ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
13
" ဟဲ့ အဲ့ဒါ ချမ်းသာဆန်စက်ပိုင်ရှင်တဲ့ "
"ဟုတ်လား ငယ်သေးတာပဲ။ ဒါပေမဲ့ ခြေတုတပ်ထားတယ်နော်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတဖြစ်တာ သနားစရာတော့ကောင်းသား"
" သူ့ကိုသနားရမှာမဟုတ်ဘူး။ နင့်ကိုယ်နင်သနားရမှာသိလား။ ဟိုက ရွှေတွင်းအောင်ထားတဲ့သူဌေး၊ သူ့မှာ ရွှေအချိန်ဘယ်လောက်ရှိသလဲဆိုတာတောင် မသိနိုင်တာ "
ပြောနေကြတဲ့အသံတွေက ခပ်တိုးတိုးဆိုပေမဲ့
စားပွဲဝိုင်းက ကပ်ရပ်မို့ စံပယ်ဖြူ ကြားနေရသည်။
သူလှမ်းကြည့်လိုက်တဲ့အခါ စားသောက်ဆိုင်ရဲ့ထောင့်တစ်နေရာမှာ လူသုံးလေးယောက်ဝိုင်းဖွဲ့ကာ စကားပြောနေကြသည်။ စားသောက်ဖို့လာတယ်ဆိုပေမဲ့ လုပ်ငန်းရှင်တွေတွေ့ဆုံကြတဲ့ပုံမျိုး။
ထိုစားပွဲဝိုင်းထဲက ကောင်မလေးတွေအတင်းပြောနေကြတဲ့သူဟာ ဘယ်သူလဲဟုမေးစရာမလို မျက်နှာချင်းဆိုင်ခုံမှာထိုင်နေတဲ့တစ်ယောက်။ ပုဆိုးနဲ့ဖြစ်ပေမဲ့ ခြေတုတစ်ဖက်က သိသာနေသည်။
စံပယ်ဖြူ အတွက် ကျေနပ်သွားစရာရုပ်မျိုးမဟုတ်ပေမဲ့
ချမ်းသာဆန်၊ဆီတံဆိပ်က ပြည်တွင်းစားသောက်ကုန်အဖြစ် လက်ညိုးထိုးမလွှဲဆိုင်တိုင်းမှာနေရာယူထားလေသည်။ ပြီးတော့ရွှေတွင်းသူဌေးဆိုပါလား။
အနီရင့်ရင့်ဆိုးထားတဲ့နှုတ်ခမ်းကိုမဲ့ကာ ထိုသူ့ကို စံပယ်ဖြူစိုက်ကြည့်လိုက်မိသည်။
စံပယ်ဖြူက ချမ်းသာတဲ့သူကို မက်သည်။
ထို့အပြင် မရှုပ်မရှင်း ဟိုလိုလိုဒီလိုလိုထားတဲ့ရည်းစားတွေလည်းရှိသေးသည်။
တကယ်အတိအကျချမ်းသာတဲ့ ယောကျာ်းမျိုးတွေ့လာရင် အီစီကလီအကုန်လုံးကို လက်လွတ်မယ်လို့ ကြုံးဝါးထားပေမဲ့ လာလိုက်တဲ့သူတွေက စင်ပေါ်မှာ ဘုရင်မလို ထားမဲ့သူမပါ။ အခန်းတစ်ခုထဲမှာ တွန်းထိုးဝှက်ထားမဲ့သူမျိုးတွေချည်းပဲမို့ စံပယ်ဖြူ ခေါက်ခဲ့ရတာများနေသည်။
"မဟုတ်ဘူး ကိုစိုး ။ ကျုပ်ဒါပြီးရင်ပြန်တော့မှာ
ဘီယာတော့မလုပ်နဲ့ ။ အစားအသောက်နဲ့ပဲကျုပ်အဆင်ပြေတာ "
"ပြန်တာလည်းပြန်ပေါ့။ ဒါပေမဲ့ ဒီနေ့တော့မပြန်နဲ့အုံး။ ဒါပြီးရင် တစ်နေနေရာမှာ ခင်ဗျားအတွက်သီးသန့်ပြုစုဖို့ ကလေးမလေးတစ်ယောက်ရှာထားတယ်။ သောက်ရင်းစားရင် သုခဘုံကို ခံစားလိုက်ပါအုံး"
ကိုစိုးစကားကြောင့်စုံသာမြိုင်မျက်နှာရဲခနဲ။
သို့သော် သူခေါင်းရမ်းပြမိသည်။
" မလုပ်ပါနဲ့။ ကျုပ် ဒါတွေစိတ်မဝင်စားဘူး"
" ယောကျာ်းတွေချည်းပဲရှက်စရာမှမဟုတ်ဘူး။
ဒီဝိုင်းထိုင်နေတဲ့ကောင်တွေ အိမ်မှာ သီးသန့်စားပွဲရှိပေမဲ့ လမ်းမှာ အစာပြေတော့ နှိုက်စားသွားကြတဲ့ကောင်တွေချည်းပဲ။ ခင်ဗျားကမှ လူလွတ်သေးတယ်"
စီးပွားရေးလောကမှာဒါတွေကင်းလွတ်တဲ့သူကခပ်ရှားရှား။
ရှားတဲ့အထဲမှာ စုံသာမြိုင်က နာမည်ကြီး ဖြစ်သည်။
အသောက်အစား ဆိုပြီး ထိုင်လိုက်တိုင်း လူမြင်ကွင်းနေရာမှာဖြစ်သည်။ ပြီးတော့ သူတို့ကိုသာ
သောက်စေကာ သူကတော့ အစားတစ်လိုင်းသီးသန့်။
" လူလွတ်ပေမဲ့ ကျုပ်မှာ ပြန်ကြည့်ရမဲ့သမီးရှိတယ်။
ဒီလောကမှာ စီးပွားရေးသမားတွေ ခြေချင်းလိမ်နေတာသိတယ်။ စကားပြောတိုင်း မပါမဖြစ် သောက်ကြတာကိုလည်းကျုပ်နားလည်တယ်။ ဒါပေမဲ့ မူးယစ်ဆေး ဆိုတဲ့ ပျော်ပါးယစ်မူးစေတဲ့အရာတွေ ကျုပ်အကုန်ရှောင်တယ်။ ကျုပ်မှမဟုတ်ဘူး ၊ကျုပ်နဲ့အနီးကပ်ဆုံးနေတဲ့ တပည့်တွေကအစ ရှောင်ခိုင်းတာ။ ကျုပ်စပြီး
လောကကို အမြင်သစ်နဲ့ ကြည့်ဖို့ ကြိုးစားတုန်းက
ကျုပ်အသက် ၁၄နှစ်ပဲရှိသေးတာ။ မိဘမရှိသလို ဆူဆုံးမမဲ့သူလည်း မရှိဘူး ။ ငွေမရှိတာကြောင့် အမျိုးတွေကအစ ပြန်ကြည့် ပေးမဲ့သူမရှိခဲ့ဘူး။ အဲ့ဒါကြောင့် ကျုပ် ရွာကနေထွက်ဖို့ ကြံခဲ့တာ ။ ကျုပ်နဲ့ တစ်ခါတစ်လေ ပါလာတက်တဲ့ ချစ်ထွန်းဆိုတဲ့ကောင်က အဲ့တုန်းက ၁၁နှစ်ပဲရှိ သေးတာ ။ အဲ့အရွယ်လေးနဲ့ကျုပ်နောက်ကို မျက်စိမှိတ်လိုက်ခဲ့တဲ့ကောင်။ခုထိ ကျုပ်နဲ့အတူရှိနေတုန်းပဲ။ ကျုပ်မှာ အုပ်ချုပ်ရတဲ့ ဝန်ထမ်းတွေ အများကြီးပဲ။ ပြီးတော့ကျုပ်မျက်နှာကြည့်ပြီးနေတဲ့ တပည့်တွေ ။ အကုန်လုံး ကျုပ်သာ အနေအထိုင်မတက်ရင် အုပ်ချုပ်လို့ရမယ်ထင်လား။ ကျုပ် ဒီခြေထောက်ဖြတ်ပစ်ခဲ့ရတဲ့အချိန်မှာ ကျုပ်အသက် ၂၀ ကျော်ပဲရှိသေးတယ်။ အဲ့ဒီအချိန်တုန်းက ကျုပ်လုပ်နေတဲ့ ရွှေတွင်းက ရွှေအောင်နေတဲ့အချိန်။ ပိုင်ရှင်ဖြစ်တဲ့ကျုပ်က ရွှေတွင်းမှာကျောက်မိုင်းခွဲရင်း မတော်တဆ ဒုက္ခိတဖြစ်လာတဲ့အချိန်ပဲ။
။ လူတွေဒုက္ခရောက်ရင် လူကောင်း၊လူဆိုးခွဲခြားနိုင်ပြီဆိုတဲ့စကားက သိပ်မှန်တယ်။ "
" ကျုပ်ဆေးရုံမှာရှိနေတုန်း ခြေတောက်တစ်ဖက်မရှိတော့ဘူးဆိုပြီး သိလိုက်တဲ့အချိန်မှာ ကျုပ်ဘယ်လောက် စိတ်ဓာတ်ကျခဲ့တယ်ထင်လဲ ။ ရွှေအင်းကိုလည်း မပြန်ချင်သလို လူတိုင်းရဲ့မျက်နှာကိုလည်း မကြည့်ချင်ခဲ့ဘူး ။ "
ငစုံဆိုတဲ့ကောင်လေးအတွက် ထိုနှစ်က အတော်လေး
စိတ်ဓာတ်ပျက်ပြားစေခဲ့တဲ့အချိန်ဖြစ်ခဲ့ဖူးသည်။
သူခြေတောက်ကိုငုံ့ကြည့်ပြီး တိတ်တဆိတ်ငိုခဲ့ဖူးသလို၊ မတ်မတ်မရပ်နိုင်တော့တဲ့ခြေလှမ်းတွေဟာ ပြန်မတွေးချင်ခဲ့တဲ့နာကျင်မူ့တွေသာဖြစ်သည်။
