ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
14
အိပ်ယာကနိုးသည်နှင့် မျက်နှာသစ်ကာမနက်စာ ထမင်းထချက်ဖြစ်သည် ။
ရေချိုးပြီး ဘုရားရှစ်ခိုး၊ဆွမ်း ရေချမ်းကပ်သည်မှာနေ့စဉ်မပြတ်တမ်းကျင့်သုံးခဲ့သော အလေ့အထတစ်ခုနှယ်။ ညဆိုစောစောအိပ် ၊မနက်ဆိုစောစောထသည်မှာ ဆယ်စုနှစ်တစ်ခုစာမျှရှိခဲ့ပြီဖြစ်သည်။
ရေချိုးပြီးစ ကြည်လင်သန့်ရှင်းတဲ့အချိန်ဆို စိတ်နှစ်လက်နှစ် မေတ္တာသုတ်ရွတ် ၊ ဘုရားရှစ်ခိုးတက်တာကြောင့် ရေချမ်းအေးသည် အမြဲအေးချမ်းသော မျက်နှာထားရှိလေသည်။
အေးမြသော အရှိန်အဝါ ရစ်သိုင်းနေသည့်နှယ်
သူ့၏စိတ်၊သူ၏ခန္ဓာသည် မြင်သူတိုင်း ချစ်ခင်ပါစေ၊မြင်သူတိုင်း စိတ်ကြည်လင်ပါစေဟုသည့်ဆုတောင်းပြည့်ခဲ့သည်။
ဘုရားခန်းက နေထလာပြီးနောက်သူ့အလုပ်မှာ ဟင်းချက်ရန်ကျန်နေသေးခြင်းပင်။
မနေ့ညနေက လာရောင်းသည့် ဝက်သားကို ပြုတ်ထားသည်မို့ အတုံးသေးသေးလေးများလှီးကာ သေချာကြော်လှော်လိုက်သည်။
ခြံထဲက ဘူးပင်က ဘူးငေါက် ကို ဟင်းရည် သောက် လုပ်လိုက်သည်မို့ ဖွယ်ဖွယ်ရာရာမရှိပေမဲ့ စားလို့ဖြစ်၏။ ထို့အပြင် မကြာမကြာလာစားတက်သော
သူဌေးမင်းကြောင့် သူကြိုက်တက်သော ငပိထောင်းမှာလည်းမပါမဖြစ်။
" ဦးဦးရေ .. ကူးကူးတို့ ထမင်းလာစားပါပြီ"
ဟင်းကျက်သည်နှင့် အကူး၏ အသံစာစာက
ကွက်တိ။ သူပြုံးချက်ပင် သေချာခူးခပ်ထားတဲ့
ထမင်းဟင်းတို့ကို ဧည့်ခန်းရှိ စားပွဲပေါ်ကို ယူလာခဲ့လိုက်သည်။
" ဒီနေ့တော့ ဝက်သားကြော်ပါ "
သူ့ဆီက ခေါင်းညိတ်ပြလာတာ မြင်မှ လက်ဆေးရေဇလုံ ကို အပြေးလေးသွားယူပေးမိသည်။
သူ့အကြိုက် သူ့အထာအား မကြာမကြာ လက်ဆုံစားဖြစ်သည်မို့ ညချမ်းအေးသိနေပြီဖြစ်သည်။
သူသည် လက်ဖြင့်သာနှယ်ဖက်စားတက်ပြီး အစပ် အငန်များကို သိပ်ကြိုက်တက် လေသည်။
ရေနွေးကြမ်း(သို့မဟုတ်)ဟင်းရည်သောက်မပါရင်လည်း မစားတက်ပေ။
" ဦးဦး ... ဖေကြီးကပြောတယ်။ နောက် တစ်ပတ်နေရင် ကျောင်းဖွင့်တော့မယ်ဆို"
သူခွံ့ကျွေးနေတဲ့ ထမင်းကိုချောစားကာ ကူးကူးမေးလာတာမို့ ခေါင်းညိတ်ပြရင်း ဟင်းရည်လေးပါ ဆက်တိုက်လိုက်သည်။ ထမင်းကျွေးသည့်တာဝန်သည် သူ့အပေါ် ပုံကျလာပြီး အဖေလုပ်သူကတော့
သူတို့စကားဝိုင်းသည် သူနဲ့မဆိုင်သူနှယ် ထမင်းကိုသာ ငုံ့စားလာလျက်။
" ဟုတ်တယ်။ မနက်ဖြန်ဆို ဦးဦးတို့ တစ်ရွာလုံး တစ်အိမ်တစ်ယောက် ကျောင်းသန့်ရှင်းရေးရှိတယ်။ သမီးတို့အိမ်ကရော .. ဦးထွန်းသွားမှာလား"
" မဟုတ်ဘူး။ ကျုပ်သွားမှာ "
ကူးကူးနဲ့တစ်ယောက် တစ်လုတ်စားနေတဲ့ ထမင်းတို့သည် ဟွတ်ခနဲ သီးသွားတာကြောင့် မျက်မှောင်ကြုံသွားကာ သူ့ရှေ့က အအေးခံထားတဲ့ရေနွေး
ခွက်ကို ရှေ့တိုးပေးလာ၏ ။
သောက်စေချင်တဲ့ပုံကြောင့် သူ့ခွက်ယူသောက်လိုက်ပေမဲ့ ချိုသည်ခါးသည်ကတော့ ဆက်မပြောလာတော့။ အဆင်ပြေလာသည်ထိ ဆက်မစားပဲ ငေးကြည့်နေပြီး ညချမ်းအေးဖက်က ချောင်းဆက်မဆိုးတော့မှ ထမင်းငုံ့စားတော့သည်။
ဒီလူစကားအတော်နည်းတာပါလားဟု မှတ်ချက်ချမိသည်အထိပင်။
အလယ်တန်းပညာရေးပဲ ရှိတဲ့ သဖန်းတောရွာသည်
နောက်နှစ်တွင် အထကခွဲကျောင်းအဖြစ် တရားဝင်
ပြုပြင်တိုးချဲ့တော့မှာဖြစ်သည်။
စာသင်ကျောင်း ကြီး နှစ်ကျောင်းရှိပြီး ဆရာတွေနားနေခန်းက အုတ်တိုက်သေးသေးဖြင့် စနစ်တကျ သီးသန့်ဆောက်လုပ်ထား၏။
ထိုကျောင်းကို ချမ်းသာ ဆန်းစက်မှ လှူဒါန်းထားတာဖြစ်သည်။ မကြာခင် စတင်တော့မည့် ဆရာအဆောင်များတွင်လည်းထည့်ဝင်လှူဒါန်းလာတာ နည်းသည်မဟုတ်။ သတင်းစကားများအရ အလှူအတန်းအတော်လေးရက်ရောကာ စကားတော့သိပ်မပြောချေ။
သဖန်းတော ကျောင်းသည် ပုံမှန်ကျေးရွာတွေမှာ ရှိတက်တဲ့ကျောင်းတွေလိုပင် ကျောင်းဆောင်နှစ်ဆောင် နှင့် အလယ်ခေါင် မြေကွက်လပ်ကြီးတစ်ခုရှိသည် ။ အလံတိုင် ၏ ရှေ့တည့်တည့်မြေကွက်သည်
ပုံမှန်ကျောင်းတက်နေစဉ်တွင် သန့်ရှင်းနေတက်ပါသော်ငြား ယခုတွင်တော့ အမှိုက်သရိုက်နှင့်
ခြုံနွယ်တွေက အများသားဖြစ်နေ၏။
"ဟေး ... ညချမ်းအေး ။ ဒီဖက်ကိုလာ"
သူ့နာမည်ကိုခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့
အရီးသည် ဝါးခမောက်ကို ဆောင်းကာ လက်ယပ်ခေါ်နေလေသည်။ လက်ထဲဆွဲခေါ်လာသော ကူးကူးသည်
