ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
20
"မင်း ...ကျုပ်ကို ရှောင်နေတာလား ချမ်းအေး "
တည့်တည့်ကြည့်ပြီး မေးလာတော့ ရှောင်လွှဲ၍မရတော့ပေ။ တစ်ယောက်သောသူက အိမ်ပေါက်ဝမှာရပ်နေတာမို့ လက်ထဲက ကိုင်လာသော သင်ရိုးညွှန်းတမ်းစာအုပ်ကိုပင် ကျိုးကြေအောင် ဆွဲဆုပ်လိုက်မိသည်။
" မ..မဟုတ်ပါဘူး ။ ကျွန်တော်မအားလို့ပါဗျ "
စုံသာမြိုင်သည် ညချမ်းအေး စကားကို ယုံမနေချေ။
ကျောင်းကပြန်လာရင်ပင် တန်းတွေ့နိုင်တဲ့အထိ သူတို့အိမ်သည်နီးကပ်နေပါသော်ငြား ညချမ်းအေးတစ်ယောက် မတွေ့အောင် ရှောင်ကာ ညနေစောင်းမှသာ ပြန်လာတက်လေသည်။ ယခုလည်း အတော်လေး မိုးချုပ်မှ အဖြူအစိမ်းဝတ်စုံဖြင့် ပြန်လာတာကြောင့် သူ့မျက်နှာသည် ထိန်းမရအောင်ပင် ပျက်နေတော့သည်။ သမီးဖြစ်သူကိုမေးကြည့်သေးသည်။
ဘဘမိုးကို ကြိုခိုင်းပါ ဟူသော စကားကလွဲ၍ မည်သည့်စကားမှ ပိုသိမလာခဲ့ပေ။
"မင်း ဘာစားပြီးပြီလဲ "
" ကျွန်တော် ဒေါ်လေး တို့အိမ်က စားခဲ့ပြီ"
စုံသာမြိုင် စိတ်မရှည်ဖြစ်သွားကာ သူ့မျက်ခုံးတွေသည် အလိုလို တွန့်ကွေးသွားရာ ကန့်လန့်ဖြတ်ပြတ်ရှသည် ပိုမိုခက်ထန်သလို ဖြစ်သွား၏။
" မင်းဒေါ်လေးနဲ့မပတ်သက်လို့မရဘူးလား ချမ်းအေး။ ခုတလော ဝေမင်းဆိုတဲ့ ကောင်နဲ့ မင်းကိစ္စကို သတင်းတွေထွက်နေတာနည်းနည်းမှမကောင်းဘူးနော်"
ကိုစုံသာမြိုင်ပြောတာ အမှန်ပင်ဖြစ်နေတော့ သူ ပြန်ဖြေစရာစကားမရှိတော့ပေ။
အမှန်ပင် ဒေါ်လေးသည် ကိုဝေမင်းက သူ့အားစိတ်ဝင်စားနေကြောင်းခေါ်ပြောခြင်းဖြစ်လေသည်။
ဒေါ်လေး တင်နေသော အကြွေးသည် သူနဲ့မဆိုင်သော်ငြား ကူဆပ်ပေးစေချင်တဲ့စကားများစွာကိုလည်း ကြားခဲ့ရသည်။ သူ့၏လိင်စိတ်ဆန္ဒသည် သူများနဲ့မတူညီတာ မှန်ပေမဲ့ ယောက်ျားတိုင်းကို ကြိုက်နေတာ တော့မဟုတ်ပေ။
သူသည် သာမန်လူသားတို့လိုပင် ချစ်တဲ့စိတ်သည်
တစ်ဦးတစ်ယောက်အပေါ်မှာတင် သက်ရောက်နိုင်ကြောင်း ဘယ်လိုပင်ရှင်းပြရပါမည်နည်း။
ယောက်ျားခြင်း ကြိုက်တာမှန်ပေမဲ့ ယောက်ျားများစွာကို ကြိုက်နေခြင်းမဆိုလို။
ဒေါ်လေး၏ စိတ်တွင် သူသည် ယောက်ျားတကာ အပေါ်နှစ်သက်နိုင်လိမ့်မည်ဟု အဘယ်ကြောင့် တွေးရသနည်း။
မေးခွန်းများစွာကို ဒေါ်လေးဖြေနိုင်မည်မထင်။
သူသည် ခပ်မာမာကြည့်ကာ ဒေါ်လေး ခုလုပ်နေတာတွေရပ်တန်းပါတော့ဟု ပြောခဲ့သည်။ သို့သော် ရလဒ်သည်က ဆူပူကြိမ်းမောင်းခြင်းစကားတွေပင်။
သူစိတ်ပျက်စွာပင် ထမင်းဝိုင်းကနေ ထပြန်ခဲ့လေသည်။
အိမ်ရှေ့မှာ ကိုစုံသာမြိုင်ရပ်စောင့်နေမယ်ဟုထင်မထားပေ။ ဒီလူ၏ အတွေးတွေသည် ဒီရက်ပိုင်း သူ့ကိုဦးတည်နေတယ်ဆိုတာ သတိထားမိသည်။
သူလည်းပဲ လိင်တူစိတ်ဝင်စားသလား ဟူသော အတွေးဝင်လာချိန်တွင် တစ်ဖက်လူသည် သူအား မျက်မှောင်ကုတ်လျက်စိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။
ထိုအခါ သူတို့နှစ်ဦး စကားပြောနေဆဲဆိုတာကို သတိရကာ အလွန်အမင်းအားနာသွားရ၏။
" တောင်းပန်ပါတယ်ဗျာ ။ ခင်ဗျား ဘာပြောလိုက်သလဲ "
တစ်ဖက်လူသည် မျက်နှာကိုချက်ချင်းလွှဲသွားကာ
မည်သည့်စကားမှမဆိုတော့ပဲ ညချမ်းအေး၏ အိမ်ကနေထွက်သွားလေတော့သည်။
ညချမ်းအေးသည် ထွက်သွားသူ၏ ကျောပြင်ကျယ်ကိုသာ ကြည့်နေမိကာ တိတ်တဆိတ်ရပ်ကျန်ခဲ့တော့သည်။
ညသည် တဖန်ပြန်လည် ရောက်ရှိခဲ့ပြီဖြစ်သည်။
သွေးအေးတိုက်ပွဲသည် မသိလိုက်ဘာသာ ရောက်ရှိနေခဲ့ခြင်းကို ကာယကံရှင်နှစ်ဦးကတော့ သိအံ့မထင်။
ပိုးစုန်းကြူတော့သည် ဟိုတစ်စဒီတစ်စ လင်းလက်နေသည်။ စိမ်းမြမြအလင်းသည် ည၏ အလှကိုဖော်ကျူးနေသလို ပင်။
စုံသာမြိုင်သည် အပေါ်ထပ်လသာဆောင်မှာထိုင်ကာ ငြိမ်သက်နေမိသည် ။ တော်ရုံဆိုသူသည်အပေါ်ထပ်အားတက်ခဲသည်။ သည်နေ့တော့ သူ စိတ်ညစ်နေကာ ပျော်ရွှင်မူ့မဲ့နေသောကြောင့် တိတ်တဆိတ်ငြိမ်နေမိသည်။
မနက်နှစ်နာရီဆိုတဲ့အချိန်ရောက်သည်အထိ ထိုနေရာမှာ သူသည် လှုပ်ရှားခြင်းမရှိသေး။
စိတ်ညစ်သည့်အကြောင်းမှာ ညချမ်းအေးကြောင့်ပင်။
တစ်ဖက်လူသည် သူ့အား ရှောင်ရှားနေမှာ သိသိသာသာပင်။
ချစ်တယ်ပြော၊ကြိုက်တယ်ပြောပြီး သူ့အားလျစ်လျူရှု့ထားသည်မှာ အဘယ်ကြောင့်နည်း။
သူ့အား သစ်စိမ်းချိုး ချိုးချင်တဲ့သဘောများလား။
ကျောရရုံကြံချင်တယ်ဆိုရင်ဖြင့်လည်း နဂိုတည်ငြိမ်နေတဲ့သူ့ဘဝအား လှိုင်းထန်သွားအောင် မလုပ်သင့်ဟု သူထင်သည်။
တစ်ဖက်လူသည် အတည်ကြံသည်ဟု ထင်မှတ်တာကြောင့် တစ်ခါတရံ စိတ်ကူးအိမ်မက်ထဲထိထည့်မက်ခဲ့သည်မှာ အရူးတစ်ယောက်နှယ်ပင်။
