ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

23

eainsi23

ညချမ်းအေးသည် ထုံးစံအတိုင်းဈေးကနေပြန်လာခြင်းဖြစ်သည်။ သို့သော် ဈေးကနေ ကြားခဲ့ရသော အတင်းစကားများနှင့် လူအများဆီမှ မသိုးမသန့်အကြည့်များကြောင့် အလွန်အမင်း စိတ်ရှုပ်ထွေးနေလျက်ရှိသည်။ ဘယ်သူကနေ စလိုက်တဲ့ သတင်းမှန်းမသိပေမဲ့ သူ့အကြောင်းသည် လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့လေသည်။

"ချမ်းအေး"

သူအတွေးတို့သည် ချမ်းအေးဆိုသည့်ဩရှရှအခေါ်အောက်မှာ ရုန်းထွက်နိုင်သွားလေသည်။
ခေါ်ဆိုသူသည် မတွေ့တာကြာပြီဖြစ်တဲ့ သူချစ်သူပင်ဖြစ်၏။
သို့သော် သူသည် စကားကို အရေးအရာလုပ်၍ပြောချင်စိတ်ရှိမနေခဲ့ပေ။
သူတို့နှစ်ယောက်၏ ရည်းစားဆိုတဲ့ပတ်သက်မူ့က
ပုံပြင်တစ်ပုဒ်အလား ခပ်ဝါးဝါးသာ။

သူသည် စိတ်ကောက်တက်သော သူမဟုတ်ပေမဲ့
သိမ်ငယ်စိတ် အထီးကျန်စိတ်ဖြင့် အမြဲဒွန့်တွဲနေတက်ပေသည်။ သို့သော် စုံသာမြိုင်ဆိုတဲ့ သူကတော့
အေးစက်ကာ သနားညှာတာခြင်းကင်းမဲ့သူဖြစ်၏။
ဆန့်ကျင်ဖက်နှစ်ဦးသည် မည်မျှကြာအောင် ပတ်သက်နိုင်မည်ထင်ပါသလဲ။

ခုလိုမပြေလည်တဲ့ဆက်ဆံရေးတွေကို သူအနေနဲ့
ပျင်းရိနေပြီဖြစ်သည်။
ထို့ကြောင့်တစ်ဖက်လူကိုမြင်သည့်အခါ
စကားပြောဖို့နေနေသာသာ ရှောင်ထွက်သွားဖို့ပဲ
တွေးမိလေသည်။

"နေပါဦး ချမ်းအေးရာ ။ ကျုပ်ရှင်းပြပါ့မယ်"

"ပြတ်ပြီဆိုတဲ့နေ့ကတည်းပြတ်ပြီပဲ။ အဲ့နေ့ကတည်းက ခင်ဗျား လာတွေ့ခဲ့ရင် စိတ်ပြေကောင်းပြေနိုင်ပေမဲ့ ခုတော့မတူညီတော့ဘူး။ ကျွန်တော် ခင်ဗျားကို သိပ်စိတ်ကုန်နေပြီ"

သွက်လပ်စွာတွန်းဖွင့်လိုက်သော ပျဉ်တံခါးနောက်မှာ
သန့်ရှင်းသပ်ရပ်နေသောဧည့်ခန်းသည် မျက်စိရှေ့ပေါ်လာ၏။ အိမ်ရှေ့လှေခါးထစ်ဘေးတွင် ညီညာစွာ စီတင်လိုက်သော ဖိနပ်အပြင် မည်သည့်အကူအညီမှမပါသော နုနယ်ဖြူဖွေးသောခြေထောက်တစ်စုံ ကိုကြည့်ရင်းစုံသာမြိုင် ဝမ်းနည်းလို့သွားချေသည်။
သူသည် ညချမ်းအေး ချန်ရစ်ထားခဲ့သော လှေခါးရင်းရှေ့မှာ ရပ်တန့်ရင်း မည်သည့်စကားမှမဆိုနိုင်အောင် ကျန်ရစ်ခဲ့ခြင်းဖြစ်လေသည်။
နားထဲမှာ သိပ်စိတ်ကုန်နေပြီဆိုတဲ့စကားကြီးသည် ခါးသက်စွာ နှလုံးသားထဲသို့ စိမ့်ဝင်နေပြီး
သူသည် ဘာဆက်လုပ်ရမှန်းမသိအောင် ဝမ်းနည်းစိတ်ကသာ ကြီးစိုးနေခဲ့သည်။

ညချမ်းအေးကို မချော့ဖြစ်တာမဟုတ်ပေ။
စိတ်ဆိုးတုန်းပြောတဲ့စကားအဖြစ် မမှတ်ယူခဲ့ခြင်းဖြစ်ပေသည်။ သူသည် ဘယ်သောအခါမှ ညချမ်းအေးနှင့်လမ်းခွဲရလိမ့်မည်ဟုထင်မထားခဲ့သလို
သူ့အားစိတ်ကုန်ရလောက်အောင်လည်း သူအခြေအနေ ကြီးမားသည်ဟု မထင်ထားခဲ့ပေ။
သူမြို့ပေါ်ကို အရေးတကြီး အလုပ်ကိစ္စနှင့်သွားခဲ့၏။
ပြဿနာကိုဖြေရှင်း၍ မပြီးပေမဲ့ ချစ်ထွန်းနဲ့လွှဲကာ ချမ်းအေး၏ မျက်နှာလေးကို တွေ့ချင်စိတ်နဲ့ပြန်ခဲ့ခြင်းဖြစ်သည်။

သူသည် ချော့ရကောင်းသည် မသိသောသူဖြစ်ပေသည်။ သို့သော် နှလုံးသားထဲ၌ ညချမ်းအေးသည်အစဉ်အမြဲရှိပေသည်။
ညချမ်းအေးကြိုက်တက်သော ငှက်ပျောကိတ်လှလှနှင့် ညချမ်းအေး ဝတ်သော အင်္ကျီ၊ ညချမ်းအေးစီးသော ဖိနပ်ဆိုဒ်နှင့်ညချမ်းအေး သုံးသောဘောပင်တံဆိပ်သည်ပင် သူသည်အလွတ်ရနေသူဖြစ်လေသည်။

လက်ထဲကဆွဲထားသော အထုတ်အပိုးတချို့အားလှေခါးခြေရင်းတွင် သေချာတင်လျက် သူသည် လေးပင်သောခြေလှမ်းဖြင့် အိမ်ကလေးအတွင်းမှ ပြန်ခဲ့လေသည်။

_____

"အရီး... လာလေ ။ ဘာရပ်လုပ်နေတာလဲ"

သူကြီးကတော် တစ်ယောက် ညချမ်းအေး၏စကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ သူရပ်နေတဲ့ ခြံစည်းရိုးရှေ့က ဆူးပုတ်ပင်တချို့အား မျက်လုံးဝေ့ကြည့်ပြီးမှ လာရင်းကိစ္စသတိရသွားလေသည်။
ရပ်ထဲမှာ ကျော်မကောင်းကြားမကောင်းတဲ့ သတင်းတွေအား ညချမ်းအေးကို မည်သို့မည်ပုံ ရှင်းပြရမလဲ ဆိုတာ ခုထိ ခေါင်းထဲမရောက်သေးပေ။
ထိုနောက် မဝင်မဖြစ်တဲ့အခြေအနေကို သတိရ၍ သက်ပြင်းကြိတ်ချကာ  ထမိန်စ မကာ ညချမ်းအေးဖွင့်ပေးတဲ့တံခါးကနေ ဝင်လိုက်‌ လေ၏။

"ဘယ်ကနေ လှည့်လာတာလဲအရီး"

"မင်းဆီကိုပဲတန်းလာခဲ့တာ။ ပြောပါအုံးအရပ်ထဲကသတင်းတွေအကြောင်း။ ငါ့မှာတော့ သူများနားမဆန့်အောင်ပြောမှ သိရတော့တယ်။ မင်းအမ နှင်းရီကလည်း အိမ်ထဲကအိမ်အပြင်ထွက်တာမဟုတ်တော့ အရပ်ထဲက ဘာတဲ့ဟေ့ဆိုရင် သူဘယ်တော့မှ မသိဘူး"

