ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

22

eainsi23

"မကြာခင် ကျောင်းစုံညီပွဲတော် လာတော့မယ်နော်။ ဆရာ့အတန်းက ကျောင်းသားတွေအတွက် ပါဝင်မဲ့ သူတွေ ရွေးချယ်ထားသင့်ပြီ "

"ဟုတ်ကဲ့ဆရာဉာဏ် ။ အဲ့ဒါကိုပဲ ကျွန်တော်လည်းတိုင်ပင်မလို့။ ဆရာ့အတန်းက ရနံ့ကူးဆိုတဲ့ ကျောင်းသူလေးအတွက် ကျွန်တော် တာဝန်ယူထားလို့ ပါ ။ သူပါဝင်ချင်တာရှိရင် မိဘတွေအစား ကျွန်တော်ကိုပဲ ပြောပေးလို့ရမလားဗျ။ "

ဆရာဉာဏ်သည် မူလတန်းပြ ဆရာဖြစ်သည်ကြောင့် ခုမှ သူငယ်တန်းတက်နေသော ကူးကူးက မဖြစ်မနေ ဆရာဉာဏ်၏ တပည့်ဖြစ်ရတော့သည်။ ပညာရေးတက္ကသိုလ်ကျောင်းဆင်း ညချမ်းအေးသည် အလယ်တန်းပြအဖြစ် ခုနှစ်တန်း အတန်းပိုင်အဖြစ်တာဝန်ယူရသည်။ ရသည့်ဘွဲ့အရ မတူညီတာမို့
ဆရာဉာဏ်သည်နှစ်ထမ်းအရ စီနီယာဖြစ်ပေသည့်တိုင် မူပြအဖြစ်တာဝန်ယူရတာဖြစ်၏။အမှန်အတိုင်းပြောရရင် ဆရာဉာဏ်သည် ကျောင်းပညာရေး အရ မူပြကိုင်တွယ်ရပေမဲ့ တက်ကျွမ်းသော ပရမီကြောင့် ညချမ်းအေးတို့ပင် မသိတာရှိရင်မေးမြန်းရ၏။

အမှန်တော့ တကယ်တက်ကျွမ်းသူ၊ အခြေခံ ကောင်းမွန်သူတိုင်းမူပြအဖြစ်တာဝန်ထမ်းဆောင်သင့်သည်။
ကလေးတိုင်း၏ အုတ်မြစ်ကို ခိုင်ခံ့အောင် ချမှတ်နိုင်သော ဆရာဖြစ်သူသည် မတက်ကျွမ်းပဲ
တက်ယောင်ကား ဆရာ မဖြစ်သင့်ပေ။
ဆရာတစ်ယောက်၏ ဂုဏ်အင်္ဂါအဆင့်အတန်းသည်
မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြဟူသော
ပကာသနဖြင့်တိုင်းတာရန်မဟုတ်ပေ။

မူကြို၊ သူငယ်တန်း အစရှိသော အတန်းငယ်များသည် အိမ်တစ်အိမ်၏ အုတ်မြစ်နှင့်တူပေသည်။
အခြေခံမကောင်းသော အိမ်တစ်အိမ်သည် အပေါ်‌ပိုင်း ဘယ်လောက်ကောင်းအောင်ဆောက်ဆောက်  ရေရှည်တည်မြဲမည်မဟုတ်။
သင်ကြားမူ့ညံ့ဖျင်းသော ဆရာများသည် အငယ်တန်းကလေးများအား လျော့ပေါ့ အထင်မြင်သေးတက်ကြသည်။ ဒါမဖြစ်သင့်ဟု ညချမ်းအေးထင်ပေသည်။ ဆရာဉာဏ်၏ မြန်မာစာ ၊ အင်္ဂလိပ်သင်ရိုးသည် အလွန်အင်မတန်ကောင်းလှသည်။
ရိုးရှင်းသော သင်ရိုးဖြစ်ပေသည့် သူ့လက်ထွက် ကလေးငယ်များသည် အခြေခံပိုင်နိုင်တာကြောင့်
အင်္ဂလိပ်စကားပြောပီသပြီး ကဗျာစာပေများကို ဖတ်ရှု့ရသည်ကို မကြောက်ရွံ့တက်ပေ။

ညချမ်းအေး သည် လုံးလဝရိယကြောင့် အထက်တန်းကို အောင်မြင်‌ခဲ့ပေမဲ့ အင်္ဂလိပ်သံသည် မြန်မာအခေါ် ငပိသံရောနှောနေတက်သည်။ အတော်အသင့် စကားပြောရသည်ကို ကြောက်တက်ပြီးနှုတ်ထွက်မရဲပေ။ အမှန်တော့ လေ့လာအားကောင်းမူ့ကြောင့် တက္ကသုလ်တက်သည့်အခါ အတော်လေး အဆင်ပြေလာခဲ့ပေမဲ့ ဆရာဉာဏ်လောက်တော့ စကားပြောကျွမ်းကျင်မူ့နည်းပါးသေး၏။

ညချမ်းအေး၏ ရိုသေသော အပြောစကားကြောင့် ဆရာဉာဏ် သည်ပြုံးလိုက်ပြီး ပခုံးအား လက်သီးဖြင့် အသာထိုးလိုက်၏။

" ဟုတ်ပါပြီ။ ကျွန်တော်အတန်းတွေ လိုက်မေးပြီးရင် သူငယ်တန်းတွေဘာအစီအစဉ် လုပ်မှာလဲဆိုတာ တိုင်ပင်တဲ့အခါ ဆရာ့ကိုပြန်ပြောပေးပါ့မယ်"

"ဟုတ်ကဲ့ဆရာဉာဏ် ကျေးဇူးဗျာ"

သို့‌သော် ထို အဖြစ်အပျက်အား အဝေးကနေ လှမ်းမြင်လိုက်သော စုံသာမြိုင်အဖို့မီးစနှင့် ထိုးခံလိုက်ရပြီး ရည်းစားလူလု အူနုကျွဲခတ်သလို ခံစားလိုက်ရတော့သည်။

သူသည် လက်ထဲက မုန့်ပဲသရေစာ အထုတ်အား ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်၍ အသံမြည်အောင်ကားတံခါးအား အကြမ်းပတမ်းပိတ်လိုက်လေသည်။ တုန်ခါသွားသော ကားကြီး၏ ကိုယ်ထည်သည် စုံသာမြိုင်မည်မျှဒေါသထွက်သလဲဆိုတာ မေးဖို့ပင်မလိုတော့။
ခပ်ထော့ထော့ ခြေထောက်ဖြင့် သူသည် ညချမ်းအေးအားထပ်မကြည့်တော့ပဲ
သူ့သမီးအတန်း ဖက်အား သုတ်ခြေတင်လိုက်တော့သည်။
ယူလာတဲ့မုန့်ထဲမှာ မြို့ကတကူးတက မှာထားတဲ့ ငှက်ပျော ကိတ်တွေလည်းပါသည်။
အကုန်သူ့သမီးအတွက်ပဲ။
ဘယ်သူ့မှ ကျွေးမနေဘူးဟုလည်းတွေးလိုက်၏။

_______

" ဗျို့ ဆရာ ။ အိမ်ဖက် အလည်မလာဘူးလားဗျ ။
နေ့ခင်းက ကိုစုံမြို့က မှာထားတဲ့ ငှက်ပျောကိတ်တွေရောက်တယ်လေ ။ လာစားလှည့်အုံး"

ခြံစည်းရိုးထိပ်ကို ကိုင်ကာ လှမ်းအော်ပြောသူက ကိုဘမှောင်ဆိုတဲ့သူဖြစ်သည်။
ညချမ်းအေးသည်  လှမ်းထားတဲ့အဝတ်တွေအား  ရုတ်နေတာမို့ အိမ်နောက်ဖေး ခြံစည်းရိုးပေါ်မှ စကားလှမ်းပြောနေတဲ့ဘမှောင်အောင်သေချာမြင်နေရလေသည်။ သူသည် ပြုံးရယ်ပြလိုက်ပြီး

