ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

19

eainsi23

" အကူး သမီး ဖေကြီရော ဘယ်နေ့ပြန်လာမှာလဲ"

လက်ဆွဲထားတဲ့ကူးကူးသည် သူ့အား မရေရာသော အကြည့်ဖြင့်မော့ကြည့်လာကာ

" သမီး မသိဘူး။  " ဟုဖြေလာသည်။

ညချမ်းအေး စိတ်ထဲဇဝေဇဝါဖြစ်ရသည်က သူ့ကြောင့်များလား ဟူသော အတွေး။
ပြဿနာတွေဖြစ်ပြီးနောက်ရက်ရောက်တော့ ခရီးထွက်သွားပြီဟု ကြားရပြီး ပြန်မလာတာ ယနေ့နဲ့ဆို ခြောက်ရက်ပြည့်ပြီဖြစ်သည်။ ကလေးမသိနိုင်ဘူးဟုတွေးမိကာ သူဘာမှဆက်မေးမြန်းမနေတော့ပေ။
သူတို့နှစ်ယောက် အိမ်ပြန်ရောက်တော့ ကူးကူးကို
ခဏနားကာ ရေချိုးစေသည် ။
သနပ်ခါးလိမ်းပေး အဝတ်လဲပေးပြီး မိုးသောက်ပန်းတစ်အုပ်ပေးကာ အပင်အောက်တွင်ထိုင်၍ စာဖတ်ခိုင်းခဲ့၏။  သူကတော့ ရေချိုးရုံဖြင့်....မပြီးသေး။
ညနေစာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ဖို့လိုသေးသည်မို့လား။
ကလေး ရှိသေးသည်မို့တော်ရုံဖြစ်သလို သူမစားဖြစ်ပေ။ အိမ်ရှေ့ခြံထောင့်တွင် အိမ်တွင်းခူးစားဖို့
ပျိုးဥယျာဉ်လေးစိုက်ပျိုးဖြစ်သည်။ ထိုအထဲတွင်ချဉ်ပေါင် ကန်စွန်း၊မုန်ညင်း၊ဘူး၊သခွားအပြင် ပဲသီးဂေါ်ရခွားကိုပါ စင်ဖြင့်စိုက်ထားလေသည်။ တစ်ယောက်နှစ်ယောက်စာသာ ချက်ပြုတ်သည်မို့ အသီးမရှားအရွက်မရှားပေ။
အရင်ဆုံး ဂေါ်ရခွားသီး တစ်လုံးနဲ့ဘိုစားပဲသီးအနည်းငယ်ကို ခူးယူလိုက်သည် ။ ‌ပါးပါးလှီးကာ ကြက်ဥဖြင့်ကြော်ဖို့အတွေးကြောင့် အမြန်အဆန်ပင်
‌ဂျင်းနည်းနည်းကြက်သွန်ဖြူ နည်းနည်းကို ရိုက်ပြားကာ ဆီနည်းနည်းဖြင့် ကြော်လိုက်သည်။ အချိုမှုန့်သုံးရသည်ကို မနှစ်သက်တာကြောင့် ဆားနည်းနည်းကိုသာ အိုးထဲထည့်ကာမွှေလိုက်သည်။

ဘေစင်၏ ဘယ်ဘက်ကြောင်အိမ်ပေါ်တွင် စီရီတင်ထား‌သော
ကြက်ဥကတ်သည် အနည်းဆုံးအလုံးနှစ်ဆယ်ခန့်ရှိလိမ့်မည်။ သူ့အိမ်တွင် ဆန်ဆီမပြတ်သလို၊ရွာတွင်ရှိသော မွေးမြူရေးခြံမှလာသော အကြီးဆုံးအရွယ်အစားရှိ ဥများကလည်းရှားပါမနေ။ တစ်ပတ်တစ်ခါ ရောက်လာတက်တာမို့ ကြက်ဥကို သူ့အနေဖြင့်နှမြောမနေပဲ ဥသုံးလုံးယူကာ ခေါက်၍ အဆင်သင့်လှီ၍ ကြော်လှော်ထား‌သော ပဲသီးနဲ့‌
ဂေါ်ရခွားမနွမ်းခင် ထည့်လိုက်လေသည်။
ပူနွေးသော အသီးအရွက်တို့အလယ်တွင် ကြက်ဥ ဝါဝါက ကူးကူးအကြိုက်ပင်။

သူ့အနေဖြင့် မုန်ညင်းရွက်ကြော်ကို ပိုကြိုက်ပေသည့် အနည်းငယ် ခါးသက်သော အရသာရှိတဲ့ ထိုအရွက်ကြော်ကို ကူးကူးကတော့မကြိုက်နှစ်သက်ပေ။

ကလေးပီပီ ကြက်ဥဖြင့် ကြော်သော အသီးအရွက်တို့ဖြင့် ထမင်းများများစားလေသည်။
ကလေးဗိုက်တင်းသွားတာမြင်တော့ ထပ်မကျွေးတော့ပဲ လက်စသတ်ကာ သန့်ရှင်းရေးလုပ်ကာ ပြန်လိုက်ပို့လိူက်သည်။

သူသည် အသိဉာဏ်ရှိသော ယောက်ျားတစ်ယောက်ဖြစ်သည်။ထိုနေ့က စံပယ်ဖြူပြောခဲ့သော စကားများကြောင့် ကူးကူးကို သူ့အိမ်တွင် ထပ်မံမသိပ်တော့ပေ။
ရေချိုးသည်ကိုလည်း သင်ပေးကာ ကိုယ်ဘာသာ ပြုလုပ်စေပြီး အတော်အသင့် လက်ပွန်းတတီးနေခြင်းကိုရှောင်ရှားခဲ့သည်။

သူ့အတွေးသည် ရိုးရှင်းသည်။ သူ့နှင့်ကိုစုံသာမြိုင်တို့ ချစ်သူဖြစ်ခဲ့ကြရင် ကလေးကို အရွယ်ရောက်သည်နှင့် မြို့ရှိအကောင်းဆုံးကျောင်းကိုထားပေးဖို့ ခုကတည်းက ကြိုးစားကာ အခြေခံပိုင်နိုင်အောင် သင်ပေးရန်ဖြစ်သည်။ ကျေးရွာမို့ ဘယ်လောက်ခေတ်မှီပါသည် ပြော‌ ပြော ပညာရေးမှာတော့ နောက်ကောက်ကျနေသေးတာ ပုံမှန်ပင်။

ကလေးနောင်ရေးကို ကိုစုံသာမြိုင်နှင့်ယှဉ်ကာတွေးမိသွားတာကြောင့် သူပါးပြင်သည် အနီရောင်သန်းသွားချေသည်။ မုန့်ဆီကြော်သည် ဘယ်နားနေမှန်းမသိသေးပေ။ သူသည်ကတော့ အတော်လေး ကိုစုံသာမြိုင်ကို သဘောကျနေလေသည်။
ပထမဦးဆုံးရင်ခုန်သံဖြစ်သည့်အပြင် တည်ကြည်လွန်းလှပြီး ဝေးကွာနေတဲ့ဘဝ အခြေအနေတို့ကြောင့် မမှန်းသင့်ဘူးဆိုတာ သိပေမဲ့ ချစ်မေတ္တာသည် ရပ်တန့်၍ ရသည်မဟုတ်။

အဖြောင့်စစ်စစ်ဖြစ်နိုင်သည်က တစ်ကြောင်း
ခရီးက မကြာခဏ ထွက်ရသည်က တစ်ကြောင်း
သူ့မှာ ရဲရဲမတွေ့ရဲသလို တွေ့ရင်ဖြင့်လည်း အတော်လေးမျက်‌နှာပြောင်တိုက်ရမည်လည်း သိသေးသည်။

ကိုစုံသာမြိုင်ကို ချစ်ခင်ရသည်ကို လွယ်လွယ် ပြောသည်မဟုတ်သလို ၊လွယ်လွယ်လိုက်သည်ဟု‌လည်း မထင်စေချင်ပါ။

