ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
25
တစ်ခုတည်းသော ဆောင်းမနက်ခင်းတွင် ရနံ့ကူးအား
မြို့ပေါ်သို့ ဦးသက်ခိုင်ခေါ်ဆောင်သွားခဲ့လေသည်။
ကလေးက ငယ်သေးတာတစ်ကြောင်း ၊ တစ်ခါမှ စုံသာမြိုင်နှင့် မခွဲခွာဘူးတာ တစ်ကြောင်းမို့ သွားခါစတွင် ဝမ်းနည်းကာ ဖျားခဲ့လေသည်။
သို့သော် ပျော်စရာ လည်စရာ များ ပြည့်နက်နေသော နေရာမို့ မကြာခင်ရက်အတွင်း
မေ့မေ့ပျောက်ပျောက် ဖြစ်ကာ အဆင်ပြေသွားလေသည်။
နရံ့ကူးအား လာမဲ့ ကျောင်းတက်ရာသီတွင် အဆင့်မြင့်ကျောင်း၌ အစကနေပြန်တက်စေမည်ဖြစ်ပြီး
လုပ်ငန်းတည်ရှိရာ အမာခံနေရာသည်ပင် ထိုမှာရှိတာကြောင့် စုံသာမြိုင်ကလည်း မကြာမကြာသွားနေရသည်။
" ကျုပ်ရဲ့လုပ်ငန်းတွေက ဟိုမှာ ပိုများတယ်ချမ်းအေး။ ဆန်စက်အပါအဝင် ခေတ်မှီဆီသန့်စက်ရုံက ဟိုမှာပဲအခိုင်အမာရှိနေတာ။ ဆီက ဟိုဖက်နိုင်ငံ
တွေထိ ပို့တယ်၊ ဆန်ဈေးကွက်ကတော့နိုင်ငံအတွင်းပဲ ရှိပေမဲ့ အထက်ပိုင်းအောက်ပိုင်းထိ မချန် ဆန်လက်ကားဆိုင်တွေရှိတယ်ချမ်းအေး။ ဆိုလိုတာက
ဒီမှာရှိတဲ့ဆန်စက်က ကိုယ်ပိုင်တဲ့ဆန်စက်တွေရဲ့အစိတ်အပိုင်းတစ်ခုပဲရှိသေးတာ။ ဒီနေရာတစ်ခုထဲနဲ့လည်ပတ်နေလို့မရသလို တကယ့်ဆန်ထွက်တဲ့ဒေသတွေမှာ ဒီထက့်ကြီးတဲ့ဆန်စက်ရုံတွေ ၊ ကျုပ်ပိုင်တဲ့လယ်ဧကတွေအများကြီးပဲ။ တိုးတက်လာတဲ့နိုင်ငံရဲ့အနေအထားကြောင့် မကြာခင် ကျုပ်လည်း မြို့ပေါ်မှာ အခြေချရတော့မယ်။ နဂိုကတည်းက ကျုပ်ပိုင်
အိမ်ကြီးတွေက ဆန်စက်ရုံတွေနဲ့အတူ ရှိပေမဲ့ ချမ်းအေးကြောင့် ကျုပ်ဒီမှာအနေများခဲ့တယ် ကျုပ်တပည့်တွေအကုန်သိကြတယ်။ "
ညချမ်းအေး စုံသာမြိုင်ပြောသည့်စကားများကိုနားထောင်ရင်းအံ့ဩခဲ့ရသည်။ သူချစ်ခဲ့တဲ့သူသည် ချမ်းသာမှန်းသိပေမဲ့ ထိုမျှအထိ အောင်မြင်နေမှန်းမသိရိုးအမှန်ပင်။
" ကျုပ်ရှင်းရှင်းပဲပြောတော့မယ် ချမ်းအေး ။ မင်း ကျုပ်နဲ့လိုက်ခဲ့ချင်လား"
ရေနွေးချမ်းငှဲ့သော လက်တို့သည် တုန့်နှေးကုန်၏။
အနည်းငယ်မျှဖိတ်စင်သွားသော ရေနွေးတို့အားကြည့်ကာ စုံသာမြိုင်သည် ပြန်လာမည့်စကားတို့အား သိပ်တော့မမျှော်လင့်ခဲ့ချေ။ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးကြောင့် သူတို့နီးစပ်ဖို့ကိုပင် လွယ်ကူခဲ့တာမဟုတ်။ ချိုမြိန်တဲ့ဆက်ဆံရေးကိုပင် အစပြုမယ်လို့ မကြံရသေး ဝေးဖို့ရာက အစပြုလာပြီဖြစ်၏။
"ကိုစုံသာမြိုင် ပြောသလို မြို့ပေါ်ကို ခများနဲ့အတူလိုက်ခဲ့ပါပြီတဲ့ ကျွန်တော် ရဲ့အလုပ်ကရော ။ ကျွန်တော့်ဘဝမှာ ပိုင်ဆိုင်တာဆိုလို့ ဒီအလုပ်လေးတစ်ခုပဲရှိတာပါ ။ ကျွန်တော်မှာ မိဘမရှိသလို ငွေကြေးလည်းပြည့်စုံမနေပါဘူး။ ဒါကို စွန့်လွတ်ပြီးလိုက်ခဲ့ဖို့ဆိုတာကတော့ "
စုံသာမြိုင်ခေါင်းညိတ်လိုက်သည်။
ဒါသူတွေးထားသလိုပါပဲ။ညချမ်းအေး သည် ဆရာဂုဏ်အား အလွန်တန်ဖိုးထား၏။ ထိုအရာအားပစ်ပယ်၍ သူ့နောက်လိုက်ဖို့ဆိုတာက....
