ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

24

eainsi23


ကျေးရွာများတွင် အိမ်ရှေ့ မဏ္ဍုပ်ထိုးလေ့ရှိသော်ငြား
ဘမှောင်၏ မင်္ဂလာကိုတော့ သေချာ ရွာဦးဇရပ်တွင်ကျင်းပလေသည်။
ရွားနီးခြောက်ရွာတွင် ဘမှောင်နှင့်ချစ်ထွန်းကို မသိသူမရှိတာကြောင့် အကုန်နီးပါးလာကြမည်ဖြစ်သည်။
ချမ်းသာဆန်စက်၊ချမ်းသာဆီစက်သည် နေရာနှစ်နေရာခွဲထားတာကြောင့် တစ်ယောက်ဆီ ဦးချုပ်သော
စက်ရုံများတွင် ပတ်သက်ရာ ကျေးဇူးမကင်းတဲ့သူများက အလွန်များ၏။

ရွာဦးစေတီနှင့်ရွာဦးဇရပ်ကို ချမ်းသာ ဆန်စက်မှ လှူဒါန်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ခေတ်မှီသစ်လွန်သော ဇရပ်တွင် လူတိုင်း ဧည့်ခံနိုင်အောင်ကျယ်ဝန်းသည့်အပြင် အလှူပွဲတချို့ကိုပင် ထိုဇရပ်ပေါ်တွင် ကြီးမှူးကပ်လှူနိုင်အောင် အပြီးအစီး သေချာလုပ်ထားခြင်းဖြစ်၏။

"ဘာတွေလိုအပ်သေးလဲ အရီးတို့ "

ဇရပ်၏ ဘေးတွင်နေရာလွတ်တစ်ခုရှိ၏။
ထိုနေရာတွင် ရေစင်နှင့် ချုပ်ပြုတ်ကြော်လှော်ရာ အဖွဲ့သားများနှင့် အိုးခွက်များရှိလေသည်။
ထိုသူများသည်ရွာရှိ အိုးသူကြီးများဖြစ်၏။
အချပ်အပြုတ်လက်ရာကောင်းသည့်အပြင်
တစ်ဖွဲ့လုံးအခငွေကြေးနှင့်မဟုတ်ပဲ ရပ်ရေးရွာရေးကူညီရန်အဖွဲ့ဖွဲ့ထားခြင်းဖြစ်၏။

ထိုအဖွဲ့တွင် အမျိုးသမီးကြီးလေးယောက်နှင့် အမျိုးသားကြီးခုနှစ်ယောက် ချက်ပြုတ်နေကြသည်။
လာရောက်ကူညီကြသော လူကြီးလူငယ်များမှာလည်း အလွန်များလှတာမို့ သကိဝင်လှုပ်ရှားနေကြတဲ့ပုံရိပ်များမှာအားရစဖွယ်ပင်။ ညမိုးမချုပ်သေးပေမဲ့ မီးစက်ကနေ ထွန်းလင်းသော မီးတို့သည် နေရာတိုင်းမှာ လင်းလဲ့နေပေသည်။
စုံသာမြိုင်၏ အမေးစကားကြောင့် နေရာလွတ်အပြည့်အလုပ်များနေသော အမျိုးသမီးကြီးတစ်စု၏
အာရုံသည် သူ့ဖက်ရောက်လာတော့သည်။ သူမတို့သည် လက်လှမ်းပြကာ

" မလိုအပ်ဘူး ကိုစုံရေ။ အကုန်ပြည့်စုံတယ်" ဟု အော်ဟစ်လာလေသည်။

လက်သုတ်ဝတ်ဖြင့်သူ့လက်အား သုတ်ကာ ထလာသော အမျိုးသမီးကြီးသည်

" မနက်အာရုံဆွမ်းကပ်ဖို့လည်း အဆင်သင့်ပဲ ။
ကျွေးဖို့မွေးဖို့ ဧည့်ခေါ်ဧည့်ခံရော ဖိတ်ထားလား "

"ချစ်ထွန်းကို သီးသန့်လိုက်ဖိတ်ခိုင်းထားတယ်အရီး။
ကျုပ်က ဒီနေရာမှာ လိုအပ် နေမှာပဲစိုးတာ။
အဓိကက မနက်ဧည့်ခံတဲ့အချိန်ရောက်မှ မလောက်မင မဖြစ်ဖို့ပဲ။ ကျန်တာက အကုန်ထောင့်စေ့တယ်အရီး။ အကျွေးအမွေးအဖွဲ့ကိုလည်း ခါတိုင်းလို အမျိုးသားတွေကိုပဲဖိတ်ခိုင်းထားတယ် ။ ပိုတာကအရေးမကြီးဘူး လိုနေတာမဖြစ်ဖို့ အရီးသေချာဂရုစိုက်ပေးအုံးဗျ  "

စုံသာမြိုင်စိုးရိမ်တာကိုသိတော့အမျိုးသမီးကြီးသည် ခေါင်းညိတ်ကာ

"ဒါဆို အရီး ရွာလည်က ငါးသည် မချစ်မဆီက ငါးကြင်းနီ တစ်ပုံးယူလိုက်မယ် ။ လိုရမယ်ရ ငါးပေါင်းထားလိုက်ရင် အရေးတကြီးဆို ဖြည့်ကျွေးလို့ရတယ် "

"ရတယ် အရီး အဆင်ပြေသလို လုပ်လိုက်။ ငွေရေးကြေးရေးကို စာရင်းကိုင် ကိုစိုးမြင့်ဆီမှာ
ထုတ်ယူလိုက်ရင် ရတယ်နော်။ "

"ဟုတ်ပြီ ဟုတ်ပြီ။ အရီး ခုပဲ မချစ်မဆီကို တစ်ယောက်သွားခိုင်းလိုက်မယ်"

" ဒါဆို ကျွန်တော်ပြန်တော့မယ်အရီး။ ပွဲပြီးရင် အရီးတို့အတွက် မုန့်ဖိုးလာမယ်နော်အရီး ။ စိတ်ချ "

" အေးပါကွယ် အေးပါ ။ ပေးတော့လည်းယူရတာပေါ့ "

အိုးကြီးချက်အဖွဲ့ကနေ စုံသာမြိုင် ပြန်လာတော့
ဘုရားပေါ်ကို တက်ခဲ့လိုက်သည်။
ထိုနေရာသည် လေညင်းဖွဖွတိုက်ခတ်ကာ
ဆည်းလဲသံလည်းတချွန်ချွန်ကြားနေရလေသည်။
မိုးသည် တစ်ဖန်ပြန်ချုပ်သွားပြန်ပြီဖြစ်၏။
ထိုအရပ်ထိုဒေသသည် သာယာလွန်းပေသည်။
နေရာလှသလို ရင်အေးစေသော အလှတစ်ပါးသည်
ဆီမီးပူဇော်သောနေရာတွင် ဝတ်ပြုနေ၏။

နံသာရောင် ‌ရှပ်လက်တိုသည် ပြီးခဲ့တဲ့အခေါက် သူဝယ်လာသော အင်္ကျီဖြစ်၏။
သူဝတ်ရင် မလှသောအရောင်ဖြစ်ပေမဲ့ ချမ်းအေးဝတ်လိုက်တဲ့အခါမှာတော့ သိပ်သိပ်လှပေသည်။
ရှင်းသန့်နေသော မျက်နှာသည် မျက်လုံးမှိတ်ကာ အာရုံစိုက်ထားတာမို့ သူလာသည်ကို မသိခဲ့ချေ။
သူသည် ဘေးမှာထိုင်ကာဘုရားမြန်မြန်ကန်တော့ကာ
ဘေးမှာရှိတဲ့  ချမ်းအေး၏ မျက်နှာအားမော်ဖူးမိ၏။

ကုသိုလ်ယူနေမှန်းသိပေမဲ့ မပစ်မှားဖို့ သတိပေး၍ မရချေ။ အဖုအပိန့်ကင်းစင်သော မျက်နှာသည် အေးချမ်းလွန်းလှတာကြောင့်နာမည်နှင့်လိုက်ကာ
စိတ်ချမ်းမြေ့ဖွယ်ကောင်း၏။

