ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

26

eainsi23

လွင့်မျောခြင်းတိမ်တိုက်တွေလို သေဆုံးခြင်းပုံရိပ်ဟာလည်း နောက်ပြန်ရွေ့သလို ထပ်ရောက်လာပြန်သည်။

လူတစ်ယောက်။ နွမ်းပါးသော အဝတ်တို့အောက်က
ပိန်သွယ်သောကိုယ်ခန္ဓာက သွေးအလူးလူး။
ရွာသွန်း‌နေတဲ့ မိုးစက်ပေါက်တို့က သဲထန်လာကာ
ထိုကိုယ်ပေါ်ကိုဖြတ်ကာစီးဝင်သွားသည်။ ထိုမှတဆင့်
အောက်ခံမြေကြီးပေါ်တွင် ကျရောက်လာတဲ့ အနီရောင်သွေးစက်တို့သည် ရေအိုင်သဖွယ်အိုင်ထွန်းနေလျက်။  အနက်ရောင် ကားသည် မရှေးမနှောင်းမှာ ရပ်တန့်နေသည်။ ကားပြတင်းသည် ဖွင့်ဟ နေပြီး လက်တစ်ဖက်သည် ထိုအပေါ်မှာ မှေးတင်ထား၏။
မီးဖွင့်မထားတဲ့ ကားအတွင်းတွင် မည်သူရှိမည်နည်း။

အနီရောင် ကြိုးထုံး တစ်ခုတွင် ပတီးစေ့တစ်စေ့အလှဆင်ထားတဲ့ ထိုလက်တွင် တခြားဘာမှ တန်ဆာဆင်မထားတော့ချေ။ ရှင်းလင်းစွာ စူးစိုက်ကြည့်နေမိစဉ်
ထိုလက်သည် ပြန်ဝင်သွားကာ မှန်ပြတင်းသည် တဖြည်းဖြည်းပိတ်၍ သွားချေ၏။

တရွေ့ရွေ့ထွက်ပြေးသွားတဲ့ကား၏ အနီရောင် နီယွန်မီးဟာ မှေးမှိန်ပျောက်ကွယ်ခဲ့ပေမဲ့ လူသူမရှိတဲ့ မြေပြင်ပေါ်က ကိုယ်ထည်သည်တော့ ကူညီမဲ့သူမရှိပြီး ကြွေအံ့ဆဲဆဲ ။  စုံသာမြိုင်သည် ပိတ်ကားထက်က ဇာတ်ဝင်ခန်းလို ထိုမြင်ကွင်းကို သေချာမြင်နေရလေသည်။ မိုးသည်းည တွင် လူတစ်ယောက်သာ လှဲလျောင်းနေရင်းကျန်နေခဲ့သည်။ စိုးရိမ်ကြီးစွာ သူကြည့်နေမိရင်းပင် ထိုသူသည် သွေးတစ်ပွက်အန်ထုတ်လိုက်လေသည်။ စီးဆင်းနေသော သွေးတို့သည် သူဘေးနားမှာ ချောင်းငယ်တစ်ခုနှယ် ။ ထိုသူသည် မှေးမှိတ်တော့မဲ့ မျက်လုံးကို အားတင်းစွာ ဖွင့်ဟနေပြီး သူ၏ဘေးမှာ တစစီပျံ့ကျဲနေသော တိုလီမိုလီပစ္စည်းတွေက အနှံ့အပြားအား ဆီ လက်လှမ်းနေခဲ့သည် ‌။ နောက်ရက်ဆို သူသည်
ထိုပစ္စည်းတွေအား ချစ်ရသူထံ သွားပို့ရမည်ဖြစ်ကာ
ခုတော့ ပို့တော့မည်မဟုတ်ပေ။

လှမ်းနေသော လက်ကလေးသည် သူလိုချင်တဲ့နေရာဆီမရောက်လိုက်ပေ။
တဖြည်းဖြည်းငြိမ်သက်သွားသည်နှင့် စုံသာမြိုင် နိုးထလာမိသည်မှာ ကြောက်အားလန့်အားဖြစ်လေသည်

တစ်ကိုယ်လုံးစိုရွဲနေသော ချွေးတို့အပြင်
မက်ခဲ့သော အိပ်မက်ကြောင့် အသက်ကိုပင်အလုအယက်ရှုနေရလေသည်။
ထိုအိမ်မက်မျိုးသူမက်နေတာ သုံးကြိမ်သုံးခါပင်မကတော့။
ပုံစံတူလွန်းတဲ့အိမ်မက်နှင့်တိုက်ပြေးသွားသော အနက်ရောင် ကား။

သူအိပ်ယာဘေးရှိတယ်လီဖုန်းအားဆွဲယူ၍ နံပါတ်တချို့အားရိုက်နှိပ်၍ ခေါ်လိုက်သည်။ ဖုန်းဝင်သွားတာနှင့်တပြိုင်နက်ဘေးက နာရီကိုကြည့်လိုက်တော့ မနက်လေးနာရီပဲရှိသေးတာကြောင့် အားနာ၍ သွားပေမဲ့မတက်နိုင်ပေ။

"ဟယ်လို ကိုစုံ"

သူမျက်နှာကို တစ်ချက်ပွတ်ကာ

"အေး ငါစုံစမ်းခိုင်းထားတဲ့ကိစ္စက သတင်းဘာထူးသေးလဲ"

တစ်ဖက်လူသည် အသံခဏတိတ်သွားကာ စောင်ကိုမရွေ့လိုက်ပြီး ကုတင်ပေါ်က ဆင်းလိုက်သံလိုလို ထွက်လာ၏။

" သတင်းက ရေရေရာရာမဟုတ်ပေမဲ့ ကိုစုံ စုံစမ်းခိုင်းတဲ့ ကားနံပတ်က မြို့တော့ Cကလုပ်ငန်းရှင်တစ်‌ေယာက်ရဲ့ ကားလို့တော့ သိရပါတယ် ။ ဘယ်သူဆိုတာ အတိအကျမသိရသေး‌ ပေမဲ့ Cမြို့မှာ ဦးခမ်းစက်ပိုင်ဆိုတာ  နာမည်ကြီးသူဌေးတစ်ယောက်ပဲ။ တော်တော်များများ လုပ်ငန်းတွေ သူနာမည်အောက်မှာရှိပြီး 
ဘားနဲ့ ကာစီနိုတွေဖွင့်ထားတဲ့ တရားမဝင် အောက်လမ်းသူဌေး လို့လည်းနာမည်ကြီးပါတယ်။ခုထိသတင်းနှိုက်မရတာ  ကျွန်တော့်အထင် သူ့နဲ့ ဆက်စပ်နေမယ်လို့ တစ်ထစ်ချပြောမရပေမဲ့အနည်းနဲ့အများတော့ ပတ်သက်နေမယ်ထင်တယ် "

စုံသာမြိုင် သေချာနားထောင်ပြီးနောက်

" ဒါဆို အသေးစိတ်စုံစမ်းပေးလို့ရမလား"

" စုံစမ်းဖို့မလွယ်ပေမဲ့ ကြိုးစားကြည့်ပါမယ် ။
အချိန်တော့ ပေးရမယ်ဗျ။ "

သက်ပြင်းချကာ သူလက်ခံလိုက်သည်။

" ဟုတ်ပြီ အတက်နိုင်ဆုံး မြန်စေချင်တယ် "