" မှန်ပါတယ်။ အစကတည်းက ကျုပ်ဇွတ်ခေါ်ဖို့ မရဲခဲ့ပါဘူး။ မင်းမှာလည်း မင်းဆုံးဖြတ်ချက်ရှိတာပါပဲလေ ။ ဒီမှာပဲ မင်းနေခဲ့ချင်တယ်ဆိုရင်လည်း ကျုပ်မတားနိုင်ပါဘူး။ နေခဲ့ပါ။ ကျုပ်အားတဲ့အချိန် ပြန်ခဲ့ဖို့ ကျုပ်ကြိုးစားပါ့မယ် "
ညချမ်းအေးသည် လောကဓံကို ကြောက်ရွံ့နေသည်မဟုတ်ပေ။ သူ့အား အလုံးစုံ ယုံကြည်မပေးနိုင်သေးတာဖြစ်သည်။ ဒါပေမဲ့ အခက်အခဲအားလုံး ကျော်ဖြတ်နိုင်မှ အချစ်စစ်မည်မဟုတ်လား။ သူသည် ချမ်းအေးအား အလွန်ချစ်မြတ်နိုးပေသည်။
အတိတ်ဘဝတွင် တစ်ဘဝလုံး သူ့အား ပံ့ပိုးရင်းကုန်ဆုံးခဲ့ရတဲ့ကောင်ငယ်လေးအကြောင်းတွေးမိကာ
သူ့ဖက်ကပဲ လျော့လိုက်ဖို့ ခက်ခဲမနေခဲ့ပေ။
ချမ်းအေး မလိုက်တော့ရော ဘာဖြစ်သလဲ ။
သူအားရင်အားသလို လာတွေ့ရမှာပေါ့။
ဒါကို စုံသာမြိုင်လက်ခံပေသည်။
အချစ်သည်အရာအားလုံးကို အောင်နိုင်သည်ဟူတဲ့ စကားကို သူကြည်သည်။ တစ်နေ့တော့ ချမ်းအေးက
သူ့အပေါ်မှာ အများကြီးယုံကြည်ပေးနိုင်လိမ့်မည်ဟု သူထင်သည်။
စုံသာမြိုင်၏ လုပ်ငန်းတို့သည် အလွန်ကြီးကျယ်အောင်မြင်နေတာမို့ ကံပေးတုန်းအကြောင်းထင်အောင် ဆန်လောကအား လက်ဝါးကြီးအုပ် မင်းမူအုပ်စိုးဖို့ ကြိုးစားခဲ့လေသည်။
အပြိုင်အဆိုင် ဆန်တံဆိပ်မျိုးစုံ ပေါ်ထွက်လာကြပေမဲ့ ချမ်းသာသည် နာမည်တစ်လုံးဖြင့်ရပ်တည်နိုင်အောင် ထိန်းသိမ်းထားနိုင်သည်။ ရှေ့ဆုံးစကား
"ချမ်း"သည် ည ချမ်းအေးအားရည်စူးခြင်းဖြစ်သည်။
သူ၏တစ်ဘဝစာလုံးမှာ ညချမ်းအေးအား ရည်စူး၍
တည်ထောင်ထားသော မှတ်တိုင်တွေက နာမည်တစ်ခုပင်မက။
ခုသူကြိုးစားနေတာသည် ညချမ်းအေးအတွက်သာဖြစ်ပြီး အတိတ်ဘဝကလို အဖြစ်အပျက်မျိုးမဖြစ်အောင် သူ့ဖက်က ပြင်ဆင်ရခြင်းဖြစ်သည်။
သူသည် နောက်နှစ်နွေဦးအစတွင် မကြာခဏ သွားချည်ပြန်ချည်လုပ်နေရာမှ အပြီးတိုင်ပြောင်းရွေ့သွားခဲ့တော့သည်။
အမြဲစည်ကားနေရာ အိမ်ကြီးသည် ရုတ်တရတ်တိတ်ဆိတ်သွားကာ လူသူကင်းမဲ့တဲ့နေရာ တစ်ခုဖြစ်သွားသည်မှာ ညချမ်းအေးကို လက်ခံဖို့ခဲရင်းစေသည်။
ကျောင်းကအပြန် အပြေးသွားကြည့်ခဲ့ပေမဲ့ သော့ပိတ်ထားသော အိမ်တံခါးမကြီးကသာ သူ့အားဆီးကြိုခဲ့လေသည်။
ခွဲခွာဖူးပေမဲ့ ဒီခံစားချက်သည်က အစိမ်းသက်သက်ဖြစ်လွန်းသည်။
သူသည် အုတ်လှေခါးထစ်၌ ထိုင်ချလိုက်ပြီး ညက
နှုတ်ဆက်ထားသော စုံသာမြိုင်အားပြန်သတိရမိသည်။ သူ့အားနောက်ဆုံးအကြိမ်လိုက်ချင်သလားမေးခဲ့သည်။ သူသည်လည်း ငြင်းမြဲငြင်းဆဲပင်။
အပြုံးမပြတ်ခဲ့ပေမဲ့ မျက်ဝန်းတို့သည် ဝမ်းနည်းသွားတာ သိသာခဲ့သည်။ သူသည် ယောက်ျားတစ်ယောက်ဖြစ်သည်။ လက်ထပ်ခြင်းဆိုတဲ့ပတ်သက်မူ့မရှိပဲထိုယောက်ျားအား အားကိုးဖို့ သူ့မာနက လက်သင့်မခံပေ။
တစ်နေ့နေ့ပစ်ခံရမှာပါ ဆိုတဲ့ဘေးစကားတွေကိုလည်း သူမကြားရဲတော့တာအမှန်ပါ။ ခြူစားပါတယ်ဆိုတဲ့ အတင်းစကားများကြောင့် လူတွေရှေ့ခပ်မှန်
မှန်သာ သူ့ချစ်သူအားဆက်ဆံခဲ့ပေမဲ့ သူ့ရင်ထဲမှာ ဘယ်လောက် ချစ်ခဲ့ရသလဲသူသာအသိဆုံးပင်။
ယောက်ျားခြင်းကြိုက်ပါတယ်ဆိုတဲ့ အတင်းစကားတွေကြောင့် စုံသာမြိုင်နှင့်ပင်မက သူနဲ့ စကားပြောသော ယောက်ျားတိုင်းသမုတ်ခံခဲ့ရသည်။ ဒီနှစ်တွေအတွင်း သူ့စိတ်ထဲ ဒဏ်ရာရနေတာဖြစ်သည်။
ခါတိုင်းလိုပင် မနက်သွား ညနေပြန် ကျောင်းတက်ကျောင်းဆင်း လုပ်တုန်းပင်။