"ဟုတ်လား ။ ဒါဆို ခဏနေလာခဲ့မယ်ဗျာ။"

"ဟုတ်ပြီ ဟုတ်ပြီ ။ ဒေါ်မြိုင်ကို ညနေစာပါချက်ခိုင်းထားတယ်။ အိမ်ဖက်သာ လာစားလှည့်တော့ "

ညချမ်းအေးလည်း ကိုဘမှောင်စကားကြောင့် ညနေစာ ပြင်ဆင်မနေတော့ဖို့ ဆုံးဖြတ်လိုက်သည်။
မဟုတ်တောင် ဟိုဖက်က သူရည်းစားကလည်း
အိမ်ဖက်မလာတာမို့ သူ့ကပဲသွားရတော့မှာဖြစ်သည်။ သူသည် ယောက်ျားလေးတစ်ယောက်မို့လားမသိ ၊ စိတ်ပြေလွယ်လေသည်။ ဟိုနေ့က အဖြစ်အရ ရည်းစားကလည်း စကားပြောမတက်ပုံမို့ နားလည်မူ့လွဲတာလည်းဖြစ်ကောင်းဖြစ်နိုင်သည်။
အမြန်ပင် အဝတ်ခေါက်ကာ အိမ်တံခါးစေ့လိုက်ပြီး မလွယ်ပေါက်ကနေ တဆင့် ဟိုဖက်အိမ်အားဖြတ်ကူးလိုက်သည်။

နှစ်ထပ်အိမ်သည် လူရိပ်လူယောင်ရှိပေမဲ့ တိတ်တဆိတ် ရှိနေသည်မို့ ဖိနပ်ချွတ်၍ အသာ လှေခါးထစ်ကို တက်နင်းကျော်ဖြတ်လိုက်ရာ မီးဖိုချောင်က ထွက်လာတဲ့ ဒေါ်မြိုင်ကို တွေ့လိုက်ရသည်။

"‌ဘယ်သွားကြတာလဲ ဒေါ်မြိုင်။ တစ်ယောက်မှလည်းမတွေ့ဘူး"

"ကူးကူးနဲ့ ချစ်ထွန်းက သူ့အမ စက်ဆိုင်သွားကြတယ်ဆရာလေး။ ကိုစုံကတော့ သူ့အခန်းမှာ ရှိမယ်ထင်တယ် ။ ဒေါ်မြိုင်သွားခေါ်ပေးမယ် ခဏ စောင့်နော်"

" နေပါစေ ဒေါ်မြိုင်။ ကျွန်တော် မုန့်လာစားတာ ။
ငှက်ပျောကိတ် ပါခဲ့တယ်ဆို ။ ကိုဘမှောင်က ပြောလို့ စားမလို့ကူးလာခဲ့တာ "

ညချမ်းအေး မီးဖိုဆောင်ထဲက ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်ပြီး ဒေါ်မြိုင်အားပြောလိုက်သည်။
ဒေါ်မြိုင်တစ်ယောက် ရေခဲသေတ္တာ ပြေးဖွင့်ပြီးရှာပေမဲ့ ကိုဘမှောင်ပြောတဲ့ ငှက်ပျောကိတ်က မတွေ့တော့ပေ။

"ဘယ်နေရာများထားပါလိမ့်။ နေပါအုံး ဒေါ်မြိုင်
ဘမှောင်ကို သွားမေးချေအုံးမယ်။ သူ့အခန်းမှာ သွားအိပ်နေပြီထင်တယ်။ ခဏနော်ဆရာလေး "

ခပ်သုတ်သုတ်ထွက်သွားတဲ့ဒေါ်မြိုင်နောက်ကျောကို ကြည့်ကာ ညချမ်းအေးတစ်ယောက် မီးဖိုဆောင်ထဲကျန်နေခဲ့လေသည်။ ထမင်းစားပွဲပေါ်မှာ အုပ်ထားတဲ့ အနီရင့်ရင့် အုပ်ဆောင်းအား ဆွဲဖွင့်ကြည့်လိုက်တော့ ဒေါ်မြိုင်ချက်ထားတာ ဟင်းတွေစုံလို့ဖြစ်၏။
ဝက်သားနှင့်ဇီးဖြူသီးချက်ကိုတွေ့တော့ ညချမ်းအေး တစ်ယောက်ဟန်ပင်မဆောင်နိုင်တော့ပေ။

"အဟမ်း...ပြောတော့ ကိတ်စားမလို့ လာတာဆို။
ခုကျ ဟင်းခွက်တွေလိုက်ကြည့်နေတာ "

စပ်စုနေတဲ့အချိန် ဝင်လာတဲ့သူကြောင့် ညချမ်းအေးမှုန်ကုတ်ကုတ်ဖြစ်သွား၏။ ဒေါ်မြိုင်ကို နောက်မှာ ပါလာသလား လှည့်ရှာတော့ အရိပ်အယောင်ပင် မမြင်ရတော့ပေ။

"လိုက်ကြည့်မနေနဲ့ ။ အပေါ်မှာ ဘုရားအိုးလဲနေတာ ။
ကိတ်မုန့်စားမှာဆို "

" ခုစိတ်ပြောင်းသွားပြီ။ ထမင်းအရင်စားတော့မယ်"

အိမ်မှာ ရှိရက်နဲ့ ကိုယ့်ကို လာမချော့မှန်းသိတော့ ဝမ်းနည်းစိတ်ကလှိုက်ခနဲတက်လာသည်။ သူ့ဖက်ကို လှည့်မကြည့်ပဲ ထမင်းစားဖို့ ထမခူးပဲ စားပွဲမှာတင်ငုတ်တုတ်ထိုင်နေမိသည်။
စားချင်စိတ်ရှိနေသော ဝက်သားဟင်းပင်အရသာမရှိတော့သယောင် ဖြစ်လာမို့ နှုတ်ခမ်းစူစူနှင့်ပင် မကျေလည်တဲ့အမူအယာပြနေလိုက်သည်။  ထိုအချိန် ထမင်းပူပူတစ်ပန်းကန် က မျက်စိရှေ့ရောက်လာပြီး

" စားမှာဆို ထမင်းအရင်စားလေ။ မုန့်က ကျုပ်အခန်းထဲကရေခဲသေတ္တာထဲထည့်သိမ်းတာ ။ အပြန်ကျထည့်ပေးလိုက်မယ် ...ဘာဟင်းကြိုက်သလဲထည့်စား"

ကိုယ့်အိမ်မှာလို တစ်ခွက်နှစ်ခွက်ထဲချက်ထားသည်မဟုတ်။ အမယ်စုံလင်သော ဟင်းမျိုးစုံအားကြည့်ရင်း မ‌ ပြေလည်တဲ့ဘဝကိုပါအမှတ်ရမိတော့သည်။

"ဘာလဲ စားမကောင်းလို့လား"

"မဟုတ်ပါဘူးကောင်းပါတယ်"

ကောင်လေးရဲ့မျက်နှာသွင်ပြင်ကို အကဲခတ်ရင်း စုံသာမြိုင် သံသယများဖြင့် ဟင်းတွေ ထည့်ပေးနေမိသည်။ သူတို့နှစ်ယောက်ရင်ထဲမှာရှိတဲ့အစိုင်အခဲ တချို့က မသိမသာရစ်တွယ်နေတာကို သတိမထားမိကြတဲ့အပြင် စုံသာမြိုင်သည်လည်းစကားကို လူနားလည်အောင်မပြောတက်တာကြောင့် စိတ်မပြေပဲပိုပိုစိုးလာခဲ့၏။
အမှန်တော့ စုံတွဲတွေမှာ မပွင့်လင်းခြင်းက အနှောက်အယှက်တစ်ခုနှယ်။
စားသောက်ပြီးစီးသည့်အချိန်တွင် ညချမ်းအေးသည် သူတို့နှစ်ဦး၏စိတ်ကောက်ခြင်းအား သတိရသွားလေသည်။
သူသည် ရေဆေးထားသော လက်တို့ကို သုတ်ဖယ်ရင်း ဒီရက်တွေအတွင်း ဘာကြောင့်လာမချော့လဲဆိုတာ မေးချင်ခဲ့သည်။ သို့သော်ပြောမိသည်က

