ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
15
( မှတ်ချက်/ ongoing လိုက်နိုင်ရင် အတက်နိုင်ဆုံးလိုက်ပေးပါ ။ ရေးရတဲ့သူလည်း ခက်ခက်ခဲခဲရေးတင်ပေးနေရတဲ့အချိန်မှာ စောင့်ဖတ်သူရှိတော့ ကိုယ်လည်းအားရှိတာပေါ့။ နောက်ပြီး ဇာတ်သိမ်းတဲ့အခါ ကိုယ်ရေးထားတာကိုယ်မကြိုက်ရင် un ပစ်ချင်လည်း unပစ်မှာပါ။ နောက်ကျမှ တဂျီဂျီလာတောင်းတဲ့အခါ ကိုယ့်ဖက်ကလည်းအားနာရေပမဲ့ ပြန်မတင်နိုင်ရင်အဆူအပြောက ခံရအုံးမယ်။ ဒီဖက်မှာလည်း ပြေးရလွှားရင်းရေးနေရတာမို့ ဇာတ်လမ်းက အဆင်ချောချင်မှ ချောလိမ့်မယ်။ un ပစ်ဖို့ကလည်း ကိုယ့်ဖက်က ဇာတ်သိမ်းထိ အားကြိုးမာန်တက်ရေးပြီးမှလွယ်လွယ်တော့ ဘယ်လုပ်ချင်မလဲ ။ အကောင်းဆုံးတွေပဲစာဖတ်သူအတွက်ပေးချင်တာမို့ဖတ်လို့ကျေနပ်မူ့မရှိရင်တော့ ကိုယ်လည်း မသိမ်းထားချင်ဘူး။ )
ကျောင်းကနေ နှစ်ယောက်သား လက်ဆွဲပြန်ခဲ့စဉ်
အိမ်ရှေ့တံခါးမှ ရပ်စောင့်နေတဲ့ အမျိုးသမီးကြီးတစ်ယောက်ကြောင့် ခြေလှမ်းတွေက ရပ်တန့်သွားလုလု။
တင်းကြပ်စွာဆုပ်ကိုင်လိုက်မိတဲ့ လက်ဖဝါးတွေကြောင့် ကလေးသေးသေးလေး ကူးကူးက မော့ကြည့်လာ၏။
"ဦးဦး အဲ့ဘွားဘွားက ဘယ်သူလဲ"
ကလေးသံလေးကြား၍ထင် ခပ်မှိုင်မှိုင်ရပ်နေတဲ့ အမျိုးသမီးကြီးက ချာခနဲလှည့်ကြည့်လာ၏။
အရင်နှင့်မတူစွာနွမ်းဖတ်နေတဲ့ ပုံစံကြောင့်အဆင်ပြေမည်ဟု မထင်ရပေ။ ဦးလေးလည်းဆုံးသွားရော ရှိသမျှထုခွဲရောင်းချစားသောက်သည်ဟုလည်းကြားရသည်။ မခေါ်မပြောဆက်ဆံရေးမဟုတ်ပေမဲ့ ကိုယ့်လမ်းကို လျှောက်ကြတဲ့အခါ လမ်းတွေ့ရင်တောင် မနှုတ်ဆက်ချင်တာမှန်သောစကား။
" ငါနင့်ကိုစောင့်နေတာ ညချမ်းအေး "
အရင်အတိုင်းစကားတွေက မာန်ပါတုန်းပင်။ ရှိခဲ့ဖူးတဲ့ကျေးဇူးကြောင့် ညချမ်းအေး
က တော့ ညင်သာစွာပြန်ဖြေလိုက်သည်
"ဟုတ်ကဲ့ဒေါ်လေး ဘာပြောစရာရှိလို့လဲ"
" ပြောစရာမဟုတ်ဘူး။ တောင်းစရာရှိလို့။ အကြွေးရှင်တွေကလည်း နေ့တောင်းညတောင်းနဲ့ ဒီမယ်မှ စားဖို့တောင်အနိုင်နိုင်ပါဆိုနေမှ။ နင့်မှာရှိရင် ငါ့ကို ငွေနည်းနည်းလှည့်စမ်းပါ"
ပထမဦး စကားမှာ နေကောင်းလား ၊အဆင်ပြေသည်လားမဟုတ်။ ငွေလို၍လာသည်တဲ့လား။
စိတ်မကောင်းဖြစ်သွားပေမဲ့ ငွေထုတ်ပေးလိုက်လေသည်။
"ကျွန်တော်မှာစုဆောင်းထားတာမရှိဘူး။ လတ်တလော ဒီလောက်ပဲရှိတယ်"
ထုတ် ပေးလိုက်တဲ့ငွေအနည်းငယ်ကို ကြည့်ကာ ဒေါ်ခင်စိန်နှာခေါင်းရှုံ့သွား၏။ အားကိုးပြီးလာခါမှ
ရလိုက်တဲ့ငွေက တစ်ပဲခြောက်ပြား။ ငယ်ငယ်ကတည်းက ကျွေးမွေးလာရသည်မို့ ညချမ်းအေးကိုတော့ ဖုတ်လေတဲ့ငပိ ရှိသည်ဟုပင်ထင်မနေ။ အို..ဘာပဲဖြစ်ဖြစ်ရသလောက်တော့ယူရမှာပဲ ။
"မင်းနှယ့် ဒီအသက်အရွယ်ရောက်နေပြီ ။ ငွေလေးနည်းနည်းတောင် မရှိဘူးဆိုတော့ ဘယ်လောက်တောင်အဖြစ်မရှိလိုက်လဲ။ ကဲ .. ပေးပေး ကြာတယ်"
ဖြတ်ခနဲဆွဲလုပြီး ထွက်သွားတာခပ်မြန်မြန်ပင်။
အတော်ကြာ ခြံဝမှာရပ်နေပြီးမှကူးကူးကို လက်ဆွဲကာ ခြံသော့ကိုဖွင့်ဝင်လိုက်သည်။
ကျောင်ဆရာအဖြစ်တာဝန်ယူရသည်မှာ ယခုလ ပထမဦးဆုံးပင်။ သူ့မှာဝင်ငွေမရှိသလို လစဉ်ထောက်ပံ့ကြေးကလည်း ယခုထိတိုင်ပုံမှန်ရောက်လာဆဲပင်။ ထိုငွေကြောင့်သာ လူရိုသေရှင်ရိုသေ
နေထိုင်နိုင်တာဖြစ်ကြောင်း ဒေါ်လေး မသိမည်မဟုတ်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့ ထောက်ပံ့ပေးတဲ့ငွေစားနေရတာကို ပင်သူမှာ လိပ်ပြာမလုံ။ မဖြစ်သေးပေ။ နောက်လကစပြီး ထောက်ပံ့ငွေရပ်စဲဖို့ အရီးကို ပြောရအုံးမည်။
ကျောင်းကပြန်လာပြီးနောက် ခဏတဖြုတ်နားပြီး
ကူးကူးကိုရေချိုးပေးဖြစ်သည်။