ပန်းနုရောင်ချည်ဂေါင်ဝန်နှင့် ဦးထုပ်လှလှလေးတစ်လုံးကိုဆောင်းထားလေသည်။
" ကြည့်ပါအုံး ။ ကူးကူးက ကြာလေ လှလာတာပဲ။ ဝတ်ထားတဲ့ ဂါဝန်လေးကလည်းလှချက်"
အရီးဘေးနားမှာဝိုင်းနေတဲ့ အမျိုးသမီးကြီးတစ်စု၏
အသံသည် အကူးကိုကြည့်ရင်းဆူဆူညံ့ညံထွက်လာကြသည်။
အဒေါ်ကြီးတွေပြောကြသလိုပင် အကူးက ခုတလော ပိုပိုချစ်ဖို့ကောင်းလာလေသည်။ ခါတိုင်းကြောက်ရွံ့နေတက်သောမျက်ဝန်းတွေသည် မှိန်ဖျော့လာကာ
သူ့လက်ဖျားကို ဆွဲကာ ပိုမိုတောက်ပသောအပြုံးဖြင့်
ပြန်ပြုံးပြချေသည်။
" အကူး ပြန်ပြောပြလိုက်အုံးလေ ။ သမီး ဝတ်ထားတာ ဘယ်သူချုပ်ပေးထားတာလဲ "
" မမပြည့်ပြည့်"
အကူးက အများလှသည်ပြောကြတော့ သူ့အင်္ကျီလေးသူ ပြန်ငုံ့ကြည့်နေတာ ရယ်စရာလည်းကောင်းချစ်စရာလည်းကောင်းလှသည်။
" ပြည့်ပြည့်လက်ရာက တော်တော်လေးကောင်းလာတယ်နော်။ ချုပ်ရိုးချုပ်သားဆို ပုံကျလွန်းလို့ ကျုပ်သမီးဆို မြို့က ရယ်ဒီမိတ်ကို မှာမဝတ်တော့ဘူး"
" ချစ်ပြည့်ဆိုမှ အမကို မေးရအုံးမယ်။ မောင်စုံနဲ့ ချစ်ပြည့်တို့ကို လူကြီးချင်းဘေးတွန်းတာပဲဖြစ်ဖြစ်လုပ်ပေးလိုက်ရင်ရော။ မဟုတ်တောင် ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်တော့ပိုမကောင်းဘူးလား။ ကလေးကလည်းငယ်၊ ပိုက်ဆံကလည်း ရှိသေးတော့ အများသိတဲ့ အတိုင် မောင်စုံကို အသေရရ အရှင်ရရ ရချင်နေကြတဲ့မိန်းကလေးတွေကအများသား။ ချစ်ပြည့်ဆိုတာက ငယ်ငယ်ကတည်းက တစ်ရွာလုံးရှေ့မှာကြီးပြင်းခဲ့တဲ့ကလေး။ အနေအထိုင်လည်းမှန်၊ စိတ်ရင်းလေးကလည်းကောင်းဆိုတော့ ကလေးနောင်ရေးလည်းမပူရတော့ဘူးပါ့ "
ပြောကြဆိုကြတဲ့ အမျိုးသမီးတွေစကားဝိုင်းမှာ ညချမ်းအေးတစ်ယောက်မျက်နှာပူမိပေမဲ့ မကြားသင့်တဲ့စကားတွေကလေးမကြားအောင် ပွေ့ခေါ်ကာ နားကို ပိတ်ထားမိတော့သည်။
" အရီးရေ။ ကလေးရှေ့မှာ မဟုတ်တာတွေ "
ခုမှရောက်လာတဲ့ မြနှင်းရီကလည်း မနေနိုင်တော့ဝင်ပြောလေသည်။
" ကဲပါ မကြင် ရယ်။ တော်ပြောသလို ဖိတ်ချင်းဖိတ်ရအောင် မောင်စုံက ကျုပ်တို့သားလည်းမဟုတ်သလို ချစ်ပြည့်ကလည်း ကျုပ်တို့နဲ့ဆွေမျိုးမိတ်ဆွေတော်တာမှမဟုတ်တာ။ အရွယ်ရောက်နေကြတဲ့လူလွတ်တွေပဲအေ။ အဆင်ပြေရင်သူတို့ဘာသာ ဆွေးနွေးကြမှာပေါ့။ ကျုပ်တို့နဲ့မဆိုင်တာတွေမပြောစမ်းနဲ့အေ။
ချစ်ထွန်းကြားမှ တုတ်ဆွဲဓားဆွဲဖြစ်နေအုံးမယ်"
အရီးတားတော့မှ စကားဝိုင်းရပ်သွားသေးသလို
မကြင်ဆိုတဲ့အမျိုးသမီးကတော့ ဆက်ပြောချင်သလို အင်တင်တင်ဖြစ်နေသည်။ ထို့ကြောင့် မပြီးပြတ်သေးတဲ့စကားဝိုင်းကို ညချမ်းအေးဆီရွေ့ကာ
" မင်းကရော.. ဘယ်တော့ စားရတော့မလဲ"
လုပ်လာပြန်ပြီဟု မသက်မသာတွေးကာ
" ဘယ်တော့စားချင်ချင်ဝယ်ကျွေးပါ့မယ်အရီးတို့ရာ။
ကျွန်တော့်ကိုတော့ အိမ်ထောင်ရက်သား မချပေးကြပေးကြပါနဲ့အုံး။ ပြီးတော့ ကျွန်တော်င မိန်းမတွေကို ကြိုက်တာမဟုတ်ဘူး"
" ဟော်တော်။ မင်းနှယ်... မိန်းမမကြိုက်တော့ ယောက်ျားကြိုက်ရမှာလား။ မဟုတ်တာတွေ "
" ဘာမဟုတ်တာလဲ အရီးရာ။ ယောက်ျားကြိုက်တော့ဘာဖြစ်လဲ။ မိန်းမယူနေရင် လုပ်ကိုင်ကျွေးမွေးနေရအုံးမှာ။ ကျွန်တော့်ဟာကျွန်တော်တောင်မနည်းရပ်တည်နေရတာ။ မယူနိုင်ပါဘူး"
" အမလေး ညချမ်းအေးရယ်။ နင့်ဟာကလည်း
လုပ်ကျွေးရမှာမို့ မိန်းမ မယူချင်ဘူးဆိုတော့လည်း ခက်သား။ ကဲတော်ပြီ တော်ပြီ ။ မပြောတော့ဘူး။
ရွာသူကြီးလာရင် အလုပ်မလုပ်လို့ ကျုပ်တို့ကိုအော်နေအုံးမယ်"
ညချမ်းအေးဆိုတဲ့ကောင်လေးရဲ့ ခပ်ရွဲ့ရွဲ့စကားတွေကို မကြားချင်စွာ မကြင် လက်ခါပြရင်း အမှိုက်ထည့်ရအောင် ယူလာတဲ့
တောင်းကို ကောက်မလိုက်တော့သည်။
မြနှင်းရီကတော့ ရယ်ရယ်မောမော
ညချမ်းအေးကို လက်မထောင်ပြကာ
တော်တယ်ဟုပင်ပြောနေသေးသည်။ မကြင်ဆိုတဲ့အောင်သွယ်တော်ကြီးသည် မြနှင်းရီပါမချန် လိုက်ဟပ်စပ်ပေးတက်တာမို့ သမီးကိုချစ်သူပီပီ သူကြီးနဲ့နည်းနည်းမှပင်မတည့်။ မကြင်တို့အဖွဲ့ထွက်သွားပြီဆိုမှ အရီးက ညချမ်းအေးလက်ထဲက ကူးကူးကို ဆွဲပွေ့ချီလေသည်။
" အကူးလေး ညည်းအဖေရော။ မလာဘူးလား"
" ဖေကြီးက နောက်ကလိုက်ခဲ့မယ်တဲ့ ။ အကူးက ဦးဦးနဲ့တူတူလာတာ "