သူဖုန်းချပြီးနောက် ခြေပစ်လက်ပစ် အိပ်ယာပေါ်ကို အိပ်ပစ်လိုက်မိသည်။

"ဦးခမ်းစက်ပိုင် " တီတိုးရေရွတ်မိတဲ့နာမည်တစ်လုံးက မှတ်ဉာဏ်တွေထဲဝိုးတဝါး။

ဘာကြောင့် ညချမ်းအေးအား ကားနဲ့တိုက်ခဲ့ရတာလဲ။

ဒါမတော်တဆ မူ့မဟုတ်ပေ။
တမင်သက်သက် ရည်ရွယ်ခြင်းမို့ ဘယ်လိုဆက်စပ်နေသလဲဆိုတာ သူသိချင်သည်။

ခပ်ဖွဲဖွဲကျနေသော မိုးဖွားတို့သည် တံစက်မြိတ်အောက်တွင် ရေစက်ပမာ စုပေါင်းသွားကျရာ တစ်စက်စက် ကျနေသည်မှာ လွမ်းမောခြောက်ခြားဖွယ်ရာ။

ဒီအိမ်တွင် အထီးကျန်နေမိသည်မှာ ရက်ပေါင်းအတော်ကြာလေပြီ ။

သက်ပြင်းချကာ ပြတင်းပေါက်ကနေ တဆင့် အပြင်ကို လှမ်းမျှော်ကြည့်ရင်း တစ်စုံတစ်ယောက်ကို လွမ်းရသည်မှာလည်း အခါခါ ။

ပြောတော့ ကျုပ်လာတွေ့ပါမယ်ဆို။
ရက်တွေ ကြာညောင်းလာတာတောင်မှ သူတွေ့ချင်တဲ့ သူကို မတွေ့နိုင်သေးပေ။
သတိရောရရဲ့လား။
သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်ကရော အတုအယောင်များလား။ဆိုတဲ့ စိုးရိမ်စိတ်တွေက
ရင်ထဲမှာ အတိုင်းဆမဲ့ ။

"ကိုချမ်းအေး။ ကျွန်မ ဝင်ခဲ့မယ်နော်  "

"ဝင်ခဲ့လေ မပြည့် ကျွန်တော် ရှိတယ်"

ခြံတံခါးကိုတွန်းဝင်လာတဲ့ ချစ်ပြည့်က အနက်ရောင် ထီးတစ်လက်ဖြင့် ။ မိုးက ပိုသည်းလာတဲ့ပုံမို့
ညချမ်းအေး ပြတင်းပေါက်နားထိုင်နေရာမှထကာ
အိမ်ပေါက်ဝ ဆီသို့ စီးကြိုစောင့်ဆိုင်းနေလိုက်သည်။ 

"ဘာကိစ္စရှိလို့လဲ မချစ်ပြည့်။ မိုးတိတ်မှတော့ မလာဘူး ။ မိုးရွာကြီးထဲတကူးတက "

ထီးကို ပိတ်ကာ ချစ်ပြည့် ယူလာတဲ့ မုန့်ဘူးတွေအား ညချမ်းအေးဆီ ထိုးပေးလာ၍

" ကိစ္စက ထွေထွေထူးထူးတော့မဟုတ်ပါဘူး ကိုချမ်းအေးရယ် ။ ကျွန်မ မနက်ဖန် ကိုမိုးမှောင်နဲ့ မြို့အလည်လိုက်သွားမလို့လေ ။ အဲ့ဒါ ဘာမှာဦးမလဲ လာမေးတာပါ "

စုံသာမြိုင်၏ ပတ်သက်ရာပတ်သက်ကြောင်းတွေက
သူတို့အကြောင်းကို သိထားကြသည်။ အနည်းငယ်ရှက်ပေမဲ့ သိလိုတာကို မေးရ၏။

" မနက်ဖန် ဘယ်ချိန်သွားမှာလဲ မပြည့် ။ "

" မနက်ခင်းဝေလီဝေလင်းလောက်ထွက်ဖြစ်မယ်ထင်တယ်။ ကိုချမ်းအေးသိတဲ့အတိုင်း ကိုမိုးမှောင်က ဒီရက်ပိုင်း မအားရာကနေ ကျွန်မကို လာခေါ်ပေးရတာ
အချိန်ဆွဲလို့ မကောင်းဘူးလေ ။ မနေ့ကရောက်တယ်ဆိုပေမဲ့ ကျွန်မ အရင်လကတည်းက အပ်ထည်တွေ ဖြတ်ထားတာဆို‌တော့သူလာရင်အဆင်သင့်လိုက်လို့ရ သွားတာပေါ့"

ညားကာစ လင်မယားမို့ ကိုဘမှောင်ကလည်းခွဲခွာချင်ပုံမရပေ။ ချစ်ပြည့်က ဒီမှာ အလုပ်တွေမပြီးတော့
စုံသာမြိုင်သွားရာ ကိုဘမှောင်နောက်ကနေ လိုက်ရတဲ့အချိန် သူမ မှာ လိုက်မသွားနိုင်ခဲ့ပေ။

" ဒါနဲ့လေ ။ ကျွန်မလာတာ ကိုစုံ ပေးလိုက်တဲ့ စာလေးလည်းပေးလိုက်ရင်း ကိုချမ်းအေး အဆင်မပြေ ပြေ လာကြည့်ပေးရင်း တစ်ခါထဲလာလိုက်တာ"

ချစ်ပြည့်က ရယ်ရင်း မိုးမစိုအောင်ထည့်သိမ်းထားတဲ့ စာအိတ်လေးကိုထုတ်ပေးလေသည်။
သူရင်ထဲ ရှက်စိတ်ကလေးတိုးဝင်လာပေမဲ့
အဖြူရောင် စာအိတ်လေးမြင်တော့လည်း မရှက်နိုင်တော့ပေ။

အမြန်ပင်လှမ်းယူလိုက်တော့ မွေးရနံ့သင်းသင်းက သူ၏ လှုပ်ရှားနေတဲ့ စိတ်အား ငြိမ်သက်သွားစေပြန်သည်။

ချစ်ပြည့်ရှေ့မှာပင်သူသည်စာအိတ်ကိုဖောက်လိုက်တာဖြစ်သည်။
စာရွက်ခေါက်အားဖြန့်ဖတ်တဲ့အချိန် ရှည်မျောပြီး သိပ်သပ်ရပ်မူ့မရှိတဲ့လက်ရေးက သူ့အား ထူးခြားစွာ လှိုက်ဖိုစေခဲ့သည်။

သို့/

   ချမ်းအေးရေ။ ကျုပ် မင်းကို တကယ်သတိရမိပါတယ် ။ ကျုပ်ထွက်သွားတဲ့အချိန်တုန်းကဘာကြောင့် မင်းကို ပါအောင် မခေါ်ခဲ့ရတာလည်းဆိုတာ ကျုပ်ဖြင့် နောင်တတွေနဲ့ နားကိုမလည်နိုင်ခဲ့ဘူး ။ ကျုပ်မင်းကို ပေးတဲ့မေတ္တာတွေက မင်းအပေါ်မှာ လောက်ငှမူ့များမရှိလို့လားဆိုတာ သံသယလည်းဝင်မိတယ်။
ကျေးဇူးပြု၍ ကျုပ်စာကို မင်းဖတ်နေတဲ့အချိန်
ကျုပ်မအားရာကနေ မင်းကို အချိန်ပေးနေတယ်ဆိုတဲ့အကြောင်းတကယ်သိစေချင်ပါတယ်။ ကျုပ်လိုစာမတက်ပေမတက်တောသားတစ်ယောက်က နိုင်ငံအတွင်းမှာ အောင်မြင်အောင် ကြိုးစားနိုင်ဖို့ဆိုတာ
သူများထက်ထူးတဲ့ ဝီရိယ လိုအပ်တယ်ချမ်းအေး။
လောလောဆယ်ဆယ်မင်းကို လာမတွေ့နိုင်သေးပေမဲ့ ကျုပ်မေ့မနေခဲ့ဘူးဆိုတာ ယုံပါ ချမ်းအေး။
မင်းရော ကျုပ်ကို သတိရနေမယ်ဆိုတာ ယုံကြည်ပါတယ် ။ ကျုပ်ကို သတိရရင် ကျုပ်နောက်တစ်ခါလောက် လိုက်လာကြည့်ခဲ့ဖို့ ကြိုးစားစေချင်တယ် ။