အာရုံပြု၍ ပြီးပြီထင်ပါ့။
ဝတ်ပြုပြီးမျက်လုံးဖွင့်ကြည့်တော့ဘေးမှာ သူရောက်နေတာကိုသိကာ အနည်းငယ်လန့်သွားကာ
လက်ဖဝါးနုနုက သူ့လက်မောင်းပေါ်ရောက်လာလေသည်။

"အသံမပေး ဘာမပေးနဲ့။ "

" ချမ်းအေး အာရုံပျက်မှာစိုးလို့ပါကွာ ။ ပြီးပြီလား "

" အင်း ။ ပြန်တော့မလား"

စုံသာမြိုင် သည်ပတ်ဝန်းကျင်၏ သဘာဝအလှအား ငေးမောကာ ခေါင်းရမ်းပြလိုက်သည်။
ညအချိန်မို့ ဘုရားပေါ်မှာ မည်သူမှရှိမနေတော့ပါ။

"ခဏ ထိုင်အုံးမယ်ဗျ ။ လာ ဟိုးဖက်နားမှာ ခုံရှိတယ်"

တောင်ကမုပေါ်မှာ ရင်ပြင်တည်ထားတာကြောင့်
အပေါ်စီးကနေ လယ်ကွင်းတွေကို မြင်ရပေသည်။
စုံသာမြိုင်သည် လူသူကင်းရှင်းတာကို အခွင့်ရေးယူကာ သူ့ထက်အနည်းငယ်နိမ့်သော ပုခုံးငယ်အား ‌လက်တင်လိုက်လေသည်။ အနည်းငယ် စိတ်လှုပ်ရှားကာ
သူ့အားမော့ကြည့်လာပြီး

"လူတွေတွေ့သွားအုံးမယ်"

" မလာလောက်ပါဘူးကွာ။ ခဏပဲ ။ တစ်ခါမှ ချမ်းအေးနဲ့ခုလိုလေးမနေဖူးဘူးလေ။ နှစ်ယောက်ထဲတွေ့ရတာခပ်ရှားရှားမို့ပါကွာ "

ရင်ပြင်တော်၏ ထောင့်တွင် ခုံတန်လျားရှည်ရှိနေပြီး
ထိုင်၍ပင် အဝေးက ရှု့ခင်းကို ကြည့်နိုင်လေသည်။
ညချမ်းအေးသည် အတူထိုင်နေတဲ့ စုံသာမြိုင်အားငေးကာ ဘာပြောရမှန်းမသိအောင် စိတ်လှုပ်ရှားနေမိသည်။ ရည်းစားဘဝတွင် နှစ်လနီးပါးမျှတွဲခဲ့သော်လည်း ရင်းနှီးမူ့ကနည်းလွန်းသည်မို့ သူကြောက်တာ ပုံမှန်ပင်။  တစ်ဖက်လူသည် သူ့အားနုနုညံ့ညံ့ကြည့်နေတာကိုတွေ့လိုက်ရတော့ အားနာမနေပဲ မျက်နှာအားဘေးသို့တွန်းလွှတ်လိုက်လေသည်။

"ဘာတုန်းကွာ "

အက်ရှသောအသံသည် နားစည်သို့ဖြည်းဖြည်းရိုက်ခတ်လာတော့ ညချမ်းအေးခမျှာကြက်သီးတွေပင်ထလာတော့၏

" ဘယ်လိုကြီးပြောနေတာလဲဗျာ ။ ရုပ်ကိုလည်းမကြည့်နဲ့ အသံကိုလည်းတိုးတိုးမပြောနဲ့ "

"ဟောဗျာ ဒါဆို ကျုပ်ဘယ်လိုပြောရမလဲဗျ။ "

ရွာဦးဇရပ်က ဖွင့်ထားတဲ့ဓာတ်စက်သံကလည်း ခပ်ကျယ်ကျယ်မို့ လေအထက်ကနေတဲ့ သူတို့ပင် သေချာကြားနေရသည်။
စုံသာမြိုင်သည် နဂိုက အလွန်အမင်းတိတ်ဆိတ်လွန်းလှသူဖြစ်သည်။ သို့သော် ထိုအချိန်သည် အချစ်နှင့်မတွေ့ခင်ကပင်။ ယခုမူ သူ့အား မော့မော့လေးကြည့်နေတဲ့ကောင်လေး၏ လက်ဖမိုးကို ဆုပ်ကိုင်၍
နဖူးပြင်အားအကြင်နာပေးမိတော့သည်။

" ဘုရားပေါ်ကြီးမှာနော်။ အရှက်မရှိဘူး"

"နေ့ဆိုလည်း..နေ့မို့ ။ ညဆိုတော့လည်း ဘုရား‌ ပေါ်မို့ဆိုတော့ ။ ဘယ်မှာတုန်း ကျုပ်အတွက်"

" ဘာတုန်း.. ဘာပြောလိုက်တာလဲ "

ညချမ်းအေးခမျှာ မျက်လုံးပြူးမျက်စံပြူးနှင့် မေးမိလျက်သား။

" ဘာပြောရမှာလဲကွ။ အထိမခံတာကိုပြောတာလေ ။
မင်း ဘာတွေတွေးနေတာလဲ"

နှစ်ယောက်လုံး ထိုအခါမှ ခပ်ရှက်ရှက်ဖြစ်ကာ
စုံသာမြိုင်လည်း ကိုင်ထားတဲ့လက်ကိုလွှတ်ပေးတော့သည်။
ဘုရားကနေပြန်လာတော့ အတော်လေးမိုးချုပ်နေပြီဖြစ်သည်။
အိမ်ပေါက်ဝရှေ့ရပ်ကာ စုံသာမြိုင် တံခါးဖွင့်နေတဲ့ညချမ်းအေးလက်ကိုဆွဲကာ

"မိုးချုပ်နေပြီလေ ကျုပ်ဒီမှာ အိပ်လို့ရဘူးလား။ "

"မရဘူး"

"ဘာလို့လဲ "

"ခင်ဗျားအိမ်က ဒီဘေးတင်လေ ။ မလွယ်ပေါက်ဖွင့်လိုက်ရင် အိမ်ရောက်တော့တာပဲ ။ သွား ပြန်တော့"

ဖွင့်ဟသွားတဲ့တံခါးနောက်ကို ချက်ခြင်းပြန်ဝင်ပြေးသွားတဲ့ပုံရိပ်လေးအားကြည့်ကာ ကျန်ခဲ့သူကတော့
စိတ်ထဲမတင်မကျ။ သူမျက်မှောင်ကြုံကာ
ပြန်ပိတ်သွားတဲ့ တံခါးရွက်ကို ကြည့်ကာ
ရက်စက်လှချည်လားဟု တွေးမိကာ မလှည့်ချင်လှည့်ချင် ပြန်လှည့်ရသည်။ အဖြစ်အပျက်ကထိုသို့နှယ်။

ရောင်နီပျိုးပျ မနက်ခင်းတွင် အသံချဲ့စက်၏
လော်စပီကာသံက မင်္ဂလာတေးကို မြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်နေ၏။
သတိုးသမီး၏ အလှပြင်ခန်းတွင် မြို့ကခေါ်ငှားပေးထားတဲ့နာမည်ကြီး အလှပြင်ဆင်သူမာမီကျော်တစ်ယောက် သဲသဲကဲကဲဖြစ်နေတဲ့ လူပျိုကြီး ကိုဘမှောင်အားမျက်စောင်းခဲကာ

" လူပျိုကြီးရေ ကြည့်နေတာလေးတွေရပ်ပါအုံး ။
သတိုးသမီးက ရှက်လွန်းလို့ ဒီမှာ ကောင်းကောင်းမနေတော့ဘူး"

အောက်ငုံ့နေတဲ့သတိုးသမီး၏ မျက်နှာကို ထိုအခါမှသတိရကာ ကိုဘမှောင်ရှက်ရှက်နှင့်ခေါင်းကုတ်ပြီး

" လှလို့ပါဗျာ။ ကျုပ်သတိုးသမီးကို ခါတိုင်းဒီလို အလှပြင်ထားတာ မတွေ့ဖူးတော့ ကျုပ်မျက်လုံးထဲနတ်သမီးလေးလိုဖြစ်နေလို့ပါ။ ကဲ ပြည့်ပြည့် ကိုကိုမိုး အပြင်ကပဲထွက်စောင့်နေတော့မယ်သိလား။ "