မြနှင်းရီသည် အကူးကို ပြုံးကြည့်နေသည့်ညချမ်းအေးကို ဘေးကနေငေးကာ
" ညချမ်းအေးက ကူးကူးကို သံယောဇဉ်ရှိနေပြီထင်တယ်။ ဒီကောင်မလေးက လူသိပ်ရွေးတာ။ အမေ ခေါ်လို့သာ လိုက်တာ ။ အမခေါ်ရင် ဘယ်တော့မှမလိုက်ဘူး "
" ကလေးက လူကြောက်တက်တာပါ မမနှင်းရီ။
အဖေတွေဦးလေးတွေနဲ့နေပါများတော့ ပတ်ဝန်းကျင်နဲ့ဆက်သွယ်မူ့ကနည်းနေတာလည်းပါတာပေါ့"
အရီးပေါ်ကနေ ကူးကူးက ဆင်းချင်ဟန် လက်လှမ်းပြတာမို့ဆွဲပွေ့ယူရင်း ပြောပြမိသည်။ သူ့အပေါ်ရောက်တော့ ကူးကူးက လည်ပင်းကိုဖက်ထားရင်း
တပြုံးပြုံး တွေ့တဲ့သူ့ကို လိုက်ရယ်ပြနေတာမို့ အရင်လို အေးတိအေးစက် ရနံ့ကူးမဟုတ်တော့တာကို လက်ခံမိတော့သည်။
ခြုံနွယ်တချို့ကို ဓားပါတဲ့ အမျိုးသားများကခုတ်ထွင်ကြပြီး အမျိုးသမီးများကတောင်းနှင့်သယ်ယူကာ စုပုံပစ်ပေးကြသည်။
စာသင်ခန်းအတွင် လှည်းကျင်းသန့်ရှင်းစေကြပြီး
တစ်ကျောင်းလုံး လူအင်အားညီညီဖြင့်သန့်ရှင်းကြရာ နေခင်းမွန်းမတည့်မှီ ပြီးစီးတော့သည်။
" လာကြဟေ့ ။ ဒီမှာ အမောပြေ သံပရာရည်လေး လာသောက်ကြ"
ရွာထဲက လူကြီးတစ်ယောက်၏ အော်သံကြောင့် ညချမ်းအေး တစ်ယောက် ကူးကူးနှင့် အမှိုက်ရှင်းကူးနေရာမှ ခေါင်းထောင်ကြည့်မိရာ လက်ကောက်ဝတ်အထက်နားထိခေါက်တင်ထားသော အညိုရင့်ရောင်
ချည်ကြမ်းအင်္ကျီဝတ်ဆင်ထားသည့် စုံသာမြိုင်ကိုတွေ့လိုက်ရသည်။ ဆန်တင်ဘာညာ လာလေ့ရှိသော
Light truck အဖြူရောင်နောက်မြီးတွင်ရေခဲပုံးကဲ့သို့
ပုံကြီးကြီးသုံးပုံးက အဆင်သင့်။
အများကြားမှာ ရှည်ထွက်နေသည့်အရပ်ကြီးက
ထူးထူးဆန်းဆန်းဖြစ်နေပေသည်။ မရယ်မပြုံး မျက်နှာထားကြောင့် ပို၍ လူရှိန်စရာကောင်းသော်ငြား
အများသူငှာကတော့ ထိုပုံက မြင်နေကျဖြစ်ပုံရကာ
မည်သူမှာ ကြောက်ရွံ့မနေကြပေ။
"ဆရာညချမ်းအေး ဆိုတာလားဗျ "
ကူးကူးကို လက်ဆွဲကာ သူ့ဆီ သွားမဲ့ခြေလှမ်းတွေသည်
နှုတ်ဆက်သံကြောင့်တန့်ခနဲဖြစ်ကာသွား၏။
"ဘယ်သူလဲမသိဘူးဗျ "
သူလှည့်ကြည့်လိုက်တဲ့အချိန်မှာ တီရှပ် အဝါရောင်ဖျော့ဖျော့ကို ပုဆိုးဖြင့်တွဲဝတ်ထားတဲ့လူတစ်ယောက်။ ချွေးအနည်းငယ်စို့နေရုံမက လက်ကပေနေတဲ့ဖုန်များကြောင့် လုပ်အားပေးတဲ့သူထဲက ဆိုတာ မှားစရာမလို။
" ကျွန်တော် အလယ်တန်းပြအဖြစ်တာဝန်ယူရမဲ့
ဆရာ ဉာဏ်ခန့်သော်ပါ "
"အာ .. ဟုတ်ကဲ့ဆရာ ။ တာဝန်ကျ ဆရာဆရာမတွေ မနက်ဖန်လောက်မှရောက်မယ်ထင်တာ။ ဆရာ ဉာဏ်ခန့်သော်က စောရောက်တာလားဗျ "
" ဟုတ်ကဲ့ မနေ့ညနေကပဲရောက်တယ်ဗျ။ "
" ဟုတ်လား။ အဆင်မပြေလို့ လိုအပ်တာရှိလည်း
ပြောပါဗျ၊ ကျွန်တော်က ရွာခံဆိုတော့ အနည်းနဲ့အများတော့ ဆရာဉာဏ်ခန့်သော် ကို ကူညီပေးနိုင်မှာပါ"
" ကျေးဇူးပါဆရာညချမ်း အေး။လိုအပ်လာရင် အကူညီတောင်းဖို့ပြေးလာရ တော့မှာပဲဗျာ "
တစ်ဖက်လူကလည်းရည်ရည်မွန်မွန်မို့ အပေါင်းအသင်းရှားတဲ့ညချမ်းအေးလည်း ချက်ချင်း ခင်မင်ကာ စကားတွေတော်တော်များများပြောဖြစ်ကြ၏။
" ဦးဦး "
" ဟွန်.. အကူး "
စကားကောင်းနေရာမှ ကူးကူးခေါ်သံကြောင့်ငုံ့ကြည့်မိတော့
" ဟိုမှာ ဖေကြီး ပြန်တော့မယ်ထင်တယ်"
ထိုအခါမှ သတိရကာ လှမ်းကြည့်စဉ်
စူးနင့်နေကြ အကြည့်တွေက ညချမ်းအေးဆီမှာ ဆိုက်ဆိုက်မြိုက်မြိုက်။
ပြီးနောက်ချာခနဲလှည့်ထွက်သွားတဲ့ခြေလှမ်းတွေက ပုံမှန်ထက်မြန်နေသလို။
ဘာဖြစ်သွားတာလဲဟုမတွေးမိခင် သူစီးနေကြ ပါရာဒိုပေါ်တက်ပြီးမောင်းထွက်သွားတာချက်ချင်းဖြစ်သည်။
သူကားထွက်သွားပြီးမကြာ ချစ်ထွန်းရောက်လာ၏။
" ကူးကူး .. နင့်အဖေက ပြန်ခဲ့တော့တဲ့။ အလုပ်လည်းပြီးပြီဆိုတော့ ဆရာလေးရော တစ်ခါထဲပြန်လိုက်ခဲ့ပါတော့လား"
သူခေါင်းမညိတ်မိခင် ကူးကူးက လက်ကိုအတင်းဆွဲခေါ်ကာ
" လာ ဦးဦး ။ အကူးတို့ပြန်ရအောင် ။ ဦးထွန်းကားက ပစ္စည်းတွေတင်နေပြီ ။ ကူးကူးတို့မမှီပဲနေမယ်"
ဖျော်ရည်တွေလာပို့တဲ့ကားပေါ် ညချမ်းအေးရောက်တဲ့အထိ စိတ်ထဲ ကိုစုံ ဘာလို့ စိတ်ဆိုးနေတဲ့ပုံပေါ်နေရတာလည်းဆိုတာ မမှန်းမိပေ။
တွေးရင်းနှင့် အိမ်ပြန်ရောက်တော့မှ ဆရာဉာဏ်ခန့်သော်ကို မနှုတ်ဆက်ခဲ့ရမှန်းသတိရတော့၏။
_____
အချိန်အားဖြင့် ဝေလီဝေလင်း။