"ကျုပ်အားကိုးတဲ့ကျုပ်တပည့် ချစ်ထွန်းဆိုတဲ့ကောင်က ကျုပ်ဖြစ်တော့ သူ့အသက်၁၈နှစ်တောင်မပြည့်သေးဘူး ၊ မအိပ်မနေ ကျုပ်ရွှေအင်းကို ကျုပ်မရှိစဉ်တစ်ရွေးသားတောင် မလျော့အောင် ကြိုးစားနိုင်နေပြီ။ နောက်ပြီး ကျုပ်နဲ့အတူနေရင်း ကျုပ်ခိုင်းရအောင်ခေါ်လာတဲ့ လူမိုက် ဘမှောင်ဆိုတဲ့လူက လက်မရွံ့လူသတ်ရဲတဲ့သူ။ ကျုပ်နားမှာရှိနေတဲ့သူတွေအကုန်လုံး ပညာတက် ဘွဲ့ရတစ်ယောက်မှမပါဘူးဗျ။ ဒါပေမဲ့ အဲ့ဒီလူ အကုန်လုံးကျုပ်ဒုက္ခရောက်တော့ ကျုပ်ရွှေတွင်းကို တစ်ချက်တောင် လက်ဖျားနဲ့မတို့ဘူး။ သစ္စာတရားဆိုတဲ့အသိကအဲ့ဒါပဲ။ ကျုပ်နေကောင်းသွားတော့ ရွှေတွင်းက ရွှေက
တအားအောင်နေပြီ။ ခြေတုနဲ့အသားမကျတာကြောင့်
အင်းထဲက တဲမှာ ထိုင်ပြီး အလုပ်လုပ်နေတဲ့ သူတွေကို ငေးနေရတဲ့အချိန်မှာ ကျုပ် အင်းမှာ အလုပ်လုပ်တဲ့ ဟိုးအောက်ခြေက သူတွေကအစ အလုပ်ကိုပိုတိုးလုပ်နေကြတာကိုတွေရတယ်။"
သူ့စကားကို စိတ်ဝင်တစားငေးကြည့်နေတဲ့သူတွေကို မေးငေါ့ကာ
" အဲ့မှာ ဘာသိလိုက်လဲ သိလား။ ကျုပ် စိတ်ဓာတ်ကျလို့မရဘူးဆိုတဲ့အသိဗျ။ အဲ့အသိဝင်လာတာ။
ကျုပ်အသက်နှစ်ဆယ်နဲ့ ကျုပ်နားမှာ ရှိတဲ့သူတွေကို
အကောင်းဆုံးအုပ်ချုပ်နိုင်ခဲ့တာ ကျုပ်တောင်မှော်အင်းကို စရောက်ကတည်းက နေခဲ့တဲ့ အနေအထိုင် ၊ပြောခဲ့တဲ့ စကားကြောင့်ပဲ။ ကိုယ်နှုတ်အမူအယာကို ပျက်ပြားစေမဲ့ အရာတွေမှန်သမျှ ကျုပ်တစ်ခါလေးတောင်မှ မကျူးလွန်ဖူးဘူး။ အင်းအောင်ပြီးပြန်တော့ လည်း ကျုပ်ဘေးမှာ သစ္စာရှိရှိနေခဲ့တဲ့အလုပ်သမားတွေအကုန်ပြန်ခေါ်ချပစ်ခဲ့တာ။ တောင်မှော်ရွာမှာရွှေလုပ်ကွက်တွေပိတ်လိုက်တော့ လုပ်ကိုင်စားဖို့လက်လုပ်လက်စားတွေအကုန် ဒုက္ခရောက်တော့တာပဲ ။ ကျုပ်သာ မကယ်ရင် သူတို့တွေခုလို သက်တောင့်သက်သာနေဖို့ အဆင်ပြေတော့မှာမဟုတ်ဘူး။ တောင်မှော်အင်းကနေအပြန်မှာ ကျုပ်နဲ့ပါလာတာတဲ့ အလုပ်သမား ၆၈ယောက်ရှိတယ် ။ အကုန်ကျုပ်ခေါ်ချလာခဲ့တာပဲ။ ခုထိ အဲ့၆၈ယောက် တစ်ယောက်မှ ကျုပ်လက်အောက်ကနေ မထွက်သွားကြသေးဘူး။ ဆန်စက်ရော ၊ဆီစက်ရော ကျုပ် သွားကြည့်ဖို့ မလိုဘူး ။ သူတို့အကုန်လက်လွဲလို့ရတယ်။ ကျုပ်ပြောချင်တာက ခင်ဗျားတို့ကို စော်ကားလိုစိတ်မရှိဘူးနော် ။ "
"ဟာ အချင်းချင်းပြောစရာလိုသေးလားဗျာ။ ခင်ဗျားရဲ့ နည်းစနစ်တွေ မျှဝေပေးလို့ကျုပ်တို့ကတောင် ကျေးဇူးတင်ရအုံးမှာပါ။ ဒါပေမဲ့ဗျာ .. ကျွန်တော်က
ဒါတစ်လိုင်းဆိုတော့ လျော့မရတာ အခက်သားဗျာ"
အရက်ကြိုက် ကြောင်းလက်မနဲ့ နှုတ်ခမ်းကိုတေ့ပြတာမို့ အားလုံးအရယ်ရယ်အမောမော။
တစ်ခါမှရှည်ရှည်ဝေးဝေးမပြောဘူးတဲ့ စုံသာမြိုင်ဟာ စကားတွေပြောပြီးမှာ သောက်ရေတစ်ခွက်ကို တစ်ငုံသောက်ကာ အနားယူလိုက်သည်။
ခုလာတဲ့ အကြောင်းမှာလည်း ဆီပုံးတွေပျောက်တဲ့အလုပ်ရုံမှာ ဘမှောင်ကြီးကြပ်နေတာ အတော်ကြာနေတာကြောင့် စိတ်ချရတဲ့ အလုပ်သမားတချို့နှင့်လဲပေးရန်ဖြစ်သည်။ တာဝန်ခံဆိုတဲ့ ဘွဲရဝန်ထမ်းအကြောင်းတွေးမိတော့ ငစုံ နှုတ်ခမ်းတွန့်ကာ ပြုံးမိတော့မတက်။ အကျင့်သီလသစ္စာမှာ ပညာတက်ရုံနှင့်မပြီးဆိုတာ သူလက်ခံသွားပြီဖြစ်သည်။ သူ့မှာ အမြို့မြို့အနယ်နယ် ဆီပွဲရုံဆန်ပွဲရုံတွေ ထားထားတာရှိသည်။ တချို့ဆိုင်တွေမှာ
တာဝန်ခံ တွေခန့်အပ်ထားတာရှိပေမဲ့ အနည်းငယ်
ဖြတ်စားလက်စားတွေကလည်းရှိသေးသည်။
အကုန်လုံးကို သူလှည့်မကြည့်နိုင်ဘူးဆိုပေသည့် ဘမှောင်ကတော့ နယ်လှည့် လိုက်စစ်ဆေးတက်သည်။
" ကိုစုံ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်တာမြင်တော့ အမှန်အတိုင်း ပြောရင် ကျုပ်နည်းနည်းတော့မနာလိုမိတယ်ဗျာ။ ခုလို ခင်ဗျားရှင်းပြတော့လည်း အမှန်ဖြစ်နေတော့လည်းခက်သား။ လူအများစုက ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြဘူး။ ကျုပ်အပါအဝင်ပေါ့ဗျာ "
စကားဝိုင်းက စီးပွားရေးအကြောင်းကနေသွေဖယ်လာတော့ စုံသာမြိုင် ထပ်မံဝင်မပြောတော့ပေ။
သူ့ဘဝမှာ အရက်ကြောင့် အမှားကြီးမှားခဲ့ဖူးသည်။
သူအသိတရားဝင်လာခဲ့တဲ့အချိန်မှာ လေးလောင်းပြိုင် လူသတ်မူ့ဆိုတဲ့ အမူ့တစ်ခုမှာ ပါဝင်ပတ်သက်မိသွားပြီဖြစ်သည်။ သေတဲ့အထိ ထောင်ထဲမှာ ကုန်ဆုံးရတာ တွေးမိသွားတော့ မျက်လုံးကိုအလန့်တကြားမှိတ်မိသွားသည်အထိ ။
_________
"ကဲ ပြောပါအုံး...ဒါကဘယ်လဲ"
လွယ်ထားတဲ့ပိုက်ဆံအိတ်ပေါက်စကို လွင့်ပစ်ကာ
အဒေါ်ဖြစ်သူကို စံပယ်ဖြူ ညူစူကာ ကြည့်လိုက်သည်။ ခိုးဝှက်ထွက်လို့လည်းမရပါလား။ နေရာတကာပွားလွန်းလို့ အန်တီငယ်နဲ့ စံပယ်ဖြူက လုံးလုံးမှမတည့်။
" အန်တီငယ်နေရာတကာလိုက်ပါနေတာ မငြီးငွေ့သေးဘူးလား "
" ပါသင့်ရင်ပါရမှာပေါ့။ အချိန်ကိုကြည့်အုံး မိန်းမငယ်လေး အပြင်ထွက်ရမဲ့အချိန်လား။ ဝတ်ထားတာလည်းကြည့်လိုက်ပါအုံးဟယ်။ အဝတ်အစားကို ဒီထက် လုံလုံခြုံခြုံဝတ်လို့မရဘူးလား"
"ကိုးနာရီပဲရှိသေးတယ် ။ အန်တီငယ် မသိချင်ယောင်ဆောင်နေလို့မရဘူးလား။ ဖြူအရွယ်ရောက်နေပြီးသားမိန်းကလေးတစ်ယောက် နော်"
တစ်အိမ်လုံး သူရှာကျွေးနေရတယ်ဆိုတဲ့အကြည့်ဖြင့် အဒေါ်ဖြစ်သူကိုလည်းမခန့်။
" ဒီမှာ ဖြူလေး။ ညည်းဘာသာ ဘယ်အရွယ်ရောက်ရောက် ငါမျက်စိထဲမှာ ညည်းကကလေးပဲ။
ညည်းအခု ကိုမြင့်မြတ်နဲ့ တွဲနေတာဆိုတဲ့သတင်းတွေကြားနေရတယ် အမှန်လား "
ဦးမြင့်မြတ်အကြောင်းကြားတော့စံပယ်ဖြူမျက်နှာပျက်သွားသည်။
ဖြူဘာလုပ်နေနေ အန်တီငယ်တို့ကိုတော့ပြန်မသိစေချင်တာအမှန်ပင်။
" စံပယ်ဖြူ ၊ ကိုမြင့်မြတ်က မိန်းမရှိတယ်ဆိုတာ နင်သိတယ်မို့လား။ နင့်ဘယ်လိုတောင်..."
