန့် အိပ်စရာနေရာတစ်ခုရဖို့ကထင်သလောက်လွယ်မနေပေ။

" မင်း ငါ့ကိုမယုံဘူးလား"

ချစ်ထွန်းခေါင်းရမ်းသည်။
သို့သော် တစ်ခါမှအပြင်မထွက်ဖူးတဲ့ချစ်ထွန်းခမျာ အရာရာ မျက်စိသူငယ်နားသူငယ်တော့ ဖြစ်နေတာအမှန်။

" ကျုပ်အပြင်မထွက်ဖူးတော့ နည်းနည်းကြောက်တယ်"

" ဖြစ်တက်ပါတယ်။ ဒါပေမဲ့ချစ်ထွန်း.. လောကမှာ မှန်လွန်းတဲ့သူ၊ ကြောက်လွန်းတဲ့သူ၊ ချစ်လွန်း တဲ့သူက
မြန်မြန်သေတက်တယ် ။ မင်း ရှင်သန်ချင်တယ်မို့လား"

"ဟုတ်ကဲ့"

" ဒါဆို မကြောက်နဲ့ ၊ မရိုးနဲ့၊မချစ်နဲ့ "

ငစုံ၏ စကားအဆုံးမှာ ချစ်ထွန်း၏ ဦးနှောက်ထဲမှာ
ထိုစကားသုံးလုံးက သံမှိုဆွဲသလိုနေရာယူခဲ့လျက်။

ဘူး...ဘော်.....

သင်္ဘောဥဩဆွဲသံကျယ်ကျယ်ပေးလာသည်မို့
ငစုံ သူအိပ်နေတဲ့ ထောင့်လေးကနေထကာ
ကုန်းပတ်ပေါ် ပတ်သွားလိုက်တော့ ဆိပ်ကမ်းဆီကနေပျားပန်းခတ် သွားလာနေကြတဲ့လူတွေကိုတွေ့ရသည်။
ဒါတောင်သင်္ဘောက ဆိပ်ကမ်းကိုကပ်နေသည်မဟုတ်သေး။
စောင့်ကြိုနေသည့် လူအင်အားကို ကြည့်ကာ
ငစုံ အိပ်ပျော်နေတဲ့ ချစ်ထွန်းကို ပြေး‌နှိုး၏။

" ချစ်ထွန်း ထ တော့ "

မျက်စိစုံပွတ်၍ ချစ်ထွန်းထလာတော့
ငစုံသိမ်းဆည်းပြီးထားတဲ့ အထုတ်အပိုးတွေက အဆင်သင့်။

" ပေး ကျုပ်သယ်ခဲ့မယ် "

" ရတယ် ငါ့နောက်က သေချာလိုက်ခဲ့။
လူမပျောက်စေနဲ့ "

ဆိပ်ကမ်းကပ်တော့ အတင်းတိုးတက်လာတဲ့ လူအုပ်ကြီးက ကုန်းဘောင်ပေါ်မှာ အလုအယက် ။

" ထမင်းဖြူတွေရမယ်။ ထမင်းဖြူ တွေရမယ်"

" ခေါက်ဆွဲကြော် ၊ရေသန့်ဘူး ။ ကြက်ဥပြုတ်"

လှုပ်လှုပ်ရှားရှားဈေးဝယ်သူ ဈေးရောင်းသူတွေအပြင် ၊ကုန်တင်ကုန်ချလုပ်မဲ့ အလုပ်သမားတွေကလည်းအများအပြား။
ငစုံတစ်ယောက် သူရောက်ချင်တဲ့ တောင်မှော်အင်းရဲ့
မြေပေါ်မှာခြေချမိသည်နှင့် နှလုံးသွေးကြောအတွင်းထိအောင် ညချမ်းအေးကို နင့်နင့်နဲနဲ သတိရမိတော့သည်။

"ဒါဆို  စာခ်ဳပ္မွာ လက္မွတ္ထိုးလို႔ရၿပီ"