နေရောင်ခြည်မသဲကွဲသေးတဲ့အချိန်ဆိုပေမဲ့ ညချမ်းအေးကတော့ နိုးနေပြီဖြစ်သည်။
အိမ်နောက်ဖေးရေကန်မှာ မျက်နှာသစ်နေတုန်း တစ်ဖက်ခြံကိုကူးတဲ့ မလွယ်ပေါက်တံခါးက ပွင့်လာ၏။
ထိုမလွယ်ပေါက်ကနေ ဖြတ်ကူးကာဝင်လာတဲ့သူကတော့
ကိုစုံသာမြိုင်သာဖြစ်လေသည်။
မနက်စောစော မို့ ကိုယ့်ဖက်ကလည်း ဘာဆက်ပြောရမလဲ မေ့ကာ မျက်နှာသစ်ရင်း အကြောင်သားမော့ကြည့်မိကာ ဆပ်ပြာမြုပ်တို့ကာ မျက်လုံးထဲဝင်သွားတာထွေးခနဲ။
"အား စပ်လိုက်တာ "
ညည်းညူရင်း ဇွတ်ပွတ်ပို့ပြင်လိုက်တဲ့လက်တွေကို ဆွဲတားလိုက်တာ အလျင်စလိုသာ ။
" ဘာလို့ဇွတ်ပွတ်နေတာလဲ။ နေအုံး။ ဒါရေနဲ့ဆေးချမှရမှာ "
အသက်ရူငွေ့ဖွဖွနဲ့အတူ ရေအေးအေးက မျက်နှာပေါ်မှာ ညင်သာစွာ ပတ်ဖြန်းလာသည်။ လက်နှင့်ဆေးချပေးနေသည့်မျက်နှာပေါ်က ဆပ်ပြာအကျွင်းအကျန်သည် မကြာခင်သန့်ရှင်းသွားပုံရကာ မျက်လုံးက ဖွင့်လို့ရလာ၏။
ထိုအခါရှင်းလင်းစွာမြင်လာရသော အမြင်အာရုံ မှာ
စုံသာမြိုင်ဆိုသည့်အနှီယောက်ျား၏ပုံရိပ်သည်
ခန့်ထည်စွာပေါ်လာ၏။ မျက်ခုံးဘေးက ပြတ်ရှထားသည့်အမာရွတ် ကြောင့် အမြဲ စူးရဲခတ်ထန် နေသောမျက်နှာမှာ စိုးရိမ်နွေးထွေးသည့် အကြည့်တို့ဖုံးလွှမ်းနေ၏။ မျက်ဝန်း၏အကြည်ရောင်ပါးပါးမှာနွေးထွေးလွန်းလှပါ၏။
ဖျတ်ခနဲ နှစ်ယောက်အတူအကြည့်စုံမိစဉ်မှာ
ပြောင်းလဲသွားတဲ့အကြည့်တွေက ပုံမှန်လိုပင် ပြောင်းလဲသွား၏။
ထိုအပြင် မျက်နှာပေါ်က လက်တွေသည်ဖယ်ရှားသွားကာ လူကလည်းဘေးမှာ ထရပ်ကာ ကျောခိုင်းသွားတာ ချက်ချင်းပင်။
" ကျုပ် စံပယ်ပန်းလာကောက်တာ ဘုရားပန်းကပ်ဖို့။
စောသေးတယ်ထင်တယ်။ နေပွင့်မှ ချစ်ထွန်းလွှတ်လိုက်တော့မယ်"
မလွယ်ပေါက်တံခါးသည်ပြန်ပိတ်သွားသည်။
တိတ်ဆိတ်သွားသောလှုပ်ရှားမူ့နှင့်အတူ
ညချမ်းအေး ၏ စိတ်နှလုံးအိမ်သည်လည်း ဘောင်ဘင်ခတ်နေရာမှာ တဖြည်းဖြည်းတည်ငြိမ်သွား၏။
မသက်ဆိုင်ကြတဲ့နှလုံးအိမ်ရဲ့တံခါးပေါက်တွေပိတ်ပင်ထားတာ မြဲမြံစွာပင်။
တီးခေါက်မဲ့သူမရှိပဲ ဖွင့်ပေးမဲ့သူလည်းရှိမည်မဟုတ်။
အဘယ်ကြောင့် အကြည့်တစ်ချက်ဖြင့် ရင်ခုန်ရသနည်း။ မလှုပ်ရှားနိုင်တဲ့ နှလုံးအိမ်သည် တဆတ်ဆတ်ခုန်နေတာ အဘယ်ကြောင့်နည်း။
_______
"ကူးကူးရေ ။ ဟိုမှာ မတည့်တာတွေမစားရဘူးနော် "
"ဟုတ်"
လိုအပ်တာတွေထည့်ပေးရင်း စိတ်ပူမိတာ ကိုယ့်သားသမီးအရင်းလို။
တတွတ်တွတ်မှာရင်း ကျောင်းစိမ်းအဖြူလေးနှင့် ချစ်စဖွယ် ကူးကူးကို သနပ်ခါးညီအောင်လည်းခြစ်ပေးနေမိသည်။
ကလေး၏ ပထမဦးဆုံးကျောင်းတက်ရက်။
အဖေလုပ်သူက ခရီးထွက်သွားတာ တစ်ပတ်နီးပါးရှိလုပြီ။ ပြန်မလာသေးသလို ဖုန်းဆက်တာကလည်းရံဖာရံခါ။ ကလေးက စကားနည်းလို့သိပ်မပြောပေမဲ့
ငယ်လွန်းတဲ့သားသမီးကိုထိုမျှပစ်ထားဖို့တော့မကောင်းဘူးထင်သည်။ ကလေးက သူ့ဆီမှာမအိပ်ရုံတမယ်နေလေသည်။ စားလည်းဒီမှာရေချိုးလည်းဒီမှာ။ ကိုယ့်မှာ အမေလုံးလုံးဖြစ်နေရတာတော့မတရားပေ။
အတွေးထဲမြို့ပေါ်မှာ သူဌေးမင်းအဖြစ် လူတွေရဲ့ကြားမှာ ဂရုစိုက်ခံရမဲ့သူကိုတွေးမိတော့ စိတ်ထဲမကျေနပ်လာတာအလုံးလိုက်အရင်းလိုက်။
" ကူးကူး သမီးဖေကြီး ပြန်မလာသေးဘူးတဲ့လား"
မကြာမကြာမေးမိတဲ့မေးခွန်းကို ပြန်မေးမိစဉ် ပူလောင်သွားတဲ့မျက်နှာက မီးစနှင့်ထိုးလိုက်သလိုပင်။
ရှက်ပေမဲ့လည်းသိချင်တာကြောင့် ကူးကူးအဖြေကို ဆိုင်းငံ့နေမိစဉ် ကူးကူးက တခစ်ခစ်ရယ်လာ၏
"ဖေကြီးကနောက်သုံးရက်လောက်နေရအုံးမယ်တဲ့။ ဘာလဲဖေကြီးကို လွမ်းနေလို့လား"
" မလွမ်းပါဘူး။ ကူးကူးဖေကြီးက မျက်နှာထားတည်ကြီးနဲ့ကြောက်စရာတောင်ကောင်းသေးတယ်"
" ဦးဦးညာပြောရင် ငရဲကြီးတယ်နော်။"
လက်ညိုးလေးထောင်ကာ ပြောလာတဲ့ကူးကူးက တကယ်ချစ်စရာလေးပင်။ညချမ်းအေးသည် ရယ်ချင်ဟန်ဖြင့်သာ တကယ် ဟု ပြောလိုက်ပေမဲ့
ကူးကူး၏ ဦးဦးတော့ တကယ်ငရဲကြီးတော့မှာပဲဟူသော စကားကြောင့် မျက်နှာနီနီမှာဖျော့ပင်မလာတော့ပင်။
တကယ်ကို သူ သတိရနေတာ ဖြစ်လေသည်။
( နှစ်ရက်ကနေ သုံးရက်ကြာလာရင် အရမ်းမမျှော်ကြပါနဲ့နော် ။ ပြေးလိုက်လွှားလိုက် ဂျပန်ခေတ်လင်ငယ်နေရသလိုပဲဆို တော့ တအားနောက်ဆံတင်းရလို့ပါ။ ဟိုနေရာက ဒုန်းခနဲ၊ဒီနေရာကဒိုင်းခနဲနဲ့ပဲ။ တစ်ခါတစ်လေ သစ်ပင်ခွကြားမှာ ဝပ်နေရတာ ပြားပြားကိုကပ်လို့ပဲ )
