ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

27

eainsi23


"ဆရာလေး သတင်းစာလာပို့တာပါဗျ"

‌ကောင်လေးတစ်ယောက်၏ အသံကြောင့် စံပယ်ပင်အောက်တွင် ထိုင်၍ စာလေ့လာနေတဲ့ ညချမ်းအေးသည် စာအုပ်ကို နေရာမှတ်၍ ထိုင်နေရာမှထကာ ခြံစည်းရိုးတံခါးကိုဖွင့်ပေးလိုက်ချေသည်။
ခြံစည်ရိုးတံခါးသည် ခါတိုင်းပိတ်ထားလေ့မရှိပေမဲ့ မကြာခဏ လာတက်သော ဦးလူလှတို့ကိုကြောက်သည်ကြောင့် အမြဲသော့ခတ်ထားရလေသည်။

တံခါးဖွင့်ပေးလိုက်သည်နှင့် သတင်းစာတပွေ့တပိုက်နှင့် ဖိုးကံ တစ်ယောက် ပြုံးရယ်ရင်းဝင်လာလေသည်။

" ဒီတစ်ခေါက် သတင်းစာတွေများလှချည်လားကွ"

" များဆို ကိုကြီးစုံရဲ့ သတင်းက သတင်းစာမှာ ပါလာတယ်လေ။ အဲ့ဒါမျိုးဆို ရွာထဲက လူကြီးတွေက လွှတ်သဘောကျတာဗျ။ အဲ့ဒါကြောင့်ဒီတစ်ခေါက် ပိုဝယ်လာတာ ။ ပြီးတော့ အချစ်ရေး ဆိုတော့ ဟီး... ရွာထဲက အပျိုတွေတော့ အသဲကွဲကြတော့မှာပဲ "

ညချမ်းအေး မျက်နှာပျက်သွားပေမဲ့
ဖိုးကံပေးတဲ့ စာစောင်ကို လှမ်းယူလိုက်လေသည်။
စကားတွေအမျှင်မပြတ်ပဲ သူပြောချင်ရာဆက်ပြောနေတဲ့ ကောင်လေးကြောင့် သူ့မှာမနည်းစိတ်ရှည်နေရလေသည်။ အတော်ကြာမှ ပြန်သွားတော့ ခြံစည်းရိုးကို မမေ့မလျော့ သော့ခတ်ရပြန်သည်။ ပြီးမှ ချိုင်းကြားညှပ်ထားသော သတင်းစာကို ထုတ်ကာ
ဖတ်လိုက်သည်။ နေ့စွဲက လွန်ခဲ့သော နှစ်ရက်ကဖြစ်လေသည်။

သူတို့နယ်ဖက်တွင် ခရီးမတွင်တာကြောင့် ပုံမှန်ထုတ် သတင်းစာတွေကို နောက်ကျပြီးမှသာဖတ်ရလေ့ရှိသည်။

သတင်းစာသည်နာမည်ကြီးစာတိုက်ဖြစ်သည်။

မျက်နှာဖုံးတွင် ပြည်သူအချစ်တော် မင်းသမီး တစ်ယောက်၏ ချစ်သူသည် ချမ်းသာဆန်ဆီ ကုမ္ပဏီ၏ပဲ့ကိုင်ရှင် ဦးစုံသာမြိုင်ဖြစ်သည်ဟုသတင်းထွက်လာ။ စာမျက်နှာ ၃တွင်ဖတ်ရှု့ရန်။
ဟူသော စာပုဒ်က ထင်းခနဲ။
သတင်းစာ၏ခေါင်းကြီးပိုင်းတွင် ပါဝင်လာသော
ချမ်းသာ ကုမ္ပဏီ ပိုင်ရှင် ဦးစုံသာမြိုင်ဆိုသည့်နာမည်ကြောင့်ရင်ထဲစူးခနဲ။

ဝိုးတဝါးပုံရိပ်က မွေးနေ့ပါတီတစ်ခု၏ပုံမျိုး။
အဖြူရောင်ဂါဝန်ဝတ်ထားတဲ့မိန်းကလေးသည်ကျောပေးထားဟန်အနေအထားဖြင့်ရှိနေပြီး စုံသာမြိုင်၏လက်တစ်ဖက်သည်ထိုမိန်းကလေး၏ ပခုံးပေါ်မှာတည်ရှိနေခဲ့သည်။

စာထဲတွင် တခမ်းတနားရေးဆိုထားတာတွေကို အပြီးထိဖတ်ရှု့ပြီးနောက် ညချမ်းအေးသည် တက်တစ်ချက်ခေါက်ကာ သတင်းစာအားလုံးထွေးလွှင့်ပစ်လိုက်လေသည်။

ထိုနောက် ဂဏှာမငြိမ်ပဲထိုင်လိုက်ထလိုက်ဖြင့်
သူဘာဆက်လုပ်ရမလဲဆိုတာ တွေးတောနေခဲ့သည်။
စိတ်ပူသည်မှာ ရင်နှင့်တောင့်မဆန့်‌ ပေ။
ကိုယ့်ချစ်သူသည် ထိုသို့သော လူမျိုးမဖြစ်တန်ကောင်း။
သို့သော် သစ်ငုတ်တိုတောင်မှနှဲ့ပါများ ယိုင်သေးတာပင်။
ဝေးကွာနေဆဲချစ်သူတို့တွင်ပေါင်းစည်းသူက ခပ်ရှားရှားဖြစ်‌ ကြောင်း သူသိသည်။

ထိုအချိန် သူ ကျောင်းပိတ်နေဆဲဖြစ်သည်။
ခဏမျှသွားတွေ့လိုက်ရင်ရော။
အတွေးတွေခဏရပ်ကာ အခန်းတွင်းပြေးဝင်၍
စုစောင်းထားသမျှထုတ်ယူလိုက်သည်။ လစဉ်စုစောင်းထားသမျှ ငွေကြေးဖြစ်တာကြောင့် များသည်ဟုမဆိုသာပေမဲ့နည်းလည်းနည်းမနေပေ။

ယနေ့ကားမှီပါ့မလားမသေချာပေမဲ့
အထုတ်ပြင်၍ အိမ်အတွင်းစစ်ဆေးကာ နေ့ချင်း ခရီးထွက်ဖို့ပြင်လိုက်လေသည်။

အိမ်ကြီးသည် အလွန်တရာကြီးမားလှပပေသည့်
တိတ်ဆိတ်ခြောက်ကပ်လွန်းသည်။
သူသည် လွန်ခဲ့သော နှစ်ရက်ခန့်က ရရှိထားသည့် နေ့စဉ်ထုတ်သတင်းစာအားကြည့်ကာ အလွန်အမင်း စိုးရိမ်ပူပန်နေလျက်ရှိသည်။
ထိုအချိန် ဦးသက်ခိုင်သည် အိမ်ပေါ်က ကူးကူးကိုပွေ့လျက်ဆင်းလာသည်ဖြစ်ရာ စုံသာမြိုင်တစ်ယောက် လျော့ရဲစွာ ထိုင်နေရာမှ အနည်းငယ်တက်ကြွသွားလေသည်။

" ကိုသက်ခိုင် ဒီလို သတင်းစာတွေ ကျုပ်တို့ရွာမှာဖတ်လေ့ရှိသလားဗျ "

ကူးကူးကို စုံသာမြိုင်ဘေးချကာ ကိုသက်ခိုင်ဖြေလိုက်သည်။

" ဖတ်ကြတာပေါ့ ။ ငါ ဆန်စက်မှာ နေတုန်းက ရွာခေါင်း ကိုဇော်တင် ဆီက ငှားငှားဖတ်သေးတယ်။
ခုလောက်ဆို မင်းသတင်း တစ်ရွာလုံးသိရောပေါ့။ "