ဘမှောင်ထွက်သွားတာကို ကြည့်ပြီး မာမီကျော်တို့ တစ်ဖွဲ့က သဲကိုသဲလွန်းတယ်ဟု ပြောကာ ရယ်ကျန်ခဲ့ကြလေသည်။
ကိုဘမှောင်သည် စုံသာမြိုင်ဝယ်ပေးတဲ့ ‌တောင်ရှည်ကိုဝတ်ကာ မောင့်ကျက်သရေ ခေါင်းပေါင်းကြီးဖြင့် ခန့်ချောကြီးဖြစ်နေလေသည်။
မင်္ဂလာဇရပ်ကို ကားဖြင့်သွားမည်ဖြစ်ကာ
မသွားခင် ချစ်ထွန်းလာပေးသွားတဲ့ ငွေဖလားထဲ၌ ပေါက်ပေါက်နှင့် ပိုက်ဆံအများအပြားကို ထည့်နေလေသည်။ အိတ်ထဲတွင်လည်းပေးရကမ်းရအောင် ငွေကြေးကအပြည့်ထည့်ရသည်ဖြစ်ကာ သူ့ပုံစံက
ချစ်ပြည့်မပြီးခင် ထောင့်စေ့အောင် အကုန်စီစဉ်ထားပြီးဖြစ်သည်။

"အကုန်ပြီးပါပြီရှင် ။ ကိုကိုမိုးရေ ရှင့်သတိုးသမီးကိုတစ်ချက်ကြည့်ပါအုံး"

ဧည့်ခန်းမှာယောင်လည်လည်လုပ်နေတဲ့
ကိုဘမှောင်သည် အသံကြားတော့လှည့်ကြည့်လိုက်ရာ လှပသော သူ့သတိုးသမီးကို တွေ့လိုက်ရလေသည်။
တအံ့တဩ အကြည့်တို့ဖြင့် ချစ်ပြည့်အားကြည့်ကာ

"လှလိုက်တာ ညီမရာ" ဟုရေရွတ်မိတော့သည်။

မာမီကျော်တစ်ယောက်ကျေနပ်စွာပင်

"ကဲ .. ဒါဆို အချိန်နီးနေပြီ။သွားကြတော့မလား"

ထိုအခါမှ ကိုဘမှောင် သတိရကာ အိမ်ခန်းထဲက ဘူးတွင်ထည့်ထားသော လှပသောဖိနပ်တစ်ရံအားဆွဲယူကာ ‌ချစ်ပြည့်ရှေ့တွင် ချလိုက်သည်။

"လာ ပြည့်ပြည့်။ ဖိနပ်စီး ကိုကိုမိုးကိုကိုင်ထား"

ဖိနပ်တစ်ဖက်အားကိုင်၍ ချစ်ပြည့်ခြေထောက်အားလှမ်းလိုက်ရာ သတိုးသမီးသည်အနည်းငယ်နောက်တွန့်သွားလေသည်။

"နေပါစေ ကိုကိုမိုး။ ညီမ ဘာသာ စီးပါ့မယ်"

" ရပါတယ်ကွာ။ လာ.. လာ ကိုကိုမိုးပုခုံးကိုကိုင်ထား"

ချစ်ထွန်းအိမ်ထဲဝင်လာတော့ ယောက်ဖလုပ်သူက သူ့အမခြေထောက်ကိုကိုင်ကာဖိနပ်စီးပေးနေလေသည်။
မြင်ကွင်းက ထော်လော်ကန့်လန့်။ သို့သော်အမချစ်ပီပီ ယောက်ဖလုပ်သူနိုင်စားခံရတဲ့အရေးကို မျက်ကွယ်ပြုကာ

" သွားလို့ရပြီ" ဟုအော်လိုက်လေသည်။
မင်္ဂလာ‌ကားကို ချစ်ထွန်းမောင်းပေးမှာဖြစ်သည်။
မင်္ဂလာပွဲကြီးနေ့မို့ တစ်ရွာလုံးက လူအများသည် ဝတ်ကောင်းစားလှဝတ်၍ ရွာဦးမဏ္ဍုပ်ရှိရာနေရာသို့ သွားနေကြလေသည်။

ကျွေးမွေးဧည့်ခံမူ့ကလည်း အတိုင်းထက်အလွန်။
စည်ကားမူ့ကလည်းဝက်ဝက်ကွဲ။
ထမင်းကျွေးအဖွဲ့သည် သက်လတ်ပိုင်းအမျိုးသားများမှကျွေးမွေးခြင်းဖြစ်သည်။ ဇရပ်၏ ဘေး‌တွင် လက်ဆေးကန်နှင့် ဆေးကြောဖို့ ပြင်ဆင်ထားသည့်နေရာတွင် ဝိုင်းဝန်းဆေးနေကြတဲ့ အမျိုးသမီးအဖွဲ့လည်းရှိပေသည်။

အသံချဲ့စက်ကနေ အောင်ပါစေ မဖွင့်ခင်
ရပ်ရွာထဲက ဘိတ်သိတ်ဆရာ က အခါတော်ပေးလေသည်။ အကုန်ပြီးစီးပြီဆိုမှ

"ကဲစက်ဆရာရေ အောင်ပါစေလေးဖွင့်လို့ရပါပြီ"

ဟု အော်ပေးရာ အဆင်သင့်ပြင်ထားသော စက်ဆရာသည် ဓာတ်စက်အား အသံကုန်ချဲ့၍ အောင်ပါစေ သီချင်းကို ဖွင့်ပေးလေတော့သည်။ ရပ်ရွာဓလေ့တွင်အောင်ပါစေဖွင့်မှ မင်္ဂလာပွဲပြီးသည်ဟုသက်မှတ်ကြရာ ရွှေကြိုငွေ‌ကြိုးတားဖို့ အပျိုခေါင်းတချို့နှင့် ဟင်းချက်အဖွဲ့ ၊ဆေးကြောအဖွဲ့၊ လူပျိုခေါင်းအဖွဲ့တို့က ဝိုင်းလာကြလေသည်။

ဘမှောင်တစ်ယောက်ပြုံးလို့မဆုံး ပျော်၍မဆုံးတော့ပေ။
ရက်ရောစွာပင် ချစ်ပြည့်လက်ကိုဆွဲ အိတ်ထဲမှာ အထပ်လိုက်ထည့်ထားသော ငွေများကို ဝေငှလေရာ သတိုးသား၊သတိုးသမီးဘေးတွင် လူအုံလျက်ရှိနေတော့သည်။
အတော်ကြာတော့ လူများဖယ်ပေးပြီးနောက်
ငွေဖလားဖြင့် ဇရပ် လှေကားထိပ်ပေါ်ရပ်ကာ ပိုက်ဆံ‌ကျဲလိုက်၏ ။

လူကြီးလူငယ် လူပျိုမချန်ဝိုင်းလုကြတာ ပျော်စရာပင်။

ငွေရှိသူပီပီ  ပိုက်ဆံသည်အရွက်သေးမပါပေ။
ပျော်စရာ အတိဖြင့် ထိုနေ့က အဆင်ပြေစွာပင် မင်္ဂလာပွဲပြီးသွားခဲ့လေသည်။ ခြိမ့်ခြိမ့်သဲဆိုတဲ့စကားသည် ချစ်ပြည့်၏ မင်္ဂလာပွဲအားသတ်မှတ်ခြင်းဖြစ်မည်။
သတိုးသားကလည်း သတိုးသမီးအား ချစ်လိုက်တာမှ တုန်လို့ဟု ပြောစမှတ်လည်းတွင်ခဲ့ရာ နှမလင်နေ မောင်ဖင်ကျိန်းဟု ဆိုရမလို ချစ်ထွန်းတစ်ယောက် တောက်တခေါက်ခေါက် ဖြစ်၍မဆုံးပေ။

တင်တောင်းရမည့်မိခင်မရှိတော့သော်ငြား
မိခင်ကောင်းဖခင် သားသမီးပီသစွာ ချစ်ရတဲ့သတိုးသမီး ဂုဏ်ရှိစေဖို့ အိမ်ခြံမြေ အပါအဝင် ရွှေနှစ်ဆယ်သား တင်ခဲ့လေရာ ရွာထဲမှာ ဟိုးလေတကြော်ကြော်ဖြစ်ခဲ့လေတော့သည်။