စုံသာမြိုင် ။

စာခေါက်ကိုပိတ်လိုက်တဲ့အချိန် ညချမ်းအေးရင်ထဲ ထူးကဲတဲ့လေးနက်မူ့များစီးရီဝင်ရောက်လာခဲ့သည်။

သူဘာလုပ်သင့်သလဲဆိုတဲ့ စိတ်က မရောမရာ အတွေးတွေထဲမှာ စိုးမိုးလာခဲ့တာမို့ ဘေးမှာကြည့်နေတဲ့ ချစ်ပြည့်ကိုပင် မေ့၍ သွားလေသည်။

သူ ဘာလုပ်သင့်သလဲ။
သူတို့နှစ်ဦးသားရဲ့ ချစ်ခြင်းတရားအတွက် သူ၏ အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွတ်သင့်သလား။

အချစ်ကြောင့် သူတစ်ခါလောက် ကြိုးစားကြည့်သင့်သလား။
ထိုအတွေးကိုတွေးမိတဲ့အချိန်တ္ငင် သူစိုးရိမ်စိတ်ဖြင့်ကြောက်လန့်သွားချေသည်။

သူစိမ်းတွေအလည်ကို သူ ချင့်ချိန်နေကြည့်ဖို့မရဲသလို ချစ်သူကိုလည်း မယုံကြည်ရဲပေ။

သူစိတ်ထဲမှာ အမြဲရှိနေ‌ခဲ့‌ သောအတွေးက ဘယ်အချိန်သူ့အားထားခဲ့မလဲဆိုတဲ့ သိမ်ငယ်မူ့။
သူတို့နှစ်ယောက်ကြားမှာ  ထိုအရာကသာ ဝေးကွာနေခဲ့တယ်ဆိုတာ သူကိုယ်တိုင်မေ့နေခဲ့သည်။

______

"ငြိမ်ငြိမ်နေလို့မရဘူးလား ကိုစုံရာ"

အလုပ်ကိုမသွားပဲထိုင်လိုက်ထလိုက်လုပ်နေတဲ့ ကိုစုံအား ချစ်ထွန်းမျက်စိနောက်နေပြီဖြစ်သည်။

နေရခက်ရင်ဖုန်းဆက်လိုက်ပါလားဟုဆိုတော့လည်း
အရေးမလုပ်။
ဘမှောင်တို့လင်မယား ပြန်လာမယ်ကြားကတည်းက
ဖြစ်နေတဲ့ပုံစံက တစ်နေကုန်ထိုအတိုင်းသာ။

ကားသံကြားလိုက်တာနဲ့ ထိုင်နေတာ နှစ်မိနစ်မပြည့်သေးတဲ့ ခန္ဓာကိုယ်သည် ဆတ်ခနဲ ပြန်ထပြန်သည်။
မျက်စိနောက်လှတာမို့ ချစ်ထွန်းတစ်ယောက် စိတ်ပျက်လက်ပျက် ထိုင်၍ သာ ကြည့်နေတော့သည်။

" ဒေါ်မြိုင် ... ဒေါ်မြိုင်ရေ ။ ဒီမှာ အမတို့ရောက်လာပြီ"

အထုတ်အပိုးတွေသယ်ရအောင် ချစ်ထွန်းကိုယ်တိုင်လည်း
ထလိုက်သလို အနောက်မှာရှိတဲ့ ဒေါ်မြိုင်ကိုလည်း ကြားအောင်အော်ရသည်။ စုံသာမြိုင်ကတော့ အိမ်ပေါက်ဝထိ သွားရပ်ကာ ကားပေါ်က သူမျှော်နေတဲ့သူ့အား သွား၍ စောင့်ချေသည်။

ပထမဦးဆုံးဆင်းလာသူက ကိုဘမှောင်ဖြစ်သည်။
သူသည် ချစ်ပြည့်အားတံခါးသွားပေးပြီးနောက် အနောက်မှာရှိတဲ့ အထုတ်အပိုးတွေအား အလုပ်သမားတွေသယ်၍ ရအောင်ကူထုတ်ပေးနေလေသည်။

ဆင်းလာနိုး ဆင်းလာနိုးမျှော်ပေမဲ့ပိတ်လျက်ရှိသော တံခါးကတော့ သူ့အား စိတ်ပျက်စေခဲ့သည်။

" ချမ်းအေး ပါမလာဘူးလား"

ချစ်ပြည့်သည် ဆွဲခြင်းလေးတစ်ခုအားကိုင်၍စုံသာမြိုင်ရှိရာကို လျှောက်လာလေသည်။ ထို့နောက်ထိုခြင်းအား စုံသာမြိုင်ထံ ကမ်းပေး၍

" ပါမလာဘူး ကိုစုံ ။ သူအားရင် လာခဲ့ပါမယ်တဲ့ ။ လောလောဆယ် ဒါလေးပေးလိုက်တယ် "

ထိုခြင်းကိုပင် သူမယူနိုင်ခဲ့ပါ။ ထိုနေရာမှာအတန်ကြာရပ်နေခဲ့ပြီးမှစိတ်ပျက်လက်ပျက် နောက်လှည့်သွားခဲ့သည်။

သူ့ဘဝမှာ ချမ်းအေးကိုသာ အယုံကြည်ဆုံးဖြစ်သည်။
သူနည်းတူ ချမ်းအေးသည်လည်းထိုသို့နှယ်ဖြစ်မယ်ထင်ခဲ့၏။

သို့သော်....။

"ခွမ်း!!"