"ခင်ဗျား နဲ့ ကျွန်တော် စိတ်ဆိုးနေကြတယ် " ဟူတဲ့စကား။

စုံသာမြိုင် ထိုင်နေရက်အနေအထားနဲ့ ဘေးမှာ ရပ်ပြီးလက်သုတ်နေတဲ့ကောင်လေးကို ငေးကြည့်လိုက်ပြီး

"အဲ့တော့၊ ဘာဖြစ်လဲ" ဟု စကားဆက်လိုက်သည်။
သူ့စကားကြောင့် လှပသော ဇင်ယော်တောင် မျက်ခုံးတို့သည် မိုးပေါ်ပျံတက်တော့မယောင်ဖြစ်လာတဲ့အထိ သူ့စကားမှားလို့မှားပဲ စုံသာမြိုင်မသိသေး။

"အဲ့တော့ ဘာဖြစ်ရမှာလဲ။ မခေါ်နဲ့လေ။ ကျွန်တော်
ဘာသာ ဘာစားစား ခင်ဗျားနဲ့မဆိုင်ဘူး။ သွားဝေးဝေးနေ အနားမလာနဲ့"

စုံသာမြိုင်၏ ဘဝတသက်တာလုံး ထိုသို့ပြောမဲ့သူမရှိခဲ့တာကြာခဲ့လေပြီ။ ညူစူဟန်ရှိသော နှုတ်ခမ်းတို့သာ
ငေးကြည့်ခွင့်ရရင် သူ့အနေနဲ့ မရောင့်ရဲနိုင်စရာမရှိတော့ပေ။ သို့ပေမဲ့ သူ၏ တသက်လုံး အေးစက်စက်နေခဲ့သော မျက်နှာထားမှာ တခဏအတွင်းပြောင်းလဲ၍မလာ‌ တော့ ညချမ်းအေး၏စိတ်မှာ အနာတရဖြစ်ခဲ့ရသည်။ 

" ဒီအိမ်က ကျုပ်အိမ်လေ။ ဒီနားမလာနဲ့ဆိုတော့ ဘယ်သွားရမှာလဲဗျ "

"ခင်ဗျား"

ညချမ်းအေး လက်ညိုးတထိုးထိုးဖြင့် မျောက်မီးခဲကိုင်သလို ခုန်စွစွ ဖြစ်လာလေသည်။

ဒီလူ သူ့ရန်သူကြီးများလား။

"ရတယ်။ ပြန်မယ် ။ ပြန်မယ် မနေဘူး"

ညချမ်းအေး ထွက်သွားမဲ့ဟန်မြင်တော့ စုံသာမြိုင်သည် လှစ်ခနဲနေအောင် လက်ကိုလှမ်းဆွဲ၍
မျက်မှောင်ကုတ်လျက်ပင်

"ဟိုဖက်အိမ်ကလည်း ကျုပ်အိမ်လေ " ဟုပြောလာတော့အခါ ညချမ်းအေးတစ်ယောက် စိတ်တိုရလွန်းလွန်း သွေးပွက်ပွက်အန်တော့မတက်ဖြစ်လာတော့၏။ အမှန်တော့ ဘယ်အိမ်သွားသွား အတူတူပဲမို့ သူ့နားမှာပဲနေကာ စကားပြောစေချင်ခဲ့တာဖြစ်၏။ အပြောမတက်တော့ဆဲသလိုဆိုတဲ့စကားအတိုင်းနီစွေးနေသော မျက်လေးက အမျက်ချောင်းချောင်းထွက်နေပြီဆိုတာသက်သေပင်။

နောင်နေရက်များစွာအတွက် ရင်လေးစရာ ချစ်သူရည်စားပင်။
ညချမ်းအေးတစ်ယောက် သူ့ရည်းစားကို ငေးကြည့်ကာ အတော်လေးစိတ်ပျက်လက်ပျက်ဖြစ်၍သွားတော့၏။
ထို့နောက် ဒေါသတကြီးပင်

"ခင်ဗျားနဲ့ ပြတ်ပြီသိလား"  သူ့အော်သံသည် အိမ်ကြီးအတွင်းပျံ့နှံ့သွားရာ အိမ်ပေါ်ထပ်တွင် ဘုရားပန်းအိုးလဲခိုင်းထားသော ဒေါ်မြိုင်တစ်ယောက်ပင် ရင်ဖက်ဖိကာ ပြေးဆင်းလာသည်အထိပင်။ သူရောက်လာတဲ့အခါ
စုံသာမြိုင် တစ်ယောက်ထဲ မီးဖိုခန်းတွင် ငူငူကြီးရပ်တန့်နေတာကိုတွေ့ရတော့ ဒေါ်မြိုင်သည်
ဘာလုပ်ရမှန်းမသိဖြစ်ကာသွား၏။

သုံးရက်မြောက်တွင် စုံသာမြိုင်တို့၏ အိမ်တွင်
ပြဿနာ မမည်သော ကိစ္စတစ်ခုဖြစ်ပွားခဲ့သည်။

" ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးမှာလဲကိုစုံ။
ကျုပ်သဘောမတူဘူးနော်။ ကျုပ်အမက နုနုထွတ်ထွတ်လေး "

ဘမှောင်တစ်ယောက် ချစ်ထွန်း၏ရှေ့တွင် မျက်နှာငယ်ငယ်ဖြင့်ထိုင်၍ နေရှာသည်။
ဝါကျွတ်ပြီမို့ ချစ်ပြည့်နဲ့ကိစ္စကို ဘမှောင်စီစဉ်ချင်ပြီဖြစ်၏။ သူသည် အသက်ကြီးသည်ကလွဲ၍ အတိတ်မှာလက်ညိုးထိုးစရာအရှုပ်အရှင်းပင် မရှိခဲ့တဲ့ကောင်ပါ။ ဉာဏ်ကောင်းလွန်းလို့ လက်စဖျောက်ရာ၌ပင် သက်သေမချန်နိုင်တဲ့ လက်မရွံ့ကြေးစားတစ်ယောက်ဟု သက်မှတ်နိုင်သော်ငြား အချစ်ကြောင့် သူလောက်မရှိတဲ့ချစ်ထွန်း၏ရှေ့မှာ စိုးရိမ်နေရတဲ့ပုံက သနားစရာ။
စုံသာမြိုင် တစ်မနက်ခင်းလုံးခေါင်းကိုက်နေလေသည်။ ထိုပြဿနာကို ရှင်းပေးဖို့ ချစ်ထွန်း၏ နာပူမူ့ကလည်း ဆက်တိုက်ဆိုသလိုပင်။
သူ၏အချစ်ရေးကို ပင်ပြေလည်အောင်မရှင်းနိုင်သဖြင့် သူတပါးကိစ္စကို သူ့အနေနဲ့ စိတ်ရှုပ်ရုံမှအပ မတက်နိုင်ချေ။

အချစ်၏ကွေကွင်းရသော ဝဋ်ဒုက္ခကို ချစ်သူ၏ အတွေ့မခံသောအဖြစ်ဖြင့်ကိုယ်ချင်းစာကာ
ချစ်ထွန်းကို ဆက်မပြောဖို့လက်ပြလိုက်သည်။

