ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
18
ညအချိန်က ကိုးနာရီခန့်ရှိပြီဖြစ်သည်။
ရွာအရပ်ဒေသမို့ ထိုအချိန်တွင် တိတ်ဆိတ်ကာ အိပ်ရာဝင်ကြပြီဖြစ်ရာ လူခြောက်ယောက်၏ အသံရှုနှုန်းသည်ပင် ကျယ်လောင်နေပြီထင်ရ၏။
"ကျွန်တော်ရှင်းပြရမလား။ ခင်ဗျားရှင်းပြမလား ကိုမြင့်မြတ်"
ကိုမြင့်မြတ်ဆိုသူသည်မကြာခင်ကမှ ရောက်လာခဲ့သူဖြစ်သည်။ အရပ်ရှည်သည်ဟုထင်ရပေမဲ့ အနည်းငယ်ပြည့်တဲ့ဖက်ရောက်သော ကိုယ်ထည်ကြောင့် သိပ်မသိသာပေ။ အဆင်းပါသော ရှပ်အင်္ကျီကိုဝတ်ထားပြီး စတိုင်ပန်ဖြင့် သပ်ရပ်သောအသွင်ရှိပေမဲ့ ခရီးပန်းထားသော မျက်နှာက နွမ်းနှယ်နေသည်။ မလှမ်းမကမ်းတွင် စံပယ်ဖြူထိုင်နေပြီး မကျေနပ်သော မျက်လုံးများဖြင့်ကိုမြင့်မြတ်အားကြည့်နေသည်မှလွဲ၍ ငိုလည်းမငိုတော့ပေ။
"ကိုစုံပဲ ရှင်းပြလိုက်ပါ။ ပြီးတော့ ဖြစ်ခဲ့သမျှအတွက်
ကျွန်တော်တောင်းပန်ပါတယ် "
စုံသာမြိုင် တောင်းပန်ခြင်းကို လျစ်လျူရှု့လိုက်ပြီး သူ့မျက်နှာအား ညချမ်းအေးဖက်တည့်တည့်ဆီလှည့်လိုက်ကာ စတင်ရှင်းပြလိုက်တော့သည်။ သူ့အသံသည် ညဦးယံတွင် ပဲ့တင်ထပ်လျက် လူတိုင်းရဲ့နားစည်သို့ ညင်သာစွာ တိုးဝင်သွားခဲ့ပါ၏။
အဲ့နေ့က မွေးနေ့ပါတီ တစ်ခု ကို မိတ်ဆွေတွေနှင့် ပါသွားဖြစ်ခဲ့သည်။ အမှန်အတိုင်းပြောရရင်လူအရမ်းရှုပ်တဲ့နေရာမျိုးကို စုံသာမြိုင် မကြိုက်ပေ။ အတင်းခေါ်တာကြောင့် မြို့ပေါ်ရောက်တုန်း လိုက်သွားခဲ့မိတာကနေဇာတ်လမ်းက စတာဖြစ်သည်။ ထိုနေညက
ဘားကနေ အပြန် တိုက်ခန်းအထိ ခရီးဆက်ကြရာ မိန်းကလေး သုံးယောက်လည်းပါခဲ့လေသည်။
ရှုပ်ရှုပ်ယှက်ယှက်တွေမို့ ပြန်နှင့်ဖို့ ပြောခဲ့သော်လည်း
ဇွတ်ဆွဲခေါ်တာကြောင့် ထပ်မံလိုက်ပါခဲ့ရပြန်သည်။
တိုက်ခန်းသည် လုပ်ငန်းရှင်တို့ပိုင်ရာ နေရာမို့ ကျယ်ကျယ်ဝန်းဝန်းရှိချေသည်။ အခန်းလေးခန်းပါ တိုက်ခန်းကျယ်ဖြစ်တာကြောင့် သမီးရည်းစားများအတွက်သုခဘုံအလားဖြစ်ခဲ့၏။
တိုက်ခန်းရောက်တော့အကုန်မူးရူးနေကြရာ မမူးသေးတဲ့စုံသာမြိုင်သည်အများ မကျေနပ်စေရာဖြစ်ခဲ့သည်။
ကော့တေးဆိုတဲ့ အရက်ရောသည့် စပ်ရေသည်
အသီးအနှံအရသာရှိ၏။ လိမ်ညာတိုက်သည့်အခါ တစ်ခါမှ မသောက်ဖူးသည့်စုံသာမြိုင်လည်း မူးခဲ့လေသတည်းပေါ့ ။ ရီဝေယစ်မူးနေဆဲ ပါလာတဲ့မိန်းကလေးတွေထဲမှ စံပယ်ဖြူသည် သူ့အနားဇွတ်ကပ်ခဲ့၏။ ထိုမိန်းကလေးသည် အတိတ်ဘဝတွင်
သူ့အား ထောင်ထဲထည့်ခဲ့ဖူးတဲ့ချစ်သူမိန်းကလေးဖြစ်တာကြောင့် သူ့အနေနဲ့မုန်းတီးခဲ့ပြီး ထိပ်တိုက်တွေ့ဆုံတာတောင်မှ မသိချင်ယောင်ဆောင်ရှောင်ရှားခဲ့သူဖြစ်သည်။
အဆိုးဆုံးမှာလည်းထိုမိန်းကလေးကလည်း အလွန်မူးနေခဲ့သည်။ မူးရူးနေခဲ့တဲ့မိန်းကလေးတွေနားတွင် သူတို့၏သက်ဆိုင်ရာအမျိုးသားတွေရှိနေခဲ့သည်။ ထိုအထဲတွင်စံပယ်ဖြူဆိုတဲ့မိန်းကလေးလည်းအပါအဝင်ဖြစ်၏။ သူ့အနားကပ်ထိုင်နေတဲ့စံပယ်ဖြူအား နောက်ကျမှရောက်လာခဲ့သော ကိုမြင့်မြတ်က ဆွဲခေါ်ယူသွားခဲ့သည်။ မူးနေပေမဲ့ အသိစိတ်မဲ့လောက်အောင်စုံသာမြိုင် ဖြစ်မနေခဲ့တာမို့ အသိစိတ်သည် အနည်းငယ်ရှင်းလင်းမှတ်မိနေဆဲပင်။
ထိုညက အတူရှိခဲ့တဲ့ အမျိုးသားသည် ကိုမြင့်မြတ်သာ ဖြစ်ခဲ့တာ အမှန်တရားဖြစ်လေသည်။ စုံသာမြိုင်သည်အဲ့နေ့ညကတည်းကပြန်ခဲ့သည်ဖြစ်ပြီး အတူနေခဲ့သူ ကိုမြင့်မြတ်ကလည်း မိုးမလင်းခင် ပြန်ခဲ့ရာ အပြန်တူခဲ့ပြီး အများထင်သလို မှားယွင်းသူက ကိုယ်သာ ဖြစ်ခဲ့ရတော့သည်။
" အဖြစ်အပျက်ကတော့ အဲ့ဒါပါပဲ။ နောက်ပိုင်း ဖြစ်ခဲ့တဲ့အကြောင်းတွေကတော့ ဒီဖက်မှာ အကုန်သိကြတဲ့အတိုင်းပဲ။ ကျုပ်ဘာကြောင့် စံပယ်ဖြူကို ဇွတ်မငြင်းပဲ အိမ်မှာခေါ်ထားခဲ့ရတာလဲဆိုတာကတော့ ဒီဖက်က စံပယ်ဖြူက မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့်ရော ၊ ကိုမြင့်မြတ်ဖက်ကလည်း ဟိုဖက်အိမ်ထောင်နဲ့ အရှုပ်အရှင်း ဇာတ်ထုတ်ရှင်းနေရတာတွေကြောင့်ရောနှုတ်ပိတ်နေခဲ့ရတာပါ။ နောက်တစ်ချက်က ကိုယ်ဝန်ကိစ္စပါ။ "
တည်ငြိမ်အေးစက်လှသော မျက်ဝန်းတွေထဲမှာ