မျှော်လင့်ချက်များစွာဖြင့် တက်ကြွနေရာ
စုံသာမြိုင် ပြန်လည် အားလျော့သွားလေသည်။
ကူးကူသည် စုံသာမြိုင်လက်ကို ကိုင်ကာ

" သမီး အတန်းထဲက သူငယ်ချင်းတွေကပြောတယ်။
ကူးကူးက ‌မင်းသမီးမေမေလေးရတော့မှာတဲ့။ ဟုတ်လားဟင်ဖေကြီး"

ကူးကူးတက်နေသောကျောင်းသည် လူချမ်းသာတွေတက်ကြသော အဆင့်မြင့်ကျောင်းဖြစ်တာကြောင့် ပုံမှန်ရွာကလေးတွေထက် အတင်းအဖျင်းပုံစုံသည်။

ကလေးတွေဆိုပေမဲ့ သိကြတက်ကြတာလွယ်ကြတာမို့အိမ်က ပေါက်စနတောင်မှ သေချာထိန်းရသိမ်းရလုပ်နေရသည်။
စုံသာမြိုင်သည် သမီးဖြစ်သူစကားကြောင့်
မျက်မှောင်ကုတ်ကာ စိတ်ရှုပ်ထွေးသွားရ၏။

"အဲ့အကြောင်းတွေ ဘယ်သူကပြောတာလဲ။ မိဘတွေက သေချာမဆုံးမထားဘူးထင်တယ်။ ဘယ်ကမေမေလေးလည်း ရခြင်းရ ဖေဖေလေးရတယ်ဆိုကာမှလူကြားကောင်းအုံးမယ်"

စုံသာမြိုင်စကားကြောင့် ကိုသက်ခိုင်တစ်ယောက် ခပ်တိုးတိုးရယ်မောတော့သည်။ ကူးကူးသည် စိတ်လှုပ်ရှားဟန်ဖြင့် ဖိကိုင်ထားသော စုံသာမြိုင်၏လက်အားလှုပ်ရမ်းလိုက်သည်။

" ကူးကူးဖေဖေအသစ်ထပ်ရအုံးမှာလား။ ဟီးဟီးပျော်စရာကြီး ကူးကူးမှာ ခုတစ်ယောက်ရောဆိုရင်ဖေဖေသုံးယောက်ရှိတော့မှာပေါ့" ဟု ဆိုလာလေသည်။

အဖြစ်အပျက်ကရယ်ရခက် ငိုရခက်ပင်။
စိတ်ပျက်စွာပင် ခုံ၏ ကျောမှီအားပျင်းရိစွာ
မှီထိုင်လိုက်၏။ ကူးကူးအားပင် စကားပြန်မဖြေနိုင်ပေ။

ရွာက ချစ်သူလေးအားသတိရမိသည်က တစ်ကြောင်း။
စိတ်ဆိုးနေလျှင် ဘယ်လိုချော့မြူရမလဲ ဆိုတာ တွေးရသည်က တစ်ကြောင်းဖြင့် သူ၏ခေါင်းမွှေးတွေပင် ချက်ခြင်းဖြူလာမတက်ပင်။

ထိုအချိန် ကိုဘမှောင် တစ်ယောက် ခပ်သုတ်သုတ်အိမ်ထဲဝင်လာလေသည်။

" ဗျို့ ကိုစုံ။ ခင်ဗျား သက်လျာ ညနေကားနဲ့ ဒီနေ့ထွက်ခဲ့တယ်တဲ့ဗျာ။ မနက်ဖန်ဝေလီဝေလင်းများရောက်လေမလားပဲ။ ခုပဲ ပြည့်ပြည့်ဆီဖုန်းဆက်လာလေရဲ့။ အကြောင်းထူးကတော့ ရှိနေပြီထင်ပါ့။ ဆရာစုံတော့ ပုဆိုးထူထူဝတ်ထားလေမှ တော်ကာကျရော့မယ်"

သတင်းစာကိစ္စပြော‌မှန်းသိတာကြောင့် စုံသာမြိုင် အလန့်တကြားမတ်တပ်ထရပ်မိတော့သည်။

"ဘယ်လိုလုပ်ကြမလဲ ။ ဒီကိစ္စကို ဖြေရှင်းဖို့များလိုက်လာလေသလား။ "

"ဒါများဘာခက်လို့လဲဗျာ။ အကြောင်းစုံရှင်းပြလိုက်ပေါ့။ "

ကိုသက်ခိုင်က အေးအေးလူလူ ဝင်ပြောပေမဲ့
ကိုဘမှောင်က ခေါင်းရမ်းကာ

" ဖြေရှင်းလို့မယုံရင်တော့ ပြဿနာပဲ "

စုံသာမြိုင်မျက်နှာ ဇီးရွက်သာသာ ညိုးငယ်လာလေသည်။ သူ့မျက်နှာကြည့်ကာ ကိုဘမှောင်က တိတ်တခိုးဆိုသည်။

" ဘောက်ကျဲ"

ညရောက်တော့ တော်တော်နှင့်အိပ်မပျော်ပေ။
ဘယ်အချိန်ထကြိုရမလဲ ဟူသည့်အတွေးဖြင့် လူက တောင်လှည့်မြောက်လှည့် ။

ဝေလီဝေလင်းအချိန်တွင် သွားကြိုဖို့ လူကစောစောထကာ ပြင်ဆင်လိုက်သည်။ မတွေ့တာကြာပြီမို့ လွမ်းနေသည်က အတိုင်းအထက်အလွန်။

ရင်လည်းခုန်နေတာမို့ ပုဆိုးရွေးနေသည့်လက်တွေက ခပ်တုန်တုန်။

အခန်းမီးသည် လင်းနေအောင်ဖွင့်ထားတာမို့ ညီညာနေ‌သော အဝတ်တို့ကို သေချာမြင်ရစေသည်။
သူသည် ပုဆိုးကိုသာ ဝတ်ဆင်တက်လေသည်မို့ အထပ်လိုက်သော အရောင်စုံပုဆိုးတို့သည် တစ်မျိုးနှင့်တစ်မျိုးသိပ်ကွာခြားသည်ဟုမထင်ရပေ။
သူ့အရပ်က ရှည်လျားလွန်းတာမို့ အော်ဒါကြိုအပ်ရသလို အပြင်မှာလည်းဝယ်ရခက်ပေသည်။

သူအဝတ်ရွေးနေစဉ်ပင်ကားသံသဲ့သဲ့ကြားလိုက်ရ၏။
ကိုသက်ခိုင် ဒါမှမဟုတ် ကိုဘမှောင် ဖြစ်တန်ကောင်း၏။
ကူးကူးသည် ကျောင်းပိတ်ရက်၌သာ ပြန်လာလေ့ရှိပြီးကျောင်းနားနီးသော အိမ်၌ သူ့အဖေကိုသက်ခိုင်နှင့်အတူနေလေသည်။
ကိုဘမှောင်ကတော့ အိမ်ထောင်သည်မို့ တိုက်ခန်းဖြင့်သာသီးသန့်ခွဲနေလေသည်။ သို့သော် တစ်လမ်းကျော်သာဝေးသည်ကြောင့် တစ်နေ့သုံးဆယ်ခြောက်ခါ သူ့အိမ်ကို လာလေ့ရှိသည်။

ချစ်ထွန်းသည်ကတော့ မခွဲအတူ သူနှင့်ပင်။
ရည်းစားလည်းရှိတာမဟုတ်တော့ နောင်ရေးက စိတ်မအေးစရာ။ ခုတော့ သူခိုင်းထားတဲ့အလုပ်တွေဖြင့်နယ်ဖက်ရောက်နေတာမို့အိမ်မှာပင်ရှိမနေပေ။

