ZingTruyen.Xyz

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)

17

eainsi23

"ညချမ်းအေး ..ဝက်သားတွေဘာတွေဝယ်လို့ပါပဲ"

ရွာ‌ဈေးက မနက်ဆို တစ်ခဏသာ။ နေမြင့်လျှင် ဈေးသည်တွေက သူ့တို့ ဆိုင်ကို သိမ်းဆည်းသွားတက်တာကြောင့် ဈေးဝယ်မယ်ဆို စောစောလာရ၏ ။
ဈေး‌ခြင်းတောင်းကိုင်ကာ ဝက်သားဝယ်နေတုန်း နှုတ်ဆက်လာတဲ့အရီးကြောင့် ပြုံးပြရင်း

" ဟုတ်တယ်အရီး၊ နှစ်ရက်သုံးရက်ရှိပြီ၊ ဖြစ်သလို စားနေတာမို့ ဈေးလာလိုက်တာ ။အရီးကော ဘာဝယ်ပြီးပြီလဲဗျ။  ဈေးခြင်းကလည်းပြည့်‌ နေပြီ ။ မမနှင်းရီ ကော မပါဘူးလားဗျ။ "

" နှင်းရီလား ၊ ပါပါ့ ။ ဟိုဖက်မှာ ငါးသွားဝယ်နေတယ်လေ။ နေပါအုံးဟယ် ငါမေးပါရစေအုံး။ ကူးကူးတို့
အိမ်မှာ မိန်းကလေးတစ်ယောက်ရောက်နေတယ်ဆို။ "

" အရီး ဘယ်ကကြားလာတာလဲ"

ညချမ်းအေး စိတ်ရှုပ်သွားတာကြောင့် မျက်ခုံးကွေးကွေးနှစ်ဖက်က တွန့်ကုတ်သွား၏ ။

" အမလေးဟယ် တစ်ရွာလုံး မကြားချင်မှအဆုံးပဲ။
စပ်စလူးစိန်လိုက်တာမှလွန်ရော ၊အနေအထိုင်က မတက်သေး၊ ရိုင်းက ရိုင်းသေးတယ်ဆို ။ မဖြစ်သေးပါဘူးဟယ် ၊ နောက်ရက် ကိုယ်တိုင်ကိုယ်ကျ လာကြည့်အုံးမယ်။ စုံသာမြိုင်ကလည်းရွေးစရာတွေဒီလောက်ပေါနေတာကို ဘယ်က တေလေဂျပိုးမကိုခေါ်လာမှန်းမသိဘူး"
အရီးက ပြောလိုက်ရင်တဆုံးမို့ နားထောင်နေရတဲ့ ညချမ်းအေးပင် မမြင်ရတဲ့ စံပယ်ဖြူကို အားနာသွားရတဲ့အထိပင်။

" တော်ပါတော့အရီးရယ် သူများကြားလို့လည်းမကောင်းပါဘူး ။ ဟိုမှာ မမနှင်းရီ ပြန်လာပြီ။ ကျွန်တော်လည်းပြန်တော့မယ် "

ဆွဲခြင်းထဲဝက်သားထုတ်ပစ်ထည့်ကာ ပြန်ဖို့ပြင်လိုက်ပေမဲ့ အရီး က လက်ကိုဆွဲကာ အပြန်မခံ။

" နေပါအုံး ။ ခုမှ တွေ့တာကို ပြန်တော့မလိုလား"

"ချက်ရပြုတ်ရနဲ့ ကျောင်းကိုလည်းမှီအောင်သွားရအုံးမယ် အရီးရယ် "

" အေးပါ။ ခဏပါပဲ။ မေးစရာလေးလည်းရှိလို့၊
သတိ‌ ပေးစရာလည်းရှိလို့ဆိုပါတော့  စကားမစပ် ...မင်းအဒေါ် ခင်စိန်ပြောနေတာ နှင်းရီကြားခဲ့တာတဲ့။ မင်းက မိန်းမတွေကို စိတ်မဝင်စားတဲ့ သူတဲ့ ။ ယူချင်းယူ ယောကျာ်းပဲယူမှာဆို ဟုတ်လား"

အရီးစကားကြောင့် ညချမ်းအေး မျက်နှာ ရဲရဲနီစွေးသွားပါ၏။ ဘယ်ကနေ ကြားခဲ့တဲ့စကားလည်း မသိပေမဲ့ ညချမ်းအေး၏ စောင့်ထိန်းအပ်သော ဂုဏ်သက္ခာတို့သည် နောက်ကွယ်မှာ ပျက်ပြားခဲ့ပြီလား။
ညချမ်းအေး ရှက်သွားတာမြင်တော့ အရီးက သက်ပြင်းချကာ

" သူ့ဘာသာ ဘာပြောပြောစိတ်ထဲထားမနေနဲ့ ။ ငါသတိပေးချင်တာက
နင့်အဒေါ်နဲ့ ဖြစ်နိုင်ရင်ဝေးဝေးနေ။ ခု သူနဲ့ဆက်သွယ်နေတဲ့ ဝေမင်း ဆိုတဲ့ကောင်က ယောကျာ်းလေးချောချောလေးတွေကို အိမ်ခေါ်ခေါ် အိပ်တယ်လို့ သတင်းထွက်နေတာ သိလား။ မင်းအဒေါ်က အဲ့ကောင်ဆီငွေတိုးတွေ ယူယူနေတာ တော်ကြာဇာတ်ကားထဲကလို ကျော်မကောင်းကြားမကောင်း
ထိုးပေးစားနေလိမ့်အုံးမယ် ။ ပြောမရဘူး အဲ့ကောင်မခင်စိန်က ဦးနှောက်ကောင်းတာမဟုတ်ဘူး သတိထားနေအုံး"

ဈေးကနေပြန်တဲ့ အရီးစကားတွေက နားထဲတဝဲလည်လည်။ စိတ်မပါလက်မပါ
ချက်ပြုတ်ပြီးကျောင်းကို သွားတော့ ကူးကူးကို သူ့ဦးလေး ဘမှောင်ဆိုသူက ကားနဲ့လိုက်ပို့လာတာကို တွေ့လိုက်ရသည်။ သစ်လွင်သော ကားအမျိုးအစားမဟုတ်ပေမဲ့ ကူးကူးဆင်းလာတော့ ကားမစီးဘူးတဲ့ ကလေးတွေက ငေးကြည့်နေကြသည်။
ကူးကူးကနေရခက်ပုံဖြင့် ဘမှောင်နောက်မှာ ကုတ်ကုတ်ကလေးရပ်ကာ လက်ထဲ ကိုင်ထားသော ကျောပိုးအိတ်ကို စူစူပုတ်ပုတ် ဇစ်ဆွဲဖွင့်က ဘာတွေထည့်နေမှန်းမသိအလှုပ်ရှုပ်နေသည်။
ကလေးကိုမြင်တော့ မတွေ့ရတာ သုံးလေးရက်ရှိပြီဖြစ်ကြောင်းသတိရကာ ရင်ထဲဆွေးသွား၏။
ခါတိုင်း ကျောင်းသွားကျောင်းပြန် သူတို့နှစ်ယောက်ကအတူတူ။ သူစိမ်းရောက်လာတော့ မခေါ်ခိုင်းတာလား ၊တမင်ဘမှောင်အိမ်ပို့ထားတာလား တစ်ခုခုပင်။
ခပ်ငေးငေးကြည့်နေတုန်းပင် ကူးကူးက သူ့ကိုမြင်သွားကာ အပြေးလေးရောက်လာ၏။

" ဦးဦး "

" ကူးကူး ကျောင်းလာပြီလား "

ကူးကူး ခေါင်းကို မြန်မြန်ညိတ်ပြကာ မတွေ့တာ ကြာပြီဖြစ်တဲ့ ဦးဦးခြေထောက်ကိုပြေးဖက်လိုက်သည်။

" ဦးဦးကို လွမ်းတယ် ။ ကူးကူး ဘဘမိုးနဲ့ သူ့အိမ်မှာ လိုက်နေနေရတယ်သိလား ။ ဘဘမိုးအိမ်မှာ ဘာ မှမရှိဘူး ။ ကူးကူး ဦးဦးကျွေးတဲ့ ဟင်းတွေကို သတိရတယ်"