အရီးဆီကပါ  ထိုအကြောင်းစလာတော့ ညချမ်းအေး မျက်နှာပျက်သွားကာ ဘာပြန်ပြောရမှန်းကိုမသိတော့ပေ။
သို့ပေမဲ့ မပြောလို့လည်းမပြီးမို့ နားထင်စပ်ကိုဖွဖွကုတ်ကာ

"ဒီလိုပါ အရီး။ ကျွန်တော်ကို ကျောင်းအစည်းအဝေးကအပြန် ကိုဝေမင်း ပြဿနာရှာရင်း ကိုစုံသာမြိုင်နဲ့ရန်ဖြစ်ကြတာကနေ ဒီစကားတွေစတယ်ထင်တာပါပဲ။ အရီးသိတဲ့အတိုင်း ကိုဝေမင်းလိုက်ဖြန့်နေတာနေတာ တစ်ရွာလုံးအနှံ့ပါပဲ ။ ကျွန်တော်လည်း ဘယ်ကနေ ဘယ်လိုပြန်ရှင်းရမှန်းကိုမသိတော့တာပါ ။
ယောက်ျားချင်းကြိုက်တာကို ကျွန်တော် မငြင်းပါဘူးအရီး"

အရီးတအံ့တဩ ဖြစ်သွားတာ‌ကိုတွေ့ရပေမဲ့
သူဆက်ပြောဖို့အားတင်းလိုက်သည်။
သူ၏ ဖြစ်တည်မူ့ကို ချပြမိတဲ့ ပထမဦးဆုံးသူကအရီးဖြစ်တာကြောင့် သူရှက်ပေမဲ့ လက်ခံပေးပါစေဆိုတဲ့စိတ်လေးလည်းရှိနေသည်။

"ဒါဆိုမင်းက သူတို့ပြောနေသလို ..."

သူစိတ်လှုပ်ရှားစွာ လက်ချောင်းတွေ တစ်ချောင်းနှင့် တစ်ချောင်းယှက်ကာ ဆုပ်ကိုင်ရင်း

"မဟုတ်ပါဘူးလို့ ကျွန်တော်မပြောလိုဘူးအရီး။
ဒါပေမဲ့ ကျွန်တော် မသင့်တော်တဲ့ ကိစ္စတွေ လုပ်နေတယ်ဆိုတာတော့မဟုတ်ဘူး။
လိင်စိတ်တိမ်းညွတ်တယ်ဆိုတာမှန်ပေမဲ့ တွေ့တဲ့ယောက်ျားတကာနဲ့ ပလူးပလဲ လုပ်ရအောင် အရှက်သိက္ခာမဲ့နေတဲ့သူမဟုတ်ဘူး ။ တစ်ချစ်ကနေ နှစ်ချစ် ပြောင်းလဲကောင်းပြောင်းလဲနိုင်တယ် အရီး။ ဒါပေမဲ့
ကျွန်တော် ချစ်ခဲ့တဲ့ ချစ်ခြင်းက ရင်ထဲကလာတာပါ။
ကျွန်တော်လည်းလူထဲကလူပါ ။ အချစ်နဲ့တွေ့ရင်ချစ်မိမှာပဲ လေ။  အဲ့အချစ်က ယောက်ျားတစ်ယောက်ဖြစ်နေတာက လွဲရင် မှားယွင်းနေတာမျိုးမဟုတ်ပါဘူးအရီးရယ်။ "

"မင်းမှာ ချစ်သူရှိနေတာလား"

ညချမ်းအေး ကောင်းမညိတ်သလို ခေါင်းလည်းမခါပေ။ နှုတ်ပိတ်နေခြင်းက ဝန်ခံခြင်းဆို သူဝန်ခံလိုက်မည်။

"ဒါပေမဲ့ အဲ့ဒါမဖြစ်သင့်ဘူးမို့လား သားရယ်"

"ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်အနေနဲ့ ကျွန်တော် ချစ်မိသွားတာ တစ်လောက လုံးမှာ ရှိတဲ့ လူတွေအများကြီးထဲကနေ ရှားရှားပါးပါး ဒီတစ်ယောက်ထဲပါပဲ။ ကျွန်တော် တွေ့ကရာလူကို ကြိုက်နေတာမျိုးမဟုတ်ပါဘူးအရီး ။ "

တုန်ရီလှုပ်ခါနေတဲ့ သံစဉ်လှိုင်းတွေမှာ လေးပင့်တဲ့ဝန်ထုတ်ဝန်ပိုးတွေပါနေသည်။ ပထမတစ်ချက်က
ဒီစကားတွေကို ပြောခွင့်ရလို့ သူပျော်သည်။
ဒုတိယ တစ်ချက်က ပြောနေတဲ့အချိန် သူ့ဘေးမှာ မရှိတဲ့ သူနှစ်ယောက်ကိုသတိရကာ ဝမ်းနည်းသည်။
ထိုသူက သူ့အမေနှင့်အ‌ ဖေပင်။
ဒီစကားတွေကို အမေရှိရင်ပြောထွက်ပါ့မလား အဖေ ဆိုရင်ရော လက်ခံပေးနိုင့်ပါ့မလားဆိုတာ သူ့အား အတွေးများစေသည်။ အရီးသည် သူ့အားကြည့်ကာ
စိတ်မချမ်းသာသလို ဖြစ်၍နေပေသည်။
ငယ်ရွယ်စဉ်အချိန်ကတည်းက ကြည့်ရှု့လာတဲ့ကလေးမို့ အရီးသည်လည်း စိတ်ကောင်းမည်မဟုတ်။
အရင်အချိန်အခါမျိုးတွေတုန်းက စသလိုလို သူ၏ ဖြစ်တည်မူ့ကိုချပြတက်ပေမဲ့ အရီးကတော့
အမှန်အတိုင်းပြောသည်ဟု ထင်မနေခဲ့ပေ။

" ပြန်စဉ်းစားပါအုံး ညချမ်းအေးရယ်။ မင်းက
ကလေးသူငယ်တွေရဲ့ စံပြ ‌ဆရာတစ်ယောက်ပါ။
အကယ်၍ ကလေးမိဘတွေအနေနဲ့ မင်းကို အပြစ်မြင်လာရင် မင်းဘယ်လိုရှေ့ဆက်မှာလဲ"

ညချမ်းအေး အသာအယာရယ်မောလိုက်သည်။
ဒါ အရီးကို လှောင်သည်မဟုတ်။ စိတ်ပျက်စရာ လူသဘောတွေကို သွားသတိရမိခြင်းကြောင့်ပင်။

" ဒါဆို အဲ့လူတွေနဲ့ဝေးရာ ရှောင်းပြေးရုံပေါ့အရီးရယ်။
ကျွန်တော့်ကိုလက်မခံနိုင်ရင် လက်ခံနိုင်တဲ့နေရာကို ပြေးရမှာပေါ့ "

"လွယ်လွယ်မပြောနဲ့ ညချမ်းအေး။ မင်းတက်ထားတဲ့ပညာတွေက လွယ်လွယ်ရခဲ့တာမဟုတ်ဘူး ။ ရှေ့ဆက်လျှောက်ရမဲ့မင်းအနာဂတ်က အရှည်ကြီးကျန်သေးပါတယ် ။ မင်းပြန်စဉ်းစားထားအုံး။ အရီးပြန်တော့မယ်။ "

အရီး အိမ်ပေါ်က ပြန်ဆင်းသွားတဲ့အထိ ထိုနေရာမှာ မလှုပ်တငုတ်ကျန်ခဲ့တာ သူပင်။ သို့သော် အိမ်ဘေးနေရာမှာ ရပ်နေတဲ့လူတစ်ယောက် ကိုတော့ ဘယ်သူမှသတိမထားမိခဲ့ပေ။

နေ့ရက်များစွာက အလျှင်အမြန်ပြောင်းလဲနေခဲ့သည်။
အိမ်ခြင်းကပ်ရပ်မို့ မတွေ့ချင်မမြင်ချင်တဲ့သူတွေကိုလည်းမြင်နေရတာ အလုပ်တစ်လုပ်ပင်။
ချီးမွန်းခုနှစ်ရပ် ကဲ့ရပ်ခုနှစ်ရက်ဆိုတဲ့စကားအတိုင်း
သတင်းစကားတွေကို မဖြေရှင်းပဲထားတော့ ဒီတိုင်း ပြီးသွားခဲ့၏။