တစ်ခါတစ်ရံပိုချက်တက်တဲ့ ထမင်းဝိုင်းတွင် တစ်ယောက်သော သူ မရှိတဲ့အခါ စားမြိန်ခြင်းမရှိလှပါ။
စာမေးပွဲနောက်ဆုံးရက်တွင် ညချမ်းအေးသည်
ကျောင်းက ပစ္စည်းအချို့အားသိမ်းဆည်း၍
အိမ်အား ပြန်ခဲ့လေသည်။
အိမ်ပေါက်တွင် သူမြင်ဖူးသယောင်ရှိတဲ့ အမျိုးသားကြီးသုံးယောက်အားတွေ့လိုက်တာကြောင့်
ဘယ်သူတွေလဲဟု ပြန်စဉ်းစားကြည့်မိလေသည်။
အတော်ကြာမှ ဦးလူလှတို့အုပ်စုမှန်း သတိရကာ
မကြည်မသာဖြင့် အနီးနားကို ကပ်သွားလိုက်သည်။
" ဘာကိစ္စရှိလို့လဲ ဘကြီး"
သူအသံကြောင့် အိမ်ရှေ့အုတ်ခုံတွင်ထိုင်နေတဲ့ လူကြီးသုံးယောက်လှုပ်လှုပ်ရှားရှားဖြစ်ကာသွားလေသည်။
" အိမ်တံခါးအရင်ဖွင့် ။ ကျုပ်တို့အိမ်ထဲရောက်မှ ပြောကြတာပေါ့ "
ဦးလူလှ မျက်နှာထားသည် အနည်းငယ် မာနေတာကြောင့် ညချမ်းအေး သတိအနေအထားနှင့်ပင် ခြံတံခါးကိုဖွင့်ပေးလိုက်လေသည်။
" ဒီနေ့ကျောင်းပိတ်သွားပြီမဟုတ်လား"
" ဟုတ်ပါတယ်"
" ဒီမှာ ဆရာလေး နေနေတာ တစ်နှစ်ကျော်သွားပြီနော်။ "
အမေးစကားများအား ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။
ဦးလူလှ၏ မျက်နှာသည် သန့်ရှင်းသပ်ရပ်သော ပျဉ်ထောင်အိမ်အား တပ်မက်စွာ ကြည့်နေသည်ကို သတိထားပြီးနောက် သူ့စိတ်ထဲ မသက်မသာ ဖြစ်၍ သွား၏။
" အမှန်တော့ ဒီအိမ်ကို ဆက်မငှားတော့ဘူးဆိုတာ လာပြောတာပါ ဆရာလေး။ ဘယ်လိုမှမအောက်မေ့ပါနဲ့ ။ ဘကြီးတို့က ဒီအိမ်နေရာမှာ ဈေးဆိုင်တည်တော့မှာဆိုတော့ လူငှားထားဖို့က အဆင်မပြေတော့လို့ပါ "
အသက်ကြီးကြီး လူကြီးတစ်ယောက်က
ယဉ်ကျေးစွာ စကားစလာပေမဲ့ ညချမ်းအေးအဖို့ခံရခက်လွန်းသည်။ ထို့ကြောင့်ဗြောင်ပင် တည့်တည့်ကြည့်ကာ
" ဒီအိမ်ကို ဆက်မငှားနိုင်တော့ဘူးဆိုတာ ကိုစုံသာမြိုင်ပြောခဲ့တာလားဗျ"
အကုန်မျက်နှာပျက်သွားပေမဲ့ ဦးလူလှကတော့ဒေါသတကြီးဖြင့်
" ဘယ်သူပြောပြောမင်းနဲ့ဘာဆိုင်သလဲ ။ ပိုင်ရှင်က ဆက်မငှားဘူးပြောရင်ဖယ်ရမှာမင်းအလုပ်ပဲ "
" မေးရမဲ့အကြောင်းရှိလို့ မေးတာပေါ့ဗျာ ။
ကိုစုံသာမြိုင်ရှိကတည်းက ဒီနေရာကို ကျွန်တော်နေတာ တစ်နှစ်ကျော်ပြီ။ အိမ်ငှားခပေးစရာမလိုသလို အိမ်ငှားတစ်ယောက်လိုလည်းမဆက်ဆံခဲ့ဖူးဘူး။ သူပြောင်းသွားတုန်းကတောင်မှ ဒီနေရာနဲ့ပတ်သက်ပြီး အပ်နှံ့ထားခဲ့သေးတာ။ ဒါဆို ဘာကြောင့် လာဖယ်ခိုင်းနေရတာလဲဆိုတာ မေးခွင့် ရှိပြီမဟုတ်ဘူးလား။ ဆွေမျိုးဆိုတဲ့သူတွေဝင်ထွက်သွားလာတာမျိုး ကျွန်တော်မြင်ဖူးတာခပ်ရှားရှား။ ဖယ်ပေးဖို့တော့ အဆင်မပြေဘူးဗျ။ ပိုင်ရှင်ကိုစုံသာမြိုင်ကိုယ်တိုင် သူမိဘအမွေဖြစ်တဲ့ဒီအိမ်ကို စောင့်ရှောက်ဖို့သေချာမှာထားခဲ့လို့ပါ"
" သူဘယ်လိုမှာမှာ ငါက သွေးရင်းသားရင်း သူ့ဦးလေးပါ ။ ဘယ်သူကိုပဲ သွားပြောပြောမင်းက သူစိမပဲ ။ ဒီနေရာကို ငါဆက်သုံးဖို့ ပြောပြီးပြီ။ အဓိကက မင်းဖယ်ပေးဖို့ပဲ ကျန်တာ ။ "
ဦးလူလှ ပြောတဲ့စကားတွေကို နားထောင်ရင်း ရင်ထဲ အခဲမကျေမူ့က စီတန်းဝင်လာခဲ့သည်။
ဘယ်လိုပဲ သူစိမ်းပါ ပြောပြော အနေမနီးတဲ့ ဆွေမျိုးဆိုတာ သနားတယ်။ ကျွန်တော်က သူရည်းစားဟု ပြောချင်မိတာ အတိုင်းထက်အလွန်။ ကိုယ်ဖြစ်တည်မူ့က ချပြလို့ကောင်းတဲ့အရာမဟုတ်တော့ ပါးစပ်ပိတ်နေရတဲ့အခါ ရင်ထဲနေလို့ပင် ကောင်းမနေတော့။