ကလေးက မချွင်းမချန်ရင်ဖွင့်လာတော့ တင်းနေတဲ့ စိတ်ကလေးက သက်တောင့်သက်သာရှိသွားသလို ပြေလျော့သွားပါ၏
ကူးကူးဆံပင်လေးတွေကိုဖွဖွပွတ်ကာ
ဒါဆို ဦးဦးအိမ်လာနေလှည့် ဟု ပြောလိုက်မိ တော့
ကလေး၏ အပြုံးက ထင်ရှားလာကာ
ခြေထောက်ကို ဖက်ရင်း

"ဦးဦးကို အချစ်ဆုံးပဲ " ဟုဆိုလာ၏။

ကူးကူး၏ စကားတွေထဲမှာ ညချမ်းအေးကျရှုံးသွားတဲ့အချိန်မှာ ဘမှောင်က အတော်ကြာအောင်ရပ်ကြည့်ပြီးမှ ပြန်သွားလေသည်။
ထိုနေ့ညနေ ကျောင်းပြန်ဆင်းချိန်တွင် ဘမှောင်မှာ ကူးကူးတစ်ယောက်ကိုပြန်ခေါ်မရတော့ပေ။ မတက်သာတဲ့အဆုံး ညချမ်းအေးနှင့်ပင် ထည့်လိုက်ရကာ အားနာတဲ့အကြောင်း ထပ်ခါထပ်ခါ ပြောရသည်အထိပင်။

ည၏ အလင်းရောင်က မှောင်မဲ အုပ်ဆိုင်း နေသော်ငြား ညချမ်းအေး၏ အိမ်အတွင်းတော့ လေးပေချောင်းမီးအလင်းရောင်ဖြင့် ထိန်လင်းနေခဲ့၏။ ထိုအချိန်တွင် ညချမ်းအေးသည် ရနံ့ကူးအား
စာပြနေတဲ့အချိန်ဖြစ်သည်။ ဂရုတစိုက် စာရေးနေတဲ့ကူးကူးသည် သူနှုတ်တိုက်ရွတ်ဆိုဖို့သင်ပေးထားတဲ့
ကဗျာတိုလေးတွေကို ရွတ်ဆိုကာ ပျော်ရွင်နေခဲ့သည်။
လေအသင့်မှာ စံပယ်ရနံ့က သင်းပျံ့နေခဲ့ပြီး အချိန်အတော်ကြာအောင် စိတ်ရှုပ်နေသော ညချမ်းအေး၏ စိတ်ကလေးသည် ငြိမ်းချမ်းစွာ ‌တည်ရှိနေခဲ့သည်။

ထိုလှပသော အချိန်အခါသည် ကြာရှည်မြဲမြံမနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော်....

" ကူးကူး... ကူးကူးရေ ။ အန်တီ သမီးကိုလာခေါ်တာ "

ခဲလုံးပစ်ခံရသော ရေပြင်ကျယ်လို ညချမ်းအေးတစ်ယောက်လှုပ်လှုပ်ရှားရှား ဖြစ်ကာသွား၏။
ဧည်သည်သည်အိမ်ရှင်ခွင့်ပြုချက်အားစောင့်ဆိုင်းမနေခဲ့ပေ။ အပေါ်တက်လာသော ခြေဖဝါးတွင် အိမ်စီးဖိနပ်အဝါရောင်က အခန့်သား။ ထိုင်နေရာမှ ညချမ်းအေးတစ်ယောက် ဒေါသတကြီး ထရပ်ကာ

" ဒီမှာ အမ အိမ်ပေါက်ဝမှာ ခြေသုတ်ခုံ ထားတာမမြင်ဘူးလား။ သူများအိမ်ပေါ် ဖိနပ်စီးဝင်တက်တဲ့ သူမျိုး ခင်ဗျား တစ်ယောက်ပဲ မြင်ဖူးသေးတယ်။ ခုအောက်ကိုပြန်ဆင်း  ကျွန်တော့်အိမ်က ခင်ဗျားကို မကြိုဆိုဘူး "

မတိုးမကျယ် အသံအောက်တွင် လှိုင်းခတ်နေတဲ့
သံစဉ်သည် ဒေါသကို မနည်းထိန်းချုပ်ထားမှန်းသိသာစွာပင်။ ဒီအိမ်သည် စုံသာမြိုင်ဆိုတဲ့ယောကျာ်း အလေးအနက်ထားသောအိမ်ဖြစ်ပြီး ၊မိဘအမွေ အမှတ်တရ အိမ်အိုတစ်လုံးသာဖြစ်သည်။
သူကိုယ်တိုင်တောင်မှာ အိမ်စောင့်နတ် ခြံစောင့်နတ်
အပြင် မှီတင်းနေထိုင်သော နတ်ကောင်းနတ်မြတ်တို့ပျော်မွေ့ဖို့ စောင့်ရှောက်စေဖို့  ပရိတ်၊ပဌာန်းတော်တို့အား အမြဲ ရွတ်ဖတ်ပူဇော်ခဲ့သည်။
လာတဲ့သူ စိတ်ကြည်လင်ဖို့ ၊ အိမ်မှာ ကျက်သရေရှိဖို့
နှုတ်က မ စောင့်ထိန်းအပ်သောစကား၊ ကိုယ်၌ မပြုကျင့်သင့်သော အမူအယာတို့အား ဂရုတစိုက်
မပြောမိအောင် မလုပ်မိအောင်နေခဲ့သည်။

တစ်နေ့ အမှိုက်သဲတို့အား ဆယ့်ခြောက်ခါမက လှဲတက်သလို တစ်အိမ်လုံး သန့်ရှင့်သပ်ရပ်အောင်
ခြေသုတ်ခုံတောင်မှ မချန် လျှော်ဖွတ်တက်တာမို့ အိမ်ဟောင်းဆိုပေမဲ့ နေချင့်စဖွယ်အမြဲကောင်းနေတက်သည်။

နောက် လူယဉ်ကျေးတိုင်းသိသင့်သည့် အပြုအမူ ကို ထိုမိန်းမမှာမရှိတာကို သိလိုက်ရတဲ့အခိုက် စုံသာမြိုင်ဆိုတဲ့ယောကျာ်းကို သဘောကျခဲ့မိတဲ့ စိတ်အား
အကြိမ်ကြိမ်ရပ်နားပစ်ချင်တဲ့အထိ စိတ်ပျက်ရသည်။  တစ်ဖက်မိန်းကလေးသည် ညချမ်းအေး၏
နှင်ထုတ်သံကြောင့် စိတ်ဆိုးဒေါသထွက်သွားပြီး

" နင်ကငါ့ကိုနှင်ထုတ်ရအောင်နင်နေတာ ဘယ်သူ့အိမ်လဲ။ နင်စာသင်နေတဲ့ကလေးက ဘယ်သူ့ကလေးလဲ ဆိုတာ မေ့မနေနဲ့။ ကိုကို သာ နင့်ကို အားနာနေလို့ နှင်မထုတ်ချင်နှင်မထုတ်မယ်။ ငါကတော့ စိတ်ထိန်းနေမှာမဟုတ်ဘူး။ ခုဆင်း ငါ့အိမ်ပေါ်ကနေ "

" ဆင်းရအောင် ခင်ဗျား ပိုင်တဲ့အိမ်မို့လို့လား။
ခင်ဗျားတို့နှစ်ယောက်က တရားဝင်ယူထားတဲ့လင်မယားမို့လို့လား ။ ပြောစမ်းပါအုံးဗျ။ ဒီကလေးကကော ခင်ဗျားမွေးထားတာမို့လား။ ကျုပ်က စေတနာအပြည့်နဲ့ စာခေါ်သင်ပေးနေတာ တစ်အိမ်လုံး ကျေနပ်လို့လာပို့ပေးထားတာ ။ ခင်ဗျားက ဘာဆိုင်လို့ လာနာနေတာလဲ "

တစ်ခါမှ ရန်မဖြစ်ဖူးတဲ့ ညချမ်းအေး သည် မိန်းမတစ်ယောက်နဲ့နှုတ်လန်ထိုးရန်ဖြစ်ရမယ်လို့ စိတ်ကူးထဲတောင်ထည့်မတွေးဖူးပေ။ ထို့အပြင် မျက်စိရှေ့ အမြင်မတော်စွာလာအော်နေတဲ့ အရွယ်ငယ်ငယ်မိန်းမမျိုးကိုလည်းဒီတစ်ခါသာတွေ့ဖူးသည်။
မြို့အခေါ် စရိုက်ဆန်သည်ဆိုတာ ဒါလားဟုတွေးမိကာ  စုံသာမြိုင်ဆိုတဲ့လူကို ကိုက်သတ်ပစ်ချင်စိတ်က တသသ။ ထိုအခါ စံပယ်ဖြူဆိုတဲမိန်းမက နှုတ်ခမ်းကိုမဲ့ကာ

" ဆိုင်လို့ခေါ်တာပေါ့။ ကိုကိုတို့အသိတရားမရှိဘာမရှိ ကိုယ့်သမီးကို အရွယ်ရှိတဲ့ယောက်ျားတစ်ယောက်နဲ့ ညအိပ်ညနေပို့ထားရတယ်လို့ ။ စိတ်ပျက်စရာ အရမ်းကောင်းတာပဲ ။ ရုပ်လေးသနားကမားနဲ့ ကလေးကို မဟုတ်တန်းတရား လုပ်ခဲ့ရင်ရော ၊ ခုခေတ် သက်ငယ်မဒိန်းဆိုတာ ဘယ်ကနေစတယ်ထင်လဲ"

" ခင်ဗျား !!!"