မင်္ဂလာပွဲပြီးနောက် တစ်အိမ်လုံး စိတ်မောလက်မော
ဖြစ်ကျန်ခဲ့သည်။ သိမ်းလိုက်ရတဲ့ပစ္စည်းကလည်း များပြားလွန်းရာ ညချမ်းအေးပင် ကျောင်းကနေခွင့်ယူပြီး စုံသာမြိုင်၏အိမ်တွင် ကူညီနေရလေသည်။

"ဦးဦး "

"ဗျာ "

ကူးကူးတစ်ယောက် အဝတ်စုတ်ဖြင့် တိုက်ပန်းကန်တွေသုတ်နေတဲ့ညချမ်းအေးအပေါ်ကုတ်တွယ်တက်ကာ

" ဖေကြီးကပြောတယ်။သူလည်း မမပြည့်ပြည့်လို မင်္ဂလာဆောင်မှာတဲ့"

အမှားလုပ်ထားသူပီပီ ညချမ်းအေးမှာတုန်ခနဲ။
မလှမ်းမကမ်းမှာ ထိုင်ပြီး ဂျာနယ်ဖတ်နေတဲ့ စုံသာမြိုင်ကိုလှမ်ကြည့်ကာ မျက်စောင်းခဲကြည့်လိုက်ပြီး

" ဖေကြီးညာပြောတာနေမှာပါ။ ဖေကြီးမှာ ကူးကူးတစ်ယောက်လုံးရှိတာ ဘယ်လို ယူလို့ရမှာလဲ"

" ဟင့်အင် ဦးဦးမသိပါဘူး။ ဖေသက်ကပြောတာတော့ ဖေကြီးက ငယ်ငယ်ပဲရှိသေးတာမို့ အိမ်ထောင်ပြုချင်လည်းပြုနိုင်တယ်တဲ့။ အကူးက
ဖေကြီးဆုံးဖြတ်တာကိုမနှောက်ယှက်ရဘူးတဲ့"

ကူးကူးက ကိုသက်ခိုင်နဲ့နေတာကြာလာတော့ အနည်းငယ် ရင့်ကျက်လာလေသည်။
ကလေးဆိုပေမဲ့ တည်ငြိမ်စွာပင် စကားပြောနေပြီး
ကိုစုံသာမြိုင်အပေါ်တွင်လည်းနားလည်ပေးထားသည့်နှယ်။

" သမီးက ဖေကြီး သမီးလေးပဲဟာ။ ဒါနှောက်ယှက်တယ်လို့ပြောလို့မရပါဘူး ။ ဘာလို့လဲ။ ဖေကြီးအိမ်ထောင်ပြုမှာကို သမီးက မကြိုက်လို့လား"

" သမီး ကြိုက်ပါတယ်။ နောက်ဆို ကူးကူးက ဖေသက်နဲ့ မြို့ပေါ်သွားနေရတော့မှာလေ "

" ဘယ်လို ။ "

ကူးကူး မျက်‌နှာလေးမော့ကာ ညချမ်းအေး အား ရယ်ပြလာသည်။

" ဦးဦးမသိဘူးလား။ ကူးကူးက ဖေသက်သမီးလေ။
ဖေသက်ပြောတာတော့ ဖေကြီးက ကူးကူးရဲ့မွေးစားဖေကြီးတဲ့။ နှစ်ခုလုံးအတူတူပဲမို့ ကူးကူးက ဝမ်းမနည်းရဘူးတဲ့။ "

ပထမဦးဆုံး ညချမ်းအေး အံ့ဩသွားရာမှ ကူးကူးအားဖက်လိုက်ပြီး

" ကူးကူးက တော်လိုက်တာ။ တချို့ကလေးတွေဆိုရင်
အဲ့အကြောင်းကြားရင်ငိုကြမှာသိလား"

" ကူးကူးလည်း ငိုတာပေါ့။ ဒါပေမဲ့ ဖေသက် ငိုတော့ ကူးကူးပိုဝမ်းနည်းရတယ်။ ဒီနေရာကြီးကလည်း နာတယ်။"

သူ့ရင်ဘတ်လေးဖိကာ ကူးကူးပြောလာတော့ သူလည်း စိတ်မကောင်းတော့။

" ဖေသက်က သူ့ကို အဖေမတော်ချင်ဘူးလားတဲ့။ သမီးက ဖေသက်ကို မလိုချင်ရင် ဟိုးအဝေးကြီးကိုထွက်သွားတော့မယ်တဲ့။ သမီး မလိုချင်လို့မဟုတ်ပါဘူး။ ဒါပေမဲ့ဖေကြီးနဲ့လည်းမခွဲနိုင်ဘူး ။ ဖေသက်ကိုလည်းမသွားစေချင်ဘူး "

"ဒါဆို သမီးက ဘာလို့ မြို့ကိုသွားမှာလဲ"

" ဖေကြီးက ဖေသက်နဲ့ အရင်လိုက်သွားခိုင်းလို့လေ။ 
မြို့ပေါ်က ကျောင်းမှာ သမီးကို စာအရင်သင်တဲ့။ နောက်နှစ်ကျ ဦးဦးကိုခေါ်ပြီး လာနေမယ်တဲ့ ။ ဖေကြီးကသမီးကို လိမ်တာလားဟင် ဦးဦး "

ကလေးစကားကြောင့် ဘာပြောရမှန်းပင်မသိတော့ပေ။ ခုတလော ဦးသက်ခိုင်သည် မြို့ပေါ်က ပွဲရုံမှာ ရုံးထိုင်ပေးရမည်ဟု ကိုစုံသာမြိုင် ပြောတာကိုကြားဖူးသည်။ သူသွားမည်ဆိုတော့ ကလေးကိုပါ ခေါ်
သွားချင်ပုံပင်။
ခုထိ မျှော်လင့်စွာကြည့်နေတဲ့ ကူးကူးအား

" ဟုတ်ပြီ ဦးဦး အားရင် လာခဲ့မယ်" ဟု မယုတ်မလွန် ကတိပေးလိုက်လေသည်။
ထိုအချိန်မှစ၍ ညချမ်းအေး နှလုံးအိမ်သည်
ဘောင်ဘင်ခတ်သော အတွေးများဖြင့်ပြည့်နက်နေခဲ့သည်။

ေက်းရြာမ်ားတြင္ အိမ္ေရ႔ွ မ႑ုပ္ထိုးေလ့ရိွေသာ္ျငား
ဘေမွာင္၏ မဂၤလာကိုေတာ့ ေသခ်ာ ရြာဦးဇရပ္တြင္က်င္းပေလသည္။
ရြားနီးေျခာက္ရြာတြင္ ဘေမွာင္ႏွင့္ခ်စ္ထြန္းကို မသိသူမရိွတာေၾကာင့္ အကုန္နီးပါးလာၾကမည္ျဖစ္သည္။
ခ်မ္းသာဆန္စက္၊ခ်မ္းသာဆီစက္သည္ ေနရာႏွစ္ေနရာခြဲထားတာေၾကာင့္ တစ္ေယာက္ဆီ ဦးခ်ဳပ္ေသာ
စက္ရံုမ်ားတြင္ ပတ္သက္ရာ ေက်းဇူးမကင္းတဲ့သူမ်ားက အလြန္မ်ား၏။

ရြာဦးေစတီႏွင့္ရြာဦးဇရပ္ကို ခ်မ္းသာ ဆန္စက္မွ လႉဒါန္းထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ေခတ္မွီသစ္လြန္ေသာ ဇရပ္တြင္ လူတိုင္း ဧၫ့္ခံႏိုင္ေအာင္က်ယ္ဝန္းသၫ့္အျပင္ အလႉပြဲတခ်ိဳ႕ကိုပင္ ထိုဇရပ္ေပၚတြင္ ႀကီးမွဴးကပ္လႉႏိုင္ေအာင္ အၿပီးအစီး ေသခ်ာလုပ္ထားျခင္းျဖစ္၏။

