ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
16
ရေချမ်းအေး ခါတိုင်းလိုပင် မနက်ကို စောစော နိုးလေသည်။ ညက အိပ်ရေးပျက်ပေသည့် နိုးနေကြအချိန်တွင်တော့ မျက်လုံးက နှိုးစက်မလိုပဲ အော်တိုနိုးလေသည်။ မကြည်မသာဖြင့် အိပ်ယာကနေ ထကာ
အိမ်မကြီးတံခါးကို ဖွင့်လိုက်တဲ့အခါမှာ မနေ့က ဟိုဖက်အိမ်မှာ မေ့ကျန်ခဲ့တဲ့ ကတ္တီပါဖိနပ်အနက်ရောင်လေးက ညီညီညာညာ ချထားတာကိုတွေ့လိုက်၏။
တစ်ယောက်ယောက်ယူလာပေးတာလားဟု စဉ်းစားမိသော်ငြား တစ်စုံတစ်ယောက်၏မျက်နှာကိုမြင်ယောင်ကာ အတွေးတွေကို ပယ်ဖျက်လိုက်ရသည်။
သူ့မှာ ချစ်ရသူတောင်မှရှိနေပြီပဲ ငါက ဘာဆက်လုပ်ရမှာလဲဟုသော မကြံကောင်းတဲ့ စိတ်ကူးတွေကလည်းအစီအရီ။
ညချမ်းအေး ရယ် စိတ်ထိန်းစမ်းပါ။
မင်းကယောက်ျား။ ကလေးတစ်ယောက် ယူထားတဲ့ အမျိုးသားတစ်ယောက်ကို မင်းမမှန်းသင့်ဘူးဆိုတဲ့ ကိုယ့်ကိုကိုယ် ဆုံးမမိတဲ့ အခိုက်အတန့်ကလည်း ညကတည်းကနေခုထိ ဖြစ်နေပြီဖြစ်၏။
ထို့အပြင်ဒီချိန်နှစ်ယောက်သား အတူတူမနက်စာများစားနေကြမလား။
ခါတိုင်းအိမ်ဖက်ပြေးလာနေကြ ကူးကူးကရော မေမေအသစ်နဲ့ အဆင်ပြေအောင် နေနေပြီလား ဟူတဲ့
အတွေးတွေကလည်း ဘယ်လောက်ရပ်ရပ် ခေါင်းထဲ
ဆက်တိုက်ဝင်လာနေသည်။
အဆိုးဆုံးကတော့ ဘုရားရှစ်ခိုးတာကိုလည်း ကြာကြာမရှစ်ခိုးနိုင်ခြင်းပင်ဖြစ်၏။
ခေါင်းထဲမှာ စုံသာမြိုင်ဆိုတဲ့လူကြီးက ဝင်ဝင်လာသည်။ ကျောင်းပိတ်တဲ့နေမို့ စိတ်ပြေလက်ပျောက်ကျောင်းလည်း မသွားနိုင်။လူကလည်းပျင်းခြောက်ခြောက်နှင့် ခြေလက်တွေကလည်းမသယ်ချင်အောင်နုန်းခွေနေသည်။
ထို့ကြောင့်အိမ်သန့်ရှင်းရေးကိုသာစိတ်မပါလက်မပါ လုပ်နေမိချေသည်။
_________
ညချမ်းအေး၏ ပျဉ်တောင်အိမ်လေးသည် တိတ်ဆိတ်ကာ ငြိမ်သက်လျက်ရှိသည်။ ပုံမှန်ဆို ဆူဆူညံညံရှိနေတက်တဲ့အိမ်အိုလေးသည် ယခုမူလူမရှိသည်နှယ် ငြိမ်ချက်သားကောင်းလှပါ၏။
စုံသာမြိုင်သည် တိတ်ဆိတ်နေသော အိမ်ကိုကြည့်၍ ဝင်သင့်မဝင်သင့် ချင့်ချိန်နေမိသည်။ အိမ်ပေါက်ဝမှာချွတ်ထားတဲ့ဖိနပ်ကြောင့် လူရှိမှန်းသူသိသည်။ ထို့နောက်
လက်ထဲ ကိုင်ထားသော လက်ဆောင်ပစ္စည်းများစွာကို ကြည့်ကာ ခဏကြာတော့ အိမ်ထဲဝင်ရန်သာ ပြင်လိုက်တော့သည်။
ဝင်ဝင်ချင်း ဟင်းခွက်တချို့ကိုကိုင်လာတဲ့ ညချမ်းအေးနှင့် ထိပ်တိုက်ဆုံရာ ဘာပြောရမှန်းမသိ နှစ်ယောက်သား အတော်ကြာအောင်တိတ်တဆိတ်ရပ်ကြည့်နေမိကြသည်။ ပထမဦးဆုံးသတိဝင်လာသည်က ညချမ်းအေးသာ ။ အကြည့်တို့ကိုလွှဲ၍ လက်ထဲကိုင်လာသော ဟင်းခွက်ကို စားပွဲပေါ်ချကာ
" ဒီနေ့ ဘာဟင်းမှမချက်ဘူး။ အဆင်မပြေရင် ခင်ဗျားအိမ်ပဲပြန်စားလိုက်ပါ့လား"
" ရတယ်ဘာမှမဖြစ်ဘူး"
ဖိနပ်ချွတ်ကာ စုံသာမြိုင် အထဲဝင်လိုက်သည်။
ခြေတုတစ်ဖက်မှာထိန်းစွပ်ထားတဲ့ညှပ်ဖိနပ်သည်
အနည်းငယ် ချွတ်ရခက်နေတာမို့ အိမ်ပေါက်ဝမှာ အလုပ်ရှုပ်ရသေး၏။ ညချမ်းအေးသည်သူ့အဖြစ်အားလှမ်းကြည့်ကာ နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ မခေါ်ချင်ပါဘူးဆိုမှ ။
စုံသာမြိုင်ကတော့ သတိမထားမိပေ။
ညချမ်းအေးပုံစံက အေးတိအေးစက်ဆိုပေသည့်
ထမင်းကိုချက်ချင်းခူးပေးရှာတာမို့ ထမင်းစားဖို့သာ စိတ်အားထက်သန်နေသည်။ ထိုင်လိုက်တော့မှ ဟင်းကတကယ်မကောင်းရှာပေ။
ငံပြာရည်တစ်ခွက်ထဲချက်ကာ အိမ်ရှေ့က အသီးအရွက်တချို့ကို အတို့အမြုပ်အဖြစ် ဖွယ်ဖွယ်ရာရာ လုပ်ထားတာဖြစ်သည်။ ဖြစ်ချင်တော့ ပြုတ်ထားတဲ့ကြက်ဥက တစ်လုံးတည်းဖြစ်နေခြင်း။
