ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

28

eainsi23

"သူ့ကို ဘာလုပ်လိုက်ရမလဲ"

အမြဲညင်သာနေကျဖြစ်သော မျက်လုံးတွေသည်   လက်ပြန်ကြိုးတုတ်ထားပြီး အဝတ်ဖြင့်ခေါင်းအုပ်ထားသော လူတစ်ယောက်အား အေးစက်စွာကြည့်နေခဲ့သည်။ စူးရှသော မီးအလင်း သည် ထိုလူ၏ပုံပန်းအားတိကျစွာမြင်နိုင်သည်။

ကန်ရေပြင်အလား တည်ငြိမ်သော မျက်လုံးတွင် မီးလျံအလား တောက်လောင်နေသော သတ်ဖြတ်ခြင်းများသည် သိသာမြင်သာနေခဲ့သည်။

မှန်၏။ထိုသူသည်စီမြို့တော်တွင်ကျင်လည်ကျက်စားနေသော ဦးခမ်းစက်ပိုင် ၏ Lion king အဖွဲ့အစည်း၏ အမွေဆက်ခံသူမိုင်းစက်ပိုင်ပင်ဖြစ်သည်။
အပြင်လောကတွင်မိုင်းစက်ပိုင်သည်ထိုသို့မဟုတ်ပေ။ချစ်လှစွာသောမိထွေးဖြစ်သူ ဒေါ် ဧကရီ၏
မြင်ကွင်းအောက်တွင် ဖြူစင်ရိုးသားမူ့အားအမြဲ
ချပြလေ့ရှိသည်။ အမေဖြစ်သူအား ချောင်ထိုး၍
သားအမိအမည်ခံ ထားသူ မိထွေးကို မုန်းသည်မှာ ရင်ထဲအသည်းနစ်အောင်ပင်။

" ဘယ်သူခိုင်းတာလဲဆိုတာ သိအောင်လုပ်လိုက်။
မပြောမချင်း နှိပ်စက်တာကို မရပ်လိုက်နဲ့ "

ထိုစကားကြောင့် ကြိုးတုတ်ထားသော သူသည် ကြောက်အားလန့်အား စာတင်ရုန်းကန်လာသည်။

မရဏသည်သခင်၏အမိန့်စကားအောက်တွင်
လျှပ်စစ်ခုံအား တွန်းရွေ့လာသည်။

နာကျင်၍ ခက်ခဲစေသော အချိန်ကို ထိုသူမည်သို့
တောင့်ခံနိုင်မည်နည်း။  မှောင်မိုက်သော အခန်းငယ်အတွင်းမှာ  ရှိတဲ့လူနည်းစုသည် တုတ်တုတ်မျှမလှုပ်ရဲချေ။
လျှပ်စစ်ဖြင့်ရှော့တိုက်နည်းသည် သာမန်သစ္စာဖောက်ကိုတောင်မှ ရက်စက်လွန်း၍ မလုပ်ပေ။
အတော်ကြီးပြစ်မူ့ကြီးမှ ထိုနည်းကို သုံးကာ
လျို့ဝှက်ချက်ကိုဖော်ထုတ်လေ့ရှိတာဖြစ်၏။

ထိုနည်းကို နောက်ကွယ်ကနေ သူတို့အကြောင်းစုံစမ်းရုံမျှဖြင့် ထုတ်သုံးသည်ဆိုတာကတော့.. ဒေါသဖြေစရာ ရှိသည်မှာ မှားစရာ မဟုတ်။ လက်အောက်ငယ်သားတွေအကုန်လုံးသတိအနေအထားဖြင့် ရှိနေကြစဉ် ဗို့အားမြင့် လျှပ်စစ်အားကြောင့် ငယ်သံပါအောင်အော်ဟစ်သံက ကွက်ကြားကွက်ကြားထွက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကို မရဏ သည် စူးစိုက်စွာကြည့်နေခဲ့၏။
သခင်လေးမိုင်းသည် ဦးခမ်းစက်ပိုင်၏ တရားဝင် သွားဖြစ်ပေမဲ့ လုပ်ပိုင်ခွင့်အားလုံးကို လက်လွှဲပေးထားသည်မဟုတ်။

သူလိုညာလက်ရုံးတစ်ယောက်အနေနဲ့ သခင်လေး သုံး‌ ယောက်အားလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးရမှာတာဝန်ဆိုပေမဲ့ ရင်ထဲမှာ စူးနစ်စွာမှတ်သားဘူးတဲ့ အရှင်သခင်ကတော့ တစ်ယောက်ထဲသာ။

သူ့နာမည်က ဧရာစက်ပိုင် ။

_________

"ပြောတော့မကြာဘူး ခဏ ဆိုပြီးတော့"

သူ့၏  တီးတိုးရွတ်သံကြောင့် ခြေရင်း ကောဇောပေါ်မှာ ကစား နေတဲ့ ကူးကူးသည် ဆော့နေရာမှမော့ကြည့်လာသည်။
ညချမ်းအေး သက်ပြင်းချကာ

" ဘာမှမဟုတ်ဘူး။ ဦးဦးက ... သမီးဖေကြီးပြန်မလာသေးလို့ မျှော်နေတာ "

ကူးကူး၏ မျက်တောင်လေးများသည် စိတ်လှုပ်ရှားစွာ လှုပ်ခတ်လာပြီး  ကစားစရာများအားပစ်ချကာ
ညချမ်းအေးကိုယ်ပေါ်အားကုတ်တွယ်တက်လာ၏။

" မိုးတောင်ချုပ်နေပြီ။  ဖေကြီးက နောက်ကျလိုက်တာ နော် "

အပြင်မှာ မီးရောင်လဲ့လဲ့ထွန်းထားပေမဲ့ ညရှစ်နာရီဆိုတဲ့အချိန်ကတော့ လိမ်လို့မရပေ။
ညချမ်းအေး စိတ်တိုပေမဲ့ကလေးရှေ့မှာမို့ သတိနှင့်ထိန်းကာ

" ဟုတ်ပါ့ ။ သမီးဖေသက်ကရော ဒီအချိန် ရောက်နေပြီ ဘာလို့လာမကြိုသေးတာလဲ"

" ဖေသက်က ဦးဦး အဖော်မရှိမှာစိုးလို့ဖေကြီးပြန်လာမှဖုန်းဆက်တဲ့ ။ ဒါနဲ့လေ။ ဖေကြီးကအပြင်မှာ
မေမေလေးနဲ့သွားတွေ့တာလားမသိဘူးနော် ။
သမီးဖြင့်စိတ်ညစ်တော့တာပဲ ။ ဖေကြီးက
ပြောတော့ဖြင့် မဟုတ်ပါဘူး မဟုတ်ပါဘူးနဲ့ ။
မနက်ကလည်း ကျောင်းမှာ
သမီးသူငယ်ချင်း‌တွေပြောပြကြတာ တော့ သမီးအတွက် မေမေလေးရဖို့မလိုတော့ဘူးတဲ့"

ကူးကူးတစ်ယောက်သက်ပြင်းချလိုက်ပုံများလူကြီးတစ်ယောက်နှယ်။ လောင်စာဆီကို မီးဖြည့်ရင်
မီးလောင်‌အားကောင်းစေသကဲ့သို့ ကူးကူး၏ ကလေးစကားတို့ကြောင့် စူပုတ်လာသူတစ်ယောက်ကတော့
ခုညတွင်းချင်းဖြေရှင်းရင်ရှင်းနိုင်။ မရှင်းနိုင်ရင် ပြတ်ပြီဟုပင်တွေးတောနေခဲ့ပြီဖြစ်သည်။

