ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

21

eainsi23

လေပြည်အသော့ ဆံနွယ်တချို့ ကို လှုပ်ခတ်သွား‌
စေပြီး ရနံ့အချို့ကို မပြောပဲသယ်ဆောင်လာသည်မှာ ထူးကဲမွှေးကြူလှသည်။
တိတ်ဆိတ်သော ညဦး ၊ လင်းတချို့မှောင်တချို့
အိမ်ငယ်တချို့နှင့်လူသူကင်းရှင်းသော ရွာပြင်လမ်းငယ်မှာ နှစ်ယောက်သားယှဉ်၍လမ်းလျှောက်‌ကြသည်။ တစ်ခါတစ်ရံထိမိတိုက်မိသော လက်၏အ
ရေပြားတချို့ကြောင့် ခြေမ၊ခြေညှိုးတို့ တွန့်ချိုးသွားသည်ထိ စိတ်လှုပ်ရှားနေမိသည်မှာ စုံသာမြိုင်၏ ရင်ထဲ ဆိုင်းတွေဗုံတွေတီးနေကြသည်နှယ်။ ထိုသို့ ထိခိုက်မိတိုင်းတစ်ဖက်လူကို ရှက်ရှက်နှင့်ခိုးကြည့်ရသည်မှာလည်း နည်းဗျူဟာ လိုအပ်သေးသည်။
သို့သော်ရင်ခုန်မိသည်မှာ မိမိတစ်ယောက်ထဲဟုတ်ဟန်မတူ။
ချမ်းအေးဆိုတဲ့ကောင်ငယ်လေး၏ မျက်တောင်စိတ်စိတ်တို့ကလည်း တုန်ခါနေသယောင် မီးရောင်ပျပျ၏
မှောင်တလှည့်လင်းတလှည့်ကြားမှာ မြင်ယောင်နေရသည်။ သူတို့နှစ်ယောက်သည် မကြာခင်က စိတ်ဆိုးဒေါသထွက်နေသူတို့ဟုတ်ဟန်မတူ။
နှစ်ပေါင်းများစွာကြာအောင် မြုပ်နှံ့ခဲ့သော ရင်ခုန်သံတို့သည် တစ်ဖန်မွေးဖွားလာသလို နှစ်ဦးသား၏ရင်ထဲ မပီမသ ရှက်ရွံ့အနေခက်မူ့လည်း ရှိနေသေးသည်။

"အဟမ်း "

ဝုတ်ဝုတ်.....

ချောင်းဟန့်သံကျယ်ကျယ်ကြောင့် အိမ်တချို့မှ မွေးမြူထားသော ခွေးဟောင်သံတွေသည် ဆက်တိုက်ထွက်လာ၏။
ညချမ်းအေးသည် ခွေးကိုတော့အသေကြောက်ပေသည်။ မပီမသခြေသလုံးမှဒဏ်ရာသည် ခွေးဆွဲခံရဖူးတာ သက်သေတစ်ခုနှယ်ပြန်အမှတ်ရစေသည်။

" ဘာလို့အသံပေးနေတာလဲ။ ခွေးထွက်ဆွဲမှဖြင့်"

ကြောက်အားလန့်အားကျီးကန်းတောင်မြောက်ကြည့်၍ တားမြစ်လိုက်သောအခါ တစ်ဖက်လူ၏
အလိုက်မသိသံကချက်ခြင်းထွက်လာသည်။

" ချောင်းလေးတောင်မှ မဟမ့်ရတော့ဘူးလား"

" အချိန်အခါကိုကြည့်လေဗျာ "

" ခုမှနေဝင်ခါစပဲရှိပါသေးတယ်"

" အိမ်တိုင်းမီးလင်းနေပြီ ။ မှောင်စပျိုးဆိုပေမဲ့
ပတ်ဝန်းကျင်မှာ ဘာမြင်ရလို့တုန်း "

အချိန်အားဖြင့် ညခုနှစ်နာရီသည် မှောင်မနေသေးပေမဲ့ တောသူတောင်သားတို့အဖို့ ထိုအချိန်အိမ်ပြန်လမ်း‌ ပေါ် အကြောင်းမရှိပဲ ထွက်လေ့မရှိတော့။ ယခုသူတို့သည် ရွာပြင်ကနေ အိမ်ခြံမြေကျဲကျဲကိုသာ ဖြတ်ကျော်လာခဲ့တဲ့အခြေအနေမို့ ညချမ်းအေးသည် လူထက်တခြားကြောက်ရမဲ့ဟာတွေ ရှိသေးသည်ဟု ခံစားမိသည်။

" မမြင်ရပေမဲ့ ကျုပ်တစ်ယောက်လုံးရှိပါသေးတယ်"

ညချမ်းအေးသည် စိတ်မရှည်စွာ မျက်စောင်းတချို့ရွယ်မိတော့မတက်ဖြစ်သွား၏။ ဒီလူဒီနေ့မှ စကားတွေအတော်များနေတာဖြစ်‌ လေသည်။  

"ဘာလဲ။ ချမ်းအေး ခင်ဗျား ကြောက်နေတာလား "

"ဘာကိစ္စ ကြောက်ရမှာလဲဗျ "

တွတ်ထိုးသံတိုးတိုးက နှစ်ဦးသားကြားမှာ လေပြေတိုးသလိုလို။
စုံသာမြိုင် မျက်ဝန်းထောင့်မှ မြင်နေရသောကောင်ငယ်လေးအားချစ်မြတ်နိုးစွာ ကြည့်၍ ကြည်နူးစွာပြုံးမိတော့သည်။ ထို့နောက် ထိုကောင်‌ငယ်လေး၏ ခွေးကြောက်တက်မူ့ကိုလည်း သိရှိသွားကာ လမ်းလျှောက်တိုင်းထိခတ်လုလု ဖြစ်နေတက်သော လက်ဖမိုးတို့အားအမိအရ ဆွဲကိုင်၍ လမ်း၏ရှေ့တည့်တည့်ကို မသိချင်ယောင်ဆောင်၍ ဖြတ်ကျော်နေမိသည်။

နွေးထွေးကြမ်းရှသော လက်ဖဝါးကြီး၏ အမိအရဖမ်းဆုပ်ခံလိုက်ရသော ညချမ်းအေး၏ စိတ်အာရုံသည် ခွေးဟောင်သံသဲ့သဲ့ကိုပါ မကြားရတော့သယောင် လုံခြုံ၍သွားလေတော့သည်။ သို့သော်
တစ်ဖက်လူသည် သူ့အားခိုးကြည့်ရဲပုံပင်မရှိတော့။
တင်းတင်းဆုပ်ထားသော လက်တို့မှအပ မျက်အိမ်သည် ရှေ့ကိုသာ ရှေးရှု့နေပြီး ခြေလှမ်းတို့ကလည်း ရှက်ရွံ့တကြီးမြန်ဆန်နေလေသည်။
နှစ်ဦးနှစ်ဖက်လုံးရည်းစားထားဖူးလေ့မရှိသည်မို့ ရှက်ရွံ့မူ့ကကြီးစိုးနေတာ ပုံမှန်ပင်။ အထူးသဖြင့်
စုံသာမြိုင်ထံမှ များပြားစွာ တွေ့နေရတဲ့ နီရဲခြင်းတွေက အဆုံးအစမရှိပေ။

တဖြည်းဖြည်းချင်းနင်းဝင်ရောက်လာသော
ရွာလယ်လမ်းမကြီး‌ေကြာင့် ညချမ်းအေးသည် အနေရခက်စွာ ရုန်းထွက်ဖို့ကြိုးစားလိုက်ရာ တစ်ဖက်လူ၏ မကျေလည်သော အကြည့်တွေက ချက်ခြင်းဆိုသလိုရောက်လာ၏။
အကြည့်၏ ဦးတည်ရာ ရည်ရွယ်ချက်သည်
မင်းလှည့်စားချင်သေးသလားဟု မမေးရုံတမယ်ပင်။

" လူတွေမြင်ကုန်လိမ့်မယ်လေ ။ ဖယ်ပါ "

"ခင်ဗျားလေးက ... ကျုပ်ကို သူသိမခံနိုင်တာလား"