" သူ့မိန်းမနဲ့က ကွဲတော့မှာပါ အန်တီငယ်ရာ။
ဖြူဘာလုပ်နေတယ်ဆိုတာသိပါတယ်။
အန်တီငယ်သာနေရာတကာ ဝင်မပါနဲ့။ ဖြူအရမ်းစိတ်ပျက်နေပြီသိလား"
ပြောပြောဆိုဆို အိတ်လွယ်ကာ ထထွက်သွားတာချက်ချင်း။
အိမ်မှာ အဒေါ်ဖြစ်သူ ဘယ်လိုကျန်ခဲ့သလဲ မသိတော့။
စိတ်ထဲ မကျေနပ်တာရော ၊ ဦးမြတ်အကြောင်းပြန်မတွေးချင်တာရောကြောင့်မွေးနေ့ပွဲရောက်တော့
ဘီယာတစ်ခွက်ကိုသာအရင်ဆုံးကောက်မော့မိသည်။
"ဘယ်လိုလဲဖြူ။ ဘာတွေခံစားနေတာလဲ "
ဘေးနားလာထိုင်တဲ့ ဟေမန်ဆိုတဲ့သူငယ်ချင်းမကြောင့် အိတ်ထဲက ထည့်ယူလာတဲ့ မွေးနေ့လက်ဆောင်ဘူးကို ထုတ်ပေးကာ
" ရော့ မွေးနေ့လက်ဆောင်။ ရောက်ရောက်ချင်းနင့်ကိုအရင်ရှာရမှာကို စိတ်ညစ်နေလို့ဝင်သောက်လိုက်တာ "
ဟေမန် နှုတ်ခမ်းတွန့်ပြကာ
" ကိစ္စမရှိဘူး အေးဆေးပေါ့။ ဟို့မှာ ငါ့ဘဲ ရောက်နေလို့ ခဏ သွားအုံးမယ်။ ပြန်လာခဲ့မယ် သူငယ်ချင်း ။ အေးဆေး သောက်နှင့်"
ဟေမန်ထသွားတဲ့နေရာကို ကြည့်မိတော့
ခပ်ပြည့်ပြည့်ယောကျာ်းတစ်ယောက်နဲ့အတူ ဟိုတစ်နေ့က တွေ့ခဲ့တဲ့ စုံသာမြိုင်ဆိုတဲ့ယောကျာ်း ။
နှုတ်ဆက်နေတာတွေ့ပေမဲ့ လူပုံက ပြုံးတာဘာညာမရှိ ခပ်အေးအေး ။ ရှည်လျားတဲ့အရပ်နှင့်အတူ မွေးနေ့ပွဲကိုလိုက်ခဲ့တာတောင်မှ ပုဆိုးနဲ့ အကွက်စိတ်အင်္ကျီဝတ်ထားကာ ရိုးရိုးရှင်းရှင်း။
ကြည့်နေစဉ်မှာပဲဝေ့ခနဲရောက်လာတဲ့မျက်လုံးအကြည့်ကြောင့် သောက်လက်စဘီယာခွက်ကိုမော့သောက်မိကာ တဟွတ်ဟွတ်ချောင်းဆိုးတဲ့အထိ သီးသွားသည်။
အကြည့်တွေ့က စူးရှလိုက်တာ.....
ညမီးရောင်အောက်မှာ စံပယ်ဖြူတစ်ယောက်
တဒုန်းဒုန်းခုန်နေတဲ့ရင်ခုန်သံနှင့်အတူ ။
သူဒီတစ်ခါတော့ တကယ်ရင်ခုန်သွားပြီထင်တယ် ....
_______
"ဦးဦး"
"လာလေ ကူးကူး။"
ကျောပိုးအိတ်လေးလွယ်ကာ ကူးကူးတစ်ယောက်ယောက် မီးဖိုချောင်ထဲထိပြေးချလာတာမို့ ထောင်းလက်စ ငရုတ်ကျည်ပွေ့ကို ပစ်ချကာ
အမြန်ဖမ်းလိုက်ရသည်။ မဖမ်းလို့လည်းမရ ၊ အိမ်မကြီးနှင့်တွဲလျက်မီးဖိုချောင်လေးက လှေကားတစ်ထစ်မျှ ကွာဟနေတဲ့ ခပ်နိမ့်နိမ့်နေရာတစ်ခုရှိနေလို့ပင်။
" အောက်ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ အကူးရယ်"
မသက်မသာရေရွတ်လိုက်ပေမဲ့ ကူးကူးကို ဆူပူမိသည်မဟုတ်။
သူ့အမှားကို သိသည့်နှယ် ကူးကူးတစ်ယောက်မျက်နှာက ခပ်ငယ်ငယ်။
" အဲ့ရုပ်ကလေး လုပ်နေတော့ ဦးဦးက ဘယ်လိုဆူရတော့မှာလဲ အကူးရယ်။ ကဲ ဖယ်ပေးပါအုံး ။ ဦးဦးလက်မှာ ကြက်သွန်ဖြူတွေပေနေလို့ "
အကူးလိမ်လိမ်မာမာဖယ်ပေးတာမြင်တော့ ချစ်စနိုးပါးလေးကိုဆွဲဖဲ့ချင်သည်။ သို့သော် သူ့လက်တွေမှာ စူးရှတဲ့အနံ့တွေက ပျံ့နှံ့လျက်။
" ဦးဦး ဘာဟင်းချက်တာလဲဟင်"
" ကူးကူးကြိုက်တဲ့ ဝက်သားလုံးဟင်းပေါ့။ ခဏနေ စားလို့ရပြီသိလား "
ကူးကူးက သွားသိပ်မကောင်းရှာတော့ အသားဟင်းတွေဘာတွေ မဝါးနိုင်ပေ။
ကလေးပီပီ မပြောနိုင်တော့ မကြိုက်ဘူးထင်ကာ
အသီးအရွက်တွေသာ ကျွေးသည်။
ထို့ကြောင့်အစားနည်းသည်။ ညချမ်းအေးနဲ့တွေ့တော့
ဝက်သားလုံးကြိုက်မှန်းသိကာ အသားကို ကြေအောင် ပြုလုပ်ကာ အလုံးလေးတွေလုံး၍ ချက်ပြုတ်လိုက်ရာ ထမင်းတော်တော်စား လေသည်။
ထို့ကြောင့် အသားဟင်းတော်တော်များများ ကြေညက်အောင် ထုထောင်းချက်ပြုတ်ပေးရသည်မှာ ညချမ်းအေးအလုပ်တစ်ခုနှယ်ဖြစ်လာသည်။
ဒီအိမ်မှာပဲကလေးက စားတာများလာတော့
မကြာခဏ ဟိုဖက်က အသားနှင့် ဟင်းချက်စရာတချို့ လာလာပို့တက်သည်။
ထိုအချိန်မျိုးဆို အားနာပေမဲ့ ကိုစုံက သေချာပေးခိုင်းလို့ပါဆိုတဲ့စကားနဲ့ သူ့မှာ မငြင်းနိုင်။
ရေထည့်ထားတဲ့ဟင်းအိုးကို တစ်ချက်ကြည့်ကာ
ကူးကူးကို စာရေးစားပွဲထိ ဆွဲခေါ်ခဲ့လိုက်သည်။
" အကူး ဒီနေ့ ငကို အသစ်တက်ရအောင်"
င ဆိုတဲ့ ခပ်လှလှ စကားလုံးကို အရင်ရေးပြပြီး
ကူးကူးကို လက်ခြင်းထပ်သင်ပေးဖြစ်၏။
ဉာဏ်ကောင်းတဲ့ ရနံ့ကူးဟာ ခပ်မြန်မြန်ပင်အမှီလိုက်နိုင်လေသည်။
သူ့အဖေဆိုတဲ့ တစ်ယောက်ကတော့ ပြန်မလာတာ ဆယ်ရက်နီးပါးတောင်ရှိလုပြီ။
ကလေးကို ထိုမျှပစ်ထားဖို့တော့မကောင်းဟုတွေးမိပေမဲ့ ကိုယ်ဝင်ရောက်စွက်ဖက်လောက်အောင်ဆက်ဆံရေးကောင်းမနေတာမို့ ကူးကူးကိုသာ အထီးမကျန်အောင်ဂရုစိုက်မိသည်။
" င"
" ဟုတ်တယ် ပါးစပ်ကလေးကပါ ရေးဆို "
ခပ်လှလှစကားလုံးများက သူလက်ရာအတိုင်းပိန်ခြင်းချွန်းခြင်းမရှိ။
" အကူးနောက်လဆို ကျောင်းဖွင့်တော့မယ်နော်"
" တကယ်လား။ အဲ့ဒါဆို အကူးရဲ့ ကျောင်းဝတ်စုံလေးတွေဝတ်ရတော့မယ် ။ မဖြစ်ဘူး။ ညနေ ဦးထွန်းကို ပြည့်ပြည့်ဆီလိုက်ပို့ခိုင်းရမယ် "
မိန်းကလေးပီပီ ကူးကူးကအလှမက်သည်။