အိပ္ယာကႏိုးသည္ႏွင့္ မ်က္ႏွာသစ္ကာမနက္စာ ထမင္းထခ်က္ျဖစ္သည္ ။
ေရခ်ိဳးၿပီး ဘုရားရွစ္ခိုး၊ဆြမ္း ေရခ်မ္းကပ္သည္မွာေန့စဉ္မျပတ္တမ္းက်င့္သံုးခဲ့ေသာ အေလ့အထတစ္ခုႏွယ္။ ညဆိုေစာေစာအိပ္ ၊မနက္ဆိုေစာေစာထသည္မွာ ဆယ္စုႏွစ္တစ္ခုစာမ်ွရိွခဲ့ၿပီျဖစ္သည္။
ေရခ်ိဳးၿပီးစ ၾကည္လင္သန႔္ရွင္းတဲ့အခ်ိန္ဆို စိတ္ႏွစ္လက္ႏွစ္ ေမတၲာသုတ္ရြတ္ ၊ ဘုရားရွစ္ခိုးတက္တာေၾကာင့္ ေရခ်မ္းေအးသည္ အၿမဲေအးခ်မ္းေသာ မ်က္ႏွာထားရိွေလသည္။
ေအးျမေသာ အရိွန္အဝါ ရစ္သိုင္းေနသၫ့္ႏွယ္
သူ႔၏စိတ္၊သူ၏ခႏၶာသည္ ျမင္သူတိုင္း ခ်စ္ခင္ပါေစ၊ျမင္သူတိုင္း စိတ္ၾကည္လင္ပါေစဟုသၫ့္ဆုေတာင္းျပၫ့္ခဲ့သည္။
ဘုရားခန္းက ေနထလာၿပီးေနာက္သူ႔အလုပ္မွာ ဟင္းခ်က္ရန္က်န္ေနေသးျခင္းပင္။
မေန့ညေနက လာေရာင္းသၫ့္ ဝက္သားကို ျပဳတ္ထားသည္မို႔ အတံုးေသးေသးေလးမ်ားလွီးကာ ေသခ်ာေၾကာ္ေလွာ္လိုက္သည္။
ၿခံထဲက ဘူးပင္က ဘူးေငါက္ ကို ဟင္းရည္ ေသာက္ လုပ္လိုက္သည္မို႔ ဖြယ္ဖြယ္ရာရာမရိွေပမဲ့ စားလို႔ျဖစ္၏။ ထို႔အျပင္ မၾကာမၾကာလာစားတက္ေသာ
သူေဌးမင္းေၾကာင့္ သူႀကိဳက္တက္ေသာ ငပိေထာင္းမွာလည္းမပါမျဖစ္။
" ဦးဦးေရ .. ကူးကူးတို႔ ထမင္းလာစားပါၿပီ"
ဟင္းက်က္သည္ႏွင့္ အကူး၏ အသံစာစာက
ကြက္တိ။ သူၿပံဳးခ်က္ပင္ ေသခ်ာခူးခပ္ထားတဲ့
ထမင္းဟင္းတို႔ကို ဧၫ့္ခန္းရိွ စားပြဲေပၚကို ယူလာခဲ့လိုက္သည္။
" ဒီေန့ေတာ့ ဝက္သားေၾကာ္ပါ "
သူ႔ဆီက ေခါင္းညိတ္ျပလာတာ ျမင္မွ လက္ေဆးေရဇလံု ကို အေျပးေလးသြားယူေပးမိသည္။
သူ႔အႀကိဳက္ သူ႔အထာအား မၾကာမၾကာ လက္ဆံုစားျဖစ္သည္မို႔ ညခ်မ္းေအးသိေနၿပီျဖစ္သည္။
သူသည္ လက္ျဖင့္သာႏွယ္ဖက္စားတက္ၿပီး အစပ္ အငန္မ်ားကို သိပ္ႀကိဳက္တက္ ေလသည္။
ေရႏြေးၾကမ္း(သို႔မဟုတ္)ဟင္းရည္ေသာက္မပါရင္လည္း မစားတက္ေပ။
" ဦးဦး ... ေဖႀကီးကေျပာတယ္။ ေနာက္ တစ္ပတ္ေနရင္ ေက်ာင္းဖြင့္ေတာ့မယ္ဆို"
သူခြံ႔ေကြၽးေနတဲ့ ထမင္းကိုေခ်ာစားကာ ကူးကူးေမးလာတာမို႔ ေခါင္းညိတ္ျပရင္း ဟင္းရည္ေလးပါ ဆက္တိုက္လိုက္သည္။ ထမင္းေကြၽးသၫ့္တာဝန္သည္ သူ႔အေပၚ ပံုက်လာၿပီး အေဖလုပ္သူကေတာ့
သူတို႔စကားဝိုင္းသည္ သူနဲ႔မဆိုင္သူႏွယ္ ထမင္းကိုသာ ငံု႔စားလာလ်က္။
" ဟုတ္တယ္။ မနက္ျဖန္ဆို ဦးဦးတို႔ တစ္ရြာလံုး တစ္အိမ္တစ္ေယာက္ ေက်ာင္းသန႔္ရွင္းေရးရိွတယ္။ သမီးတို႔အိမ္ကေရာ .. ဦးထြန္းသြားမွာလား"
" မဟုတ္ဘူး။ က်ဳပ္သြားမွာ "
ကူးကူးနဲ႔တစ္ေယာက္ တစ္လုတ္စားေနတဲ့ ထမင္းတို႔သည္ ဟြတ္ခနဲ သီးသြားတာေၾကာင့္ မ်က္ေမွာင္ႀကံဳသြားကာ သူ႔ေရ႔ွက အေအးခံထားတဲ့ေရႏြေး
ခြက္ကို ေရ႔ွတိုးေပးလာ၏ ။
ေသာက္ေစခ်င္တဲ့ပံုေၾကာင့္ သူ႔ခြက္ယူေသာက္လိုက္ေပမဲ့ ခ်ိဳသည္ခါးသည္ကေတာ့ ဆက္မေျပာလာေတာ့။ အဆင္ေျပလာသည္ထိ ဆက္မစားပဲ ေငးၾကၫ့္ေနၿပီး ညခ်မ္းေအးဖက္က ေခ်ာင္းဆက္မဆိုးေတာ့မွ ထမင္းငံု႔စားေတာ့သည္။
ဒီလူစကားအေတာ္နည္းတာပါလားဟု မွတ္ခ်က္ခ်မိသည္အထိပင္။
အလယ္တန္းပညာေရးပဲ ရိွတဲ့ သဖန္းေတာရြာသည္
ေနာက္ႏွစ္တြင္ အထကခြဲေက်ာင္းအျဖစ္ တရားဝင္
ျပဳျပင္တိုးခ်ဲ့ေတာ့မွာျဖစ္သည္။
စာသင္ေက်ာင္း ႀကီး ႏွစ္ေက်ာင္းရိွၿပီး ဆရာေတြနားေနခန္းက အုတ္တိုက္ေသးေသးျဖင့္ စနစ္တက် သီးသန႔္ေဆာက္လုပ္ထား၏။
ထိုေက်ာင္းကို ခ်မ္းသာ ဆန္းစက္မွ လႉဒါန္းထားတာျဖစ္သည္။ မၾကာခင္ စတင္ေတာ့မၫ့္ ဆရာအေဆာင္မ်ားတြင္လည္းထၫ့္ဝင္လႉဒါန္းလာတာ နည္းသည္မဟုတ္။ သတင္းစကားမ်ားအရ အလႉအတန္းအေတာ္ေလးရက္ေရာကာ စကားေတာ့သိပ္မေျပာေခ်။
သဖန္းေတာ ေက်ာင္းသည္ ပံုမွန္ေက်းရြာေတြမွာ ရိွတက္တဲ့ေက်ာင္းေတြလိုပင္ ေက်ာင္းေဆာင္ႏွစ္ေဆာင္ ႏွင့္ အလယ္ေခါင္ ေျမကြက္လပ္ႀကီးတစ္ခုရိွသည္ ။ အလံတိုင္ ၏ ေရ႔ွတၫ့္တၫ့္ေျမကြက္သည္
ပံုမွန္ေက်ာင္းတက္ေနစဉ္တြင္ သန႔္ရွင္းေနတက္ပါေသာ္ျငား ယခုတြင္ေတာ့ အမိႈက္သရိုက္ႏွင့္
ၿခံဳႏြယ္ေတြက အမ်ားသားျဖစ္ေန၏။
"ေဟး ... ညခ်မ္းေအး ။ ဒီဖက္ကိုလာ"
သူ႔နာမည္ကိုေခၚသံေၾကာင့္ လွၫ့္ၾကၫ့္လိုက္ေတာ့
အရီးသည္ ဝါးခေမာက္ကို ေဆာင္းကာ လက္ယပ္ေခၚေနေလသည္။ လက္ထဲဆြဲေခၚလာေသာ ကူးကူးသည္