ညချမ်းအေး မျက်လုံးပြူးသွား၏

"မဟုတ်တာ ။ ဘာကိုလူသိမခံရဲရတာလဲဗျ။ "

" ဘာကိုပြောရမှာလဲ။ ကျုပ်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုပေါ့။ ဘာလဲ ခင်ဗျားက ကျုပ်ကို အတည်မကြံချင်လား။ "

" ဗုဒ္ဓေါ"

စုံသာမြိုင် မျက်စောင်းရွယ်ကာ ညချမ်းအေးကို လျစ်လျူရှု့လိုက်သည်။
နေပေါ့။ သူ့ဘာသာ ဘယ်ခွေးလိုက်ဆွဲဆွဲ ခေါ်မနေတော့ဘူး။ သို့သော် ရွာလယ်တန်းတွင် ဘယ်ခွေးဟောင်သံမှထွက်မလာတော့ပေ။
အမြဲသွားလာနေကြလူတွေမို့ မြင်လိုက်တာနဲ့ လူရင်းနေပြီး ခွေးတွေက အိပ်နေရာကနေထပင်ကြည့်မလာတော့။
စုံသာမြိုင်တစ်ယောက် မကျေနပ်ကာ မျက်နှာကြောတင်းလာတော့သည်။
ဘယ်ခွေးမှ အသုံးကျမနေဘူး။ အနည်းအကျဉ်းတော့ဟောင်သံပေးဦးမှပေါ့။ ရပ်ထဲရွာထဲ သူခိုးလူဆိုးကပ်ရင်ဘယ်နှဲ့လုပ်လေမလဲ။
ခပ်သုတ်သုတ်လိုက်လာတဲ့ခြေသံတွေသည် နောက်ပါးမှာထပ်ချပ်မခွာပေ။

" ဘာလို့ဇွတ်သွားနေတာလဲဗျ။ ခြေထောက်တွေနာကုန်တော့မှာပဲ"

" ခြေထောက်နာတော့ရော ဘာအရေးလဲ။ ဒီဒုက္ခိတကို ဘယ်သူက စိတ်ထဲထည့်နေလို့လဲ။ နောက်ဆုံးထိ ဒီလူက ဒီနေရာမှာ တစ်ယောက်ထဲပဲလေ "

" ခက်လိုက်တာဗျာ။ ကျွန်တော်ပြောတာကို လိုက်ကပ်သပ်မနေပါနဲ့။ ခင်ဗျားက တစ်ရွာလုံးတင်မကဘူး တစ်နိုင်ငံလုံးသိတဲ့သူလေဗျာ။ အတက်နိုင်ဆုံးအနေအထိုင်ဆင်ခြင်လိုက်တော့ ဘယ်သူမေးငေါ့နိုင်မှာလဲ။ ပြီးတော့ ကျွန်တော့်က ကျောင်းဆရာဆိုတော့ အနေအထိုင်မတက်ဘူးပြောခံရရင် ဘယ်ကောင်းမလဲနော်"

ပြေရာပြေကြောင်းပြောပေမဲ့ စုံသာမြိုင်၏ မျက်နှာပြောင်းလဲမလာသေးပေ။ အတော်လေး ကလေးဆန်တဲ့သူဆိုတာ သိသွားတော့ ညချမ်းအေးတစ်ယောက်ခေါင်းအား တဗျင်းဗျင်းကုတ်ကာ အနီးအနားတိုးကပ်သွားလိုက်လေပြီး လွဲရမ်းနေသော လက်တစ်ဖက်အား ဖမ်းဆွဲလိုက်လေတော့သည်။

" ကဲဗျာ ဘယ်သူသိသိ ထားလိုက်တော့။ ဒီလောက်ဆိုရပြီမို့လား။ စိတ်ကောက်မနေတော့နဲ့ "

တင်းတင်းစေ့ထားသော နှုတ်ခမ်းတွေသည် မသိမသာပြေလျော့သွားပြီး အိစက်သောလက်ကလေးအားတင်းတင်းဖိဆုပ်ကိုင်ထားတော့သည်။ 

__________

မိုးသောက်တဲ့အချိန်တွင်ညချမ်းအေးတစ်ယောက် ထုံးစံအတိုင်း စောစောထဖြစ်လေသည်။
ညတွင် မပြန်ချင်ပြန်ချင်ပြန်သွားသော လူကြီး၏ ပုံစံအားတွေးမိပြီးမရယ်ပဲမနေနိုင်တော့ပေ။
က‌လေးဒီလောက်ဆန်မည်ဟုလည်းထင်မထားတာ
ပေ။ ရင်းနှီးလာကာစဆက်ဆံရေးမှာ ခေါင်းမာတက်ပုံရော အလိုမကျတက်ပုံရော
ပုံးကွယ်မထားပဲ ဆက်တိုက်ထွက်ပေါ်လာသည်မှာ ကောင်းသော အလားအလာပင်။  

စိတ်ကူးထဲပြုံးရွှင်စွာပင် မနက်ဝေယာဝစ္စကိစ္စအထွေထွေကို သွက်လက်စွာလုပ်ကိုင်မိသည်။
ကြည်နူးနေတဲ့ စိတ်အာရုံကြောင့် ဘုရားရှစ်ခိုးတာပင်
ကောင်းကောင်းကန်တော့မရတော့ပေ။
မနက်ဈေးမှ အပြန် ခြံထဲတွင် သူ၏ ချစ်သူရည်းစားသည် အိမ်တံခါးကိုကျောပေးကာ လှေကားထစ်ပေါ်မှာ ထိုင်နေသည်ကိုတွေ့၏။
ညချမ်းအေးသည် ဝမ်းသာအားရ ပြေးကာ

" ခင်ဗျား အစောကြီးရောက်နေတာလား"ဟုနှုတ်ဆက်လိုက်လေရာ တစ်ဖက်လူသည် ကျေနပ်သွားပုံမပေါ်ပဲ မျက်မှောင်ကုတ်ကာ မော့ကြည့်လာ၏။

"ဈေးသွားတာ ဘာလို့အဲ့လောက်ကြာနေတာလဲပြောပါအုံး"

"ကြာလို့လားဗျ။ အသွားအပြန် ရှိလှ ဆယ့်ငါးမိနစ်ပေါ့။ ဈေးမှာလျှောက်ကြည့်တာ ဘာညာနဲ့ အပြီးအစီး လေးဆယ့်ငါးမိထဲပါ။ "

"လေးဆယ့်ငါးမိနစ်က မကြာဘူးလား။
ကျုပ်ဒီမှာ ထိုင်စောင့်နေတာ ခြင်စာတောင်ဖြစ်တော့မယ်"

"ဟော်ဗျာ ။ အိမ်ထဲဝင်ထိုင်လိုက်ရောပေါ့။ လာ..လာ အထဲကို "

ဈေးခြင်းတောင်းကြီးဆွဲကာ အိမ်ထဲဝင်ဖို့ဟန်ပြင်သော်ငြား ရည်းစားကြီးသည် ထိုင်ရာထမလာပေ။
အဆုံးထိ မကျေနပ်ဆဲဖြစ်သောမျက်နှာကြောသည် နည်းနည်းလေးတောင် လျော့မနေပဲ မျက်နှာမော့ကာ ကြည့်နေဆဲပင်။
ညချမ်းအေးသည် အရာရာတွင်ဉာဏ်ကောင်းလွန်းပေမဲ့ဒီတစ်‌ယောက်ကို အကဲခတ်ရာတွင်တော့ညံ့ဖျင်းပါသည်။ ထို့ကြောင့် မအူမလည်ပြန်ကြည့်ခိုက်
တစ်ဖက်ရည်းစားကြီးသည် သက်ပြင်းချကာ စိတ်လျော့လိုက်ဟန်ဖြင့် သူ့လက်တစ်ဖက်အားထိုးပေးလာသည်။

"ဆွဲလိုက်။ ခင်ဗျားလေးမှာ ရည်းစားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေသိဖို့လိုသေးတယ်။ ကဲရှိစေတော့ ဆွဲဆွဲကြာတယ်"