တော်ပါပြီ ၊ ဒီတစ်ခါဆိုရင်ဖြင့် သူလည်းပဲသတိနဲ့ပြောဆိုဆက်ဆံတော့မည်။
သူသည် ချမ်းအေးအား သနားခဲ့သည်။ နှစ်ဘဝစာလုံး ကောင်လေး၏ ရိုးသားမူ့အား အသိအမှတ်ပြုခဲ့ပြီး ပြန်လည်စောင့်ရှောက်ခဲ့သည်။ အမှန်ဆို ညချမ်းအေးနဲ့ပတ်သက်ပြီး အေးစက်သော ဆက်ဆံရေးမျိုးသူမရချင်ပေ။
နှစ်ဘဝစာလုံး အယုံကြည်ရဆုံး သူ့ရင်ထဲအရှိဆုံးသူကိုပြပါဆိုလျင် ညချမ်းအေး တစ်ယောက်သာ လက်ညိုးထိုးပြလိုက်မည်ပင်။
သာယာသော မနက်ခင်းတစ်ခုတွင် ညချမ်းအေးတစ်ယောက် ကူးကူးကို စာပြနေခဲ့သည်။
စံပယ်ပင်သည် ဒီတလော ပန်းမပွင့်တော့ပေ။
ပန်းပွင့်ရာသီကုန်စပြုပြီမို့ ထူးတော့မထူးဆန်းပေ။
ရာသီဥတုကလည်း ကြည်လင်နေပြီး လေနုအေးကလည်းခပ်ဖွဖွတိုက်ခတ်နေရာ စာသင်ရသူရော ၊စာသင်နေသူရော ငြိမ်းအေးစိတ်ပါလှသည်။
"ကူးကူး သမီး စာရေးနေခဲ့နော်။ ဦးဦး ဟင်းချက်အုံးမယ် "
ကလေးအားသတိပေးကာ သူသည်မီးဖိုချောင်အားထထွက်လာခဲ့မိသည်။
ထမင်းတစ်ဦးတည်းသာ တည်ထားတာမို့ ဟင်းက မဖြစ်မနေချက်ရအုံးမည်ပင်။
မနေ့က ဆားသိပ်ထားသော ငါးတို့အား ထုတ်ယူသန့်ရှင်းပြီး ရေစစ်ထားလိုက်သည်။
ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီးအားဆီသပ်ကာ ရေစစ်ထားသော ငါးအား ထည့်၍ချက်လိုက်သည်။
သူ့အိမ်ရှေ့၏ ပျိုးဥယျာဉ်တွင် အသီးအနှံ့စုံလင်မနေပါသော်ငြား ရှိသင့် တာတော့ရှိသည်။ သူသည် အပင်၌သီးနေသော သခွားသီးတစ်လုံးအားဆွတ်ခူးလိုက်ပြီး ဘေးခြံထောင့်ရှိသင်္ဘောညွန့်တစ်ချို့ကိုပါခူးယူလိုက်သည်။ ခါးသက်သော သင်္ဘောညွန့်ကို အတို့အမြုပ်လုပ်ရတာကို အလွန်နှစ်သက်တာကြောင့် အငံချက်စားတိုင်းမပါမဖြစ်စားလေ့ရှိသည်။
သူခူးဆွတ်နေတုန်းမှာပင် ခြံထဲသို့ လူတစ်ယောက်ဝင်
ရောက်လာလေသည်။ ထိုသူသည်မတွေ့တာကြာပြီဖြစ်တဲ့ ချစ်ထွန်းပင်။
"ဆရာလေး ဘာတွေလုပ်နေလဲဗျ"
"အော်...ချစ်ထွန်းပါလား။ ဘယ်ကလှည့်လာတာလဲ "
ချစ်ထွန်းတစ်ယောက် ပြောရခက်သည်ပုံဖြင့်ခေါင်းကုတ်ကာနေသည်မို့ ညချမ်းအေးသည် ခူးလက်စ အရွက်တို့အား ကိုင်၍ပင် စောင့်ဆိုင်နေမိသည်။
"အားတော့နာတယ်ဗျာ ။မပြောလို့လဲမဖြစ်တော့.."
" ဘာများတုန်းဗျ။ အားမနာပါနဲ့ပြောပါ ။ မင်းပြောမှငါလည်းသိမှာပေါ့"
ချစ်ထွန်းသည် စိတ်ပျက်လက်ပျက်ဖြင့်
" ဒီလိုဗျာ။ ကျုပ်တို့ဆရာ ကိုစုံက ခင်ဗျားအိမ်ဘာဟင်းချက်သလဲဆိုတာမေးခိုင်းလို့ပါ"
ညချမ်းအေးလည်းအူလည်လည်ဖြစ်သွားကာ
" ငါးဆားနှယ်ချက်အတို့အမြုပ်လေးပဲချက်တာပါ။ ဘာဖြစ်လို့လဲဗျ "
" ငါးဆားနှယ်ချက်ဆို ကျုပ်ကို နည်းနည်းထည့်ပေးလို့ရမလား။ ဆရာက သူကြိုက်တယ်တဲ့ "
စကားဆုံးတော့ ညချမ်းအေးရော ချစ်ထွန်းပါ အနေရခက်သွားကြသည်။ အမှန်တော့ငါးချက်မှမဟုတ်
ညချမ်းအေးချက်သောဟင်း ဘယ်ဟင်းမဆို ရအောင်တောင်းဖို့မှာလိုက်သည်ဖြစ်၏။
အတော်လေးရှက်ဖွယ်ကောင်းတဲ့ကိစ္စဟုထင်မြင်တာကြောင့်ချစ်ထွန်းခဗျာဟင်းခွက်ကိုင်ပြီးအိမ်ဖက်ကူးသည်ထိ မျက်နှာကြီးဆူပုတ်လျက်ရှိသည်။
"ရခဲ့လား။ ဘာဟင်းတဲ့လဲ"
အိမ်နောက်ဖေးအပေါက်ဝထိလာ ရပ်စောင့်နေတဲ့ကိုစုံသည် အတော်လေးပြာယာခက်နေသည်ဟုပင်ထင်တာကြောင့် အောင့်သီးအောက်သက်မျက်နှာဖြင့် ဟင်းခွက်အားထိုးပေးကာ ငါးချက်ဟု ပြန်ဖြေလိုက်သည်။
စုံသာမြိုင်သည် အတုံးသေးသေးလေးတွေတုံးထားသော ငါးချက်အပြင်၊အတို့အမြုပ်စီရီထားသောပန်းကန်တို့အားကိုင်ကာ ထမင်းဝိုင်းမှာထိုင်လိုက်လေသည်။ ဘေးမှာ အဆင်သင့်ပြင်ထားသောရေဆေးစလုံမှာလက်ရေးဆေး၍ ချခင်းထားသော အမယ်စုံဟင်းခွက်တို့လျစ်လျူရှု့၍ ချစ်ထွန်းတောင်းလာသောဟင်းတစ်ခွက်ထဲဖြင့် နှယ်ဖက်စားသောက်လိုက်သည်။ အရသာသည် ကောင်းလွန်းလှသည်။
သခွားသီး၏လက်ဆတ်မူ့ချိုမြိန်မူ့က ငါးဆားနှယ်ချက်ဖြင့်အလွန်လိုက်လေရာ ခေါင်းပင်မဖော်နိုင်တော့ပေ။
"ဘာတွေများ အဲ့လောက်ကောင်းနေလို့လဲ"
မျက်နှာချင်းဆိုင်ထမင်းဝိုင်းမှာ ဝင်ထိုင်ရင်း ချစ်ထွန်းငေါ့လိုက်၏။
" လျှာမရှည်နဲ့ ။မင်းနဲ့မဆိုင်ဘူး ။ မင်းနဲ့ဆိုင်တာ မနက်ဖန်လည်းသွားတောင်းပေး"
"မနက်ဖန်ရောသွားတောင်းပေး။ ဟုတ်လား။
ကျုပ်မှာ ဒီတစ်ခါသွားတာတောင် ဘယ်လောက်မျက်နှာပူရသလဲ။ တော်တော် ကိုယ့်ဘာသာ သွားချေ။ မနက်ဖန် စပါးကျည်တွေဆီသွားစရာရှိသေးတယ်။ အိမ်ပြန်မလာဘူး "
" ရတယ်။ ဘမှောင်ကိုလွှတ်လိုက်မယ် ။ မင်းပြန်လာခဲ့"
" ဟာ ... မသွားချင်ပါဘူးဆို ။ ကိုစုံဘာသာ သွားတောင်းပါ့လား"