အာဂတ အငြိုးအတေးတွေမရှိပေမဲ့ ရေပြင်ပမာ တည်ငြိမ်နေသည်လည်းမဟုတ်ခဲ့။ စုံသာမြိုင် စံပယ်ဖြူကို ငဲ့ပင်မကြည့်ပဲ
" သူဒီရောက်တာ တစ်လ ပြည့်တော့မယ်နော်။ ကိုမြင့်မြတ်လည်းရှိတုန်း ကျုပ်ပြောချင်တာက စောင့်ထိန်းရတဲ့ ဝတ္တရားတွေရှိလို့ ဒီမိန်းကလေးကို ကျုပ်ခေါ်ယူခဲ့တယ်။ လက်ဖျားနဲ့မတို့ခဲ့သလို ဇာတ်ရှုပ်တွေကလည်း ခင်ဗျားမြင်တဲ့အတိုင်း တစ်အိမ်လုံးရှင်းလိုက်ရတဲ့ပြဿနာက တစ်ယောက်တစ်ပေါက်။ ကျုပ်မှာရှိတဲ့ သိက္ခာသမာဓိလည်းပျက်ပြားစေသလို ကျုပ်စောင့်ရှောက်ရတဲ့ ဝန်ထမ်းတွေရှေ့မှာလည်းအရိုအသေ တန်ခဲ့တယ်။
အဲ့တော့ ဒီမိန်းကလေးကို ခင်ဗျား ပြန်ခေါ်သွားပေးပါမြင့်မြတ်။ ကိုယ်ဝန်ကိစ္စကို ခင်ဗျားစိတ်ရှင်းအောင်ပြောရရင် ကျုပ်က တွင်းပိခဲ့တဲ့ ဘေးအန္တရာယ်ကြောင့် ခြေတစ်ဖက်ဆုံးခဲ့ရသလို ကလေးမရနိုင်တဲ့ ပြဿနာလည်းရှိခဲ့ဖူးတယ်။ ဒီတစ်သက် ကျုပ်က
ဘယ်တော့မှ သားသမီး မရတော့ဘူးဆိုတာ ကျုပ်နဲ့ပတ်သက်သမျှ လူအကုန်သိကြပါတယ်။"
စုံသာမြိုင်သည် စကားအများကြီးပြောလေ့ရှိသူမဟုတ်ပေ။ အေးချမ်းသော မျက်ဝန်းတွေသည် ညချမ်းအေးဆီသို့တစ်ဆိုက်မက်မက်ရောက်ရှိနေပြီး
"အဲ့တော့ ဒီကိုယ်ဝန်က ကျုပ်နဲ့မသက်ဆိုင်ပါဘူး "
ထိုစကားကို တစ်စုံတစ်ယောက်အားကြည့်၍ ပြောခဲ့ခြင်းဖြစ်လေသည်။ ထိုအရာကို စံပယ်ဖြူတစ်ယောက်လက်ခံဖို့အတော်လေး အချိန်ယူခဲ့ရသည်။
သူနဲ့မသက်ဆိုင်တဲ့ယောကျာ်းတစ်ယောက်ဆီမှာ ရောက်ရှိခဲ့ပြီး နိုင့်ထက်စီးနင်းလုပ်ခဲ့တဲ့ သက်သေတွေသည် သူမအား ရူးသွပ်သွားစေလေသည်။
ယူကြုံးမရခြင်း ။ ထိုစကားသည် သူမအတွက်များလား။ ကိုမြင့်မြတ်ထိသည်ကိုပင်အထိမခံတော့ချေ။ အော်ဟစ်ငိုယိုကာ ကားပေါ်အတင်းပွေ့တင်သွားသည်အထိ ရိုက်ပုတ်လို့မပြီးခဲ့ပေ။
ဒုက္ခတစ်ရန်အေးသွားတော့ ချစ်ထွန်းနဲ့ဘမှောင်မှာ သက်ပြင်းတချချ။
" တော်သေးတာပေါ့ ။ တော်သေးတာပေ့ါ။ ဘုရားကယ်လို့ ဒါကြီးကို မရီးခေါ်ရတော့မလို့ "
ချစ်ထွန်း၏ ရင်ဖက်တဖိဖိ စကားကြောင့်အကုန်လုံးထိုအခါမှပြုံးနိုင်တော့သည်။
ညချမ်းအေးသည်ပင် စိတ်ထဲတစ်စို့ခဲ့သောအဆိုင်အခဲအရေပျော်ကျသွားသလို ဝမ်းသာခဲ့ရတာပင်
မဟုတ်လား။
ည ဆယ်တစ်လောက်တွင် အကုန်ပြန်သွားကြပြီဖြစ်ရာ တိတ်ဆိတ်သော အိမ်တွင် စုံသာမြိုင်နှင့်ညချမ်းအေးနှစ်ယောက်သာ ကျန်ခဲ့လေသည်။
"ရတယ် ကိုယ်ဘာသာ လိမ်းမယ် "
ပါးပြင်ပေါ်ကသွေးစို့ရာကိုကြည့်ပြီး ဆေးလိမ်းပေးမဲ့လက်တွေသည် တစ်ခဏအကြာမျှတွန့်ဆုတ်သွားပေမဲ့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ခပ်ဖွဖွပွတ်လိမ်းပေးနေခဲ့သည်။
" အမာရွတ်ကျန်ခဲ့ရင် ဘယ်နှယ့်လုပ်မလဲ။ အရာရာ ပျော့ညံ့နေလို့ မဖြစ်ဖူးလေ။ ရိုက်ပြီဟေ့ဆိုရင်လည်းယောကျာ်းပဲ ကိုယ်ကဦးအောင်လုပ်ပါ့လား "
တိုးတိုးရွတ်ဆိုသောစကားက စုံသာမြိုင်ဆိုတဲ့လူကြီးများဟုတ်ပါလေစ။ ဂရုဏာဒေါသကြောင့်ဆိုပေမဲ့ အရင်ဦးအောင်လုပ်ဖို့ မြောက်ပေးနေတာများညချမ်းအေးအား ကလေးတစ်ယောက်လိုလို။
" သူကမိန်းကလေးလေ။ ယောက်ျားတစ်ယောက်လုပ်ပြီးမိန်းမတစ်ယောက်နဲ့ရန်တုဖြစ်ဖို့ဆိုတာ နည်းနည်းတော့ရှက်စရာကောင်းတယ်မဟုတ်ဖူးလား"
" ယောက်ျားလည်း အသွေးနဲ့အသားနဲ့ ။ မင်းခေါင်းပေါ်ကဆံပင်ဘယ်နှစ်ပင်များ အဲ့မိန်းမ ဆွဲနှုတ်သွားတာလည်းဆိုတာ သိရဲ့လား။ ပါးမှာလည်းခြစ်ရာကြီးနဲ့။ တကယ်ပါပဲ။ ကိုယ်ချုပ်ထားတုန်းက ပြန်ကုတ်ပစ်လိုက်ပါလား လေးငါးချက်လောက်ဖြစ်ဖြစ်။ ဆံပင်လည်း
အားနဲ့အားရပါးရ အပြုံလိုက်ပါအောင်ဆွဲလိုက်ရမှာ "
ရင်ထဲမအောင့်အီးနိုင်တော့တာကြောင့် ခပ်ဖွဖွပြုံးမိသောအခါ မျက်နှာချင်းဆိုင်ရှိ အကြည့်နက်နက်က စူးခနဲရောက်လာကာ
" ဘာရယ်စရာရှိလို့လဲဗျ "
"မဟုတ်ပါဘူး။ ကိုစုံသာမြိုင် ဒေါသထွက်တာ အရမ်းကြည့်လို့ကောင်းလို့ပါ "
ညိုညိုတိုတိုအသားအရေ သည် သိသာအောင်နီမြန်းသွားတော့သည်။ မျက်ခုံးတစ်ဖက်ရှိပြတ်ရှရာက
အကျည်းတန်သလိုရှိသော်ငြား တစ်ဖက်ကကြည့်သော် ဆွဲဆောင်မူ့ကလည်းရှိနေပြန်သည်။