မိန်းကလေးမို့ မသင့်တော်တာကြောင့် ရေချိုးချိန်ပြန်လွတ်ပေးသော်ငြား အိမ်မရှိသူနှယ် အကူးမလေးသည် ပြန်ခိုင်း၍ပင်မရပါ။ မိန်းကလေးအဝတ်အစားနှစ်စုံသုံးစုံကအစ သူ့အိမ်မှာရောက်နေတာကြာပြီမို့အလွယ်တကူချိုးပေးဖြစ်၏။
ဟိုဖက်အိမ်နဲ့ ဒီဖက်အိမ် ဘယ်နှစ်လှမ်းမှ မလှမ်းရပဲကို ရနံ့ကူးက မပြန်ချင်တာဖြစ်သည်။
ရေလဲ သနပ်ခါးလိမ်းပြီးချိန်တွင် အကူးတစ်ယောက် အိပ်ငိုက်၍ပင်နေပြီဖြစ်သည်။
အချိန်အားဖြင့် ညနေပင်ရောက်နေပြီမို့ သူ့မှာ အကူးမအိပ်အောင် အကြံထုတ်ရတော့သည်။
" ကူးရေ ဦးဦးတို့ အပြင်သွားကြမလား"
မပွင့်တပွင့်ဖြစ်နေသော မျက်လုံးများကာ ကြည်လင်လာဟန် အကူးခေါင်းမော့လာခဲ့၏။ ကူးကူးက မျက်လုံးကြီးကြီး မျက်တောင်ထူထူရှိသည်။
ပါးဖောင်းကာ ပါးစပ်သေးသေးရှိသည်ကြောင့် ကာတွန်းရုပ်လေးသဖွယ်ချစ်စရာလည်းကောင်း၏။
ထူးဆန်းသည်က စုံသာမြိုင်သည် အသားညိုကာ
မျက်ခုံးထူထူရှိပေသည့် ကလေးမှာတော့ အသားဖြူပြီးပါးလျသော
ကွေးတေးတေး မျက်ခုံးငယ်သာရှိပေသည်။လားလားမှမတူသောသားအဖပင်တည်း။
" သမီး ဘယ်သွားချင်လဲ"
" မမပြည့်ပြည့်ဆီသွားမလား"
"ဟုတ်ပြီ သွားကြတာပေါ့ "
နီညိုရောင် ချည်ဝမ်းဆက်ဖြင့် အကူးက တက်ကြွနေ၏။
ဂုတ် မရောက်တရောက် ဆံနွယ်တွေကို မြှောက်မြှောက်လေးစည်းပေးထားတာမို့ ဖရိုဖရဲမမိတဲ့ ဆံနွယ်တွေက ဂုတ်မှာကျနေသေးသည်။
နှစ်ရောက်သား လမ်းတစ်လျှောက် စကားတပြောပြောဖြင့် ပြည့်ပြည့်၏စက်ဆိုင်ကိုသွားရာ ဆိုင်ရှေ့ရောက်တော့ ကူးကူးတစ်ယောက် ခြေလှမ်းတွေရပ်သွား၏။
ထို့နောက် ဒေါသတကြီး ပြေးဝင်တော့သည်။
ညချမ်းအေးမှာတော့ ကူးကူးဖြုတ်ချသွားတဲ့လက်ကြောင့် ကြောင်တောင်တောင်ဖြစ်ကာ ရပ်ကြည့်နေမိစဉ် ကလေးက ခါးထောက်ကာ လူတစ်ယောက်အားရန်လုပ်နေတာကိုတွေ့လိုက်ရလေသည်မို့ အပြေးအလွှားသွားဆွဲရတော့၏။
"ကဲပါ ... ချစ်ပြည့်ရယ်။ စဉ်းစားနေတာလည်းကြာလှပြီ ကိုကိုမိုးကို အသေများသတ်ချင်နေတော့တာလား ။ ကိုကိုမိုးရဲ့ အရွယ်ကို လည်းငဲ့ကြည့်ပါအုံးကွာ ။ ဒီဝါကျွတ်ထိ
ချစ်ပြည့်မှာ မကယ်ရင် ကိုကိုမိုးမှာ ငှက်ပျောတုံးကို ဖက်ကိုဖက်ရတော့မှာပါဗျ "
"အို...ကိုဘမှောင်ကြီးကလည်း။ လူတွေရှိနေတာကို ရှက်လည်းမရှက်ဘူး"
ချစ်ပြည့်က မျက်နှာခပ်နီနီဖြင့် ပြောပေသည့်
ညိုညင်ဟန်တော့မရှိ။ စက်ဆိုင်မှာ စက်သင်လာတဲ့ကလေးတွေလည်းပြန်ကုန်ပြီဖြစ်သည်။ဘေးနားမှာ သိမ်းဆည်းနေတဲ့ အကူမိန်းကလေးတစ်ယောက်သာ အတူနေအဖော်အဖြစ် ထားတာမို့ ကိုဘမှောင်တစ်ယောက် အရှက်မရှိပြောချင်ရာပြောနေတာဖြစ်သည်။
အမှန်ဆို ချစ်ပြည့် ပြန်အဖြေပေးသင့်နေပြီပင်။
လေးဆယ်ကျော်နေပြီဖြစ်တဲ့ ကိုဘမှောင်အသက်ကို ပြန်တွေးကာ နှစ်ယောက်သာ ခပ်ငိုင်ငိုင်ဖြစ်သွားစဉ်
စွာတာတာ အသံက နှစ်ယောက်ကြားတိုးဝင်လာခဲ့၏။
" ဘဘမိုး။ ဘဘမိုးပြောတော့ မြို့ကိုသွားတာဆို ။
ကူးကူးဆီမလာပဲ ဘာကိစ္စ မမပြည့်ပြည့်ဆီရောက်နေတာလဲ။ ဘယ်မှာတုန်း ကူးကူးမှာလိုက်တဲ့ မုန့်တွေ။ "
ကူးကူးတစ်ယောက် သစ္စာဖောက်ခံရသူနှယ်
မျက်နှာလေးက ပေါက်ဆီလုံးလေးသဖွယ် ဆူပုတ်နေပြီဖြစ်သည်။ ဘဘမိုးက ခရီးမသွားခင်ကတော့
ပြန်ရောက်ရောက်ချင်းကူးကူးကြိုက်တဲ့မုန့်တွေဝယ်ခဲ့မယ်ပြောပြီး ခုတော့မမပြည့်ပြည့်ဆီရောက်နေပြီ။ စက်ချုပ်တဲ့စားပွဲပေါ်မှာပုံထားတဲ့လက်ဆောင်ပစ္စည်းတွေကြောင့် အကူး မကျေနပ်တော့တာအမှန်ပင်။
ဘမှောင်တစ်ယောက်တော့ မြွေခြောက်ကိုက်ခံရပြီဟုတွေးမိကာ ပြာပြာသလဲ အကူးကိုပြေးပွေ့ကာချော့ရတော့သည်။