ဒီနေ့က ချစ်ပြည့်နှင့် ကိုဘမှောင်၏ မင်္ဂလာ ညကျက်နေ့ပင်ဖြစ်သည်။။
လောစပီကာ၏ မြည်ဟီးသံကြောင့်သီချင်းသံက ရွာအနှံ့ပျံ့နှံ့နေလေသည်။

မနက်ကို ကျွေးမဲ့ ဝက်သားဟင်း အငံကြော် ပဲသုတ် ချဉ်ဟင်းကြောင့် ထမင်းချက်တဲ့ ရွာရှိ ဇရပ်ကြီး၏ဘေးကွက်လပ်တွင် လူတိုင်းလူတိုင်းချွေးတစ်လုံးလုံးဖြင့် အလုပ်ရှုပ်နေခဲ့သည်။

ညချမ်းအေးကတော့ ထိုလူရှုပ်တဲ့နေရာကို မသွားပေ။
မသွားချင်ပေမဲ့ မသွားမဖြစ် ဟိုဖက်အိမ်၏ အောက်တွင် ဒေါ်မြိုင်တို့ ထမင်းချက်သည့်အနားမှာ မနက်ခင်း အချိုပွဲအတွက် ဝိုင်းကူလုပ်နေခဲ့၏။
မမြင်ချင်ယောင်ဆောင်ထားပေမဲ့ ရစ်သီရစ်သီလုပ်နေတဲ့ စုံသာမြိုင်ကိုလည်းမမြင်ချင်မှအဆုံးပင်။

တစ်ခါတစ်ရံလှမ်းကြည့်နေတက်တာကို သိပေမဲ့ ညချမ်းအေးကတော့ လျစ်လျူသာ ရှု့ထားလေသည်။
ခုလည်း သတင်းစာရွက်ကြီးဖတ်ကာ အိမ်ပေါက်ဝ စတီခုံမှာ ထိုင်လို့နေချေသည်။ ဘာအလုပ်မှ မဟုတ်ပဲ ဟိတ်ကြီးဟန်ကြီးရှိလှတာမို့ အလွန်အမင်းမျက်စိနောက်ဖွယ်ကောင်းနေတော့သည်။

"ဆရာရေ ဒေါ်မြိုင်ကိုလေ ကိုစုံဆီက သော့တောင်းပြီး အပေါ်ထပ်က စတိုခန်းဖွင့်ပေးပါ့လား။ ဒေါ်မြိုင်
ဆွမ်းတော်တင်ဖို့နဲ့ ကန်တော့ပွဲထိုးဖို့အိုးလိုသေးတယ်"

"‌ဟိုလေ ကျွန်တော် မအား.."

"သွားပေးစမ်းပါ ဆရာလေးရယ်။ ကျုပ်ဒူးမကောင်းလို့ပါ "

လက်ဖက်နှပ်နေတဲ့ အဒေါ်ကြီးတွေရဲ့ မျက်လုံးတွေရောက်လာတော့ ညချမ်းအေး တစ်ယောက် မထချင်ထချင်နဲ့ ထရတော့သည်။
သူထွက်လာတာမြင်တော့ဧည့်ခန်းမှာ အဆင်သင့်စောင့်နေတဲ့ သူရဲ့အကြည့်တွေကလှုပ်ရှားသွားကာ စိတ်မဝင်စားဟန်ဖြင့် သတင်းစားကို သဲကြီးမဲကြီးကုန်းဖတ်နေကာ ဟန်ဆောင်တော့သည်။
ညချမ်းအေး စူပုတ်စွာ ဘေးမှာရပ်၍

" စတိုခန်းသော့ပေး ။ ဒေါ်မြိုင်က ပစ္စည်းယူခိုင်းလို့"

စုံသာမြိုင်ခပ်တည်တည်ဖြင့် ဖတ်နေတဲ့သတင်းစာကိုဘေးပစ်ချကာ

" လိုက်ခဲ့ ။ ကျုပ်လိုက်ဖွင့်ပေးမယ်"

လှေကားရင်းကနေ ဖြည်းညင်းစွာတက်သွားတဲ့ကျောပြင်ကျယ်သည် မရမ်းရောင် ချည်ထည် ကိုဝတ်ဆင်ထားလေသည်။ အရပ်ရှည်တာကြောင့်ပုဆိုးဆို
အော်ဒါမှာရသည်ဟု ကြားဖူးကာ ဝတ်လိုက်တိုင်း ခြေမျက်စိထိ ရောက်လေသည်။
အဝါရောင်ခြေတုသည် ထိုပုဆိုးအောက်မှာ လှေကားတက်တိုင်းပေါ်ပေမဲ့ ညချမ်းအေးအဖို့ရုပ်ဆိုးသည်ဟုပင် မမြင်နိုင်ပေ။

စတိုခန်းသည် အိမ်၏ ထောင့်ဆုံးအခန်း၌ တည်ရှိလေသည်။ ပုံမှန်ဆိုအိမ်အောက်ထပ်မှာ ထားသင့်ပေမဲ့ ချစ်ထွန်းနှင့်ဒေါ်မြိုင်ပါ အောက်ထပ်မှာနေကြတာမို့ အပေါ်ထပ်အခန်းလွတ်မှာသာ ထားရတော့သည်။
အလင်းရောင်ဖျော့ဖျော့သာရောက်သည့်နေရာမို့
လျှောက်လမ်းတစ်လျောက် မှောင်သလိုလို ရှိနေကာ
နှစ်ယောက်ထဲရှိနေသည့်အသိဖြင့် စိတ်ညစ်လာလေသည်။

"ဘာယူခိုင်းလိုက်တာလဲ"

" ပွဲထိုးဖို့ကန်တော့ပွဲအိုးရယ်၊ ဆွမ်းတော်ကပ်ဖို့လင်ပန်းရယ်"

သော့နဲ့ထိုးဖွင့်လိုက်တဲ့တံခါးသည် တွန်းဖွင့်လိုက်တာနဲ့ ကျွီဆိုတဲ့ စိတ်ခြောက်ခြားဖွယ်အသံကပေါ်ထွက်လာ၏။

ဖုန်နံ့သင်းသင်းအပြင် ပင့်ကူအိမ်တွေကလည်းမလွတ်မလပ် ။

" ဖယ်ပါ။ ကျွန်တော်ဝင်ပါ့မယ်။ မမြင်စမ်းတမ်းနဲ့ ချော်လဲနေရင် ဒုက္ခရောက်နေအုံးမယ်"

တံခါးဘောင်ကိုကိုင်ထားတဲ့ လက်မောင်းအားတွန်း၍
သူဝင်ဖို့ကြိုးစားလိုက်ပေမဲ့ ကျောပေးထားတဲ့ကိုယ်လုံးကြီးက လှည့်ကာ သူ့အားထွေးဖက်လိုက်ချေသည်။
တင်းကြပ်သော အားကြောင့် သူ့မှာ အမှတ်တမဲ့ အယောင်ယောင်အမှားမှား သတိလက်လွတ်သွား၏

"ဘာ...ဘာလုပ်တာလဲဗျ "

အတော်ကြာမှ ရင်ဘတ်ကို တွန်းကာဆိုလိုက်တော့
လည်ပင်းကြားမှာ မျက်နှာအပ်ကာ ခေါင်းငုံ့တိုးဝင်ကာ ပြန်မလွတ်ချင်ဟန်ဖြင့်

"ချမ်းအေး ။ ကျုပ်တောင်းပန်ပါတယ်။ လမ်းမခွဲလို့မရဘူးလား။ "

တိတ်ဆိတ်သော အခန်းကျဉ်းဝယ် သူ့အသံတိုးတိုးဖျဖျသည်နွေးထွေးသိမ်မွေ့လွန်းနေပြန်သည်။ တွန်းလွှတ်နေသော လက်ဖျားတို့သည်ထိုအခိုက်အတန့်
အားမက်မောတွယ်‌တာမိကာ ရပ်တန့်ကုန်၏။