တီ.. တီ

ကားဟွန်းသံကြောင့် နှစ်ယောက်သားခေါင်းထောင်သွားပြီး ပေါ်တီအောက် လျောခနဲဝင်လာသောကားကြောင့် ကူးကူးတစ်ယောက်ချက်ချင်း အောက်လျောဆင်းသွားတော့၏။

"ဖေကြီးကို ဦးဦးအတွက် သမီး ဆူပေးမယ်"

အိမ်ပေါက်ဝထိအမြန်ပြေးသွားကာ
သူ့ဖေကြီးအားခါးထောက်လျက်သားဖြင့်

" ဖေကြီး ဒီလောက်မိုးချုပ်အောင် ဘာလို့ကြာနေတာတုန်း"

ဟု ပြောသည့်အတိုင်း စီးကြို ဆူလေသည်။
စုံသာမြိုင်သည် ကားပေါ်ကတည်းက မည်သို့ရှင်းပြရမလဲဟုတွေးလာပြီးသားဖြစ်သော်ငြား သမီးဖြစ်သူစကားကြောင့် ဧည့်ခန်းမှာထိုင်နေသူအား စိုးရိမ်တကြီးလှမ်းကြည့်လိုက်မိသည်။ သို့သော်
တစ်ယောက်သောသူသည် သူကြည့်တာမြင်သည်ဖြင့်
ချက်ချင်းအကြည့်လွှဲသွားတော့သည်။

အဲ့ဒါမှဒုက္ခ ။

သူခေါင်းကုတ်ကာ ကားထားရာမှ  ပြန်ထွက်တော့သည့်ဘမှောင်အား ကူးကူး ကို မချီ၍ ပစ်ပေးလိုက်သည်။

" သမီး ပြန်နှင့်တော့ ဖေကြီးနောက်ရက်မှ လာခေါ်မယ် "

ချက်ချင်းဆိုသလို ဘမှောင်အား မျက်နှာရိပ်မျက်နှာကဲပြကာ နှင်လွှတ်လိုက်လေ၏။
ကူးကူးသည် ဘမှောင်၏ ကိုယ်ပေါ်၌ နှုတ်ခမ်းဆူလျက်ပင်

"သမီးပြောလို့မ‌ပြီးသေးဘူး။ ဖေကြီးနော် သမီးမေမေလေးမရချင်ပါဘူးဆိုမှ ။ ခုလည်း အပြင်မှာ သွားချိန်းတွေ့နေတာမဟုတ်ဘူးလား သမီးသူငယ်ချင်း ကေသီကဖြင့် ပြောနေတာ။ ဒီနေ့  ဖေကြီးတို့လုပ်တဲ့အစည်းအဝေးပွဲဆိုတာ သူတို့ချည်းပဲမဟုတ်ဘူးတဲ့။ မေမေလေးတွေရော ပါတယ်တဲ့ "

စုံသာမြိုင်အတင်းလက်ခါပြကာ ဘမှောင်ကို နှင်လွှတ်တော့မှ ကူးကူးတစ်ယောက် ကော့ကလန်ထိုးရင်း ပါသွားတော့သည်။ 
ဖြစ်ပုံက အဲ့သလို။ ကံမကောင်းချင်ပုံများ။
စုံသာမြိုင် စိတ် ပျက်လက်ပျက် သူ့မျက်နှာကို လက်ဖဝါးနှင့်အုပ်ကာ ကူးကူးကို နောက်ရက်ကျောင်းပြောင်းပေးဖို့ တွေးလိုက်မိသည်။

ခြေဖဝါးကို အသာဖော့နင်းရင်း အိမ်ထဲဝင်လာတဲ့ သူ့ပုံပန်းကိုသာ လုပ်ငန်းရှင်များအသင်းက မြင်ရင်
မယကဟုများပြောလေမလား။

သူ့ကိုကျောပေးရက်တန်းလန်း ငြိမ်နေတဲ့ ကောင်လေးရဲ့ဘေးမှာ အသာ ကပ်ထိုင်ရင်း စဉ်းစားလာသမျှ ဖြေရှင်းချက်တို့အား ပြန်အစဖော်နေရသည်။

သူ လွန်ခဲ့သော ရက်များက ပါတီပွဲ အစရှိသော လူစုလူဝေးပွဲတွေအား မသွားတော့ပါဟု ပြောခဲ့မိသည်။
ဒီနေ့သွားတဲ့ပွဲသည် လုပ်ငန်းရှင်များ အစည်းအဝေးပွဲဖြစ်၏။
မသွား၍ မဖြစ်တာကြောင့် သိပ်မကြာဘူးဟု ကတိပေး၍ သွားဖြစ်ခဲ့သည်။
သို့သော် အငယ်အနှောင်းပွဲထုတ်ပွဲဟု မည်သူထင်လိမ့်မလဲ။
ပါလာတဲ့ ကောင်မလေးငယ်ငယ်ချောချောလေးများအားပြန်တွေးမိတဲ့အခါ သူ့ကောင်လေးအား ခေါ်မလာမိတာကို အမှန်ပင်နောင်တရမိသည်။

သူသည် မည်သို့ပင်စဉ်းစားစေကာမူ
သူ့အမှားဆိုတာကို လက်မခံ၍မရတော့ပေ။
တောင်းပန်ရအောင် ခုထိ လှည့်ကြည့်မလာသေးတဲ့ ကောင်လေးရဲ့ကျောအား အသာငဲ့ကြည့်ရင်း

" ဒီနေ့ အစည်းအဝေးပွဲဆိုပေမဲ့ ကူးကူးပြောသလို
မိန်းကလေးတချို့လည်းခေါ်လာကျ တဲ့သူတွေလည်းရှိ တယ်။ "

သူ၏ တီးတိုးစကားများသည် ဧည့်ခန်းအတွင်းပြန့်နှံ့လာခဲ့၏။
မမေးပေမဲ့ အမှန်အတိုင်းပြော‌ပြပေးချင်သည်။
မေတ္တာဟူသည် ဒီကောင်လေးနဲ့တွေ့မှ စစ်မှန်ခြင်းဖြစ်သည်။

" ကျုပ် ပင်ကိုယ်အသိစိတ်ရှိသူတစ်ယောက်ပါ။
ချက်ချင်းပြန်မလာမိဘူးဆိုတာကလည်း .."