အထက်စီးကနေ ရှိလှသော စကားတို့သည် ညချမ်းအေးအား ရယ်မောစေပြန်သည်။
သူသည်ကျေနပ်စွာပင် တစ်ဖက်လူကမ်းသော လက်ကို အားဖြင့်ဆွဲကာထူစေပြီး ထိုလက်ကိုပင် ပြန်မလွှတ်ပဲဆွဲထားတော့သည်။ တည်လွန်းလှသော ရုပ်ကြီးသည် ထိုအချင်းအရာကြောင့် ပြုံးမြမြဖြစ်လာသည်ကိုတော့ ညချမ်းအေးတစ်ယောက်သိရှိမသွားတော့ပေ။

" ဒီနေ့အိမ်မှာပဲစားလိုက်ပါ့လား"

သူ၏ကမ်းလှမ်းချက်က ရည်းစားကြီး၏ စိတ်အာရုံကိုကျေနပ်သွားစေပေမဲ့ ဂုဏ်ဒြပ်ကြီးမားသူကြီးရဲ့မျက်နှာထားကတော့ ခပ်တည်တည်ပင် ။

" အင်း..စားဆိုလည်းစားရုံပေါ့။ အလုပ်ကိစ္စတွေဘာတွေ နောက်ဆုတ်ထာရတာပြဿနာမရှိပါဘူး။"

အမယ် ။ ညချမ်းအေးတစ်ယောက် ပြုံးရုံပဲပြုံးနိုင်တော့သည်။ ဒီလူကြီးဟိတ်ဟန်များနေတာ ဘာသဘောမှန်းပင်မသိတော့ပေ။ အရင်ကဆို ဒီအိမ်ကဟင်းဆို ဘာဟင်းနေနေ စားရမှ ကျေနပ်တာမဟုတ်ဘူးလား။ ခုကျ မအားပေမဲ့ စားပေးလိုက်ပါမယ်ဆိုတဲ့ ဟန်ဆောင်အမူအယာကြီးက ဘာသဘောများပါလိမ့်။

"သွားစရာရှိရင်သွားပါ ။ ပြီးမှပြန်လာခဲ့လေ "

"ရပါတယ်။ ကျုပ် ဒီတိုင်း စားပြီးမှပဲသွားမယ်"

"အဲ့ဒါဆို သတင်းစာဖတ်ရင်းစောင့်နော် ။ မနက်စာ တစ်ခုခုအရင်လုပ်ပေးရမလား "

စုံသာမြိုင် ခုံပေါ်ဝင်ထိုင်ရင်းခေါင်းရမ်းလိုက်သည်။

"ရတယ် ။ ကျုပ် ဒီတိုင်းထိုင်နေမယ်။ အားမနာနဲ့ "

ညချမ်းအေးထပ်မပြောတော့ပဲ ဆွဲခြင်းကောက်ကိုင်ကာ အိမ်နောက်ဖေးသို့ဝင်ခဲ့လိုက်သည် ။
ဒီနေ့ ဝက်ကလီစာဝယ်လာ၏။ အရည်သောက်တစ်ခွက်အပြင် ငရုတ်သီးကို ပဲသီးနှင့်ထောင်းမည်ဟုစဉ်းစားထားသည်။

အမှန်တော့ ညချမ်းအေးသည် ငရုတ်သီးကို ဂျူးမြစ်နှင့်ထောင်းစားသည်ကို ပိုကြိုက်ပေသည်။
သို့သော် ရာသီပေါ်အစားမသောက်မဟုတ်တော့ လိုချင်တဲ့အချိန်တိုင်းရမနေတာခက်၏။
ထို့ကြောင့် ပဲသီးတောင့်ရှည် အနည်းငယ်ဝယ်လာပြီး ငရုတ်သီးရယ်၊နံနံမြိတ်ရယ်ကို ပေါင်းထောင်း၍ သံပရာအနည်းငယ်ညစ်၍ ရှူးရှူးရှဲရှဲစားဖို့ပြင်ဆင်ထား၏။

ဝက်ကလီစာက အနံ့ပါသည်ကြောင့် သံပရာသီးနှင့် သေချာဆေးကြောရသည်။
ဂျင်းကြက်သွန် နိုင်နိုင်သုံး၍ ဆီပြန်ချက်လိုက်ပြီး
အရည်သောက်ဖို့ အပြင်က အသီးအရွက်တစ်ခုခုခူးဆွတ်ဖို့ ထွက်လိုက်သောအခါမှ တစ်ယောက်သောသူသည် ခုံပေါ်မှာ ခေါင်းမော့၍ အိမ်ပျော်နေလေသည်။

မနက်အစောပိုင်းရှိသေးသည်မို့အိပ်ချိန်မဟုတ်သေး။
သို့သော် အိပ်ရေးပျက်ထားသော သူအဖို့ အိပ်ပျော်ဖို့ရာ အချိန်အခါရွေးနေမည်မဟုတ်ပေ။

ညချမ်းအေး ဆတ်ခနဲ မျက်မှောင်ကုတ်လိုက်သည်။

"ဒီလူ ညက ဘာမဟုတ်တာလုပ်ထားလို့အိပ်ရေးပျက်ထားတာလဲ။ ငါမသိအောင် ဘယ်သွားထားတာလဲ။  "

ခြံထဲက အရွက်တချို့ခူးဆွတ်နေသည့်တိုင် စိတ်က
ဟိုရောက်ဒီရောက်။ နေပလေ့စေဟု ကျိန်းနေသော်လည်း အမှန်တော့ အကြီးနဲ့အငယ် ပြန်ပြောဖို့ရာအဆင်ပြေမနေချေ။ သူတို့နှစ်ဦးကြားမှာ အစိမ်းသက်သက်ဆက်ဆံရေးကာနေကူးပြောင်းလာတာမို့
ပိုင်စိုးပိုင်နင်းလည်း လုပ်မနေချင်ပေ။

အချိန်အတော်ကြာပြီးနောက်ဟင်းကျက်သွားလေသည်။ ခူးခပ်နေချိန်နောက် အိပ်ပျော်နေသူသည် နိုးလာပြီး ဂုတ်ချိုးကာ ထလာ၏။

" စားတော့မှာလား"

"အင်း ဗိုက်ဆာနေပြီလား"

"ရတယ် ကျုပ်ဘာကူရအုံးမလဲ "

" စားရုံပဲလေ ။ လက်ရေဆေး ဒီနေ့ ငရုတ်သီးထောင်းထားတယ် ။ ခင်ဗျားကြိုက်တယ်မို့လား "

သူခေါင်းညိတ်ကာ ထမင်းစားပွဲဝင်ထိုင်လိုက်သည်။
လက်စုံစားရတဲ့ အစားအသောက်တွေသည် ဘာနဲ့မှမလဲနိုင်တာ ချစ်ရသူသိမည်မထင်။
ခေါင်းမဖော်စတမ်းစားနေတာမြင်တော့
ချက်ရသော ညချမ်းအေးကလည်း ပျော်ရွှင်သွားတော့၏။

အတူတူစားသောက်သိမ်းဆည်းပြီးနောက် ညချမ်းအေးသည် စုံသာမြိုင်၏ လက်တစ်ဖက်အား လက်ညိုးလေးနဲ့ထိကာ

" ဒီရက်ပိုင်းခရီးထွက်စရာရှိသေးလား"

စုံသာမြိုင်သည်သူ့လက်တို့အားထိနေသော လက်ကလေးအားဆွဲယူကိုင်တွယ်ချင်ပေမဲ့ စိတ်ကို ထိန်းကာ ပြန်ဖြေလိုက်၏။

" နောက်တစ်ပတ်နေရင် ရှိတယ်။ ဘာရချင်လို့လဲ "

ညချမ်းအေး မျက်နှာမသာမယာခေါင်းရမ်းလိုက်သည်။

"မရှိပါဘူး။ "

" ဘာဖြစ်တာလဲမျက်နှာက "

စုံသာမြိုင် စိတ်ပူစွာ သူခါးအားမတ်လိုက်သည်။
သူသည်စကားပြောရသည်ကိုကြိုက်သည်မဟုတ်။
ကောင်လေးကိုတော့ အတော်လေး ချစ်ခင်မိသည်မို့ လိုတာထက်ပိုပြီးပြောနေမိသည်။ သို့သော် ရည်းစားတစ်ယောက်၏ လိုအပ်ချက်လိုက်လျောညီထွေရှိမူ့ကိုတော့ သူနားလည်ဖို့လိုအပ်သေးတာကြောင့် စကားအပြောအဆို အလိုက်မသိမူ့တွေကို တစ်ဖက်လူက
လက်ခံပေးဖို့ ကြိုးစားရအုံးမည်။