ပစ်ထုတ်လိုက်တဲ့ကြွေပန်းအိုးသည် တစ်စစီ ပဲ့ကြွေကုန်သည်။

ထိုသို့နှယ် သူတို့နှစ်ယောက်၏ လမ်းသည်လည်းလွယ်မယောင်နဲ့ ခက်နေခဲ့လေသည်။

" ဒယ်ဒီ "

အိမ်ထဲ ပြေးဝင်လာတဲ့ မိုင်းစက်သည် သူ့ကိုမြင်တာနဲ့ ထပ်ဝင်မလာရဲစွာရပ်တန့်သွားလေသည်။

"ဘာလုပ်နေတာလဲ။ ဒီကိုလာခဲ့စမ်း"

မိုင်းစက်၏ ခြေလှမ်းတွေသည် မသိမသာတုန်ရီသွားသယောင်။

သူတွင် သားသုံးယောက်ရှိပြီး မိုင်းစက်သည်က အကြီးဆုံးဖြစ်လေသည်။
သူ့အောက်မှာ မာန်စက်ပိုင်နှင့် နှောင်းစက်ပိုင်ဆိုတာရှိသေးသည်။

Cမြို့တော်တွင် ခမ်းစက်ပိုင်က မြို့တော်သူဌေး
တစ်ယောက်ဖြစ်ပြီး တရားဝင်ယူထားတဲ့ မိန်းမချည်းပဲနှစ်ယောက်ရှိကာ အာဏာစက်အလွန်တရာကောင်းမွန်သော ယောကျာ်းတစ်ယောက်ဖြစ်၏
သူ၏ သားတွေသည် သူ့နယ်ပယ်နှင့်သူ
အားကိုးရပေမဲ့ သူ့ကိုမြင်လိုက်တာနှင့်ကြောက်ရွံ့တက်လာတာ ဟိုးငယ်စဉ်ကတည်းကပင်။

" မင်းကိုခိုင်းထားတဲ့ အလုပ်ကိစ္စ ဘယ်လိုရှိလဲ"

" ကျွန်တော် မနက်ဖန် ခရီးထွက်ရမယ်ဒယ်ဒီ။
လတ်တလော ဝယ်လက်မှာထားတဲ့ အလက်ရေက
အဆင်မပြေဖြစ်နေလို့ လူကိုယ်တိုင်လိုက်သွားမှာရလိမ့်မယ်"

မိုင်းစက်ပိုင်သည် ဒီနှစ်ထဲ အသက် ၂၀ထဲရောက်ပြီဖြစ်ရာ သူ၏ လုပ်ငန်းတွေကို အတော်အသင့် လက်လွတ်ပေးနိုင်လောက်အောင် ထက်မြက်လေ၏။
ဦးခမ်းစက်ပိုင်သည် သူ့သား၏ စကားကြောင့် အတော်လေးမကြည်မသာဖြစ်၍ သွား၏။

" မနက်ဖန် မင်းအမေ မွေးနေ့ "

မနက်ဖန်တွင်ကျရောက်မဲ့ ဒေါ်ဧကရီ၏ မွေးနေ့တွင် သားတို့ကိုရှိနေစေချင်သည်။သို့သော် မိုင်းစက်၏ မျက်နှာ အနည်းငယ်ပျက်သွားကာ

" ကျွန်တော်တောင်းပန်ပါတယ်ဒယ်ဒီ။
အဲလက်စ် က လူကိုယ်တိုင် သွားညှိမှပဲ အဆင်ပြေလိမ့်မယ် ။ "

ဒါ သူဘယ်လိုမှနေလို့မဖြစ်ဘူးဆိုတာ ပြောကြားလိုက်ခြင်းပင်။

သူ့စကားကြောင့် ဖခင်ဖြစ်သူ အတော်လေးမျက်နှာပျက်သွားတာကြောင့်သူ့လက်ဖျားတို့အနည်းငယ်တုန်ရီသွားလေသည်။
ဦးခမ်းစက်ပိုင်တွင် ဒေါ်ဧကရီ၊ ဒေါ်မျက်သွယ်ချို ဆိုသော ဇနီးနှစ်ယောက်ရှိလေသည်။

ဒေါ်ဧကရီတွင် ပထမဦးဆုံးမွေးတဲ့သားတစ်ယောက်ရှိခဲ့ပေမဲ့ထိုသားက မွေးကတည်းက ဆုံးသွားလေသည်။
ဒေါ်မျက်သွယ်မှာတော့ မိုင်းစက်ပိုင် မာန်စက်ပိုင် နှောင်းစက်ပိုင်ဆိုပြီး သားသုံးယောက်ထွန်းကား၏။

ဆိုတော့ မိုင်းစက်တို့ညီအကိုသုံးယောက်သည်
ဒေါ်ဧကရီနှင့် ဘာမျှသွေးသားတော်စပ်ခြင်းရှိမနေပေ။ သို့ပေမဲ့ သူတို့တစ်ဘဝလုံး ဒေါ်ဧကရီအား အမေဟု ခေါ်ဆိုခဲ့ရလေသည်။ အကြောင်းမှာ ဒေါ်ဧကရီသည် ဦးခမ်းစက်ပိုင်၏ မယာကြီးဖြစ်သလို အချစ်ဆုံး မယားလည်းဖြစ်သောကြောင့်ပေ။

" ဘာတဲ့လဲ ကိုမိုင်း"

ညီလတ် မာန်စက်ပိုင်၏ မျှော်လင့်တကြီးမျက်ဝန်းတွေကြောင့်
တချိန်လုံး တင်းထားတဲ့ သူ့စိတ်တွေသည် မာန်လျော့သွားသလို လူသည်လည်း စိတ်ပျက်လက်ပျက် ဖြစ်၍သွား၏။

" အမေ့မွေးနေ့ပြီးမှသွားတဲ့။ အဲလက်စ်နဲ့ ခု စကားပြောမှရမယ်"

မာန်စက်ပိုင် မျက်ဝန်းတွေသည် အေးစက်မာကျော၍သွား၏။

အငယ်ဆုံး နှောင်းစက်ပိုင်က မလှမ်းမကမ်းမှာ
ဂိမ်းဆော့နေလျက်ရှိသည်။
သူသည် အငယ်ဆုံးပီပီ မိသားစုရေးရာကိစ္စတွေမှာ ဘာမှသိရှိနားလည်ခြင်းရှိမနေခဲ့ပေ။

ညီအကိုနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အံ့ကြိတ်မိကြသည်။

မည်သူတစ်ဦးတစ်ယောက်ကမှ မိခင်မဟုတ်သောသူအား အမေဟုခေါ်ချင်မည်မဟုတ်သလို
အတူနေချင်ကြမည်မဟုတ်။

" မားမားဆီ ညနေအလည်သွားရအောင် ကိုမိုင်း
မသွားဖြစ်သေးဘူးဆိုတာကိုလည်းသိအောင်ပြောရအုံးမယ်"

မိုင်းစက်ပိုင် သူညီပြောသလို လုပ်ရန် ခေါင်းညိတ်လိုက်သည်။

လြင့္ေမ်ာျခင္းတိမ္တိုက္ေတြလို ေသဆံုးျခင္းပံုရိပ္ဟာလည္း ေနာက္ျပန္ေရြ့သလို ထပ္ေရာက္လာျပန္သည္။

လူတစ္ေယာက္။ ႏြမ္းပါးေသာ အဝတ္တို႔ေအာက္က
ပိန္သြယ္ေသာကိုယ္ခႏၶာက ေသြးအလူးလူး။
ရြာသြန္း‌ေနတဲ့ မိုးစက္ေပါက္တို႔က သဲထန္လာကာ
ထိုကိုယ္ေပၚကိုျဖတ္ကာစီးဝင္သြားသည္။ ထိုမွတဆင့္
ေအာက္ခံေျမၾကီးေပၚတြင္ က်ေရာက္လာတဲ့ အနီေရာင္ေသြးစက္တို႔သည္ ေရအိုင္သဖြယ္အိုင္ထြန္းေနလ်က္။  အနက္ေရာင္ ကားသည္ မေရွးမေနွာင္းမွာ ရပ္တန႔္ေနသည္။ ကားျပတင္းသည္ ဖြင့္ဟ ေနၿပီး လက္တစ္ဖက္သည္ ထိုအေပၚမွာ ေမွးတင္ထား၏။
မီးဖြင့္မထားတဲ့ ကားအတြင္းတြင္ မည္သူရိွမည္နည္း။