"ဘာေတြလိုအပ္ေသးလဲ အရီးတို႔ "

ဇရပ္၏ ေဘးတြင္ေနရာလြတ္တစ္ခုရိွ၏။
ထိုေနရာတြင္ ေရစင္ႏွင့္ ခ်ဳပ္ျပဳတ္ေၾကာ္ေလွာ္ရာ အဖြဲ႔သားမ်ားႏွင့္ အိုးခြက္မ်ားရိွေလသည္။
ထိုသူမ်ားသည္ရြာရိွ အိုးသူႀကီးမ်ားျဖစ္၏။
အခ်ပ္အျပဳတ္လက္ရာေကာင္းသၫ့္အျပင္
တစ္ဖြဲ႔လံုးအခေငြေၾကးႏွင့္မဟုတ္ပဲ ရပ္ေရးရြာေရးကူညီရန္အဖြဲ႔ဖြဲ႔ထားျခင္းျဖစ္၏။

ထိုအဖြဲ႔တြင္ အမ်ိဳးသမီးႀကီးေလးေယာက္ႏွင့္ အမ်ိဳးသားႀကီးခုႏွစ္ေယာက္ ခ်က္ျပဳတ္ေနၾကသည္။
လာေရာက္ကူညီၾကေသာ လူႀကီးလူငယ္မ်ားမွာလည္း အလြန္မ်ားလွတာမို႔ သကိဝင္လႈပ္ရွားေနၾကတဲ့ပံုရိပ္မ်ားမွာအားရစဖြယ္ပင္။ ညမိုးမခ်ဳပ္ေသးေပမဲ့ မီးစက္ကေန ထြန္းလင္းေသာ မီးတို႔သည္ ေနရာတိုင္းမွာ လင္းလဲ့ေနေပသည္။
စံုသာၿမိဳင္၏ အေမးစကားေၾကာင့္ ေနရာလြတ္အျပၫ့္အလုပ္မ်ားေနေသာ အမ်ိဳးသမီးႀကီးတစ္စု၏
အာရံုသည္ သူ႔ဖက္ေရာက္လာေတာ့သည္။ သူမတို႔သည္ လက္လွမ္းျပကာ

" မလိုအပ္ဘူး ကိုစံုေရ။ အကုန္ျပၫ့္စံုတယ္" ဟု ေအာ္ဟစ္လာေလသည္။

လက္သုတ္ဝတ္ျဖင့္သူ႔လက္အား သုတ္ကာ ထလာေသာ အမ်ိဳးသမီးႀကီးသည္

" မနက္အာရံုဆြမ္းကပ္ဖို႔လည္း အဆင္သင့္ပဲ ။
ေကြၽးဖို႔ေမြးဖို႔ ဧၫ့္ေခၚဧၫ့္ခံေရာ ဖိတ္ထားလား "

"ခ်စ္ထြန္းကို သီးသန႔္လိုက္ဖိတ္ခိုင္းထားတယ္အရီး။
က်ဳပ္က ဒီေနရာမွာ လိုအပ္ ေနမွာပဲစိုးတာ။
အဓိကက မနက္ဧၫ့္ခံတဲ့အခ်ိန္ေရာက္မွ မေလာက္မင မျဖစ္ဖို႔ပဲ။ က်န္တာက အကုန္ေထာင့္ေစ့တယ္အရီး။ အေကြၽးအေမြးအဖြဲ႔ကိုလည္း ခါတိုင္းလို အမ်ိဳးသားေတြကိုပဲဖိတ္ခိုင္းထားတယ္ ။ ပိုတာကအေရးမႀကီးဘူး လိုေနတာမျဖစ္ဖို႔ အရီးေသခ်ာဂရုစိုက္ေပးအံုးဗ်  "

စံုသာၿမိဳင္စိုးရိမ္တာကိုသိေတာ့အမ်ိဳးသမီးႀကီးသည္ ေခါင္းညိတ္ကာ

"ဒါဆို အရီး ရြာလည္က ငါးသည္ မခ်စ္မဆီက ငါးၾကင္းနီ တစ္ပံုးယူလိုက္မယ္ ။ လိုရမယ္ရ ငါးေပါင္းထားလိုက္ရင္ အေရးတႀကီးဆို ျဖၫ့္ေကြၽးလို႔ရတယ္ "

"ရတယ္ အရီး အဆင္ေျပသလို လုပ္လိုက္။ ေငြေရးေၾကးေရးကို စာရင္းကိုင္ ကိုစိုးျမင့္ဆီမွာ
ထုတ္ယူလိုက္ရင္ ရတယ္ေနာ္။ "

"ဟုတ္ၿပီ ဟုတ္ၿပီ။ အရီး ခုပဲ မခ်စ္မဆီကို တစ္ေယာက္သြားခိုင္းလိုက္မယ္"

" ဒါဆို ကြၽန္ေတာ္ျပန္ေတာ့မယ္အရီး။ ပြဲၿပီးရင္ အရီးတို႔အတြက္ မုန႔္ဖိုးလာမယ္ေနာ္အရီး ။ စိတ္ခ် "

" ေအးပါကြယ္ ေအးပါ ။ ေပးေတာ့လည္းယူရတာေပါ့ "

အိုးႀကီးခ်က္အဖြဲ႔ကေန စံုသာၿမိဳင္ ျပန္လာေတာ့
ဘုရားေပၚကို တက္ခဲ့လိုက္သည္။
ထိုေနရာသည္ ေလညင္းဖြဖြတိုက္ခတ္ကာ
ဆည္းလဲသံလည္းတခြၽန္ခြၽန္ၾကားေနရေလသည္။
မိုးသည္ တစ္ဖန္ျပန္ခ်ဳပ္သြားျပန္ၿပီျဖစ္၏။
ထိုအရပ္ထိုေဒသသည္ သာယာလြန္းေပသည္။
ေနရာလွသလို ရင္ေအးေစေသာ အလွတစ္ပါးသည္
ဆီမီးပူေဇာ္ေသာေနရာတြင္ ဝတ္ျပဳေန၏။

နံသာေရာင္ ‌ရွပ္လက္တိုသည္ ၿပီးခဲ့တဲ့အေခါက္ သူဝယ္လာေသာ အက်ႌျဖစ္၏။
သူဝတ္ရင္ မလွေသာအေရာင္ျဖစ္ေပမဲ့ ခ်မ္းေအးဝတ္လိုက္တဲ့အခါမွာေတာ့ သိပ္သိပ္လွေပသည္။
ရွင္းသန႔္ေနေသာ မ်က္ႏွာသည္ မ်က္လံုးမိွတ္ကာ အာရံုစိုက္ထားတာမို႔ သူလာသည္ကို မသိခဲ့ေခ်။
သူသည္ ေဘးမွာထိုင္ကာဘုရားျမန္ျမန္ကန္ေတာ့ကာ
ေဘးမွာရိွတဲ့  ခ်မ္းေအး၏ မ်က္ႏွာအားေမာ္ဖူးမိ၏။

ကုသိုလ္ယူေနမွန္းသိေပမဲ့ မပစ္မွားဖို႔ သတိေပး၍ မရေခ်။ အဖုအပိန႔္ကင္းစင္ေသာ မ်က္ႏွာသည္ ေအးခ်မ္းလြန္းလွတာေၾကာင့္နာမည္ႏွင့္လိုက္ကာ
စိတ္ခ်မ္းေျမ့ဖြယ္ေကာင္း၏။

အာရံုျပဳ၍ ၿပီးၿပီထင္ပါ့။
ဝတ္ျပဳျပီးမ်က္လံုးဖြင့္ၾကၫ့္ေတာ့ေဘးမွာ သူေရာက္ေနတာကိုသိကာ အနည္းငယ္လန႔္သြားကာ
လက္ဖဝါးႏုႏုက သူ႔လက္ေမာင္းေပၚေရာက္လာေလသည္။

"အသံမေပး ဘာမေပးနဲ႔။ "

" ခ်မ္းေအး အာရံုပ်က္မွာစိုးလို႔ပါကြာ ။ ၿပီးၿပီလား "

" အင္း ။ ျပန္ေတာ့မလား"