ချစ်ထွန်း ငိုချင်လာသည်။ စားသောက်ပြီးတဲ့စုံသာမြိုင်သည် လက်ရေထဆေးပြီး ပြန်ထိုင်လာပြီးနောက်မှ
" ငါနဲ့သူနဲ့မခေါ်ဘူး "
ချစ်ထွန်း စိတ်ဆိုးဖို့မေ့သွားလေသည်။
သူ ကိုစုံကို မော့ကြည့်ကာ
" မခေါ်ရအောင် ကိုစုံတို့က ကလေးတွေလား။
မကျေနပ်ရင် ခပ်ပြတ်ပြတ် ပြောပြီးအိမ်ပေါ်က နှင်ချင်လိုက်လေ"
" ငါ့တို့ဘာသာ ခေါ်ခေါ်မခေါ်ခေါ် အဲ့ကိစ္စ မင်းနဲ့ဆိုင်သလား"
"ကြည့်စမ်း။ သူ့ဘက်လည်းပြောပေးရသေးတယ်။နောက်တစ်ခါ ဟင်းတောင်းပေးဆို ရင် ချစ်ထွန်းကို လာမခေါ်နဲ့ "
ချစ်ထွန်း ဒီတစ်ခါမှ တကယ်စိတ်ဆိုးသွားတော့သည်။
ထမင်းပင်စားမသွားပဲ အိမ်ထဲရှိစုံသာမြိုင်အားပေစောင်းစောင်းကြည့်ကာ ထွက်သွားလေသည်။
စိတ်မကြည်နေတဲ့စုံသာမြိုင်ကလည်းလောင်စာထိသည့်နှယ် ပိုမို အခြေအနေဆိုးကာ
" ဘယ်သူက သူ့အားကိုးနေလို့လဲ ။ အိမ်ချင်းနီးနီးပဲကို။ ကိုယ့်ဘာသာသွားလည်းရသားပဲ။ မခေါ်ချင်လို့ မသွားတာ။ ဘယ်သူ့ဂရုစိုက်နေရမှာလဲ"ဟုတိုးတိုးရေရွတ်နေခဲ့လေသည် ။
ညချမ်းအေးသည်လည်းထိုအဖြစ်အပျက်ကို သေချာမသိပေမဲ့ ငါးရက်ဆက်တိုက် လူကပေါ်မလာပဲ
အိမ်မှာ ခိုင်းတဲ့ကောင်လေးတစ်ယောက်ကိုသာ
ဟင်းလာလာယူခိုင်းနေတာကြောင့် ဘာမှားနေမှန်းမသိတဲ့အခြေအနေကို သတိဝင်လာတော့သည် ။
" ကူးကူး ။ ဒီရက်ပိုင်း သမီးဖေကြီးဘာဖြစ်နေတာလဲ"
စာရေးနေတဲ့ ကူးကူးသည် သူခဲတံလေးအားချကာ
" သမီးလည်းမသိဘူး။ ဒါပေမဲ့ ဖေကြီး ခုတလော စိတ်တိုနေတယ်ထင်တာပဲ။ ဟောဒီလိုရုပ်ကြီးလုပ်ပြီး အိမ်နောက်ဖေးမှာ အမြဲရပ်ရပ်နေတာ"
ကလေးက သူ့အဖေရဲ့မှုန်ကုတ်နေတဲ့ရုပ်မျိုးလုပ်ပြတာ ချစ်စရာကောင်းပေမဲ့ ညချမ်းအေး စိတ်ထဲပူပင်သောကက ဝင်ရောက်လာပြီမို့ စနှောက်ဖို့ပင် မလုပ်အားပါ။
" သမီးကို ဘာပြောသေးလဲ ဦးဦးအကြောင်းပြောသေးလား"
"ဖေကြီးက ဦးဦးလိုပဲ။ ဖေကြီးအကြောင်း ဘာပြောသေးလဲပဲ အိမ်ပြန်တိုင်းမေးနေတာ"
ကူးကူးရဲ့ ညူစူသံလေးကြောင့် ညချမ်းအေး ခဏတာ စိတ်ချမ်းမြေ့သွားကာ ကူးကူးပါးပြင်အားလိမ်ဆွဲလိုက်လေသည်။
" ဦးဦးသိသွားပြီ။ သမီးဖေကြီးကလည်း ဦးဦးကိုသတိရနေတာပဲနေမှာ"
စံပယ်ပွင့်ချိန်ကုန်ပဲမဲ့ရင်ထဲက ပန်းတွေကတော့လှိုင်လှိုင်ပွင့်လန်းခဲ့လေပြီ။ လေပြည်သွေးသွေးအောက်မှာ
ညချမ်းအေးတစ်ယောက် စိတ်ကူးပဝါကိုရွက်လွှင့်ကြည့်ခဲ့သည်။
"ဒီမှာ မင်းနာမည်က ညချမ်းအေးဆိုတာလား"
လာရောက်နှုတ်ဆက်တဲ့သူကြောင့် ကျောင်းအစည်းအဝေးကပြန်လာတဲ့ညချမ်းအေးတစ်ယောက် ခြေလှမ်းတွေနှေးကွေးကုန်၏။
အချိန်ကား ညနေနွားရိုင်းသွင်းချိန်။
ကျောင်းသည် ရွာ၏အပြင်မှာရှိတာမို့ လူသူအနည်းငယ်တော့ပြတ်လေသည်။ ပုံမှန်ကျောင်းချိန်ဆိုဖြတ်သွားဖြတ်လာတွေရှိပေမဲ့ ယခုမူ ရှိမနေချေ။
ဆရာဉာဏ်နဲ့အတူ ပြန်လာဖို့ကလည်း လမ်းခွဲမတူတာကြောင့် တစ်ယောက်တစ်လမ်းလျှောက်ခဲ့တာဖြစ်သည်။ တစ်ဖက်လူသည် အနည်းငယ် မူးနေတဲ့ပုံကြောင့် သူ့စိတ်ထဲမသက်မသာဖြစ်သွားတာကြောင့် ခပ်တည်တည်ပင်
"ဟုတ်ပါတယ်။ ဘာကိစ္စရှိလို့လဲ"
" ကိစ္စလား။ ဟုတ်..သား။ ရှိတာပေါ့။ အရင်ဆုံးမိတ်ဆက်ရအောင် ကိုယ့်နာမည်က ဝေမင်းတဲ့။ မင်းလေး ကိုယ့်ကိုသိပါ့မလားမသိပေမဲ့ ကိုယ်ကတော့မင်းလေးကိုသိတယ်။ သေချာကြည့်မှ မင်းတကယ် ချစ်စရာကောင်းတာပဲကွ။ အသားရည်လေးကလည်းညက်မှုန်နေတာပဲ။ ကိုယ့်ခန္ဓာကလည်းကိုယ့်အကြိုက်ပဲ။ "
ပြီတီတီအပြောအောက်မှာ ညချမ်းအေးတစ်ယောက်
ဒေါသထွက်လွန်းလို့အသားတွေတောင်တုန်ရီလာတော့သည်။
" ဟိတ်လူ ခင်ဗျားလွန်လာပြီနော်။ ဘာသဘောနဲ့ လာစော်ကားနေတာလဲ။ ဖယ်ဗျာ။ ထပ်ပြောနေရင် ကျုပ်လက်သီးကလူရွေးနေမှာမဟုတ်ဘူး။ "
ဝေမင်းသည် ညချမ်းအေးဒေါသထွက်တာမြင်တော့ သဘောကျဟန်ဖြင့် ရယ်လေသည်။
" ကြည့်စမ်းပါအုံးကွာ။ ဒေါသထွက်မှပိုချစ်ဖို့ကောင်းလာတာပဲ။ ကဲပါမင်း စိတ်ဆိုးအောင်ထပ်မစတော့ပါဘူး။ မင်းအဒေါ်ပြောလို့ ကိုယ်က သေချာအောင်လာကြည့်တဲ့သဘောပါ ။ တကယ် သဘောကျတယ်မင်းကို။ ဘာပဲပြောပြော ကိုယ်တွေ့ဖူးသမျှ မင်းက ကိုယ့်ကိုစိတ်လှုပ်ရှားစေဆုံးပဲ။ ဘယ်နေ့ မင်းအဒေါ်နဲ့ စကားလာပြောရမလဲ ဆိုတာ တိုင်ပင်လိုက်အုံး။ ဒီနယ်တကြောမှာ ဝေမင်းတို့က လက်ညိုးထိုးမလွှဲ လယ်တွေပိုင်တယ်။ မင်းအတွက်ဆိုကိုယ့်ဖက်က ကြိုက်ဈေးပေးဖို့အဆင်သင့်ပဲ ။ ရှက်မနေပါနဲ့ မင်းလည်းယောက်ျားတွေကို ကြိုက်တယ်ဆို။ ကိုယ်တို့အချင်းချင်း ပါတနာမဖြစ်နိုင်ဘူးလို့ဘယ်သူပြောလဲ"
"ငါပြောတယ်ကွာ"
ခွပ်!!!