အနီေရာင္ ႀကိဳးထံုး တစ္ခုတြင္ ပတီးေစ့တစ္ေစ့အလွဆင္ထားတဲ့ ထိုလက္တြင္ တျခားဘာမွ တန္ဆာဆင္မထားေတာ့ေခ်။ ရွင္းလင္းစြာ စူးစိုက္ၾကၫ့္ေနမိစဉ္
ထိုလက္သည္ ျပန္ဝင္သြားကာ မွန္ျပတင္းသည္ တျဖည္းျဖည္းပိတ္၍ သြားေခ်၏။

တေရြ့ေရြ့ထြက္ေျပးသြားတဲ့ကား၏ အနီေရာင္ နီယြန္မီးဟာ ေမွးမိွန္ေပ်ာက္ကြယ္ခဲ့ေပမဲ့ လူသူမရိွတဲ့ ေျမျပင္ေပၚက ကိုယ္ထည္သည္ေတာ့ ကူညီမဲ့သူမရိွၿပီး ေႂကြအံ့ဆဲဆဲ ။  စံုသာၿမိဳင္သည္ ပိတ္ကားထက္က ဇာတ္ဝင္ခန္းလို ထိုျမင္ကြင္းကို ေသခ်ာျမင္ေနရေလသည္။ မိုးသည္းည တြင္ လူတစ္ေယာက္သာ လွဲေလ်ာင္းေနရင္းက်န္ေနခဲ့သည္။ စိုးရိမ္ႀကီးစြာ သူၾကၫ့္ေနမိရင္းပင္ ထိုသူသည္ ေသြးတစ္ပြက္အန္ထုတ္လိုက္ေလသည္။ စီးဆင္းေနေသာ ေသြးတို႔သည္ သူေဘးနားမွာ ေခ်ာင္းငယ္တစ္ခုႏွယ္ ။ ထိုသူသည္ ေမွးမိွတ္ေတာ့မဲ့ မ်က္လံုးကို အားတင္းစြာ ဖြင့္ဟေနၿပီး သူ၏ေဘးမွာ တစစီပ်ံ့က်ဲေနေသာ တိုလီမိုလီပစၥည္းေတြက အႏွံ႔အျပားအား ဆီ လက္လွမ္းေနခဲ့သည္ ‌။ ေနာက္ရက္ဆို သူသည္
ထိုပစၥည္းေတြအား ခ်စ္ရသူထံ သြားပို႔ရမည္ျဖစ္ကာ
ခုေတာ့ ပို႔ေတာ့မည္မဟုတ္ေပ။

လွမ္းေနေသာ လက္ကေလးသည္ သူလိုခ်င္တဲ့ေနရာဆီမေရာက္လိုက္ေပ။
တျဖည္းျဖည္းၿငိမ္သက္သြားသည္ႏွင့္ စံုသာၿမိဳင္ ႏိုးထလာမိသည္မွာ ေၾကာက္အားလန႔္အားျဖစ္ေလသည္

တစ္ကိုယ္လံုးစိုရြဲေနေသာ ေခြၽးတို႔အျပင္
မက္ခဲ့ေသာ အိပ္မက္ေၾကာင့္ အသက္ကိုပင္အလုအယက္ရႈေနရေလသည္။
ထိုအိမ္မက္မ်ိဳးသူမက္ေနတာ သံုးႀကိမ္သံုးခါပင္မကေတာ့။
ပံုစံတူလြန္းတဲ့အိမ္မက္ႏွင့္တိုက္ေျပးသြားေသာ အနက္ေရာင္ ကား။

သူအိပ္ယာေဘးရိွတယ္လီဖုန္းအားဆြဲယူ၍ နံပါတ္တခ်ိဳ႕အားရိုက္ႏိွပ္၍ ေခၚလိုက္သည္။ ဖုန္းဝင္သြားတာႏွင့္တၿပိဳင္နက္ေဘးက နာရီကိုၾကၫ့္လိုက္ေတာ့ မနက္ေလးနာရီပဲရိွေသးတာေၾကာင့္ အားနာ၍ သြားေပမဲ့မတက္ႏိုင္ေပ။

"ဟယ္လို ကိုစံု"

သူမ်က္ႏွာကို တစ္ခ်က္ပြတ္ကာ

"ေအး ငါစံုစမ္းခိုင္းထားတဲ့ကိစၥက သတင္းဘာထူးေသးလဲ"

တစ္ဖက္လူသည္ အသံခဏတိတ္သြားကာ ေစာင္ကိုမေရြ့လိုက္ၿပီး ကုတင္ေပၚက ဆင္းလိုက္သံလိုလို ထြက္လာ၏။

" သတင္းက ေရေရရာရာမဟုတ္ေပမဲ့ ကိုစံု စံုစမ္းခိုင္းတဲ့ ကားနံပတ္က ၿမိဳ႔ေတာ့ Cကလုပ္ငန္းရွင္တစ္‌ေယာက္ရဲ့ ကားလို႔ေတာ့ သိရပါတယ္ ။ ဘယ္သူဆိုတာ အတိအက်မသိရေသး‌ ေပမဲ့ Cၿမိဳ႔မွာ ဦးခမ္းစက္ပိုင္ဆိုတာ  နာမည္ႀကီးသူေဌးတစ္ေယာက္ပဲ။ ေတာ္ေတာ္မ်ားမ်ား လုပ္ငန္းေတြ သူနာမည္ေအာက္မွာရိွၿပီး 
ဘားနဲ႔ ကာစီႏိုေတြဖြင့္ထားတဲ့ တရားမဝင္ ေအာက္လမ္းသူေဌး လို႔လည္းနာမည္ႀကီးပါတယ္။ခုထိသတင္းႏိႈက္မရတာ  ကြၽန္ေတာ့္အထင္ သူ႔နဲ႔ ဆက္စပ္ေနမယ္လို႔ တစ္ထစ္ခ်ေျပာမရေပမဲ့အနည္းနဲ႔အမ်ားေတာ့ ပတ္သက္ေနမယ္ထင္တယ္ "

စံုသာၿမိဳင္ ေသခ်ာနားေထာင္ၿပီးေနာက္

" ဒါဆို အေသးစိတ္စံုစမ္းေပးလို႔ရမလား"

" စံုစမ္းဖို႔မလြယ္ေပမဲ့ ႀကိဳးစားၾကၫ့္ပါမယ္ ။
အခ်ိန္ေတာ့ ေပးရမယ္ဗ်။ "

သက္ျပင္းခ်ကာ သူလက္ခံလိုက္သည္။

" ဟုတ္ၿပီ အတက္ႏိုင္ဆံုး ျမန္ေစခ်င္တယ္ "

သူဖုန္းခ်ၿပီးေနာက္ ေျခပစ္လက္ပစ္ အိပ္ယာေပၚကို အိပ္ပစ္လိုက္မိသည္။

"ဦးခမ္းစက္ပိုင္ " တီတိုးေရရြတ္မိတဲ့နာမည္တစ္လံုးက မွတ္ဉာဏ္ေတြထဲဝိုးတဝါး။

ဘာေၾကာင့္ ညခ်မ္းေအးအား ကားနဲ႔တိုက္ခဲ့ရတာလဲ။

ဒါမေတာ္တဆ မူ႔မဟုတ္ေပ။
တမင္သက္သက္ ရည္ရြယ္ျခင္းမို႔ ဘယ္လိုဆက္စပ္ေနသလဲဆိုတာ သူသိခ်င္သည္။