ကျွတ်တသပ်သပ် ပြုလုပ်ရင်းအဝါခြောက်ရောင်
ပုဆိုးတစ်ထည်ကိုဆွဲထုတ်လိုက်စဉ် ကိုဘမှောင်၏ အသံကိုကြားလိုက်ရသည်။ အခန်းတွင်းမို့ အသံသည် မကြားတချက် ကြားတချက်
တိုးသဲ့သဲ့သာကြားရတာကြောင့် အဝတ်ဗီဒိုကိုပိတ်ကာ စေ့ရုံစေ့ထားသော တံခါးအားတွန်းဖွင့်လိုက်သည်။
ထုံးစံအတိုင်း သူ့အခန်းသည် အောက်ထပ်တွင်သာရှိလေတာမို့ တံခါးဖွင့်လိုက်သည်နှင့် ဧည့်ခန်းကိုတန်းတန်းမတ်မတ် မြင်ရတော့သည်။

"ချမ်းအေးလား"

သူ့အသံကြောင့်ကျောပေးထိုင်နေတဲ့ကောင်လေးသည် ခေါင်းလှည့်ကြည့်လာလေသည်။
သူသည် ပုဆိုးတစ်ထည်ကိုကိုင်၍ အခန်းရှေ့မှာ ရပ်နေလေသည်။
ပုံသွင်းထားလေ့ရှိသော ဆံပင်တို့သည် ပွရောင်းနေပြီး
ညဝတ်ဝမ်းဆက် အစင်းကွက်ကို သူချွတ်မလဲရသေးပေ။

မြင်ကွင်းက အတော်လေး စုတ်ချာချာနိုင်လှလေသည်။ အတော်ကြာမှ သူ့ပုံစံကိုသတိရ‌ကာ
"ခဏနော်" ဟုပြော၍ အမြန်ဝင်လဲရတော့သည်။

"ပုံမှန်ချိန်ထက်စော‌ရောက်တယ်နော်။ ကျုပ် လာကြိုမလို့ပဲ။ တော်သေးတာပေါ့ အိမ်ကိုတန်းတန်းမတ်မတ်ပြန်ရောက်လို့"

ညချမ်းအေးသည် မုန့်ဟင်းခါးကိုတည်ငြိမ်စွာခေါင်းငုံ့စားနေလေသည်။
သူစကားပြောနေပေမဲ့ကောင်ငယ်လေးသည် အရေးမလုပ်ပေ။

ကိုသက်ခိုင်သည် ကူးကူးကိုကျောင်းပို့ရမည်ဟု ပြောကာ ထွက်သွားလေသည်။
ကိုဘမှောင်သည်လည်း သူ့အိမ်သူပြန်ပြီဖြစ်တာကြောင့် သူတို့နှစ်ယောက်သာထိုအိမ်ကြီးမှာကျန်ခဲ့ရသည်။

" ဒေါ်မြိုင်က ရိပ်သာဝင်နေတယ်။ အိမ်မှာ မင်းရယ်ကျုပ်ရယ်ပဲကျန်ခဲ့မှာ။ ဒီရက်ပိုင်းအစားအသောက်ကို ဖြစ်သလိုမှာစားလို့ရပါတယ်။ မင်းလည်းရောက်တုန်းရောက်ခိုက် သက်သာသလိုနေ"

မုန့်ဟင်းခါးသည်ထိုမျှ အရသာရှိလေသလား ။
တစ်ဇွန်းခြင်းသောက်နေတာကြောင့် သူ့စကားကို ပြန်ဖြေဖော်ပင်မရပေ။
ခရီးပန်းနေပုံရတာကြောင့်နားခိုင်းဖို့စိတ်ကူးရှိသော်ငြားမတွေ့တာကြာလေပြီမို့ မျက်စိရှေ့ကနေ မပျောက်သွားစေချင်သေးပေ။

" ဘယ်လောက်ကြာအောင်နေမှာလဲဟင် "

စားနေတဲ့ စတီးဇွန်းလေး လေထဲတွင်ရပ်တန့်သွားချေ၏။ ပထမဦးဆုံး ခေါင်းငုံ့နေတဲ့မျက်နှာလေးသည် မော့လာလေပြီး သူ့အားကြည့်လာလေသည်။
ဝိုင်းစက်သော မျက်လုံးအိမ်လှလှသည် ညိုးငယ်နေတာမို့ ကြည့်ရသည်မှာ အတော်လေးသနားစဖွယ်။

"ဘာဖြစ်လို့လဲဟင်ချမ်းအေး။ ခရီးပန်းလို့လား။ နားတော့မလားဟင်။ ကျုပ်အခန်းပြင်..."

" မြန်မြန်ပြန်ဖို့မျော်လင့်နေတာလား "

" ဟင်.. ဘာကြီး"

" ကျွန်တော် လာခဲ့တာကို စိတ်အနှောင့်အယှက်ဖြစ်သွားလား။ ဒါဆို ကျွန်တော်ပြန်လိုက်ရမလား"

စုံသာမြိုင် မျက်စိမျက်နှာပျက်သွားသည်။

" ဘာစကားတွေပြောနေတာလဲ ။ မင်းရောက်လာဖို့ ကျုပ်ဘယ်လောက် မျှော်လင့်ခဲ့ရလဲ ။  ရောက်ကတည်းက စကားလည်းမပြော  ။ ကျုပ်ကို လျစ်လျူလည်းရှု့ထားနဲ့ စိတ်ကျေနပ်အောင်သာပြောနေရတာ။ ကျုပ်ရင်ထဲမှာ ဘယ်လောက် ပြာယာခတ်နေလဲ မင်းမမြင်ပါဘူး"

အကြည့်ခြင်းစုံတဲ့အချိန် ညချမ်းအေးမျက်နှာလွှဲသွားလိုက်သည်။

သို့သော် မျက်နှာချင်းဆိုင်ထိုင်နေတဲ့စုံသာမြိုင်သည်
စားပွဲအားပတ်၍ ညချမ်းအေးဘေးကိုဝင်ထိုင်လိုက်ပြီး ပါးနှစ်ဖက်အား ဘယ်မှ၍မသွားအောင် အုပ်
ကိုင်ထားလိုက်သည်။

" သတင်းစာကိုဖတ်ခဲ့မိလို့ စိတ်ဆိုးနေရင်ကျုပ်ရှင်းပြလို့ရတယ်။ ကျုပ်ရင်ထဲမှာ တကယ်မင်းတစ်ယောက်ထဲရှိတာ ။ အဲ့ဒါ အမှားတွေ။ မင်းမယုံရင် အဲ့မင်းသမီးကို ကျုပ်ခေါ်မေးပေးမယ် ။ နောက်ဘယ်ကောလဟာလမှမထွက်အောင် ဘယ်ပါတီ ဘယ် လူစုစုံရာမှ မသွားတော့ဘူး။ နော်... "

ချော့မြူနေသော တိုးလျတဲ့အသံသည်
သူ့အားရှက်ရွံ့စေသည်။ တည့်တည့်ကြည့်စေဖို့ ကိုင်ထားခံရတဲ့ပါးနှစ်ဖက်ကြောင့်မျက်နှာသည်ဘယ်မှပုန်းရှောင်၍မရပေ။။

" ဖယ်ပါ ။ အနေရခက်တယ်"

