ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

1

eainsi23

1991ခုနှစ် ...

ကျဉ်းမြောင်းသော လမ်းကြားငယ် ၊ မညီညာသော
မြေနီရောင်လမ်းနှင့် ချိုင့်ခွက်ငယ်များ...
သည်နေရာသည် သဖန်းတော‌ရွာကြီး၏ အမှတ်၃ ရက်ကွက်ငယ်လေး တစ်ခုမှာဖြစ်၏။
ပျဉ်ထောင်အိမ်ငယ်တစ်လုံး၏ အထဲတွင် ဆယ့်လေးနှစ်အရွယ်ကောင်ငယ်လေးတစ်ယောက် လှဲလျောင်းအိပ်စက်နေခဲ့သည်။ သူ့နာမည်က စုံသာမြိုင် ။
မိမဲ့၊ဖမဲ့မို့ လူတိုင်း ၏ ခိုင်းဖက် ဖြစ်၍ အမြဲ ချောင်ကပ်ကာ စိတ်အားငယ်နေတက်တဲ့ကလေးတစ်ဦးဖညစ်ခဲ့သည်။
ခုလည်း အရှေ့ရွာရှိ သူ့ဘကြီး တစ်ဦး၏ နွားခြံ၌ နွားနို့ညှစ်ကူးစဉ် နွားကန်ခံရပြီး အိပ်ယာပေါ်လှဲနေတာ တစ်ပတ်ကျော်ခန့်ရှိလေပြီ။ မကြာခဏ ဆွေမျိုးများက
ဆေးတိုက် အစာကျွေးလာတက်ပေမဲ့ ပစ်ထားသည်က များသည်မို့ ငစုံခမျာ အိပ်ယာထဲမှာ ပက်လက်။
မနေ့က တစ်နေ့လုံး သူ့မှာနိုးတစ်ဝက်အိပ်တစ်ဝက်ဖြင့် အိပ်မက်ရှည်ကြီး တစ်ခု မက်ဖြစ်ခဲ့သည်။
အိပ်မက်ထဲတွင် ညချမ်းအေးဆိုတဲ့ကလေးငယ်သည်
သူ့၏စိတ်အာရုံတွင်အထင်ဟပ်ဆုံးပင်။

ထိုကလေးငယ်ကို ပေါက်စီတစ်လုံးကျွေးခဲ့ရာမှ အစပြုသိခဲ့ရပြီး သူ၏သက်တမ်းထက်ဝက်ကျော်အတွင်း တစ်လတောင်မမေ့လျော့ခဲ့ပဲ သူ့နောက်လိုက်ခဲ့သော သစ္စာအရှိဆုံးသူဖြစ်ခဲ့၏။
နောက်ဆုံး သူသေဆုံးလမတိုင်ခင် အလိုချင်ဆုံးနောက်ဆုံး စာတစ်စောင်ကို လာအပို့မှာ မိုးရွာထဲကားတိုက်သေဆုံးခဲ့ခြင်းကြောင့် ညချမ်းအေးသည်
ပို့ဆောင်သူမပါပဲ တိတ်တဆိတ် အထီးကျန်ဖွယ်
သေးဆုံးခဲ့ရခြင်းသည် သူ့အားနာကျင်စေခဲ့သည်။

သူအိပ်မက်မှ နိုးထအပြီးမှ သူ့ဘဝ သည် တဖန် ပြန်လည်မွေးဖွားခြင်းဖြစ်သည်ကို သတိထားမိလိုက်သည်။ ထို့နောက်.....

_______

သဖန်းတောရွာ။ ထိုရွာတွင် ပေါင်းကူး ဝါးတန်းငယ်ဖြင့် လမ်းဖြတ်၍ ရအောင်ပြုလုပ်ထားသော ဝါးတံတားငယ်ရှိလေသည်။ အရှေ့ရွာ ၊အနောက်ရွာ
နှစ်ရွာပေါင်းမှ သဖန်းတောအမည်တွင် ရွာဖြစ်ရ၏။
နောင်တွင် ထိုချောင်းငယ်အပေါ်တွင် ခိုင်ခံ့သော ချောင်းကူး
တံတားအသေးတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သော်ငြား
အခုတွင်တော့ ခနှော်လီ ခနှော်နဲ့ ဝါးတံတားအပေါ်တွင် ငစုံတစ်ယောက်ပြေးလွှားနေခဲ့၏။

"ငစုံ .. ဘယ်လဲ "

ရေဆွဲရောင်းတဲ့ ဦးဝကြီး ၏ အမေးစကားကို သူမဖြေနိုင် ။ ခြေလှမ်းတို့၏ ဦးတည်ရာအရပ်ကား
အိမ်အိုတစ်ခု၏ ခပ်ကျဲကျဲကာရံထားတဲ့ခြံစည်းရိုးရှိရာအရပ်၌ ဖြစ်၏။

" ညချမ်းအေး .. ဒါလေးလုပ်နေတာကို လှုပ်စိလှုပ်စိနဲ့ခုထိမပြီးသေးဘူးလား။ တကတည်းတော် ပြီးရင် ကျောင်းသွားရအုံးမှာ ဘာညာနဲ့ ဘယ်ချိန်ခိုင်းစားရမှာလဲ ငါတို့က "