ဝေမင်းရဲ့လက်မောင်းတစ်ဖက်ကို ဆွဲလှည့်ခံလိုက်ရပြီး မီးပွင့်သွားမတက်ထိုးချက်တွေက တစ်ချက်ပြီးတစ်ချက်မျက်နှာပေါ်ကျရောက်လာသည်။
"အား!!! ဟေ့ကောင် ။ ငါဘယ်သူလဲဆိုတာ မင်းသိလား။ "
မျက်လုံးမဖွင့်နိုင်ပဲထိုးချက်တွေအားလွတ်အောင်မရှောင်နိုင်ပေ။ လက်ဖြင့်ကာထားရင်း စွတ်အော်နေပေမဲ့ လက်သီးချက်တွေကတော့မိုးပြိုသလို ကျရောက်နေတုန်း။
အဆုံးသတ်ထိ ဝေမင်းသွေးအလူးလူးဖြင့်
အော်ပင်မအော်နိုင်တော့ပေ။ ထိုအချိန်မှ ကြောင်နေတဲ့ညချမ်းအေးသည်ပြေးကာစုံသာမြိုင်၏ ကိုယ်လုံးကြီးအားပြေးဖက်မိတော့သည်။
"တော်ပါတော့။ သေတော့မှာပဲ ။ "
" ဒီကောင်သေတော့မကောင်းဘူး။ ဘာလဲမင်းက သူ့အစားနာနေတာလား"
စုံသာမြိုင်သည် အတော်လေးဒေါသထွက်နေ
တာကြောင့် သူ့အားဆွဲဖက်ထားတဲ့ညချမ်းအေးအားခွာကာ မေးလိုက်လေသည်။
သူ့စကားသည်ဘယ်အဓိပ္ပါယ်ရောက်နေသလဲသူမသိပေ ။ ထိပစွာဖြီးသင်ထားတက်တဲ့ဆံပင်တွေသည်
လဲပြိုရှုပ်ပွကာ သူ့အား အရင်လိုတည်ငြိမ်တဲ့ဟန်ပန်ပင်မရှိစေတော့ပေ။
စုံသာမြိုင်၏ အမေးစကားသည် ညချမ်းအေးအား
တွန်းပို့သည်နှယ် ။
ညချမ်းအေး၏ သွေးပျက်နေတဲ့မျက်ဝန်းတွေသည်
မျက်ရည်ကြည်များဝိုင်းလာကာ လက်သီးဆုပ်၍
မားမားရပ်နေတဲ့စုံသာမြိုင်အား
" ခင်ဗျားဘာစကားပြောတာလဲ။ သူသေရင် ခင်ဗျားထောင်ကျမှာဆိုးလို့တားနေရတာ သိရဲ့လား"
"ဘာတားတာလဲ။ မင်းစိတ်ထဲမှာ ဒီအကောင့်အတွက်နေရာရှိနေတာမို့လား ။ မင်းသူပြောတာကို လက်ခံပြီး
မင်းနားထောင်ပေးနေကတည်းက မင်းရင်ထဲရှိနေလို့ပဲ"
ကျောင်းကနေပြန်မရောက်သေးတဲ့ညချမ်းအေး အားတိတ်တိတ်ကလေး သူသာလာမကြိုရင် ဒီအကြောင်းတွေသိနိုင်မှာလား။ဟိုကောင်ပြောသမျှ နားခံနေတဲ့ဟန်ဖြင့်ရပ်နားထောင်ကတည်းက သူသွေးတွေပွက်ပွက်ဆူခဲ့တာဖြစ်သည်။ တကယ်တော့စုံသာမြိုင်ထင်သလို ညချမ်းအေး နားထောင်ခဲ့သည်မဟုတ်။
သူဆွဲထိုးမဲ့ဆဲဆဲ စုံသာမြိုင်က ဦးခဲ့ခြင်းပင်။
ယခုမူ ပွင့်ထွက်တော့မဲ့ ဒေါသအားစုံသာမြိုင်က
လောင်စာထည့်ပေးနေခဲ့၏။ ထို့ကြောင့်အချိန်ကြာမြင့်စွာကွယ်ဝှက်ထားခဲ့တဲ့မကျေနပ်စိတ်တွေသည်ပွင့်ထွက်လာကာ
" ကျုပ်က ဘာရှိရမှာလဲ။ ကျုပ်ရင်ထဲကရှိတဲ့သူကခင်ဗျားပဲလေ။ ဒါတွေအားလုံး ခင်ဗျားမသိချင်ယောင်ဆောင်ထားပြီးမှ ဘယ်သူ့ကို စောက်ပစ်လာပြောချင်နေတာလဲ။ "
" မင်းရင်ထဲမှာ ငါက ဘယ်နေရာမှာရှိတာလဲပြောစမ်းပါအုံး။ ငါ့ကို ရည်းစားစကားပြောပြီး ရှောင်နေတာ ဘယ်သူလဲ။ မင်းပြောတုန်းက ပြောပြီးမှ ငါလို ခြေတစ်ဖက်မရှိတဲ့ ဒုက္ခိတကို သတိရပြီး စိတ်ပြောင်းသွားတာမဟုတ်ဘူးလား ။"
" စုံသာမြိုင် ခင်ဗျား ဘာချီးစကားပြောတာလဲ။ အကုန်လုံးခင်ဗျားကြိုက်သလိုစော်ကားလို့ရတယ်။
ကျုပ်ရင်ထဲမေတ္တာတော့လာမစော်ကားနဲ့ ခင်ဗျားဘာသာ ခြေတစ်ဖက်မကလို့ခြေနှစ်ဖက်ပဲ ပြတ်ပြတ်စောက်ဂရုမစိုက်ဘူးသိလား။ခင်ဗျားကို ခုယူချင်ရင် ခုကောက်ယူပစ်လို့ရတယ် ၊ အေး ခင်ဗျားသာ ကျုပ်ကို တစ်သက်လုံး စောင့်ရှောက်လာတဲ့ကျေးဇူးရှင်ဖြစ်နေလို့သာ ရှေ့ဆက်မတိုးတာ "
" ကျေးဇူးရှင်.. ဘာကျေးဇူးရှင်လဲ။ မင်း ငယ်ဘဝကတည်းကနေ ခုထိ သေချာကြည့်ရှု့လာတဲ့ ငါကရော မင်းထင်သလို သဘောထားတွေဖြူစင်နေမယ်ထင်လား။ ကိုယ်မွေးထားတဲ့ကြက် ကိုယ်ဘယ်ချိန် ချက်ချက်ရတယ်ဆိုတဲ့သဘောနဲ့ကျွေးမွေးထားတယ်ဆိုရင်ရော ငါက ကျေးဇူးရှင်ပဲလား ။ မင်းကို သဘောထားတွေမဖြူပဲ အရွယ်မရောက်ခင်ကတည်းက အကြံကြီးခဲ့တဲ့ကောင်ကို မင်းကျေးဇူးရှင်လို့ထင်နေရင် မှားပြီး ချမ်းအေး။ ငါက မင်းကျေးဇူးရှင်မဟုတ်ဘူး။ မင်းကို ဖျက်စီးချင်နေတဲ့ လူယုတ်မာကွ"
စုံသာမြိုင်၏ စကားသည် အမှောင်ကိုခွင်းတဲ့အလင်းလိုနှစ်ယောက်သား၏ ဒေါသတွေအားငြိမ်သက်သွားစေခဲ့သည်။ ဝေမင်းသည်ပင် ဘယ်ချိန်ကတည်းကထွက်ပြေးသွားမှန်းမသိတော့ပေ။
အိမ်တိုင်းအလင်းပျပျထွန်းလင်းလာခဲ့လေပြီ။
တဖျတ်ဖျတ်ခတ်တဲ့ ပိုးစုန်းကြူးငယ်လေးတွေသည်
သစ်ပင်တွေကြားကနေ ပေါ်ထွက်လာခဲ့၏
အစိမ်းရောင်အလင်းငယ်သည် ရင်ခုန်သံများပိုမိုမြန်ဆန်စေသကဲ့သို့ ခုမှ ဘာပြောမိမှန်းသတိရသွားသည့်နှယ်နှစ်ယောက်သားရှက်သွေဖြာကုန်ကြတော့သည်။
"မင္း ...က်ဳပ္ကို ေရွာင္ေနတာလား ခ်မ္းေအး "
တၫ့္တၫ့္ၾကၫ့္ၿပီး ေမးလာေတာ့ ေရွာင္လႊဲ၍မရေတာ့ေပ။ တစ္ေယာက္ေသာသူက အိမ္ေပါက္ဝမွာရပ္ေနတာမို႔ လက္ထဲက ကိုင္လာေသာ သင္ရိုးၫႊန္းတမ္းစာအုပ္ကိုပင္ က်ိဳးေၾကေအာင္ ဆြဲဆုပ္လိုက္မိသည္။