" ရှင်းမပြပါနဲ့ ။ ကျွန်တော်နားလည်ပါတယ်။
ခင်ဗျားကို ရွေးချယ်မိကတည်းက ဒီ‌လိုနေ့မျိုး နေ့ပေါင်းများစွာ ကြုံတွေ့နိုင်တယ်ဆိုတာ သိခဲ့ပြီးသားပါ။ သိသိရက်နဲ့ ရှေ့ဆက်တိုးခဲ့မိတာကလည်း
ကျွန်တော်ရင်ခုန်သံကို ကျွန်တော်မထိန်းချုပ်နိုင်ခဲ့လို့ပါ။ စိတ်ချမ်းသာသည် ဖြစ်စေ စိတ်ဆင်းရဲသည်ဖြစ်စေ ရွေးချယ်ခဲ့သူက ကျွန်တော်ဖြစ်နေသ၍ ကောင်းမွေဆိုးမွေ ကျွန်တော်ပဲခံရမှာပါ။ ခံနိုင်အောင်လည်း ကျွန်တော်ပြင်ဆင်ကြိုးစားနေဆဲပါပဲ ။
နောက်ကျနေပြီ ကျွန်တော်အိပ်တော့မယ်"

ထထွက်သွားမယောင်ပြုလာတဲ့ကောင်ငယ်လေး၏ လက်အား သူအလျှင်အမြန်ဆွဲကာ တားမြစ်လိုက်သည် ။ ငိုရှိုက်သံစွက်နေပြီမို့ ပြဿနာကသေးသေးမဟုတ်တော့ပြီ ။
သူနှင့်မျက်နှာချင်းဆိုင်ရပ်တန့်စေပြီး လက်နှစ်ဖက်အားချုပ်ထားပြန်တော့လည်း အကြည့်တို့သည် သူ့ဆီရှိမနေပြန်။ စင်းချထားသော မျက်တောင်တို့အား
အားမရလိုက်ပါဘိ။

သူ သက်မောကို ဖွဖွချကာ

" ကျုပ်ရှင်းပြပါဦးမယ် ချမ်းအေးရာ ။
ဒီလိုပုံစံနဲ့ ကတိကအောက်ဖြစ်ရမဲ့ ဆက်ဆံရေးမျိုးမဖြစ်ချင်ဘူးကွာ ။ မင်းရွေးချယ်ခဲ့တဲ့ ကျုပ်က ဘယ်လိုလူလဲဆိုတာ အသိဆုံးမဟုတ်ဘူးလား ။ "

ပြန်စာ မရတဲ့ စကားသံတွေ။
တုန့်ပြန်မူ့မရှိတဲ့ မျက်ဝန်းတွေအား
သူသည် မချင့်မရဲရှိနေလေပြီ။

" မယုံဘူးလား ဟင် ။ ပြောပါဦး"

မေးကနေဖွဖွမော့ကာ ကြည့်စေတော့ ရဲရဲနီနေတဲ့ မျက်ခမ်းတွေက သနားစရာ။

" မကြာခဏ ငိုနေတော့တာပဲကွာ။
ကျုပ်ဘယ်လိုတောင် တောင်းပန်ရမှန်းမသိတော့ဘူး။ "

လက်မောင်းကနေ တင်းနေအောင်ဆွဲထားတဲ့ လက်ကိုဖြုတ်ကာ စိတ်ပျက်စွာ သူ့မျက်နှာအား ပြန်၍ပွတ်သပ်မိသည်။ ထို့နောက် လက်တို့အားပြန်ချ၍

" ကျုပ်နဲ့နေရတာ မင်းစိတ်မချမ်းသာဘူးလား။
ချစ်သူဘဝမှာတောင် စိတ်ချမ်းသာမူ့မပေးနိုင်တဲ့ ကျုပ်က ရှေ့ဆက် မင်းကို ဘယ်လိုများထွေးပွေ့နိုင်မှာလဲ။ ကျုပ်မှာရှိတဲ့အကောင်းဆုံးဆိုတဲ့ အရာတွေကို မင်းကိုပေးချင်ခဲ့တာပါ ချမ်းအေး။ ချစ်သူချင်းကတောက်ကဆ ဖြစ်တာကို နားလည်ပေမဲ့ မင်းငိုရင် ကျုပ်ရင်ထဲ မချိဘူး။ ကိုယ့်ချစ်သူ မျက်ရည်ကျအောင် လုပ်မိတယ်ဆိုကတည်းက ကျုပ်ဆိုတဲ့ကောင်ကလည်းတော်တော် သောက်သုံးမကျတာပါပဲ "

ဒီတစ်ခါ သူ့ကိုယ်သူအမှန်ပင်စိတ်ပျက်မိသည်။
သူသည် ချစ်တယ်ဆိုတဲ့ စကားကို စပြောမိကတည်းက ညချမ်းအေး ၏ ဘဝကို ရေလိုအေး၍ ပန်းလိုမွှေးပျံ့စေဖို့ရည်ရွယ်ခဲ့သည်။ ပျော်ရွှင်မူ့လှိုင်းလုံးတို့အား ရိုက်ခက်စေပြီး သူ့ကြောင့်ပြုံးရယ်စေချင်ခဲ့သည်။
တလောကလုံးမှာသူ့ကြောင့် သူ့ချစ်သူသည်လုံခြုံနွေးထွေးမူ့ကို ခံစားနိုင်စေချင်ခဲ့သည်။
သို့သော်သူဖြစ်နေသည်က ထိုသို့သောအရာတွေဖြင့် ဆန့်ကျင်ဖက်တွေသာ။

" ကျုပ်ကို ဘာဆက်လုပ်စေချင်တာလဲ ချမ်းအေးရာ။
ဒူးထောက်တောင်းပန်ရင်ရော မင်းရင်ထဲက အစိုင်အခဲတွေ ပြေနိုင်မလားဟင်"

သူ၏ ထပ်မံအမေးစကားအောက်တွင်ငြိမ်နေသော ညချမ်းအေးသည် လှုပ်ရှားလာခဲ့ပြီဖြစ်သည်။

" တောင်းပန်ပါတယ်။ ကျွန်တော်မရင့်ကျက်သေးဘူး "

သူသည် လည်ပင်းအားတွဲခို၍ ရင်ခွင်မှာ မျက်နှာအပ်လာသော ကောင်လေးအားထွေး‌ ပွေ့ပေးလိုက်သည်။

" ကောင်မလေးတွေပါခဲ့တာမှန်ပါတယ်။ မင်းကွယ်ရာမှာ မင်းရဲ့ချစ်သူက သူတို့ကိုယောင်လို့တောင် မကြည့်ခဲ့ပါဘူးကွာ။ ဒီစကားမမှန်ခဲ့ရင် ကျုပ်တသက်လုံး မင်း ကို ကြောက်ရတဲ့ ဘဲကြောက်လေးဖြစ်စေကွာ "

အမှန်တကယ် ကျိန်ဆိုပေမဲ့ ကောင်ငယ်လေး၏ ရယ်သံက ထွက်လာခဲ့သည်။
ကွယ်ရာမှာခေါ်ဆိုနေကျ ဘဲကြောက် ဘောက်ကျဲဆိုတဲ့ စကားကို သူတို့သိနေခဲ့ပြီးဖြစ်သည်။

အများအမြင်ကအရေးမကြီးပေ။
ညချမ်းအေးသည်သာ ပထမဖြစ်လေသည်။

" ကူးကူးစကားတွေကို စိတ်ထဲမထားပါနဲ့။
သူပေါင်းနေတဲ့ကေသီတို့ဒေဝီတို့က ကျုပ်သူငယ်ချင်းတွေရဲ့ သမီးတွေ။ အမေတွေပြောသမျှအကုန်သိနေတဲ့မလွယ်စိန်တွေလေ။ မဖြစ်ဘူး ကျောင်းပြောင်းသင့်ပြောင်းပေးရမှာပဲ။ အတက်ကောင်းတွေတက်နေတဲ့အောက်စီဂျင်မ "