အိမ်အိုအတွင်းရှိ မိန်းမကြီးတစ်ယောက်အသံကြောင့်
ငစုံတစ်ယောက် ကျဲနေသော အကာရံကြားမှ ‌ခြေဖျားထောက်ကာ ခြံအတွင်းလှည့်ရှာလိုက်တော့
‌၁၀နှစ်အရွယ် ကလေးငယ်က ရေဘုံဘိုင်တစ်ခုရှေ့တွင် အိုးခွက်တို့အား ဆေးကြောနေလျက်တွေ့ရ၏။

သူကား.. ညချမ်းကလေးသာဖြစ်၏။
အပေါက်အပြဲပါသော အင်္ကျီ။
အရောင်မရှိသော ဘောင်းဘီတိုဖြင့် ကလေးငယ်၏
ပုံပန်းမှာ သနားစဖွယ်။

သို့သော်ငြား စုံသာမြိုင် တစ်ယောက် အပျော်ကြီးပျော်သွားလေသည်။
သူသည် ထောင်ထဲမှာ ငှက်ဖျားရောဂါ‌စွဲကပ်၍
သေဆုံးခဲ့ရသော်ငြား ညချမ်းအေးအားတွေ့ချင်စိတ်ဖြင့် တဖန်ပြန်လည်မွေးဖွားခဲ့ခြင်းသာ ဖြစ်၏။
အတိတ်တွင် မည်သို့ဖြစ်ခဲ့ပါစေ..
ခုလို မည်သည့်အစွန်းအထင်းမှမရှိသေးတဲ့ အခြေအနေအားတွေ့မြင်ရသော် သူ့ထက်ပျော်ရတဲ့သူက ဘယ်သူရှိနိုင်မှာတဲ့လဲ။

ညချမ်းအေး ဆိုတဲ့ကလေးငယ်သည် အတိတ်ဘဝတွင် ဖြတ်သွားဖြတ်လာသာသာ သိရှိခဲ့ရပေမဲ့
သူ့ဘဝနောက်ဆုံးအကြိမ်တွင် လက်လှမ်းမိခဲ့သော
အစစ်မှန်ဆုံးသူတစ်ဦးဖြစ်တာကြောင့် ယခုဘဝတွင်
အကောင်းဆုံးစောင့်ရှောက်ပေးဖို့ကား သူ့တာဝန်
ဖြစ်လာခဲ့လေ၏။

..........

" ချစ်ထွန်း ! ဒီနားလာ ငါပြောမယ် "

ကလေး လေးငါးယောက်ဆော့ကစားနေသည့်အနားတွင် ရပ်ကြည့်နေသော ပိန်သေးသေး ကလေးတစ်ယောက်အား လှမ်းခေါ်လိုက်တော့ လှည့်ကြည့်လာသည့်မျက်နှာထက်မှာ အမဲရောင် အမှတ်မှာ ထင်းခနဲ။

ငယ်ရုပ်က သူနောက်ဆုံးတွေ့ခဲ့ဘူးတဲ့ အသက်နှစ်ဆယ်ကျော် အရွယ် နှင့် တခြားဆီဆိုပေမဲ့ မှတ်မှတ်ရရ ညာဖက်ပါးပြင်က အမဲရောင်စာမှတ်ကလေး‌ကိုတော့ သူကွဲပြားစွာမှတ်မိနေသေးသည်။

" ချစ်ထွန်း.. မင်း နာမည် ချစ်ထွန်းမို့လား.."

၁၁နှစ်အရွယ်ချစ်ထွန်းက သူ့အမေး ကို ဂျစ်ကန်ကန်မော့ကြည့်ရုံကလွဲပြီးပြန်မဖြေ။
ဟုတ်သည် ။ ဒါ ချစ်ထွန်းမှ ချစ်ထွန်း။ အတိတ်ဘဝတွင် ချစ်ထွန်း နှင့် ကျော်စိုးသည် သူ၏ ဘယ်ညာလက်ရုံးများသာဖြစ်ခဲ့ပြီး ချစ်ထွန်းက သူ့ကြောင့်
အသက်၂၅နှစ်အရွယ်တွင် ရေထဲပြုတ်ကျသေဆုံးခဲ့ရသူဖြစ်၏ ။

ကျော်စိုးကတော့....

စုံသာမြိုင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍
ချစ်ထွန်းဘေး မလှမ်းမကမ်းမှာ ဝင်ထိုင်လိုက်သည်။
ချစ်ထွန်းသည် ပထွေးနဲ့နေရသူဖြစ်ပြီး အတိတ်ဘဝတွင် မိခင်ကိုနှိပ်စက်သော ပထွေးအား ဓားနဲ့ထိုးသတ်ခဲ့သည်မို့ ‌လူငယ်လေ့ကျင့်ရေးစခန်းမှာအချိန်ကြာ‌ အောင်ထိန်းသိမ်းခြင်းခံခဲ့ရ၏။
သူနဲ့စတွေ့ခဲ့ရတာလည်းထိုကျောင်းမှာဖြစ်၏။

" ငါ့နာမည် စုံသာမြိုင် ။ ငါ အရှေ့ရွာမှာနေတာ။ "

"..."