ပန္းႏုေရာင္ခ်ည္ေဂါင္ဝန္ႏွင့္ ဦးထုပ္လွလွေလးတစ္လံုးကိုေဆာင္းထားေလသည္။
" ၾကၫ့္ပါအံုး ။ ကူးကူးက ၾကာေလ လွလာတာပဲ။ ဝတ္ထားတဲ့ ဂါဝန္ေလးကလည္းလွခ်က္"
အရီးေဘးနားမွာဝိုင္းေနတဲ့ အမ်ိဳးသမီးႀကီးတစ္စု၏
အသံသည္ အကူးကိုၾကၫ့္ရင္းဆူဆူညံ့ညံထြက္လာၾကသည္။
အေဒၚႀကီးေတြေျပာၾကသလိုပင္ အကူးက ခုတေလာ ပိုပိုခ်စ္ဖို႔ေကာင္းလာေလသည္။ ခါတိုင္းေၾကာက္ရြံ႔ေနတက္ေသာမ်က္ဝန္းေတြသည္ မိွန္ေဖ်ာ့လာကာ
သူ႔လက္ဖ်ားကို ဆြဲကာ ပိုမိုေတာက္ပေသာအၿပံဳးျဖင့္
ျပန္ၿပံဳးျပေခ်သည္။
" အကူး ျပန္ေျပာျပလိုက္အံုးေလ ။ သမီး ဝတ္ထားတာ ဘယ္သူခ်ဳပ္ေပးထားတာလဲ "
" မမျပၫ့္ျပၫ့္"
အကူးက အမ်ားလွသည္ေျပာၾကေတာ့ သူ႔အက်ႌေလးသူ ျပန္ငံု႔ၾကၫ့္ေနတာ ရယ္စရာလည္းေကာင္းခ်စ္စရာလည္းေကာင္းလွသည္။
" ျပၫ့္ျပၫ့္လက္ရာက ေတာ္ေတာ္ေလးေကာင္းလာတယ္ေနာ္။ ခ်ဳပ္ရိုးခ်ဳပ္သားဆို ပံုက်လြန္းလို႔ က်ဳပ္သမီးဆို ၿမိဳ႔က ရယ္ဒီမိတ္ကို မွာမဝတ္ေတာ့ဘူး"
" ခ်စ္ျပၫ့္ဆိုမွ အမကို ေမးရအံုးမယ္။ ေမာင္စံုနဲ႔ ခ်စ္ျပၫ့္တို႔ကို လူႀကီးခ်င္းေဘးတြန္းတာပဲျဖစ္ျဖစ္လုပ္ေပးလိုက္ရင္ေရာ။ မဟုတ္ေတာင္ ဖိတ္ခ်င္းဖိတ္ ကိုယ့္အိတ္ထဲဖိတ္ေတာ့ပိုမေကာင္းဘူးလား။ ကေလးကလည္းငယ္၊ ပိုက္ဆံကလည္း ရိွေသးေတာ့ အမ်ားသိတဲ့ အတိုင္ ေမာင္စံုကို အေသရရ အရွင္ရရ ရခ်င္ေနၾကတဲ့မိန္းကေလးေတြကအမ်ားသား။ ခ်စ္ျပၫ့္ဆိုတာက ငယ္ငယ္ကတည္းက တစ္ရြာလံုးေရ႔ွမွာႀကီးျပင္းခဲ့တဲ့ကေလး။ အေနအထိုင္လည္းမွန္၊ စိတ္ရင္းေလးကလည္းေကာင္းဆိုေတာ့ ကေလးေနာင္ေရးလည္းမပူရေတာ့ဘူးပါ့ "
ေျပာၾကဆိုၾကတဲ့ အမ်ိဳးသမီးေတြစကားဝိုင္းမွာ ညခ်မ္းေအးတစ္ေယာက္မ်က္ႏွာပူမိေပမဲ့ မၾကားသင့္တဲ့စကားေတြကေလးမၾကားေအာင္ ေပြ့ေခၚကာ နားကို ပိတ္ထားမိေတာ့သည္။
" အရီးေရ။ ကေလးေရ႔ွမွာ မဟုတ္တာေတြ "
ခုမွေရာက္လာတဲ့ ျမႏွင္းရီကလည္း မေနႏိုင္ေတာ့ဝင္ေျပာေလသည္။
" ကဲပါ မၾကင္ ရယ္။ ေတာ္ေျပာသလို ဖိတ္ခ်င္းဖိတ္ရေအာင္ ေမာင္စံုက က်ဳပ္တို႔သားလည္းမဟုတ္သလို ခ်စ္ျပၫ့္ကလည္း က်ဳပ္တို႔နဲ႔ေဆြမ်ိဳးမိတ္ေဆြေတာ္တာမွမဟုတ္တာ။ အရြယ္ေရာက္ေနၾကတဲ့လူလြတ္ေတြပဲေအ။ အဆင္ေျပရင္သူတို႔ဘာသာ ေဆြးေနြးၾကမွာေပါ့။ က်ဳပ္တို႔နဲ႔မဆိုင္တာေတြမေျပာစမ္းနဲ႔ေအ။
ခ်စ္ထြန္းၾကားမွ တုတ္ဆြဲဓားဆြဲျဖစ္ေနအံုးမယ္"
အရီးတားေတာ့မွ စကားဝိုင္းရပ္သြားေသးသလို
မၾကင္ဆိုတဲ့အမ်ိဳးသမီးကေတာ့ ဆက္ေျပာခ်င္သလို အင္တင္တင္ျဖစ္ေနသည္။ ထို႔ေၾကာင့္ မၿပီးျပတ္ေသးတဲ့စကားဝိုင္းကို ညခ်မ္းေအးဆီေရြ့ကာ
" မင္းကေရာ.. ဘယ္ေတာ့ စားရေတာ့မလဲ"
လုပ္လာျပန္ၿပီဟု မသက္မသာေတြးကာ
" ဘယ္ေတာ့စားခ်င္ခ်င္ဝယ္ေကြၽးပါ့မယ္အရီးတို႔ရာ။
ကြၽန္ေတာ့္ကိုေတာ့ အိမ္ေထာင္ရက္သား မခ်ေပးၾကေပးၾကပါနဲ႔အံုး။ ၿပီးေတာ့ ကြၽန္ေတာ္င မိန္းမေတြကို ႀကိဳက္တာမဟုတ္ဘူး"
" ေဟာ္ေတာ္။ မင္းႏွယ္... မိန္းမမႀကိဳက္ေတာ့ ေယာက္်ားႀကိဳက္ရမွာလား။ မဟုတ္တာေတြ "
" ဘာမဟုတ္တာလဲ အရီးရာ။ ေယာက္်ားႀကိဳက္ေတာ့ဘာျဖစ္လဲ။ မိန္းမယူေနရင္ လုပ္ကိုင္ေကြၽးေမြးေနရအံုးမွာ။ ကြၽန္ေတာ့္ဟာကြၽန္ေတာ္ေတာင္မနည္းရပ္တည္ေနရတာ။ မယူႏိုင္ပါဘူး"
" အမေလး ညခ်မ္းေအးရယ္။ နင့္ဟာကလည္း
လုပ္ေကြၽးရမွာမို႔ မိန္းမ မယူခ်င္ဘူးဆိုေတာ့လည္း ခက္သား။ ကဲေတာ္ၿပီ ေတာ္ၿပီ ။ မေျပာေတာ့ဘူး။
ရြာသူႀကီးလာရင္ အလုပ္မလုပ္လို႔ က်ဳပ္တို႔ကိုေအာ္ေနအံုးမယ္"
ညခ်မ္းေအးဆိုတဲ့ေကာင္ေလးရဲ့ ခပ္ရြဲ႔ရြဲ႔စကားေတြကို မၾကားခ်င္စြာ မၾကင္ လက္ခါျပရင္း အမိႈက္ထၫ့္ရေအာင္ ယူလာတဲ့
ေတာင္းကို ေကာက္မလိုက္ေတာ့သည္။
ျမႏွင္းရီကေတာ့ ရယ္ရယ္ေမာေမာ
ညခ်မ္းေအးကို လက္မေထာင္ျပကာ
ေတာ္တယ္ဟုပင္ေျပာေနေသးသည္။ မၾကင္ဆိုတဲ့ေအာင္သြယ္ေတာ္ႀကီးသည္ ျမႏွင္းရီပါမခ်န္ လိုက္ဟပ္စပ္ေပးတက္တာမို႔ သမီးကိုခ်စ္သူပီပီ သူႀကီးနဲ႔နည္းနည္းမွပင္မတၫ့္။ မၾကင္တို႔အဖြဲ႔ထြက္သြားၿပီဆိုမွ အရီးက ညခ်မ္းေအးလက္ထဲက ကူးကူးကို ဆြဲေပြ့ခ်ီေလသည္။
" အကူးေလး ညည္းအေဖေရာ။ မလာဘူးလား"
" ေဖႀကီးက ေနာက္ကလိုက္ခဲ့မယ္တဲ့ ။ အကူးက ဦးဦးနဲ႔တူတူလာတာ "
ျမႏွင္းရီသည္ အကူးကို ၿပံဳးၾကၫ့္ေနသၫ့္ညခ်မ္းေအးကို ေဘးကေနေငးကာ