"မဖြစ်နိုင်ပါဘူး "

" ဘာကြောင့်လဲ။ ကျုပ်တို့နှစ်ယောက်ကြားမှာ
လမ်းခွဲရလောက်အောင် ဘာတွေများ အမှားရှိခဲ့လို့လဲကွာ။ မကြိုက်တာပြောပါ။ ကျုပ်အကုန်ပြင်ပေးပါ့မယ်"

ဝမ်းနည်းသည်။ မချော့ခင်ကလည်း ဝမ်းနည်းရသလိုချော့ပြီးချိန်မှာလည်းဝမ်းနည်းရသည်။ ညချမ်းအေးသည် စုံသာမြိုင်၏ တိုးဝှေ့ဖက်တွယ်မူ့၊ သိမ်မွေ့စွာချော့မြူမူ့ကြားတွင်တောင့်မခံနိုင်ပဲ မျက်ရည်စက်လက်ကျတော့သည်။

" ကျွန်တော်.. ကျွန်တော်တို့နှစ်ယောက်ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးထင်တယ်။ ပတ်ဝန်းကျင်မှာ လှောင်ပြောင်မေးငေါ့တာတွေ ၊ ကျွန်တော့်ကို မလိုတော့မှာတွေစိုးတယ်။ "

" အကုန် ကျုပ်တာဝန်ယူပါတယ်။ ဒီမှာ သူတို့ လက်ညိုးထိုးနေကြရင် ကျုပ်တို့ သူတို့မရှိတဲ့နေရာကိုသွားနေကြမယ်လေဗျာ။ သူတို့မင်းကို မလိုအပ်ပေမဲ့ ကျုပ်ကတော့တကယ်လိုအပ်ပါတယ်ချမ်းအေးရယ်။ စိတ်ဆိုးလို့ လမ်းခွဲစကားပြောတာကို ကျုပ်လက်ခံနိုင်ပါတယ်။ ပတ်ဝန်းချင်မေးငေါ့ရုံနဲ့တော့ ကျုပ်ကိုမပစ်ပယ်ပါနဲ့ နော်။ "

ပုခုံးနုနုပေါ်မှာ မေးတင်ကာ သူ့မျက်လုံးအစုံကိုမေးမှိတ်လိုက်မိသည်။

မလိုသူတွေဘယ်လောက်များများသူနည်းနည်းမှ နောက်ဆုတ်မှာမဟုတ်ဘူး။
ဆုံးဖြတ်ချက်ခိုင်ခိုင်ချကာ သူရင်ခွင်ထဲကနွေးထွေးတဲ့ ကိုယ်လုံးငယ်ကို မလွတ်နိုင်အောင်ထွေးဖက်ပစ်လိုက်သည်။

" ဟင့်အင်.. ခင်ဗျားက ပိုမယုံရတာသိလား "

" အဲ့လိုမပြောပါနဲ့ ကွာ ။ ဘာတွေမယုံတာလဲပြော ။ အလိုက်မသိလို့လားဟင်။ ပြင်မယ်လေဗျာ။ "

"ဖယ်ပါ ။ မဖက်နဲ့ ။ခင်ဗျားကို ခွင့်မလွတ်သေးဘူး သိလား ။ ဝေးဝေးနေ အနားမကပ်နဲ့"

" ဘာလို့လဲ ။ဒီလိုကပ်ချင်လိုအခွင့်အရေးစောင့်နေတာကို ။ ကျုပ်အိမ်လို့ပြောမိတာကို ခွင့်မလွတ်သေးတာလားဟင်။ ဒါဆို ဒီအိမ်ရော ဟိုအိမ်ရော မင်းကိုပေးမယ်လေ။ အနားကပ်ခွင့်ပေးမှာလား"

"ကြည့်..ပြောလေကဲလေ "

ညချမ်းအေး စိတ်တိုစွာ သူ့ကိုယ်လုံးကြီးအားတွန်းလွှတ်ပစ်လိုက်တော့ ယောကျာ်းလေးအားမို့ အတင်းဖက်တွယ်ထားရာကနေ ဝေးသွားလေသည်။
ထိုအခါ စုံသာမြိုင်သည် လက်မောင်းကနေ လှမ်းဆွဲကာ လည်ပင်းကိုချုပ်၍ ညချမ်းအေး၏ နှုတ်ခမ်းအစုံကို ကိုက်ဆွဲပစ်လိုက်၏။

" အာ့"

" ဘာလုပ်တာလဲဗျ ။‌ ပေါက်သွားပြီလားမသိဘူး"

အမှန်တကယ် စပ်ပူသွားသော နှုတ်ခမ်းစအား လျှာနဲ့သပ်ကာ စမ်းကြည့်မိစဉ် စုံသာမြိုင်သည် ပြန်လည်ထွေးဖက်ကာပွေ့ယူသွား၏

" လမ်းမခွဲဘူးနော်။ ဘယ်တော့မှ ထပ်မပြောနဲ့မကြားချင်ဘူး"

ကျယ်ပြန့်သော ပုခုံးပေါ်မှာ ပြန်လည်မှေးတင်ရင်း
ညချမ်းအေးတစ်ယောက် သက်ပျင်းကြိတ်ချလိုက်လေသည်။

လတ်တလော ပူလောင်မူ့သည် မျှဝေဖို့ အဖော်ရှိလေတော့ အနည်းငယ်သက်သွားလေတော့သည်။
သူသည် စိတ်ဆိုးတုန်းက စိတ်ဆိုးခဲ့ပေမဲ့ အမှန်တော့
သူသည်လည်း ပြတ်ဖို့ စိတ်မကူးခဲ့ပေ။

(စာအမှားလေးဖြည့်ဖတ်ပေးနော်။ စာမစစ်အားလို့ပါ။ အမှန်တော့ အခါကြီးရက်ကြီးတွေမို့ အိမ်က
ဆိုင်က လူတအားကျနေတာ။ စာရေးတဲ့အလုပ်က ဝါသနာမို့သာရေးရတာပါ
ထမင်းစားဖို့တော့ မဖြစ်မနေ အပြင်ဘဝမှာ လုပ်ရသေးတာမို့ အားတဲ့အချိန်လေးတော့ကြိုးစားဖဲ့ရေးနေရတယ်။ မျှော်နေကြတာတွေ့တော့လည်းစိတ်မကောင်းဘူး။ စိတ်မအေးရတာတွေရှိတော့ဒီတစ်အုပ်ပြီးရင်နားမလားလို့ပါတွေးနေမိတော့တယ် )

ညခ်မ္းေအးသည္ ထံုးစံအတိုင္းေဈးကေနျပန္လာျခင္းျဖစ္သည္။ သို႔ေသာ္ ေဈးကေန ၾကားခဲ့ရေသာ အတင္းစကားမ်ားႏွင့္ လူအမ်ားဆီမွ မသိုးမသန႔္အၾကၫ့္မ်ားေၾကာင့္ အလြန္အမင္း စိတ္ရႈပ္ေထြးေနလ်က္ရိွသည္။ ဘယ္သူကေန စလိုက္တဲ့ သတင္းမွန္းမသိေပမဲ့ သူ႔အေၾကာင္းသည္ လူတိုင္းရဲ့ပါးစပ္ဖ်ားမွာ ေရပန္းစားေနခဲ့ေလသည္။

"ခ်မ္းေအး"

သူအေတြးတို႔သည္ ခ်မ္းေအးဆိုသၫ့္ဩရွရွအေခၚေအာက္မွာ ရုန္းထြက္ႏိုင္သြားေလသည္။
ေခၚဆိုသူသည္ မေတြ့တာၾကာၿပီျဖစ္တဲ့ သူခ်စ္သူပင္ျဖစ္၏။
သို႔ေသာ္ သူသည္ စကားကို အေရးအရာလုပ္၍ေျပာခ်င္စိတ္ရိွမေနခဲ့ေပ။
သူတို႔ႏွစ္ေယာက္၏ ရည္းစားဆိုတဲ့ပတ္သက္မူ႔က
ပံုျပင္တစ္ပုဒ္အလား ခပ္ဝါးဝါးသာ။