ယောကျာ်းတစ်ယောက်က သူနဲ့မျိုးတူယောကျာ်းအား
ချစ်ပါသည် မြတ်နိုးပါသည်ဟု ပြောရသည်မှာ ဘယ်လောက်ခက်ခဲပါသနည်း။
ထို့အပြင်သူသည် ကလေးသူငယ်တို့၏ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ ဆရာဟူသော ဂုဏ်ကျက်သရေကို ထိန်းသိမ်းရသော သူဖြစ်၏။
ခေတ်မမှီသော ကျေးရွာတွင် သူ့အား ဘယ်ကလေးမိဘက လက်ခံနိုင်မည်နည်း။

သူရင်းရသော မေတ္တာသည် လွယ်လွယ်ဟုတ်မနေ ပေ။
ဂုဏ်ကျက်သရေကို ဘေးချိတ်ကာ ပြောရတဲ့ အလုပ်သည် မီးစ တစ်စ ရေ တစ်မှုတ် ကိုင်ရသူနှယ် အလွန်ခက်ခဲရပါသည်။

သူသည်ထိုညက အတွေးများဖြင့် မိုးချုပ်ခဲ့ရသော ညဖြစ်သည်။

နောက်တစ်နေ့တွင် ကူးကူးဖျားသည်ဟု ကြားရတော့သည်။
သူသည် တုန့်နှေး မနေပေ။ ကလေးအတွက် ဆန်ပြုတ် တစ်ခွက်ချက်ပေးကာ ဟိုဖက်အိမ်ကို ကူးခဲ့လိုက်တော့သည်။

" ဆရာလေး သမီးငယ်က  ဒီအောက်ထပ်က သူ့အဖေအခန်းမှာ ရွေ့ထားတယ်"

သူသည်တော်ရုံ ထိုဖက်အိမ်ကို သိပ်မသွားပေ။
သစ်လွန်နေသော အိမ်ကြီးသည် မြို့အိမ်များကဲ့သို့ခြေမချရက်စရာ ရှိ၏။ ဒေါ်မြိုင်ညွန်ပြတဲ့အခန်းသည် ကျွန်းညိုရောင် တံခါးရှိရာ အခန်းဖြစ်သည်။ ဧည့်ခန်းနှင့် မျက်နှာချင်းဆိုင် ထိုအခန်းသည် အတော်လေး သာမန်ဆန်ပေမဲ့ အထီးကျန်သည့်အရိပ်အယောင်လည်း ရှိသည်။

"ဒါလေး အအေးခံပေးနော် အရီးမြိုင်  ။ ကလေးကို ကျွေးရအောင် ဆန်ပြုတ်ပြုတ်လာတာ။ ဖျားနေတော့ ဝင်အောင် တိုက်နိုင်ပါ့မလား မသိဘူး"

ဆန်ပြုတ်ချိုင့်ကို ပေးအပြီး သူ့ခြေလှမ်းတို့သည် အခန်းရှေ့ ရောက်အောင်တိုးသွားမိသည်။
ကူးကူးသည် အပေါ်ထပ်က အခန်းမှာနေမှန်းသူသိသည်။
စုံသာမြိုင်သည် ခြေတစ်ဖက်မရှိတဲ့ သူမို့ အပေါ်ထပ်တွင်နေလေ့မရှိပေ။ ဒီ အိမ်ရောက်လာရင် နေတက်တဲ့သူ့အခန်းသည် ဘယ်လိုမျိုးလဲဆိုတာ သိချင်စိတ်ကလေးသည် ရင်မှာတိုးဝှေ့လာချေသည်။

သူအခန်းတံခါးကို ဖွင့်ဝင်လိုက်တဲ့အချိန်တွင် သင်းပျသော အနံ့လေးတစ်ခုက ဆီးကြိုဝင်ရောက်လာ၏။
ဘာနံ့မှန်းမသိပေမဲ့ထိုအနံ့သည် ကိုစုံသာမြိုင်၏
ကိုယ်ကရလေ့ရှိသော အနံ့နှင့် ဆင်ဆင်‌တူပေသည်။

ရုတ်တရက်သူ လွမ်းဆွတ်တဲ့ခံစားချက်သည် ဝင်ရောက်လာခဲ့သည်။ အခန်း၏ထောင့်တွင် မွေ့ယာခင်းထားသော ကုတင်ရှိသည်။ ထိုအပေါ်တွင် ကူးကူး အိပ်ပျော်နေလေသည် ။ သူအမြန်ပြေးကာ ကလေး၏ နဖူးကို စမ်းကြည့်လိုက်တော့ အပူချိန်သည် ပြင်းမနေတာမို့ စိုးရိမ်စိတ်တဝက်လောက်က လျော့ကျသွား၏။ ကလေးကို ခဏစောင့်ကြည့်ကာ သူ့မျက်လုံးတို့သည် မနေနိုင်မထိုင်နိုင် ပိုင်ရှင်မရှိတဲ့အခန်းကို ထပ်မံဝေ့ဝဲကြည့်မိသည်။

အတော်လေး သပ်ရပ်သန့်ရှင်းနေပြီး စာအုပ်များကိုလည်း စင်အပြည့်တွေ့ရတာကြောင့် သူသည် ထိုနေရာကို သဘောတကျ သွားကြည့်မိသည်။
ရှားပါး ဝတ္တုများအပြင် စီးပွားရေးဆိုင်ရာ စာအုပ်များလည်း များစွာရှိတာမို့ သူ့လက်ချောင်းတို့ကို မမြှောက်ပဲမနေနိုင်ခဲ့ချေ။ ဖုန်တစ်စက်မရှိတဲ့ စာအုပ်စင်သည် သူ့အားစိတ်ကျေနပ်စေသည်။

တရွေ့ရွေ့လျှောက်ပြေးနေသော လက်ချောင်းငယ်တို့သည် တစ်နေရာသို့အရောက်တွင် ရပ်တန့်သွားချေ၏။

ထိုအရာသည် ဂုဏ်ပြုဆုများစွာဖြစ်၏။ စာအုပ်စင်၏ ဘေးမှာ မှန်ကောင်တာဖြင့်သီးသန့်ထားရှိသော ဆုများစွာသည် သူ့အား အံ့အားသင့်စေသည်။
ကိုစုံသာမြိုင်သည် လေးတန်းဖြင့် ကျောင်းထွက်ခဲ့သော သူဖြစ်သည်။
သေစာရှင်စာ သာ ကောင်းကောင်းဖတ်တက်သူမို့ ဆုတံဆိပ်တို့သည် သူနှင့်မဆိုင်ပေ။

ဒါဆို ဘာကြောင့် ဒီအခန်းမှာ တစ်ထီးတစ်နန်း ထားရှိသနည်း။

အမေးများစွာဖြင့် သူသည် ခပ်မှောင်မှောင်နေရာရှိ မှန်ကောင်တာရှေ့တွင်ရပ်တန့်လိုက်သည်။ စပ်စုသော မျက်လုံးတွေသည် အငြိမ်မနေခဲ့ပေ။ ခပ်သေးသေးရေးထားသော ဆုတံဆိပ်တွေသည် အမျိုးစုံလေသည်။ စာစီစာကုံး ၊ သင်္ချာထူးချွန်၊ အင်္ဂလိပ်စာ ထူးချွန် ၊ ခြောက်တန်း၊ခုနှစ်တန်း၊မှစ၍ ဆယ်တန်းထိ ရခဲ့သော ပ၊ဒု၊တ ဂုဏ်ပြုမှတ်တမ်းတွေ။ 

သူ့မျက်လုံးတို့သည် မယုံနိုင်အောင် ပြူးကျယ်လာ၏။
သူသည် ငယ်စဉ်ကတည်းက ကျေးဇူးရှင် ထောက်ပံ့သူအား အမြဲ ဂုဏ်ယူကအောင်ကြိုးစားခဲ့သည်
သူရခဲ့သော ဆုတို့သည် အမြဲ သူ့အားထောက်ပံ့ရသည်ကိုနောင်တမရအောင် ကြိုးစားပေးခဲ့သော အရာများဖြစ်သည်။ နှစ်စဉ် နွေရာသီတွင် သူ၏ ဆုတို့အားအရီးမှတစ်ဆင့် ပို့ခဲ့ဖူးသည်။