" အမလေး အချစ်လေးရယ်။ ပါတာပေါ့။ သမီးကြိုက်တဲ့မုန့်တွေရော အရုပ်တွေရော ဘဘမိုးရဲ့ကားထဲမှာ အပြည့်။ ခုက ကြုံလို့ ဘဘမိုးက ပြည့်ပြည့်ဆီအရင်ဝင်လိုက်တာ သိလား။ ဒီအကြောင်းတွေချစ်ထွန်းကို မပြောနဲ့နော်။ တော်ကြာ ကလေးကို အရင်မပေးပဲ မမပြည့်ပြည့်ဆီအရင်ရောက်ရင် ဘဘမိုးအဆူခံနေရမယ်"
အမှန်တော့ ချစ်ထွန်းကို ယောက်ဖမို့အသေကြောက်ရတာဖြစ်သည်။ သူ့အမ ချစ်ပြည့်ကိုဆို ဟိုက နှမထိ ဓားကြည့်။ ဘမှောင် ကလေးကိုချော့နေစဉ် ချစ်ပြည့်ကတော့ ဘေးမှရပ်နေတဲ့ ဆရာလေးကို အားနာစွာ
"ဟိုလေ ... ဆရာလေး အပေါက်ဝကြီးမှာ ရပ်မနေပါနဲ့လား အားမနာပါနဲ့ ၊ ဝင်ခဲ့လို့ရပါတယ်ရှင့် ။ "
အမှန်တော့ ညချမ်းအေးက ချစ်ပြည့်နဲ့ခင်မင်ရင်းနှီးမနေပါ။တစ်ခါတစ်လေ ခြံထဲလာတာ မြင်ဖူးနေတာမျိုးရှိပေမဲ့ ခေါင်းညိတ်နှုတ်ဆက်ရုံလောက်သာမျက်မှန်းတန်းမိတာဖြစ်၏ နှစ်ယောက်သား၏ လျို့ဝှက်ချက်ကို အမှတ်မထင်မြင်မိတော့ ဝင်ရကောင်းမလား မကောင်းဘူးလား သူ့မှာထွေပြားရ၏။
"ရပါတယ်။ ကျွန်တော် ကူးကူးကိုပဲ ခေါ်သွားလိုက်တော့မယ်လေ ။ ပြောစရာရှိတာပြောကြပါ "
အကုန်ရှက်ကိုးရှက်ကန်း ဖြစ်နေကြတဲ့အချိန်မှာ
ကူးကူးကိုဆွဲခေါ်ကာ ပြန်ဖို့ ပြောလိုက်တဲ့အခါ ကလေးကိုချီထားတဲ့ကိုဘမှောင်က မပေးပဲ
" ဒါဆို ကျုပ်လိုက်ပို့ပါ့မယ်။ ကဲ ချစ်ပြည့် ကိုဘမှောင်ပြောတဲ့အကြောင်းကိုစဉ်းစားထားလိုက်အုံး"
ချစ်ပြည့်ရဲ့မျက်နှာမှာ နှင်းဆီရောင်တခင်းခြုံလွမ်းသွားချေရာ ၊ ဘေးကနေကြည့်နေတဲ့ညချမ်းအေးပင်
ရယ်ချင်ပက်ကျိဖြစ်သွားရတော့သည်။
" ကိုစုံအမေ့အိမ်မှာနေတဲ့ ဆရာလေးဆိုတာလားဗျ"
ကိုဘမှောင်ရဲ့ကားမှာ ဂျစ်ကားလေးဖြစ်သည်။
အမိုးပါပေမဲ့ လေဝင်လေထွက်က ခပ်ကောင်းကောင်းမို့ အကာအရံမရှိတဲ့ဘေးပြတင်းကိုငေးကာ ငြိမ်နေတဲ့ညချမ်းအေးတစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ကူးကူးတစ်ယောက်ကတော့နောက်ခုံမှာ
ဝယ်လာတဲ့အထုတ်တွေကိုဖွလျက်။
" ဟုတ်ပါတယ်ဗျ။ "
အမြန်အဆန်ပြန်ဖြေတဲ့ ကိုဘမှောင်ကရယ်လေသည်
" ကျုပ်ကို မလန့်ပါနဲ့ဗျာ။ ကျုပ်က ဆရာလေးကိုစုံရဲ့ တပည့်ဆိုပါတော့။ ချစ်ထွန်းရယ် ၊ ကျုပ်ရယ်က
တစ်ယောက်မဟုတ်တစ်ယောက် ခရီးထွက်နေရတော့
ဆရာလေး အိမ်ရောက်တဲ့အခါမှာ မမြင်ရတာပါ။ ခိုင်းစရာရှိရင်လည်းအားမနာတမ်းခေါ်ခိုင်းဗျာ "
ဆရာလေးကိုစုံဆိုတဲ့စကားကြောင့် ညချမ်းအေးရင်ထဲ ကျေနပ်ခြင်းတွေ ခံစားလိုက်ရတာ ထူးဆန်းစွာပင်။
" ဘယ်က ခိုင်းရမှာလဲဗျာ ။ ခုလို အိမ်မှာကောင်းကောင်းမွန်မွန်နေခိုင်းရုံနဲ့တင် ကျွန်တော်မှာ ကျေးဇူးတင်မဆုံးအားနာမဆုံးပါ ။ ဒါနဲ့လေ ၊ ကိုစုံသာမြိုင် ပြန်မလာသေးဘူးလားဟင် "
" ကိုစုံ လား။ ရောက်ပြီလေ။ ကျွန်တော်နဲ့အတူပြန်ခဲ့တာပဲ။ ဒါပေမဲ့ရွာထဲဝင်ခါစက ဆန်စက်မှာ ဆင်းနေခဲ့တာဆိုတော့ အိမ်မှာပြန်ရောက်မရောက် မသိသေးဘူး ။"
ပြန်ရောက်ပြီဆိုတဲ့စကားကြောင့် ညချမ်းအေး ပြုံးလိုက်မိချေသည်။ ထို့နောက် ညနေ ဘာချက်ကျွေးရမလဲဟုတွေးမိကာ အပြင်းအထန်စဉ်းစားမိလိုက်တာမို့ စကားဝိုင်းက ငြိမ်သက်သွား၏။
ရွာလမ်းတလျှောက် ငါးမိနှစ်ကျော်မျှသာ မောင်းလိုက်ရ၏။
အိမ်ပြန်ရောက်တော့ အနောက်လမ်းကနေ မဝင်ပဲ
စုံသာမြိုင်၏အိမ်ဖက်ကိုသာချိုးလိုက်တာမို့ ကားက စင်ဝင်အောက် အရောက်မှာရပ်သွားသည်။
" အိမ်မှာ မုန့်တွေအများကြီးဝယ်ခဲ့တာရှိတယ်။
ရောက်တုန်းရောက်ခိုက် ဝင်လည်ပြီးမှပြန် "
" အချစ်လေးရေ။ သမီး ဦးဦးကိုခေါ်ခဲ့။ ပစ္စည်းတွေဘဘမိုးယူသွားမယ်"
အနောက်ကအထုတ်အပိုးတွေမချမှီကူးကူးကိုအရင်ဆွေ့ခနဲပွေ့ချလိုက်သည်။ ကိုဘမှောင်စကားကြောင့်မရောက်ဘူးတဲ့အိမ်ကြီးကိုတစ်ချက်မော့ကြည့်ကာ