စုံသာမြိုင်လည်း ထူးပြောမနေပဲ လက်ရေဆေးကာ
ပန်းကန်ကို ချက်ချင်းဆွဲယူလိုက်သည်။
သူ့ဘေးနားမှာ အထုတ်အပိုးတို့ပလုံစီနေကာ
ညချမ်းအေးက ခေါင်းငုံ့ကာသာ ထမင်းစားနေတာမို့ သူ့မှာ မည်သည့်စကားကိုမျှ ပြောဖို့မစဉ်းစားမိတော့ချေ။ အရင်ဆိုဦးချကာရောက်လာတက်သော ဟင်းတစ်ဇွန်းသည် ယခုမူတုတ်တုတ်ပင်မလှုပ်။
တစ်လုံးတည်းသော ကြက်ဥကလည်းဧည့်သည်အတွက်တော့ ဦးစားပေးဟုတ်မနေခဲ့ပေ။
ငြိမ်သက်စွာ စားနေရင်းပင် လေထုက ပိုမိုအေးစက်လာသလို ဖြစ်လာခဲ့သည်။
"မင်းစိတ်ဆိုးနေခဲ့တာလား"
စုံသာမြိုင်မနေနိုင်စွာ အရင်မေးလိုက်သည်။
"ဆိုးစရာ ဘာအကြောင်းရှိလို့လဲ "
တိုတိုတုတ်တုတ်စကားကြောင့် စုံသာမြိုင်ဘာဆက်ပြောလို့ပြောရမှန်းပင်မသိတော့။ ကြားထဲမှာ မွှေနောက်နှယ်ဖက်ခြင်းခံရတဲ့ ထမင်းတွေကတော့ သနားစရာ။
"ကျုပ် လက်ဆောင်တွေဝယ်ခဲ့တယ်လေ။ ကူးကူးပြောတာ မင်း ငှက်ပျောကိတ်ကြိုက်တယ်တဲ့ "
"ဟုတ် ... ကြိုက်ပါတယ် ။ ဒါပေမဲ့ ဒီရက်ပိုင်းချောင်းဆိုးနေလို့ စားရမယ်မထင်ဘူး။ အဟွတ် အဟွတ်"
ပြောရင်း ညချမ်းအေး ချောင်းထဆိုးပြလိုက်တော့
တစ်ဖက်လူမှာ အလွန်အမင်း စိတ်ရှုပ်သွားသယောင်ဖြစ်လာ၏။ ထိုခံစားချက်က တစ်ခဏသာ ။ချက်ခြင်း အေးတိအေးစက် မျက်နှာက ပြန်ပေါ်လာကာ
ခေါင်းညိတ်ကာ မည်သည့်စကားမှမဆိုတော့။
စားသောက်ပြီး စုံသာမြိုင်ထပြန် သွားတဲ့အချိန်တွင်
ညချမ်းအေးအိမ်တွင် အထုတ်အပိုးတချို့ ထားရစ်ခဲ့၏။
ထိုအထဲတွင် ကျောင်းစိမ်းပုဆိုးကဲ့သို့ အကွက်အစိမ်းပုဆိုးတချို့နှင့်အဖြူရောင်ရှပ်လက်ရှည် လက်တို သုံးလေးထည် ကတ္တီပါ ဖိနပ်သျှားညိုရောင် အပြင် အနီရောင်မှင်နီဘောပန်တချို့ရှိနေသည်။
အဝတ်အစားတချို့ကိုင်ကာ ညချမ်းအေးသည် အနည်းငယ် ဝမ်းနည်းလာမိလေသည်။
စိတ်ခံစားချက်အတက်အကျမြန်နေတဲ့အချိန်မို့
အမှန်အတိုင်းပြောရရင် စုံသာမြိုင်ဆိုတဲ့လူကြီးအားမတွေ့ချင်ပေ။ ငန်ပြာရည်တစ်ခွက်ထဲ ဖြစ်သလိုစားသောက်သွားတာကို ပြန်တွေးမိတော့လည်း စိတ်လည်းမကောင်းဖြစ်ရသေးသည်။
_______
"ဒါဘယ်က ပြန်လာတာလဲ ကိုကိုရာ။ ဖြူ တစ်မနက်လုံးလိုက်ရှာနေတာ ကိုကိုအရိပ်လေးတောင် မတွေ့ရဘူး။ အိမ်ကလူတွေကလည်း ကြက်တူရွေးကတော်တော်ရယ် မယ်တော်က ကဲနေကြတာ ။ မျက်နှာရိပ်မျက်နှာကဲ ကြည့်ပြီးဖြူ့မှာ မနက်စာတောင်ဖြောင့်ဖြောင့်မစားနိုင်ဘူး"
ရွဲ့လိုက်မဲ့လိုက်နှင့် ပြောနေတဲ့စံပယ်ဖြူ၏စကားတွေက နားထဲဝင်တစ်ချက် မဝင်တစ်ချက်။
အိမ်ဝမှာ ဖိနပ်ချွတ်နေရင်း အေးတိအေးစက် တစ်ချက်ကြည့်ကာ အိမ်တွင်းဝင်လာကာ မပြီးနိုင်မစီးနိုင်အောင် စကားတွေပြောနေပြန်သည်။
"နောက်တစ်ခါ ကိုကိုအပြင်ထွက်ရင် ဖြူ့ကိုခေါ်သွား"
" ငါသွားတဲ့အချိန် မင်းမနိုးသေးဘူး"
" ရတယ်ဖြူ့ကို နှိုးပေး။ အိမ်မှာ မနေခဲ့ချင်ဘူးနော်"
လက်မောင်းကိုပြောရင်း လှမ်းဆွဲလိုက်တဲ့အချိန်မှာ စုံသာမြိုင် လှုပ်လှုပ်ရှားရှားဖြစ်ကာ ကိုယ်ကိုရို့ကာ
" ငါ့အသားကိုဖြစ်နိုင်ရင်မထိနဲ့ စံပယ်ဖြူ ။ "
စံပယ်ဖြူ မျက်နှာဆူပုတ်သွားကာ
" ဖြူ က ကိုကိုလက်ထပ်ရမဲ့မိန်းမနော်။ ကိုကို့အချိုးက ဘာလဲ။ သူများသားသမီးကို ထိပါးချင်တိုင်းထိပါးပြီးမှ ကိုကိုလုပ်နေတဲ့ပုံက တာဝန်မဲ့လွန်းတယ်"