"ဘာမှမဖြစ်ပါဘူး။ "

"မဟုတ်သေးပါဘူး။ ခင်ဗျားလေး တစ်ခုခုဖြစ်နေပါတယ် ။ ဘာများဖြစ်လို့လဲ ကျုပ်ကိုပြောပါအုံး"

"ခင်ဗျား ကောင်မလေးတွေနဲ့ ကျွန်တော်ကွယ်ရာမှာ စကားပြောမှာလား"

စုံသာမြိုင်သည် အတော်ကြာအောင်စဉ်းစားလိုက်သည်။ သူ့အတွေးအာရုံထဲမှာ လုပ်ငန်းရှင်တစ်ဦး၏ သမီးအပါအဝင် ကြော်ငြာမင်းသမီးတစ်ဦးနဲ့ပြောဆိုဆက်ဆံရမည့် အကြောင်းများလည်းရှိနေသေးသည်။ ထို့ကြောင့် ခေါင်းညိတ်ကာ

" ဒါပေါ့ ကျုပ် မင်း ကွယ်ရာမှာ ကောင်မလေးနှစ်ယောက်နဲ့ စကားပြောဖို့ရှိနေတယ်။ တစ်‌ယောက်က ဦးမင်းသစ်ရဲ့သမီး စန္ဒာထွန်းသစ်။ နောက်တစ်ယောက်က ကြော်ငြာမင်းသမီးတစ်ယောက်ပဲ သူ့နာမည်က ဘာပါလိမ့် ။ နေပါအုံးမေ့တောင်နေပြီ "

"ဘာဗျ။ ခင်ဗျား ခင်ဗျား... ။ "

ညချမ်းအေးသည် အလွန်အမင်းဒေါသထွက်သွား၏။
သူသည်အတူထိုင်‌ နေရာမှထရပ်ကာ စုံသာမြိုင်ကို
မကျေမနပ် ကြည့်ကာ

" ပြော.. ပြော ။ နောက်ရက်ကစပြီး အဲ့ ကောင်မလေးတွေနဲ့ပဲ သွားပြောချေ"

ဒိုင်းခနဲစောင့်ပိတ်သွားသော အခန်းတံခါးကြောင့်
စုံသာမြိုင်တစ်ယောက် အယောင်ယောင်အမှားမှားဖြစ်သွား၏။ သူသည် တံခါးပေါက်နားကို စိုးရိမ်တကြီးပြေးကပ်သွားကာ တံခါးကို ခပ်ဖွဖွခေါက်လိုက်၏။

" ချမ်းအေး.. ကျုပ်ပြောတာဘာမှားလို့လဲ။
ထွက်ပါအုံးအဲ့လို ပိတ်မထားပါနဲ့ "ဟု အလောတကြီးဆိုလိုက်သည်။

ညချမ်းအေးသည် ခေါင်းအုံးဖြင့်နားကိုပိတ်ထားပြီးမကြားချင်ယောင်ဆောင်နေပေမဲ့ တဒေါက်ဒေါက်ခေါက်နေသော တံခါး‌သံကြောင့် စိတ်ဆိုးစွာပင်

"ဒါဆို အဲ့ဒီ ဘာမင်းသစ်ဆိုတဲ့ကောင်မလေးက လှလားပြော "

တံခါးခေါက်သံကရပ်သွားပြီးအတော်ကြာမှ

"လှတော့လှပါတယ်။ ဒါပေမဲ့ သူကနည်းနည်းဆိုးတယ် "

" ဘာပြောတယ်။ ဘာပြောလိုက်တယ်။ နည်းနည်းဆိုးတယ် ဟုတ်လား။ ဒါဆို ခင်ဗျားက အဆိုးခံချင်လို့သွားမှာပေါ့ ။ ဟုတ်လား"

"မဟုတ်ပါဘူးချမ်းအေးရာ။ ကျုပ် ဘာပြောရမှန်းကို မသိတော့ပါဘူး။ ထွက်ခဲ့ပါအုံး။ ကျုပ်ပြေရာပြေကြောင်းပြောပြမယ်လေ။ "

" တော်ပြီ ဘာပြေရာပြေကြောင်းမှမကြောင်းချင်ဘူး။ ဟုတ်ပါတယ်။ ဆိုးတဲ့ကောင်မလေးတွေကိုပဲ ကြိုက်မှာပေါ့ ။ ကျွန်တော်က ဘာပြောနိုင်မှာလဲ"

စုံသာမြိုင်ခေါင်းကိုက်သွား၏။
လောလောဆယ်ဆိုးနေတာ သူပဲ မဟုတ်ဘူးလား။
ပိတ်ထားသော တံခါးဝစိတ်ပျက်လက်ပျက် ရပ်ကာ ညချမ်းအေး ဘာကောက်သလဲ စဉ်းစားကြည့်သည်။
စန္ဒာမင်းသစ်သည် သုံးနှစ်အရွယ်သာရှိသေးသည်မို့
ဆိုးတက်ကောက်တက်တာထုံးစံပင်မဟုတ်လား။
ညချမ်းအေး ဘာကို စိတ်ဆိုးတာမှန်းမသိတာကြောင့်
အခန်းပေါက်ဝရှေ့မှာငြိမ်ငြိမ်လေးရပ်နေမိသည်။
တစ်နာရီကျော်ကြာပြီးမှာ သူသည် ဖွင့်ဟမလာသော တံခါးရှေ့ကနေ မပြန်ချင်ပြန်ချင် ပြန်လာခဲ့ရတော့သည်။

မိန်းမတွေသည် အကြောင်းအရာမရှိပဲ စိတ်ကောက်တက်ပါသည်။
ယောက်ျားလေးဖြစ်သော ညချမ်းအေးသည် အကြောင်းပြချက်အပေးမခံပဲ စိတ်ကောက်တက်သည်။
ပူပူနွေးနွေး ၁၂နာရီ ရည်းစားလေးစုံသာမြိုင်တစ်ယောက် ဖျတ်ဖျတ်လူး စိတ်ပူနေပေမဲ့ စိတ်ကောက်၍ အိပ်ပျော်သွားသော ညချမ်းအေးသည်ကတော့
အိပ်မက်ကမ္ဘာမှာပျော်မွေ့နေလေတော့သည်။


ေလျပည္အေသာ့ ဆံႏြယ္တခ်ိဳ႕ ကို လႈပ္ခတ္သြား‌
ေစၿပီး ရနံ႔အခ်ိဳ႕ကို မေျပာပဲသယ္ေဆာင္လာသည္မွာ ထူးကဲေမႊးၾကဴလွသည္။
တိတ္ဆိတ္ေသာ ညဦး ၊ လင္းတခ်ိဳ႕ေမွာင္တခ်ိဳ႕
အိမ္ငယ္တခ်ိဳ႕ႏွင့္လူသူကင္းရွင္းေသာ ရြာျပင္လမ္းငယ္မွာ ႏွစ္ေယာက္သားယွဉ္၍လမ္းေလ်ွာက္‌ၾကသည္။ တစ္ခါတစ္ရံထိမိတိုက္မိေသာ လက္၏အ
ေရျပားတခ်ိဳ႕ေၾကာင့္ ေျခမ၊ေျခၫွိုးတို႔ တြန႔္ခ်ိဳးသြားသည္ထိ စိတ္လႈပ္ရွားေနမိသည္မွာ စံုသာၿမိဳင္၏ ရင္ထဲ ဆိုင္းေတြဗံုေတြတီးေနၾကသည္ႏွယ္။ ထိုသို႔ ထိခိုက္မိတိုင္းတစ္ဖက္လူကို ရွက္ရွက္ႏွင့္ခိုးၾကၫ့္ရသည္မွာလည္း နည္းဗ်ူဟာ လိုအပ္ေသးသည္။
သို႔ေသာ္ရင္ခုန္မိသည္မွာ မိမိတစ္ေယာက္ထဲဟုတ္ဟန္မတူ။
ခ်မ္းေအးဆိုတဲ့ေကာင္ငယ္ေလး၏ မ်က္ေတာင္စိတ္စိတ္တို႔ကလည္း တုန္ခါေနသေယာင္ မီးေရာင္ပ်ပ်၏
ေမွာင္တလွၫ့္လင္းတလွၫ့္ၾကားမွာ ျမင္ေယာင္ေနရသည္။ သူတို႔ႏွစ္ေယာက္သည္ မၾကာခင္က စိတ္ဆိုးေဒါသထြက္ေနသူတို႔ဟုတ္ဟန္မတူ။
ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ျမဳပ္ႏွံ႔ခဲ့ေသာ ရင္ခုန္သံတို႔သည္ တစ္ဖန္ေမြးဖြားလာသလို ႏွစ္ဦးသား၏ရင္ထဲ မပီမသ ရွက္ရြံ႔အေနခက္မူ႔လည္း ရိွေနေသးသည္။

"အဟမ္း "

ဝုတ္ဝုတ္.....