ပြည့်ပြည့်ဆိုတာ ချစ်ထွန်းရဲ့အမ ချစ်ပြည့်ဖြစ်သည်။
မြို့ပေါ်ထိ စက်ချုပ်ပညာသွားသင်ထားတာမို့
စက်သင်ပေးတဲ့သင်တန်းသား လေးငါးယောက်နဲ့
အတော်လေး အဆင်ပြေနေတဲ့စီးပွားရေးလည်းရှိသည်။ ကူးကူးကိုယ်ပေါ်မှာရှိတဲ့ ဂါဝန်လေးတွေ ၊ အင်္ကျီလေးတွေကလည်း ပြည့်ပြည့်ချုပ်ပေးထားတာများသည်။
" ဟုတ်ပြီ ။ အခုတော့ စာပြီးအောင်ရေးထားနော်။
ဦးဦး နောက်ဖေးမှာ ဟင်းအိုးသွားကြည့်မလို့ "
ကူးကူးစာရေးတာကိုကြည့်ပေးပြီး နောက်ဖေးကို အပြေးသွားကြည့်တော့ ဟင်းအိုးက ဆီပြန်စ ပြုနေပြီဖြစ်သည်။ သေချာ မွှေနှောက်နေစဉ် ကားစက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။ကုန်ကားအကြီးအသေးမျိုးစုံဝင်ထွက်နေတာမို့ စိတ်ထဲဘာသိဘာသာ ထားလိုက်ပေမဲ့ ပြန်ရောက်လာတဲ့ စုံသာမြိုင်ဖြစ်နေတာကိုတော့ ညချမ်းအေးမသိလိုက်။
"ကူးကူးရေ ထမင်းစားမယ်။ ပြေးမလာနဲ့နော် ဦးဦးလက်ထဲ ဟင်းချိုပူပူပါလို့ "
ပုံခပ်ထည့်လာတဲ့ စတီးစလုံ ကြီးကြီးနှင့်အတူ
ကိုင်လာတဲ့ ချဉ်ရည်ဟင်းပူပူတစ်ခွက် ။
ကို့ရို့ကားယားနိုင်ပေမဲ့ ကလေးအပူ လောင်မှာမို့ ကြိုအော်မိစဉ် နောက်ကျောပေးထားတဲ့ပုံရိပ်တစ်ခုက ဧည့်ခန်းမှာထိုင်နေလျက်ရှိနေကာ အသံကြားတော့လှည့်ကြည့်လာသည် ။
ဟိုလူပြန်ရောက်လာမှန်းသိတော့ ဆက်သွားရမှာလိုလို ဗျာများသွားသေးသည်။
သို့သော်လက်ထဲကိုင်လာတဲ့ ချဉ်ပေါင်ဟင်းခွက်က ပူတာမို့အမြန် ခုံပေါ်ကိုပြေးချရသည်။
" အလားလား...ပူလိုက်တာ "
လက်ဖျားကို ခါကာ အမြန်ယမ်းလိုက်မှ ပူတဲ့ခံစားချက်က ပျောက်သွားသည်။ သို့သော် ငေးကြည့်နေတဲ့မျက်ဝန်းတွေကြောင့် ရင်ထဲမှာ အလန့်တကြားတင်းခနဲဖြစ်ရပြန်သည်။
" ဟို... ခုမှပြန်ရောက်တာလား"
ခေါင်းညိတ်ပြကာ သူ့သမီးကို ပေါင်ပေါ်ကနေ ချပေးလိုက်သည်။
" သွား ထမင်းကောင်းကောင်းစာချေ "
ကလေးက ညချမ်းအေးအနားပြန်ရောက်လာပေမဲ့ စားဖို့ရာ သူ့မှာ တွန့်ဆုတ်သွား၏။ ဧည့်သည်မို့ စားနေတဲ့အချိန်မခေါ်လို့လည်းမကောင်း။ ထို့ကြောင့်
" ထ..ထမင်းစားပါအုံးလား" ဟု ဧည့်ဝတ်ပြုလိုက်မိသည်။ စုံသာမြိုင်က ငုံကြည့်ကာ
" ဘာဟင်းလဲ။ ကျုပ်အမဲသားမစားဘူး"
" အမဲမဟုတ်ပါဘူး။ ဝက်သားပါ။ စားမလားဟင်။
ခဏနော်သွားခူးချေမယ်"
စကားပြန်ပင်မစောင့် ။
ညချမ်းအေး အပြေးမီးဖိုချောင်ကို ပြေးကာ
ထမင်းတစ်စလုံနှင့် ဝက်သားလုံးချက်ကို ဟင်းထည့်ပန်းကန်ဖြင့်ထည့်ခဲ့ကာ ကြက်သွန်ဖြူဖြင့်ထောင်းထားတဲ့ ငရုတ်သီးစိမ်းကိုဖြင့် ထမင်းပေါ်တွင်သာပုံခဲ့လိုက်၏။
ညချမ်းအေးပြန်ထွက်ခဲ့ချိန်တွင် စုံသာမြိုင်ကား
ခြံထဲကနေ ပြန်တက်လာခဲ့ပြီဖြစ်သည်။
စိုစိစိလက်ကြောင့် အပင်ဖြန်းပို့ထားတဲ့ အိမ်ရှေ့က ရေအိုးထဲက လက်ဆေးလာခဲ့ပုံပင်။
ဟိတ်ဟန်မရှိတဲ့သူဌေးကြောင့် ညချမ်းအေးမှာလည်းကြောင်အန်းအန်း။
"ကျုပ်က လက်နဲ့စားတာပိုကြိုက်လို့"
သူခူးခပ်ထည့်ပေးထားတဲ့ထမင်းပန်းကန်သည်
ခဏအတွင်း၊ ချဉ်ရည်စမ်းကာ လက်ဖြင့်နှယ်ခံလိုက်ရသည်။ ငရုတ်သီးတွေကိုရောမွှေလိုက်ကာ စားလိုက်မို့ မြင်ရတာ သရေကျချင်စဖွယ်။
" ဦးဦး အကူးကိုခွံ့တော့ ။ စားချင်နေပြီ"
သူ့အဖေစားတာကြည့်ပြီး ကူးကူးကလည်း
စားချင်လှပြီဖြစ်သည်။
ထိုနေ့က ည၊မနက်ချက်ထားသော ထမင်းအိုးလေးမှာ ဆန်တစ်စေ့ပင်မကျန်အောင် ဧည့်သည်ကစားသုံးသွားလေသည်။
" ဟဲ့ အဲ့ဒါ ခ်မ္းသာဆန္စက္ပိုင္ရွင္တဲ့ "
"ဟုတ္လား ငယ္ေသးတာပဲ။ ဒါေပမဲ့ ေျခတုတပ္ထားတယ္ေနာ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ဒုကၡိတျဖစ္တာ သနားစရာေတာ့ေကာင္းသား"
" သူ႔ကိုသနားရမွာမဟုတ္ဘူး။ နင့္ကိုယ္နင္သနားရမွာသိလား။ ဟိုက ေရႊတြင္းေအာင္ထားတဲ့သူေဌး၊ သူ႔မွာ ေရႊအခ်ိန္ဘယ္ေလာက္ရိွသလဲဆိုတာေတာင္ မသိႏိုင္တာ "
ေျပာေနၾကတဲ့အသံေတြက ခပ္တိုးတိုးဆိုေပမဲ့
စားပြဲဝိုင္းက ကပ္ရပ္မို႔ စံပယ္ျဖဴ ၾကားေနရသည္။
သူလွမ္းၾကၫ့္လိုက္တဲ့အခါ စားေသာက္ဆိုင္ရဲ့ေထာင့္တစ္ေနရာမွာ လူသံုးေလးေယာက္ဝိုင္းဖြဲ႔ကာ စကားေျပာေနၾကသည္။ စားေသာက္ဖို႔လာတယ္ဆိုေပမဲ့ လုပ္ငန္းရွင္ေတြေတြ့ဆံုၾကတဲ့ပံုမ်ိဳး။
ထိုစားပြဲဝိုင္းထဲက ေကာင္မေလးေတြအတင္းေျပာေနၾကတဲ့သူဟာ ဘယ္သူလဲဟုေမးစရာမလို မ်က္ႏွာခ်င္းဆိုင္ခံုမွာထိုင္ေနတဲ့တစ္ေယာက္။ ပုဆိုးနဲ႔ျဖစ္ေပမဲ့ ေျခတုတစ္ဖက္က သိသာေနသည္။
စံပယ္ျဖဴ အတြက္ ေက်နပ္သြားစရာရုပ္မ်ိဳးမဟုတ္ေပမဲ့
ခ်မ္းသာဆန္၊ဆီတံဆိပ္က ျပည္တြင္းစားေသာက္ကုန္အျဖစ္ လက္ညိုးထိုးမလႊဲဆိုင္တိုင္းမွာေနရာယူထားေလသည္။ ၿပီးေတာ့ေရႊတြင္းသူေဌးဆိုပါလား။