" တာဝန်မဲ့တယ်လို့ပြောရအောင် မင်းရောက်နေတဲ့နေရာက ဘယ်နေရာလည်းစံပယ်ဖြူ ။ ရှည်ရှည်ဝေးဝေး ငါမပြောတော့ဘူး။ မင်း လုပ်ရပ်မင်းအသိဆုံးဖြစ်မှာပါ"
လှေကားဘေးက အခန်းထဲ ဝင်ကာ ဂျိန်းခနဲ တံခါးပိတ်သွားတဲ့အထိ လက်သီးကိုတင်းတင်းဆုပ်ကာ ကျန်ခဲ့သည်။ ဖြူလိုချင်တာဒီလိုဘဝမျိုးမဟုတ်။
ရွှေပေါ်မြတင်နေချင်ပေမဲ့ ဖြူစင်တဲ့မေတ္တာတရားကိုလည်းမက်မောသေးသည်။ ထိုမေတ္တာကအတင်းအကြပ်လုပ်ယူခဲ့သည်ဖြစ်စေ တရားသည်ဖြစ်စေ၊မတရားသည်ဖြစ်စေ ဖြူ ဂရုမစိုက်ဘူး။ ဖြူဂရုစိုက်တာ ကိုကိုတစ်ယောက်ထဲ ။
__________
"ဒီမှာ ။ နင်က ဟိုနေ့က တွေ့လိုက်တဲ့ကောင်လေးမို့လား"
တစ်ယောက်ထဲ စိတ်တိုတိုဖြစ်လာတာကြောင့် ခြေစောင့်ကာ အိမ်နောက်ဖက်လှေခါးကနေ ဆင်းအလာ
မလွယ်ပေါက်က ပွင့်ဟနေသည့်အပြင် ခပ်သင်းသင်းပန်းရနံ့က ပိုမိုမွှေးမြလာသလိုလို။ စံပယ်ဖြူတစ်ယောက် စိတ်တိုဒေါသထွက်နေတာကိုပင်မေ့ကာ
မလွယ်ပေါက်ကနေဖြတ်ကူးကာ တိုးထွက်လိုက်သည်တပြိုင်နက် ခြံအရှေ့မှာဖွေးဖွေးလှုပ်နေတဲ့ပန်းတွေက မျက်စိအာရုံမှာထင်းခနဲ။
ဟယ်တော် စံပယ်တွေ ။
ဝမ်းသာအားရ ပြေးအလာ ပန်းခြုံအောက်မှာ စာဖတ်နေတဲ့ကောင်လေးက သူ့မျက်စိထဲကန့်လန့်။
အဝါဖျော့ဖျော့ ရှပ်အကွက်နုနုကို ပုဆိုးနှင့်တွဲဝတ်ထားတာများတောသားဟူသည့်ဝေါဟာရနဲ့နည်းနည်းမှမအပ်စပ်။ အသားက ဖွေးတာလိုလို အဝါညက်ညက်လိုလို ယောကျာ်းလေးတန်မဲ့ အဖုအပိန့်ကလည်းရှိမနေပေ။ စူးစိုက်ကာ ကြည့်နေတဲ့စာအုပ်က ဘာများဘာလိမ့်ဟု စပ်စုချင်စိတ်ဝင်အောင် မျက်တောင်ဖျားတွေက ကိုင်းညွှတ်နေပြန်သည်။ ရင်ထဲမကျေမနပ်နဲ့ပင် ဒီကလေး တော်တော် ချစ်စရာကောင်းတာပါလားဟု အသိအမှတ်ပြုမိသေးသည်။
သူ့အသံကြားတော့ ခေါင်းမော့လာကာ
ပိတ်လိုက်တဲ့စာအုပ်ကြားမှာ စံပယ်တစ်ပွင့်က ခေါက်ကြောင်းညှပ်လျက်။
"ကျွန်တော်က ဒီအိမ်မှာ နေတာပါ။ အမ ဘာကိစ္စရှိလို့လဲဗျ "
အပြောလေး ကခပ်ရိုးရိုးသာ။ ဒါပေမဲ့ဖြူ့စိတ်ထဲ
မြွေမြွေခြင်းခြေမြင်သလို မကြိုက်သလိုအောင့်သက်သက်ကြီးခံစားနေရသည်။
"မဟုတ်ဘူး။ ပန်းတွေပွင့်နေတာမြင်လို့ဝင်လာလိုက်တာ။ sorry "
"ပန်းက ခူးလို့တော့မရဘူး။ အိမ်ပိုင်ရှင်က ကြွေတဲ့ပန်းကောက်တာကိုပဲ မပြောတာ၊ အပင်က ခူးရင် စိတ်ဆိုးတက်လို့"
"မင်းကပြောတော့ ဒီအိမ်ကဆို ။ ပန်းခူးတာလောက်နဲ့တော့ ဘယ်သူကအပြစ်မြင်မှာလဲ။ ခူးမဲ့ကောက်မဲ့သူမရှိရင်လည်း ပန်းဆိုတာ အပင်ပေါ်မှ ညိုးရမှာနှမြောစရာ"
"ပန်းက အပင်ပေါ်လှနေတာကိုပဲ သဘောကျတဲ့သူတွေက သက်သက်ရှိပါတယ်ဗျ။ သူ့သဘာဝ နဲ့သူပေါ့ဗျာ ။ ပြီးတော့ တောစံပယ်က ဒီခေတ်မှာ ရှားသွားပြီဗျ။ ဒီအပင်မျိုးစိတ်က တောထဲကနေ တူးယူပြီး စိုက်ထားရတဲ့အပြင် ၊ခုလို အုံလိုက်ကျင်းလိုက်ဖြစ်အောင်
နှစ်ရှည် စိုက်ခဲ့ရတာပါ။ စိတ်လည်းရှည်ရတာအဓိကပေါ့ဗျာ "
ပြောသွားတဲ့စကားတွေက ခင်ဗျား ဘာနားလည်လိုလဲဟုပင် စောင်းမြောင်းပြောနေသလိုလို။ တကယ်ဆို ဖြူက ဧည့်သည်။ တောက သူတွေက ဧည့်ဝတ်ကျေတယ်ဆိုတာ ပုံပြင်တစ်ပုဒ်အလား။
" ငါက ပန်းမြင်တော့ သဘောကျတဲ့ စိတ်တစ်ခုထဲကြောင့် ခူးယူချင်ခဲ့တာပါ ။ အနည်းဆုံးတော့ ဧည့်သည်ကို မင်းတို့ဒီလောက်ကပ်သပ်နေမယ်လို့တော့ မထင်လိုက်တာအမှန်ပဲ "
" ပန်းတော့ တကယ်ခူးမရတာပါ။ လိုချင်ရင်
ချဥ်ပေါင်ကန်စွန်း မနှမျောပါဘူး ။ ပြောလို့သာပြောတာပါ အမ က ထမင်းဟင်းလည်းချက်တက်ပုံမရဘူး"
" နင်!!!!"