ရပ္ေရးရြာေရး အုပ္ခ်ဳပ္ေနတဲ့ ရြာသူ‌ႀကီး စကားဆံုးေတာ့ ငစံု အရင္ဦးေအာင္ လက္မွတ္ထိုးေပးလိုက္သည္။ ဦးလူလွက လူႀကီးစံုရာေရ႔ွ ၿခံေျမတစ္ျခမ္းႏွင့္ ႏြားရွစ္ေကာင္ ၏ တန္ေၾကးေငြ တစ္သိန္းက်ပ္အား ငစံုအားေပးအပ္ခဲ့သည္။   အတိတ္ဘဝတြင္ မွတ္မိသေလာက္  မၾကာမွီ ေက်းရြာ ျပဳျပင္ေရးဆိုတဲ့ေခါင္းစဉ္ေအာက္မွာ လမ္းဖယ္ေပးရသၫ့္အိမ္မ်ားမွာ မနည္းမေနာ။ ထိုအထဲတြင္ ငစံုအိမ္က ထိပ္ဆံုးကပါခဲ့တာေၾကာင့္ ဦးလူလွအတြက္ စိတ္မေကာင္းစရာပင္။

အစတြင္ ေက်းရြာလူႀကီးက သူ႔အား အတင္းအၾကပ္
ဖိအားေပးေရာင္းဝယ္တာမ်ိဳးလားဆိုတာ ေမးေပမဲ့ ငစံု သိသိသာသာ မေျဖခဲ့ေပ။ထိုအရာသည္
တစ္စံုတစ္ခုျဖစ္ပြားလာတဲ့အခါ ဦးလူလွကိုသာ လက္ညိုးထိုးလာၾကမၫ့္အေရးမို႔ပင္။

ငစံုတစ္ေယာက္အႀကံၾကီးေလသည္။
အိမ္ရာေျမအားတိတိက်က် ၿခံခတ္ပစ္လိုက္ရန္ ရြာလူႀကီးအားတိုင္ပင္လိုက္သည္။  ကေလးျဖစ္တာတစ္ေၾကာင္း
ဦးလူလွနဲ႔အမ်ိဳးမကင္းတာတစ္ေၾကာင္းေၾကာင့္
ကုန္က်စရိတ္ကို အႀကီးျဖစ္တဲ့ ဦးလူလွကိုသာကုန္ခံေစခဲ့သည္။
ထိုအခ်ိန္က ဦးလူလွ တစ္ေယာက္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပင္ ဝိုင္းခတ္ေပးေပမဲ့ ေနာက္ျဖစ္လာမဲ့အေၾကာင္းအရ ဝယ္ယူထားသၫ့္ၿခံေျမသည္ လမ္းနယ္နမိတ္ထဲမလြတ္ကင္းသည္မို႔  ဆယ္သံုးေပေက်ာ္ေက်ာ္မ်ွ လမ္းခ်ဲ့ထြင္သၫ့္အထဲပါခဲ့ရာ မၾကာမွီ ငိုေႂကြးရေတာ့မည္ျဖစ္၏။

အိမ္ရာေရာင္းဝယ္ေရးအဆင္ေျပသြားၿပီးေနာက္
ငစံုသည္ မၾကာခဏ ခ်စ္ထြန္းႏွင့္ ညခ်မ္းေအး
အားေျပးၾကၫ့္တက္ၿပီး ခ်စ္ထြန္းအားလည္း အတူေနရန္မဲဆြယ္ၿမဲျဖစ္သည္။

" ခ်စ္ထြန္း မၾကာခင္ .. ငါ ေတာင္ေမွာ္အင္းမွာ
အလုပ္သြားလုပ္ေတာ့မွာ။ မင္းလိုက္မလား"

"..."

၁၁ႏွစ္အရြယ္ ခ်စ္ထြန္းသည္ ခပ္ငယ္ငယ္သာရိွေသးေလသည္။ ေလာကႀကီးအေၾကာင္းမသိေသးေပမဲ့
သူ႔အား အေရးတယူစကားလာေျပာတက္ေသာ ငစံုကိုေတာ့ အနည္းငယ္မ်ွ ယံုၾကည္ခင္မင္ေနၿပီျဖစ္သည္။
ခ်စ္ထြန္းက သူ႔အား ျပန္မေျဖ ဘူးဆိုေပမဲ့ အရင္လို ဂ်စ္ကန္ကန္ မဟုတ္ေတာ့သည္ကို ငစံုရိပ္မိသည္။