ဒိန်းခနဲ မြည်ဟီးသွားတဲ့ ရင်ခုန်သံအပြင် တုန်ရီလာတဲ့လက်ဖျားတွေ။ ကြည့်စမ်း ဘယ်လိုတောင် ပြောထွက်ရက်တာလဲ။ ကူးကူးက ... ကူးကူးက သူ့သမီးမဟုတ်ပေမဲ့ သမီးတစ်ယောက်လို ရင်ထဲနွေးထွေး‌ ပေးခဲ့သူပါ။
အလန့်တကြားကူးကူးကို ငုံ့ကြည့်မိစဉ်
မျက်ရည်ဝိုင်းနေတဲ့မျက်လုံးတွေကို ဘာမှမသက်ဆိုင်ပေမဲ့ မသုတ်ပေး မထိရဲတော့ပေ။
ကူးကူးမှမဟုတ် ဘယ်တုန်းကမှ ကလေးအရွယ်ဖြစ်စေ အမ အရွယ် ၊အဒေါ်အရွယ်မည်သူ့ကိုဖြစ်စေ
သူ ရိုးသားစွာကြင်နာပေးခဲ့ဖူးသည်။ သူ့နဂိုစိတ်ကိုက
လိင်တူ အမျိုးသားကိုမှစွဲလန်းတက်သူ ဖြစ်တာကြောင့် အမျိုးသမီးတွေကို လေးစားတက်တာ အဆန်းမဟုတ်။ ဘာကြောင့် မုဒိန်းကောင်နဲ့သူက ဆင်တူရမည်နည်း။ နည်းနည်းတောင် ကူးကူးအပေါ်မှာ မရိုးသားစိတ်မဝင်ဖူးတာ ဘုရားပင်သိလိမ့်မည်။
သူချစ်သောသူ၏ သမီးဖြစ်တဲ့အပြင် မိခင်မရှိသူလေးမို့ နွေးထွေးပေးခဲ့မိတာ မသင့်တော်စေတာလား။

" ဘာလဲ ဟုတ်လို့ နာသွားတာလား"

ညချမ်းအေး ပြည့်ဝိုင်းလာတဲ့မျက်ရည်စတွေကိုသိမ်းကာ အပေါက်ဝကို လက်ညိုးညွှန်လိုက်သည်။

" ခင်ဗျား ပြန်လိုက်တော့ "

"နင်နှင်စရာမလိုဘူး။ ကူးကူး ပြန်မယ်"

"မလိုက်ဘူး။ ကူးကူးကို မထိနဲ့ "

" လာ အန်တီနဲ့ အိမ်ပြန်လိုက်ခဲ့ အိမ်ကျမှ ကူးကူးကြိုက်တဲ့မုန့်တွေကျွေး...အားးးး"

လက်လှမ်းဆွဲလိုက်တော့ ကူးကူးက ငုံ့ကိုက်လိုက်တာမို့ အလန့်တကြား လက်နဲ့ခါထုတ်လိုက်မိစဉ် အရှိန်မထိန်းနိုင်ပဲ အနောက်က ခုံနဲ့ဝင်တိုက်လိုက်တာ ဒိန်းခနဲ။
ညချမ်းအေး ပူထူသွားကာ ကလေးကို ပြေးပွေ့လိုက်တော့ ကလေးက စူးစူးဝါးဝါးအော်ငိုနေပြီဖြစ်သည်။ စိတ်အရမ်းဆိုးသွားကာ သူကိုယ်တိုင်တောင်မသိလိုက်ပဲ ထိုမိန်းမ၏ ပါးကို ရိုက်ပစ်လိုက်တာ ဖြောင်းခနဲဖြစ်သည်။ စံပယ်ဖြူကလည်း ခေသူမဟုတ်ပေ။ အချိန်တိုင်းရက်ကွက်ထဲမှာရန်ဖြစ်လာတဲ့မိန်းမပီပီ ကလေးပွေ့ထားတဲ့ညချမ်းအေးကို ဆံပင်ဆွဲကာ ဝင်ရိုက်လေသည်။ ကလေးထိမှာဆိုးတော့ ညချမ်းအေးက ကိုယ်ကိုရို့ကာ ကွယ်ထားပြီးနှစ်ယောက်သာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြတာ ကမ္ဘာပျက်သည့်အတိုင်း။ ကူးကူးကလည်း အလန့်တကြားအော်ငိုတာ မရပ်သည့်အပြင် စံပယ်ဖြူလက်ချက်ဖြင့် ညချမ်းအေးမှာလည်းခေါင်းတွေရော မျက်နှာတွေပါပူထူကျိမ်းစက်နေသည်။

" ကူးကူး ...သမီး ။ ဟာ ...ဆရာလေးရော ။ ရန်ဖြစ်နေတာဟ ။ ဆွဲအုံး ကလေးက ကြားညှပ်နေပြီ "

အပြေးအလွှား လာဆွဲကြတဲ့ လူတွေကြားမှာ စံပယ်ဖြူပါသွားသည့်တိုင် ညချမ်းအေး၏ ဆံပင်အားလွှတ်မပေးတာကြောင့် ဦးခေါင်းညွှတ်သည့်အနေအထားဖြင့် လူမှာ ခါးကုန်းကုန်းဖြစ်နေရသည်။ ထိုအချိန် ကလေးအား တစ်ယောက်ယောက်က ဆွဲယူသွားသည်ကို သိလိုက်ရတာကြောင့် ခေါင်းပေါ်က ဆွဲထားတဲ့လက်ကို အတင်းဖိညှပ်ကာ ဆွဲယူလိုက်ရာ ဆံပင်အထွေးလိုက်ပါသွားသလို ခံစားလိုက်ရသည်။
ကျိန်းစက်နေတဲ့ဦးရေအား ဂရုမထားမိ။ ဒေါသကြောင့် လူက ပြာခနဲဖြစ်သွားစဉ် မြင်လိုက်ရတဲ့ စုံသာမြိုင်၏ မျက်နှာကြောင့် လူကတစ်ခဏ ငြိမ်သက်သွား၏။

" အိုး.. ကိုကို ဘာလို့ လူကိုဆွဲနေတာလဲဖယ်စမ်းပါ။ ဖြူ ဒီကောင်ကို လုပ်ရမှ ကျေနပ်မယ် "

ဆွဲချုပ်ထားတဲ့လက်တွေကြားမှာ စံပယ်ဖြူတစ်ယောက်မလူးသာ မလွင့်သာ ။
အတွေးကနေ ရုန်းထွက်နိုင်ပြီဖြစ်တဲ့ညချမ်းအေးသည် ‌ဒေါသကတဖန်ပြန်ရောက်လာကာ စုံသာမြိုင်လက်ထဲကထိုမိန်းမအား ဆံပင်ပြန်စောင့်ဆွဲပစ်လိုက်သည်။ ထိုအချိန်ငယ်သံပါအောင်အော်သည့် အသံသာကြားရပြီး ချုပ်ထားသည့်စုံသာမြိုင်၏ လက်ထဲကနေ ရုန်းမရခဲ့ပေ။

"ကိုကို ဖယ်ဆို ရှင်ရူးနေတာလား။ ဒီမှာ ဆွဲနေပြီ။
အိုး..  လုပ်ပါအုံး။ ဒီမှာ ဆံပင်တွေကျွတ်ကုန်ပြီထင်တယ် ။ ရှင်ဖယ်လို့ပြောနေတယ်နော်။ အား...
နာတယ်.. နာတယ် "