စံုသာၿမိဳင္ သည္ပတ္ဝန္းက်င္၏ သဘာဝအလွအား ေငးေမာကာ ေခါင္းရမ္းျပလိုက္သည္။
ညအခ်ိန္မို႔ ဘုရားေပၚမွာ မည္သူမွရိွမေနေတာ့ပါ။

"ခဏ ထိုင္အံုးမယ္ဗ် ။ လာ ဟိုးဖက္နားမွာ ခံုရိွတယ္"

ေတာင္ကမုေပၚမွာ ရင္ျပင္တည္ထားတာေၾကာင့္
အေပၚစီးကေန လယ္ကြင္းေတြကို ျမင္ရေပသည္။
စံုသာၿမိဳင္သည္ လူသူကင္းရွင္းတာကို အခြင့္ေရးယူကာ သူ႔ထက္အနည္းငယ္နိမ့္ေသာ ပုခံုးငယ္အား ‌လက္တင္လိုက္ေလသည္။ အနည္းငယ္ စိတ္လႈပ္ရွားကာ
သူ႔အားေမာ့ၾကၫ့္လာၿပီး

"လူေတြေတြ့သြားအံုးမယ္"

" မလာေလာက္ပါဘူးကြာ။ ခဏပဲ ။ တစ္ခါမွ ခ်မ္းေအးနဲ႔ခုလိုေလးမေနဖူးဘူးေလ။ ႏွစ္ေယာက္ထဲေတြ့ရတာခပ္ရွားရွားမို႔ပါကြာ "

ရင္ျပင္ေတာ္၏ ေထာင့္တြင္ ခံုတန္လ်ားရွည္ရိွေနၿပီး
ထိုင္၍ပင္ အေဝးက ရႈ႔ခင္းကို ၾကၫ့္ႏိုင္ေလသည္။
ညခ်မ္းေအးသည္ အတူထိုင္ေနတဲ့ စံုသာၿမိဳင္အားေငးကာ ဘာေျပာရမွန္းမသိေအာင္ စိတ္လႈပ္ရွားေနမိသည္။ ရည္းစားဘဝတြင္ ႏွစ္လနီးပါးမ်ွတြဲခဲ့ေသာ္လည္း ရင္းႏွီးမူ႔ကနည္းလြန္းသည္မို႔ သူေၾကာက္တာ ပံုမွန္ပင္။  တစ္ဖက္လူသည္ သူ႔အားႏုႏုညံ့ညံ့ၾကၫ့္ေနတာကိုေတြ့လိုက္ရေတာ့ အားနာမေနပဲ မ်က္ႏွာအားေဘးသို႔တြန္းလႊတ္လိုက္ေလသည္။

"ဘာတုန္းကြာ "

အက္ရွေသာအသံသည္ နားစည္သို႔ျဖည္းျဖည္းရိုက္ခတ္လာေတာ့ ညခ်မ္းေအးခမ်ွာၾကက္သီးေတြပင္ထလာေတာ့၏

" ဘယ္လိုႀကီးေျပာေနတာလဲဗ်ာ ။ ရုပ္ကိုလည္းမၾကၫ့္နဲ႔ အသံကိုလည္းတိုးတိုးမေျပာနဲ႔ "

"ေဟာဗ်ာ ဒါဆို က်ဳပ္ဘယ္လိုေျပာရမလဲဗ်။ "

ရြာဦးဇရပ္က ဖြင့္ထားတဲ့ဓာတ္စက္သံကလည္း ခပ္က်ယ္က်ယ္မို႔ ေလအထက္ကေနတဲ့ သူတို႔ပင္ ေသခ်ာၾကားေနရသည္။
စံုသာၿမိဳင္သည္ နဂိုက အလြန္အမင္းတိတ္ဆိတ္လြန္းလွသူျဖစ္သည္။ သို႔ေသာ္ ထိုအခ်ိန္သည္ အခ်စ္ႏွင့္မေတြ့ခင္ကပင္။ ယခုမူ သူ႔အား ေမာ့ေမာ့ေလးၾကၫ့္ေနတဲ့ေကာင္ေလး၏ လက္ဖမိုးကို ဆုပ္ကိုင္၍
နဖူးျပင္အားအၾကင္နာေပးမိေတာ့သည္။

" ဘုရားေပၚႀကီးမွာေနာ္။ အရွက္မရိွဘူး"

"ေန့ဆိုလည္း..ေန့မို႔ ။ ညဆိုေတာ့လည္း ဘုရား‌ ေပၚမို႔ဆိုေတာ့ ။ ဘယ္မွာတုန္း က်ဳပ္အတြက္"

" ဘာတုန္း.. ဘာေျပာလိုက္တာလဲ "

ညခ်မ္းေအးခမ်ွာ မ်က္လံုးျပဴးမ်က္စံျပဴးႏွင့္ ေမးမိလ်က္သား။

" ဘာေျပာရမွာလဲကြ။ အထိမခံတာကိုေျပာတာေလ ။
မင္း ဘာေတြေတြးေနတာလဲ"

ႏွစ္ေယာက္လံုး ထိုအခါမွ ခပ္ရွက္ရွက္ျဖစ္ကာ
စံုသာၿမိဳင္လည္း ကိုင္ထားတဲ့လက္ကိုလႊတ္ေပးေတာ့သည္။
ဘုရားကေနျပန္လာေတာ့ အေတာ္ေလးမိုးခ်ဳပ္ေနၿပီျဖစ္သည္။
အိမ္ေပါက္ဝေရ႔ွရပ္ကာ စံုသာၿမိဳင္ တံခါးဖြင့္ေနတဲ့ညခ်မ္းေအးလက္ကိုဆြဲကာ

"မိုးခ်ဳပ္ေနၿပီေလ က်ဳပ္ဒီမွာ အိပ္လို႔ရဘူးလား။ "

"မရဘူး"

"ဘာလို႔လဲ "

"ခင္ဗ်ားအိမ္က ဒီေဘးတင္ေလ ။ မလြယ္ေပါက္ဖြင့္လိုက္ရင္ အိမ္ေရာက္ေတာ့တာပဲ ။ သြား ျပန္ေတာ့"

ဖြင့္ဟသြားတဲ့တံခါးေနာက္ကို ခ်က္ျခင္းျပန္ဝင္ေျပးသြားတဲ့ပံုရိပ္ေလးအားၾကၫ့္ကာ က်န္ခဲ့သူကေတာ့
စိတ္ထဲမတင္မက်။ သူမ်က္ေမွာင္ႀကံဳကာ
ျပန္ပိတ္သြားတဲ့ တံခါးရြက္ကို ၾကၫ့္ကာ
ရက္စက္လွခ်ည္လားဟု ေတြးမိကာ မလွၫ့္ခ်င္လွၫ့္ခ်င္ ျပန္လွၫ့္ရသည္။ အျဖစ္အပ်က္ကထိုသို႔ႏွယ္။

ေရာင္နီပ်ိဳးပ် မနက္ခင္းတြင္ အသံခ်ဲ့စက္၏
ေလာ္စပီကာသံက မဂၤလာေတးကို ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ဖြင့္ေန၏။
သတိုးသမီး၏ အလျွပင္ခန္းတြင္ ၿမိဳ႔ကေခၚငွားေပးထားတဲ့နာမည္ႀကီး အလျွပင္ဆင္သူမာမီေက်ာ္တစ္ေယာက္ သဲသဲကဲကဲျဖစ္ေနတဲ့ လူပ်ိဳႀကီး ကိုဘေမွာင္အားမ်က္ေစာင္းခဲကာ

" လူပ်ိဳႀကီးေရ ၾကၫ့္ေနတာေလးေတြရပ္ပါအံုး ။
သတိုးသမီးက ရွက္လြန္းလို႔ ဒီမွာ ေကာင္းေကာင္းမေနေတာ့ဘူး"

ေအာက္ငံု႔ေနတဲ့သတိုးသမီး၏ မ်က္ႏွာကို ထိုအခါမွသတိရကာ ကိုဘေမွာင္ရွက္ရွက္ႏွင့္ေခါင္းကုတ္ၿပီး