ခပ္ဖြဲဖြဲက်ေနေသာ မိုးဖြားတို႔သည္ တံစက္ၿမိတ္ေအာက္တြင္ ေရစက္ပမာ စုေပါင္းသြားက်ရာ တစ္စက္စက္ က်ေနသည္မွာ လြမ္းေမာေျခာက္ျခားဖြယ္ရာ။

ဒီအိမ္တြင္ အထီးက်န္ေနမိသည္မွာ ရက္ေပါင္းအေတာ္ၾကာေလၿပီ ။

သက္ျပင္းခ်ကာ ျပတင္းေပါက္ကေန တဆင့္ အျပင္ကို လွမ္းေမ်ွာ္ၾကၫ့္ရင္း တစ္စံုတစ္ေယာက္ကို လြမ္းရသည္မွာလည္း အခါခါ ။

ေျပာေတာ့ က်ဳပ္လာေတြ့ပါမယ္ဆို။
ရက္ေတြ ၾကာေညာင္းလာတာေတာင္မွ သူေတြ့ခ်င္တဲ့ သူကို မေတြ့ႏိုင္ေသးေပ။
သတိေရာရရဲ့လား။
သူတို႔ႏွစ္ေယာက္ရဲ့ သံေယာဇဉ္ကေရာ အတုအေယာင္မ်ားလား။ဆိုတဲ့ စိုးရိမ္စိတ္ေတြက
ရင္ထဲမွာ အတိုင္းဆမဲ့ ။

"ကိုခ်မ္းေအး။ ကြၽန္မ ဝင္ခဲ့မယ္ေနာ္  "

"ဝင္ခဲ့ေလ မျပၫ့္ ကြၽန္ေတာ္ ရိွတယ္"

ၿခံတံခါးကိုတြန္းဝင္လာတဲ့ ခ်စ္ျပၫ့္က အနက္ေရာင္ ထီးတစ္လက္ျဖင့္ ။ မိုးက ပိုသည္းလာတဲ့ပံုမို႔
ညခ်မ္းေအး ျပတင္းေပါက္နားထိုင္ေနရာမွထကာ
အိမ္ေပါက္ဝ ဆီသို႔ စီးႀကိဳေစာင့္ဆိုင္းေနလိုက္သည္။ 

"ဘာကိစၥရိွလို႔လဲ မခ်စ္ျပၫ့္။ မိုးတိတ္မွေတာ့ မလာဘူး ။ မိုးရြာႀကီးထဲတကူးတက "

ထီးကို ပိတ္ကာ ခ်စ္ျပၫ့္ ယူလာတဲ့ မုန႔္ဘူးေတြအား ညခ်မ္းေအးဆီ ထိုးေပးလာ၍

" ကိစၥက ေထြေထြထူးထူးေတာ့မဟုတ္ပါဘူး ကိုခ်မ္းေအးရယ္ ။ ကြၽန္မ မနက္ဖန္ ကိုမိုးေမွာင္နဲ႔ ၿမိဳ႔အလည္လိုက္သြားမလို႔ေလ ။ အဲ့ဒါ ဘာမွာဦးမလဲ လာေမးတာပါ "

စံုသာၿမိဳင္၏ ပတ္သက္ရာပတ္သက္ေၾကာင္းေတြက
သူတို႔အေၾကာင္းကို သိထားၾကသည္။ အနည္းငယ္ရွက္ေပမဲ့ သိလိုတာကို ေမးရ၏။

" မနက္ဖန္ ဘယ္ခ်ိန္သြားမွာလဲ မျပၫ့္ ။ "

" မနက္ခင္းေဝလီေဝလင္းေလာက္ထြက္ျဖစ္မယ္ထင္တယ္။ ကိုခ်မ္းေအးသိတဲ့အတိုင္း ကိုမိုးေမွာင္က ဒီရက္ပိုင္း မအားရာကေန ကြၽန္မကို လာေခၚေပးရတာ
အခ်ိန္ဆြဲလို႔ မေကာင္းဘူးေလ ။ မေန့ကေရာက္တယ္ဆိုေပမဲ့ ကြၽန္မ အရင္လကတည္းက အပ္ထည္ေတြ ျဖတ္ထားတာဆို‌ေတာ့သူလာရင္အဆင္သင့္လိုက္လို႔ရ သြားတာေပါ့"

ညားကာစ လင္မယားမို႔ ကိုဘေမွာင္ကလည္းခြဲခြာခ်င္ပံုမရေပ။ ခ်စ္ျပၫ့္က ဒီမွာ အလုပ္ေတြမၿပီးေတာ့
စံုသာၿမိဳင္သြားရာ ကိုဘေမွာင္ေနာက္ကေန လိုက္ရတဲ့အခ်ိန္ သူမ မွာ လိုက္မသြားႏိုင္ခဲ့ေပ။

" ဒါနဲ႔ေလ ။ ကြၽန္မလာတာ ကိုစံု ေပးလိုက္တဲ့ စာေလးလည္းေပးလိုက္ရင္း ကိုခ်မ္းေအး အဆင္မေျပ ေျပ လာၾကၫ့္ေပးရင္း တစ္ခါထဲလာလိုက္တာ"

ခ်စ္ျပၫ့္က ရယ္ရင္း မိုးမစိုေအာင္ထၫ့္သိမ္းထားတဲ့ စာအိတ္ေလးကိုထုတ္ေပးေလသည္။
သူရင္ထဲ ရွက္စိတ္ကေလးတိုးဝင္လာေပမဲ့
အျဖဴေရာင္ စာအိတ္ေလးျမင္ေတာ့လည္း မရွက္ႏိုင္ေတာ့ေပ။

အျမန္ပင္လွမ္းယူလိုက္ေတာ့ ေမြးရနံ႔သင္းသင္းက သူ၏ လႈပ္ရွားေနတဲ့ စိတ္အား ၿငိမ္သက္သြားေစျပန္သည္။

ခ်စ္ျပၫ့္ေရ႔ွမွာပင္သူသည္စာအိတ္ကိုေဖာက္လိုက္တာျဖစ္သည္။
စာရြက္ေခါက္အားျဖန႔္ဖတ္တဲ့အခ်ိန္ ရွည္ေမ်ာၿပီး သိပ္သပ္ရပ္မူ႔မရိွတဲ့လက္ေရးက သူ႔အား ထူးျခားစြာ လိႈက္ဖိုေစခဲ့သည္။

သို႔/

   ခ်မ္းေအးေရ။ က်ဳပ္ မင္းကို တကယ္သတိရမိပါတယ္ ။ က်ဳပ္ထြက္သြားတဲ့အခ်ိန္တုန္းကဘာေၾကာင့္ မင္းကို ပါေအာင္ မေခၚခဲ့ရတာလည္းဆိုတာ က်ဳပ္ျဖင့္ ေနာင္တေတြနဲ႔ နားကိုမလည္ႏိုင္ခဲ့ဘူး ။ က်ဳပ္မင္းကို ေပးတဲ့ေမတၲာေတြက မင္းအေပၚမွာ ေလာက္ငွမူ႔မ်ားမရိွလို႔လားဆိုတာ သံသယလည္းဝင္မိတယ္။
ေက်းဇူးျပဳ၍ က်ဳပ္စာကို မင္းဖတ္ေနတဲ့အခ်ိန္
က်ဳပ္မအားရာကေန မင္းကို အခ်ိန္ေပးေနတယ္ဆိုတဲ့အေၾကာင္းတကယ္သိေစခ်င္ပါတယ္။ က်ဳပ္လိုစာမတက္ေပမတက္ေတာသားတစ္ေယာက္က ႏိုင္ငံအတြင္းမွာ ေအာင္ျမင္ေအာင္ ႀကိဳးစားႏိုင္ဖို႔ဆိုတာ
သူမ်ားထက္ထူးတဲ့ ဝီရိယ လိုအပ္တယ္ခ်မ္းေအး။
ေလာေလာဆယ္ဆယ္မင္းကို လာမေတြ့ႏိုင္ေသးေပမဲ့ က်ဳပ္ေမ့မေနခဲ့ဘူးဆိုတာ ယံုပါ ခ်မ္းေအး။
မင္းေရာ က်ဳပ္ကို သတိရေနမယ္ဆိုတာ ယံုၾကည္ပါတယ္ ။ က်ဳပ္ကို သတိရရင္ က်ဳပ္ေနာက္တစ္ခါေလာက္ လိုက္လာၾကၫ့္ခဲ့ဖို႔ ႀကိဳးစားေစခ်င္တယ္ ။