အတော်ကြာမှ လူစုဝိုင်းခွဲပစ်တာကြောင့်  စုံသာမြိုင် မသိမသာလွှတ်ပေးလိုက်သည်။
ညချမ်း‌ အေးလက်ချက်ဖြင့် အရူးမသဖွယ်စုတ်ထောင်းထနေတဲ့ ဆံပင်တို့က
စံပယ်ဖြူဆိုတဲ့မိန်းမအား အလွန် ရယ်စရာကောင်း ပေမဲ့ စုံသာမြိုင်တစ်ယောက် မရယ်နိုင်ပေ။

"ကလေးခေါ်ပြီး အကုန်ပြန်ကြတော့ "

ခပ်သဲ့သဲ့ရှိုက်ငိုနေဆဲ ကူးကူးအား ဒေါ်မြိုင်တို့အဖွဲ့ပြန်ခေါ်သွားတာကြောင့် အိမ်ကနေ တစ်ခေါက်ပြန်လာတဲ့ဘမှောင်ရယ် ချစ်ထွန်းရယ်သာ
စုံသာမြိုင်တို့နဲ့ကျန်ခဲ့သည်။ ထိုအချိန် စံပယ်ဖြူတစ်ယောက် ငုတ်တုတ်ထိုင်ကာ ကြူကြူပါအောင်ငိုတော့သည်။ ချစ်ထွန်းနဲ့ဘမှောင်ကတော့စိတ်ပျက်စွာတစ်ချက်ကြည့်ပြီး

" ကိုစုံ ကျုပ်တို့ကို မကျေနပ်ရင်ထိုးလိုက်တော့ဗျာ။ ဒီတစ်ယောက်ကို ဘာကိစ္စအိမ်ခေါ်လာတာလဲဆိုတာ စဉ်းစားလို့တောင်မရဘူး ။ဘာပဲပြောပြော ပြန်လွှတ် သင့်တယ်မထင်ဘူးလား။ ကျုပ်တို့မရီးဖြစ်လာမဲ့သူက ဒီလို စရိုက်ဆန်နေတာမျိုး ၊ တွေ့တဲ့သူနဲ့ ဆဲဆိုရန်ဖြစ်နေတာမျိုးကြီးကြည့်ရတာ လု့းဝမမိုက်ဘူး "

" နင်ဘာသိလို့ဝင်ပြောနေတာလဲ။ ဒီကောင်ငါ့ကို ပါးအရင်ရိုက်လို့ဖြစ်တာသိလား"

ငိုနေတဲ့ စံပယ်ဖြူသည် ထအော်သည်။ ညချမ်းအေးသည် ထိုအချင်းအရာကို စိတ်ပျက်စွာကြည့်နေရင်းမှသက်ပျင်းချကာ

" ကလေးကို သူတွန်းလိုက်လို့ နောက်က ခုံနဲ့ သွားတိုက်မိတာ  ။ ကျွန်တော်စိတ်မထိန်းနိုင်လို့ အရင်ရိုက်ပစ်လိုက်တာ အဲ့ဒါ ဟုတ်တယ်"

စံပယ်ဖြူတဲ့ထက်စာရင် ညချမ်းအေးက သွေးအေးသွားပြီဖြစ်သည်။ အေးဆေးစွာရှင်းပြနိုင်ပေမဲ့ ညချမ်းအေး ပါးပြင်က သွေးစို့နေတဲ့လက်သည်းရာကိုကြည့်ကာ စုံသာမြိုင်၏ မျက်နှာသည်ပိုမိုအေးစက်သွား၏။

" မင်းကို ဒီည ပြန်လာခေါ်မဲ့သူရှိတယ်"

" ဖြူက ဘာကိစ္စ ပြန်ရမှာလဲ ။ကိုကို စားပြီးနားမလည်လုပ်တယ်ဆိုရင်တောင် ဖြူ့ဗိုက်ထဲက ဖြူ့ရင်သွေးက အလိမ်အညာမဟုတ်ဘူး "

ချစ်ထွန်းတို့အလန့်တကြား ဖြစ်သွားသလိုမျက်လုံးဝိုင်းကာ စုံသာမြိုင်ကို လှမ်းကြည့်လာပေမဲ့ သူက သက်ပြင်းချကာ ဖြူဖျော့သွားပြီဖြစ်တဲ့ ညချမ်းအေးအား အေးဆေးစွာပင်

" ချမ်းအေး.. ဒီကိစ္စကို ကျုပ်ရှင်းပြမယ်။ စိတ်မပျက်သွားပါနဲ့ ၊ ကျုပ်ကိုခဏစောင့်‌ ပေး ။ ခဏနေရင် မင်းတို့သိချင်နေတဲ့ အဖြေပေါ်ပါလိမ့်မယ် "

ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားတဲ့ခံစားချက်ကြီး။
ဒီအချိန်မီးနဲ့တို့ရင်ပင် ပူလို့ပူမှန်းသိမှာမဟုတ်‌တဲ့ ညချမ်းအေးသည် စုံသာမြိုင်၏ စကားတစ်ခွန်းကြောင့် သိသာစွာ တည်ငြိမ်သွား၏။
လေပြေ‌နုနုကပြတင်းတံခါးကနေ ခပ်သော့သော့ဝင်ရောက်လာပေမဲ့ ဟိုမိန်းမ၏ငိုသံကျယ်ကျယ်ကြောင့် အေးမြမနေခဲ့ပေ။  စံပယ်တစ်ပွင့်‌ ကြွေတိုင်း တစ်ခါရင်ခုန်ရမယ်ဆိုရင် ကျွန်တော်သည် ရင်မခုန်တက်သော သူသာဖြစ်ချင်မိတော့၏။ အေးစက်စွာ ကြည့်နေခဲ့သော အကြည့်စူးစူးတွင် ရန်လိုခြင်းတွေပါသလို သနားကြင်နာကြင်နာခြင်းတွေလည်း ပါနေသည် ။ထိုမျက်ဝန်းတွေသည် တစ်စုံတစ်ယောက်ဆီကလွဲ၍ ဘယ်ဆီမှ ရောက်ရှိမသွားခဲ့ပါချေ  ။

အို အရှင်ဘုရား .. လူတစ်ယောက်အား လေးနက်စွာ ချစ်ခင်စေဖို့ ဘာကြောင့်စိတ်ခံစားချက် နှလုံးအိမ်အား ထည့်ပေးရပါ့သနည်း။ ထူးခြားတဲ့ အကြည့်တို့ကြောင့် ကျချင်နေသောမျက်ရည်ကို ဘာကြောင့် ဖန်တီးပုံဖော်ခဲ့ပါသနည်း ။

"ညခ်မ္းေအး ..ဝက္သားေတြဘာေတြဝယ္လို႔ပါပဲ"

ရြာ‌ေဈးက မနက္ဆို တစ္ခဏသာ။ ေနျမင့္လ်ွင္ ေဈးသည္ေတြက သူ႔တို႔ ဆိုင္ကို သိမ္းဆည္းသြားတက္တာေၾကာင့္ ေဈးဝယ္မယ္ဆို ေစာေစာလာရ၏ ။
ေဈး‌ျခင္းေတာင္းကိုင္ကာ ဝက္သားဝယ္ေနတုန္း ႏႈတ္ဆက္လာတဲ့အရီးေၾကာင့္ ၿပံဳးျပရင္း

" ဟုတ္တယ္အရီး၊ ႏွစ္ရက္သံုးရက္ရိွၿပီ၊ ျဖစ္သလို စားေနတာမို႔ ေဈးလာလိုက္တာ ။အရီးေကာ ဘာဝယ္ၿပီးၿပီလဲဗ်။  ေဈးျခင္းကလည္းျပည့္‌ ေနၿပီ ။ မမႏွင္းရီ ေကာ မပါဘူးလားဗ်။ "

" ႏွင္းရီလား ၊ ပါပါ့ ။ ဟိုဖက္မွာ ငါးသြားဝယ္ေနတယ္ေလ။ ေနပါအံုးဟယ္ ငါေမးပါရေစအံုး။ ကူးကူးတို႔
အိမ္မွာ မိန္းကေလးတစ္ေယာက္ေရာက္ေနတယ္ဆို။ "