သူသည္ စိတ္ေကာက္တက္ေသာ သူမဟုတ္ေပမဲ့
သိမ္ငယ္စိတ္ အထီးက်န္စိတ္ျဖင့္ အၿမဲဒြန႔္တြဲေနတက္ေပသည္။ သို႔ေသာ္ စံုသာၿမိဳင္ဆိုတဲ့ သူကေတာ့
ေအးစက္ကာ သနားၫွာတာျခင္းကင္းမဲ့သူျဖစ္၏။
ဆန႔္က်င္ဖက္ႏွစ္ဦးသည္ မည္မ်ွၾကာေအာင္ ပတ္သက္ႏိုင္မည္ထင္ပါသလဲ။

ခုလိုမေျပလည္တဲ့ဆက္ဆံေရးေတြကို သူအေနနဲ႔
ပ်င္းရိေနၿပီျဖစ္သည္။
ထို႔ေၾကာင့္တစ္ဖက္လူကိုျမင္သၫ့္အခါ
စကားေျပာဖို႔ေနေနသာသာ ေရွာင္ထြက္သြားဖို႔ပဲ
ေတြးမိေလသည္။

"ေနပါဦး ခ်မ္းေအးရာ ။ က်ဳပ္ရွင္းျပပါ့မယ္"

"ျပတ္ၿပီဆိုတဲ့ေန့ကတည္းျပတ္ၿပီပဲ။ အဲ့ေန့ကတည္းက ခင္ဗ်ား လာေတြ့ခဲ့ရင္ စိတ္ေျပေကာင္းေျပႏိုင္ေပမဲ့ ခုေတာ့မတူညီေတာ့ဘူး။ ကြၽန္ေတာ္ ခင္ဗ်ားကို သိပ္စိတ္ကုန္ေနၿပီ"

သြက္လပ္စြာတြန္းဖြင့္လိုက္ေသာ ပ်ဉ္တံခါးေနာက္မွာ
သန႔္ရွင္းသပ္ရပ္ေနေသာဧၫ့္ခန္းသည္ မ်က္စိေရ႔ွေပၚလာ၏။ အိမ္ေရ႔ွေလွခါးထစ္ေဘးတြင္ ညီညာစြာ စီတင္လိုက္ေသာ ဖိနပ္အျပင္ မည္သၫ့္အကူအညီမွမပါေသာ ႏုနယ္ျဖဴေဖြးေသာေျခေထာက္တစ္စံု ကိုၾကၫ့္ရင္းစံုသာၿမိဳင္ ဝမ္းနည္းလို႔သြားေခ်သည္။
သူသည္ ညခ်မ္းေအး ခ်န္ရစ္ထားခဲ့ေသာ ေလွခါးရင္းေရ႔ွမွာ ရပ္တန႔္ရင္း မည္သၫ့္စကားမွမဆိုႏိုင္ေအာင္ က်န္ရစ္ခဲ့ျခင္းျဖစ္ေလသည္။
နားထဲမွာ သိပ္စိတ္ကုန္ေနၿပီဆိုတဲ့စကားႀကီးသည္ ခါးသက္စြာ ႏွလံုးသားထဲသို႔ စိမ့္ဝင္ေနၿပီး
သူသည္ ဘာဆက္လုပ္ရမွန္းမသိေအာင္ ဝမ္းနည္းစိတ္ကသာ ႀကီးစိုးေနခဲ့သည္။

ညခ်မ္းေအးကို မေခ်ာ့ျဖစ္တာမဟုတ္ေပ။
စိတ္ဆိုးတုန္းေျပာတဲ့စကားအျဖစ္ မမွတ္ယူခဲ့ျခင္းျဖစ္ေပသည္။ သူသည္ ဘယ္ေသာအခါမွ ညခ်မ္းေအးႏွင့္လမ္းခြဲရလိမ့္မည္ဟုထင္မထားခဲ့သလို
သူ႔အားစိတ္ကုန္ရေလာက္ေအာင္လည္း သူအေျခအေန ႀကီးမားသည္ဟု မထင္ထားခဲ့ေပ။
သူၿမိဳ႔ေပၚကို အေရးတႀကီး အလုပ္ကိစၥႏွင့္သြားခဲ့၏။
ျပႆနာကိုေျဖရွင္း၍ မၿပီးေပမဲ့ ခ်စ္ထြန္းနဲ႔လႊဲကာ ခ်မ္းေအး၏ မ်က္ႏွာေလးကို ေတြ့ခ်င္စိတ္နဲ႔ျပန္ခဲ့ျခင္းျဖစ္သည္။

သူသည္ ေခ်ာ့ရေကာင္းသည္ မသိေသာသူျဖစ္ေပသည္။ သို႔ေသာ္ ႏွလံုးသားထဲ၌ ညခ်မ္းေအးသည္အစဉ္အၿမဲရိွေပသည္။
ညခ်မ္းေအးႀကိဳက္တက္ေသာ ငွက္ေပ်ာကိတ္လွလွႏွင့္ ညခ်မ္းေအး ဝတ္ေသာ အက်ႌ၊ ညခ်မ္းေအးစီးေသာ ဖိနပ္ဆိုဒ္ႏွင့္ညခ်မ္းေအး သံုးေသာေဘာပင္တံဆိပ္သည္ပင္ သူသည္အလြတ္ရေနသူျဖစ္ေလသည္။

လက္ထဲကဆြဲထားေသာ အထုတ္အပိုးတခ်ိဳ႕အားေလွခါးေျခရင္းတြင္ ေသခ်ာတင္လ်က္ သူသည္ ေလးပင္ေသာေျခလွမ္းျဖင့္ အိမ္ကေလးအတြင္းမွ ျပန္ခဲ့ေလသည္။

_____

"အရီး... လာေလ ။ ဘာရပ္လုပ္ေနတာလဲ"

သူႀကီးကေတာ္ တစ္ေယာက္ ညခ်မ္းေအး၏စကားေၾကာင့္ လႈပ္လႈပ္ရွားရွားျဖစ္သြားကာ သူရပ္ေနတဲ့ ၿခံစည္းရိုးေရ႔ွက ဆူးပုတ္ပင္တခ်ိဳ႕အား မ်က္လံုးေဝ့ၾကၫ့္ၿပီးမွ လာရင္းကိစၥသတိရသြားေလသည္။
ရပ္ထဲမွာ ေက်ာ္မေကာင္းၾကားမေကာင္းတဲ့ သတင္းေတြအား ညခ်မ္းေအးကို မည္သို႔မည္ပံု ရွင္းျပရမလဲ ဆိုတာ ခုထိ ေခါင္းထဲမေရာက္ေသးေပ။
ထိုေနာက္ မဝင္မျဖစ္တဲ့အေျခအေနကို သတိရ၍ သက္ျပင္းႀကိတ္ခ်ကာ  ထမိန္စ မကာ ညခ်မ္းေအးဖြင့္ေပးတဲ့တံခါးကေန ဝင္လိုက္‌ ေလ၏။

"ဘယ္ကေန လွၫ့္လာတာလဲအရီး"

"မင္းဆီကိုပဲတန္းလာခဲ့တာ။ ေျပာပါအံုးအရပ္ထဲကသတင္းေတြအေၾကာင္း။ ငါ့မွာေတာ့ သူမ်ားနားမဆန႔္ေအာင္ေျပာမွ သိရေတာ့တယ္။ မင္းအမ ႏွင္းရီကလည္း အိမ္ထဲကအိမ္အျပင္ထြက္တာမဟုတ္ေတာ့ အရပ္ထဲက ဘာတဲ့ေဟ့ဆိုရင္ သူဘယ္ေတာ့မွ မသိဘူး"

အရီးဆီကပါ  ထိုအေၾကာင္းစလာေတာ့ ညခ်မ္းေအး မ်က္ႏွာပ်က္သြားကာ ဘာျပန္ေျပာရမွန္းကိုမသိေတာ့ေပ။
သို႔ေပမဲ့ မေျပာလို႔လည္းမၿပီးမို႔ နားထင္စပ္ကိုဖြဖြကုတ္ကာ