ချစ်ထွန်းနှုတ်က စကားလုံး တစ်လုံးတောင်မထွက်သေးပေမဲ့ သူက တော့ ထိုအမူအယာကို အလွတ်ရသည်နှယ် စိတ်ဆိုးမနေခဲ့ပါ။ အတိတ်ဘဝတွင်လည်း ချစ်ထွန်းက ဤသို့ပင် အေးတိအေးစက် ဖြစ်သူပင်။
သို့သော် နှလုံးသားက အင်မတန်နွေးထွေး ကြောင်းကိုငစုံတစ်ယောက်သာအသိဆုံး။

" မင်း ပထွေးနဲ့အဆင်မပြေရင် ၊ ငါ့ဆီ လာနေလို့ရတယ်။ ငါက တစ်ကောင်ကြွက် "

" ဘာလို့ ခင်ဗျားဆီ လာနေရမှာလဲဗျ ။ ကျုပ်မှာ အိမ်ရှိတယ် "

ချစ်ထွန်း၏ မှုန်ကုတ်ကုတ်မျက်နှာကို ငဲ့ကြည့်ကာ
ငစုံတစ်ယောက်‌.. ခပ်မဲ့မဲ့ ပြုံးလိုက်မိသည်။

" ဘာလို့လဲဆိုတော့.. ။"

သူဆက်မပြောတာမြင်တော့ ချစ်ထွန်းတစ်ယောက်
၏ကုတ်လက်စမျက်ခုံးက ပိုတွန့်ကုတ်သွားတာသိသိသာသာ။ ငစုံ သဘောတကျရယ်ကာ ချစ်ထွန်းခေါင်းကို ဆွဲဖွလိုက်ပြီး...

" ဒီကမ္ဘာကြီးမှာ ငါတို့အတူ
ရှေ့လျှောက် အတူရှိနေနိုင်တော့မှာမို့လို့ပေါ့ကွ။
ချစ်ထွန်း.. မင်းယုံရင် ငါနောက်လိုက်ခဲ့လို့ရတယ်။
အရှေ့ရွာက စုံသာမြိုင်ဆိုရင် မင်း ငါရှိရာ ကို တွေ့နိုင်တယ်။ အချိန်တန်ရင် မင်းအမေက မင်းပထွေးဖက်ကို ပါမှာပဲ။ အဲ့ကျ မင်းအရမ်းနာကျင်ရလိမ့်မယ်"

ယခု သူပြောစကားတွေကို ချစ်ထွန်းနားလည်မည်ဟုမထင်သော်ငြား သူသည်ကား အတိတ်ဘဝတွင် အသက်ငါးဆယ်နီးပါးနေခဲ့ဖူးတဲ့လူတစ်ယောက်အနေနဲ့ လောကကြီးအကြောင်းအကုန်သိနိုင်ခဲ့၏။
ချစ်ထွန်း၏အမေသည် ပထွေးအားသတ်ခဲ့သော သားဖြစ်သူအားအလွန်စိတ်နာကာ လေ့ကျင့်ရေးစခန်းရောက်နေတဲ့သားဖြစ်သူကို တစ်ခါလေးတောင်မှ သွားတွေ့ခြင်းမရှိခဲ့သူဖြစ်၏။
မိမဲ့ဖမဲ့သမားတစ်ယောက်မို့ အတိတ်ဘဝတွင် ငတ်ငတ်ပြတ်ပြတ်ဖြင့်ဖြစ်သလိုနေထိုင်စားသောက် ခဲ့ရ
ပေမဲ့ ချစ်ထွန်းနဲ့ ကျော်စိုးကိုတော့ ညီငယ်လေးတွေ  လို သူစောင့်ရှောက်ပေးခဲ့၏။  ခု ချစ်ထွန်းရှေ့ ထိုင်နေတဲ့ အသက်၁၄နှစ်အရွယ် ကောင်ငယ်လေးတစ်ယောက်အနေနဲ့ လုပ်နိုင်စွမ်းသည် အတိတ်နှင့်ခြားနားစွာ မတူညီတော့ချေ။ သူချစ်ထွန်းကို ယခုဘဝကနေ ဆွဲယူကယ်တင်ချင်သည်။ အတိတ်နှင့်ခြားနားစွာ
ကောင်းမွန်တဲ့ဘဝတွေ အတူဖြတ်နိုင်သန်းနိုင်မည်။

စုံသာမြိုင်၏ အပြောအောက်တွင် ချစ်ထွန်းတစ်ယောက် အနည်းငယ်တွေဝေသွားခဲ့သည်ကို ငစုံသိလေသည်။ ထို့ကြောင့် နောက်ရက်မှ ထပ်မံနားသွင်းရန် အိမ်ကိုပြန်လာခဲ့လိုက်သည်။

_________

" ဆိုတော့ မင်း ဒီခြံတစ်ဝက်ကိုရောင်းမယ်ပေါ့"

ဆွေမျိုးနီးစပ်တော်သော ဘကြီးဖြစ်သူကို ခေါင်းဆတ်ပြပုံမှာ သူ့ကိုယ်သူ ယုံကြည်မူ့ရှိသူနှယ်။
အကြောင်းမှာ ငစုံတစ်ယောက် သုံးစရာငွေပြတ်လပ်နေပြီဖြစ်သလို .. ယခု သူနဲ့စကားပြောနေသူသည်
အကျင့်သီလ ကောင်းမွန်သူ မဟုတ်တာကြောင့်ပင်။