ကူးကူးလက်ကိုတင်းတင်းဆွဲထားလိုက်၏။
" လာလေဦးဦး။ ဘဘမိုးက ခရီးကပြန်လာတိုင်းကူးကူးအတွက်မုန့်တွေအများကြီးဝယ်လာနေကြ။ ဦးဦးကို သမီးကြိုက်တဲ့ ကိတ်မုန့်ကျွေးမယ်"
"ဟုတ်ပါပြီ"
ကလေးကျေနပ်အောင် ပြုံးရယ်ပြောလိုက်မိပေမဲ့
မျက်လုံးကတော့ ပြန်ရောက်လို့ရောက်ငြားစုံသာမြိုင်ဆိုတဲ့အိမ်ကြီးရှင်ကိုသာ ဝေ့ဝဲရှာနေမိ၏။
သို့ပေမဲ့ အိမ်ကြီး၏ ဧည့်ခန်းတွင် လှပသော အမျိုးသမီးတစ်ယောက်ထိုင်နေသည်ကိုသာ တွေ့လိုက်ရတာမို့ ယောင်ယောင်မှားမှားကူးကူးကိုသာ ငုံ့ကြည့်မိတော့သည်။ သူမြင်သလို ကူးကူးလည်းမြင်သည်ထင်။
"ဘဘမိုး အဲ့အန်တီက ဘယ်သူလဲ" ဟုချက်ခြင်းမေးသည်။
ကိုဘမှောင်က လှမ်းပင်မကြည့်။
ကူးကူးဖက်ကိုငုံ့ကာ ဧည့်သည်ဟု ပြောပြလာသည်။
ညချမ်းအေးရင်ထဲ မချိတော့ပေ။
မိန်းကလေးတစ်ယောက်မြင်လိုက်ရရုံဖြင့် သူအလွယ်တကူခံစားလိုက်ရတာဘာကြောင့်လဲ။
ထိုမိန်းကလေးသည် လှလှပပဝေ့ဝဲနေသော ဆံပင်ဖြောင့်များဖြင့် မိတ်ကပ်ပါးပါးကိုလိမ်းထား၏။
နှုတ်ခမ်းနီအရောင်၏ ရဲဝင့်မူ့သည် ဝတ်ထားသော
အဖြူရောင်ဂါဝန်ဖြင့်ဆန့်ကျင်ဖက်ဖြစ်ပေမဲ့ လှပနေဆဲပင်။
" ကိုစုံရဲ့သမီးလေးဆိုတာလား"
လူသံသူသံကြားတော့ အမျိုးသမီးက ထလာကာ
ကလေးကို ကြည့်ကာ ဆိုလာ၏။ ထရပ်လိုက်မှ ထိုအမျိုးသမီးတွင်တင်းရင်းသော ကိုယ်ခန္ဓာလည်းရှိနေလေသည်။
" ဟုတ်တယ်။ ကူးကူးက ဖေကြီးရဲ့သမီးလေ။ အန်တီက ဘယ်သူလဲဟင် "
ကူးကူးက ထူးဆန်းတဲ့အမျိုးသမီးကို စကားပြောနေပေမဲ့ သူကိုယ်လုံးကတော့ ညချမ်းအေးပေါင်ကိုတင်းတင်းဖက်ကာ ပုန်းကွယ်နေသယောင်ပြုလေသည်။ သူစိမ်းတွေကိုကြောက်ပေမဲ့ စပ်စုနေတာမို့ သူ့ခေါင်းကိုသာအပြင်ထုတ်ပြီး မေးနေတာဖြစ်သည်။
" အန်တီက သမီးတို့အိမ်မှာနေမဲ့သူလေ။ နာမည်က အန်တီစံပယ်ဖြူတဲ့မှတ်ထားနော်"
ညချမ်းအေး အလန့်တကြား ဖြစ်သွားတဲ့အချိန်မှာ
ကိုဘမှောင်က
" ဒီမှာစံပယ်ဖြူ။ ဧည့်သည်က ဧည့်သည်လိုနေပါ ။ မဆိုင်တာတွေမပြောပဲနေရင် အဆင်ပြေဆုံးပါပဲ။
မင်းအိပ်ခန်းကို အပေါ်ထပ်က ညဖက်ထောင့်ဆုံးအခန်းမှာပြင်ပေးထားတယ်။ တက်သွားလိုက်"
ကိုဘမှောင်၏ စကား ကြောင့် စံပယ်ဖြူပုခုံးတွန့်ပြလိုက်သည်။ ခပ်မဲ့မဲ့ပြုံးရင်း ဘေးမှာ ချထားတဲ့
ပိုက်ဆံအိတ်ကို လွယ်ကာ
" ကိုကို လာရင် ပြောလိုက်။ ကျွန်မ ည ကျရင်သူနဲ့စကားပြောစရာရှိတယ်ဆိုတဲ့အကြောင်းကို "
" တောက်!!! "
ကိုဘမှောင် ခပ်ကြိတ်ကြိတ်တောက်ခေါက်ပစ်လိုက် ပေမဲ့ ညချမ်းအေးကို သတိရသွားကာ
"ဘာမှမဖြစ်ဘူးအလကားမိန်းမ။ သမီးလာ ဘဘမိုးပြောမယ်။ အဲ့မိန်းမခေါ်ရင် သွားစကားမပြောနဲ့ ။ ဆရာလေးကိုလည်း တကယ်အားနာပါတယ်။ အဲ့မိန်းမက ကိုစုံနဲ့ပြဿနာနည်းနည်းရှိလို့ ဒီကိုရောက်လာတာ ။ ဒီရက်အတွင်းသူ့ဖက်က ဘာပြောပြောမသိချင်ယောင်နေပေးဖို့ပဲတောင်းဆိုရတော့မှာပဲ"
ခေါင်းညိတ်ပြလိုက်ပေမဲ့ ရင်ထဲ မချိနေတော့ပေ။။
ဆိုးဝါးလာတဲ့ခံစားချက်က ငိုချင်တာလိုလို ရယ်ချင်တာလိုလို။ သူဘာဖြစ်နေမှန်းသူကိုယ်သူ မသိခင်မှာပဲ
ကားသံသဲ့သဲ့ကိုကြားလိုက်ရကာ ကူးကူး ပြေးထွက်သွားတာလည်းတွေ့လိုက်ရ၏။
" ကိုစုံပြန်လာပြီထင်တယ် ။ ဆရာလေး အအေးလေးသုံးဆောင်ပါအုံး။ မုန့်တွေလည်း စားနော်။ ကျုပ်ပစ္စည်းတွေသွားချပေးလိုက်အုံးမယ်"
မြိုမကျတော့တဲ့ မုန့်တွေကိုကြည့်ပင် မကြည့်ချင်တော့ပါ။ ဘေးမလွယ်ပေါက်ကနောက်ဖေးဆင်းတဲ့လှေကားငယ်ရှိသည်ကိုတွေ့ရတော့ အိမ်ရှေ့မှာချွတ်ထားတဲ့ဖိနပ်ကိုပင်စီးမနေတော့ပဲ နောက်ဖေးလှေခါးကနေ ဆင်းကာ အိမ်ဖက်ကိုကူးသွားလိုက်တော့သည်။