" ပြန်ရမယ် ကိုစိုးတို့ ။ "
ဦးလူလှပြန်သွားပြီးနောက် သူသည်လည်းအရုပ်ကြိုးပြတ်ဖြစ်ကျန်ခဲ့သည်။
ထိုးကိုက်လာတဲ့ ခေါင်းအားနှိပ်ရင်း တစ်လကျော်နှစ်လ နီးပါးထိ အဆက်အသွယ်မရသောသူကို လွမ်းမိသည်။
သူတို့ ရွာနေရာသည် တယ်လီဖုန်းတိုင်များမမိသော နေရာမှာတည်ရှိသည်။
ဟိုးတုန်းက ကိုစုံသာမြိုင်ဆီမှာလည်း ခလုတ်ဖုန်းတစ်လုံးရှိတာမြင်ဖူးပေမဲ့ ဆက်သွယ်ချင်ရင် ငါးမိုင်လောက်ကွာ ဝေးသော ဟိုက်ဝေးလမ်းပေါ်ထွက်ဆက်ရတာမျိုးရှိသည်။
ဈေးကြီးသောဖုန်းမို့ သူ့ဆီမှာတော့ ထိုတန်ဖိုးအတိုင်းဝယ်နိုင်လောက်သောပမာန ရှိမနေချေ။
"ဘယ်လိုလုပ်ကြမလဲ ကိုလူလှ ...သူပုံစံကြည့်ရတာ ဖယ်ပေးမဲ့ပုံတော့မရှိဘူး"
"ဟုတ်မှာလည်းလုပ်အုံးနော်။ စုံသာမြိုင်သိလို့ရှိရင်မင်း ရော ငါတို့ရော လွယ်မှာမဟုတ်ဘူး"
ကိုစိုးတို့နှစ်ယောက်ပြောသောစကားတွေကို သူ့ခေါင်းထဲမှာ ရှိမနေပေ။
စုံသာမြိုင် သိရင် မလွယ်ဘူးဆိုပေမဲ့ ပြန်လာမှ သိလည်း အကြောင်းထူးမည်မဟုတ်ပေ။ တဖြည်းဖြည်းတိုးတက်လာသော ကျေးရွာကြောင့် ထိုနေရာမှာ ဈေးဆိုင်တစ်ဆိုင် သူတည်ချင်သည်။ လွန်ခဲ့သော နှစ်တွေက ငစုံအိမ်ဝိုင်းက ထိုမျှ နေရာမကောင်းခဲ့ပေမဲ့ ယခုမူ နေရာကျသော နေရာဖြစ်တာကြောင့် သူတို့တွေအကုန်မျက်စိကျနေတာဖြစ်သည်။
"ခုမှ လအစပဲ ရှိသေးတာ။ သူစဉ်းစားဖို့အချိန်ရှိသေးတယ်။ စုံသာမြိုင်အကြောင်းခေါင်းထဲထည့်မနေနဲ့။
အချိန်ကမြန်မြန်ကုန်လွယ်တယ်။ သူပြန်လာဖို့ မလွယ်ဘူး"
မြို့ပေါ်မှာ စုံသာမြိုင်ဘယ်လောက်အလုပ်များသလဲဆိုတာ သူသတင်းရထားပြီးဖြစ်သည်။
ခုနောက်ပိုင်းမှာ အသင့်စားခေါက်ဆွဲဆိုတဲ့ စက်ရုံတွေ
ဈေးကွက်မှာထိုးဖောက်ဖို့ကြိုးစားနေတယ်ဟုကြားရသည်။
ဒီလို ရွာငယ်လေးတစ်ရွာမှာရှိတဲ့ အစွန်အဖျားပိုင်ဆိုင်မူ့သည် ငစုံအနေနဲ့ ဘာမျှဟုတ်မနေပေ။
အရင်တုန်းကတည်းက သွားချည်ပြန်ချည် လုပ်နေခဲ့တဲ့ ငစုံသည်ရွာမှာ ဒီတစ်ခါနေတာအကြာဆုံးဖြစ်သည်။
ခုပြန်သွားပြီဆိုမှတော့ အကျိုးရှိအောင် လုပ်ဆောင်ရမှာ သူတို့တာဝန်သာ။
"ကိုစုံ ...မင်းသမီးမာမာရဲ့ မွေးနေ့နော် ဒီည နော်။ "
ချစ်ထွန်း သတိပေးတာ ကြားမှ တစ်ယောက်ထဲ လသာဆောင်မှာ ရပ်နေမိတာအတော်ကြာပြီဆိုတာ သတိထားမိတော့သည်။
ရွာမှာဆို ဒီအချိန် ကိုယ့်အိမ်ကိုယ်ယာထဲမှာနေပြီး မိသားစု နဲ့ စကားလက်ဆုံ ကျကောင်းတုန်း။
ချစ်ရတဲ့ ချမ်းအေးတစ်ယောက်အဆင်မှ ပြေပါရဲ့လား။
အလွမ်းဆိုတဲ့ စကားစုသည် သူ့ကို ကိုယ်တွေ့ ကြုံစေတဲ့အခါ မခံစားနိုင်ခဲ့ပါ။
အတူနေစဉ်က ရန်ဖြစ်စိတ်ကောက်သည် မကြာခဏ ဖြစ်ခဲ့သော်ငြား ထိုမျှ လွမ်းရသည်ဟူ၍ မရှိခဲ့။
ယခုမူ ရင်ဘတ်တစ်ခုလုံး နင့်နေအောင် ချစ်ရတဲ့ ချမ်းအေးကို သတိရနေမိပါသည်။
အတွေးတို့ကိုဒီနေရာမှာ ရပ်ကာ အခန်းကို မဖြစ်မနေပြန်ဝင်ရသည်။
မာမာဆိုတဲ့ မင်းသမီးက ယခု ကြော်ငြာလောကတွင်အတော်လေးရေပန်းစားလေသည်။
သူ၏ကုန်ပစ္စည်းအတွက် ကမ်းလှမ်းချက်အားလက်မခံရသေးသည်မို့ မသွားချင်သွားချင်ဖြင့်ဖိတ်ထားတဲ့ဆီသွားရပေအုံးမည်။
ချမ်းအေးသည် သူ့အားသဝန်တိုတက်ပါ့မည်လော။
အလှအပဟူသည် သူနှင့်မသက်ဆိုင်ပါလေ။
ချမ်းအေးလောက် ဘယ်သူက ပိုချစ်ဖို့ကောင်းမည်နည်း။
ချမ်းအေးလောက် သူ့အပေါ် ဘယ်သူက ချစ်နိုင်မည်နည်း။