ေခ်ာင္းဟန႔္သံက်ယ္က်ယ္ေၾကာင့္ အိမ္တခ်ိဳ႕မွ ေမြးျမဴထားေသာ ေခြးေဟာင္သံေတြသည္ ဆက္တိုက္ထြက္လာ၏။
ညခ်မ္းေအးသည္ ေခြးကိုေတာ့အေသေၾကာက္ေပသည္။ မပီမသေျခသလံုးမွဒဏ္ရာသည္ ေခြးဆြဲခံရဖူးတာ သက္ေသတစ္ခုႏွယ္ျပန္အမွတ္ရေစသည္။

" ဘာလို႔အသံေပးေနတာလဲ။ ေခြးထြက္ဆြဲမျွဖင့္"

ေၾကာက္အားလန႔္အားက်ီးကန္းေတာင္ေျမာက္ၾကၫ့္၍ တားျမစ္လိုက္ေသာအခါ တစ္ဖက္လူ၏
အလိုက္မသိသံကခ်က္ျခင္းထြက္လာသည္။

" ေခ်ာင္းေလးေတာင္မွ မဟမ့္ရေတာ့ဘူးလား"

" အခ်ိန္အခါကိုၾကၫ့္ေလဗ်ာ "

" ခုမွေနဝင္ခါစပဲရိွပါေသးတယ္"

" အိမ္တိုင္းမီးလင္းေနၿပီ ။ ေမွာင္စပ်ိဳးဆိုေပမဲ့
ပတ္ဝန္းက်င္မွာ ဘာျမင္ရလို႔တုန္း "

အခ်ိန္အားျဖင့္ ညခုႏွစ္နာရီသည္ ေမွာင္မေနေသးေပမဲ့ ေတာသူေတာင္သားတို႔အဖို႔ ထိုအခ်ိန္အိမ္ျပန္လမ္း‌ ေပၚ အေၾကာင္းမရိွပဲ ထြက္ေလ့မရိွေတာ့။ ယခုသူတို႔သည္ ရြာျပင္ကေန အိမ္ၿခံေျမက်ဲက်ဲကိုသာ ျဖတ္ေက်ာ္လာခဲ့တဲ့အေျခအေနမို႔ ညခ်မ္းေအးသည္ လူထက္တျခားေၾကာက္ရမဲ့ဟာေတြ ရိွေသးသည္ဟု ခံစားမိသည္။

" မျမင္ရေပမဲ့ က်ဳပ္တစ္ေယာက္လံုးရိွပါေသးတယ္"

ညခ်မ္းေအးသည္ စိတ္မရွည္စြာ မ်က္ေစာင္းတခ်ိဳ႕ရြယ္မိေတာ့မတက္ျဖစ္သြား၏။ ဒီလူဒီေန့မွ စကားေတြအေတာ္မ်ားေနတာျဖစ္‌ ေလသည္။  

"ဘာလဲ။ ခ်မ္းေအး ခင္ဗ်ား ေၾကာက္ေနတာလား "

"ဘာကိစၥ ေၾကာက္ရမွာလဲဗ် "

တြတ္ထိုးသံတိုးတိုးက ႏွစ္ဦးသားၾကားမွာ ေလေျပတိုးသလိုလို။
စံုသာၿမိဳင္ မ်က္ဝန္းေထာင့္မွ ျမင္ေနရေသာေကာင္ငယ္ေလးအားခ်စ္ျမတ္ႏိုးစြာ ၾကၫ့္၍ ၾကည္ႏူးစြာၿပံဳးမိေတာ့သည္။ ထို႔ေနာက္ ထိုေကာင္‌ငယ္ေလး၏ ေခြးေၾကာက္တက္မူ႔ကိုလည္း သိရိွသြားကာ လမ္းေလ်ွာက္တိုင္းထိခတ္လုလု ျဖစ္ေနတက္ေသာ လက္ဖမိုးတို႔အားအမိအရ ဆြဲကိုင္၍ လမ္း၏ေရ႔ွတၫ့္တၫ့္ကို မသိခ်င္ေယာင္ေဆာင္၍ ျဖတ္ေက်ာ္ေနမိသည္။

ေနြးေထြးၾကမ္းရွေသာ လက္ဖဝါးႀကီး၏ အမိအရဖမ္းဆုပ္ခံလိုက္ရေသာ ညခ်မ္းေအး၏ စိတ္အာရံုသည္ ေခြးေဟာင္သံသဲ့သဲ့ကိုပါ မၾကားရေတာ့သေယာင္ လံုၿခံဳ၍သြားေလေတာ့သည္။ သို႔ေသာ္
တစ္ဖက္လူသည္ သူ႔အားခိုးၾကၫ့္ရဲပံုပင္မရိွေတာ့။
တင္းတင္းဆုပ္ထားေသာ လက္တို႔မွအပ မ်က္အိမ္သည္ ေရ႔ွကိုသာ ေရွးရႈ႔ေနၿပီး ေျခလွမ္းတို႔ကလည္း ရွက္ရြံ႔တႀကီးျမန္ဆန္ေနေလသည္။
ႏွစ္ဦးႏွစ္ဖက္လံုးရည္းစားထားဖူးေလ့မရိွသည္မို႔ ရွက္ရြံ႔မူ႔ကႀကီးစိုးေနတာ ပံုမွန္ပင္။ အထူးသျဖင့္
စံုသာၿမိဳင္ထံမွ မ်ားျပားစြာ ေတြ့ေနရတဲ့ နီရဲျခင္းေတြက အဆံုးအစမရိွေပ။

တျဖည္းျဖည္းခ်င္းနင္းဝင္ေရာက္လာေသာ
ရြာလယ္လမ္းမႀကီး‌ေၾကာင့္ ညခ်မ္းေအးသည္ အေနရခက္စြာ ရုန္းထြက္ဖို႔ႀကိဳးစားလိုက္ရာ တစ္ဖက္လူ၏ မေက်လည္ေသာ အၾကၫ့္ေတြက ခ်က္ျခင္းဆိုသလိုေရာက္လာ၏။
အၾကၫ့္၏ ဦးတည္ရာ ရည္ရြယ္ခ်က္သည္
မင္းလွၫ့္စားခ်င္ေသးသလားဟု မေမးရံုတမယ္ပင္။

" လူေတျြမင္ကုန္လိမ့္မယ္ေလ ။ ဖယ္ပါ "

"ခင္ဗ်ားေလးက ... က်ဳပ္ကို သူသိမခံႏိုင္တာလား"

ညခ်မ္းေအး မ်က္လံုးျပဴးသြား၏

"မဟုတ္တာ ။ ဘာကိုလူသိမခံရဲရတာလဲဗ်။ "

" ဘာကိုေျပာရမွာလဲ။ က်ဳပ္တို႔ႏွစ္ေယာက္ရဲ့ဆက္ဆံေရးကိုေပါ့။ ဘာလဲ ခင္ဗ်ားက က်ဳပ္ကို အတည္မႀကံခ်င္လား။ "

" ဗုဒၶေါ"