ကူးကူးကိုပွေ့ချီကာ စုံသာမြိုင်အိမ်ထဲဝင်ခဲ့တဲ့အချိန်မှာ တံခါးပေါက်မှာချွတ်ထားတဲ့ကတ္တီပါဖိနပ်တစ်ရံကလွဲ၍ အိမ်ထဲတွင်မည်သူမှရှိမနေပေ။
ရေခိုးရေငွေ့ဝေသီနေသော အအေးခွက်အား
ငုံ့ကြည့်ရင်း ထူထဲသော သူ့မျက်ခုံးတွေသည်ဆတ်ခနဲ ကုတ်ချိုးသွား၏။
အေးစက်သောအကြည့်တွေသည် ပွင့်ဟနေသော အနောက်လှေကားကနေတဆင့် တစ်ဖက်အိမ်က ရေနံဂျီးသုတ်ထားတဲ့သော ပြတင်းတံခါး ဆီသို့တန်းမတ်စွာကျရောက်နေသည်။
ေက်ာင္းကေန ႏွစ္ေယာက္သား လက္ဆြဲျပန္ခဲ့စဉ္
အိမ္ေရ႔ွတံခါးမွ ရပ္ေစာင့္ေနတဲ့ အမ်ိဳးသမီးႀကီးတစ္ေယာက္ေၾကာင့္ ေျခလွမ္းေတြက ရပ္တန႔္သြားလုလု။
တင္းၾကပ္စြာဆုပ္ကိုင္လိုက္မိတဲ့ လက္ဖဝါးေတြေၾကာင့္ ကေလးေသးေသးေလး ကူးကူးက ေမာ့ၾကၫ့္လာ၏။
"ဦးဦး အဲ့ဘြားဘြားက ဘယ္သူလဲ"
ကေလးသံေလးၾကား၍ထင္ ခပ္မိႈင္မိႈင္ရပ္ေနတဲ့ အမ်ိဳးသမီးႀကီးက ခ်ာခနဲလွၫ့္ၾကၫ့္လာ၏။
အရင္ႏွင့္မတူစြာႏြမ္းဖတ္ေနတဲ့ ပံုစံေၾကာင့္အဆင္ေျပမည္ဟု မထင္ရေပ။ ဦးေလးလည္းဆံုးသြားေရာ ရိွသမ်ွထုခြဲေရာင္းခ်စားေသာက္သည္ဟုလည္းၾကားရသည္။ မေခၚမေျပာဆက္ဆံေရးမဟုတ္ေပမဲ့ ကိုယ့္လမ္းကို ေလ်ွာက္ၾကတဲ့အခါ လမ္းေတြ့ရင္ေတာင္ မႏႈတ္ဆက္ခ်င္တာမွန္ေသာစကား။
" ငါနင့္ကိုေစာင့္ေနတာ ညခ်မ္းေအး "
အရင္အတိုင္းစကားေတြက မာန္ပါတုန္းပင္။ ရိွခဲ့ဖူးတဲ့ေက်းဇူးေၾကာင့္ ညခ်မ္းေအး
က ေတာ့ ညင္သာစြာျပန္ေျဖလိုက္သည္
"ဟုတ္ကဲ့ေဒၚေလး ဘာေျပာစရာရိွလို႔လဲ"
" ေျပာစရာမဟုတ္ဘူး။ ေတာင္းစရာရိွလို႔။ အေႂကြးရွင္ေတြကလည္း ေန့ေတာင္းညေတာင္းနဲ႔ ဒီမယ္မွ စားဖို႔ေတာင္အႏိုင္ႏိုင္ပါဆိုေနမွ။ နင့္မွာရိွရင္ ငါ့ကို ေငြနည္းနည္းလွၫ့္စမ္းပါ"
ပထမဦး စကားမွာ ေနေကာင္းလား ၊အဆင္ေျပသည္လားမဟုတ္။ ေငြလို၍လာသည္တဲ့လား။
စိတ္မေကာင္းျဖစ္သြားေပမဲ့ ေငြထုတ္ေပးလိုက္ေလသည္။
"ကြၽန္ေတာ္မွာစုေဆာင္းထားတာမရိွဘူး။ လတ္တေလာ ဒီေလာက္ပဲရိွတယ္"
ထုတ္ ေပးလိုက္တဲ့ေငြအနည္းငယ္ကို ၾကၫ့္ကာ ေဒၚခင္စိန္ႏွာေခါင္းရႈံ႔သြား၏။ အားကိုးၿပီးလာခါမွ
ရလိုက္တဲ့ေငြက တစ္ပဲေျခာက္ျပား။ ငယ္ငယ္ကတည္းက ေကြၽးေမြးလာရသည္မို႔ ညခ်မ္းေအးကိုေတာ့ ဖုတ္ေလတဲ့ငပိ ရိွသည္ဟုပင္ထင္မေန။ အို..ဘာပဲျဖစ္ျဖစ္ရသေလာက္ေတာ့ယူရမွာပဲ ။
"မင္းႏွယ့္ ဒီအသက္အရြယ္ေရာက္ေနၿပီ ။ ေငြေလးနည္းနည္းေတာင္ မရိွဘူးဆိုေတာ့ ဘယ္ေလာက္ေတာင္အျဖစ္မရိွလိုက္လဲ။ ကဲ .. ေပးေပး ၾကာတယ္"
ျဖတ္ခနဲဆြဲလုၿပီး ထြက္သြားတာခပ္ျမန္ျမန္ပင္။
အေတာ္ၾကာ ၿခံဝမွာရပ္ေနၿပီးမွကူးကူးကို လက္ဆြဲကာ ၿခံေသာ့ကိုဖြင့္ဝင္လိုက္သည္။
ေက်ာင္ဆရာအျဖစ္တာဝန္ယူရသည္မွာ ယခုလ ပထမဦးဆံုးပင္။ သူ႔မွာဝင္ေငြမရိွသလို လစဉ္ေထာက္ပံ့ေၾကးကလည္း ယခုထိတိုင္ပံုမွန္ေရာက္လာဆဲပင္။ ထိုေငြေၾကာင့္သာ လူရိုေသရွင္ရိုေသ
ေနထိုင္ႏိုင္တာျဖစ္ေၾကာင္း ေဒၚေလး မသိမည္မဟုတ္။ အရြယ္ေရာက္ၿပီးသားလူတစ္ေယာက္အေနနဲ႔ ေထာက္ပံ့ေပးတဲ့ေငြစားေနရတာကို ပင္သူမွာ လိပ္ျပာမလံု။ မျဖစ္ေသးေပ။ ေနာက္လကစၿပီး ေထာက္ပံ့ေငြရပ္စဲဖို႔ အရီးကို ေျပာရအံုးမည္။
ေက်ာင္းကျပန္လာၿပီးေနာက္ ခဏတျဖဳတ္နားၿပီး
ကူးကူးကိုေရခ်ိဳးေပးျဖစ္သည္။
မိန္းကေလးမို႔ မသင့္ေတာ္တာေၾကာင့္ ေရခ်ိဳးခ်ိန္ျပန္လြတ္ေပးေသာ္ျငား အိမ္မရိွသူႏွယ္ အကူးမေလးသည္ ျပန္ခိုင္း၍ပင္မရပါ။ မိန္းကေလးအဝတ္အစားႏွစ္စံုသံုးစံုကအစ သူ႔အိမ္မွာေရာက္ေနတာၾကာၿပီမို႔အလြယ္တကူခ်ိဳးေပးျဖစ္၏။
ဟိုဖက္အိမ္နဲ႔ ဒီဖက္အိမ္ ဘယ္ႏွစ္လွမ္းမွ မလွမ္းရပဲကို ရနံ႔ကူးက မျပန္ခ်င္တာျဖစ္သည္။
ေရလဲ သနပ္ခါးလိမ္းၿပီးခ်ိန္တြင္ အကူးတစ္ေယာက္ အိပ္ငိုက္၍ပင္ေနၿပီျဖစ္သည္။