ဖြူတစ်ယောက်ဒေါသကြောင့်တုန်ရီလာသည့်အထိ။ဒီကောင်တမင်စိန်ခေါ်နေတာအသိသာကြီး။ စိတ်ဆိုးဆိုး အိမ်ဖက်ပြန်ရောက်တဲ့အထိ မကျေနပ်တာတွေက ရင်ဖက်ထဲ မုန်တိုင်းတစ်ခုလို ရောပြွန်းနေတာ ကြိတ်မနိုင်ခဲမနိုင်။
နင်ကဘာမို့လဲ။ အလကား ကြောင်တောင်နှိုက်ချင်တဲ့အကောင်။
စိတ်ထဲ ကိုကို့မျက်နှာကိုပြန်တွေးမိကာ
ဖြူဒီတိုင်းနေလို့မရဘူးဆိုတာ သိသိလာ၏။
"ဖြူ သမီး ဘယ်တွေရောက်နေတာလဲ။ "
ဖုန်းထဲက အဒေါ့်အသံကြောင့် ဖြူတစ်ယောက်မျက်နှာရှုံ့မဲ့နေပြီဖြစ်သည်။
"ဖြူ နယ်ဖက်ကို အလည်လိုက်သွားတာ ။ နေရာတကာ လိုက်စိတ်ပူမနေနဲ့ ဖြူကလေးမဟုတ်တော့ဘူး "
" ဟဲ့ ကလေးမဟုတ်တော့လို့ စိတ်ပူနေတာပေါ့။ တစ်ခုခုဖြစ်ရင် ဘယ်ကိုလိုက်လို့လိုက်ရမှန်းတောင်သလိုက်မှာမဟုတ်ဘူး။ ငါအလိုလိုက်ထားတယ်ဆိုပေမဲ့ ညည်းကို ပျက်စီးရာပျက်စီးကြောင်းဖြစ်အောင်လွှတ်ထားတာမဟုတ်ဘူး။ သွားစရာရှိတာသွားပြီးမြန်မြန်ပြန်ခဲ့ "
" အဲ့ဒါကြောင့်ဖုန်းမဆက်ချင်တာ ။ အတော် စိတ်ကုန်ဖို့ကောင်းတယ်သိလား"
ဂွက်ခနဲ ကြိုးဖုန်းကို ပစ်ချကာ ဖြူ ဧည့်ခန်းခုံပေါ်မှာခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
ဝတ်ထားတဲ့ ပုခုံးက
ကြိုးတစ်လုံးဂါဝန်နုနု ။ အိမ်မှာ ယောကျာ်းသားတွေက ဝင်လိုက်ထွက်လိုက်ရှိနေတာမို့ ဝတ်စားထားတာကို အိမ်အကူအဒေါ်ကြီးတချို့က ထိန်းသိမ်းစေချင်ကြသည်။ အိမ်ကြီးရှင်သူဌေးနဲ့ကလည်း ဘာလိုလိုမှန်းသိဝင်ရောက်စွပ်ဖက်ဖို့လည်းကြောက်ရသေးသည်။ အမြင်မတော်တော့ စကားပင်ဟဟမပြောချင်။
ခါတိုင်းဝင်လိုက်ထွက်ရှိတဲ့ ချစ်ထွန်းဆိုတဲ့ကောင်လေးကလည်းအိမ်ကို သိပ်မလာတော့ပေ။
ပျောက်ချက်သားကောင်းနေကြတဲ့ကလေးတွေကိုသတိရကာ အဒေါ်ကြီးမှာသက်ပြင်းတချချ။
"ဒေါ်မြိုင် အဲ့ဒါဘာလုပ်နေတာလဲ။ ကြက်မွှေးကြီးကိုင်ပြီး ငေးတိငေးငိုင်နဲ့ ။ လူမရှိတာနဲ့ အလုပ်ကိုလေးလေးနက်နက် မလုပ်ချင်ဘူး။ အပါးခိုလိုက်တာလည်းလွန်ရော။သွား ကျွန်မအတွက် သံပရာရေတစ်ခွက်ဖျော်ပေး"
တင်တင်စီးစီးအသံက အိမ်ပေါက်ဝကို ရောက်သည်နှင့်ကြားလိုက်ရသည်။ ချစ်ထွန်းတစ်ယောက် တောက်ခေါက်ကာ
" ဒီအိမ်မှာ ဒေါ်မြိုင်က အသက်အကြီးဆုံး။
မင်းလူလိုနားမလည်ဘူးလား "
" အောင်မာရာရာစစ နင်ကရော ဘာဆိုင်လို့ ဝင်ပြောနေတာလဲ။ လူငှားက လူငှားလို မနေကြဘူး။ သခင်အားရကျွန်ပါးဝတွေ။ ကိုကို မပြောတာနဲ့ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့အတန်းစားတွေကများ ငါ့ကို "
"မင်း!! "
ချစ်ထွန်းလက်သီးစုတ်လိုက်တာမြင်တော့ ဒေါ်မြိုင်ပြေးဆွဲ၏
"တော်ပါတော့ မောင်ချစ်ထွန်းရယ်။ လာပါ ။ မိန်းကလေးနဲ့ရန်တုမဖြစ်ပါနဲ့ ။ တော်ကြာပတ်ဝန်းကျင်ကြားလို့ မသင့်တော်တာတွေကြားနေရပါအုံးမယ်"
"ဘာမသင့်တော်တာလဲဒီမိန်းမဒီလောက်ရိုင်းနေတာလူတိုင်းမြင်တယ် ။ သူများအိမ်ပေါ်လည်းလာတက်နေသေးတယ်။ လူပါးဝလို့"
ချစ်ထွန်းကလည်း ခပ်ကျယ်ကျယ်ပြန်အော်တာမို့စံပယ်ဖြူကလည်း စွေ့စွေ့ခုန်ကာ
" လူပါးဝတာ နင်လားငါလား။ နေရတကာ လိုက်ဆရာကြီးလုပ်နေရအောင် ဒီအိမ်က ကိုကိုအိမ်လားနင့်အိမ်လား။ အလကား အချောင်နေအချောင်စားအောက်တန်းစားတွေကများ ။ စကားပြောတာ လူပါးဝသလေး ဘာလေးနဲ့။ "
ချစ်ထွန်းတစ်ယောက် ဒေါသအကြီးအကျယ်ထွက်လာကာ တောက်တစ်ခေါက်ခေါက်။
အမှန်ဆို ချစ်ထွန်းက ကိုစုံနဲ့ ညီအကိုအရင်းလိုနေတဲ့သူဖြစ်ပြီး တစ်ခါမှ ဒီအိမ်က သူနဲ့မသက်ဆိုင်ဘူးဟုပင်တွေးမထားတာဖြစ်သည်။