လက်နှစ်ဆွဲဖယ်ပေမဲ့ ခပ်တင်းတင်းအနေအထားကြောင့် သူ့ပါးနှစ်ဖက်သည်ပိုမိုညှစ်ခံလိုက်ရပြီး
နှုတ်ခမ်းတို့သည် စူထော်လာလေသည်။
စုံသာမြိုင်သည်နီရဲသော နှုတ်ခမ်းစူစူလေးအားကြည့်ကာ အာခေါင်တွေတောင်ခြောက်သွေ့လာရသည်။
မျက်လုံးလေးပြူးကြည့်ပြီး ရုန်းကန်နေပုံက
အနိုင်ကျင့်ချင်စဖွယ်ပင်။
နှစ်ဦးသားအနေရခက်ဖွယ်အခြေအနေကြောင့်
နေရခက်စွာ ပြန်၍ ကျောခိုင်းလိုက်ကြပြန်သည်။

စိတ်ဆိုးနေတဲ့ကောင်လေးသည် စိတ်ဆိုးပြေသွားပြီထင်အံ့။

အနည်းငယ်ပြုံးယောင်သန်းသော နှုတ်ခမ်းတို့ကြောင့် စုံသာမြိုင် ရင်ထဲမတင်မကျ အလုံးကြီးသည် အောက်သို့ ပြုတ်ကျသွားသည့်နှယ် ။

ဘုရားကယ်လိုက်သလိုပါပဲဗျာ။
တော်ပါသေးရဲ့။

________

" ‌‌ ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ အမေ။ ဒါ မားက အမှတ်တရ ပေးလိုက်တာပါ  "

မိုင်း လက်ထဲက ပစ္စည်းလေးကို တရိုတသေ လှမ်းပေးလိုက်ပြီးနောက် နောက်ပြန်ဆုတ်လိုက်သည်။
မွေးနေ့ဆိုပေသည့် သားသုံးယောက်နှင့် ဦးခမ်းစက်ပိုင်သာ ဘေးမှာရှိလေသည်။ မိုင်းစက်တို့ မိခင်သည် ဒီအိမ်ပေါ်အားခြေချခွင့်မရှိပေ။ ဒါ ဒေါ်ဧကရီကိုယ်တိုင်သက်မှတ်ထားတဲ့စည်းကမ်းချက်ဖြစ်သည်။

မယားငယ်ယူခွင့်ပေးပေမဲ့ အိမ်၏ ဧကရီတော့ ဖြစ်ခွင့်မပေးခဲ့ပေ။
ပွဲကြီးပွဲသေး ဘယ်ပွဲနေနေ တရားဝင်မယားအဖြစ်
ဒေါ်ဧကရီက ဦးခမ်းစက်ပိုင်အားလက်ချိတ်တက်သည်။
အယုတ်စွဆုံး အိမ်ရှိမင်္ဂလာရှိသော အထိမ်းအမှတ်
တို့တောင်မှလာခွင့်မရှိ။
ငွေကို တစ်လ ဘယ်လောက်ဟု စီစစ်ပေးသည်။
လစဉ် ငွေကြေးသည် ဒေါ်ဧကရီသက်မှတ်သော အတိုင်းအတာသာ ရရှိပြီး ဘယ်သောအခါမှ
အပိုအလို ပြန်ပြောပိုင်ခွင့်မရှိပေ။

ဦးခမ်းစက်ပိုင်ကတော့ရှင်းသည်။
စယူကတည်းက လုပ်ပိုင်ခွင့်အကုန် ဒေါ်ဧကရီအားပေးထားပြီး မည်သည့်အရာမှဝင်မစွက်ဖက်ပေ။
ဒေါ်ဧကရီသည် ကလေးဆုံးပါးသွားရာမှ
စိတ်ဒဏ်ရာရကာ မည့်သည့်ကလေးမှ ထပ်မံမရရှိတော့သလို ဦးခမ်းစက်ပိုင်ဖြင့်လည်း တရားဝင်
မကွဲတာကလွဲပြီး ပေါင်းသင်းခြင်းမပြုတော့ပေ။
ထို့ကြောင့်နောက်မိန်းမယူခြင်းအား စိတ်ဝင်စားခြင်းမရှိသလို တားမြစ်ခြင်းလည်းမရှိပေ။
သူ့အသိစိတ်တွင် ဘောင်ကျော်မလာသ၍
ဂရုမစိုက်ဘူးဆိုတဲ့ ခပ်မာမာအတွေးလည်းရှိသည်။ ထို့ကြောင့် မိခင်ဖြစ်သူကို စိတ်ထဲမထည့်ပေမဲ့မိုင်းမာန်နှောင်းတို့သုံးယောက်အား ဂရုတစိုက်
ချစ်ပေးခဲ့လေသည်။

" ကျေးဇူးပဲလို့ သားမားမားကို ပြန်ပြောလိုက်ပါအုံး။"

"ဟုတ်ကဲ့ ။ ဒါနဲ့လေ အမေ့နာမည်နဲ့ အမေ လှူဒါန်းနေကြ မိဘမဲ့ကလေးကျောင်းမှာ အဟာရဒါန တစ်လလုံးစာ သားတို့ ကုသိုလ်ပြုခဲ့တယ် ။ ခဏနေ အမေ့ကို လိုက်ပို့ပေးမယ် "

မာန်သည် ခပ်ပြုံးပြုံးဝင်ပြောလေသည်။
မိုင်းစက်သည် ပထမတော့ လန့်သွားပေမဲ့ ဒေါ်ဧကရီ
မျက်နှာဘယ်လိုမှ ပြောင်းလဲမသွားတာကြောင့် သက်ပြင်းကြိတ်ချမိသည်။

‌"ကျေးဇူးပါ သားမာန်။ မွေးနေ့လက်ဆောင်အနေနဲ့ အမေ အများကြီး သဘောကျတယ် "

ဦးခမ်းစက်ပိုင် ‌သူ့အမျိုးသမီးအားငေးကြည့်ကာ စိတ်မကောင်းဖြစ်သွားလေသည်။

ဒီအချိန်ဆို သူ့သားအကြီးဆုံးက အရွယ်ကောင်းကောင်းရောက်နေရောပေါ့။။

ဧကရီစိတ်နာမယ်ဆိုနာလောက်စရာ။
သူ့သား ဧရာစက်ပိုင်သည် သူအသုံးမကျသည်ကြောင့်သေဆုံးခဲ့ရတာပင်မဟုတ်လား။

"ဆရာေလး သတင္းစာလာပို႔တာပါဗ်"

‌ေကာင္ေလးတစ္ေယာက္၏ အသံေၾကာင့္ စံပယ္ပင္ေအာက္တြင္ ထိုင္၍ စာေလ့လာေနတဲ့ ညခ်မ္းေအးသည္ စာအုပ္ကို ေနရာမွတ္၍ ထိုင္ေနရာမွထကာ ၿခံစည္းရိုးတံခါးကိုဖြင့္ေပးလိုက္ေခ်သည္။
ၿခံစည္ရိုးတံခါးသည္ ခါတိုင္းပိတ္ထားေလ့မရိွေပမဲ့ မၾကာခဏ လာတက္ေသာ ဦးလူလွတို႔ကိုေၾကာက္သည္ေၾကာင့္ အၿမဲေသာ့ခတ္ထားရေလသည္။

တံခါးဖြင့္ေပးလိုက္သည္ႏွင့္ သတင္းစာတေပြ့တပိုက္ႏွင့္ ဖိုးကံ တစ္ေယာက္ ၿပံဳးရယ္ရင္းဝင္လာေလသည္။

" ဒီတစ္ေခါက္ သတင္းစာေတြမ်ားလွခ်ည္လားကြ"