" ညခ်မ္းေအးက ကူးကူးကို သံေယာဇဉ္ရိွေနၿပီထင္တယ္။ ဒီေကာင္မေလးက လူသိပ္ေရြးတာ။ အေမ ေခၚလို႔သာ လိုက္တာ ။ အမေခၚရင္ ဘယ္ေတာ့မွမလိုက္ဘူး "
" ကေလးက လူေၾကာက္တက္တာပါ မမႏွင္းရီ။
အေဖေတြဦးေလးေတြနဲ႔ေနပါမ်ားေတာ့ ပတ္ဝန္းက်င္နဲ႔ဆက္သြယ္မူ႔ကနည္းေနတာလည္းပါတာေပါ့"
အရီးေပၚကေန ကူးကူးက ဆင္းခ်င္ဟန္ လက္လွမ္းျပတာမို႔ဆြဲေပြ့ယူရင္း ေျပာျပမိသည္။ သူ႔အေပၚေရာက္ေတာ့ ကူးကူးက လည္ပင္းကိုဖက္ထားရင္း
တၿပံဳးၿပံဳး ေတြ့တဲ့သူ႔ကို လိုက္ရယ္ျပေနတာမို႔ အရင္လို ေအးတိေအးစက္ ရနံ႔ကူးမဟုတ္ေတာ့တာကို လက္ခံမိေတာ့သည္။
ၿခံဳႏြယ္တခ်ိဳ႕ကို ဓားပါတဲ့ အမ်ိဳးသားမ်ားကခုတ္ထြင္ၾကၿပီး အမ်ိဳးသမီးမ်ားကေတာင္းႏွင့္သယ္ယူကာ စုပံုပစ္ေပးၾကသည္။
စာသင္ခန္းအတြင္ လွည္းက်င္းသန႔္ရွင္းေစၾကၿပီး
တစ္ေက်ာင္းလံုး လူအင္အားညီညီျဖင့္သန႔္ရွင္းၾကရာ ေနခင္းမြန္းမတၫ့္မွီ ၿပီးစီးေတာ့သည္။
" လာၾကေဟ့ ။ ဒီမွာ အေမာေျပ သံပရာရည္ေလး လာေသာက္ၾက"
ရြာထဲက လူႀကီးတစ္ေယာက္၏ ေအာ္သံေၾကာင့္ ညခ်မ္းေအး တစ္ေယာက္ ကူးကူးႏွင့္ အမိႈက္ရွင္းကူးေနရာမွ ေခါင္းေထာင္ၾကၫ့္မိရာ လက္ေကာက္ဝတ္အထက္နားထိေခါက္တင္ထားေသာ အညိုရင့္ေရာင္
ခ်ည္ၾကမ္းအက်ႌဝတ္ဆင္ထားသၫ့္ စံုသာၿမိဳင္ကိုေတြ့လိုက္ရသည္။ ဆန္တင္ဘာညာ လာေလ့ရိွေသာ
Light truck အျဖဴေရာင္ေနာက္ၿမီးတြင္ေရခဲပံုးကဲ့သို႔
ပံုႀကီးႀကီးသံုးပံုးက အဆင္သင့္။
အမ်ားၾကားမွာ ရွည္ထြက္ေနသၫ့္အရပ္ႀကီးက
ထူးထူးဆန္းဆန္းျဖစ္ေနေပသည္။ မရယ္မၿပံဳး မ်က္ႏွာထားေၾကာင့္ ပို၍ လူရိွန္စရာေကာင္းေသာ္ျငား
အမ်ားသူငွာကေတာ့ ထိုပံုက ျမင္ေနက်ျဖစ္ပံုရကာ
မည္သူမွာ ေၾကာက္ရြံ႔မေနၾကေပ။
"ဆရာညခ်မ္းေအး ဆိုတာလားဗ် "
ကူးကူးကို လက္ဆြဲကာ သူ႔ဆီ သြားမဲ့ေျခလွမ္းေတြသည္
ႏႈတ္ဆက္သံေၾကာင့္တန႔္ခနဲျဖစ္ကာသြား၏။
"ဘယ္သူလဲမသိဘူးဗ် "
သူလွၫ့္ၾကၫ့္လိုက္တဲ့အခ်ိန္မွာ တီရွပ္ အဝါေရာင္ေဖ်ာ့ေဖ်ာ့ကို ပုဆိုးျဖင့္တြဲဝတ္ထားတဲ့လူတစ္ေယာက္။ ေခြၽးအနည္းငယ္စို႔ေနရံုမက လက္ကေပေနတဲ့ဖုန္မ်ားေၾကာင့္ လုပ္အားေပးတဲ့သူထဲက ဆိုတာ မွားစရာမလို။
" ကြၽန္ေတာ္ အလယ္တန္းျပအျဖစ္တာဝန္ယူရမဲ့
ဆရာ ဉာဏ္ခန႔္ေသာ္ပါ "
"အာ .. ဟုတ္ကဲ့ဆရာ ။ တာဝန္က် ဆရာဆရာမေတြ မနက္ဖန္ေလာက္မွေရာက္မယ္ထင္တာ။ ဆရာ ဉာဏ္ခန႔္ေသာ္က ေစာေရာက္တာလားဗ် "
" ဟုတ္ကဲ့ မေန့ညေနကပဲေရာက္တယ္ဗ်။ "
" ဟုတ္လား။ အဆင္မေျပလို႔ လိုအပ္တာရိွလည္း
ေျပာပါဗ်၊ ကြၽန္ေတာ္က ရြာခံဆိုေတာ့ အနည္းနဲ႔အမ်ားေတာ့ ဆရာဉာဏ္ခန႔္ေသာ္ ကို ကူညီေပးႏိုင္မွာပါ"
" ေက်းဇူးပါဆရာညခ်မ္း ေအး။လိုအပ္လာရင္ အကူညီေတာင္းဖို႔ေျပးလာရ ေတာ့မွာပဲဗ်ာ "
တစ္ဖက္လူကလည္းရည္ရည္မြန္မြန္မို႔ အေပါင္းအသင္းရွားတဲ့ညခ်မ္းေအးလည္း ခ်က္ခ်င္း ခင္မင္ကာ စကားေတြေတာ္ေတာ္မ်ားမ်ားေျပာျဖစ္ၾက၏။
" ဦးဦး "
" ဟြန္.. အကူး "
စကားေကာင္းေနရာမွ ကူးကူးေခၚသံေၾကာင့္ငံု႔ၾကၫ့္မိေတာ့
" ဟိုမွာ ေဖႀကီး ျပန္ေတာ့မယ္ထင္တယ္"
ထိုအခါမွ သတိရကာ လွမ္းၾကၫ့္စဉ္
စူးနင့္ေနၾက အၾကၫ့္ေတြက ညခ်မ္းေအးဆီမွာ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္။
ၿပီးေနာက္ခ်ာခနဲလွၫ့္ထြက္သြားတဲ့ေျခလွမ္းေတြက ပံုမွန္ထက္ျမန္ေနသလို။
ဘာျဖစ္သြားတာလဲဟုမေတြးမိခင္ သူစီးေနၾက ပါရာဒိုေပၚတက္ၿပီးေမာင္းထြက္သြားတာခ်က္ခ်င္းျဖစ္သည္။
သူကားထြက္သြားၿပီးမၾကာ ခ်စ္ထြန္းေရာက္လာ၏။
" ကူးကူး .. နင့္အေဖက ျပန္ခဲ့ေတာ့တဲ့။ အလုပ္လည္းၿပီးၿပီဆိုေတာ့ ဆရာေလးေရာ တစ္ခါထဲျပန္လိုက္ခဲ့ပါေတာ့လား"
သူေခါင္းမညိတ္မိခင္ ကူးကူးက လက္ကိုအတင္းဆြဲေခၚကာ
" လာ ဦးဦး ။ အကူးတို႔ျပန္ရေအာင္ ။ ဦးထြန္းကားက ပစၥည္းေတြတင္ေနၿပီ ။ ကူးကူးတို႔မမွီပဲေနမယ္"
ေဖ်ာ္ရည္ေတြလာပို႔တဲ့ကားေပၚ ညခ်မ္းေအးေရာက္တဲ့အထိ စိတ္ထဲ ကိုစံု ဘာလို႔ စိတ္ဆိုးေနတဲ့ပံုေပၚေနရတာလည္းဆိုတာ မမွန္းမိေပ။
ေတြးရင္းႏွင့္ အိမ္ျပန္ေရာက္ေတာ့မွ ဆရာဉာဏ္ခန႔္ေသာ္ကို မႏႈတ္ဆက္ခဲ့ရမွန္းသတိရေတာ့၏။
_____
အခ်ိန္အားျဖင့္ ေဝလီေဝလင္း။
ေနေရာင္ျခည္မသဲကြဲေသးတဲ့အခ်ိန္ဆိုေပမဲ့ ညခ်မ္းေအးကေတာ့ ႏိုးေနၿပီျဖစ္သည္။