စံုသာၿမိဳင္ မ်က္ေစာင္းရြယ္ကာ ညခ်မ္းေအးကို လ်စ္လ်ူရႈ႔လိုက္သည္။
ေနေပါ့။ သူ႔ဘာသာ ဘယ္ေခြးလိုက္ဆြဲဆြဲ ေခၚမေနေတာ့ဘူး။ သို႔ေသာ္ ရြာလယ္တန္းတြင္ ဘယ္ေခြးေဟာင္သံမွထြက္မလာေတာ့ေပ။
အၿမဲသြားလာေနၾကလူေတြမို႔ ျမင္လိုက္တာနဲ႔ လူရင္းေနၿပီး ေခြးေတြက အိပ္ေနရာကေနထပင္ၾကၫ့္မလာေတာ့။
စံုသာၿမိဳင္တစ္ေယာက္ မေက်နပ္ကာ မ်က္ႏွာေၾကာတင္းလာေတာ့သည္။
ဘယ္ေခြးမွ အသံုးက်မေနဘူး။ အနည္းအက်ဉ္းေတာ့ေဟာင္သံေပးဦးမွေပါ့။ ရပ္ထဲရြာထဲ သူခိုးလူဆိုးကပ္ရင္ဘယ္ႏွဲ႔လုပ္ေလမလဲ။
ခပ္သုတ္သုတ္လိုက္လာတဲ့ေျခသံေတြသည္ ေနာက္ပါးမွာထပ္ခ်ပ္မခြာေပ။

" ဘာလို႔ဇြတ္သြားေနတာလဲဗ်။ ေျခေထာက္ေတြနာကုန္ေတာ့မွာပဲ"

" ေျခေထာက္နာေတာ့ေရာ ဘာအေရးလဲ။ ဒီဒုကၡိတကို ဘယ္သူက စိတ္ထဲထၫ့္ေနလို႔လဲ။ ေနာက္ဆံုးထိ ဒီလူက ဒီေနရာမွာ တစ္ေယာက္ထဲပဲေလ "

" ခက္လိုက္တာဗ်ာ။ ကြၽန္ေတာ္ေျပာတာကို လိုက္ကပ္သပ္မေနပါနဲ႔။ ခင္ဗ်ားက တစ္ရြာလံုးတင္မကဘူး တစ္ႏိုင္ငံလံုးသိတဲ့သူေလဗ်ာ။ အတက္ႏိုင္ဆံုးအေနအထိုင္ဆင္ျခင္လိုက္ေတာ့ ဘယ္သူေမးေငါ့ႏိုင္မွာလဲ။ ၿပီးေတာ့ ကြၽန္ေတာ့္က ေက်ာင္းဆရာဆိုေတာ့ အေနအထိုင္မတက္ဘူးေျပာခံရရင္ ဘယ္ေကာင္းမလဲေနာ္"

ေျပရာေျပၾကောင္းေျပာေပမဲ့ စံုသာၿမိဳင္၏ မ်က္ႏွာေျပာင္းလဲမလာေသးေပ။ အေတာ္ေလး ကေလးဆန္တဲ့သူဆိုတာ သိသြားေတာ့ ညခ်မ္းေအးတစ္ေယာက္ေခါင္းအား တဗ်င္းဗ်င္းကုတ္ကာ အနီးအနားတိုးကပ္သြားလိုက္ေလၿပီး လြဲရမ္းေနေသာ လက္တစ္ဖက္အား ဖမ္းဆြဲလိုက္ေလေတာ့သည္။

" ကဲဗ်ာ ဘယ္သူသိသိ ထားလိုက္ေတာ့။ ဒီေလာက္ဆိုရၿပီမို႔လား။ စိတ္ေကာက္မေနေတာ့နဲ႔ "

တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းေတြသည္ မသိမသာေျပေလ်ာ့သြားၿပီး အိစက္ေသာလက္ကေလးအားတင္းတင္းဖိဆုပ္ကိုင္ထားေတာ့သည္။ 

__________

မိုးေသာက္တဲ့အခ်ိန္တြင္ညခ်မ္းေအးတစ္ေယာက္ ထံုးစံအတိုင္း ေစာေစာထျဖစ္ေလသည္။
ညတြင္ မျပန္ခ်င္ျပန္ခ်င္ျပန္သြားေသာ လူႀကီး၏ ပံုစံအားေတြးမိၿပီးမရယ္ပဲမေနႏိုင္ေတာ့ေပ။
က‌ေလးဒီေလာက္ဆန္မည္ဟုလည္းထင္မထားတာ
ေပ။ ရင္းႏွီးလာကာစဆက္ဆံေရးမွာ ေခါင္းမာတက္ပံုေရာ အလိုမက်တက္ပံုေရာ
ပံုးကြယ္မထားပဲ ဆက္တိုက္ထြက္ေပၚလာသည္မွာ ေကာင္းေသာ အလားအလာပင္။  

စိတ္ကူးထဲၿပံဳးရႊင္စြာပင္ မနက္ေဝယာဝစၥကိစၥအေထြေထြကို သြက္လက္စြာလုပ္ကိုင္မိသည္။
ၾကည္ႏူးေနတဲ့ စိတ္အာရံုေၾကာင့္ ဘုရားရွစ္ခိုးတာပင္
ေကာင္းေကာင္းကန္ေတာ့မရေတာ့ေပ။
မနက္ေဈးမွ အျပန္ ၿခံထဲတြင္ သူ၏ ခ်စ္သူရည္းစားသည္ အိမ္တံခါးကိုေက်ာေပးကာ ေလွကားထစ္ေပၚမွာ ထိုင္ေနသည္ကိုေတြ့၏။
ညခ်မ္းေအးသည္ ဝမ္းသာအားရ ေျပးကာ

" ခင္ဗ်ား အေစာႀကီးေရာက္ေနတာလား"ဟုႏႈတ္ဆက္လိုက္ေလရာ တစ္ဖက္လူသည္ ေက်နပ္သြားပံုမေပၚပဲ မ်က္ေမွာင္ကုတ္ကာ ေမာ့ၾကၫ့္လာ၏။

"ေဈးသြားတာ ဘာလို႔အဲ့ေလာက္ၾကာေနတာလဲေျပာပါအံုး"

"ၾကာလို႔လားဗ်။ အသြားအျပန္ ရိွလွ ဆယ့္ငါးမိနစ္ေပါ့။ ေဈးမွာေလ်ွာက္ၾကၫ့္တာ ဘာညာနဲ႔ အၿပီးအစီး ေလးဆယ့္ငါးမိထဲပါ။ "

"ေလးဆယ့္ငါးမိနစ္က မၾကာဘူးလား။
က်ဳပ္ဒီမွာ ထိုင္ေစာင့္ေနတာ ျခင္စာေတာင္ျဖစ္ေတာ့မယ္"

"ေဟာ္ဗ်ာ ။ အိမ္ထဲဝင္ထိုင္လိုက္ေရာေပါ့။ လာ..လာ အထဲကို "

ေဈးျခင္းေတာင္းႀကီးဆြဲကာ အိမ္ထဲဝင္ဖို႔ဟန္ျပင္ေသာ္ျငား ရည္းစားႀကီးသည္ ထိုင္ရာထမလာေပ။
အဆံုးထိ မေက်နပ္ဆဲျဖစ္ေသာမ်က္ႏွာေၾကာသည္ နည္းနည္းေလးေတာင္ ေလ်ာ့မေနပဲ မ်က္ႏွာေမာ့ကာ ၾကၫ့္ေနဆဲပင္။
ညခ်မ္းေအးသည္ အရာရာတြင္ဉာဏ္ေကာင္းလြန္းေပမဲ့ဒီတစ္‌ေယာက္ကို အကဲခတ္ရာတြင္ေတာ့ညံ့ဖ်င္းပါသည္။ ထို႔ေၾကာင့္ မအူမလည္ျပန္ၾကၫ့္ခိုက္
တစ္ဖက္ရည္းစားႀကီးသည္ သက္ျပင္းခ်ကာ စိတ္ေလ်ာ့လိုက္ဟန္ျဖင့္ သူ႔လက္တစ္ဖက္အားထိုးေပးလာသည္။

"ဆြဲလိုက္။ ခင္ဗ်ားေလးမွာ ရည္းစားတစ္ေယာက္ရဲ့ တာဝန္ဝတၲရားေတြသိဖို႔လိုေသးတယ္။ ကဲရိွေစေတာ့ ဆြဲဆြဲၾကာတယ္"