ထိုဆုတို့သည် အဘယ်ကြောင့် ကိုစုံသာမြိုင်၏ အခန်းတွင်ရောက်ရှိနေပါသနည်း။
မောင်ညချမ်းအေး အင်္ဂလိပ် ၊သင်္ချာ ၊ ဓာတု ၊ရူပ လေးဘာသာ ဂုဏ်ထူးရှင် ဆိုသည့် ဆုပေးပွဲ အခမ်းအနားဖိတ်စာသည် ထိုနှစ်က သူနေသော ဘော်ဒါဆောင်မှ တရားဝင် မိဘတို့အားဖိတ်ခဲ့သော အခမ်းအနားဖိတ်စာဖြစ်သည်။
ဘာကြောင့်ကိုစုံသာမြိုင်၏ လက်ထဲသို့ရောက်နေရသနည်း။

တဖောက်ဖောက်ခုန်နေသော ရင်ခုန်သံသည် အပြင်ကိုပင်ပေါက်ထွက်လာနိုင်ဖွယ်ရှိနေလေပြီ။

သူ၏ ကျေးဇူးရှင်မိသားစုသည် ကိုစုံသာမြိုင်ပင်လော။ ဒါဆို သူသည် ကို‌ယ့်ကျေးဇူးရှင်အပေါ်မှာ ကျေးစွပ်နေတဲ့သူဖြစ်နေပြီ။
သူ့တစ်ဘဝစာလုံးထောက်ပံ့ပေးနေတဲ့သူအား
သူသည် ချစ်သည့်အကြောင်းတောင်မှ  မျက်နှာရှေ့ထားပြောရဲခဲ့သည်။

အကြောင်းစုံသိနေတဲ့တစ်ဖက်လူသည် မည်မျှစိတ်ပျက်လိုက်မလဲ တွေးကြည့်၍ပင်မရ။

ရှက်သည့်စိတ်ဖြင့် သူ့မျက်နှာတို့သည် ရဲရဲနီလာချေသည်။
ထိုနေ့က ကလေးကို အရီးမြိုင်ကိုသာ  သေချာအပ်၍ပြန်ခဲ့လိုက်တော့သည်။
အိမ်ပြန်ရောက်‌တဲ့အထိစိတ်နှင့်လူ ကပ်မနေပေ။
သူအတော်လေး ဝမ်းနည်းနေမိသည်။ ကိုစုံသာမြိုင်သည်သူ၏
ပထမဦးဆုံးအချစ်ဦးဖြစ်သည်။အချစ်ဦးမို့စွဲလန်းစိတ်ကလည်းများပေသည်။ အသည်းကွဲရသလို ရှက်လည်းရှက်ရသည်မို့ ထိုသူနှင့်နောက်ရက်တွေ ဘယ်လိုရှောင်ရှားရမလဲဟူသော အတွေးကိုသာတွေးနေမိတော့သည်။

______

တိတ်ဆိတ်သော ညတွင် ကားစက်သံသဲ့သဲ့က ထိုးဖောက်လာသည်။
မည်သူတစ်ဦးတစ်ယောက်မှ ထွက်ကြိုခြင်းမရှိသလို ညသည်လည်း နက်နေလေပြီ။
တစ်စုံတစ်ယောက်သည် ကားတံခါးကို ညင်သာစွာပိတ်လိုက်သလို တစ်ဖက်တံခါးက ဖွင့်ထွက်လာသော သူကလည်း ညင်သာစွာ ပိတ်လိုက်သည်ကိုတွေ့ရ၏။နှစ်ယောက်လုံးသည် ပတ်ဝန်းကျင်ကို နှောက်ယှက်မိမှာ စိုးရွံ့နေသလိုပင်။ 

ထို့နောက် သော့ပိတ်ထားသလိုအိမ်တံခါးကို ကိုယ်တိုင်ဖွင့်၍ ကြီးမားသော အိမ်ကြီးအတွင်း တိုးဝင်ပျောက်ကွယ်သွား၏။

"ဖေကြီး ... "

ကူးကူးသည် ထမင်းစားဝိုင်းတွင် သူ့အဖေကို တွေ့ရမည်ဟု ထင်မထားပေ။
သူ့အဖေကိုမြင်သည်နှင့် ဝမ်းသာအားရ အော်ကာ ပြေးဖက်လိုက်သည်။

" ‌ပြန်လာပြီလား"

" အင်း . .. ဦးဦးနဲ့အတူတူ ပြန်ခဲ့တာ "

အဖြူအစိမ်းဂါဝန်ဝတ်ထားသောကူးကူးသည် ကျောင်းကနေ ပြန်ရောက်လာပြီဖြစ်သည် ။ မနက် ကူးကူးအိပ်ယာနိုးကာစက စုံသာမြိုင်သည် မိုးချုပ်မှ ရောက်သည်မို့ အိပ်ယာ စောစောမထနိုင်ခဲ့ချေ။
ကူးကူးတစ်ယောက် သူ့အဖေအား မော့ကြည့်၍

"ဦးဦးက  ဖေကြီး ဘယ်နေ့ ပြန်လာမှာလဲ တဲ့ ခဏခဏ မေးနေတာ "

ကလေးစကားက စုံသာမြိုင်ကို အနေခက်စေပေမဲ့
အနည်းငယ်မျှလည်း ကျေနပ်သွားခဲ့၏။ လှိုင်းခတ်နေတဲ့ ရင်အစုံကြောင့် ရှက်ရမ်းရမ်းကာ

"ဒါဆို ဖေကြီးပြန်ရောက်ပြီလို့ သွားပြောလိုက်လေ။
ဟိုနားမှာ ဦးဦးအတွက် လက်ဆောင်တွေဝယ်လာတယ် ။ ပေးလိုက်နော်။"

လက်ဆောင်ဆိုတဲ့အသံကြားတော့ ကူးကူးသည် ပြေးဆင်းသွား၏။

"ခင်ဗျား ဒီကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ ။ ကိုသက်ခိုင် "

ထွက်ပြေးသွားတဲ့ ကလေးနောက်ကို လိုက်ကြည့်နေတဲ့ ကိုသက်ခိုင်၏ မျက်လုံးများသည် အလန့်တကြားဖြစ်သွားသည်နှယ် ဝေ့သီနေတဲ့မျက်ရည်များကို ပုတ်ခတ်သိမ်းဆည်းလိုက်လေသည်။

" ငါက ဘယ်လိုလုပ်ရမှာလဲ ငစုံရာ။
မင်းသိတဲ့အတိုင်း ငါ့ဘဝက ..."

ပြောရင်း အသံတွေတိမ်ဝင်သွားရှာတဲ့ ကိုသက်ခိုင်ကို

" ခင်ဗျားဘဝက ဘာဖြစ်နေလို့လဲ ကိုသက်ခိုင်။
ခင်ဗျား မှာ ငွေရှိပါတယ်။ ခင်ဗျားအတွက် ကျုပ်ချန်ထားတဲ့ ရွှေတွေ အပြင် ကျုပ်လုပ်ငန်းမှာ ကလေးနာမည်နဲ့ အစုရှယ်ယာသဘောအနေနဲ့ထည့်ပေးထားတာလည်းရှိတယ်။ မပူမပင်မကြောင့်မကျ ခင်ဗျားနေလို့ရတယ်လေ "

"မဟုတ်ဘူး ငစုံ ။ ကလေးက ငယ်လွန်းသေးတယ်။
ဒီအချိန် သူ့အဖေက ထောင်ထွက်တစ်ယောက်ဆိုတာ ငါမပြောနိုင်ဘူး "

လွန်ခဲ့တဲ့ ခြောက်နှစ်က အချိန်တွေကို ပြန်လည်းတွေးမိကာ စုံသာမြိုင်သက်ပြင်းချမိတော့သည်။

"ထောင်ထွက်တစ်ယောက်ဆိုပေမဲ့ ခင်ဗျားက မိသားစုကို ကာကွယ်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်ပါ ။ သမီးကိုသေချာ နားလည်အောင်ပြောပြရင် နားလည်မှာပါ။ စိတ်ထဲ အများကြီးခံစားမနေပါနဲ့ ကိုသက်ခိုင်။ ပြီးခဲ့တာတွေလည်းပြီးသွားပါပြီဗျာ"

ထိုအချိန်တွင် တွင်းပိခဲ့ပေမဲ့ ကိုသက်ခိုင်သည် သေကံမှ လွတ်ခဲ့သည်။
ဆေးရုံပေါ်မှာ ငစုံအပါဝင် နှစ်ယောက်သား လအတော်ကြာအောင်တက်ခဲ့ရပြီး ရည်းစားဖြစ်သူ
ကြည်ပြာကလည်း လိုက်လံပြုစုခဲ့သည်။