"တော်ပါ ။ ကိုယ့်အပြစ်ကိုယ်ကျ မမြင်ပဲ ကလေးကို မဲမနေပါနဲ့။ ကိုစုံသာမြိုင်သာ အနေအထိုင်ဆင်ခြင်လိုက်ရင် ဘယ်သူဘာပြောနိုင်မှာတဲ့လဲ"

" ဘာ.. ဘာ ဘာပြောတယ်။ ကိုစုံသာမြိုင်ဟုတ်သလား။ ချစ်သူဖြစ်နေတာ ဘယ်လောက်ကြာပြီတဲ့လဲ။ ခေါ်ပါဦးလား လှလှပပ "

စုံသာမြိုင်စကားကြောင့် ညချမ်းအေးမျက်နှာရဲခနဲ။

အမှန်တကယ် ဘာပြောရမှန်းမသိတာကြောင့် နှစ်ယောက်သားဖက်ထားရာမှခွာကာ ပွယောင်းယောင်းဖြစ်နေတဲ့ဆံပင်တွေအား ဖိပွတ်၍ မနေတက်အောင်ဖြစ်နေလေသည်။
စုံသာမြိုင်သည် ပြဿနာဘယ်ကစသလဲသိသွားလေပြီ။
မလှမ်းမကမ်းသွားရပ်နေတဲ့ကောင်ငယ်လေး၏ လက်ကို ပြန်ဆွဲယူကာ

" ကိုကိုလို့ခေါ်ကြည့်ပါလား ။ ကျုပ်လည်း ခေါ်ခံဘူးချင်လို့"

 
"ဘာ...ဘာကိုကိုလဲ "

စုံသာမြိုင် စိတ်ကိုပြင်ဆင်လိုက်သည့်နှယ် ဆွဲကိုင်ထားသော လက်တို့အား မြှောက်၍ ရင်ဘတ်ရှေ့နှစ်ဖက်လုံး စုကိုင်လိုက်သည်။

" ဘာကို ပြောတာလဲဆိုတာ မသိချင်ယောင်ဆောင်မနေပါနဲ့ ။ ကိုကိုလေ ။ ကိုကိုလို့ခေါ်ခိုင်းနေတာ "

နုယွလိုက်တဲ့အသုံးအနှုန်းလေး။
လှပသလို လုံခြုံသည်။
ချွဲနွဲ့မူ့မပါပေမဲ့ ကိုကိုဟုသာ ချမ်းအေးလေးက ခေါ်ကြည့် တလောကလုံး အပိုင်စားပေးပစ်မယ်။

ညချမ်းအေးကတော့ရှက်လွန်းလို့ပုန်းသာနေချင်တော့သည်။ အမှန်တကယ်လက်လျော့မည့်ဟန် မရှိတဲ့ ချစ်သူအားကြည့်ကာ ဘာဆက်လုပ်ရမှန်းပင် မသိတော့ပေ။

"ခေါ်ကြည့်နော် "

လက်ကလေးကို ကိုင်ထားရင်းခေါင်းငုံ့မေးလာတဲ့အခါ  ညချမ်းအေး တစ်ယောက်ရင်တစ်ခုလုံးတုန်ဟီးသွားသလို ရင်ခုန်သံတွေမြန်လာခဲ့သည်။
ထို့ကြောင့်နီ‌ရဲလှိုက်စွေးသော မျက်နှာဖြင့် တိုးဖွဖွ
" ကိုကို "ဟု ခေါ်လိုက်လေရာ စုံသာမြိုင် သည်
အတောင့်သားဖြစ်၍ သွားလေသည်။

" တကယ်...တကယ်ခေါ်လိုက်တာလား။ တောင်းပန်ပါတယ်။ ကျုပ်မကြားလိုက်သလိုပဲ ။ ပြန်..ပြန်ခေါ်ကြည့်ပါ့လား"

မငြိမ်မသက်ဖြစ်သွားကာ စုံသာမြိုင် နောက်တစ်ခါကြားရဖို့အရေး မျက်လုံးပြူး၍ နားစိုက်လိုက်ရာ
ညချမ်းအေးသည် မနေတက်သည့်နှယ် စုကိုင်ထားသော လက်တို့အားရုန်းလာလေသည်။

" ဘယ်လိုဖြစ်နေတာလဲ။ ဖယ်ပါ ။ အဲ့လိုကြီး ခင်ဗျားလုပ်ပြနေတော့ ကျွန်တော် မခေါ်ရဲတော့ဘူး"

"ကျုပ်တကယ်ကြားချင်လို့ပါ ။ ‌ပြန်ခေါ်ပါနော် "

" ဟင့်အင် အပြင်ကနေ မိုးချုပ်မှပြန်လာတဲ့အတွက်
အပြစ်ပေးတာ။ အခန်းပြန်ပြီး သွားအိပ်ချေတော့ "

တွန်းဖယ်၍ ဇွတ်ထွက်ပြေးသွားတဲ့ ကောင်ငယ်လေးအားကြည့်၍ ဒီနေ့ သူဘာကြောင့် ထိုပွဲအားသွားမိသလဲဟုနောင်တရမိလေသည်။

(လက်နက်ကြီးပစ်လိုက်တာများ ဒုန်းခနဲ ။ ဒိုင်းခနဲပဲ။ ဘယ်နေရာကပစ်နေမှန်းကိုမသိတာ။ ခုစာရေးနေရင်းကို သစ်ပင်အောက်မှာ ဝပ်နေရတာ။ မျှော်နေမှာ စိုးတာ‌ ရော အရင်နေ့ကရေးထားပြီးသားစာလေး ရှိတာရောကြောင့်  တင်ပေးလိုက်တာပါ။ ဘာမှတော့ဖြစ်မယ်မထင်ပါဘူး ။ ဘာပဲပြောပြော မအေးချမ်းတော့
နောက်ဆံတင်းမနေစေချင်လို့ ) 

"သူ႔ကို ဘာလုပ္လိုက္ရမလဲ"

အၿမဲညင္သာေနက်ျဖစ္ေသာ မ်က္လံုးေတြသည္   လက္ျပန္ႀကိဳးတုတ္ထားၿပီး အဝတ္ျဖင့္ေခါင္းအုပ္ထားေသာ လူတစ္ေယာက္အား ေအးစက္စြာၾကၫ့္ေနခဲ့သည္။ စူးရွေသာ မီးအလင္း သည္ ထိုလူ၏ပံုပန္းအားတိက်စြာျမင္ႏိုင္သည္။

ကန္ေရျပင္အလား တည္ၿငိမ္ေသာ မ်က္လံုးတြင္ မီးလ်ံအလား ေတာက္ေလာင္ေနေသာ သတ္ျဖတ္ျခင္းမ်ားသည္ သိသာျမင္သာေနခဲ့သည္။

မွန္၏။ထိုသူသည္စီၿမိဳ႔ေတာ္တြင္က်င္လည္က်က္စားေနေသာ ဦးခမ္းစက္ပိုင္ ၏ Lion king အဖြဲ႔အစည္း၏ အေမြဆက္ခံသူမိုင္းစက္ပိုင္ပင္ျဖစ္သည္။
အျပင္ေလာကတြင္မိုင္းစက္ပိုင္သည္ထိုသို႔မဟုတ္ေပ။ခ်စ္လွစြာေသာမိေထြးျဖစ္သူ ေဒၚ ဧကရီ၏
ျမင္ကြင္းေအာက္တြင္ ျဖဴစင္ရိုးသားမူ႔အားအၿမဲ
ခ်ျပေလ့ရိွသည္။ အေမျဖစ္သူအား ေခ်ာင္ထိုး၍
သားအမိအမည္ခံ ထားသူ မိေထြးကို မုန္းသည္မွာ ရင္ထဲအသည္းနစ္ေအာင္ပင္။