ထို့အပြင် ကိုစုံ၏ အလုပ်ထဲတွင်လည်း သူရယ် ဘမှောင်ရယ်က အစုရှယ်ယာအနည်းအကျဉ်းဆီပါသေးတာမို့ လူငှား တပည့်ဟုပင် တွက်လို့မရပေ။
ထိုနေ့ကစလို့ ချစ်ထွန်းကအိမ်ပြန်လာတာပိုရှားလာသည်။
ေရခ်မ္းေအး ခါတိုင္းလိုပင္ မနက္ကို ေစာေစာ ႏိုးေလသည္။ ညက အိပ္ေရးပ်က္ေပသၫ့္ ႏိုးေနၾကအခ်ိန္တြင္ေတာ့ မ်က္လံုးက ႏိႈးစက္မလိုပဲ ေအာ္တိုႏိုးေလသည္။ မၾကည္မသာျဖင့္ အိပ္ယာကေန ထကာ
အိမ္မႀကီးတံခါးကို ဖြင့္လိုက္တဲ့အခါမွာ မေန့က ဟိုဖက္အိမ္မွာ ေမ့က်န္ခဲ့တဲ့ ကတၲီပါဖိနပ္အနက္ေရာင္ေလးက ညီညီညာညာ ခ်ထားတာကိုေတြ့လိုက္၏။
တစ္ေယာက္ေယာက္ယူလာေပးတာလားဟု စဉ္းစားမိေသာ္ျငား တစ္စံုတစ္ေယာက္၏မ်က္ႏွာကိုျမင္ေယာင္ကာ အေတြးေတြကို ပယ္ဖ်က္လိုက္ရသည္။
သူ႔မွာ ခ်စ္ရသူေတာင္မွရိွေနၿပီပဲ ငါက ဘာဆက္လုပ္ရမွာလဲဟုေသာ မႀကံေကာင္းတဲ့ စိတ္ကူးေတြကလည္းအစီအရီ။
ညခ်မ္းေအး ရယ္ စိတ္ထိန္းစမ္းပါ။
မင္းကေယာက္်ား။ ကေလးတစ္ေယာက္ ယူထားတဲ့ အမ်ိဳးသားတစ္ေယာက္ကို မင္းမမွန္းသင့္ဘူးဆိုတဲ့ ကိုယ့္ကိုကိုယ္ ဆံုးမမိတဲ့ အခိုက္အတန႔္ကလည္း ညကတည္းကေနခုထိ ျဖစ္ေနၿပီျဖစ္၏။
ထို႔အျပင္ဒီခ်ိန္ႏွစ္ေယာက္သား အတူတူမနက္စာမ်ားစားေနၾကမလား။
ခါတိုင္းအိမ္ဖက္ေျပးလာေနၾက ကူးကူးကေရာ ေမေမအသစ္နဲ႔ အဆင္ေျပေအာင္ ေနေနၿပီလား ဟူတဲ့
အေတြးေတြကလည္း ဘယ္ေလာက္ရပ္ရပ္ ေခါင္းထဲ
ဆက္တိုက္ဝင္လာေနသည္။
အဆိုးဆံုးကေတာ့ ဘုရားရွစ္ခိုးတာကိုလည္း ၾကာၾကာမရွစ္ခိုးႏိုင္ျခင္းပင္ျဖစ္၏။
ေခါင္းထဲမွာ စံုသာၿမိဳင္ဆိုတဲ့လူႀကီးက ဝင္ဝင္လာသည္။ ေက်ာင္းပိတ္တဲ့ေနမို႔ စိတ္ေျပလက္ေပ်ာက္ေက်ာင္းလည္း မသြားႏိုင္။လူကလည္းပ်င္းေျခာက္ေျခာက္ႏွင့္ ေျခလက္ေတြကလည္းမသယ္ခ်င္ေအာင္ႏုန္းေခြေနသည္။
ထို႔ေၾကာင့္အိမ္သန႔္ရွင္းေရးကိုသာစိတ္မပါလက္မပါ လုပ္ေနမိေခ်သည္။
_________
ညခ်မ္းေအး၏ ပ်ဉ္ေတာင္အိမ္ေလးသည္ တိတ္ဆိတ္ကာ ၿငိမ္သက္လ်က္ရိွသည္။ ပံုမွန္ဆို ဆူဆူညံညံရိွေနတက္တဲ့အိမ္အိုေလးသည္ ယခုမူလူမရိွသည္ႏွယ္ ၿငိမ္ခ်က္သားေကာင္းလွပါ၏။
စံုသာၿမိဳင္သည္ တိတ္ဆိတ္ေနေသာ အိမ္ကိုၾကၫ့္၍ ဝင္သင့္မဝင္သင့္ ခ်င့္ခ်ိန္ေနမိသည္။ အိမ္ေပါက္ဝမွာခြၽတ္ထားတဲ့ဖိနပ္ေၾကာင့္ လူရိွမွန္းသူသိသည္။ ထို႔ေနာက္
လက္ထဲ ကိုင္ထားေသာ လက္ေဆာင္ပစၥည္းမ်ားစြာကို ၾကၫ့္ကာ ခဏၾကာေတာ့ အိမ္ထဲဝင္ရန္သာ ျပင္လိုက္ေတာ့သည္။
ဝင္ဝင္ခ်င္း ဟင္းခြက္တခ်ိဳ႕ကိုကိုင္လာတဲ့ ညခ်မ္းေအးႏွင့္ ထိပ္တိုက္ဆံုရာ ဘာေျပာရမွန္းမသိ ႏွစ္ေယာက္သား အေတာ္ၾကာေအာင္တိတ္တဆိတ္ရပ္ၾကၫ့္ေနမိၾကသည္။ ပထမဦးဆံုးသတိဝင္လာသည္က ညခ်မ္းေအးသာ ။ အၾကၫ့္တို႔ကိုလႊဲ၍ လက္ထဲကိုင္လာေသာ ဟင္းခြက္ကို စားပြဲေပၚခ်ကာ
" ဒီေန့ ဘာဟင္းမွမခ်က္ဘူး။ အဆင္မေျပရင္ ခင္ဗ်ားအိမ္ပဲျပန္စားလိုက္ပါ့လား"
" ရတယ္ဘာမွမျဖစ္ဘူး"
ဖိနပ္ခြၽတ္ကာ စံုသာၿမိဳင္ အထဲဝင္လိုက္သည္။
ေျခတုတစ္ဖက္မွာထိန္းစြပ္ထားတဲ့ၫွပ္ဖိနပ္သည္
အနည္းငယ္ ခြၽတ္ရခက္ေနတာမို႔ အိမ္ေပါက္ဝမွာ အလုပ္ရႈပ္ရေသး၏။ ညခ်မ္းေအးသည္သူ႔အျဖစ္အားလွမ္းၾကၫ့္ကာ ႏွာေခါင္းတစ္ခ်က္ရႈံ႔လိုက္သည္။ မေခၚခ်င္ပါဘူးဆိုမွ ။
စံုသာၿမိဳင္ကေတာ့ သတိမထားမိေပ။
ညခ်မ္းေအးပံုစံက ေအးတိေအးစက္ဆိုေပသၫ့္
ထမင္းကိုခ်က္ခ်င္းခူးေပးရွာတာမို႔ ထမင္းစားဖို႔သာ စိတ္အားထက္သန္ေနသည္။ ထိုင္လိုက္ေတာ့မွ ဟင္းကတကယ္မေကာင္းရွာေပ။