ယခင်ဘဝတွင် ဒီလူကြီးက သူ့၏ခြံဝန်းအား
မတရားသဖြင့်ရယူခဲ့သဖြင့် နေစရာပျောက်ကာ လမ်းဘေးမှာ ဖြစ်သလိုနေထိုင်ခဲ့ရသော အခြေအနေကိုပြန်တွေးမိပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်မိလေတော့၏။ ရောင်းပစ်ရသော အခြေအနေက သီးသန့်ရှိသေးသည်။ နောက်သုံးလတွင် ရပ်ရွာ လမ်းချဲ့ထွင်ခြင်း၊လမ်းပန်းသာယာဝပြောရေးအတွက် လမ်းနယ်နမိတ်မလွတ်သည့် အိမ်ယာမြေများ ဖယ်ထုတ်ခံရသည့်အခြေအနေတွင် ငစုံ၏ အိမ်ခြံမြေတစ်ဝက်က
ဖယ်ထုတ်ခံခဲ့ရတာကြောင့်ဖြစ်သည်။

ဦးလူလှမှာ ငစုံ စကားကြောင့် ပါဝါခပ်များများမျက်မှန်အား နှာနုရိုးမှတစ်ဆင့် တွန်းတင်ကာ နီနီတီတီမျက်နှာကြီးကို တူတော်မောင်ရှေ့ တည့်တည့်တိုး၍ ကြည့်မိသည်။

" မင်းတကယ်ရောင်းမှာလား"

" တကယ်ရောင်းချင်တယ်။ ဘကြီးဝယ်မလို့လား"

ဦးလူလှ ခေါင်းညိမ့်ပြကာ

" အေး.. ရောင်းမယ်ဆိုရင်တော့ ငါဝယ်ထားလိုက်လို့ရပါတယ်။ ဒါပေမဲ့ လမ်းဘေးမျက်နှာစာက မြေနေရာ
ဆိုမှ ဝယ်မှာနော်"

လိုချင်တဲ့အကွက်ထဲဝင်လာတော့ ငစုံ မျက်နှာမမဲ့မိအောင်ကြိုးစားထိန်း၍

" ဦးလေးက လမ်းမျက်နှာသာမြေမှရချင်တယ်ဆိုတော့လည်း..."

ငစုံရဲ့ အင်တင်တင်ပုံစံမြင်တော့ ဦးလူလှ
မျက်မှောင်ကုတ်ကာ...

" မင်း သူများဆီရောင်းရင်ဈေးနှိမ်ခံရမှာနော် "

"ဘကြီးက ဘယ်လောက်ပေးမှာလဲဗျ ။ ကျုပ် မြို့ပေါ်မှာ ပညာသင်သွားဖို့ရာ ငွေက အတော်လိုနေတာ "

ဦးလူလှက လူညစ်။ အရင်ကတည်းက ငစုံ အကြောင်းသိပ်စိတ်ဝင်စားလှသည်မဟုတ်တာကြောင့်  ဘာပြောပြော  ခေါင်းထဲမရောက်။  လူပေါ်လူညွန့်ခူးရုံသာမက
သွေးသားတော်စပ်သူပါမချန် ဖျံကျတက် တာကြောင့် ရွာထဲက သူတော်တော်များများ ဝေးဝေးရှောင်၏။
ပြောလို့ပြောတာမဟုတ်။ ငစုံခြံက နေရာလှတော့ ဦးလူလှ လိုချင်တာမဆန်းပေ။ ထို့အပြင် ငစုံအမေ ချန်ခဲ့သော နွား ငါးကောင်ကိုပါ မျက်စောင်းတထိုးထိုး။

မဟုတ်လည်း ထိုမျှလောက် စိတ်ထဲသိပ်မထည့်တော့တဲ့ ငစုံကတော့ ဦးလူလှဆီမှာ ခြံတစ်ဝက် နွားရှစ်ကောင်ကို ငွေကျပ် တစ်သိန်းနှင့်ရောင်းချခဲ့၏။
ထိုခေတ်က ရွှေတစ်ကျပ်သား ‌၁၆၀၀၀မျှရှိတာမို့
ဈေးက မနည်းပေမဲ့ များလည်းမများခဲ့ပေ။

1991ခုႏွစ္ ...