" ဘယ္သူခိုင္းတာလဲဆိုတာ သိေအာင္လုပ္လိုက္။
မေျပာမခ်င္း ႏိွပ္စက္တာကို မရပ္လိုက္နဲ႔ "

ထိုစကားေၾကာင့္ ႀကိဳးတုတ္ထားေသာ သူသည္ ေၾကာက္အားလန႔္အား စာတင္ရုန္းကန္လာသည္။

မရဏသည္သခင္၏အမိန႔္စကားေအာက္တြင္
လ်ွပ္စစ္ခံုအား တြန္းေရြ့လာသည္။

နာက်င္၍ ခက္ခဲေစေသာ အခ်ိန္ကို ထိုသူမည္သို႔
ေတာင့္ခံႏိုင္မည္နည္း။  ေမွာင္မိုက္ေသာ အခန္းငယ္အတြင္းမွာ  ရိွတဲ့လူနည္းစုသည္ တုတ္တုတ္မ်ွမလႈပ္ရဲေခ်။
လ်ွပ္စစ္ျဖင့္ေရွာ့တိုက္နည္းသည္ သာမန္သစၥာေဖာက္ကိုေတာင္မွ ရက္စက္လြန္း၍ မလုပ္ေပ။
အေတာ္ႀကီးျပစ္မူ႔ႀကီးမွ ထိုနည္းကို သံုးကာ
လ်ိဳ႕ဝွက္ခ်က္ကိုေဖာ္ထုတ္ေလ့ရိွတာျဖစ္၏။

ထိုနည္းကို ေနာက္ကြယ္ကေန သူတို႔အေၾကာင္းစံုစမ္းရံုမ်ျွဖင့္ ထုတ္သံုးသည္ဆိုတာကေတာ့.. ေဒါသေျဖစရာ ရိွသည္မွာ မွားစရာ မဟုတ္။ လက္ေအာက္ငယ္သားေတြအကုန္လံုးသတိအေနအထားျဖင့္ ရိွေနၾကစဉ္ ဗို႔အားျမင့္ လ်ွပ္စစ္အားေၾကာင့္ ငယ္သံပါေအာင္ေအာ္ဟစ္သံက ကြက္ၾကားကြက္ၾကားထြက္ေပၚလာခဲ့သည္။

ထိုျမင္ကြင္းကို မရဏ သည္ စူးစိုက္စြာၾကၫ့္ေနခဲ့၏။
သခင္ေလးမိုင္းသည္ ဦးခမ္းစက္ပိုင္၏ တရားဝင္ သြားျဖစ္ေပမဲ့ လုပ္ပိုင္ခြင့္အားလံုးကို လက္လႊဲေပးထားသည္မဟုတ္။

သူလိုညာလက္ရံုးတစ္ေယာက္အေနနဲ႔ သခင္ေလး သံုး‌ ေယာက္အားလိုအပ္တာမွန္သမ်ွ ျဖၫ့္ဆည္းေပးရမွာတာဝန္ဆိုေပမဲ့ ရင္ထဲမွာ စူးနစ္စြာမွတ္သားဘူးတဲ့ အရွင္သခင္ကေတာ့ တစ္ေယာက္ထဲသာ။

သူ႔နာမည္က ဧရာစက္ပိုင္ ။

_________

"ေျပာေတာ့မၾကာဘူး ခဏ ဆိုၿပီးေတာ့"

သူ႔၏  တီးတိုးရြတ္သံေၾကာင့္ ေျခရင္း ေကာေဇာေပၚမွာ ကစား ေနတဲ့ ကူးကူးသည္ ေဆာ့ေနရာမွေမာ့ၾကၫ့္လာသည္။
ညခ်မ္းေအး သက္ျပင္းခ်ကာ

" ဘာမွမဟုတ္ဘူး။ ဦးဦးက ... သမီးေဖႀကီးျပန္မလာေသးလို႔ ေမ်ွာ္ေနတာ "

ကူးကူး၏ မ်က္ေတာင္ေလးမ်ားသည္ စိတ္လႈပ္ရွားစြာ လႈပ္ခတ္လာၿပီး  ကစားစရာမ်ားအားပစ္ခ်ကာ
ညခ်မ္းေအးကိုယ္ေပၚအားကုတ္တြယ္တက္လာ၏။

" မိုးေတာင္ခ်ဳပ္ေနၿပီ။  ေဖႀကီးက ေနာက္က်လိုက္တာ ေနာ္ "

အျပင္မွာ မီးေရာင္လဲ့လဲ့ထြန္းထားေပမဲ့ ညရွစ္နာရီဆိုတဲ့အခ်ိန္ကေတာ့ လိမ္လို႔မရေပ။
ညခ်မ္းေအး စိတ္တိုေပမဲ့ကေလးေရ႔ွမွာမို႔ သတိႏွင့္ထိန္းကာ

" ဟုတ္ပါ့ ။ သမီးေဖသက္ကေရာ ဒီအခ်ိန္ ေရာက္ေနၿပီ ဘာလို႔လာမႀကိဳေသးတာလဲ"

" ေဖသက္က ဦးဦး အေဖာ္မရိွမွာစိုးလို႔ေဖႀကီးျပန္လာမွဖုန္းဆက္တဲ့ ။ ဒါနဲ႔ေလ။ ေဖႀကီးကအျပင္မွာ
ေမေမေလးနဲ႔သြားေတြ့တာလားမသိဘူးေနာ္ ။
သမီးျဖင့္စိတ္ညစ္ေတာ့တာပဲ ။ ေဖႀကီးက
ေျပာေတာ့ျဖင့္ မဟုတ္ပါဘူး မဟုတ္ပါဘူးနဲ႔ ။
မနက္ကလည္း ေက်ာင္းမွာ
သမီးသူငယ္ခ်င္း‌ေတြေျပာျပၾကတာ ေတာ့ သမီးအတြက္ ေမေမေလးရဖို႔မလိုေတာ့ဘူးတဲ့"

ကူးကူးတစ္ေယာက္သက္ျပင္းခ်လိုက္ပံုမ်ားလူႀကီးတစ္ေယာက္ႏွယ္။ ေလာင္စာဆီကို မီးျဖၫ့္ရင္
မီးေလာင္‌အားေကာင္းေစသကဲ့သို႔ ကူးကူး၏ ကေလးစကားတို႔ေၾကာင့္ စူပုတ္လာသူတစ္ေယာက္ကေတာ့
ခုညတြင္းခ်င္းေျဖရွင္းရင္ရွင္းႏိုင္။ မရွင္းႏိုင္ရင္ ျပတ္ၿပီဟုပင္ေတြးေတာေနခဲ့ၿပီျဖစ္သည္။

တီ.. တီ

ကားဟြန္းသံေၾကာင့္ ႏွစ္ေယာက္သားေခါင္းေထာင္သြားၿပီး ေပၚတီေအာက္ ေလ်ာခနဲဝင္လာေသာကားေၾကာင့္ ကူးကူးတစ္ေယာက္ခ်က္ခ်င္း ေအာက္ေလ်ာဆင္းသြားေတာ့၏။