ထို႔ေၾကာင့္ တမင္ထည့္ယူလာခဲ့ေသာ ပိုက္ဆံ
ငါးေထာင္အား ခ်စ္ထြန္းလက္ထဲထၫ့္ကာ

" ဒါယူၿပီး မင္းအေမကို ေပးလိုက္ခ်စ္ထြန္း။
ငါနဲ႔လိုက္ခဲ့ရင္ မင္းဘဝ ေျပာင္းလဲသြားလိမ့္မယ္။
မဟုတ္ရင္ မင္းအိမ္မွာ အပယ္ခံအေနနဲ႔ ဆက္ေနသြားရလိမ့္မယ္ကြ"

ဂရုဏာေဒါသအေလ်ာက္သူအသံမွာ ခပ္က်ယ္က်ယ္။
ခ်စ္ထြန္းအေမသည္ ေပါ့ပ်က္ပ်က္ႏိုင္တဲ့မိန္းမတစ္ေယာက္ျဖစ္ၿပီး အိမ္ေထာင္ေရးမွာလည္း မၾကာခဏ
ေယာက်ာ္းေျပာင္းလဲေနသူသာျဖစ္သည္။
ခုအိမ္ေထာင္က်ေသာ ခ်စ္ထြန္းပေထြးသည္ သူ႔၏
သံုးေယာက္ေျမာက္ေယာက်ာ္းျဖစ္ၿပီး ကေလးမ်ားမွာလည္း ဘုစုခရုမ်ားျပားလွသၫ့္ တကယ့္ေမြးႏိုင္လြန္းသူ ရွင္ေမြးလြန္းႀကီးသာျဖစ္၏။

ငစံုနဲ႔ေတြ့ၿပီးအျပန္တြင္ ခ်စ္ထြန္းလက္ထဲေငြငါးေထာင္ ပါလာခဲ့ေလသည္။
တစ္ခါမွမျမင္ဖူးတဲ့ပမာနမို႔ ခ်စ္ထြန္း လမ္းမွာပင္ မေဆာ့ကစားရဲပါေပ။
လိုက္မလိုက္ မေတြးရေသးေသာ္ျငား၊ ခ်စ္ထြန္းလက္ထဲ ငစံုဇြတ္ထၫ့္ေပးလိုက္တဲ့ ေငြငါးေထာင္က ခ်စ္ထြန္းအေတြးအားေတြးေဝေစသည္။

" ဟဲ့ ခ်စ္ထြန္း။ ‌ကေလကဝေကာင္.. တစ္ေနကုန္ေဆာ့ကစားဖို႔ေလာက္ပဲသိတာ။ကေလးထိန္းမကူဘာမကူနဲ႔ လာစမ္း.. ဒီမွာ နင့္ပေထြးကိုအရက္ဝယ္ေပးလိုက္စမ္း။ တကထဲ ..  ေသနာေကာင္ကလည္း
ဒီေသာက္အရက္ကို မဘယ္ေလာက္ရ မေနႏိုင္။ "

အိမ္ဝရပ္လိုက္တာနဲ႔ အေမလွမ္းပစ္လိုက္တဲ့
စတီးဇလံုတစ္ခုက သူ႔ေခါင္းေပၚကေနျဖတ္ေပးသြားကာ လမ္းဖက္သို႔ ဂလံုဂလြမ္ျဖင့္ က်သြား၏။
ကေလးငိုသံေတြဆူဆူညံညံအျပင္ ညစ္ပက္စုတ္ခ်ာလွသၫ့္အိမ္သည္ ခ်စ္ထြန္းအား မေပ်ာ္ရႊင္ေစခဲ့ေပ။
သူ႔ကို ပစ္ေပါက္လိုက္သၫ့္ စတီးဇလံုကို အမျဖစ္သူသည္ ခါးတင္ခြ ခ်ီထားသၫ့္ကေလးငယ္ျဖင့္ ေျပးေကာက္ရွာသည္။ သူ႔အမသည္ အသက္ ၁၂ႏွစ္ေက်ာ္ေနၿပီျဖစ္ေပမဲ့ မဲညစ္စုတ္ေပေသာ အဝတ္အႏြမ္းတို႔သာ ဝတ္ရရွာၿပီး အေမေမြးသမ်ွကေလးတို႔အား ဒိုင္ခံခ်ီပိုးထိန္းေက်ာင္းရ၏။
အမွန္ေတာ့ အမႏွင့္ခ်စ္ထြန္းသည္ တစ္ဖေအျဖစ္ၿပီး
က်န္ကေလးငယ္မ်ားမွ အေမ၏ ေနာက္အိမ္ေထာင္မ်ားမွေမြးသူမ်ားသာ။