ငံျပာရည္တစ္ခြက္ထဲခ်က္ကာ အိမ္ေရ႔ွက အသီးအရြက္တခ်ိဳ႕ကို အတို႔အျမဳပ္အျဖစ္ ဖြယ္ဖြယ္ရာရာ လုပ္ထားတာျဖစ္သည္။ ျဖစ္ခ်င္ေတာ့ ျပဳတ္ထားတဲ့ၾကက္ဥက တစ္လံုးတည္းျဖစ္ေနျခင္း။
စံုသာၿမိဳင္လည္း ထူးေျပာမေနပဲ လက္ေရေဆးကာ
ပန္းကန္ကို ခ်က္ခ်င္းဆြဲယူလိုက္သည္။
သူ႔ေဘးနားမွာ အထုတ္အပိုးတို႔ပလံုစီေနကာ
ညခ်မ္းေအးက ေခါင္းငံု႔ကာသာ ထမင္းစားေနတာမို႔ သူ႔မွာ မည္သၫ့္စကားကိုမ်ွ ေျပာဖို႔မစဉ္းစားမိေတာ့ေခ်။ အရင္ဆိုဦးခ်ကာေရာက္လာတက္ေသာ ဟင္းတစ္ဇြန္းသည္ ယခုမူတုတ္တုတ္ပင္မလႈပ္။
တစ္လံုးတည္းေသာ ၾကက္ဥကလည္းဧၫ့္သည္အတြက္ေတာ့ ဦးစားေပးဟုတ္မေနခဲ့ေပ။
ၿငိမ္သက္စြာ စားေနရင္းပင္ ေလထုက ပိုမိုေအးစက္လာသလို ျဖစ္လာခဲ့သည္။
"မင္းစိတ္ဆိုးေနခဲ့တာလား"
စံုသာၿမိဳင္မေနႏိုင္စြာ အရင္ေမးလိုက္သည္။
"ဆိုးစရာ ဘာအေၾကာင္းရိွလို႔လဲ "
တိုတိုတုတ္တုတ္စကားေၾကာင့္ စံုသာၿမိဳင္ဘာဆက္ေျပာလို႔ေျပာရမွန္းပင္မသိေတာ့။ ၾကားထဲမွာ ေမႊေနာက္ႏွယ္ဖက္ျခင္းခံရတဲ့ ထမင္းေတြကေတာ့ သနားစရာ။
"က်ဳပ္ လက္ေဆာင္ေတြဝယ္ခဲ့တယ္ေလ။ ကူးကူးေျပာတာ မင္း ငွက္ေပ်ာကိတ္ႀကိဳက္တယ္တဲ့ "
"ဟုတ္ ... ႀကိဳက္ပါတယ္ ။ ဒါေပမဲ့ ဒီရက္ပိုင္းေခ်ာင္းဆိုးေနလို႔ စားရမယ္မထင္ဘူး။ အဟြတ္ အဟြတ္"
ေျပာရင္း ညခ်မ္းေအး ေခ်ာင္းထဆိုးျပလိုက္ေတာ့
တစ္ဖက္လူမွာ အလြန္အမင္း စိတ္ရႈပ္သြားသေယာင္ျဖစ္လာ၏။ ထိုခံစားခ်က္က တစ္ခဏသာ ။ခ်က္ျခင္း ေအးတိေအးစက္ မ်က္ႏွာက ျပန္ေပၚလာကာ
ေခါင္းညိတ္ကာ မည္သၫ့္စကားမွမဆိုေတာ့။
စားေသာက္ၿပီး စံုသာၿမိဳင္ထျပန္ သြားတဲ့အခ်ိန္တြင္
ညခ်မ္းေအးအိမ္တြင္ အထုတ္အပိုးတခ်ိဳ႕ ထားရစ္ခဲ့၏။
ထိုအထဲတြင္ ေက်ာင္းစိမ္းပုဆိုးကဲ့သို႔ အကြက္အစိမ္းပုဆိုးတခ်ိဳ႕ႏွင့္အျဖဴေရာင္ရွပ္လက္ရွည္ လက္တို သံုးေလးထည္ ကတၲီပါ ဖိနပ္သ်ွားညိုေရာင္ အျပင္ အနီေရာင္မွင္နီေဘာပန္တခ်ိဳ႕ရိွေနသည္။
အဝတ္အစားတခ်ိဳ႕ကိုင္ကာ ညခ်မ္းေအးသည္ အနည္းငယ္ ဝမ္းနည္းလာမိေလသည္။
စိတ္ခံစားခ်က္အတက္အက်ျမန္ေနတဲ့အခ်ိန္မို႔
အမွန္အတိုင္းေျပာရရင္ စံုသာၿမိဳင္ဆိုတဲ့လူႀကီးအားမေတြ့ခ်င္ေပ။ ငန္ျပာရည္တစ္ခြက္ထဲ ျဖစ္သလိုစားေသာက္သြားတာကို ျပန္ေတြးမိေတာ့လည္း စိတ္လည္းမေကာင္းျဖစ္ရေသးသည္။
_______
"ဒါဘယ္က ျပန္လာတာလဲ ကိုကိုရာ။ ျဖဴ တစ္မနက္လံုးလိုက္ရွာေနတာ ကိုကိုအရိပ္ေလးေတာင္ မေတြ့ရဘူး။ အိမ္ကလူေတြကလည္း ၾကက္တူေရြးကေတာ္ေတာ္ရယ္ မယ္ေတာ္က ကဲေနၾကတာ ။ မ်က္ႏွာရိပ္မ်က္ႏွာကဲ ၾကၫ့္ၿပီးျဖဴ႔မွာ မနက္စာေတာင္ေျဖာင့္ေျဖာင့္မစားႏိုင္ဘူး"
ရြဲ႔လိုက္မဲ့လိုက္ႏွင့္ ေျပာေနတဲ့စံပယ္ျဖဴ၏စကားေတြက နားထဲဝင္တစ္ခ်က္ မဝင္တစ္ခ်က္။
အိမ္ဝမွာ ဖိနပ္ခြၽတ္ေနရင္း ေအးတိေအးစက္ တစ္ခ်က္ၾကၫ့္ကာ အိမ္တြင္းဝင္လာကာ မၿပီးႏိုင္မစီးႏိုင္ေအာင္ စကားေတြေျပာေနျပန္သည္။
"ေနာက္တစ္ခါ ကိုကိုအျပင္ထြက္ရင္ ျဖဴ႔ကိုေခၚသြား"
" ငါသြားတဲ့အခ်ိန္ မင္းမႏိုးေသးဘူး"
" ရတယ္ျဖဴ႔ကို ႏိႈးေပး။ အိမ္မွာ မေနခဲ့ခ်င္ဘူးေနာ္"
လက္ေမာင္းကိုေျပာရင္း လွမ္းဆြဲလိုက္တဲ့အခ်ိန္မွာ စံုသာၿမိဳင္ လႈပ္လႈပ္ရွားရွားျဖစ္ကာ ကိုယ္ကိုရို႔ကာ
" ငါ့အသားကိုျဖစ္ႏိုင္ရင္မထိနဲ႔ စံပယ္ျဖဴ ။ "
စံပယ္ျဖဴ မ်က္ႏွာဆူပုတ္သြားကာ
" ျဖဴ က ကိုကိုလက္ထပ္ရမဲ့မိန္းမေနာ္။ ကိုကို႔အခ်ိဳးက ဘာလဲ။ သူမ်ားသားသမီးကို ထိပါးခ်င္တိုင္းထိပါးၿပီးမွ ကိုကိုလုပ္ေနတဲ့ပံုက တာဝန္မဲ့လြန္းတယ္"