" အချင်းချင်း‌တွေကို မင်းကဘာဖြစ်နေတာလဲ။
မင်းအမလည်း သူ့ကိုယ်ပိုင်ဘဝ ထူထောင်ချင်အုံးမှာပဲလေ။ ပြီးတော့ ကိုဘမှောင်ဆိုတာက အသက်ကြီးတာကလွဲပြီး မင်းရော ငါရော စိတ်ချထားလို့ရတဲ့လူ။ ငွေရေးကြေးရေး အနေနဲ့ပြောရရင်လည်း သူ့မှာ တက်နိုင်တာထက်နေနိုင်၊ထားနိုင်တဲ့အဆင့်ရောက်နေပြီ။ ဒါကို မင်းက သဘောမတူရင် ဘယ်လိုလူနဲ့မင်းကသဘောတူချင်သေးတာလဲပြောတော့ "

ပြောလို့ပြောတာမဟုတ်။ စုံသာမြိုင်၏ ရွှေအင်းအောင်တုန်းက ဘမှောင်နဲ့ချစ်ထွန်း ရရှိထားတဲ့ အမြတ်ငွေပမာနသည်နည်းတာမဟုတ်ပေ။
မျောကျ မြေစာမှထွက်တဲ့ရွှေပမာနသည် စုံသာမြိုင် ရသည့်ရွှေထက် လေးစုတစ်စုဆိုတာ အနည်းဆုံးပင် ။
ထိုရွှေတွေအတွက်တင်မကသေး။ လုပ်ငန်းထူထောင်တုန်းက ရရှိတဲ့ အမြတ်ငွေအတွက်အစုစားရှယ်ယာတွေပါ ပေးထားတာမို့ လစဉ်ဝင်ငွေက မပြတ်တမ်း။
ဒီလိုလူကိုယောက်ဖမတော်တော့ဘယ်သူ့ကိုတော်မလဲ။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ဆိုသလို
အချင်းချင်းဆိုတော့ပိုတောင်မကောင်းပေဘူးလား။

နောက် ဒီလူ ကိုဘမှောင်ဆိုတာ အသက်က ကြီးသေး။
သေရင် သူအရင်သေမှာ။ သေလို့ ရမဲ့ပစ္စည်းက ဘယ်သူ့အပိုင်ဖြစ်လာမဲ့တဲ့လဲ။

အ..လိုက်တဲ့ချစ်ထွန်း။

ဘမှောင်ကတော့ စုံသာမြိုင်၏ အတွေးကိုမသိရှာပေ။
ကျေးဇူးရှင်ကြီးရယ် အားကိုးရပါဘိ ဟု ဆိုချင်တဲ့မျက်လုံးကြီးပုတ်ခတ်ပုတ်ဖြင့် လှမ်းကြည့်ကာကျေးဇူးတင်နေတော့သည်။

စုံသာမြိုင်ဆီမှ ခပ်မာမာအသံကြားတော့ ချစ်ထွန်းတစ်ယောက် ထပ်မပြောရဲတော့ပေမဲ့ မကျေနပ်တဲ့ဟန်ဖြင့် စကားဝိုင်းကနေထထွက်သွားတော့သည်။
စုံသာမြိုင်က စိတ်ဆိုးဟန်မရှိပဲ ဘမှောင်ကို

" သူ့ကိုစိတ်ထဲထားမနေနဲ့ သူ့စိတ်ဆိုးတုန်းမို့ပြောတာပါ။ ခင်ဗျားလုပ်စရာရှိတာသာ လုပ်ထားတော့။
ချစ်ပြည့်ဆိုတာ ကျုပ်ညီမဆိုလည်းဟုတ်တယ်နော်။ ခင်ဗျားရုတ်ရုတ်သဲသဲတော့လုပ်မယ်မကျန်နဲ့။ ကျုပ်အကြောင်း ခင်ဗျားသိပါတယ်"

" သိပါတယ်အာစရိရာ ။ ပြည့်ပြည့်လေးကို ကျုပ်လည်း အတည်ကြံတာပါဗျာ။ ယောက်ဖ စိတ်ဆိုးပြေအောင် သူ့အမကို မိသားဖသာပီပီ တင်တောင်းမှာ စိတ်ချပါ။ "

ထို့ထက်ပိုတဲ့စကားတွေကို နားမထောင်လိုတာကြောင် မျက်နှာလွဲကာ လက်ခါပြလိုက်သည်။

"သွားတော့သွားတော့.."

သမီးဖြစ်သူကလည်းဒီရက်ပိုင်းအနားကိုပင်မကပ်။
ဖအေအစစ်လာတော့သွေးကစကားပြောတာလိုလို
မို့ ကိုသက်ခိုင်ဆိုတာနဲ့ဘယ်ခေါ်ခေါ်လိုက်သည်။
ဟိုကလည်း သွားလေရာ မပျင်းမရိခေါ်တာကြောင့်
အိမ်ပြင်ထွက်ချင်တဲ့ ရနံ့ကူးတစ်ယောက် ဖေသက် ဆိုတာ ပါးစပ်ဖျားကမချတော့။

ရှိစေတော့ရှိစေတော့။
အချစ်ကပါ ပစ်မှတော့ သားသမီးဆိုတာထားတော့။
ကိုယ့်များကတော့ ချစ်လိုက်ရတာ။
မှန်တာပြောတော့ လူတွေက ကြိုက်တာမဟုတ်။
ဒီက သူသွားမှာမို့ ဟိုဖက်ကလည်း ကျုပ်အိမ်လို့ ပြောမိတာ မှားသွားသည်တဲ့လား။
ဝယ်ထားတဲ့ငှက်ပျောကိတ်လေးတောင်မှ လွမ်းလို့ စားပစ်လိုက်တာ တစ်ကိုက်စာပင်မကျန်တော့။

ဟူး....

ထပ်လွမ်းရင် အချစ်ကြိုက်တဲ့ ကိတ်လေး ထပ်စားဖို့တောင်မှမကျန်တော့ပါလား....

"မၾကာခင္ ေက်ာင္းစံုညီပြဲေတာ္ လာေတာ့မယ္ေနာ္။ ဆရာ့အတန္းက ေက်ာင္းသားေတြအတြက္ ပါဝင္မဲ့ သူေတြ ေရြးခ်ယ္ထားသင့္ၿပီ "

"ဟုတ္ကဲ့ဆရာဉာဏ္ ။ အဲ့ဒါကိုပဲ ကြၽန္ေတာ္လည္းတိုင္ပင္မလို႔။ ဆရာ့အတန္းက ရနံ႔ကူးဆိုတဲ့ ေက်ာင္းသူေလးအတြက္ ကြၽန္ေတာ္ တာဝန္ယူထားလို႔ ပါ ။ သူပါဝင္ခ်င္တာရိွရင္ မိဘေတြအစား ကြၽန္ေတာ္ကိုပဲ ေျပာေပးလို႔ရမလားဗ်။ "

ဆရာဉာဏ္သည္ မူလတန္းျပ ဆရာျဖစ္သည္ေၾကာင့္ ခုမွ သူငယ္တန္းတက္ေနေသာ ကူးကူးက မျဖစ္မေန ဆရာဉာဏ္၏ တပၫ့္ျဖစ္ရေတာ့သည္။ ပညာေရးတကၠသိုလ္ေက်ာင္းဆင္း ညခ်မ္းေအးသည္ အလယ္တန္းျပအျဖစ္ ခုႏွစ္တန္း အတန္းပိုင္အျဖစ္တာဝန္ယူရသည္။ ရသၫ့္ဘြဲ႔အရ မတူညီတာမို႔
ဆရာဉာဏ္သည္ႏွစ္ထမ္းအရ စီနီယာျဖစ္ေပသၫ့္တိုင္ မူျပအျဖစ္တာဝန္ယူရတာျဖစ္၏။အမွန္အတိုင္းေျပာရရင္ ဆရာဉာဏ္သည္ ေက်ာင္းပညာေရး အရ မူျပကိုင္တြယ္ရေပမဲ့ တက္ကြၽမ္းေသာ ပရမီေၾကာင့္ ညခ်မ္းေအးတို႔ပင္ မသိတာရိွရင္ေမးျမန္းရ၏။