" မ်ားဆို ကိုႀကီးစံုရဲ့ သတင္းက သတင္းစာမွာ ပါလာတယ္ေလ။ အဲ့ဒါမ်ိဳးဆို ရြာထဲက လူႀကီးေတြက လႊတ္သေဘာက်တာဗ်။ အဲ့ဒါေၾကာင့္ဒီတစ္ေခါက္ ပိုဝယ္လာတာ ။ ၿပီးေတာ့ အခ်စ္ေရး ဆိုေတာ့ ဟီး... ရြာထဲက အပ်ိဳေတြေတာ့ အသဲကြဲၾကေတာ့မွာပဲ "

ညခ်မ္းေအး မ်က္ႏွာပ်က္သြားေပမဲ့
ဖိုးကံေပးတဲ့ စာေစာင္ကို လွမ္းယူလိုက္ေလသည္။
စကားေတြအမ်ွင္မျပတ္ပဲ သူေျပာခ်င္ရာဆက္ေျပာေနတဲ့ ေကာင္ေလးေၾကာင့္ သူ႔မွာမနည္းစိတ္ရွည္ေနရေလသည္။ အေတာ္ၾကာမွ ျပန္သြားေတာ့ ၿခံစည္းရိုးကို မေမ့မေလ်ာ့ ေသာ့ခတ္ရျပန္သည္။ ၿပီးမွ ခ်ိဳင္းၾကားၫွပ္ထားေသာ သတင္းစာကို ထုတ္ကာ
ဖတ္လိုက္သည္။ ေန့စြဲက လြန္ခဲ့ေသာ ႏွစ္ရက္ကျဖစ္ေလသည္။

သူတို႔နယ္ဖက္တြင္ ခရီးမတြင္တာေၾကာင့္ ပံုမွန္ထုတ္ သတင္းစာေတြကို ေနာက္က်ၿပီးမွသာဖတ္ရေလ့ရိွသည္။

သတင္းစာသည္နာမည္ႀကီးစာတိုက္ျဖစ္သည္။

မ်က္ႏွာဖံုးတြင္ ျပည္သူအခ်စ္ေတာ္ မင္းသမီး တစ္ေယာက္၏ ခ်စ္သူသည္ ခ်မ္းသာဆန္ဆီ ကုမၸဏီ၏ပဲ့ကိုင္ရွင္ ဦးစံုသာၿမိဳင္ျဖစ္သည္ဟုသတင္းထြက္လာ။ စာမ်က္ႏွာ ၃တြင္ဖတ္ရႈ႔ရန္။
ဟူေသာ စာပုဒ္က ထင္းခနဲ။
သတင္းစာ၏ေခါင္းႀကီးပိုင္းတြင္ ပါဝင္လာေသာ
ခ်မ္းသာ ကုမၸဏီ ပိုင္ရွင္ ဦးစံုသာၿမိဳင္ဆိုသၫ့္နာမည္ေၾကာင့္ရင္ထဲစူးခနဲ။

ဝိုးတဝါးပံုရိပ္က ေမြးေန့ပါတီတစ္ခု၏ပံုမ်ိဳး။
အျဖဴေရာင္ဂါဝန္ဝတ္ထားတဲ့မိန္းကေလးသည္ေက်ာေပးထားဟန္အေနအထားျဖင့္ရိွေနၿပီး စံုသာၿမိဳင္၏လက္တစ္ဖက္သည္ထိုမိန္းကေလး၏ ပခံုးေပၚမွာတည္ရိွေနခဲ့သည္။

စာထဲတြင္ တခမ္းတနားေရးဆိုထားတာေတြကို အၿပီးထိဖတ္ရႈ႔ၿပီးေနာက္ ညခ်မ္းေအးသည္ တက္တစ္ခ်က္ေခါက္ကာ သတင္းစာအားလံုးေထြးလႊင့္ပစ္လိုက္ေလသည္။

ထိုေနာက္ ဂဏွာမၿငိမ္ပဲထိုင္လိုက္ထလိုက္ျဖင့္
သူဘာဆက္လုပ္ရမလဲဆိုတာ ေတြးေတာေနခဲ့သည္။
စိတ္ပူသည္မွာ ရင္ႏွင့္ေတာင့္မဆန႔္‌ ေပ။
ကိုယ့္ခ်စ္သူသည္ ထိုသို႔ေသာ လူမ်ိဳးမျဖစ္တန္ေကာင္း။
သို႔ေသာ္ သစ္ငုတ္တိုေတာင္မွႏွဲ႔ပါမ်ား ယိုင္ေသးတာပင္။
ေဝးကြာေနဆဲခ်စ္သူတို႔တြင္ေပါင္းစည္းသူက ခပ္ရွားရွားျဖစ္‌ ေၾကာင္း သူသိသည္။

ထိုအခ်ိန္ သူ ေက်ာင္းပိတ္ေနဆဲျဖစ္သည္။
ခဏမ်ွသြားေတြ့လိုက္ရင္ေရာ။
အေတြးေတြခဏရပ္ကာ အခန္းတြင္းေျပးဝင္၍
စုေစာင္းထားသမ်ွထုတ္ယူလိုက္သည္။ လစဉ္စုေစာင္းထားသမ်ွ ေငြေၾကးျဖစ္တာေၾကာင့္ မ်ားသည္ဟုမဆိုသာေပမဲ့နည္းလည္းနည္းမေနေပ။

ယေန့ကားမွီပါ့မလားမေသခ်ာေပမဲ့
အထုတ္ျပင္၍ အိမ္အတြင္းစစ္ေဆးကာ ေန့ခ်င္း ခရီးထြက္ဖို႔ျပင္လိုက္ေလသည္။

အိမ္ႀကီးသည္ အလြန္တရာႀကီးမားလွပေပသၫ့္
တိတ္ဆိတ္ေျခာက္ကပ္လြန္းသည္။
သူသည္ လြန္ခဲ့ေသာ ႏွစ္ရက္ခန႔္က ရရိွထားသၫ့္ ေန့စဉ္ထုတ္သတင္းစာအားၾကၫ့္ကာ အလြန္အမင္း စိုးရိမ္ပူပန္ေနလ်က္ရိွသည္။
ထိုအခ်ိန္ ဦးသက္ခိုင္သည္ အိမ္ေပၚက ကူးကူးကိုေပြ့လ်က္ဆင္းလာသည္ျဖစ္ရာ စံုသာၿမိဳင္တစ္ေယာက္ ေလ်ာ့ရဲစြာ ထိုင္ေနရာမွ အနည္းငယ္တက္ႂကြသြားေလသည္။

" ကိုသက္ခိုင္ ဒီလို သတင္းစာေတြ က်ဳပ္တို႔ရြာမွာဖတ္ေလ့ရိွသလားဗ် "

ကူးကူးကို စံုသာၿမိဳင္ေဘးခ်ကာ ကိုသက္ခိုင္ေျဖလိုက္သည္။

" ဖတ္ၾကတာေပါ့ ။ ငါ ဆန္စက္မွာ ေနတုန္းက ရြာေခါင္း ကိုေဇာ္တင္ ဆီက ငွားငွားဖတ္ေသးတယ္။
ခုေလာက္ဆို မင္းသတင္း တစ္ရြာလံုးသိေရာေပါ့။ "

ေမ်ွာ္လင့္ခ်က္မ်ားစြာျဖင့္ တက္ႂကြေနရာ
စံုသာၿမိဳင္ ျပန္လည္ အားေလ်ာ့သြားေလသည္။
ကူးကူသည္ စံုသာၿမိဳင္လက္ကို ကိုင္ကာ

" သမီး အတန္းထဲက သူငယ္ခ်င္းေတြကေျပာတယ္။
ကူးကူးက ‌မင္းသမီးေမေမေလးရေတာ့မွာတဲ့။ ဟုတ္လားဟင္ေဖႀကီး"