အခ်ိန္အားျဖင့္ ညေနပင္ေရာက္ေနၿပီမို႔ သူ႔မွာ အကူးမအိပ္ေအာင္ အႀကံထုတ္ရေတာ့သည္။
" ကူးေရ ဦးဦးတို႔ အျပင္သြားၾကမလား"
မပြင့္တပြင့္ျဖစ္ေနေသာ မ်က္လံုးမ်ားကာ ၾကည္လင္လာဟန္ အကူးေခါင္းေမာ့လာခဲ့၏။ ကူးကူးက မ်က္လံုးႀကီးႀကီး မ်က္ေတာင္ထူထူရိွသည္။
ပါးေဖာင္းကာ ပါးစပ္ေသးေသးရိွသည္ေၾကာင့္ ကာတြန္းရုပ္ေလးသဖြယ္ခ်စ္စရာလည္းေကာင္း၏။
ထူးဆန္းသည္က စံုသာၿမိဳင္သည္ အသားညိုကာ
မ်က္ခံုးထူထူရိွေပသၫ့္ ကေလးမွာေတာ့ အသားျဖဴျပီးပါးလ်ေသာ
ေကြးေတးေတး မ်က္ခံုးငယ္သာရိွေပသည္။လားလားမွမတူေသာသားအဖပင္တည္း။
" သမီး ဘယ္သြားခ်င္လဲ"
" မမျပၫ့္ျပၫ့္ဆီသြားမလား"
"ဟုတ္ၿပီ သြားၾကတာေပါ့ "
နီညိုေရာင္ ခ်ည္ဝမ္းဆက္ျဖင့္ အကူးက တက္ႂကြေန၏။
ဂုတ္ မေရာက္တေရာက္ ဆံႏြယ္ေတြကို ေျမႇာက္ေျမႇာက္ေလးစည္းေပးထားတာမို႔ ဖရိုဖရဲမမိတဲ့ ဆံႏြယ္ေတြက ဂုတ္မွာက်ေနေသးသည္။
ႏွစ္ေရာက္သား လမ္းတစ္ေလ်ွာက္ စကားတေျပာေျပာျဖင့္ ျပၫ့္ျပၫ့္၏စက္ဆိုင္ကိုသြားရာ ဆိုင္ေရ႔ွေရာက္ေတာ့ ကူးကူးတစ္ေယာက္ ေျခလွမ္းေတြရပ္သြား၏။
ထို႔ေနာက္ ေဒါသတႀကီး ေျပးဝင္ေတာ့သည္။
ညခ်မ္းေအးမွာေတာ့ ကူးကူးျဖဳတ္ခ်သြားတဲ့လက္ေၾကာင့္ ေၾကာင္ေတာင္ေတာင္ျဖစ္ကာ ရပ္ၾကၫ့္ေနမိစဉ္ ကေလးက ခါးေထာက္ကာ လူတစ္ေယာက္အားရန္လုပ္ေနတာကိုေတြ့လိုက္ရေလသည္မို႔ အေျပးအလႊားသြားဆြဲရေတာ့၏။
"ကဲပါ ... ခ်စ္ျပၫ့္ရယ္။ စဉ္းစားေနတာလည္းၾကာလွၿပီ ကိုကိုမိုးကို အေသမ်ားသတ္ခ်င္ေနေတာ့တာလား ။ ကိုကိုမိုးရဲ့ အရြယ္ကို လည္းငဲ့ၾကၫ့္ပါအံုးကြာ ။ ဒီဝါကြၽတ္ထိ
ခ်စ္ျပၫ့္မွာ မကယ္ရင္ ကိုကိုမိုးမွာ ငွက္ေပ်ာတံုးကို ဖက္ကိုဖက္ရေတာ့မွာပါဗ် "
"အို...ကိုဘေမွာင္ႀကီးကလည္း။ လူေတြရိွေနတာကို ရွက္လည္းမရွက္ဘူး"
ခ်စ္ျပၫ့္က မ်က္ႏွာခပ္နီနီျဖင့္ ေျပာေပသၫ့္
ညိုညင္ဟန္ေတာ့မရိွ။ စက္ဆိုင္မွာ စက္သင္လာတဲ့ကေလးေတြလည္းျပန္ကုန္ၿပီျဖစ္သည္။ေဘးနားမွာ သိမ္းဆည္းေနတဲ့ အကူမိန္းကေလးတစ္ေယာက္သာ အတူေနအေဖာ္အျဖစ္ ထားတာမို႔ ကိုဘေမွာင္တစ္ေယာက္ အရွက္မရိွေျပာခ်င္ရာေျပာေနတာျဖစ္သည္။
အမွန္ဆို ခ်စ္ျပၫ့္ ျပန္အေျဖေပးသင့္ေနၿပီပင္။
ေလးဆယ္ေက်ာ္ေနၿပီျဖစ္တဲ့ ကိုဘေမွာင္အသက္ကို ျပန္ေတြးကာ ႏွစ္ေယာက္သာ ခပ္ငိုင္ငိုင္ျဖစ္သြားစဉ္
စြာတာတာ အသံက ႏွစ္ေယာက္ၾကားတိုးဝင္လာခဲ့၏။
" ဘဘမိုး။ ဘဘမိုးေျပာေတာ့ ၿမိဳ႔ကိုသြားတာဆို ။
ကူးကူးဆီမလာပဲ ဘာကိစၥ မမျပၫ့္ျပၫ့္ဆီေရာက္ေနတာလဲ။ ဘယ္မွာတုန္း ကူးကူးမွာလိုက္တဲ့ မုန႔္ေတြ။ "
ကူးကူးတစ္ေယာက္ သစၥာေဖာက္ခံရသူႏွယ္
မ်က္ႏွာေလးက ေပါက္ဆီလံုးေလးသဖြယ္ ဆူပုတ္ေနၿပီျဖစ္သည္။ ဘဘမိုးက ခရီးမသြားခင္ကေတာ့
ျပန္ေရာက္ေရာက္ခ်င္းကူးကူးႀကိဳက္တဲ့မုန႔္ေတြဝယ္ခဲ့မယ္ေျပာၿပီး ခုေတာ့မမျပၫ့္ျပၫ့္ဆီေရာက္ေနၿပီ။ စက္ခ်ဳပ္တဲ့စားပြဲေပၚမွာပံုထားတဲ့လက္ေဆာင္ပစၥည္းေတြေၾကာင့္ အကူး မေက်နပ္ေတာ့တာအမွန္ပင္။
ဘေမွာင္တစ္ေယာက္ေတာ့ ေႁမျြခောက္ကိုက္ခံရၿပီဟုေတြးမိကာ ျပာျပာသလဲ အကူးကိုေျပးေပြ့ကာေခ်ာ့ရေတာ့သည္။
" အမေလး အခ်စ္ေလးရယ္။ ပါတာေပါ့။ သမီးႀကိဳက္တဲ့မုန႔္ေတြေရာ အရုပ္ေတြေရာ ဘဘမိုးရဲ့ကားထဲမွာ အျပၫ့္။ ခုက ႀကံဳလို႔ ဘဘမိုးက ျပၫ့္ျပၫ့္ဆီအရင္ဝင္လိုက္တာ သိလား။ ဒီအေၾကာင္းေတြခ်စ္ထြန္းကို မေျပာနဲ႔ေနာ္။ ေတာ္ၾကာ ကေလးကို အရင္မေပးပဲ မမျပၫ့္ျပၫ့္ဆီအရင္ေရာက္ရင္ ဘဘမိုးအဆူခံေနရမယ္"
အမွန္ေတာ့ ခ်စ္ထြန္းကို ေယာက္ဖမို႔အေသေၾကာက္ရတာျဖစ္သည္။ သူ႔အမ ခ်စ္ျပၫ့္ကိုဆို ဟိုက ႏွမထိ ဓားၾကၫ့္။ ဘေမွာင္ ကေလးကိုေခ်ာ့ေနစဉ္ ခ်စ္ျပၫ့္ကေတာ့ ေဘးမွရပ္ေနတဲ့ ဆရာေလးကို အားနာစြာ