အိုးချင်းထားအိုးခြင်း ညှိကြသလို ကိုသက်ခိုင်နဲ့ ကြည်ပြာသည် ‌တောင်မှော်ပြန်ရောက်တော့ အနေနီးစပ်ခဲ့သည်။ ကျန်းမာရေး ပြန်ကောင်းခါစ ဖြစ်တာတစ်ကြောင်းမို့ မင်္ဂလာအချိန်ကို သက်သက်မှတ်မှတ်တော့ မရွေးရသေး။ အကြောင်းသိသူတွေမို့
မကြာခင်ယူကြတော့မဲ့ စုံတွဲဆိုတာကို လူတိုင်းလည်းသိကြသည်။

တောင်မှော်အင်းတွင် ငစုံ၏အင်းသည်ရွှေအောင်နေပြီဖြစ်တာမို့
ကြိတ်ကာ သတင်းမပေါက်အောင်ကြိုးစားနေရတဲ့အချိန်ဖြစ်တာတစ်ကြောင်းမို့ အလျင်စလို လက်မထပ်ရသေးတာပဲရှိခဲ့သည်။

ထိုအချိန် အင်း၏ရွှေအောင်နှုန်းမှာ လူတိုင်းမက်မော
စရာတစ်ခုလို ဖြစ်နေမှာစိုးတာကြောင့် ငစုံနဲ့ဘမှောင်သည် မျောစာကို လူသိအောင် မကျင်ပဲ အင်ချေးအဖြစ် စွန့်ပစ်သဲကိုရောင်းစားသယောင်ဆောင်ခဲ့သည်။

ထိုစွန့်ပစ်မျောစာကို ကားဖြင့် သယ်ယူကာ တိတ်တဆိတ် အပြင်တစ်နေရာမှာ ကျင်ယူခဲ့ကြရာ
အတော်လေး လူသိနည်းခဲ့သည်။ ရွှေပါ နှုန်းထားသည် အောက်ခြေလူတန်းစားတိုင်း မမြင်ဖူးတဲ့နှုန်းထားဖြင့်အောင်ခဲ့သည်။ သိုသိပ်လွန်းတဲ့အပြင် ဘမှောင်၏အဖွဲ့သည်လည်း စိတ်ချရသည်။ သူတို့သည် မြို့အပြင်လူသူနည်းပါးတဲ့ခြံဝန်းကို ငှားရမ်းကာ တိုးတိုးတိတ်တိတ်ထိုနေရာမှာရွှေကျင်ခဲ့သည်။
ပါသမျှရွှေအပြင် ရွှေဖြူသည် ငစုံ၏ဘဝအားပြောင်လဲစေခဲ့တဲ့အရာများဖြစ်ကြသည်။

ဖြစ်ချင်တော့ ကြည်ပြာကို ချောင်းမြောင်းနေတဲ့ အိုက်မောင်းသည် အခွင့်အရေးရသလို ဖြစ်နေလေသည်။ တစ်နေ့ တောင်မှော်အင်းကနေ အပြန်ကြည်ပြာအား အိုက်မောင်းသည် အဓမ္မပြုစော်ကားခဲ့လေရာ ကိုသက်ခိုင်သည် ထိုသတင်းသိရာ စိတ်မထိန်းနိုင်တော့ပဲ ဆေးရှုနေတဲ့အိုက်မောင်းအား ဓားဖြင့် အချက်ပေါင်း များစွာ ထိုး၍ သတ်ပစ်ခဲ့သည်။

ထိုအချိန်က ကြည်ပြာသည်လည်း အရူးမီးဝိုင်းပင်။
တစ်ရှက်ကနေ နှစ်ရှက်ဖြစ်ရသလို ထောင်ထဲရောက်နေသော ကိုသက်ခိုင်ကြောင့် ဘာလုပ်ရမလဲမသိတဲ့နေ့ရက်များစွာဖြစ်ခဲ့လေသည်။

အချိန်ကိုက်ပင် မူးမေ့လဲရာ ကိုယ်ဝန်ရှိနေကြောင်းသိလိုက်ရလေသည်။ ထောင်သံတိုင်တို့ကိုကိုင်ကာ
ကိုသက်ခိုင်သည် ကြည်ပြာအတွက် ယောက်ျားတန်မဲ့မျက်ရည်စက်လက်ကျခဲ့ရပြီး ကလေးအား မွေးဖို့အကြိမ်ကြိမ် တောင်းပန်ခဲ့လေသည်။

စိတ်မကောင်းစရာကောင်းသည်က
အားလျော့နေပြီဖြစ်တဲ့ ကြည်ပြာဆိုတဲ့ မိန်းကလေးသည် ချုပ်ရက် ၆လ နှင့် ရုံးချိန်းများစွာ ဖြတ်အကျော်ပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇နှစ်ဆိုတဲ့ တရားသူကြီးအမိန့်ကိုတော့ မလွန်ဆန်နိုင်ခဲ့ပေ။

အမိန့်ချမှတ်သည့်နေ့မှာပဲ ကြည်ပြာသည်
ရနံ့ကူးအား ဆေးရုံပေါ်တွင်အရေးပေါ် ခွဲစိတ်၍မွေးခဲ့ရသည်။

ကလေးသည် ရှစ်လ ကောင်းကောင်းပင် မိခင်ဗိုက်ထဲမနေခဲ့ရပေ။ ထို့နေ့တွင်ပင် ကြည်ပြာသည် စိတ်ထောင်းကိုယ်ကြေ ဖြစ်ကာ ကလေးငိုသံကိုပင်မကြားနိုင်စွာ မွေးခန်းမှာပင် သေဆုံးခဲ့ရလေသည်။ အမှန်တော့
အိုက်မောင်းအဓမ္မ ပြုကျင့်ခဲ့စဉ်ကတည်းက ကြည်ပြာဝမ်းတွင်းမှာ ကလေး ရှိနေပြီဖြစ်၏။
ဘာမှမဖြစ်သွားသည်မှာ တော်သေးသည်ဟု ပြောရမလားပင်။ သနားစရာရနံ့ကူးကို စုံသာမြိုင်သည် တရားဝင် မွေးစားခဲ့ပေမဲ့ အဖေဖြစ်သူကတော့
ကိုသက်ခိုင်သာဖြစ်ပေတော့သည်။

" အကူး သမီး ေဖႀကီေရာ ဘယ္ေန့ျပန္လာမွာလဲ"