က်ဉ္းေျမာင္းေသာ လမ္းၾကားငယ္ ၊ မညီညာေသာ
ေျမနီေရာင္လမ္းႏွင့္ ခ်ိဳင့္ခြက္ငယ္မ်ား...
သည္ေနရာသည္ သဖန္းေတာ‌ရြာႀကီး၏ အမွတ္၃ ရက္ကြက္ငယ္ေလး တစ္ခုမွာျဖစ္၏။
ပ်ဉ္ေထာင္အိမ္ငယ္တစ္လံုး၏ အထဲတြင္ ဆယ့္ေလးႏွစ္အရြယ္ေကာင္ငယ္ေလးတစ္ေယာက္ လွဲေလ်ာင္းအိပ္စက္ေနခဲ့သည္။ သူ႔နာမည္က စံုသာၿမိဳင္ ။
မိမဲ့၊ဖမဲ့မို႔ လူတိုင္း ၏ ခိုင္းဖက္ ျဖစ္၍ အၿမဲ ေခ်ာင္ကပ္ကာ စိတ္အားငယ္ေနတက္တဲ့ကေလးတစ္ဦးဖညစ္ခဲ့သည္။
ခုလည္း အေရ႔ွရြာရိွ သူ႔ဘႀကီး တစ္ဦး၏ ႏြားၿခံ၌ ႏြားႏို႔ၫွစ္ကူးစဉ္ ႏြားကန္ခံရၿပီး အိပ္ယာေပၚလွဲေနတာ တစ္ပတ္ေက်ာ္ခန႔္ရိွေလၿပီ။ မၾကာခဏ ေဆြမ်ိဳးမ်ားက
ေဆးတိုက္ အစာေကြၽးလာတက္ေပမဲ့ ပစ္ထားသည္က မ်ားသည္မို႔ ငစံုခမ်ာ အိပ္ယာထဲမွာ ပက္လက္။
မေန့က တစ္ေန့လံုး သူ႔မွာႏိုးတစ္ဝက္အိပ္တစ္ဝက္ျဖင့္ အိပ္မက္ရွည္ႀကီး တစ္ခု မက္ျဖစ္ခဲ့သည္။
အိပ္မက္ထဲတြင္ ညခ်မ္းေအးဆိုတဲ့ကေလးငယ္သည္
သူ႔၏စိတ္အာရံုတြင္အထင္ဟပ္ဆံုးပင္။

ထိုကေလးငယ္ကို ေပါက္စီတစ္လံုးေကြၽးခဲ့ရာမွ အစျပဳသိခဲ့ရၿပီး သူ၏သက္တမ္းထက္ဝက္ေက်ာ္အတြင္း တစ္လေတာင္မေမ့ေလ်ာ့ခဲ့ပဲ သူ႔ေနာက္လိုက္ခဲ့ေသာ သစၥာအရိွဆံုးသူျဖစ္ခဲ့၏။
ေနာက္ဆံုး သူေသဆံုးလမတိုင္ခင္ အလိုခ်င္ဆံုးေနာက္ဆံုး စာတစ္ေစာင္ကို လာအပို႔မွာ မိုးရြာထဲကားတိုက္ေသဆံုးခဲ့ျခင္းေၾကာင့္ ညခ်မ္းေအးသည္
ပို႔ေဆာင္သူမပါပဲ တိတ္တဆိတ္ အထီးက်န္ဖြယ္
ေသးဆံုးခဲ့ရျခင္းသည္ သူ႔အားနာက်င္ေစခဲ့သည္။

သူအိပ္မက္မွ ႏိုးထအၿပီးမွ သူ႔ဘဝ သည္ တဖန္ ျပန္လည္ေမြးဖြားျခင္းျဖစ္သည္ကို သတိထားမိလိုက္သည္။ ထို႔ေနာက္.....

_______

သဖန္းေတာရြာ။ ထိုရြာတြင္ ေပါင္းကူး ဝါးတန္းငယ္ျဖင့္ လမ္းျဖတ္၍ ရေအာင္ျပဳလုပ္ထားေသာ ဝါးတံတားငယ္ရိွေလသည္။ အေရ႔ွရြာ ၊အေနာက္ရြာ
ႏွစ္ရြာေပါင္းမွ သဖန္းေတာအမည္တြင္ ရြာျဖစ္ရ၏။
ေနာင္တြင္ ထိုေခ်ာင္းငယ္အေပၚတြင္ ခိုင္ခံ့ေသာ ေခ်ာင္းကူး
တံတားအေသးတစ္ခု ျဖစ္ေပၚလာမည္ျဖစ္ေသာ္ျငား
အခုတြင္ေတာ့ ခေနွာ္လီ ခေနွာ္နဲ႔ ဝါးတံတားအေပၚတြင္ ငစံုတစ္ေယာက္ေျပးလႊားေနခဲ့၏။

"ငစံု .. ဘယ္လဲ "

ေရဆြဲေရာင္းတဲ့ ဦးဝႀကီး ၏ အေမးစကားကို သူမေျဖႏိုင္ ။ ေျခလွမ္းတို႔၏ ဦးတည္ရာအရပ္ကား
အိမ္အိုတစ္ခု၏ ခပ္က်ဲက်ဲကာရံထားတဲ့ၿခံစည္းရိုးရိွရာအရပ္၌ ျဖစ္၏။

" ညခ်မ္းေအး .. ဒါေလးလုပ္ေနတာကို လႈပ္စိလႈပ္စိနဲ႔ခုထိမၿပီးေသးဘူးလား။ တကတည္းေတာ္ ၿပီးရင္ ေက်ာင္းသြားရအံုးမွာ ဘာညာနဲ႔ ဘယ္ခ်ိန္ခိုင္းစားရမွာလဲ ငါတို႔က "

အိမ္အိုအတြင္းရိွ မိန္းမႀကီးတစ္ေယာက္အသံေၾကာင့္
ငစံုတစ္ေယာက္ က်ဲေနေသာ အကာရံၾကားမွ ‌ေျခဖ်ားေထာက္ကာ ၿခံအတြင္းလွည့္ရွာလိုက္ေတာ့
‌၁၀ႏွစ္အရြယ္ ကေလးငယ္က ေရဘံုဘိုင္တစ္ခုေရ႔ွတြင္ အိုးခြက္တို႔အား ေဆးေၾကာေနလ်က္ေတြ့ရ၏။