"ေဖႀကီးကို ဦးဦးအတြက္ သမီး ဆူေပးမယ္"

အိမ္ေပါက္ဝထိအျမန္ေျပးသြားကာ
သူ႔ေဖႀကီးအားခါးေထာက္လ်က္သားျဖင့္

" ေဖႀကီး ဒီေလာက္မိုးခ်ဳပ္ေအာင္ ဘာလို႔ၾကာေနတာတုန္း"

ဟု ေျပာသၫ့္အတိုင္း စီးႀကိဳ ဆူေလသည္။
စံုသာၿမိဳင္သည္ ကားေပၚကတည္းက မည္သို႔ရွင္းျပရမလဲဟုေတြးလာၿပီးသားျဖစ္ေသာ္ျငား သမီးျဖစ္သူစကားေၾကာင့္ ဧၫ့္ခန္းမွာထိုင္ေနသူအား စိုးရိမ္တႀကီးလွမ္းၾကၫ့္လိုက္မိသည္။ သို႔ေသာ္
တစ္ေယာက္ေသာသူသည္ သူၾကၫ့္တာျမင္သည္ျဖင့္
ခ်က္ခ်င္းအၾကၫ့္လႊဲသြားေတာ့သည္။

အဲ့ဒါမွဒုကၡ ။

သူေခါင္းကုတ္ကာ ကားထားရာမွ  ျပန္ထြက္ေတာ့သည့္ဘေမွာင္အား ကူးကူး ကို မခ်ီ၍ ပစ္ေပးလိုက္သည္။

" သမီး ျပန္ႏွင့္ေတာ့ ေဖႀကီးေနာက္ရက္မွ လာေခၚမယ္ "

ခ်က္ခ်င္းဆိုသလို ဘေမွာင္အား မ်က္ႏွာရိပ္မ်က္ႏွာကဲျပကာ ႏွင္လႊတ္လိုက္ေလ၏။
ကူးကူးသည္ ဘေမွာင္၏ ကိုယ္ေပၚ၌ ႏႈတ္ခမ္းဆူလ်က္ပင္

"သမီးေျပာလို႔မ‌ၿပီးေသးဘူး။ ေဖႀကီးေနာ္ သမီးေမေမေလးမရခ်င္ပါဘူးဆိုမွ ။ ခုလည္း အျပင္မွာ သြားခ်ိန္းေတြ့ေနတာမဟုတ္ဘူးလား သမီးသူငယ္ခ်င္း ေကသီကျဖင့္ ေျပာေနတာ။ ဒီေန့  ေဖႀကီးတို႔လုပ္တဲ့အစည္းအေဝးပြဲဆိုတာ သူတို႔ခ်ည္းပဲမဟုတ္ဘူးတဲ့။ ေမေမေလးေတြေရာ ပါတယ္တဲ့ "

စံုသာၿမိဳင္အတင္းလက္ခါျပကာ ဘေမွာင္ကို ႏွင္လႊတ္ေတာ့မွ ကူးကူးတစ္ေယာက္ ေကာ့ကလန္ထိုးရင္း ပါသြားေတာ့သည္။ 
ျဖစ္ပံုက အဲ့သလို။ ကံမေကာင္းခ်င္ပံုမ်ား။
စံုသာၿမိဳင္ စိတ္ ပ်က္လက္ပ်က္ သူ႔မ်က္ႏွာကို လက္ဖဝါးႏွင့္အုပ္ကာ ကူးကူးကို ေနာက္ရက္ေက်ာင္းေျပာင္းေပးဖို႔ ေတြးလိုက္မိသည္။

ေျခဖဝါးကို အသာေဖာ့နင္းရင္း အိမ္ထဲဝင္လာတဲ့ သူ႔ပံုပန္းကိုသာ လုပ္ငန္းရွင္မ်ားအသင္းက ျမင္ရင္
မယကဟုမ်ားေျပာေလမလား။

သူ႔ကိုေက်ာေပးရက္တန္းလန္း ၿငိမ္ေနတဲ့ ေကာင္ေလးရဲ့ေဘးမွာ အသာ ကပ္ထိုင္ရင္း စဉ္းစားလာသမ်ွ ေျဖရွင္းခ်က္တို႔အား ျပန္အစေဖာ္ေနရသည္။

သူ လြန္ခဲ့ေသာ ရက္မ်ားက ပါတီပြဲ အစရိွေသာ လူစုလူေဝးပြဲေတြအား မသြားေတာ့ပါဟု ေျပာခဲ့မိသည္။
ဒီေန့သြားတဲ့ပြဲသည္ လုပ္ငန္းရွင္မ်ား အစည္းအေဝးပြဲျဖစ္၏။
မသြား၍ မျဖစ္တာေၾကာင့္ သိပ္မၾကာဘူးဟု ကတိေပး၍ သြားျဖစ္ခဲ့သည္။
သို႔ေသာ္ အငယ္အေနွာင္းပြဲထုတ္ပြဲဟု မည္သူထင္လိမ့္မလဲ။
ပါလာတဲ့ ေကာင္မေလးငယ္ငယ္ေခ်ာေခ်ာေလးမ်ားအားျပန္ေတြးမိတဲ့အခါ သူ႔ေကာင္ေလးအား ေခၚမလာမိတာကို အမွန္ပင္ေနာင္တရမိသည္။

သူသည္ မည္သို႔ပင္စဉ္းစားေစကာမူ
သူ႔အမွားဆိုတာကို လက္မခံ၍မရေတာ့ေပ။
ေတာင္းပန္ရေအာင္ ခုထိ လွၫ့္ၾကၫ့္မလာေသးတဲ့ ေကာင္ေလးရဲ့ေက်ာအား အသာငဲ့ၾကၫ့္ရင္း

" ဒီေန့ အစည္းအေဝးပြဲဆိုေပမဲ့ ကူးကူးေျပာသလို
မိန္းကေလးတခ်ိဳ႕လည္းေခၚလာက် တဲ့သူေတြလည္းရိွ တယ္။ "

သူ၏ တီးတိုးစကားမ်ားသည္ ဧၫ့္ခန္းအတြင္းျပန႔္ႏွံ႔လာခဲ့၏။
မေမးေပမဲ့ အမွန္အတိုင္းေျပာ‌ျပေပးခ်င္သည္။
ေမတၲာဟူသည္ ဒီေကာင္ေလးနဲ႔ေတြ့မွ စစ္မွန္ျခင္းျဖစ္သည္။

" က်ဳပ္ ပင္ကိုယ္အသိစိတ္ရိွသူတစ္ေယာက္ပါ။
ခ်က္ခ်င္းျပန္မလာမိဘူးဆိုတာကလည္း .."