ခ်စ္ထြန္း သူ႔အမအားငဲ့ၾကၫ့္ရင္း သူ႔အေမေပးေသာ ပိုက္ဆံကို ယူလိုက္၏။

" အမ ငါ ျပန္လာရင္ တိတ္တိတ္ေလးေျပာစရာရိွတယ္ "

အရက္ဝယ္ဖို႔ သုတ္ေျခတင္ထြက္သြားေသာ ခ်စ္ထြန္းအားၾကၫ့္ကာ
သူ႔အမ အိမ္ေပါက္ဝမွာ က်န္ခဲ့ေလသည္။
ညအခါတြင္ ခ်စ္ထြန္းတို႔ေမာင္ႏွမသည္ ‌တဲ၏ေထာင့္တြင္ကပ္ကာ အတူအိပ္ေနရသည္။
ခ်စ္ထြန္းသည္ တစ္ေနကုန္ကေလးထိန္းရလို႔ ပင္ပန္းေနၿပီျဖစ္တဲ့အမျဖစ္သူကို မအိပ္သြားေအာင္ ခပ္ဖြဖြ ပုတ္လိုက္၏။

" အမ "

" ဟင္"

" ငါ အလုပ္သြားလုပ္ေတာ့မယ္ "

" ဘာႀကီး "

အနည္းငယ္အသံက်ယ္သြားတာမို႔ အမျဖစ္သူပါးစပ္အားပိတ္ကာ အသံမထြက္ဖို႔တားရေတာ့၏။

" မေအာ္နဲ႔။ အေမႏိုးမယ္"

" ခ်စ္ထြန္း.. နင္ ဘာေတြမဟုတ္တာလုပ္မလို႔လဲ။
အေမသိရင္ ငါ့ပါသတ္လိမ့္မယ္"

" အမ ငါ အေရ႔ွရြာက ကိုစံုနဲ႔ အလုပ္လုပ္လိုက္သြားမလို႔ ။ အေမမသိေစနဲ႔အံုး။ ေရာ့.. ဒီသံုးေထာင္ကို
နင္သံုးရေအာင္သိမ္းထား...။ "

လက္ထဲထိုးထၫ့္လာတဲ့ ပိုက္ဆံလိပ္ကေလးကိုၾကၫ့္ကာ ခ်စ္ျပၫ့္ စိုးရိမ္သြားတာသိသိသာသာ။

" နင္ဒါေတြ ဘယ္ကရတာလဲ"

" ကိုစံုဆီက ငါ ခနယူထားတာ။ အေမ့အတြက္ သူ႔ေသတၲာထဲ ႏွစ္ေထာင္ခိုးထၫ့္ထားေသးတယ္။ ငါသြားတုန္းနင္သံုးစရာမရိွမွာမို႔လို႔"

" အမ ငါသြားေနတုန္း နင့္ကိုနင္ ဂရုစိုက္ေနာ္။
တစ္ခုခုဆို အရီးျမအိမ္ကို သြား။"

အရီးျမက အေဖ့ဖက္က ေဒၚေလးေတာ္သူျဖစ္သည္။
အေဖမရိွေတာ့ကတည္းက တစ္ခါတစ္ရံသူတို႔ေမာင္ႏွမအား ၾကၫ့္ရူ႔ေစာင့္ေရွာက္တက္တာမို႔ ခ်စ္ထြန္း ေနာက္ဆံမေအးမွာေနရျခင္းသာ။
သူဘာမွသိပ္မသိေသးေပမဲ့ တစ္ခါတစ္ရံ အမျဖစ္သူကို နင္းေပးႏိွပ္ေပးခိုင္းတက္တဲ့ပေထြးအား သိပ္ေတာ့
မေက်နပ္လွ။

______

ေရာင္နီဦးသည္အလင္းပ်ပ်ျဖင့္ ေလာကကိုလႊမ္းၿခံဳေပးလာခဲ့ၿပီ။
ေနြဦး၏အလွတရားသည္တုႏိုင္းျပ၍မွီမယ္မထင္။
သည္အလွပေရးရာကို ငစံု မျမင္ဖူးသလို ေငးေမာေနမိသည္မွာ မက္မက္ေမာေမာပင္။

အတိတ္...