အရပ်ကရှည်ရှည် ရင်ပြင်ကကျယ်ကျယ် တည်ငြိမ်သော အပြောအဆို တို့က စုံသာမြိုင်ဆိုတဲ့ယောကျာ်းအား ဘယ်လောက်ဂုဏ်ကျက်သရေ တိုးပွားနေလိုက်သလဲ။
" နောက်ကျနေပြီ ။ ကျုပ်ပြန်တော့မယ် "
" နေပါအုံး ကိုစုံ ။ ကျွန်တော်မေးစရာရှိလို့ပါ "
မတ်မတ်ထရပ်နေတဲ့သူအား အလန့်တကြား တားလိုက်တာမို့ လက်ဖဝါး ကို ဆုပ်ကိုင်မိရက်သားဖြစ်သွားကာ ကြမ်းတမ်းသောအသားမာဖုလေးတွေအားထိတွေ့ခံစားမိလိုက်သည်။ ညချမ်းအေး၏
နှလုံးသားတစ်ခုလုံးမှာ ထိုလက်ဖဝါးတို့ဖြင့်ဆွဲယူကုတ်ခြစ်လိုက်သလို စပ်ဖျင်းထုံထိုင်းသွား၏။သို့သော် သူသည် ထိုလက်ဖဝါးအားမြဲမြံစွာ ထိကိုင်ထားလျက်ပင် မသိချင်ယောင်ဆောင်ကာ ဆက်ပြောဖို့ ကြိုးစားလိုက်သည်။ တစ်ဖက်လူသည်လည်းနေရခက်သွားသလို တောင့်တောင့်ကြီးဖြစ်ကာသွား
သည်မို့ ရယ်ချင်စိတ်ကလေးဟာလည်းတိုးပွားလာလျက်
" ခင်ဗျား ဝှာ က တကယ် မစွမ်းဘူးလား"
"ဟမ် ..ဘာလဲ "
ညချမ်းအေးသည် သူမေးလိုက်တဲ့စကားအားပြန်စဉ်းစားမိကာ အတော်လေးနေရခက်သွားသည်။ အမှန်တော့ မေးချင်တဲ့မေးခွန်းက တစ်ခြား။
မေးမိတဲ့မေးခွန်းသည် စုံသာမြိုင်မတ်တပ်ရပ်လိုက်တဲ့အခါ ကြည့်မိကြည့်ရာ ကြည့်လိုက်ရာမှ ဖြစ်ပေါ်လာသော မေးခွန်း ။ တစ်ယောက်သော သူက
အူတူတူရှိလွန်းသည် ။ ပထမတစ်ခါမေးလိုက်တာက မေးမိမေးရာ ။ ဒုတိယတစ်ခါ ထပ်ပြောလိုက်မိတာ တကယ်သိချင်လို့ပင်။ ရှက်ရှက်နဲ့ပင် ကိုယ်ခန္ဓာ၏ အလယ်ရပ်ဝန်းကို လက်ညိုးထိုးပြကာ
" ဒါ"
"ဒါက ဘာဖြစ်... မင်း !!! "
ခုမှ ဘာကိုမေးမှန်းသိသွားတဲ့ စုံသာမြိုင်မှာ အံကြိတ်လျက် ဘာပြောရမှန်းကိုပင်မသိတော့ချေ။
" အကယ်၍ ဒီကိစ္စ မစွမ်းနိုင်လည်း ကျွန်တော့်အတွက်အရေးမကြီးပါဘူး ။ ခင်ဗျား လိင်တူ ချစ်ကြိုက်တဲ့အပေါ် ဘယ်လို ထင်မြင်ယူဆချက်ရှိလဲ"
ညချမ်းအေးမေးစကားကို တစ်ဖက်လူသည် မကြည်မသာပင်
" သူတို့ဘာသာ ချစ်ကြတာ ကျုပ်က ဘာစိတ်ရှိရမှာလဲဗျ "
" စိတ်ရှိမှရမှာ ပေါ့ဗျာ။ ကျွန်တော် ကိုစုံသာမြိုင်ကို မေတ္တာ သက်ဝင်မိနေတာ ကြာလှပြီ။ ဒီကြားထဲဖြစ်သွားတဲ့ ကိစ္စတွေကိုပဲကြည့် ။ ကျွန်တော်သာ နှုတ်နည်းနေရင် နောက် ကျန်ရစ်ဖြစ်မှ နောင်တရလိမ့်မယ်။ အသည်းကွဲရတာထက်စာရင် ခုချက်ခြင်းပြောလိုက်တာ မကောင်းဘူးလား။ ပြီးတော့ ဒီ ကိစ္စ မစွမ်းနိုင်ရင်တောင် ကျွန်တော် ဘယ်လိုမှမနေပါဘူး ကျွန်တော် တကယ်သဘောကျတာ ခင်ဗျားကိုပါ။
စည်းစိမ်ဥစ္စာကိုလည်းမမက်သလို ကူးကူးကိုလည်း ကျွန်တော့်သမီးလေးလို စောင့်ရှောက်နိုင်ပါတယ်။
ပစိပါးစပ်များတဲ့မိန်းမတွေထက်စာရင် ခင်ဗျား
ကိုသေချာ ဆွေးနွေး အကြံပြုပေးနိုင်တဲ့ ကျွန်တော်လို ယောကျာ်းလေးက မကောင်းဘူးလားဗျ။
နောက်ခင်ဗျား အသက်ကြီးသွားရင်တောင်မှ
ကျွန်တော်က ပစ်သွားမဲ့သူမဟုတ်ဘူးဆိုတာ ဂတိလည်းပေးပါတယ်။ ဘယ်လိုသဘောရလဲဟင်။ "
ဆက်တိုက်ပြောသွားတဲ့ စကားတွေကြောင့်
ညချမ်းအေးအား ပြူးကျယ်နေတဲ့မျက်လုံးတွေနှင့်အတောင့်သားကြည့်နေလေသည်။
အနေရခက်ပေမဲ့လည်း တစ်ဖက်လူ၏ အဖြေကို အနည်းငယ်မျှ မျှော်လင့်မိတာမို့ သူကလည်းတန်ပြန်ကြည့်မိသည်။ အကြည့်တို့တခဏ စုံပြီးနောက်ပထမဦးဆုံးအကြည့်လွဲမိသူက စုံသာမြိုင်ဖြစ်သည်။
ဗို့အားတစ်ထောင်မကသော အကြည့်တို့ကား
သူ့အားအတော်နေရခက်စေသည်။
ဒီလောက်အရွယ်ငယ်ငယ်နှင့် အတော်လေးပြင်းပြသော အကြည့်။ ဒီကောင်လေး ဘယ်လိုတောင် သူ့အားပစ်မှားနေသလဲဆိုတဲ့အတွေးက မဖိတ်ခေါ်ပဲဝင်ရောက်လာသောအခါ သူ့မှာကြာကြာတောင်မထိုင်ဝံ့တော့ချေ။
" တလွဲတွေလျှောက်ပြောမနေနဲ့ ။ မိုးလည်း တော်တော်ချုပ်နေပြီဆိုတော့ကျုပ်ပြန်တော့မယ်။"
"ဘယ်သူကတလွဲပြောနေလို့လဲ။ အတည်ပြောနေတာပါဗျ ။ တကယ် အတည်ကြံတာပါ ကိုစုံသာမြိုင်။ ခုမဖြေလည်း စဉ်းစားအုံးပေါ့ဗျာ ။ နောက်ရက်မှ ပြန်အဖြေပေးလည်း ကျွန်တော်စောင့်နိုင်ပါတယ် "
လာလာချည်သေး။
ပူငင်ရစ်နှောင်သော ခံစားချက်က တစ်ကိုယ်လုံး တနုံ့နုံ့ ။ရှက်လွန်းလာတာကြောင့် တစ်စက္ကန့်တောင်မှ ဒီအိမ်မှာမနေရဲတော့။ သူထွက်သွားတော့ လှေကားခြေရင်းမှာ ရပ်ငေးနေတဲ့အရိပ်ကလေးကြောင့်