အတွေးတွေရပ်မည်ဆိုပါမှ ချမ်းအေးအပေါ်စိုးမိုးစိတ်ကရပ်၍မရပါ။
စိတ်မပါလက်မပါ အဝတ်လဲ၍ ချစ်ထွန်းဖွင့်ပေးတဲ့ကားပေါ်တက်သည်အထိ အသက်မပါတဲ့အရုပ် သူမှာ ဗလာနတ္ထိ။
( တိုက်ပွဲနဲ့ အနီးဆုံးမှာရောက် နေကြတဲ့ ကလေးတွေကို ဂရုစိုက်ကြဖို့ပဲ မှာချင်တယ်။ကိုယ်တွေ့ကြုံမှ
ကြောက်ရမှန်းသိတာနော် ။ လေယာဉ်မြင်တိုင်း ဒူးတွေကို တုန်လို့ ")
တစ္ခုတည္းေသာ ေဆာင္းမနက္ခင္းတြင္ ရနံ႔ကူးအား
ၿမိဳ႔ေပၚသို႔ ဦးသက္ခိုင္ေခၚေဆာင္သြားခဲ့ေလသည္။
ကေလးက ငယ္ေသးတာတစ္ေၾကာင္း ၊ တစ္ခါမွ စံုသာၿမိဳင္ႏွင့္ မခြဲခြာဘူးတာ တစ္ေၾကာင္းမို႔ သြားခါစတြင္ ဝမ္းနည္းကာ ဖ်ားခဲ့ေလသည္။
သို႔ေသာ္ ေပ်ာ္စရာ လည္စရာ မ်ား ျပၫ့္နက္ေနေသာ ေနရာမို႔ မၾကာခင္ရက္အတြင္း
ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္ကာ အဆင္ေျပသြားေလသည္။
နရံ့ကူးအား လာမဲ့ ေက်ာင္းတက္ရာသီတြင္ အဆင့္ျမင့္ေက်ာင္း၌ အစကေနျပန္တက္ေစမည္ျဖစ္ၿပီး
လုပ္ငန္းတည္ရိွရာ အမာခံေနရာသည္ပင္ ထိုမွာရိွတာေၾကာင့္ စံုသာၿမိဳင္ကလည္း မၾကာမၾကာသြားေနရသည္။
" က်ဳပ္ရဲ့လုပ္ငန္းေတြက ဟိုမွာ ပိုမ်ားတယ္ခ်မ္းေအး။ ဆန္စက္အပါအဝင္ ေခတ္မွီဆီသန႔္စက္ရံုက ဟိုမွာပဲအခိုင္အမာရိွေနတာ။ ဆီက ဟိုဖက္ႏိုင္ငံ
ေတြထိ ပို႔တယ္၊ ဆန္ေဈးကြက္ကေတာ့ႏိုင္ငံအတြင္းပဲ ရိွေပမဲ့ အထက္ပိုင္းေအာက္ပိုင္းထိ မခ်န္ ဆန္လက္ကားဆိုင္ေတြရိွတယ္ခ်မ္းေအး။ ဆိုလိုတာက
ဒီမွာရိွတဲ့ဆန္စက္က ကိုယ္ပိုင္တဲ့ဆန္စက္ေတြရဲ့အစိတ္အပိုင္းတစ္ခုပဲရိွေသးတာ။ ဒီေနရာတစ္ခုထဲနဲ႔လည္ပတ္ေနလို႔မရသလို တကယ့္ဆန္ထြက္တဲ့ေဒသေတြမွာ ဒီထက့္ႀကီးတဲ့ဆန္စက္ရံုေတြ ၊ က်ဳပ္ပိုင္တဲ့လယ္ဧကေတြအမ်ားႀကီးပဲ။ တိုးတက္လာတဲ့ႏိုင္ငံရဲ့အေနအထားေၾကာင့္ မၾကာခင္ က်ဳပ္လည္း ၿမိဳ႔ေပၚမွာ အေျခခ်ရေတာ့မယ္။ နဂိုကတည္းက က်ဳပ္ပိုင္
အိမ္ႀကီးေတြက ဆန္စက္ရံုေတြနဲ႔အတူ ရိွေပမဲ့ ခ်မ္းေအးေၾကာင့္ က်ဳပ္ဒီမွာအေနမ်ားခဲ့တယ္ က်ဳပ္တပၫ့္ေတြအကုန္သိၾကတယ္။ "
ညခ်မ္းေအး စံုသာၿမိဳင္ေျပာသၫ့္စကားမ်ားကိုနားေထာင္ရင္းအံ့ဩခဲ့ရသည္။ သူခ်စ္ခဲ့တဲ့သူသည္ ခ်မ္းသာမွန္းသိေပမဲ့ ထိုမ်ွအထိ ေအာင္ျမင္ေနမွန္းမသိရိုးအမွန္ပင္။
" က်ဳပ္ရွင္းရွင္းပဲေျပာေတာ့မယ္ ခ်မ္းေအး ။ မင္း က်ဳပ္နဲ႔လိုက္ခဲ့ခ်င္လား"
ေရႏြေးခ်မ္းငွဲ႔ေသာ လက္တို႔သည္ တုန႔္ေနွးကုန္၏။
အနည္းငယ္မ်ွဖိတ္စင္သြားေသာ ေရႏြေးတို႔အားၾကၫ့္ကာ စံုသာၿမိဳင္သည္ ျပန္လာမၫ့္စကားတို႔အား သိပ္ေတာ့မေမ်ွာ္လင့္ခဲ့ေခ်။ပံုမွန္မဟုတ္တဲ့ဆက္ဆံေရးေၾကာင့္ သူတို႔နီးစပ္ဖို႔ကိုပင္ လြယ္ကူခဲ့တာမဟုတ္။ ခ်ိဳၿမိန္တဲ့ဆက္ဆံေရးကိုပင္ အစျပဳမယ္လို႔ မႀကံရေသး ေဝးဖို႔ရာက အစျပဳလာၿပီျဖစ္၏။
"ကိုစံုသာၿမိဳင္ ေျပာသလို ၿမိဳ႔ေပၚကို ခမ်ားနဲ႔အတူလိုက္ခဲ့ပါၿပီတဲ့ ကြၽန္ေတာ္ ရဲ့အလုပ္ကေရာ ။ ကြၽန္ေတာ့္ဘဝမွာ ပိုင္ဆိုင္တာဆိုလို႔ ဒီအလုပ္ေလးတစ္ခုပဲရိွတာပါ ။ ကြၽန္ေတာ္မွာ မိဘမရိွသလို ေငြေၾကးလည္းျပၫ့္စံုမေနပါဘူး။ ဒါကို စြန႔္လြတ္ၿပီးလိုက္ခဲ့ဖို႔ဆိုတာကေတာ့ "
စံုသာၿမိဳင္ေခါင္းညိတ္လိုက္သည္။
ဒါသူေတြးထားသလိုပါပဲ။ညခ်မ္းေအး သည္ ဆရာဂုဏ္အား အလြန္တန္ဖိုးထား၏။ ထိုအရာအားပစ္ပယ္၍ သူ႔ေနာက္လိုက္ဖို႔ဆိုတာက....