" လွလို႔ပါဗ်ာ။ က်ဳပ္သတိုးသမီးကို ခါတိုင္းဒီလို အလျွပင္ထားတာ မေတြ့ဖူးေတာ့ က်ဳပ္မ်က္လံုးထဲနတ္သမီးေလးလိုျဖစ္ေနလို႔ပါ။ ကဲ ျပၫ့္ျပၫ့္ ကိုကိုမိုး အျပင္ကပဲထြက္ေစာင့္ေနေတာ့မယ္သိလား။ "

ဘေမွာင္ထြက္သြားတာကို ၾကၫ့္ၿပီး မာမီေက်ာ္တို႔ တစ္ဖြဲ႔က သဲကိုသဲလြန္းတယ္ဟု ေျပာကာ ရယ္က်န္ခဲ့ၾကေလသည္။
ကိုဘေမွာင္သည္ စံုသာၿမိဳင္ဝယ္ေပးတဲ့ ‌ေတာင္ရွည္ကိုဝတ္ကာ ေမာင့္က်က္သေရ ေခါင္းေပါင္းႀကီးျဖင့္ ခန႔္ေခ်ာႀကီးျဖစ္ေနေလသည္။
မဂၤလာဇရပ္ကို ကားျဖင့္သြားမည္ျဖစ္ကာ
မသြားခင္ ခ်စ္ထြန္းလာေပးသြားတဲ့ ေငြဖလားထဲ၌ ေပါက္ေပါက္ႏွင့္ ပိုက္ဆံအမ်ားအျပားကို ထၫ့္ေနေလသည္။ အိတ္ထဲတြင္လည္းေပးရကမ္းရေအာင္ ေငြေၾကးကအျပၫ့္ထၫ့္ရသည္ျဖစ္ကာ သူ႔ပံုစံက
ခ်စ္ျပၫ့္မၿပီးခင္ ေထာင့္ေစ့ေအာင္ အကုန္စီစဉ္ထားၿပီးျဖစ္သည္။

"အကုန္ၿပီးပါၿပီရွင္ ။ ကိုကိုမိုးေရ ရွင့္သတိုးသမီးကိုတစ္ခ်က္ၾကၫ့္ပါအံုး"

ဧၫ့္ခန္းမွာေယာင္လည္လည္လုပ္ေနတဲ့
ကိုဘေမွာင္သည္ အသံၾကားေတာ့လွၫ့္ၾကၫ့္လိုက္ရာ လွပေသာ သူ႔သတိုးသမီးကို ေတြ့လိုက္ရေလသည္။
တအံ့တဩ အၾကၫ့္တို႔ျဖင့္ ခ်စ္ျပၫ့္အားၾကၫ့္ကာ

"လွလိုက္တာ ညီမရာ" ဟုေရရြတ္မိေတာ့သည္။

မာမီေက်ာ္တစ္ေယာက္ေက်နပ္စြာပင္

"ကဲ .. ဒါဆို အခ်ိန္နီးေနၿပီ။သြားၾကေတာ့မလား"

ထိုအခါမွ ကိုဘေမွာင္ သတိရကာ အိမ္ခန္းထဲက ဘူးတြင္ထၫ့္ထားေသာ လွပေသာဖိနပ္တစ္ရံအားဆြဲယူကာ ‌ခ်စ္ျပၫ့္ေရ႔ွတြင္ ခ်လိုက္သည္။

"လာ ျပၫ့္ျပၫ့္။ ဖိနပ္စီး ကိုကိုမိုးကိုကိုင္ထား"

ဖိနပ္တစ္ဖက္အားကိုင္၍ ခ်စ္ျပၫ့္ေျခေထာက္အားလွမ္းလိုက္ရာ သတိုးသမီးသည္အနည္းငယ္ေနာက္တြန႔္သြားေလသည္။

"ေနပါေစ ကိုကိုမိုး။ ညီမ ဘာသာ စီးပါ့မယ္"

" ရပါတယ္ကြာ။ လာ.. လာ ကိုကိုမိုးပုခံုးကိုကိုင္ထား"

ခ်စ္ထြန္းအိမ္ထဲဝင္လာေတာ့ ေယာက္ဖလုပ္သူက သူ႔အမေျခေထာက္ကိုကိုင္ကာဖိနပ္စီးေပးေနေလသည္။
ျမင္ကြင္းက ေထာ္ေလာ္ကန႔္လန႔္။ သို႔ေသာ္အမခ်စ္ပီပီ ေယာက္ဖလုပ္သူႏိုင္စားခံရတဲ့အေရးကို မ်က္ကြယ္ျပဳကာ

" သြားလို႔ရၿပီ" ဟုေအာ္လိုက္ေလသည္။
မဂၤလာ‌ကားကို ခ်စ္ထြန္းေမာင္းေပးမွာျဖစ္သည္။
မဂၤလာပြဲႀကီးေန့မို႔ တစ္ရြာလံုးက လူအမ်ားသည္ ဝတ္ေကာင္းစားလွဝတ္၍ ရြာဦးမ႑ုပ္ရိွရာေနရာသို႔ သြားေနၾကေလသည္။

ေကြၽးေမြးဧၫ့္ခံမူ႔ကလည္း အတိုင္းထက္အလြန္။
စည္ကားမူ႔ကလည္းဝက္ဝက္ကြဲ။
ထမင္းေကြၽးအဖြဲ႔သည္ သက္လတ္ပိုင္းအမ်ိဳးသားမ်ားမွေကြၽးေမြးျခင္းျဖစ္သည္။ ဇရပ္၏ ေဘး‌တြင္ လက္ေဆးကန္ႏွင့္ ေဆးေၾကာဖို႔ ျပင္ဆင္ထားသၫ့္ေနရာတြင္ ဝိုင္းဝန္းေဆးေနၾကတဲ့ အမ်ိဳးသမီးအဖြဲ႔လည္းရိွေပသည္။

အသံခ်ဲ့စက္ကေန ေအာင္ပါေစ မဖြင့္ခင္
ရပ္ရြာထဲက ဘိတ္သိတ္ဆရာ က အခါေတာ္ေပးေလသည္။ အကုန္ၿပီးစီးၿပီဆိုမွ

"ကဲစက္ဆရာေရ ေအာင္ပါေစေလးဖြင့္လို႔ရပါၿပီ"

ဟု ေအာ္ေပးရာ အဆင္သင့္ျပင္ထားေသာ စက္ဆရာသည္ ဓာတ္စက္အား အသံကုန္ခ်ဲ့၍ ေအာင္ပါေစ သီခ်င္းကို ဖြင့္ေပးေလေတာ့သည္။ ရပ္ရြာဓေလ့တြင္ေအာင္ပါေစဖြင့္မွ မဂၤလာပြဲၿပီးသည္ဟုသက္မွတ္ၾကရာ ေရႊႀကိဳေငြ‌ႀကိဳးတားဖို႔ အပ်ိဳေခါင္းတခ်ိဳ႕ႏွင့္ ဟင္းခ်က္အဖြဲ႔ ၊ေဆးေၾကာအဖြဲ႔၊ လူပ်ိဳေခါင္းအဖြဲ႔တို႔က ဝိုင္းလာၾကေလသည္။

ဘေမွာင္တစ္ေယာက္ၿပံဳးလို႔မဆံုး ေပ်ာ္၍မဆံုးေတာ့ေပ။
ရက္ေရာစြာပင္ ခ်စ္ျပၫ့္လက္ကိုဆြဲ အိတ္ထဲမွာ အထပ္လိုက္ထၫ့္ထားေသာ ေငြမ်ားကို ေဝငွေလရာ သတိုးသား၊သတိုးသမီးေဘးတြင္ လူအံုလ်က္ရိွေနေတာ့သည္။
အေတာ္ၾကာေတာ့ လူမ်ားဖယ္ေပးၿပီးေနာက္
ေငြဖလားျဖင့္ ဇရပ္ ေလွကားထိပ္ေပၚရပ္ကာ ပိုက္ဆံ‌က်ဲလိုက္၏ ။