အထက္စီးကေန ရိွလွေသာ စကားတို႔သည္ ညခ်မ္းေအးအား ရယ္ေမာေစျပန္သည္။
သူသည္ေက်နပ္စြာပင္ တစ္ဖက္လူကမ္းေသာ လက္ကို အားျဖင့္ဆြဲကာထူေစၿပီး ထိုလက္ကိုပင္ ျပန္မလႊတ္ပဲဆြဲထားေတာ့သည္။ တည္လြန္းလွေသာ ရုပ္ႀကီးသည္ ထိုအခ်င္းအရာေၾကာင့္ ၿပံဳးျမျမျဖစ္လာသည္ကိုေတာ့ ညခ်မ္းေအးတစ္ေယာက္သိရိွမသြားေတာ့ေပ။

" ဒီေန့အိမ္မွာပဲစားလိုက္ပါ့လား"

သူ၏ကမ္းလွမ္းခ်က္က ရည္းစားႀကီး၏ စိတ္အာရံုကိုေက်နပ္သြားေစေပမဲ့ ဂုဏ္ျဒပ္ႀကီးမားသူႀကီးရဲ့မ်က္ႏွာထားကေတာ့ ခပ္တည္တည္ပင္ ။

" အင္း..စားဆိုလည္းစားရံုေပါ့။ အလုပ္ကိစၥေတြဘာေတြ ေနာက္ဆုတ္ထာရတာျပႆနာမရိွပါဘူး။"

အမယ္ ။ ညခ်မ္းေအးတစ္ေယာက္ ၿပံဳးရံုပဲၿပံဳးႏိုင္ေတာ့သည္။ ဒီလူႀကီးဟိတ္ဟန္မ်ားေနတာ ဘာသေဘာမွန္းပင္မသိေတာ့ေပ။ အရင္ကဆို ဒီအိမ္ကဟင္းဆို ဘာဟင္းေနေန စားရမွ ေက်နပ္တာမဟုတ္ဘူးလား။ ခုက် မအားေပမဲ့ စားေပးလိုက္ပါမယ္ဆိုတဲ့ ဟန္ေဆာင္အမူအယာႀကီးက ဘာသေဘာမ်ားပါလိမ့္။

"သြားစရာရိွရင္သြားပါ ။ ၿပီးမျွပန္လာခဲ့ေလ "

"ရပါတယ္။ က်ဳပ္ ဒီတိုင္း စားၿပီးမွပဲသြားမယ္"

"အဲ့ဒါဆို သတင္းစာဖတ္ရင္းေစာင့္ေနာ္ ။ မနက္စာ တစ္ခုခုအရင္လုပ္ေပးရမလား "

စံုသာၿမိဳင္ ခံုေပၚဝင္ထိုင္ရင္းေခါင္းရမ္းလိုက္သည္။

"ရတယ္ ။ က်ဳပ္ ဒီတိုင္းထိုင္ေနမယ္။ အားမနာနဲ႔ "

ညခ်မ္းေအးထပ္မေျပာေတာ့ပဲ ဆြဲျခင္းေကာက္ကိုင္ကာ အိမ္ေနာက္ေဖးသို႔ဝင္ခဲ့လိုက္သည္ ။
ဒီေန့ ဝက္ကလီစာဝယ္လာ၏။ အရည္ေသာက္တစ္ခြက္အျပင္ ငရုတ္သီးကို ပဲသီးႏွင့္ေထာင္းမည္ဟုစဉ္းစားထားသည္။

အမွန္ေတာ့ ညခ်မ္းေအးသည္ ငရုတ္သီးကို ဂ်ူးျမစ္ႏွင့္ေထာင္းစားသည္ကို ပိုႀကိဳက္ေပသည္။
သို႔ေသာ္ ရာသီေပၚအစားမေသာက္မဟုတ္ေတာ့ လိုခ်င္တဲ့အခ်ိန္တိုင္းရမေနတာခက္၏။
ထို႔ေၾကာင့္ ပဲသီးေတာင့္ရွည္ အနည္းငယ္ဝယ္လာၿပီး ငရုတ္သီးရယ္၊နံနံၿမိတ္ရယ္ကို ေပါင္းေထာင္း၍ သံပရာအနည္းငယ္ညစ္၍ ရႉးရႉးရွဲရွဲစားဖို႔ျပင္ဆင္ထား၏။

ဝက္ကလီစာက အနံ႔ပါသည္ေၾကာင့္ သံပရာသီးႏွင့္ ေသခ်ာေဆးေၾကာရသည္။
ဂ်င္းၾကက္သြန္ ႏိုင္ႏိုင္သံုး၍ ဆီျပန္ခ်က္လိုက္ၿပီး
အရည္ေသာက္ဖို႔ အျပင္က အသီးအရြက္တစ္ခုခုခူးဆြတ္ဖို႔ ထြက္လိုက္ေသာအခါမွ တစ္ေယာက္ေသာသူသည္ ခံုေပၚမွာ ေခါင္းေမာ့၍ အိမ္ေပ်ာ္ေနေလသည္။

မနက္အေစာပိုင္းရိွေသးသည္မို႔အိပ္ခ်ိန္မဟုတ္ေသး။
သို႔ေသာ္ အိပ္ေရးပ်က္ထားေသာ သူအဖို႔ အိပ္ေပ်ာ္ဖို႔ရာ အခ်ိန္အခါေရြးေနမည္မဟုတ္ေပ။

ညခ်မ္းေအး ဆတ္ခနဲ မ်က္ေမွာင္ကုတ္လိုက္သည္။

"ဒီလူ ညက ဘာမဟုတ္တာလုပ္ထားလို႔အိပ္ေရးပ်က္ထားတာလဲ။ ငါမသိေအာင္ ဘယ္သြားထားတာလဲ။  "

ၿခံထဲက အရြက္တခ်ိဳ႕ခူးဆြတ္ေနသၫ့္တိုင္ စိတ္က
ဟိုေရာက္ဒီေရာက္။ ေနပေလ့ေစဟု က်ိန္းေနေသာ္လည္း အမွန္ေတာ့ အႀကီးနဲ႔အငယ္ ျပန္ေျပာဖို႔ရာအဆင္ေျပမေနေခ်။ သူတို႔ႏွစ္ဦးၾကားမွာ အစိမ္းသက္သက္ဆက္ဆံေရးကာေနကူးေျပာင္းလာတာမို႔
ပိုင္စိုးပိုင္နင္းလည္း လုပ္မေနခ်င္ေပ။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ဟင္းက်က္သြားေလသည္။ ခူးခပ္ေနခ်ိန္ေနာက္ အိပ္ေပ်ာ္ေနသူသည္ ႏိုးလာၿပီး ဂုတ္ခ်ိဳးကာ ထလာ၏။

" စားေတာ့မွာလား"

"အင္း ဗိုက္ဆာေနၿပီလား"

"ရတယ္ က်ဳပ္ဘာကူရအံုးမလဲ "

" စားရံုပဲေလ ။ လက္ေရေဆး ဒီေန့ ငရုတ္သီးေထာင္းထားတယ္ ။ ခင္ဗ်ားႀကိဳက္တယ္မို႔လား "

သူေခါင္းညိတ္ကာ ထမင္းစားပြဲဝင္ထိုင္လိုက္သည္။
လက္စံုစားရတဲ့ အစားအေသာက္ေတြသည္ ဘာနဲ႔မွမလဲႏိုင္တာ ခ်စ္ရသူသိမည္မထင္။
ေခါင္းမေဖာ္စတမ္းစားေနတာျမင္ေတာ့
ခ်က္ရေသာ ညခ်မ္းေအးကလည္း ေပ်ာ္ရႊင္သြားေတာ့၏။

အတူတူစားေသာက္သိမ္းဆည္းၿပီးေနာက္ ညခ်မ္းေအးသည္ စံုသာၿမိဳင္၏ လက္တစ္ဖက္အား လက္ညိုးေလးနဲ႔ထိကာ

" ဒီရက္ပိုင္းခရီးထြက္စရာရိွေသးလား"

စံုသာၿမိဳင္သည္သူ႔လက္တို႔အားထိေနေသာ လက္ကေလးအားဆြဲယူကိုင္တြယ္ခ်င္ေပမဲ့ စိတ္ကို ထိန္းကာ ျပန္ေျဖလိုက္၏။