" မ..မဟုတ္ပါဘူး ။ ကြၽန္ေတာ္မအားလို႔ပါဗ် "
စံုသာၿမိဳင္သည္ ညခ်မ္းေအး စကားကို ယံုမေနေခ်။
ေက်ာင္းကျပန္လာရင္ပင္ တန္းေတြ့ႏိုင္တဲ့အထိ သူတို႔အိမ္သည္နီးကပ္ေနပါေသာ္ျငား ညခ်မ္းေအးတစ္ေယာက္ မေတြ့ေအာင္ ေရွာင္ကာ ညေနေစာင္းမွသာ ျပန္လာတက္ေလသည္။ ယခုလည္း အေတာ္ေလး မိုးခ်ဳပ္မွ အျဖဴအစိမ္းဝတ္စံုျဖင့္ ျပန္လာတာေၾကာင့္ သူ႔မ်က္ႏွာသည္ ထိန္းမရေအာင္ပင္ ပ်က္ေနေတာ့သည္။ သမီးျဖစ္သူကိုေမးၾကၫ့္ေသးသည္။
ဘဘမိုးကို ႀကိဳခိုင္းပါ ဟူေသာ စကားကလြဲ၍ မည္သၫ့္စကားမွ ပိုသိမလာခဲ့ေပ။
"မင္း ဘာစားၿပီးၿပီလဲ "
" ကြၽန္ေတာ္ ေဒၚေလး တို႔အိမ္က စားခဲ့ၿပီ"
စံုသာၿမိဳင္ စိတ္မရွည္ျဖစ္သြားကာ သူ႔မ်က္ခံုးေတြသည္ အလိုလို တြန႔္ေကြးသြားရာ ကန႔္လန႔္ျဖတ္ျပတ္ရွသည္ ပိုမိုခက္ထန္သလို ျဖစ္သြား၏။
" မင္းေဒၚေလးနဲ႔မပတ္သက္လို႔မရဘူးလား ခ်မ္းေအး။ ခုတေလာ ေဝမင္းဆိုတဲ့ ေကာင္နဲ႔ မင္းကိစၥကို သတင္းေတြထြက္ေနတာနည္းနည္းမွမေကာင္းဘူးေနာ္"
ကိုစံုသာၿမိဳင္ေျပာတာ အမွန္ပင္ျဖစ္ေနေတာ့ သူ ျပန္ေျဖစရာစကားမရိွေတာ့ေပ။
အမွန္ပင္ ေဒၚေလးသည္ ကိုေဝမင္းက သူ႔အားစိတ္ဝင္စားေနေၾကာင္းေခၚေျပာျခင္းျဖစ္ေလသည္။
ေဒၚေလး တင္ေနေသာ အေႂကြးသည္ သူနဲ႔မဆိုင္ေသာ္ျငား ကူဆပ္ေပးေစခ်င္တဲ့စကားမ်ားစြာကိုလည္း ၾကားခဲ့ရသည္။ သူ႔၏လိင္စိတ္ဆႏၵသည္ သူမ်ားနဲ႔မတူညီတာ မွန္ေပမဲ့ ေယာက္်ားတိုင္းကို ႀကိဳက္ေနတာ ေတာ့မဟုတ္ေပ။
သူသည္ သာမန္လူသားတို႔လိုပင္ ခ်စ္တဲ့စိတ္သည္
တစ္ဦးတစ္ေယာက္အေပၚမွာတင္ သက္ေရာက္ႏိုင္ေၾကာင္း ဘယ္လိုပင္ရွင္းျပရပါမည္နည္း။
ေယာက္်ားျခင္း ႀကိဳက္တာမွန္ေပမဲ့ ေယာက္်ားမ်ားစြာကို ႀကိဳက္ေနျခင္းမဆိုလို။
ေဒၚေလး၏ စိတ္တြင္ သူသည္ ေယာက္်ားတကာ အေပၚႏွစ္သက္ႏိုင္လိမ့္မည္ဟု အဘယ္ေၾကာင့္ ေတြးရသနည္း။
ေမးခြန္းမ်ားစြာကို ေဒၚေလးေျဖႏိုင္မည္မထင္။
သူသည္ ခပ္မာမာၾကၫ့္ကာ ေဒၚေလး ခုလုပ္ေနတာေတြရပ္တန္းပါေတာ့ဟု ေျပာခဲ့သည္။ သို႔ေသာ္ ရလဒ္သည္က ဆူပူႀကိမ္းေမာင္းျခင္းစကားေတြပင္။
သူစိတ္ပ်က္စြာပင္ ထမင္းဝိုင္းကေန ထျပန္ခဲ့ေလသည္။
အိမ္ေရ႔ွမွာ ကိုစံုသာၿမိဳင္ရပ္ေစာင့္ေနမယ္ဟုထင္မထားေပ။ ဒီလူ၏ အေတြးေတြသည္ ဒီရက္ပိုင္း သူ႔ကိုဦးတည္ေနတယ္ဆိုတာ သတိထားမိသည္။
သူလည္းပဲ လိင္တူစိတ္ဝင္စားသလား ဟူေသာ အေတြးဝင္လာခ်ိန္တြင္ တစ္ဖက္လူသည္ သူအား မ်က္ေမွာင္ကုတ္လ်က္စိုက္ၾကၫ့္ေနတာကိုေတြ့လိုက္ရသည္။
ထိုအခါ သူတို႔ႏွစ္ဦး စကားေျပာေနဆဲဆိုတာကို သတိရကာ အလြန္အမင္းအားနာသြားရ၏။
" ေတာင္းပန္ပါတယ္ဗ်ာ ။ ခင္ဗ်ား ဘာေျပာလိုက္သလဲ "
တစ္ဖက္လူသည္ မ်က္ႏွာကိုခ်က္ခ်င္းလႊဲသြားကာ
မည္သၫ့္စကားမွမဆိုေတာ့ပဲ ညခ်မ္းေအး၏ အိမ္ကေနထြက္သြားေလေတာ့သည္။
ညခ်မ္းေအးသည္ ထြက္သြားသူ၏ ေက်ာျပင္က်ယ္ကိုသာ ၾကၫ့္ေနမိကာ တိတ္တဆိတ္ရပ္က်န္ခဲ့ေတာ့သည္။
ညသည္ တဖန္ျပန္လည္ ေရာက္ရိွခဲ့ၿပီျဖစ္သည္။
ေသြးေအးတိုက္ပြဲသည္ မသိလိုက္ဘာသာ ေရာက္ရိွေနခဲ့ျခင္းကို ကာယကံရွင္ႏွစ္ဦးကေတာ့ သိအံ့မထင္။
ပိုးစုန္းၾကဴေတာ့သည္ ဟိုတစ္စဒီတစ္စ လင္းလက္ေနသည္။ စိမ္းျမျမအလင္းသည္ ည၏ အလွကိုေဖာ္က်ူးေနသလို ပင္။
စံုသာၿမိဳင္သည္ အေပၚထပ္လသာေဆာင္မွာထိုင္ကာ ၿငိမ္သက္ေနမိသည္ ။ ေတာ္ရံုဆိုသူသည္အေပၚထပ္အားတက္ခဲသည္။ သည္ေန့ေတာ့ သူ စိတ္ညစ္ေနကာ ေပ်ာ္ရႊင္မူ႔မဲ့ေနေသာေၾကာင့္ တိတ္တဆိတ္ၿငိမ္ေနမိသည္။
မနက္ႏွစ္နာရီဆိုတဲ့အခ်ိန္ေရာက္သည္အထိ ထိုေနရာမွာ သူသည္ လႈပ္ရွားျခင္းမရိွေသး။
စိတ္ညစ္သၫ့္အေၾကာင္းမွာ ညခ်မ္းေအးေၾကာင့္ပင္။
တစ္ဖက္လူသည္ သူ႔အား ေရွာင္ရွားေနမွာ သိသိသာသာပင္။
ခ်စ္တယ္ေျပာ၊ႀကိဳက္တယ္ေျပာၿပီး သူ႔အားလ်စ္လ်ူရႈ႔ထားသည္မွာ အဘယ္ေၾကာင့္နည္း။
သူ႔အား သစ္စိမ္းခ်ိဳး ခ်ိဳးခ်င္တဲ့သေဘာမ်ားလား။
ေက်ာရရံုႀကံခ်င္တယ္ဆိုရင္ျဖင့္လည္း နဂိုတည္ၿငိမ္ေနတဲ့သူ႔ဘဝအား လိႈင္းထန္သြားေအာင္ မလုပ္သင့္ဟု သူထင္သည္။
တစ္ဖက္လူသည္ အတည္ႀကံသည္ဟု ထင္မွတ္တာေၾကာင့္ တစ္ခါတရံ စိတ္ကူးအိမ္မက္ထဲထိထၫ့္မက္ခဲ့သည္မွာ အရူးတစ္ေယာက္ႏွယ္ပင္။
ေတာ္ပါၿပီ ၊ ဒီတစ္ခါဆိုရင္ျဖင့္ သူလည္းပဲသတိနဲ႔ေျပာဆိုဆက္ဆံေတာ့မည္။