လက္ဆြဲထားတဲ့ကူးကူးသည္ သူ႔အား မေရရာေသာ အၾကၫ့္ျဖင့္ေမာ့ၾကၫ့္လာကာ

" သမီး မသိဘူး။  " ဟုေျဖလာသည္။

ညခ်မ္းေအး စိတ္ထဲဇေဝဇဝါျဖစ္ရသည္က သူ႔ေၾကာင့္မ်ားလား ဟူေသာ အေတြး။
ျပႆနာေတျြဖစ္ၿပီးေနာက္ရက္ေရာက္ေတာ့ ခရီးထြက္သြားၿပီဟု ၾကားရၿပီး ျပန္မလာတာ ယေန့နဲ႔ဆို ေျခာက္ရက္ျပၫ့္ၿပီျဖစ္သည္။ ကေလးမသိႏိုင္ဘူးဟုေတြးမိကာ သူဘာမွဆက္ေမးျမန္းမေနေတာ့ေပ။
သူတို႔ႏွစ္ေယာက္ အိမ္ျပန္ေရာက္ေတာ့ ကူးကူးကို
ခဏနားကာ ေရခ်ိဳးေစသည္ ။
သနပ္ခါးလိမ္းေပး အဝတ္လဲေပးၿပီး မိုးေသာက္ပန္းတစ္အုပ္ေပးကာ အပင္ေအာက္တြင္ထိုင္၍ စာဖတ္ခိုင္းခဲ့၏။  သူကေတာ့ ေရခ်ိဳးရံုျဖင့္....မၿပီးေသး။
ညေနစာ ဖြယ္ဖြယ္ရာရာ ခ်က္ျပဳတ္ဖို႔လိုေသးသည္မို႔လား။
ကေလး ရိွေသးသည္မို႔ေတာ္ရံုျဖစ္သလို သူမစားျဖစ္ေပ။ အိမ္ေရ႔ွၿခံေထာင့္တြင္ အိမ္တြင္းခူးစားဖို႔
ပ်ိဳးဥယ်ာဉ္ေလးစိုက္ပ်ိဳးျဖစ္သည္။ ထိုအထဲတြင္ခ်ဉ္ေပါင္ ကန္စြန္း၊မုန္ညင္း၊ဘူး၊သခြားအျပင္ ပဲသီးေဂၚရခြားကိုပါ စင္ျဖင့္စိုက္ထားေလသည္။ တစ္ေယာက္ႏွစ္ေယာက္စာသာ ခ်က္ျပဳတ္သည္မို႔ အသီးမရွားအရြက္မရွားေပ။
အရင္ဆံုး ေဂၚရခြားသီး တစ္လံုးနဲ႔ဘိုစားပဲသီးအနည္းငယ္ကို ခူးယူလိုက္သည္ ။ ‌ပါးပါးလွီးကာ ၾကက္ဥျဖင့္ေၾကာ္ဖို႔အေတြးေၾကာင့္ အျမန္အဆန္ပင္
‌ဂ်င္းနည္းနည္းၾကက္သြန္ျဖဴ နည္းနည္းကို ရိုက္ျပားကာ ဆီနည္းနည္းျဖင့္ ေၾကာ္လိုက္သည္။ အခ်ိဳမႈန႔္သံုးရသည္ကို မႏွစ္သက္တာေၾကာင့္ ဆားနည္းနည္းကိုသာ အိုးထဲထၫ့္ကာေမႊလိုက္သည္။

ေဘစင္၏ ဘယ္ဘက္ေၾကာင္အိမ္ေပၚတြင္ စီရီတင္ထား‌ေသာ
ၾကက္ဥကတ္သည္ အနည္းဆံုးအလံုးႏွစ္ဆယ္ခန႔္ရိွလိမ့္မည္။ သူ႔အိမ္တြင္ ဆန္ဆီမျပတ္သလို၊ရြာတြင္ရိွေသာ ေမြးျမဴေရးၿခံမွလာေသာ အႀကီးဆံုးအရြယ္အစားရိွ ဥမ်ားကလည္းရွားပါမေန။ တစ္ပတ္တစ္ခါ ေရာက္လာတက္တာမို႔ ၾကက္ဥကို သူ႔အေနျဖင့္ႏွေျမာမေနပဲ ဥသံုးလံုးယူကာ ေခါက္၍ အဆင္သင့္လွီ၍ ေၾကာ္ေလွာ္ထား‌ေသာ ပဲသီးနဲ႔‌
ေဂၚရခြားမႏြမ္းခင္ ထၫ့္လိုက္ေလသည္။
ပူေနြးေသာ အသီးအရြက္တို႔အလယ္တြင္ ၾကက္ဥ ဝါဝါက ကူးကူးအႀကိဳက္ပင္။

သူ႔အေနျဖင့္ မုန္ညင္းရြက္ေၾကာ္ကို ပိုႀကိဳက္ေပသၫ့္ အနည္းငယ္ ခါးသက္ေသာ အရသာရိွတဲ့ ထိုအရြက္ေၾကာ္ကို ကူးကူးကေတာ့မႀကိဳက္ႏွစ္သက္ေပ။

ကေလးပီပီ ၾကက္ဥျဖင့္ ေၾကာ္ေသာ အသီးအရြက္တို႔ျဖင့္ ထမင္းမ်ားမ်ားစားေလသည္။
ကေလးဗိုက္တင္းသြားတာျမင္ေတာ့ ထပ္မေကြၽးေတာ့ပဲ လက္စသတ္ကာ သန႔္ရွင္းေရးလုပ္ကာ ျပန္လိုက္ပို႔လိူက္သည္။

သူသည္ အသိဉာဏ္ရိွေသာ ေယာက္်ားတစ္ေယာက္ျဖစ္သည္။ထိုေန့က စံပယ္ျဖဴေျပာခဲ့ေသာ စကားမ်ားေၾကာင့္ ကူးကူးကို သူ႔အိမ္တြင္ ထပ္မံမသိပ္ေတာ့ေပ။
ေရခ်ိဳးသည္ကိုလည္း သင္ေပးကာ ကိုယ္ဘာသာ ျပဳလုပ္ေစၿပီး အေတာ္အသင့္ လက္ပြန္းတတီးေနျခင္းကိုေရွာင္ရွားခဲ့သည္။

သူ႔အေတြးသည္ ရိုးရွင္းသည္။ သူ႔ႏွင့္ကိုစံုသာၿမိဳင္တို႔ ခ်စ္သူျဖစ္ခဲ့ၾကရင္ ကေလးကို အရြယ္ေရာက္သည္ႏွင့္ ၿမိဳ႔ရိွအေကာင္းဆံုးေက်ာင္းကိုထားေပးဖို႔ ခုကတည္းက ႀကိဳးစားကာ အေျခခံပိုင္ႏိုင္ေအာင္ သင္ေပးရန္ျဖစ္သည္။ ေက်းရြာမို႔ ဘယ္ေလာက္ေခတ္မွီပါသည္ ေျပာ‌ ေျပာ ပညာေရးမွာေတာ့ ေနာက္ေကာက္က်ေနေသးတာ ပံုမွန္ပင္။

ကေလးေနာင္ေရးကို ကိုစံုသာၿမိဳင္ႏွင့္ယွဉ္ကာေတြးမိသြားတာေၾကာင့္ သူပါးျပင္သည္ အနီေရာင္သန္းသြားေခ်သည္။ မုန႔္ဆီေၾကာ္သည္ ဘယ္နားေနမွန္းမသိေသးေပ။ သူသည္ကေတာ့ အေတာ္ေလး ကိုစံုသာၿမိဳင္ကို သေဘာက်ေနေလသည္။
ပထမဦးဆံုးရင္ခုန္သံျဖစ္သၫ့္အျပင္ တည္ၾကည္လြန္းလွၿပီး ေဝးကြာေနတဲ့ဘဝ အေျခအေနတို႔ေၾကာင့္ မမွန္းသင့္ဘူးဆိုတာ သိေပမဲ့ ခ်စ္ေမတၲာသည္ ရပ္တန႔္၍ ရသည္မဟုတ္။

အေျဖာင့္စစ္စစ္ျဖစ္ႏိုင္သည္က တစ္ေၾကာင္း
ခရီးက မၾကာခဏ ထြက္ရသည္က တစ္ေၾကာင္း
သူ႔မွာ ရဲရဲမေတြ့ရဲသလို ေတြ့ရင္ျဖင့္လည္း အေတာ္ေလးမ်က္‌ႏွာေျပာင္တိုက္ရမည္လည္း သိေသးသည္။

ကိုစံုသာၿမိဳင္ကို ခ်စ္ခင္ရသည္ကို လြယ္လြယ္ ေျပာသည္မဟုတ္သလို ၊လြယ္လြယ္လိုက္သည္ဟု‌လည္း မထင္ေစခ်င္ပါ။

ေယာက်ာ္းတစ္ေယာက္က သူနဲ႔မ်ိဳးတူေယာက်ာ္းအား
ခ်စ္ပါသည္ ျမတ္ႏိုးပါသည္ဟု ေျပာရသည္မွာ ဘယ္ေလာက္ခက္ခဲပါသနည္း။
ထို႔အျပင္သူသည္ ကေလးသူငယ္တို႔၏ ေရ႔ွေဆာင္လမ္းျပ ျဖစ္တဲ့ ဆရာဟူေသာ ဂုဏ္က်က္သေရကို ထိန္းသိမ္းရေသာ သူျဖစ္၏။
ေခတ္မမွီေသာ ေက်းရြာတြင္ သူ႔အား ဘယ္ကေလးမိဘက လက္ခံႏိုင္မည္နည္း။

သူရင္းရေသာ ေမတၲာသည္ လြယ္လြယ္ဟုတ္မေန ေပ။
ဂုဏ္က်က္သေရကို ေဘးခ်ိတ္ကာ ေျပာရတဲ့ အလုပ္သည္ မီးစ တစ္စ ေရ တစ္မႈတ္ ကိုင္ရသူႏွယ္ အလြန္ခက္ခဲရပါသည္။