စိတ်ထဲလည်းမကောင်းလှပါ။ သို့သော်ငြား ပိုးပန်းရအောင် သူက မျိုးမအောင်တော့ပေမဲ့ မျိုးကောင်းမျိုးသန့် အလုံးအထည်ကြီးဆိုတာ ပြောတောင်ပြလိုက်ချင်သေးသည်။ မိန်းကလေးမဟုတ်ဘာမဟုတ် ချစ်ခင်နေတဲ့ မျက်လုံးကြီးနဲ့သရေတမြားမြားအကြည့်ခံရတော့ အောင့်သည်းအောင့်သက်လည်းခံစားရသည်။
နှစ်ဘဝစာလုံး လူပျိုရည်မပျက်ဖူးတဲ့သူဟာ
ညချမ်းအေးလက်ထဲ ဆုံးစမြုပ်ရတော့မဲ့အခြေအနေကိုတွေးသာတွေးကြည့်ပါတော့ ။ အဖြစ်ခံနိုင်ရိုးလား။
မျိုးမအောင် ဇိုးမြိုင်က အထုတ်နဲ့အထည်နဲ့။
လူလေးလက်တောက်လောက်နဲ့ မြင့်မိုရ်တောင်ကိုဇီးစေ့နဲ့များပေါက်မလို့လား။ ဟားဟ ပဲ သိရဲ့လား ချမ်းအေးဆိုတဲ့ကောင်လေးရယ်။
လမိုက်ညသည်အိမ်နှစ်အိမ်ရှိရာ လမ်းကြားလေးအား
အမှောင်မခြားနိုင်ပေ။ မလွယ်ပေါက်၏တံခါးကနေ ကူးသွားတဲ့ကျောပြင်ကျယ်ကျယ်သည် အနည်းငယ်မျှ ဖြောင့်မတ်နေပါသော်ငြား တစ်ခါတစ်ရံ လှုပ်ခါ ရယ်မောနေသဏ္ဍာန်လည်းရှိ၏။ စံပယ်တွေ ဖွေးဖွေးလှုပ်အောင်ပွင့်၍ မွေးနံ့ကြူကြူ ထွက်ပေါ်နေပါသည်။ တစ်ခါတစ်ရံ့တစ်ဖက်သို့ စောင့်ငဲ့တက်ပြီးတစ်ခါတစ်ရံ ပက်လက်ဖြစ်ကာသွားသောသူသည် အိပ်မရဟန်တူသည်။ ကုတင်ဘေးမှာ ချွတ်ထားသော အဝါရောင်ခြေတုတစ်ဖက်သည် ညမီးအိမ်အောက်တွင်ငြိမ်သက်နေခဲ့ပါ၏။
"ဖေကြီးမှားတယ်သိလား"
လူကြီးလေးလို ခါးထောက်ကာ မျက်မှောင်လေးတကြုံ့ကြုံ့ဖြင့် ကူးကူးတစ်ယောက်စုံသာမြိုင်အား ဆူပူနေလေသည်။
" ဟုတ်ပါတယ် ဖေကြီးမှားတယ်။ "
အလျော့ပေးမှန်းသိတော့ စူပုတ်နေတဲ့မျက်နှာလေးပြေလျော့ သွားကာ သူ့အပေါ်အတင်းကုတ်တွယ်တက်လာတော့သည်။
" ကူးကူး မေမေလေးမရချင်ဘူးနော်။ ဖေကြီးနောက်တစ်ခါ အိမ်ပေါ်ထပ်ခေါ်လာရင် အကူးအိမ်ပေါ်ကနေဆင်းမယ်"
" နေပါအုံး ကူးကူးအိမ်ပေါ်ကနေဆင်းတော့ ဘယ်သွားနေမှာလဲ "
" ဦးဦးအိမ်သွားနေမှာပေါ့။ ဦးဦးက ဟင်းကောင်းကောင်းလည်းချက်တက်တယ်။အကူးကို စာလည်းသင်ပေးသေးတယ် ။ အိမ်သန့်ရှင်းရေးလည်း ကြီးမြိုင်တို့လို့ပဲ လုပ်တက်သေး ။ နောက်ပြီး ဘုရားစာတွေလည်းစုံနေအောင်ရသေးတယ်"
လက်တစ်ချောင်းဆီချိုးကာ ပြောနေတဲ့ကောင်းကွက်တွေကိုကြည့်ကာ စိတ်မရှည်၍ နောက်တစ်ချောင်းထပ်ချိုးပေးလိုက်သေး၏။
" ချစ်စရာလည်းကောင်းတယ်လေ ။ နှုတ်ခမ်းထောင့်နားမှာဆို ရယ်လိုက်ရင်အချိုင့်လေးနှစ်ခုနဲ့ "
ကူးကူးက စဉ်းစားမနေ။ ခေါင်းတညိတ်ညိတ်နဲ့ထောက်ခံနေသေးသည်။
" နောက်တစ်ခါဆို ဦးဦးကို ရန်ဖြစ်အောင်လုပ်တဲ့ အန်တီတွေကို ခေါ်မလာနဲ့နော် ဖေကြီး"
စုံသာမြိုင် လေးလေးနက်နက်ထားကာ ကတိပေးလိုက်သည်။
" အင်းပါ ဖေကြီးခေါ်မလာတော့ပါဘူး"
စိတ်ကောက်ပြေသွားတဲ့ ကူးကူးသည် စုံသာမြိုင်ကိုယ်ကနေ လျောတိုက်ပြန်ဆင်းသွားပြီး
" ကူးကူးကျောင်းသွားရတော့မယ် ။ ဖေကြီးအလုပ်ကို သေချာလုပ်ခဲ့နော်။ "
" ဟုတ်ပါပြီ"
ဝတ်ထားသော အဖြူအစိမ်းဂါဝန်လေးအား
သေချာပြုပြင်ပေးရင်း ကလေးအား မုန့်ဖိုးထုတ်ပေးလိုက်စဉ်
" ဒီအရွယ်ကလေးက မတည့်တဲ့မုန့်တွေဘာတွေနားလည်တာမှမဟုတ်တာ ။ ပြီးတော့ဒီလောက်အများကြီးပေးစရာမှမလိုတာ ။ ကူးကူးပြန်ပေးလိုက် ဦးဦးဆီမှာ ကစားကျောင်းဆင်းရင်ကျွေးမဲ့ ငုံးဥပြုတ်တွေပါတယ် ။ "
လှစ်ခနဲရောက်လာတဲ့အရိပ်လေးကြောင့် စုံသာမြိုင်တစ်ယောက်ဘယ်ထပြေးလို့ပြေးရမှန်းမသိတော့ချေ။
ကူးကူးက သူ့လက်ထဲထည့်ထားတဲ့မုန့်ဖိုးကိုပြန်ထိုးပေးကာ ကျောပိုးအိတ်ဆွဲ၍ ပြေးလေသည်။
တစ်ယောက်သောသူကတော့ သူ့ကိုကြည့်ရင်း ကလေးလက်ကိုဆွဲထားတာ ရယ်ကျဲကျဲ။
အတူတူထွက်သွားသော ကျောပြင်ငယ်ကိုသူငေးကြည့်မိသည်။
အဖြူရောင် လက်ရှည်သည် တစ်ကောက်ဝတ်တွင်သေချာ ကြယ်သီးတပ်ဝတ်ထားပြီး ပုဆိုးအတွင်း အင်္ကျီကိုထည့်ကာဝတ်ထားသည်မှာ တိတိပပ။
အမို့အမောက်အနည်းငယ်ရှိသော ရပ်ဝန်းငယ်အားကြည့်ကာ ဇိုးမြိုင်၏ ထုနဲ့ထည်သည် တင်းခနဲဖြစ်လာ၏။
အောက်ကိုအလန့်တကြားငုံ့ကြည့်ပြီး စုံသာမြိုင်၏ မျက်နှာသည်ထိတ်လန့်သွား၏။