သူသည္ ခ်မ္းေအးအား သနားခဲ့သည္။ ႏွစ္ဘဝစာလံုး ေကာင္ေလး၏ ရိုးသားမူ႔အား အသိအမွတ္ျပဳခဲ့ၿပီး ျပန္လည္ေစာင့္ေရွာက္ခဲ့သည္။ အမွန္ဆို ညခ်မ္းေအးနဲ႔ပတ္သက္ၿပီး ေအးစက္ေသာ ဆက္ဆံေရးမ်ိဳးသူမရခ်င္ေပ။
ႏွစ္ဘဝစာလံုး အယံုၾကည္ရဆံုး သူ႔ရင္ထဲအရိွဆံုးသူကိုျပပါဆိုလ်င္ ညခ်မ္းေအး တစ္ေယာက္သာ လက္ညိုးထိုးျပလိုက္မည္ပင္။
သာယာေသာ မနက္ခင္းတစ္ခုတြင္ ညခ်မ္းေအးတစ္ေယာက္ ကူးကူးကို စာျပေနခဲ့သည္။
စံပယ္ပင္သည္ ဒီတေလာ ပန္းမပြင့္ေတာ့ေပ။
ပန္းပြင့္ရာသီကုန္စျပဳျပီမို႔ ထူးေတာ့မထူးဆန္းေပ။
ရာသီဥတုကလည္း ၾကည္လင္ေနၿပီး ေလႏုေအးကလည္းခပ္ဖြဖြတိုက္ခတ္ေနရာ စာသင္ရသူေရာ ၊စာသင္ေနသူေရာ ၿငိမ္းေအးစိတ္ပါလွသည္။
"ကူးကူး သမီး စာေရးေနခဲ့ေနာ္။ ဦးဦး ဟင္းခ်က္အံုးမယ္ "
ကေလးအားသတိေပးကာ သူသည္မီးဖိုေခ်ာင္အားထထြက္လာခဲ့မိသည္။
ထမင္းတစ္ဦးတည္းသာ တည္ထားတာမို႔ ဟင္းက မျဖစ္မေနခ်က္ရအံုးမည္ပင္။
မေန့က ဆားသိပ္ထားေသာ ငါးတို႔အား ထုတ္ယူသန႔္ရွင္းၿပီး ေရစစ္ထားလိုက္သည္။
ၾကက္သြန္နီ ၾကက္သြန္ျဖဴ ခရမ္းခ်ဉ္သီးအားဆီသပ္ကာ ေရစစ္ထားေသာ ငါးအား ထၫ့္၍ခ်က္လိုက္သည္။
သူ႔အိမ္ေရ႔ွ၏ ပ်ိဳးဥယ်ာဉ္တြင္ အသီးအႏွံ႔စံုလင္မေနပါေသာ္ျငား ရိွသင့္ တာေတာ့ရိွသည္။ သူသည္ အပင္၌သီးေနေသာ သခြားသီးတစ္လံုးအားဆြတ္ခူးလိုက္ၿပီး ေဘးၿခံေထာင့္ရိွသေဘၤာၫြန႔္တစ္ခ်ိဳ႕ကိုပါခူးယူလိုက္သည္။ ခါးသက္ေသာ သေဘၤာၫြန႔္ကို အတို႔အျမဳပ္လုပ္ရတာကို အလြန္ႏွစ္သက္တာေၾကာင့္ အငံခ်က္စားတိုင္းမပါမျဖစ္စားေလ့ရိွသည္။
သူခူးဆြတ္ေနတုန္းမွာပင္ ၿခံထဲသို႔ လူတစ္ေယာက္ဝင္
ေရာက္လာေလသည္။ ထိုသူသည္မေတြ့တာၾကာၿပီျဖစ္တဲ့ ခ်စ္ထြန္းပင္။
"ဆရာေလး ဘာေတြလုပ္ေနလဲဗ်"
"ေအာ္...ခ်စ္ထြန္းပါလား။ ဘယ္ကလွၫ့္လာတာလဲ "
ခ်စ္ထြန္းတစ္ေယာက္ ေျပာရခက္သည္ပံုျဖင့္ေခါင္းကုတ္ကာေနသည္မို႔ ညခ်မ္းေအးသည္ ခူးလက္စ အရြက္တို႔အား ကိုင္၍ပင္ ေစာင့္ဆိုင္ေနမိသည္။
"အားေတာ့နာတယ္ဗ်ာ ။မေျပာလို႔လဲမျဖစ္ေတာ့.."
" ဘာမ်ားတုန္းဗ်။ အားမနာပါနဲ႔ေျပာပါ ။ မင္းေျပာမွငါလည္းသိမွာေပါ့"
ခ်စ္ထြန္းသည္ စိတ္ပ်က္လက္ပ်က္ျဖင့္
" ဒီလိုဗ်ာ။ က်ဳပ္တို႔ဆရာ ကိုစံုက ခင္ဗ်ားအိမ္ဘာဟင္းခ်က္သလဲဆိုတာေမးခိုင္းလို႔ပါ"
ညခ်မ္းေအးလည္းအူလည္လည္ျဖစ္သြားကာ
" ငါးဆားႏွယ္ခ်က္အတို႔အျမဳပ္ေလးပဲခ်က္တာပါ။ ဘာျဖစ္လို႔လဲဗ် "
" ငါးဆားႏွယ္ခ်က္ဆို က်ဳပ္ကို နည္းနည္းထၫ့္ေပးလို႔ရမလား။ ဆရာက သူႀကိဳက္တယ္တဲ့ "
စကားဆံုးေတာ့ ညခ်မ္းေအးေရာ ခ်စ္ထြန္းပါ အေနရခက္သြားၾကသည္။ အမွန္ေတာ့ငါးခ်က္မွမဟုတ္
ညခ်မ္းေအးခ်က္ေသာဟင္း ဘယ္ဟင္းမဆို ရေအာင္ေတာင္းဖို႔မွာလိုက္သည္ျဖစ္၏။
အေတာ္ေလးရွက္ဖြယ္ေကာင္းတဲ့ကိစၥဟုထင္ျမင္တာေၾကာင့္ခ်စ္ထြန္းခဗ်ာဟင္းခြက္ကိုင္ၿပီးအိမ္ဖက္ကူးသည္ထိ မ်က္ႏွာႀကီးဆူပုတ္လ်က္ရိွသည္။
"ရခဲ့လား။ ဘာဟင္းတဲ့လဲ"
အိမ္ေနာက္ေဖးအေပါက္ဝထိလာ ရပ္ေစာင့္ေနတဲ့ကိုစံုသည္ အေတာ္ေလးျပာယာခက္ေနသည္ဟုပင္ထင္တာေၾကာင့္ ေအာင့္သီးေအာက္သက္မ်က္ႏွာျဖင့္ ဟင္းခြက္အားထိုးေပးကာ ငါးခ်က္ဟု ျပန္ေျဖလိုက္သည္။
စံုသာၿမိဳင္သည္ အတံုးေသးေသးေလးေတြတံုးထားေသာ ငါးခ်က္အျပင္၊အတို႔အျမဳပ္စီရီထားေသာပန္းကန္တို႔အားကိုင္ကာ ထမင္းဝိုင္းမွာထိုင္လိုက္ေလသည္။ ေဘးမွာ အဆင္သင့္ျပင္ထားေသာေရေဆးစလံုမွာလက္ေရးေဆး၍ ခ်ခင္းထားေသာ အမယ္စံုဟင္းခြက္တို႔လ်စ္လ်ူရႈ႔၍ ခ်စ္ထြန္းေတာင္းလာေသာဟင္းတစ္ခြက္ထဲျဖင့္ ႏွယ္ဖက္စားေသာက္လိုက္သည္။ အရသာသည္ ေကာင္းလြန္းလွသည္။
သခြားသီး၏လက္ဆတ္မူ႔ခ်ိဳၿမိန္မူ႔က ငါးဆားႏွယ္ခ်က္ျဖင့္အလြန္လိုက္ေလရာ ေခါင္းပင္မေဖာ္ႏိုင္ေတာ့ေပ။
"ဘာေတြမ်ား အဲ့ေလာက္ေကာင္းေနလို႔လဲ"
မ်က္ႏွာခ်င္းဆိုင္ထမင္းဝိုင္းမွာ ဝင္ထိုင္ရင္း ခ်စ္ထြန္းေငါ့လိုက္၏။
" လ်ွာမရွည္နဲ႔ ။မင္းနဲ႔မဆိုင္ဘူး ။ မင္းနဲ႔ဆိုင္တာ မနက္ဖန္လည္းသြားေတာင္းေပး"
"မနက္ဖန္ေရာသြားေတာင္းေပး။ ဟုတ္လား။
က်ဳပ္မွာ ဒီတစ္ခါသြားတာေတာင္ ဘယ္ေလာက္မ်က္ႏွာပူရသလဲ။ ေတာ္ေတာ္ ကိုယ့္ဘာသာ သြားေခ်။ မနက္ဖန္ စပါးက်ည္ေတြဆီသြားစရာရိွေသးတယ္။ အိမ္ျပန္မလာဘူး "
" ရတယ္။ ဘေမွာင္ကိုလႊတ္လိုက္မယ္ ။ မင္းျပန္လာခဲ့"
" ဟာ ... မသြားခ်င္ပါဘူးဆို ။ ကိုစံုဘာသာ သြားေတာင္းပါ့လား"
ခ်စ္ထြန္း ငိုခ်င္လာသည္။ စားေသာက္ၿပီးတဲ့စံုသာၿမိဳင္သည္ လက္ေရထေဆးၿပီး ျပန္ထိုင္လာၿပီးေနာက္မွ