"ဟိုေလ ... ဆရာေလး အေပါက္ဝႀကီးမွာ ရပ္မေနပါနဲ႔လား အားမနာပါနဲ႔ ၊ ဝင္ခဲ့လို႔ရပါတယ္ရွင့္ ။ "
အမွန္ေတာ့ ညခ်မ္းေအးက ခ်စ္ျပၫ့္နဲ႔ခင္မင္ရင္းႏွီးမေနပါ။တစ္ခါတစ္ေလ ၿခံထဲလာတာ ျမင္ဖူးေနတာမ်ိဳးရိွေပမဲ့ ေခါင္းညိတ္ႏႈတ္ဆက္ရံုေလာက္သာမ်က္မွန္းတန္းမိတာျဖစ္၏ ႏွစ္ေယာက္သား၏ လ်ိဳ႕ဝွက္ခ်က္ကို အမွတ္မထင္ျမင္မိေတာ့ ဝင္ရေကာင္းမလား မေကာင္းဘူးလား သူ႔မွာေထြျပားရ၏။
"ရပါတယ္။ ကြၽန္ေတာ္ ကူးကူးကိုပဲ ေခၚသြားလိုက္ေတာ့မယ္ေလ ။ ေျပာစရာရိွတာေျပာၾကပါ "
အကုန္ရွက္ကိုးရွက္ကန္း ျဖစ္ေနၾကတဲ့အခ်ိန္မွာ
ကူးကူးကိုဆြဲေခၚကာ ျပန္ဖို႔ ေျပာလိုက္တဲ့အခါ ကေလးကိုခ်ီထားတဲ့ကိုဘေမွာင္က မေပးပဲ
" ဒါဆို က်ဳပ္လိုက္ပို႔ပါ့မယ္။ ကဲ ခ်စ္ျပၫ့္ ကိုဘေမွာင္ေျပာတဲ့အေၾကာင္းကိုစဉ္းစားထားလိုက္အံုး"
ခ်စ္ျပၫ့္ရဲ့မ်က္ႏွာမွာ ႏွင္းဆီေရာင္တခင္းၿခံဳလြမ္းသြားေခ်ရာ ၊ ေဘးကေနၾကၫ့္ေနတဲ့ညခ်မ္းေအးပင္
ရယ္ခ်င္ပက္က်ိျဖစ္သြားရေတာ့သည္။
" ကိုစံုအေမ့အိမ္မွာေနတဲ့ ဆရာေလးဆိုတာလားဗ်"
ကိုဘေမွာင္ရဲ့ကားမွာ ဂ်စ္ကားေလးျဖစ္သည္။
အမိုးပါေပမဲ့ ေလဝင္ေလထြက္က ခပ္ေကာင္းေကာင္းမို႔ အကာအရံမရိွတဲ့ေဘးျပတင္းကိုေငးကာ ၿငိမ္ေနတဲ့ညခ်မ္းေအးတစ္ေယာက္ လႈပ္လႈပ္ရွားရွားျဖစ္သြားေလသည္။ကူးကူးတစ္ေယာက္ကေတာ့ေနာက္ခံုမွာ
ဝယ္လာတဲ့အထုတ္ေတြကိုဖြလ်က္။
" ဟုတ္ပါတယ္ဗ်။ "
အျမန္အဆန္ျပန္ေျဖတဲ့ ကိုဘေမွာင္ကရယ္ေလသည္
" က်ဳပ္ကို မလန႔္ပါနဲ႔ဗ်ာ။ က်ဳပ္က ဆရာေလးကိုစံုရဲ့ တပၫ့္ဆိုပါေတာ့။ ခ်စ္ထြန္းရယ္ ၊ က်ဳပ္ရယ္က
တစ္ေယာက္မဟုတ္တစ္ေယာက္ ခရီးထြက္ေနရေတာ့
ဆရာေလး အိမ္ေရာက္တဲ့အခါမွာ မျမင္ရတာပါ။ ခိုင္းစရာရိွရင္လည္းအားမနာတမ္းေခၚခိုင္းဗ်ာ "
ဆရာေလးကိုစံုဆိုတဲ့စကားေၾကာင့္ ညခ်မ္းေအးရင္ထဲ ေက်နပ္ျခင္းေတြ ခံစားလိုက္ရတာ ထူးဆန္းစြာပင္။
" ဘယ္က ခိုင္းရမွာလဲဗ်ာ ။ ခုလို အိမ္မွာေကာင္းေကာင္းမြန္မြန္ေနခိုင္းရံုနဲ႔တင္ ကြၽန္ေတာ္မွာ ေက်းဇူးတင္မဆံုးအားနာမဆံုးပါ ။ ဒါနဲ႔ေလ ၊ ကိုစံုသာၿမိဳင္ ျပန္မလာေသးဘူးလားဟင္ "
" ကိုစံု လား။ ေရာက္ၿပီေလ။ ကြၽန္ေတာ္နဲ႔အတူျပန္ခဲ့တာပဲ။ ဒါေပမဲ့ရြာထဲဝင္ခါစက ဆန္စက္မွာ ဆင္းေနခဲ့တာဆိုေတာ့ အိမ္မွာျပန္ေရာက္မေရာက္ မသိေသးဘူး ။"
ျပန္ေရာက္ၿပီဆိုတဲ့စကားေၾကာင့္ ညခ်မ္းေအး ၿပံဳးလိုက္မိေခ်သည္။ ထို႔ေနာက္ ညေန ဘာခ်က္ေကြၽးရမလဲဟုေတြးမိကာ အျပင္းအထန္စဉ္းစားမိလိုက္တာမို႔ စကားဝိုင္းက ၿငိမ္သက္သြား၏။
ရြာလမ္းတေလ်ွာက္ ငါးမိႏွစ္ေက်ာ္မ်ွသာ ေမာင္းလိုက္ရ၏။
အိမ္ျပန္ေရာက္ေတာ့ အေနာက္လမ္းကေန မဝင္ပဲ
စံုသာၿမိဳင္၏အိမ္ဖက္ကိုသာခ်ိဳးလိုက္တာမို႔ ကားက စင္ဝင္ေအာက္ အေရာက္မွာရပ္သြားသည္။
" အိမ္မွာ မုန႔္ေတြအမ်ားႀကီးဝယ္ခဲ့တာရိွတယ္။
ေရာက္တုန္းေရာက္ခိုက္ ဝင္လည္ၿပီးမျွပန္ "
" အခ်စ္ေလးေရ။ သမီး ဦးဦးကိုေခၚခဲ့။ ပစၥည္းေတြဘဘမိုးယူသြားမယ္"
အေနာက္ကအထုတ္အပိုးေတြမခ်မွီကူးကူးကိုအရင္ေဆြ့ခနဲေပြ့ခ်လိုက္သည္။ ကိုဘေမွာင္စကားေၾကာင့္မေရာက္ဘူးတဲ့အိမ္ႀကီးကိုတစ္ခ်က္ေမာ့ၾကၫ့္ကာ
ကူးကူးလက္ကိုတင္းတင္းဆြဲထားလိုက္၏။
" လာေလဦးဦး။ ဘဘမိုးက ခရီးကျပန္လာတိုင္းကူးကူးအတြက္မုန႔္ေတြအမ်ားႀကီးဝယ္လာေနၾက။ ဦးဦးကို သမီးႀကိဳက္တဲ့ ကိတ္မုန႔္ေကြၽးမယ္"
"ဟုတ္ပါၿပီ"
ကေလးေက်နပ္ေအာင္ ၿပံဳးရယ္ေျပာလိုက္မိေပမဲ့
မ်က္လံုးကေတာ့ ျပန္ေရာက္လို႔ေရာက္ျငားစံုသာၿမိဳင္ဆိုတဲ့အိမ္ႀကီးရွင္ကိုသာ ေဝ့ဝဲရွာေနမိ၏။