ကူးကူးတက္ေနေသာေက်ာင္းသည္ လူခ်မ္းသာေတြတက္ၾကေသာ အဆင့္ျမင့္ေက်ာင္းျဖစ္တာေၾကာင့္ ပံုမွန္ရြာကေလးေတြထက္ အတင္းအဖ်င္းပံုစံုသည္။

ကေလးေတြဆိုေပမဲ့ သိၾကတက္ၾကတာလြယ္ၾကတာမို႔အိမ္က ေပါက္စနေတာင္မွ ေသခ်ာထိန္းရသိမ္းရလုပ္ေနရသည္။
စံုသာၿမိဳင္သည္ သမီးျဖစ္သူစကားေၾကာင့္
မ်က္ေမွာင္ကုတ္ကာ စိတ္ရႈပ္ေထြးသြားရ၏။

"အဲ့အေၾကာင္းေတြ ဘယ္သူကေျပာတာလဲ။ မိဘေတြက ေသခ်ာမဆံုးမထားဘူးထင္တယ္။ ဘယ္ကေမေမေလးလည္း ရျခင္းရ ေဖေဖေလးရတယ္ဆိုကာမွလူၾကားေကာင္းအံုးမယ္"

စံုသာၿမိဳင္စကားေၾကာင့္ ကိုသက္ခိုင္တစ္ေယာက္ ခပ္တိုးတိုးရယ္ေမာေတာ့သည္။ ကူးကူးသည္ စိတ္လႈပ္ရွားဟန္ျဖင့္ ဖိကိုင္ထားေသာ စံုသာၿမိဳင္၏လက္အားလႈပ္ရမ္းလိုက္သည္။

" ကူးကူးေဖေဖအသစ္ထပ္ရအံုးမွာလား။ ဟီးဟီးေပ်ာ္စရာႀကီး ကူးကူးမွာ ခုတစ္ေယာက္ေရာဆိုရင္ေဖေဖသံုးေယာက္ရိွေတာ့မွာေပါ့" ဟု ဆိုလာေလသည္။

အျဖစ္အပ်က္ကရယ္ရခက္ ငိုရခက္ပင္။
စိတ္ပ်က္စြာပင္ ခံု၏ ေက်ာမွီအားပ်င္းရိစြာ
မွီထိုင္လိုက္၏။ ကူးကူးအားပင္ စကားျပန္မေျဖႏိုင္ေပ။

ရြာက ခ်စ္သူေလးအားသတိရမိသည္က တစ္ေၾကာင္း။
စိတ္ဆိုးေနလ်ွင္ ဘယ္လိုေခ်ာ့ျမဴရမလဲ ဆိုတာ ေတြးရသည္က တစ္ေၾကာင္းျဖင့္ သူ၏ေခါင္းေမႊးေတြပင္ ခ်က္ျခင္းျဖဴလာမတက္ပင္။

ထိုအခ်ိန္ ကိုဘေမွာင္ တစ္ေယာက္ ခပ္သုတ္သုတ္အိမ္ထဲဝင္လာေလသည္။

" ဗ်ိဳ႕ ကိုစံု။ ခင္ဗ်ား သက္လ်ာ ညေနကားနဲ႔ ဒီေန့ထြက္ခဲ့တယ္တဲ့ဗ်ာ။ မနက္ဖန္ေဝလီေဝလင္းမ်ားေရာက္ေလမလားပဲ။ ခုပဲ ျပၫ့္ျပၫ့္ဆီဖုန္းဆက္လာေလရဲ့။ အေၾကာင္းထူးကေတာ့ ရိွေနၿပီထင္ပါ့။ ဆရာစံုေတာ့ ပုဆိုးထူထူဝတ္ထားေလမွ ေတာ္ကာက်ေရာ့မယ္"

သတင္းစာကိစၥေျပာ‌မွန္းသိတာေၾကာင့္ စံုသာၿမိဳင္ အလန႔္တၾကားမတ္တပ္ထရပ္မိေတာ့သည္။

"ဘယ္လိုလုပ္ၾကမလဲ ။ ဒီကိစၥကို ေျဖရွင္းဖို႔မ်ားလိုက္လာေလသလား။ "

"ဒါမ်ားဘာခက္လို႔လဲဗ်ာ။ အေၾကာင္းစံုရွင္းျပလိုက္ေပါ့။ "

ကိုသက္ခိုင္က ေအးေအးလူလူ ဝင္ေျပာေပမဲ့
ကိုဘေမွာင္က ေခါင္းရမ္းကာ

" ေျဖရွင္းလို႔မယံုရင္ေတာ့ ျပႆနာပဲ "

စံုသာၿမိဳင္မ်က္ႏွာ ဇီးရြက္သာသာ ညိုးငယ္လာေလသည္။ သူ႔မ်က္ႏွာၾကၫ့္ကာ ကိုဘေမွာင္က တိတ္တခိုးဆိုသည္။

" ေဘာက္က်ဲ"

ညေရာက္ေတာ့ ေတာ္ေတာ္ႏွင့္အိပ္မေပ်ာ္ေပ။
ဘယ္အခ်ိန္ထႀကိဳရမလဲ ဟူသၫ့္အေတြးျဖင့္ လူက ေတာင္လွၫ့္ေျမာက္လွၫ့္ ။

ေဝလီေဝလင္းအခ်ိန္တြင္ သြားႀကိဳဖို႔ လူကေစာေစာထကာ ျပင္ဆင္လိုက္သည္။ မေတြ့တာၾကာၿပီမို႔ လြမ္းေနသည္က အတိုင္းအထက္အလြန္။

ရင္လည္းခုန္ေနတာမို႔ ပုဆိုးေရြးေနသၫ့္လက္ေတြက ခပ္တုန္တုန္။

အခန္းမီးသည္ လင္းေနေအာင္ဖြင့္ထားတာမို႔ ညီညာေန‌ေသာ အဝတ္တို႔ကို ေသခ်ာျမင္ရေစသည္။
သူသည္ ပုဆိုးကိုသာ ဝတ္ဆင္တက္ေလသည္မို႔ အထပ္လိုက္ေသာ အေရာင္စံုပုဆိုးတို႔သည္ တစ္မ်ိဳးႏွင့္တစ္မ်ိဳးသိပ္ကြာျခားသည္ဟုမထင္ရေပ။
သူ႔အရပ္က ရွည္လ်ားလြန္းတာမို႔ ေအာ္ဒါႀကိဳအပ္ရသလို အျပင္မွာလည္းဝယ္ရခက္ေပသည္။

သူအဝတ္ေရြးေနစဉ္ပင္ကားသံသဲ့သဲ့ၾကားလိုက္ရ၏။
ကိုသက္ခိုင္ ဒါမွမဟုတ္ ကိုဘေမွာင္ ျဖစ္တန္ေကာင္း၏။
ကူးကူးသည္ ေက်ာင္းပိတ္ရက္၌သာ ျပန္လာေလ့ရိွၿပီးေက်ာင္းနားနီးေသာ အိမ္၌ သူ႔အေဖကိုသက္ခိုင္ႏွင့္အတူေနေလသည္။
ကိုဘေမွာင္ကေတာ့ အိမ္ေထာင္သည္မို႔ တိုက္ခန္းျဖင့္သာသီးသန႔္ခြဲေနေလသည္။ သို႔ေသာ္ တစ္လမ္းေက်ာ္သာေဝးသည္ေၾကာင့္ တစ္ေန့သံုးဆယ္ေျခာက္ခါ သူ႔အိမ္ကို လာေလ့ရိွသည္။

ခ်စ္ထြန္းသည္ကေတာ့ မခြဲအတူ သူႏွင့္ပင္။
ရည္းစားလည္းရိွတာမဟုတ္ေတာ့ ေနာင္ေရးက စိတ္မေအးစရာ။ ခုေတာ့ သူခိုင္းထားတဲ့အလုပ္ေတျြဖင့္နယ္ဖက္ေရာက္ေနတာမို႔အိမ္မွာပင္ရိွမေနေပ။