အနီရင့္ရင့္ဆိုးထားတဲ့ႏႈတ္ခမ္းကိုမဲ့ကာ ထိုသူ႔ကို စံပယ္ျဖဴစိုက္ၾကၫ့္လိုက္မိသည္။
စံပယ္ျဖဴက ခ်မ္းသာတဲ့သူကို မက္သည္။
ထို႔အျပင္ မရႈပ္မရွင္း ဟိုလိုလိုဒီလိုလိုထားတဲ့ရည္းစားေတြလည္းရိွေသးသည္။
တကယ္အတိအက်ခ်မ္းသာတဲ့ ေယာက်ာ္းမ်ိဳးေတြ့လာရင္ အီစီကလီအကုန္လံုးကို လက္လြတ္မယ္လို႔ ႀကံဳးဝါးထားေပမဲ့ လာလိုက္တဲ့သူေတြက စင္ေပၚမွာ ဘုရင္မလို ထားမဲ့သူမပါ။ အခန္းတစ္ခုထဲမွာ တြန္းထိုးဝွက္ထားမဲ့သူမ်ိဳးေတြခ်ည္းပဲမို႔ စံပယ္ျဖဴ ေခါက္ခဲ့ရတာမ်ားေနသည္။
"မဟုတ္ဘူး ကိုစိုး ။ က်ဳပ္ဒါၿပီးရင္ျပန္ေတာ့မွာ
ဘီယာေတာ့မလုပ္နဲ႔ ။ အစားအေသာက္နဲ႔ပဲက်ဳပ္အဆင္ေျပတာ "
"ျပန္တာလည္းျပန္ေပါ့။ ဒါေပမဲ့ ဒီေန့ေတာ့မျပန္နဲ႔အံုး။ ဒါၿပီးရင္ တစ္ေနေနရာမွာ ခင္ဗ်ားအတြက္သီးသန႔္ျပဳစုဖို႔ ကေလးမေလးတစ္ေယာက္ရွာထားတယ္။ ေသာက္ရင္းစားရင္ သုခဘံုကို ခံစားလိုက္ပါအံုး"
ကိုစိုးစကားေၾကာင့္စံုသာၿမိဳင္မ်က္ႏွာရဲခနဲ။
သို႔ေသာ္ သူေခါင္းရမ္းျပမိသည္။
" မလုပ္ပါနဲ႔။ က်ဳပ္ ဒါေတြစိတ္မဝင္စားဘူး"
" ေယာက်ာ္းေတြခ်ည္းပဲရွက္စရာမွမဟုတ္ဘူး။
ဒီဝိုင္းထိုင္ေနတဲ့ေကာင္ေတြ အိမ္မွာ သီးသန႔္စားပြဲရိွေပမဲ့ လမ္းမွာ အစာေျပေတာ့ ႏိႈက္စားသြားၾကတဲ့ေကာင္ေတြခ်ည္းပဲ။ ခင္ဗ်ားကမွ လူလြတ္ေသးတယ္"
စီးပြားေရးေလာကမွာဒါေတြကင္းလြတ္တဲ့သူကခပ္ရွားရွား။
ရွားတဲ့အထဲမွာ စံုသာၿမိဳင္က နာမည္ႀကီး ျဖစ္သည္။
အေသာက္အစား ဆိုၿပီး ထိုင္လိုက္တိုင္း လူျမင္ကြင္းေနရာမွာျဖစ္သည္။ ၿပီးေတာ့ သူတို႔ကိုသာ
ေသာက္ေစကာ သူကေတာ့ အစားတစ္လိုင္းသီးသန႔္။
" လူလြတ္ေပမဲ့ က်ဳပ္မွာ ျပန္ၾကၫ့္ရမဲ့သမီးရိွတယ္။
ဒီေလာကမွာ စီးပြားေရးသမားေတြ ေျခခ်င္းလိမ္ေနတာသိတယ္။ စကားေျပာတိုင္း မပါမျဖစ္ ေသာက္ၾကတာကိုလည္းက်ဳပ္နားလည္တယ္။ ဒါေပမဲ့ မူးယစ္ေဆး ဆိုတဲ့ ေပ်ာ္ပါးယစ္မူးေစတဲ့အရာေတြ က်ဳပ္အကုန္ေရွာင္တယ္။ က်ဳပ္မွမဟုတ္ဘူး ၊က်ဳပ္နဲ႔အနီးကပ္ဆံုးေနတဲ့ တပၫ့္ေတြကအစ ေရွာင္ခိုင္းတာ။ က်ဳပ္စၿပီး
ေလာကကို အျမင္သစ္နဲ႔ ၾကၫ့္ဖို႔ ႀကိဳးစားတုန္းက
က်ဳပ္အသက္ ၁၄ႏွစ္ပဲရိွေသးတာ။ မိဘမရိွသလို ဆူဆံုးမမဲ့သူလည္း မရိွဘူး ။ ေငြမရိွတာေၾကာင့္ အမ်ိဳးေတြကအစ ျပန္ၾကၫ့္ ေပးမဲ့သူမရိွခဲ့ဘူး။ အဲ့ဒါေၾကာင့္ က်ဳပ္ ရြာကေနထြက္ဖို႔ ႀကံခဲ့တာ ။ က်ဳပ္နဲ႔ တစ္ခါတစ္ေလ ပါလာတက္တဲ့ ခ်စ္ထြန္းဆိုတဲ့ေကာင္က အဲ့တုန္းက ၁၁ႏွစ္ပဲရိွ ေသးတာ ။ အဲ့အရြယ္ေလးနဲ႔က်ဳပ္ေနာက္ကို မ်က္စိမိွတ္လိုက္ခဲ့တဲ့ေကာင္။ခုထိ က်ဳပ္နဲ႔အတူရိွေနတုန္းပဲ။ က်ဳပ္မွာ အုပ္ခ်ဳပ္ရတဲ့ ဝန္ထမ္းေတြ အမ်ားႀကီးပဲ။ ၿပီးေတာ့က်ဳပ္မ်က္ႏွာၾကၫ့္ၿပီးေနတဲ့ တပၫ့္ေတြ ။ အကုန္လံုး က်ဳပ္သာ အေနအထိုင္မတက္ရင္ အုပ္ခ်ဳပ္လို႔ရမယ္ထင္လား။ က်ဳပ္ ဒီေျခေထာက္ျဖတ္ပစ္ခဲ့ရတဲ့အခ်ိန္မွာ က်ဳပ္အသက္ ၂၀ ေက်ာ္ပဲရိွေသးတယ္။ အဲ့ဒီအခ်ိန္တုန္းက က်ဳပ္လုပ္ေနတဲ့ ေရႊတြင္းက ေရႊေအာင္ေနတဲ့အခ်ိန္။ ပိုင္ရွင္ျဖစ္တဲ့က်ဳပ္က ေရႊတြင္းမွာေက်ာက္မိုင္းခြဲရင္း မေတာ္တဆ ဒုကၡိတျဖစ္လာတဲ့အခ်ိန္ပဲ။
။ လူေတြဒုကၡေရာက္ရင္ လူေကာင္း၊လူဆိုးခြဲျခားႏိုင္ၿပီဆိုတဲ့စကားက သိပ္မွန္တယ္။ "
" က်ဳပ္ေဆးရံုမွာရိွေနတုန္း ေျခေတာက္တစ္ဖက္မရိွေတာ့ဘူးဆိုၿပီး သိလိုက္တဲ့အခ်ိန္မွာ က်ဳပ္ဘယ္ေလာက္ စိတ္ဓာတ္က်ခဲ့တယ္ထင္လဲ ။ ေရႊအင္းကိုလည္း မျပန္ခ်င္သလို လူတိုင္းရဲ့မ်က္ႏွာကိုလည္း မၾကၫ့္ခ်င္ခဲ့ဘူး ။ "
ငစံုဆိုတဲ့ေကာင္ေလးအတြက္ ထိုႏွစ္က အေတာ္ေလး
စိတ္ဓာတ္ပ်က္ျပားေစခဲ့တဲ့အခ်ိန္ျဖစ္ခဲ့ဖူးသည္။
သူေျခေတာက္ကိုငံု႔ၾကၫ့္ၿပီး တိတ္တဆိတ္ငိုခဲ့ဖူးသလို၊ မတ္မတ္မရပ္ႏိုင္ေတာ့တဲ့ေျခလွမ္းေတြဟာ ျပန္မေတြးခ်င္ခဲ့တဲ့နာက်င္မူ႔ေတြသာျဖစ္သည္။
"က်ဳပ္အားကိုးတဲ့က်ဳပ္တပၫ့္ ခ်စ္ထြန္းဆိုတဲ့ေကာင္က က်ဳပ္ျဖစ္ေတာ့ သူ႔အသက္၁၈ႏွစ္ေတာင္မျပၫ့္ေသးဘူး ၊ မအိပ္မေန က်ဳပ္ေရႊအင္းကို က်ဳပ္မရိွစဉ္တစ္ေရြးသားေတာင္ မေလ်ာ့ေအာင္ ႀကိဳးစားႏိုင္ေနၿပီ။ ေနာက္ၿပီး က်ဳပ္နဲ႔အတူေနရင္း က်ဳပ္ခိုင္းရေအာင္ေခၚလာတဲ့ လူမိုက္ ဘေမွာင္ဆိုတဲ့လူက လက္မရြံ႔လူသတ္ရဲတဲ့သူ။ က်ဳပ္နားမွာရိွေနတဲ့သူေတြအကုန္လံုး ပညာတက္ ဘြဲ႔ရတစ္ေယာက္မွမပါဘူးဗ်။ ဒါေပမဲ့ အဲ့ဒီလူ အကုန္လံုးက်ဳပ္ဒုကၡေရာက္ေတာ့ က်ဳပ္ေရႊတြင္းကို တစ္ခ်က္ေတာင္ လက္ဖ်ားနဲ႔မတို႔ဘူး။ သစၥာတရားဆိုတဲ့အသိကအဲ့ဒါပဲ။ က်ဳပ္ေနေကာင္းသြားေတာ့ ေရႊတြင္းက ေရႊက
တအားေအာင္ေနၿပီ။ ေျခတုနဲ႔အသားမက်တာေၾကာင့္
အင္းထဲက တဲမွာ ထိုင္ၿပီး အလုပ္လုပ္ေနတဲ့ သူေတြကို ေငးေနရတဲ့အခ်ိန္မွာ က်ဳပ္ အင္းမွာ အလုပ္လုပ္တဲ့ ဟိုးေအာက္ေျခက သူေတြကအစ အလုပ္ကိုပိုတိုးလုပ္ေနၾကတာကိုေတြရတယ္။"