သူကား.. ညခ်မ္းကေလးသာျဖစ္၏။
အေပါက္အၿပဲပါေသာ အက်ႌ။
အေရာင္မရိွေသာ ေဘာင္းဘီတိုျဖင့္ ကေလးငယ္၏
ပံုပန္းမွာ သနားစဖြယ္။

သို႔ေသာ္ျငား စံုသာၿမိဳင္ တစ္ေယာက္ အေပ်ာ္ႀကီးေပ်ာ္သြားေလသည္။
သူသည္ ေထာင္ထဲမွာ ငွက္ဖ်ားေရာဂါ‌စြဲကပ္၍
ေသဆံုးခဲ့ရေသာ္ျငား ညခ်မ္းေအးအားေတြ့ခ်င္စိတ္ျဖင့္ တဖန္ျပန္လည္ေမြးဖြားခဲ့ျခင္းသာ ျဖစ္၏။
အတိတ္တြင္ မည္သို႔ျဖစ္ခဲ့ပါေစ..
ခုလို မည္သၫ့္အစြန္းအထင္းမွမရိွေသးတဲ့ အေျခအေနအားေတြ့ျမင္ရေသာ္ သူ႔ထက္ေပ်ာ္ရတဲ့သူက ဘယ္သူရိွႏိုင္မွာတဲ့လဲ။

ညခ်မ္းေအး ဆိုတဲ့ကေလးငယ္သည္ အတိတ္ဘဝတြင္ ျဖတ္သြားျဖတ္လာသာသာ သိရိွခဲ့ရေပမဲ့
သူ႔ဘဝေနာက္ဆံုးအႀကိမ္တြင္ လက္လွမ္းမိခဲ့ေသာ
အစစ္မွန္ဆံုးသူတစ္ဦးျဖစ္တာေၾကာင့္ ယခုဘဝတြင္
အေကာင္းဆံုးေစာင့္ေရွာက္ေပးဖို႔ကား သူ႔တာဝန္
ျဖစ္လာခဲ့ေလ၏။

..........

" ခ်စ္ထြန္း ! ဒီနားလာ ငါေျပာမယ္ "

ကေလး ေလးငါးေယာက္ေဆာ့ကစားေနသၫ့္အနားတြင္ ရပ္ၾကၫ့္ေနေသာ ပိန္ေသးေသး ကေလးတစ္ေယာက္အား လွမ္းေခၚလိုက္ေတာ့ လွၫ့္ၾကၫ့္လာသၫ့္မ်က္ႏွာထက္မွာ အမဲေရာင္ အမွတ္မွာ ထင္းခနဲ။

ငယ္ရုပ္က သူေနာက္ဆံုးေတြ့ခဲ့ဘူးတဲ့ အသက္ႏွစ္ဆယ္ေက်ာ္ အရြယ္ ႏွင့္ တျခားဆီဆိုေပမဲ့ မွတ္မွတ္ရရ ညာဖက္ပါးျပင္က အမဲေရာင္စာမွတ္ကေလး‌ကိုေတာ့ သူကြဲျပားစြာမွတ္မိေနေသးသည္။

" ခ်စ္ထြန္း.. မင္း နာမည္ ခ်စ္ထြန္းမို႔လား.."

၁၁ႏွစ္အရြယ္ခ်စ္ထြန္းက သူ႔အေမး ကို ဂ်စ္ကန္ကန္ေမာ့ၾကၫ့္ရံုကလြဲၿပီးျပန္မေျဖ။
ဟုတ္သည္ ။ ဒါ ခ်စ္ထြန္းမွ ခ်စ္ထြန္း။ အတိတ္ဘဝတြင္ ခ်စ္ထြန္း ႏွင့္ ေက်ာ္စိုးသည္ သူ၏ ဘယ္ညာလက္ရံုးမ်ားသာျဖစ္ခဲ့ၿပီး ခ်စ္ထြန္းက သူ႔ေၾကာင့္
အသက္၂၅ႏွစ္အရြယ္တြင္ ေရထဲျပဳတ္က်ေသဆံုးခဲ့ရသူျဖစ္၏ ။

ေက်ာ္စိုးကေတာ့....

စံုသာၿမိဳင္ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္၍
ခ်စ္ထြန္းေဘး မလွမ္းမကမ္းမွာ ဝင္ထိုင္လိုက္သည္။
ခ်စ္ထြန္းသည္ ပေထြးနဲ႔ေနရသူျဖစ္ၿပီး အတိတ္ဘဝတြင္ မိခင္ကိုႏိွပ္စက္ေသာ ပေထြးအား ဓားနဲ႔ထိုးသတ္ခဲ့သည္မို႔ ‌လူငယ္ေလ့က်င့္ေရးစခန္းမွာအခ်ိန္ၾကာ‌ ေအာင္ထိန္းသိမ္းျခင္းခံခဲ့ရ၏။
သူနဲ႔စေတြ့ခဲ့ရတာလည္းထိုေက်ာင္းမွာျဖစ္၏။

" ငါ့နာမည္ စံုသာၿမိဳင္ ။ ငါ အေရ႔ွရြာမွာေနတာ။ "

"..."