" ငါနဲ႔သူနဲ႔မေခၚဘူး "
ခ်စ္ထြန္း စိတ္ဆိုးဖို႔ေမ့သြားေလသည္။
သူ ကိုစံုကို ေမာ့ၾကၫ့္ကာ
" မေခၚရေအာင္ ကိုစံုတို႔က ကေလးေတြလား။
မေက်နပ္ရင္ ခပ္ျပတ္ျပတ္ ေျပာၿပီးအိမ္ေပၚက ႏွင္ခ်င္လိုက္ေလ"
" ငါ့တို႔ဘာသာ ေခၚေခၚမေခၚေခၚ အဲ့ကိစၥ မင္းနဲ႔ဆိုင္သလား"
"ၾကၫ့္စမ္း။ သူ႔ဘက္လည္းေျပာေပးရေသးတယ္။ေနာက္တစ္ခါ ဟင္းေတာင္းေပးဆို ရင္ ခ်စ္ထြန္းကို လာမေခၚနဲ႔ "
ခ်စ္ထြန္း ဒီတစ္ခါမွ တကယ္စိတ္ဆိုးသြားေတာ့သည္။
ထမင္းပင္စားမသြားပဲ အိမ္ထဲရိွစံုသာၿမိဳင္အားေပေစာင္းေစာင္းၾကၫ့္ကာ ထြက္သြားေလသည္။
စိတ္မၾကည္ေနတဲ့စံုသာၿမိဳင္ကလည္းေလာင္စာထိသည့္ႏွယ္ ပိုမို အေျခအေနဆိုးကာ
" ဘယ္သူက သူ႔အားကိုးေနလို႔လဲ ။ အိမ္ခ်င္းနီးနီးပဲကို။ ကိုယ့္ဘာသာသြားလည္းရသားပဲ။ မေခၚခ်င္လို႔ မသြားတာ။ ဘယ္သူ႔ဂရုစိုက္ေနရမွာလဲ"ဟုတိုးတိုးေရရြတ္ေနခဲ့ေလသည္ ။
ညခ်မ္းေအးသည္လည္းထိုအျဖစ္အပ်က္ကို ေသခ်ာမသိေပမဲ့ ငါးရက္ဆက္တိုက္ လူကေပၚမလာပဲ
အိမ္မွာ ခိုင္းတဲ့ေကာင္ေလးတစ္ေယာက္ကိုသာ
ဟင္းလာလာယူခိုင္းေနတာေၾကာင့္ ဘာမွားေနမွန္းမသိတဲ့အေျခအေနကို သတိဝင္လာေတာ့သည္ ။
" ကူးကူး ။ ဒီရက္ပိုင္း သမီးေဖႀကီးဘာျဖစ္ေနတာလဲ"
စာေရးေနတဲ့ ကူးကူးသည္ သူခဲတံေလးအားခ်ကာ
" သမီးလည္းမသိဘူး။ ဒါေပမဲ့ ေဖႀကီး ခုတေလာ စိတ္တိုေနတယ္ထင္တာပဲ။ ေဟာဒီလိုရုပ္ႀကီးလုပ္ၿပီး အိမ္ေနာက္ေဖးမွာ အၿမဲရပ္ရပ္ေနတာ"
ကေလးက သူ႔အေဖရဲ့မႈန္ကုတ္ေနတဲ့ရုပ္မ်ိဳးလုပ္ျပတာ ခ်စ္စရာေကာင္းေပမဲ့ ညခ်မ္းေအး စိတ္ထဲပူပင္ေသာကက ဝင္ေရာက္လာၿပီမို႔ စေနွာက္ဖို႔ပင္ မလုပ္အားပါ။
" သမီးကို ဘာေျပာေသးလဲ ဦးဦးအေၾကာင္းေျပာေသးလား"
"ေဖႀကီးက ဦးဦးလိုပဲ။ ေဖႀကီးအေၾကာင္း ဘာေျပာေသးလဲပဲ အိမ္ျပန္တိုင္းေမးေနတာ"
ကူးကူးရဲ့ ၫူစူသံေလးေၾကာင့္ ညခ်မ္းေအး ခဏတာ စိတ္ခ်မ္းေျမ့သြားကာ ကူးကူးပါးျပင္အားလိမ္ဆြဲလိုက္ေလသည္။
" ဦးဦးသိသြားၿပီ။ သမီးေဖႀကီးကလည္း ဦးဦးကိုသတိရေနတာပဲေနမွာ"
စံပယ္ပြင့္ခ်ိန္ကုန္ပဲမဲ့ရင္ထဲက ပန္းေတြကေတာ့လိႈင္လိႈင္ပြင့္လန္းခဲ့ေလၿပီ။ ေလျပည္ေသြးေသြးေအာက္မွာ
ညခ်မ္းေအးတစ္ေယာက္ စိတ္ကူးပဝါကိုရြက္လႊင့္ၾကၫ့္ခဲ့သည္။
"ဒီမွာ မင္းနာမည္က ညခ်မ္းေအးဆိုတာလား"
လာေရာက္ႏႈတ္ဆက္တဲ့သူေၾကာင့္ ေက်ာင္းအစည္းအေဝးကျပန္လာတဲ့ညခ်မ္းေအးတစ္ေယာက္ ေျခလွမ္းေတြႏွေးေကြးကုန္၏။
အခ်ိန္ကား ညေနႏြားရိုင္းသြင္းခ်ိန္။
ေက်ာင္းသည္ ရြာ၏အျပင္မွာရိွတာမို႔ လူသူအနည္းငယ္ေတာ့ျပတ္ေလသည္။ ပံုမွန္ေက်ာင္းခ်ိန္ဆိုျဖတ္သြားျဖတ္လာေတြရိွေပမဲ့ ယခုမူ ရိွမေနေခ်။
ဆရာဉာဏ္နဲ႔အတူ ျပန္လာဖို႔ကလည္း လမ္းခြဲမတူတာေၾကာင့္ တစ္ေယာက္တစ္လမ္းေလ်ွာက္ခဲ့တာျဖစ္သည္။ တစ္ဖက္လူသည္ အနည္းငယ္ မူးေနတဲ့ပံုေၾကာင့္ သူ႔စိတ္ထဲမသက္မသာျဖစ္သြားတာေၾကာင့္ ခပ္တည္တည္ပင္
"ဟုတ္ပါတယ္။ ဘာကိစၥရိွလို႔လဲ"
" ကိစၥလား။ ဟုတ္..သား။ ရိွတာေပါ့။ အရင္ဆံုးမိတ္ဆက္ရေအာင္ ကိုယ့္နာမည္က ေဝမင္းတဲ့။ မင္းေလး ကိုယ့္ကိုသိပါ့မလားမသိေပမဲ့ ကိုယ္ကေတာ့မင္းေလးကိုသိတယ္။ ေသခ်ာၾကၫ့္မွ မင္းတကယ္ ခ်စ္စရာေကာင္းတာပဲကြ။ အသားရည္ေလးကလည္းညက္မႈန္ေနတာပဲ။ ကိုယ့္ခႏၶာကလည္းကိုယ့္အႀကိဳက္ပဲ။ "
ၿပီတီတီအေျပာေအာက္မွာ ညခ်မ္းေအးတစ္ေယာက္
ေဒါသထြက္လြန္းလို႔အသားေတြေတာင္တုန္ရီလာေတာ့သည္။
" ဟိတ္လူ ခင္ဗ်ားလြန္လာၿပီေနာ္။ ဘာသေဘာနဲ႔ လာေစာ္ကားေနတာလဲ။ ဖယ္ဗ်ာ။ ထပ္ေျပာေနရင္ က်ဳပ္လက္သီးကလူေရြးေနမွာမဟုတ္ဘူး။ "
ေဝမင္းသည္ ညခ်မ္းေအးေဒါသထြက္တာျမင္ေတာ့ သေဘာက်ဟန္ျဖင့္ ရယ္ေလသည္။
" ၾကၫ့္စမ္းပါအံုးကြာ။ ေဒါသထြက္မွပိုခ်စ္ဖို႔ေကာင္းလာတာပဲ။ ကဲပါမင္း စိတ္ဆိုးေအာင္ထပ္မစေတာ့ပါဘူး။ မင္းအေဒၚေျပာလို႔ ကိုယ္က ေသခ်ာေအာင္လာၾကၫ့္တဲ့သေဘာပါ ။ တကယ္ သေဘာက်တယ္မင္းကို။ ဘာပဲေျပာေျပာ ကိုယ္ေတြ့ဖူးသမ်ွ မင္းက ကိုယ့္ကိုစိတ္လႈပ္ရွားေစဆံုးပဲ။ ဘယ္ေန့ မင္းအေဒၚနဲ႔ စကားလာေျပာရမလဲ ဆိုတာ တိုင္ပင္လိုက္အံုး။ ဒီနယ္တေၾကာမွာ ေဝမင္းတို႔က လက္ညိုးထိုးမလႊဲ လယ္ေတြပိုင္တယ္။ မင္းအတြက္ဆိုကိုယ့္ဖက္က ႀကိဳက္ေဈးေပးဖို႔အဆင္သင့္ပဲ ။ ရွက္မေနပါနဲ႔ မင္းလည္းေယာက္်ားေတြကို ႀကိဳက္တယ္ဆို။ ကိုယ္တို႔အခ်င္းခ်င္း ပါတနာမျဖစ္ႏိုင္ဘူးလို႔ဘယ္သူေျပာလဲ"
"ငါေျပာတယ္ကြာ"
ခြပ္!!!