" အရီး ဘယ္ကၾကားလာတာလဲ"

ညခ်မ္းေအး စိတ္ရႈပ္သြားတာေၾကာင့္ မ်က္ခံုးေကြးေကြးႏွစ္ဖက္က တြန႔္ကုတ္သြား၏ ။

" အမေလးဟယ္ တစ္ရြာလံုး မၾကားခ်င္မွအဆံုးပဲ။
စပ္စလူးစိန္လိုက္တာမွလြန္ေရာ ၊အေနအထိုင္က မတက္ေသး၊ ရိုင္းက ရိုင္းေသးတယ္ဆို ။ မျဖစ္ေသးပါဘူးဟယ္ ၊ ေနာက္ရက္ ကိုယ္တိုင္ကိုယ္က် လာၾကၫ့္အံုးမယ္။ စံုသာၿမိဳင္ကလည္းေရြးစရာေတြဒီေလာက္ေပါေနတာကို ဘယ္က ေတေလဂ်ပိုးမကိုေခၚလာမွန္းမသိဘူး"
အရီးက ေျပာလိုက္ရင္တဆံုးမို႔ နားေထာင္ေနရတဲ့ ညခ်မ္းေအးပင္ မျမင္ရတဲ့ စံပယ္ျဖဴကို အားနာသြားရတဲ့အထိပင္။

" ေတာ္ပါေတာ့အရီးရယ္ သူမ်ားၾကားလို႔လည္းမေကာင္းပါဘူး ။ ဟိုမွာ မမႏွင္းရီ ျပန္လာၿပီ။ ကြၽန္ေတာ္လည္းျပန္ေတာ့မယ္ "

ဆြဲျခင္းထဲဝက္သားထုတ္ပစ္ထၫ့္ကာ ျပန္ဖို႔ျပင္လိုက္ေပမဲ့ အရီး က လက္ကိုဆြဲကာ အျပန္မခံ။

" ေနပါအံုး ။ ခုမွ ေတြ့တာကို ျပန္ေတာ့မလိုလား"

"ခ်က္ရျပဳတ္ရနဲ႔ ေက်ာင္းကိုလည္းမွီေအာင္သြားရအံုးမယ္ အရီးရယ္ "

" ေအးပါ။ ခဏပါပဲ။ ေမးစရာေလးလည္းရိွလို႔၊
သတိ‌ ေပးစရာလည္းရိွလို႔ဆိုပါေတာ့  စကားမစပ္ ...မင္းအေဒၚ ခင္စိန္ေျပာေနတာ ႏွင္းရီၾကားခဲ့တာတဲ့။ မင္းက မိန္းမေတြကို စိတ္မဝင္စားတဲ့ သူတဲ့ ။ ယူခ်င္းယူ ေယာက်ာ္းပဲယူမွာဆို ဟုတ္လား"

အရီးစကားေၾကာင့္ ညခ်မ္းေအး မ်က္ႏွာ ရဲရဲနီေစြးသြားပါ၏။ ဘယ္ကေန ၾကားခဲ့တဲ့စကားလည္း မသိေပမဲ့ ညခ်မ္းေအး၏ ေစာင့္ထိန္းအပ္ေသာ ဂုဏ္သကၡာတို႔သည္ ေနာက္ကြယ္မွာ ပ်က္ျပားခဲ့ၿပီလား။
ညခ်မ္းေအး ရွက္သြားတာျမင္ေတာ့ အရီးက သက္ျပင္းခ်ကာ

" သူ႔ဘာသာ ဘာေျပာေျပာစိတ္ထဲထားမေနနဲ႔ ။ ငါသတိေပးခ်င္တာက
နင့္အေဒၚနဲ႔ ျဖစ္ႏိုင္ရင္ေဝးေဝးေန။ ခု သူနဲ႔ဆက္သြယ္ေနတဲ့ ေဝမင္း ဆိုတဲ့ေကာင္က ေယာက်ာ္းေလးေခ်ာေခ်ာေလးေတြကို အိမ္ေခၚေခၚ အိပ္တယ္လို႔ သတင္းထြက္ေနတာ သိလား။ မင္းအေဒၚက အဲ့ေကာင္ဆီေငြတိုးေတြ ယူယူေနတာ ေတာ္ၾကာဇာတ္ကားထဲကလို ေက်ာ္မေကာင္းၾကားမေကာင္း
ထိုးေပးစားေနလိမ့္အံုးမယ္ ။ ေျပာမရဘူး အဲ့ေကာင္မခင္စိန္က ဦးေနွာက္ေကာင္းတာမဟုတ္ဘူး သတိထားေနအံုး"

ေဈးကေနျပန္တဲ့ အရီးစကားေတြက နားထဲတဝဲလည္လည္။ စိတ္မပါလက္မပါ
ခ်က္ျပဳတ္ၿပီးေက်ာင္းကို သြားေတာ့ ကူးကူးကို သူ႔ဦးေလး ဘေမွာင္ဆိုသူက ကားနဲ႔လိုက္ပို႔လာတာကို ေတြ့လိုက္ရသည္။ သစ္လြင္ေသာ ကားအမ်ိဳးအစားမဟုတ္ေပမဲ့ ကူးကူးဆင္းလာေတာ့ ကားမစီးဘူးတဲ့ ကေလးေတြက ေငးၾကၫ့္ေနၾကသည္။
ကူးကူးကေနရခက္ပံုျဖင့္ ဘေမွာင္ေနာက္မွာ ကုတ္ကုတ္ကေလးရပ္ကာ လက္ထဲ ကိုင္ထားေသာ ေက်ာပိုးအိတ္ကို စူစူပုတ္ပုတ္ ဇစ္ဆြဲဖြင့္က ဘာေတြထၫ့္ေနမွန္းမသိအလႈပ္ရႈပ္ေနသည္။
ကေလးကိုျမင္ေတာ့ မေတြ့ရတာ သံုးေလးရက္ရိွၿပီျဖစ္ေၾကာင္းသတိရကာ ရင္ထဲေဆြးသြား၏။
ခါတိုင္း ေက်ာင္းသြားေက်ာင္းျပန္ သူတို႔ႏွစ္ေယာက္ကအတူတူ။ သူစိမ္းေရာက္လာေတာ့ မေခၚခိုင္းတာလား ၊တမင္ဘေမွာင္အိမ္ပို႔ထားတာလား တစ္ခုခုပင္။
ခပ္ေငးေငးၾကၫ့္ေနတုန္းပင္ ကူးကူးက သူ႔ကိုျမင္သြားကာ အေျပးေလးေရာက္လာ၏။

" ဦးဦး "

" ကူးကူး ေက်ာင္းလာၿပီလား "

ကူးကူး ေခါင္းကို ျမန္ျမန္ညိတ္ျပကာ မေတြ့တာ ၾကာၿပီျဖစ္တဲ့ ဦးဦးေျခေထာက္ကိုေျပးဖက္လိုက္သည္။

" ဦးဦးကို လြမ္းတယ္ ။ ကူးကူး ဘဘမိုးနဲ႔ သူ႔အိမ္မွာ လိုက္ေနေနရတယ္သိလား ။ ဘဘမိုးအိမ္မွာ ဘာ မွမရိွဘူး ။ ကူးကူး ဦးဦးေကြၽးတဲ့ ဟင္းေတြကို သတိရတယ္"

ကေလးက မခြၽင္းမခ်န္ရင္ဖြင့္လာေတာ့ တင္းေနတဲ့ စိတ္ကေလးက သက္ေတာင့္သက္သာရိွသြားသလို ေျပေလ်ာ့သြားပါ၏
ကူးကူးဆံပင္ေလးေတြကိုဖြဖြပြတ္ကာ
ဒါဆို ဦးဦးအိမ္လာေနလွၫ့္ ဟု ေျပာလိုက္မိ ေတာ့
ကေလး၏ အၿပံဳးက ထင္ရွားလာကာ
ေျခေထာက္ကို ဖက္ရင္း