လူႀကီးလူငယ္ လူပ်ိဳမခ်န္ဝိုင္းလုၾကတာ ေပ်ာ္စရာပင္။

ေငြရိွသူပီပီ  ပိုက္ဆံသည္အရြက္ေသးမပါေပ။
ေပ်ာ္စရာ အတိျဖင့္ ထိုေန့က အဆင္ေျပစြာပင္ မဂၤလာပြဲၿပီးသြားခဲ့ေလသည္။ ၿခိမ့္ၿခိမ့္သဲဆိုတဲ့စကားသည္ ခ်စ္ျပၫ့္၏ မဂၤလာပြဲအားသတ္မွတ္ျခင္းျဖစ္မည္။
သတိုးသားကလည္း သတိုးသမီးအား ခ်စ္လိုက္တာမွ တုန္လို႔ဟု ေျပာစမွတ္လည္းတြင္ခဲ့ရာ ႏွမလင္ေန ေမာင္ဖင္က်ိန္းဟု ဆိုရမလို ခ်စ္ထြန္းတစ္ေယာက္ ေတာက္တေခါက္ေခါက္ ျဖစ္၍မဆံုးေပ။

တင္ေတာင္းရမၫ့္မိခင္မရိွေတာ့ေသာ္ျငား
မိခင္ေကာင္းဖခင္ သားသမီးပီသစြာ ခ်စ္ရတဲ့သတိုးသမီး ဂုဏ္ရိွေစဖို႔ အိမ္ၿခံေျမ အပါအဝင္ ေရႊႏွစ္ဆယ္သား တင္ခဲ့ေလရာ ရြာထဲမွာ ဟိုးေလတေၾကာ္ေၾကာ္ျဖစ္ခဲ့ေလေတာ့သည္။

မဂၤလာပြဲၿပီးေနာက္ တစ္အိမ္လံုး စိတ္ေမာလက္ေမာ
ျဖစ္က်န္ခဲ့သည္။ သိမ္းလိုက္ရတဲ့ပစၥည္းကလည္း မ်ားျပားလြန္းရာ ညခ်မ္းေအးပင္ ေက်ာင္းကေနခြင့္ယူၿပီး စံုသာၿမိဳင္၏အိမ္တြင္ ကူညီေနရေလသည္။

"ဦးဦး "

"ဗ်ာ "

ကူးကူးတစ္ေယာက္ အဝတ္စုတ္ျဖင့္ တိုက္ပန္းကန္ေတြသုတ္ေနတဲ့ညခ်မ္းေအးအေပၚကုတ္တြယ္တက္ကာ

" ေဖႀကီးကေျပာတယ္။သူလည္း မမျပၫ့္ျပၫ့္လို မဂၤလာေဆာင္မွာတဲ့"

အမွားလုပ္ထားသူပီပီ ညခ်မ္းေအးမွာတုန္ခနဲ။
မလွမ္းမကမ္းမွာ ထိုင္ၿပီး ဂ်ာနယ္ဖတ္ေနတဲ့ စံုသာၿမိဳင္ကိုလွမ္ၾကၫ့္ကာ မ်က္ေစာင္းခဲၾကၫ့္လိုက္ၿပီး

" ေဖႀကီးညာေျပာတာေနမွာပါ။ ေဖႀကီးမွာ ကူးကူးတစ္ေယာက္လံုးရိွတာ ဘယ္လို ယူလို႔ရမွာလဲ"

" ဟင့္အင္ ဦးဦးမသိပါဘူး။ ေဖသက္ကေျပာတာေတာ့ ေဖႀကီးက ငယ္ငယ္ပဲရိွေသးတာမို႔ အိမ္ေထာင္ျပဳခ်င္လည္းျပဳႏိုင္တယ္တဲ့။ အကူးက
ေဖႀကီးဆံုးျဖတ္တာကိုမေနွာက္ယွက္ရဘူးတဲ့"

ကူးကူးက ကိုသက္ခိုင္နဲ႔ေနတာၾကာလာေတာ့ အနည္းငယ္ ရင့္က်က္လာေလသည္။
ကေလးဆိုေပမဲ့ တည္ၿငိမ္စြာပင္ စကားေျပာေနၿပီး
ကိုစံုသာၿမိဳင္အေပၚတြင္လည္းနားလည္ေပးထားသၫ့္ႏွယ္။

" သမီးက ေဖႀကီး သမီးေလးပဲဟာ။ ဒါေနွာက္ယွက္တယ္လို႔ေျပာလို႔မရပါဘူး ။ ဘာလို႔လဲ။ ေဖႀကီးအိမ္ေထာင္ျပဳမွာကို သမီးက မႀကိဳက္လို႔လား"

" သမီး ႀကိဳက္ပါတယ္။ ေနာက္ဆို ကူးကူးက ေဖသက္နဲ႔ ၿမိဳ႔ေပၚသြားေနရေတာ့မွာေလ "

" ဘယ္လို ။ "

ကူးကူး မ်က္‌ႏွာေလးေမာ့ကာ ညခ်မ္းေအး အား ရယ္ျပလာသည္။

" ဦးဦးမသိဘူးလား။ ကူးကူးက ေဖသက္သမီးေလ။
ေဖသက္ေျပာတာေတာ့ ေဖႀကီးက ကူးကူးရဲ့ေမြးစားေဖႀကီးတဲ့။ ႏွစ္ခုလံုးအတူတူပဲမို႔ ကူးကူးက ဝမ္းမနည္းရဘူးတဲ့။ "

ပထမဦးဆံုး ညခ်မ္းေအး အံ့ဩသြားရာမွ ကူးကူးအားဖက္လိုက္ၿပီး

" ကူးကူးက ေတာ္လိုက္တာ။ တခ်ိဳ႕ကေလးေတြဆိုရင္
အဲ့အေၾကာင္းၾကားရင္ငိုၾကမွာသိလား"

" ကူးကူးလည္း ငိုတာေပါ့။ ဒါေပမဲ့ ေဖသက္ ငိုေတာ့ ကူးကူးပိုဝမ္းနည္းရတယ္။ ဒီေနရာႀကီးကလည္း နာတယ္။"

သူ႔ရင္ဘတ္ေလးဖိကာ ကူးကူးေျပာလာေတာ့ သူလည္း စိတ္မေကာင္းေတာ့။

" ေဖသက္က သူ႔ကို အေဖမေတာ္ခ်င္ဘူးလားတဲ့။ သမီးက ေဖသက္ကို မလိုခ်င္ရင္ ဟိုးအေဝးႀကီးကိုထြက္သြားေတာ့မယ္တဲ့။ သမီး မလိုခ်င္လို႔မဟုတ္ပါဘူး။ ဒါေပမဲ့ေဖႀကီးနဲ႔လည္းမခြဲႏိုင္ဘူး ။ ေဖသက္ကိုလည္းမသြားေစခ်င္ဘူး "

"ဒါဆို သမီးက ဘာလို႔ ၿမိဳ႔ကိုသြားမွာလဲ"

" ေဖႀကီးက ေဖသက္နဲ႔ အရင္လိုက္သြားခိုင္းလို႔ေလ။ 
ၿမိဳ႔ေပၚက ေက်ာင္းမွာ သမီးကို စာအရင္သင္တဲ့။ ေနာက္ႏွစ္က် ဦးဦးကိုေခၚၿပီး လာေနမယ္တဲ့ ။ ေဖႀကီးကသမီးကို လိမ္တာလားဟင္ ဦးဦး "

ကေလးစကားေၾကာင့္ ဘာေျပာရမွန္းပင္မသိေတာ့ေပ။ ခုတေလာ ဦးသက္ခိုင္သည္ ၿမိဳ႔ေပၚက ပြဲရံုမွာ ရံုးထိုင္ေပးရမည္ဟု ကိုစံုသာၿမိဳင္ ေျပာတာကိုၾကားဖူးသည္။ သူသြားမည္ဆိုေတာ့ ကေလးကိုပါ ေခၚ
သြားခ်င္ပံုပင္။
ခုထိ ေမ်ွာ္လင့္စြာၾကၫ့္ေနတဲ့ ကူးကူးအား

" ဟုတ္ၿပီ ဦးဦး အားရင္ လာခဲ့မယ္" ဟု မယုတ္မလြန္ ကတိေပးလိုက္ေလသည္။
ထိုအခ်ိန္မွစ၍ ညခ်မ္းေအး ႏွလံုးအိမ္သည္
ေဘာင္ဘင္ခတ္ေသာ အေတြးမ်ားျဖင့္ျပၫ့္နက္ေနခဲ့သည္။

Bạn đang đọc truyện trên: ZingTruyen.Xyz