သို႔ေပမဲ့ အိမ္ႀကီး၏ ဧၫ့္ခန္းတြင္ လွပေသာ အမ်ိဳးသမီးတစ္ေယာက္ထိုင္ေနသည္ကိုသာ ေတြ့လိုက္ရတာမို႔ ေယာင္ေယာင္မွားမွားကူးကူးကိုသာ ငံု႔ၾကၫ့္မိေတာ့သည္။ သူျမင္သလို ကူးကူးလည္းျမင္သည္ထင္။
"ဘဘမိုး အဲ့အန္တီက ဘယ္သူလဲ" ဟုခ်က္ျခင္းေမးသည္။
ကိုဘေမွာင္က လွမ္းပင္မၾကၫ့္။
ကူးကူးဖက္ကိုငံု႔ကာ ဧၫ့္သည္ဟု ေျပာျပလာသည္။
ညခ်မ္းေအးရင္ထဲ မခ်ိေတာ့ေပ။
မိန္းကေလးတစ္ေယာက္ျမင္လိုက္ရရံုျဖင့္ သူအလြယ္တကူခံစားလိုက္ရတာဘာေၾကာင့္လဲ။
ထိုမိန္းကေလးသည္ လွလွပပေဝ့ဝဲေနေသာ ဆံပင္ေျဖာင့္မ်ားျဖင့္ မိတ္ကပ္ပါးပါးကိုလိမ္းထား၏။
ႏႈတ္ခမ္းနီအေရာင္၏ ရဲဝင့္မူ႔သည္ ဝတ္ထားေသာ
အျဖဴေရာင္ဂါဝန္ျဖင့္ဆန႔္က်င္ဖက္ျဖစ္ေပမဲ့ လွပေနဆဲပင္။
" ကိုစံုရဲ့သမီးေလးဆိုတာလား"
လူသံသူသံၾကားေတာ့ အမ်ိဳးသမီးက ထလာကာ
ကေလးကို ၾကၫ့္ကာ ဆိုလာ၏။ ထရပ္လိုက္မွ ထိုအမ်ိဳးသမီးတြင္တင္းရင္းေသာ ကိုယ္ခႏၶာလည္းရိွေနေလသည္။
" ဟုတ္တယ္။ ကူးကူးက ေဖႀကီးရဲ့သမီးေလ။ အန္တီက ဘယ္သူလဲဟင္ "
ကူးကူးက ထူးဆန္းတဲ့အမ်ိဳးသမီးကို စကားေျပာေနေပမဲ့ သူကိုယ္လံုးကေတာ့ ညခ်မ္းေအးေပါင္ကိုတင္းတင္းဖက္ကာ ပုန္းကြယ္ေနသေယာင္ျပဳေလသည္။ သူစိမ္းေတြကိုေၾကာက္ေပမဲ့ စပ္စုေနတာမို႔ သူ႔ေခါင္းကိုသာအျပင္ထုတ္ၿပီး ေမးေနတာျဖစ္သည္။
" အန္တီက သမီးတို႔အိမ္မွာေနမဲ့သူေလ။ နာမည္က အန္တီစံပယ္ျဖဴတဲ့မွတ္ထားေနာ္"
ညခ်မ္းေအး အလန႔္တၾကား ျဖစ္သြားတဲ့အခ်ိန္မွာ
ကိုဘေမွာင္က
" ဒီမွာစံပယ္ျဖဴ။ ဧၫ့္သည္က ဧၫ့္သည္လိုေနပါ ။ မဆိုင္တာေတြမေျပာပဲေနရင္ အဆင္ေျပဆံုးပါပဲ။
မင္းအိပ္ခန္းကို အေပၚထပ္က ညဖက္ေထာင့္ဆံုးအခန္းမွာျပင္ေပးထားတယ္။ တက္သြားလိုက္"
ကိုဘေမွာင္၏ စကား ေၾကာင့္ စံပယ္ျဖဴပုခံုးတြန႔္ျပလိုက္သည္။ ခပ္မဲ့မဲ့ၿပံဳးရင္း ေဘးမွာ ခ်ထားတဲ့
ပိုက္ဆံအိတ္ကို လြယ္ကာ
" ကိုကို လာရင္ ေျပာလိုက္။ ကြၽန္မ ည က်ရင္သူနဲ႔စကားေျပာစရာရိွတယ္ဆိုတဲ့အေၾကာင္းကို "
" ေတာက္!!! "
ကိုဘေမွာင္ ခပ္ႀကိတ္ႀကိတ္ေတာက္ေခါက္ပစ္လိုက္ ေပမဲ့ ညခ်မ္းေအးကို သတိရသြားကာ
"ဘာမွမျဖစ္ဘူးအလကားမိန္းမ။ သမီးလာ ဘဘမိုးေျပာမယ္။ အဲ့မိန္းမေခၚရင္ သြားစကားမေျပာနဲ႔ ။ ဆရာေလးကိုလည္း တကယ္အားနာပါတယ္။ အဲ့မိန္းမက ကိုစံုနဲ႔ျပႆနာနည္းနည္းရိွလို႔ ဒီကိုေရာက္လာတာ ။ ဒီရက္အတြင္းသူ႔ဖက္က ဘာေျပာေျပာမသိခ်င္ေယာင္ေနေပးဖို႔ပဲေတာင္းဆိုရေတာ့မွာပဲ"
ေခါင္းညိတ္ျပလိုက္ေပမဲ့ ရင္ထဲ မခ်ိေနေတာ့ေပ။။
ဆိုးဝါးလာတဲ့ခံစားခ်က္က ငိုခ်င္တာလိုလို ရယ္ခ်င္တာလိုလို။ သူဘာျဖစ္ေနမွန္းသူကိုယ္သူ မသိခင္မွာပဲ
ကားသံသဲ့သဲ့ကိုၾကားလိုက္ရကာ ကူးကူး ေျပးထြက္သြားတာလည္းေတြ့လိုက္ရ၏။
" ကိုစံုျပန္လာၿပီထင္တယ္ ။ ဆရာေလး အေအးေလးသံုးေဆာင္ပါအံုး။ မုန႔္ေတြလည္း စားေနာ္။ က်ဳပ္ပစၥည္းေတြသြားခ်ေပးလိုက္အံုးမယ္"
ၿမိဳမက်ေတာ့တဲ့ မုန႔္ေတြကိုၾကၫ့္ပင္ မၾကၫ့္ခ်င္ေတာ့ပါ။ ေဘးမလြယ္ေပါက္ကေနာက္ေဖးဆင္းတဲ့ေလွကားငယ္ရိွသည္ကိုေတြ့ရေတာ့ အိမ္ေရ႔ွမွာခြၽတ္ထားတဲ့ဖိနပ္ကိုပင္စီးမေနေတာ့ပဲ ေနာက္ေဖးေလွခါးကေန ဆင္းကာ အိမ္ဖက္ကိုကူးသြားလိုက္ေတာ့သည္။
ကူးကူးကိုေပြ့ခ်ီကာ စံုသာၿမိဳင္အိမ္ထဲဝင္ခဲ့တဲ့အခ်ိန္မွာ တံခါးေပါက္မွာခြၽတ္ထားတဲ့ကတၲီပါဖိနပ္တစ္ရံကလြဲ၍ အိမ္ထဲတြင္မည္သူမွရိွမေနေပ။
ေရခိုးေရေငြ့ေဝသီေနေသာ အေအးခြက္အား
ငံု႔ၾကၫ့္ရင္း ထူထဲေသာ သူ႔မ်က္ခံုးေတြသည္ဆတ္ခနဲ ကုတ္ခ်ိဳးသြား၏။
ေအးစက္ေသာအၾကၫ့္ေတြသည္ ပြင့္ဟေနေသာ အေနာက္ေလွကားကေနတဆင့္ တစ္ဖက္အိမ္က ေရနံဂ်ီးသုတ္ထားတဲ့ေသာ ျပတင္းတံခါး ဆီသို႔တန္းမတ္စြာက်ေရာက္ေနသည္။
Bạn đang đọc truyện trên: ZingTruyen.Xyz