ေမွာင္ႏွင့္မဲမဲ အခန္းက်ဉ္းက သူ႔အားသတိေပးသၫ့္ႏွယ္။ ေလာက၏အလွတရား၊သဘာဝ၏သန႔္ရွင္းတဲ့ ေလထု စသၫ့္တန္ဖိုးျဖတ္မရသၫ့္အလွတရားမ်ား။ ႏွစ္သံုးဆယ္ေက်ာ္ ေထာင္က်ခဲ့သၫ့္ သူလိုလူသည္ ဒါေတြကိုထပ္မံမျမင္ဖူးေတာ့ဟု
ေတြးထင္ခဲ့မိသည္။

" ကိုစံု.. ကြၽန္ေတာ္ေရာက္ၿပီ"

အေျပးေလးေရာက္လာသၫ့္ ခ်စ္ထြန္းေၾကာင့္
ငစံု၏အေတြးကမ႓ာသည္ရုတ္ခ်ည္းရပ္တန႔္သြား၏။
ခ်စ္ထြန္းလက္ထဲတြင္ပါလာေသာ အဝတ္အိတ္ေသးေသးအားတစ္ခ်က္ၾကၫ့္ကာ ‌ငစံုေက်နပ္သြား၍

" မင္း.. ေတာ္တယ္ခ်စ္ထြန္း။ လာ .. မွီတဲ့လွည္းႀကံဳလိုက္စီးၾကမယ္"

ေငြငါးေထာင္ေပးၿပီးကတည္းက ငစံုနဲ႔ ခ်စ္ထြန္းမေတြ့ရတာသံုးရက္ရိွၿပီ။
စဉ္းစားခ်ိန္ေပးထားေပမဲ့ ကေလးသာသာ သာရိွေသးသၫ့္ ခ်စ္ထြန္းသည္ သူနဲ႔လိုက္ခဲ့မည္ဟု မေတြးထင္ထားပါ။ သူ၏ တပၫ့္ေက်ာ္အား ျမင္လိုက္ရေတာ့
ရင္ထဲ ေပ်ာ္ရႊင္ျခင္းေတြက နင့္ခနဲ။

ခုခ်ိန္ကစၿပီး.. ငါတို႔ အတိတ္ကို ေျပာင္းျပန္လွန္မယ္

ေပ်ာ္ရႊင့္မူ႔ ကို ကိုယ္တိုင္ေရးထြင္းမယ္

မင္းနဲ႔ ငါ ရဲ့ မွားယြင္းခဲ့တဲ့ ဘဝဇာတ္ခံု ကို ကိုယ္တိုင္ကိုယ္က် ပံုေဖာ္ၾကမယ္..

ေနထြက္လာတာႏွင့္တၿပိဳင္နက္.. ႏြားလွည္းတစ္စီးသည္ ဖုန္တလံုးလံုးျဖင့္ေမာင္းႏွင္လာေခ်ၿပီ။
ထိုလွည္းအား တား၍ သူတို႔ ေငြအနည္းငယ္ေပးလိုက္ရာ အသာအၾကည္ပဲ တင္ေခၚခဲ့ေလသည္။
သူတို႔ အေရ႔ွေတာင္ေမွာ္အင္းအားသြားရန္ အနီးဆံုးၿမိဳ႔သို႔သြားရန္လိုအပ္သည္။
ငစံုမွတ္မိသေလာက္ ေတာင္ေမွာ္အင္းသည္
ေရႊတူးေဖာ္ေရး လုပ္ကြက္ တစ္ခုျဖစ္ေလသည္။
ကုန္းေမ်ာလုပ္ကြက္မို႔ လုပ္သားလူအင္အားလည္း လိုအပ္သလို ထိုေရႊကြက္ရပ္သည္ ေနာင္ ႏွစ္ဝက္ခန႔္အၾကာတြင္ အႀကီးအက်ယ္ ေရႊေအာင္လိမ့္မည္ျဖစ္သည္။

" ကိုစံု .. ကြၽန္ေတာ္ ဗိုက္ဆာလို႔ တစ္ခုခုစားလို႔ရမလား"

ေတာင္ေမွာ္အင္းအားသြားရန္လံုးပန္းေနသၫ့္
ငစံုတစ္ေယာက္ ခ်စ္ထြန္းအသံၾကားမွ
တစ္ေနကုန္ ဘာမွမစားရေသးမွန္းသတိရေလသည္။
ထို႔ေၾကာင့္ .  လမ္းေဘးထမင္းဆိုင္ေလး‌ထဲ
ဝင္ထိုင္ကာ ထမင္းဆီစမ္းျဖင့္ ၾကက္ေၾကာ္တစ္တံုးမွာေကြၽးရေလသည္။