မစွမ်းနိုင်တာမဟုတ်ဘူး အစွမ်းလွန်နေတာဟု၍
ညည်းပုံချလိုက်ချင်တော့၏။
ညအခ်ိန္က ကိုးနာရီခန႔္ရိွၿပီျဖစ္သည္။
ရြာအရပ္ေဒသမို႔ ထိုအခ်ိန္တြင္ တိတ္ဆိတ္ကာ အိပ္ရာဝင္ၾကၿပီျဖစ္ရာ လူေျခာက္ေယာက္၏ အသံရႈႏႈန္းသည္ပင္ က်ယ္ေလာင္ေနၿပီထင္ရ၏။
"ကြၽန္ေတာ္ရွင္းျပရမလား။ ခင္ဗ်ားရွင္းျပမလား ကိုျမင့္ျမတ္"
ကိုျမင့္ျမတ္ဆိုသူသည္မၾကာခင္ကမွ ေရာက္လာခဲ့သူျဖစ္သည္။ အရပ္ရွည္သည္ဟုထင္ရေပမဲ့ အနည္းငယ္ျပၫ့္တဲ့ဖက္ေရာက္ေသာ ကိုယ္ထည္ေၾကာင့္ သိပ္မသိသာေပ။ အဆင္းပါေသာ ရွပ္အက်ႌကိုဝတ္ထားၿပီး စတိုင္ပန္ျဖင့္ သပ္ရပ္ေသာအသြင္ရိွေပမဲ့ ခရီးပန္းထားေသာ မ်က္ႏွာက ႏြမ္းႏွယ္ေနသည္။ မလွမ္းမကမ္းတြင္ စံပယ္ျဖဴထိုင္ေနၿပီး မေက်နပ္ေသာ မ်က္လံုးမ်ားျဖင့္ကိုျမင့္ျမတ္အားၾကၫ့္ေနသည္မွလြဲ၍ ငိုလည္းမငိုေတာ့ေပ။
"ကိုစံုပဲ ရွင္းျပလိုက္ပါ။ ၿပီးေတာ့ ျဖစ္ခဲ့သမ်ွအတြက္
ကြၽန္ေတာ္ေတာင္းပန္ပါတယ္ "
စံုသာၿမိဳင္ ေတာင္းပန္ျခင္းကို လ်စ္လ်ူရႈ႔လိုက္ၿပီး သူ႔မ်က္ႏွာအား ညခ်မ္းေအးဖက္တၫ့္တၫ့္ဆီလွၫ့္လိုက္ကာ စတင္ရွင္းျပလိုက္ေတာ့သည္။ သူ႔အသံသည္ ညဦးယံတြင္ ပဲ့တင္ထပ္လ်က္ လူတိုင္းရဲ့နားစည္သို႔ ညင္သာစြာ တိုးဝင္သြားခဲ့ပါ၏။
အဲ့ေန့က ေမြးေန့ပါတီ တစ္ခု ကို မိတ္ေဆြေတြႏွင့္ ပါသြားျဖစ္ခဲ့သည္။ အမွန္အတိုင္းေျပာရရင္လူအရမ္းရႈပ္တဲ့ေနရာမ်ိဳးကို စံုသာၿမိဳင္ မႀကိဳက္ေပ။ အတင္းေခၚတာေၾကာင့္ ၿမိဳ႔ေပၚေရာက္တုန္း လိုက္သြားခဲ့မိတာကေနဇာတ္လမ္းက စတာျဖစ္သည္။ ထိုေနညက
ဘားကေန အျပန္ တိုက္ခန္းအထိ ခရီးဆက္ၾကရာ မိန္းကေလး သံုးေယာက္လည္းပါခဲ့ေလသည္။
ရႈပ္ရႈပ္ယွက္ယွက္ေတြမို႔ ျပန္ႏွင့္ဖို႔ ေျပာခဲ့ေသာ္လည္း
ဇြတ္ဆြဲေခၚတာေၾကာင့္ ထပ္မံလိုက္ပါခဲ့ရျပန္သည္။
တိုက္ခန္းသည္ လုပ္ငန္းရွင္တို႔ပိုင္ရာ ေနရာမို႔ က်ယ္က်ယ္ဝန္းဝန္းရိွေခ်သည္။ အခန္းေလးခန္းပါ တိုက္ခန္းက်ယ္ျဖစ္တာေၾကာင့္ သမီးရည္းစားမ်ားအတြက္သုခဘံုအလားျဖစ္ခဲ့၏။
တိုက္ခန္းေရာက္ေတာ့အကုန္မူးရူးေနၾကရာ မမူးေသးတဲ့စံုသာၿမိဳင္သည္အမ်ား မေက်နပ္ေစရာျဖစ္ခဲ့သည္။
ေကာ့ေတးဆိုတဲ့ အရက္ေရာသၫ့္ စပ္ေရသည္
အသီးအႏွံအရသာရိွ၏။ လိမ္ညာတိုက္သၫ့္အခါ တစ္ခါမွ မေသာက္ဖူးသၫ့္စံုသာၿမိဳင္လည္း မူးခဲ့ေလသတည္းေပါ့ ။ ရီေဝယစ္မူးေနဆဲ ပါလာတဲ့မိန္းကေလးေတြထဲမွ စံပယ္ျဖဴသည္ သူ႔အနားဇြတ္ကပ္ခဲ့၏။ ထိုမိန္းကေလးသည္ အတိတ္ဘဝတြင္
သူ႔အား ေထာင္ထဲထၫ့္ခဲ့ဖူးတဲ့ခ်စ္သူမိန္းကေလးျဖစ္တာေၾကာင့္ သူ႔အေနနဲ႔မုန္းတီးခဲ့ၿပီး ထိပ္တိုက္ေတြ့ဆံုတာေတာင္မွ မသိခ်င္ေယာင္ေဆာင္ေရွာင္ရွားခဲ့သူျဖစ္သည္။
အဆိုးဆံုးမွာလည္းထိုမိန္းကေလးကလည္း အလြန္မူးေနခဲ့သည္။ မူးရူးေနခဲ့တဲ့မိန္းကေလးေတြနားတြင္ သူတို႔၏သက္ဆိုင္ရာအမ်ိဳးသားေတြရိွေနခဲ့သည္။ ထိုအထဲတြင္စံပယ္ျဖဴဆိုတဲ့မိန္းကေလးလည္းအပါအဝင္ျဖစ္၏။ သူ႔အနားကပ္ထိုင္ေနတဲ့စံပယ္ျဖဴအား ေနာက္က်မွေရာက္လာခဲ့ေသာ ကိုျမင့္ျမတ္က ဆြဲေခၚယူသြားခဲ့သည္။ မူးေနေပမဲ့ အသိစိတ္မဲ့ေလာက္ေအာင္စံုသာၿမိဳင္ ျဖစ္မေနခဲ့တာမို႔ အသိစိတ္သည္ အနည္းငယ္ရွင္းလင္းမွတ္မိေနဆဲပင္။
ထိုညက အတူရိွခဲ့တဲ့ အမ်ိဳးသားသည္ ကိုျမင့္ျမတ္သာ ျဖစ္ခဲ့တာ အမွန္တရားျဖစ္ေလသည္။ စံုသာၿမိဳင္သည္အဲ့ေန့ညကတည္းကျပန္ခဲ့သည္ျဖစ္ၿပီး အတူေနခဲ့သူ ကိုျမင့္ျမတ္ကလည္း မိုးမလင္းခင္ ျပန္ခဲ့ရာ အျပန္တူခဲ့ၿပီး အမ်ားထင္သလို မွားယြင္းသူက ကိုယ္သာ ျဖစ္ခဲ့ရေတာ့သည္။
" အျဖစ္အပ်က္ကေတာ့ အဲ့ဒါပါပဲ။ ေနာက္ပိုင္း ျဖစ္ခဲ့တဲ့အေၾကာင္းေတြကေတာ့ ဒီဖက္မွာ အကုန္သိၾကတဲ့အတိုင္းပဲ။ က်ဳပ္ဘာေၾကာင့္ စံပယ္ျဖဴကို ဇြတ္မျငင္းပဲ အိမ္မွာေခၚထားခဲ့ရတာလဲဆိုတာကေတာ့ ဒီဖက္က စံပယ္ျဖဴက မိန္းကေလးတစ္ေယာက္ျဖစ္တာေၾကာင့္ေရာ ၊ ကိုျမင့္ျမတ္ဖက္ကလည္း ဟိုဖက္အိမ္ေထာင္နဲ႔ အရႈပ္အရွင္း ဇာတ္ထုတ္ရွင္းေနရတာေတြေၾကာင့္ေရာႏႈတ္ပိတ္ေနခဲ့ရတာပါ။ ေနာက္တစ္ခ်က္က ကိုယ္ဝန္ကိစၥပါ။ "
တည္ၿငိမ္ေအးစက္လွေသာ မ်က္ဝန္းေတြထဲမွာ