ကြၽတ္တသပ္သပ္ ျပဳလုပ္ရင္းအဝါေျခာက္ေရာင္
ပုဆိုးတစ္ထည္ကိုဆြဲထုတ္လိုက္စဉ္ ကိုဘေမွာင္၏ အသံကိုၾကားလိုက္ရသည္။ အခန္းတြင္းမို႔ အသံသည္ မၾကားတခ်က္ ၾကားတခ်က္
တိုးသဲ့သဲ့သာၾကားရတာေၾကာင့္ အဝတ္ဗီဒိုကိုပိတ္ကာ ေစ့ရံုေစ့ထားေသာ တံခါးအားတြန္းဖြင့္လိုက္သည္။
ထံုးစံအတိုင္း သူ႔အခန္းသည္ ေအာက္ထပ္တြင္သာရိွေလတာမို႔ တံခါးဖြင့္လိုက္သည္ႏွင့္ ဧၫ့္ခန္းကိုတန္းတန္းမတ္မတ္ ျမင္ရေတာ့သည္။

"ခ်မ္းေအးလား"

သူ႔အသံေၾကာင့္ေက်ာေပးထိုင္ေနတဲ့ေကာင္ေလးသည္ ေခါင္းလွၫ့္ၾကၫ့္လာေလသည္။
သူသည္ ပုဆိုးတစ္ထည္ကိုကိုင္၍ အခန္းေရ႔ွမွာ ရပ္ေနေလသည္။
ပံုသြင္းထားေလ့ရိွေသာ ဆံပင္တို႔သည္ ပြေရာင္းေနၿပီး
ညဝတ္ဝမ္းဆက္ အစင္းကြက္ကို သူခြၽတ္မလဲရေသးေပ။

ျမင္ကြင္းက အေတာ္ေလး စုတ္ခ်ာခ်ာႏိုင္လွေလသည္။ အေတာ္ၾကာမွ သူ႔ပံုစံကိုသတိရ‌ကာ
"ခဏေနာ္" ဟုေျပာ၍ အျမန္ဝင္လဲရေတာ့သည္။

"ပံုမွန္ခ်ိန္ထက္ေစာ‌ေရာက္တယ္ေနာ္။ က်ဳပ္ လာႀကိဳမလို႔ပဲ။ ေတာ္ေသးတာေပါ့ အိမ္ကိုတန္းတန္းမတ္မတ္ျပန္ေရာက္လို႔"

ညခ်မ္းေအးသည္ မုန႔္ဟင္းခါးကိုတည္ၿငိမ္စြာေခါင္းငံု႔စားေနေလသည္။
သူစကားေျပာေနေပမဲ့ေကာင္ငယ္ေလးသည္ အေရးမလုပ္ေပ။

ကိုသက္ခိုင္သည္ ကူးကူးကိုေက်ာင္းပို႔ရမည္ဟု ေျပာကာ ထြက္သြားေလသည္။
ကိုဘေမွာင္သည္လည္း သူ႔အိမ္သူျပန္ၿပီျဖစ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္သာထိုအိမ္ႀကီးမွာက်န္ခဲ့ရသည္။

" ေဒၚၿမိဳင္က ရိပ္သာဝင္ေနတယ္။ အိမ္မွာ မင္းရယ္က်ဳပ္ရယ္ပဲက်န္ခဲ့မွာ။ ဒီရက္ပိုင္းအစားအေသာက္ကို ျဖစ္သလိုမွာစားလို႔ရပါတယ္။ မင္းလည္းေရာက္တုန္းေရာက္ခိုက္ သက္သာသလိုေန"

မုန႔္ဟင္းခါးသည္ထိုမ်ွ အရသာရိွေလသလား ။
တစ္ဇြန္းျခင္းေသာက္ေနတာေၾကာင့္ သူ႔စကားကို ျပန္ေျဖေဖာ္ပင္မရေပ။
ခရီးပန္းေနပံုရတာေၾကာင့္နားခိုင္းဖို႔စိတ္ကူးရိွေသာ္ျငားမေတြ့တာၾကာေလၿပီမို႔ မ်က္စိေရ႔ွကေန မေပ်ာက္သြားေစခ်င္ေသးေပ။

" ဘယ္ေလာက္ၾကာေအာင္ေနမွာလဲဟင္ "

စားေနတဲ့ စတီးဇြန္းေလး ေလထဲတြင္ရပ္တန႔္သြားေခ်၏။ ပထမဦးဆံုး ေခါင္းငံု႔ေနတဲ့မ်က္ႏွာေလးသည္ ေမာ့လာေလၿပီး သူ႔အားၾကၫ့္လာေလသည္။
ဝိုင္းစက္ေသာ မ်က္လံုးအိမ္လွလွသည္ ညိုးငယ္ေနတာမို႔ ၾကၫ့္ရသည္မွာ အေတာ္ေလးသနားစဖြယ္။

"ဘာျဖစ္လို႔လဲဟင္ခ်မ္းေအး။ ခရီးပန္းလို႔လား။ နားေတာ့မလားဟင္။ က်ဳပ္အခန္းျပင္..."

" ျမန္ျမန္ျပန္ဖို႔ေမ်ာ္လင့္ေနတာလား "

" ဟင္.. ဘာႀကီး"

" ကြၽန္ေတာ္ လာခဲ့တာကို စိတ္အေနွာင့္အယွက္ျဖစ္သြားလား။ ဒါဆို ကြၽန္ေတာ္ျပန္လိုက္ရမလား"

စံုသာၿမိဳင္ မ်က္စိမ်က္ႏွာပ်က္သြားသည္။

" ဘာစကားေတြေျပာေနတာလဲ ။ မင္းေရာက္လာဖို႔ က်ဳပ္ဘယ္ေလာက္ ေမ်ွာ္လင့္ခဲ့ရလဲ ။  ေရာက္ကတည္းက စကားလည္းမေျပာ  ။ က်ဳပ္ကို လ်စ္လ်ူလည္းရႈ႔ထားနဲ႔ စိတ္ေက်နပ္ေအာင္သာေျပာေနရတာ။ က်ဳပ္ရင္ထဲမွာ ဘယ္ေလာက္ ျပာယာခတ္ေနလဲ မင္းမျမင္ပါဘူး"

အၾကၫ့္ျခင္းစံုတဲ့အခ်ိန္ ညခ်မ္းေအးမ်က္ႏွာလႊဲသြားလိုက္သည္။

သို႔ေသာ္ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနတဲ့စံုသာၿမိဳင္သည္
စားပြဲအားပတ္၍ ညခ်မ္းေအးေဘးကိုဝင္ထိုင္လိုက္ၿပီး ပါးႏွစ္ဖက္အား ဘယ္မွ၍မသြားေအာင္ အုပ္
ကိုင္ထားလိုက္သည္။

" သတင္းစာကိုဖတ္ခဲ့မိလို႔ စိတ္ဆိုးေနရင္က်ဳပ္ရွင္းျပလို႔ရတယ္။ က်ဳပ္ရင္ထဲမွာ တကယ္မင္းတစ္ေယာက္ထဲရိွတာ ။ အဲ့ဒါ အမွားေတြ။ မင္းမယံုရင္ အဲ့မင္းသမီးကို က်ဳပ္ေခၚေမးေပးမယ္ ။ ေနာက္ဘယ္ေကာလဟာလမွမထြက္ေအာင္ ဘယ္ပါတီ ဘယ္ လူစုစံုရာမွ မသြားေတာ့ဘူး။ ေနာ္... "