သူသည္ထိုညက အေတြးမ်ားျဖင့္ မိုးခ်ဳပ္ခဲ့ရေသာ ညျဖစ္သည္။

ေနာက္တစ္ေန့တြင္ ကူးကူးဖ်ားသည္ဟု ၾကားရေတာ့သည္။
သူသည္ တုန႔္ေနွး မေနေပ။ ကေလးအတြက္ ဆန္ျပဳတ္ တစ္ခြက္ခ်က္ေပးကာ ဟိုဖက္အိမ္ကို ကူးခဲ့လိုက္ေတာ့သည္။

" ဆရာေလး သမီးငယ္က  ဒီေအာက္ထပ္က သူ႔အေဖအခန္းမွာ ေရြ့ထားတယ္"

သူသည္ေတာ္ရံု ထိုဖက္အိမ္ကို သိပ္မသြားေပ။
သစ္လြန္ေနေသာ အိမ္ႀကီးသည္ ၿမိဳ႔အိမ္မ်ားကဲ့သို႔ေျခမခ်ရက္စရာ ရိွ၏။ ေဒၚၿမိဳင္ၫြန္ျပတဲ့အခန္းသည္ ကြၽန္းညိုေရာင္ တံခါးရိွရာ အခန္းျဖစ္သည္။ ဧၫ့္ခန္းႏွင့္ မ်က္ႏွာခ်င္းဆိုင္ ထိုအခန္းသည္ အေတာ္ေလး သာမန္ဆန္ေပမဲ့ အထီးက်န္သၫ့္အရိပ္အေယာင္လည္း ရိွသည္။

"ဒါေလး အေအးခံေပးေနာ္ အရီးၿမိဳင္  ။ ကေလးကို ေကြၽးရေအာင္ ဆန္ျပဳတ္ျပဳတ္လာတာ။ ဖ်ားေနေတာ့ ဝင္ေအာင္ တိုက္ႏိုင္ပါ့မလား မသိဘူး"

ဆန္ျပဳတ္ခ်ိဳင့္ကို ေပးအၿပီး သူ႔ေျခလွမ္းတို႔သည္ အခန္းေရ႔ွ ေရာက္ေအာင္တိုးသြားမိသည္။
ကူးကူးသည္ အေပၚထပ္က အခန္းမွာေနမွန္းသူသိသည္။
စံုသာၿမိဳင္သည္ ေျခတစ္ဖက္မရိွတဲ့ သူမို႔ အေပၚထပ္တြင္ေနေလ့မရိွေပ။ ဒီ အိမ္ေရာက္လာရင္ ေနတက္တဲ့သူ႔အခန္းသည္ ဘယ္လိုမ်ိဳးလဲဆိုတာ သိခ်င္စိတ္ကေလးသည္ ရင္မွာတိုးေဝ႔ွလာေခ်သည္။

သူအခန္းတံခါးကို ဖြင့္ဝင္လိုက္တဲ့အခ်ိန္တြင္ သင္းပ်ေသာ အနံ႔ေလးတစ္ခုက ဆီးႀကိဳဝင္ေရာက္လာ၏။
ဘာနံ႔မွန္းမသိေပမဲ့ထိုအနံ႔သည္ ကိုစံုသာၿမိဳင္၏
ကိုယ္ကရေလ့ရိွေသာ အနံ႔ႏွင့္ ဆင္ဆင္‌တူေပသည္။

ရုတ္တရက္သူ လြမ္းဆြတ္တဲ့ခံစားခ်က္သည္ ဝင္ေရာက္လာခဲ့သည္။ အခန္း၏ေထာင့္တြင္ ေမြ့ယာခင္းထားေသာ ကုတင္ရိွသည္။ ထိုအေပၚတြင္ ကူးကူး အိပ္ေပ်ာ္ေနေလသည္ ။ သူအျမန္ေျပးကာ ကေလး၏ နဖူးကို စမ္းၾကၫ့္လိုက္ေတာ့ အပူခ်ိန္သည္ ျပင္းမေနတာမို႔ စိုးရိမ္စိတ္တဝက္ေလာက္က ေလ်ာ့က်သြား၏။ ကေလးကို ခဏေစာင့္ၾကၫ့္ကာ သူ႔မ်က္လံုးတို႔သည္ မေနႏိုင္မထိုင္ႏိုင္ ပိုင္ရွင္မရိွတဲ့အခန္းကို ထပ္မံေဝ့ဝဲၾကၫ့္မိသည္။

အေတာ္ေလး သပ္ရပ္သန႔္ရွင္းေနၿပီး စာအုပ္မ်ားကိုလည္း စင္အျပၫ့္ေတြ့ရတာေၾကာင့္ သူသည္ ထိုေနရာကို သေဘာတက် သြားၾကၫ့္မိသည္။
ရွားပါး ဝတၲုမ်ားအျပင္ စီးပြားေရးဆိုင္ရာ စာအုပ္မ်ားလည္း မ်ားစြာရိွတာမို႔ သူ႔လက္ေခ်ာင္းတို႔ကို မေျမႇာက္ပဲမေနႏိုင္ခဲ့ေခ်။ ဖုန္တစ္စက္မရိွတဲ့ စာအုပ္စင္သည္ သူ႔အားစိတ္ေက်နပ္ေစသည္။

တေရြ့ေရြ့ေလ်ွာက္ေျပးေနေသာ လက္ေခ်ာင္းငယ္တို႔သည္ တစ္ေနရာသို႔အေရာက္တြင္ ရပ္တန႔္သြားေခ်၏။

ထိုအရာသည္ ဂုဏ္ျပဳဆုမ်ားစြာျဖစ္၏။ စာအုပ္စင္၏ ေဘးမွာ မွန္ေကာင္တာျဖင့္သီးသန႔္ထားရိွေသာ ဆုမ်ားစြာသည္ သူ႔အား အံ့အားသင့္ေစသည္။
ကိုစံုသာၿမိဳင္သည္ ေလးတန္းျဖင့္ ေက်ာင္းထြက္ခဲ့ေသာ သူျဖစ္သည္။
ေသစာရွင္စာ သာ ေကာင္းေကာင္းဖတ္တက္သူမို႔ ဆုတံဆိပ္တို႔သည္ သူႏွင့္မဆိုင္ေပ။

ဒါဆို ဘာေၾကာင့္ ဒီအခန္းမွာ တစ္ထီးတစ္နန္း ထားရိွသနည္း။

အေမးမ်ားစြာျဖင့္ သူသည္ ခပ္ေမွာင္ေမွာင္ေနရာရိွ မွန္ေကာင္တာေရ႔ွတြင္ရပ္တန႔္လိုက္သည္။ စပ္စုေသာ မ်က္လံုးေတြသည္ အၿငိမ္မေနခဲ့ေပ။ ခပ္ေသးေသးေရးထားေသာ ဆုတံဆိပ္ေတြသည္ အမ်ိဳးစံုေလသည္။ စာစီစာကံုး ၊ သခ်ၤာထူးခြၽန္၊ အဂၤလိပ္စာ ထူးခြၽန္ ၊ ေျခာက္တန္း၊ခုႏွစ္တန္း၊မွစ၍ ဆယ္တန္းထိ ရခဲ့ေသာ ပ၊ဒု၊တ ဂုဏ္ျပဳမွတ္တမ္းေတြ။ 

သူ႔မ်က္လံုးတို႔သည္ မယံုႏိုင္ေအာင္ ျပဴးက်ယ္လာ၏။
သူသည္ ငယ္စဉ္ကတည္းက ေက်းဇူးရွင္ ေထာက္ပံ့သူအား အၿမဲ ဂုဏ္ယူကေအာင္ႀကိဳးစားခဲ့သည္
သူရခဲ့ေသာ ဆုတို႔သည္ အၿမဲ သူ႔အားေထာက္ပံ့ရသည္ကိုေနာင္တမရေအာင္ ႀကိဳးစားေပးခဲ့ေသာ အရာမ်ားျဖစ္သည္။ ႏွစ္စဉ္ ေနြရာသီတြင္ သူ၏ ဆုတို႔အားအရီးမွတစ္ဆင့္ ပို႔ခဲ့ဖူးသည္။