သူ႔စကားကို စိတ္ဝင္တစားေငးၾကၫ့္ေနတဲ့သူေတြကို ေမးေငါ့ကာ
" အဲ့မွာ ဘာသိလိုက္လဲ သိလား။ က်ဳပ္ စိတ္ဓာတ္က်လို႔မရဘူးဆိုတဲ့အသိဗ်။ အဲ့အသိဝင္လာတာ။
က်ဳပ္အသက္ႏွစ္ဆယ္နဲ႔ က်ဳပ္နားမွာ ရိွတဲ့သူေတြကို
အေကာင္းဆံုးအုပ္ခ်ဳပ္ႏိုင္ခဲ့တာ က်ဳပ္ေတာင္ေမွာ္အင္းကို စေရာက္ကတည္းက ေနခဲ့တဲ့ အေနအထိုင္ ၊ေျပာခဲ့တဲ့ စကားေၾကာင့္ပဲ။ ကိုယ္ႏႈတ္အမူအယာကို ပ်က္ျပားေစမဲ့ အရာေတြမွန္သမ်ွ က်ဳပ္တစ္ခါေလးေတာင္မွ မက်ူးလြန္ဖူးဘူး။ အင္းေအာင္ၿပီးျပန္ေတာ့ လည္း က်ဳပ္ေဘးမွာ သစၥာရိွရိွေနခဲ့တဲ့အလုပ္သမားေတြအကုန္ျပန္ေခၚခ်ပစ္ခဲ့တာ။ ေတာင္ေမွာ္ရြာမွာေရႊလုပ္ကြက္ေတြပိတ္လိုက္ေတာ့ လုပ္ကိုင္စားဖို႔လက္လုပ္လက္စားေတြအကုန္ ဒုကၡေရာက္ေတာ့တာပဲ ။ က်ဳပ္သာ မကယ္ရင္ သူတို႔ေတြခုလို သက္ေတာင့္သက္သာေနဖို႔ အဆင္ေျပေတာ့မွာမဟုတ္ဘူး။ ေတာင္ေမွာ္အင္းကေနအျပန္မွာ က်ဳပ္နဲ႔ပါလာတာတဲ့ အလုပ္သမား ၆၈ေယာက္ရိွတယ္ ။ အကုန္က်ဳပ္ေခၚခ်လာခဲ့တာပဲ။ ခုထိ အဲ့၆၈ေယာက္ တစ္ေယာက္မွ က်ဳပ္လက္ေအာက္ကေန မထြက္သြားၾကေသးဘူး။ ဆန္စက္ေရာ ၊ဆီစက္ေရာ က်ဳပ္ သြားၾကၫ့္ဖို႔ မလိုဘူး ။ သူတို႔အကုန္လက္လြဲလို႔ရတယ္။ က်ဳပ္ေျပာခ်င္တာက ခင္ဗ်ားတို႔ကို ေစာ္ကားလိုစိတ္မရိွဘူးေနာ္ ။ "
"ဟာ အခ်င္းခ်င္းေျပာစရာလိုေသးလားဗ်ာ။ ခင္ဗ်ားရဲ့ နည္းစနစ္ေတြ မ်ွေဝေပးလို႔က်ဳပ္တို႔ကေတာင္ ေက်းဇူးတင္ရအံုးမွာပါ။ ဒါေပမဲ့ဗ်ာ .. ကြၽန္ေတာ္က
ဒါတစ္လိုင္းဆိုေတာ့ ေလ်ာ့မရတာ အခက္သားဗ်ာ"
အရက္ႀကိဳက္ ေၾကာင္းလက္မနဲ႔ ႏႈတ္ခမ္းကိုေတ့ျပတာမို႔ အားလံုးအရယ္ရယ္အေမာေမာ။
တစ္ခါမွရွည္ရွည္ေဝးေဝးမေျပာဘူးတဲ့ စံုသာၿမိဳင္ဟာ စကားေတြေျပာၿပီးမွာ ေသာက္ေရတစ္ခြက္ကို တစ္ငံုေသာက္ကာ အနားယူလိုက္သည္။
ခုလာတဲ့ အေၾကာင္းမွာလည္း ဆီပံုးေတြေပ်ာက္တဲ့အလုပ္ရံုမွာ ဘေမွာင္ႀကီးၾကပ္ေနတာ အေတာ္ၾကာေနတာေၾကာင့္ စိတ္ခ်ရတဲ့ အလုပ္သမားတခ်ိဳ႕ႏွင့္လဲေပးရန္ျဖစ္သည္။ တာဝန္ခံဆိုတဲ့ ဘြဲရဝန္ထမ္းအေၾကာင္းေတြးမိေတာ့ ငစံု ႏႈတ္ခမ္းတြန႔္ကာ ၿပံဳးမိေတာ့မတက္။ အက်င့္သီလသစၥာမွာ ပညာတက္ရံုႏွင့္မၿပီးဆိုတာ သူလက္ခံသြားၿပီျဖစ္သည္။ သူ႔မွာ အၿမိဳ႔ၿမိဳ႔အနယ္နယ္ ဆီပြဲရံုဆန္ပြဲရံုေတြ ထားထားတာရိွသည္။ တခ်ိဳ႕ဆိုင္ေတြမွာ
တာဝန္ခံ ေတြခန႔္အပ္ထားတာရိွေပမဲ့ အနည္းငယ္
ျဖတ္စားလက္စားေတြကလည္းရိွေသးသည္။
အကုန္လံုးကို သူလွၫ့္မၾကၫ့္ႏိုင္ဘူးဆိုေပသၫ့္ ဘေမွာင္ကေတာ့ နယ္လွၫ့္ လိုက္စစ္ေဆးတက္သည္။
" ကိုစံု ငယ္ငယ္ရြယ္ရြယ္နဲ႔ေအာင္ျမင္တာျမင္ေတာ့ အမွန္အတိုင္း ေျပာရင္ က်ဳပ္နည္းနည္းေတာ့မနာလိုမိတယ္ဗ်ာ။ ခုလို ခင္ဗ်ားရွင္းျပေတာ့လည္း အမွန္ျဖစ္ေနေတာ့လည္းခက္သား။ လူအမ်ားစုက ခ်မ္းသာတဲ့ဒဏ္ကို မခံႏိုင္ၾကဘူး။ က်ဳပ္အပါအဝင္ေပါ့ဗ်ာ "
စကားဝိုင္းက စီးပြားေရးအေၾကာင္းကေနေသြဖယ္လာေတာ့ စံုသာၿမိဳင္ ထပ္မံဝင္မေျပာေတာ့ေပ။
သူ႔ဘဝမွာ အရက္ေၾကာင့္ အမွားႀကီးမွားခဲ့ဖူးသည္။
သူအသိတရားဝင္လာခဲ့တဲ့အခ်ိန္မွာ ေလးေလာင္းၿပိဳင္ လူသတ္မူ႔ဆိုတဲ့ အမူ႔တစ္ခုမွာ ပါဝင္ပတ္သက္မိသြားၿပီျဖစ္သည္။ ေသတဲ့အထိ ေထာင္ထဲမွာ ကုန္ဆံုးရတာ ေတြးမိသြားေတာ့ မ်က္လံုးကိုအလန႔္တၾကားမိွတ္မိသြားသည္အထိ ။
_________
"ကဲ ေျပာပါအံုး...ဒါကဘယ္လဲ"
လြယ္ထားတဲ့ပိုက္ဆံအိတ္ေပါက္စကို လြင့္ပစ္ကာ
အေဒၚျဖစ္သူကို စံပယ္ျဖဴ ၫူစူကာ ၾကၫ့္လိုက္သည္။ ခိုးဝွက္ထြက္လို႔လည္းမရပါလား။ ေနရာတကာပြားလြန္းလို႔ အန္တီငယ္နဲ႔ စံပယ္ျဖဴက လံုးလံုးမွမတၫ့္။
" အန္တီငယ္ေနရာတကာလိုက္ပါေနတာ မၿငီးေငြ့ေသးဘူးလား "
" ပါသင့္ရင္ပါရမွာေပါ့။ အခ်ိန္ကိုၾကၫ့္အံုး မိန္းမငယ္ေလး အျပင္ထြက္ရမဲ့အခ်ိန္လား။ ဝတ္ထားတာလည္းၾကၫ့္လိုက္ပါအံုးဟယ္။ အဝတ္အစားကို ဒီထက္ လံုလံုၿခံဳၿခံဳဝတ္လို႔မရဘူးလား"
"ကိုးနာရီပဲရိွေသးတယ္ ။ အန္တီငယ္ မသိခ်င္ေယာင္ေဆာင္ေနလို႔မရဘူးလား။ ျဖဴအရြယ္ေရာက္ေနၿပီးသားမိန္းကေလးတစ္ေယာက္ ေနာ္"
တစ္အိမ္လံုး သူရွာေကြၽးေနရတယ္ဆိုတဲ့အၾကၫ့္ျဖင့္ အေဒၚျဖစ္သူကိုလည္းမခန႔္။
" ဒီမွာ ျဖဴေလး။ ညည္းဘာသာ ဘယ္အရြယ္ေရာက္ေရာက္ ငါမ်က္စိထဲမွာ ညည္းကကေလးပဲ။
ညည္းအခု ကိုျမင့္ျမတ္နဲ႔ တြဲေနတာဆိုတဲ့သတင္းေတြၾကားေနရတယ္ အမွန္လား "
ဦးျမင့္ျမတ္အေၾကာင္းၾကားေတာ့စံပယ္ျဖဴမ်က္ႏွာပ်က္သြားသည္။
ျဖဴဘာလုပ္ေနေန အန္တီငယ္တို႔ကိုေတာ့ျပန္မသိေစခ်င္တာအမွန္ပင္။
" စံပယ္ျဖဴ ၊ ကိုျမင့္ျမတ္က မိန္းမရိွတယ္ဆိုတာ နင္သိတယ္မို႔လား။ နင့္ဘယ္လိုေတာင္..."