အိမ္ေနာက္ေဖးေရကန္မွာ မ်က္ႏွာသစ္ေနတုန္း တစ္ဖက္ၿခံကိုကူးတဲ့ မလြယ္ေပါက္တံခါးက ပြင့္လာ၏။
ထိုမလြယ္ေပါက္ကေန ျဖတ္ကူးကာဝင္လာတဲ့သူကေတာ့
ကိုစံုသာၿမိဳင္သာျဖစ္ေလသည္။
မနက္ေစာေစာ မို႔ ကိုယ့္ဖက္ကလည္း ဘာဆက္ေျပာရမလဲ ေမ့ကာ မ်က္ႏွာသစ္ရင္း အေၾကာင္သားေမာ့ၾကၫ့္မိကာ ဆပ္ျပာျမဳပ္တို႔ကာ မ်က္လံုးထဲဝင္သြားတာေထြးခနဲ။
"အား စပ္လိုက္တာ "
ညည္းၫူရင္း ဇြတ္ပြတ္ပို႔ျပင္လိုက္တဲ့လက္ေတြကို ဆြဲတားလိုက္တာ အလ်င္စလိုသာ ။
" ဘာလို႔ဇြတ္ပြတ္ေနတာလဲ။ ေနအံုး။ ဒါေရနဲ႔ေဆးခ်မွရမွာ "
အသက္ရူေငြ့ဖြဖြနဲ႔အတူ ေရေအးေအးက မ်က္ႏွာေပၚမွာ ညင္သာစြာ ပတ္ျဖန္းလာသည္။ လက္ႏွင့္ေဆးခ်ေပးေနသၫ့္မ်က္ႏွာေပၚက ဆပ္ျပာအကြၽင္းအက်န္သည္ မၾကာခင္သန႔္ရွင္းသြားပံုရကာ မ်က္လံုးက ဖြင့္လို႔ရလာ၏။
ထိုအခါရွင္းလင္းစြာျမင္လာရေသာ အျမင္အာရံု မွာ
စံုသာၿမိဳင္ဆိုသၫ့္အႏွီေယာက္်ား၏ပံုရိပ္သည္
ခန႔္ထည္စြာေပၚလာ၏။ မ်က္ခံုးေဘးက ျပတ္ရွထားသၫ့္အမာရြတ္ ေၾကာင့္ အၿမဲ စူးရဲခတ္ထန္ ေနေသာမ်က္ႏွာမွာ စိုးရိမ္ေနြးေထြးသၫ့္ အၾကၫ့္တို႔ဖံုးလႊမ္းေန၏။ မ်က္ဝန္း၏အၾကည္ေရာင္ပါးပါးမွာေနြးေထြးလြန္းလွပါ၏။
ဖ်တ္ခနဲ ႏွစ္ေယာက္အတူအၾကၫ့္စံုမိစဉ္မွာ
ေျပာင္းလဲသြားတဲ့အၾကၫ့္ေတြက ပံုမွန္လိုပင္ ေျပာင္းလဲသြား၏။
ထိုအျပင္ မ်က္ႏွာေပၚက လက္ေတြသည္ဖယ္ရွားသြားကာ လူကလည္းေဘးမွာ ထရပ္ကာ ေက်ာခိုင္းသြားတာ ခ်က္ခ်င္းပင္။
" က်ဳပ္ စံပယ္ပန္းလာေကာက္တာ ဘုရားပန္းကပ္ဖို႔။
ေစာေသးတယ္ထင္တယ္။ ေနပြင့္မွ ခ်စ္ထြန္းလႊတ္လိုက္ေတာ့မယ္"
မလြယ္ေပါက္တံခါးသည္ျပန္ပိတ္သြားသည္။
တိတ္ဆိတ္သြားေသာလႈပ္ရွားမူ႔ႏွင့္အတူ
ညခ်မ္းေအး ၏ စိတ္ႏွလံုးအိမ္သည္လည္း ေဘာင္ဘင္ခတ္ေနရာမွာ တျဖည္းျဖည္းတည္ၿငိမ္သြား၏။
မသက္ဆိုင္ၾကတဲ့ႏွလံုးအိမ္ရဲ့တံခါးေပါက္ေတြပိတ္ပင္ထားတာ ၿမဲျမံစြာပင္။
တီးေခါက္မဲ့သူမရိွပဲ ဖြင့္ေပးမဲ့သူလည္းရိွမည္မဟုတ္။
အဘယ္ေၾကာင့္ အၾကၫ့္တစ္ခ်က္ျဖင့္ ရင္ခုန္ရသနည္း။ မလႈပ္ရွားႏိုင္တဲ့ ႏွလံုးအိမ္သည္ တဆတ္ဆတ္ခုန္ေနတာ အဘယ္ေၾကာင့္နည္း။
_______
"ကူးကူးေရ ။ ဟိုမွာ မတၫ့္တာေတြမစားရဘူးေနာ္ "
"ဟုတ္"
လိုအပ္တာေတြထၫ့္ေပးရင္း စိတ္ပူမိတာ ကိုယ့္သားသမီးအရင္းလို။
တတြတ္တြတ္မွာရင္း ေက်ာင္းစိမ္းအျဖဴေလးႏွင့္ ခ်စ္စဖြယ္ ကူးကူးကို သနပ္ခါးညီေအာင္လည္းျခစ္ေပးေနမိသည္။
ကေလး၏ ပထမဦးဆံုးေက်ာင္းတက္ရက္။
အေဖလုပ္သူက ခရီးထြက္သြားတာ တစ္ပတ္နီးပါးရိွလုၿပီ။ ျပန္မလာေသးသလို ဖုန္းဆက္တာကလည္းရံဖာရံခါ။ ကေလးက စကားနည္းလို႔သိပ္မေျပာေပမဲ့
ငယ္လြန္းတဲ့သားသမီးကိုထိုမ်ွပစ္ထားဖို႔ေတာ့မေကာင္းဘူးထင္သည္။ ကေလးက သူ႔ဆီမွာမအိပ္ရံုတမယ္ေနေလသည္။ စားလည္းဒီမွာေရခ်ိဳးလည္းဒီမွာ။ ကိုယ့္မွာ အေမလံုးလံုးျဖစ္ေနရတာေတာ့မတရားေပ။
အေတြးထဲၿမိဳ႔ေပၚမွာ သူေဌးမင္းအျဖစ္ လူေတြရဲ့ၾကားမွာ ဂရုစိုက္ခံရမဲ့သူကိုေတြးမိေတာ့ စိတ္ထဲမေက်နပ္လာတာအလံုးလိုက္အရင္းလိုက္။
" ကူးကူး သမီးေဖႀကီး ျပန္မလာေသးဘူးတဲ့လား"
မၾကာမၾကာေမးမိတဲ့ေမးခြန္းကို ျပန္ေမးမိစဉ္ ပူေလာင္သြားတဲ့မ်က္ႏွာက မီးစႏွင့္ထိုးလိုက္သလိုပင္။
ရွက္ေပမဲ့လည္းသိခ်င္တာေၾကာင့္ ကူးကူးအေျဖကို ဆိုင္းငံ့ေနမိစဉ္ ကူးကူးက တခစ္ခစ္ရယ္လာ၏
"ေဖႀကီးကေနာက္သံုးရက္ေလာက္ေနရအံုးမယ္တဲ့။ ဘာလဲေဖႀကီးကို လြမ္းေနလို႔လား"
" မလြမ္းပါဘူး။ ကူးကူးေဖႀကီးက မ်က္ႏွာထားတည္ႀကီးနဲ႔ေၾကာက္စရာေတာင္ေကာင္းေသးတယ္"
" ဦးဦးညာေျပာရင္ ငရဲႀကီးတယ္ေနာ္။"
လက္ညိုးေလးေထာင္ကာ ေျပာလာတဲ့ကူးကူးက တကယ္ခ်စ္စရာေလးပင္။ညခ်မ္းေအးသည္ ရယ္ခ်င္ဟန္ျဖင့္သာ တကယ္ ဟု ေျပာလိုက္ေပမဲ့
ကူးကူး၏ ဦးဦးေတာ့ တကယ္ငရဲႀကီးေတာ့မွာပဲဟူေသာ စကားေၾကာင့္ မ်က္ႏွာနီနီမွာေဖ်ာ့ပင္မလာေတာ့ပင္။
တကယ္ကို သူ သတိရေနတာ ျဖစ္ေလသည္။
( ႏွစ္ရက္ကေန သံုးရက္ၾကာလာရင္ အရမ္းမေမ်ွာ္ၾကပါနဲ႔ေနာ္ ။ ေျပးလိုက္လႊားလိုက္ ဂ်ပန္ေခတ္လင္ငယ္ေနရသလိုပဲဆို ေတာ့ တအားေနာက္ဆံတင္းရလို႔ပါ။ ဟိုေနရာက ဒုန္းခနဲ၊ဒီေနရာကဒိုင္းခနဲနဲ႔ပဲ။ တစ္ခါတစ္ေလ သစ္ပင္ခြၾကားမွာ ဝပ္ေနရတာ ျပားျပားကိုကပ္လို႔ပဲ )
Bạn đang đọc truyện trên: ZingTruyen.Xyz