အမွန္ေတာ့ တကယ္တက္ကြၽမ္းသူ၊ အေျခခံ ေကာင္းမြန္သူတိုင္းမူျပအျဖစ္တာဝန္ထမ္းေဆာင္သင့္သည္။
ကေလးတိုင္း၏ အုတ္ျမစ္ကို ခိုင္ခံ့ေအာင္ ခ်မွတ္ႏိုင္ေသာ ဆရာျဖစ္သူသည္ မတက္ကြၽမ္းပဲ
တက္ေယာင္ကား ဆရာ မျဖစ္သင့္ေပ။
ဆရာတစ္ေယာက္၏ ဂုဏ္အဂၤါအဆင့္အတန္းသည္
မူလတန္းျပ၊ အလယ္တန္းျပ၊ အထက္တန္းျပဟူေသာ
ပကာသနျဖင့္တိုင္းတာရန္မဟုတ္ေပ။

မူႀကိဳ၊ သူငယ္တန္း အစရိွေသာ အတန္းငယ္မ်ားသည္ အိမ္တစ္အိမ္၏ အုတ္ျမစ္ႏွင့္တူေပသည္။
အေျခခံမေကာင္းေသာ အိမ္တစ္အိမ္သည္ အေပၚ‌ပိုင္း ဘယ္ေလာက္ေကာင္းေအာင္ေဆာက္ေဆာက္  ေရရွည္တည္ၿမဲမည္မဟုတ္။
သင္ၾကားမူ႔ညံ့ဖ်င္းေသာ ဆရာမ်ားသည္ အငယ္တန္းကေလးမ်ားအား ေလ်ာ့ေပါ့ အထင္ျမင္ေသးတက္ၾကသည္။ ဒါမျဖစ္သင့္ဟု ညခ်မ္းေအးထင္ေပသည္။ ဆရာဉာဏ္၏ ျမန္မာစာ ၊ အဂၤလိပ္သင္ရိုးသည္ အလြန္အင္မတန္ေကာင္းလွသည္။
ရိုးရွင္းေသာ သင္ရိုးျဖစ္ေပသၫ့္ သူ႔လက္ထြက္ ကေလးငယ္မ်ားသည္ အေျခခံပိုင္ႏိုင္တာေၾကာင့္
အဂၤလိပ္စကားေျပာပီသၿပီး ကဗ်ာစာေပမ်ားကို ဖတ္ရႈ႔ရသည္ကို မေၾကာက္ရြံ႔တက္ေပ။

ညခ်မ္းေအး သည္ လံုးလဝရိယေၾကာင့္ အထက္တန္းကို ေအာင္ျမင္‌ခဲ့ေပမဲ့ အဂၤလိပ္သံသည္ ျမန္မာအေခၚ ငပိသံေရာေနွာေနတက္သည္။ အေတာ္အသင့္ စကားေျပာရသည္ကို ေၾကာက္တက္ၿပီးႏႈတ္ထြက္မရဲေပ။ အမွန္ေတာ့ ေလ့လာအားေကာင္းမူ႔ေၾကာင့္ တကၠသုလ္တက္သၫ့္အခါ အေတာ္ေလး အဆင္ေျပလာခဲ့ေပမဲ့ ဆရာဉာဏ္ေလာက္ေတာ့ စကားေျပာကြၽမ္းက်င္မူ႔နည္းပါးေသး၏။

ညခ်မ္းေအး၏ ရိုေသေသာ အေျပာစကားေၾကာင့္ ဆရာဉာဏ္ သည္ၿပံဳးလိုက္ၿပီး ပခံုးအား လက္သီးျဖင့္ အသာထိုးလိုက္၏။

" ဟုတ္ပါၿပီ။ ကြၽန္ေတာ္အတန္းေတြ လိုက္ေမးၿပီးရင္ သူငယ္တန္းေတြဘာအစီအစဉ္ လုပ္မွာလဲဆိုတာ တိုင္ပင္တဲ့အခါ ဆရာ့ကိုျပန္ေျပာေပးပါ့မယ္"

"ဟုတ္ကဲ့ဆရာဉာဏ္ ေက်းဇူးဗ်ာ"

သို႔‌ေသာ္ ထို အျဖစ္အပ်က္အား အေဝးကေန လွမ္းျမင္လိုက္ေသာ စံုသာၿမိဳင္အဖို႔မီးစႏွင့္ ထိုးခံလိုက္ရၿပီး ရည္းစားလူလု အူႏုကြၽဲခတ္သလို ခံစားလိုက္ရေတာ့သည္။

သူသည္ လက္ထဲက မုန႔္ပဲသေရစာ အထုတ္အား က်စ္က်စ္ပါေအာင္ဆုတ္ကိုင္၍ အသံျမည္ေအာင္ကားတံခါးအား အၾကမ္းပတမ္းပိတ္လိုက္ေလသည္။ တုန္ခါသြားေသာ ကားႀကီး၏ ကိုယ္ထည္သည္ စံုသာၿမိဳင္မည္မ်ွေဒါသထြက္သလဲဆိုတာ ေမးဖို႔ပင္မလိုေတာ့။
ခပ္ေထာ့ေထာ့ ေျခေထာက္ျဖင့္ သူသည္ ညခ်မ္းေအးအားထပ္မၾကၫ့္ေတာ့ပဲ
သူ႔သမီးအတန္း ဖက္အား သုတ္ေျခတင္လိုက္ေတာ့သည္။
ယူလာတဲ့မုန႔္ထဲမွာ ၿမိဳ႔ကတကူးတက မွာထားတဲ့ ငွက္ေပ်ာ ကိတ္ေတြလည္းပါသည္။
အကုန္သူ႔သမီးအတြက္ပဲ။
ဘယ္သူ႔မွ ေကြၽးမေနဘူးဟုလည္းေတြးလိုက္၏။

_______

" ဗ်ိဳ႕ ဆရာ ။ အိမ္ဖက္ အလည္မလာဘူးလားဗ် ။
ေန့ခင္းက ကိုစံုၿမိဳ႔က မွာထားတဲ့ ငွက္ေပ်ာကိတ္ေတြေရာက္တယ္ေလ ။ လာစားလွၫ့္အံုး"

ၿခံစည္းရိုးထိပ္ကို ကိုင္ကာ လွမ္းေအာ္ေျပာသူက ကိုဘေမွာင္ဆိုတဲ့သူျဖစ္သည္။
ညခ်မ္းေအးသည္  လွမ္းထားတဲ့အဝတ္ေတြအား  ရုတ္ေနတာမို႔ အိမ္ေနာက္ေဖး ၿခံစည္းရိုးေပၚမွ စကားလွမ္းေျပာေနတဲ့ဘေမွာင္ေအာင္ေသခ်ာျမင္ေနရေလသည္။ သူသည္ ၿပံဳးရယ္ျပလိုက္ၿပီး

"ဟုတ္လား ။ ဒါဆို ခဏေနလာခဲ့မယ္ဗ်ာ။"

"ဟုတ္ၿပီ ဟုတ္ၿပီ ။ ေဒၚၿမိဳင္ကို ညေနစာပါခ်က္ခိုင္းထားတယ္။ အိမ္ဖက္သာ လာစားလွၫ့္ေတာ့ "