ထိုဆုတို႔သည္ အဘယ္ေၾကာင့္ ကိုစံုသာၿမိဳင္၏ အခန္းတြင္ေရာက္ရိွေနပါသနည္း။
ေမာင္ညခ်မ္းေအး အဂၤလိပ္ ၊သခ်ၤာ ၊ ဓာတု ၊ရူပ ေလးဘာသာ ဂုဏ္ထူးရွင္ ဆိုသၫ့္ ဆုေပးပြဲ အခမ္းအနားဖိတ္စာသည္ ထိုႏွစ္က သူေနေသာ ေဘာ္ဒါေဆာင္မွ တရားဝင္ မိဘတို႔အားဖိတ္ခဲ့ေသာ အခမ္းအနားဖိတ္စာျဖစ္သည္။
ဘာေၾကာင့္ကိုစံုသာၿမိဳင္၏ လက္ထဲသို႔ေရာက္ေနရသနည္း။

တေဖာက္ေဖာက္ခုန္ေနေသာ ရင္ခုန္သံသည္ အျပင္ကိုပင္ေပါက္ထြက္လာႏိုင္ဖြယ္ရိွေနေလၿပီ။

သူ၏ ေက်းဇူးရွင္မိသားစုသည္ ကိုစံုသာၿမိဳင္ပင္ေလာ။ ဒါဆို သူသည္ ကို‌ယ့္ေက်းဇူးရွင္အေပၚမွာ ေက်းစြပ္ေနတဲ့သူျဖစ္ေနၿပီ။
သူ႔တစ္ဘဝစာလံုးေထာက္ပံ့ေပးေနတဲ့သူအား
သူသည္ ခ်စ္သၫ့္အေၾကာင္းေတာင္မွ  မ်က္ႏွာေရ႔ွထားေျပာရဲခဲ့သည္။

အေၾကာင္းစံုသိေနတဲ့တစ္ဖက္လူသည္ မည္မ်ွစိတ္ပ်က္လိုက္မလဲ ေတြးၾကၫ့္၍ပင္မရ။

ရွက္သၫ့္စိတ္ျဖင့္ သူ႔မ်က္ႏွာတို႔သည္ ရဲရဲနီလာေခ်သည္။
ထိုေန့က ကေလးကို အရီးၿမိဳင္ကိုသာ  ေသခ်ာအပ္၍ျပန္ခဲ့လိုက္ေတာ့သည္။
အိမ္ျပန္ေရာက္‌တဲ့အထိစိတ္ႏွင့္လူ ကပ္မေနေပ။
သူအေတာ္ေလး ဝမ္းနည္းေနမိသည္။ ကိုစံုသာၿမိဳင္သည္သူ၏
ပထမဦးဆံုးအခ်စ္ဦးျဖစ္သည္။အခ်စ္ဦးမို႔စြဲလန္းစိတ္ကလည္းမ်ားေပသည္။ အသည္းကြဲရသလို ရွက္လည္းရွက္ရသည္မို႔ ထိုသူႏွင့္ေနာက္ရက္ေတြ ဘယ္လိုေရွာင္ရွားရမလဲဟူေသာ အေတြးကိုသာေတြးေနမိေတာ့သည္။

______

တိတ္ဆိတ္ေသာ ညတြင္ ကားစက္သံသဲ့သဲ့က ထိုးေဖာက္လာသည္။
မည္သူတစ္ဦးတစ္ေယာက္မွ ထြက္ႀကိဳျခင္းမရိွသလို ညသည္လည္း နက္ေနေလၿပီ။
တစ္စံုတစ္ေယာက္သည္ ကားတံခါးကို ညင္သာစြာပိတ္လိုက္သလို တစ္ဖက္တံခါးက ဖြင့္ထြက္လာေသာ သူကလည္း ညင္သာစြာ ပိတ္လိုက္သည္ကိုေတြ့ရ၏။ႏွစ္ေယာက္လံုးသည္ ပတ္ဝန္းက်င္ကို ေနွာက္ယွက္မိမွာ စိုးရြံ႔ေနသလိုပင္။ 

ထို႔ေနာက္ ေသာ့ပိတ္ထားသလိုအိမ္တံခါးကို ကိုယ္တိုင္ဖြင့္၍ ႀကီးမားေသာ အိမ္ႀကီးအတြင္း တိုးဝင္ေပ်ာက္ကြယ္သြား၏။

"ေဖႀကီး ... "

ကူးကူးသည္ ထမင္းစားဝိုင္းတြင္ သူ႔အေဖကို ေတြ့ရမည္ဟု ထင္မထားေပ။
သူ႔အေဖကိုျမင္သည္ႏွင့္ ဝမ္းသာအားရ ေအာ္ကာ ေျပးဖက္လိုက္သည္။

" ‌ျပန္လာၿပီလား"

" အင္း . .. ဦးဦးနဲ႔အတူတူ ျပန္ခဲ့တာ "

အျဖဴအစိမ္းဂါဝန္ဝတ္ထားေသာကူးကူးသည္ ေက်ာင္းကေန ျပန္ေရာက္လာၿပီျဖစ္သည္ ။ မနက္ ကူးကူးအိပ္ယာႏိုးကာစက စံုသာၿမိဳင္သည္ မိုးခ်ဳပ္မွ ေရာက္သည္မို႔ အိပ္ယာ ေစာေစာမထႏိုင္ခဲ့ေခ်။
ကူးကူးတစ္ေယာက္ သူ႔အေဖအား ေမာ့ၾကၫ့္၍

"ဦးဦးက  ေဖႀကီး ဘယ္ေန့ ျပန္လာမွာလဲ တဲ့ ခဏခဏ ေမးေနတာ "

ကေလးစကားက စံုသာၿမိဳင္ကို အေနခက္ေစေပမဲ့
အနည္းငယ္မ်ွလည္း ေက်နပ္သြားခဲ့၏။ လိႈင္းခတ္ေနတဲ့ ရင္အစံုေၾကာင့္ ရွက္ရမ္းရမ္းကာ

"ဒါဆို ေဖႀကီးျပန္ေရာက္ၿပီလို႔ သြားေျပာလိုက္ေလ။
ဟိုနားမွာ ဦးဦးအတြက္ လက္ေဆာင္ေတြဝယ္လာတယ္ ။ ေပးလိုက္ေနာ္။"

လက္ေဆာင္ဆိုတဲ့အသံၾကားေတာ့ ကူးကူးသည္ ေျပးဆင္းသြား၏။

"ခင္ဗ်ား ဒီကိစၥကို ဘယ္လိုေျဖရွင္းမွာလဲ ။ ကိုသက္ခိုင္ "

ထြက္ေျပးသြားတဲ့ ကေလးေနာက္ကို လိုက္ၾကၫ့္ေနတဲ့ ကိုသက္ခိုင္၏ မ်က္လံုးမ်ားသည္ အလန႔္တၾကားျဖစ္သြားသည္ႏွယ္ ေဝ့သီေနတဲ့မ်က္ရည္မ်ားကို ပုတ္ခတ္သိမ္းဆည္းလိုက္ေလသည္။

" ငါက ဘယ္လိုလုပ္ရမွာလဲ ငစံုရာ။
မင္းသိတဲ့အတိုင္း ငါ့ဘဝက ..."

ေျပာရင္း အသံေတြတိမ္ဝင္သြားရွာတဲ့ ကိုသက္ခိုင္ကို

" ခင္ဗ်ားဘဝက ဘာျဖစ္ေနလို႔လဲ ကိုသက္ခိုင္။
ခင္ဗ်ား မွာ ေငြရိွပါတယ္။ ခင္ဗ်ားအတြက္ က်ဳပ္ခ်န္ထားတဲ့ ေရႊေတြ အျပင္ က်ဳပ္လုပ္ငန္းမွာ ကေလးနာမည္နဲ႔ အစုရွယ္ယာသေဘာအေနနဲ႔ထၫ့္ေပးထားတာလည္းရိွတယ္။ မပူမပင္မေၾကာင့္မက် ခင္ဗ်ားေနလို႔ရတယ္ေလ "

"မဟုတ္ဘူး ငစံု ။ ကေလးက ငယ္လြန္းေသးတယ္။
ဒီအခ်ိန္ သူ႔အေဖက ေထာင္ထြက္တစ္ေယာက္ဆိုတာ ငါမေျပာႏိုင္ဘူး "

လြန္ခဲ့တဲ့ ေျခာက္ႏွစ္က အခ်ိန္ေတြကို ျပန္လည္းေတြးမိကာ စံုသာၿမိဳင္သက္ျပင္းခ်မိေတာ့သည္။