"ဒီလိုပါ အရီး။ ကြၽန္ေတာ္ကို ေက်ာင္းအစည္းအေဝးကအျပန္ ကိုေဝမင္း ျပႆနာရွာရင္း ကိုစံုသာၿမိဳင္နဲ႔ရန္ျဖစ္ၾကတာကေန ဒီစကားေတြစတယ္ထင္တာပါပဲ။ အရီးသိတဲ့အတိုင္း ကိုေဝမင္းလိုက္ျဖန႔္ေနတာေနတာ တစ္ရြာလံုးအႏွံ႔ပါပဲ ။ ကြၽန္ေတာ္လည္း ဘယ္ကေန ဘယ္လိုျပန္ရွင္းရမွန္းကိုမသိေတာ့တာပါ ။
ေယာက္်ားခ်င္းႀကိဳက္တာကို ကြၽန္ေတာ္ မျငင္းပါဘူးအရီး"

အရီးတအံ့တဩ ျဖစ္သြားတာ‌ကိုေတြ့ရေပမဲ့
သူဆက္ေျပာဖို႔အားတင္းလိုက္သည္။
သူ၏ ျဖစ္တည္မူ႔ကို ခ်ျပမိတဲ့ ပထမဦးဆံုးသူကအရီးျဖစ္တာေၾကာင့္ သူရွက္ေပမဲ့ လက္ခံေပးပါေစဆိုတဲ့စိတ္ေလးလည္းရိွေနသည္။

"ဒါဆိုမင္းက သူတို႔ေျပာေနသလို ..."

သူစိတ္လႈပ္ရွားစြာ လက္ေခ်ာင္းေတြ တစ္ေခ်ာင္းႏွင့္ တစ္ေခ်ာင္းယွက္ကာ ဆုပ္ကိုင္ရင္း

"မဟုတ္ပါဘူးလို႔ ကြၽန္ေတာ္မေျပာလိုဘူးအရီး။
ဒါေပမဲ့ ကြၽန္ေတာ္ မသင့္ေတာ္တဲ့ ကိစၥေတြ လုပ္ေနတယ္ဆိုတာေတာ့မဟုတ္ဘူး။
လိင္စိတ္တိမ္းၫြတ္တယ္ဆိုတာမွန္ေပမဲ့ ေတြ့တဲ့ေယာက္်ားတကာနဲ႔ ပလူးပလဲ လုပ္ရေအာင္ အရွက္သိကၡာမဲ့ေနတဲ့သူမဟုတ္ဘူး ။ တစ္ခ်စ္ကေန ႏွစ္ခ်စ္ ေျပာင္းလဲေကာင္းေျပာင္းလဲႏိုင္တယ္ အရီး။ ဒါေပမဲ့
ကြၽန္ေတာ္ ခ်စ္ခဲ့တဲ့ ခ်စ္ျခင္းက ရင္ထဲကလာတာပါ။
ကြၽန္ေတာ္လည္းလူထဲကလူပါ ။ အခ်စ္နဲ႔ေတြ့ရင္ခ်စ္မိမွာပဲ ေလ။  အဲ့အခ်စ္က ေယာက္်ားတစ္ေယာက္ျဖစ္ေနတာက လြဲရင္ မွားယြင္းေနတာမ်ိဳးမဟုတ္ပါဘူးအရီးရယ္။ "

"မင္းမွာ ခ်စ္သူရိွေနတာလား"

ညခ်မ္းေအး ေကာင္းမညိတ္သလို ေခါင္းလည္းမခါေပ။ ႏႈတ္ပိတ္ေနျခင္းက ဝန္ခံျခင္းဆို သူဝန္ခံလိုက္မည္။

"ဒါေပမဲ့ အဲ့ဒါမျဖစ္သင့္ဘူးမို႔လား သားရယ္"

"ဂုဏ္သိကၡာရိွတဲ့ လူတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ ခ်စ္မိသြားတာ တစ္ေလာက လံုးမွာ ရိွတဲ့ လူေတြအမ်ားႀကီးထဲကေန ရွားရွားပါးပါး ဒီတစ္ေယာက္ထဲပါပဲ။ ကြၽန္ေတာ္ ေတြ့ကရာလူကို ႀကိဳက္ေနတာမ်ိဳးမဟုတ္ပါဘူးအရီး ။ "

တုန္ရီလႈပ္ခါေနတဲ့ သံစဉ္လိႈင္းေတြမွာ ေလးပင့္တဲ့ဝန္ထုတ္ဝန္ပိုးေတြပါေနသည္။ ပထမတစ္ခ်က္က
ဒီစကားေတြကို ေျပာခြင့္ရလို႔ သူေပ်ာ္သည္။
ဒုတိယ တစ္ခ်က္က ေျပာေနတဲ့အခ်ိန္ သူ႔ေဘးမွာ မရိွတဲ့ သူႏွစ္ေယာက္ကိုသတိရကာ ဝမ္းနည္းသည္။
ထိုသူက သူ႔အေမႏွင့္အ‌ ေဖပင္။
ဒီစကားေတြကို အေမရိွရင္ေျပာထြက္ပါ့မလား အေဖ ဆိုရင္ေရာ လက္ခံေပးႏိုင့္ပါ့မလားဆိုတာ သူ႔အား အေတြးမ်ားေစသည္။ အရီးသည္ သူ႔အားၾကၫ့္ကာ
စိတ္မခ်မ္းသာသလို ျဖစ္၍ေနေပသည္။
ငယ္ရြယ္စဉ္အခ်ိန္ကတည္းက ၾကၫ့္ရႈ႔လာတဲ့ကေလးမို႔ အရီးသည္လည္း စိတ္ေကာင္းမည္မဟုတ္။
အရင္အခ်ိန္အခါမ်ိဳးေတြတုန္းက စသလိုလို သူ၏ ျဖစ္တည္မူ႔ကိုခ်ျပတက္ေပမဲ့ အရီးကေတာ့
အမွန္အတိုင္းေျပာသည္ဟု ထင္မေနခဲ့ေပ။

" ျပန္စဉ္းစားပါအံုး ညခ်မ္းေအးရယ္။ မင္းက
ကေလးသူငယ္ေတြရဲ့ စံျပ ‌ဆရာတစ္ေယာက္ပါ။
အကယ္၍ ကေလးမိဘေတြအေနနဲ႔ မင္းကို အျပစ္ျမင္လာရင္ မင္းဘယ္လိုေရ႔ွဆက္မွာလဲ"

ညခ်မ္းေအး အသာအယာရယ္ေမာလိုက္သည္။
ဒါ အရီးကို ေလွာင္သည္မဟုတ္။ စိတ္ပ်က္စရာ လူသေဘာေတြကို သြားသတိရမိျခင္းေၾကာင့္ပင္။

" ဒါဆို အဲ့လူေတြနဲ႔ေဝးရာ ေရွာင္းေျပးရံုေပါ့အရီးရယ္။
ကြၽန္ေတာ့္ကိုလက္မခံႏိုင္ရင္ လက္ခံႏိုင္တဲ့ေနရာကို ေျပးရမွာေပါ့ "

"လြယ္လြယ္မေျပာနဲ႔ ညခ်မ္းေအး။ မင္းတက္ထားတဲ့ပညာေတြက လြယ္လြယ္ရခဲ့တာမဟုတ္ဘူး ။ ေရ႔ွဆက္ေလ်ွာက္ရမဲ့မင္းအနာဂတ္က အရွည္ႀကီးက်န္ေသးပါတယ္ ။ မင္းျပန္စဉ္းစားထားအံုး။ အရီးျပန္ေတာ့မယ္။ "

အရီး အိမ္ေပၚက ျပန္ဆင္းသြားတဲ့အထိ ထိုေနရာမွာ မလႈပ္တငုတ္က်န္ခဲ့တာ သူပင္။ သို႔ေသာ္ အိမ္ေဘးေနရာမွာ ရပ္ေနတဲ့လူတစ္ေယာက္ ကိုေတာ့ ဘယ္သူမွသတိမထားမိခဲ့ေပ။