" သူ႔မိန္းမနဲ႔က ကြဲေတာ့မွာပါ အန္တီငယ္ရာ။
ျဖဴဘာလုပ္ေနတယ္ဆိုတာသိပါတယ္။
အန္တီငယ္သာေနရာတကာ ဝင္မပါနဲ႔။ ျဖဴအရမ္းစိတ္ပ်က္ေနၿပီသိလား"
ေျပာေျပာဆိုဆို အိတ္လြယ္ကာ ထထြက္သြားတာခ်က္ခ်င္း။
အိမ္မွာ အေဒၚျဖစ္သူ ဘယ္လိုက်န္ခဲ့သလဲ မသိေတာ့။
စိတ္ထဲ မေက်နပ္တာေရာ ၊ ဦးျမတ္အေၾကာင္းျပန္မေတြးခ်င္တာေရာေၾကာင့္ေမြးေန့ပြဲေရာက္ေတာ့
ဘီယာတစ္ခြက္ကိုသာအရင္ဆံုးေကာက္ေမာ့မိသည္။
"ဘယ္လိုလဲျဖဴ။ ဘာေတြခံစားေနတာလဲ "
ေဘးနားလာထိုင္တဲ့ ေဟမန္ဆိုတဲ့သူငယ္ခ်င္းမေၾကာင့္ အိတ္ထဲက ထၫ့္ယူလာတဲ့ ေမြးေန့လက္ေဆာင္ဘူးကို ထုတ္ေပးကာ
" ေရာ့ ေမြးေန့လက္ေဆာင္။ ေရာက္ေရာက္ခ်င္းနင့္ကိုအရင္ရွာရမွာကို စိတ္ညစ္ေနလို႔ဝင္ေသာက္လိုက္တာ "
ေဟမန္ ႏႈတ္ခမ္းတြန႔္ျပကာ
" ကိစၥမရိွဘူး ေအးေဆးေပါ့။ ဟို႔မွာ ငါ့ဘဲ ေရာက္ေနလို႔ ခဏ သြားအံုးမယ္။ ျပန္လာခဲ့မယ္ သူငယ္ခ်င္း ။ ေအးေဆး ေသာက္ႏွင့္"
ေဟမန္ထသြားတဲ့ေနရာကို ၾကၫ့္မိေတာ့
ခပ္ျပၫ့္ျပၫ့္ေယာက်ာ္းတစ္ေယာက္နဲ႔အတူ ဟိုတစ္ေန့က ေတြ့ခဲ့တဲ့ စံုသာၿမိဳင္ဆိုတဲ့ေယာက်ာ္း ။
ႏႈတ္ဆက္ေနတာေတြ့ေပမဲ့ လူပံုက ၿပံဳးတာဘာညာမရိွ ခပ္ေအးေအး ။ ရွည္လ်ားတဲ့အရပ္ႏွင့္အတူ ေမြးေန့ပြဲကိုလိုက္ခဲ့တာေတာင္မွ ပုဆိုးနဲ႔ အကြက္စိတ္အက်ႌဝတ္ထားကာ ရိုးရိုးရွင္းရွင္း။
ၾကၫ့္ေနစဉ္မွာပဲေဝ့ခနဲေရာက္လာတဲ့မ်က္လံုးအၾကၫ့္ေၾကာင့္ ေသာက္လက္စဘီယာခြက္ကိုေမာ့ေသာက္မိကာ တဟြတ္ဟြတ္ေခ်ာင္းဆိုးတဲ့အထိ သီးသြားသည္။
အၾကၫ့္ေတြ့က စူးရွလိုက္တာ.....
ညမီးေရာင္ေအာက္မွာ စံပယ္ျဖဴတစ္ေယာက္
တဒုန္းဒုန္းခုန္ေနတဲ့ရင္ခုန္သံႏွင့္အတူ ။
သူဒီတစ္ခါေတာ့ တကယ္ရင္ခုန္သြားၿပီထင္တယ္ ....
_______
"ဦးဦး"
"လာေလ ကူးကူး။"
ေက်ာပိုးအိတ္ေလးလြယ္ကာ ကူးကူးတစ္ေယာက္ေယာက္ မီးဖိုေခ်ာင္ထဲထိေျပးခ်လာတာမို႔ ေထာင္းလက္စ ငရုတ္က်ည္ေပြ့ကို ပစ္ခ်ကာ
အျမန္ဖမ္းလိုက္ရသည္။ မဖမ္းလို႔လည္းမရ ၊ အိမ္မႀကီးႏွင့္တြဲလ်က္မီးဖိုေခ်ာင္ေလးက ေလွကားတစ္ထစ္မ်ွ ကြာဟေနတဲ့ ခပ္နိမ့္နိမ့္ေနရာတစ္ခုရိွေနလို႔ပင္။
" ေအာက္ျပဳတ္က်ရင္ဘယ္လိုလုပ္မလဲ အကူးရယ္"
မသက္မသာေရရြတ္လိုက္ေပမဲ့ ကူးကူးကို ဆူပူမိသည္မဟုတ္။
သူ႔အမွားကို သိသၫ့္ႏွယ္ ကူးကူးတစ္ေယာက္မ်က္ႏွာက ခပ္ငယ္ငယ္။
" အဲ့ရုပ္ကေလး လုပ္ေနေတာ့ ဦးဦးက ဘယ္လိုဆူရေတာ့မွာလဲ အကူးရယ္။ ကဲ ဖယ္ေပးပါအံုး ။ ဦးဦးလက္မွာ ၾကက္သြန္ျဖဴေတြေပေနလို႔ "
အကူးလိမ္လိမ္မာမာဖယ္ေပးတာျမင္ေတာ့ ခ်စ္စႏိုးပါးေလးကိုဆြဲဖဲ့ခ်င္သည္။ သို႔ေသာ္ သူ႔လက္ေတြမွာ စူးရွတဲ့အနံ႔ေတြက ပ်ံ့ႏွံ႔လ်က္။
" ဦးဦး ဘာဟင္းခ်က္တာလဲဟင္"
" ကူးကူးႀကိဳက္တဲ့ ဝက္သားလံုးဟင္းေပါ့။ ခဏေန စားလို႔ရၿပီသိလား "
ကူးကူးက သြားသိပ္မေကာင္းရွာေတာ့ အသားဟင္းေတြဘာေတြ မဝါးႏိုင္ေပ။
ကေလးပီပီ မေျပာႏိုင္ေတာ့ မႀကိဳက္ဘူးထင္ကာ
အသီးအရြက္ေတြသာ ေကြၽးသည္။
ထို႔ေၾကာင့္အစားနည္းသည္။ ညခ်မ္းေအးနဲ႔ေတြ့ေတာ့
ဝက္သားလံုးႀကိဳက္မွန္းသိကာ အသားကို ေၾကေအာင္ ျပဳလုပ္ကာ အလံုးေလးေတြလံုး၍ ခ်က္ျပဳတ္လိုက္ရာ ထမင္းေတာ္ေတာ္စား ေလသည္။
ထို႔ေၾကာင့္ အသားဟင္းေတာ္ေတာ္မ်ားမ်ား ေၾကညက္ေအာင္ ထုေထာင္းခ်က္ျပဳတ္ေပးရသည္မွာ ညခ်မ္းေအးအလုပ္တစ္ခုႏွယ္ျဖစ္လာသည္။
ဒီအိမ္မွာပဲကေလးက စားတာမ်ားလာေတာ့
မၾကာခဏ ဟိုဖက္က အသားႏွင့္ ဟင္းခ်က္စရာတခ်ိဳ႕ လာလာပို႔တက္သည္။
ထိုအခ်ိန္မ်ိဳးဆို အားနာေပမဲ့ ကိုစံုက ေသခ်ာေပးခိုင္းလို႔ပါဆိုတဲ့စကားနဲ႔ သူ႔မွာ မျငင္းႏိုင္။
ေရထၫ့္ထားတဲ့ဟင္းအိုးကို တစ္ခ်က္ၾကၫ့္ကာ
ကူးကူးကို စာေရးစားပြဲထိ ဆြဲေခၚခဲ့လိုက္သည္။
" အကူး ဒီေန့ ငကို အသစ္တက္ရေအာင္"
င ဆိုတဲ့ ခပ္လွလွ စကားလံုးကို အရင္ေရးျပၿပီး
ကူးကူးကို လက္ျခင္းထပ္သင္ေပးျဖစ္၏။
ဉာဏ္ေကာင္းတဲ့ ရနံ႔ကူးဟာ ခပ္ျမန္ျမန္ပင္အမွီလိုက္ႏိုင္ေလသည္။
သူ႔အေဖဆိုတဲ့ တစ္ေယာက္ကေတာ့ ျပန္မလာတာ ဆယ္ရက္နီးပါးေတာင္ရိွလုၿပီ။