"ဦးဦးကို အခ်စ္ဆံုးပဲ " ဟုဆိုလာ၏။

ကူးကူး၏ စကားေတြထဲမွာ ညခ်မ္းေအးက်ရႈံးသြားတဲ့အခ်ိန္မွာ ဘေမွာင္က အေတာ္ၾကာေအာင္ရပ္ၾကၫ့္ၿပီးမွ ျပန္သြားေလသည္။
ထိုေန့ညေန ေက်ာင္းျပန္ဆင္းခ်ိန္တြင္ ဘေမွာင္မွာ ကူးကူးတစ္ေယာက္ကိုျပန္ေခၚမရေတာ့ေပ။ မတက္သာတဲ့အဆံုး ညခ်မ္းေအးႏွင့္ပင္ ထၫ့္လိုက္ရကာ အားနာတဲ့အေၾကာင္း ထပ္ခါထပ္ခါ ေျပာရသည္အထိပင္။

ည၏ အလင္းေရာင္က ေမွာင္မဲ အုပ္ဆိုင္း ေနေသာ္ျငား ညခ်မ္းေအး၏ အိမ္အတြင္းေတာ့ ေလးေပေခ်ာင္းမီးအလင္းေရာင္ျဖင့္ ထိန္လင္းေနခဲ့၏။ ထိုအခ်ိန္တြင္ ညခ်မ္းေအးသည္ ရနံ႔ကူးအား
စာျပေနတဲ့အခ်ိန္ျဖစ္သည္။ ဂရုတစိုက္ စာေရးေနတဲ့ကူးကူးသည္ သူႏႈတ္တိုက္ရြတ္ဆိုဖို႔သင္ေပးထားတဲ့
ကဗ်ာတိုေလးေတြကို ရြတ္ဆိုကာ ေပ်ာ္ရြင္ေနခဲ့သည္။
ေလအသင့္မွာ စံပယ္ရနံ႔က သင္းပ်ံ့ေနခဲ့ၿပီး အခ်ိန္အေတာ္ၾကာေအာင္ စိတ္ရႈပ္ေနေသာ ညခ်မ္းေအး၏ စိတ္ကေလးသည္ ၿငိမ္းခ်မ္းစြာ ‌တည္ရိွေနခဲ့သည္။

ထိုလွပေသာ အခ်ိန္အခါသည္ ၾကာရွည္ၿမဲျမံမေနခဲ့ေပ။ အဘယ္ေၾကာင့္ဆိုေသာ္....

" ကူးကူး... ကူးကူးေရ ။ အန္တီ သမီးကိုလာေခၚတာ "

ခဲလံုးပစ္ခံရေသာ ေရျပင္က်ယ္လို ညခ်မ္းေအးတစ္ေယာက္လႈပ္လႈပ္ရွားရွား ျဖစ္ကာသြား၏။
ဧည္သည္သည္အိမ္ရွင္ခြင့္ျပဳခ်က္အားေစာင့္ဆိုင္းမေနခဲ့ေပ။ အေပၚတက္လာေသာ ေျခဖဝါးတြင္ အိမ္စီးဖိနပ္အဝါေရာင္က အခန႔္သား။ ထိုင္ေနရာမွ ညခ်မ္းေအးတစ္ေယာက္ ေဒါသတႀကီး ထရပ္ကာ

" ဒီမွာ အမ အိမ္ေပါက္ဝမွာ ေျခသုတ္ခံု ထားတာမျမင္ဘူးလား။ သူမ်ားအိမ္ေပၚ ဖိနပ္စီးဝင္တက္တဲ့ သူမ်ိဳး ခင္ဗ်ား တစ္ေယာက္ပဲ ျမင္ဖူးေသးတယ္။ ခုေအာက္ကိုျပန္ဆင္း  ကြၽန္ေတာ့္အိမ္က ခင္ဗ်ားကို မႀကိဳဆိုဘူး "

မတိုးမက်ယ္ အသံေအာက္တြင္ လိႈင္းခတ္ေနတဲ့
သံစဉ္သည္ ေဒါသကို မနည္းထိန္းခ်ဳပ္ထားမွန္းသိသာစြာပင္။ ဒီအိမ္သည္ စံုသာၿမိဳင္ဆိုတဲ့ေယာက်ာ္း အေလးအနက္ထားေသာအိမ္ျဖစ္ၿပီး ၊မိဘအေမြ အမွတ္တရ အိမ္အိုတစ္လံုးသာျဖစ္သည္။
သူကိုယ္တိုင္ေတာင္မွာ အိမ္ေစာင့္နတ္ ၿခံေစာင့္နတ္
အျပင္ မွီတင္းေနထိုင္ေသာ နတ္ေကာင္းနတ္ျမတ္တို႔ေပ်ာ္ေမြ့ဖို႔ ေစာင့္ေရွာက္ေစဖို႔  ပရိတ္၊ပဌာန္းေတာ္တို႔အား အၿမဲ ရြတ္ဖတ္ပူေဇာ္ခဲ့သည္။
လာတဲ့သူ စိတ္ၾကည္လင္ဖို႔ ၊ အိမ္မွာ က်က္သေရရိွဖို႔
ႏႈတ္က မ ေစာင့္ထိန္းအပ္ေသာစကား၊ ကိုယ္၌ မျပဳက်င့္သင့္ေသာ အမူအယာတို႔အား ဂရုတစိုက္
မေျပာမိေအာင္ မလုပ္မိေအာင္ေနခဲ့သည္။

တစ္ေန့ အမိႈက္သဲတို႔အား ဆယ့္ေျခာက္ခါမက လွဲတက္သလို တစ္အိမ္လံုး သန႔္ရွင့္သပ္ရပ္ေအာင္
ေျခသုတ္ခံုေတာင္မွ မခ်န္ ေလ်ွာ္ဖြတ္တက္တာမို႔ အိမ္ေဟာင္းဆိုေပမဲ့ ေနခ်င့္စဖြယ္အၿမဲေကာင္းေနတက္သည္။

ေနာက္ လူယဉ္ေက်းတိုင္းသိသင့္သၫ့္ အျပဳအမူ ကို ထိုမိန္းမမွာမရိွတာကို သိလိုက္ရတဲ့အခိုက္ စံုသာၿမိဳင္ဆိုတဲ့ေယာက်ာ္းကို သေဘာက်ခဲ့မိတဲ့ စိတ္အား
အႀကိမ္ႀကိမ္ရပ္နားပစ္ခ်င္တဲ့အထိ စိတ္ပ်က္ရသည္။  တစ္ဖက္မိန္းကေလးသည္ ညခ်မ္းေအး၏
ႏွင္ထုတ္သံေၾကာင့္ စိတ္ဆိုးေဒါသထြက္သြားၿပီး

" နင္ကငါ့ကိုႏွင္ထုတ္ရေအာင္နင္ေနတာ ဘယ္သူ႔အိမ္လဲ။ နင္စာသင္ေနတဲ့ကေလးက ဘယ္သူ႔ကေလးလဲ ဆိုတာ ေမ့မေနနဲ႔။ ကိုကို သာ နင့္ကို အားနာေနလို႔ ႏွင္မထုတ္ခ်င္ႏွင္မထုတ္မယ္။ ငါကေတာ့ စိတ္ထိန္းေနမွာမဟုတ္ဘူး။ ခုဆင္း ငါ့အိမ္ေပၚကေန "

" ဆင္းရေအာင္ ခင္ဗ်ား ပိုင္တဲ့အိမ္မို႔လို႔လား။
ခင္ဗ်ားတို႔ႏွစ္ေယာက္က တရားဝင္ယူထားတဲ့လင္မယားမို႔လို႔လား ။ ေျပာစမ္းပါအံုးဗ်။ ဒီကေလးကေကာ ခင္ဗ်ားေမြးထားတာမို႔လား။ က်ဳပ္က ေစတနာအျပၫ့္နဲ႔ စာေခၚသင္ေပးေနတာ တစ္အိမ္လံုး ေက်နပ္လို႔လာပို႔ေပးထားတာ ။ ခင္ဗ်ားက ဘာဆိုင္လို႔ လာနာေနတာလဲ "

တစ္ခါမွ ရန္မျဖစ္ဖူးတဲ့ ညခ်မ္းေအး သည္ မိန္းမတစ္ေယာက္နဲ႔ႏႈတ္လန္ထိုးရန္ျဖစ္ရမယ္လို႔ စိတ္ကူးထဲေတာင္ထၫ့္မေတြးဖူးေပ။ ထို႔အျပင္ မ်က္စိေရ႔ွ အျမင္မေတာ္စြာလာေအာ္ေနတဲ့ အရြယ္ငယ္ငယ္မိန္းမမ်ိဳးကိုလည္းဒီတစ္ခါသာေတြ့ဖူးသည္။
ၿမိဳ႔အေခၚ စရိုက္ဆန္သည္ဆိုတာ ဒါလားဟုေတြးမိကာ  စံုသာၿမိဳင္ဆိုတဲ့လူကို ကိုက္သတ္ပစ္ခ်င္စိတ္က တသသ။ ထိုအခါ စံပယ္ျဖဴဆိုတဲမိန္းမက ႏႈတ္ခမ္းကိုမဲ့ကာ

" ဆိုင္လို႔ေခၚတာေပါ့။ ကိုကိုတို႔အသိတရားမရိွဘာမရိွ ကိုယ့္သမီးကို အရြယ္ရိွတဲ့ေယာက္်ားတစ္ေယာက္နဲ႔ ညအိပ္ညေနပို႔ထားရတယ္လို႔ ။ စိတ္ပ်က္စရာ အရမ္းေကာင္းတာပဲ ။ ရုပ္ေလးသနားကမားနဲ႔ ကေလးကို မဟုတ္တန္းတရား လုပ္ခဲ့ရင္ေရာ ၊ ခုေခတ္ သက္ငယ္မဒိန္းဆိုတာ ဘယ္ကေနစတယ္ထင္လဲ"

" ခင္ဗ်ား !!!"