ေခ်ာ့ျမဴေနေသာ တိုးလ်တဲ့အသံသည္
သူ႔အားရွက္ရြံ႔ေစသည္။ တၫ့္တၫ့္ၾကၫ့္ေစဖို႔ ကိုင္ထားခံရတဲ့ပါးႏွစ္ဖက္ေၾကာင့္မ်က္ႏွာသည္ဘယ္မွပုန္းေရွာင္၍မရေပ။။

" ဖယ္ပါ ။ အေနရခက္တယ္"

လက္ႏွစ္ဆြဲဖယ္ေပမဲ့ ခပ္တင္းတင္းအေနအထားေၾကာင့္ သူ႔ပါးႏွစ္ဖက္သည္ပိုမိုၫွစ္ခံလိုက္ရၿပီး
ႏႈတ္ခမ္းတို႔သည္ စူေထာ္လာေလသည္။
စံုသာၿမိဳင္သည္နီရဲေသာ ႏႈတ္ခမ္းစူစူေလးအားၾကၫ့္ကာ အာေခါင္ေတြေတာင္ေျခာက္ေသြ့လာရသည္။
မ်က္လံုးေလးျပဴးၾကၫ့္ၿပီး ရုန္းကန္ေနပံုက
အႏိုင္က်င့္ခ်င္စဖြယ္ပင္။
ႏွစ္ဦးသားအေနရခက္ဖြယ္အေျခအေနေၾကာင့္
ေနရခက္စြာ ျပန္၍ ေက်ာခိုင္းလိုက္ၾကျပန္သည္။

စိတ္ဆိုးေနတဲ့ေကာင္ေလးသည္ စိတ္ဆိုးေျပသြားၿပီထင္အံ့။

အနည္းငယ္ၿပံဳးေယာင္သန္းေသာ ႏႈတ္ခမ္းတို႔ေၾကာင့္ စံုသာၿမိဳင္သည္ ရင္ထဲမတင္မက် အလံုးႀကီးသည္ ေအာက္သို႔ ျပဳတ္က်သြားသၫ့္ႏွယ္ ။

ဘုရားကယ္လိုက္သလိုပါပဲဗ်ာ။
ေတာ္ပါေသးရဲ့။

________

" ‌‌ ေပ်ာ္ရႊင္စရာ ေမြးေန့ေလးျဖစ္ပါေစ အေမ။ ဒါ မားက အမွတ္တရ ေပးလိုက္တာပါ  "

မိုင္း လက္ထဲက ပစၥည္းေလးကို တရိုတေသ လွမ္းေပးလိုက္ၿပီးေနာက္ ေနာက္ျပန္ဆုတ္လိုက္သည္။
ေမြးေန့ဆိုေပသၫ့္ သားသံုးေယာက္ႏွင့္ ဦးခမ္းစက္ပိုင္သာ ေဘးမွာရိွေလသည္။ မိုင္းစက္တို႔ မိခင္သည္ ဒီအိမ္ေပၚအားေျခခ်ခြင့္မရိွေပ။ ဒါ ေဒၚဧကရီကိုယ္တိုင္သက္မွတ္ထားတဲ့စည္းကမ္းခ်က္ျဖစ္သည္။

မယားငယ္ယူခြင့္ေပးေပမဲ့ အိမ္၏ ဧကရီေတာ့ ျဖစ္ခြင့္မေပးခဲ့ေပ။
ပြဲႀကီးပြဲေသး ဘယ္ပြဲေနေန တရားဝင္မယားအျဖစ္
ေဒၚဧကရီက ဦးခမ္းစက္ပိုင္အားလက္ခ်ိတ္တက္သည္။
အယုတ္စြဆံုး အိမ္ရိွမဂၤလာရိွေသာ အထိမ္းအမွတ္
တို႔ေတာင္မွလာခြင့္မရိွ။
ေငြကို တစ္လ ဘယ္ေလာက္ဟု စီစစ္ေပးသည္။
လစဉ္ ေငြေၾကးသည္ ေဒၚဧကရီသက္မွတ္ေသာ အတိုင္းအတာသာ ရရိွၿပီး ဘယ္ေသာအခါမွ
အပိုအလို ျပန္ေျပာပိုင္ခြင့္မရိွေပ။

ဦးခမ္းစက္ပိုင္ကေတာ့ရွင္းသည္။
စယူကတည္းက လုပ္ပိုင္ခြင့္အကုန္ ေဒၚဧကရီအားေပးထားၿပီး မည္သၫ့္အရာမွဝင္မစြက္ဖက္ေပ။
ေဒၚဧကရီသည္ ကေလးဆံုးပါးသြားရာမွ
စိတ္ဒဏ္ရာရကာ မၫ့္သၫ့္ကေလးမွ ထပ္မံမရရိွေတာ့သလို ဦးခမ္းစက္ပိုင္ျဖင့္လည္း တရားဝင္
မကြဲတာကလြဲၿပီး ေပါင္းသင္းျခင္းမျပဳေတာ့ေပ။
ထို႔ေၾကာင့္ေနာက္မိန္းမယူျခင္းအား စိတ္ဝင္စားျခင္းမရိွသလို တားျမစ္ျခင္းလည္းမရိွေပ။
သူ႔အသိစိတ္တြင္ ေဘာင္ေက်ာ္မလာသ၍
ဂရုမစိုက္ဘူးဆိုတဲ့ ခပ္မာမာအေတြးလည္းရိွသည္။ ထို႔ေၾကာင့္ မိခင္ျဖစ္သူကို စိတ္ထဲမထၫ့္ေပမဲ့မိုင္းမာန္ေနွာင္းတို႔သံုးေယာက္အား ဂရုတစိုက္
ခ်စ္ေပးခဲ့ေလသည္။

" ေက်းဇူးပဲလို႔ သားမားမားကို ျပန္ေျပာလိုက္ပါအံုး။"

"ဟုတ္ကဲ့ ။ ဒါနဲ႔ေလ အေမ့နာမည္နဲ႔ အေမ လႉဒါန္းေနၾက မိဘမဲ့ကေလးေက်ာင္းမွာ အဟာရဒါန တစ္လလံုးစာ သားတို႔ ကုသိုလ္ျပဳခဲ့တယ္ ။ ခဏေန အေမ့ကို လိုက္ပို႔ေပးမယ္ "

မာန္သည္ ခပ္ၿပံဳးၿပံဳးဝင္ေျပာေလသည္။
မိုင္းစက္သည္ ပထမေတာ့ လန႔္သြားေပမဲ့ ေဒၚဧကရီ
မ်က္ႏွာဘယ္လိုမွ ေျပာင္းလဲမသြားတာေၾကာင့္ သက္ျပင္းႀကိတ္ခ်မိသည္။

‌"ေက်းဇူးပါ သားမာန္။ ေမြးေန့လက္ေဆာင္အေနနဲ႔ အေမ အမ်ားႀကီး သေဘာက်တယ္ "

ဦးခမ္းစက္ပိုင္ ‌သူ႔အမ်ိဳးသမီးအားေငးၾကၫ့္ကာ စိတ္မေကာင္းျဖစ္သြားေလသည္။

ဒီအခ်ိန္ဆို သူ႔သားအႀကီးဆံုးက အရြယ္ေကာင္းေကာင္းေရာက္ေနေရာေပါ့။။

ဧကရီစိတ္နာမယ္ဆိုနာေလာက္စရာ။
သူ႔သား ဧရာစက္ပိုင္သည္ သူအသံုးမက်သည္ေၾကာင့္ေသဆံုးခဲ့ရတာပင္မဟုတ္လား။

Bạn đang đọc truyện trên: ZingTruyen.Xyz