ညခ်မ္းေအးလည္း ကိုဘေမွာင္စကားေၾကာင့္ ညေနစာ ျပင္ဆင္မေနေတာ့ဖို႔ ဆံုးျဖတ္လိုက္သည္။
မဟုတ္ေတာင္ ဟိုဖက္က သူရည္းစားကလည္း
အိမ္ဖက္မလာတာမို႔ သူ႔ကပဲသြားရေတာ့မွာျဖစ္သည္။ သူသည္ ေယာက္်ားေလးတစ္ေယာက္မို႔လားမသိ ၊ စိတ္ေျပလြယ္ေလသည္။ ဟိုေန့က အျဖစ္အရ ရည္းစားကလည္း စကားေျပာမတက္ပံုမို႔ နားလည္မူ႔လြဲတာလည္းျဖစ္ေကာင္းျဖစ္ႏိုင္သည္။
အျမန္ပင္ အဝတ္ေခါက္ကာ အိမ္တံခါးေစ့လိုက္ၿပီး မလြယ္ေပါက္ကေန တဆင့္ ဟိုဖက္အိမ္အားျဖတ္ကူးလိုက္သည္။

ႏွစ္ထပ္အိမ္သည္ လူရိပ္လူေယာင္ရိွေပမဲ့ တိတ္တဆိတ္ ရိွေနသည္မို႔ ဖိနပ္ခြၽတ္၍ အသာ ေလွခါးထစ္ကို တက္နင္းေက်ာ္ျဖတ္လိုက္ရာ မီးဖိုေခ်ာင္က ထြက္လာတဲ့ ေဒၚၿမိဳင္ကို ေတြ့လိုက္ရသည္။

"‌ဘယ္သြားၾကတာလဲ ေဒၚၿမိဳင္။ တစ္ေယာက္မွလည္းမေတြ့ဘူး"

"ကူးကူးနဲ႔ ခ်စ္ထြန္းက သူ႔အမ စက္ဆိုင္သြားၾကတယ္ဆရာေလး။ ကိုစံုကေတာ့ သူ႔အခန္းမွာ ရိွမယ္ထင္တယ္ ။ ေဒၚၿမိဳင္သြားေခၚေပးမယ္ ခဏ ေစာင့္ေနာ္"

" ေနပါေစ ေဒၚၿမိဳင္။ ကြၽန္ေတာ္ မုန႔္လာစားတာ ။
ငွက္ေပ်ာကိတ္ ပါခဲ့တယ္ဆို ။ ကိုဘေမွာင္က ေျပာလို႔ စားမလို႔ကူးလာခဲ့တာ "

ညခ်မ္းေအး မီးဖိုေဆာင္ထဲက ထမင္းစားပြဲမွာ ဝင္ထိုင္လိုက္ၿပီး ေဒၚၿမိဳင္အားေျပာလိုက္သည္။
ေဒၚၿမိဳင္တစ္ေယာက္ ေရခဲေသတၲာ ေျပးဖြင့္ၿပီးရွာေပမဲ့ ကိုဘေမွာင္ေျပာတဲ့ ငွက္ေပ်ာကိတ္က မေတြ့ေတာ့ေပ။

"ဘယ္ေနရာမ်ားထားပါလိမ့္။ ေနပါအံုး ေဒၚၿမိဳင္
ဘေမွာင္ကို သြားေမးေခ်အံုးမယ္။ သူ႔အခန္းမွာ သြားအိပ္ေနၿပီထင္တယ္။ ခဏေနာ္ဆရာေလး "

ခပ္သုတ္သုတ္ထြက္သြားတဲ့ေဒၚၿမိဳင္ေနာက္ေက်ာကို ၾကၫ့္ကာ ညခ်မ္းေအးတစ္ေယာက္ မီးဖိုေဆာင္ထဲက်န္ေနခဲ့ေလသည္။ ထမင္းစားပြဲေပၚမွာ အုပ္ထားတဲ့ အနီရင့္ရင့္ အုပ္ေဆာင္းအား ဆြဲဖြင့္ၾကၫ့္လိုက္ေတာ့ ေဒၚၿမိဳင္ခ်က္ထားတာ ဟင္းေတြစံုလို႔ျဖစ္၏။
ဝက္သားႏွင့္ဇီးျဖဴသီးခ်က္ကိုေတြ့ေတာ့ ညခ်မ္းေအး တစ္ေယာက္ဟန္ပင္မေဆာင္ႏိုင္ေတာ့ေပ။

"အဟမ္း...ေျပာေတာ့ ကိတ္စားမလို႔ လာတာဆို။
ခုက် ဟင္းခြက္ေတြလိုက္ၾကၫ့္ေနတာ "

စပ္စုေနတဲ့အခ်ိန္ ဝင္လာတဲ့သူေၾကာင့္ ညခ်မ္းေအးမႈန္ကုတ္ကုတ္ျဖစ္သြား၏။ ေဒၚၿမိဳင္ကို ေနာက္မွာ ပါလာသလား လွၫ့္ရွာေတာ့ အရိပ္အေယာင္ပင္ မျမင္ရေတာ့ေပ။

"လိုက္ၾကၫ့္မေနနဲ႔ ။ အေပၚမွာ ဘုရားအိုးလဲေနတာ ။
ကိတ္မုန႔္စားမွာဆို "

" ခုစိတ္ေျပာင္းသြားၿပီ။ ထမင္းအရင္စားေတာ့မယ္"

အိမ္မွာ ရိွရက္နဲ႔ ကိုယ့္ကို လာမေခ်ာ့မွန္းသိေတာ့ ဝမ္းနည္းစိတ္ကလိႈက္ခနဲတက္လာသည္။ သူ႔ဖက္ကို လွၫ့္မၾကၫ့္ပဲ ထမင္းစားဖို႔ ထမခူးပဲ စားပြဲမွာတင္ငုတ္တုတ္ထိုင္ေနမိသည္။
စားခ်င္စိတ္ရိွေနေသာ ဝက္သားဟင္းပင္အရသာမရိွေတာ့သေယာင္ ျဖစ္လာမို႔ ႏႈတ္ခမ္းစူစူႏွင့္ပင္ မေက်လည္တဲ့အမူအယာျပေနလိုက္သည္။  ထိုအခ်ိန္ ထမင္းပူပူတစ္ပန္းကန္ က မ်က္စိေရ႔ွေရာက္လာၿပီး

" စားမွာဆို ထမင္းအရင္စားေလ။ မုန႔္က က်ဳပ္အခန္းထဲကေရခဲေသတၲာထဲထၫ့္သိမ္းတာ ။ အျပန္က်ထၫ့္ေပးလိုက္မယ္ ...ဘာဟင္းႀကိဳက္သလဲထၫ့္စား"

ကိုယ့္အိမ္မွာလို တစ္ခြက္ႏွစ္ခြက္ထဲခ်က္ထားသည္မဟုတ္။ အမယ္စံုလင္ေသာ ဟင္းမ်ိဳးစံုအားၾကၫ့္ရင္း မ‌ ေျပလည္တဲ့ဘဝကိုပါအမွတ္ရမိေတာ့သည္။

"ဘာလဲ စားမေကာင္းလို႔လား"

"မဟုတ္ပါဘူးေကာင္းပါတယ္"

ေကာင္ေလးရဲ့မ်က္ႏွာသြင္ျပင္ကို အကဲခတ္ရင္း စံုသာၿမိဳင္ သံသယမ်ားျဖင့္ ဟင္းေတြ ထၫ့္ေပးေနမိသည္။ သူတို႔ႏွစ္ေယာက္ရင္ထဲမွာရိွတဲ့အစိုင္အခဲ တခ်ိဳ႕က မသိမသာရစ္တြယ္ေနတာကို သတိမထားမိၾကတဲ့အျပင္ စံုသာၿမိဳင္သည္လည္းစကားကို လူနားလည္ေအာင္မေျပာတက္တာေၾကာင့္ စိတ္မေျပပဲပိုပိုစိုးလာခဲ့၏။
အမွန္ေတာ့ စံုတြဲေတြမွာ မပြင့္လင္းျခင္းက အေနွာက္အယွက္တစ္ခုႏွယ္။
စားေသာက္ၿပီးစီးသၫ့္အခ်ိန္တြင္ ညခ်မ္းေအးသည္ သူတို႔ႏွစ္ဦး၏စိတ္ေကာက္ျခင္းအား သတိရသြားေလသည္။
သူသည္ ေရေဆးထားေသာ လက္တို႔ကို သုတ္ဖယ္ရင္း ဒီရက္ေတြအတြင္း ဘာေၾကာင့္လာမေခ်ာ့လဲဆိုတာ ေမးခ်င္ခဲ့သည္။ သို႔ေသာ္ေျပာမိသည္က