" မွန္ပါတယ္။ အစကတည္းက က်ဳပ္ဇြတ္ေခၚဖို႔ မရဲခဲ့ပါဘူး။ မင္းမွာလည္း မင္းဆံုးျဖတ္ခ်က္ရိွတာပါပဲေလ ။ ဒီမွာပဲ မင္းေနခဲ့ခ်င္တယ္ဆိုရင္လည္း က်ဳပ္မတားႏိုင္ပါဘူး။ ေနခဲ့ပါ။ က်ဳပ္အားတဲ့အခ်ိန္ ျပန္ခဲ့ဖို႔ က်ဳပ္ႀကိဳးစားပါ့မယ္ "
ညခ်မ္းေအးသည္ ေလာကဓံကို ေၾကာက္ရြံ႔ေနသည္မဟုတ္ေပ။ သူ႔အား အလံုးစံု ယံုၾကည္မေပးႏိုင္ေသးတာျဖစ္သည္။ ဒါေပမဲ့ အခက္အခဲအားလံုး ေက်ာ္ျဖတ္ႏိုင္မွ အခ်စ္စစ္မည္မဟုတ္လား။ သူသည္ ခ်မ္းေအးအား အလြန္ခ်စ္ျမတ္ႏိုးေပသည္။
အတိတ္ဘဝတြင္ တစ္ဘဝလံုး သူ႔အား ပံ့ပိုးရင္းကုန္ဆံုးခဲ့ရတဲ့ေကာင္ငယ္ေလးအေၾကာင္းေတြးမိကာ
သူ႔ဖက္ကပဲ ေလ်ာ့လိုက္ဖို႔ ခက္ခဲမေနခဲ့ေပ။
ခ်မ္းေအး မလိုက္ေတာ့ေရာ ဘာျဖစ္သလဲ ။
သူအားရင္အားသလို လာေတြ့ရမွာေပါ့။
ဒါကို စံုသာၿမိဳင္လက္ခံေပသည္။
အခ်စ္သည္အရာအားလံုးကို ေအာင္ႏိုင္သည္ဟူတဲ့ စကားကို သူၾကည္သည္။ တစ္ေန့ေတာ့ ခ်မ္းေအးက
သူ႔အေပၚမွာ အမ်ားႀကီးယံုၾကည္ေပးႏိုင္လိမ့္မည္ဟု သူထင္သည္။
စံုသာၿမိဳင္၏ လုပ္ငန္းတို႔သည္ အလြန္ႀကီးက်ယ္ေအာင္ျမင္ေနတာမို႔ ကံေပးတုန္းအေၾကာင္းထင္ေအာင္ ဆန္ေလာကအား လက္ဝါးႀကီးအုပ္ မင္းမူအုပ္စိုးဖို႔ ႀကိဳးစားခဲ့ေလသည္။
အၿပိဳင္အဆိုင္ ဆန္တံဆိပ္မ်ိဳးစံု ေပၚထြက္လာၾကေပမဲ့ ခ်မ္းသာသည္ နာမည္တစ္လံုးျဖင့္ရပ္တည္ႏိုင္ေအာင္ ထိန္းသိမ္းထားႏိုင္သည္။ ေရ႔ွဆံုးစကား
"ခ်မ္း"သည္ ည ခ်မ္းေအးအားရည္စူးျခင္းျဖစ္သည္။
သူ၏တစ္ဘဝစာလံုးမွာ ညခ်မ္းေအးအား ရည္စူး၍
တည္ေထာင္ထားေသာ မွတ္တိုင္ေတြက နာမည္တစ္ခုပင္မက။
ခုသူႀကိဳးစားေနတာသည္ ညခ်မ္းေအးအတြက္သာျဖစ္ၿပီး အတိတ္ဘဝကလို အျဖစ္အပ်က္မ်ိဳးမျဖစ္ေအာင္ သူ႔ဖက္က ျပင္ဆင္ရျခင္းျဖစ္သည္။
သူသည္ ေနာက္ႏွစ္ေနြဦးအစတြင္ မၾကာခဏ သြားခ်ည္ျပန္ခ်ည္လုပ္ေနရာမွ အၿပီးတိုင္ေျပာင္းေရြ့သြားခဲ့ေတာ့သည္။
အၿမဲစည္ကားေနရာ အိမ္ႀကီးသည္ ရုတ္တရတ္တိတ္ဆိတ္သြားကာ လူသူကင္းမဲ့တဲ့ေနရာ တစ္ခုျဖစ္သြားသည္မွာ ညခ်မ္းေအးကို လက္ခံဖို႔ခဲရင္းေစသည္။
ေက်ာင္းကအျပန္ အေျပးသြားၾကၫ့္ခဲ့ေပမဲ့ ေသာ့ပိတ္ထားေသာ အိမ္တံခါးမႀကီးကသာ သူ႔အားဆီးႀကိဳခဲ့ေလသည္။
ခြဲခြာဖူးေပမဲ့ ဒီခံစားခ်က္သည္က အစိမ္းသက္သက္ျဖစ္လြန္းသည္။
သူသည္ အုတ္ေလွခါးထစ္၌ ထိုင္ခ်လိုက္ၿပီး ညက
ႏႈတ္ဆက္ထားေသာ စံုသာၿမိဳင္အားျပန္သတိရမိသည္။ သူ႔အားေနာက္ဆံုးအႀကိမ္လိုက္ခ်င္သလားေမးခဲ့သည္။ သူသည္လည္း ျငင္းၿမဲျငင္းဆဲပင္။
အၿပံဳးမျပတ္ခဲ့ေပမဲ့ မ်က္ဝန္းတို႔သည္ ဝမ္းနည္းသြားတာ သိသာခဲ့သည္။ သူသည္ ေယာက္်ားတစ္ေယာက္ျဖစ္သည္။ လက္ထပ္ျခင္းဆိုတဲ့ပတ္သက္မူ႔မရိွပဲထိုေယာက္်ားအား အားကိုးဖို႔ သူ႔မာနက လက္သင့္မခံေပ။
တစ္ေန့ေန့ပစ္ခံရမွာပါ ဆိုတဲ့ေဘးစကားေတြကိုလည္း သူမၾကားရဲေတာ့တာအမွန္ပါ။ ျခဴစားပါတယ္ဆိုတဲ့ အတင္းစကားမ်ားေၾကာင့္ လူေတြေရ႔ွခပ္မွန္
မွန္သာ သူ႔ခ်စ္သူအားဆက္ဆံခဲ့ေပမဲ့ သူ႔ရင္ထဲမွာ ဘယ္ေလာက္ ခ်စ္ခဲ့ရသလဲသူသာအသိဆံုးပင္။
ေယာက္်ားျခင္းႀကိဳက္ပါတယ္ဆိုတဲ့ အတင္းစကားေတြေၾကာင့္ စံုသာၿမိဳင္ႏွင့္ပင္မက သူနဲ႔ စကားေျပာေသာ ေယာက္်ားတိုင္းသမုတ္ခံခဲ့ရသည္။ ဒီႏွစ္ေတြအတြင္း သူ႔စိတ္ထဲ ဒဏ္ရာရေနတာျဖစ္သည္။
ခါတိုင္းလိုပင္ မနက္သြား ညေနျပန္ ေက်ာင္းတက္ေက်ာင္းဆင္း လုပ္တုန္းပင္။