" တာဝန္မဲ့တယ္လို႔ေျပာရေအာင္ မင္းေရာက္ေနတဲ့ေနရာက ဘယ္ေနရာလည္းစံပယ္ျဖဴ ။ ရွည္ရွည္ေဝးေဝး ငါမေျပာေတာ့ဘူး။ မင္း လုပ္ရပ္မင္းအသိဆံုးျဖစ္မွာပါ"
ေလွကားေဘးက အခန္းထဲ ဝင္ကာ ဂ်ိန္းခနဲ တံခါးပိတ္သြားတဲ့အထိ လက္သီးကိုတင္းတင္းဆုပ္ကာ က်န္ခဲ့သည္။ ျဖဴလိုခ်င္တာဒီလိုဘဝမ်ိဳးမဟုတ္။
ေရႊေပၚျမတင္ေနခ်င္ေပမဲ့ ျဖဴစင္တဲ့ေမတၲာတရားကိုလည္းမက္ေမာေသးသည္။ ထိုေမတၲာကအတင္းအၾကပ္လုပ္ယူခဲ့သည္ျဖစ္ေစ တရားသည္ျဖစ္ေစ၊မတရားသည္ျဖစ္ေစ ျဖဴ ဂရုမစိုက္ဘူး။ ျဖဴဂရုစိုက္တာ ကိုကိုတစ္ေယာက္ထဲ ။
__________
"ဒီမွာ ။ နင္က ဟိုေန့က ေတြ့လိုက္တဲ့ေကာင္ေလးမို႔လား"
တစ္ေယာက္ထဲ စိတ္တိုတိုျဖစ္လာတာေၾကာင့္ ေျခေစာင့္ကာ အိမ္ေနာက္ဖက္ေလွခါးကေန ဆင္းအလာ
မလြယ္ေပါက္က ပြင့္ဟေနသၫ့္အျပင္ ခပ္သင္းသင္းပန္းရနံ႔က ပိုမိုေမႊးျမလာသလိုလို။ စံပယ္ျဖဴတစ္ေယာက္ စိတ္တိုေဒါသထြက္ေနတာကိုပင္ေမ့ကာ
မလြယ္ေပါက္ကေနျဖတ္ကူးကာ တိုးထြက္လိုက္သည္တၿပိဳင္နက္ ၿခံအေရ႔ွမွာေဖြးေဖြးလႈပ္ေနတဲ့ပန္းေတြက မ်က္စိအာရံုမွာထင္းခနဲ။
ဟယ္ေတာ္ စံပယ္ေတြ ။
ဝမ္းသာအားရ ေျပးအလာ ပန္းၿခံဳေအာက္မွာ စာဖတ္ေနတဲ့ေကာင္ေလးက သူ႔မ်က္စိထဲကန႔္လန႔္။
အဝါေဖ်ာ့ေဖ်ာ့ ရွပ္အကြက္ႏုႏုကို ပုဆိုးႏွင့္တြဲဝတ္ထားတာမ်ားေတာသားဟူသၫ့္ေဝါဟာရနဲ႔နည္းနည္းမွမအပ္စပ္။ အသားက ေဖြးတာလိုလို အဝါညက္ညက္လိုလို ေယာက်ာ္းေလးတန္မဲ့ အဖုအပိန႔္ကလည္းရိွမေနေပ။ စူးစိုက္ကာ ၾကၫ့္ေနတဲ့စာအုပ္က ဘာမ်ားဘာလိမ့္ဟု စပ္စုခ်င္စိတ္ဝင္ေအာင္ မ်က္ေတာင္ဖ်ားေတြက ကိုင္းၫႊတ္ေနျပန္သည္။ ရင္ထဲမေက်မနပ္နဲ႔ပင္ ဒီကေလး ေတာ္ေတာ္ ခ်စ္စရာေကာင္းတာပါလားဟု အသိအမွတ္ျပဳမိေသးသည္။
သူ႔အသံၾကားေတာ့ ေခါင္းေမာ့လာကာ
ပိတ္လိုက္တဲ့စာအုပ္ၾကားမွာ စံပယ္တစ္ပြင့္က ေခါက္ေၾကာင္းၫွပ္လ်က္။
"ကြၽန္ေတာ္က ဒီအိမ္မွာ ေနတာပါ။ အမ ဘာကိစၥရိွလို႔လဲဗ် "
အေျပာေလး ကခပ္ရိုးရိုးသာ။ ဒါေပမဲ့ျဖဴ႔စိတ္ထဲ
ေႁမျြမြေျခင္းေျချမင္သလို မႀကိဳက္သလိုေအာင့္သက္သက္ႀကီးခံစားေနရသည္။
"မဟုတ္ဘူး။ ပန္းေတြပြင့္ေနတာျမင္လို႔ဝင္လာလိုက္တာ။ sorry "
"ပန္းက ခူးလို႔ေတာ့မရဘူး။ အိမ္ပိုင္ရွင္က ေႂကြတဲ့ပန္းေကာက္တာကိုပဲ မေျပာတာ၊ အပင္က ခူးရင္ စိတ္ဆိုးတက္လို႔"
"မင္းကေျပာေတာ့ ဒီအိမ္ကဆို ။ ပန္းခူးတာေလာက္နဲ႔ေတာ့ ဘယ္သူကအျပစ္ျမင္မွာလဲ။ ခူးမဲ့ေကာက္မဲ့သူမရိွရင္လည္း ပန္းဆိုတာ အပင္ေပၚမွ ညိုးရမွာႏွေျမာစရာ"
"ပန္းက အပင္ေပၚလွေနတာကိုပဲ သေဘာက်တဲ့သူေတြက သက္သက္ရိွပါတယ္ဗ်။ သူ႔သဘာဝ နဲ႔သူေပါ့ဗ်ာ ။ ၿပီးေတာ့ ေတာစံပယ္က ဒီေခတ္မွာ ရွားသြားၿပီဗ်။ ဒီအပင္မ်ိဳးစိတ္က ေတာထဲကေန တူးယူၿပီး စိုက္ထားရတဲ့အျပင္ ၊ခုလို အံုလိုက္က်င္းလိုက္ျဖစ္ေအာင္
ႏွစ္ရွည္ စိုက္ခဲ့ရတာပါ။ စိတ္လည္းရွည္ရတာအဓိကေပါ့ဗ်ာ "
ေျပာသြားတဲ့စကားေတြက ခင္ဗ်ား ဘာနားလည္လိုလဲဟုပင္ ေစာင္းေျမာင္းေျပာေနသလိုလို။ တကယ္ဆို ျဖဴက ဧၫ့္သည္။ ေတာက သူေတြက ဧၫ့္ဝတ္ေက်တယ္ဆိုတာ ပံုျပင္တစ္ပုဒ္အလား။
" ငါက ပန္းျမင္ေတာ့ သေဘာက်တဲ့ စိတ္တစ္ခုထဲေၾကာင့္ ခူးယူခ်င္ခဲ့တာပါ ။ အနည္းဆံုးေတာ့ ဧၫ့္သည္ကို မင္းတို႔ဒီေလာက္ကပ္သပ္ေနမယ္လို႔ေတာ့ မထင္လိုက္တာအမွန္ပဲ "
" ပန္းေတာ့ တကယ္ခူးမရတာပါ။ လိုခ်င္ရင္
ခ်ဥ္ေပါင္ကန္စြန္း မႏွေမ်ာပါဘူး ။ ေျပာလို႔သာေျပာတာပါ အမ က ထမင္းဟင္းလည္းခ်က္တက္ပံုမရဘူး"
" နင္!!!!"