" မင္းမစားရေသးတာ ငါေမ့သြားတယ္။ ကဲ စားစား "

" ကိုစံု.. က်ဳပ္ ဒီၾကက္သားကို တစ္တံုးလံုး စားလို႔ရလား"

ခ်စ္ထြန္းတစ္ေယာက္ ခပ္ႀကီးႀကီးၾကက္သားတံုးအားေငးကာ မစားရဲသလို ေမးလာေတာ့ ငစံု မ်က္ႏွာေၾကာႀကီးတင္းသြားရသည္။

" ရတာေပါ့ကြ။ ခ်စ္ထြန္း.. ဒီေန့ကစၿပီး ၊မင္း ႀကိဳက္တာစားလို႔ရသလို.. ဘာလုပ္ခ်င္ခ်င္ျပန္ေမးဖို႔မလိုဘူး"

ထမင္းစားၿပီးခရီးဆက္သြားၾကရာ ညေနသံုးနာရီထိုးတြင္ထြက္မၫ့္ သေဘၤာတစ္စီးကိုေတြ့ရ၏။
ငစံု သည္ စားဖို႔ေသာက္ဖို႔ေတာ္ေတာ္မ်ားမ်ားဝယ္ခဲ့ဖို႔လည္းမေမ့ေပ။ သေဘၤာေပၚတြင္ ေဈးဆိုင္ပါသၫ့္တိုင္ ေဈးႀကီးသၫ့္အျပင္ တစ္ညလမ္းတြင္အိပ္ရမည္မို႔ ႀကိဳတင္ဝယ္ယူခဲ့သည္မွာ မမွားေပ။

" ကိုစံု ခင္ဗ်ား မေၾကာက္ဘူးလား"

တစ္လမ္းလံုးရႈ႔ခင္းေတြကိုေငးေမာလိုက္လာတဲ့
ငစံုသည္ ခ်စ္ထြန္းစကားေၾကာင့္ ျပန္လွၫ့္လာ၏။
သူဝယ္လာခဲ့တဲ့ ျပည္ေတာင္းနဲ႔ခ်ိန္ေရာင္းေသာေနၾကာေစ့မ်ားက ခ်စ္ထြန္းေရ႔ွမွာအႏွံ႔အျပား။
ကေလးပီပီ ခ်စ္ထြန္းမ်က္လံုးမ်ားက ရိုးသားျဖဴစင္ေနသည္။ မဲညစ္ေသာ အသားအေရရိွေသာ္ျငား
ခ်စ္ထြန္းသည္သာမန္လူတို႔ ထက္ပိုစြာ သစၥာရိွၿပီး၊ေျဖာင့္မတ္ မွန္ကန္မူ႔ရိွေလသည္။

" ငါက ဘာေၾကာက္ရမွာလဲ"

" ကိုစံုက ကေလးပဲရိွေသးတာေလ "

၁၄ႏွစ္အရြယ္ငစံုက လူထြားၿပီး အရပ္ရွည္တာေၾကာင့္ ေတာ္ရံုလူ ကေလးဟုမထင္။
မညီမညာခင္းထားတဲ့ ပ်ဉ္ခ်ပ္ေတြေပၚတြင္ ငစံုလွဲအိပ္လိုက္ေတာ့ ခ်စ္ထြန္းက သူ႔ကိုလိုက္ၾကၫ့္ေနတုန္းျဖစ္သည္။ ထိုေခတ္အခါက ခရီးလမ္းပန္းသည္
ထင္သေလာက္မတြင္က်ယ္။ ကုန္လမ္းထက္ေရလမ္း
မွာ ကူးသန္းေပးတဲ့ ကုန္တင္သေဘၤာႀကီးမ်ားတြင္ လူမ်ားကအျပၫ့္ျဖစ္၏။ သြားခ်ည္ျပန္ခ်ည္ ကုန္ကူးေနတဲ့ သူမ်ားကလည္း ရက္ေပါင္းမ်ားစြာၾကာေအာင္ သေဘၤာေပၚမွာ အိမ္ယာေျမလို ေနထိုင္ရသည္။ ထို႔ေၾကာင့္
လူေပါင္းမ်ားစြာတင္ေဆာင္ခဲ့ေသာ ႏွစ္ထပ္ခြဲသေဘၤာေပၚတြင္ သီးသန႔္ အိပ္စရာေနရာတစ္ခုရဖို႔ကထင္သေလာက္လြယ္မေနေပ။