တစ္ခါတစ္ရံပိုခ်က္တက္တဲ့ ထမင္းဝိုင္းတြင္ တစ္ေယာက္ေသာ သူ မရိွတဲ့အခါ စားၿမိန္ျခင္းမရိွလွပါ။
စာေမးပြဲေနာက္ဆံုးရက္တြင္ ညခ်မ္းေအးသည္
ေက်ာင္းက ပစၥည္းအခ်ိဳ႕အားသိမ္းဆည္း၍
အိမ္အား ျပန္ခဲ့ေလသည္။
အိမ္ေပါက္တြင္ သူျမင္ဖူးသေယာင္ရိွတဲ့ အမ်ိဳးသားႀကီးသံုးေယာက္အားေတြ့လိုက္တာေၾကာင့္
ဘယ္သူေတြလဲဟု ျပန္စဉ္းစားၾကၫ့္မိေလသည္။
အေတာ္ၾကာမွ ဦးလူလွတို႔အုပ္စုမွန္း သတိရကာ
မၾကည္မသာျဖင့္ အနီးနားကို ကပ္သြားလိုက္သည္။
" ဘာကိစၥရိွလို႔လဲ ဘႀကီး"
သူအသံေၾကာင့္ အိမ္ေရ႔ွအုတ္ခံုတြင္ထိုင္ေနတဲ့ လူႀကီးသံုးေယာက္လႈပ္လႈပ္ရွားရွားျဖစ္ကာသြားေလသည္။
" အိမ္တံခါးအရင္ဖြင့္ ။ က်ဳပ္တို႔အိမ္ထဲေရာက္မွ ေျပာၾကတာေပါ့ "
ဦးလူလွ မ်က္ႏွာထားသည္ အနည္းငယ္ မာေနတာေၾကာင့္ ညခ်မ္းေအး သတိအေနအထားႏွင့္ပင္ ၿခံတံခါးကိုဖြင့္ေပးလိုက္ေလသည္။
" ဒီေန့ေက်ာင္းပိတ္သြားၿပီမဟုတ္လား"
" ဟုတ္ပါတယ္"
" ဒီမွာ ဆရာေလး ေနေနတာ တစ္ႏွစ္ေက်ာ္သြားၿပီေနာ္။ "
အေမးစကားမ်ားအား ေခါင္းညိတ္ရံုသာ ညိတ္ျပလိုက္သည္။
ဦးလူလွ၏ မ်က္ႏွာသည္ သန႔္ရွင္းသပ္ရပ္ေသာ ပ်ဉ္ေထာင္အိမ္အား တပ္မက္စြာ ၾကၫ့္ေနသည္ကို သတိထားၿပီးေနာက္ သူ႔စိတ္ထဲ မသက္မသာ ျဖစ္၍ သြား၏။
" အမွန္ေတာ့ ဒီအိမ္ကို ဆက္မငွားေတာ့ဘူးဆိုတာ လာေျပာတာပါ ဆရာေလး။ ဘယ္လိုမွမေအာက္ေမ့ပါနဲ႔ ။ ဘႀကီးတို႔က ဒီအိမ္ေနရာမွာ ေဈးဆိုင္တည္ေတာ့မွာဆိုေတာ့ လူငွားထားဖို႔က အဆင္မေျပေတာ့လို႔ပါ "
အသက္ႀကီးႀကီး လူႀကီးတစ္ေယာက္က
ယဉ္ေက်းစြာ စကားစလာေပမဲ့ ညခ်မ္းေအးအဖို႔ခံရခက္လြန္းသည္။ ထို႔ေၾကာင့္ေျဗာင္ပင္ တၫ့္တၫ့္ၾကၫ့္ကာ
" ဒီအိမ္ကို ဆက္မငွားႏိုင္ေတာ့ဘူးဆိုတာ ကိုစံုသာၿမိဳင္ေျပာခဲ့တာလားဗ်"
အကုန္မ်က္ႏွာပ်က္သြားေပမဲ့ ဦးလူလွကေတာ့ေဒါသတႀကီးျဖင့္
" ဘယ္သူေျပာေျပာမင္းနဲ႔ဘာဆိုင္သလဲ ။ ပိုင္ရွင္က ဆက္မငွားဘူးေျပာရင္ဖယ္ရမွာမင္းအလုပ္ပဲ "
" ေမးရမဲ့အေၾကာင္းရိွလို႔ ေမးတာေပါ့ဗ်ာ ။
ကိုစံုသာၿမိဳင္ရိွကတည္းက ဒီေနရာကို ကြၽန္ေတာ္ေနတာ တစ္ႏွစ္ေက်ာ္ၿပီ။ အိမ္ငွားခေပးစရာမလိုသလို အိမ္ငွားတစ္ေယာက္လိုလည္းမဆက္ဆံခဲ့ဖူးဘူး။ သူေျပာင္းသြားတုန္းကေတာင္မွ ဒီေနရာနဲ႔ပတ္သက္ၿပီး အပ္ႏွံ႔ထားခဲ့ေသးတာ။ ဒါဆို ဘာေၾကာင့္ လာဖယ္ခိုင္းေနရတာလဲဆိုတာ ေမးခြင့္ ရိွၿပီမဟုတ္ဘူးလား။ ေဆြမ်ိဳးဆိုတဲ့သူေတြဝင္ထြက္သြားလာတာမ်ိဳး ကြၽန္ေတာ္ျမင္ဖူးတာခပ္ရွားရွား။ ဖယ္ေပးဖို႔ေတာ့ အဆင္မေျပဘူးဗ်။ ပိုင္ရွင္ကိုစံုသာၿမိဳင္ကိုယ္တိုင္ သူမိဘအေမျြဖစ္တဲ့ဒီအိမ္ကို ေစာင့္ေရွာက္ဖို႔ေသခ်ာမွာထားခဲ့လို႔ပါ"
" သူဘယ္လိုမွာမွာ ငါက ေသြးရင္းသားရင္း သူ႔ဦးေလးပါ ။ ဘယ္သူကိုပဲ သြားေျပာေျပာမင္းက သူစိမပဲ ။ ဒီေနရာကို ငါဆက္သံုးဖို႔ ေျပာၿပီးၿပီ။ အဓိကက မင္းဖယ္ေပးဖို႔ပဲ က်န္တာ ။ "
ဦးလူလွ ေျပာတဲ့စကားေတြကို နားေထာင္ရင္း ရင္ထဲ အခဲမေက်မူ႔က စီတန္းဝင္လာခဲ့သည္။
ဘယ္လိုပဲ သူစိမ္းပါ ေျပာေျပာ အေနမနီးတဲ့ ေဆြမ်ိဳးဆိုတာ သနားတယ္။ ကြၽန္ေတာ္က သူရည္းစားဟု ေျပာခ်င္မိတာ အတိုင္းထက္အလြန္။ ကိုယ္ျဖစ္တည္မူ႔က ခ်ျပလို႔ေကာင္းတဲ့အရာမဟုတ္ေတာ့ ပါးစပ္ပိတ္ေနရတဲ့အခါ ရင္ထဲေနလို႔ပင္ ေကာင္းမေနေတာ့။
" ျပန္ရမယ္ ကိုစိုးတို႔ ။ "
ဦးလူလျွပန္သြားၿပီးေနာက္ သူသည္လည္းအရုပ္ႀကိဳးျပတ္ျဖစ္က်န္ခဲ့သည္။