"ခင္ဗ်ား နဲ႔ ကြၽန္ေတာ္ စိတ္ဆိုးေနၾကတယ္ " ဟူတဲ့စကား။

စံုသာၿမိဳင္ ထိုင္ေနရက္အေနအထားနဲ႔ ေဘးမွာ ရပ္ၿပီးလက္သုတ္ေနတဲ့ေကာင္ေလးကို ေငးၾကၫ့္လိုက္ၿပီး

"အဲ့ေတာ့၊ ဘာျဖစ္လဲ" ဟု စကားဆက္လိုက္သည္။
သူ႔စကားေၾကာင့္ လွပေသာ ဇင္ေယာ္ေတာင္ မ်က္ခံုးတို႔သည္ မိုးေပၚပ်ံတက္ေတာ့မေယာင္ျဖစ္လာတဲ့အထိ သူ႔စကားမွားလို႔မွားပဲ စံုသာၿမိဳင္မသိေသး။

"အဲ့ေတာ့ ဘာျဖစ္ရမွာလဲ။ မေခၚနဲ႔ေလ။ ကြၽန္ေတာ္
ဘာသာ ဘာစားစား ခင္ဗ်ားနဲ႔မဆိုင္ဘူး။ သြားေဝးေဝးေန အနားမလာနဲ႔"

စံုသာၿမိဳင္၏ ဘဝတသက္တာလံုး ထိုသို႔ေျပာမဲ့သူမရိွခဲ့တာၾကာခဲ့ေလၿပီ။ ၫူစူဟန္ရိွေသာ ႏႈတ္ခမ္းတို႔သာ
ေငးၾကၫ့္ခြင့္ရရင္ သူ႔အေနနဲ႔ မေရာင့္ရဲႏိုင္စရာမရိွေတာ့ေပ။ သို႔ေပမဲ့ သူ၏ တသက္လံုး ေအးစက္စက္ေနခဲ့ေသာ မ်က္ႏွာထားမွာ တခဏအတြင္းေျပာင္းလဲ၍မလာ‌ ေတာ့ ညခ်မ္းေအး၏စိတ္မွာ အနာတရျဖစ္ခဲ့ရသည္။ 

" ဒီအိမ္က က်ဳပ္အိမ္ေလ။ ဒီနားမလာနဲ႔ဆိုေတာ့ ဘယ္သြားရမွာလဲဗ် "

"ခင္ဗ်ား"

ညခ်မ္းေအး လက္ညိုးတထိုးထိုးျဖင့္ ေမ်ာက္မီးခဲကိုင္သလို ခုန္စြစြ ျဖစ္လာေလသည္။

ဒီလူ သူ႔ရန္သူႀကီးမ်ားလား။

"ရတယ္။ ျပန္မယ္ ။ ျပန္မယ္ မေနဘူး"

ညခ်မ္းေအး ထြက္သြားမဲ့ဟန္ျမင္ေတာ့ စံုသာၿမိဳင္သည္ လွစ္ခနဲေနေအာင္ လက္ကိုလွမ္းဆြဲ၍
မ်က္ေမွာင္ကုတ္လ်က္ပင္

"ဟိုဖက္အိမ္ကလည္း က်ဳပ္အိမ္ေလ " ဟုေျပာလာေတာ့အခါ ညခ်မ္းေအးတစ္ေယာက္ စိတ္တိုရလြန္းလြန္း ေသြးပြက္ပြက္အန္ေတာ့မတက္ျဖစ္လာေတာ့၏။ အမွန္ေတာ့ ဘယ္အိမ္သြားသြား အတူတူပဲမို႔ သူ႔နားမွာပဲေနကာ စကားေျပာေစခ်င္ခဲ့တာျဖစ္၏။ အေျပာမတက္ေတာ့ဆဲသလိုဆိုတဲ့စကားအတိုင္းနီေစြးေနေသာ မ်က္ေလးက အမ်က္ေခ်ာင္းေခ်ာင္းထြက္ေနၿပီဆိုတာသက္ေသပင္။

ေနာင္ေနရက္မ်ားစြာအတြက္ ရင္ေလးစရာ ခ်စ္သူရည္စားပင္။
ညခ်မ္းေအးတစ္ေယာက္ သူ႔ရည္းစားကို ေငးၾကၫ့္ကာ အေတာ္ေလးစိတ္ပ်က္လက္ပ်က္ျဖစ္၍သြားေတာ့၏။
ထို႔ေနာက္ ေဒါသတႀကီးပင္

"ခင္ဗ်ားနဲ႔ ျပတ္ၿပီသိလား"  သူ႔ေအာ္သံသည္ အိမ္ႀကီးအတြင္းပ်ံ့ႏွံ႔သြားရာ အိမ္ေပၚထပ္တြင္ ဘုရားပန္းအိုးလဲခိုင္းထားေသာ ေဒၚၿမိဳင္တစ္ေယာက္ပင္ ရင္ဖက္ဖိကာ ေျပးဆင္းလာသည္အထိပင္။ သူေရာက္လာတဲ့အခါ
စံုသာၿမိဳင္ တစ္ေယာက္ထဲ မီးဖိုခန္းတြင္ ငူငူႀကီးရပ္တန႔္ေနတာကိုေတြ့ရေတာ့ ေဒၚၿမိဳင္သည္
ဘာလုပ္ရမွန္းမသိျဖစ္ကာသြား၏။

သံုးရက္ေျမာက္တြင္ စံုသာၿမိဳင္တို႔၏ အိမ္တြင္
ျပႆနာ မမည္ေသာ ကိစၥတစ္ခုျဖစ္ပြားခဲ့သည္။

" ဒီကိစၥကို ဘယ္လိုေျဖရွင္းေပးမွာလဲကိုစံု။
က်ဳပ္သေဘာမတူဘူးေနာ္။ က်ဳပ္အမက ႏုႏုထြတ္ထြတ္ေလး "

ဘေမွာင္တစ္ေယာက္ ခ်စ္ထြန္း၏ေရ႔ွတြင္ မ်က္ႏွာငယ္ငယ္ျဖင့္ထိုင္၍ ေနရွာသည္။
ဝါကြၽတ္ၿပီမို႔ ခ်စ္ျပၫ့္နဲ႔ကိစၥကို ဘေမွာင္စီစဉ္ခ်င္ၿပီျဖစ္၏။ သူသည္ အသက္ႀကီးသည္ကလြဲ၍ အတိတ္မွာလက္ညိုးထိုးစရာအရႈပ္အရွင္းပင္ မရိွခဲ့တဲ့ေကာင္ပါ။ ဉာဏ္ေကာင္းလြန္းလို႔ လက္စေဖ်ာက္ရာ၌ပင္ သက္ေသမခ်န္ႏိုင္တဲ့ လက္မရြံ႔ေၾကးစားတစ္ေယာက္ဟု သက္မွတ္ႏိုင္ေသာ္ျငား အခ်စ္ေၾကာင့္ သူေလာက္မရိွတဲ့ခ်စ္ထြန္း၏ေရ႔ွမွာ စိုးရိမ္ေနရတဲ့ပံုက သနားစရာ။
စံုသာၿမိဳင္ တစ္မနက္ခင္းလံုးေခါင္းကိုက္ေနေလသည္။ ထိုျပႆနာကို ရွင္းေပးဖို႔ ခ်စ္ထြန္း၏ နာပူမူ႔ကလည္း ဆက္တိုက္ဆိုသလိုပင္။
သူ၏အခ်စ္ေရးကို ပင္ေျပလည္ေအာင္မရွင္းႏိုင္သျဖင့္ သူတပါးကိစၥကို သူ႔အေနနဲ႔ စိတ္ရႈပ္ရံုမွအပ မတက္ႏိုင္ေခ်။