အာဂတ အၿငိဳးအေတးေတြမရိွေပမဲ့ ေရျပင္ပမာ တည္ၿငိမ္ေနသည္လည္းမဟုတ္ခဲ့။ စံုသာၿမိဳင္ စံပယ္ျဖဴကို ငဲ့ပင္မၾကၫ့္ပဲ
" သူဒီေရာက္တာ တစ္လ ျပၫ့္ေတာ့မယ္ေနာ္။ ကိုျမင့္ျမတ္လည္းရိွတုန္း က်ဳပ္ေျပာခ်င္တာက ေစာင့္ထိန္းရတဲ့ ဝတၲရားေတြရိွလို႔ ဒီမိန္းကေလးကို က်ဳပ္ေခၚယူခဲ့တယ္။ လက္ဖ်ားနဲ႔မတို႔ခဲ့သလို ဇာတ္ရႈပ္ေတြကလည္း ခင္ဗ်ားျမင္တဲ့အတိုင္း တစ္အိမ္လံုးရွင္းလိုက္ရတဲ့ျပႆနာက တစ္ေယာက္တစ္ေပါက္။ က်ဳပ္မွာရိွတဲ့ သိကၡာသမာဓိလည္းပ်က္ျပားေစသလို က်ဳပ္ေစာင့္ေရွာက္ရတဲ့ ဝန္ထမ္းေတြေရ႔ွမွာလည္းအရိုအေသ တန္ခဲ့တယ္။
အဲ့ေတာ့ ဒီမိန္းကေလးကို ခင္ဗ်ား ျပန္ေခၚသြားေပးပါျမင့္ျမတ္။ ကိုယ္ဝန္ကိစၥကို ခင္ဗ်ားစိတ္ရွင္းေအာင္ေျပာရရင္ က်ဳပ္က တြင္းပိခဲ့တဲ့ ေဘးအႏၲရာယ္ေၾကာင့္ ေျခတစ္ဖက္ဆံုးခဲ့ရသလို ကေလးမရႏိုင္တဲ့ ျပႆနာလည္းရိွခဲ့ဖူးတယ္။ ဒီတစ္သက္ က်ဳပ္က
ဘယ္ေတာ့မွ သားသမီး မရေတာ့ဘူးဆိုတာ က်ဳပ္နဲ႔ပတ္သက္သမ်ွ လူအကုန္သိၾကပါတယ္။"
စံုသာၿမိဳင္သည္ စကားအမ်ားႀကီးေျပာေလ့ရိွသူမဟုတ္ေပ။ ေအးခ်မ္းေသာ မ်က္ဝန္းေတြသည္ ညခ်မ္းေအးဆီသို႔တစ္ဆိုက္မက္မက္ေရာက္ရိွေနၿပီး
"အဲ့ေတာ့ ဒီကိုယ္ဝန္က က်ဳပ္နဲ႔မသက္ဆိုင္ပါဘူး "
ထိုစကားကို တစ္စံုတစ္ေယာက္အားၾကၫ့္၍ ေျပာခဲ့ျခင္းျဖစ္ေလသည္။ ထိုအရာကို စံပယ္ျဖဴတစ္ေယာက္လက္ခံဖို႔အေတာ္ေလး အခ်ိန္ယူခဲ့ရသည္။
သူနဲ႔မသက္ဆိုင္တဲ့ေယာက်ာ္းတစ္ေယာက္ဆီမွာ ေရာက္ရိွခဲ့ၿပီး ႏိုင့္ထက္စီးနင္းလုပ္ခဲ့တဲ့ သက္ေသေတြသည္ သူမအား ရူးသြပ္သြားေစေလသည္။
ယူႀကံဳးမရျခင္း ။ ထိုစကားသည္ သူမအတြက္မ်ားလား။ ကိုျမင့္ျမတ္ထိသည္ကိုပင္အထိမခံေတာ့ေခ်။ ေအာ္ဟစ္ငိုယိုကာ ကားေပၚအတင္းေပြ့တင္သြားသည္အထိ ရိုက္ပုတ္လို႔မၿပီးခဲ့ေပ။
ဒုကၡတစ္ရန္ေအးသြားေတာ့ ခ်စ္ထြန္းနဲ႔ဘေမွာင္မွာ သက္ျပင္းတခ်ခ်။
" ေတာ္ေသးတာေပါ့ ။ ေတာ္ေသးတာေပ့ါ။ ဘုရားကယ္လို႔ ဒါႀကီးကို မရီးေခၚရေတာ့မလို႔ "
ခ်စ္ထြန္း၏ ရင္ဖက္တဖိဖိ စကားေၾကာင့္အကုန္လံုးထိုအခါမွၿပံဳးႏိုင္ေတာ့သည္။
ညခ်မ္းေအးသည္ပင္ စိတ္ထဲတစ္စို႔ခဲ့ေသာအဆိုင္အခဲအေရေပ်ာ္က်သြားသလို ဝမ္းသာခဲ့ရတာပင္
မဟုတ္လား။
ည ဆယ္တစ္ေလာက္တြင္ အကုန္ျပန္သြားၾကၿပီျဖစ္ရာ တိတ္ဆိတ္ေသာ အိမ္တြင္ စံုသာၿမိဳင္ႏွင့္ညခ်မ္းေအးႏွစ္ေယာက္သာ က်န္ခဲ့ေလသည္။
"ရတယ္ ကိုယ္ဘာသာ လိမ္းမယ္ "
ပါးျပင္ေပၚကေသြးစို႔ရာကိုၾကၫ့္ၿပီး ေဆးလိမ္းေပးမဲ့လက္ေတြသည္ တစ္ခဏအၾကာမ်ွတြန႔္ဆုတ္သြားေပမဲ့ ျပန္လည္ေရာက္ရိွလာခဲ့ၿပီး ခပ္ဖြဖြပြတ္လိမ္းေပးေနခဲ့သည္။
" အမာရြတ္က်န္ခဲ့ရင္ ဘယ္ႏွယ့္လုပ္မလဲ။ အရာရာ ေပ်ာ့ညံ့ေနလို႔ မျဖစ္ဖူးေလ။ ရိုက္ၿပီေဟ့ဆိုရင္လည္းေယာက်ာ္းပဲ ကိုယ္ကဦးေအာင္လုပ္ပါ့လား "
တိုးတိုးရြတ္ဆိုေသာစကားက စံုသာၿမိဳင္ဆိုတဲ့လူႀကီးမ်ားဟုတ္ပါေလစ။ ဂရုဏာေဒါသေၾကာင့္ဆိုေပမဲ့ အရင္ဦးေအာင္လုပ္ဖို႔ ေျမာက္ေပးေနတာမ်ားညခ်မ္းေအးအား ကေလးတစ္ေယာက္လိုလို။
" သူကမိန္းကေလးေလ။ ေယာက္်ားတစ္ေယာက္လုပ္ၿပီးမိန္းမတစ္ေယာက္နဲ႔ရန္တုျဖစ္ဖို႔ဆိုတာ နည္းနည္းေတာ့ရွက္စရာေကာင္းတယ္မဟုတ္ဖူးလား"
" ေယာက္်ားလည္း အေသြးနဲ႔အသားနဲ႔ ။ မင္းေခါင္းေပၚကဆံပင္ဘယ္ႏွစ္ပင္မ်ား အဲ့မိန္းမ ဆြဲႏႈတ္သြားတာလည္းဆိုတာ သိရဲ့လား။ ပါးမွာလည္းျခစ္ရာႀကီးနဲ႔။ တကယ္ပါပဲ။ ကိုယ္ခ်ဳပ္ထားတုန္းက ျပန္ကုတ္ပစ္လိုက္ပါလား ေလးငါးခ်က္ေလာက္ျဖစ္ျဖစ္။ ဆံပင္လည္း
အားနဲ႔အားရပါးရ အၿပံဳလိုက္ပါေအာင္ဆြဲလိုက္ရမွာ "
ရင္ထဲမေအာင့္အီးႏိုင္ေတာ့တာေၾကာင့္ ခပ္ဖြဖြၿပံဳးမိေသာအခါ မ်က္ႏွာခ်င္းဆိုင္ရိွ အၾကၫ့္နက္နက္က စူးခနဲေရာက္လာကာ
" ဘာရယ္စရာရိွလို႔လဲဗ် "
"မဟုတ္ပါဘူး။ ကိုစံုသာၿမိဳင္ ေဒါသထြက္တာ အရမ္းၾကၫ့္လို႔ေကာင္းလို႔ပါ "
ညိုညိုတိုတိုအသားအေရ သည္ သိသာေအာင္နီျမန္းသြားေတာ့သည္။ မ်က္ခံုးတစ္ဖက္ရိျွပတ္ရွရာက
အက်ည္းတန္သလိုရိွေသာ္ျငား တစ္ဖက္ကၾကၫ့္ေသာ္ ဆြဲေဆာင္မူ႔ကလည္းရိွေနျပန္သည္။
အရပ္ကရွည္ရွည္ ရင္ျပင္ကက်ယ္က်ယ္ တည္ၿငိမ္ေသာ အေျပာအဆို တို႔က စံုသာၿမိဳင္ဆိုတဲ့ေယာက်ာ္းအား ဘယ္ေလာက္ဂုဏ္က်က္သေရ တိုးပြားေနလိုက္သလဲ။