ထိုးကိုက္လာတဲ့ ေခါင္းအားႏိွပ္ရင္း တစ္လေက်ာ္ႏွစ္လ နီးပါးထိ အဆက္အသြယ္မရေသာသူကို လြမ္းမိသည္။
သူတို႔ ရြာေနရာသည္ တယ္လီဖုန္းတိုင္မ်ားမမိေသာ ေနရာမွာတည္ရိွသည္။
ဟိုးတုန္းက ကိုစံုသာၿမိဳင္ဆီမွာလည္း ခလုတ္ဖုန္းတစ္လံုးရိွတာျမင္ဖူးေပမဲ့ ဆက္သြယ္ခ်င္ရင္ ငါးမိုင္ေလာက္ကြာ ေဝးေသာ ဟိုက္ေဝးလမ္းေပၚထြက္ဆက္ရတာမ်ိဳးရိွသည္။
ေဈးႀကီးေသာဖုန္းမို႔ သူ႔ဆီမွာေတာ့ ထိုတန္ဖိုးအတိုင္းဝယ္ႏိုင္ေလာက္ေသာပမာန ရိွမေနေခ်။
"ဘယ္လိုလုပ္ၾကမလဲ ကိုလူလွ ...သူပံုစံၾကၫ့္ရတာ ဖယ္ေပးမဲ့ပံုေတာ့မရိွဘူး"
"ဟုတ္မွာလည္းလုပ္အံုးေနာ္။ စံုသာၿမိဳင္သိလို႔ရိွရင္မင္း ေရာ ငါတို႔ေရာ လြယ္မွာမဟုတ္ဘူး"
ကိုစိုးတို႔ႏွစ္ေယာက္ေျပာေသာစကားေတြကို သူ႔ေခါင္းထဲမွာ ရိွမေနေပ။
စံုသာၿမိဳင္ သိရင္ မလြယ္ဘူးဆိုေပမဲ့ ျပန္လာမွ သိလည္း အေၾကာင္းထူးမည္မဟုတ္ေပ။ တျဖည္းျဖည္းတိုးတက္လာေသာ ေက်းရြာေၾကာင့္ ထိုေနရာမွာ ေဈးဆိုင္တစ္ဆိုင္ သူတည္ခ်င္သည္။ လြန္ခဲ့ေသာ ႏွစ္ေတြက ငစံုအိမ္ဝိုင္းက ထိုမ်ွ ေနရာမေကာင္းခဲ့ေပမဲ့ ယခုမူ ေနရာက်ေသာ ေနရာျဖစ္တာေၾကာင့္ သူတို႔ေတြအကုန္မ်က္စိက်ေနတာျဖစ္သည္။
"ခုမွ လအစပဲ ရိွေသးတာ။ သူစဉ္းစားဖို႔အခ်ိန္ရိွေသးတယ္။ စံုသာၿမိဳင္အေၾကာင္းေခါင္းထဲထၫ့္မေနနဲ႔။
အခ်ိန္ကျမန္ျမန္ကုန္လြယ္တယ္။ သူျပန္လာဖို႔ မလြယ္ဘူး"
ၿမိဳ႔ေပၚမွာ စံုသာၿမိဳင္ဘယ္ေလာက္အလုပ္မ်ားသလဲဆိုတာ သူသတင္းရထားၿပီးျဖစ္သည္။
ခုေနာက္ပိုင္းမွာ အသင့္စားေခါက္ဆြဲဆိုတဲ့ စက္ရံုေတြ
ေဈးကြက္မွာထိုးေဖာက္ဖို႔ႀကိဳးစားေနတယ္ဟုၾကားရသည္။
ဒီလို ရြာငယ္ေလးတစ္ရြာမွာရိွတဲ့ အစြန္အဖ်ားပိုင္ဆိုင္မူ႔သည္ ငစံုအေနနဲ႔ ဘာမ်ွဟုတ္မေနေပ။
အရင္တုန္းကတည္းက သြားခ်ည္ျပန္ခ်ည္ လုပ္ေနခဲ့တဲ့ ငစံုသည္ရြာမွာ ဒီတစ္ခါေနတာအၾကာဆံုးျဖစ္သည္။
ခုျပန္သြားၿပီဆိုမွေတာ့ အက်ိဳးရိွေအာင္ လုပ္ေဆာင္ရမွာ သူတို႔တာဝန္သာ။
"ကိုစံု ...မင္းသမီးမာမာရဲ့ ေမြးေန့ေနာ္ ဒီည ေနာ္။ "
ခ်စ္ထြန္း သတိေပးတာ ၾကားမွ တစ္ေယာက္ထဲ လသာေဆာင္မွာ ရပ္ေနမိတာအေတာ္ၾကာၿပီဆိုတာ သတိထားမိေတာ့သည္။
ရြာမွာဆို ဒီအခ်ိန္ ကိုယ့္အိမ္ကိုယ္ယာထဲမွာေနၿပီး မိသားစု နဲ႔ စကားလက္ဆံု က်ေကာင္းတုန္း။
ခ်စ္ရတဲ့ ခ်မ္းေအးတစ္ေယာက္အဆင္မွ ေျပပါရဲ့လား။
အလြမ္းဆိုတဲ့ စကားစုသည္ သူ႔ကို ကိုယ္ေတြ့ ႀကံဳေစတဲ့အခါ မခံစားႏိုင္ခဲ့ပါ။
အတူေနစဉ္က ရန္ျဖစ္စိတ္ေကာက္သည္ မၾကာခဏ ျဖစ္ခဲ့ေသာ္ျငား ထိုမ်ွ လြမ္းရသည္ဟူ၍ မရိွခဲ့။
ယခုမူ ရင္ဘတ္တစ္ခုလံုး နင့္ေနေအာင္ ခ်စ္ရတဲ့ ခ်မ္းေအးကို သတိရေနမိပါသည္။
အေတြးတို႔ကိုဒီေနရာမွာ ရပ္ကာ အခန္းကို မျဖစ္မေနျပန္ဝင္ရသည္။
မာမာဆိုတဲ့ မင္းသမီးက ယခု ေၾကာ္ျငာေလာကတြင္အေတာ္ေလးေရပန္းစားေလသည္။
သူ၏ကုန္ပစၥည္းအတြက္ ကမ္းလွမ္းခ်က္အားလက္မခံရေသးသည္မို႔ မသြားခ်င္သြားခ်င္ျဖင့္ဖိတ္ထားတဲ့ဆီသြားရေပအံုးမည္။
ခ်မ္းေအးသည္ သူ႔အားသဝန္တိုတက္ပါ့မည္ေလာ။
အလွအပဟူသည္ သူႏွင့္မသက္ဆိုင္ပါေလ။
ခ်မ္းေအးေလာက္ ဘယ္သူက ပိုခ်စ္ဖို႔ေကာင္းမည္နည္း။
ခ်မ္းေအးေလာက္ သူ႔အေပၚ ဘယ္သူက ခ်စ္ႏိုင္မည္နည္း။
အေတြးေတြရပ္မည္ဆိုပါမွ ခ်မ္းေအးအေပၚစိုးမိုးစိတ္ကရပ္၍မရပါ။
စိတ္မပါလက္မပါ အဝတ္လဲ၍ ခ်စ္ထြန္းဖြင့္ေပးတဲ့ကားေပၚတက္သည္အထိ အသက္မပါတဲ့အရုပ္ သူမွာ ဗလာနတၴိ။
Bạn đang đọc truyện trên: ZingTruyen.Xyz