ဒိန္းခနဲ ျမည္ဟီးသြားတဲ့ ရင္ခုန္သံအျပင္ တုန္ရီလာတဲ့လက္ဖ်ားေတြ။ ၾကၫ့္စမ္း ဘယ္လိုေတာင္ ေျပာထြက္ရက္တာလဲ။ ကူးကူးက ... ကူးကူးက သူ႔သမီးမဟုတ္ေပမဲ့ သမီးတစ္ေယာက္လို ရင္ထဲေနြးေထြး‌ ေပးခဲ့သူပါ။
အလန႔္တၾကားကူးကူးကို ငံု႔ၾကၫ့္မိစဉ္
မ်က္ရည္ဝိုင္းေနတဲ့မ်က္လံုးေတြကို ဘာမွမသက္ဆိုင္ေပမဲ့ မသုတ္ေပး မထိရဲေတာ့ေပ။
ကူးကူးမွမဟုတ္ ဘယ္တုန္းကမွ ကေလးအရြယ္ျဖစ္ေစ အမ အရြယ္ ၊အေဒၚအရြယ္မည္သူ႔ကိုျဖစ္ေစ
သူ ရိုးသားစြာၾကင္နာေပးခဲ့ဖူးသည္။ သူ႔နဂိုစိတ္ကိုက
လိင္တူ အမ်ိဳးသားကိုမွစြဲလန္းတက္သူ ျဖစ္တာေၾကာင့္ အမ်ိဳးသမီးေတြကို ေလးစားတက္တာ အဆန္းမဟုတ္။ ဘာေၾကာင့္ မုဒိန္းေကာင္နဲ႔သူက ဆင္တူရမည္နည္း။ နည္းနည္းေတာင္ ကူးကူးအေပၚမွာ မရိုးသားစိတ္မဝင္ဖူးတာ ဘုရားပင္သိလိမ့္မည္။
သူခ်စ္ေသာသူ၏ သမီးျဖစ္တဲ့အျပင္ မိခင္မရိွသူေလးမို႔ ေနြးေထြးေပးခဲ့မိတာ မသင့္ေတာ္ေစတာလား။

" ဘာလဲ ဟုတ္လို႔ နာသြားတာလား"

ညခ်မ္းေအး ျပၫ့္ဝိုင္းလာတဲ့မ်က္ရည္စေတြကိုသိမ္းကာ အေပါက္ဝကို လက္ညိုးၫႊန္လိုက္သည္။

" ခင္ဗ်ား ျပန္လိုက္ေတာ့ "

"နင္ႏွင္စရာမလိုဘူး။ ကူးကူး ျပန္မယ္"

"မလိုက္ဘူး။ ကူးကူးကို မထိနဲ႔ "

" လာ အန္တီနဲ႔ အိမ္ျပန္လိုက္ခဲ့ အိမ္က်မွ ကူးကူးႀကိဳက္တဲ့မုန႔္ေတြေကြၽး...အားးးး"

လက္လွမ္းဆြဲလိုက္ေတာ့ ကူးကူးက ငံု႔ကိုက္လိုက္တာမို႔ အလန႔္တၾကား လက္နဲ႔ခါထုတ္လိုက္မိစဉ္ အရိွန္မထိန္းႏိုင္ပဲ အေနာက္က ခံုနဲ႔ဝင္တိုက္လိုက္တာ ဒိန္းခနဲ။
ညခ်မ္းေအး ပူထူသြားကာ ကေလးကို ေျပးေပြ့လိုက္ေတာ့ ကေလးက စူးစူးဝါးဝါးေအာ္ငိုေနၿပီျဖစ္သည္။ စိတ္အရမ္းဆိုးသြားကာ သူကိုယ္တိုင္ေတာင္မသိလိုက္ပဲ ထိုမိန္းမ၏ ပါးကို ရိုက္ပစ္လိုက္တာ ေျဖာင္းခနဲျဖစ္သည္။ စံပယ္ျဖဴကလည္း ေခသူမဟုတ္ေပ။ အခ်ိန္တိုင္းရက္ကြက္ထဲမွာရန္ျဖစ္လာတဲ့မိန္းမပီပီ ကေလးေပြ့ထားတဲ့ညခ်မ္းေအးကို ဆံပင္ဆြဲကာ ဝင္ရိုက္ေလသည္။ ကေလးထိမွာဆိုးေတာ့ ညခ်မ္းေအးက ကိုယ္ကိုရို႔ကာ ကြယ္ထားၿပီးႏွစ္ေယာက္သာ ရုန္းရင္းဆန္ခတ္ ျဖစ္ေနၾကတာ ကမ႓ာပ်က္သၫ့္အတိုင္း။ ကူးကူးကလည္း အလန႔္တၾကားေအာ္ငိုတာ မရပ္သည့္အျပင္ စံပယ္ျဖဴလက္ခ်က္ျဖင့္ ညခ်မ္းေအးမွာလည္းေခါင္းေတြေရာ မ်က္ႏွာေတြပါပူထူက်ိမ္းစက္ေနသည္။

" ကူးကူး ...သမီး ။ ဟာ ...ဆရာေလးေရာ ။ ရန္ျဖစ္ေနတာဟ ။ ဆြဲအံုး ကေလးက ၾကားၫွပ္ေနၿပီ "

အေျပးအလႊား လာဆြဲၾကတဲ့ လူေတြၾကားမွာ စံပယ္ျဖဴပါသြားသၫ့္တိုင္ ညခ်မ္းေအး၏ ဆံပင္အားလႊတ္မေပးတာေၾကာင့္ ဦးေခါင္းၫႊတ္သၫ့္အေနအထားျဖင့္ လူမွာ ခါးကုန္းကုန္းျဖစ္ေနရသည္။ ထိုအခ်ိန္ ကေလးအား တစ္ေယာက္ေယာက္က ဆြဲယူသြားသည္ကို သိလိုက္ရတာေၾကာင့္ ေခါင္းေပၚက ဆြဲထားတဲ့လက္ကို အတင္းဖိၫွပ္ကာ ဆြဲယူလိုက္ရာ ဆံပင္အေထြးလိုက္ပါသြားသလို ခံစားလိုက္ရသည္။
က်ိန္းစက္ေနတဲ့ဦးေရအား ဂရုမထားမိ။ ေဒါသေၾကာင့္ လူက ျပာခနဲျဖစ္သြားစဉ္ ျမင္လိုက္ရတဲ့ စံုသာၿမိဳင္၏ မ်က္ႏွာေၾကာင့္ လူကတစ္ခဏ ၿငိမ္သက္သြား၏။

" အိုး.. ကိုကို ဘာလို႔ လူကိုဆြဲေနတာလဲဖယ္စမ္းပါ။ ျဖဴ ဒီေကာင္ကို လုပ္ရမွ ေက်နပ္မယ္ "