" ေနာက္တစ္ပတ္ေနရင္ ရိွတယ္။ ဘာရခ်င္လို႔လဲ "

ညခ်မ္းေအး မ်က္ႏွာမသာမယာေခါင္းရမ္းလိုက္သည္။

"မရိွပါဘူး။ "

" ဘာျဖစ္တာလဲမ်က္ႏွာက "

စံုသာၿမိဳင္ စိတ္ပူစြာ သူခါးအားမတ္လိုက္သည္။
သူသည္စကားေျပာရသည္ကိုႀကိဳက္သည္မဟုတ္။
ေကာင္ေလးကိုေတာ့ အေတာ္ေလး ခ်စ္ခင္မိသည္မို႔ လိုတာထက္ပိုၿပီးေျပာေနမိသည္။ သို႔ေသာ္ ရည္းစားတစ္ေယာက္၏ လိုအပ္ခ်က္လိုက္ေလ်ာညီေထြရိွမူ႔ကိုေတာ့ သူနားလည္ဖို႔လိုအပ္ေသးတာေၾကာင့္ စကားအေျပာအဆို အလိုက္မသိမူ႔ေတြကို တစ္ဖက္လူက
လက္ခံေပးဖို႔ ႀကိဳးစားရအံုးမည္။

"ဘာမွမျဖစ္ပါဘူး။ "

"မဟုတ္ေသးပါဘူး။ ခင္ဗ်ားေလး တစ္ခုခုျဖစ္ေနပါတယ္ ။ ဘာမ်ားျဖစ္လို႔လဲ က်ဳပ္ကိုေျပာပါအံုး"

"ခင္ဗ်ား ေကာင္မေလးေတြနဲ႔ ကြၽန္ေတာ္ကြယ္ရာမွာ စကားေျပာမွာလား"

စံုသာၿမိဳင္သည္ အေတာ္ၾကာေအာင္စဉ္းစားလိုက္သည္။ သူ႔အေတြးအာရံုထဲမွာ လုပ္ငန္းရွင္တစ္ဦး၏ သမီးအပါအဝင္ ေၾကာ္ျငာမင္းသမီးတစ္ဦးနဲ႔ေျပာဆိုဆက္ဆံရမၫ့္ အေၾကာင္းမ်ားလည္းရိွေနေသးသည္။ ထို႔ေၾကာင့္ ေခါင္းညိတ္ကာ

" ဒါေပါ့ က်ဳပ္ မင္း ကြယ္ရာမွာ ေကာင္မေလးႏွစ္ေယာက္နဲ႔ စကားေျပာဖို႔ရိွေနတယ္။ တစ္‌ေယာက္က ဦးမင္းသစ္ရဲ့သမီး စႏၵာထြန္းသစ္။ ေနာက္တစ္ေယာက္က ေၾကာ္ျငာမင္းသမီးတစ္ေယာက္ပဲ သူ႔နာမည္က ဘာပါလိမ့္ ။ ေနပါအံုးေမ့ေတာင္ေနၿပီ "

"ဘာဗ်။ ခင္ဗ်ား ခင္ဗ်ား... ။ "

ညခ်မ္းေအးသည္ အလြန္အမင္းေဒါသထြက္သြား၏။
သူသည္အတူထိုင္‌ ေနရာမွထရပ္ကာ စံုသာၿမိဳင္ကို
မေက်မနပ္ ၾကၫ့္ကာ

" ေျပာ.. ေျပာ ။ ေနာက္ရက္ကစၿပီး အဲ့ ေကာင္မေလးေတြနဲ႔ပဲ သြားေျပာေခ်"

ဒိုင္းခနဲေစာင့္ပိတ္သြားေသာ အခန္းတံခါးေၾကာင့္
စံုသာၿမိဳင္တစ္ေယာက္ အေယာင္ေယာင္အမွားမွားျဖစ္သြား၏။ သူသည္ တံခါးေပါက္နားကို စိုးရိမ္တႀကီးေျပးကပ္သြားကာ တံခါးကို ခပ္ဖြဖြေခါက္လိုက္၏။

" ခ်မ္းေအး.. က်ဳပ္ေျပာတာဘာမွားလို႔လဲ။
ထြက္ပါအံုးအဲ့လို ပိတ္မထားပါနဲ႔ "ဟု အေလာတႀကီးဆိုလိုက္သည္။

ညခ်မ္းေအးသည္ ေခါင္းအံုးျဖင့္နားကိုပိတ္ထားၿပီးမၾကားခ်င္ေယာင္ေဆာင္ေနေပမဲ့ တေဒါက္ေဒါက္ေခါက္ေနေသာ တံခါး‌သံေၾကာင့္ စိတ္ဆိုးစြာပင္

"ဒါဆို အဲ့ဒီ ဘာမင္းသစ္ဆိုတဲ့ေကာင္မေလးက လွလားေျပာ "

တံခါးေခါက္သံကရပ္သြားၿပီးအေတာ္ၾကာမွ

"လွေတာ့လွပါတယ္။ ဒါေပမဲ့ သူကနည္းနည္းဆိုးတယ္ "

" ဘာေျပာတယ္။ ဘာေျပာလိုက္တယ္။ နည္းနည္းဆိုးတယ္ ဟုတ္လား။ ဒါဆို ခင္ဗ်ားက အဆိုးခံခ်င္လို႔သြားမွာေပါ့ ။ ဟုတ္လား"

"မဟုတ္ပါဘူးခ်မ္းေအးရာ။ က်ဳပ္ ဘာေျပာရမွန္းကို မသိေတာ့ပါဘူး။ ထြက္ခဲ့ပါအံုး။ က်ဳပ္ေျပရာေျပၾကောင္းေျပာျပမယ္ေလ။ "

" ေတာ္ၿပီ ဘာေျပရာေျပၾကောင္းမွမေၾကာင္းခ်င္ဘူး။ ဟုတ္ပါတယ္။ ဆိုးတဲ့ေကာင္မေလးေတြကိုပဲ ႀကိဳက္မွာေပါ့ ။ ကြၽန္ေတာ္က ဘာေျပာႏိုင္မွာလဲ"

စံုသာၿမိဳင္ေခါင္းကိုက္သြား၏။
ေလာေလာဆယ္ဆိုးေနတာ သူပဲ မဟုတ္ဘူးလား။
ပိတ္ထားေသာ တံခါးဝစိတ္ပ်က္လက္ပ်က္ ရပ္ကာ ညခ်မ္းေအး ဘာေကာက္သလဲ စဉ္းစားၾကၫ့္သည္။
စႏၵာမင္းသစ္သည္ သံုးႏွစ္အရြယ္သာရိွေသးသည္မို႔
ဆိုးတက္ေကာက္တက္တာထံုးစံပင္မဟုတ္လား။
ညခ်မ္းေအး ဘာကို စိတ္ဆိုးတာမွန္းမသိတာေၾကာင့္
အခန္းေပါက္ဝေရ႔ွမွာၿငိမ္ၿငိမ္ေလးရပ္ေနမိသည္။
တစ္နာရီေက်ာ္ၾကာၿပီးမွာ သူသည္ ဖြင့္ဟမလာေသာ တံခါးေရ႔ွကေန မျပန္ခ်င္ျပန္ခ်င္ ျပန္လာခဲ့ရေတာ့သည္။

မိန္းမေတြသည္ အေၾကာင္းအရာမရိွပဲ စိတ္ေကာက္တက္ပါသည္။
ေယာက္်ားေလးျဖစ္ေသာ ညခ်မ္းေအးသည္ အေၾကာင္းျပခ်က္အေပးမခံပဲ စိတ္ေကာက္တက္သည္။
ပူပူေနြးေနြး ၁၂နာရီ ရည္းစားေလးစံုသာၿမိဳင္တစ္ေယာက္ ဖ်တ္ဖ်တ္လူး စိတ္ပူေနေပမဲ့ စိတ္ေကာက္၍ အိပ္ေပ်ာ္သြားေသာ ညခ်မ္းေအးသည္ကေတာ့
အိပ္မက္ကမ႓ာမွာေပ်ာ္ေမြ့ေနေလေတာ့သည္။



Bạn đang đọc truyện trên: ZingTruyen.Xyz