ခ်စ္ထြန္းႏႈတ္က စကားလံုး တစ္လံုးေတာင္မထြက္ေသးေပမဲ့ သူက ေတာ့ ထိုအမူအယာကို အလြတ္ရသည္ႏွယ္ စိတ္ဆိုးမေနခဲ့ပါ။ အတိတ္ဘဝတြင္လည္း ခ်စ္ထြန္းက ဤသို႔ပင္ ေအးတိေအးစက္ ျဖစ္သူပင္။
သို႔ေသာ္ ႏွလံုးသားက အင္မတန္ေနြးေထြး ေၾကာင္းကိုငစံုတစ္ေယာက္သာအသိဆံုး။

" မင္း ပေထြးနဲ႔အဆင္မေျပရင္ ၊ ငါ့ဆီ လာေနလို႔ရတယ္။ ငါက တစ္ေကာင္ႂကြက္ "

" ဘာလို႔ ခင္ဗ်ားဆီ လာေနရမွာလဲဗ် ။ က်ဳပ္မွာ အိမ္ရိွတယ္ "

ခ်စ္ထြန္း၏ မႈန္ကုတ္ကုတ္မ်က္ႏွာကို ငဲ့ၾကၫ့္ကာ
ငစံုတစ္ေယာက္‌.. ခပ္မဲ့မဲ့ ၿပံဳးလိုက္မိသည္။

" ဘာလို႔လဲဆိုေတာ့.. ။"

သူဆက္မေျပာတာျမင္ေတာ့ ခ်စ္ထြန္းတစ္ေယာက္
၏ကုတ္လက္စမ်က္ခံုးက ပိုတြန႔္ကုတ္သြားတာသိသိသာသာ။ ငစံု သေဘာတက်ရယ္ကာ ခ်စ္ထြန္းေခါင္းကို ဆြဲဖြလိုက္ၿပီး...

" ဒီကမ႓ာႀကီးမွာ ငါတို႔အတူ
ေရ႔ွေလ်ွာက္ အတူရိွေနႏိုင္ေတာ့မွာမို႔လို႔ေပါ့ကြ။
ခ်စ္ထြန္း.. မင္းယံုရင္ ငါေနာက္လိုက္ခဲ့လို႔ရတယ္။
အေရ႔ွရြာက စံုသာၿမိဳင္ဆိုရင္ မင္း ငါရိွရာ ကို ေတြ့ႏိုင္တယ္။ အခ်ိန္တန္ရင္ မင္းအေမက မင္းပေထြးဖက္ကို ပါမွာပဲ။ အဲ့က် မင္းအရမ္းနာက်င္ရလိမ့္မယ္"

ယခု သူေျပာစကားေတြကို ခ်စ္ထြန္းနားလည္မည္ဟုမထင္ေသာ္ျငား သူသည္ကား အတိတ္ဘဝတြင္ အသက္ငါးဆယ္နီးပါးေနခဲ့ဖူးတဲ့လူတစ္ေယာက္အေနနဲ႔ ေလာကႀကီးအေၾကာင္းအကုန္သိႏိုင္ခဲ့၏။
ခ်စ္ထြန္း၏အေမသည္ ပေထြးအားသတ္ခဲ့ေသာ သားျဖစ္သူအားအလြန္စိတ္နာကာ ေလ့က်င့္ေရးစခန္းေရာက္ေနတဲ့သားျဖစ္သူကို တစ္ခါေလးေတာင္မွ သြားေတြ့ျခင္းမရိွခဲ့သူျဖစ္၏။
မိမဲ့ဖမဲ့သမားတစ္ေယာက္မို႔ အတိတ္ဘဝတြင္ ငတ္ငတ္ျပတ္ျပတ္ျဖင့္ျဖစ္သလိုေနထိုင္စားေသာက္ ခဲ့ရ
ေပမဲ့ ခ်စ္ထြန္းနဲ႔ ေက်ာ္စိုးကိုေတာ့ ညီငယ္ေလးေတြ  လို သူေစာင့္ေရွာက္ေပးခဲ့၏။  ခု ခ်စ္ထြန္းေရ႔ွ ထိုင္ေနတဲ့ အသက္၁၄ႏွစ္အရြယ္ ေကာင္ငယ္ေလးတစ္ေယာက္အေနနဲ႔ လုပ္ႏိုင္စြမ္းသည္ အတိတ္ႏွင့္ျခားနားစြာ မတူညီေတာ့ေခ်။ သူခ်စ္ထြန္းကို ယခုဘဝကေန ဆြဲယူကယ္တင္ခ်င္သည္။ အတိတ္ႏွင့္ျခားနားစြာ
ေကာင္းမြန္တဲ့ဘဝေတြ အတူျဖတ္ႏိုင္သန္းႏိုင္မည္။

စံုသာၿမိဳင္၏ အေျပာေအာက္တြင္ ခ်စ္ထြန္းတစ္ေယာက္ အနည္းငယ္ေတြေဝသြားခဲ့သည္ကို ငစံုသိေလသည္။ ထို႔ေၾကာင့္ ေနာက္ရက္မွ ထပ္မံနားသြင္းရန္ အိမ္ကိုျပန္လာခဲ့လိုက္သည္။

_________

" ဆိုေတာ့ မင္း ဒီၿခံတစ္ဝက္ကိုေရာင္းမယ္ေပါ့"