ဆြဲခ်ဳပ္ထားတဲ့လက္ေတြၾကားမွာ စံပယ္ျဖဴတစ္ေယာက္မလူးသာ မလြင့္သာ ။
အေတြးကေန ရုန္းထြက္ႏိုင္ၿပီျဖစ္တဲ့ညခ်မ္းေအးသည္ ‌ေဒါသကတဖန္ျပန္ေရာက္လာကာ စံုသာၿမိဳင္လက္ထဲကထိုမိန္းမအား ဆံပင္ျပန္ေစာင့္ဆြဲပစ္လိုက္သည္။ ထိုအခ်ိန္ငယ္သံပါေအာင္ေအာ္သၫ့္ အသံသာၾကားရၿပီး ခ်ဳပ္ထားသၫ့္စံုသာၿမိဳင္၏ လက္ထဲကေန ရုန္းမရခဲ့ေပ။

"ကိုကို ဖယ္ဆို ရွင္ရူးေနတာလား။ ဒီမွာ ဆြဲေနၿပီ။
အိုး..  လုပ္ပါအံုး။ ဒီမွာ ဆံပင္ေတြကြၽတ္ကုန္ၿပီထင္တယ္ ။ ရွင္ဖယ္လို႔ေျပာေနတယ္ေနာ္။ အား...
နာတယ္.. နာတယ္ "

အေတာ္ၾကာမွ လူစုဝိုင္းခြဲပစ္တာေၾကာင့္  စံုသာၿမိဳင္ မသိမသာလႊတ္ေပးလိုက္သည္။
ညခ်မ္း‌ ေအးလက္ခ်က္ျဖင့္ အရူးမသဖြယ္စုတ္ေထာင္းထေနတဲ့ ဆံပင္တို႔က
စံပယ္ျဖဴဆိုတဲ့မိန္းမအား အလြန္ ရယ္စရာေကာင္း ေပမဲ့ စံုသာၿမိဳင္တစ္ေယာက္ မရယ္ႏိုင္ေပ။

"ကေလးေခၚၿပီး အကုန္ျပန္ၾကေတာ့ "

ခပ္သဲ့သဲ့ရိႈက္ငိုေနဆဲ ကူးကူးအား ေဒၚၿမိဳင္တို႔အဖြဲ႔ျပန္ေခၚသြားတာေၾကာင့္ အိမ္ကေန တစ္ေခါက္ျပန္လာတဲ့ဘေမွာင္ရယ္ ခ်စ္ထြန္းရယ္သာ
စံုသာၿမိဳင္တို႔နဲ႔က်န္ခဲ့သည္။ ထိုအခ်ိန္ စံပယ္ျဖဴတစ္ေယာက္ ငုတ္တုတ္ထိုင္ကာ ၾကဴၾကဴပါေအာင္ငိုေတာ့သည္။ ခ်စ္ထြန္းနဲ႔ဘေမွာင္ကေတာ့စိတ္ပ်က္စြာတစ္ခ်က္ၾကၫ့္ၿပီး

" ကိုစံု က်ဳပ္တို႔ကို မေက်နပ္ရင္ထိုးလိုက္ေတာ့ဗ်ာ။ ဒီတစ္ေယာက္ကို ဘာကိစၥအိမ္ေခၚလာတာလဲဆိုတာ စဉ္းစားလို႔ေတာင္မရဘူး ။ဘာပဲေျပာေျပာ ျပန္လႊတ္ သင့္တယ္မထင္ဘူးလား။ က်ဳပ္တို႔မရီးျဖစ္လာမဲ့သူက ဒီလို စရိုက္ဆန္ေနတာမ်ိဳး ၊ ေတြ့တဲ့သူနဲ႔ ဆဲဆိုရန္ျဖစ္ေနတာမ်ိဳးႀကီးၾကၫ့္ရတာ လု႔းဝမမိုက္ဘူး "

" နင္ဘာသိလို႔ဝင္ေျပာေနတာလဲ။ ဒီေကာင္ငါ့ကို ပါးအရင္ရိုက္လို႔ျဖစ္တာသိလား"

ငိုေနတဲ့ စံပယ္ျဖဴသည္ ထေအာ္သည္။ ညခ်မ္းေအးသည္ ထိုအခ်င္းအရာကို စိတ္ပ်က္စြာၾကၫ့္ေနရင္းမွသက္ပ်င္းခ်ကာ

" ကေလးကို သူတြန္းလိုက္လို႔ ေနာက္က ခံုနဲ႔ သြားတိုက္မိတာ  ။ ကြၽန္ေတာ္စိတ္မထိန္းႏိုင္လို႔ အရင္ရိုက္ပစ္လိုက္တာ အဲ့ဒါ ဟုတ္တယ္"

စံပယ္ျဖဴတဲ့ထက္စာရင္ ညခ်မ္းေအးက ေသြးေအးသြားၿပီျဖစ္သည္။ ေအးေဆးစြာရွင္းျပႏိုင္ေပမဲ့ ညခ်မ္းေအး ပါးျပင္က ေသြးစို႔ေနတဲ့လက္သည္းရာကိုၾကၫ့္ကာ စံုသာၿမိဳင္၏ မ်က္ႏွာသည္ပိုမိုေအးစက္သြား၏။

" မင္းကို ဒီည ျပန္လာေခၚမဲ့သူရိွတယ္"

" ျဖဴက ဘာကိစၥ ျပန္ရမွာလဲ ။ကိုကို စားၿပီးနားမလည္လုပ္တယ္ဆိုရင္ေတာင္ ျဖဴ႔ဗိုက္ထဲက ျဖဴ႔ရင္ေသြးက အလိမ္အညာမဟုတ္ဘူး "

ခ်စ္ထြန္းတို႔အလန႔္တၾကား ျဖစ္သြားသလိုမ်က္လံုးဝိုင္းကာ စံုသာၿမိဳင္ကို လွမ္းၾကၫ့္လာေပမဲ့ သူက သက္ျပင္းခ်ကာ ျဖဴေဖ်ာ့သြားၿပီျဖစ္တဲ့ ညခ်မ္းေအးအား ေအးေဆးစြာပင္

" ခ်မ္းေအး.. ဒီကိစၥကို က်ဳပ္ရွင္းျပမယ္။ စိတ္မပ်က္သြားပါနဲ႔ ၊ က်ဳပ္ကိုခဏေစာင့္‌ ေပး ။ ခဏေနရင္ မင္းတို႔သိခ်င္ေနတဲ့ အေျဖေပၚပါလိမ့္မယ္ "

ကမ႓ာႀကီးတစ္ခုလံုးရပ္တန႔္သြားတဲ့ခံစားခ်က္ႀကီး။
ဒီအခ်ိန္မီးနဲ႔တို႔ရင္ပင္ ပူလို႔ပူမွန္းသိမွာမဟုတ္‌တဲ့ ညခ်မ္းေအးသည္ စံုသာၿမိဳင္၏ စကားတစ္ခြန္းေၾကာင့္ သိသာစြာ တည္ၿငိမ္သြား၏။
ေလေျပ‌ႏုႏုကျပတင္းတံခါးကေန ခပ္ေသာ့ေသာ့ဝင္ေရာက္လာေပမဲ့ ဟိုမိန္းမ၏ငိုသံက်ယ္က်ယ္ေၾကာင့္ ေအးျမမေနခဲ့ေပ။  စံပယ္တစ္ပြင့္‌ ေႂကြတိုင္း တစ္ခါရင္ခုန္ရမယ္ဆိုရင္ ကြၽန္ေတာ္သည္ ရင္မခုန္တက္ေသာ သူသာျဖစ္ခ်င္မိေတာ့၏။ ေအးစက္စြာ ၾကၫ့္ေနခဲ့ေသာ အၾကၫ့္စူးစူးတြင္ ရန္လိုျခင္းေတြပါသလို သနားၾကင္နာၾကင္နာျခင္းေတြလည္း ပါေနသည္ ။ထိုမ်က္ဝန္းေတြသည္ တစ္စံုတစ္ေယာက္ဆီကလြဲ၍ ဘယ္ဆီမွ ေရာက္ရိွမသြားခဲ့ပါေခ်  ။

အို အရွင္ဘုရား .. လူတစ္ေယာက္အား ေလးနက္စြာ ခ်စ္ခင္ေစဖို႔ ဘာေၾကာင့္စိတ္ခံစားခ်က္ ႏွလံုးအိမ္အား ထၫ့္ေပးရပါ့သနည္း။ ထူးျခားတဲ့ အၾကၫ့္တို႔ေၾကာင့္ က်ခ်င္ေနေသာမ်က္ရည္ကို ဘာေၾကာင့္ ဖန္တီးပံုေဖာ္ခဲ့ပါသနည္း ။

Bạn đang đọc truyện trên: ZingTruyen.Xyz