ေန့ရက္မ်ားစြာက အလ်ွင္အျမန္ေျပာင္းလဲေနခဲ့သည္။
အိမ္ျခင္းကပ္ရပ္မို႔ မေတြ့ခ်င္မျမင္ခ်င္တဲ့သူေတြကိုလည္းျမင္ေနရတာ အလုပ္တစ္လုပ္ပင္။
ခ်ီးမြန္းခုႏွစ္ရပ္ ကဲ့ရပ္ခုႏွစ္ရက္ဆိုတဲ့စကားအတိုင္း
သတင္းစကားေတြကို မေျဖရွင္းပဲထားေတာ့ ဒီတိုင္း ၿပီးသြားခဲ့၏။

ဒီေန့က ခ်စ္ျပၫ့္ႏွင့္ ကိုဘေမွာင္၏ မဂၤလာ ညက်က္ေန့ပင္ျဖစ္သည္။။
ေလာစပီကာ၏ ျမည္ဟီးသံေၾကာင့္သီခ်င္းသံက ရြာအႏွံ႔ပ်ံ့ႏွံ႔ေနေလသည္။

မနက္ကို ေကြၽးမဲ့ ဝက္သားဟင္း အငံေၾကာ္ ပဲသုတ္ ခ်ဉ္ဟင္းေၾကာင့္ ထမင္းခ်က္တဲ့ ရြာရိွ ဇရပ္ႀကီး၏ေဘးကြက္လပ္တြင္ လူတိုင္းလူတိုင္းေခြၽးတစ္လံုးလံုးျဖင့္ အလုပ္ရႈပ္ေနခဲ့သည္။

ညခ်မ္းေအးကေတာ့ ထိုလူရႈပ္တဲ့ေနရာကို မသြားေပ။
မသြားခ်င္ေပမဲ့ မသြားမျဖစ္ ဟိုဖက္အိမ္၏ ေအာက္တြင္ ေဒၚၿမိဳင္တို႔ ထမင္းခ်က္သၫ့္အနားမွာ မနက္ခင္း အခ်ိဳပြဲအတြက္ ဝိုင္းကူလုပ္ေနခဲ့၏။
မျမင္ခ်င္ေယာင္ေဆာင္ထားေပမဲ့ ရစ္သီရစ္သီလုပ္ေနတဲ့ စံုသာၿမိဳင္ကိုလည္းမျမင္ခ်င္မွအဆံုးပင္။

တစ္ခါတစ္ရံလွမ္းၾကၫ့္ေနတက္တာကို သိေပမဲ့ ညခ်မ္းေအးကေတာ့ လ်စ္လ်ူသာ ရႈ႔ထားေလသည္။
ခုလည္း သတင္းစာရြက္ႀကီးဖတ္ကာ အိမ္ေပါက္ဝ စတီခံုမွာ ထိုင္လို႔ေနေခ်သည္။ ဘာအလုပ္မွ မဟုတ္ပဲ ဟိတ္ႀကီးဟန္ႀကီးရိွလွတာမို႔ အလြန္အမင္းမ်က္စိေနာက္ဖြယ္ေကာင္းေနေတာ့သည္။

"ဆရာေရ ေဒၚၿမိဳင္ကိုေလ ကိုစံုဆီက ေသာ့ေတာင္းၿပီး အေပၚထပ္က စတိုခန္းဖြင့္ေပးပါ့လား။ ေဒၚၿမိဳင္
ဆြမ္းေတာ္တင္ဖို႔နဲ႔ ကန္ေတာ့ပြဲထိုးဖို႔အိုးလိုေသးတယ္"

"‌ဟိုေလ ကြၽန္ေတာ္ မအား.."

"သြားေပးစမ္းပါ ဆရာေလးရယ္။ က်ဳပ္ဒူးမေကာင္းလို႔ပါ "

လက္ဖက္ႏွပ္ေနတဲ့ အေဒၚႀကီးေတြရဲ့ မ်က္လံုးေတြေရာက္လာေတာ့ ညခ်မ္းေအး တစ္ေယာက္ မထခ်င္ထခ်င္နဲ႔ ထရေတာ့သည္။
သူထြက္လာတာျမင္ေတာ့ဧၫ့္ခန္းမွာ အဆင္သင့္ေစာင့္ေနတဲ့ သူရဲ့အၾကၫ့္ေတြကလႈပ္ရွားသြားကာ စိတ္မဝင္စားဟန္ျဖင့္ သတင္းစားကို သဲႀကီးမဲႀကီးကုန္းဖတ္ေနကာ ဟန္ေဆာင္ေတာ့သည္။
ညခ်မ္းေအး စူပုတ္စြာ ေဘးမွာရပ္၍

" စတိုခန္းေသာ့ေပး ။ ေဒၚၿမိဳင္က ပစၥည္းယူခိုင္းလို႔"

စံုသာၿမိဳင္ခပ္တည္တည္ျဖင့္ ဖတ္ေနတဲ့သတင္းစာကိုေဘးပစ္ခ်ကာ

" လိုက္ခဲ့ ။ က်ဳပ္လိုက္ဖြင့္ေပးမယ္"

ေလွကားရင္းကေန ျဖည္းညင္းစြာတက္သြားတဲ့ေက်ာျပင္က်ယ္သည္ မရမ္းေရာင္ ခ်ည္ထည္ ကိုဝတ္ဆင္ထားေလသည္။ အရပ္ရွည္တာေၾကာင့္ပုဆိုးဆို
ေအာ္ဒါမွာရသည္ဟု ၾကားဖူးကာ ဝတ္လိုက္တိုင္း ေျခမ်က္စိထိ ေရာက္ေလသည္။
အဝါေရာင္ေျခတုသည္ ထိုပုဆိုးေအာက္မွာ ေလွကားတက္တိုင္းေပၚေပမဲ့ ညခ်မ္းေအးအဖို႔ရုပ္ဆိုးသည္ဟုပင္ မျမင္ႏိုင္ေပ။

စတိုခန္းသည္ အိမ္၏ ေထာင့္ဆံုးအခန္း၌ တည္ရိွေလသည္။ ပံုမွန္ဆိုအိမ္ေအာက္ထပ္မွာ ထားသင့္ေပမဲ့ ခ်စ္ထြန္းႏွင့္ေဒၚၿမိဳင္ပါ ေအာက္ထပ္မွာေနၾကတာမို႔ အေပၚထပ္အခန္းလြတ္မွာသာ ထားရေတာ့သည္။
အလင္းေရာင္ေဖ်ာ့ေဖ်ာ့သာေရာက္သၫ့္ေနရာမို႔
ေလ်ွာက္လမ္းတစ္ေလ်ာက္ ေမွာင္သလိုလို ရိွေနကာ
ႏွစ္ေယာက္ထဲရိွေနသၫ့္အသိျဖင့္ စိတ္ညစ္လာေလသည္။

"ဘာယူခိုင္းလိုက္တာလဲ"

" ပြဲထိုးဖို႔ကန္ေတာ့ပြဲအိုးရယ္၊ ဆြမ္းေတာ္ကပ္ဖို႔လင္ပန္းရယ္"

ေသာ့နဲ႔ထိုးဖြင့္လိုက္တဲ့တံခါးသည္ တြန္းဖြင့္လိုက္တာနဲ႔ ကြၽီဆိုတဲ့ စိတ္ေျခာက္ျခားဖြယ္အသံကေပၚထြက္လာ၏။

ဖုန္နံ႔သင္းသင္းအျပင္ ပင့္ကူအိမ္ေတြကလည္းမလြတ္မလပ္ ။

" ဖယ္ပါ။ ကြၽန္ေတာ္ဝင္ပါ့မယ္။ မျမင္စမ္းတမ္းနဲ႔ ေခ်ာ္လဲေနရင္ ဒုကၡေရာက္ေနအံုးမယ္"

တံခါးေဘာင္ကိုကိုင္ထားတဲ့ လက္ေမာင္းအားတြန္း၍
သူဝင္ဖို႔ႀကိဳးစားလိုက္ေပမဲ့ ေက်ာေပးထားတဲ့ကိုယ္လံုးႀကီးက လွၫ့္ကာ သူ႔အားေထြးဖက္လိုက္ေခ်သည္။
တင္းၾကပ္ေသာ အားေၾကာင့္ သူ႔မွာ အမွတ္တမဲ့ အေယာင္ေယာင္အမွားမွား သတိလက္လြတ္သြား၏

"ဘာ...ဘာလုပ္တာလဲဗ် "