ေဆြမ်ိဳးနီးစပ္ေတာ္ေသာ ဘႀကီးျဖစ္သူကို ေခါင္းဆတ္ျပပံုမွာ သူ႔ကိုယ္သူ ယံုၾကည္မူ႔ရိွသူႏွယ္။
အေၾကာင္းမွာ ငစံုတစ္ေယာက္ သံုးစရာေငျြပတ္လပ္ေနၿပီျဖစ္သလို .. ယခု သူနဲ႔စကားေျပာေနသူသည္
အက်င့္သီလ ေကာင္းမြန္သူ မဟုတ္တာေၾကာင့္ပင္။

ယခင္ဘဝတြင္ ဒီလူႀကီးက သူ႔၏ၿခံဝန္းအား
မတရားသျဖင့္ရယူခဲ့သျဖင့္ ေနစရာေပ်ာက္ကာ လမ္းေဘးမွာ ျဖစ္သလိုေနထိုင္ခဲ့ရေသာ အေျခအေနကိုျပန္ေတြးမိၿပီး လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္မိေလေတာ့၏။ ေရာင္းပစ္ရေသာ အေျခအေနက သီးသန႔္ရိွေသးသည္။ ေနာက္သံုးလတြင္ ရပ္ရြာ လမ္းခ်ဲ့ထြင္ျခင္း၊လမ္းပန္းသာယာဝေျပာေရးအတြက္ လမ္းနယ္နမိတ္မလြတ္သၫ့္ အိမ္ယာေျမမ်ား ဖယ္ထုတ္ခံရသၫ့္အေျခအေနတြင္ ငစံု၏ အိမ္ၿခံေျမတစ္ဝက္က
ဖယ္ထုတ္ခံခဲ့ရတာေၾကာင့္ျဖစ္သည္။

ဦးလူလွမွာ ငစံု စကားေၾကာင့္ ပါဝါခပ္မ်ားမ်ားမ်က္မွန္အား ႏွာႏုရိုးမွတစ္ဆင့္ တြန္းတင္ကာ နီနီတီတီမ်က္ႏွာႀကီးကို တူေတာ္ေမာင္ေရ႔ွ တၫ့္တၫ့္တိုး၍ ၾကၫ့္မိသည္။

" မင္းတကယ္ေရာင္းမွာလား"

" တကယ္ေရာင္းခ်င္တယ္။ ဘႀကီးဝယ္မလို႔လား"

ဦးလူလွ ေခါင္းညိမ့္ျပကာ

" ေအး.. ေရာင္းမယ္ဆိုရင္ေတာ့ ငါဝယ္ထားလိုက္လို႔ရပါတယ္။ ဒါေပမဲ့ လမ္းေဘးမ်က္ႏွာစာက ေျမေနရာ
ဆိုမွ ဝယ္မွာေနာ္"

လိုခ်င္တဲ့အကြက္ထဲဝင္လာေတာ့ ငစံု မ်က္ႏွာမမဲ့မိေအာင္ႀကိဳးစားထိန္း၍

" ဦးေလးက လမ္းမ်က္ႏွာသာေျမမွရခ်င္တယ္ဆိုေတာ့လည္း..."

ငစံုရဲ့ အင္တင္တင္ပံုစံျမင္ေတာ့ ဦးလူလွ
မ်က္ေမွာင္ကုတ္ကာ...

" မင္း သူမ်ားဆီေရာင္းရင္ေဈးႏိွမ္ခံရမွာေနာ္ "

"ဘႀကီးက ဘယ္ေလာက္ေပးမွာလဲဗ် ။ က်ဳပ္ ၿမိဳ႔ေပၚမွာ ပညာသင္သြားဖို႔ရာ ေငြက အေတာ္လိုေနတာ "

ဦးလူလွက လူညစ္။ အရင္ကတည္းက ငစံု အေၾကာင္းသိပ္စိတ္ဝင္စားလွသည္မဟုတ္တာေၾကာင့္  ဘာေျပာေျပာ  ေခါင္းထဲမေရာက္။  လူေပၚလူၫြန႔္ခူးရံုသာမက
ေသြးသားေတာ္စပ္သူပါမခ်န္ ဖ်ံက်တက္ တာေၾကာင့္ ရြာထဲက သူေတာ္ေတာ္မ်ားမ်ား ေဝးေဝးေရွာင္၏။
ေျပာလို႔ေျပာတာမဟုတ္။ ငစံုၿခံက ေနရာလွေတာ့ ဦးလူလွ လိုခ်င္တာမဆန္းေပ။ ထို႔အျပင္ ငစံုအေမ ခ်န္ခဲ့ေသာ ႏြား ငါးေကာင္ကိုပါ မ်က္ေစာင္းတထိုးထိုး။

မဟုတ္လည္း ထိုမ်ွေလာက္ စိတ္ထဲသိပ္မထၫ့္ေတာ့တဲ့ ငစံုကေတာ့ ဦးလူလွဆီမွာ ၿခံတစ္ဝက္ ႏြားရွစ္ေကာင္ကို ေငြက်ပ္ တစ္သိန္းႏွင့္ေရာင္းခ်ခဲ့၏။
ထိုေခတ္က ေရႊတစ္က်ပ္သား ‌၁၆၀၀၀မ်ွရိွတာမို႔
ေဈးက မနည္းေပမဲ့ မ်ားလည္းမမ်ားခဲ့ေပ။

Bạn đang đọc truyện trên: ZingTruyen.Xyz