ကေလးကို ထိုမ်ွပစ္ထားဖို႔ေတာ့မေကာင္းဟုေတြးမိေပမဲ့ ကိုယ္ဝင္ေရာက္စြက္ဖက္ေလာက္ေအာင္ဆက္ဆံေရးေကာင္းမေနတာမို႔ ကူးကူးကိုသာ အထီးမက်န္ေအာင္ဂရုစိုက္မိသည္။
" င"
" ဟုတ္တယ္ ပါးစပ္ကေလးကပါ ေရးဆို "
ခပ္လွလွစကားလံုးမ်ားက သူလက္ရာအတိုင္းပိန္ျခင္းခြၽန္းျခင္းမရိွ။
" အကူးေနာက္လဆို ေက်ာင္းဖြင့္ေတာ့မယ္ေနာ္"
" တကယ္လား။ အဲ့ဒါဆို အကူးရဲ့ ေက်ာင္းဝတ္စံုေလးေတြဝတ္ရေတာ့မယ္ ။ မျဖစ္ဘူး။ ညေန ဦးထြန္းကို ျပၫ့္ျပၫ့္ဆီလိုက္ပို႔ခိုင္းရမယ္ "
မိန္းကေလးပီပီ ကူးကူးကအလွမက္သည္။
ျပၫ့္ျပၫ့္ဆိုတာ ခ်စ္ထြန္းရဲ့အမ ခ်စ္ျပၫ့္ျဖစ္သည္။
ၿမိဳ႔ေပၚထိ စက္ခ်ဳပ္ပညာသြားသင္ထားတာမို႔
စက္သင္ေပးတဲ့သင္တန္းသား ေလးငါးေယာက္နဲ႔
အေတာ္ေလး အဆင္ေျပေနတဲ့စီးပြားေရးလည္းရိွသည္။ ကူးကူးကိုယ္ေပၚမွာရိွတဲ့ ဂါဝန္ေလးေတြ ၊ အက်ႌေလးေတြကလည္း ျပၫ့္ျပၫ့္ခ်ဳပ္ေပးထားတာမ်ားသည္။
" ဟုတ္ၿပီ ။ အခုေတာ့ စာၿပီးေအာင္ေရးထားေနာ္။
ဦးဦး ေနာက္ေဖးမွာ ဟင္းအိုးသြားၾကၫ့္မလို႔ "
ကူးကူးစာေရးတာကိုၾကၫ့္ေပးၿပီး ေနာက္ေဖးကို အေျပးသြားၾကၫ့္ေတာ့ ဟင္းအိုးက ဆီျပန္စ ျပဳေနၿပီျဖစ္သည္။ ေသခ်ာ ေမႊေနွာက္ေနစဉ္ ကားစက္သံသဲ့သဲ့ကို ၾကားလိုက္ရသည္။ကုန္ကားအႀကီးအေသးမ်ိဳးစံုဝင္ထြက္ေနတာမို႔ စိတ္ထဲဘာသိဘာသာ ထားလိုက္ေပမဲ့ ျပန္ေရာက္လာတဲ့ စံုသာၿမိဳင္ျဖစ္ေနတာကိုေတာ့ ညခ်မ္းေအးမသိလိုက္။
"ကူးကူးေရ ထမင္းစားမယ္။ ေျပးမလာနဲ႔ေနာ္ ဦးဦးလက္ထဲ ဟင္းခ်ိဳပူပူပါလို႔ "
ပံုခပ္ထၫ့္လာတဲ့ စတီးစလံု ႀကီးႀကီးႏွင့္အတူ
ကိုင္လာတဲ့ ခ်ဉ္ရည္ဟင္းပူပူတစ္ခြက္ ။
ကို႔ရို႔ကားယားႏိုင္ေပမဲ့ ကေလးအပူ ေလာင္မွာမို႔ ႀကိဳေအာ္မိစဉ္ ေနာက္ေက်ာေပးထားတဲ့ပံုရိပ္တစ္ခုက ဧၫ့္ခန္းမွာထိုင္ေနလ်က္ရိွေနကာ အသံၾကားေတာ့လွၫ့္ၾကၫ့္လာသည္ ။
ဟိုလူျပန္ေရာက္လာမွန္းသိေတာ့ ဆက္သြားရမွာလိုလို ဗ်ာမ်ားသြားေသးသည္။
သို႔ေသာ္လက္ထဲကိုင္လာတဲ့ ခ်ဉ္ေပါင္ဟင္းခြက္က ပူတာမို႔အျမန္ ခံုေပၚကိုေျပးခ်ရသည္။
" အလားလား...ပူလိုက္တာ "
လက္ဖ်ားကို ခါကာ အျမန္ယမ္းလိုက္မွ ပူတဲ့ခံစားခ်က္က ေပ်ာက္သြားသည္။ သို႔ေသာ္ ေငးၾကၫ့္ေနတဲ့မ်က္ဝန္းေတြေၾကာင့္ ရင္ထဲမွာ အလန္႔တၾကားတင္းခနဲျဖစ္ရျပန္သည္။
" ဟို... ခုမျွပန္ေရာက္တာလား"
ေခါင္းညိတ္ျပကာ သူ႔သမီးကို ေပါင္ေပၚကေန ခ်ေပးလိုက္သည္။
" သြား ထမင္းေကာင္းေကာင္းစာေခ် "
ကေလးက ညခ်မ္းေအးအနားျပန္ေရာက္လာေပမဲ့ စားဖို႔ရာ သူ႔မွာ တြန႔္ဆုတ္သြား၏။ ဧၫ့္သည္မို႔ စားေနတဲ့အခ်ိန္မေခၚလို႔လည္းမေကာင္း။ ထို႔ေၾကာင့္
" ထ..ထမင္းစားပါအံုးလား" ဟု ဧၫ့္ဝတ္ျပဳလိုက္မိသည္။ စံုသာၿမိဳင္က ငံုၾကၫ့္ကာ
" ဘာဟင္းလဲ။ က်ဳပ္အမဲသားမစားဘူး"
" အမဲမဟုတ္ပါဘူး။ ဝက္သားပါ။ စားမလားဟင္။
ခဏေနာ္သြားခူးေခ်မယ္"
စကားျပန္ပင္မေစာင့္ ။
ညခ်မ္းေအး အေျပးမီးဖိုေခ်ာင္ကို ေျပးကာ
ထမင္းတစ္စလံုႏွင့္ ဝက္သားလံုးခ်က္ကို ဟင္းထၫ့္ပန္းကန္ျဖင့္ထၫ့္ခဲ့ကာ ၾကက္သြန္ျဖဴျဖင့္ေထာင္းထားတဲ့ ငရုတ္သီးစိမ္းကိုျဖင့္ ထမင္းေပၚတြင္သာပံုခဲ့လိုက္၏။
ညခ်မ္းေအးျပန္ထြက္ခဲ့ခ်ိန္တြင္ စံုသာၿမိဳင္ကား
ၿခံထဲကေန ျပန္တက္လာခဲ့ၿပီျဖစ္သည္။
စိုစိစိလက္ေၾကာင့္ အပင္ျဖန္းပို႔ထားတဲ့ အိမ္ေရ႔ွက ေရအိုးထဲက လက္ေဆးလာခဲ့ပံုပင္။
ဟိတ္ဟန္မရိွတဲ့သူေဌးေၾကာင့္ ညခ်မ္းေအးမွာလည္းေၾကာင္အန္းအန္း။
"က်ဳပ္က လက္နဲ႔စားတာပိုႀကိဳက္လို႔"
သူခူးခပ္ထၫ့္ေပးထားတဲ့ထမင္းပန္းကန္သည္
ခဏအတြင္း၊ ခ်ဉ္ရည္စမ္းကာ လက္ျဖင့္ႏွယ္ခံလိုက္ရသည္။ ငရုတ္သီးေတြကိုေရာေမႊလိုက္ကာ စားလိုက္မို႔ ျမင္ရတာ သေရက်ခ်င္စဖြယ္။
" ဦးဦး အကူးကိုခြံ႔ေတာ့ ။ စားခ်င္ေနၿပီ"
သူ႔အေဖစားတာၾကၫ့္ၿပီး ကူးကူးကလည္း
စားခ်င္လွၿပီျဖစ္သည္။
ထိုေန့က ည၊မနက္ခ်က္ထားေသာ ထမင္းအိုးေလးမွာ ဆန္တစ္ေစ့ပင္မက်န္ေအာင္ ဧၫ့္သည္ကစားသံုးသြားေလသည္။
Bạn đang đọc truyện trên: ZingTruyen.Xyz