စံုသာၿမိဳင္ ။

စာေခါက္ကိုပိတ္လိုက္တဲ့အခ်ိန္ ညခ်မ္းေအးရင္ထဲ ထူးကဲတဲ့ေလးနက္မူ႔မ်ားစီးရီဝင္ေရာက္လာခဲ့သည္။

သူဘာလုပ္သင့္သလဲဆိုတဲ့ စိတ္က မေရာမရာ အေတြးေတြထဲမွာ စိုးမိုးလာခဲ့တာမို႔ ေဘးမွာၾကၫ့္ေနတဲ့ ခ်စ္ျပၫ့္ကိုပင္ ေမ့၍ သြားေလသည္။

သူ ဘာလုပ္သင့္သလဲ။
သူတို႔ႏွစ္ဦးသားရဲ့ ခ်စ္ျခင္းတရားအတြက္ သူ၏ အသက္ေမြးဝမ္းေက်ာင္းအလုပ္ကို စြန႔္လြတ္သင့္သလား။

အခ်စ္ေၾကာင့္ သူတစ္ခါေလာက္ ႀကိဳးစားၾကၫ့္သင့္သလား။
ထိုအေတြးကိုေတြးမိတဲ့အခ်ိန္တ္ငင္ သူစိုးရိမ္စိတ္ျဖင့္ေၾကာက္လန႔္သြားေခ်သည္။

သူစိမ္းေတြအလည္ကို သူ ခ်င့္ခ်ိန္ေနၾကၫ့္ဖို႔မရဲသလို ခ်စ္သူကိုလည္း မယံုၾကည္ရဲေပ။

သူစိတ္ထဲမွာ အၿမဲရိွေန‌ခဲ့‌ ေသာအေတြးက ဘယ္အခ်ိန္သူ႔အားထားခဲ့မလဲဆိုတဲ့ သိမ္ငယ္မူ႔။
သူတို႔ႏွစ္ေယာက္ၾကားမွာ  ထိုအရာကသာ ေဝးကြာေနခဲ့တယ္ဆိုတာ သူကိုယ္တိုင္ေမ့ေနခဲ့သည္။

______

"ၿငိမ္ၿငိမ္ေနလို႔မရဘူးလား ကိုစံုရာ"

အလုပ္ကိုမသြားပဲထိုင္လိုက္ထလိုက္လုပ္ေနတဲ့ ကိုစံုအား ခ်စ္ထြန္းမ်က္စိေနာက္ေနၿပီျဖစ္သည္။

ေနရခက္ရင္ဖုန္းဆက္လိုက္ပါလားဟုဆိုေတာ့လည္း
အေရးမလုပ္။
ဘေမွာင္တို႔လင္မယား ျပန္လာမယ္ၾကားကတည္းက
ျဖစ္ေနတဲ့ပံုစံက တစ္ေနကုန္ထိုအတိုင္းသာ။

ကားသံၾကားလိုက္တာနဲ႔ ထိုင္ေနတာ ႏွစ္မိနစ္မျပၫ့္ေသးတဲ့ ခႏၶာကိုယ္သည္ ဆတ္ခနဲ ျပန္ထျပန္သည္။
မ်က္စိေနာက္လွတာမို႔ ခ်စ္ထြန္းတစ္ေယာက္ စိတ္ပ်က္လက္ပ်က္ ထိုင္၍ သာ ၾကၫ့္ေနေတာ့သည္။

" ေဒၚၿမိဳင္ ... ေဒၚၿမိဳင္ေရ ။ ဒီမွာ အမတို႔ေရာက္လာၿပီ"

အထုတ္အပိုးေတြသယ္ရေအာင္ ခ်စ္ထြန္းကိုယ္တိုင္လည္း
ထလိုက္သလို အေနာက္မွာရိွတဲ့ ေဒၚၿမိဳင္ကိုလည္း ၾကားေအာင္ေအာ္ရသည္။ စံုသာၿမိဳင္ကေတာ့ အိမ္ေပါက္ဝထိ သြားရပ္ကာ ကားေပၚက သူေမ်ွာ္ေနတဲ့သူ႔အား သြား၍ ေစာင့္ေခ်သည္။

ပထမဦးဆံုးဆင္းလာသူက ကိုဘေမွာင္ျဖစ္သည္။
သူသည္ ခ်စ္ျပၫ့္အားတံခါးသြားေပးၿပီးေနာက္ အေနာက္မွာရိွတဲ့ အထုတ္အပိုးေတြအား အလုပ္သမားေတြသယ္၍ ရေအာင္ကူထုတ္ေပးေနေလသည္။

ဆင္းလာႏိုး ဆင္းလာႏိုးေမ်ွာ္ေပမဲ့ပိတ္လ်က္ရိွေသာ တံခါးကေတာ့ သူ႔အား စိတ္ပ်က္ေစခဲ့သည္။

" ခ်မ္းေအး ပါမလာဘူးလား"

ခ်စ္ျပၫ့္သည္ ဆြဲျခင္းေလးတစ္ခုအားကိုင္၍စံုသာၿမိဳင္ရိွရာကို ေလ်ွာက္လာေလသည္။ ထို႔ေနာက္ထိုျခင္းအား စံုသာၿမိဳင္ထံ ကမ္းေပး၍

" ပါမလာဘူး ကိုစံု ။ သူအားရင္ လာခဲ့ပါမယ္တဲ့ ။ ေလာေလာဆယ္ ဒါေလးေပးလိုက္တယ္ "

ထိုျခင္းကိုပင္ သူမယူႏိုင္ခဲ့ပါ။ ထိုေနရာမွာအတန္ၾကာရပ္ေနခဲ့ၿပီးမွစိတ္ပ်က္လက္ပ်က္ ေနာက္လွၫ့္သြားခဲ့သည္။

သူ႔ဘဝမွာ ခ်မ္းေအးကိုသာ အယံုၾကည္ဆံုးျဖစ္သည္။
သူနည္းတူ ခ်မ္းေအးသည္လည္းထိုသို႔ႏွယ္ျဖစ္မယ္ထင္ခဲ့၏။

သို႔ေသာ္....။

"ခြမ္း!!"