" ရွင္းမျပပါနဲ႔ ။ ကြၽန္ေတာ္နားလည္ပါတယ္။
ခင္ဗ်ားကို ေရြးခ်ယ္မိကတည္းက ဒီ‌လိုေန့မ်ိဳး ေန့ေပါင္းမ်ားစြာ ႀကံဳေတြ့ႏိုင္တယ္ဆိုတာ သိခဲ့ၿပီးသားပါ။ သိသိရက္နဲ႔ ေရ႔ွဆက္တိုးခဲ့မိတာကလည္း
ကြၽန္ေတာ္ရင္ခုန္သံကို ကြၽန္ေတာ္မထိန္းခ်ဳပ္ႏိုင္ခဲ့လို႔ပါ။ စိတ္ခ်မ္းသာသည္ ျဖစ္ေစ စိတ္ဆင္းရဲသည္ျဖစ္ေစ ေရြးခ်ယ္ခဲ့သူက ကြၽန္ေတာ္ျဖစ္ေနသ၍ ေကာင္းေမြဆိုးေမြ ကြၽန္ေတာ္ပဲခံရမွာပါ။ ခံႏိုင္ေအာင္လည္း ကြၽန္ေတာ္ျပင္ဆင္ႀကိဳးစားေနဆဲပါပဲ ။
ေနာက္က်ေနၿပီ ကြၽန္ေတာ္အိပ္ေတာ့မယ္"

ထထြက္သြားမေယာင္ျပဳလာတဲ့ေကာင္ငယ္ေလး၏ လက္အား သူအလ်ွင္အျမန္ဆြဲကာ တားျမစ္လိုက္သည္ ။ ငိုရိႈက္သံစြက္ေနၿပီမို႔ ျပႆနာကေသးေသးမဟုတ္ေတာ့ၿပီ ။
သူႏွင့္မ်က္ႏွာခ်င္းဆိုင္ရပ္တန႔္ေစၿပီး လက္ႏွစ္ဖက္အားခ်ဳပ္ထားျပန္ေတာ့လည္း အၾကၫ့္တို႔သည္ သူ႔ဆီရိွမေနျပန္။ စင္းခ်ထားေသာ မ်က္ေတာင္တို႔အား
အားမရလိုက္ပါဘိ။

သူ သက္ေမာကို ဖြဖြခ်ကာ

" က်ဳပ္ရွင္းျပပါဦးမယ္ ခ်မ္းေအးရာ ။
ဒီလိုပံုစံနဲ႔ ကတိကေအာက္ျဖစ္ရမဲ့ ဆက္ဆံေရးမ်ိဳးမျဖစ္ခ်င္ဘူးကြာ ။ မင္းေရြးခ်ယ္ခဲ့တဲ့ က်ဳပ္က ဘယ္လိုလူလဲဆိုတာ အသိဆံုးမဟုတ္ဘူးလား ။ "

ျပန္စာ မရတဲ့ စကားသံေတြ။
တုန႔္ျပန္မူ႔မရိွတဲ့ မ်က္ဝန္းေတြအား
သူသည္ မခ်င့္မရဲရိွေနေလၿပီ။

" မယံုဘူးလား ဟင္ ။ ေျပာပါဦး"

ေမးကေနဖြဖြေမာ့ကာ ၾကၫ့္ေစေတာ့ ရဲရဲနီေနတဲ့ မ်က္ခမ္းေတြက သနားစရာ။

" မၾကာခဏ ငိုေနေတာ့တာပဲကြာ။
က်ဳပ္ဘယ္လိုေတာင္ ေတာင္းပန္ရမွန္းမသိေတာ့ဘူး။ "

လက္ေမာင္းကေန တင္းေနေအာင္ဆြဲထားတဲ့ လက္ကိုျဖဳတ္ကာ စိတ္ပ်က္စြာ သူ႔မ်က္ႏွာအား ျပန္၍ပြတ္သပ္မိသည္။ ထို႔ေနာက္ လက္တို႔အားျပန္ခ်၍

" က်ဳပ္နဲ႔ေနရတာ မင္းစိတ္မခ်မ္းသာဘူးလား။
ခ်စ္သူဘဝမွာေတာင္ စိတ္ခ်မ္းသာမူ႔မေပးႏိုင္တဲ့ က်ဳပ္က ေရ႔ွဆက္ မင္းကို ဘယ္လိုမ်ားေထြးေပြ့ႏိုင္မွာလဲ။ က်ဳပ္မွာရိွတဲ့အေကာင္းဆံုးဆိုတဲ့ အရာေတြကို မင္းကိုေပးခ်င္ခဲ့တာပါ ခ်မ္းေအး။ ခ်စ္သူခ်င္းကေတာက္ကဆ ျဖစ္တာကို နားလည္ေပမဲ့ မင္းငိုရင္ က်ဳပ္ရင္ထဲ မခ်ိဘူး။ ကိုယ့္ခ်စ္သူ မ်က္ရည္က်ေအာင္ လုပ္မိတယ္ဆိုကတည္းက က်ဳပ္ဆိုတဲ့ေကာင္ကလည္းေတာ္ေတာ္ ေသာက္သံုးမက်တာပါပဲ "

ဒီတစ္ခါ သူ႔ကိုယ္သူအမွန္ပင္စိတ္ပ်က္မိသည္။
သူသည္ ခ်စ္တယ္ဆိုတဲ့ စကားကို စေျပာမိကတည္းက ညခ်မ္းေအး ၏ ဘဝကို ေရလိုေအး၍ ပန္းလိုေမႊးပ်ံ့ေစဖို႔ရည္ရြယ္ခဲ့သည္။ ေပ်ာ္ရႊင္မူ႔လိႈင္းလံုးတို႔အား ရိုက္ခက္ေစၿပီး သူ႔ေၾကာင့္ၿပံဳးရယ္ေစခ်င္ခဲ့သည္။
တေလာကလံုးမွာသူ႔ေၾကာင့္ သူ႔ခ်စ္သူသည္လံုၿခံဳေနြးေထြးမူ႔ကို ခံစားႏိုင္ေစခ်င္ခဲ့သည္။
သို႔ေသာ္သူျဖစ္ေနသည္က ထိုသို႔ေသာအရာေတျြဖင့္ ဆန႔္က်င္ဖက္ေတြသာ။

" က်ဳပ္ကို ဘာဆက္လုပ္ေစခ်င္တာလဲ ခ်မ္းေအးရာ။
ဒူးေထာက္ေတာင္းပန္ရင္ေရာ မင္းရင္ထဲက အစိုင္အခဲေတြ ေျပႏိုင္မလားဟင္"

သူ၏ ထပ္မံအေမးစကားေအာက္တြင္ၿငိမ္ေနေသာ ညခ်မ္းေအးသည္ လႈပ္ရွားလာခဲ့ၿပီျဖစ္သည္။

" ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္မရင့္က်က္ေသးဘူး "

သူသည္ လည္ပင္းအားတြဲခို၍ ရင္ခြင္မွာ မ်က္ႏွာအပ္လာေသာ ေကာင္ေလးအားေထြး‌ ေပြ့ေပးလိုက္သည္။

" ေကာင္မေလးေတြပါခဲ့တာမွန္ပါတယ္။ မင္းကြယ္ရာမွာ မင္းရဲ့ခ်စ္သူက သူတို႔ကိုေယာင္လို႔ေတာင္ မၾကၫ့္ခဲ့ပါဘူးကြာ။ ဒီစကားမမွန္ခဲ့ရင္ က်ဳပ္တသက္လံုး မင္း ကို ေၾကာက္ရတဲ့ ဘဲေၾကာက္ေလးျဖစ္ေစကြာ "

အမွန္တကယ္ က်ိန္ဆိုေပမဲ့ ေကာင္ငယ္ေလး၏ ရယ္သံက ထြက္လာခဲ့သည္။
ကြယ္ရာမွာေခၚဆိုေနက် ဘဲေၾကာက္ ေဘာက္က်ဲဆိုတဲ့ စကားကို သူတို႔သိေနခဲ့ၿပီးျဖစ္သည္။