"ေထာင္ထြက္တစ္ေယာက္ဆိုေပမဲ့ ခင္ဗ်ားက မိသားစုကို ကာကြယ္ခဲ့တဲ့ သူရဲေကာင္းတစ္ေယာက္ပါ ။ သမီးကိုေသခ်ာ နားလည္ေအာင္ေျပာျပရင္ နားလည္မွာပါ။ စိတ္ထဲ အမ်ားႀကီးခံစားမေနပါနဲ႔ ကိုသက္ခိုင္။ ၿပီးခဲ့တာေတြလည္းၿပီးသြားပါၿပီဗ်ာ"

ထိုအခ်ိန္တြင္ တြင္းပိခဲ့ေပမဲ့ ကိုသက္ခိုင္သည္ ေသကံမွ လြတ္ခဲ့သည္။
ေဆးရံုေပၚမွာ ငစံုအပါဝင္ ႏွစ္ေယာက္သား လအေတာ္ၾကာေအာင္တက္ခဲ့ရၿပီး ရည္းစားျဖစ္သူ
ၾကည္ျပာကလည္း လိုက္လံျပဳစုခဲ့သည္။

အိုးခ်င္းထားအိုးျခင္း ၫွိၾကသလို ကိုသက္ခိုင္နဲ႔ ၾကည္ျပာသည္ ‌ေတာင္ေမွာ္ျပန္ေရာက္ေတာ့ အေနနီးစပ္ခဲ့သည္။ က်န္းမာေရး ျပန္ေကာင္းခါစ ျဖစ္တာတစ္ေၾကာင္းမို႔ မဂၤလာအခ်ိန္ကို သက္သက္မွတ္မွတ္ေတာ့ မေရြးရေသး။ အေၾကာင္းသိသူေတြမို႔
မၾကာခင္ယူၾကေတာ့မဲ့ စံုတြဲဆိုတာကို လူတိုင္းလည္းသိၾကသည္။

ေတာင္ေမွာ္အင္းတြင္ ငစံု၏အင္းသည္ေရႊေအာင္ေနၿပီျဖစ္တာမို႔
ႀကိတ္ကာ သတင္းမေပါက္ေအာင္ႀကိဳးစားေနရတဲ့အခ်ိန္ျဖစ္တာတစ္ေၾကာင္းမို႔ အလ်င္စလို လက္မထပ္ရေသးတာပဲရိွခဲ့သည္။

ထိုအခ်ိန္ အင္း၏ေရႊေအာင္ႏႈန္းမွာ လူတိုင္းမက္ေမာ
စရာတစ္ခုလို ျဖစ္ေနမွာစိုးတာေၾကာင့္ ငစံုနဲ႔ဘေမွာင္သည္ ေမ်ာစာကို လူသိေအာင္ မက်င္ပဲ အင္ေခ်းအျဖစ္ စြန႔္ပစ္သဲကိုေရာင္းစားသေယာင္ေဆာင္ခဲ့သည္။

ထိုစြန႔္ပစ္ေမ်ာစာကို ကားျဖင့္ သယ္ယူကာ တိတ္တဆိတ္ အျပင္တစ္ေနရာမွာ က်င္ယူခဲ့ၾကရာ
အေတာ္ေလး လူသိနည္းခဲ့သည္။ ေရႊပါ ႏႈန္းထားသည္ ေအာက္ေျခလူတန္းစားတိုင္း မျမင္ဖူးတဲ့ႏႈန္းထားျဖင့္ေအာင္ခဲ့သည္။ သိုသိပ္လြန္းတဲ့အျပင္ ဘေမွာင္၏အဖြဲ႔သည္လည္း စိတ္ခ်ရသည္။ သူတို႔သည္ ၿမိဳ႔အျပင္လူသူနည္းပါးတဲ့ၿခံဝန္းကို ငွားရမ္းကာ တိုးတိုးတိတ္တိတ္ထိုေနရာမွာေရႊက်င္ခဲ့သည္။
ပါသမ်ွေရႊအျပင္ ေရႊျဖဴသည္ ငစံု၏ဘဝအားေျပာင္လဲေစခဲ့တဲ့အရာမ်ားျဖစ္ၾကသည္။

ျဖစ္ခ်င္ေတာ့ ၾကည္ျပာကို ေခ်ာင္းေျမာင္းေနတဲ့ အိုက္ေမာင္းသည္ အခြင့္အေရးရသလို ျဖစ္ေနေလသည္။ တစ္ေန့ ေတာင္ေမွာ္အင္းကေန အျပန္ၾကည္ျပာအား အိုက္ေမာင္းသည္ အဓမၼျပဳေစာ္ကားခဲ့ေလရာ ကိုသက္ခိုင္သည္ ထိုသတင္းသိရာ စိတ္မထိန္းႏိုင္ေတာ့ပဲ ေဆးရႈေနတဲ့အိုက္ေမာင္းအား ဓားျဖင့္ အခ်က္ေပါင္း မ်ားစြာ ထိုး၍ သတ္ပစ္ခဲ့သည္။

ထိုအခ်ိန္က ၾကည္ျပာသည္လည္း အရူးမီးဝိုင္းပင္။
တစ္ရွက္ကေန ႏွစ္ရွက္ျဖစ္ရသလို ေထာင္ထဲေရာက္ေနေသာ ကိုသက္ခိုင္ေၾကာင့္ ဘာလုပ္ရမလဲမသိတဲ့ေန့ရက္မ်ားစြာျဖစ္ခဲ့ေလသည္။

အခ်ိန္ကိုက္ပင္ မူးေမ့လဲရာ ကိုယ္ဝန္ရိွေနေၾကာင္းသိလိုက္ရေလသည္။ ေထာင္သံတိုင္တို႔ကိုကိုင္ကာ
ကိုသက္ခိုင္သည္ ၾကည္ျပာအတြက္ ေယာက္်ားတန္မဲ့မ်က္ရည္စက္လက္က်ခဲ့ရၿပီး ကေလးအား ေမြးဖို႔အႀကိမ္ႀကိမ္ ေတာင္းပန္ခဲ့ေလသည္။

စိတ္မေကာင္းစရာေကာင္းသည္က
အားေလ်ာ့ေနၿပီျဖစ္တဲ့ ၾကည္ျပာဆိုတဲ့ မိန္းကေလးသည္ ခ်ဳပ္ရက္ ၆လ ႏွင့္ ရံုးခ်ိန္းမ်ားစြာ ျဖတ္အေက်ာ္ၿပီး အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၇ႏွစ္ဆိုတဲ့ တရားသူႀကီးအမိန႔္ကိုေတာ့ မလြန္ဆန္ႏိုင္ခဲ့ေပ။

အမိန႔္ခ်မွတ္သၫ့္ေန့မွာပဲ ၾကည္ျပာသည္
ရနံ႔ကူးအား ေဆးရံုေပၚတြင္အေရးေပၚ ခြဲစိတ္၍ေမြးခဲ့ရသည္။

ကေလးသည္ ရွစ္လ ေကာင္းေကာင္းပင္ မိခင္ဗိုက္ထဲမေနခဲ့ရေပ။ ထို႔ေန့တြင္ပင္ ၾကည္ျပာသည္ စိတ္ေထာင္းကိုယ္ေၾက ျဖစ္ကာ ကေလးငိုသံကိုပင္မၾကားႏိုင္စြာ ေမြးခန္းမွာပင္ ေသဆံုးခဲ့ရေလသည္။ အမွန္ေတာ့
အိုက္ေမာင္းအဓမၼ ျပဳက်င့္ခဲ့စဉ္ကတည္းက ၾကည္ျပာဝမ္းတြင္းမွာ ကေလး ရိွေနၿပီျဖစ္၏။
ဘာမွမျဖစ္သြားသည္မွာ ေတာ္ေသးသည္ဟု ေျပာရမလားပင္။ သနားစရာရနံ႔ကူးကို စံုသာၿမိဳင္သည္ တရားဝင္ ေမြးစားခဲ့ေပမဲ့ အေဖျဖစ္သူကေတာ့
ကိုသက္ခိုင္သာျဖစ္ေပေတာ့သည္။



Bạn đang đọc truyện trên: ZingTruyen.Xyz