ေဝမင္းရဲ့လက္ေမာင္းတစ္ဖက္ကို ဆြဲလွၫ့္ခံလိုက္ရၿပီး မီးပြင့္သြားမတက္ထိုးခ်က္ေတြက တစ္ခ်က္ၿပီးတစ္ခ်က္မ်က္ႏွာေပၚက်ေရာက္လာသည္။
"အား!!! ေဟ့ေကာင္ ။ ငါဘယ္သူလဲဆိုတာ မင္းသိလား။ "
မ်က္လံုးမဖြင့္ႏိုင္ပဲထိုးခ်က္ေတြအားလြတ္ေအာင္မေရွာင္ႏိုင္ေပ။ လက္ျဖင့္ကာထားရင္း စြတ္ေအာ္ေနေပမဲ့ လက္သီးခ်က္ေတြကေတာ့မိုးၿပိဳသလို က်ေရာက္ေနတုန္း။
အဆံုးသတ္ထိ ေဝမင္းေသြးအလူးလူးျဖင့္
ေအာ္ပင္မေအာ္ႏိုင္ေတာ့ေပ။ ထိုအခ်ိန္မွ ေၾကာင္ေနတဲ့ညခ်မ္းေအးသည္ေျပးကာစံုသာၿမိဳင္၏ ကိုယ္လံုးႀကီးအားေျပးဖက္မိေတာ့သည္။
"ေတာ္ပါေတာ့။ ေသေတာ့မွာပဲ ။ "
" ဒီေကာင္ေသေတာ့မေကာင္းဘူး။ ဘာလဲမင္းက သူ႔အစားနာေနတာလား"
စံုသာၿမိဳင္သည္ အေတာ္ေလးေဒါသထြက္ေန
တာေၾကာင့္ သူ႔အားဆြဲဖက္ထားတဲ့ညခ်မ္းေအးအားခြာကာ ေမးလိုက္ေလသည္။
သူ႔စကားသည္ဘယ္အဓိပၸါယ္ေရာက္ေနသလဲသူမသိေပ ။ ထိပစြာၿဖီးသင္ထားတက္တဲ့ဆံပင္ေတြသည္
လဲၿပိဳရႈပ္ပြကာ သူ႔အား အရင္လိုတည္ၿငိမ္တဲ့ဟန္ပန္ပင္မရိွေစေတာ့ေပ။
စံုသာၿမိဳင္၏ အေမးစကားသည္ ညခ်မ္းေအးအား
တြန္းပို႔သည္ႏွယ္ ။
ညခ်မ္းေအး၏ ေသြးပ်က္ေနတဲ့မ်က္ဝန္းေတြသည္
မ်က္ရည္ၾကည္မ်ားဝိုင္းလာကာ လက္သီးဆုပ္၍
မားမားရပ္ေနတဲ့စံုသာၿမိဳင္အား
" ခင္ဗ်ားဘာစကားေျပာတာလဲ။ သူေသရင္ ခင္ဗ်ားေထာင္က်မွာဆိုးလို႔တားေနရတာ သိရဲ့လား"
"ဘာတားတာလဲ။ မင္းစိတ္ထဲမွာ ဒီအေကာင့္အတြက္ေနရာရိွေနတာမို႔လား ။ မင္းသူေျပာတာကို လက္ခံၿပီး
မင္းနားေထာင္ေပးေနကတည္းက မင္းရင္ထဲရိွေနလို႔ပဲ"
ေက်ာင္းကေနျပန္မေရာက္ေသးတဲ့ညခ်မ္းေအး အားတိတ္တိတ္ကေလး သူသာလာမႀကိဳရင္ ဒီအေၾကာင္းေတြသိႏိုင္မွာလား။ဟိုေကာင္ေျပာသမ်ွ နားခံေနတဲ့ဟန္ျဖင့္ရပ္နားေထာင္ကတည္းက သူေသြးေတြပြက္ပြက္ဆူခဲ့တာျဖစ္သည္။ တကယ္ေတာ့စံုသာၿမိဳင္ထင္သလို ညခ်မ္းေအး နားေထာင္ခဲ့သည္မဟုတ္။
သူဆြဲထိုးမဲ့ဆဲဆဲ စံုသာၿမိဳင္က ဦးခဲ့ျခင္းပင္။
ယခုမူ ပြင့္ထြက္ေတာ့မဲ့ ေဒါသအားစံုသာၿမိဳင္က
ေလာင္စာထၫ့္ေပးေနခဲ့၏။ ထို႔ေၾကာင့္အခ်ိန္ၾကာျမင့္စြာကြယ္ဝွက္ထားခဲ့တဲ့မေက်နပ္စိတ္ေတြသည္ပြင့္ထြက္လာကာ
" က်ဳပ္က ဘာရိွရမွာလဲ။ က်ဳပ္ရင္ထဲကရိွတဲ့သူကခင္ဗ်ားပဲေလ။ ဒါေတြအားလံုး ခင္ဗ်ားမသိခ်င္ေယာင္ေဆာင္ထားၿပီးမွ ဘယ္သူ႔ကို ေစာက္ပစ္လာေျပာခ်င္ေနတာလဲ။ "
" မင္းရင္ထဲမွာ ငါက ဘယ္ေနရာမွာရိွတာလဲေျပာစမ္းပါအံုး။ ငါ့ကို ရည္းစားစကားေျပာၿပီး ေရွာင္ေနတာ ဘယ္သူလဲ။ မင္းေျပာတုန္းက ေျပာၿပီးမွ ငါလို ေျခတစ္ဖက္မရိွတဲ့ ဒုကၡိတကို သတိရၿပီး စိတ္ေျပာင္းသြားတာမဟုတ္ဘူးလား ။"
" စံုသာၿမိဳင္ ခင္ဗ်ား ဘာခ်ီးစကားေျပာတာလဲ။ အကုန္လံုးခင္ဗ်ားႀကိဳက္သလိုေစာ္ကားလို႔ရတယ္။
က်ဳပ္ရင္ထဲေမတၲာေတာ့လာမေစာ္ကားနဲ႔ ခင္ဗ်ားဘာသာ ေျခတစ္ဖက္မကလို႔ေျခႏွစ္ဖက္ပဲ ျပတ္ျပတ္ေစာက္ဂရုမစိုက္ဘူးသိလား။ခင္ဗ်ားကို ခုယူခ်င္ရင္ ခုေကာက္ယူပစ္လို႔ရတယ္ ၊ ေအး ခင္ဗ်ားသာ က်ဳပ္ကို တစ္သက္လံုး ေစာင့္ေရွာက္လာတဲ့ေက်းဇူးရွင္ျဖစ္ေနလို႔သာ ေရ႔ွဆက္မတိုးတာ "
" ေက်းဇူးရွင္.. ဘာေက်းဇူးရွင္လဲ။ မင္း ငယ္ဘဝကတည္းကေန ခုထိ ေသခ်ာၾကၫ့္ရႈ႔လာတဲ့ ငါကေရာ မင္းထင္သလို သေဘာထားေတျြဖဴစင္ေနမယ္ထင္လား။ ကိုယ္ေမြးထားတဲ့ၾကက္ ကိုယ္ဘယ္ခ်ိန္ ခ်က္ခ်က္ရတယ္ဆိုတဲ့သေဘာနဲ႔ေကြၽးေမြးထားတယ္ဆိုရင္ေရာ ငါက ေက်းဇူးရွင္ပဲလား ။ မင္းကို သေဘာထားေတြမျဖဴပဲ အရြယ္မေရာက္ခင္ကတည္းက အႀကံၾကီးခဲ့တဲ့ေကာင္ကို မင္းေက်းဇူးရွင္လို႔ထင္ေနရင္ မွားၿပီး ခ်မ္းေအး။ ငါက မင္းေက်းဇူးရွင္မဟုတ္ဘူး။ မင္းကို ဖ်က္စီးခ်င္ေနတဲ့ လူယုတ္မာကြ"
စံုသာၿမိဳင္၏ စကားသည္ အေမွာင္ကိုခြင္းတဲ့အလင္းလိုႏွစ္ေယာက္သား၏ ေဒါသေတြအားၿငိမ္သက္သြားေစခဲ့သည္။ ေဝမင္းသည္ပင္ ဘယ္ခ်ိန္ကတည္းကထြက္ေျပးသြားမွန္းမသိေတာ့ေပ။
အိမ္တိုင္းအလင္းပ်ပ်ထြန္းလင္းလာခဲ့ေလၿပီ။
တဖ်တ္ဖ်တ္ခတ္တဲ့ ပိုးစုန္းၾကဴးငယ္ေလးေတြသည္
သစ္ပင္ေတြၾကားကေန ေပၚထြက္လာခဲ့၏
အစိမ္းေရာင္အလင္းငယ္သည္ ရင္ခုန္သံမ်ားပိုမိုျမန္ဆန္ေစသကဲ့သို႔ ခုမွ ဘာေျပာမိမွန္းသတိရသြားသၫ့္ႏွယ္ႏွစ္ေယာက္သားရွက္ေသျြဖာကုန္ၾကေတာ့သည္။
Bạn đang đọc truyện trên: ZingTruyen.Xyz