ပစ္ထုတ္လိုက္တဲ့ေႂကြပန္းအိုးသည္ တစ္စစီ ပဲ့ေႂကြကုန္သည္။

ထိုသို႔ႏွယ္ သူတို႔ႏွစ္ေယာက္၏ လမ္းသည္လည္းလြယ္မေယာင္နဲ႔ ခက္ေနခဲ့ေလသည္။

" ဒယ္ဒီ "

အိမ္ထဲ ေျပးဝင္လာတဲ့ မိုင္းစက္သည္ သူ႔ကိုျမင္တာနဲ႔ ထပ္ဝင္မလာရဲစြာရပ္တန႔္သြားေလသည္။

"ဘာလုပ္ေနတာလဲ။ ဒီကိုလာခဲ့စမ္း"

မိုင္းစက္၏ ေျခလွမ္းေတြသည္ မသိမသာတုန္ရီသြားသေယာင္။

သူတြင္ သားသံုးေယာက္ရိွၿပီး မိုင္းစက္သည္က အႀကီးဆံုးျဖစ္ေလသည္။
သူ႔ေအာက္မွာ မာန္စက္ပိုင္ႏွင့္ ေနွာင္းစက္ပိုင္ဆိုတာရိွေသးသည္။

Cၿမိဳ႔ေတာ္တြင္ ခမ္းစက္ပိုင္က ၿမိဳ႔ေတာ္သူေဌး
တစ္ေယာက္ျဖစ္ၿပီး တရားဝင္ယူထားတဲ့ မိန္းမခ်ည္းပဲႏွစ္ေယာက္ရိွကာ အာဏာစက္အလြန္တရာေကာင္းမြန္ေသာ ေယာက်ာ္းတစ္ေယာက္ျဖစ္၏
သူ၏ သားေတြသည္ သူ႔နယ္ပယ္ႏွင့္သူ
အားကိုးရေပမဲ့ သူ႔ကိုျမင္လိုက္တာႏွင့္ေၾကာက္ရြံ႔တက္လာတာ ဟိုးငယ္စဉ္ကတည္းကပင္။

" မင္းကိုခိုင္းထားတဲ့ အလုပ္ကိစၥ ဘယ္လိုရိွလဲ"

" ကြၽန္ေတာ္ မနက္ဖန္ ခရီးထြက္ရမယ္ဒယ္ဒီ။
လတ္တေလာ ဝယ္လက္မွာထားတဲ့ အလက္ေရက
အဆင္မေျပျဖစ္ေနလို႔ လူကိုယ္တိုင္လိုက္သြားမွာရလိမ့္မယ္"

မိုင္းစက္ပိုင္သည္ ဒီႏွစ္ထဲ အသက္ ၂၀ထဲေရာက္ၿပီျဖစ္ရာ သူ၏ လုပ္ငန္းေတြကို အေတာ္အသင့္ လက္လြတ္ေပးႏိုင္ေလာက္ေအာင္ ထက္ျမက္ေလ၏။
ဦးခမ္းစက္ပိုင္သည္ သူ႔သား၏ စကားေၾကာင့္ အေတာ္ေလးမၾကည္မသာျဖစ္၍ သြား၏။

" မနက္ဖန္ မင္းအေမ ေမြးေန့ "

မနက္ဖန္တြင္က်ေရာက္မဲ့ ေဒၚဧကရီ၏ ေမြးေန့တြင္ သားတို႔ကိုရိွေနေစခ်င္သည္။သို႔ေသာ္ မိုင္းစက္၏ မ်က္ႏွာ အနည္းငယ္ပ်က္သြားကာ

" ကြၽန္ေတာ္ေတာင္းပန္ပါတယ္ဒယ္ဒီ။
အဲလက္စ္ က လူကိုယ္တိုင္ သြားၫွိမွပဲ အဆင္ေျပလိမ့္မယ္ ။ "

ဒါ သူဘယ္လိုမွေနလို႔မျဖစ္ဘူးဆိုတာ ေျပာၾကားလိုက္ျခင္းပင္။

သူ႔စကားေၾကာင့္ ဖခင္ျဖစ္သူ အေတာ္ေလးမ်က္ႏွာပ်က္သြားတာေၾကာင့္သူ႔လက္ဖ်ားတို႔အနည္းငယ္တုန္ရီသြားေလသည္။
ဦးခမ္းစက္ပိုင္တြင္ ေဒၚဧကရီ၊ ေဒၚမ်က္သြယ္ခ်ိဳ ဆိုေသာ ဇနီးႏွစ္ေယာက္ရိွေလသည္။

ေဒၚဧကရီတြင္ ပထမဦးဆံုးေမြးတဲ့သားတစ္ေယာက္ရိွခဲ့ေပမဲ့ထိုသားက ေမြးကတည္းက ဆံုးသြားေလသည္။
ေဒၚမ်က္သြယ္မွာေတာ့ မိုင္းစက္ပိုင္ မာန္စက္ပိုင္ ေနွာင္းစက္ပိုင္ဆိုၿပီး သားသံုးေယာက္ထြန္းကား၏။

ဆိုေတာ့ မိုင္းစက္တို႔ညီအကိုသံုးေယာက္သည္
ေဒၚဧကရီႏွင့္ ဘာမ်ွေသြးသားေတာ္စပ္ျခင္းရိွမေနေပ။ သို႔ေပမဲ့ သူတို႔တစ္ဘဝလံုး ေဒၚဧကရီအား အေမဟု ေခၚဆိုခဲ့ရေလသည္။ အေၾကာင္းမွာ ေဒၚဧကရီသည္ ဦးခမ္းစက္ပိုင္၏ မယာႀကီးျဖစ္သလို အခ်စ္ဆံုး မယားလည္းျဖစ္ေသာေၾကာင့္ေပ။

" ဘာတဲ့လဲ ကိုမိုင္း"

ညီလတ္ မာန္စက္ပိုင္၏ ေမ်ွာ္လင့္တႀကီးမ်က္ဝန္းေတြေၾကာင့္
တခ်ိန္လံုး တင္းထားတဲ့ သူ႔စိတ္ေတြသည္ မာန္ေလ်ာ့သြားသလို လူသည္လည္း စိတ္ပ်က္လက္ပ်က္ ျဖစ္၍သြား၏။

" အေမ့ေမြးေန့ၿပီးမွသြားတဲ့။ အဲလက္စ္နဲ႔ ခု စကားေျပာမွရမယ္"

မာန္စက္ပိုင္ မ်က္ဝန္းေတြသည္ ေအးစက္မာေက်ာ၍သြား၏။

အငယ္ဆံုး ေနွာင္းစက္ပိုင္က မလွမ္းမကမ္းမွာ
ဂိမ္းေဆာ့ေနလ်က္ရိွသည္။
သူသည္ အငယ္ဆံုးပီပီ မိသားစုေရးရာကိစၥေတြမွာ ဘာမွသိရိွနားလည္ျခင္းရိွမေနခဲ့ေပ။

ညီအကိုႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္ကာ အံ့ႀကိတ္မိၾကသည္။

မည္သူတစ္ဦးတစ္ေယာက္ကမွ မိခင္မဟုတ္ေသာသူအား အေမဟုေခၚခ်င္မည္မဟုတ္သလို
အတူေနခ်င္ၾကမည္မဟုတ္။

" မားမားဆီ ညေနအလည္သြားရေအာင္ ကိုမိုင္း
မသြားျဖစ္ေသးဘူးဆိုတာကိုလည္းသိေအာင္ေျပာရအံုးမယ္"

မိုင္းစက္ပိုင္ သူညီေျပာသလို လုပ္ရန္ ေခါင္းညိတ္လိုက္သည္။

Bạn đang đọc truyện trên: ZingTruyen.Xyz