အေတာ္ၾကာမွ ရင္ဘတ္ကို တြန္းကာဆိုလိုက္ေတာ့
လည္ပင္းၾကားမွာ မ်က္ႏွာအပ္ကာ ေခါင္းငံု႔တိုးဝင္ကာ ျပန္မလြတ္ခ်င္ဟန္ျဖင့္

"ခ်မ္းေအး ။ က်ဳပ္ေတာင္းပန္ပါတယ္။ လမ္းမခြဲလို႔မရဘူးလား။ "

တိတ္ဆိတ္ေသာ အခန္းက်ဉ္းဝယ္ သူ႔အသံတိုးတိုးဖ်ဖ်သည္ေနြးေထြးသိမ္ေမြ့လြန္းေနျပန္သည္။ တြန္းလႊတ္ေနေသာ လက္ဖ်ားတို႔သည္ထိုအခိုက္အတန႔္
အားမက္ေမာတြယ္‌တာမိကာ ရပ္တန႔္ကုန္၏။

"မျဖစ္ႏိုင္ပါဘူး "

" ဘာေၾကာင့္လဲ။ က်ဳပ္တို႔ႏွစ္ေယာက္ၾကားမွာ
လမ္းခြဲရေလာက္ေအာင္ ဘာေတြမ်ား အမွားရိွခဲ့လို႔လဲကြာ။ မႀကိဳက္တာေျပာပါ။ က်ဳပ္အကုန္ျပင္ေပးပါ့မယ္"

ဝမ္းနည္းသည္။ မေခ်ာ့ခင္ကလည္း ဝမ္းနည္းရသလိုေခ်ာ့ၿပီးခ်ိန္မွာလည္းဝမ္းနည္းရသည္။ ညခ်မ္းေအးသည္ စံုသာၿမိဳင္၏ တိုးေဝ႔ွဖက္တြယ္မူ႔၊ သိမ္ေမြ့စြာေခ်ာ့ျမဴမူ႔ၾကားတြင္ေတာင့္မခံႏိုင္ပဲ မ်က္ရည္စက္လက္က်ေတာ့သည္။

" ကြၽန္ေတာ္.. ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေရ႔ွဆက္ဖို႔မျဖစ္ႏိုင္ဘူးထင္တယ္။ ပတ္ဝန္းက်င္မွာ ေလွာင္ေျပာင္ေမးေငါ့တာေတြ ၊ ကြၽန္ေတာ့္ကို မလိုေတာ့မွာေတြစိုးတယ္။ "

" အကုန္ က်ဳပ္တာဝန္ယူပါတယ္။ ဒီမွာ သူတို႔ လက္ညိုးထိုးေနၾကရင္ က်ဳပ္တို႔ သူတို႔မရိွတဲ့ေနရာကိုသြားေနၾကမယ္ေလဗ်ာ။ သူတို႔မင္းကို မလိုအပ္ေပမဲ့ က်ဳပ္ကေတာ့တကယ္လိုအပ္ပါတယ္ခ်မ္းေအးရယ္။ စိတ္ဆိုးလို႔ လမ္းခြဲစကားေျပာတာကို က်ဳပ္လက္ခံႏိုင္ပါတယ္။ ပတ္ဝန္းခ်င္ေမးေငါ့ရံုနဲ႔ေတာ့ က်ဳပ္ကိုမပစ္ပယ္ပါနဲ႔ ေနာ္။ "

ပုခံုးႏုႏုေပၚမွာ ေမးတင္ကာ သူ႔မ်က္လံုးအစံုကိုေမးမိွတ္လိုက္မိသည္။

မလိုသူေတြဘယ္ေလာက္မ်ားမ်ားသူနည္းနည္းမွ ေနာက္ဆုတ္မွာမဟုတ္ဘူး။
ဆံုးျဖတ္ခ်က္ခိုင္ခိုင္ခ်ကာ သူရင္ခြင္ထဲကေနြးေထြးတဲ့ ကိုယ္လံုးငယ္ကို မလြတ္ႏိုင္ေအာင္ေထြးဖက္ပစ္လိုက္သည္။

" ဟင့္အင္.. ခင္ဗ်ားက ပိုမယံုရတာသိလား "

" အဲ့လိုမေျပာပါနဲ႔ ကြာ ။ ဘာေတြမယံုတာလဲေျပာ ။ အလိုက္မသိလို႔လားဟင္။ ျပင္မယ္ေလဗ်ာ။ "

"ဖယ္ပါ ။ မဖက္နဲ႔ ။ခင္ဗ်ားကို ခြင့္မလြတ္ေသးဘူး သိလား ။ ေဝးေဝးေန အနားမကပ္နဲ႔"

" ဘာလို႔လဲ ။ဒီလိုကပ္ခ်င္လိုအခြင့္အေရးေစာင့္ေနတာကို ။ က်ဳပ္အိမ္လို႔ေျပာမိတာကို ခြင့္မလြတ္ေသးတာလားဟင္။ ဒါဆို ဒီအိမ္ေရာ ဟိုအိမ္ေရာ မင္းကိုေပးမယ္ေလ။ အနားကပ္ခြင့္ေပးမွာလား"

"ၾကၫ့္..ေျပာေလကဲေလ "

ညခ်မ္းေအး စိတ္တိုစြာ သူ႔ကိုယ္လံုးႀကီးအားတြန္းလႊတ္ပစ္လိုက္ေတာ့ ေယာက်ာ္းေလးအားမို႔ အတင္းဖက္တြယ္ထားရာကေန ေဝးသြားေလသည္။
ထိုအခါ စံုသာၿမိဳင္သည္ လက္ေမာင္းကေန လွမ္းဆြဲကာ လည္ပင္းကိုခ်ဳပ္၍ ညခ်မ္းေအး၏ ႏႈတ္ခမ္းအစံုကို ကိုက္ဆြဲပစ္လိုက္၏။

" အာ့"

" ဘာလုပ္တာလဲဗ် ။‌ ေပါက္သြားၿပီလားမသိဘူး"

အမွန္တကယ္ စပ္ပူသြားေသာ ႏႈတ္ခမ္းစအား လ်ွာနဲ႔သပ္ကာ စမ္းၾကၫ့္မိစဉ္ စံုသာၿမိဳင္သည္ ျပန္လည္ေထြးဖက္ကာေပြ့ယူသြား၏

" လမ္းမခြဲဘူးေနာ္။ ဘယ္ေတာ့မွ ထပ္မေျပာနဲ႔မၾကားခ်င္ဘူး"

က်ယ္ျပန႔္ေသာ ပုခံုးေပၚမွာ ျပန္လည္ေမွးတင္ရင္း
ညခ်မ္းေအးတစ္ေယာက္ သက္ပ်င္းႀကိတ္ခ်လိုက္ေလသည္။

လတ္တေလာ ပူေလာင္မူ႔သည္ မ်ွေဝဖို႔ အေဖာ္ရိွေလေတာ့ အနည္းငယ္သက္သြားေလေတာ့သည္။
သူသည္ စိတ္ဆိုးတုန္းက စိတ္ဆိုးခဲ့ေပမဲ့ အမွန္ေတာ့
သူသည္လည္း ျပတ္ဖို႔ စိတ္မကူးခဲ့ေပ။

(အမွန္ေတာ့ အခါႀကီးရက္ႀကီးေတြမို႔ ဆိုင္က လူတအားက်ေနတာ။ စာေရးတဲ့အလုပ္က ဝါသနာမို႔သာေရးရတာပါ
ထမင္းစားဖို႔ေတာ့ မျဖစ္မေန အျပင္ဘဝမွာ လုပ္ရေသးတာမို႔ အားတဲ့အခ်ိန္ေလးေတာ့ႀကိဳးစားဖဲ့ေရးေနရတယ္။ ေမ်ွာ္ေနၾကတာေတြ့ေတာ့လည္းစိတ္မေကာင္းဘူး။ စိတ္မေအးရတာေတြရိွေတာ့ဒီတစ္အုပ္ၿပီးရင္နားမလားလို႔ပါေတြးေနမိေတာ့တယ္ )

Bạn đang đọc truyện trên: ZingTruyen.Xyz