" မင္း ငါ့ကိုမယံုဘူးလား"

ခ်စ္ထြန္းေခါင္းရမ္းသည္။
သို႔ေသာ္ တစ္ခါမွအျပင္မထြက္ဖူးတဲ့ခ်စ္ထြန္းခမ်ာ အရာရာ မ်က္စိသူငယ္နားသူငယ္ေတာ့ ျဖစ္ေနတာအမွန္။

" က်ဳပ္အျပင္မထြက္ဖူးေတာ့ နည္းနည္းေၾကာက္တယ္"

" ျဖစ္တက္ပါတယ္။ ဒါေပမဲ့ခ်စ္ထြန္း.. ေလာကမွာ မွန္လြန္းတဲ့သူ၊ ေၾကာက္လြန္းတဲ့သူ၊ ခ်စ္လြန္း တဲ့သူက
ျမန္ျမန္ေသတက္တယ္ ။ မင္း ရွင္သန္ခ်င္တယ္မို႔လား"

"ဟုတ္ကဲ့"

" ဒါဆို မေၾကာက္နဲ႔ ၊ မရိုးနဲ႔၊မခ်စ္နဲ႔ "

ငစံု၏ စကားအဆံုးမွာ ခ်စ္ထြန္း၏ ဦးေနွာက္ထဲမွာ
ထိုစကားသံုးလံုးက သံမိႈဆြဲသလိုေနရာယူခဲ့လ်က္။

ဘူး...ေဘာ္.....

သေဘၤာဥဩဆြဲသံက်ယ္က်ယ္ေပးလာသည္မို႔
ငစံု သူအိပ္ေနတဲ့ ေထာင့္ေလးကေနထကာ
ကုန္းပတ္ေပၚ ပတ္သြားလိုက္ေတာ့ ဆိပ္ကမ္းဆီကေနပ်ားပန္းခတ္ သြားလာေနၾကတဲ့လူေတြကိုေတြ့ရသည္။
ဒါေတာင္သေဘၤာက ဆိပ္ကမ္းကိုကပ္ေနသည္မဟုတ္ေသး။
ေစာင့္ႀကိဳေနသၫ့္ လူအင္အားကို ၾကၫ့္ကာ
ငစံု အိပ္ေပ်ာ္ေနတဲ့ ခ်စ္ထြန္းကို ေျပး‌ႏိႈး၏။

" ခ်စ္ထြန္း ထ ေတာ့ "

မ်က္စိစံုပြတ္၍ ခ်စ္ထြန္းထလာေတာ့
ငစံုသိမ္းဆည္းၿပီးထားတဲ့ အထုတ္အပိုးေတြက အဆင္သင့္။

" ေပး က်ဳပ္သယ္ခဲ့မယ္ "

" ရတယ္ ငါ့ေနာက္က ေသခ်ာလိုက္ခဲ့။
လူမေပ်ာက္ေစနဲ႔ "

ဆိပ္ကမ္းကပ္ေတာ့ အတင္းတိုးတက္လာတဲ့ လူအုပ္ႀကီးက ကုန္းေဘာင္ေပၚမွာ အလုအယက္ ။

" ထမင္းျဖဴေတြရမယ္။ ထမင္းျဖဴ ေတြရမယ္"

" ေခါက္ဆြဲေၾကာ္ ၊ေရသန႔္ဘူး ။ ၾကက္ဥျပဳတ္"

လႈပ္လႈပ္ရွားရွားေဈးဝယ္သူ ေဈးေရာင္းသူေတြအျပင္ ၊ကုန္တင္ကုန္ခ်လုပ္မဲ့ အလုပ္သမားေတြကလည္းအမ်ားအျပား။
ငစံုတစ္ေယာက္ သူေရာက္ခ်င္တဲ့ ေတာင္ေမွာ္အင္းရဲ့
ေျမေပၚမွာေျခခ်မိသည္ႏွင့္ ႏွလံုးေသြးေၾကာအတြင္းထိေအာင္ ညခ်မ္းေအးကို နင့္နင့္နဲနဲ သတိရမိေတာ့သည္။

Bạn đang đọc truyện trên: ZingTruyen.Xyz