အခ်စ္၏ေကြကြင္းရေသာ ဝဋ္ဒုကၡကို ခ်စ္သူ၏ အေတြ့မခံေသာအျဖစ္ျဖင့္ကိုယ္ခ်င္းစာကာ
ခ်စ္ထြန္းကို ဆက္မေျပာဖို႔လက္ျပလိုက္သည္။

" အခ်င္းခ်င္း‌ေတြကို မင္းကဘာျဖစ္ေနတာလဲ။
မင္းအမလည္း သူ႔ကိုယ္ပိုင္ဘဝ ထူေထာင္ခ်င္အံုးမွာပဲေလ။ ၿပီးေတာ့ ကိုဘေမွာင္ဆိုတာက အသက္ႀကီးတာကလြဲၿပီး မင္းေရာ ငါေရာ စိတ္ခ်ထားလို႔ရတဲ့လူ။ ေငြေရးေၾကးေရး အေနနဲ႔ေျပာရရင္လည္း သူ႔မွာ တက္ႏိုင္တာထက္ေနႏိုင္၊ထားႏိုင္တဲ့အဆင့္ေရာက္ေနၿပီ။ ဒါကို မင္းက သေဘာမတူရင္ ဘယ္လိုလူနဲ႔မင္းကသေဘာတူခ်င္ေသးတာလဲေျပာေတာ့ "

ေျပာလို႔ေျပာတာမဟုတ္။ စံုသာၿမိဳင္၏ ေရႊအင္းေအာင္တုန္းက ဘေမွာင္နဲ႔ခ်စ္ထြန္း ရရိွထားတဲ့ အျမတ္ေငြပမာနသည္နည္းတာမဟုတ္ေပ။
ေမ်ာက် ေျမစာမွထြက္တဲ့ေရႊပမာနသည္ စံုသာၿမိဳင္ ရသၫ့္ေရႊထက္ ေလးစုတစ္စုဆိုတာ အနည္းဆံုးပင္ ။
ထိုေရႊေတြအတြက္တင္မကေသး။ လုပ္ငန္းထူေထာင္တုန္းက ရရိွတဲ့ အျမတ္ေငြအတြက္အစုစားရွယ္ယာေတြပါ ေပးထားတာမို႔ လစဉ္ဝင္ေငြက မျပတ္တမ္း။
ဒီလိုလူကိုေယာက္ဖမေတာ္ေတာ့ဘယ္သူ႔ကိုေတာ္မလဲ။ ဖိတ္ခ်င္းဖိတ္ ကိုယ့္အိတ္ထဲ ဖိတ္ဆိုသလို
အခ်င္းခ်င္းဆိုေတာ့ပိုေတာင္မေကာင္းေပဘူးလား။

ေနာက္ ဒီလူ ကိုဘေမွာင္ဆိုတာ အသက္က ႀကီးေသး။
ေသရင္ သူအရင္ေသမွာ။ ေသလို႔ ရမဲ့ပစၥည္းက ဘယ္သူ႔အပိုင္ျဖစ္လာမဲ့တဲ့လဲ။

အ..လိုက္တဲ့ခ်စ္ထြန္း။

ဘေမွာင္ကေတာ့ စံုသာၿမိဳင္၏ အေတြးကိုမသိရွာေပ။
ေက်းဇူးရွင္ႀကီးရယ္ အားကိုးရပါဘိ ဟု ဆိုခ်င္တဲ့မ်က္လံုးႀကီးပုတ္ခတ္ပုတ္ျဖင့္ လွမ္းၾကၫ့္ကာေက်းဇူးတင္ေနေတာ့သည္။

စံုသာၿမိဳင္ဆီမွ ခပ္မာမာအသံၾကားေတာ့ ခ်စ္ထြန္းတစ္ေယာက္ ထပ္မေျပာရဲေတာ့ေပမဲ့ မေက်နပ္တဲ့ဟန္ျဖင့္ စကားဝိုင္းကေနထထြက္သြားေတာ့သည္။
စံုသာၿမိဳင္က စိတ္ဆိုးဟန္မရိွပဲ ဘေမွာင္ကို

" သူ႔ကိုစိတ္ထဲထားမေနနဲ႔ သူ႔စိတ္ဆိုးတုန္းမို႔ေျပာတာပါ။ ခင္ဗ်ားလုပ္စရာရိွတာသာ လုပ္ထားေတာ့။
ခ်စ္ျပၫ့္ဆိုတာ က်ဳပ္ညီမဆိုလည္းဟုတ္တယ္ေနာ္။ ခင္ဗ်ားရုတ္ရုတ္သဲသဲေတာ့လုပ္မယ္မက်န္နဲ႔။ က်ဳပ္အေၾကာင္း ခင္ဗ်ားသိပါတယ္"

" သိပါတယ္အာစရိရာ ။ ျပၫ့္ျပၫ့္ေလးကို က်ဳပ္လည္း အတည္ႀကံတာပါဗ်ာ။ ေယာက္ဖ စိတ္ဆိုးေျပေအာင္ သူ႔အမကို မိသားဖသာပီပီ တင္ေတာင္းမွာ စိတ္ခ်ပါ။ "

ထို႔ထက္ပိုတဲ့စကားေတြကို နားမေထာင္လိုတာေၾကာင္ မ်က္ႏွာလြဲကာ လက္ခါျပလိုက္သည္။

"သြားေတာ့သြားေတာ့.."

သမီးျဖစ္သူကလည္းဒီရက္ပိုင္းအနားကိုပင္မကပ္။
ဖေအအစစ္လာေတာ့ေသြးကစကားေျပာတာလိုလို
မို႔ ကိုသက္ခိုင္ဆိုတာနဲ႔ဘယ္ေခၚေခၚလိုက္သည္။
ဟိုကလည္း သြားေလရာ မပ်င္းမရိေခၚတာေၾကာင့္
အိမ္ျပင္ထြက္ခ်င္တဲ့ ရနံ႔ကူးတစ္ေယာက္ ေဖသက္ ဆိုတာ ပါးစပ္ဖ်ားကမခ်ေတာ့။

ရိွေစေတာ့ရိွေစေတာ့။
အခ်စ္ကပါ ပစ္မွေတာ့ သားသမီးဆိုတာထားေတာ့။
ကိုယ့္မ်ားကေတာ့ ခ်စ္လိုက္ရတာ။
မွန္တာေျပာေတာ့ လူေတြက ႀကိဳက္တာမဟုတ္။
ဒီက သူသြားမွာမို႔ ဟိုဖက္ကလည္း က်ဳပ္အိမ္လို႔ ေျပာမိတာ မွားသြားသည္တဲ့လား။
ဝယ္ထားတဲ့ငွက္ေပ်ာကိတ္ေလးေတာင္မွ လြမ္းလို႔ စားပစ္လိုက္တာ တစ္ကိုက္စာပင္မက်န္ေတာ့။

ဟူး....

ထပ္လြမ္းရင္ အခ်စ္ႀကိဳက္တဲ့ ကိတ္ေလး ထပ္စားဖို႔ေတာင္မွမက်န္ေတာ့ပါလား....

Bạn đang đọc truyện trên: ZingTruyen.Xyz