" ေနာက္က်ေနၿပီ ။ က်ဳပ္ျပန္ေတာ့မယ္ "
" ေနပါအံုး ကိုစံု ။ ကြၽန္ေတာ္ေမးစရာရိွလို႔ပါ "
မတ္မတ္ထရပ္ေနတဲ့သူအား အလန႔္တၾကား တားလိုက္တာမို႔ လက္ဖဝါး ကို ဆုပ္ကိုင္မိရက္သားျဖစ္သြားကာ ၾကမ္းတမ္းေသာအသားမာဖုေလးေတြအားထိေတြ့ခံစားမိလိုက္သည္။ ညခ်မ္းေအး၏
ႏွလံုးသားတစ္ခုလံုးမွာ ထိုလက္ဖဝါးတို႔ျဖင့္ဆြဲယူကုတ္ျခစ္လိုက္သလို စပ္ဖ်င္းထံုထိုင္းသြား၏။သို႔ေသာ္ သူသည္ ထိုလက္ဖဝါးအားၿမဲျမံစြာ ထိကိုင္ထားလ်က္ပင္ မသိခ်င္ေယာင္ေဆာင္ကာ ဆက္ေျပာဖို႔ ႀကိဳးစားလိုက္သည္။ တစ္ဖက္လူသည္လည္းေနရခက္သြားသလို ေတာင့္ေတာင့္ႀကီးျဖစ္ကာသြား
သည္မို႔ ရယ္ခ်င္စိတ္ကေလးဟာလည္းတိုးပြားလာလ်က္
" ခင္ဗ်ား ဝွာ က တကယ္ မစြမ္းဘူးလား"
"ဟမ္ ..ဘာလဲ "
ညခ်မ္းေအးသည္ သူေမးလိုက္တဲ့စကားအားျပန္စဉ္းစားမိကာ အေတာ္ေလးေနရခက္သြားသည္။ အမွန္ေတာ့ ေမးခ်င္တဲ့ေမးခြန္းက တစ္ျခား။
ေမးမိတဲ့ေမးခြန္းသည္ စံုသာၿမိဳင္မတ္တပ္ရပ္လိုက္တဲ့အခါ ၾကၫ့္မိၾကၫ့္ရာ ၾကၫ့္လိုက္ရာမွ ျဖစ္ေပၚလာေသာ ေမးခြန္း ။ တစ္ေယာက္ေသာ သူက
အူတူတူရိွလြန္းသည္ ။ ပထမတစ္ခါေမးလိုက္တာက ေမးမိေမးရာ ။ ဒုတိယတစ္ခါ ထပ္ေျပာလိုက္မိတာ တကယ္သိခ်င္လို႔ပင္။ ရွက္ရွက္နဲ႔ပင္ ကိုယ္ခႏၶာ၏ အလယ္ရပ္ဝန္းကို လက္ညိုးထိုးျပကာ
" ဒါ"
"ဒါက ဘာျဖစ္... မင္း !!! "
ခုမွ ဘာကိုေမးမွန္းသိသြားတဲ့ စံုသာၿမိဳင္မွာ အံႀကိတ္လ်က္ ဘာေျပာရမွန္းကိုပင္မသိေတာ့ေခ်။
" အကယ္၍ ဒီကိစၥ မစြမ္းႏိုင္လည္း ကြၽန္ေတာ့္အတြက္အေရးမႀကီးပါဘူး ။ ခင္ဗ်ား လိင္တူ ခ်စ္ႀကိဳက္တဲ့အေပၚ ဘယ္လို ထင္ျမင္ယူဆခ်က္ရိွလဲ"
ညခ်မ္းေအးေမးစကားကို တစ္ဖက္လူသည္ မၾကည္မသာပင္
" သူတို႔ဘာသာ ခ်စ္ၾကတာ က်ဳပ္က ဘာစိတ္ရိွရမွာလဲဗ် "
" စိတ္ရိွမွရမွာ ေပါ့ဗ်ာ။ ကြၽန္ေတာ္ ကိုစံုသာၿမိဳင္ကို ေမတၲာ သက္ဝင္မိေနတာ ၾကာလွၿပီ။ ဒီၾကားထဲျဖစ္သြားတဲ့ ကိစၥေတြကိုပဲၾကၫ့္ ။ ကြၽန္ေတာ္သာ ႏႈတ္နည္းေနရင္ ေနာက္ က်န္ရစ္ျဖစ္မွ ေနာင္တရလိမ့္မယ္။ အသည္းကြဲရတာထက္စာရင္ ခုခ်က္ျခင္းေျပာလိုက္တာ မေကာင္းဘူးလား။ ၿပီးေတာ့ ဒီ ကိစၥ မစြမ္းႏိုင္ရင္ေတာင္ ကြၽန္ေတာ္ ဘယ္လိုမွမေနပါဘူး ကြၽန္ေတာ္ တကယ္သေဘာက်တာ ခင္ဗ်ားကိုပါ။
စည္းစိမ္ဥစၥာကိုလည္းမမက္သလို ကူးကူးကိုလည္း ကြၽန္ေတာ့္သမီးေလးလို ေစာင့္ေရွာက္ႏိုင္ပါတယ္။
ပစိပါးစပ္မ်ားတဲ့မိန္းမေတြထက္စာရင္ ခင္ဗ်ား
ကိုေသခ်ာ ေဆြးေနြး အႀကံျပဳေပးႏိုင္တဲ့ ကြၽန္ေတာ္လို ေယာက်ာ္းေလးက မေကာင္းဘူးလားဗ်။
ေနာက္ခင္ဗ်ား အသက္ႀကီးသြားရင္ေတာင္မွ
ကြၽန္ေတာ္က ပစ္သြားမဲ့သူမဟုတ္ဘူးဆိုတာ ဂတိလည္းေပးပါတယ္။ ဘယ္လိုသေဘာရလဲဟင္။ "
ဆက္တိုက္ေျပာသြားတဲ့ စကားေတြေၾကာင့္
ညခ်မ္းေအးအား ျပဴးက်ယ္ေနတဲ့မ်က္လံုးေတြႏွင့္အေတာင့္သားၾကၫ့္ေနေလသည္။
အေနရခက္ေပမဲ့လည္း တစ္ဖက္လူ၏ အေျဖကို အနည္းငယ္မ်ွ ေမ်ွာ္လင့္မိတာမို႔ သူကလည္းတန္ျပန္ၾကၫ့္မိသည္။ အၾကၫ့္တို႔တခဏ စံုၿပီးေနာက္ပထမဦးဆံုးအၾကၫ့္လြဲမိသူက စံုသာၿမိဳင္ျဖစ္သည္။
ဗို႔အားတစ္ေထာင္မကေသာ အၾကၫ့္တို႔ကား
သူ႔အားအေတာ္ေနရခက္ေစသည္။
ဒီေလာက္အရြယ္ငယ္ငယ္ႏွင့္ အေတာ္ေလးျပင္းျပေသာ အၾကၫ့္။ ဒီေကာင္ေလး ဘယ္လိုေတာင္ သူ႔အားပစ္မွားေနသလဲဆိုတဲ့အေတြးက မဖိတ္ေခၚပဲဝင္ေရာက္လာေသာအခါ သူ႔မွာၾကာၾကာေတာင္မထိုင္ဝံ့ေတာ့ေခ်။
" တလြဲေတြေလ်ွာက္ေျပာမေနနဲ႔ ။ မိုးလည္း ေတာ္ေတာ္ခ်ဳပ္ေနၿပီဆိုေတာ့က်ဳပ္ျပန္ေတာ့မယ္။"
"ဘယ္သူကတလြဲေျပာေနလို႔လဲ။ အတည္ေျပာေနတာပါဗ် ။ တကယ္ အတည္ႀကံတာပါ ကိုစံုသာၿမိဳင္။ ခုမေျဖလည္း စဉ္းစားအံုးေပါ့ဗ်ာ ။ ေနာက္ရက္မွ ျပန္အေျဖေပးလည္း ကြၽန္ေတာ္ေစာင့္ႏိုင္ပါတယ္ "
လာလာခ်ည္ေသး။
ပူငင္ရစ္ေနွာင္ေသာ ခံစားခ်က္က တစ္ကိုယ္လံုး တႏံု႔ႏံု့ ။ရွက္လြန္းလာတာေၾကာင့္ တစ္စကၠန႔္ေတာင္မွ ဒီအိမ္မွာမေနရဲေတာ့။ သူထြက္သြားေတာ့ ေလွကားေျခရင္းမွာ ရပ္ေငးေနတဲ့အရိပ္ကေလးေၾကာင့္