ျဖဴတစ္ေယာက္ေဒါသေၾကာင့္တုန္ရီလာသည့္အထိ။ဒီေကာင္တမင္စိန္ေခၚေနတာအသိသာႀကီး။ စိတ္ဆိုးဆိုး အိမ္ဖက္ျပန္ေရာက္တဲ့အထိ မေက်နပ္တာေတြက ရင္ဖက္ထဲ မုန္တိုင္းတစ္ခုလို ေရာႁပြန္းေနတာ ႀကိတ္မႏိုင္ခဲမႏိုင္။
နင္ကဘာမို႔လဲ။ အလကား ေၾကာင္ေတာင္ႏိႈက္ခ်င္တဲ့အေကာင္။
စိတ္ထဲ ကိုကို႔မ်က္ႏွာကိုျပန္ေတြးမိကာ
ျဖဴဒီတိုင္းေနလို႔မရဘူးဆိုတာ သိသိလာ၏။
"ျဖဴ သမီး ဘယ္ေတြေရာက္ေနတာလဲ။ "
ဖုန္းထဲက အေဒါ့္အသံေၾကာင့္ ျဖဴတစ္ေယာက္မ်က္ႏွာရႈံ႔မဲ့ေနၿပီျဖစ္သည္။
"ျဖဴ နယ္ဖက္ကို အလည္လိုက္သြားတာ ။ ေနရာတကာ လိုက္စိတ္ပူမေနနဲ႔ ျဖဴကေလးမဟုတ္ေတာ့ဘူး "
" ဟဲ့ ကေလးမဟုတ္ေတာ့လို႔ စိတ္ပူေနတာေပါ့။ တစ္ခုခုျဖစ္ရင္ ဘယ္ကိုလိုက္လို႔လိုက္ရမွန္းေတာင္သလိုက္မွာမဟုတ္ဘူး။ ငါအလိုလိုက္ထားတယ္ဆိုေပမဲ့ ညည္းကို ပ်က္စီးရာပ်က္စီးေၾကာင္းျဖစ္ေအာင္လႊတ္ထားတာမဟုတ္ဘူး။ သြားစရာရိွတာသြားၿပီးျမန္ျမန္ျပန္ခဲ့ "
" အဲ့ဒါေၾကာင့္ဖုန္းမဆက္ခ်င္တာ ။ အေတာ္ စိတ္ကုန္ဖို႔ေကာင္းတယ္သိလား"
ဂြက္ခနဲ ႀကိဳးဖုန္းကို ပစ္ခ်ကာ ျဖဴ ဧၫ့္ခန္းခံုေပၚမွာေျခပစ္လက္ပစ္ထိုင္ခ်လိုက္သည္။
ဝတ္ထားတဲ့ ပုခံုးက
ႀကိဳးတစ္လံုးဂါဝန္ႏုႏု ။ အိမ္မွာ ေယာက်ာ္းသားေတြက ဝင္လိုက္ထြက္လိုက္ရိွေနတာမို႔ ဝတ္စားထားတာကို အိမ္အကူအေဒၚႀကီးတခ်ိဳ႕က ထိန္းသိမ္းေစခ်င္ၾကသည္။ အိမ္ႀကီးရွင္သူေဌးနဲ႔ကလည္း ဘာလိုလိုမွန္းသိဝင္ေရာက္စြပ္ဖက္ဖို႔လည္းေၾကာက္ရေသးသည္။ အျမင္မေတာ္ေတာ့ စကားပင္ဟဟမေျပာခ်င္။
ခါတိုင္းဝင္လိုက္ထြက္ရိွတဲ့ ခ်စ္ထြန္းဆိုတဲ့ေကာင္ေလးကလည္းအိမ္ကို သိပ္မလာေတာ့ေပ။
ေပ်ာက္ခ်က္သားေကာင္းေနၾကတဲ့ကေလးေတြကိုသတိရကာ အေဒၚႀကီးမွာသက္ျပင္းတခ်ခ်။
"ေဒၚၿမိဳင္ အဲ့ဒါဘာလုပ္ေနတာလဲ။ ၾကက္ေမႊးႀကီးကိုင္ၿပီး ေငးတိေငးငိုင္နဲ႔ ။ လူမရိွတာနဲ႔ အလုပ္ကိုေလးေလးနက္နက္ မလုပ္ခ်င္ဘူး။ အပါးခိုလိုက္တာလည္းလြန္ေရာ။သြား ကြၽန္မအတြက္ သံပရာေရတစ္ခြက္ေဖ်ာ္ေပး"
တင္တင္စီးစီးအသံက အိမ္ေပါက္ဝကို ေရာက္သည္ႏွင့္ၾကားလိုက္ရသည္။ ခ်စ္ထြန္းတစ္ေယာက္ ေတာက္ေခါက္ကာ
" ဒီအိမ္မွာ ေဒၚၿမိဳင္က အသက္အႀကီးဆံုး။
မင္းလူလိုနားမလည္ဘူးလား "
" ေအာင္မာရာရာစစ နင္ကေရာ ဘာဆိုင္လို႔ ဝင္ေျပာေနတာလဲ။ လူငွားက လူငွားလို မေနၾကဘူး။ သခင္အားရကြၽန္ပါးဝေတြ။ ကိုကို မေျပာတာနဲ႔ျဖစ္ခ်င္တိုင္းျဖစ္ေနၾကတဲ့အတန္းစားေတြကမ်ား ငါ့ကို "
"မင္း!! "
ခ်စ္ထြန္းလက္သီးစုတ္လိုက္တာျမင္ေတာ့ ေဒၚၿမိဳင္ေျပးဆြဲ၏
"ေတာ္ပါေတာ့ ေမာင္ခ်စ္ထြန္းရယ္။ လာပါ ။ မိန္းကေလးနဲ႔ရန္တုမျဖစ္ပါနဲ႔ ။ ေတာ္ၾကာပတ္ဝန္းက်င္ၾကားလို႔ မသင့္ေတာ္တာေတြၾကားေနရပါအံုးမယ္"
"ဘာမသင့္ေတာ္တာလဲဒီမိန္းမဒီေလာက္ရိုင္းေနတာလူတိုင္းျမင္တယ္ ။ သူမ်ားအိမ္ေပၚလည္းလာတက္ေနေသးတယ္။ လူပါးဝလို႔"
ခ်စ္ထြန္းကလည္း ခပ္က်ယ္က်ယ္ျပန္ေအာ္တာမို႔စံပယ္ျဖဴကလည္း ေစြ့ေစြ့ခုန္ကာ
" လူပါးဝတာ နင္လားငါလား။ ေနရတကာ လိုက္ဆရာႀကီးလုပ္ေနရေအာင္ ဒီအိမ္က ကိုကိုအိမ္လားနင့္အိမ္လား။ အလကား အေခ်ာင္ေနအေခ်ာင္စားေအာက္တန္းစားေတြကမ်ား ။ စကားေျပာတာ လူပါးဝသေလး ဘာေလးနဲ႔။ "
ခ်စ္ထြန္းတစ္ေယာက္ ေဒါသအႀကီးအက်ယ္ထြက္လာကာ ေတာက္တစ္ေခါက္ေခါက္။
အမွန္ဆို ခ်စ္ထြန္းက ကိုစံုနဲ႔ ညီအကိုအရင္းလိုေနတဲ့သူျဖစ္ၿပီး တစ္ခါမွ ဒီအိမ္က သူနဲ႔မသက္ဆိုင္ဘူးဟုပင္ေတြးမထားတာျဖစ္သည္။
ထို႔အျပင္ ကိုစံု၏ အလုပ္ထဲတြင္လည္း သူရယ္ ဘေမွာင္ရယ္က အစုရွယ္ယာအနည္းအက်ဉ္းဆီပါေသးတာမို႔ လူငွား တပၫ့္ဟုပင္ တြက္လို႔မရေပ။
ထိုေန့ကစလို႔ ခ်စ္ထြန္းကအိမ္ျပန္လာတာပိုရွားလာသည္။
Bạn đang đọc truyện trên: ZingTruyen.Xyz