အမ်ားအျမင္ကအေရးမႀကီးေပ။
ညခ်မ္းေအးသည္သာ ပထမျဖစ္ေလသည္။

" ကူးကူးစကားေတြကို စိတ္ထဲမထားပါနဲ႔။
သူေပါင္းေနတဲ့ေကသီတို႔ေဒဝီတို႔က က်ဳပ္သူငယ္ခ်င္းေတြရဲ့ သမီးေတြ။ အေမေတြေျပာသမ်ွအကုန္သိေနတဲ့မလြယ္စိန္ေတြေလ။ မျဖစ္ဘူး ေက်ာင္းေျပာင္းသင့္ေျပာင္းေပးရမွာပဲ။ အတက္ေကာင္းေတြတက္ေနတဲ့ေအာက္စီဂ်င္မ "

"ေတာ္ပါ ။ ကိုယ့္အျပစ္ကိုယ္က် မျမင္ပဲ ကေလးကို မဲမေနပါနဲ႔။ ကိုစံုသာၿမိဳင္သာ အေနအထိုင္ဆင္ျခင္လိုက္ရင္ ဘယ္သူဘာေျပာႏိုင္မွာတဲ့လဲ"

" ဘာ.. ဘာ ဘာေျပာတယ္။ ကိုစံုသာၿမိဳင္ဟုတ္သလား။ ခ်စ္သူျဖစ္ေနတာ ဘယ္ေလာက္ၾကာၿပီတဲ့လဲ။ ေခၚပါဦးလား လွလွပပ "

စံုသာၿမိဳင္စကားေၾကာင့္ ညခ်မ္းေအးမ်က္ႏွာရဲခနဲ။

အမွန္တကယ္ ဘာေျပာရမွန္းမသိတာေၾကာင့္ ႏွစ္ေယာက္သားဖက္ထားရာမွခြာကာ ပြေယာင္းေယာင္းျဖစ္ေနတဲ့ဆံပင္ေတြအား ဖိပြတ္၍ မေနတက္ေအာင္ျဖစ္ေနေလသည္။
စံုသာၿမိဳင္သည္ ျပႆနာဘယ္ကစသလဲသိသြားေလၿပီ။
မလွမ္းမကမ္းသြားရပ္ေနတဲ့ေကာင္ငယ္ေလး၏ လက္ကို ျပန္ဆြဲယူကာ

" ကိုကိုလို႔ေခၚၾကၫ့္ပါလား ။ က်ဳပ္လည္း ေခၚခံဘူးခ်င္လို႔"

 
"ဘာ...ဘာကိုကိုလဲ "

စံုသာၿမိဳင္ စိတ္ကိုျပင္ဆင္လိုက္သၫ့္ႏွယ္ ဆြဲကိုင္ထားေသာ လက္တို႔အား ေျမႇာက္၍ ရင္ဘတ္ေရ႔ွႏွစ္ဖက္လံုး စုကိုင္လိုက္သည္။

" ဘာကို ေျပာတာလဲဆိုတာ မသိခ်င္ေယာင္ေဆာင္မေနပါနဲ႔ ။ ကိုကိုေလ ။ ကိုကိုလို႔ေခၚခိုင္းေနတာ "

ႏုယြလိုက္တဲ့အသံုးအႏႈန္းေလး။
လွပသလို လံုၿခံဳသည္။
ခြၽဲႏြဲ႔မူ႔မပါေပမဲ့ ကိုကိုဟုသာ ခ်မ္းေအးေလးက ေခၚၾကၫ့္ တေလာကလံုး အပိုင္စားေပးပစ္မယ္။

ညခ်မ္းေအးကေတာ့ရွက္လြန္းလို႔ပုန္းသာေနခ်င္ေတာ့သည္။ အမွန္တကယ္လက္ေလ်ာ့မၫ့္ဟန္ မရိွတဲ့ ခ်စ္သူအားၾကၫ့္ကာ ဘာဆက္လုပ္ရမွန္းပင္ မသိေတာ့ေပ။

"ေခၚၾကၫ့္ေနာ္ "

လက္ကေလးကို ကိုင္ထားရင္းေခါင္းငံု႔ေမးလာတဲ့အခါ  ညခ်မ္းေအး တစ္ေယာက္ရင္တစ္ခုလံုးတုန္ဟီးသြားသလို ရင္ခုန္သံေတျြမန္လာခဲ့သည္။
ထို႔ေၾကာင့္နီ‌ရဲလိႈက္ေစြးေသာ မ်က္ႏွာျဖင့္ တိုးဖြဖြ
" ကိုကို "ဟု ေခၚလိုက္ေလရာ စံုသာၿမိဳင္ သည္
အေတာင့္သားျဖစ္၍ သြားေလသည္။

" တကယ္...တကယ္ေခၚလိုက္တာလား။ ေတာင္းပန္ပါတယ္။ က်ဳပ္မၾကားလိုက္သလိုပဲ ။ ျပန္..ျပန္ေခၚၾကၫ့္ပါ့လား"

မၿငိမ္မသက္ျဖစ္သြားကာ စံုသာၿမိဳင္ ေနာက္တစ္ခါၾကားရဖို႔အေရး မ်က္လံုးျပဴး၍ နားစိုက္လိုက္ရာ
ညခ်မ္းေအးသည္ မေနတက္သၫ့္ႏွယ္ စုကိုင္ထားေသာ လက္တို႔အားရုန္းလာေလသည္။

" ဘယ္လိုျဖစ္ေနတာလဲ။ ဖယ္ပါ ။ အဲ့လိုႀကီး ခင္ဗ်ားလုပ္ျပေနေတာ့ ကြၽန္ေတာ္ မေခၚရဲေတာ့ဘူး"

"က်ဳပ္တကယ္ၾကားခ်င္လို႔ပါ ။ ‌ျပန္ေခၚပါေနာ္ "

" ဟင့္အင္ အျပင္ကေန မိုးခ်ဳပ္မျွပန္လာတဲ့အတြက္
အျပစ္ေပးတာ။ အခန္းျပန္ၿပီး သြားအိပ္ေခ်ေတာ့ "

တြန္းဖယ္၍ ဇြတ္ထြက္ေျပးသြားတဲ့ ေကာင္ငယ္ေလးအားၾကၫ့္၍ ဒီေန့ သူဘာေၾကာင့္ ထိုပြဲအားသြားမိသလဲဟုေနာင္တရမိေလသည္။

(လက္နက္ႀကီးပစ္လိုက္တာမ်ား ဒုန္းခနဲ ။ ဒိုင္းခနဲပဲ။ ဘယ္ေနရာကပစ္ေနမွန္းကိုမသိတာ။ ခုစာေရးေနရင္းကို သစ္ပင္ေအာက္မွာ ဝပ္ေနရတာ။ ေမ်ွာ္ေနမွာ စိုးတာ‌ ေရာ အရင္ေန့ကေရးထားၿပီးသားစာေလး ရိွတာေရာေၾကာင့္  တင္ေပးလိုက္တာပါ။ ဘာမွေတာ့ျဖစ္မယ္မထင္ပါဘူး ။ ဘာပဲေျပာေျပာ မေအးခ်မ္းေတာ့
ေနာက္ဆံတင္းမေနေစခ်င္လို႔ ) 

Bạn đang đọc truyện trên: ZingTruyen.Xyz