စိတ္ထဲလည္းမေကာင္းလွပါ။ သို႔ေသာ္ျငား ပိုးပန္းရေအာင္ သူက မ်ိဳးမေအာင္ေတာ့ေပမဲ့ မ်ိဳးေကာင္းမ်ိဳးသန႔္ အလံုးအထည္ႀကီးဆိုတာ ေျပာေတာင္ျပလိုက္ခ်င္ေသးသည္။ မိန္းကေလးမဟုတ္ဘာမဟုတ္ ခ်စ္ခင္ေနတဲ့ မ်က္လံုးႀကီးနဲ႔သေရတျမားျမားအၾကၫ့္ခံရေတာ့ ေအာင့္သည္းေအာင့္သက္လည္းခံစားရသည္။
ႏွစ္ဘဝစာလံုး လူပ်ိဳရည္မပ်က္ဖူးတဲ့သူဟာ
ညခ်မ္းေအးလက္ထဲ ဆံုးစျမဳပ္ရေတာ့မဲ့အေျခအေနကိုေတြးသာေတြးၾကၫ့္ပါေတာ့ ။ အျဖစ္ခံႏိုင္ရိုးလား။
မ်ိဳးမေအာင္ ဇိုးၿမိဳင္က အထုတ္နဲ႔အထည္နဲ႔။
လူေလးလက္ေတာက္ေလာက္နဲ႔ ျမင့္မိုရ္ေတာင္ကိုဇီးေစ့နဲ႔မ်ားေပါက္မလို႔လား။ ဟားဟ ပဲ သိရဲ့လား ခ်မ္းေအးဆိုတဲ့ေကာင္ေလးရယ္။
လမိုက္ညသည္အိမ္ႏွစ္အိမ္ရိွရာ လမ္းၾကားေလးအား
အေမွာင္မျခားႏိုင္ေပ။ မလြယ္ေပါက္၏တံခါးကေန ကူးသြားတဲ့ေက်ာျပင္က်ယ္က်ယ္သည္ အနည္းငယ္မ်ွ ေျဖာင့္မတ္ေနပါေသာ္ျငား တစ္ခါတစ္ရံ လႈပ္ခါ ရယ္ေမာေနသ႑ာန္လည္းရိွ၏။ စံပယ္ေတြ ေဖြးေဖြးလႈပ္ေအာင္ပြင့္၍ ေမြးနံ႔ၾကဴၾကဴ ထြက္ေပၚေနပါသည္။ တစ္ခါတစ္ရံ့တစ္ဖက္သို႔ ေစာင့္ငဲ့တက္ၿပီးတစ္ခါတစ္ရံ ပက္လက္ျဖစ္ကာသြားေသာသူသည္ အိပ္မရဟန္တူသည္။ ကုတင္ေဘးမွာ ခြၽတ္ထားေသာ အဝါေရာင္ေျခတုတစ္ဖက္သည္ ညမီးအိမ္ေအာက္တြင္ၿငိမ္သက္ေနခဲ့ပါ၏။
"ေဖႀကီးမွားတယ္သိလား"
လူႀကီးေလးလို ခါးေထာက္ကာ မ်က္ေမွာင္ေလးတႀကံဳ႔ႀကံဳ႔ျဖင့္ ကူးကူးတစ္ေယာက္စံုသာၿမိဳင္အား ဆူပူေနေလသည္။
" ဟုတ္ပါတယ္ ေဖႀကီးမွားတယ္။ "
အေလ်ာ့ေပးမွန္းသိေတာ့ စူပုတ္ေနတဲ့မ်က္ႏွာေလးေျပေလ်ာ့ သြားကာ သူ႔အေပၚအတင္းကုတ္တြယ္တက္လာေတာ့သည္။
" ကူးကူး ေမေမေလးမရခ်င္ဘူးေနာ္။ ေဖႀကီးေနာက္တစ္ခါ အိမ္ေပၚထပ္ေခၚလာရင္ အကူးအိမ္ေပၚကေနဆင္းမယ္"
" ေနပါအံုး ကူးကူးအိမ္ေပၚကေနဆင္းေတာ့ ဘယ္သြားေနမွာလဲ "
" ဦးဦးအိမ္သြားေနမွာေပါ့။ ဦးဦးက ဟင္းေကာင္းေကာင္းလည္းခ်က္တက္တယ္။အကူးကို စာလည္းသင္ေပးေသးတယ္ ။ အိမ္သန႔္ရွင္းေရးလည္း ႀကီးၿမိဳင္တို႔လို႔ပဲ လုပ္တက္ေသး ။ ေနာက္ၿပီး ဘုရားစာေတြလည္းစံုေနေအာင္ရေသးတယ္"
လက္တစ္ေခ်ာင္းဆီခ်ိဳးကာ ေျပာေနတဲ့ေကာင္းကြက္ေတြကိုၾကၫ့္ကာ စိတ္မရွည္၍ ေနာက္တစ္ေခ်ာင္းထပ္ခ်ိဳးေပးလိုက္ေသး၏။
" ခ်စ္စရာလည္းေကာင္းတယ္ေလ ။ ႏႈတ္ခမ္းေထာင့္နားမွာဆို ရယ္လိုက္ရင္အခ်ိဳင့္ေလးႏွစ္ခုနဲ႔ "
ကူးကူးက စဉ္းစားမေန။ ေခါင္းတညိတ္ညိတ္နဲ႔ေထာက္ခံေနေသးသည္။
" ေနာက္တစ္ခါဆို ဦးဦးကို ရန္ျဖစ္ေအာင္လုပ္တဲ့ အန္တီေတြကို ေခၚမလာနဲ႔ေနာ္ ေဖႀကီး"
စံုသာၿမိဳင္ ေလးေလးနက္နက္ထားကာ ကတိေပးလိုက္သည္။
" အင္းပါ ေဖႀကီးေခၚမလာေတာ့ပါဘူး"
စိတ္ေကာက္ေျပသြားတဲ့ ကူးကူးသည္ စံုသာၿမိဳင္ကိုယ္ကေန ေလ်ာတိုက္ျပန္ဆင္းသြားၿပီး
" ကူးကူးေက်ာင္းသြားရေတာ့မယ္ ။ ေဖႀကီးအလုပ္ကို ေသခ်ာလုပ္ခဲ့ေနာ္။ "
" ဟုတ္ပါၿပီ"
ဝတ္ထားေသာ အျဖဴအစိမ္းဂါဝန္ေလးအား
ေသခ်ာျပဳျပင္ေပးရင္း ကေလးအား မုန႔္ဖိုးထုတ္ေပးလိုက္စဉ္
" ဒီအရြယ္ကေလးက မတည့္တဲ့မုန႔္ေတြဘာေတြနားလည္တာမွမဟုတ္တာ ။ ၿပီးေတာ့ဒီေလာက္အမ်ားႀကီးေပးစရာမွမလိုတာ ။ ကူးကူးျပန္ေပးလိုက္ ဦးဦးဆီမွာ ကစားေက်ာင္းဆင္းရင္ေကြၽးမဲ့ ငံုးဥျပဳတ္ေတြပါတယ္ ။ "
လွစ္ခနဲေရာက္လာတဲ့အရိပ္ေလးေၾကာင့္ စံုသာၿမိဳင္တစ္ေယာက္ဘယ္ထေျပးလို႔ေျပးရမွန္းမသိေတာ့ေခ်။
ကူးကူးက သူ႔လက္ထဲထၫ့္ထားတဲ့မုန႔္ဖိုးကိုျပန္ထိုးေပးကာ ေက်ာပိုးအိတ္ဆြဲ၍ ေျပးေလသည္။
တစ္ေယာက္ေသာသူကေတာ့ သူ႔ကိုၾကၫ့္ရင္း ကေလးလက္ကိုဆြဲထားတာ ရယ္က်ဲက်ဲ။
အတူတူထြက္သြားေသာ ေက်ာျပင္ငယ္ကိုသူေငးၾကၫ့္မိသည္။
အျဖဴေရာင္ လက္ရွည္သည္ တစ္ေကာက္ဝတ္တြင္ေသခ်ာ ၾကယ္သီးတပ္ဝတ္ထားၿပီး ပုဆိုးအတြင္း အက်ႌကိုထၫ့္ကာဝတ္ထားသည္မွာ တိတိပပ။
အမို႔အေမာက္အနည္းငယ္ရိွေသာ ရပ္ဝန္းငယ္အားၾကၫ့္ကာ ဇိုးၿမိဳင္၏ ထုနဲ႔ထည္သည္ တင္းခနဲျဖစ္လာ၏။
ေအာက္ကိုအလန႔္တၾကားငံု႔ၾကၫ့္ၿပီး စံုသာၿမိဳင္၏ မ်က္ႏွာသည္ထိတ္လန႔္သြား၏။
မစြမ္းႏိုင္တာမဟုတ္ဘူး အစြမ္းလြန္ေနတာဟု၍
ညည္းပံုခ်လိုက္ခ်င္ေတာ့၏။
Bạn đang đọc truyện trên: ZingTruyen.Xyz